Unicode
💚
Until You Fall In Love
အခန်း (၃)
ထိုလူသားသည်သူ၏ချစ်ခြင်းမေတ္တာကိုဥပက္ခာပြုထား၏ ။
********
ထမင်းစားပြီးတိုင်း Coffeeသောက်တတ်သည့်ထိုလူသားအတွက်ဝမ်ရိပေါ်ဟာ Coffee တစ်ခွက်ကိုအမြဲလိုလို ထိုလူသား၏အလုပ်စားပွဲပေါ်ကို သွားတင်ထားပေးတတ်သည်။
ပြီးနောက်သူလုပ်နေကျအတိုင်း ဆရာများနားနေခန်းရှေ့တွင်ယောင်ပေယောင်ပေ နဲ့ ဟိုလျှောက်ဒီလျှောက်,လျှောက်နေဖြစ်သည်။ တံခါးပေါက်ဝမှ ဒါမှမဟုတ်ပြတင်းပေါက်ဝမှတဆင့်မြင်ရတဲ့ ထိုလူသားရဲ့ပုံရိပ်ကို သူ ဒီအတိုင်းငေးကြည့်နေရရုံနဲ့တင်ကျေနပ်ရတယ်။ ဒီလူသားက သူ့အတွက်ဆိုရင်လိုလို လားလား ပြုံးရယ်ြခင်းမှမရှိခဲ့ပဲ။ တခြားလူကြောင့်ပြုံးနေတဲ့ ဒီမျက်နှာလေးကိုအဝေးကနေပဲတွေ့နေရရင်ကို ဝမ်ရိပေါ်ကျေနပ်ခဲ့ရသည်။
သူစားပွဲသူပြန်ရောက်လာတဲ့ရှောင်းကျန့်က Coffee ခွက်ကို မြင်သည်နှင့် ပြုံးရိပ်ကလေး သန်းလို့သွားတယ်။ ဘယ်သူထားခဲ့သည်ဆိုတာကိုလည်း သူသိတယ်။ ဒီလို ခဏခဏ ထားပေးခဲ့တဲ့ လူကြောင့်ပဲ သူဒီလိုကော်ဖီဆွဲလာခဲ့တာကိုရောကော်ဖီခွက်လာထားပေးသူ သိပါ့မလား ။
နှုတ်ခမ်းထောင့်မှ ပြုံးယောင်လေးတစ်ချက်သန်းသွားတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ် အမိအရ ကြည့်ရပြန်တယ်။ သူနဲ့ဆိုရင်မပြုံးမရယ်တဲ့ ဒီလူသားရဲ့ အပြုံးတွေကို မြင်နိုင်တွေ့နိုင်ဖို့ အဝေးတစ်နေရာမှ သူဣနြေ္ဒမရစွာချောင်းကြည့်ရုံကလွဲရင်ဘာများတတ်နိုင်မှာတဲ့လဲ ။
Coffee ခွက်ကို ကိုင်ကာ ကြည့်နေသည့်ရှောင်းကျန့်ဘေးကိုလင်းယီချန်ရောက်လာပြီး စကားပြောတယ်။
"ကျန့်ကိုကို ယီချန်ကို တိုက်ဖို့လား"
လင်းယီချန်ဟာ သွက်လပ်ပြီး မဟုတ်မခံသည့်ဆရာမတစ်ဦး။ လွတ်လပ်ပေါ့ပါးပြီး သွက်လပ်သည့်သူမက သိပ်ကိုလည်းပွင့်လင်းနေသေးသည်။သူမြတ်နိုးမိတဲ့လူသားက အားနာတတ်လွန်းတယ်။ သူမရဲ့စကားကိုရှောင်းကျန့်ဟာ အပြုံးတွေဖြင့်ခရီးဦးကြိုပြုနေသည်။ လုပ်ဖော်ကိုင်ဖက်မိန်းကလေးတယောက်ရှက်သွားမည်ကို စိုးရိမ်တယ်ထင်တယ်။ Coffeeခွက်ကိုပေးလိုက်တယ်။ လိုလိုလားလားပါပဲ ။ လက်ဆောင်ဆိုတဲ့အရာက တခြားလူကို ပြန်ပေးဖို့အတွက်မဟုတ်မှန်း ဒီလူသားမသိခဲ့လေသလား။ သူထားပေးခဲ့တဲ့အရာကို တခြားတစုံတယောက်အား ကြည်ကြည်ဖြူဖြူ ပြန်ပေးနေတဲ့ ဒီလူသားရဲ့လုပ်ရပ်ကို ဝမ်ရိပေါ် ရပ်ပဲ ကြည့်နေဖြစ်ခဲ့တယ်။
"ယီချန်သောက်ချင်သောက်လေကျွန်တော်နောက်တစ်ခွက်သွားယူလိုက်ပါ့မယ်"
"ကျေးဇူးတင်ပါတယ်ကောင်းကောင်းသောက်ပါ့မယ်နော်"
Coffeeခွက်ရသည်နှင့်လင်းယီချန်က အပြုံးကလေးနဲ့ တုံ့ပြန်ကာ ခွက်ကိုမြှောက်ပြပြီးနောက်တစ်ငုံသောက်လိုက်တယ်။
"အွန်းကောင်းလိုက်တာကော်ဖီက ဘာတံဆိပ်လဲ"
ရှောင်းကျန့်လည်းခေါင်းပဲခါဖြစ်တယ်။
"ကျွန်တော်လည်းမသိဘူးဗျ"
ရှောင်းကျန့်အမှန်တကယ်ပင်မသိခြင်းပါ။ နာမည်ပေးခိုင်းရင်တော့ ဝမ်ရိပေါ်ပေးတဲ့ Coffee လို့ပဲသူပေးမိလိမ့်မယ်။ လင်းယီချန်သည်လည်းကော်ဖီအတွက်ကျေးဇူးတင်စကားဆိုပြီးနောက်ရှောင်းကျန့်၏အလုပ်စားပွဲနှင့်မလှမ်းမကမ်းမှ သူမအလုပ်စားပွဲဆီကိုသူမပြန်သွားခဲ့သည်။ ထမင်းစားပြီးတိုင်း Coffee တစ်ခွက်သောက်နေကြဖြစ်နေတဲ့ခံတွင်းက ယခုတော့ တစ်ခုခုလိုသွားခဲ့ပြီး။ အလုပ်ပင်ဆက်မလုပ်နိုင်။ မနေနိုင်တော့တဲ့အဆုံး စက်Coffee ကိုသာသောက်ရန်ရုံးခန်းထဲမှရှောင်းကျန့်ထွက်လာလိုက်တယ်။ ထိုလူသားရုံးခန်းထဲမှထွက်လာသည်နှင့် ရုံးခန်းအပြင်မှာရှိနေတဲ့ သူနဲ့မျက်နှာချင်းဆိုင်ဆုံဖြစ်ကြတယ်။
အပြင်တွင်ရပ်နေတဲ့သူ့ကို ထိုလူသားတွေ့သွားတော့ ထိုလူသားကအားတုံ့အားနာဖြစ်ကာခြေလှမ်းတွေကိုပင်ရပ်တန့်လိုက်တော့မလိုပင်ဖြစ်သွားတယ်။ ရပ်တော့မနေခဲ့ပါဘူး။ခြေလှမ်းတွေနှေးသွားရုံလေးပါ ။
မျက်နှာချင်းဆိုင်တွေ့နေရတဲ့လူသားကို ဝမ်ရိပေါ် ဘာမှမပြောဖြစ်ဘူး။ အပြစ်လည်းမပြောချင်ဘူး။ သူပေးတဲ့အချစ်ကိုတောင်လက်မခံသေးတာ ဒီလိုဘာမဟုတ်တဲ့Coffee ကိုလည်း ဘယ်လက်ခံပါ့မလဲ။
သူ့ဘက်ကပဲစပြီး မျက်နှာလွှဲလိုက်ကာရှောင်းကျန့်ကိုကျောခိုင်းပြီး ထိုအနားမှ သူထွက်လာခဲ့တယ်။
လူကဲခတ်သိပ်တော်တဲ့ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းနက်တွေထဲ ဝမ်းနည်းရိပ်တွေ ပြည့်နှက်သွားသည်ကိုတွေ့လိုက်သော်လည်း အမှုမထားခဲ့ပါဘူး။ လိုက်ရှင်းပြနေရအောင်သူနဲ့ဆိုင်သူမှမဟုတ်ပဲ။ ဆိုင်ဖို့လည်းမသင့်တော်တဲ့လူ။ သူ့ကိုစိတ်ပျက်သွားရင်ပဲ သူကျေနပ်ရမှာ။
~*~*~~~*~*~
ဝမ်ကျိုးချန်ဘေးတွင်ခုံကိုကြမ်းကြမ်းတမ်းတမ်းဆွဲကာ ပစ်ထိုင်လိုက်သည့်ဝမ်ရိပေါ်ကို ယွီပင်းနှင့်မုန့်ဇီယီ မပြောနှင့်ဝမ်ကျိုးချန်ပင်လန့်သွားရသည်။
အလိုမကျတဲ့ပုံစံနဲ့ပြန်လာသည့်ဝမ်ရိပေါ်ကို ဝမ်ကျိုးချန်မေးခွန်းတွေမေးဖြစ်တယ်။
"ရိပေါ် အရင်လည်းသွားသေးတယ်အခုမှလည်းေရာက်လာတယ်မင်းဘယ်တွေသွားနေပြန်တာလဲ"
"ကျန့်ကောဆီသွားတာ"
ဝမ်ရိပေါ်ပြောပြီးသည်နှင့်ကျောပိုးအိတ်ထဲစာအုပ်များထည့်ကာ လွယ်၍ထရပ်လိုက်သည်။ စကားပြောချင်နေသေးသည့်ဝမ်ကျိုးချန်ကပဲ ဝမ်ရိပေါ်ရဲ့အိတ်ကို ဆွဲထားလိုက်ရပြန်သည်။
"ရိပေါ် ဒါဘယ်လဲကျောင်းမဆင်းသေးဘူးလေ"
ဝမ်ကျိုးချန်သည်အိတ်ကိုမလွှတ်ပေးဘဲ ဆက်၍ဆွဲထားသည်။ ဝမ်ရိပေါ်ကလည်း ပြန်ဆွဲတယ်။ ကြားထဲက အိတ်ပြဲတော့မယ့်အလားအလာကို ယွီပင်းနဲ့ မုန့်ဇီယီက ကြည့်နေရသည်။ သူတို့တားရအောင်ကလည်း တရင်းတနှီးဆက်ဆံရေးမဟုတ်သေးဘူး ။
"ကျိုးချန်မင်းလက်လွှတ်"
ဝမ်ကျိုးချန်အားနဲ့ဆောင့်ဆွဲလိုက်တော့ ဝမ်ရိပေါ်နောက်ပြန်လဲကျကာ ထိုင်ခုံပေါ် ဖင်ထိုင်လျှက်သားပင်နောက်ပြန်ပြုတ်ကျသွားတယ်။
"ရိပေါ် မင်းလိမ္မာတော့မယ်လို့ ဆရာရှောင်းကိုပြောထားတယ်လေ ဟိုက မင်းဆီ စာလာမသင်တော့ရင်ဘယ်လိုလုပ်မလဲ"
တစ်ဖက်က သူ့လူသားအပေါ်ဒေါသထွက်ခွင့်မပေးသည့်သူ့နှလုံးသားဟာ ဝမ်ကျိုးချန်အပေါ်ကိုတော့ဒေါသထွက်ခွင့်ပေး၏။ သူ့ရဲ့ဒေါသတွေကို စားပွဲဆီကို ပုံချတဲ့အနေနဲ့ လက်သီးဖြင့်စားပွဲကိုထိုးချလိုက်သည်။ ထိုးလိုက်တဲ့အသံက ဆူညံနေတဲ့ စာသင်ခန်းတစ်ခန်းလုံးကိုပင်တိတ်ဆိတ်သွားစေတယ်။ တစ်ခန်းလုံး၏ အကြည့်များသည်လည်း ဝမ်ရိပေါ်ထံသို့ရောက်လာကြတယ်။
တခါတရံမှသာ လူစိတ်ဝင်စားခြင်းခံရတာမဟုတ်တဲ့အတွက်ဒီတကြိမ်အတွက်လည်းကို ဝမ်ရိပေါ် ဂရုစိုက်မနေတော့ဘူး။ လက်နှစ်ဖက်ကို အားပြုရင်း ပြန်ထကာရပ်ပြီး ဝမ်ကျိုးချန်၏မျက်လုံးတစုံကိုစေ့စေ့ကြည့်လိုက်သည်။ တခြားလူဆိုရင်ကြောက်ကောင်းကြောက်နိုင်ပင်မယ့်ဝမ်ကျိုးချန်ကတော့ သူ့အကြောင်းသိနေတဲ့လူဖြစ်တာကြောင့်မတုန်လှုပ်ခဲ့ဘူး။
ဝမ်ကျိုးချန်ကိုပြုံးပြလိုက်တဲ့ ဝမ်ရိပေါ်ရဲ့မဲ့ပြုံးလေးက အသက်မပါပင်မယ့်တောက်ပလျက်ရှိတယ်။
"ငါလိမ္မာတော့ရော ... ငါဘာတွေပြန်ရလဲ ... ဘယ်သူက ငါ့ခံစားချက်ကို အရေးတယူရှိခဲ့ဖူးလို့လဲ ... ဘယ်သူက ငါ့ကိုနားလည်ပေးလို့လဲ"
ဘာကိုမှဂရုစိုက်မနေတော့ပဲ ထိုအခန်းထဲမှ ဝမ်ရိပေါ်ထွက်လာခဲ့တယ်။ လူတွေအားလုံးက ဝမ်ရိပေါ်ကို လိုက်ကြည့်နေပင်မယ့်မုန့်ဇီယီမှာတော့ သူမပစ္စည်းတွေကိုသူမ အမြန်သိမ်းနေတယ်။
"ကျဲ ဘယ်လဲ"
"တစ်နေရာပေါ့"
လေးထပ်ဆောင်ထဲမှ ထွက်လာသည့်ဝမ်ရိပေါ်နောက်သို့ မုန့်ဇီယီကျောပိုးအိတ်ကို ဖိုသီဖက်သီ လွယ်ကာ အပြေးလိုက်လာတယ်။
"ရိပေါ် ခဏစောင့်ဦး"
တုံ့ဆိုင်းခြင်းမရှိတဲ့ကျောင်းသားလေးကကျောင်းပေါက်ဝဆီကို ဆက်လျှောက်နေတယ်။နောက်က အမောတကောနဲ့ပြေးလိုက်နေတဲ့ကျောင်းသူကို လှည့်ပင်မကြည့်ပေ။ ဝမ်ရိပေါ်ရဲ့ခြေလှမ်းတွေကသိပ်မြန်တယ်။ မုန့်ဇီယီဘယ်လိုမှ အမီမလိုက်နိုင်ဘူး ။
"ဘယ်သွားမှာလဲ"
သူ့အနောက်ကိုအပြေးလိုက်လာတဲ့ မုန့်ဇီယီကအော်မေးတယ်။ ဝမ်ရိပေါ် ပြန်မဖြေဖြစ်ဘူး။ရှေ့ကိုသာခြေလှမ်းတွေ ဆက်လှမ်းနေလိုက်တယ်။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိပေမယ့် သက်ရောက်မှုတိုင်းရဲ့ပစ်မှတ်တူနေတာကတော့ သိပ်ကိုရှားပါတယ်။ သူကတခြားလူတွေကို ဥပက္ခာပြုတယ်။ ဒါရဲ့ တန်ပြန်သက်ရောက်မှုက သူ့ကိုသက်ရောက်ပင်မယ့်သူပြုခဲ့တဲ့လူတွေဆီကမဟုတ်ပဲ သူ့လူသားဆီကဖြစ်နေတယ်။
မုန့်ဇီယီက အပြေးလိုက်ရင်း ဝမ်ရိပေါ်ရဲ့ကျောပိုးအိတ်မှာတွဲလောင်းကျနေသည့်အစိမ်းရောင်ကြိုးရှည်အား အမီလှမ်းဆွဲတယ်။ သူမဆွဲလိုက်သည့်ကြိုးရှည်က သူ့လူသားပေးထားတဲ့ အစိမ်းရင့်ရောင်ကီးချိန်းကြိုးလေး။ ပျက်ဆီးမသွားစေချင်တဲ့အတွက်အရှိန်နဲ့လျှောက်နေသည့်ခြေလှမ်းတွေကို ဝမ်ရိပေါ်ရပ်တန့်ပေးလိုက်သည်။
ထိုလူသားက သူ့ကိုဥပက္ခာပြုထားခဲ့ရင်တောင်သူကတော့ ထိုလူသားနဲ့ပတ်သတ်သမျှကို တန်ဖိုးထားချင်တယ်။ ဆုံးမခဲ့တဲ့စကားလေးတစ်ခွန်း ဒါမှမဟုတ်သူ့လက်ကိုပတ်ပေးထားသည့်ပတ်တီးစလေးတစ်စဖြစ်နေရင်တောင်သူတန်ဖိုးထားချင်တယ်။ ဒါတင်မဟုတ်ဘူး သူ့ဒဏ်ရာတွေပေါ်ဆေးလိမ်းပေးပြီးတိုင်းထိုဆေးတွေအားခြောက်သွေ့စေအောင်ထိုလူသားနှုတ်ခမ်းဖြင့်မှုတ်ပေးခဲ့သည့်လေအေးတွေ၊ ရင်ထဲမှာရခဲ့တဲ့ ဒဏ်ရာတွေဆိုရင်လည်း သူအမြတ်တနိုးနဲ့သိမ်းထားနေခဲ့ဦးမှာပဲ။
ဝမ်ရိပေါ်လည်းခြေထောက်တစ်စုံကို ဆုံရပ်ကာ သက်ပြင်းချလိုက်သည်။ ဒီနေ့မှကျောင်းပြောင်းလာတဲ့တစ်ေယာက်က အကြောက်အလန့်မရှိ သူ့နောက်ကိုလိုက်ကပ်နေတယ်။ သူလည်းအခုလိုရှောင်းကျန့်ကို လိုက်ကပ်ခဲ့ဖူးတယ်။ရှောင်းကျန့်ရော သူ့လိုစိတ်ရှုပ်နေမလား။သေချာတာပေါ့ သိပ်ကို စိတ်ရှုပ်နေမှာ ။
"ငါနဲ့လိုက်မှာသေချာလား"
မုန့်ဇီယီဟာ သူမ ဆွဲထားမိတဲ့ အစိမ်းရင့်ရောင်ကီးချိန်းကြိုးကိုလွှတ်ပေးပြီးမှ စကားပြန်ပြောတယ်။
"လိုက်ခဲ့မယ်လေ ဘယ်သွားမှာလဲ"
ကျောင်းဝန်းအတွင်းမှဘေးချင်းယှဉ်ကာလျှောက်၍ထွက်သွားသူနှစ်ဦးရဲ့ကျောပြင်ကိုလေးထပ်ဆောင်၏သုံးထပ်မြှောက်အလွှာမှ ပြူတင်းပေါက်တစ်ေနရာရှိ မျက်ဝန်းနှစ်စုံက ကြည့်နေခဲ့သည်။
ဝမ်ကျိုးချန်က ယွီပင်းကိုမေးတယ်။
"ယွီပင်း မင်းကျဲကျဲ လုပ်နိုင်ပါ့မလား"
ယွီပင်းက ပြန်ဖြေတယ်။
"ကျဲကျဲက တခြားလူရဲ့ခံစားချက်ကို နားအလည်ဆုံးပဲ၊ မင်းစိတ်ချ၊ ရိပေါ် အဆင်ပြေသွားလိမ့်မယ်"
ဝမ်ကျိုးချန်လက်ပိုက်ကာ လူကြီးတစ်ယောက်လိုခေါင်းတဆိတ်ဆိတ်ညိတ်ရင်းနဲ့ပဲကျောင်းဝန်းထဲမှ ထွက်သွားသူနှစ်ဦးကိုကြည့်နေခဲ့လိုက်တယ်။ သူမထိန်းနိုင်တဲ့ ညီကို တခြားလူက ထိန်းပေးလို့ရပါ့မလား။ ဟုတ်တယ်... တခြားလူထိန်းလို့ရတယ်။ အဲ့တခြားလူကရှောင်းကျန့်ဖြစ်နေဖို့တော့လိုတယ်။
ဝမ်ကျိုးချန်ရဲ့ပုခုံးကို ယွီပင်း နှစ်ချက်ပုတ်ပြီးနောက်စာသင်ခုံဆီသို့ပြန်လာခဲ့သည်။ သူတို့နည်းတူကျောင်းဝန်းထဲကထွက်သွားသူနှစ်ဦးကိုမြေညီထပ်ပြူတင်းပေါက်တစ်ေနရာရှိရှောင်းကျန့်ဆိုသည့်လူသားလေးတစ်ဦးသည်လည်းကြည့်နေခဲ့သည်။
ကြည့်နေခဲ့ရုံပါပဲ။ သူမဟုတ်တဲ့ တခြားဘယ်သူနဲ့မဆို ဒီကလေးအဆင်ပြေသွားရင်ကောင်းတာပဲလေ ... ။
~*~*~~~*~*~
8:45 PM
ရှောင်းကျန့်မှာ နာရီတကြည့်ကြည့်။ အခုချိန်ထိ ပြန်မလာသေးတဲ့ လူတစ်ယောက်ကြောင့်စိတ်ရှုပ်ရပြန်သည်။ အထက်တန်းကျောင်းသားတစ်ယောက်က ဒီလိုအချိန်ထိ မိန်းကလေးတစ်ယောက်နဲ့အပြင်မှာ ရှိနေဖို့မသင့်တော့ဘူး။
ဝမ်ရိပေါ် အိမ်ထဲဝင်လာတယ်။
ဝင်လာသည်ကို လက်ပိုက်ကာကြည့်နေသူက ဝမ်ကျိုးချန်ဖြစ်နေခဲ့တယ်။
"ရိပေါ် အချိန်ကိုကြည့်ဦး"
ဝမ်ကျိုးချန်က သူပြန်ရောက်တာနဲ့ တန်းဆူဖို့ကြိုးစားတယ်။ သူဂရုမစိုက်ပဲ အပေါ်ထပ်ကိုသာတတ်ရန်ခြေလှမ်းတွေ ပြင်ရင်းလှေကားဆီသို့ဦးတည်ကာလျှောက်သွားလိုက်တယ်။
ဝမ်ကျိုးချန်က ထပ်ပြောတယ်။
"ဆရာရှောင်း စာကြည့်ခန်းထဲမှာစောင့်နေသေးတယ်"
သူပြန်လာတဲ့အချိန်ထိစောင့်နေရစ်ပေးသည့်ထိုလူသားကြောင့်သူ့ရင်ထဲမှာ သိမ့်ကနဲ။ အိမ်ပြန်အလာကိုစောင့်နေပေးတဲ့လူရှိတာကလည်း ကြည်နူးဖို့တော့ကောင်းသား။ ထိုလူသားအား သူလွတ်ချလိုက်ဖို့ဆုံးဖြတ်ခဲ့သည့်စိတ်ကူးဟာ ကြက်ပျောက်ငှက်ပျောက်။ အပေါ်ထပ်သို့တတ်ရန်လျှောက်နေတဲ့ ဝမ်ရိပေါ်၏ခြေလှမ်းတွေသည်ရပ်တန့်သွားကာ စာကြည့်ခန်းဘက်ကို အလိုအလျှောက်လှည့်ဖြစ်လိုက်ပြီး စာကြည့်ခန်းဘက်ကိုလျှောက်လှမ်းမိပြန်တယ်။ စာကြည့်ခန်းထဲဝမ်ရိပေါ်ဝင်လိုက်သည်နှင့်စာကြည့်စားပွဲခုံတွင်ထိုင်နေတဲ့ရှောင်းကျန့်နဲ့ အကြည့်ချင်းဆုံသွားခဲ့တယ်။ မျက်လုံးလွှဲသွားသည့်ထိုလူသားဟာ သူ့ကို သိပ်စိတ်ဆိုးနေမှန်းအရမ်းသိသာတယ်။
"ဘယ်ကပြန်လာတာလဲ"
မျက်လုံးလွှဲသွားပင်မယ့် သူ့ကိုတော့မေးဖော်ရသေးတာကြောင့်
ရှောင်းကျန့်ရဲ့ဘေးခုံတွင်ဝမ်ရိပေါ် ဝင်ထိုင်လိုက်တယ်။ သူစကားတစ်ခွန်းမှ ပြန်မဖြေဖြစ်ဘူး ။ မလေးမခန့်ပြုခြင်းမဟုတ်ပင်မယ့်တဖက်ကရှောင်းကျန့်မှာတော့ဒေါသဖြစ်ရတယ်။
စိတ်ရှည်မှုကို မနည်းကြိုးစား ရှာပြီးဝမ်ရိပေါ်ရဲ့ဘယ်ဘက်လက်ကိုရှောင်းကျန့်ဆွဲယူလိုက်သည်။ မသက်ဆိုင်ချင်ပင်မယ့်လည်းစောင့်ရှောင့်ရမှာက သူ့တာဝန်ဖြစ်နေသေးသည်။
ဝမ်ရိပေါ်ရဲ့ရှပ်အဖြူရောင်လက်ရှည်ကိုရှောင်းကျန့်ဂရုတစိုက်ခေါက်တင်ပေးပြီး မနက်ကစည်းပေးခဲ့သည့်ပတ်တီးကိုဖြည်လိုက်တယ်။ ဖြူစွတ်နေတဲ့အသားအရည်နဲ့မအပ်စပ်အောင်ရှိနေတဲ့ ဒဏ်ရာတွေ။ ငယ်ရွယ်သေးတဲ့အချိန်မှာ ဒီလောက်ဒဏ်ရာတွေ များမနေသင့်ဘူး။ အမာရွတ်တွေလည်း ကျန်ဖို့မသင့်ဘူး။
ပတ်တီးဖြည်ပြီးသည်နှင့်အသင့်ပါလာတဲ့ဆေးသေတ္တာကိုဖွင့်ပြီး ဝမ်ရိပေါ်၏လက်အားဆေးထည့်ပေးရန်ရှောင်းကျန့်အလုပ်ရှုပ်ရပြန်သည်။ သူ့လှုပ်ရှားမှုတိုင်းအား တသွေမတိမ်းလိုက်ကြည့်နေသည့်ထိုကလေးငယ်အားရှောင်းကျန့်မေးမိပြန်သည်။
"နေ့လည်က ဘယ်သွားတာလဲ"
အပြုံးအရယ်မရှိ တည်တည်တံ့တံ့မျက်နှာထားဖြင့်ရှောင်းကျန့်မေးလိုက်သောကြောင့်ဝမ်ရိပေါ်မှာလေသံတိုးတိုးဖြင့်သာပြောလာတယ်။
"Gameဆိုင်"
ဆေးထည့်ပေးနေရင်းမှရှောင်းကျန့်ခေါင်းညိတ်တယ်။ လိမ်ရင်လည်း ယုံလောက်တဲ့စကားတွေနဲ့ လိမ်သင့်တာကို ဒီကလေးမသိလေသလား ။
"မင်းသွားတာ မိန်းကလေးတစ်ေယာက်နဲ့ ... ဆိုတော့ ... မင်းစကားကို ငါကယုံပေးရမှာလား၊ ပြန်လာတဲ့အချိန်ကိုလည်းကြည့်ဦး ၈နာရီကျော်နေပြီ ... ကိုးနာရီထိုးတော့မယ်"
ထိုလူသားဟာသူရဲ့မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်ရင်းမေးတယ်။မေးလာတဲ့ရှောင်းကျန့်ရဲ့မေးခွန်းတွေကြောင့်ဝမ်ရိပေါ် မရယ်ပဲမနေနိုင်တော့ဘူး။လှောင်ရယ်သည်ဟု ထင်သွားမယ်ဆိုရင်တောင်ခံလိုက်မည်ဟု ဝမ်ရိပေါ်ခံယူရင်း ဟက်ဟက်ပတ်ပတ်ရယ်မိတယ်။
ရှောင်းကျန့်မှာတော့ ဒီအရိုင်းဆန်နေတဲ့ ကလေးငယ်ကို ကြည့်နေရုံမှအပ ဘာမှမပြောနိုင်ဘူး။ ဘယ်လောက်သူ့စကားကိုလှောင်နိုင်မလဲ ။သူသိချင်တယ်။ ဝမ်ရိပေါ်ရယ်ေနတာကို မတားပဲ ဆက်လှောင်ခွင့်ပြုလိုက်တယ်။
ရယ်သံများနှင့်အတူ ဝမ်ရိပေါ်ပြောလာခဲ့တယ်။
"ကျန့်ကောက ကျွန်တော်အမှန်တိုင်းပြောရင် ဘယ်တုန်းကမှ မယုံဘူးနော်... ထားတော့ ... ကျန့်ကော ပြန်ဖို့နောက်ကျနေပြီမှတ်လား ကျွန်တော်လိုက်ပို့မယ်"
ဝမ်ရိပေါ် ထထွက်သွားသည်ကိုရှောင်းကျန့်ဆွဲမထားဘူး။ သူ့ စကားလုံးတွေနဲ့ပဲ ဝမ်ရိပေါ်ရဲ့ခြေလှမ်းတွေကို ရပ်တန့်စေလိုက်တယ်။
"မင်းလက်ပတ်တီးစည်းရဦးမယ်"
ဝမ်ရိပေါ် သူ့လက်ကိုသူမြှောက်ကာကြည့်လိုက်တယ်။ဆေးထည့်ပြီး ပတ်တီးစည်းရုံပဲလေ။ ဘာများခက်ခဲနေလို့လဲ။ လက်ကိုဓားနဲ့မွှန်တာကမှ ခက်ဦးမယ်။
"ဒီလောက်ကတော့ ကျွန်တော့်ဘာသာ လုပ်တတ်ပါတယ်"
လုပ်တတ်တယ်ဆိုလည်း မလုပ်ပေးရုံပေါ့။ရှောင်းကျန့်ပစ္စည်းတွေကို ပြန်သိမ်းလိုက်သည်။ မနေနိုင်တဲ့ စိတ်ကရှိနေသေးတာကြောင့်ထပ်ပြောဖြစ်ပြန်တယ်။
"လုပ်တတ်တာ လုပ်မှာမှမဟုတ်တာ"
"စိတ်ပူသွားတာလား" ဝမ်ရိပေါ်မေးလိုက်တယ်။ရှောင်းကျန့်ကပြန်မဖြေပဲ သူ့ပစ္စည်းသူသိမ်းနေတယ်။
ဝမ်ရိပေါ်လည်း အခန်းတံခါးကိုမှီပြီးလက်ပိုက်ကာရှောင်းကျန့်ကိုစိုက်ကာကြည့်ပြီးနောက်နှုတ်ခမ်းထောင့်တနေရာမှ အသက်မပါသည့်အပြုံးတစ်ခုကို ပြုလုပ်လိုက်သည်။
"ကျန့်ကော ... ဘယ်တုန်းက ကျွန်တော့်အတွက်တွေးပူတတ်သွားတာလဲ"
ပစ္စည်းသိမ်းနေတဲ့ရှောင်းကျန့်လည်း သူ့ကိုသူ မသိလိုက်ခင်မှာပင်ဝမ်ရိပေါ်ဆီအကြည့်ရောက်သွားတယ်။ကျေနပ်သွားဟန်ရှိတဲ့ ဝမ်ရိပေါ်က သူ့ကို မျက်ခုံးသေနတ်ပစ်သလို မျက်ခုံးတစ်ဖက်ကို တွန့်ပြတယ်။ရှောင်းကျန့်ရဲ့မျက်ဝန်းတွေကတော့အေးစက်ဆဲပင်။
တဖက်ကလာတဲ့အေးစက်စက်အကြည့်တွေကို ဝမ်ရိပေါ် နှလုံးသားက မခံနိုင်သေးဘူး။
ဝမ်ရိပေါ်ဆက်ပြောတယ်။
"ဟုတ်ပါတယ်ကျွန်တော့်တစ်ေယာက်ထဲကိုပဲ ကျန့်ကောကတွေးပူတတ်တာမဟုတ်ဘူး အကုန်လုံးကိုတွေးပူတတ်တာပဲ ... ဆရာမလင်းနောက်တစ်ယောက်ကကျောင်းအုပ်လျိုနောက်တစ်ယောက်က ဆရာလီ ...နောက်ဒီနေ့အတွက်စိတ်ပူတာကလည်း ကျွန်တော့်ကိုဆိုတာထက်မုန့်ဇီယီကိုမှတ်လား ... ဟုတ်တယ်မှတ်လားကျန့်ကော ... ကျွန်တော်ပြောတာ မမှားဘူးမှတ်လား"
ဝမ်ရိပေါ်ရဲ့ အကြည့်နဲ့အပြောအဆိုကြောင့်ရှောင်းကျန့်မသိမသာ သက်ပြင်းချလိုက်ရပြန်တယ်။ ခနဲ့တဲ့အပြောတွေကို သူပြန်မဖြေရှင်းပေးချင်ဘူး။ နားလည်မှုလွဲနေတာတွေကို လိုက်ရှင်းပြနေရင်လည်း တဖက်လူက တစ်မျိုးထပ်တွေးနေဦးမယ်။
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို ရှင်းမပြပဲနေလိုက်တယ်။
"ဒါတွေနားလည်ဖို့ မင်းငယ်သေးတယ်ရိပေါ်"
ထိုသို့ပြောပြီးနောက်ဝမ်ရိပေါ်ကို သူတွန်းဖယ်ကာ တံခါးဖွင့်ပြီး အပြင်ကို ထွက်လာခဲ့တယ်။ အခန်းပြင်ရောက်တော့ခေါက်ဆွဲပြုတ်ဇလုံကိုပိုက်ကာ စားနေသည့်ဝမ်ကျိုးချန်နှင့်ရှောင်းကျန့်မျက်နှာချင်းဆိုင်အနေအထားဖြင့်ဆုံပြန်တယ်။
ဝမ်ကျိုးချန်က အစားပလုတ်ပလောင်းနဲ့မေးတယ်။
"ဆရာရှောင်း ပြန်တော့မို့လား ကျွန်တော်လိုက်ပို့ပေးမယ်လေ"
ရှောင်းကျန့်လက်ကာပြလိုက်တယ်။
"နေပါစေ ဆရာ့မှာကားပါတယ်လိုက်မပို့နဲ့တော့"
ရှောင်းကျန့်အိမ်အပြင်ဘက်ထွက်သွားပြီး အချိန်အနည်းငယ်ကြာမှ ဝမ်ရိပေါ်လည်း စာကြည့်ခန်းထဲမှ ထွက်လာသည်။ ဝမ်ကျိုးချန်ထိုင်ကာ ဖုန်းဖြင့်ဂိမ်းဆော့နေရင်း ဝမ်ရိပေါ်ဆီအကြည့်ရောက်သွားတယ်။
ဆူပုတ်နေတဲ့ ဝမ်ရိပေါ်ဆီမှာ အလိုမကျတဲ့ပုံရိပ်တွေလည်း စွဲကပ်လို့နေသေးတယ်။
"ရိပေါ် မင်းတနေကုန်ဘယ်သွားနေတာလဲ မင်းရဲ့ကျန့်ကောက တနေကုန်စိတ်ပူနေတာ မင်းပြန်လာတာမြင်တော့မှ စာကြည့်ခန်းထဲဝင်သွားတာ"
ဝမ်ကျိုးချန်အနားတွင်ဝမ်ရိပေါ်ထိုင်လိုက်ပြီးနောက်မှီပေါ်ခေါင်းမော့ကာတင်လိုက်သည်။ ဝမ်ရိပေါ်ဘက်သို့ လှည့်လိုက်ပြီး ဝမ်ကျိုးချန်စတင်စပ်စုတယ်။
"ဇီယီနဲ့မင်းနဲ့ဘယ်သွားတာလဲ"
ဝမ်ရိပေါ်ဟာပြန်မဖြေဘူး။ မျက်လုံးတွေကိုလည်း မှိတ်ထားတယ်။
"ဟေ့ကောင်ငါမေးတာကြားလား"
ဒီအချောအလှလေးနဲ့ သူ့ညီကို နီးစပ်စေချင်ပင်မယ့်တဖက်ကလည်း မနီးစပ်စေချင်ပြန်ဘူး။ ဝမ်ကျိုးချန်မျက်လုံးထဲမှာ မုန့်ဇီယီက လှတာတော့လှတယ်။ တစ်ဦးတစ်ယောက်ကလေးပဲဖြစ်ဖြစ်ဝမ်ရိပေါ်လို ပုံစံမျိုးကို မကြိုက်ပဲ သူ့လိုလူကို ကြိုက်နှစ်သက်သည့်လူမျိုးတော့ရှိနေစေချင်သေးသည်။
ဝမ်ရိပေါ်ရဲ့ခေါင်းဟာအနည်းငယ်ထောင်မတ်လာပြီး ပြန်ဖြေတယ်။
"Game ဆိုင်"
ဝမ်ကျိုးချန်ဟာ ရယ်ရင်း မဖြစ်နိုင်ဘူးလို့တွေးလိုက်မိသည်။
"မင်းဖြစ်နိုင်တာပြော"
ဝမ်ကျိုးချန်၏ကျောပြင်ကိုဝမ်ရိပေါ်လက်သီးခပ်ပြင်းပြင်းထိုးလိုက်သည်။
"ငါအမှန်ပြောနေတာကျိုးချန်... မင်းပါ ငါ့ကိုမယုံလို့မဖြစ်ဘူးလေ"
ဝမ်ကျိူးချန်စိတ်ဝင်တစားအမူအရာဖြစ်လာတယ်။ယောက်ျားဆန်တဲ့ မိန်းကလေးဆိုရင်သူပိုပြီးသဘောကျမိတော့မှာ။
"ဇီယီကဆော့တတ်တာပဲလား"
ဝမ်ရိပေါ်ခေါင်းညိတ်ပြီးဖြေတယ်။
"အင်းဆော့တတ်တယ်လို့တော့ပြောတာပဲ ယွီပင်းသင်ပေးတာတဲ့ ဒါပင်မဲ့ကွာ သူပါလာလို့လားမသိဘူး တစ်ပွဲမှမနိုင်ဘူး"
ဝမ်ကျိုးချန်နဲ့စကားတွေပြောနေပင်မယ့်တစ်ယောက်ထဲ ပြန်သွားတဲ့သူ့မြတ်နိုးရတဲ့လူသားကိုတော့ သူစိတ်မချနိုင်ဘူး။ပြေးလိုက်သွားချင်တဲ့အထိနောက်ဆံတင်းနေခဲ့တယ်။ ကားသေချာမောင်းနိုင်ပါ့မလား။ အိမ်ရောက်ပြီးလား။ တဖက်က ပြန်စဉ်းစားပြန်တော့လည်း သူမြတ်နိုးရတဲ့လူသားက ကလေးငယ်ငယ်လေးမှမဟုတ်တာနော်။
💚
Part 4 💚❤ ဆက်ရန်
👨👦
---------------------
Zawgyi
💚
Until You Fall In Love
အခန္း (၃)
ထိုလူသားသည္ သူ၏ခ်စ္ျခင္းေမတၱာကိုဥပကၡာျပဳထား၏ ။
********
ထမင္းစားၿပီးတိုင္း Coffee ေသာက္တတ္သည့္ ထိုလူသားအတြက္ ဝမ္ရိေပၚဟာ Coffee တစ္ခြက္ကိုအျမဲလိုလို ထိုလူသား၏အလုပ္စားပြဲေပၚကို သြားတင္ထားေပးတတ္သည္။
ၿပီးေနာက္ သူလုပ္ေနက်အတိုင္း ဆရာမ်ားနားေနခန္းေ႐ွ႕တြင္ ေယာင္ေပ ေယာင္ေပ နဲ႔ ဟိုေလ်ွာက္ဒီေလ်ွာက္ , ေလ်ွာက္ေနျဖစ္သည္။ တံခါးေပါက္ဝမွ ဒါမွမဟုတ္ ျပတင္းေပါက္ဝမွတဆင့္ ျမင္ရတဲ့ ထိုလူသားရဲ႕ပံုရိပ္ကို သူ ဒီအတိုင္း ေငးၾကည့္ေနရရံုနဲ႔တင္ ေက်နပ္ရတယ္။ ဒီလူသားက သူ႔အတြက္ဆိုရင္ လိုလို လားလား ျပံဳးရယ္ျခင္းမွမ႐ွိခဲ့ပဲ။ တျခားလူေၾကာင့္ ျပံဳးေနတဲ့ ဒီမ်က္ႏွာေလးကို အေဝးကေနပဲ ေတြ႔ေနရရင္ကို ဝမ္ရိေပၚေက်နပ္ခဲ့ရသည္။
သူစားပြဲသူျပန္ေရာက္လာတဲ့ ေ႐ွာင္းက်န္႔က Coffee ခြက္ကို ျမင္သည္ႏွင့္ ျပံဳးရိပ္ကေလး သန္းလို႔သြားတယ္။ ဘယ္သူထားခဲ့သည္ဆိုတာကိုလည္း သူသိတယ္။ ဒီလို ခဏခဏ ထားေပးခဲ့တဲ့ လူေၾကာင့္ပဲ သူဒီလို ေကာ္ဖီဆြဲလာခဲ့တာကိုေရာ ေကာ္ဖီခြက္လာထားေပးသူ သိပါ့မလား ။
ႏႈတ္ခမ္းေထာင့္မွ ျပံဳးေယာင္ေလးတစ္ခ်က္သန္းသြားတဲ့ ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚ အမိအရ ၾကည့္ရျပန္တယ္။ သူနဲ႔ဆိုရင္ မျပံဳးမရယ္တဲ့ ဒီလူသားရဲ႕ အျပံဳးေတြကို ျမင္ႏိုင္ေတြ႔ႏိုင္ဖို႔ အေဝးတစ္ေနရာမွ သူဣေျႏၵမရစြာ ေခ်ာင္းၾကည့္ရံုကလြဲရင္ ဘာမ်ားတတ္ႏိုင္မွာတဲ့လဲ ။
Coffee ခြက္ကို ကိုင္ကာ ၾကည့္ေနသည့္ ေ႐ွာင္းက်န္႔ေဘးကို လင္းယီခ်န္ ေရာက္လာၿပီး စကားေျပာတယ္။
"က်န္႔ကိုကို ယီခ်န္ကို တိုက္ဖို႔လား"
လင္းယီခ်န္ဟာ သြက္လပ္ၿပီး မဟုတ္မခံသည့္ ဆရာမတစ္ဦး။ လြတ္လပ္ေပါ့ပါးၿပီး သြက္လပ္သည့္သူမက သိပ္ကိုလည္းပြင့္လင္းေနေသးသည္။ သူျမတ္ႏိုးမိတဲ့လူသားက အားနာတတ္လြန္းတယ္။ သူမရဲ႕စကားကို ေ႐ွာင္းက်န္႔ဟာ အျပံဳးေတြျဖင့္ ခရီးဦးႀကိဳျပဳေနသည္။ လုပ္ေဖာ္ကိုင္ဖက္ မိန္းကေလးတေယာက္ ႐ွက္သြားမည္ကို စိုးရိမ္တယ္ထင္တယ္။ Coffeeခြက္ကို ေပးလိုက္တယ္။ လိုလိုလားလားပါပဲ ။ လက္ေဆာင္ဆိုတဲ့အရာက တျခားလူကို ျပန္ေပးဖို႔အတြက္မဟုတ္မွန္း ဒီလူသားမသိခဲ့ေလသလား။ သူထားေပးခဲ့တဲ့အရာကို တျခားတစံုတေယာက္အား ၾကည္ၾကည္ျဖဴျဖဴ ျပန္ေပးေနတဲ့ ဒီလူသားရဲ႕လုပ္ရပ္ကို ဝမ္ရိေပၚ ရပ္ပဲ ၾကည့္ေနျဖစ္ခဲ့တယ္ ။
"ယီခ်န္ေသာက္ခ်င္ေသာက္ေလ ကြၽန္ေတာ္ေနာက္တစ္ခြက္သြားယူလိုက္ပါ့မယ္"
"ေက်းဇူးတင္ပါတယ္ ေကာင္းေကာင္းေသာက္ပါ့မယ္ေနာ္"
Coffeeခြက္ ရသည္ႏွင့္ လင္းယီခ်န္က အျပံဳးကေလးနဲ႔ တုံ႔ျပန္ကာ ခြက္ကို ေျမႇာက္ျပၿပီးေနာက္ တစ္ငံုေသာက္လိုက္တယ္။
"အြန္း ေကာင္းလိုက္တာ ေကာ္ဖီက ဘာတံဆိပ္လဲ"
ေ႐ွာင္းက်န္႔လည္း ေခါင္းပဲခါျဖစ္တယ္။
"ကြၽန္ေတာ္လည္းမသိဘူးဗ်"
ေ႐ွာင္းက်န္႔ အမွန္တကယ္ပင္မသိျခင္းပါ။ နာမည္ေပးခိုင္းရင္ေတာ့ ဝမ္ရိေပၚေပးတဲ့ Coffee လို႔ပဲ သူေပးမိလိမ့္မယ္။ လင္းယီခ်န္သည္လည္း ေကာ္ဖီအတြက္ ေက်းဇူးတင္စကားဆိုၿပီးေနာက္ ေ႐ွာင္းက်န္႔၏အလုပ္စားပြဲႏွင့္မလွမ္းမကမ္းမွ သူမအလုပ္စားပြဲဆီကိုသူမျပန္သြားခဲ့သည္။ ထမင္းစားၿပီးတိုင္း Coffee တစ္ခြက္ေသာက္ေနၾကျဖစ္ေနတဲ့ခံတြင္းက ယခုေတာ့ တစ္ခုခုလိုသြားခဲ့ၿပီး။ အလုပ္ပင္ဆက္မလုပ္ႏိုင္။ မေနႏိုင္ေတာ့တဲ့အဆံုး စက္ Coffee ကိုသာေသာက္ရန္ ရံုးခန္းထဲမွ ေ႐ွာင္းက်န္႔ ထြက္လာလိုက္တယ္။ ထိုလူသားရံုးခန္းထဲမွထြက္လာသည္နွင့္ ရံုးခန္းအျပင္မွာရွိေနတဲ့ သူနဲ႔မ်က္နွာခ်င္းဆိုင္ဆံုျဖစ္ၾကတယ္။
အျပင္တြင္ ရပ္ေနတဲ့သူ႔ကုိ ထိုလူသားေတြ႔သြားေတာ့ ထိုလူသားက အားတုံ႔အားနာျဖစ္ကာ ေျခလွမ္းေတြကိုပင္ ရပ္တန္႔လိုက္ေတာ့မလိုပင္ျဖစ္သြားတယ္။ ရပ္ေတာ့မေနခဲ့ပါဘူး။ ေျခလွမ္းေတြ ေႏွးသြားရံုေလးပါ ။
မ်က္ႏွာခ်င္းဆိုင္ေတြ႔ေနရတဲ့လူသားကို ဝမ္ရိေပၚ ဘာမွမေျပာျဖစ္ဘူး။ အျပစ္လည္းမေျပာခ်င္ဘူး။ သူေပးတဲ့အခ်စ္ကိုေတာင္ လက္မခံေသးတာ ဒီလိုဘာမဟုတ္တဲ့ Coffee ကိုလည္း ဘယ္လက္ခံပါ့မလဲ။
သူ႔ဘက္ကပဲစၿပီး မ်က္ႏွာလႊဲလိုက္ကာ ေ႐ွာင္းက်န္႔ကို ေက်ာခိုင္းၿပီး ထိုအနားမွ သူထြက္လာခဲ့တယ္။
လူကဲခတ္သိပ္ေတာ္တဲ့ ေ႐ွာင္းက်န္႔ကေတာ့ ဝမ္ရိေပၚရဲ႕ မ်က္ဝန္းနက္ေတြထဲ ဝမ္းနည္းရိပ္ေတြ ျပည့္ႏွက္သြားသည္ကို ေတြ႔လိုက္ေသာ္လည္း အမႈမထားခဲ့ပါဘူး။ လိုက္႐ွင္းျပေနရေအာင္ သူနဲ႔ဆိုင္သူမွမဟုတ္ပဲ။ ဆိုင္ဖို႔လည္းမသင့္ေတာ္တဲ့လူ။ သူ႔ကိုစိတ္ပ်က္သြားရင္ပဲ သူေက်နပ္ရမွာ။
~*~*~~~*~*~
ဝမ္က်ိဳးခ်န္ေဘးတြင္ ခံုကိုၾကမ္းၾကမ္းတမ္းတမ္းဆြဲကာ ပစ္ထိုင္လိုက္သည့္ ဝမ္ရိေပၚကို ယီြပင္းႏွင့္မုန္႔ဇီယီ မေျပာႏွင့္ ဝမ္က်ိဳးခ်န္ပင္လန္႔သြားရသည္ ။
အလိုမက်တဲ့ပံုစံနဲ႔ျပန္လာသည့္ ဝမ္ရိေပၚကို ဝမ္က်ိဳးခ်န္ေမးခြန္းေတြေမးျဖစ္တယ္ ။
"ရိေပၚ အရင္လည္းသြားေသးတယ္ အခုမွလည္းေရာက္လာတယ္ မင္းဘယ္ေတြသြားေနျပန္တာလဲ"
"က်န္႔ေကာဆီသြားတာ"
ဝမ္ရိေပၚ ေျပာၿပီးသည္ႏွင့္ ေက်ာပိုးအိတ္ထဲစာအုပ္မ်ားထည့္ကာ လြယ္၍ထရပ္လိုက္သည္။ စကားေျပာခ်င္ေနေသးသည့္ဝမ္က်ိဳးခ်န္ကပဲ ဝမ္ရိေပၚရဲ႕အိတ္ကို ဆြဲထားလိုက္ရျပန္သည္။
"ရိေပၚ ဒါဘယ္လဲ ေက်ာင္းမဆင္းေသးဘူးေလ"
ဝမ္က်ိဳးခ်န္သည္ အိတ္ကိုမလႊတ္ေပးဘဲ ဆက္၍ဆြဲထားသည္။ ဝမ္ရိေပၚကလည္း ျပန္ဆြဲတယ္။ ၾကားထဲက အိတ္ျပဲေတာ့မယ့္ အလားအလာကို ယီြပင္းနဲ႔ မုန္႔ဇီယီက ၾကည့္ေနရသည္။ သူတို႔တားရေအာင္ကလည္း တရင္းတႏွီးဆက္ဆံေရးမဟုတ္ေသးဘူး ။
"က်ိဳးခ်န္ မင္းလက္လႊတ္"
ဝမ္က်ိဳးခ်န္ အားနဲ႔ေဆာင့္ဆြဲလိုက္ေတာ့ ဝမ္ရိေပၚေနာက္ျပန္လဲက်ကာ ထိုင္ခံုေပၚ ဖင္ထိုင္လ်ွက္သားပင္ ေနာက္ျပန္ျပဳတ္က်သြားတယ္။
"ရိေပၚ မင္းလိမၼာေတာ့မယ္လို႔ ဆရာေ႐ွာင္းကို ေျပာထားတယ္ေလ ဟိုက မင္းဆီ စာလာမသင္ေတာ့ရင္ ဘယ္လိုလုပ္မလဲ"
တစ္ဖက္က သူ႔လူသားအေပၚ ေဒါသထြက္ခြင့္မေပးသည့္ သူ႔ႏွလံုးသားဟာ ဝမ္က်ိဳးခ်န္အေပၚကိုေတာ့ ေဒါသထြက္ခြင့္ေပး၏။ သူ႔ရဲ႕ေဒါသေတြကို စားပြဲဆီကို ပံုခ်တဲ့အေနနဲ႔ လက္သီးျဖင့္ စားပြဲကိုထိုးခ်လိုက္သည္။ ထိုးလိုက္တဲ့အသံက ဆူညံေနတဲ့ စာသင္ခန္းတစ္ခန္းလံုးကိုပင္ တိတ္ဆိတ္သြားေစတယ္။ တစ္ခန္းလံုး၏ အၾကည့္မ်ားသည္လည္း ဝမ္ရိေပၚထံသို႔ေရာက္လာၾကတယ္။
တခါတရံမွသာ လူစိတ္ဝင္စားျခင္းခံရတာမဟုတ္တဲ့အတြက္ ဒီတႀကိမ္အတြက္လည္းကို ဝမ္ရိေပၚ ဂ႐ုစိုက္မေနေတာ့ဘူး။ လက္ႏွစ္ဖက္ကို အားျပဳရင္း ျပန္ထကာရပ္ၿပီး ဝမ္က်ိဳးခ်န္၏မ်က္လံုးတစံုကို ေစ့ေစ့ၾကည့္လိုက္သည္။ တျခားလူဆိုရင္ ေၾကာက္ေကာင္း ေၾကာက္ႏိုင္ပင္မယ့္ ဝမ္က်ိဳးခ်န္ကေတာ့ သူ႔အေၾကာင္းသိေနတဲ့လူျဖစ္တာေၾကာင့္ မတုန္လႈပ္ခဲ့ဘူး။
ဝမ္က်ိဳးခ်န္ကိုျပံဳးျပလိုက္တဲ့ ဝမ္ရိေပၚရဲ႕မဲ့ျပံဳးေလးက အသက္မပါပင္မယ့္ ေတာက္ပလ်က္႐ွိတယ္။
"ငါလိမၼာေတာ့ေရာ ... ငါဘာေတြျပန္ရလဲ ... ဘယ္သူက ငါ့ခံစားခ်က္ကို အေရးတယူ႐ွိခဲ့ဖူးလို႔လဲ ... ဘယ္သူက ငါ့ကိုနားလည္ေပးလို႔လဲ"
ဘာကိုမွဂ႐ုစိုက္မေနေတာ့ပဲ ထိုအခန္းထဲမွ ဝမ္ရိေပၚထြက္လာခဲ့တယ္ ။ လူေတြအားလံုးက ဝမ္ရိေပၚကို လိုက္ၾကည့္ေနပင္မယ့္ မုန္႔ဇီယီမွာေတာ့ သူမပစၥည္းေတြကိုသူမ အျမန္သိမ္းေနတယ္ ။
"က်ဲ ဘယ္လဲ"
"တစ္ေနရာေပါ့"
ေလးထပ္ေဆာင္ထဲမွ ထြက္လာသည့္ ဝမ္ရိေပၚ ေနာက္သို႔ မုန္႔ဇီယီ ေက်ာပိုးအိတ္ကို ဖိုသီဖက္သီ လြယ္ကာ အေျပးလိုက္လာတယ္။
"ရိေပၚ ခဏေစာင့္ဦး"
တုံ႔ဆိုင္းျခင္းမ႐ွိတဲ့ေက်ာင္းသားေလးက ေက်ာင္းေပါက္ဝဆီကို ဆက္ေလ်ွာက္ေနတယ္။ ေနာက္က အေမာတေကာနဲ႔ ေျပးလိုက္ေနတဲ့ ေက်ာင္းသူကို လွည့္ပင္မၾကည့္ေပ။ ဝမ္ရိေပၚရဲ႕ေျခလွမ္းေတြကသိပ္ျမန္တယ္ ။ မုန္႔ဇီယီဘယ္လိုမွ အမီမလိုက္ႏိုင္ဘူး ။
"ဘယ္သြားမွာလဲ"
သူ႕အေနာက္ကိုအေျပးလိုက္လာတဲ့ မုန္႔ဇီယီက ေအာ္ေမးတယ္။ ဝမ္ရိေပၚ ျပန္မေျဖျဖစ္ဘူး။ ေ႐ွ႕ကိုသာေျခလွမ္းေတြ ဆက္လွမ္းေနလိုက္တယ္ ။
သက္ေရာက္မႈတိုင္းမွာ တန္ျပန္သက္ေရာက္မႈရိွေပမယ့္ သက္ေရာက္မႈတိုင္းရဲ႕ပစ္မွတ္တူေနတာကေတာ့ သိပ္ကို႐ွားပါတယ္။ သူကတျခားလူေတြကို ဥပကၡာျပဳတယ္။ ဒါရဲ႕ တန္ျပန္သက္ေရာက္မႈက သူ႔ကိုသက္ေရာက္ပင္မယ့္ သူျပဳခဲ့တဲ့လူေတြဆီကမဟုတ္ပဲ သူ႔လူသားဆီကျဖစ္ေနတယ္ ။
မုန္႔ဇီယီက အေျပးလိုက္ရင္း ဝမ္ရိေပၚရဲ႕ေက်ာပိုးအိတ္မွာတြဲေလာင္းက်ေနသည့္အစိမ္းေရာင္ႀကိဳး႐ွည္အား အမီလွမ္းဆြဲတယ္။ သူမဆြဲလိုက္သည့္ႀကိဳး႐ွည္က သူ႔လူသားေပးထားတဲ့ အစိမ္းရင့္ေရာင္ကီးခ်ိန္းႀကိဳးေလး။ ပ်က္ဆီးမသြားေစခ်င္တဲ့အတြက္ အ႐ွိန္နဲ႔ေလ်ွာက္ေနသည့္ေျခလွမ္းေတြကို ဝမ္ရိေပၚရပ္တန္႔ေပးလိုက္သည္။
ထိုလူသားက သူ႔ကိုဥပကၡာျပဳထားခဲ့ရင္ေတာင္ သူကေတာ့ ထိုလူသားနဲ႔ပတ္သတ္သမ်ွကို တန္ဖိုးထားခ်င္တယ္။ ဆံုးမခဲ့တဲ့စကားေလးတစ္ခြန္း ဒါမွမဟုတ္ သူ႔လက္ကိုပတ္ေပးထားသည့္ ပတ္တီးစေလးတစ္စျဖစ္ေနရင္ေတာင္ သူတန္ဖိုးထားခ်င္တယ္။ ဒါတင္မဟုတ္ဘူး သူ႔ဒဏ္ရာေတြေပၚေဆးလိမ္းေပးၿပီးတိုင္း ထိုေဆးေတြအား ေျခာက္ေသြ႕ေစေအာင္ ထိုလူသားႏႈတ္ခမ္းျဖင့္ မႈတ္ေပးခဲ့သည့္ေလေအးေတြ၊ ရင္ထဲမွာရခဲ့တဲ့ ဒဏ္ရာေတြဆိုရင္လည္း သူအျမတ္တႏိုးနဲ႔သိမ္းထားေနခဲ့ဦးမွာပဲ။
ဝမ္ရိေပၚလည္း ေျခေထာက္တစ္စံုကို ဆံုရပ္ကာ သက္ျပင္းခ်လိုက္သည္။ ဒီေန႔မွ ေက်ာင္းေျပာင္းလာတဲ့တစ္ေယာက္က အေၾကာက္အလန္႔မ႐ွိ သူ႔ေနာက္ကိုလိုက္ကပ္ေနတယ္။ သူလည္း အခုလို ေ႐ွာင္းက်န္႔ကို လိုက္ကပ္ခဲ့ဖူးတယ္။ ေ႐ွာင္းက်န္႔ေရာ သူ႔လိုစိတ္႐ႈပ္ေနမလား။ ေသခ်ာတာေပါ့ သိပ္ကို စိတ္႐ႈပ္ေနမွာ ။
"ငါနဲ႔လိုက္မွာေသခ်ာလား"
မုန္႔ဇီယီဟာ သူမ ဆြဲထားမိတဲ့ အစိမ္းရင့္ေရာင္ ကီးခ်ိန္းႀကိဳးကိုလႊတ္ေပးၿပီးမွ စကားျပန္ေျပာတယ္။
"လိုက္ခဲ့မယ္ေလ ဘယ္သြားမွာလဲ"
ေက်ာင္းဝန္းအတြင္းမွ ေဘးခ်င္းယွဥ္ကာေလ်ွာက္၍ထြက္သြားသူႏွစ္ဦးရဲ႕ေက်ာျပင္ကို ေလးထပ္ေဆာင္၏သံုးထပ္ေျမႇာက္အလႊာမွ ျပဴတင္းေပါက္တစ္ေနရာ႐ွိ မ်က္ဝန္းႏွစ္စံုက ၾကည့္ေနခဲ့သည္။
ဝမ္က်ိဳးခ်န္က ယြီပင္းကိုေမးတယ္ ။
"ယီြပင္း မင္းက်ဲက်ဲ လုပ္ႏိုင္ပါ့မလား"
ယီြပင္းက ျပန္ေျဖတယ္ ။
"က်ဲက်ဲက တျခားလူရဲ႕ခံစားခ်က္ကို နားအလည္ဆံုးပဲ၊ မင္းစိတ္ခ်၊ ရိေပၚ အဆင္ေျပသြားလိမ့္မယ္"
ဝမ္က်ိဳးခ်န္လက္ပိုက္ကာ လူႀကီးတစ္ေယာက္လို ေခါင္းတဆိတ္ဆိတ္ညိတ္ရင္းနဲ႔ပဲ ေက်ာင္းဝန္းထဲမွ ထြက္သြားသူႏွစ္ဦးကိုၾကည့္ေနခဲ့လိုက္တယ္ ။ သူမထိန္းႏိုင္တဲ့ ညီကို တျခားလူက ထိန္းေပးလို႔ရပါ့မလား။ ဟုတ္တယ္ ... တျခားလူထိန္းလို႔ရတယ္။ အဲ့တျခားလူက ေ႐ွာင္းက်န္႔ျဖစ္ေနဖို႔ေတာ့လိုတယ္ ။
ဝမ္က်ိဳးခ်န္ရဲ႕ပုခံုးကို ယီြပင္း ႏွစ္ခ်က္ပုတ္ၿပီးေနာက္ စာသင္ခံုဆီသို႔ျပန္လာခဲ့သည္။ သူတို႔နည္းတူ ေက်ာင္းဝန္းထဲကထြက္သြားသူႏွစ္ဦးကို ေျမညီထပ္ျပဴတင္းေပါက္တစ္ေနရာ႐ွိ ေ႐ွာင္းက်န္႔ဆိုသည့္လူသားေလးတစ္ဦးသည္လည္း ၾကည့္ေနခဲ့သည္ ။
ၾကည့္ေနခဲ့ရံုပါပဲ။ သူမဟုတ္တဲ့ တျခားဘယ္သူနဲ႔မဆို ဒီကေလးအဆင္ေျပသြားရင္ ေကာင္းတာပဲေလ ... ။
~*~*~~~*~*~
8:45 PM
ေ႐ွာင္းက်န္႔မွာ နာရီတၾကည့္ၾကည့္။ အခုခ်ိန္ထိ ျပန္မလာေသးတဲ့ လူတစ္ေယာက္ေၾကာင့္ စိတ္႐ႈပ္ရျပန္သည္။ အထက္တန္းေက်ာင္းသားတစ္ေယာက္က ဒီလိုအခ်ိန္ထိ မိန္းကေလးတစ္ေယာက္နဲ႔အျပင္မွာ ႐ွိေနဖို႔မသင့္ေတာ့ဘူး။
ဝမ္ရိေပၚ အိမ္ထဲဝင္လာတယ္။
ဝင္လာသည္ကို လက္ပိုက္ကာၾကည့္ေနသူက ဝမ္က်ိဳးခ်န္ျဖစ္ေနခဲ့တယ္ ။
"ရိေပၚ အခ်ိန္ကိုၾကည့္ဦး"
ဝမ္က်ိဳးခ်န္က သူျပန္ေရာက္တာနဲ႔ တန္းဆူဖို႔ႀကိဳးစားတယ္။ သူဂ႐ုမစိုက္ပဲ အေပၚထပ္ကိုသာတတ္ရန္ ေျခလွမ္းေတြ ျပင္ရင္း ေလွကားဆီသို႔ဦးတည္ကာ ေလ်ွာက္သြားလိုက္တယ္ ။
ဝမ္က်ိဳးခ်န္က ထပ္ေျပာတယ္ ။
"ဆရာေ႐ွာင္း စာၾကည့္ခန္းထဲမွာေစာင့္ေနေသးတယ္"
သူျပန္လာတဲ့အခ်ိန္ထိ ေစာင့္ေနရစ္ေပးသည့္ ထိုလူသားေၾကာင့္ သူ႔ရင္ထဲမွာ သိမ့္ကနဲ။ အိမ္ျပန္အလာကိုေစာင့္ေနေပးတဲ့လူ႐ွိတာကလည္း ၾကည္ႏူးဖို႔ေတာ့ေကာင္းသား။ ထိုလူသားအား သူလြတ္ခ်လိုက္ဖို႔ဆံုးျဖတ္ခဲ့သည့္စိတ္ကူးဟာ ၾကက္ေပ်ာက္ငွက္ေပ်ာက္။ အေပၚထပ္သို႔တတ္ရန္ေလ်ွာက္ေနတဲ့ ဝမ္ရိေပၚ၏ေျခလွမ္းေတြသည္ ရပ္တန္႔သြားကာ စာၾကည့္ခန္းဘက္ကို အလိုအေလ်ွာက္လွည့္ျဖစ္လိုက္ၿပီး စာၾကည့္ခန္းဘက္ကို ေလ်ွာက္လွမ္းမိျပန္တယ္။ စာၾကည့္ခန္းထဲဝမ္ရိေပၚဝင္လိုက္သည္ႏွင့္ စာၾကည့္စားပြဲခံုတြင္ထိုင္ေနတဲ့ ေ႐ွာင္းက်န္႔နဲ႔ အၾကည့္ခ်င္းဆံုသြားခဲ့တယ္။ မ်က္လံုးလႊဲသြားသည့္ထိုလူသားဟာ သူ႔ကို သိပ္စိတ္ဆိုးေနမွန္းအရမ္းသိသာတယ္။
"ဘယ္ကျပန္လာတာလဲ"
မ်က္လံုးလႊဲသြားပင္မယ့္ သူ႔ကိုေတာ့ေမးေဖာ္ရေသးတာေၾကာင့္
ေ႐ွာင္းက်န္႔ရဲ႕ေဘးခံုတြင္ ဝမ္ရိေပၚ ဝင္ထိုင္လိုက္တယ္။ သူစကားတစ္ခြန္းမွ ျပန္မေျဖျဖစ္ဘူး ။ မေလးမခန္႔ျပဳျခင္းမဟုတ္ပင္မယ့္ တဖက္က ေ႐ွာင္းက်န္႔မွာေတာ့ ေဒါသျဖစ္ရတယ္ ။
စိတ္႐ွည္မႈကို မနည္းႀကိဳးစား ႐ွာၿပီး ဝမ္ရိေပၚရဲ႕ဘယ္ဘက္လက္ကို ေ႐ွာင္းက်န္႔ ဆြဲယူလိုက္သည္။ မသက္ဆိုင္ခ်င္ပင္မယ့္လည္း ေစာင့္ေ႐ွာင့္ရမွာက သူ႔တာဝန္ျဖစ္ေနေသးသည္ ။
ဝမ္ရိေပၚရဲ႕႐ွပ္အျဖဴေရာင္လက္႐ွည္ကို ေ႐ွာင္းက်န္႔ဂ႐ုတစိုက္ေခါက္တင္ေပးၿပီး မနက္ကစည္းေပးခဲ့သည့္ ပတ္တီးကို ျဖည္လိုက္တယ္။ ျဖဴစြတ္ေနတဲ့အသားအရည္နဲ႔မအပ္စပ္ေအာင္ ႐ွိေနတဲ့ ဒဏ္ရာေတြ။ ငယ္ရြယ္ေသးတဲ့အခ်ိန္မွာ ဒီေလာက္ဒဏ္ရာေတြ မ်ားမေနသင့္ဘူး။ အမာရြတ္ေတြလည္း က်န္ဖို႔မသင့္ဘူး။
ပတ္တီးျဖည္ၿပီးသည္ႏွင့္ အသင့္ပါလာတဲ့ေဆးေသတၱာကိုဖြင့္ၿပီး ဝမ္ရိေပၚ၏လက္အား ေဆးထည့္ေပးရန္ ေ႐ွာင္းက်န္႔အလုပ္႐ႈပ္ရျပန္သည္။ သူ႔လႈပ္႐ွားမႈတိုင္းအား တေသြမတိမ္းလိုက္ၾကည့္ေနသည့္ထိုကေလးငယ္အား ေ႐ွာင္းက်န္႔ေမးမိျပန္သည္။
"ေန႔လည္က ဘယ္သြားတာလဲ"
အျပံဳးအရယ္မ႐ွိ တည္တည္တံ့တံ့မ်က္ႏွာထားျဖင့္ ေ႐ွာင္းက်န္႔ေမးလိုက္ေသာေၾကာင့္ ဝမ္ရိေပၚမွာ ေလသံတိုးတိုးျဖင့္သာေျပာလာတယ္ ။
"Gameဆိုင္"
ေဆးထည့္ေပးေနရင္းမွ ေ႐ွာင္းက်န္႔ေခါင္းညိတ္တယ္။ လိမ္ရင္လည္း ယံုေလာက္တဲ့စကားေတြနဲ႔ လိမ္သင့္တာကို ဒီကေလးမသိေလသလား ။
"မင္းသြားတာ မိန္းကေလးတစ္ေယာက္နဲ႔ ... ဆိုေတာ့ ... မင္းစကားကို ငါကယံုေပးရမွာလား၊ ျပန္လာတဲ့အခ်ိန္ကိုလည္းၾကည့္ဦး ၈နာရီေက်ာ္ေနၿပီ ... ကိုးနာရီထိုးေတာ့မယ္"
ထိုလူသားဟာ သူရဲ႕မ်က္ႏွာကို ေစ့ေစ့စပ္စပ္ၾကည့္ရင္းေမးတယ္။ ေမးလာတဲ့ ေ႐ွာင္းက်န္႔ရဲ႕ေမးခြန္းေတြေၾကာင့္ ဝမ္ရိေပၚ မရယ္ပဲမေနႏိုင္ေတာ့ဘူး။ ေလွာင္ရယ္သည္ဟု ထင္သြားမယ္ဆိုရင္ေတာင္ ခံလိုက္မည္ဟု ဝမ္ရိေပၚခံယူရင္း ဟက္ဟက္ပတ္ပတ္ရယ္မိတယ္။
ေရွာင္းက်န္႔မွာေတာ့ ဒီအ႐ိုင္းဆန္ေနတဲ့ ကေလးငယ္ကို ၾကည့္ေနရံုမွအပ ဘာမွမေျပာႏိုင္ဘူး။ ဘယ္ေလာက္ သူ႔စကားကို ေလွာင္ႏိုင္မလဲ ။ သူသိခ်င္တယ္။ ဝမ္ရိေပၚရယ္ေနတာကို မတားပဲ ဆက္ေလွာင္ခြင့္ျပဳလိုက္တယ္။
ရယ္သံမ်ားႏွင့္အတူ ဝမ္ရိေပၚ ေျပာလာခဲ့တယ္ ။
"က်န္႔ေကာက ကြၽန္ေတာ္အမွန္တိုင္းေျပာရင္ ဘယ္တုန္းကမွ မယံုဘူးေနာ္ ... ထားေတာ့ ... က်န္႔ေကာ ျပန္ဖို႔ေနာက္က်ေနၿပီမွတ္လား ကြၽန္ေတာ္လိုက္ပို႔မယ္"
ဝမ္ရိေပၚ ထထြက္သြားသည္ကို ေ႐ွာင္းက်န္႔ဆြဲမထားဘူး။ သူ႔ စကားလံုးေတြနဲ႔ပဲ ဝမ္ရိေပၚရဲ႕ေျခလွမ္းေတြကို ရပ္တန္႔ေစလိုက္တယ္။
"မင္းလက္ ပတ္တီးစည္းရဦးမယ္"
ဝမ္ရိေပၚ သူ႔လက္ကိုသူ ေျမႇာက္ကာၾကည့္လိုက္တယ္။ ေဆးထည့္ၿပီး ပတ္တီးစည္းရံုပဲေလ။ ဘာမ်ားခက္ခဲေနလို႔လဲ။ လက္ကိုဓားနဲ႔မႊန္တာကမွ ခက္ဦးမယ္။
"ဒီေလာက္ကေတာ့ ကြၽန္ေတာ့္ဘာသာ လုပ္တတ္ပါတယ္"
လုပ္တတ္တယ္ဆိုလည္း မလုပ္ေပးရံုေပါ့။ ေ႐ွာင္းက်န္႔ ပစၥည္းေတြကို ျပန္သိမ္းလိုက္သည္။ မေနႏိုင္တဲ့ စိတ္က႐ွိေနေသးတာေၾကာင့္ ထပ္ေျပာျဖစ္ျပန္တယ္ ။
"လုပ္တတ္တာ လုပ္မွာမွမဟုတ္တာ"
"စိတ္ပူသြားတာလား" ဝမ္ရိေပၚေမးလိုက္တယ္ ။ ေ႐ွာင္းက်န္႔က ျပန္မေျဖပဲ သူ႔ပစၥည္းသူသိမ္းေနတယ္ ။
ဝမ္ရိေပၚလည္း အခန္းတံခါးကိုမွီၿပီးလက္ပိုက္ကာ ေ႐ွာင္းက်န္႔ကိုစိုက္ကာၾကည့္ၿပီးေနာက္ ႏႈတ္ခမ္းေထာင့္တေနရာမွ အသက္မပါသည့္အျပံဳးတစ္ခုကို ျပဳလုပ္လိုက္သည္ ။
"က်န္႔ေကာ ... ဘယ္တုန္းက ကြၽန္ေတာ့္အတြက္ေတြးပူတတ္သြားတာလဲ"
ပစၥည္းသိမ္းေနတဲ့ ေ႐ွာင္းက်န္႔လည္း သူ႔ကိုသူ မသိလိုက္ခင္မွာပင္ ဝမ္ရိေပၚဆီအၾကည့္ေရာက္သြားတယ္။ ေက်နပ္သြားဟန္႐ွိတဲ့ ဝမ္ရိေပၚက သူ႔ကို မ်က္ခံုးေသနတ္ပစ္သလို မ်က္ခံုးတစ္ဖက္ကို တြန္႔ျပတယ္။ ေ႐ွာင္းက်န္႔ရဲ႕မ်က္ဝန္းေတြကေတာ့ ေအးစက္ဆဲပင္။
တဖက္ကလာတဲ့ ေအးစက္စက္အၾကည့္ေတြကို ဝမ္ရိေပၚ ႏွလံုးသားက မခံႏိုင္ေသးဘူး။
ဝမ္ရိေပၚဆက္ေျပာတယ္ ။
"ဟုတ္ပါတယ္ ကြၽန္ေတာ့္တစ္ေယာက္ထဲကိုပဲ က်န္႔ေကာက ေတြးပူတတ္တာမဟုတ္ဘူး အကုန္လံုးကို ေတြးပူတတ္တာပဲ ... ဆရာမလင္း ေနာက္တစ္ေယာက္က ေက်ာင္းအုပ္လ်ိဳ ေနာက္တစ္ေယာက္က ဆရာလီ ... ေနာက္ ဒီေန႔အတြက္စိတ္ပူတာကလည္း ကြၽန္ေတာ့္ကိုဆိုတာထက္ မုန္႔ဇီယီကိုမွတ္လား ... ဟုတ္တယ္မွတ္လားက်န္႔ေကာ ... ကြၽန္ေတာ္ေျပာတာ မမွားဘူးမွတ္လား"
ဝမ္ရိေပၚရဲ႕ အၾကည့္နဲ႔အေျပာအဆိုေၾကာင့္ ေ႐ွာင္းက်န္႔ မသိမသာ သက္ျပင္းခ်လိုက္ရျပန္တယ္။ ခနဲ႔တဲ့အေျပာေတြကို သူျပန္မေျဖ႐ွင္းေပးခ်င္ဘူး။ နားလည္မႈလြဲေနတာေတြကို လိုက္႐ွင္းျပေနရင္လည္း တဖက္လူက တစ္မ်ိဳးထပ္ေတြးေနဦးမယ္။
ေ႐ွာင္းက်န္႔ဟာ ဝမ္ရိေပၚကို ႐ွင္းမျပပဲေနလိုက္တယ္ ။
"ဒါေတြနားလည္ဖို႔ မင္းငယ္ေသးတယ္ရိေပၚ"
ထိုသို႔ ေျပာၿပီးေနာက္ ဝမ္ရိေပၚကို သူတြန္းဖယ္ကာ တံခါးဖြင့္ၿပီး အျပင္ကို ထြက္လာခဲ့တယ္။ အခန္းျပင္ေရာက္ေတာ့ ေခါက္ဆြဲျပဳတ္ဇလံုကိုပိုက္ကာ စားေနသည့္ဝမ္က်ိဳးခ်န္ႏွင့္ ေ႐ွာင္းက်န္႔မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္ဆံုျပန္တယ္။
ဝမ္က်ိဳးခ်န္က အစားပလုတ္ပေလာင္းနဲ႔ေမးတယ္ ။
"ဆရာေ႐ွာင္း ျပန္ေတာ့မို႔လား ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ"
ေ႐ွာင္းက်န္႔ လက္ကာျပလိုက္တယ္ ။
"ေနပါေစ ဆရာ့မွာကားပါတယ္ လိုက္မပို႔နဲ႔ေတာ့"
ေ႐ွာင္းက်န္႔အိမ္အျပင္ဘက္ထြက္သြားၿပီး အခ်ိန္အနည္းငယ္ၾကာမွ ဝမ္ရိေပၚလည္း စာၾကည့္ခန္းထဲမွ ထြက္လာသည္။ ဝမ္က်ိဳးခ်န္ ထိုင္ကာ ဖုန္းျဖင့္ ဂိမ္းေဆာ့ေနရင္း ဝမ္ရိေပၚဆီအၾကည့္ေရာက္သြားတယ္။
ဆူပုတ္ေနတဲ့ ဝမ္ရိေပၚဆီမွာ အလိုမက်တဲ့ပံုရိပ္ေတြလည္း စြဲကပ္လို႔ေနေသးတယ္။
"ရိေပၚ မင္းတေနကုန္ဘယ္သြားေနတာလဲ မင္းရဲ႕က်န္႔ေကာက တေနကုန္စိတ္ပူေနတာ မင္းျပန္လာတာျမင္ေတာ့မွ စာၾကည့္ခန္းထဲဝင္သြားတာ"
ဝမ္က်ိဳးခ်န္အနားတြင္ဝမ္ရိေပၚထိုင္လိုက္ၿပီး ေနာက္မွီေပၚေခါင္းေမာ့ကာတင္လိုက္သည္။ ဝမ္ရိေပၚဘက္သို႔ လွည့္လိုက္ၿပီး ဝမ္က်ိဳးခ်န္ စတင္စပ္စုတယ္။
"ဇီယီနဲ႔မင္းနဲ႔ဘယ္သြားတာလဲ"
ဝမ္ရိေပၚဟာျပန္မေျဖဘူး။ မ်က္လံုးေတြကိုလည္း မွိတ္ထားတယ္။
" ေဟ့ေကာင္ ငါေမးတာၾကားလား"
ဒီအေခ်ာအလွေလးနဲ႔ သူ႔ညီကို နီးစပ္ေစခ်င္ပင္မယ့္ တဖက္ကလည္း မနီးစပ္ေစခ်င္ျပန္ဘူး။ ဝမ္က်ိဳးခ်န္မ်က္လံုးထဲမွာ မုန္႔ဇီယီက လွတာေတာ့လွတယ္။ တစ္ဦးတစ္ေယာက္ကေလးပဲျဖစ္ျဖစ္ ဝမ္ရိေပၚလို ပံုစံမ်ိဳးကို မႀကိဳက္ပဲ သူ႔လိုလူကို ႀကိဳက္ႏွစ္သက္သည့္လူမ်ိဳးေတာ့႐ွိေနေစခ်င္ေသးသည္။
ဝမ္ရိေပၚရဲ႔ေခါင္းဟာအနည္းငယ္ ေထာင္မတ္လာၿပီး ျပန္ေျဖတယ္ ။
"Game ဆိုင္"
ဝမ္က်ိဳးခ်န္ဟာ ရယ္ရင္း မျဖစ္ႏိုင္ဘူးလို႔ ေတြးလိုက္မိသည္ ။
"မင္းျဖစ္ႏိုင္တာေျပာ"
ဝမ္က်ိဳးခ်န္၏ေက်ာျပင္ကို ဝမ္ရိေပၚလက္သီးခပ္ျပင္းျပင္းထိုးလိုက္သည္။
"ငါအမွန္ေျပာေနတာက်ိဳးခ်န္ ... မင္းပါ ငါ့ကိုမယံုလို႔မျဖစ္ဘူးေလ"
ဝမ္က်ိဴးခ်န္ စိတ္ဝင္တစားအမူအရာျဖစ္လာတယ္။ ေယာက္်ားဆန္တဲ့ မိန္းကေလးဆိုရင္ သူပိုျပီးသေဘာက်မိေတာ့မွာ။
"ဇီယီကေဆာ့တတ္တာပဲလား"
ဝမ္ရိေပၚ ေခါင္းညိတ္ၿပီးေျဖတယ္။
"အင္း ေဆာ့တတ္တယ္လို႔ေတာ့ေျပာတာပဲ ယီြပင္းသင္ေပးတာတဲ့ ဒါပင္မဲ႔ကြာ သူပါလာလို႔လားမသိဘူး တစ္ပြဲမွမႏိုင္ဘူး"
ဝမ္က်ိဳးခ်န္နဲ႔ စကားေတြေျပာေနပင္မယ့္ တစ္ေယာက္ထဲ ျပန္သြားတဲ့ သူ႔ျမတ္ႏိုးရတဲ့လူသားကိုေတာ့ သူစိတ္မခ်ႏိုင္ဘူး။ ေျပးလိုက္သြားခ်င္တဲ့အထိ ေနာက္ဆံတင္းေနခဲ့တယ္။ ကားေသခ်ာေမာင္းႏိုင္ပါ့မလား။ အိမ္ေရာက္ၿပီးလား။ တဖက္က ျပန္စဥ္းစားျပန္ေတာ့လည္း သူျမတ္ႏိုးရတဲ့လူသားက ကေလးငယ္ငယ္ေလးမွမဟုတ္တာေနာ္ ။
💚
Part 4 💚❤ ဆက္ရန္
👨👦
---------------------