Unicode...
>>>>>>>>
.
.
တီ~တီ~တီ~ !!
သုသု စာမေးပွဲကာလတုန်းက မနက်ခင်းစာကျက်ချိန်နဲ့ ကျောင်းတတ်ချိန်နောက်ကျမှာစိုးတာကြောင့် နာရီAlarmပေးထားတာကြောင့် ဒီနေ့သည်လဲနာရီလေးမှာသူ့ပုံမှန်အလုပ်ကိုထမ်းဆောင်လျှက်။ ခါတိုင်းဆို Alarm အသံတို့ကြားသည်ကိုကျေးဇူးတင်သလိုရှိပေမယ့် အခုအခါမှတော့ ဇိုင်းအတွက်စိတ်တိုစရာ တစ်ခုလိုတစ်စစီပေါက်ခွဲပစ်ချင်စိတ်တစ်ဖွားဖွားပေါ်နေတော့သည် ။
ဇိုင်း ရင်ခွင်ထဲကကလေးပေါက်စကိုကြည့်မိတော့ ဇိုင်း ဘယ်ဘက်လက်မောင်းတစ်ဖက်ကိုခေါင်းခုကာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလို့နေသည် ။ ချစ်ရသူမျက်နှာလေးကြည့်ပြီးနိုးထလာရတဲ့မနက်ခင်းဟာဇိုင်းအတွက်အေးချမ်းမှု့အပြည့်နှင့်။
လျှော့ရဲနေတဲ့ ညအိပ်၀တ်စုံလေးမှာ ဇိုင်း ပေးထားသော ထင်ပေါ်နေတဲ့လည်တိုင်ကအမှတ်အသားတစ်ချို့နဲ့ညှပ်ရိုးတစ်လျှောက်ကိုက်ရာလေးများနဲ့လှချင်တိုင်းလှလို့သည်ကြောင့်ဇိုင်းစိတ်ကျေနပ်စွာပြုံးမိသည်။ ညကအိပ်ပျော်နေတဲ့ကလေးကိုထိုင်ကြည့်နေတာ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ဇိုင်း အိပ်ရေးမ၀ပေမယ့်လဲ ညကတည်းကအိမ်တော်ထိန်းနဲ့အလုပ်သမားတွေကိုမလာခိုင်းထားတာမို့ အခုကလေးအတွက်မနက်စာပြင်ပြီး ဆေးတိုက်ရန်ထမှဖြစ်မည် ဇိုင်း ကလေးနှာဖူးလေးကိုအသာယာနမ်းရင်းထလာခဲ့သည်။
>>>>>>>>>>>>
သုသု နိုးလာတာနဲ့အနားမှာရှိမနေပဲ အေးစက်စက်အိပ်ရာကိုစမ်းမိတာကြောင့် သုသု စိတ်ထဲအနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။
ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ သန့်ရှင်းပြီးသားခန္ဓာကိုယ်နဲ့သပ်ရပ်စွာ၀တ်ထားတဲ့ အ၀တ်စားတို့ကြောင့် ညက ကိုကို သန့်ရှင်းပေးခဲ့မှန်း သိလိုက်သည် ။ ညကအဖြစ်ပျက်တိုင်းကိုပြန်မြင်ယောင်မိလာတော့ သုသု ရှက်လာတာကြောင့် မျက်နှာထက်ကပါးမို့မို့လေးပင် နီဆွေးဆွေးဖြစ်လို့နေပြီ တစ်ဆက်တည်း ကိုကို မရှိသည်မှာတော်သေးသည်ဟုပြန်တွေးနေမိသည်။
*ကိုကိုဘယ်သွားတာလဲမသိဘူး ထားလိုက်ပါတော့ ကိုကိုပြန်မလာခင်ရေချိုးထားမှဖြစ်မယ်*
*အ့..နာလိုက်တာ ကျွတ်..ကျွတ်*
ကိုယ့်အတွေးနဲ့ကိုဟန်ကျပြီး မတ်တပ်ရပ်ရန်ပြန်လိုက်ပေမယ့် ဆစ်ခနဲနာကျင်မှု့နဲ့အတူကျောရိုးတစ်လျှောက်ကိုက်ခဲမှု့တို့က သုသု ခြေထောက်ကိုယိုင်နဲ့စွာအားပျော့စေသည် ။ သို့ပေမယ့် ဒီနာကျင်မှု့ကိုဖြစ်စေခဲ့သူရဲ့မျက်နှာလေးက အတွေးထဲ၀င်လာခဲ့သည်နှင့်သုသုမျက်နှာမှာအပြုံးလေးတစ်ပွင့်ဖြစ်တည်လာခဲ့သည်။
ချက်ချင်းထသွားလို့အဆင်မပြေတာကြောင့် သုသု မွေ့ယာပေါ်မှာခဏပြန်ထိုင်ပြီးအားယူနေစဉ်.....
ကျီ~~ တံခါးဖွင့်သံနဲ့အတူ...အငွေ့ထနေတဲ့မနက်စာဗန်းလေးကိုကိုင်ပီးလျှောက်လာတဲ့ ကလေးချစ်တဲ့ကိုကို။
Gym ကစားထားလို့ကျစ်လစ်သန်မာပြီး ခန္ဓာကိုယ်နဲ့ ရင်အုပ်ပေါ်ကကြွက်သားတစ်ထစ်စီတိုင်းက ခန့်ငြားလှစွာနဲ့ မနေ့က၀တ်တဲ့စတိုင်ဘောင်းဘီနဲ့စွပ်ကျယ်တစ်ထည်ကိုသာ၀တ်ထားတဲ့ကိုကိုဟာ သုသုအတွက်နတ်ဘုရားတစ်ပါးလိုပင် ယုံကြည်အားထားရသူပါ။
"နိုးပီလား ကလေး...."
အသံနဲ့အတူ နွေးထွေးတဲ့အပြုံးတစ်ခုနဲ့ သုသုဘေးနားရောက်လာတဲ့ကိုကို။နှာဖူးလေးကိုနမ်းရင်းမေးသည်။
"ဟုတ် ကိုကို"
သုသု ညကကိစ္စကိုရှက်နေသေးတာကြောင့် ရဲရဲ၀င့်၀င့်မော်မကြည့်ရဲပဲဒီတိုင်းခေါင်းငုံ့ထားပြီးဖြေသည်။
"ကလေး သက်သာရဲ့လား တစ်နေရာရာက အရမ်းနာကျင်တာမျိုးဖြစ်နေလား...."
စိုးရိမ်တဲ့အသံလေးနဲ့မေးလာတဲ့ချစ်ရသူကိုစိတ်မပူစေချင်တာပါ ။
"နည်းနည်း... ကလေး အဆင်ပြေပါတယ် စိတ်မပူနဲ့နော်"
"Sorry ကလေး ကိုကို ညကနည်းနည်းကြမ်းမိသွားတယ်"
"အာာ..ကိုကို !! အဲ့လိုစိတ်ထဲရှိတိုင်းလျှောက်မပြောရဘူးလေ.."
ဇိုင်း ပြောတဲ့စကားကြောင့် သုသု ရှက်လွန်းလို့အငွေ့ပင်ဖြစ်သွားချင်ပီ ဆင်ဆာမဲ့စကားတွေကို အခုလိုကြီးပြောလာတော့ သုသု ရှက်ရမ်းရမ်းပြီး ဇိုင်း ရင်ဘတ်ကိုလက်သီးစုတ်သေးသေးလေးနဲ့လှန်းထုလိုက်သည် ။
"ကလေး ရှက်နေတာလား..ဟားး..ဟား...ဟုတ်ပါပီဗျာ ကိုကို့ကလေးလေး ရှက်နေတယ်ဆိုရင် ကိုကို မစတော့ပါဘူး..ဒီမှာ ကလေးစားဖို့မနက်စာ ပြင်ထားတယ် စားပြီးဆေးပါသောက်ရမယ်နော်"
"ဟုတ်"
သုသု ရှက်နေတဲ့အပြုမှုလေးကိုပင် ဇိုင်း အသဲယားလို့ဆိုကာ နှာခေါင်းထိပ်လေးကိုဆွဲညစ်ကာစသည်။
"ဟို..ဟိုလေ.. ကိုကို..."
"ဟင် ကလေး ပြောလေ"
"ကလေး ရေချိုးချင်လို့ အဲ့တာ..."
သုသု မရဲတရဲလေးနဲ့ပြောလိုက်သည်။
"ဟုတ်သားပဲ ကလေးလမ်းမလျှောက်နိုင်လောက်ဘူး ကိုယ်ချီပြီ ပို့ပေးမယ်နော်"
"ဟုတ် ကိုကို"
ဇိုင်း သုသုကိုယ်လေးကိုဒူးအောက်ကလျှိုပီးပွေ့ချီလျှက် ရေချိုးခန်းဆီခေါ်သွားသည်။ ရေချိုးခန်းထဲရောက်သည်နှင့်ရေပူရေအေးစပ်ပြီး Bath ထဲ သုသုကိုအသာလေးထိုင်ခိုင်းလိုက်သည်။ ပြီးနောက်ရေမြုပ်၀တ်နဲ့သုသုတစ်ကိုယ်လုံးကိုသန့်စင်ပြီးနောက် ညကဇိုင်းပေးထားတဲ့လည်တိုင်ဖြူဖြူလေးထက်ကအနီရောင်အမှတ်သားအပြင်ကိုက်ရာလေးတို့ကိုသဘောကျစွာအနမ်းပေးမိသည် ။
ဇိုင်းသိတယ် ကလေးနာကျင်နေတယ်ဆိုတာဇိုင်းစိတ်မကောင်းဖြစ်မည်စိုးလို့နာကျင်မှု့ကိုအောင့်အီးသည်းခံနေမှန်း ညကကလေးရဲ့ပထမဆုံးအကြိမ်မို့ ကိုယ့်ကိုအတတ်နိုင်ဆုံးစိတ်ထိန်းထားပေမယ့်လဲ ကလေးရဲ့ညီးငြူသံလေးကြောင့် တစ်ချက်တစ်ချက် လွတ်ထွက်သွားတဲ့စိတ်ကြောင့် မတတ်နိုင်တဲ့အဆုံး ဇိုင်းကြမ်းခဲ့မိသည် ။
အခု တော့ ဇိုင်းရဲ့အရိုင်းဆန်တဲ့စိတ်ကြောင့်ကလေးနာကျင်နေရပြီ ။ ဒါတောင်မှဒီကလေးကဇိုင်းစိတ်မကောင်းဖြစ်မှစိုးရိမ်နေသေးတာ။
ဇိုင်း ကလေးရဲ့ နောက်ကျော်ပြင်လေးဆီက အမှတ်သားတစ်ချို့ကိုကြည့်ပြီး ညကပုံရိပ်တစ်ချို့ကိုပြန်မြင်လာရပြန်တာမို့ မနက်ခင်းရဲ့စိတ်ရိုင်းတွေက ထလာပြန်သည်မို့ ဇိုင်း ကလေး ခန္ဓာကိုယ်ကနေ အကြည့်လွဲကာ ရေမြန်မြန်ချိုးစေလိုက်သည်...။
ရေချိုးပြီးသွားတော့ကလေးကိုပွေ့ချီကာ အနည်းငယ်ကွဲသွားတဲ့နေရာလေးကိုဆေးလိမ်းပေးတော့ ထိုကလေးကအရှက်သည်းစွာ မျက်နှာလွှဲနေသေးတာ။နောက်မနက်စာစားပြီးဆေးသောက်ပြီးသည်နှင့်...
"ကိုကို လဲ အလုပ်သွားရတော့မှာမလား ပြင်ဆင်တော့လေ"
"အင်း ဒါပေမယ့် ကိုကို မသွားတော့ဘူးလားလို့"
"ဟင် ဘာလို့လဲ...."
"ကလေးကလှုပ်လှုပ်ရှားရှားနေလို့အဆင်မပြေတော့ တစ်ခုခုဆိုကိုကို ရှိနေတော့ ကောင်းတာပေါ့"
ကိုယ့်ကိုစိတ်မချဖြစ်ပီးစိုးရိမ်နေတဲ့ ချစ်ရသူကိုကြည့်ပြီး သုသု ရင်ထဲကြည်နိူးမိတယ်။
"အော် ဘာများလဲလို့ကိုကိုရယ်... ကလေးအဆင်ပြေပါတယ် ပြီးတော့ကြီးကြီးချိုနဲ့အလုပ်သမားတွေလဲရှိတာပဲ"
"ဒါပေမယ့်..."
" ဘာမှဒါပေမယ့်လုပ်မနေနဲ့ကိုကိို အလုပ်သွားဖို့ပြင်တော့နော် နော်"
ကလေးကိုမူကြိုပို့သလိုချော့ပြောနေတဲ့ကလေးကိုကြည့်ဇိုင်း နောက်ဆုံးတော့သူ့အမိန့်ကိုနာခံလျှက်။
"OK OK"
သုသုအနားကနေထပြီး ကုမ္ပဏီ သွားရန်ပြင်ဆင်ပြီးနောက် သုသုအနားပြန်ရောက်လာပြီး...။
"ကိုကို သွားတော့မယ် ကလေး အိမ်မှာလျှောက်ဆော့မနေနဲ့နော်..ကိုကို ၀န ကိုထားခဲ့မယ် ကလေးတစ်ခုခုလိုအပ်တာရှိရင်ဒေါ်ချိုတို့ကိုခိုင်းနော်.."
"မှာလိုက်တာလဲ..များလိုက်တာ.."
"ကလေး."
"ဟီးးး ဟုတ်ကဲ့ပါ ကလေးစကားနားထောင်ပါ့မယ်နော် မွ"
ကလေးအနမ်းလေးကိုရင်၀ယ်ပိုက်လျှက် မျက်နှာမှာအပြုံးတစ်ပွင့် ဖြစ်တည်ကာ ဇိုင်း မှာစရာရှိတာမှာပြီးသည်နှင့်သုသု နှာဖူးလေးနမ်းကာ အောက်ဆင်းလာခဲ့သည် .......။
"၀န"
" ဟုတ် Boss "
"မင်းဒီနေ့ အိမ်မှာနေခဲ့ ကလေးကိုသေချာစောင့်ရှောက် ကလေး ထိခိုက်ဒဏ်ရာဆို ပွန်းမိတာတောင်မမြင်ချင်ဘူးနော်"
"ဟုတ်ကဲ့ Boss"
ဇိုင်းမှာပြီးတာနဲ့ ကျော်ထက်နဲ့အတူ ကုမ္ပဏီ ထွက်လာသည်။
လူက အလုပ်လုပ်နေပေမယ့် စိတ်ကအိမ်က ကလေးငယ်ဆီမှာ..။
*ဒီနေ့အလုပ်စောစောပြီးချင်ပါတယ်ဆိုမှ အခုထိလက်စသတ်လို့မပြီးသေး..ဟူးးး*
________________________________________________________
မြတ်မင်း အစည်းဝေးခန်းထဲမှာ လုပ်ငန်းကိစ္စဆွေးနွေးတိုင်ပင်နေပေမယ့် စိတ်တွေက လွင့်ပြန့်နေသည် ။ အခန်းထဲမှာ အစည်းဝေးသာ ပြီးသွားတယ် ကိစ္စအဝဝ ကို မြတ်မင်း အတွင်းရေးမူးကပဲ အကုန်လုပ်သွားသည် ။ ရုံးခန်းထဲရောက်သည်နှင့် မြတ်မင်းအတွင်းရေးမှုး ထက်ထက် ကို လှမ်းခေါ်ကာ....။
"ဆရာ ခေါ်တယ်ဆို.... "
"အေး ဟုတ်တယ်... ဒါနဲ့ J&P Company က ဦးဇိုင်း မှာ ချစ်သူတွေဘာတွေ ရှိတာကြားမိသေးလား..."
"ဟုတ် ချစ်သူ ဆိုတာတော့ မကြားမိပေမယ့်.. ကျွန်တော်တို့ နောက်ယောင်ခံခိုင်းထားတဲ့လူဆီက ပြောတာတော့ ကျောင်းတစ်ကျောင်းမှာ ကောင်လေးတစ်ယောက်ကိုအမြဲတမ်းအချိန်မှန်သွားကြိုတယ်တဲ့..."
"ကျစ်.. အဲ့တာကိုဘာလို့ ငါ့ကို စောစောမတင်ပြတာလဲ... ".
"တောင်းပန်ပါတယ်ဆရာ...ကျွန်တော် လဲ အဲ့ကိစ္စကမသေချာသေးတော့ ဆရာ့ကိုမတင်ပြမိသေးတာပါ ။ ကျွန်တော့အထင် အဲ့ကောင်လေးကို ဦးဇိုင်း တော်တော်ချစ်မယ့်ပုံပဲ ။ ဆရာပြောသလို အဲ့ကောင်လေးက ဦးဇိုင်း အားနည်းချက်ဖြစ်လာနိုင်တယ်...."
အတွင်းရေးမူး ပြောတဲ့ စကားကို မြတ်မင်း သေချာတွေးနေမိသည် ။ စိတ်ထဲမှာလဲ....။
*အဲ့ကောင်လေး က ဦးဇိုင်း အားနည်းချက် တင်မကဘူး ငါ့ရဲ့အားနည်းချက်ပါ ဖြစ်နေပြီ*
>>>>>>>>>>>>>>>>>
အချိန် နေ့လည် ၁၂ ခွဲ....။
သုသု အိပ်ရာကနိုးတော့ မနက်ကလောက်မနာကျင်တော့ပဲ တော်တော်သက်သာလာပြီမို့ အောက်ထပ်ကိုဆင်းလာခဲ့သည်။
"ကြီးကြီးချို ဒီနေ့ဘာတွေချက်လဲ"
"အယ် သားလေးတောင်နိုးလာပီ ဒီနေ့တော့ သားလေးအကြိုက် ငါးကြော်နှပ် ပုဇွန်ထုတ်ဟင်း ကြက်မွကြော် အရည်သောက်နဲ့သီးစုံကြော်လေးပါချက်ထားတာ"
"ဝါးးး ဟင်းတွေကရှယ်ပဲ ကိုကို့အကြိုက်တွေရောပဲ"
"ဟုတ်တယ်သားရဲ့ သြော် သားအခုထမင်းစားတော့မလား"
သုသု ထမင်းစားမလို့ပြင်ပြီးမှ နာရီတစ်ချက်ကြည့်ပြီး...။
"အာ..မခူးနဲ့တော့.. ကြီးကြီးချို သားကို နှစ်ယောက်စာ ထမင်းချိုင့်ပြင်ပေး"
"ဟင်..ဘာလို့"
"သား ကိုကို နဲ့အတူနေ့လည်စာသွားစားမလို့ပါ"
"အော် ဟုတ်ပါပြီရှင် ခဏစောင့်"
သုသု ကြီးကြီးချိုထမင်းခူးနေစဉ်အပေါ်တတ်ပြီး ရေချိုးပြီးအ၀တ်စားလဲလိုက်သည်။ Hoodie အကျီအဖြူရောင်လေးနဲ့ ဒူးအောက်ရှိ အနက်ရောင် ဂျင်းအပြဲလေးနဲ့၀တ်ဆင်ထားသည်။
ရာသီဥတုကမအေးပေမယ့်လဲ ညက ကိုကိုသောင်းကျမ်းထားတဲ့ အမှတ်အသားတွေကြောင့် ပဝါအပါးလေးကိုလည်ပင်းမှာပတ်ကာ ပြန်ဆင်းလာခဲ့သည်။
*ရေချိုးခန်းထဲမှာ ဆပ်ပြာရည်ကြောင့် ချောင်သွားတဲ့လက်စွပ်လေးကိုဘောင်ပေါ်တင်ထားတာ မေ့လျှက်ပေါ့*
ကြီးကြီးချိုဆီက ထမင်းဗူးယူကာ ကားဆီထွက်လာခဲ့သည်။
"အကို၀န"
"ဗျာ အကိုလေး ဘာလိုလို့လဲ"
"ဟို..သုသုကို ကိုကို့ဆီလိုက်ပို့ပေးပါလား"
၀န သခင်လေးစကားကြောင့် လက်ထဲက ထမင်းဗူးကိုကြည့်ကာ သဘောပေါက်သွားဟန်နဲ့...။
"အော် သခင်က BOSS နဲ့အတူနေ့လည်စာ သွားစားမလို့နဲ့တူတယ်"
သုသု ၀န ကို ပြန်ပြုံးပြကာ..။
"ဟုတ်တယ် အဲ့တာကြောင့် အကို၀န ကလိုက်ပို့ပေးပါလား"
"လိုက်ပို့ပေးမှာပေါ့ဗျာ သခင်လေး လိုက်သွားတာသိရင် Boss အရမ်းပျော်မှာသေချာတယ်"
ပြောပြီးသည်နှင့် သုသုကိုကားနောက်ခန်းမှာသေချာကျနစွာထိုင်စေပြီး Company သို့ဦးတည်လာခဲ့သည်။ ခန်းနားကြီးကျယ်တဲ့အဆောက်ဦးပုံစံ Company ရှေ့ရောက်သည်နှင့် သုသု အထဲ၀င်ရမှာကြောက်နေမိသည်။
အခုမှ သတိရမိသည်က သုသု မှာဖုန်းမေ့ကျန်ခဲ့ပြီဆိုတာပဲ..။
"ဟာ..သွားပီ"
"ဘာ..ဘာဖြစ်လို့လဲ..သခင်လေး"
"သုသု ဖုန်း အိမ်မှာကျန်ခဲ့ပြီ"
"ဟူးးး ဘာများလဲလို့သခင်လေးရယ် ကျွန်တော်ဖြစ်လန့်သွားတာပဲ"
"ဟီးးးး"
"ခဏလေး ကျွန်တော် အကိုကျော်ထက်ကိုဖုန်းဆက်ပေးမယ်"
၀န ဖုန်းထုတ်ကာ ကျော်ထက်ဆီဖုန်းခေါ်ပေမယ့် ဖုန်း၀င်ပြီး မကိုင်တာကြောင့် ဆက်မခေါ်တော့ပေ...။
"ဖုန်းက မကိုင်ဘူး သခင်လေး..Boss ရုံးခန်းက ၁၅ ထပ်မှာ သွားနှင့်လိုက်ပါလား..သူတို့ဒီနေ့ အရေးကြီး အစည်းဝေးရှိတယ်ပြောတယ် အခု မီတင်ခန်းထဲရောက်နေလို့ဖြစ်မှာ.. ကျွန်တော်ကားပါကင်သွားထိုးလိုက်ဦးမယ်..ဒါမှမဟုတ် ကျွန်တော်ပြန်လာမှသွားမလား"
"အာ..ရတယ် သုသု ဘာသာသွားလို့ရတယ် အကို၀န ကားထားပြီးလိုက်လာလိုက်နော်"
"ဟုတ်ကဲ့"
သုသု Company ထဲ၀င်သည်နှင့်ရှိသမျှလူတွေအကုန် သုသု ကိုပြုံးတုံ့တုံ့နဲ့လိုက်ကြည့်နေသည်ကြောင့် အနေခက်ရသည်။ ဓာတ်လှေကားက ဘယ်မှာမှန်းမသိတာကြောင့် ၀န်ထမ်းတစ်ယောက်ယောက်ကိုမေးလိုက်သည်။
"တစ်စိတ်လောက်ဗျ"
"ဟုတ်ကဲ့"
"ကို ကို..အဲ..CEO ရုံးခန်းကိုသွားချင်လို့ ဓာတ်လှေကားဘယ်ကနေစီးရတာလဲဗျ"
"အော် သူဌေးရုံးခန်းကိုရှာနေတာလား..ဒီကနေညာဘက်ချို့ပြီး နောက်ညာဘက်နားလောက်မှာဓာတ်လှေကားရှိတယ်ရှင့် အဲ့ကနေသွားလို့ရတယ်"
"အော်ဟုတ်ကဲ့ ကျေးဇူးပါဗျ"
သုသု ထိုအမကိုကျေးဇူတင်စကားပြောပြီး ချက်ချင်းထွက်လာခဲ့သည်။ ဓာတ်လှေကားရောက်သည်နှင့်အထပ်၁၅ကိုနှိပ်ပြီး ရုံးခန်းဆိုသည့်အထပ်ကိုရောက်လာခဲ့သည်။
ဒီတစ်ခါမှာလဲ အောက်ထပ်ကလူတွေလိုပင် သုသုကိုအကုန်လုံးက၀ိုင်းကြည့်နေကြသည်။
တချို့၀န်ထမ်းမိန်းကလေးတွေကလဲတစ်ယောက်နဲ့တစ်ယောက်မေးငေ့ါကာပြကာ လိုက်ကြည့်နေသည်မို့ သုသု ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်လာသည်။
ရုံးခန်းရှေ့ရောက်သည်နှင့်အခန်းရှေ့မှာ မိန်းကလေးတစ်ယောက်တွေ့သည်။...။
"အမ ကိုကို..အဲ..လုပ်ပြန်ပြီ..ဟို CEO. နဲ့တွေ့ချင်လို့ပါ"
"BOSS က မီတင်ခန်းထဲ ၀င်နေတယ် ကြိုတင်ချိန်းဆိုထားတာရှိလား မောင်လေး"
"ဗျာ..အဲ..အဲ့လိုတော့မရှိဘူးဗျ"
"အဲ့တာဆိုရင်တော့ ဒီမှာပဲ ခဏထိုင်စောင့်နေပေးပါ ကြိုတင်ချိန်းဆိုထားတာမရှိပဲနဲ့တော့ အထဲ၀င်စောင့်ခွင့်မရှိလို့ပါ"
"အော် ဟုတ် ရပါတယ် သုသု ဒီမှာပဲထိုင်စောင့်နေတော့မယ်"
ကြယ်စင် သူ့ရှေ့က ထမင်းဗူးလေးကိုင်ပြီးစောင့်နေတဲ့ကောင်လေးကိုကြည့်ပြီး ချစ်စရာကောင်းသည်ဟုထင်မိသည်။
အရုပ်ကလေးလိုပဲအသားရေလေးတွေကဖြူဖွေးပြီး ပါးမို့မို့လေးဆောင်ပန်းရောင်သန်းနေသလိုပင်။နှုတ်ခမ်းလေးတွေကလဲအရောင်ဆိုးထားသလားအောင့်မေ့ရတယ် ၀တ်ထားတဲ့ပုံစံလေးကလဲ ကလေးလေးကျနေတာပဲ ဘယ်လိုအရုပ်ကလေးမှန်းမသိဘူး ချစ်ဖို့ကောင်းလိုက်တာ။ ထိုကလေး အား
ကြယ်စင်ငေးလို့ကောင်းနေစဉ်...။
ဒေါက်~ဒေါက်~ဒေါက်~ ( ဖိနပ်ခွာသံ )
"ဟဲ့..ကိုဇိုင်း အထဲမှာရှိလား"
အသံနဲ့အတူပြောလာတဲ့သူမ...။
"မရှိဘူးရှင့်..BOSSမီတင်ခန်းထဲ၀င်နေပါတယ်"
"ဟုတ်လား..အဲ့တာဆိုလဲ ငါအထဲ၀င်ပြီးစောင့်နေလိုက်မယ်"
"ရှင်! ဟို မမုန်း၀င်မာန် ရှင့် Boss ကို သူ့မရှိချိန် သူ့ခွင့်ပြုချက်မပါပဲ ဘယ်သူမှ၀င်ခွင့်မပေးနဲ့လို့ပြောထား~~"
ကြယ်စင် စကားကြောင့် မုန်း စိတ်တိုသွားကာ မျက်လုံးစူးစိုက်ပြီးကြည့်လိုက်သည်။
"ဘာလျှာရှည်နေတာလဲ !..နင့်အလုပ်ပြုတ်ချင်နေတာလား..! ငါကဘယ်သူလဲမသိဘူးလား ဟမ်..!!"
မုန်း၀င့်မာန် အော်သံကြောင့် ကြယ်စင်ရော ဘေးနားခုံမှာထိုင်နေတဲ့ သုသုလေးပါ လန့်သွားသည်။
"မ..မဟုတ်ပါဘူး..၀င်ပါရှင့်"
"ဟွန့်.. အလုပ် လုပ် တာ $ချိုးကိုမပြေဘူး..ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ.."
ဒေါသတစ်ကြီးပြောပြီးသည်နှင့် ထိုသူမအခန်းထဲ၀င်သွားသည်။ မုန်း၀င့်မာန်သည် ပညာတတ် ပိုက်ဆံရှိပေမယ့် အပြောဆိုမောက်မာပြီး အဆင့်တန်းလဲခွဲတတ်၍ဒေါသလဲကြီးသည်ကို ဒီတစ်ရုံးလုံးသိသည်။
ထို့ကြောင့် ၀န်ထမ်းတော်တော်များများက မုန်း၀င့်မာန်နဲ့ထိပ်တိုက်မတွေ့အောင်ရှောင်သည်။
________________________________________________________
#VOTE - CM ပေးခဲ့ရမယ်နော် ချစ်တယ်😘
#
#Moewathan... ❤
________________________________________________________
Zawgyi...
>>>>>>>>
.
.
တီ~တီ~တီ~ !!
>>>>>>>>>>>>
"နိုးပီလား ကလေး...."
"ဟုတ် ကိုကို"
"ဟုတ်"
"ဟို..ဟိုလေ.. ကိုကို..."
"ဟင် ကလေး ပြောလေ"
"ဟုတ် ကိုကို"
"ဟင် ဘာလို့လဲ...."
ကိုယ့်ကိုစိတ်မချဖြစ်ပီးစိုးရိမ်နေတဲ့ ချစ်ရသူကိုကြည့်ပြီး သုသု ရင်ထဲကြည်နိုးမိတယ်။
"ဒါပေမယ့်..."
" ဘာမှဒါပေမယ့်လုပ်မနေနဲ့ကိုကို အလုပ်သွားဖို့ပြင်တော့နော် နော်"
"OK OK"
"ကလေး."
"၀န"
" ဟုတ် Boss "
"ဟုတ်ကဲ့ Boss"
________________________________________________________
"ဆရာ ခေါ်တယ်ဆို.... "
>>>>>>>>>>>>>>>>>
အချိန် နေ့လည် ၁၂ ခွဲ....။
"ဟင်..ဘာလို့"
"အကိုဝန"
"ဟာ..သွားပီ"
"ဟီးးးး"
"ဟုတ်ကဲ့"
"တစ်စိတ်လောက်ဗျ"
"ဟုတ်ကဲ့"
တချို့ဝန်ထမ်းမိန်းကလေးတွေကလဲတစ်ယောက်နဲ့တစ်ယောက်မေးငေါ့ကာပြကာ လိုက်ကြည့်နေသည်မို့ သုသု ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်လာသည်။
________________________________________________________
#
#Moewathan... ❤
________________________________________________________