Unicode
နွေရာသီမှာ စိန်ပန်းလေးတွေ မြေမှာကြွေသလိုပေါ့ ဆောင်းရာသီမှာတော့ ကျွန်တော့်နှလုံးသားဟာ နှိုင်းသုတလျှံရဲ့ ခြေတော်ရင်းမှ ကြွေကျဖို့ တောင်းဆိုနေကြတယ်။
ဒါဟာ မဖြစ်သင့်ဘူး။
မာနကြီးစွာသော ကျွန်တော်ဟာ နှလုံးသားကို လှောင်ပြောင်လိုက်တယ်။ လူတကာနဲ့ အိပ်စက်နေရတဲ့ဘဝမှာပဲပျော်စမ်းပါ... အချစ်စစ်ဆိုတာ တကယ်တော့ အရှင်လတ်
လတ် ကျဆင်းတဲ့ငရဲလိုပဲ ပူလောင်တယ်။ ဆီပူအိုးထဲ တိုးမဝင်ချင်စမ်းနဲ့။
သို့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကတော့ဆန့်ကျင်စွာ။
.......
"ကိုသုတ ရည်းစားထားဖူးသလား"
မက်မန်းသီးတွေကို ဘူးထဲထည့်လိုက် သကြားတွေဖြူးလိုက် လုပ်နေသော နှိုင်းမှာ ခေါင်လေး စကားအား အာရုံမရပဲ
ရှိနေ၏။ ဒီလူတစ်ခုခု လုပ်ပြီဆို တစ်လောကလုံးများမေ့သွားတတ်တာလား။
သို့နှင့် ခေါင်လေးသည် နှိုင်းဆီသို့ ခြေသံဖွဖွလေးဖြင့်ဖြေးဖြေးချင်း ကပ်သွားလျက် စားပွဲလေးပေါ်လက်လေး နှစ်ဖက်ပိုက်ကာ တင်လို့ မိန့်မိန့်ကြီး ထိုင်ကြည့်နေလိုက်ပါသည်။ အနုပညာ မျက်စိဖြင့် ကြည့်ပါမည် ဆိုလျှင်တော့ နှိုင်းသုတလျှံ ဟာ တကယ်ကိုလှတာပါ။
မက်မန်းသီးတွေကြောင့် နီရဲနေတဲ့ လက်ချောင်သွယ်သွယ်လေးဟာ ကိုင်ကြည့်ချင်ဖွယ်ကောင်းသလို စိတ်ဝင်စားမူကြောင့် နှုတ်ခမ်းလေးတွေအလယ်မှာစုနေပုံကလည်း မျက်တောင်မခတ်စတမ်း ငေးချင်းဖွယ်ပင်။မျက်ခုံးလေးတွေဟာ ကြုံ့ထားသည်မဟုတ်သော်ငြား အနဲငယ်တွန့်နေသဖြင့် ပြေလျော့
သွားအောင် လက်ချောင်းလေးနဲ့ ထိပေးချင်စရာကောင်းသည်။ ထို့ပြင် လှုပ်ရှားမူတစ်ခုခြင်းစီတိုင်ဟာလည်း ညှင်ညှင်သာသာနဲ့ တိတိကျကျလေး ရှိနေ၏။ သူ ကောင်လေးတော်တော်များများနဲ့ တွဲဖူးပေမယ့် နှိုင်းလိုမျိူး ပြီးပြည့်စုံပြီး ချောလှတဲ့သူ
မတွေ့ဖူးပေ။
"ဒီ.....ဒီ..."
အချိန်ကောင်းတစ်ခုကို အမြဲတမ်းပျက်စီးစေတတ်တဲ့ ဖုန်းသံလေးပါပဲ။ နှိုင်းဟာ ဖုန်းသံကြောင့် သူ့ကိုမော့ကြည့်လာ၏။ သူကတော့ မျက်လုံးလေးတစ်ဖက်မှိတ်ပြကာ
ဖုန်းကိုင်ရင်း ရယ်ပြလိုက်သည်။ နှိုင်းဟာ မကျေနပ်သလိုမျက်ခုံးတွေပင့်ပြီး လက်သီးရွယ်ပြလိုက်ပေမယ့် ခေါင်းလေး
ဆီက ဖုန်းသံကိုတော့ နားစွင့်နေရှာပါ၏။သူ့ကောင်မလေးကများပြန်လာဖို့ ခေါ်နေသလား။ ရင်တွင်း စိတ္တဇတစ်ချို့က
သူ့အား ကြီးစိုးနေလေသည်။
"ဟယ်လို"
"အေ... Aကိုက်ပြီး သေပြီထင်လို့ဖုန်းလှမ်းဆက်တာဟေ့ ဘယ်မှာလဲ"
"ငါလား နတ်သမီးတစ်ဖက်ငါးရာနဲ့နတ်ပြည်ရောက်နေတယ်"
"ခွေးသား...မင်းကို ECတွေလာရှာတယ် ပျောက်ချက်သား ကောင်းနေလို့အဆောင်ထိလိုက်လာတာတဲ့ မနက်ဖြန်ကျောင်းလာမှရမယ်တဲ့နော်"
"အေ့ပါကွာ.. ငါသိပါတယ်..ဒါနဲ့. ..ငစိုင်း ငါအခု ကိုသုတBarရောက်နေတာ ငါ့ကျောပိုးအိတ်ထဲ အဝတ်သုံးလေးစုံလောက်ထည့်ပြီး ယူလာပေးပါလား "
"ဘာလုပ်ဖို့တုန်း"
"ချစ်ကလဲ.. ကိုယ့်အတွက် ကူညီစမ်းပါ"
"ခွေး သူတောင်းစား ...."
ပျစ်ပျစ်နှစ်နှစ် ဆဲလို့ စိုင်းမင်းကို ဖုန်းချသွားသော်လည်း ခေါင်လေးမှာ အရယ်မပျက်ပဲရှိနေလေသည်။ နှိုင်း သည်လည်း ခေါင်လေးရယ်တော့ လိုက်ရယ်မိ၏။
"ကိုသုတ မက်မန်းသီးတွေကို သကြားနဲ့ အဲ့လိုရောရုံနဲ့ ဝိုင်ဖြစ်ပြီလား"
နှိုင်းလုပ်နေတာကိုကြည့်ပြီး ခေါင်လေးက လက်ညိုးလေး ထိုးကာ စပ်စုသမူပြုတော့သည်။
"ချက်ချင်းဖြစ်မလား...စောင့်ရအုံးမှာပေါ့ နှစ်ကြာလေ ပိုကောင်းလေပဲ။ ဒါက သဘာဝစစ်စစ်မက်မန်းဝိုင်လေ သူများတွေလို ချက်ချင်းရအောက် ဓာတုပစ္စည်း တွေ
မထည့်ဘူး"
"ကျွန်တော်ကြားဖူးတာ စပျစ်ဝိုင်တို့..စတော်ဘယ်ရီဝိုင်းတို့ အဲ့လိုမျိုးတွေက ဈေးကောင်းတယ် ဆို"
"ကောင်းတော့ကောင်းတာပေါ့ ဒီလိုဆောင်းရာသီမှာကျ မက်မန်းသီးတွေ ပေါတယ်လေ...အဲ့တာကြောင့် မက်မန်းဝိုင်
လုပ်နေတာ။ င့ါမေမေက ဝိုင်ဆိုအရမ်းကြိုက်တာ သစ်သီး မျိုးစုံနဲ့ ဝိုင်စိမ်ပြီး သိုလှောင်ရုံထဲ ထည့်ထားတာ။ အဖေနဲ့ ငါက မေမေ မသိအောင် ခိုးသောက်ကြတာပေါ့ကွာ .....
အဟင်"
အတိတ်က မိသားစုသုံးယောက်တူတူရှိခဲ့ကြပုံကို ပြန်ပြောရင်းနှိုင်း ပြုံးမိ၏။ သို့ပေမယ့် မရှိတော့ဘူး ဟူသည့်အတွေးဝင်
လာသောအခါ ဝမ်းနည်းစိတ်တို့ကလည်ချောင်းဝမှာပင် ဆို့ဆို့နင့်နင့် ဖြစ်လို့်လာသည်။
ခေါင်လေးသည် နှိုင်းမျက်နှာကို အကဲခတ်ပြီးနောက် လုပ်လက်စ မက်မန်းဘူးကို နှိုင်းလက်ထဲက ဆွဲယူကာ သကြားဘူးကိုလည်း ယူလိုက်၏။
"မက်မန်းသီးထည့်ပြီးရင် သကြားထည့် အဲ့တာပဲမလား ကျွန်တော်ကူလုပ်ပေးမယ်"
နှစ်သိမ့်ပြုံးဟု မဆိုသာသော ခပ်ပါးပါးအပြုံးတစ်ပွင့်ကိုပေးလျက် ခေါင်လေးဟာ စိတ်လိုလက်ရပင် မက်မန်းဝိုင်လုပ်လိုက်သည်။ နှိုင်းကတော့ ခေါင်လေးကို ပိုင်ဆိုင်ချင်ပေမယ့် လက်လှမ်းမမှီနိုင်တဲ့ စိန်ရွှေရတနာတစ်ခုလို ညိုးငယ်စွာ ကြည့်နေမိပါ၏။
ငါ့ဘဝမှာ ငါချစ်တဲ့သူတွေအားလုံး ငါ့ကို ထားပြီးထွက်သွားကြတယ်။ တစ်နေ့ကျရင် မင်းလည်း ငါ့ဆီကထွက်သွားမှာပဲ။ ဒါပေမယ့်...အဲ့ဒီရက်တွေ အမြန်ရောက်မလာပါစေနဲ့လို့ ငါဆုတောင်းချင်တယ်။ ပြည့်နိုင်မှာမဟုတ်လည်းပေါ့။
"ဘုန်းထွဋ်ခေါင်လျှံ မင်းကောင်မလေးကို မင်းဘာလို့ ချစ်တာလဲ"
မရည်ရွယ်ထားတဲ့မေးခွန်းတစ်ခု။
"ဗျာ.. ကျွန်တော့်ကောင်မလေး...ဘယ်သူ?"
ခေါင်လေးဟာ နှိုင်းအမေးကို ရုတ်တရက်ကြောင်သွားလျက်စဉ်းစားသမူပြုလိုက်ပြီးမှ နှစ်လိုစွာ ပြုံးလိုက်၏။နွေနွေနဲ့ သူရဲ့
ဆက်ဆံရေးဟာ လူတကာအမြင်မှာ ဒီလိုပဲ အထင်မှားလွယ် စေခဲ့သလားမတွေးတတ်။ အမှန်အတိုင်းပြောရရင်တော့
သူနဲ့နွေးဟာ ချစ်သူလို့ အမည်မတပ်ထားသည်ကလွဲပြီး သူငယ်ချင်းထက်ပိုသောဆက်ဆံရေးမျိုးရှိတာဝန်ခံ၏။ ဥပမာ-သူက ကျွန်တော်ညီမလေး ဒါမှမဟုတ် ကျွန်တော့်
အစ်မ။
"အဓိက ကတော့ သူစိတ်ထားကောင်းလို့ ပြီးတော့ ကျွန်တော်ဆိုးသမျှ သည်းခံလို့"
"သြော်"
နှိုင်းသည် အာမေဋိတ်သံ ခပ်တိုးတိုးပြုလျက် ငြိမ်သွားလေ၏။ ခေါင်လေးသည် နှိုင်း ၏ အမူအယာအား အကဲခတ်ပြီးနောက် အလုပ်တွေကိုသာ ပြီးအောင် ကူညီလိုက်ပါသည်။
အချစ်အား ဟင်းရွက်ကန်းစွန်းရောင်းသလို တန်ဖိုးမထား တတ်သော သူသည် စိတ်ခံစား လွယ်တတ်သူတွေကို တော့ တတ်နိုင်သမျှရှောင်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် သူဟာ အသည်ခွဲသမားမဟုတ် sexစွဲလန်းသူသာဖြစ်သည်။
သို့နှင့် မက်မန်းသီး တွေ အားလုံးကုန်သွားချိန်တွင် နှိုင်းကBarအနောက်ဘက်ရှိ သိုလှောင်ရုံထဲသို့ ပုလင်းတွေ တန်းစီထည့်လျက် အအေးဓာတ်တွေ မြင့်လိုက်ပါသည်။
"အရမ်းကြီး မအေးလွန်းဘူးလား"
"အင် တစ်ရက်ပဲနောက်နေ့ လျှော့မှာ"
"သြော် သြ"
ထို့နောက် ရုံတံခါးအား ပြန်ပိတ်လျက် သော့ခတ်လိုက်ပြီးBar roomဆီသို့ ပြန်လာလိုက်ကြပါသည်။
"Bar ဘယ်ချိန်ဖွင့်မှာလဲ "
"7နာရီလောက် စဖွင့်မယ်"
ခေါင်လေးသည် နှိုင်းစကားကိုအသိအမှတ်ပြုကာ ဖုန်းဖွင့်ပြီး
အချိန်ကိုကြည့်လိုက်၏။ မွန်လွှဲပိုင်းကိုကျော်လွန်ကာ ညနေပင်ရောက်ပေတော့မည်။
"ဝန်ထမ်းတွေက ဒီချိန်ထိမထကြဘူးလား တစ်ယောက်မှမမြင်သလိုပဲ "
ဝန်ထမ်းတန်းလျားဘက် မေးထိုးပြရင်း မေးတော့ နှိုင်းကခေါင်းညိမ့်၏။
"ခါတိုင်းထတယ် ဒီနေ့ အရမ်းပင်ပမ်းသွားလို့်ဖြစ်မယ်"
"ကျွန်တော် တစ်ခုပြောမယ်နော် ကိုသုတ ဝန်ထမ်းတွေကိုအရမ်း အလိုမလိုက်နဲ့ သူတို့က ဘယ်လိုချီးတတ်ပါရမလဲပဲတွေးနေကြတာ.. ကောင်းတဲ့သူကိုတော့မပြောပါဘူး"
"..."
"တကယ်ဆို လစာပေးထားတာပဲ ကိုသုတဘာမှလုပ်စရာမလိုဘူး သူတို့ကို စီမံပေးပြီး ခိုင်းတတ်ဖို့ပဲလိုတာ"
"ငါ အဲ့လိုကြီး မနေတတ်ဘူး"
"ကျွန်တော်သာဆို တစ်ချိန်လုံး ခိုင်းနေမှာ"
"ဟုတ်ပြီ မင်း အလုပ်ရှင် ဖြစ်ဖို့ အရင်ကြိုးစားလိုက်ဦး ပြီးမှ အဲ့လိုလုပ် စကားကိုများတယ်မင်းကို အေးအေးလေးလို့
ထင်ထားတာမှားတာပဲ"
နှိုင်း သည် ဘောက်ဆတ်ဆတ်လေးပင်ပြောလျက် ရှေ့မှခပ်မြန်မြန်လျှောက်၏။
"ကျုပ် ခင်ဗျားကို ယူလိုက်ရင် အလုပ်ရှင်ဖြစ်မှာပဲလေ ဘာကြိုးစားစရာလိုလဲ"
သူ ခပ်တိုးတိုးနဲ့ မကြားတကြား ပြောတော့ နှိုင်း က မယုံသင်္ကာစွာ လှည့်ကြည့်လာသည်။
"ဘာပြောတာလဲ"
"ဘာပြောလို့လဲ"
မသိနားမလည် သူလို ဟန်ပြုတော့ နှိုင်းက မျက်မှောင်လေး ကြုံ့ကာ ရှေ့ပြန်လှည့်သွားလေသည်။
ထိုစဉ် ခြံထဲသို့ ဆိုင်ကယ်တစ်စီးဝင်လာတာမြင်လိုက်ရသဖြင့် ခေါင်လေး ဝမ်းသာအားရပင် ပြေးသွားလိုက်ပါသည်။
"ရော့ မင်းဟာ!!"
"ကျေးဇူးပဲ သားရီး ငါခုထိသွားမတိုက်ရသေးဘူး"
"အဲ့တာကြောင့် မင်းနားက ပုတ်စော်နံနေတာ"
"စောက်ပိုတွေမပြောနဲ့ ငါက သွားမတိုက်လဲ မွှေးတယ်"
"ဟားဟား...ဒါနဲ့ မင်းဒီမှာနေမလို့လား"
"ဟုတ်တယ်.. အဆောင်ခတွေ သုံးလိုက်တာလေ မရှိတော့ဘူး မင်းရော ဘယ်လောက်ကျန်သေးလဲ"
"ကျန်မလား ရှူးရှဲတောင် နပ်မမှန်ချင်ဘူး...အိမ်ကိုသတိရလိုက်တာကွာ"
စိုင်းမင်းကိုက ကောင်းကင်ကြီးကို ကြည့်ကာ တမ်းတမ်းတတဆို၏။ သို့နှင့်သူလည်း ကောင်ကင်ကြီးကို လိုက်ကြည့်ကာ...
"ငါရော.."
တက္ကသိုလ် ကျောင်းသားဘဝဟူသည် ဤသိုပင် မရှိတစ်လှည့် ပြတ်တစ်လှည့် လုံးချာလည်ရိုက်နေရ၏။ ပိုက်ဆံရှိသည့်
အခါတွင်းလည်း KTV, night club,Bar စသဖြင့် သွားဖြုန်းလိုက်ရာ တစ်ရက်တည်းနဲ့ ကုန်သွားတော့သည်။
ပိုက်ဆံရှာရတာ မလွယ်ကူမှန်းနားလည်သော်လည်း တစ်နှစ်နေမှ တစ်ခေါက်သာ လွတ်လပ်ခွင့်ရသည့်မို့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံချင်ကြပေ။ ဒါကြောင့်
လည်း စာမေးပွဲတွေကျကာ ကျောင်းပျော်ကြိီးအဖြစ် ပျော်ပျော်ကြီး ခံယူနေကြခြင်းဖြစ်ပါသည်။
.........
ဒီ...ဒီ....ဒီ....
အချက်ပေးသံဟာ အော်မြည်နေပြန်၏။ ဒီတစ်ခါတော့ နှိုင်းရဲ့နှိုးစက်နာရီလေးက မဟုတ်ပဲ ခေါင်လေး၏ ဖုန်းဆီမှ ဖြစ်သည်။
အိပ်ချင်းမူးတူးဖြစ်နေသော ခေါင်လေးမှာ မျက်လုံးတို့မဖွင့်ပဲလက်လှမ်းမှီရာလိုက်စမ်း၏။ ပုံမှန်ထချိန်မရောက်သေးသဖြင့်
နှိုင်းသည်လည်း စိတ်ရှုပ်စွာ ခေါင်းကို ကုပ်လျက် ငုတ်တုတ်လေး ထထိုင်လေသည်။
"ဘုန်းထွဋ်ခေါင်လျှံ မင်း ဖုန်း ကိုင်လေကွာ"
သူ ပြောတော့ ခေါင်လေးက 'အင်'ဟုဆိုကာ..ပြန်ငြိမ်သွား၏။ သို့နှင့် နှိုင်းသည် 'ကျစ်'သပ်ကာပင် ကုတင်ပါ်က
ဆင်းလိုက်ပြီး ခေါင်လေးရဲ့ဖုန်းကို ယူပြီး နာမည်သေချာမကြည့်ပဲ ကိုင်လိုက်မိ၏။
"ဟယ်လို"
"ခေါင်လေး..ကျောင်းသွားမှာလား"
ကောင်မလေးတစ်ယောက်အသံထွက်လာသဖြင့် နှိုင်းလန့်သွားကာ ဖုန်းscreenကို ပြူးပြဲကြည့်လိုက်တော့နွေးနွေးငြိမ်းအောင် ဖြစ်နေ၏။
အာ..ဒုက္ခပါပဲ။
သူဟာ ခြေမကိုင်မိလက်မကိုင်မိ။ ဘာမှမဟုတ်တာ မလုပ်ထားသော်လည်း အပြစ်ရှိသူလို ခံစားနေရသည်။ ရည်စား
ရှိတဲ့သူကို ခိုးပြီးချစ်ရတာလဲ မလွယ်ကူလိုက်တာနော်။
နှိုင်းသည် ချက်ချင်းပင် ခေါင်လေးနားရွက်နားသို့ဖုန်းကို ကပ်ပေးပြီး အခန်းအပြင်သို့ ခပ်သွက်သွက် ထွက်သွားလိုက်သည်။ နှင်းမြူတို့မစဲသော ဝေဟင်ဟာ
အေးစက်မူကို ဆောင်ငင်ယူနေဆဲရှိ၏။ နေရောင်ခြည်တောင် မထိုးဖောက်နိုင်သေးပါလား။
"ဟယ်လို"
"မထသေးဘူးလားအခုထိ... ကျောင်းသွားရမှာလေ။နင်ECဆိုတာလဲသတိရအုံး မနက်ဖြန် နင်တို့welcomeနော် ဘာမှမလုပ်တော့ဘူးလား"
"ဘယ်နှစ်နာရီ ထိုးပြီလဲ"
"ရှစ်နာရီ"
"ထပြီ ဟေ့ ထပြီ.. တူတူသွားမယ်နော်
စောင့်ဦး "
"အေ မြန်မြန်လာ"
ခေါင်လေးသည် ဖုန်းချပြီးသည်နှင့် ဝုန်းဒိုင်းကျဲကာ ပြေးထွက်လျက် ဝုန်းဝုန်းဖြင့် ရေနှစ်ခွက် သုံးခွက်လောက် လောင်းချိုး
ကာ ခပ်ထူထူအဝတ်အစားတွေကို ရွေးဝတ်လျက် ဆံပင်တွေကို စီးနှောင်လိုက်ပါသည်။
"ဖြေးဖြေးလုပ်ပါ"
ရှုပ်ယှက်ခက်နေသော ခေါင်လေးကို ကြည့်ပြီး နှိုင်းမှာ စိတ်မသက်သာလှပေ။
"မရဘူး..နောက်ကျနေလိမ့်မယ်... ဒီနေ့ လုပ်စရာတွေ အများကြီးရှိတယ်"
"ငါဆို ကျောင်းစဖွင့်ရက် ကျောင်းတောင်မသွားဘူး"
"မတူဘူးလေ ကိုနှိုင်းသုတလျှံ ရယ် ကျုပ်ကECဗျ မနက်ဖြန်welcomeလေ ဆရာကန်တော့ဖို့ ဝယ်စရာ တွေရှိသေးတယ်..ပြီးတော့ ညနေပိုင်း အခမ်းအနား
ပြင်ရမယ် ညကျစောင့်အိပ်ရမှာမို့ ပြန်မလာဖြစ်လောက်ဘူး"
ခေါင်လေးသည် အရပ်ရှည်ရှည်ကြောင့် ဂျင်းဘောင်းဘီ နဲ့ ခေါင်းစွပ်အနွေးထည်လေးဝတ်ရုံဖြင့် ဘာမှပြင်ဆင်
စရာမလိုတော့ပဲ သန်ပြန့်ပြီး လူရိုးသဖွယ် ဖြစ်သွားတော့သည်။
"အလုပ်နှစ်ရက်လောက် နားမယ်နော် ဟီး..."
အလုပ်စဝင်ဝင်ချင်း အလုပ်နားသည့် ကောင်ကလေးရဲ့မျက်နှာချိုသွေးမူကို သူစိတ်မဆိုးမိဘူးထင်သည်။
ဘုန်းထွ၌ခေါင်လျှံ ဘာပဲ လုပ်လုပ် သူ အပြစ်မမြင်နိုင် ဖြစ်နေရတော့တာ ခက်သားလား။
"သွားတော့မယ်ဗျို့"
သူ့အား အော်ဟစ်ကာ နှုတ်ဆက်လျက် ခေါင်လေးက လှေကားထစ်တွေအတိုင်း ပြေးဆင်းလေသည်။
"ဟေ့ မနက်စာ မစားသွားဘူးလား"
သူ အပေါ်ကနေ လှမ်းအော်ကာ မေးတော့ ခေါင်လေးသည် ခြေလှမ်းတွေကို ဘရိတ်အုပ်လိုက်ပြီး အပေါ်ပြန်ပြေးတတ်
လာသည်။ နှိုင်း သည် အူကြောင်ကြောင်လေး ဖြင့် ခေါင်လေးကို ကြည့်နေတုန်းမှာပဲ ထင်မှတ်မထားစွာ ခေါင်လေးက သူ့ခေါင်းလေးကို ခပ်ဖွဖွကိုင်လှုပ်လျက်
မျက်ဝန်းချင်းအကြည့်ဆုံလိုက်ပြီး...
"ပြန်လာခဲ့မယ် "
ထို့နောက် လက်လေးယမ်းကာ တာ့တာပြလို့ ပြန်ဆင်းပြေး သွားပါတော့သည်။ နှိုင်းသည် နေရာမှာ တောင့်တောင့်လေး
ရပ်နေမြဲ ။ ပြောပါတယ် ဒီကောင်လေးဟာ မထင်ရင် မထင်သလို ရင်ခုန်အောင်လုပ်ပါတယ်လို့။
နှိုင်းသည် သတိလက်လက်လွှတ်ဖြစ်သွားရာမှ အသိဝင် လာသောအခါ ဝရံတာတန်းကို ကိုင်လို့ ခေါင်လေးရဲ့နောက်ကျောလေးကို မြင်ရလိုမြင်ရငြား ငုံ့ကြည့်လေသည်။
ဆိုင်ကယ်စိီးပြီး ထွက်သွားသော ကောင်လေးရဲ့ ကျောပြင် ဟာ ဒီတစ်ခါတော့ နွေးထွေးမူကို ပေးဆောင်သွားသည်ဟုထင်ရသည်။
ပြန်လာခဲ့မယ် တဲ့။ဒီစကားလုံးဟာ ဘယ်လောက်တောင်မှ သူ့ရင်ကို စိုးမိုးထားသလဲဆိုရင် သူ့ခေါင်းကို ပုတ်သွားလို့
စိတ်ဆိုးဖို့တောင် သတိမရလောက်အောင်ထိပင်။ တစ်နေကုန်လုံး နှုတ်ခမ်းတို့ အလိုလိုပြုံးမိနေလျက် မြင်သမျှ အရာတိုင်း
ဟာလည်း လှပပြီး ကြည်နူးစရာ ကောင်းသည်။ ချစ်တယ်ကောင်ကလေးရေ ငါမင်းကို သိပ်ချစ်နေမိပြီ။
................
"ကြာလိုက်တာဟယ် "
"နင်က ဘာလုပ်ရမှာမို့ အဲ့လောက်လောနေတာလဲ "
"လက်မှတ်ထိုးရမယ်လေ ဒီနေ့ပဲကျောင်းသွားမှာ နောက်နေမသွားတော့ဘူး"
"Welcomeတွေရော မသွားတော့ဘူးပေါ့"
"အဲ့ဒါတွေကတော့ ခြွင်းချက်"
"ဟားဟ"
နှစ်ယောက်သားရယ်ရယ်မောမောဖြင့် တစ်ခြာသူငယ်ချင်းတွေအတူ ကျောင်းသို့ သွားလိုက်ကြပါသည်။
....
"တောက်စ် အဲ့ကောင်လား မင်း ညီ ဘဲဆိုတာ"
"အေ ဘာလို့လဲ"
"ငါ့မျက်လုံးကို မြေကြီးမှုန့်နဲ့ ပတ်သွားတာအဲ့ကောင်လေ"
"ဒါဖြင့် ဓာတ်ပုံတွေ အဲ့ကောင်ဆီမှာလား"
မိုးဇေက ဆက်ဟေး အမေးကို ပုခုံးတွန့်လျက် နှုတ်ခမ်းမဲ့ပြလေသည်။
"မသိဘူးလို့ ပြောတာပဲ"
ဆက်ဟေးသည် ခပ်ငိုက်ငိုက် ဆောင်းထားသော ဦးထုပ် ကို ပြန်ပြင်ဆောင်းလိုက်ပြီး။
"ဒီနေ့တော့ အခြေအနေမကောင်းလောက်ဘူး မနက်ဖြန်မှလှုပ်ရှားကြတာပေါ့"
ဆိုင်ကယ်အတူတူစီးသွားသော ခေါင်လေးနဲ့နွေးကို ကြည့်ပြီး မိုးဇေက အိတ်ကပ်ထဲ လက်နှစ်ဖက်နိုက်ကာ ခေါင်းငြိမ့်
လိုက်သည်။
"ကောင်မလေးက မဆိုးဘူး ငါတို့လောင်းထားတာ မမေ့နဲ့နော်..."
"ဘာလောင်းထားလို့လဲ"
"မေ့ချင်ယောင်မနေနဲ့ မင်းညီကိစ္စကြောင့် လျော်ပေးထားတာ မသတ်ခင်လေး မြည်းစမ်းသင့်တယ်"
ဆက်းဟေးသည် ဟွန့် 'ခနဲ တစ်ချက်ရယ်လျက်..နှားခေါင်းကို လက်ညိုးလေးနဲ့ ပွတ်လိုက်၏။
"မနက်ဖြန် မင်းမြင်ရမယ် အိုကေလား"
"Ok"
ထို့နောက် နှစ်ယောက်သား FZဆိုင်ကယ်ကို စီးကာ ကြယ်စင် အဆောင်ရှေ့၏ အကွယ်နေရာမှ မောင်းထွက်
လိုက်လေသည်။
.....
Love u all💚💚💚💚
................................................................
Zawgyi
ဒါဟာ မဖြစ်သင့်ဘူး။
တိုးမဝင်ချင်စမ်းနဲ့။
.......
မေ့သွားတတ်တာလား။
နှိုင်းလိုမျိုး ပြီးပြည့်စုံပြီး ချောလှတဲ့သူ မတွေ့ဖူးပေ။
"ဒီ.....ဒီ..."
"ဟယ်လို"
"အေ... မင်းAကိုက်ပြီး သေပြီထင်လို့ဖုန်းလှမ်းဆက်တာဟေ့
ဘယ်မှာလဲ"
"ဘာလုပ်ဖို့တုန်း"
"ချစ်ကလဲ.. ကို့အတွက် ကူညီစမ်းပါ"
"ခွေး သူတောင်းစား ...."
ဝိုင်ဖြစ်ပြီလား"
မထည့်ဘူး"
အဟင်"
ချစ်တာလဲ"
အစ်မ။
"သြော်"
"သြော် "
"7နာရီလောက် စဖွင့်မယ်"
မမြင်သလိုပဲ "
ခေါင်းညိမ့်၏။
"..."
ထင်ထားတာမှားတာပဲ"
ဘာကြိုးစားစရာလိုလဲ"
"ဘာပြောတာလဲ"
"ဘာပြောလို့လဲ"
"ရော့ မင်းဟာ!!"
"ငါရော.."
လည်း စာမေးပွဲတွေကျကာ ကျောင်းပျော်ကြီးအဖြစ်
.........
ဒီ...ဒီ....ဒီ....
လေး ထထိုင်လေသည်။
၏။ သို့နှင့် နှိုင်းသည် 'ကျစ်'သပ်ကာပင် ကုတင်ပ်ါက
"ဟယ်လို"
အာ..ဒုက္ခပါပဲ။
"ဟယ်လို"
"ရှစ်နာရီ"
"အေ မြန်မြန်လာ"
"ဖြေးဖြေးလုပ်ပါ"
စိတ်မသက်သာလှပေ။
အများကြီးရှိတယ်"
သည်။
"သွားတော့မယ်ဗျို့"
"ပြန်လာခဲ့မယ် "
ဆိုင်ကယ်စီးပြီး ထွက်သွားသော ကောင်လေးရဲ့ ကျောပြင်
ထင်ရသည်။
................
"ကြာလိုက်တာဟယ် "
နောက်နေမသွားတော့ဘူး"
"ဟားဟ"
....
"အေ ဘာလို့လဲ"
မဲ့ပြလေသည်။
"မသိဘူးလို့ ပြောတာပဲ"
လှုပ်ရှားကြတာပေါ့"
လိုက်သည်။
မမေ့နဲ့နော်..."
"ဘာလောင်းထားလို့လဲ"
"Ok"
လိုက်လေသည်။
.....
Love u all💚💚💚💚