ရင်မှပျိုးသော စတော်ဘယ်ရီ🍓[Co...

By Smileapple333

1.3M 101K 4.9K

မိသားစုအတွင်းက လျှို့ဝှက်ကိစ္စရပ်တွေကို သိနေသော ကောင်လေးတစ်ယောက်နှင့် ကိုယ့်အစ်ကိုကို ပြန်ချစ်မိလို့ မိမိကိုယ... More

Intro (U+Z)
Chapter 1 (U)
Chapter 1 (Z)
Chapter 2 (U)
Chapter 2 (Z)
Chapter 3 ( U)
Chapter 3 (Z)
Chapter 4 (U)
Chapter 4 (Z)
Chapter 5 ( U)
Chapter 5 (Z)
Chapter 6 (U)
Chapter 6 (Z)
Chapter 7 (U)
Chapter 7 (Z)
Chapter 8 (Unicode + zawgyi)
Chapter 9 ( Unicode + zawgyi)
Chapter 10 ( Unicode + zawgyi )
Chapter 11 ( unicode & zawgyi)
Chapter 12 (unicode + zawgyi)
Chapter 13 (unicode + zawgyi)
Chapter 14 (unicode + zawgyi)
Chapter 15 (unicode+zawgyi)
Chapter 16 ( unicode + zawgyi)
Chapter 17 ( unicode + zawgyi)
Chapter 18 (unicode + zawgyi)
Chapter 19 (unicode+zawgyi)
Chapter 20 ( unicode + zawgyi)
Chapter 21 (unicode+zawgyi)
Chapter 22 (unicode + zawgyi)
Chapter 23 (unicode+zawgyi)
Chapter 24 (unicode + zawgyi)
Chapter 25 (unicode+zawgyi)
Chapter 26 (unicode+zawgyi)
Chapter 27 (unicode+zawgyi)
Chapter 28 (unicode + zawgyi)
Chapter 29 ( unicode + zawgyi)
Chapter 30 (unicode+zawgyi)
Chapter 31 (unicode + zawgyi)
Chapter 32 (unicode+zawgyi)
Chapter 33 (unicode+zawgyi)
Chapter 34 (unicode+zawgyi)
Chapter 35 (unicode+zawgyi)
Chapter 36 (unicode + zawgyi)
Chapter 37 (unicode+zawgyi)
Chapter 38 (unicode+zawgyi)
Chapter 39 (unicode+zawgyi)
Chapter 40 ( unicode + zawgyi)
Chapter 42 (unicode + zawgyi)
Chapter 43 (unicode+zawgyi)
Chapter 44 (Unicode + Zawgyi)
Chapter 45 (Final) (U+Z)
Many Thanks
Extra 1 (unicode+zawgyi)
Extra 2(unicode+zawgyi)
Extra 3 (Unicode+Zawgyi)
Extra 4 (unicode + zawgyi)
Extra 5 (unicode +zawgyi)
Extra 6 (unicode+zawgyi)
Extra 7 (unicode+zawgyi)
Extra 8 (unicode+zawgyi)
Extra 9 ( Unicode+zawgyi)
Extra 10 (unicode+zawgyi)
Extra 11 (unicode+zawgyi)
Extra 12 (unicode+zawgyi)
Extra 13 (unicode+zawgyi)
Extra 14 (Unicode+ Zawgyi)
Extra 15 (Final) (U+Z)
Book Cover
Book edition

Chapter 41 ( unicode + zawgyi)

17.2K 1.1K 38
By Smileapple333

[Unicode]
ပြင်ဦးလွင် မြို့အထွက် ဟိုက်ဝေးလမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပေါက်ရောက်နေသော ခြုံနွယ်ပိတ်ပေါင်းတွေဘက်ကို မျက်နှာမူထားသော Double Cab ကားလေးသည် အချိန်အတော်ကြာ တငြိမ့်ငြိမ့် တသိမ့်သိမ့် လှုပ်ခါနေရာမှ ရပ်တန့်သွားခဲ့သည်။

Koe တစ်ယောက် ကားထဲမှာပဲ မနေနိုင်မထိုင်နိုင်စွာ သုံးသုံးကို စိတ်ရှိလက်ရှိ အားရပါးရ အနိုင်ကျင့်မိသွားခဲ့သည်။ Koe တစ်ကိုယ်လုံးက မီးထတောက်နေသလို ပူလောင်နေသည့် ခံစားချက်ကြီးသည် သုံးသုံး၏ ခန္ဓာကိုယ်ပေါ် ပုံချပြီး ဖြည့်ဆည်းလိုက်တော့မှ အလိုရမ္မက်ပြည့်ဝသွားကာ လူက တဖြည်းဖြည်းနဲ့ ပုံမှန် စိတ်အနေအထားကို ပြန်ရောက်လာသည်။

"အီးဟီး .. ကိုကိုးကို မုန်းတယ်၊ ကျွန်တော့်ကို အိမ်ပြန်ပို့ပေး"

သုံးသုံးက မျက်ရည်ရွှဲနစ်နေအောင် ငိုသည်။ Koe လည်း လိင်ပိုင်းဆိုင်ရာ အလိုရမ္မက်ကို စိတ်ကျေနပ်သည်အထိ လုပ်ဆောင်ထားလို့ ခန္ဓာကိုယ်မှာ ချွေးစီးကျပြီး မောဟိုက်နေသည်။ သုံးသုံးဆို ပိုဆိုးပေါ့။ Koe ကိုယ်တိုင်လည်း ဘာဖြစ်လို့ အဲ့ဒီလောက်အထိ စိတ်ကြမ်းတမ်းသွားမှန်းကို မသိဘူး။ ဒီသမင်သားကိုမှ မစားရရင် သေတော့မည့် ကျားတစ်ကောင်လိုမျိုး စိတ်ရိုင်းဝင်ပြီး အမဲလိုက်မိသွားသည်။

"ငါတောင်းပန်ပါတယ် သုံးသုံး၊ ငါ..ငါ ..ငါ့စိတ်တွေထိန်းမရဘူး၊ မင်းကို ..မင်းကို အရမ်းပဲ လုပ်ပစ်ချင်နေတာ"

ကောင်ငယ်လေး၏ ခြေချင်းဝတ်အထိ လျှောကျနေတဲ့ အဝတ်အစားတွေကို ပြန်ဆွဲတင်ပေးလိုက်သည်။ ပါးပြင်ပေါ် တသွင်သွင် စီးကျနေသော မျက်ရည်တွေကို လက်မနဲ့ တွန်းဖယ်ပြီး ပွတ်သုတ်ပေးလိုက်သည်။ ပြီးတော့ ချိုင်းကြားရောက်တဲ့အထိ ဆွဲလှိမ့်တင်ထားသည့် တီရှပ်အင်္ကျီကို ခါးအထိ ပြန်ဆွဲချပေးလိုက်သည်။ အဝတ်အစားကို ခန္ဓာကိုယ်မှာ လုံလုံခြုံခြုံ ဖြစ်အောင် ပြန်ဝတ်ပေးလိုက်ပြီးမှ မြတ်နိုးရသော မျက်နှာလေးကို Koe အနီးကပ်လေး ငေးကြည့်လိုက်သည်။

"ကိုကိုးကို မုန်းတယ်၊ ကိုကိုးကို မုန်းတယ်၊ ကျွန်တော်တို့က ညီအစ်ကို၊ ကျွန်တော် ကိုကြီးကိုပဲ ယူမှာ၊ ကိုကြီးနဲ့ပဲ လက်ထပ်မှာ"

Koe အမှန်အတိုင်း ဖွင့်ပြောပြီးပြီလေ။ သုံးသုံးသည် ဘာဖြစ်လို့ Koe ၏ စကားကို မယုံကြည်ရတာလဲ။ ကိုနေနဲ့ပဲ လက်ထပ်မယ်ဆိုပဲ။ သုံးသုံး အဲ့ဒီလို တစ်ခွန်းပြောလာတိုင်းမှာ Koe ၏ နှလုံးသားသည် ဓားတုံးတုံးနဲ့ အမွှန်းခံနေရသလို နာကျင်သွားရသည်။

"သုံးသုံး ..ငါတို့က ဘာမှမတော်ဘူး၊ မင်းက ဖေဖေ့သားအရင်းမဟုတ်ဘူး၊ အဲ့ဒါကြောင့် ငါကလွဲရင် ဘယ်သူနဲ့မှ မယူရဘူး၊ ငါမင်းကို ခိုးပြေးလာတာ၊ မင်းအခု ငါနဲ့ညားသွားပြီ၊ မင်းက ငါ့ယောင်္ကျားဖြစ်သွားပြီ"

Koe ကောင်းကောင်းမွန်မွန်ပဲ သုံးသုံးကိုကြည့်ပြီး စကားကို ညင်သာစွာ ပြောသည်။ သုံးသုံးက ငိုနေတာ မရပ်တဲ့အပြင် ခေါင်းကိုပါ ဘယ်ညာခါယမ်းပစ်သည်။

"မဟုတ်ဘူး..မဟုတ်ဘူး၊ ကိုကိုး ရူးနေတာ၊ ကိုကိုး ရူးနေတာ၊ ကျွန်တော် အိမ်ပြန်မယ်၊ အခု အိမ်ပြန်တော့မယ်"

ဒီကောင်လေးက Koe ကို တွန်းထုတ်ပစ်လာသည်။ Koe လည်း ယာဥ်မောင်းနေရာမှာ ပြောင်းထိုင်လိုက်သည်။

"ကျွန်တော် အိမ်ပြန်မယ်၊ ကိုကိုးကို မုန်းတယ်"

Koe တံခါးတွေအကုန် လော့ခ်ချပစ်ထားတယ်လေ။ အဲ့ဒါကို ဒီကောင်လေးက တံခါးကို အတင်းဖွင့်ထုတ်ပစ်နေတာ။ ဒီပုံစံနဲ့ ခရီးဘယ်လိုဆက်ကြမလဲ။ Koe မှားမှန်းလည်း သိသည်။ Koe ၏ လက်တစ်ဆစ်လေးတောင် မရှည်သည့် ဒေါသစိတ်နှင့် ဘာဖြစ်မှန်းမသိသော ပူလောင်လာသည့် ခံစားချက်တွေက ကိုယ့်စိတ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ သုံးသုံးက ကားတံခါးလက်ကိုင်ကို ဆွဲကိုင်လှုပ်ယမ်းပစ်နေသည်။ Koe ဘယ်လိုလုပ်ရမလဲ။

"သုံးသုံး ငါမင်းကို ခိုးပြေးလာတာ၊ ငါတို့က ညီအစ်ကို မဟုတ်ဘူး၊ ငါ အမှန်တွေကို ပြောနေတာ၊ အားလုံးအမှန်တွေ"

"မဟုတ်ဘူး၊ ကျွန်တော်က ကိုကြီးကို ရွေးချယ်လိုက်လို့ ကိုကိုး သက်သက်ယုတ်မာတာ၊ ကိုကိုးကတဏှာရူးကြီး၊ အီးဟီး ..ကိုကိုးကို မုန်းတယ်၊ အခု အိမ်ပြန်ပို့ပေး၊ အခု အိမ်ပြန်ပို့ပေး"

"မပို့ပေးနိုင်ဘူး၊ မင်းနဲ့ငါ ညားသွားပြီ သုံးသုံး၊ မင်းကို ဘယ်သူ့ရင်ခွင်မှ ဝင်ခွင့်မပြုဘူး"

"ကျွန်တော် ကိုကြီးကိုပဲ ယူမှာ"

"အဲ့ဒီစကားကို ထပ်ပြောကြည့်၊ မင်း ငါ့ယောင်္ကျား ဖြစ်သွားပြီ သုံးသုံး"

"အီးဟီး ..ကျွန်တော် ကိုကြီးကို ယူမှာ၊ ကိုကြီးနဲ့ပဲ လက်ထပ်မှာ၊ ကိုကိုးက အယုတ်တမာကြီး၊ ကိုကိုးကို မုန်းတယ်"

"သုံးသုံး"

Koe ကို ဒီကောင်လေးက ဘယ်လိုတွေတောင် ရင်နာအောင် လုပ်နေတာလဲ။ Koe အမှန်အတိုင်း ပြောပြီးပြီလေ။ အဲ့ဒါကို ဘာလို့ နည်းနည်းမှ လက်မခံတာလဲ။ ဒီကောင်လေးကို အိမ်ပြန်ပို့ပေးမယ့်စိတ်ကူးမျိုး Koe မှာ မရှိဘူး။ ကိုနေ့အကြောင်းကို သေချာသိသည်။ သုံးသုံးကို အသေရရအရှင်ရရ၊ ဘာဖြစ်ဖြစ်၊ သူရဲကောင်းဝင်လုပ်ပြီးကို ယူမှာပဲ။ Koe အဲ့ဒါတွေကို ကြိုမြင်နေသည်။

"သုံးသုံး ငြိမ်ငြိမ်လေး လိုက်လာခဲ့နော်၊ သူတို့မရိပ်မိနိုင်တဲ့ နေရာကို ငါမင်းကို ခိုးပြေးသွားမှာ"

Koe ဝတ်ထား‌သော အပေါ်ထပ် ရှပ်အင်္ကျီကို ဆွဲချွတ်ပစ်ပြီးတော့ သုံးသုံး၏ လက်ကောက်ဝတ်နှစ်ဖက်ကို ဆွဲကပ်ပြီး ခပ်တင်းတင်း ပူးချည်ပစ်လိုက်သည်။ တံခါးကို ဖွင့်ထုတ်ပစ်နေသည့် လက်ကလေးနှစ်ဖက်သည် အခုကျမှပဲ ငြိမ်ကျသွားသည်။ Koe ကားစက်ပြန်နှိုးလိုက်သည်။ ဟိုက်ဝေးလမ်းမကြီးပေါ်ကို ပြန်မောင်းတက်သွားလိုက်သည်။ Koe ခရီးအဝေးကြီးကို မသွားတော့ဘူး။ ပြင်ဦးလွင်နဲ့ အနီးလေးဖြစ်သည့် နောင်ချိုကိုသာ မောင်းထွက်လာလိုက်သည်။

"ကိုကိုးကို မုန်းတယ်၊ ကိုကိုးကို မုန်းတယ်"

သုံးသုံး၏ လက်ကလေးကို ဆွဲချုပ်ပစ်ထားလို့ ငြိမ်သွားပေမယ့် ပါးစပ်ကလေးက Koe ကို ရင်နာရအောင် တစ်လမ်းလုံး ပြောလာသည်။ Koe ကားမောင်းနေရင်း မျက်ရည်ကျလာသည်။ အဖြစ်မှန်ကို ထုတ်ပြောလိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ခဲ့မိသည်။ ဒါပေမဲ့ ကောင်ငယ်လေးက အဖြစ်မှန်ကို လက်မခံတဲ့အခါ မုန်းတယ်လို့ တစ်ခွန်းကြားတိုင်း နှလုံးသားကို ခြေထောက်နဲ့ နင်းချေသလို နာကျင်သွားရသည်။

*****

ပြင်ဦးလွင်မြို့ရှိ Maple ဟိုတယ်ဝင်းထဲသို့ ပြိုင်ကားအနီရောင်တစ်စီး ဝုန်းဒိုင်းကြဲပြီး ရောက်ရှိလာသည်။ ဈာန်သည် ရေးကြီးသုတ်ပျာဖြင့် ကားပေါ်မှ ဆင်းလာကာ ဧည့်ကြိုကောင်တာသို့ ပြေးသွားသည်။

"ဦးမျိုးမဟာနဲ့ တွေ့ချင်လို့၊ အရမ်းအရေးကြီးတယ်၊ သူနဲ့ တွေ့ရမှ ဖြစ်မယ်"

"Boss နဲ့ Appointment ယူထားလားရှင့်"

အရေးကြီးတယ်လို့ ပြောတာကိုတောင် လာရစ်နေလို့ ဈာန် ဒေါသထွက်သွားသည်။ Nine က သုံးသုံးကို ကားတင်ပြေးသွားပြီတဲ့။ ဘဲကြီးက ဈာန့်ဆီ ဖုန်းဆက်လာသည်။ သူတို့တွေ လမ်းပေါ်မှာ ရှိကြတုန်းပဲဆိုတာ ဈာန်သိသည်။ ဘယ်အရပ်ကိုမှ ရောက်ဦးမှာ မဟုတ်လို့ အချိန်မှီ တားနိုင်ဖို့ လိုသည်။

"ဟေ့ ဒီမှာ၊ ငါအချိန်မရဘူး၊ ဦးမျိုးမဟာ ဘယ်အခန်းမှာ ရုံးထိုင်လဲ၊ မင်း အလုပ်ပြုတ်သွားချင်နေလား၊ ကိစ္စက အရေးကြီးတယ်လို့ ငါပြောပြီးပြီးနော်"

ဈာန် ဒေါသထွက်ထွက်နဲ့ အသံကျယ်ကျယ်ပြောလို့
ဖိဟောက်ပစ်လိုက်တာ ဧည့်ကြိုကောင်မလေးသည်
သနားစဖွယ် မျက်နှာငယ်လေးနဲ့ ဖြစ်သွားရှာသည်။ ကောင်တာမှာတောင် မတ်တပ်ရပ်မနေတော့ဘဲ ဈာန့်အရှေ့တည့်တည့်ကို အပြေးလာရပ်သည်။

"ကျွန်မနဲ့ လိုက်ခဲ့ပေးပါ"

"အရှေ့က အမြန်သွား၊ အရေးကြီးနေတာ"

ဈာန်က အသံခပ်ဆတ်ဆတ်နဲ့ ထပ်ပြောပေးလိုက်လို့ ကောင်မလေးသည် ဈာန့်ကို စိုးရွံ့သလိုကြည့်လာကာ ဈာန့်အရှေ့မှ မပြေးရုံတမယ် ဦးမျိုးမဟာ၏ ရုံးခန်းကိုခေါ်သွားသည်။

"ဒီအခန်းပဲ၊ အထဲမှာ Boss ရှိနေတယ်"

"အင်း၊ မင်းသွားလို့ရပြီ"

"ဟုတ်ကဲ့"

ဧည့်ကြိုကောင်မလေးကို ပြန်ခိုင်းလိုက်ပြီးနောက် ဈာန်က ဦးမျိုးမဟာရဲ့ ရုံးခန်းထဲကို ဝင်သွားလိုက်သည်။

"အန်ကယ်"

ဦးမျိုးမဟာ၏ အလုပ်စားပွဲအရှေ့က ထိုင်ခုံမှာ ဈာန် ဝင်ထိုင်လိုက်သည်။ ဦးမျိုးမဟာက ရုတ်တရက် သူ့အခန်းထဲကို ဝင်လာသော ဈာန့်ကို မမြင်ဖူးသလိုမျိုး ခပ်စိမ်းစိမ်း ကြည့်လာသည်။

"မင်းက ဘယ်သူလဲ၊ ဘာကိစ္စများလဲ"

ဟိုတယ်ဝန်ထမ်းလို့ ထင်ရအောင်လည်း မျိုးမဟာ
အရှေ့က ကောင်လေးသည် ဟိုတယ်ယူနီဖောင်းကို ဝတ်ဆင်မထား။ ရုပ်ရည်သန့်ပြန့်ပေမယ့် မော်ချီနေသောမျက်နှာက အကြောက်တရားမရှိသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်။ ဒီကောင်လေးက ဘယ်သူလဲ။

"ကျွန်တော်က အန်ကယ့်သား အကြီးကောင် ခွန်ကိုးရဲ့ချစ်သူပဲ၊ ကျွန်တော့်နာမည် ဈာန်"

ဒီကောင်လေးက သူ့ကိုယ့်သူ မိတ်ဆက်လာချိန်မှာ
မျိုးမဟာက မျက်လုံးကြီး ကျွတ်ကျမတတ် အံ့သြသွားရသည်။ ဒီကောင်လေးက Koe ရဲ့ချစ်သူဆိုပါလား။ ယောင်္ကျားအချင်းချင်း ချစ်သူဖြစ်ကြပြီဆိုမှတော့ နောက်ဆက်တွဲကိစ္စရပ်တွေကို မျိုးမဟာသည် မြန်မြန်ဆန်ဆန်ပဲ ဆက်စပ်တွေးမိသွားသည်။

"မင်းက ငါ့သား Koe နဲ့ ချစ်သူဟုတ်လား၊ အဲ့ဒါဆို မင်းတို့တွေက.. ဟာ! ..."

ဈာန်သည် မကြောက်မရွံ့ပါဘဲ Nine နှင့် ပတ်သက်ဆက်နွယ်သမျှကို ဦးမျိုးမဟာကို ဖွင့်ချလိုက်သည်။ ဦးမျိုးမဟာလည်း အခုကျမှ အံ့သြတုန်လှုပ်ကာ တမဟုတ်ချင်း မျက်နှာအရောင် ပြောင်းသွားသည်။

"ဟုတ်တယ် အန်ကယ်၊ အဲ့ဒီကိစ္စကို ပြောမလို့ ကျွန်တော်ရောက်လာတာပဲ၊ ကျွန်တော်နဲ့ ခွန်ကိုးက ဆယ်တန်းကတည်းက ချစ်သူ‌ဖြစ်ခဲ့တာ၊ အဟက်! အခုက အန်ကယ့်သား လူစိတ်ပျောက်နေ‌ကြောင်း လာပြောတာ"

"ဘာတွေလာပြောနေတာလဲ၊ ငါ့သားက ဘာကိစ္စ လူစိတ်ပျောက်ရမှာလဲ"

"အန်ကယ့်သား ခွန်ကိုးက လူစိတ်ပျောက်နေတာ၊ ကျွန်တော့်ကို လမ်းခွဲပြီး အန်ကယ့်သား အငယ်ကောင်ကို ချိန်နေတာ၊ သူတို့က ညီအစ်ကိုအရင်းတွေ မဟုတ်ဘူး မှတ်လား"

"ဘာတွေ လာပြောနေတာလဲ၊ ခွန်ကိုးနဲ့ သုံးသုံးက ညီအစ်ကိုအရင်း၊ ငါ့သားတွေ ..ငါ့သွေးသားတွေပဲ၊ သူတို့အဖေဖြစ်တဲ့ ငါ့လောက် မင်းက သိနိုင်မလား၊ ဘာမှမသိဘဲနဲ့ ငါတို့မိသားစုကို လာမဝေဖန်နဲ့"

ဦးမျိုးမဟာက အလိမ်အညာစကားကို ရုပ်တည်ကြီးနဲ့ ပြောနေတော့ ကျွန်တော်က သိပ်ရယ်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကလည်း Nine နှင့် သုံးသုံးကို ညီအစ်ကိုဇာတ်ပဲ သွင်းချင်နေတာ။ အဲ့ဒါမှ သူတို့နှစ်ယောက်ကို သူ့အဖေကိုယ်တိုင်က ခွဲပစ်မှာ။

"အဟွန်း! အဲ့ဒါဆို တားပေးပါ အန်ကယ်၊ အခု ခွန်ကိုးက သုံးသုံးကို အတင်းအကျပ် ကားတင်ပြေးနေတယ်၊ အခု လမ်းပေါ်မှာ"

"ဘာ! Koe က သားငယ်ကို ကားတင်ပြေးတယ်"

"ဟုတ်တယ် အန်ကယ်၊ သူတို့တွေ အခု ဟိုက်ဝေးလမ်းပေါ် ရောက်နေလောက်ပြီ၊ သူတို့သာ ညီအစ်ကိုအရင်းဆိုရင် အန်ကယ့်သွေးသားအရင်းတွေဆိုရင် သူတို့ကို အချိန်မှီတားပေးပါ။ ပြီးတော့ သုံးသုံးနဲ့ ကိုနေဝန်းသာက ချစ်သူတွေ"

"ဘယ်လို ..နေဝန်းနဲ့ သားငယ်က ချစ်သူဟုတ်လား၊ ငါလည်း ဘာမှမသိရပါလား"

"အန်ကယ်က အလုပ်တွေပဲ ဖိလုပ်နေတာကိုး၊ အန်ကယ့်သား အကြီးကောင်က ဆေးမှားသောက်ပြီး လူစိတ်ပျောက်နေတာ၊ ကိုယ့်ညီလေးကိုများ ကားတင်ပြေးရတယ်လို့ ကြားကို မကြားဖူးဘူး"

"ငါသိပြီ၊ ငါ့သားတွေကို ငါထိန်းမယ်၊ မင်းပြန်လို့ရပြီ"

"ဟုတ်ကဲ့ အန်ကယ်၊ ကျေးဇူးပါ၊ သူတို့တွေသာ အန်ကယ်ပြောတဲ့စကားအတိုင်း ညီအစ်ကိုဆိုရင် ဒီကိစ္စကို တားမြစ်ပေးပါ၊ အဖေတူသားနှစ်ယောက်က ခိုးပြေးကြတယ်ဆိုရင် လူကြားမကောင်းပါဘူး၊ အန်ကယ့်ဂုဏ်သိက္ခာလည်း ကျဆင်းတာပေါ့"

"ကောင်လေး ငါပြောမယ်၊ ငါက သူတို့အဖေ၊ ငါ့သားတွေကို ငါထိန်းမယ်၊ မင်းပြန်လိုက်တော့"

"ကောင်းပါပြီ၊ အန်ကယ့်သားတွေကို နိုင်နိုင်နင်းနင်း ထိန်းပေးနိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်၊ အဲ့ဒါဆို ခွင့်ပြုပါဦး"

"အင်း"

ဦးမျိုးမဟာ၏ နီမြန်းလာ‌သောမျက်နှာက ဖုံးဖိထားသည့် ဒေါသစိတ်ကို ပြနေသည်။ ကျွန်တော် ကျေနပ်လိုက်လေခြင်း။ မင်းနေပြည်တော်မှ ဝေးဝေးပြေးသွားသည့် သားတော်နှစ်ပါးကို ဘုရင်ကြီးကိုယ်တိုင် အမိန့်တော်ချမှတ်ပြီး ပြန်ခေါ်တော့မည်။ ဘယ်လောက်ကောင်းလိုက်သလဲ။ ကျေနပ်အားရ ဖြစ်လိုက်လေခြင်း။

"တောက်! Koe ကွာ ..ဘာတွေလျှောက်လုပ်နေတာလဲ ဒီကောင်လေး"

Koe ၏ချစ်သူဆိုသော ကောင်လေးက ရောက်လာပြီး မျိုးမဟာကို ပြောဆိုသွားသည်။ မျိုးမဟာ ကိုယ်တိုင်က စီးပွားရေးပဲ အာရုံစိုက်နေခဲ့လို့ သားနှစ်ယောက်ကိစ္စကို အချိန်အတော်ကြာ မေ့ထားမိသည်။ Koe နှင့် သုံးသုံးသည် ညီအစ်ကိုအရင်းတွေ မဟုတ်ကြတာကို မျိုးမဟာရော မြနှင်းရည်ပါ မေ့ထားခဲ့ကြသည်။ အခုကျမှ Koe က သုံးသုံးကို ကားတင်ပြေးတယ်ဆိုတော့မှ မျိုးမဟာလည်း မေ့ဖျောက်ထားခဲ့သည့် နောက်ကြောင်းရာဇဝင်တွေကို ပြန်စဥ်းစားဖြစ်သွားသည်။

"Koe က သားငယ်ကို ကားတင်ပြေးရအောင် အဖြစ်မှန်တွေကို သိနေလို့လား"

"အဲ့ဒီလိုလည်း ဖြစ်မှမဖြစ်နိုင်တာ၊ Koe မပြောနဲ့၊ ဟိုကောင် မိုးလွင်တောင်မှ မသိတဲ့လျှို့ဝှက်ချက်ပဲ၊ ငါနဲ့ နှင်းပဲ သိတဲ့ လျှို့ဝှက်ချက်"

"အဲ့ဒါဆို ဟိုကောင်လေး လာပြောသလို Koe က ကိုယ့်ညီလေးကို ပေါက်ကရတွေ လုပ်နေတာလား၊ ဟာကွာ ဒီကောင်လေး ..ကလေးကို ဘာတွေလျှောက်လုပ်နေတာလဲ"

ဦးမျိုးမဟာသည် ဆက်စပ်တွေးမိသမျှကို စိတ်ပျက်ပျက်နဲ့ တစ်ယောက်တည်း ညည်းတွားရင်း Koe ဆီကို ဖုန်းခေါ်လိုက်သည်။

Koe ဆီ ဖုန်းဝင်လာသည်။ သုံးသုံးဖုန်းကို Koe ကိုယ်တိုင် စက်ပိတ်လိုက်တာဆိုတော့ Koe ဆီကို ဖုန်းတွေ ဝင်လာနေသည်။ ကိုနေက အဲ့ဒီလောက်မြန်မြန်ကြီး ဖေဖေ့ကို သွားပြောလိုက်ပြီထင်သည်။ Koe ကလည်း သုံးသုံးကို လွန်ကျူးပြီးသွားပြီ။ အခုလည်း သုံးသုံးကို ခိုးပြေးနေပြီဆိုတော့ အဖြစ်မှန်ကို Koe သိနေကြောင်း ဖေဖေ့ကို ထုတ်ပြောလိုက်တော့မည်။ Koe သည် ကားမောင်းနေရင်းနဲ့ ဖုန်းကို လက်တစ်ဖက်က ကိုင်လိုက်သည်။

"ဟယ်လို ဖေဖေ"

ဖေဖေလို့ ခေါ်လိုက်တာနဲ့ ဘေးနားက ကောင်လေးသည် မျက်လုံးကလေး ဝိုင်းသွားပြီး Koe ရှိနေတဲ့ဘက်ကို ခေါင်းလှည့်ကြည့်လာသည်။

"Koe ..ဘာတွေ လျှောက်လုပ်နေတာလဲ ကောင်လေး၊ အခုချက်ချင်း အိမ်ပြန်လာခဲ့စမ်း"

"ဖေဖေ .. ကျွန်တော် သုံးသုံးကို ခိုးပြေးသွားပြီ"

"ဘာ... မင်းတို့က ညီအစ်ကိုလေ၊ ကိုယ့်ညီကို ဒါမျိုးလုပ်စရာလား၊ အခုချက်ချင်း အိမ်ပြန်လာခဲ့"

"ကျွန်တော်နဲ့ သုံးသုံး ဘာမှမတော်စပ်မှန်း ဟိုးအရင်ကတည်းက ကျွန်တော်သိတယ်၊ အဲ့ဒါကြောင့် သုံးသုံးကို ချစ်သူလို ချစ်ခဲ့တာ၊ ဖေဖေတို့ ကျွန်တော်တို့နှစ်ယောက်ကို ခွဲပစ်ရင် အိမ်ပြန်မလာနိုင်ဘူး"

Koe လည်း ရင်ထဲမှာ ဘာကိုမှ အောင်းမထားတော့ဘဲ ဖေဖေ့ကို အကုန်ထုတ်ပြောလိုက်သည်။ ဖေဖေသည် ဒီလိုဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားတာ သေချာသည်။ ဖေဖေက Koe ကို ဘာမှထပ်မပြောတော့ဘဲ အသံတိတ်သွားခဲ့သည်။

"ဖေဖေ ..ဖေဖေ..အီးဟီး ..ကယ်ပါဦး ဖေဖေ၊ ကိုကိုး ကျွန်တော့်ကို ဘယ်ခေါ်သွားတာလဲ မသိဘူး၊ ကိုကိုးကို မုန်းတယ်၊ ကိုကိုးကို မုန်းတယ်..အီးဟီး"

ဖေဖေ့အသံနှင့် Koe အသံက တိတ်ဆိတ်သွားတဲ့အချိန်ခဏမှာ စူးစူးဝါးဝါး ထွက်လာသောအသံက သုံးသုံး၏ အော်ငိုသံ။

"Koe ..ကလေးကို ဘယ်ခေါ်သွားတာလဲ၊ အိမ်ပြန် လာခဲ့စမ်း၊ ကလေးက မင်းလုပ်ရပ်ကို လက်မခံဘူးနော်၊ အိမ်ကို ပြန်လာခဲ့ကြ"

"ပြန်မလာနိုင်ဘူး ဖေ​ဖေ၊ အဲ့ဒီကောင်လေးက ကျွန်တော့်ကို ပစ်ပယ်ချပြီး ကိုနေနဲ့ လက်ထပ်မလို့တဲ့၊ ကျွန်တော် ဒီကောင်လေးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး"

"Koe .. မင်းတို့ရဲ့ဖြစ်တည်မှုကိုက ညီအစ်ကို ဖြစ်တည်မှု၊ ကလေး လက်မခံတာကို အတင်းအကျပ် မလုပ်စမ်းနဲ့၊ အခု အိမ်ပြန်လာခဲ့"

အရေးကြုံလာချိန်မှာ ဖေဖေကလည်း Koe ဘက်မှာ မရှိဘူး။ သုံးသုံး အော်ငိုသံကို ကြားသွားလို့ ဖေဖေပါ စိတ်ပြောင်းသွားတာလား။

"အီးဟီး..ဖေဖေ.. ကိုကိုးက လျှောက်ပြောနေတယ်၊ ကျွန်တော်က ဖေဖေ့သားအရင်း မဟုတ်ဘူးတဲ့"

သားငယ်၏ငိုသံကို လေလှိုင်းထဲမှ မျိုးမဟာ ကြားရသည်။ ဝမ်းနည်းအားငယ် ဖြစ်နေသော ငိုသံလေး။ ဒီကလေးကို ဒီလိုခံစားရမှာစိုးလို့ လျှို့ဝှက်ချက်ကြီးကို ဒီနေ့အထိ ဖုံးဖိလာခဲ့တာ။ ဒီကလေးကို ဘယ်လိုပြောရမလဲ။ ခုနတုန်းက ဈာန်ဆိုသည့် ကောင်လေးကလည်း သားကြီးကို လူစိတ်ပျောက်နေတယ်လို့ ပြောဆိုသွားသည်။ ကလေးနှစ်ယောက်စလုံးကို လူပြောမခံစေချင်ဘူး။

"သားငယ် သုံးသုံး ..Koe က မူးမူးရူးရူးနဲ့ လျှောက်ပြောနေတာ၊ သားက ဖေဖေ့သား၊ ဖေဖေ့သွေးတွေ စီးဆင်းနေတဲ့ ဖေဖေ့သား အရင်းလေးပါ"

"ဖေဖေ ကျွန်တော့်ကို လာခေါ် "

"အခု ဘယ်နေရာမှာလဲ၊ ဖေဖေ လာခေါ်မယ်"

"အီးဟီး .. မသိဘူး ဖေဖေ"

"Koe ..အိမ်ကို အခုချက်ချင်း ပြန်လာခဲ့စမ်း၊ ကလေးက လက်မခံဘူးနော်၊ မင်းလုပ်နေတာတွေက ပြစ်မှုမြောက်နေတယ်"

ဖေဖေက ဘာလို့ Koe ဘက်မှာ ရှိမနေတာလဲ။ Koe ဒေါသဖြစ်မိသည်။ Koe ဘဝမှာ တစ်ခုတည်းသော အားကိုးစရာက ဖေဖေပဲလေ။ ဖေဖေ ဘာလို့ Koe ဘက်မှာ ရပ်တည်မပေးတာလဲ။ Koe ဖေဖေ့ကို ဘာစကားမှ ထပ်မပြောတော့ဘူး။ ဖုန်းချပစ်လိုက်သည်။ပါဝါခလုတ်ကိုပါ ဖိပိတ်ပစ်လိုက်ပြီးတော့ အိမ်နှင့်တစ်ခါတည်း အဆက်အသွယ်ဖြတ်ပစ်လိုက်သည်။

"အီးဟီး ..အိမ်ပြန်ပို့ပေး၊ ကိုကိုးက လူလိမ်လူညာ လူယုတ်မာကြီး"

"သုံးသုံး တိတ်စမ်း၊ ဖေဖေ မင်းကို ညာပြောနေတာ"

"မဟုတ်ဘူး မဟုတ်ဘူး၊ ဖေဖေညာတာ မဟုတ်ဘူး၊ ကိုကိုး ညာနေတာ"

ကားပေါ်မှာ အော်ငိုလာသောကောင်လေးသည် Koe ၏ လက်နှင့်ကျောပြင်ကို လက်လှမ်းမှီသလောက်
ထုရိုက်ပစ်လာသည်။ Koe ဘာမှပြန်မလုပ်ဘဲ ခရီးဖင့်မှာစိုးလို့ ကားကိုသာ အမြန်မောင်းနေလိုက်သည်။ ပြင်ဦးလွင်နှင့် နောင်ချိုဆိုတာ အနီးလေးဆိုတော့ နာရီဝက်ကျော်ကျော်လောက် အကြာမှာ နောင်ချိုကို ရောက်လာသည်။ နောင်ချိုမှာ Koe ပိုင်ဆိုင်သည့် လီလီပန်းစိုက်ခင်းခြံရှိသည်။ အဲ့ဒီကိုပဲ မောင်းလာလိုက်သည်။

လီလီပန်းစိုက်ခင်းခြံထဲက သစ်သားအိမ်လေးဆီကိုကားကို မောင်းဝင်လာလိုက်သည်။ သုံးသုံးက Koe လက်ချက်နဲ့ လမ်းလျှောက်ဖို့တောင် ယိုင်နဲ့နဲ့ ဖြစ်နေလို့ သုံးသုံးကို ပွေ့ချီပြီး ခုတင်ပေါ်မှာ ချပေးရသည်။ ကောင်လေးရဲ့လက်ကလေးနှစ်ဖက်ကို ပူးချည်ထားတာကို မဖြုတ်ပေးတဲ့အပြင် ခြေထောက်တွေကိုပါ ထပ်ချည်လိုက်သည်။ Koe မှာ လုပ်စရာရှိသေးသည်။

Koe အပြင်သွားနေတုန်းမှာ သုံးသုံးထွက်ပြေးမှာ ကြောက်လို့ လက်ရော ခြေထောက်မှာပါ အဝတ်နဲ့ချည်ပြီးတော့ အိမ်တံခါးပိတ်ပြီး ထားပစ်ခဲ့သည်။ သုံးသုံးက ငိုကျန်ခဲ့သည်။ Koe ရင်ထဲမှာ မကောင်းဘူး။ Koe တို့နှစ်ယောက်သား အေးချမ်းနေသော ဘဝလေးကို စနေဂြိုဟ် ဝင်စီးသွားတာများ ကမောက်ကမတွေ ဖြစ်ကုန်ပြီ။ Koe ကို အရမ်းချစ်တဲ့ကောင်လေးကတောင် Koe ကို မုန်းတယ်တဲ့။ Koe ဘယ်လောက်အထိ ရင်နာနေရသလဲ။

လီလီပန်းစိုက်ခင်းခြံ၏မန်နေဂျာ ဦးနိုင်တို့အိမ်ကို Koe ထွက်လာလိုက်သည်။ Koe ဒီကို ထွက်လာတယ်ဆိုတာကို ဘယ်သူမှ မသိအောင် မန်နေဂျာဦးနိုင်ကို ကြိုတင်ပြီး နှုတ်ပိတ်ထားရမယ်လေ။

"ဦးနိုင်"

မန်နေဂျာဦးနိုင်တို့ အိမ်ရှေ့မှာ Koe ကားရပ်လိုက်သည်။ ဦးနိုင်ကို နာမည်ခေါ်ရင်းနဲ့ အိမ်ပေါ်ကို တက်သွားလိုက်သည်။

"ဦးနိုင်"

"သူဌေး.. ရုတ်တရက်ကြီး ရောက်လာပါလား၊ ဘယ်က ဘယ်လို"

"ခင်ဗျားကို နှုတ်လာပိတ်တာဗျာ၊ ကျွန်တော့်ချစ်သူကို ခိုးပြေးလာလို့၊ ဒီမှာ ရက်အနည်းငယ်လောက် ပုန်းနေချင်လို့"

"သူဌေးက အိမ်က သဘောမတူတဲ့မိန်းမကို ခိုးပြေးလာတာလား၊ ရပါတယ်ဗျာ၊ ဘယ်သူမှ မသိစေရဘူး၊ ကျွန်တော် ဖုံးထားပေးမယ်"

"အိမ်က သဘောမတူတာတော့ မှန်တယ်၊ ကျွန်တော် ခိုးပြေးလာတာ မိန်းမ မဟုတ်ဘူးဗျ၊ ကောင်လေး"

"ခင်ဗျာ..အဲ့ဒါဆို သူဌေးအဖေသိရင် မိုးမီးလောင်မှာပေါ့"

"အဲ့ဒါကြောင့် ဘယ်သူ့မှ လျှောက်မပြောခိုင်းတာ၊ ကျွန်တော် နေစရာတစ်ခုခု ရှာမှာပါ၊ လောလောဆယ်တော့ ဒီမှာ ခဏနေမယ်"

"ပျော်သလောက် နေပါဗျာ၊ သူဌေးပိုင်တဲ့ နေရာပဲ၊ စားရေးသောက်ရေးရော စီစဥ်ပေးရမလား"

"ရတယ် ရတယ်၊ ကျွန်တော်ကိုယ်တိုင် ချက်ပြုတ်ကျွေးချင်လို့"

"ဖြစ်ရဲ့လား သူဌေးရယ်၊ သူဌေးက ဘာလုပ်တတ်မှာမို့လဲ"

"ဟဲဗီးကြီးတော့ မရဘူးပေါ့ဗျာ"

"ရှုပ်ပါတယ်၊ အစားအသောက်အတွက် ပူမနေပါနဲ့၊ ကျွန်တော်ကိုယ်တိုင် စီစဥ်ပေးမယ်"

"အဲ့ဒါဆိုလည်း ကျေးဇူးပါ၊ ကျွန်တော် မြို့ထဲသွားဦးမယ်၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာတာဆိုတော့ ပြန်ဝတ်စရာ မရှိဘူး၊ သွားဝယ်မလို့"

"ဟုတ်ကဲ့ သူဌေး"

"အဲ့ဒါဆို ကျွန်တော့်ကိစ္စကို နှုတ်လုံပါစေနော်"

"စိတ်ချပါဗျာ၊ ဘယ်သူ့ကိုမှ မပြောပါဘူး"

Koe လည်း ဦးနိုင်ကို ယုံကြည်စိတ်ချပြီး နောင်ချိုမြို့ထဲကို ထွက်လာလိုက်သည်။ Koe တို့အတွက် တစ်ကိုယ်ရေတစ်ကာယ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူရသည်။ အထုပ်တွေ တပွေ့တပိုက်နဲ့ လီလီပန်းစိုက်ခင်းခြံကို ပြန်ရောက်လာသည်။ အိမ်ကို ပြန်ရောက်တဲ့အခါ တစ်ယောက်အိပ် ခုတင်အထက်မှာ သုံးသုံးကိုတွေ့ရမှ Koe ရင်အေးသွားရသည်။

"ကိုကိုး အိမ်ပြန်ပို့ပေး"

Koe အိမ်ပေါ်တက်လာတာကို မြင်တာနဲ့ သုံးသုံးကလည်း ထပ်အော်ပြန်သည်။ Koe သည် ဝယ်လာသော အထုပ်အားလုံးကို ခုတင်ခြေရင်းမှာ ချထားလိုက်သည်။ သုံးသုံးအနားကို တိုးကပ်သွားပြီးတော့ လက်နှစ်ဖက်ကို အဝတ်နဲ့ ပူးချည်ပစ်ထားတာကို ဖယ်ရှားပေးလိုက်သည်။ ခြေထောက်မှာ ချည်ထားတာကိုပါ ဖြုတ်ပေးလိုက်သည်။

"ဗိုက်ဆာနေရောပေါ့၊ နေ့လယ်စာ စားရအောင်"

နေ့လယ်စာစားချိန်ကို ကျော်လွန်နေပြီဆိုတော့ Koe လည်း မြို့ထဲက ဝယ်လာသော အစားအသောက်ကို ပန်းကန်ထဲပြောင်းထည့်လိုက်သည်။ သုံးသုံးက ရှမ်းအစားအစာကြိုက်မှန်း Koe သိလို့ ရှမ်းထမင်းချဉ်ကို ဝယ်လာလိုက်သည်။ ညစာကို ဦးနိုင်လာပို့မည်။ Koe သည် သုံးသုံးကို ကျောခိုင်းပြီး ပန်းကန်တွေထဲကို အစားအသောက်တွေကို လှယ်ထည့်နေလိုက်သည်။

*ဝုန်း!*

အသံကြားလိုက်လို့ စိုးရိမ်စိတ်နဲ့ Koe လှည့်ကြည့်လိုက်တဲ့အခါ သုံးသုံးက ခုတင်ဘေးမှာ ပုံလျက်သား လဲကျနေသည်။

"သုံးသုံး ..မင်း ..မင်းထွက်ပြေးမလို့ လုပ်လိုက်တာ မဟုတ်လား"

ခုတင်ပေါ်မှာရှိနေတဲ့ ကောင်လေးက ကြမ်းပြင်ပေါ်ကို ပုံလျက်သား လဲကျသွားတာဆိုတော့ ဒီကောင်လေးက ငြိမ်ငြိမ်မနေဘဲ ထွက်ပြေးဖို့ ကြံရွယ်လိုက်မှန်း Koe သိလိုက်သည်။ ဒီကောင်လေးရဲ့ခန္ဓာကိုယ်က အားနည်းနေသည်။ အခုချိန်မှာ မြန်မြန်သွက်သွက် ထွက်ပြေးရလောက်အောင် ဘယ်လိုစွမ်းဆောင်နိုင်ဦးမှာလဲ။

"ကိုကိုး အိမ်ပြန်ပို့ပေးပါ"

"မပို့ဘူး၊ ဖေဖေ သဘောမတူမချင်း မင်းကိုပြန်မပို့ပေးနိုင်ဘူး၊ မင်းနဲ့ငါ ညားသွားပြီနော်၊ ထွက်ပြေးဖို့ မကြိုးစားနဲ့"

"ကိုကိုး လူယုတ်မာ၊ ကိုကိုးက ကိုယ့်ညီကို sex လုပ်တဲ့ကောင်၊ ကိုကိုးကို မုန်းတယ်၊ ကိုကိုးကို မုန်းတယ်"

"ဖေဖေညာနေတာ၊ မင်းက ဖေဖေ့သားအရင်း မဟုတ်ဘူး"

"ဖေဖေ မညာဘူး၊ ကိုကိုး ညာတာ၊ ကိုကိုး ညာနေတာ၊ အိမ်ပြန်ပို့ပေးပါ၊ ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါ..အီးဟီး"

Koe ကို အော်ဟစ်နေလေသော သုံးသုံး။ Koe ကို အရမ်းချစ်တယ်ဆိုသော ကောင်လေးသည် ဘာလို့ အခုကျမှ မုန်းတယ်လို့ချည်း အော်ဟစ်နေရတာလဲ။ Koe မလုပ်ချင်တဲ့ အလုပ်တစ်ခုကို ထပ်လုပ်ရတော့မည်။ အဲ့ဒီလိုထွက်ပြေးနိုင်တယ်လို့ ခန့်မှန်းမိလို့ကို မြို့ထဲထွက်တုန်းက စတီးကြိုးတစ်‌ချောင်းကို ဝယ်လာမိတာ။ အခုတော့ မသုံးချင်လည်း သုံးရတော့မည်။ သုံးသုံးရဲ့လက်ကောက်ဝတ်ကို စတီးကြိုးခတ်ပြီး ခုတင်တိုင်နှင့် တွဲချည်ပစ်လိုက်သည်။ Koe ဒီလိုမလုပ်ချင်ပါဘူး။ ဒီကောင်လေးက Koe ကို ဘာလို့ လက်ခံမပေးရတာလဲ။

"ကိုကိုးကို မုန်းတယ်၊ ကျွန်တော် ကိုကြီးနဲ့ပဲ ယူမှာ"

"သူ့ကိုယူမယ်လို့ ထပ်မပြောနဲ့၊ မင်း ငါ့ယောင်္ကျားဖြစ်သွားပြီ"

"ကိုကိုး ရူးနေတာ၊ ကိုကိုးက ကိုယ့်ညီလေးကို sex လုပ်တဲ့ တဏှာရူးကြီး အယုတ်တမာကြီး"

"ငါပြောနေတယ်လေ၊ မင်းနဲ့ငါ ဘာမှမတော်ဘူးလို့၊ ဖေဖေ မင်းကို ညာပြောနေတာ၊ ငါ့စကားက အမှန်"

"ကိုကိုး ညာနေတာ၊ ကိုကိုးက တဏှာစိတ်တွေ ခေါင်းထဲရောက်ပြီး လျှောက်ပြောနေတာ၊ ကိုကိုးကို မုန်းတယ်"

"ကဲကွာ.. မုန်းကွာ မုန်းကွာ မုန်းစမ်း၊ ငါမင်းကို ချစ်တယ်၊ ငါမင်းကို သောက်ရမ်းချစ်တယ်"

ဒီကောင်လေး Koe စိတ်ကို လာဆွနေတာ။ Koe ကို မုန်းတယ်လို့ ခါးခါးသီးသီး အော်ဟစ်နေတဲ့ ကောင်လေးကို ခုတင်ပေါ် တွန်းလှဲချပစ်ပြီး နှုတ်ခမ်းလေးကို အတင်းအကျပ် ဖိကပ်နမ်းပစ်လိုက်သည်။ သုံးသုံးက Koe ၏ လက်တွေကနေ ရုန်းကန်နေလေသည်။

"အွန့် .. အွင့် .. ကိုကိုးကို မုန်းတယ် ..ကိုကိုးကို မုန်းတယ်"

ဒီစကားကလွဲရင် ဘာစကားမှ မပြောတတ်တော့တာလား။ ဒီကောင်လေးက ဒီတစ်ခွန်းပဲ အာဂုံဆောင်ပြီး
ရွတ်နေတာ။ Koe လည်း ဒေါသဖြစ်ဖြစ်နဲ့ သုံးသုံးတစ်ကိုယ်လုံးကို နေရာအနှံ့ အတင်းအကျပ် ဖိကပ်နမ်းပစ်လိုက်သည်။ ပြီးကျမှ ရင်ခွင်ထဲကို ဆွဲသွင်းပစ်ကာ ခပ်တင်းတင်းလေး ဖက်ပစ်ထားလိုက်သည်။ ဒီကောင်လေးကို ဆုံးရှုံးလိုက်ရမှာ ကြောက်သည်။ ထွက်ပြေးသွားမှာလည်း ကြောက်သည်။ Koe တို့တွေ ခုတင်အထက်မှာ မလှုပ်မယှက် ငြိမ်သက်နေကြသည်။ Koe ၏ရင်ခွင်ထဲမှာ သုံးသုံးရှိ‌နေသည်။ သုံးသုံးက လက်တစ်ဖက်မှာ ကြိုးတန်းလန်းနဲ့ Koe ကို ခေါင်းမော့ကြည့်နေသည်။

"ငါမင်းကို အရမ်းချစ်တယ်၊ ဘယ်မှ ထွက်မပြေးပါနဲ့နော်၊ ငါ့အနားမှာပဲ နေပါ"

သုံးသုံးက အော်ရတာ မောသွားလို့ပဲလား။ အသံမထွက်ဘဲ ငြိမ်ကျသွားသည်။ Koe လည်း နည်းနည်းလေး စိတ်ချမ်းသာသွားသည်။ တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းတွေကို ငေးကြည့်နေမိကြသည်။ အရင်အချိန်တွေတုန်းကဆိုရင် ခုတင်ပေါ်မှာ Koe တို့နှစ်ယောက် အတူရှိနေတိုင်း ကြည်နူးရတဲ့ အချိန်တွေလေ။ အခုကျ နှစ်ယောက်စလုံးက မျက်ရည်စတွေနဲ့။

"ဗိုက်ဆာနေပြီ မဟုတ်လား၊ မင်းကို ထမင်းခွံ့ကျွေးမယ်"

Koe ခုတင်ပေါ်က ပြန်ဆင်းလာလိုက်သည်။ ရှမ်းထမင်းချဥ်ပန်းကန်ကို သွားယူကာ ခုတင်ပေါ်ကို ပြန်ရောက်လာသည်။ Koe လည်း သုံးသုံးအရှေ့မှာ နေရာယူလိုက်သည်။

"ထမင်းစားမှ ကျန်းမာမှာ၊ ဒီနေရာက ထွက်ပြေးချင်ရင်တောင် ထမင်းစားမှ အားရှိမှာ"

သုံးသုံး ထမင်းစားအောင်လို့ စကားကို လှည့်ပတ်
ပြောလိုက်သည်။ အဲ့ဒီလိုကျမှ ကောင်ငယ်လေးက ပါးစပ်ဟပေးလာသည်။ Koe လည်း တစ်ဇွန်းပြီး တစ်ဇွန်း ထမင်းခွံ့ကျွေးရသည်။ ဒီကောင်လေးက အတော် ကျန်းမာချင်သွားတာပဲလား။ ထမင်းတစ်ပန်းကန်လုံးကို စားလိုက်သည်။ သုံးသုံး ထမင်းစားလို့ Koe စိတ်ချမ်းသာရပေမယ့်လည်း မခံချိမခံသာစိတ်ကြောင့် ရင်ဘတ်ထဲက အောင့်သက်သက်နဲ့။

"ဆေးတစ်ခွက်ပါ သောက်ထားလိုက်ဦး၊ ဒါက အကိုက်အခဲပျောက်ဆေး၊ မင်း နာကျင်နေတာတွေ ပျောက်သွားလိမ့်မယ်"

သုံးသုံးက Koe ကို ဘာမှပြန်မပြောလာဘူး။ ဆေးတိုက်တော့လည်း ငြင်းဆန်ခြင်း မပြုဘဲ လျှောလျှောရှူရှူပဲ ဆေးကို သောက်ချလိုက်သည်။

"ကိုကိုး .. ကျွန်တော် ရှူးရှူးပေါက်ချင်တယ်"

ဒီကောင်လေးက Koe ကို အယောင်ပြပြီး ထွက်ပြေးဖို့ ကြံစည်တာလား။ ခုတင်တိုင်နဲ့ တွဲချည်ထားသော ကြိုးကို ဖြုတ်‌ပေးပြီးတာနဲ့ သုံးသုံးကို ကောက်ချီပစ်လိုက်သည်။ ကောင်ငယ်လေးကို ချီပိုးပြီး အိမ်သာကို ခေါ်သွားလိုက်သည်။

"သွား ..ဝင်သွားလိုက်၊ ငါ ဒီအရှေ့က စောင့်နေမယ်"

"ကျွန်တော် မနေတတ်ဘူး၊ ကိုကိုး အိမ်ပေါ်မှာ သွားစောင့်နေ"

ဒီကောင်လေး ဉာဏ်များနေတာလား။ ထွက်ပြေးဖို့ ကြံရွယ်နေတာလား။ Koe ကို ဒီလိုလုပ်လို့ ရမလား။

"မနေတတ်ရင် အိမ်သာထဲကို ငါပါ လိုက်ဝင်ပေးရမလား"

"ကိုကိုး"

သုံးသုံးတစ်ယောက် Koe ကို စူးစူးဝါးဝါး အော်ဟစ်သည်။ မျက်စောင်းလှလှလေး ထိုးပစ်ပြီး အိမ်သာတံခါးကို ဆောင့်ပိတ်ပြီး ဝင်သွားသည်။ Koe လည်း တင်းကျပ်နေသော စိတ်တွေက အခုမှ ပြေလျော့ကျကာ ရယ်မိသည်။

"ဟား ဟား ဟား"

Koe ဘယ်တုန်းကမှ မတွေးမိဘူး။ ကောင်လေးတစ်ယောက် အိမ်သာသွားနေတာကို ထိုင်စောင့်ပေးရလိမ့်မယ်လို့။ Koe အဲ့ဒီလောက်ထိလည်း စိတ်မရှည်ဘူး။ Koe အခု အရမ်း စိတ်ရှည်သွားပြန်သည်။ အိမ်သာထဲက ထွက်မလာသေးတဲ့ ကောင်လေးကို စောင့်နေမိသည်။

"ကိုကိုး"

"အင်း ..ပြီးပြီလား၊ အချိန်မနည်းတော့ဘူး၊ ရေပါ
တစ်ခါတည်း ချိုးလိုက်ပါလား"

Koe အရှေ့မှာ မတ်တပ်လာရပ်သော ကောင်လေးရဲ့
တီရှပ်အင်္ကျီကို Koe ဆွဲချွတ်ပေးလိုက်သည်။ အုတ်ကန်ဘေးကို တွဲခေါ်လာသည်။ Koe ပါ အဝတ်တွေ ချွတ်ပစ်လိုက်သည်။ ဟိုအရင်အချိန်က ကော်ဖီခြံထဲမှာ Koe တို့တွေ ရေအတူတူ ချိုးခဲ့ကြဖူးသည်။ အဲ့ဒီအချိန်တုန်းက နှစ်ယောက်သား အရမ်းပျော်ခဲ့သည်။ သုံးသုံးက အဲ့ဒါကို ပြန်မှတ်မိသွားအောင် သုံးသုံးကို ရေနဲ့ လှမ်းပက်‌ပေးလိုက်သည်။

"ကိုကိုး"

"အင်း ..ပြန်ပက်လေ၊ ပျော်စရာ ကောင်းတယ်"

Koe ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ပေမယ့် သုံးသုံးက Koe ကို ရေနဲ့ ပြန်မပက်ဘူး။ ရေကိုပဲ လောင်းချိုးနေသည်။ Koe လည်း ဆပ်ပြာတုံးကိုယူပြီး သုံးသုံးရဲ့ကျောပြင်လေးကို ပွတ်တိုက်ပေးလိုက်သည်။

"ကိုကိုး"

"အင်း.. ဖွေးဥနုထွတ်နေတာပဲ၊ ချစ်လိုက်တာ"

ဒီကောင်လေးကို ဆပ်ပြာတိုက်ပေးရင်းနဲ့ Koe မှာ ချစ်လို့ကို မဝနိုင်တာ။ ဆံပင်ကို ခေါင်းငုံ့နမ်း၊ ပခုံးစွန်းလေးကို စုပ်နမ်းပစ်လိုက်နဲ့ ဒီကောင်လေးကို အနမ်းခြွေမိပြန်သည်။

"ရေချိုးလို့ပြီးပြီ ကိုကိုး"

"ရော့ .. ရေလဲပုဆိုး"

Koe ကိုယ်တိုင်လည်း ရေလဲပုဆိုးကို တစ်ခါတည်း
လဲဝတ်ပြီးမှ သုံးသုံးနှင့်အတူ အိမ်ပေါ်ကို ပြန်တက်လာသည်။ အပြင်က ဝယ်လာသော အဝတ်တစ်စုံကို ပြန်လဲဝတ်ကြသည်။ အချိန်ကလည်း မှောင်ကျသွားပြီ။ ဦးနိုင်တောင် ညစာလာပို့ပေးသွားပြီ။ သုံးသုံးက နည်းနည်းငြိမ်နေလို့ လက်ကောက်ဝတ်ကို ကြိုးချည်ထားမနေတော့ဘူး။ Koe အဲ့ဒီကလေးကို နာကျင်အောင် မလုပ်ချင်ဘူးလေ။

"သုံးသုံး ..လီလီပန်းတွေ သွားကြည့်မလား"

သုံးသုံးသည် ပြတင်းပေါက်မှာရပ်ကာ အကြံဉာဏ်ထုတ်နေမိသည်။ ကိုကိုးဆီက လွတ်မြောက်ဖို့ဆိုရင် ကိုကိုးကို အယုံသွင်းရမည်။ အဓိကက အိမ်ပြန်နိုင်ဖို့။ ဖေဖေကိုယ်တိုင် သေချာပြောခဲ့တာပဲ။ သုံးသုံးတို့က ညီအစ်ကိုဆိုတာကို။ ကိုကိုးကသာ လျှောက်ပြောနေတာ။ အဲ့ဒါကြောင့် သုံးသုံး အိမ်ပြန်မည်။ ကိုကိုးနဲ့ ဘာမှမဖြစ်ခဲ့ကြသလို အိမ်ကို ပြန်သွားတော့မည်။

"ကြည့်မယ် ကိုကိုး"

"မင်း လမ်းသိပ်မလျှောက်နိုင်ဘူး မဟုတ်လား၊ ငါ မင်းကို ကုန်းပိုးသွားပေးမယ်"

ကိုကိုးက သုံးသုံးကို ကုန်းပိုးပစ်ပြီး အိမ်အပြင်ကို ထွက်လာသည်။ ကိုကိုးက လမ်းကို ဖြည်းဖြည်းပဲ လျှောက်သည်။ အတော်လေးကြာတော့ မှန်လုံအိမ် စိုက်ခင်းတစ်ခုကို ရောက်လာသည်။ ကိုကိုးက မှန်လုံအိမ်ထဲကို ဝင်သွားသည်။ ညရောက်နေပြီဆိုတော့ အထဲမှာ မီးရောင်ပျပျ ထွန်းထားသည်။ လီလီပန်းများသည် အခိုင်လိုက် အခိုင်လိုက် မြိုင်နေအောင် ပွင့်နေကြပြီး သင်းရနံ့က ထုံအီနေသည်။ သုံးသုံးက  ဟိုဒီလျှောက်ပြီး ပန်းခိုင်တွေကို လိုက်ကြည့်သည်။ လီလီပန်းတစ်ခက်ကို ဆွဲယူပြီး အနံ့မွှေးကြည့်သည်။

"သုံးသုံး ..ပန်းကလေးတွေရဲ့အလှက သူ့အနားမှာ လိပ်ပြာတွေ ဝဲပျံနေမှ ပြည့်စုံတာ"

သုံးသုံးအနား ကိုကိုး‌ရောက်လာသည်။ ကိုကိုးက သုံးသုံး၏ ခါးသိမ်သိမ်လေးကို အနောက်ကနေ ဆွဲသိမ်းဖက်ပစ်လာသည်။ သုံးသုံးလည်း ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ အဲ့ဒီတော့ သုံးသုံးက ကိုကိုးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။

"လီလီတွေက လှသလို မင်းကလည်း လှတယ်၊ လီလီတွေရဲ့အလှကို ပြည့်စုံသွားဖို့ လိပ်ပြာတစ်ကောင် လိုအပ်သလို မင်းအလှကို ပြည့်စုံသွားဖို့ မင်းဘေးနားမှာ ငါရှိနေဖို့ လိုအပ်တယ်၊ ငါမင်းကို အရမ်းချစ်တယ် သုံးသုံး"

ကိုကိုးက သုံးသုံးမေးဖျားကို ပင့်ကိုင်ပြီး နှုတ်ခမ်းကို နမ်းရှိုက်လာသည်။ ကိုကိုးကို ပြန်မနမ်းဖြစ်ပေမယ့် ငြိမ်နေလိုက်သည်။ ကိုကိုးက ဝိုင်လို ယစ်မူးဖွယ်ရာကောင်းသော အနမ်းများကို ခြွေချသည်။ သုံးသုံးက နည်းနည်းမှ မရုန်းဘဲ မျက်လုံးမှိတ်ထားပြီး ငြိမ်နေလိုက်သည်။ ကိုကိုး၏ စိတ်တွေ ပြောင်းလဲသွားပြီး သုံးသုံးကို စိတ်ချလက်ချ ဖြစ်သွားမယ့် အခြေအနေတစ်ခုကို ဖန်တီးယူရမည်။

"ငါ့ကိုပြန်နမ်းလေ သုံးသုံး၊ မင်းအနမ်းတွေကို ပြန်လိုချင်တယ်၊ ငါတို့တွေ ဟိုအရင်အချိန်ကို ပြန်သွားရအောင်"

ကိုကိုးက အနမ်းတွေ ရပ်ပစ်လိုက်ပြီး သုံးသုံးကို ဝေ့ဝဲကြည့်လာသည်။ ကိုကိုး၏စိတ်ကို အာရုံလွှဲပေးဖို့ သုံးသုံး ပြန်နမ်းမှဖြစ်မည်။ သုံးသုံး ခြေဖျားထောက်ပြီး ကိုကိုးကို နမ်းပေးလိုက်သည်။ ကိုကိုးက ပြုံးရွှင်သွားပြီး သုံးသုံးကို ပြန်နမ်းလာသည်။ ခါးနားတဝိုက်ကိုပါ လက်ဖဝါးနဲ့ ပွတ်သပ်လာသည်။ သုံးသုံးလည်း မျက်ဝန်းတွေကို မှိတ်ချပြီးသာ ကိုကိုး၏ကျောပြင်ကို ပွတ်သပ်ပေးနေလိုက်သည်။

"ချစ်တယ် ကလေးရယ်၊ ငါမင်းကို သိပ်ချစ်တယ်၊ ငါတို့နှစ်ယောက် ဘဝတစ်ခုကို တည်ဆောက်ကြမယ်၊ ငါတို့နှစ်ယောက်တည်း နေထိုင်မယ့် အိမ်ကလေးကို တည်ဆောက်ကြမယ်၊ မင်းကို တစ်သက်လုံး ထွေးဖက်ထားမယ်၊ ငါလေ မင်းကို သိပ်ချစ်ပါတယ်"

Koe အရမ်းပျော်နေသည်။ သုံးသုံးက Koe ရဲ့အနမ်းတွေအောက်မှာ စီးမျောလိုက်ပါ လာနေပြီ။ ထပ်တူညီသော အနမ်းတွေလေ။ နှစ်ယောက်သား အပြန်အလှန် နမ်းဖြစ်ကြတဲ့ ရင်ခုန်တိမ်းမူးဖွယ်ရာ အနမ်းတွေ။ လီလီပန်းတွေက အရမ်းလှနေသလိုပဲ ပန်းခင်းဘေးမှာ အနမ်းဝေဖြာနေကြတဲ့ Koe နှင့် သုံးသုံးတို့ အတွဲကလည်း ကြည်နူးစရာကောင်းလွန်းလှသည်။ အရမ်းကို ကြည်နူးစရာကောင်းလှသော အခိုက်အတန့်တစ်ခုကို Koe ပိုင်ဆိုင်နေသည်။ ဒီလိုအချိန်တွေကို Koe တစ်သက်လုံး ပိုင်ဆိုင်နိုင်မလား ဆိုတာကတော့ ရင်ခွင်ထဲမှာ ရှိနေသော ချစ်ရသူ၏ စိတ်ခံစားချက်အပေါ်တွင် မူတည်နေသည်။

________________________________________

[Zawgyi]
ျပင္ဦးလြင္ ၿမိဳ႕အထြက္ ဟိုက္ေဝးလမ္းမႀကီး၏ ေဘးတစ္ဖက္တစ္ခ်က္တြင္ ေပါက္ေရာက္ေနေသာ ၿခဳံႏြယ္ပိတ္ေပါင္းေတြဘက္ကို မ်က္ႏွာမူထားေသာ Double Cab ကားေလးသည္ အခ်ိန္အေတာ္ၾကာ တၿငိမ့္ၿငိမ့္ တသိမ့္သိမ့္ လႈပ္ခါေနရာမွ ရပ္တန႔္သြားခဲ့သည္။

Koe တစ္ေယာက္ ကားထဲမွာပဲ မေနနိုင္မထိုင္နိုင္စြာ သုံးသုံးကို စိတ္ရွိလက္ရွိ အားရပါးရ အနိုင္က်င့္မိသြားခဲ့သည္။ Koe တစ္ကိုယ္လုံးက မီးထေတာက္ေနသလို ပူေလာင္ေနသည့္ ခံစားခ်က္ႀကီးသည္ သုံးသုံး၏ ခႏၶာကိုယ္ေပၚ ပုံခ်ၿပီး ျဖည့္ဆည္းလိုက္ေတာ့မွ အလိုရမၼက္ျပည့္ဝသြားကာ လူက တျဖည္းျဖည္းနဲ႕ ပုံမွန္ စိတ္အေနအထားကို ျပန္ေရာက္လာသည္။

"အီးဟီး .. ကိုကိုးကို မုန္းတယ္၊ ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔ေပး"

သုံးသုံးက မ်က္ရည္႐ႊဲနစ္ေနေအာင္ ငိုသည္။ Koe လည္း လိင္ပိုင္းဆိုင္ရာ အလိုရမၼက္ကို စိတ္ေက်နပ္သည္အထိ လုပ္ေဆာင္ထားလို႔ ခႏၶာကိုယ္မွာ ေခြၽးစီးက်ၿပီး ေမာဟိုက္ေနသည္။ သုံးသုံးဆို ပိုဆိုးေပါ့။ Koe ကိုယ္တိုင္လည္း ဘာျဖစ္လို႔ အဲ့ဒီေလာက္အထိ စိတ္ၾကမ္းတမ္းသြားမွန္းကို မသိဘူး။ ဒီသမင္သားကိုမွ မစားရရင္ ေသေတာ့မည့္ က်ားတစ္ေကာင္လိုမ်ိဳး စိတ္ရိုင္းဝင္ၿပီး အမဲလိုက္မိသြားသည္။

"ငါေတာင္းပန္ပါတယ္ သုံးသုံး၊ ငါ..ငါ ..ငါ့စိတ္ေတြထိန္းမရဘူး၊ မင္းကို ..မင္းကို အရမ္းပဲ လုပ္ပစ္ခ်င္ေနတာ"

ေကာင္ငယ္ေလး၏ ေျခခ်င္းဝတ္အထိ ေလွ်ာက်ေနတဲ့ အဝတ္အစားေတြကို ျပန္ဆြဲတင္ေပးလိုက္သည္။ ပါးျပင္ေပၚ တသြင္သြင္ စီးက်ေနေသာ မ်က္ရည္ေတြကို လက္မနဲ႕ တြန္းဖယ္ၿပီး ပြတ္သုတ္ေပးလိုက္သည္။ ၿပီးေတာ့ ခ်ိဳင္းၾကားေရာက္တဲ့အထိ ဆြဲလွိမ့္တင္ထားသည့္ တီရွပ္အကၤ်ီကို ခါးအထိ ျပန္ဆြဲခ်ေပးလိုက္သည္။ အဝတ္အစားကို ခႏၶာကိုယ္မွာ လုံလုံၿခဳံၿခဳံ ျဖစ္ေအာင္ ျပန္ဝတ္ေပးလိုက္ၿပီးမွ ျမတ္နိုးရေသာ မ်က္ႏွာေလးကို Koe အနီးကပ္ေလး ေငးၾကည့္လိုက္သည္။

"ကိုကိုးကို မုန္းတယ္၊ ကိုကိုးကို မုန္းတယ္၊ ကြၽန္ေတာ္တို႔က ညီအစ္ကို၊ ကြၽန္ေတာ္ ကိုႀကီးကိုပဲ ယူမွာ၊ ကိုႀကီးနဲ႕ပဲ လက္ထပ္မွာ"

Koe အမွန္အတိုင္း ဖြင့္ေျပာၿပီးၿပီေလ။ သုံးသုံးသည္ ဘာျဖစ္လို႔ Koe ၏ စကားကို မယုံၾကည္ရတာလဲ။ ကိုေနနဲ႕ပဲ လက္ထပ္မယ္ဆိုပဲ။ သုံးသုံး အဲ့ဒီလို တစ္ခြန္းေျပာလာတိုင္းမွာ Koe ၏ ႏွလုံးသားသည္ ဓားတုံးတုံးနဲ႕ အမႊန္းခံေနရသလို နာက်င္သြားရသည္။

"သုံးသုံး ..ငါတို႔က ဘာမွမေတာ္ဘူး၊ မင္းက ေဖေဖ့သားအရင္းမဟုတ္ဘူး၊ အဲ့ဒါေၾကာင့္ ငါကလြဲရင္ ဘယ္သူနဲ႕မွ မယူရဘူး၊ ငါမင္းကို ခိုးေျပးလာတာ၊ မင္းအခု ငါနဲ႕ညားသြားၿပီ၊ မင္းက ငါ့ေယာကၤ်ားျဖစ္သြားၿပီ"

Koe ေကာင္းေကာင္းမြန္မြန္ပဲ သုံးသုံးကိုၾကည့္ၿပီး စကားကို ညင္သာစြာ ေျပာသည္။ သုံးသုံးက ငိုေနတာ မရပ္တဲ့အျပင္ ေခါင္းကိုပါ ဘယ္ညာခါယမ္းပစ္သည္။

"မဟုတ္ဘူး..မဟုတ္ဘူး၊ ကိုကိုး ႐ူးေနတာ၊ ကိုကိုး ႐ူးေနတာ၊ ကြၽန္ေတာ္ အိမ္ျပန္မယ္၊ အခု အိမ္ျပန္ေတာ့မယ္"

ဒီေကာင္ေလးက Koe ကို တြန္းထုတ္ပစ္လာသည္။ Koe လည္း ယာဥ္ေမာင္းေနရာမွာ ေျပာင္းထိုင္လိုက္သည္။

"ကြၽန္ေတာ္ အိမ္ျပန္မယ္၊ ကိုကိုးကို မုန္းတယ္"

Koe တံခါးေတြအကုန္ ေလာ့ခ္ခ်ပစ္ထားတယ္ေလ။ အဲ့ဒါကို ဒီေကာင္ေလးက တံခါးကို အတင္းဖြင့္ထုတ္ပစ္ေနတာ။ ဒီပုံစံနဲ႕ ခရီးဘယ္လိုဆက္ၾကမလဲ။ Koe မွားမွန္းလည္း သိသည္။ Koe ၏ လက္တစ္ဆစ္ေလးေတာင္ မရွည္သည့္ ေဒါသစိတ္ႏွင့္ ဘာျဖစ္မွန္းမသိေသာ ပူေလာင္လာသည့္ ခံစားခ်က္ေတြက ကိုယ့္စိတ္ကို ဘယ္လိုမွ မထိန္းခ်ဳပ္နိုင္ခဲ့ဘူး။ သုံးသုံးက ကားတံခါးလက္ကိုင္ကို ဆြဲကိုင္လႈပ္ယမ္းပစ္ေနသည္။ Koe ဘယ္လိုလုပ္ရမလဲ။

"သုံးသုံး ငါမင္းကို ခိုးေျပးလာတာ၊ ငါတို႔က ညီအစ္ကို မဟုတ္ဘူး၊ ငါ အမွန္ေတြကို ေျပာေနတာ၊ အားလုံးအမွန္ေတြ"

"မဟုတ္ဘူး၊ ကြၽန္ေတာ္က ကိုႀကီးကို ေ႐ြးခ်ယ္လိုက္လို႔ ကိုကိုး သက္သက္ယုတ္မာတာ၊ ကိုကိုးကတဏွာ႐ူးႀကီး၊ အီးဟီး ..ကိုကိုးကို မုန္းတယ္၊ အခု အိမ္ျပန္ပို႔ေပး၊ အခု အိမ္ျပန္ပို႔ေပး"

"မပို႔ေပးနိုင္ဘူး၊ မင္းနဲ႕ငါ ညားသြားၿပီ သုံးသုံး၊ မင္းကို ဘယ္သူ႕ရင္ခြင္မွ ဝင္ခြင့္မျပဳဘူး"

"ကြၽန္ေတာ္ ကိုႀကီးကိုပဲ ယူမွာ"

"အဲ့ဒီစကားကို ထပ္ေျပာၾကည့္၊ မင္း ငါ့ေယာကၤ်ား ျဖစ္သြားၿပီ သုံးသုံး"

"အီးဟီး ..ကြၽန္ေတာ္ ကိုႀကီးကို ယူမွာ၊ ကိုႀကီးနဲ႕ပဲ လက္ထပ္မွာ၊ ကိုကိုးက အယုတ္တမာႀကီး၊ ကိုကိုးကို မုန္းတယ္"

"သုံးသုံး"

Koe ကို ဒီေကာင္ေလးက ဘယ္လိုေတြေတာင္ ရင္နာေအာင္ လုပ္ေနတာလဲ။ Koe အမွန္အတိုင္း ေျပာၿပီးၿပီေလ။ အဲ့ဒါကို ဘာလို႔ နည္းနည္းမွ လက္မခံတာလဲ။ ဒီေကာင္ေလးကို အိမ္ျပန္ပို႔ေပးမယ့္စိတ္ကူးမ်ိဳး Koe မွာ မရွိဘူး။ ကိုေန႕အေၾကာင္းကို ေသခ်ာသိသည္။ သုံးသုံးကို အေသရရအရွင္ရရ၊ ဘာျဖစ္ျဖစ္၊ သူရဲေကာင္းဝင္လုပ္ၿပီးကို ယူမွာပဲ။ Koe အဲ့ဒါေတြကို ႀကိဳျမင္ေနသည္။

"သုံးသုံး ၿငိမ္ၿငိမ္ေလး လိုက္လာခဲ့ေနာ္၊ သူတို႔မရိပ္မိနိုင္တဲ့ ေနရာကို ငါမင္းကို ခိုးေျပးသြားမွာ"

Koe ဝတ္ထား‌ေသာ အေပၚထပ္ ရွပ္အကၤ်ီကို ဆြဲခြၽတ္ပစ္ၿပီးေတာ့ သုံးသုံး၏ လက္ေကာက္ဝတ္ႏွစ္ဖက္ကို ဆြဲကပ္ၿပီး ခပ္တင္းတင္း ပူးခ်ည္ပစ္လိုက္သည္။ တံခါးကို ဖြင့္ထုတ္ပစ္ေနသည့္ လက္ကေလးႏွစ္ဖက္သည္ အခုက်မွပဲ ၿငိမ္က်သြားသည္။ Koe ကားစက္ျပန္ႏွိုးလိုက္သည္။ ဟိုက္ေဝးလမ္းမႀကီးေပၚကို ျပန္ေမာင္းတက္သြားလိုက္သည္။ Koe ခရီးအေဝးႀကီးကို မသြားေတာ့ဘူး။ ျပင္ဦးလြင္နဲ႕ အနီးေလးျဖစ္သည့္ ေနာင္ခ်ိဳကိုသာ ေမာင္းထြက္လာလိုက္သည္။

"ကိုကိုးကို မုန္းတယ္၊ ကိုကိုးကို မုန္းတယ္"

သုံးသုံး၏ လက္ကေလးကို ဆြဲခ်ဳပ္ပစ္ထားလို႔ ၿငိမ္သြားေပမယ့္ ပါးစပ္ကေလးက Koe ကို ရင္နာရေအာင္ တစ္လမ္းလုံး ေျပာလာသည္။ Koe ကားေမာင္းေနရင္း မ်က္ရည္က်လာသည္။ အျဖစ္မွန္ကို ထုတ္ေျပာလိုက္ရင္ အဆင္ေျပသြားမယ္လို႔ ထင္ခဲ့မိသည္။ ဒါေပမဲ့ ေကာင္ငယ္ေလးက အျဖစ္မွန္ကို လက္မခံတဲ့အခါ မုန္းတယ္လို႔ တစ္ခြန္းၾကားတိုင္း ႏွလုံးသားကို ေျခေထာက္နဲ႕ နင္းေခ်သလို နာက်င္သြားရသည္။

*****

ျပင္ဦးလြင္ၿမိဳ႕ရွိ Maple ဟိုတယ္ဝင္းထဲသို႔ ၿပိဳင္ကားအနီေရာင္တစ္စီး ဝုန္းဒိုင္းႀကဲၿပီး ေရာက္ရွိလာသည္။ ဈာန္သည္ ေရးႀကီးသုတ္ပ်ာျဖင့္ ကားေပၚမွ ဆင္းလာကာ ဧည့္ႀကိဳေကာင္တာသို႔ ေျပးသြားသည္။

"ဦးမ်ိဳးမဟာနဲ႕ ေတြ႕ခ်င္လို႔၊ အရမ္းအေရးႀကီးတယ္၊ သူနဲ႕ ေတြ႕ရမွ ျဖစ္မယ္"

"Boss နဲ႕ Appointment ယူထားလားရွင့္"

အေရးႀကီးတယ္လို႔ ေျပာတာကိုေတာင္ လာရစ္ေနလို႔ ဈာန္ ေဒါသထြက္သြားသည္။ Nine က သုံးသုံးကို ကားတင္ေျပးသြားၿပီတဲ့။ ဘဲႀကီးက ဈာန႔္ဆီ ဖုန္းဆက္လာသည္။ သူတို႔ေတြ လမ္းေပၚမွာ ရွိၾကတုန္းပဲဆိုတာ ဈာန္သိသည္။ ဘယ္အရပ္ကိုမွ ေရာက္ဦးမွာ မဟုတ္လို႔ အခ်ိန္မွီ တားနိုင္ဖို႔ လိုသည္။

"ေဟ့ ဒီမွာ၊ ငါအခ်ိန္မရဘူး၊ ဦးမ်ိဳးမဟာ ဘယ္အခန္းမွာ ႐ုံးထိုင္လဲ၊ မင္း အလုပ္ျပဳတ္သြားခ်င္ေနလား၊ ကိစၥက အေရးႀကီးတယ္လို႔ ငါေျပာၿပီးၿပီးေနာ္"

ဈာန္ ေဒါသထြက္ထြက္နဲ႕ အသံက်ယ္က်ယ္ေျပာလို႔
ဖိေဟာက္ပစ္လိုက္တာ ဧည့္ႀကိဳေကာင္မေလးသည္
သနားစဖြယ္ မ်က္ႏွာငယ္ေလးနဲ႕ ျဖစ္သြားရွာသည္။ ေကာင္တာမွာေတာင္ မတ္တပ္ရပ္မေနေတာ့ဘဲ ဈာန႔္အေရွ႕တည့္တည့္ကို အေျပးလာရပ္သည္။

"ကြၽန္မနဲ႕ လိုက္ခဲ့ေပးပါ"

"အေရွ႕က အျမန္သြား၊ အေရးႀကီးေနတာ"

ဈာန္က အသံခပ္ဆတ္ဆတ္နဲ႕ ထပ္ေျပာေပးလိုက္လို႔ ေကာင္မေလးသည္ ဈာန႔္ကို စိုး႐ြံ႕သလိုၾကည့္လာကာ ဈာန႔္အေရွ႕မွ မေျပး႐ုံတမယ္ ဦးမ်ိဳးမဟာ၏ ႐ုံးခန္းကိုေခၚသြားသည္။

"ဒီအခန္းပဲ၊ အထဲမွာ Boss ရွိေနတယ္"

"အင္း၊ မင္းသြားလို႔ရၿပီ"

"ဟုတ္ကဲ့"

ဧည့္ႀကိဳေကာင္မေလးကို ျပန္ခိုင္းလိုက္ၿပီးေနာက္ ဈာန္က ဦးမ်ိဳးမဟာရဲ႕ ႐ုံးခန္းထဲကို ဝင္သြားလိုက္သည္။

"အန္ကယ္"

ဦးမ်ိဳးမဟာ၏ အလုပ္စားပြဲအေရွ႕က ထိုင္ခုံမွာ ဈာန္ ဝင္ထိုင္လိုက္သည္။ ဦးမ်ိဳးမဟာက ႐ုတ္တရက္ သူ႕အခန္းထဲကို ဝင္လာေသာ ဈာန႔္ကို မျမင္ဖူးသလိုမ်ိဳး ခပ္စိမ္းစိမ္း ၾကည့္လာသည္။

"မင္းက ဘယ္သူလဲ၊ ဘာကိစၥမ်ားလဲ"

ဟိုတယ္ဝန္ထမ္းလို႔ ထင္ရေအာင္လည္း မ်ိဳးမဟာ
အေရွ႕က ေကာင္ေလးသည္ ဟိုတယ္ယူနီေဖာင္းကို ဝတ္ဆင္မထား။ ႐ုပ္ရည္သန႔္ျပန့္ေပမယ့္ ေမာ္ခ်ီေနေသာမ်က္ႏွာက အေၾကာက္တရားမရွိသည့္ ႐ုပ္ရည္မ်ိဳးကို ပိုင္ဆိုင္ထားသည္။ ဒီေကာင္ေလးက ဘယ္သူလဲ။

"ကြၽန္ေတာ္က အန္ကယ့္သား အႀကီးေကာင္ ခြန္ကိုးရဲ႕ခ်စ္သူပဲ၊ ကြၽန္ေတာ့္နာမည္ ဈာန္"

ဒီေကာင္ေလးက သူ႕ကိုယ့္သူ မိတ္ဆက္လာခ်ိန္မွာ
မ်ိဳးမဟာက မ်က္လုံးႀကီး ကြၽတ္က်မတတ္ အံ့ၾသသြားရသည္။ ဒီေကာင္ေလးက Koe ရဲ႕ခ်စ္သူဆိုပါလား။ ေယာကၤ်ားအခ်င္းခ်င္း ခ်စ္သူျဖစ္ၾကၿပီဆိုမွေတာ့ ေနာက္ဆက္တြဲကိစၥရပ္ေတြကို မ်ိဳးမဟာသည္ ျမန္ျမန္ဆန္ဆန္ပဲ ဆက္စပ္ေတြးမိသြားသည္။

"မင္းက ငါ့သား Koe နဲ႕ ခ်စ္သူဟုတ္လား၊ အဲ့ဒါဆို မင္းတို႔ေတြက.. ဟာ! ..."

ဈာန္သည္ မေၾကာက္မ႐ြံ႕ပါဘဲ Nine ႏွင့္ ပတ္သက္ဆက္ႏြယ္သမွ်ကို ဦးမ်ိဳးမဟာကို ဖြင့္ခ်လိဳက္သည္။ ဦးမ်ိဳးမဟာလည္း အခုက်မွ အံ့ၾသတုန္လႈပ္ကာ တမဟုတ္ခ်င္း မ်က္ႏွာအေရာင္ ေျပာင္းသြားသည္။

"ဟုတ္တယ္ အန္ကယ္၊ အဲ့ဒီကိစၥကို ေျပာမလို႔ ကြၽန္ေတာ္ေရာက္လာတာပဲ၊ ကြၽန္ေတာ္နဲ႕ ခြန္ကိုးက ဆယ္တန္းကတည္းက ခ်စ္သူ‌ျဖစ္ခဲ့တာ၊ အဟက္! အခုက အန္ကယ့္သား လူစိတ္ေပ်ာက္ေန‌ေၾကာင္း လာေျပာတာ"

"ဘာေတြလာေျပာေနတာလဲ၊ ငါ့သားက ဘာကိစၥ လူစိတ္ေပ်ာက္ရမွာလဲ"

"အန္ကယ့္သား ခြန္ကိုးက လူစိတ္ေပ်ာက္ေနတာ၊ ကြၽန္ေတာ့္ကို လမ္းခြဲၿပီး အန္ကယ့္သား အငယ္ေကာင္ကို ခ်ိန္ေနတာ၊ သူတို႔က ညီအစ္ကိုအရင္းေတြ မဟုတ္ဘူး မွတ္လား"

"ဘာေတြ လာေျပာေနတာလဲ၊ ခြန္ကိုးနဲ႕ သုံးသုံးက ညီအစ္ကိုအရင္း၊ ငါ့သားေတြ ..ငါ့ေသြးသားေတြပဲ၊ သူတို႔အေဖျဖစ္တဲ့ ငါ့ေလာက္ မင္းက သိနိုင္မလား၊ ဘာမွမသိဘဲနဲ႕ ငါတို႔မိသားစုကို လာမေဝဖန္နဲ႕"

ဦးမ်ိဳးမဟာက အလိမ္အညာစကားကို ႐ုပ္တည္ႀကီးနဲ႕ ေျပာေနေတာ့ ကြၽန္ေတာ္က သိပ္ရယ္ခ်င္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ကလည္း Nine ႏွင့္ သုံးသုံးကို ညီအစ္ကိုဇာတ္ပဲ သြင္းခ်င္ေနတာ။ အဲ့ဒါမွ သူတို႔ႏွစ္ေယာက္ကို သူ႕အေဖကိုယ္တိုင္က ခြဲပစ္မွာ။

"အဟြန္း! အဲ့ဒါဆို တားေပးပါ အန္ကယ္၊ အခု ခြန္ကိုးက သုံးသုံးကို အတင္းအက်ပ္ ကားတင္ေျပးေနတယ္၊ အခု လမ္းေပၚမွာ"

"ဘာ! Koe က သားငယ္ကို ကားတင္ေျပးတယ္"

"ဟုတ္တယ္ အန္ကယ္၊ သူတို႔ေတြ အခု ဟိုက္ေဝးလမ္းေပၚ ေရာက္ေနေလာက္ၿပီ၊ သူတို႔သာ ညီအစ္ကိုအရင္းဆိုရင္ အန္ကယ့္ေသြးသားအရင္းေတြဆိုရင္ သူတို႔ကို အခ်ိန္မွီတားေပးပါ။ ၿပီးေတာ့ သုံးသုံးနဲ႕ ကိုေနဝန္းသာက ခ်စ္သူေတြ"

"ဘယ္လို ..ေနဝန္းနဲ႕ သားငယ္က ခ်စ္သူဟုတ္လား၊ ငါလည္း ဘာမွမသိရပါလား"

"အန္ကယ္က အလုပ္ေတြပဲ ဖိလုပ္ေနတာကိုး၊ အန္ကယ့္သား အႀကီးေကာင္က ေဆးမွားေသာက္ၿပီး လူစိတ္ေပ်ာက္ေနတာ၊ ကိုယ့္ညီေလးကိုမ်ား ကားတင္ေျပးရတယ္လို႔ ၾကားကို မၾကားဖူးဘူး"

"ငါသိၿပီ၊ ငါ့သားေတြကို ငါထိန္းမယ္၊ မင္းျပန္လို႔ရၿပီ"

"ဟုတ္ကဲ့ အန္ကယ္၊ ေက်းဇူးပါ၊ သူတို႔ေတြသာ အန္ကယ္ေျပာတဲ့စကားအတိုင္း ညီအစ္ကိုဆိုရင္ ဒီကိစၥကို တားျမစ္ေပးပါ၊ အေဖတူသားႏွစ္ေယာက္က ခိုးေျပးၾကတယ္ဆိုရင္ လူၾကားမေကာင္းပါဘူး၊ အန္ကယ့္ဂုဏ္သိကၡာလည္း က်ဆင္းတာေပါ့"

"ေကာင္ေလး ငါေျပာမယ္၊ ငါက သူတို႔အေဖ၊ ငါ့သားေတြကို ငါထိန္းမယ္၊ မင္းျပန္လိုက္ေတာ့"

"ေကာင္းပါၿပီ၊ အန္ကယ့္သားေတြကို နိုင္နိုင္နင္းနင္း ထိန္းေပးနိုင္မယ္လို႔လည္း အျပည့္အဝ ယုံၾကည္ပါတယ္၊ အဲ့ဒါဆို ခြင့္ျပဳပါဦး"

"အင္း"

ဦးမ်ိဳးမဟာ၏ နီျမန္းလာ‌ေသာမ်က္ႏွာက ဖုံးဖိထားသည့္ ေဒါသစိတ္ကို ျပေနသည္။ ကြၽန္ေတာ္ ေက်နပ္လိုက္ေလျခင္း။ မင္းေနျပည္ေတာ္မွ ေဝးေဝးေျပးသြားသည့္ သားေတာ္ႏွစ္ပါးကို ဘုရင္ႀကီးကိုယ္တိုင္ အမိန႔္ေတာ္ခ်မွတ္ၿပီး ျပန္ေခၚေတာ့မည္။ ဘယ္ေလာက္ေကာင္းလိုက္သလဲ။ ေက်နပ္အားရ ျဖစ္လိုက္ေလျခင္း။

"ေတာက္! Koe ကြာ ..ဘာေတြေလွ်ာက္လုပ္ေနတာလဲ ဒီေကာင္ေလး"

Koe ၏ခ်စ္သူဆိုေသာ ေကာင္ေလးက ေရာက္လာၿပီး မ်ိဳးမဟာကို ေျပာဆိုသြားသည္။ မ်ိဳးမဟာ ကိုယ္တိုင္က စီးပြားေရးပဲ အာ႐ုံစိုက္ေနခဲ့လို႔ သားႏွစ္ေယာက္ကိစၥကို အခ်ိန္အေတာ္ၾကာ ေမ့ထားမိသည္။ Koe ႏွင့္ သုံးသုံးသည္ ညီအစ္ကိုအရင္းေတြ မဟုတ္ၾကတာကို မ်ိဳးမဟာေရာ ျမႏွင္းရည္ပါ ေမ့ထားခဲ့ၾကသည္။ အခုက်မွ Koe က သုံးသုံးကို ကားတင္ေျပးတယ္ဆိုေတာ့မွ မ်ိဳးမဟာလည္း ေမ့ေဖ်ာက္ထားခဲ့သည့္ ေနာက္ေၾကာင္းရာဇဝင္ေတြကို ျပန္စဥ္းစားျဖစ္သြားသည္။

"Koe က သားငယ္ကို ကားတင္ေျပးရေအာင္ အျဖစ္မွန္ေတြကို သိေနလို႔လား"

"အဲ့ဒီလိုလည္း ျဖစ္မွမျဖစ္နိုင္တာ၊ Koe မေျပာနဲ႕၊ ဟိုေကာင္ မိုးလြင္ေတာင္မွ မသိတဲ့လွ်ို႔ဝွက္ခ်က္ပဲ၊ ငါနဲ႕ ႏွင္းပဲ သိတဲ့ လွ်ို႔ဝွက္ခ်က္"

"အဲ့ဒါဆို ဟိုေကာင္ေလး လာေျပာသလို Koe က ကိုယ့္ညီေလးကို ေပါက္ကရေတြ လုပ္ေနတာလား၊ ဟာကြာ ဒီေကာင္ေလး ..ကေလးကို ဘာေတြေလွ်ာက္လုပ္ေနတာလဲ"

ဦးမ်ိဳးမဟာသည္ ဆက္စပ္ေတြးမိသမွ်ကို စိတ္ပ်က္ပ်က္နဲ႕ တစ္ေယာက္တည္း ညည္းတြားရင္း Koe ဆီကို ဖုန္းေခၚလိုက္သည္။

Koe ဆီ ဖုန္းဝင္လာသည္။ သုံးသုံးဖုန္းကို Koe ကိုယ္တိုင္ စက္ပိတ္လိုက္တာဆိုေတာ့ Koe ဆီကို ဖုန္းေတြ ဝင္လာေနသည္။ ကိုေနက အဲ့ဒီေလာက္ျမန္ျမန္ႀကီး ေဖေဖ့ကို သြားေျပာလိုက္ၿပီထင္သည္။ Koe ကလည္း သုံးသုံးကို လြန္က်ဴးၿပီးသြားၿပီ။ အခုလည္း သုံးသုံးကို ခိုးေျပးေနၿပီဆိုေတာ့ အျဖစ္မွန္ကို Koe သိေနေၾကာင္း ေဖေဖ့ကို ထုတ္ေျပာလိုက္ေတာ့မည္။ Koe သည္ ကားေမာင္းေနရင္းနဲ႕ ဖုန္းကို လက္တစ္ဖက္က ကိုင္လိုက္သည္။

"ဟယ္လို ေဖေဖ"

ေဖေဖလို႔ ေခၚလိုက္တာနဲ႕ ေဘးနားက ေကာင္ေလးသည္ မ်က္လုံးကေလး ဝိုင္းသြားၿပီး Koe ရွိေနတဲ့ဘက္ကို ေခါင္းလွည့္ၾကည့္လာသည္။

"Koe ..ဘာေတြ ေလွ်ာက္လုပ္ေနတာလဲ ေကာင္ေလး၊ အခုခ်က္ခ်င္း အိမ္ျပန္လာခဲ့စမ္း"

"ေဖေဖ .. ကြၽန္ေတာ္ သုံးသုံးကို ခိုးေျပးသြားၿပီ"

"ဘာ... မင္းတို႔က ညီအစ္ကိုေလ၊ ကိုယ့္ညီကို ဒါမ်ိဳးလုပ္စရာလား၊ အခုခ်က္ခ်င္း အိမ္ျပန္လာခဲ့"

"ကြၽန္ေတာ္နဲ႕ သုံးသုံး ဘာမွမေတာ္စပ္မွန္း ဟိုးအရင္ကတည္းက ကြၽန္ေတာ္သိတယ္၊ အဲ့ဒါေၾကာင့္ သုံးသုံးကို ခ်စ္သူလို ခ်စ္ခဲ့တာ၊ ေဖေဖတို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ခြဲပစ္ရင္ အိမ္ျပန္မလာနိုင္ဘူး"

Koe လည္း ရင္ထဲမွာ ဘာကိုမွ ေအာင္းမထားေတာ့ဘဲ ေဖေဖ့ကို အကုန္ထုတ္ေျပာလိုက္သည္။ ေဖေဖသည္ ဒီလိုျဖစ္ေနလိမ့္မယ္လို႔ ေမွ်ာ္လင့္မထားတာ ေသခ်ာသည္။ ေဖေဖက Koe ကို ဘာမွထပ္မေျပာေတာ့ဘဲ အသံတိတ္သြားခဲ့သည္။

"ေဖေဖ ..ေဖေဖ..အီးဟီး ..ကယ္ပါဦး ေဖေဖ၊ ကိုကိုး ကြၽန္ေတာ့္ကို ဘယ္ေခၚသြားတာလဲ မသိဘူး၊ ကိုကိုးကို မုန္းတယ္၊ ကိုကိုးကို မုန္းတယ္..အီးဟီး"

ေဖေဖ့အသံႏွင့္ Koe အသံက တိတ္ဆိတ္သြားတဲ့အခ်ိန္ခဏမွာ စူးစူးဝါးဝါး ထြက္လာေသာအသံက သုံးသုံး၏ ေအာ္ငိုသံ။

"Koe ..ကေလးကို ဘယ္ေခၚသြားတာလဲ၊ အိမ္ျပန္ လာခဲ့စမ္း၊ ကေလးက မင္းလုပ္ရပ္ကို လက္မခံဘူးေနာ္၊ အိမ္ကို ျပန္လာခဲ့ၾက"

"ျပန္မလာနိုင္ဘူး ေဖ​ေဖ၊ အဲ့ဒီေကာင္ေလးက ကြၽန္ေတာ့္ကို ပစ္ပယ္ခ်ၿပီး ကိုေနနဲ႕ လက္ထပ္မလို႔တဲ့၊ ကြၽန္ေတာ္ ဒီေကာင္ေလးကို ဘယ္သူ႕ကိုမွ မေပးနိုင္ဘူး"

"Koe .. မင္းတို႔ရဲ႕ျဖစ္တည္မႈကိုက ညီအစ္ကို ျဖစ္တည္မႈ၊ ကေလး လက္မခံတာကို အတင္းအက်ပ္ မလုပ္စမ္းနဲ႕၊ အခု အိမ္ျပန္လာခဲ့"

အေရးႀကဳံလာခ်ိန္မွာ ေဖေဖကလည္း Koe ဘက္မွာ မရွိဘူး။ သုံးသုံး ေအာ္ငိုသံကို ၾကားသြားလို႔ ေဖေဖပါ စိတ္ေျပာင္းသြားတာလား။

"အီးဟီး..ေဖေဖ.. ကိုကိုးက ေလွ်ာက္ေျပာေနတယ္၊ ကြၽန္ေတာ္က ေဖေဖ့သားအရင္း မဟုတ္ဘူးတဲ့"

သားငယ္၏ငိုသံကို ေလလွိုင္းထဲမွ မ်ိဳးမဟာ ၾကားရသည္။ ဝမ္းနည္းအားငယ္ ျဖစ္ေနေသာ ငိုသံေလး။ ဒီကေလးကို ဒီလိုခံစားရမွာစိုးလို႔ လွ်ို႔ဝွက္ခ်က္ႀကီးကို ဒီေန႕အထိ ဖုံးဖိလာခဲ့တာ။ ဒီကေလးကို ဘယ္လိုေျပာရမလဲ။ ခုနတုန္းက ဈာန္ဆိုသည့္ ေကာင္ေလးကလည္း သားႀကီးကို လူစိတ္ေပ်ာက္ေနတယ္လို႔ ေျပာဆိုသြားသည္။ ကေလးႏွစ္ေယာက္စလုံးကို လူေျပာမခံေစခ်င္ဘူး။

"သားငယ္ သုံးသုံး ..Koe က မူးမူး႐ူး႐ူးနဲ႕ ေလွ်ာက္ေျပာေနတာ၊ သားက ေဖေဖ့သား၊ ေဖေဖ့ေသြးေတြ စီးဆင္းေနတဲ့ ေဖေဖ့သား အရင္းေလးပါ"

"ေဖေဖ ကြၽန္ေတာ့္ကို လာေခၚ "

"အခု ဘယ္ေနရာမွာလဲ၊ ေဖေဖ လာေခၚမယ္"

"အီးဟီး .. မသိဘူး ေဖေဖ"

"Koe ..အိမ္ကို အခုခ်က္ခ်င္း ျပန္လာခဲ့စမ္း၊ ကေလးက လက္မခံဘူးေနာ္၊ မင္းလုပ္ေနတာေတြက ျပစ္မႈေျမာက္ေနတယ္"

ေဖေဖက ဘာလို႔ Koe ဘက္မွာ ရွိမေနတာလဲ။ Koe ေဒါသျဖစ္မိသည္။ Koe ဘဝမွာ တစ္ခုတည္းေသာ အားကိုးစရာက ေဖေဖပဲေလ။ ေဖေဖ ဘာလို႔ Koe ဘက္မွာ ရပ္တည္မေပးတာလဲ။ Koe ေဖေဖ့ကို ဘာစကားမွ ထပ္မေျပာေတာ့ဘူး။ ဖုန္းခ်ပစ္လိုက္သည္။ပါဝါခလုတ္ကိုပါ ဖိပိတ္ပစ္လိုက္ၿပီးေတာ့ အိမ္ႏွင့္တစ္ခါတည္း အဆက္အသြယ္ျဖတ္ပစ္လိုက္သည္။

"အီးဟီး ..အိမ္ျပန္ပို႔ေပး၊ ကိုကိုးက လူလိမ္လူညာ လူယုတ္မာႀကီး"

"သုံးသုံး တိတ္စမ္း၊ ေဖေဖ မင္းကို ညာေျပာေနတာ"

"မဟုတ္ဘူး မဟုတ္ဘူး၊ ေဖေဖညာတာ မဟုတ္ဘူး၊ ကိုကိုး ညာေနတာ"

ကားေပၚမွာ ေအာ္ငိုလာေသာေကာင္ေလးသည္ Koe ၏ လက္ႏွင့္ေက်ာျပင္ကို လက္လွမ္းမွီသေလာက္
ထုရိုက္ပစ္လာသည္။ Koe ဘာမွျပန္မလုပ္ဘဲ ခရီးဖင့္မွာစိုးလို႔ ကားကိုသာ အျမန္ေမာင္းေနလိုက္သည္။ ျပင္ဦးလြင္ႏွင့္ ေနာင္ခ်ိဳဆိုတာ အနီးေလးဆိုေတာ့ နာရီဝက္ေက်ာ္ေက်ာ္ေလာက္ အၾကာမွာ ေနာင္ခ်ိဳကို ေရာက္လာသည္။ ေနာင္ခ်ိဳမွာ Koe ပိုင္ဆိုင္သည့္ လီလီပန္းစိုက္ခင္းၿခံရွိသည္။ အဲ့ဒီကိုပဲ ေမာင္းလာလိုက္သည္။

လီလီပန္းစိုက္ခင္းၿခံထဲက သစ္သားအိမ္ေလးဆီကိုကားကို ေမာင္းဝင္လာလိုက္သည္။ သုံးသုံးက Koe လက္ခ်က္နဲ႕ လမ္းေလွ်ာက္ဖို႔ေတာင္ ယိုင္နဲ႕နဲ႕ ျဖစ္ေနလို႔ သုံးသုံးကို ေပြ႕ခ်ီၿပီး ခုတင္ေပၚမွာ ခ်ေပးရသည္။ ေကာင္ေလးရဲ႕လက္ကေလးႏွစ္ဖက္ကို ပူးခ်ည္ထားတာကို မျဖဳတ္ေပးတဲ့အျပင္ ေျခေထာက္ေတြကိုပါ ထပ္ခ်ည္လိုက္သည္။ Koe မွာ လုပ္စရာရွိေသးသည္။

Koe အျပင္သြားေနတုန္းမွာ သုံးသုံးထြက္ေျပးမွာ ေၾကာက္လို႔ လက္ေရာ ေျခေထာက္မွာပါ အဝတ္နဲ႕ခ်ည္ၿပီးေတာ့ အိမ္တံခါးပိတ္ၿပီး ထားပစ္ခဲ့သည္။ သုံးသုံးက ငိုက်န္ခဲ့သည္။ Koe ရင္ထဲမွာ မေကာင္းဘူး။ Koe တို႔ႏွစ္ေယာက္သား ေအးခ်မ္းေနေသာ ဘဝေလးကို စေနၿဂိဳဟ္ ဝင္စီးသြားတာမ်ား ကေမာက္ကမေတြ ျဖစ္ကုန္ၿပီ။ Koe ကို အရမ္းခ်စ္တဲ့ေကာင္ေလးကေတာင္ Koe ကို မုန္းတယ္တဲ့။ Koe ဘယ္ေလာက္အထိ ရင္နာေနရသလဲ။

လီလီပန္းစိုက္ခင္းၿခံ၏မန္ေနဂ်ာ ဦးနိုင္တို႔အိမ္ကို Koe ထြက္လာလိုက္သည္။ Koe ဒီကို ထြက္လာတယ္ဆိုတာကို ဘယ္သူမွ မသိေအာင္ မန္ေနဂ်ာဦးနိုင္ကို ႀကိဳတင္ၿပီး ႏႈတ္ပိတ္ထားရမယ္ေလ။

"ဦးနိုင္"

မန္ေနဂ်ာဦးနိုင္တို႔ အိမ္ေရွ႕မွာ Koe ကားရပ္လိုက္သည္။ ဦးနိုင္ကို နာမည္ေခၚရင္းနဲ႕ အိမ္ေပၚကို တက္သြားလိုက္သည္။

"ဦးနိုင္"

"သူေဌး.. ႐ုတ္တရက္ႀကီး ေရာက္လာပါလား၊ ဘယ္က ဘယ္လို"

"ခင္ဗ်ားကို ႏႈတ္လာပိတ္တာဗ်ာ၊ ကြၽန္ေတာ့္ခ်စ္သူကို ခိုးေျပးလာလို႔၊ ဒီမွာ ရက္အနည္းငယ္ေလာက္ ပုန္းေနခ်င္လို႔"

"သူေဌးက အိမ္က သေဘာမတူတဲ့မိန္းမကို ခိုးေျပးလာတာလား၊ ရပါတယ္ဗ်ာ၊ ဘယ္သူမွ မသိေစရဘူး၊ ကြၽန္ေတာ္ ဖုံးထားေပးမယ္"

"အိမ္က သေဘာမတူတာေတာ့ မွန္တယ္၊ ကြၽန္ေတာ္ ခိုးေျပးလာတာ မိန္းမ မဟုတ္ဘူးဗ်၊ ေကာင္ေလး"

"ခင္ဗ်ာ..အဲ့ဒါဆို သူေဌးအေဖသိရင္ မိုးမီးေလာင္မွာေပါ့"

"အဲ့ဒါေၾကာင့္ ဘယ္သူ႕မွ ေလွ်ာက္မေျပာခိုင္းတာ၊ ကြၽန္ေတာ္ ေနစရာတစ္ခုခု ရွာမွာပါ၊ ေလာေလာဆယ္ေတာ့ ဒီမွာ ခဏေနမယ္"

"ေပ်ာ္သေလာက္ ေနပါဗ်ာ၊ သူေဌးပိုင္တဲ့ ေနရာပဲ၊ စားေရးေသာက္ေရးေရာ စီစဥ္ေပးရမလား"

"ရတယ္ ရတယ္၊ ကြၽန္ေတာ္ကိုယ္တိုင္ ခ်က္ျပဳတ္ေကြၽးခ်င္လို႔"

"ျဖစ္ရဲ႕လား သူေဌးရယ္၊ သူေဌးက ဘာလုပ္တတ္မွာမို႔လဲ"

"ဟဲဗီးႀကီးေတာ့ မရဘူးေပါ့ဗ်ာ"

"ရႈပ္ပါတယ္၊ အစားအေသာက္အတြက္ ပူမေနပါနဲ႕၊ ကြၽန္ေတာ္ကိုယ္တိုင္ စီစဥ္ေပးမယ္"

"အဲ့ဒါဆိုလည္း ေက်းဇူးပါ၊ ကြၽန္ေတာ္ ၿမိဳ႕ထဲသြားဦးမယ္၊ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ ထြက္လာတာဆိုေတာ့ ျပန္ဝတ္စရာ မရွိဘူး၊ သြားဝယ္မလို႔"

"ဟုတ္ကဲ့ သူေဌး"

"အဲ့ဒါဆို ကြၽန္ေတာ့္ကိစၥကို ႏႈတ္လုံပါေစေနာ္"

"စိတ္ခ်ပါဗ်ာ၊ ဘယ္သူ႕ကိုမွ မေျပာပါဘူး"

Koe လည္း ဦးနိုင္ကို ယုံၾကည္စိတ္ခ်ၿပီး ေနာင္ခ်ိဳၿမိဳ႕ထဲကို ထြက္လာလိုက္သည္။ Koe တို႔အတြက္ တစ္ကိုယ္ေရတစ္ကာယ အသုံးအေဆာင္ပစၥည္းေတြကို ဝယ္ယူရသည္။ အထုပ္ေတြ တေပြ႕တပိုက္နဲ႕ လီလီပန္းစိုက္ခင္းၿခံကို ျပန္ေရာက္လာသည္။ အိမ္ကို ျပန္ေရာက္တဲ့အခါ တစ္ေယာက္အိပ္ ခုတင္အထက္မွာ သုံးသုံးကိုေတြ႕ရမွ Koe ရင္ေအးသြားရသည္။

"ကိုကိုး အိမ္ျပန္ပို႔ေပး"

Koe အိမ္ေပၚတက္လာတာကို ျမင္တာနဲ႕ သုံးသုံးကလည္း ထပ္ေအာ္ျပန္သည္။ Koe သည္ ဝယ္လာေသာ အထုပ္အားလုံးကို ခုတင္ေျခရင္းမွာ ခ်ထားလိုက္သည္။ သုံးသုံးအနားကို တိုးကပ္သြားၿပီးေတာ့ လက္ႏွစ္ဖက္ကို အဝတ္နဲ႕ ပူးခ်ည္ပစ္ထားတာကို ဖယ္ရွားေပးလိုက္သည္။ ေျခေထာက္မွာ ခ်ည္ထားတာကိုပါ ျဖဳတ္ေပးလိုက္သည္။

"ဗိုက္ဆာေနေရာေပါ့၊ ေန႕လယ္စာ စားရေအာင္"

ေန႕လယ္စာစားခ်ိန္ကို ေက်ာ္လြန္ေနၿပီဆိုေတာ့ Koe လည္း ၿမိဳ႕ထဲက ဝယ္လာေသာ အစားအေသာက္ကို ပန္းကန္ထဲေျပာင္းထည့္လိုက္သည္။ သုံးသုံးက ရွမ္းအစားအစာႀကိဳက္မွန္း Koe သိလို႔ ရွမ္းထမင္းခ်ဥ္ကို ဝယ္လာလိုက္သည္။ ညစာကို ဦးနိုင္လာပို႔မည္။ Koe သည္ သုံးသုံးကို ေက်ာခိုင္းၿပီး ပန္းကန္ေတြထဲကို အစားအေသာက္ေတြကို လွယ္ထည့္ေနလိုက္သည္။

*ဝုန္း!*

အသံၾကားလိုက္လို႔ စိုးရိမ္စိတ္နဲ႕ Koe လွည့္ၾကည့္လိုက္တဲ့အခါ သုံးသုံးက ခုတင္ေဘးမွာ ပုံလ်က္သား လဲက်ေနသည္။

"သုံးသုံး ..မင္း ..မင္းထြက္ေျပးမလို႔ လုပ္လိုက္တာ မဟုတ္လား"

ခုတင္ေပၚမွာရွိေနတဲ့ ေကာင္ေလးက ၾကမ္းျပင္ေပၚကို ပုံလ်က္သား လဲက်သြားတာဆိုေတာ့ ဒီေကာင္ေလးက ၿငိမ္ၿငိမ္မေနဘဲ ထြက္ေျပးဖို႔ ႀကံ႐ြယ္လိုက္မွန္း Koe သိလိုက္သည္။ ဒီေကာင္ေလးရဲ႕ခႏၶာကိုယ္က အားနည္းေနသည္။ အခုခ်ိန္မွာ ျမန္ျမန္သြက္သြက္ ထြက္ေျပးရေလာက္ေအာင္ ဘယ္လိုစြမ္းေဆာင္နိုင္ဦးမွာလဲ။

"ကိုကိုး အိမ္ျပန္ပို႔ေပးပါ"

"မပို႔ဘူး၊ ေဖေဖ သေဘာမတူမခ်င္း မင္းကိုျပန္မပို႔ေပးနိုင္ဘူး၊ မင္းနဲ႕ငါ ညားသြားၿပီေနာ္၊ ထြက္ေျပးဖို႔ မႀကိဳးစားနဲ႕"

"ကိုကိုး လူယုတ္မာ၊ ကိုကိုးက ကိုယ့္ညီကို sex လုပ္တဲ့ေကာင္၊ ကိုကိုးကို မုန္းတယ္၊ ကိုကိုးကို မုန္းတယ္"

"ေဖေဖညာေနတာ၊ မင္းက ေဖေဖ့သားအရင္း မဟုတ္ဘူး"

"ေဖေဖ မညာဘူး၊ ကိုကိုး ညာတာ၊ ကိုကိုး ညာေနတာ၊ အိမ္ျပန္ပို႔ေပးပါ၊ ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔ေပးပါ..အီးဟီး"

Koe ကို ေအာ္ဟစ္ေနေလေသာ သုံးသုံး။ Koe ကို အရမ္းခ်စ္တယ္ဆိုေသာ ေကာင္ေလးသည္ ဘာလို႔ အခုက်မွ မုန္းတယ္လို႔ခ်ည္း ေအာ္ဟစ္ေနရတာလဲ။ Koe မလုပ္ခ်င္တဲ့ အလုပ္တစ္ခုကို ထပ္လုပ္ရေတာ့မည္။ အဲ့ဒီလိုထြက္ေျပးနိုင္တယ္လို႔ ခန႔္မွန္းမိလို႔ကို ၿမိဳ႕ထဲထြက္တုန္းက စတီးႀကိဳးတစ္‌ေခ်ာင္းကို ဝယ္လာမိတာ။ အခုေတာ့ မသုံးခ်င္လည္း သုံးရေတာ့မည္။ သုံးသုံးရဲ႕လက္ေကာက္ဝတ္ကို စတီးႀကိဳးခတ္ၿပီး ခုတင္တိုင္ႏွင့္ တြဲခ်ည္ပစ္လိုက္သည္။ Koe ဒီလိုမလုပ္ခ်င္ပါဘူး။ ဒီေကာင္ေလးက Koe ကို ဘာလို႔ လက္ခံမေပးရတာလဲ။

"ကိုကိုးကို မုန္းတယ္၊ ကြၽန္ေတာ္ ကိုႀကီးနဲ႕ပဲ ယူမွာ"

"သူ႕ကိုယူမယ္လို႔ ထပ္မေျပာနဲ႕၊ မင္း ငါ့ေယာကၤ်ားျဖစ္သြားၿပီ"

"ကိုကိုး ႐ူးေနတာ၊ ကိုကိုးက ကိုယ့္ညီေလးကို sex လုပ္တဲ့ တဏွာ႐ူးႀကီး အယုတ္တမာႀကီး"

"ငါေျပာေနတယ္ေလ၊ မင္းနဲ႕ငါ ဘာမွမေတာ္ဘူးလို႔၊ ေဖေဖ မင္းကို ညာေျပာေနတာ၊ ငါ့စကားက အမွန္"

"ကိုကိုး ညာေနတာ၊ ကိုကိုးက တဏွာစိတ္ေတြ ေခါင္းထဲေရာက္ၿပီး ေလွ်ာက္ေျပာေနတာ၊ ကိုကိုးကို မုန္းတယ္"

"ကဲကြာ.. မုန္းကြာ မုန္းကြာ မုန္းစမ္း၊ ငါမင္းကို ခ်စ္တယ္၊ ငါမင္းကို ေသာက္ရမ္းခ်စ္တယ္"

ဒီေကာင္ေလး Koe စိတ္ကို လာဆြေနတာ။ Koe ကို မုန္းတယ္လို႔ ခါးခါးသီးသီး ေအာ္ဟစ္ေနတဲ့ ေကာင္ေလးကို ခုတင္ေပၚ တြန္းလွဲခ်ပစ္ၿပီး ႏႈတ္ခမ္းေလးကို အတင္းအက်ပ္ ဖိကပ္နမ္းပစ္လိုက္သည္။ သုံးသုံးက Koe ၏ လက္ေတြကေန ႐ုန္းကန္ေနေလသည္။

"အြန့္ .. အြင့္ .. ကိုကိုးကို မုန္းတယ္ ..ကိုကိုးကို မုန္းတယ္"

ဒီစကားကလြဲရင္ ဘာစကားမွ မေျပာတတ္ေတာ့တာလား။ ဒီေကာင္ေလးက ဒီတစ္ခြန္းပဲ အာဂုံေဆာင္ၿပီး
႐ြတ္ေနတာ။ Koe လည္း ေဒါသျဖစ္ျဖစ္နဲ႕ သုံးသုံးတစ္ကိုယ္လုံးကို ေနရာအႏွံ႕ အတင္းအက်ပ္ ဖိကပ္နမ္းပစ္လိုက္သည္။ ၿပီးက်မွ ရင္ခြင္ထဲကို ဆြဲသြင္းပစ္ကာ ခပ္တင္းတင္းေလး ဖက္ပစ္ထားလိုက္သည္။ ဒီေကာင္ေလးကို ဆုံးရႈံးလိုက္ရမွာ ေၾကာက္သည္။ ထြက္ေျပးသြားမွာလည္း ေၾကာက္သည္။ Koe တို႔ေတြ ခုတင္အထက္မွာ မလႈပ္မယွက္ ၿငိမ္သက္ေနၾကသည္။ Koe ၏ရင္ခြင္ထဲမွာ သုံးသုံးရွိ‌ေနသည္။ သုံးသုံးက လက္တစ္ဖက္မွာ ႀကိဳးတန္းလန္းနဲ႕ Koe ကို ေခါင္းေမာ့ၾကည့္ေနသည္။

"ငါမင္းကို အရမ္းခ်စ္တယ္၊ ဘယ္မွ ထြက္မေျပးပါနဲ႕ေနာ္၊ ငါ့အနားမွာပဲ ေနပါ"

သုံးသုံးက ေအာ္ရတာ ေမာသြားလို႔ပဲလား။ အသံမထြက္ဘဲ ၿငိမ္က်သြားသည္။ Koe လည္း နည္းနည္းေလး စိတ္ခ်မ္းသာသြားသည္။ တစ္ေယာက္နဲ႕တစ္ေယာက္ မ်က္ဝန္းေတြကို ေငးၾကည့္ေနမိၾကသည္။ အရင္အခ်ိန္ေတြတုန္းကဆိုရင္ ခုတင္ေပၚမွာ Koe တို႔ႏွစ္ေယာက္ အတူရွိေနတိုင္း ၾကည္ႏူးရတဲ့ အခ်ိန္ေတြေလ။ အခုက် ႏွစ္ေယာက္စလုံးက မ်က္ရည္စေတြနဲ႕။

"ဗိုက္ဆာေနၿပီ မဟုတ္လား၊ မင္းကို ထမင္းခြံ႕ေကြၽးမယ္"

Koe ခုတင္ေပၚက ျပန္ဆင္းလာလိုက္သည္။ ရွမ္းထမင္းခ်ဥ္ပန္းကန္ကို သြားယူကာ ခုတင္ေပၚကို ျပန္ေရာက္လာသည္။ Koe လည္း သုံးသုံးအေရွ႕မွာ ေနရာယူလိုက္သည္။

"ထမင္းစားမွ က်န္းမာမွာ၊ ဒီေနရာက ထြက္ေျပးခ်င္ရင္ေတာင္ ထမင္းစားမွ အားရွိမွာ"

သုံးသုံး ထမင္းစားေအာင္လို႔ စကားကို လွည့္ပတ္
ေျပာလိုက္သည္။ အဲ့ဒီလိုက်မွ ေကာင္ငယ္ေလးက ပါးစပ္ဟေပးလာသည္။ Koe လည္း တစ္ဇြန္းၿပီး တစ္ဇြန္း ထမင္းခြံ႕ေကြၽးရသည္။ ဒီေကာင္ေလးက အေတာ္ က်န္းမာခ်င္သြားတာပဲလား။ ထမင္းတစ္ပန္းကန္လုံးကို စားလိုက္သည္။ သုံးသုံး ထမင္းစားလို႔ Koe စိတ္ခ်မ္းသာရေပမယ့္လည္း မခံခ်ိမခံသာစိတ္ေၾကာင့္ ရင္ဘတ္ထဲက ေအာင့္သက္သက္နဲ႕။

"ေဆးတစ္ခြက္ပါ ေသာက္ထားလိုက္ဦး၊ ဒါက အကိုက္အခဲေပ်ာက္ေဆး၊ မင္း နာက်င္ေနတာေတြ ေပ်ာက္သြားလိမ့္မယ္"

သုံးသုံးက Koe ကို ဘာမွျပန္မေျပာလာဘူး။ ေဆးတိုက္ေတာ့လည္း ျငင္းဆန္ျခင္း မျပဳဘဲ ေလွ်ာေလွ်ာရႉရႉပဲ ေဆးကို ေသာက္ခ်လိဳက္သည္။

"ကိုကိုး .. ကြၽန္ေတာ္ ရႉးရႉးေပါက္ခ်င္တယ္"

ဒီေကာင္ေလးက Koe ကို အေယာင္ျပၿပီး ထြက္ေျပးဖို႔ ႀကံစည္တာလား။ ခုတင္တိုင္နဲ႕ တြဲခ်ည္ထားေသာ ႀကိဳးကို ျဖဳတ္‌ေပးၿပီးတာနဲ႕ သုံးသုံးကို ေကာက္ခ်ီပစ္လိုက္သည္။ ေကာင္ငယ္ေလးကို ခ်ီပိုးၿပီး အိမ္သာကို ေခၚသြားလိုက္သည္။

"သြား ..ဝင္သြားလိုက္၊ ငါ ဒီအေရွ႕က ေစာင့္ေနမယ္"

"ကြၽန္ေတာ္ မေနတတ္ဘူး၊ ကိုကိုး အိမ္ေပၚမွာ သြားေစာင့္ေန"

ဒီေကာင္ေလး ဉာဏ္မ်ားေနတာလား။ ထြက္ေျပးဖို႔ ႀကံ႐ြယ္ေနတာလား။ Koe ကို ဒီလိုလုပ္လို႔ ရမလား။

"မေနတတ္ရင္ အိမ္သာထဲကို ငါပါ လိုက္ဝင္ေပးရမလား"

"ကိုကိုး"

သုံးသုံးတစ္ေယာက္ Koe ကို စူးစူးဝါးဝါး ေအာ္ဟစ္သည္။ မ်က္ေစာင္းလွလွေလး ထိုးပစ္ၿပီး အိမ္သာတံခါးကို ေဆာင့္ပိတ္ၿပီး ဝင္သြားသည္။ Koe လည္း တင္းက်ပ္ေနေသာ စိတ္ေတြက အခုမွ ေျပေလ်ာ့က်ကာ ရယ္မိသည္။

"ဟား ဟား ဟား"

Koe ဘယ္တုန္းကမွ မေတြးမိဘူး။ ေကာင္ေလးတစ္ေယာက္ အိမ္သာသြားေနတာကို ထိုင္ေစာင့္ေပးရလိမ့္မယ္လို႔။ Koe အဲ့ဒီေလာက္ထိလည္း စိတ္မရွည္ဘူး။ Koe အခု အရမ္း စိတ္ရွည္သြားျပန္သည္။ အိမ္သာထဲက ထြက္မလာေသးတဲ့ ေကာင္ေလးကို ေစာင့္ေနမိသည္။

"ကိုကိုး"

"အင္း ..ၿပီးၿပီလား၊ အခ်ိန္မနည္းေတာ့ဘူး၊ ေရပါ
တစ္ခါတည္း ခ်ိဳးလိုက္ပါလား"

Koe အေရွ႕မွာ မတ္တပ္လာရပ္ေသာ ေကာင္ေလးရဲ႕
တီရွပ္အကၤ်ီကို Koe ဆြဲခြၽတ္ေပးလိုက္သည္။ အုတ္ကန္ေဘးကို တြဲေခၚလာသည္။ Koe ပါ အဝတ္ေတြ ခြၽတ္ပစ္လိုက္သည္။ ဟိုအရင္အခ်ိန္က ေကာ္ဖီၿခံထဲမွာ Koe တို႔ေတြ ေရအတူတူ ခ်ိဳးခဲ့ၾကဖူးသည္။ အဲ့ဒီအခ်ိန္တုန္းက ႏွစ္ေယာက္သား အရမ္းေပ်ာ္ခဲ့သည္။ သုံးသုံးက အဲ့ဒါကို ျပန္မွတ္မိသြားေအာင္ သုံးသုံးကို ေရနဲ႕ လွမ္းပက္‌ေပးလိုက္သည္။

"ကိုကိုး"

"အင္း ..ျပန္ပက္ေလ၊ ေပ်ာ္စရာ ေကာင္းတယ္"

Koe ၿပဳံးၿပဳံး႐ႊင္႐ႊင္ ေျပာလိုက္ေပမယ့္ သုံးသုံးက Koe ကို ေရနဲ႕ ျပန္မပက္ဘူး။ ေရကိုပဲ ေလာင္းခ်ိဳးေနသည္။ Koe လည္း ဆပ္ျပာတုံးကိုယူၿပီး သုံးသုံးရဲ႕ေက်ာျပင္ေလးကို ပြတ္တိုက္ေပးလိုက္သည္။

"ကိုကိုး"

"အင္း.. ေဖြးဥႏုထြတ္ေနတာပဲ၊ ခ်စ္လိုက္တာ"

ဒီေကာင္ေလးကို ဆပ္ျပာတိုက္ေပးရင္းနဲ႕ Koe မွာ ခ်စ္လို႔ကို မဝနိုင္တာ။ ဆံပင္ကို ေခါင္းငုံ႕နမ္း၊ ပခုံးစြန္းေလးကို စုပ္နမ္းပစ္လိုက္နဲ႕ ဒီေကာင္ေလးကို အနမ္းေႁခြမိျပန္သည္။

"ေရခ်ိဳးလို႔ၿပီးၿပီ ကိုကိုး"

"ေရာ့ .. ေရလဲပုဆိုး"

Koe ကိုယ္တိုင္လည္း ေရလဲပုဆိုးကို တစ္ခါတည္း
လဲဝတ္ၿပီးမွ သုံးသုံးႏွင့္အတူ အိမ္ေပၚကို ျပန္တက္လာသည္။ အျပင္က ဝယ္လာေသာ အဝတ္တစ္စုံကို ျပန္လဲဝတ္ၾကသည္။ အခ်ိန္ကလည္း ေမွာင္က်သြားၿပီ။ ဦးနိုင္ေတာင္ ညစာလာပို႔ေပးသြားၿပီ။ သုံးသုံးက နည္းနည္းၿငိမ္ေနလို႔ လက္ေကာက္ဝတ္ကို ႀကိဳးခ်ည္ထားမေနေတာ့ဘူး။ Koe အဲ့ဒီကေလးကို နာက်င္ေအာင္ မလုပ္ခ်င္ဘူးေလ။

"သုံးသုံး ..လီလီပန္းေတြ သြားၾကည့္မလား"

သုံးသုံးသည္ ျပတင္းေပါက္မွာရပ္ကာ အႀကံဉာဏ္ထုတ္ေနမိသည္။ ကိုကိုးဆီက လြတ္ေျမာက္ဖို႔ဆိုရင္ ကိုကိုးကို အယုံသြင္းရမည္။ အဓိကက အိမ္ျပန္နိုင္ဖို႔။ ေဖေဖကိုယ္တိုင္ ေသခ်ာေျပာခဲ့တာပဲ။ သုံးသုံးတို႔က ညီအစ္ကိုဆိုတာကို။ ကိုကိုးကသာ ေလွ်ာက္ေျပာေနတာ။ အဲ့ဒါေၾကာင့္ သုံးသုံး အိမ္ျပန္မည္။ ကိုကိုးနဲ႕ ဘာမွမျဖစ္ခဲ့ၾကသလို အိမ္ကို ျပန္သြားေတာ့မည္။

"ၾကည့္မယ္ ကိုကိုး"

"မင္း လမ္းသိပ္မေလွ်ာက္နိုင္ဘူး မဟုတ္လား၊ ငါ မင္းကို ကုန္းပိုးသြားေပးမယ္"

ကိုကိုးက သုံးသုံးကို ကုန္းပိုးပစ္ၿပီး အိမ္အျပင္ကို ထြက္လာသည္။ ကိုကိုးက လမ္းကို ျဖည္းျဖည္းပဲ ေလွ်ာက္သည္။ အေတာ္ေလးၾကာေတာ့ မွန္လုံအိမ္ စိုက္ခင္းတစ္ခုကို ေရာက္လာသည္။ ကိုကိုးက မွန္လုံအိမ္ထဲကို ဝင္သြားသည္။ ညေရာက္ေနၿပီဆိုေတာ့ အထဲမွာ မီးေရာင္ပ်ပ် ထြန္းထားသည္။ လီလီပန္းမ်ားသည္ အခိုင္လိုက္ အခိုင္လိုက္ ၿမိဳင္ေနေအာင္ ပြင့္ေနၾကၿပီး သင္းရနံ႕က ထုံအီေနသည္။ သုံးသုံးက  ဟိုဒီေလွ်ာက္ၿပီး ပန္းခိုင္ေတြကို လိုက္ၾကည့္သည္။ လီလီပန္းတစ္ခက္ကို ဆြဲယူၿပီး အနံ႕ေမႊးၾကည့္သည္။

"သုံးသုံး ..ပန္းကေလးေတြရဲ႕အလွက သူ႕အနားမွာ လိပ္ျပာေတြ ဝဲပ်ံေနမွ ျပည့္စုံတာ"

သုံးသုံးအနား ကိုကိုး‌ေရာက္လာသည္။ ကိုကိုးက သုံးသုံး၏ ခါးသိမ္သိမ္ေလးကို အေနာက္ကေန ဆြဲသိမ္းဖက္ပစ္လာသည္။ သုံးသုံးလည္း ခႏၶာကိုယ္ကို တစ္ပတ္လွည့္လိုက္သည္။ အဲ့ဒီေတာ့ သုံးသုံးက ကိုကိုးႏွင့္ မ်က္ႏွာခ်င္းဆိုင္ ျဖစ္သြားသည္။

"လီလီေတြက လွသလို မင္းကလည္း လွတယ္၊ လီလီေတြရဲ႕အလွကို ျပည့္စုံသြားဖို႔ လိပ္ျပာတစ္ေကာင္ လိုအပ္သလို မင္းအလွကို ျပည့္စုံသြားဖို႔ မင္းေဘးနားမွာ ငါရွိေနဖို႔ လိုအပ္တယ္၊ ငါမင္းကို အရမ္းခ်စ္တယ္ သုံးသုံး"

ကိုကိုးက သုံးသုံးေမးဖ်ားကို ပင့္ကိုင္ၿပီး ႏႈတ္ခမ္းကို နမ္းရွိုက္လာသည္။ ကိုကိုးကို ျပန္မနမ္းျဖစ္ေပမယ့္ ၿငိမ္ေနလိုက္သည္။ ကိုကိုးက ဝိုင္လို ယစ္မူးဖြယ္ရာေကာင္းေသာ အနမ္းမ်ားကို ေႁခြခ်သည္။ သုံးသုံးက နည္းနည္းမွ မ႐ုန္းဘဲ မ်က္လုံးမွိတ္ထားၿပီး ၿငိမ္ေနလိုက္သည္။ ကိုကိုး၏ စိတ္ေတြ ေျပာင္းလဲသြားၿပီး သုံးသုံးကို စိတ္ခ်လက္ခ် ျဖစ္သြားမယ့္ အေျခအေနတစ္ခုကို ဖန္တီးယူရမည္။

"ငါ့ကိုျပန္နမ္းေလ သုံးသုံး၊ မင္းအနမ္းေတြကို ျပန္လိုခ်င္တယ္၊ ငါတို႔ေတြ ဟိုအရင္အခ်ိန္ကို ျပန္သြားရေအာင္"

ကိုကိုးက အနမ္းေတြ ရပ္ပစ္လိုက္ၿပီး သုံးသုံးကို ေဝ့ဝဲၾကည့္လာသည္။ ကိုကိုး၏စိတ္ကို အာ႐ုံလႊဲေပးဖို႔ သုံးသုံး ျပန္နမ္းမွျဖစ္မည္။ သုံးသုံး ေျခဖ်ားေထာက္ၿပီး ကိုကိုးကို နမ္းေပးလိုက္သည္။ ကိုကိုးက ၿပဳံး႐ႊင္သြားၿပီး သုံးသုံးကို ျပန္နမ္းလာသည္။ ခါးနားတဝိုက္ကိုပါ လက္ဖဝါးနဲ႕ ပြတ္သပ္လာသည္။ သုံးသုံးလည္း မ်က္ဝန္းေတြကို မွိတ္ခ်ၿပီးသာ ကိုကိုး၏ေက်ာျပင္ကို ပြတ္သပ္ေပးေနလိုက္သည္။

"ခ်စ္တယ္ ကေလးရယ္၊ ငါမင္းကို သိပ္ခ်စ္တယ္၊ ငါတို႔ႏွစ္ေယာက္ ဘဝတစ္ခုကို တည္ေဆာက္ၾကမယ္၊ ငါတို႔ႏွစ္ေယာက္တည္း ေနထိုင္မယ့္ အိမ္ကေလးကို တည္ေဆာက္ၾကမယ္၊ မင္းကို တစ္သက္လုံး ေထြးဖက္ထားမယ္၊ ငါေလ မင္းကို သိပ္ခ်စ္ပါတယ္"

Koe အရမ္းေပ်ာ္ေနသည္။ သုံးသုံးက Koe ရဲ႕
အနမ္းေတြေအာက္မွာ စီးေမ်ာလိုက္ပါ လာေနၿပီ။ ထပ္တူညီေသာ အနမ္းေတြေလ။ ႏွစ္ေယာက္သား အျပန္အလွန္ နမ္းျဖစ္ၾကတဲ့ ရင္ခုန္တိမ္းမူးဖြယ္ရာ အနမ္းေတြ။ လီလီပန္းေတြက အရမ္းလွေနသလိုပဲ ပန္းခင္းေဘးမွာ အနမ္းေဝျဖာေနၾကတဲ့ Koe ႏွင့္ သုံးသုံးတို႔ အတြဲကလည္း ၾကည္ႏူးစရာေကာင္းလြန္းလွသည္။ အရမ္းကို ၾကည္ႏူးစရာေကာင္းလွေသာ အခိုက္အတန႔္တစ္ခုကို Koe ပိုင္ဆိုင္ေနသည္။ ဒီလိုအခ်ိန္ေတြကို Koe တစ္သက္လုံး ပိုင္ဆိုင္နိုင္မလား ဆိုတာကေတာ့ ရင္ခြင္ထဲမွာ ရွိေနေသာ ခ်စ္ရသူ၏ စိတ္ခံစားခ်က္အေပၚတြင္ မူတည္ေနသည္။

________________________________________

Continue Reading

You'll Also Like

131K 12.4K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
322K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...
1.4M 149K 54
#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေပးၾကပါရန္ႏွင့္ အေၾကာင္းအရာ လြဲေခ်ာ္မႈမ်ာ...
1.3M 97.4K 64
[Book 1] Story Genre: Romance, Drama, Action (+Mperg) Age Restriction: 13 years and older Plot: Mafiaတစ်ယောက်က သူ့တရားမဝင်လုပ်ငန်းတွေကိုဖော်မယ့်လူတစ်...