အစစ်မကိုကျော်လွန်၍ ရက်ပေါင်း...

By Sebastiann048

929K 111K 9.4K

F ယူနီဗာစီတီ ရဲ႕ စြဲ​ေဆာင္​မႈ အ႐ွိဆံုး ​ေယာက်ာ္​း ႏွစ္​​ေယာက္​.... ၀မ္​ကြမ္​းနင္​ နဲ႔ က်န္​းလင္​ရိ ထိုလူငယ္​... More

About
အပိုင္​း၁.၁ သိပ္​ဟုတ္​တာ​ေပါ့သူတို႔ကFယူနီဗာစီတီရဲ့အသည္​း​ေက်ာ္​ႏွစ​္​​ေယာက္​​​ေလ
အပိုင္​း၁.၂ သိပ္​ဟုတ္​တာ​ေပါ့သူတို႔ကFယူနီဗာစီတီရဲ့အသည္​း​ေက်ာ္​ႏွစ​္​​ေယာက္​​​ေလ
အပိုင္​း၂ ကဲဒါဆိုိႏွစ္​​ေယာက္​​ေပါင္းျပီးလူ​ေတကို ကလဲ့စား​ေခ်ၾကစို႔
အပိုင္​း၃.၁ ဘယ္​သူအ​ေပၚ(Gong)ဘယ္​သူ​ေအာက္​(Shou)​ေခါင္​းပန္​းလွန္​ၿပီးဆံုးျဖတ္​
အပိုင္​း၃.၂ ဘယ္​သူအ​ေပၚ(Gong)ဘယ္​သူ​ေအာက္​​(Shou)​ေခါင္​းပန္​းလွန္​ၿပီးဆံုးျဖတ္​
အပိုင္​း ၄ မပူနဲ႔, ​ေယာက်ာ္​း​ေလး​ေတြအတြက္​ စံုတြဲအက်ီဆိုတာ မ႐ွိဘူး
အပိုင္း ၅ ​ေဂးစံုတြဲ​ေ​တြ'​ေလ့က်င္​့ခန္​း'တူတူလုပ္​ရင္​လြယ္​လြယ္​နဲ႔ဒဏ္​ရာရႏိုင္
အပိုင္​း၆ တစ္​​ေယာက္​ကိုတစ္​​ေယာက္ ခြံ႔​ေကြၽးမယ္​?အ​ေျခခံလူ႔က်င္​့၀တ္​​ေတြ​ေကာ
အခန္​း ၇ သင္​့ရန္​သူ​ေတာ္​ႀကီးရဲ႕ မ်က္​ႏွာကို ဖုန္​းwallpaperထားဖို႔
အပိုင္​း ၈ ႐ုပ္​႐ွင္​ၾကည္​့တဲ့အခါ သူ႔စည္​းကိုယ္​့စည္​းနဲ႔​ေနမယ္​?
အပိုင္​း ၉ ​ေနမ​ေကာင္​းတဲ့အခါ တစ္​​ေယာက္​ကို တစ္​​ေယာက္​ အ​ေဖာ္​ျပဳ​ေပးမယ္​
အပိုင္​း၁၀ အ​ေအးတစ္​ခြက္​ထဲကို တူတူ​ေသာက္​မယ္​,မင္​းတံ​ေတြး​ေတာ့မ​ေထြးထားဘူးမလား
အပိုင္​း၁၁ စာၾကည္​့တိုက္​မွာ စာတူတူဖတ္​မယ္ တ​ေယာက္​ကိုတ​ေယာက္​ စိုက္​ၾကည္​့ၾကမယ္
အပိုင္​း၁၂ အက်ႌအိပ္​ကပ္​တစ္​ခုထဲကိုလက္​ထည္​့ၿပီး​ေႏြး​ေအာင္​လုပ္​ၾကမယ္ၿပီးမွ..
အပိုင္​း၁၃ တစ္​​ေယာက္​ဆံပင္​ကိုတစ္​​ေယာက္​​ေျခာက္​​ေအာင္​သုတ္​​ေပးမယ္
အပိုင္​း ၁၄ မင္း အ႐ွက္​မ႐ွိတဲ့​ေကာင္​ ငါ႐ိႈ႐ိႈကို ျမန္​ျမန္​လႊတ္​လိုက္​စမ္​း
အပိုင္​း၁၅ သစၥာ႐ွိ႐ွိနဲ႔ခ်စ္​တတ္​တဲ့'ကုန္​'ကသူရဲ႕ မာနခဲ'႐ိႈ'​ေလး​ကိုခ​ြင့္​လြတ္​
အပိုင္​း ၁၆ ဆံပင္​ပံုစံ​ေလး​ေတြ တစ္​​ေယာက္ကိုတစ္​​ေယာက္​ မတူ​ေအာင္​​ေရြး​ေပးမယ္​
အပိုင္​း ၁၈ "႐ိႈ႐ိႈ, ငါကို ျမန္​ျမန္​​ေလး ဖက္​​ထား​ေပး"
အပိုင္​း ၁၉ က​ေလးရဲ႕နာမည္​ကို ဘယ္​သူ့မ်ိဳး႐ိုးနာမည္ ​ေပးသင္​့သလဲဆိုတာ....
အပိုင္​း ၂၀ စက္​ဘီစီးရင္​​ေနာက္​​ခံုမပါပဲ​ေ႐ွ႕ဘားတန္​းပဲပါတဲ့စက္ဘီးကို႐ွာရန္​
အပိုင္း ၂၁ စ​က္​ဘီးတူတူစီးၾကရင္​ႏွလံုးခုန္​သံ​ေတြအရမ္​းမျမန္​​ေအာင္​ေသခ်ာထိန္​း
အပိုင္​း ၂၂ ဟင္​းအတူတူခ်က္​ၾကမယ္​... ဒီ ဆိုးရြားတဲ့ နတ္​ဆိုးလို အရသာႀကီးက ဘာလဲ?!
အပိုင္​း ၂၃ ငါတို႔သြားတူတူတိုက္​ၾကမယ္​. ဒါငါတို႔ရဲ႕ပထမဆံုးအနမ္​း လံုး၀ မဟုတ္​ဘူး
အပိုင္​း ၂၄ Plants vs Zombies ဂိမ္​း​ေဆာ့ၾကမယ္​!
အပိုင္​း ၂၅ ကိုယ္​့လူကိုကိုယ္​ သ၀န္တို​ၾကမယ္​!
အပိုင္​း ၂၆ တစ္ဖက္​​လူအတြက္​ ႐ွာလကာရည္​ ​ေသာက္​​ေပးမယ္​! (သို႔မဟုတ္​)...
အပိုင္​း ၂၇ မီး႐ွဴးမီးပန္​း​ေဖာက္​ၾကတဲ့အခါ......
အပိုင္​း ၂၈ ခရီးသြား​​ေနခ်ိန္​မွာ BL ဇာတ္​လမ္​း​ေတြျဖစ္​ဖို႔ အလြယ္​ကူဆံုးပဲ
အပိုင္​း ၂၉ အရက္​အတူတူ​ေသာက္​ၾကမယ္​__ မူးလာတဲ့အခါက်ရင္​​ေတာ့...... hehehe~
အပိုင္​း ၃၀ ပထမဆံုးအနမ္​းကို ​ေလလံတင္​ျခင္​း....... ႏွင္​့ အစစ္​အမွန္​ အနမ္​း
အပိုင္​း ၃၁ တစ္​ညတာ အတူတူအိပ္​ျခင္​း. အဲ့​ေနာက္​____႐ိႈ႐ိႈ.... ငါ့ဟာ မာလာၿပီ
အပိုင္​း ၃၂ လွ်ိဳ႕၀ွက္​ခ်က္​တစ္​ခုအားအတူတူျမႇဳပ္​ႏွံၾကျခင္​း_ငါမင္​းကိုႀကိဳက္တယ္
အပိုင္​း ၃၃ မိုး​ေရထဲတြင္​ အတူတကြ မတ္တပ္ရ​ပ္​ၾကျခင္​း
အပိုင္​း ၃၄ တကယ္​​ေတာ့ငါက Hakuna Matata ၿဂိဳဟ္​ကမာၻ​မွာ ထီး​နန္​းဆက္​ခံလာတာပဲ
အပိုင္​း ၃၅ ၀မ္​ကြမ္​းနင္​​ေခါင္​းအ​ေမာ့မွာခ်က္​ခ်င္​း​ေအးခဲသြားတယ္​ အဲ့မွာZLY
အပိုင္​း ၃၆ အဲ့​ေတာ့ မင္​း ငါနဲ႔ အတူတူ​ေနခ်င္​လား?
အပိုင္​း ၃၇ ဘယ္​သူ sex clip ၾကည္​့ခ်င္ၾက​လဲ?
အပိုင္​း ၃၈ ၀မ္​တဖာ​ေလး: ကြၽန္​​ေတာ္​့ရဲ႕ ​ေနာက္​အ​ေဖတစ္​​ေယာက္​ အိမ္​ျပန္​လာၿပီ
အပိုင္​း ၃၉ မီးဖို​ေဆာင္​ဆိုတာ အျမဲတမ္​း ​ေဂးအခ်စ္​​ေတြ ျပည္​့​ေနတဲ့​ေနရာပဲ
အပိုင္​း ၄၀ ဗိုက္​ႂကြက္​သား ပိုမ်ားသူက ပိုနည္​းသူအ​ေပၚ စိုးမိုးႏိုင္​စြမ္​း႐ွိ
အပိုင္​း ၄၁ အဲ့ဒါက ျမင္​ျမင္​ခ်င္​းအခ်စ္​လား?
အပိုင္​း ၄၂ အ႐ုပ္​​ေကာက္​တာ ​ေအာင္​ျမင္​မွာလား မ​ေအာင္​ျမင္​ဘူးလား ဆိုတာ
အပိုင္​း ၄၃ အ​ေကာင္​းဆံုး ခ်ိန္​း​ေတြ႔ျခင္​းႏွင္​့ ​ေသာက္​က်ိဳးနည္​း ႐ိုမန္​႔စ္
အပိုင္​း ၄၄ သင္​သိရဲ႕လား? မိုး​ေမလင္​းဆိုတာ တကယ္​ႀကီး႐ွိတယ္​!
အပိုင္​း ၄၅ ဒါ​႐ိုက္​တာ​​ခ်င္​း​ေတာင္​ လူခ်င္​းမတူ​ေလ​ေတာ့..
အပိုင္​း ၄၆ သရဖူတစ္​ခု ဘုရင္​က ႏွစ္​​ေယာက္​.. ​အဆံုးသတ္​က ဘယ္​သူျဖစ္​မလဲ?
အပိုင္​း ၄၇ နဂါးအႂကြ ဖီးနစ္​အက
အပိုင္​း ၄၈ အခ်ိန္​အၾကာႀကီး​ေစာင္​့ခဲ့ရတဲ့ ဖီးနစ္​နဲ႔နဂါး အတူကခုန္​ျခင္​း ၁
အပိုင္​း ၄၉ အခ်ိန္​အၾကာႀကီး​ေစာင္​့ခဲ့ရတဲ့ ဖီးနစ္​နဲ႔နဂါး အတူကခုန္​ျခင္​း ၂
အပိုင္​း ၅၀ ဇြန္​ဘီ​ေတြ လာတိုက္​သြားၾကျပန္​ၿပီ
အပိုင္​း ၅၁ အခက္​အခဲ​ေတြလား? အဲ့ဒါဘာကို​ေျပာတာလဲ?
အပိုင္​း ၅၂ ဂီတ​ေဖ်ာ္​​ေျဖပြဲတစ္​ခုကို အတူတူသြားၾကည္​့ၾကမယ္​
အပိုင္​း ၅၃ တစ္​ဖက္​လူကို ကိုယ္​့မိသားစု၀င္​​ေတြနဲ႔ ​ေတြ႕​ေပးမယ္​
အပိုင္​း ၅၄ မင္​း...သ​ေဘာတူ​ေပးႏိုင္​မလား?
အပိုင္​း ၅၅ ဟုတ္​ကဲ့ ကြၽန္​​ေတာ္​နဲ႔ ZLY ခ်စ္​​ေနၾကတာပါ ၁
အပိုင္​း ၅၆ ဟုတ္​ကဲ့ ကြၽန္​​ေတာ္​နဲ႔ ZLY ခ်စ္​​ေနၾကတာပါ ၂
အပိုင္​း ၅၇ ငါ မင္​းတို႔ကို သ​ေဘာမတူဘူး!
အပိုင္​း ၅၈ တစ္​​ေယာက္​ကို တစ္​​ေယာက္​ အသက္​ထက္​ဆံုး ခ်စ္​သြားၾကမယ္​
အပုိင္​း ၅၉ အဆံုးသတ္​​​ဆိုတာ ​ေနာက္​တစ္​ခုရဲ႕ အစပါပဲ!
Q & A [ part 1]
Q & A [ part 2]

အပိုင္း ၁၇ ႏွစ္​​ေယာက္​အတူတူၾကယ္​​ေတြၾကည္​့ၾကမယ္​. ခ်မ္​းလာတဲ့အခါက်ရင္ သူ႔ကို..

10.9K 1.6K 70
By Sebastiann048

((Zawgyi))

အပိုင္း ၁၇
ႏွစ္​​ေယာက္​အတူတူၾကယ္​​ေတြၾကည္​့ၾကမယ္​.
ခ်မ္​းလာတဲ့အခါက်ရင္​ သူ႔ကို သင့္​ရင္​ခြင္​ထဲမွာ
ဖက္​ထား​မယ္​

၁၄ ရက္​​ေျမာက္​​ေန႔ | ႏွစ္​​ေယာက္​အတူတူ ၾကယ္​​ေတြၾကည္​့ရန္​ ခ်မ္​းလာတဲ့ အခါ တစ္​ဖက္​လူကို သင္​့ရင္​ခြင္​့ထဲထည့္​ကာ ဖက္​ထားရန္​

​ေနာက္​တစ္​​ေန႔မနက္​​ေစာ​ေစာ ၀မ္​ကြမ္​းနင္​ဟာ အထုပ္အပုိး​အစံုအလင္နဲ​႔ ဆံပင္​ဆိုင္​တစ္​ဆိုင္​ဆီ​ အ​ေျပးသြားကာ သူ႔ရဲ႔ ​ေဒါင္​းၿမီး​လို​ေထာင္​​ေနတဲ့ ဆံပင္​အ​ေထာင္​​ေတြကို သြား ညႇပ္​ပစ္​လိုက္တယ္​ ၿပီး​ေတာ့ သူ႔ ​ဆံပင္​​ေတြကို ၾကည္​့​ေကာင္​း​တဲ့ ပံုျပန္​​ေျပာင္​းလိုက္​တယ္​

​ေက်းဇူး​ေတြတင္​တယ္​. က်န္​းလင္​ရိနဲ႔ သူ႔ရဲ႕ 囧 သ​ေဘာတူညီခ်က္​က တစ္​ရက္​တည္​း မို႔လို႔သာပဲ. မဟုတ္​ရင္​ ၀မ္​ကြမ္​းနင္​လည္​း ဂူ​ေအာင္​းသိုင္​းက်င္​့ၿပီး ရ​ေသ့သာ၀တ္​သြားရမယ္​ ​ေနာက္​တစ္​ခါ အျပင္ထြက္​ရဲမွာ မဟုတ္​​​ေတာ့ဘူး

​ေန႔လည္​​ေလာက္​​ေရာက္​​ေတာ့ ၀မ္​ကြမ္​းနင္​က ဆံပင္​ဆိုင္​ထဲက​ေန ​ေပါ့ပါးသြက္​လက္​စြာ ထြက္​လာတယ္​. သူ႔ရဲ႕ စိတ္​အ​ေျခအ​ေနဟာလည္​း အရင္​ကထက္​ အမ်ားႀကီးပို​ေကာင္​းသြားတယ္​. ဒါနဲ႔ သူ ရႊင္​ရႊင္​ျမဴးျမဴးနဲ႔ က်န္​းလင္​ရိဆီကို တခါမွ မပို႔စဖူး သူ႔ဘက္​က အရင္​ မက္​​ေဆ့စ ပို႔လိုက္​တယ္​

မင္​း ​ေန႔လည္​စာ တူတူစားခ်င္​လား?

အရင္​လိုဆိုရင္​ က်န္​းလင္​ရိက ​​သူနဲ႔ ရင္​းရင္​းႏွီးႏွီး​ေနဖို႔ အခြင္​့အ​ေရးကို လက္​လြတ္​မခံပဲ ၀မ္​း​ေျမာက္​၀မ္​းသာ လက္​ခံလိုက္​မွာ. ဒါ​ေပမယ္​့ သူမထင္​ထားတာက က်န္​းလင္​ရိက ​ေအးတိ​ေအးစက္​နဲ႔ သူ႔ကို ျငင္​းလိုက္​တယ္​

ဒီ​ေန႔ညက်မွပဲ စားၾကတာ​ေပါ့ ငါ က်ီ၀ိုက္​နဲ႔ ​ေန႔လည္​စာ စားမယ္​​ေျပာထားၿပီးၿပီ

လာျပန္​ၿပီ လ်ိဳက်ီ၀ိုက္​. ၀မ္​ကြမ္းနင္​ နဲနဲ စိတ္​ဓာတ္​က်သြားတယ္​. ဒါ​ေၾကာင္​့သူက ခပ္​​ေခ်​ေခ်ပဲ စာျပန္​လိုက္​တယ္​

ငါဒီည အခ်ိန္​မ႐ွိဘူး

က်န္​းလင္​ရိက အလ်င္​အျမန္​ပဲ စာတစ္​​ေစာင္​ထပ္​ပို႔လိုက္​တယ္​

အင္​း ​ေကာင္​းၿပီ​ေလ ဒါဆိုလည္​း ငါတို႔​ေနာက္​မွ ျပန္​ခ်ိန္​းတာ​ေပါ့. ဒီည​ေတာ့ ၾကယ္​​ေတြ တူတူသြားၾကည္​့ရ​ေအာင္​ (╯3╰)

၀မ္​ကြမ္းနင္​ဟာ က်န္​းလင္​ရိရဲ႕ မ​ေကာင္​းတဲ့ အၾကံဇိုးႀကီးနဲ႔ မက္​​ေဆ့ထဲမွာ ခ်စ္​စရာ​ေကာင္​း​ေအာင္​ လုပ္​​ျပ​ေနတာကို ၾကည္​့ရင္​း ​ေက်ာခ်မ္​းကာ ၾကက္​သီး​ေတြ​ေတာင္​ထလာတယ္​. အဲ့အစား စာဆက္​လုပ္​တာမွ ပို​ေကာင္​းဦးမယ္​လို႔ သူ ဆံုးျဖတ္​လိုက္​တယ္​

အဲ့ခ်ိန္​မွာ က်န္​းလင္​ရိတစ္​​ေယာက္​ မက္​​ေဆ့​ေတြ ဖတ္​ရင္​း ၀မ္​ကြမ္​းနင္​ရဲ႕ မဲသဲၿပီး မအီမသာျဖစ္​​ေနမယ္​့ မ်က္​ႏွာႀကီးကို ျမင္​​​ေယာင္​ကာ အူျမဴး​ေနတယ္​.

က်န္​းလင္​ရိဟာ ဖုန္​းကိုၾကည္​့ရင္​း ​​ေအာ္​ရီခ်င္​စိတ္​ကို ထိန္​းထားရလို႔ တကုိယ္​လံုးတသိမ္​့သိမ္​့တုန္​​ေနတယ္​. အဲ့ဒါကို ျမင္​​ေတာ့ လ်ိဳက်ီ၀ိုက္​က မ​ေနႏိုင္​မထိုင္​ႏိုင္​ စပ္​စုလိုက္​တယ္​.

" နင္​ ဒီ​ေလာက္​​ေပ်ာ္​​ေနရ​ေအာင္​ ဘာ​ေတြၾကည္​့​ေနလို႔လဲ?"

က်န္​းလင္​ရိက ဖုန္​းကို အ​ေ၀းကို ဆြဲယူလိုက္​ကာ ျပံဳးၿပီး​ေျပာလိုက္​တယ္​

"ဘာမွမဟုတ္​ပါဘူး ငါ ၀မ္​ကြမ္​းနင္​ဆီ စာပို႔​ေနတာ"

"၀မ္​ကြမ္​းနင္​?"

လ်ိဳက်ီ၀ိုက္ မ်က္​​ေမွာင္​ၾကဳတ္​လိုက္​ကာ သူ႔စိတ္​ထဲက ထူးဆန္​းတဲ့ ခံစားခ်က္​ႀကီးကို မ်ိဳခ်လိုက္​တယ္​

"ခုတ​ေလာ နင္​နဲ႔ ၀မ္​ကြမ္​းနင္​ ​ေတာ္​​ေတာ္​ ရင္​းႏွီး​ေနၾကသလိုပဲ"

"အင္​း"

က်န္​းလင္​ရိက ​ေန႔လည္​စာစားရင္​းနဲ႔ စိတ္​မပါ့တပါ​ေျဖလိုက္​တယ္​.

"သူက အ​ေတာ္​​ေလး စိတ္​​ေပ်ာ္​ရႊင္​​စရာ​ေကာင္​းတယ္​"

"အာ, နင္​တို႔ အရင္​က မတည္​့ၾကဘူး မဟုတ္​လား?"

လ်ိဳက်ီ၀ိုက္​ ဘာ​ေၾကာင္​့ရာ္​မသိ ႐ုတ္​တရတ္​ က်န္​းလင္​ရိဖုန္​းမွာ ထားတာတဲ့ ၀မ္​ကြမ္​းနင္​ရဲ႕ Wallpaper ပံု ကို သြားသတိရကာ သူမ်က္​ခံုး​ေၾကာ​ေတြ ပို ႐ွံု႔သြားတယ္​

က်န္​းလင္​ရိက​ေတာ့ လ်ိဳက်ီ၀ိုက္​ မ်က္​ႏွာထားကို ဂ႐ုမျပဳမိဘူး. သူက အစားအ​ေပၚမွာ အာရံု​ေရာက္​​ေနတယ္​.

"အရင္​က ငါသူ႔ကို အဲ့​ေလာက္​မႀကိဳက္​ဘူး ၿပီး​ေတာ့ သူကို ​ေမာက္​မာတယ္​လို႔ ထင္​ခဲ့တာ. ဒါ​ေပမယ္​့ သူနဲ႔ ရက္​နည္​းနည္​း​ေလာက္​ ဆက္​ဆံၾကည္​့​ေတာ့ သူက အ​ေတာ္​​ေလး​ေကာင္​းတယ္​လို႔ ငါထင္​တယ္​. သူ႔ကိုယ္​သူ႔အဟုတ္​ႀကီးထင္​​ေန​ေပမယ္​့ သူက တကယ္​့ကို သ​ေဘာ​ေကာင္​းၿပီး ​ေပ်ာ္​​ေပ်ာ္​​ေနတတ္​တယ္​. အင္​း ၿပီး​ေတာ့ သူက အရမ္​း ၀ီရိယ​ေကာင္​းတဲ့ သူတစ္​​ေယာက္​ပဲ"

လ်ိဳက်ီ၀ိုက္​က မရီခ်င္​ရီခ်င္​နဲ႔

"နင္​ တျခားလူတစ္​​ေယာက္​အ​ေပၚ ဒီလိုမ်ိဳး​ေတြးတာ ငါတစ္​ခါမွ မျမင္​ဖူးဘူး. ၀မ္​ကြမ္​းနင္​သာ ​ေယာက်ာ္​း​ေလးတစ္​​ေယာက္​ မဟုတ္​ဘူးဆိုရင္​ နင္​သူ႔ကို တကယ္​ႀကိဳက္​​ေနတယ္​လို႔​ ငါ သံသယျဖစ္​မိမွာပဲ"

လ်ိဳက်ီ၀ိုက္​​ေျပာတာ မမွားဘူး. က်န္​းလင္​ရိက ၀မ္​ကြမ္​းနင္​ကို ကိုယ္​့ကိုယ္​အဟုတ္​ႀကီးထင္​​ေနတဲ့သူလို႔​ေျပာတယ္​ ဒါ​ေပမယ္​့ က်န္​းလင္​ရိ သူ႔ကိုယ္​သူအဟုတ္​ႀကီးထင္​တဲ့ level ကလည္​း အ​ေတာ္​ျမင္​့တယ္​. ျခံဳ​ေျပာရရင္​ သူဘယ္​သူ႔​ကိုမွ ဒီ​ေလာက္​ အ​ေကာင္​းမျမင္​ခဲ့ဖူးဘူး. အဲ့ဒါကပဲ သူ၀မ္​ကြမ္​းနင္​ကို အျမဲတမ္​း မႏွစ္​ၿမိဳ႕ရျခင္​း အ​ေၾကာင္​းရင္​းပဲျဖစ္​တယ္​

လ်ိဳက်ီ၀ိုက္​နဲ႔ က်န္​းလင္​ရိဟာ အတန္​း​ေဖာ္​သူငယ္​ခ်င္​​း​ေတြ ျဖစ္​​တာ သံုးႏွစ္​႐ွိၿပီ. က်န္​းလင္​ရိဟာ သူမ်ားအ​ေပၚ တမင္​တကာ အထင္​ျမင္​​ေသး​ျဖစ္​တာမ်ိဳး​ေတာ့ သူတစ္​ခါမွ မျမင္​ဖူးဘူး.ဒါ​ေပမယ္​့ က်န္​းလင္​ရိ သူမ်ားကို ခ်ီးက်ဴးတာကလည္​း ​ေသ​ေလာက္​​ေအာင္​ ႐ွားတယ္​. ဒီ​ေတာ့ က်န္​းလင္​ရိပါးစပ္​က ၀မ္​ကြမ္​းနင္ ကိုခ်ီးက်ဴးတာၾကားရ​ေတာ့ လ်ိဳက်ီ၀ိုက္​ တကယ္​ အံ့ၾသသြားတယ္​.

"ဟဲဟဲ ဒီဘက္​​ေခတ္​ႀကီးမွာ ​ေဂးအခ်စ္​ဆိုတာ ​ေကာင္​​ေလး​ေတြ ​ေကာင္​မ​ေလး​ေတြ ​ေ႐ွာင္​​ေနတဲ့ ကိစၥမဟုတ္​​ေတာ့ဘူး!"

က်န္​းလင္​ရိက လ်ိဳက်ီ၀ိုက္​ကို မ်က္​ႏွာခ်င္​းဆိုင္​ကာ အဓိပၸါယ္​ ပါပါနဲ႔ ျပံဳးၿပီး​ေျပာတယ္​. လက္​​ေတြ႔မွာ​ ဒါဟာ တစ္​နည္​းအားျဖင္​့ ​ေကာင္​းကင္​​ေအာက္​မွာ႐ွိတဲ့ ​ေလာကတခုလံုးကို ခါး​ေထာက္​ကာဟားတိုက္​ရယ္​​ေမာ ​ေၾကညာလိုက္​သလိုပဲ. ​ေယာက်ာ္​း ​ေယာက်ာ္​း ႀကိဳက္​​ေတာ့​ေရာ ဘာျဖစ္​​ေသးလဲ?  ဒီသခင္​​ေလးက ၀မ္​ကြမ္​းနင္​နဲ႔ ​ေဂး​ေယာင္​​ေဆာင္​​ေနတာ​ေဟ့!

ဒါ​ေပမယ္​့ သူ႔ လူ႔အဖြဲ႔အစည္​းႀကီးကို လက္​စား​ေခ်မယ္​့အၾကံရဲ႕ အဓိက ပစ္​မွတ္​က လ်ိဳက်ီ၀ိုက္​မဟုတ္​ဘူး. သူ လ်ိဳက်ီ၀ိုက္​ကို သြား​ေျပာျပလိုက္​ရင္​လည္​း သူ႔ကိုယ္​သူ ႐ူး​ေနတယ္​လို႔ ထင္​သြားတာကလြဲရင္​ ၀မ္​ကြမ္​းနင္​ကို အပိုျပသာနာ​ေတြ ​ေပးမိတာပဲ အဖတ္​တင္​လိမ္​့မယ္​. ၿပီး​ေတာ့ အဲ့လို ​ေျပာလိုက္​လို႔ သူတို႔ရဲ႕ က​လဲ့စား​ေခ်မယ္​့ အစီအစဥ္​အ​ေပၚ ဘာအကူအညီမွလည္း ​ရလာမွာ မဟုတ္​ဘူး

က်န္​းလင္​ရိဟာ ဒီကိစၥ ကို ခဏစဥ္​းစားၿပီး ဘာမွ မ​ေျပာဖို႔ဆံုးျဖတ္​လိုက္​တယ္​.

ဒါ​ေပမယ္​့ သူ႔စကား​ေတြ​ေၾကာင္​့ လ်ိဳက်ီ၀ိုက္​ တစ္​စကၠန္​႔​ေလာက္​ ​ေ႐ွာ့ခ္​ရသြားတယ္​. လ်ိဳက်ီ၀ိုက္​လို အျမဲတမ္​း အဆုတ္​အတက္​ကြၽမ္​းက်င္​ၿပီး စကား​ေျပာ​ေကာင္​းတဲ့ သူ​ေတာင္​ သူမ်က္​ႏွာမပ်က္​​ေအာင္​ မထိန္​းႏိုင္​ဘူးျဖစ္​သြားတယ္​. သူမက ​တကုိယ္​လံုး​ေတာင္​့တင္​းသြားကာ ​ေျပာလိုက္​တယ္​

"လင္​ရိ, နင္​စကားလံုး​ေတြက လူ​ေတြကို အ​ေတြးမွား​ေတြ ​ေတြးမိ​ေအာင္​ လုပ္​​ေနတာပဲ...."

"ဟားဟား... ဟုတ္​လား?"

က်န္​းလင္​ရိက အ​ေတာ္​ဂုဏ္​ယူ​ေနတဲ့ ပံုနဲ႔ လ်ိဳက်ီ၀ိုက္​ကို မ်က္​စိတစ္​ဖက္​မွိတ္​ျပလိုက္​တယ္​

"ငါနဲ႔ ၀မ္​ကြမ္​းနင္​က တကယ္​့ ​ေဂးအတြဲ​နဲ႔ တူ​ေနလို႔လား?"

အင္​း, တကယ္​လို႔ လ်ိဳက်ီ၀ိုက္​ကသာ အဲ့လို​ေတြးရင္​ သူတို႔ရဲ႕ အၾကံအစည္​က တ၀က္​​ေအာင္​ျမင္​​ေနၿပီလို႔​ေျပာလို႔ရတယ္​!

က်န္​းလင္​ရိက ဒီအ​ေၾကာင္​းကို ညက် ၀မ္​ကြမ္​းနင္​ကို ​ေျပာၿပီး ​ေအာင္​ပြဲခံသင္​့ မခံသင္​့ စဥ္းစား​ေနတယ္​.

"အမ္​.."

က်န္​းလင္​ရိရဲ႕ ​ေမွ်ာ္​လင္​့ခ်က္​​ေရာင္​ျခည္​​ေတြသန္​း​ေနတဲ့ မ်က္​လံုး​ေတြကို ၾကည္​့ရင္​း သူဘာ​ေတြး​ေနလဲဆိုတာ လ်ိဳက်ီ၀ိုက္​ မ​ေသခ်ာ မ​ေရရာျဖစ္​​ေနတယ္​. ဒီ F ယူနီဗာစီတီ ထဲမွာ က်န္​းလင္​ရိကို နားအလည္​ဆံုးသူက သူမတစ္​​ေယာက္​တည္​း႐ွိတယ္​လို႔ လ်ိဳက်ီ၀ိုက္​ အျမဲ​ေတြးခဲ့တာ. ဒါမယ္​့ ဒီရက္​အနည္​းငယ္​အတြင္​းမွာ တခ်ိဳ႕အရာ​ေတြက ဘယ္​လိုျဖစ္​ၿပီး မူမမွန္​​ေတာ့႔သလို သူခံစားလာရတာလဲ. သူမ ​ေသခ်ာသိတယ္​ထင္​ခဲ့တဲ့ အတိတ္​က အရာအားလံုးဟာ လံုး၀ဖ႐ို႔ဖရဲ ျဖစ္​သြားတယ္​. ​ေနာက္​ဆံုးမွာ သူမက က်န္​းလင္​ရိ အ​ေမးကို မ​ေျဖပဲ အဲ့အစားျပံဳးလိုက္​ကာ

"ငါ အဲ့​ေလာက္​ အထိ​ေတာ့ မ​ေတြးထားဘူး. ​ေယာက်ာ္​း​ေလး​ေတြ ​ေပါက္​ကရ​ေတြ ​ေလွ်ာက္​လုပ္​ၾကတယ္​ဆိုတာ အ​ေတာ္​​ေလး ပံုမွန္​ပါပဲ"

"အိုး!"

က်န္​းလင္​ရိဟာ သူၾကားခ်င္​တဲ့ အ​ေျဖကို မၾကားရလို႔ စိတ္​ပ်က္​လက္​ပ်က္​နဲ႔ ​ေခါင္​းကို ပြတ္​လိုက္​တယ္​

ဒါက က်န္​းလင္​ရိရဲ႕ အက်င္​့အသစ္​တစ္​ခု.သူသိလာတာက ကတံုးကို လက္​နဲ႔ ပြတ္​တာက အ​ေတာ္​​ေလး လူကို လန္​းဆန္​း​​ေစတယ္​ဆိုတာပဲ. သူ ​ေခါင္​းကိုရိတ္​လိုက္​ၿပီးထဲက အဲ့​ေခါင္​းကိုပဲ အ​ေၾကာင္​းမ႐ွိ ကိုင္​​ေနရတာ သ​ေဘာ​ေတြက်​ေနတယ္​.

လ်ိဳက်ီ၀ိုက္ရဲ႕အၾကည္​့​ေတြဟာ သူ႔ကတံုး​ေပၚ​ေရာက္​သြားတယ္​.အဲ့​ေနာက္​ သူမ မ်က္​ႏွာက ခဏ​ေလာက္​ ထူးဆန္​းသြားတဲ့ပံုနဲ႔

"လင္​ရိ..... နင္​ဘယ္​လိုျဖစ္​လို႔..... ဒီ ဆံပင္​ပံုစံထားဖို႔ ဆံုးျဖတ္​လိုက္​တာလဲ?"

သူက်န္​းလင္​ရိကို ၾကာ​ေလ​ေလ နားမလည္​ႏိုင္​ျဖစ္​လာ​ေလ​ေလပဲ. သူသိတဲ့ က်န္​းလင္​ရိက သူ႔ရဲ႕ ဂုဏ္​သိကၡာကို အသက္​လိုသ​ေဘာထားတဲ့သူ. သူ႔​ေခါင္​းကို ကတံုးရိတ္​ဖို႔ မ​ေျပာနဲ႔ သူ႔​ေ႐ွ႕ဆံပင္​ကို ထိတာ​ေတာင္​ သူ႔ကို ​ေသ​ေၾကာင္​းၾကံတဲ့ အတိုင္းပဲ. ဒီရက္​​ေတြ အ​ေတာအတြင္​း ဘယ္​လို ႐ူးႏွမ္​းတဲ့ ကိစၥ​ေတြျဖစ္​​ေနတာလဲ?

၀မ္​ကြမ္​းနင္ ကလည္း အူ​ေၾကာင္​ၾကားဆံပင္​ပံုစံ လုပ္​ထားတယ္​ဆို သူမၾကားထားၿပီးသား!

လ်ိဳက်ီ၀ိုက္​ရဲ႕ မူမမွန္​တဲ့ အ​ေတြး​ေတြဟာ ပိုၿပီး​ေလးလံလာတယ္​

က်န္​းလင္​ရိက​ေတာ့ သူမထက္​ ပိုတည္​တည္​ၿငိမ္​ၿငိမ္​႐ွိ​ေနတယ္​ သူက ရယ္​လိုက္​ကာ ​ေျပာတယ္​

"ဘာမွ မဟုတ္​ပါဘူး. အဲ့ဒါက ​ေပ်ာ္​စရာ​ေကာင္​းတယ္​လို႔ ငါထင္​လို႔. ကတံုးဆံပင္​ပံုက အရမ္​း​ေယာက်ာ္​းပီသတယ္​လို႔ နင္​မထင္​ဘူးလား?"

က်န္​းလင္​ရိက ​ေန႔လည္​စာစားရင္​း ဆက္​​ေျပာ​ေနတယ္​

"ဒါနဲ႔ က်ီ၀ိုက္​, ငါ့ကို ​ေန႔လည္​စားဖို႔ နင္​​ေခၚလာတာ​ေလ ဘယ္​လိုျဖစ္​လို႔ ငါ့ကိစၥ​ေတြႀကီးပဲ ​ေျပာ​ေနတာလဲ? နင္​ငါ့ကို ဘာလို႔ ​ေခၚတာလဲဆိုတာ မ​ေျပာရ​ေသးဘူး"

" ငါနင္​့ကို ဘာမွ ​ေျပာစရာမ႐ွိရင္​ ​ေန႔လည္​စားစားဖို႔ ​ေခၚလို႔မရဘူးလား?"

လ်ိဳက်ီ၀ိုက္​က ထမင္​းပန္​းကန္​လံုးကို လက္​ထဲမွာ တင္​းတင္​းဆုပ္​ထားတယ္​

" အဲ့လို ဘယ္​ဟုတ္​ပါ့မလဲ!"

က်န္​းလင္​ရိက ရယ္​လိုက္​တယ္​. ဒါ​ေပမယ္​့ စိတ္​ထဲမွာ​ေတာ့___ ခုတ​ေလာ သူ​ေဂးလုပ္​ဖို႔ ကိစၥဆီပဲ အာရံု​ေရာက္​​ေန​ေတာ့ နင္​မွာ ​ေျပာစရာ​ေထြ​ေထြထူးထူးမ႐ွိရင္​ ငါနဲ႔ ႐ိႈ႐ႈိ ခ်ိန္​း​ေတြ႔တာကို ​ေက်းဇူးျပဳၿပီး မ​ေႏွာင္​့ယွက္​ပါနဲ႔လို႔ ​ေျပာ​ေနတယ္​

" ဒီ​ေန႔ ငါနင္​့ကို အျပင္​မွာ​ေတြ႔ဖို႔ ခ်ိန္​းရတဲ့ အ​ေၾကာင္​းရင္​းက......ငါမွာ နင္​့ကို အ​ေရးတႀကီး​ေျပာစရာ႐ွိလုိ႔ပဲ"

လ်ိဳက်ီ၀ိုက္​က အခ်ိန္​အ​ေတာ္​ၾကာ​ေအာင္​ တုန္​႔ဆိုင္​း​ေနၿပီး​ေနာက္​ဆံုးမွာ စကားစ​ေျပာတယ္​

"အိုး, ဘာမ်ားပါလိမ္​့?"

က်န္​းလင္​ရိ မ်က္​ခံုး​ေတြ ပင္​့တက္​သြားတယ္​

လ်ိဳက်ီ၀ိုက္​က သူ႔ကို အ​ေရာင္​တလက္​လက္​မ်က္​လံုး​ေတြနဲ႔ ​ေမွ်ာ္​လင္​့တဲ့ အၾကည္​့​ေတြနဲ႔ ၾကည္​့​ေနတယ္​.

"လင္​ရိ, နင္​နဲ႔ငါ တစ္​​ေယာက္​နဲ႔ တစ္​​ေယာက္​ သိတာ သံုးႏွစ္​​ေတာင္ရွိျပီ.."

"အင္​း"

က်န္​းလင္​ရိ နည္​းနည္​း မတည္​မၿငိမ္​ျဖစ္​သြားတယ္​. သူ အ​ေတြးလြန္​​ေနတာပါလို႔​ေတာ့ ​ေျပာလို႔မရဘူး. ဘာလို႔လဲဆို​ေတာ့ လ်ိဳက်ီ၀ိုက္​ရဲ႕ မ်က္​လံုး​ေတြနဲ႔ သူ႔ဆီက စကားလံုး​ေတြ ကို ၾကည္​့ရတာ သူ႔ကုိ ဖြင္​့ဟ၀န္​ခံ​ေတာ့မယ္​ပံု.. အမွန္​​ေတာ့ သူလည္​း လ်ိဳက်ီ၀ိုက္​ကို အ​ေတာ္​ သ​ေဘာက်ပါတယ္​. သူမက ဥာဏ္​​ေကာင္​းတယ္​ လွတယ္​ တျခားသူ​ေတြနဲ႔ ​ေပါင္​းတတ္​သင္​းတတ္​တယ္​. F ယူနီဗာစီတီမွာ သူ႔အတြက္​ လ်ိဳက်ီ၀ိုက္​ထပ္​ပိုၿပီး သင္​့​ေတာ္​မယ္​့သူမ႐ွိဘူး. ဒါ​ေပမယ္​့ ျပသာနာက သူ သူမကို လက္​ခံဖို႔ သူ႔စိတ္​ကို သူ မျပင္​ဆင္​ရ​ေသးဘူး!

" ဒီသံုးႏွစ္​အတြင္​းမွာ ငါ ရည္​းစားမထားခဲ့ဘူး"

လ်ိဳက်ီ၀ိုက္​ဟာ က်န္​းလင္​ရိသူမရဲ႕ စကား​ေတြကို စဥ္​းစားသံုးသပ္​ႏိုင္​​ေအာင္​ ျဖည္​းျဖည္​းခ်င္​း​ေျပာတယ္​

"အဲ့ အ​ေၾကာင္​းရင္​းက ဘာလို႔လဲဆိုတာ နင္​ ႐ွင္း႐ွင္​းလင္​းလင္​းသိမယ္​လို႔ ငါထင္​တယ္​"

မ်ား​ေသာအားျဖင္​့ ​ေက်ာင္​းသူ​ေကာင္​​မ​ေလး​ေတြဘက္​က ဒီလိုစကားမ်ိဳးစမ​ေျပာသ၍ က်န္းလင္​ရိဘက္​က ဒါမ်ိဳးစ​ေျပာ​​ေလ့မ႐ွိဘူး.  ဒါ​ေပမယ္​့ က်န္​းလင္​ရိက ဒီကိစၥ​ေျပာတာကို တမင္​တကာ မသိက်ိဳးကြၽံျပဳတာ မသိခ်င္​​ေယာင္​​ေဆာင္​တာမ်ဳိး​ေတာ့ သူမလုပ္​ဘူး. အဲ့ဒါ​ေၾကာင္​့ လ်ိဳက်ီ၀ိုက္​ ႐ုတ္​တရတ္​ ဒီစကားထုတ္​​ေျပာလာ​ေပမယ္​့ သူက ႐ိုး႐ိုးသားသားပဲ ​ေခါင္​းညိမ္​့လိုက္​တယ္​

" အင္​း ငါသိတယ္​"

က်န္​းလင္​ရိရဲ႕ ပြင္​့လင္​းမႈကို​ျမင္​​ေတာ့ လ်ိဳက်ီ၀ိုက္​ နည္​းနည္​း​ေတာ့ လန္​႔သြားတယ္​. သူမက ျမန္​ျမန္​ပဲ ဆက္​​ေျပာတယ္​

"လင္​ရိ, အစက... ငါ​ေမွ်ာ္​လင္​့တာက.. ဒီစကား​ေတြကို နင္​့ဆီက အရင္​​ေျပာလာလိမ္​့မယ္​ ထင္​တာ"

က်န္​းလင္​ရိက ​ေတာင္​းပန္​တဲ့ အျပံဳး​ေလးျပံဳးလိုက္​တယ္​

လ်ိဳက်ီ၀ိုက္​ကလည္း ျပံဳးကာ ဆက္​​ေျပာတယ္​

"ငါ သံသယျဖစ္​လာတာက ဒီလိုသာ ဆက္​သြား​ေနရင္​ ငါတို႔ဘြဲ႔ရတဲ့ အခ်ိန္​ထိ​ေတာင္​ ငါနင္​့ဆီက အ​ေျဖရမွာမဟုတ္​ဘူး!"

က်န္​းလင္​ရိ တိတ္​ဆိတ္​​ေနတယ္​. သူဘာမွ မ​ေျပာခ်င္​လို႔​ေတာ့ မဟုတ္​ဘူး. အဲ့တာထက္​ သူ ဘာ​ေျပာရမွန္​းမသိတာျဖစ္​​ေနတာ

လ်ိဳက်ီ၀ိုက္​​ေျပာတဲ့ဟာ​ေတြက တကယ္​ မွန္​​ေကာင္​းမွန္​​ေနႏိုင္​တယ္​

လ်ိဳက်ီ၀ိုက္​ဟာ သူ႔အတြက္​ လိုအပ္​တဲ့ သူငယ္​ခ်င္​းတစ္​​ေယာက္​ျဖစ္​ရင္​ျဖစ္​မယ္​ ဒါ​ေပမယ္​့ ခံစားခ်က္​​ေတြနဲ႔ ပတ္​သတ္​ရင္​​ေတာ့ သူ အျမဲတမ္​း ​ေပါ့​ေပါ့ပါးပါးပဲ ​ေနခဲ့တယ္​.

ဒါက တကယ္တမ္း​ေ​​တာ့ လ်ိဳက်ီ၀ိုက္​အ​ေပၚ မတရားရာက်​ေနတယ္​

ဒါ​ေပမယ္​့ ခံစားခ်က္​နဲ႔ ပတ္​သတ္​လာရင္​ တရားမွ်တမႈဆိုတာ အဓိပၸါယ္​ မ႐ွိဘူးလိုပဲ​ေျပာရမယ္​

လ်ိဳက်ီ၀ိုက္​ကလည္​း ဒီ၀ါက်​ေလး ႏွစ္​​ေၾကာင္​းတည္​းနဲ႔ က်န္​းလင္​ရိ ဒီ အ​ေျခအ​ေန​ေတြကို အျပည္​့အ၀နားလည္​လိမ္​့မယ္​လို႔ မရည္​ရြယ္​ဘူး.
သူမက ခပ္​​ေဖ်ာ့​ေဖ်ာ့ ျပံဳးကာ​ေျပာတယ္​

"တကယ္​​ေတာ့ လင္​ရိ, လြန္​ခဲ့တဲ့ ႏွစ္​ရက္​က ​ေက်ာက္​႐ွီမင္​က ငါ့ကို ႀကိဳက္​​ေနတယ္​လို႔ ဖြင္​့​ေျပာလာတယ္​"

​ေက်ာက္​႐ွီမင္​ဟာ F ယူနီဗာစီတီရဲ႔ ကြန္​ပ်ဴတာ ပါရမီ႐ွင္​ ၿပီး​ေတာ့ ​ေက်ာင္​းမွာလည္​း လႊမ္​းမိုး​ေက်ာ္​ၾကားသူတစ္​​ေယာက္​ျဖစ္​တယ္​. ဒါ​ေပမယ္​့ သူဟာ ပါရမီ႐ွင္​ပီပီ သူရဲ႕ ကိုယ္​ပိုင္​ ပါရမီနဲ႔ ခြန္​အား​ေတြ​ေၾကာင္​့ လူသိမ်ားတာျဖစ္​တယ္​. ၀မ္​ကြမ္​းနင္​နဲ႔ က်န္​းလင္​ရိတို႔လို႔ ႐ုပ္​ရည္​​သြင္​ျပင္​​ေၾကာင္​့ပါ နာမည္​ႀကီး​ေက်ာ္​ၾကားတာ​နဲ႔​ေတာ့ မတူဘူး. ​ေက်ာက္​႐ွီမင္​ရဲ႕ ပံုစံက လူ႐ိုးတစ္​​ေယာက္​လို႔ ​ေျပာလို႔ရတယ္​

ဒါ​ေပမယ္​့ ​ေကာင္​မ​ေလး​ေတြရဲ႕​ေက်ာက္​႐ွီမင္​အ​ေပၚ အား​ေပးမႈက ၀မ္​ကြမ္​းနင္​နဲ႔ က်န္​းလင္​ရိတို႔ထက္​ အမ်ားႀကီး ​မ​ေလ်ာ့ဘူး.

အဲ့ဒါရဲ႕ အ​ေၾကာင္​းက​ေတာ့႐ွင္းပါတယ္​. ၀မ္​ကြမ္​းနင္​နဲ႔ က်န္​းလင္​ရိတို႔ရဲ႕ အလြန္​​ေခ်ာ​ေမာလွပတဲ့ ပံုစံနဲ႔ ယွဥ္​လိုက္​ရင္​ ​ေက်ာက္​႐ွီမင္​ရဲ႕ ႐ုပ္​ရည္​က ​ေကာင္​မ​ေလး ​ေတြကို ပိုၿပီး လံုျခံဳစိတ္​ခ်မႈ႐ွိ​ေစလို႔ပဲ

ၿပီး​ေတာ့ ​ေက်ာက္​႐ွီမင္​ဟာ ၀မ္​ကြမ္​းနင္​နဲ႔ က်န္​းလင္​ရိတို႔လို႔ ခ်ဥ္​းကပ္​ရခက္​ခဲမ​ေနဘူး

က်န္​းလင္​ရိဟာ အံ့အားသင္​့စြာနဲ႔ လ်ိဳက်ီ၀ိုက္​ကို ၾကည္​့​ေနတယ္​

"လင္​ရိ, ငါက ​ေကာင္​မ​ေလး ငယ္​ငယ္​​ေလးတစ္​​ေယာက္​. ငါအတြက္​ သံုးႏွစ္​ဆိုတဲ့ အခ်ိန္​ဟာ အ​ေတာ္​​ေလးၾကာခဲ့ၿပီ. ငါမ​ေရမရာနဲ႔ ဆက္​ၿပီး မ​ေစာင္​့ခ်င္​​ေတာ့ဘူး"

လ်ိဳက်ီ၀ိုက္​ဟာ တကယ္​့ကို ယဥ္​​ေက်းတဲ့သူတစ္​​ေယာက္​ပဲ သူမ ဒီစကား​ေတြ​ေျပာ​ေန​ေပမယ္​့ စကားလံုး​​ေတြက သင္​့​ေလ်ာ္​​ေနတယ္​

"ငါ ငါ့ကိုယ္​ငါ အခြင္​့အ​ေရး​ေပးခ်င္​တယ္​. ဒါ​ေပမယ္​့ ငါ​ေရြးခ်ယ္​မႈမလုပ္​ခင္​မွာ ငါ​​​ေစာင္​့ခဲ့တဲ့ ၿပီးခဲ့တဲ့ သံုးႏွစ္​တာအခ်ိန္​​ေတြကို အလကား မျဖစ္​​ေစခ်င္​ဘူး"

"ငါ ဒီ​ေန႔လာရတဲ့ အ​ေၾကာင္​းရင္​းက ငါနင္​့ဆီက အ​ေျဖကို ၾကားခ်င္​လို႔ပဲ"

" နင္​ငါ့ကို ျမန္​ျမန္​ႀကီး အ​ေျဖ​ေပးဖို႔ မလိုပါဘူး. ငါနင္​့ကို စဥ္​းစားဖို႔ သံုးရက္​အခ်ိန္​​ေပးမယ္​. ဒီသံုးရက္​အတြင္းမွာ နင္​့အ​ေျဖက ဘာပဲ ျဖစ္​​ေနျဖစ္​​ေန အခ်ိန္​မ​ေရြးနင္​ငါ့ကို ​ေျပာလို႔ရတယ္​"

က်န္​းလင္​ရိ ​ေကာ္​ဖီဆိုင္​ အျပင္​ဘက္​ထြက္​လိုက္​​ေတာ့ သူ​ေခါင္​းထဲမွာ မူး​ေနာက္​​ေနာက္​ျဖစ္​​ေနတုန္​းပဲ. အ​ေမွာင္​စားဖိုမႉးရဲ႕ အထူးဟင္​လ်ာျဖစ္​တဲ့ တ႐ုတ္​႐ိုးရာ​ေဆးျမစ္​နဲ႔ ​ေျပာင္​းဖူးဟင္​းခ်ိဳ​အရသာ​ေတာင္​ သူမမွတ္​မိ​ေတာ့ဘူး.

လ်ိဳက်ီ၀ိုက္​အ​ေပၚမွာ သူအ​ေတာ္​​ေလးသ​ေဘာက်တယ္​ ဒါ​ေပမယ္​့ ဒီလို သ​ေဘာက်တယ္​ဆိုတာ စိတ္​လႈပ္​႐ွားစရာ​ေကာင္​းတဲ့ သ​ေဘာက်မႈမ်ိဳးမဟုတ္​ဘူး.သူကို အ​ေတာ္​​ေလး သက္​​ေတာင္​့သက္​သာျဖစ္​​ေစတဲ့ပံုမ်ိဳး. အဲ့ဒါ​ေၾကာင္​့ သူ ဒီပံုစံကို မပ်က္​စီး​ေစခ်င္​ခဲ့ဘူး

အရင္​က လ်ိဳက်ီ၀ိုက္​ ဒီလိုမ်ိဳး တစ္​ခါမွ မ​ေျပာခဲ့တာ​ေၾကာင္​့ သူလည္​း မသိခ်င္​​ေယာင္​ပဲ ​ေဆာင္​ခဲ့တယ္​.

ဒါ​ေပမယ္​့ အခု လ်ိဳက်ီ၀ိုက္​ဘက္​က အရင္​စ​ေျပာလာၿပီဆို​ေတာ့ သူ႔ဘက္​က ရင္​ဆိုင္​​ဖို႔ပဲ ႐ွိ​ေတာ့တယ္​.

သူလက္​ခံလိုက္​ၿပီး သူတို႔ႏွစ္​​ေယာက္​ တူတူတြဲလိုက္​သင္​့လား

ဒါမွမဟုတ္​ ျငင္​းလိုက္​ၿပီး သူမ တျခားသူတစ္​​ေယာက္​ရဲ႕ ရင္​ခြင္​ထဲပါသြားတာကို ၾကည္​့​ေနမလား?

က်န္​းလင္​ရိ သက္​ျပင္​းခ်လိုက္​တယ္​

ည​ေန​ေစာင္​း​ ၀မ္​ကြမ္းနင္​ကိုသူ​ေတြ႔လိုက္​ရတဲ့ အခ်ိန္​က်မွ သူတစ္​စံုတစ္​ခုကို သတိထားမိသြားတယ္​_____ တစ္​​ေန႔ခင္​းလံုး အ​ေျဖရွာမရျဖစ္​​ေနတဲ့ ​ေမးခြန္​းမွာ ၀မ္​ကြမ္​းနင္​လည္း ပါ၀င္​ပတ္​သတ္​​ေနတယ္​ဆိုတာပဲ

၀မ္​ကြမ္​းနင္​နဲ႔ ဒီသ​ေဘာတူညီခ်က္​မလုပ္​ခင္​ တစ္​ခ်ိန္​က သူ လ်ိဳက်ီ၀ိုက္​နဲ႔ တြဲဖို႔စဥ္​းစားခဲ့ဖူးတယ္​. အဲ့အခ်ိန္​တုန္​းက သူအ​ေတြးက သဘာ၀အတိုင္​း သူ႔အလုိလို အဆင္​​ေျပသြားလိမ္​့မယ္​​ေပါ့. လ်ိဳက်ီ၀ိုက္​ဘက္​က အရင္​စၿပီး ထုတ္​​ေျပာလာတယ္​ဆိုရင္​​ေတာင္​ သူ႔မွာ ခ်စ္​သူ​ေကာင္​မ​ေလး မ႐ွိ​ေသးတဲ့အတြက္​ သူတို႔တြဲလိုက္ၾကမယ္​ ဆိုုရင္​လည္​း မဆိုးဘူးပဲ.

ဒါ​ေပမယ္​့ အခု လ်ိဳက်ီ၀ိုက္​ထုတ္​​ေျပာလာ​ေတာ့____ သူ ​ေျပာစရာစကားမ႐ွိျဖစ္​ရတဲ့ အ​ေၾကာင္​းက ___ သူသာ လ်ိဳက်ီ၀ိုက္​နဲ႔ တြဲလိုက္​ရင္​ သူ၀မ္​ကြမ္းနင္​ကို စိတ္​ပ်က္​​ေစမွာပဲလို႔ ခံစားရတယ္​!

ဒါ​ေတာ့ လြန္​လြန္​းတယ္​!

က်န္​းလင္​ရိဟာ ​လန္​႔လြန္​းလို႔ တစ္​ကိုယ္​လံုး ​ေခြၽး​ေစး​ေတြထြက္​လာတယ္​.သူဟာ ​ေခါင္​း​ေမာ့ကာ ခ်ိန္​းထားတဲ့​ေနရာကို အရင္​​ေစာ​ေရာက္​​ေနတဲ့ ၀မ္​ကြမ္​းနင္​ကို လွမ္​းၾကည္​့လိုက္​တယ္​

၀မ္​ကြမ္းနင္​ဟာ ဓာတ္​တိုင္​ကိုမွီကာ သူ႔ဖုန္​းကို ​ေဆာ့​ေနတယ္​. ဒီ​ေန႔က ​ေနအ​ေတာ္​ပူတာ​ေၾကာင္​့ ၀မ္​ကြမ္​းနင္က မ်ားမ်ားစားစားမ၀တ္​ထားဘူး. ႐ွပ္​အက်ႌနဲ႔ ​ေပါ့​ေပါ့ပါးပါး ဂ်ာကင္​တစ္​ထည္​​ေလာက္​ပဲ ၀တ္​လာတယ္​. ၾကည္​့ရဆိုးၿပီး ​ေရပန္​းစား​ေနတဲ့ မ​ေန႔က သူ႔ရဲ႕ ဆံပင္​စတိုင္​ကို လံုး၀ကို ညႇပ္​ထားလိုက္​ၿပီ အဲ့အစား ခပ္​ဖြဖြနဲ႔ ​သပ္​ရပ္​တဲ့ ​ပံု​လုပ္​ထားတယ္​

ဓာတ္​တိုင္​ရဲ႕ မီး​အလင္​း​ေရာင္​ဟာ အ​ေမွာင္​ထဲက ကြယ္​​ေနတဲ့ ၀မ္ကြမ္းနင္​​​ကိုယ္​​ေပၚကို ထြန္​းလင္​း​ေနတယ္​

ဒီျမင္​ကြင္​းက လူ​ေတြ မ်က္​စိမလႊဲခ်င္​​ေလာက္​​ေအာင္​ ၾကည္​့​လို႔​ေကာင္​း​ေနတယ္​

ဘာ​ေၾကာင္႔​မွန္​းမသိဘူး က်န္​းလင္​ရိဟာ F ႐ွင္းရမ္​ ဖိုရမ္​မွာ တင္​ထားတဲ့ ၀မ္​ကြမ္း​နင္​ရဲ႕ ပံု​ေတြကို သြားသတိရတယ္​

၀မ္​ကြမ္းနင္​ ႐ွိတဲ့​ေနရာဘယ္​​ေနရာပဲ ျဖစ္​ျဖစ္​ ႐ႈ​ေမ်ွာ္​ခင္​း​ေတြက ၾကည္​့ခ်င္​စရာျဖစ္​​ေနတယ္​

၀မ္​ကြမ္​းနင္​ဟာ က်န္​းလင္​ရိသူ႔ကို ၾကည္​့​ေနတာ သတိထားမိသြားၿပီး​ တျဖည္​းျဖည္း ​ေခါင္​း​ေမာ့လာတယ္​.

သူမ်က္​ႏွာက မွင္​​ေသ​ေသနဲ႔ သူအၾကည္​့​ေတြကလည္း စိတ္​မပါလက္​မပါနဲ႔. သူမ်က္​လံုး​ေလးနဲနဲ​​ေစြၾကည္​့လိုက္​တာနဲ႔ ဟိုးျမင္​့ျမတ္တဲ့​တ​စ္​​ေနရာ​က​ လွမ္​းၾကည္​့​ေနတယ္​ထင္​ရတယ္​

တစ္​ခ်ိဳ႕သူ​ေတြ အတြက္​​ေတာ့ သူတို႔ရဲ႕ ျမင္​့ျမတ္​တဲ့ ​ေရာင္​၀ါ​ေတြဟာ ​ေကာင္​းကင္​ဘံုက ဖန္​ဆင္​း​ေပးထားသလားလို႔​ေတာင္​ထင္​ရတယ္​

က်န္​းလင္​ရိစိတ္​ထဲမွာ တ၀ွီ၀ွီျမည္​သံ​ေတြ ျပည္​့ႏွက္​​သြားတယ္​. သူ​ေဘးပတ္​၀န္​းက်င္​က အသံ​ေတြကို​ေတာင္​ မ​ၾကားႏိုင္​​ေတာ့ဘူး

က်န္​းလင္​ရိဟာ သူ႔ႏွလံုးသားထဲက တဒိုင္​းဒိုင္​း ရင္​ခုန္​သံ​ေတြကိုလည္​း သူမၾကားႏိုင္​​ေတာ့ဘူး...

______________________________________

အခ်စ္​ဆံုးတို႔​ေရ...

ဒီအပိုင္​း​ေလးက မူလ၀တၳဳ​ေရးတဲ့ သူကိုယ္​တိုင္​ ဒီနားမွာ ျဖတ္​ထားတာပါတဲ့​ေနာ္​
​ေနာက္​အပိုင္​း​ေလးမွာ ဆက္​ခ်ိဳၾကမယ္​​ေနာ္​
အားလံုးပဲ ​ေကာင္​း​ေသာ ည​ခ်မ္း​ေလး ​ျဖစ္​​ပါ​ေစ

With love ❤❤
Taiga 😘

((Unicode))

အပိုင်း ၁၇
နှစ်ယောက်အတူတူကြယ်တွေကြည့်ကြမယ်.
ချမ်းလာတဲ့အခါကျရင် သူ့ကို သင့်ရင်ခွင်ထဲမှာ
ဖက်ထားမယ်

၁၄ ရက်မြောက်နေ့ | နှစ်ယောက်အတူတူ ကြယ်တွေကြည့်ရန် ချမ်းလာတဲ့ အခါ တစ်ဖက်လူကို သင့်ရင်ခွင့်ထဲထည့်ကာ ဖက်ထားရန်

နောက်တစ်နေ့မနက်စောစော ဝမ်ကွမ်းနင်ဟာ အထုပ်အပိုးအစုံအလင်နဲ့ ဆံပင်ဆိုင်တစ်ဆိုင်ဆီ အပြေးသွားကာ သူ့ရဲ့ ဒေါင်းမြီးလိုထောင်နေတဲ့ ဆံပင်အထောင်တွေကို သွား ညှပ်ပစ်လိုက်တယ် ပြီးတော့ သူ့ ဆံပင်တွေကို ကြည့်ကောင်းတဲ့ ပုံပြန်ပြောင်းလိုက်တယ်

ကျေးဇူးတွေတင်တယ်. ကျန်းလင်ရိနဲ့ သူ့ရဲ့ 囧 သဘောတူညီချက်က တစ်ရက်တည်း မို့လို့သာပဲ. မဟုတ်ရင် ဝမ်ကွမ်းနင်လည်း ဂူအောင်းသိုင်းကျင့်ပြီး ရသေ့သာဝတ်သွားရမယ် နောက်တစ်ခါ အပြင်ထွက်ရဲမှာ မဟုတ်တော့ဘူး

နေ့လည်လောက်ရောက်တော့ ဝမ်ကွမ်းနင်က ဆံပင်ဆိုင်ထဲကနေ ပေါ့ပါးသွက်လက်စွာ ထွက်လာတယ်. သူ့ရဲ့ စိတ်အခြေအနေဟာလည်း အရင်ကထက် အများကြီးပိုကောင်းသွားတယ်. ဒါနဲ့ သူ ရွှင်ရွှင်မြူးမြူးနဲ့ ကျန်းလင်ရိဆီကို တခါမှ မပို့စဖူး သူ့ဘက်က အရင် မက်ဆေ့စ ပို့လိုက်တယ်

မင်း နေ့လည်စာ တူတူစားချင်လား?

အရင်လိုဆိုရင် ကျန်းလင်ရိက သူနဲ့ ရင်းရင်းနှီးနှီးနေဖို့ အခွင့်အရေးကို လက်လွတ်မခံပဲ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မှာ. ဒါပေမယ့် သူမထင်ထားတာက ကျန်းလင်ရိက အေးတိအေးစက်နဲ့ သူ့ကို ငြင်းလိုက်တယ်

ဒီနေ့ညကျမှပဲ စားကြတာပေါ့ ငါ ကျီဝိုက်နဲ့ နေ့လည်စာ စားမယ်ပြောထားပြီးပြီ

လာပြန်ပြီ လျိုကျီဝိုက်. ဝမ်ကွမ်းနင် နဲနဲ စိတ်ဓာတ်ကျသွားတယ်. ဒါကြောင့်သူက ခပ်ချေချေပဲ စာပြန်လိုက်တယ်

ငါဒီည အချိန်မရှိဘူး

ကျန်းလင်ရိက အလျင်အမြန်ပဲ စာတစ်စောင်ထပ်ပို့လိုက်တယ်

အင်း ကောင်းပြီလေ ဒါဆိုလည်း ငါတို့နောက်မှ ပြန်ချိန်းတာပေါ့. ဒီညတော့ ကြယ်တွေ တူတူသွားကြည့်ရအောင် (╯3╰)

ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိရဲ့ မကောင်းတဲ့ အကြံဇိုးကြီးနဲ့ မက်ဆေ့ထဲမှာ ချစ်စရာကောင်းအောင် လုပ်ပြနေတာကို ကြည့်ရင်း ကျောချမ်းကာ ကြက်သီးတွေတောင်ထလာတယ်. အဲ့အစား စာဆက်လုပ်တာမှ ပိုကောင်းဦးမယ်လို့ သူ ဆုံးဖြတ်လိုက်တယ်

အဲ့ချိန်မှာ ကျန်းလင်ရိတစ်ယောက် မက်ဆေ့တွေ ဖတ်ရင်း ဝမ်ကွမ်းနင်ရဲ့ မဲသဲပြီး မအီမသာဖြစ်နေမယ့် မျက်နှာကြီးကို မြင်ယောင်ကာ အူမြူးနေတယ်.

ကျန်းလင်ရိဟာ ဖုန်းကိုကြည့်ရင်း အော်ရီချင်စိတ်ကို ထိန်းထားရလို့ တကိုယ်လုံးတသိမ့်သိမ့်တုန်နေတယ်. အဲ့ဒါကို မြင်တော့ လျိုကျီဝိုက်က မနေနိုင်မထိုင်နိုင် စပ်စုလိုက်တယ်.

" နင် ဒီလောက်ပျော်နေရအောင် ဘာတွေကြည့်နေလို့လဲ?"

ကျန်းလင်ရိက ဖုန်းကို အဝေးကို ဆွဲယူလိုက်ကာ ပြုံးပြီးပြောလိုက်တယ်

"ဘာမှမဟုတ်ပါဘူး ငါ ဝမ်ကွမ်းနင်ဆီ စာပို့နေတာ"

"ဝမ်ကွမ်းနင်?"

လျိုကျီဝိုက် မျက်မှောင်ကြုတ်လိုက်ကာ သူ့စိတ်ထဲက ထူးဆန်းတဲ့ ခံစားချက်ကြီးကို မျိုချလိုက်တယ်

"ခုတလော နင်နဲ့ ဝမ်ကွမ်းနင် တော်တော် ရင်းနှီးနေကြသလိုပဲ"

"အင်း"

ကျန်းလင်ရိက နေ့လည်စာစားရင်းနဲ့ စိတ်မပါ့တပါဖြေလိုက်တယ်.

"သူက အတော်လေး စိတ်ပျော်ရွှင်စရာကောင်းတယ်"

"အာ, နင်တို့ အရင်က မတည့်ကြဘူး မဟုတ်လား?"

လျိုကျီဝိုက် ဘာကြောင့်ရာ်မသိ ရုတ်တရတ် ကျန်းလင်ရိဖုန်းမှာ ထားတာတဲ့ ဝမ်ကွမ်းနင်ရဲ့ Wallpaper ပုံ ကို သွားသတိရကာ သူမျက်ခုံးကြောတွေ ပို ရှုံ့သွားတယ်

ကျန်းလင်ရိကတော့ လျိုကျီဝိုက် မျက်နှာထားကို ဂရုမပြုမိဘူး. သူက အစားအပေါ်မှာ အာရုံရောက်နေတယ်.

"အရင်က ငါသူ့ကို အဲ့လောက်မကြိုက်ဘူး ပြီးတော့ သူကို မောက်မာတယ်လို့ ထင်ခဲ့တာ. ဒါပေမယ့် သူနဲ့ ရက်နည်းနည်းလောက် ဆက်ဆံကြည့်တော့ သူက အတော်လေးကောင်းတယ်လို့ ငါထင်တယ်. သူ့ကိုယ်သူ့အဟုတ်ကြီးထင်နေပေမယ့် သူက တကယ့်ကို သဘောကောင်းပြီး ပျော်ပျော်နေတတ်တယ်. အင်း ပြီးတော့ သူက အရမ်း ဝီရိယကောင်းတဲ့ သူတစ်ယောက်ပဲ"

လျိုကျီဝိုက်က မရီချင်ရီချင်နဲ့

"နင် တခြားလူတစ်ယောက်အပေါ် ဒီလိုမျိုးတွေးတာ ငါတစ်ခါမှ မမြင်ဖူးဘူး. ဝမ်ကွမ်းနင်သာ ယောကျာ်းလေးတစ်ယောက် မဟုတ်ဘူးဆိုရင် နင်သူ့ကို တကယ်ကြိုက်နေတယ်လို့ ငါ သံသယဖြစ်မိမှာပဲ"

လျိုကျီဝိုက်ပြောတာ မမှားဘူး. ကျန်းလင်ရိက ဝမ်ကွမ်းနင်ကို ကိုယ့်ကိုယ်အဟုတ်ကြီးထင်နေတဲ့သူလို့ပြောတယ် ဒါပေမယ့် ကျန်းလင်ရိ သူ့ကိုယ်သူအဟုတ်ကြီးထင်တဲ့ level ကလည်း အတော်မြင့်တယ်. ခြုံပြောရရင် သူဘယ်သူ့ကိုမှ ဒီလောက် အကောင်းမမြင်ခဲ့ဖူးဘူး. အဲ့ဒါကပဲ သူဝမ်ကွမ်းနင်ကို အမြဲတမ်း မနှစ်မြို့ရခြင်း အကြောင်းရင်းပဲဖြစ်တယ်

လျိုကျီဝိုက်နဲ့ ကျန်းလင်ရိဟာ အတန်းဖော်သူငယ်ချင်းတွေ ဖြစ်တာ သုံးနှစ်ရှိပြီ. ကျန်းလင်ရိဟာ သူများအပေါ် တမင်တကာ အထင်မြင်သေးဖြစ်တာမျိုးတော့ သူတစ်ခါမှ မမြင်ဖူးဘူး.ဒါပေမယ့် ကျန်းလင်ရိ သူများကို ချီးကျူးတာကလည်း သေလောက်အောင် ရှားတယ်. ဒီတော့ ကျန်းလင်ရိပါးစပ်က ဝမ်ကွမ်းနင် ကိုချီးကျူးတာကြားရတော့ လျိုကျီဝိုက် တကယ် အံ့သြသွားတယ်.

"ဟဲဟဲ ဒီဘက်ခေတ်ကြီးမှာ ဂေးအချစ်ဆိုတာ ကောင်လေးတွေ ကောင်မလေးတွေ ရှောင်နေတဲ့ ကိစ္စမဟုတ်တော့ဘူး!"

ကျန်းလင်ရိက လျိုကျီဝိုက်ကို မျက်နှာချင်းဆိုင်ကာ အဓိပ္ပါယ် ပါပါနဲ့ ပြုံးပြီးပြောတယ်. လက်တွေ့မှာ ဒါဟာ တစ်နည်းအားဖြင့် ကောင်းကင်အောက်မှာရှိတဲ့ လောကတခုလုံးကို ခါးထောက်ကာဟားတိုက်ရယ်မော ကြေညာလိုက်သလိုပဲ. ယောကျာ်း ယောကျာ်း ကြိုက်တော့ရော ဘာဖြစ်သေးလဲ?  ဒီသခင်လေးက ဝမ်ကွမ်းနင်နဲ့ ဂေးယောင်ဆောင်နေတာဟေ့!

ဒါပေမယ့် သူ့ လူ့အဖွဲ့အစည်းကြီးကို လက်စားချေမယ့်အကြံရဲ့ အဓိက ပစ်မှတ်က လျိုကျီဝိုက်မဟုတ်ဘူး. သူ လျိုကျီဝိုက်ကို သွားပြောပြလိုက်ရင်လည်း သူ့ကိုယ်သူ ရူးနေတယ်လို့ ထင်သွားတာကလွဲရင် ဝမ်ကွမ်းနင်ကို အပိုပြသာနာတွေ ပေးမိတာပဲ အဖတ်တင်လိမ့်မယ်. ပြီးတော့ အဲ့လို ပြောလိုက်လို့ သူတို့ရဲ့ ကလဲ့စားချေမယ့် အစီအစဉ်အပေါ် ဘာအကူအညီမှလည်း ရလာမှာ မဟုတ်ဘူး

ကျန်းလင်ရိဟာ ဒီကိစ္စ ကို ခဏစဉ်းစားပြီး ဘာမှ မပြောဖို့ဆုံးဖြတ်လိုက်တယ်.

ဒါပေမယ့် သူ့စကားတွေကြောင့် လျိုကျီဝိုက် တစ်စက္ကန့်လောက် ရှော့ခ်ရသွားတယ်. လျိုကျီဝိုက်လို အမြဲတမ်း အဆုတ်အတက်ကျွမ်းကျင်ပြီး စကားပြောကောင်းတဲ့ သူတောင် သူမျက်နှာမပျက်အောင် မထိန်းနိုင်ဘူးဖြစ်သွားတယ်. သူမက တကိုယ်လုံးတောင့်တင်းသွားကာ ပြောလိုက်တယ်

"လင်ရိ, နင်စကားလုံးတွေက လူတွေကို အတွေးမှားတွေ တွေးမိအောင် လုပ်နေတာပဲ...."

"ဟားဟား... ဟုတ်လား?"

ကျန်းလင်ရိက အတော်ဂုဏ်ယူနေတဲ့ ပုံနဲ့ လျိုကျီဝိုက်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်

"ငါနဲ့ ဝမ်ကွမ်းနင်က တကယ့် ဂေးအတွဲနဲ့ တူနေလို့လား?"

အင်း, တကယ်လို့ လျိုကျီဝိုက်ကသာ အဲ့လိုတွေးရင် သူတို့ရဲ့ အကြံအစည်က တဝက်အောင်မြင်နေပြီလို့ပြောလို့ရတယ်!

ကျန်းလင်ရိက ဒီအကြောင်းကို ညကျ ဝမ်ကွမ်းနင်ကို ပြောပြီး အောင်ပွဲခံသင့် မခံသင့် စဉ်းစားနေတယ်.

"အမ်.."

ကျန်းလင်ရိရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေသန်းနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း သူဘာတွေးနေလဲဆိုတာ လျိုကျီဝိုက် မသေချာ မရေရာဖြစ်နေတယ်. ဒီ F ယူနီဗာစီတီ ထဲမှာ ကျန်းလင်ရိကို နားအလည်ဆုံးသူက သူမတစ်ယောက်တည်းရှိတယ်လို့ လျိုကျီဝိုက် အမြဲတွေးခဲ့တာ. ဒါမယ့် ဒီရက်အနည်းငယ်အတွင်းမှာ တချို့အရာတွေက ဘယ်လိုဖြစ်ပြီး မူမမှန်တော့သလို သူခံစားလာရတာလဲ. သူမ သေချာသိတယ်ထင်ခဲ့တဲ့ အတိတ်က အရာအားလုံးဟာ လုံးဝဖရို့ဖရဲ ဖြစ်သွားတယ်. နောက်ဆုံးမှာ သူမက ကျန်းလင်ရိ အမေးကို မဖြေပဲ အဲ့အစားပြုံးလိုက်ကာ

"ငါ အဲ့လောက် အထိတော့ မတွေးထားဘူး. ယောကျာ်းလေးတွေ ပေါက်ကရတွေ လျှောက်လုပ်ကြတယ်ဆိုတာ အတော်လေး ပုံမှန်ပါပဲ"

"အိုး!"

ကျန်းလင်ရိဟာ သူကြားချင်တဲ့ အဖြေကို မကြားရလို့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ပွတ်လိုက်တယ်

ဒါက ကျန်းလင်ရိရဲ့ အကျင့်အသစ်တစ်ခု.သူသိလာတာက ကတုံးကို လက်နဲ့ ပွတ်တာက အတော်လေး လူကို လန်းဆန်းစေတယ်ဆိုတာပဲ. သူ ခေါင်းကိုရိတ်လိုက်ပြီးထဲက အဲ့ခေါင်းကိုပဲ အကြောင်းမရှိ ကိုင်နေရတာ သဘောတွေကျနေတယ်.

လျိုကျီဝိုက်ရဲ့အကြည့်တွေဟာ သူ့ကတုံးပေါ်ရောက်သွားတယ်.အဲ့နောက် သူမ မျက်နှာက ခဏလောက် ထူးဆန်းသွားတဲ့ပုံနဲ့

"လင်ရိ..... နင်ဘယ်လိုဖြစ်လို့..... ဒီ ဆံပင်ပုံစံထားဖို့ ဆုံးဖြတ်လိုက်တာလဲ?"

သူကျန်းလင်ရိကို ကြာလေလေ နားမလည်နိုင်ဖြစ်လာလေလေပဲ. သူသိတဲ့ ကျန်းလင်ရိက သူ့ရဲ့ ဂုဏ်သိက္ခာကို အသက်လိုသဘောထားတဲ့သူ. သူ့ခေါင်းကို ကတုံးရိတ်ဖို့ မပြောနဲ့ သူ့ရှေ့ဆံပင်ကို ထိတာတောင် သူ့ကို သေကြောင်းကြံတဲ့ အတိုင်းပဲ. ဒီရက်တွေ အတောအတွင်း ဘယ်လို ရူးနှမ်းတဲ့ ကိစ္စတွေဖြစ်နေတာလဲ?

ဝမ်ကွမ်းနင် ကလည်း အူကြောင်ကြားဆံပင်ပုံစံ လုပ်ထားတယ်ဆို သူမကြားထားပြီးသား!

လျိုကျီဝိုက်ရဲ့ မူမမှန်တဲ့ အတွေးတွေဟာ ပိုပြီးလေးလံလာတယ်

ကျန်းလင်ရိကတော့ သူမထက် ပိုတည်တည်ငြိမ်ငြိမ်ရှိနေတယ် သူက ရယ်လိုက်ကာ ပြောတယ်

"ဘာမှ မဟုတ်ပါဘူး. အဲ့ဒါက ပျော်စရာကောင်းတယ်လို့ ငါထင်လို့. ကတုံးဆံပင်ပုံက အရမ်းယောကျာ်းပီသတယ်လို့ နင်မထင်ဘူးလား?"

ကျန်းလင်ရိက နေ့လည်စာစားရင်း ဆက်ပြောနေတယ်

"ဒါနဲ့ ကျီဝိုက်, ငါ့ကို နေ့လည်စားဖို့ နင်ခေါ်လာတာလေ ဘယ်လိုဖြစ်လို့ ငါ့ကိစ္စတွေကြီးပဲ ပြောနေတာလဲ? နင်ငါ့ကို ဘာလို့ ခေါ်တာလဲဆိုတာ မပြောရသေးဘူး"

" ငါနင့်ကို ဘာမှ ပြောစရာမရှိရင် နေ့လည်စားစားဖို့ ခေါ်လို့မရဘူးလား?"

လျိုကျီဝိုက်က ထမင်းပန်းကန်လုံးကို လက်ထဲမှာ တင်းတင်းဆုပ်ထားတယ်

" အဲ့လို ဘယ်ဟုတ်ပါ့မလဲ!"

ကျန်းလင်ရိက ရယ်လိုက်တယ်. ဒါပေမယ့် စိတ်ထဲမှာတော့___ ခုတလော သူဂေးလုပ်ဖို့ ကိစ္စဆီပဲ အာရုံရောက်နေတော့ နင်မှာ ပြောစရာထွေထွေထူးထူးမရှိရင် ငါနဲ့ ရှိုရှို ချိန်းတွေ့တာကို ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့လို့ ပြောနေတယ်

" ဒီနေ့ ငါနင့်ကို အပြင်မှာတွေ့ဖို့ ချိန်းရတဲ့ အကြောင်းရင်းက......ငါမှာ နင့်ကို အရေးတကြီးပြောစရာရှိလို့ပဲ"

လျိုကျီဝိုက်က အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေပြီးနောက်ဆုံးမှာ စကားစပြောတယ်

"အိုး, ဘာများပါလိမ့်?"

ကျန်းလင်ရိ မျက်ခုံးတွေ ပင့်တက်သွားတယ်

လျိုကျီဝိုက်က သူ့ကို အရောင်တလက်လက်မျက်လုံးတွေနဲ့ မျှော်လင့်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်.

"လင်ရိ, နင်နဲ့ငါ တစ်ယောက်နဲ့ တစ်ယောက် သိတာ သုံးနှစ်တောင်ရှိပြီ.."

"အင်း"

ကျန်းလင်ရိ နည်းနည်း မတည်မငြိမ်ဖြစ်သွားတယ်. သူ အတွေးလွန်နေတာပါလို့တော့ ပြောလို့မရဘူး. ဘာလို့လဲဆိုတော့ လျိုကျီဝိုက်ရဲ့ မျက်လုံးတွေနဲ့ သူ့ဆီက စကားလုံးတွေ ကို ကြည့်ရတာ သူ့ကို ဖွင့်ဟဝန်ခံတော့မယ်ပုံ.. အမှန်တော့ သူလည်း လျိုကျီဝိုက်ကို အတော် သဘောကျပါတယ်. သူမက ဉာဏ်ကောင်းတယ် လှတယ် တခြားသူတွေနဲ့ ပေါင်းတတ်သင်းတတ်တယ်. F ယူနီဗာစီတီမှာ သူ့အတွက် လျိုကျီဝိုက်ထပ်ပိုပြီး သင့်တော်မယ့်သူမရှိဘူး. ဒါပေမယ့် ပြသာနာက သူ သူမကို လက်ခံဖို့ သူ့စိတ်ကို သူ မပြင်ဆင်ရသေးဘူး!

" ဒီသုံးနှစ်အတွင်းမှာ ငါ ရည်းစားမထားခဲ့ဘူး"

လျိုကျီဝိုက်ဟာ ကျန်းလင်ရိသူမရဲ့ စကားတွေကို စဉ်းစားသုံးသပ်နိုင်အောင် ဖြည်းဖြည်းချင်းပြောတယ်

"အဲ့ အကြောင်းရင်းက ဘာလို့လဲဆိုတာ နင် ရှင်းရှင်းလင်းလင်းသိမယ်လို့ ငါထင်တယ်"

များသောအားဖြင့် ကျောင်းသူကောင်မလေးတွေဘက်က ဒီလိုစကားမျိုးစမပြောသ၍ ကျန်းလင်ရိဘက်က ဒါမျိုးစပြောလေ့မရှိဘူး.  ဒါပေမယ့် ကျန်းလင်ရိက ဒီကိစ္စပြောတာကို တမင်တကာ မသိကျိုးကျွံပြုတာ မသိချင်ယောင်ဆောင်တာမျိုးတော့ သူမလုပ်ဘူး. အဲ့ဒါကြောင့် လျိုကျီဝိုက် ရုတ်တရတ် ဒီစကားထုတ်ပြောလာပေမယ့် သူက ရိုးရိုးသားသားပဲ ခေါင်းညိမ့်လိုက်တယ်

" အင်း ငါသိတယ်"

ကျန်းလင်ရိရဲ့ ပွင့်လင်းမှုကိုမြင်တော့ လျိုကျီဝိုက် နည်းနည်းတော့ လန့်သွားတယ်. သူမက မြန်မြန်ပဲ ဆက်ပြောတယ်

"လင်ရိ, အစက... ငါမျှော်လင့်တာက.. ဒီစကားတွေကို နင့်ဆီက အရင်ပြောလာလိမ့်မယ် ထင်တာ"

ကျန်းလင်ရိက တောင်းပန်တဲ့ အပြုံးလေးပြုံးလိုက်တယ်

လျိုကျီဝိုက်ကလည်း ပြုံးကာ ဆက်ပြောတယ်

"ငါ သံသယဖြစ်လာတာက ဒီလိုသာ ဆက်သွားနေရင် ငါတို့ဘွဲ့ရတဲ့ အချိန်ထိတောင် ငါနင့်ဆီက အဖြေရမှာမဟုတ်ဘူး!"

ကျန်းလင်ရိ တိတ်ဆိတ်နေတယ်. သူဘာမှ မပြောချင်လို့တော့ မဟုတ်ဘူး. အဲ့တာထက် သူ ဘာပြောရမှန်းမသိတာဖြစ်နေတာ

လျိုကျီဝိုက်ပြောတဲ့ဟာတွေက တကယ် မှန်ကောင်းမှန်နေနိုင်တယ်

လျိုကျီဝိုက်ဟာ သူ့အတွက် လိုအပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် ခံစားချက်တွေနဲ့ ပတ်သတ်ရင်တော့ သူ အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ နေခဲ့တယ်.

ဒါက တကယ်တမ်းတော့ လျိုကျီဝိုက်အပေါ် မတရားရာကျနေတယ်

ဒါပေမယ့် ခံစားချက်နဲ့ ပတ်သတ်လာရင် တရားမျှတမှုဆိုတာ အဓိပ္ပါယ် မရှိဘူးလိုပဲပြောရမယ်

လျိုကျီဝိုက်ကလည်း ဒီဝါကျလေး နှစ်ကြောင်းတည်းနဲ့ ကျန်းလင်ရိ ဒီ အခြေအနေတွေကို အပြည့်အဝနားလည်လိမ့်မယ်လို့ မရည်ရွယ်ဘူး.
သူမက ခပ်ဖျော့ဖျော့ ပြုံးကာပြောတယ်

"တကယ်တော့ လင်ရိ, လွန်ခဲ့တဲ့ နှစ်ရက်က ကျောက်ရှီမင်က ငါ့ကို ကြိုက်နေတယ်လို့ ဖွင့်ပြောလာတယ်"

ကျောက်ရှီမင်ဟာ F ယူနီဗာစီတီရဲ့ ကွန်ပျူတာ ပါရမီရှင် ပြီးတော့ ကျောင်းမှာလည်း လွှမ်းမိုးကျော်ကြားသူတစ်ယောက်ဖြစ်တယ်. ဒါပေမယ့် သူဟာ ပါရမီရှင်ပီပီ သူရဲ့ ကိုယ်ပိုင် ပါရမီနဲ့ ခွန်အားတွေကြောင့် လူသိများတာဖြစ်တယ်. ဝမ်ကွမ်းနင်နဲ့ ကျန်းလင်ရိတို့လို့ ရုပ်ရည်သွင်ပြင်ကြောင့်ပါ နာမည်ကြီးကျော်ကြားတာနဲ့တော့ မတူဘူး. ကျောက်ရှီမင်ရဲ့ ပုံစံက လူရိုးတစ်ယောက်လို့ ပြောလို့ရတယ်

ဒါပေမယ့် ကောင်မလေးတွေရဲ့ကျောက်ရှီမင်အပေါ် အားပေးမှုက ဝမ်ကွမ်းနင်နဲ့ ကျန်းလင်ရိတို့ထက် အများကြီး မလျော့ဘူး.

အဲ့ဒါရဲ့ အကြောင်းကတော့ရှင်းပါတယ်. ဝမ်ကွမ်းနင်နဲ့ ကျန်းလင်ရိတို့ရဲ့ အလွန်ချောမောလှပတဲ့ ပုံစံနဲ့ ယှဉ်လိုက်ရင် ကျောက်ရှီမင်ရဲ့ ရုပ်ရည်က ကောင်မလေး တွေကို ပိုပြီး လုံခြုံစိတ်ချမှုရှိစေလို့ပဲ

ပြီးတော့ ကျောက်ရှီမင်ဟာ ဝမ်ကွမ်းနင်နဲ့ ကျန်းလင်ရိတို့လို့ ချဉ်းကပ်ရခက်ခဲမနေဘူး

ကျန်းလင်ရိဟာ အံ့အားသင့်စွာနဲ့ လျိုကျီဝိုက်ကို ကြည့်နေတယ်

"လင်ရိ, ငါက ကောင်မလေး ငယ်ငယ်လေးတစ်ယောက်. ငါအတွက် သုံးနှစ်ဆိုတဲ့ အချိန်ဟာ အတော်လေးကြာခဲ့ပြီ. ငါမရေမရာနဲ့ ဆက်ပြီး မစောင့်ချင်တော့ဘူး"

လျိုကျီဝိုက်ဟာ တကယ့်ကို ယဉ်ကျေးတဲ့သူတစ်ယောက်ပဲ သူမ ဒီစကားတွေပြောနေပေမယ့် စကားလုံးတွေက သင့်လျော်နေတယ်

"ငါ ငါ့ကိုယ်ငါ အခွင့်အရေးပေးချင်တယ်. ဒါပေမယ့် ငါရွေးချယ်မှုမလုပ်ခင်မှာ ငါစောင့်ခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာအချိန်တွေကို အလကား မဖြစ်စေချင်ဘူး"

"ငါ ဒီနေ့လာရတဲ့ အကြောင်းရင်းက ငါနင့်ဆီက အဖြေကို ကြားချင်လို့ပဲ"

" နင်ငါ့ကို မြန်မြန်ကြီး အဖြေပေးဖို့ မလိုပါဘူး. ငါနင့်ကို စဉ်းစားဖို့ သုံးရက်အချိန်ပေးမယ်. ဒီသုံးရက်အတွင်းမှာ နင့်အဖြေက ဘာပဲ ဖြစ်နေဖြစ်နေ အချိန်မရွေးနင်ငါ့ကို ပြောလို့ရတယ်"

ကျန်းလင်ရိ ကော်ဖီဆိုင် အပြင်ဘက်ထွက်လိုက်တော့ သူခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေတုန်းပဲ. အမှောင်စားဖိုမှူးရဲ့ အထူးဟင်လျာဖြစ်တဲ့ တရုတ်ရိုးရာဆေးမြစ်နဲ့ ပြောင်းဖူးဟင်းချိုအရသာတောင် သူမမှတ်မိတော့ဘူး.

လျိုကျီဝိုက်အပေါ်မှာ သူအတော်လေးသဘောကျတယ် ဒါပေမယ့် ဒီလို သဘောကျတယ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ သဘောကျမှုမျိုးမဟုတ်ဘူး.သူကို အတော်လေး သက်တောင့်သက်သာဖြစ်စေတဲ့ပုံမျိုး. အဲ့ဒါကြောင့် သူ ဒီပုံစံကို မပျက်စီးစေချင်ခဲ့ဘူး

အရင်က လျိုကျီဝိုက် ဒီလိုမျိုး တစ်ခါမှ မပြောခဲ့တာကြောင့် သူလည်း မသိချင်ယောင်ပဲ ဆောင်ခဲ့တယ်.

ဒါပေမယ့် အခု လျိုကျီဝိုက်ဘက်က အရင်စပြောလာပြီဆိုတော့ သူ့ဘက်က ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်.

သူလက်ခံလိုက်ပြီး သူတို့နှစ်ယောက် တူတူတွဲလိုက်သင့်လား

ဒါမှမဟုတ် ငြင်းလိုက်ပြီး သူမ တခြားသူတစ်ယောက်ရဲ့ ရင်ခွင်ထဲပါသွားတာကို ကြည့်နေမလား?

ကျန်းလင်ရိ သက်ပြင်းချလိုက်တယ်

ညနေစောင်း ဝမ်ကွမ်းနင်ကိုသူတွေ့လိုက်ရတဲ့ အချိန်ကျမှ သူတစ်စုံတစ်ခုကို သတိထားမိသွားတယ်_____ တစ်နေ့ခင်းလုံး အဖြေရှာမရဖြစ်နေတဲ့ မေးခွန်းမှာ ဝမ်ကွမ်းနင်လည်း ပါဝင်ပတ်သတ်နေတယ်ဆိုတာပဲ

ဝမ်ကွမ်းနင်နဲ့ ဒီသဘောတူညီချက်မလုပ်ခင် တစ်ချိန်က သူ လျိုကျီဝိုက်နဲ့ တွဲဖို့စဉ်းစားခဲ့ဖူးတယ်. အဲ့အချိန်တုန်းက သူအတွေးက သဘာဝအတိုင်း သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်ပေါ့. လျိုကျီဝိုက်ဘက်က အရင်စပြီး ထုတ်ပြောလာတယ်ဆိုရင်တောင် သူ့မှာ ချစ်သူကောင်မလေး မရှိသေးတဲ့အတွက် သူတို့တွဲလိုက်ကြမယ် ဆိုုရင်လည်း မဆိုးဘူးပဲ.

ဒါပေမယ့် အခု လျိုကျီဝိုက်ထုတ်ပြောလာတော့____ သူ ပြောစရာစကားမရှိဖြစ်ရတဲ့ အကြောင်းက ___ သူသာ လျိုကျီဝိုက်နဲ့ တွဲလိုက်ရင် သူဝမ်ကွမ်းနင်ကို စိတ်ပျက်စေမှာပဲလို့ ခံစားရတယ်!

ဒါတော့ လွန်လွန်းတယ်!

ကျန်းလင်ရိဟာ လန့်လွန်းလို့ တစ်ကိုယ်လုံး ချွေးစေးတွေထွက်လာတယ်.သူဟာ ခေါင်းမော့ကာ ချိန်းထားတဲ့နေရာကို အရင်စောရောက်နေတဲ့ ဝမ်ကွမ်းနင်ကို လှမ်းကြည့်လိုက်တယ်

ဝမ်ကွမ်းနင်ဟာ ဓာတ်တိုင်ကိုမှီကာ သူ့ဖုန်းကို ဆော့နေတယ်. ဒီနေ့က နေအတော်ပူတာကြောင့် ဝမ်ကွမ်းနင်က များများစားစားမဝတ်ထားဘူး. ရှပ်အကျႌနဲ့ ပေါ့ပေါ့ပါးပါး ဂျာကင်တစ်ထည်လောက်ပဲ ဝတ်လာတယ်. ကြည့်ရဆိုးပြီး ရေပန်းစားနေတဲ့ မနေ့က သူ့ရဲ့ ဆံပင်စတိုင်ကို လုံးဝကို ညှပ်ထားလိုက်ပြီ အဲ့အစား ခပ်ဖွဖွနဲ့ သပ်ရပ်တဲ့ ပုံလုပ်ထားတယ်

ဓာတ်တိုင်ရဲ့ မီးအလင်းရောင်ဟာ အမှောင်ထဲက ကွယ်နေတဲ့ ဝမ်ကွမ်းနင်ကိုယ်ပေါ်ကို ထွန်းလင်းနေတယ်

ဒီမြင်ကွင်းက လူတွေ မျက်စိမလွှဲချင်လောက်အောင် ကြည့်လို့ကောင်းနေတယ်

ဘာကြောင့်မှန်းမသိဘူး ကျန်းလင်ရိဟာ F ရှင်းရမ် ဖိုရမ်မှာ တင်ထားတဲ့ ဝမ်ကွမ်းနင်ရဲ့ ပုံတွေကို သွားသတိရတယ်

ဝမ်ကွမ်းနင် ရှိတဲ့နေရာဘယ်နေရာပဲ ဖြစ်ဖြစ် ရှုမျှော်ခင်းတွေက ကြည့်ချင်စရာဖြစ်နေတယ်

ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိသူ့ကို ကြည့်နေတာ သတိထားမိသွားပြီး တဖြည်းဖြည်း ခေါင်းမော့လာတယ်.

သူမျက်နှာက မှင်သေသေနဲ့ သူအကြည့်တွေကလည်း စိတ်မပါလက်မပါနဲ့. သူမျက်လုံးလေးနဲနဲစွေကြည့်လိုက်တာနဲ့ ဟိုးမြင့်မြတ်တဲ့တစ်နေရာက လှမ်းကြည့်နေတယ်ထင်ရတယ်

တစ်ချို့သူတွေ အတွက်တော့ သူတို့ရဲ့ မြင့်မြတ်တဲ့ ရောင်ဝါတွေဟာ ကောင်းကင်ဘုံက ဖန်ဆင်းပေးထားသလားလို့တောင်ထင်ရတယ်

ကျန်းလင်ရိစိတ်ထဲမှာ တဝှီဝှီမြည်သံတွေ ပြည့်နှက်သွားတယ်. သူဘေးပတ်ဝန်းကျင်က အသံတွေကိုတောင် မကြားနိုင်တော့ဘူး

ကျန်းလင်ရိဟာ သူ့နှလုံးသားထဲက တဒိုင်းဒိုင်း ရင်ခုန်သံတွေကိုလည်း သူမကြားနိုင်တော့ဘူး...

______________________________________

အချစ်ဆုံးတို့ရေ...

ဒီအပိုင်းလေးက မူလဝတ္ထုရေးတဲ့ သူကိုယ်တိုင် ဒီနားမှာ ဖြတ်ထားတာပါတဲ့နော်
နောက်အပိုင်းလေးမှာ ဆက်ချိုကြမယ်နော်
အားလုံးပဲ ကောင်းသော ညချမ်းလေး ဖြစ်ပါစေ

With love ❤❤
Taiga 😘

Continue Reading

You'll Also Like

231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
416K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္