ခိုင္သည္ လူသတ္မိန္႔စင္ေပၚမွာ ရပ္ေနရသလိုခံစားေနရသည္။ ထန္ရိႈးဖုန္းကိုင္လိုက္သည့္အခ်ိန္ကေနစပီး သူ႔နဖူးေပၚမရွိသည့္ေခၽြးကိုအဆက္မျပတ္သုတ္ေနမိသည္။ အခန္းတြင္းရာသီဥတုကလည္း ဒီဂရီအနည္းငယ္-မဟုတ္ဘူး ဒါဇင္ေလာက္ကိုက်ဆင္းသြားသလိုျဖစ္ေနသည္။
~အား…….ဘယ္အရူးက သူတို႔ bossကို လာဆြရဲတာလဲ?~
အံ့ၾသစြာပင္ ထန္ရိႈးသည္ ဘာမွမျဖစ္သလိုမ်ိဳးျပန္ေျဖလိုက္ပီး တံခါးဆီသို႔သြားလိုက္သည္။
“သူတို႔ေနာက္လိုက္သြား။ ပီးေတာ့ လီဖန္အဆင္ေျပတာေသခ်ာပါေစ။ ငါခနေနေရာက္မယ္”
ထိုအခ်ိန္မွာ သနားစရာဆုမင္ေလးကေတာ့ တစ္စံုတစ္ဦးေသာနတ္ဘုရားကိုသြားဆြမိမွန္းမသိပဲ လီဖန္အား king sizeအိပ္ယာေပၚကိုတင္လိုက္သည္။
ဆုမင္သည္ လီဖန္နားသို႔ကပ္သြားပီး ေလွာင္ရယ္လိုက္ကာ
“က်စ္! မင္းကိုမင္း နဂါးတစ္ေကာင္ျဖစ္သြားပီမ်ားမွတ္ေနလား? မင္းက အခုထိဘာမွ ေ-ာက္သံုးမက်တဲ့ေကာင္ပဲ။ ဒါကိုမ်ား ငါ့ေခါင္းေပၚတက္ခ်င္ေသးတယ္လား?! မင္းကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးေနတာကို မင္းက ငါ့ကိုမ်က္လံုးထဲေတာင္မထည့္ဘူးေလ! ဒါေၾကာင့္ မင္းအေပၚျဖစ္လာသမွ် ငါ့အျပစ္မဆိုနဲ႔။ ဟဟ”
သို႔ေပမယ့္ သူေလွာင္ရယ္ေနသည္ကို တစ္ေယာက္ေယာက္၏အသံက ေႏွာင့္ယွက္လိုက္သည္။
“အိုး…တကယ္လား?”
ဆုမင္သည္ လီဖန္နားမွေနခ်က္ခ်င္းခြာလိုက္ပီး ေနာက္ကိုခုန္ဆုတ္လိုက္သည္။ ဘာလို႔ဆို ခုနေလးတင္မွ ေမ့သြားသည့္သူသည္ အခုေတာ့ ကုတင္ေပၚ၌ ေအးေအးေဆးေဆးထိုင္ေနပီး ဘာေဆးမွအခတ္မခံလိုက္ရသလိုမ်ိဳးျဖင့္ သူ႔အားၾကည့္ေနေသာေၾကာင့္ျဖစ္သည္။
ဆုမင္သည္ လီဖန္အား လက္ညိဳးထိုးလိုက္ပီး လက္ေတြတုန္စကားေတြထစ္ေနကာ
“မ-မင္း….ဘယ္လို..?”
လီဖန္သည္ သူ႔ညာလက္ျဖင့္ေမးေထာက္လိုက္ပီး မ်က္ခံုးပင့္ျပလိုက္ကာ
“အိုး? မင္းေျပာတာ ေဆးခတ္ထားတာကိုလား? ငါကေျဖေဆးစားထားပီးသားမို႔လို႔ သက္ေရာက္မႈမရွိေပမယ့္ မင္းအေျခအေနေကာ?”
“မင္းဘာကိုဆိုလို-?”
သူစကားကိုဆံုးေအာင္ေတာင္ မေျပာလိုက္ရပါပဲ ရုတ္တရပ္ ၾကမ္းျပင္ေပၚသို႔လဲက်သြားပီး သူ႔ခႏၱာကိုယ္တစ္ခုလံုးပူေလာင္လာေလသည္။
~ငါဘာျဖစ္ေနတာလဲ? ခုနကထိ အေကာင္းႀကီးေလ!~
လီဖန္သည္ ဆုမင္ျဖစ္ပ်က္ေနသည္အား မ်က္ေတာင္တခ်က္ေတာင္မခတ္ပဲၾကည့္ေနကာ systemအား ခ်ီးက်ဴးလိုက္သည္။
‘ဝါးးး မင္းေဆးက မဆိုးဘူးပဲ။ ငါထင္တာက အလုပ္မျဖစ္ေတာ့ဘူးထင္ေနတာ!’
Systemသည္ မ်က္လံုးကိုလိမ့္လိုက္ပီး
[ေသခ်ာတာေပါ့! ကၽြန္ေတာ္က လိမ္စားေနတဲ့သူမွမဟုတ္တာ။ ဒါေၾကာင့္အတုေတြမေရာင္းပါဘူးေနာ။ ဒါေပမယ့္ ခင္ဗ်ားဒီလူကို တကယ္ႀကီးမုန္းေနတာမလား? ခင္ဗ်ားအမွတ္ေတြနဲ႔ဒီလိုေဆးကိုဝယ္ရတဲ့အထိဆိုေတာ့]
ဒါကိုၾကားလိုက္သည့္လီဖန္သည္ ျပန္ေျပာလိုက္သည္။
‘ဘာလဲ? မင္းကသူ႔ကိုႀကိဳက္ေနလို႔လား?’
Systemေလးနင္သြားရွာပီေလ။ [………]
~ဟုတ္ပါပီ ကၽြန္ေတာ္မ်ိဳးကပဲမွားသြားတာပါ~
Systemအားဂရုစိုက္မေနေတာ့ပဲ လီဖန္သည္ျဖည္းညင္းစြာထရပ္လိုက္သည္။ ထို႔ေနာက္ဆုမင္အားမကာအိပ္ယာေပၚတင္လိုက္သည္။
ဆုမင္သည္သူ႔အားေၾကာက္ရြံ႕တုန္လႈပ္စြာၾကည့္ေနသည္ေလ။ ဘာေၾကာင့္ဆို သူသာဒီအခန္းထဲကထြက္မသြားႏိုင္လွ်င္ သူ႔ကိုယ္သူဘာဆက္ျဖစ္ေတာ့မယ္ဆိုတာကိုေကာင္းေကာင္းနားလည္ေနေသာေၾကာင့္ပင္။ သို႔ေပမယ့္ ထြက္ေျပးဖို႔မေျပာပါနဲ႔။ သူ႔တြင္လက္ကေလးလႈပ္ဖို႔ေတာင္မွအားတစက္မွမရွိပဲ အိပ္ယာေပၚတြင္သာ အသက္မရွိသလိုလွဲေနႏိုင္သည္။
လီဖန္သည္တံခါးဆီသို႔ေလွ်ာက္သြားပီး ျပန္ေတာင္လွည့္မၾကည့္ပဲ ခ်ိဳသာစြာျဖင့္
“မင္းရဲ႕လက္ေဆာင္ကို ငါကျပန္ေပးလိုုက္ပီေနာ္။ ဒါေၾကာင့္ ေသေသခ်ာခ်ာေလးေပ်ာ္ပါးလိုက္ဦး။ ဘိုင့္ဘိုင္!”
ထို႔ေနာက္ေတာ့အခန္းေလးသည္မီးမွိတ္သြားပီး လီဖန္သည္တံခါးကိုပိတ္လိုက္သည္။ သူသည္ဧည့္ခန္းသို႔ေရာက္သြားပီး ထြက္သြားဖို႔ mainတံခါးဆီေလွ်ာက္သြားလိုက္သည္။
*ဘန္း*
သို႔ေပမယ့္အခန္းထဲမွမထြက္ခင္မွာပဲ တံခါးသည္ကန္ပီးပြင့္သြားသည္။ ဒါကအဓိကကိစၥမဟုတ္ေပမယ့္ သူ႔ေရွ႕တြင္ေတာ့ တျခားသူမဟုတ္ပဲ သူ႔ခ်စ္သူျဖစ္ေနသည္ကို ေတြ႔လိုက္ရသည္။
~ဘာလဲဟ?! သူကဘယ္လိုလုပ္ပီး ဒီေရာက္လာရတာလဲ?!~
လီဖန္သည္ ထန္ရိႈးပိုင္နက္အတြင္းေရာက္ေနသည္ပီး သူရွိေနသည့္ေနရာအား အခ်ိန္မေရြးသိႏိုင္သည္ဆိုတာကိုေမ့သြားပီး အံ့ၾသသြားေသာေၾကာင့္ စကားေတြထစ္ကုန္သည္။
“ခ-ခင္ဗ်ားက ဒီကုိ ဘယ္လိုလုပ္-”
သူစကားေတာင္မဆံုးေသးပါပဲ ထန္ရိႈးသည္ စကားကိုခ်က္ခ်င္းျဖတ္ေျပာလိုက္သည္။
“ကိုယ္ကသာ မင္းကိုဘာလို႔လဲဆိုတာကို ေမးရမွာပါ! အဲ့ဒီမ်ိဳးမစစ္ေကာင္ ဘယ္မွာလဲ?!”
လီဖန္သည္လွ်င္ျမန္စြာပဲျပန္ေျဖလိုက္သည္။
“ဟုတ္ပီ ဟုတ္ပီ ခင္ဗ်ားကိုေျပာျပမယ္။ အခုေလာေလာဆယ္ေတာ့ ဒီကျမန္ျမန္သြားရေအာင္”
ဟုေျပာပီးေနာက္ ထန္ရိႈးအား အတင္းပင္ဆြဲေခၚလာခဲ့ပီး အခန္းႏွင့္သိပ္မေဝးသည့္ေထာင့္တစ္ေနရာတြင္ ပုန္းေနလိုက္သည္။
အခ်ိန္တစ္ခုၾကာပီးေနာက္မွာေတာ့ ဘိုးေတာ္ႀကီးတစ္ေယာက္သည္ သူတို႔ထြက္လာသည့္အခန္း၏တံခါးကိုဖြင့္ေနသည္။
လီဖန္သည္သြားမ်ားေပၚသည္အထိ ေပ်ာ္ရြင္စြာျပံဳးလိုက္ပီး
“အိုေက အစီအစဥ္ေအာင္ျမင္ပီ!”
သို႔ေပမယ့္ သူလွည့္ၾကည့္လိုက္ခ်ိန္မွာေတာ့ သူ႔ခ်စ္သူ၏ေရခဲရိုက္မ်က္ႏွာထားေၾကာင့္ ခ်က္ခ်င္းပဲ တကိုယ္လံုးခဲေတာင့္သြားသည္။
လီဖန္သည္စိတ္ထဲ၌သက္ပ်င္းခ်လိုက္ပီး အေျခအေနေတြကိုစပီးရွင္းျပလိုက္သည္။ သို႔ေပမယ့္ ဒီအေၾကာင္းေတြကိုၾကားလိုက္ရသည့္ထန္ရိႈး၏မ်က္ႏွာထားသည္ပုိဆိုးသြားပီး
“အဲ့ဒီမ်ိဳးမစစ္ေကာင္! ကိုယ့္ကိုလြတ္။ အဲ့ေကာင္ကို သင္ခန္းစာေသခ်ာေပးမွရမယ္”
လီဖန္သည္ ခ်က္ခ်င္းပဲ ထုိသူ႔လက္ေမာင္းကိုဆြဲထားလိုက္ပီး
“ဘာမွမျဖစ္ေတာ့ဘူး။ သင္ခန္းစာအလံုအေလာက္ထားခဲ့ပီးပီ”
ထန္ရိႈး “ဘာကိုလံုေလာက္ရမွာလဲ?! ေယာက်္ားေတြ၃ ၄ေယာက္ေလာက္ကို တစ္ခါထဲအခန္းထဲထည္ထားလိုက္ပီး ေဆာင္ၾကာျမိဳင္ကိုေရာင္းစားပစ္ရမွာ!”
လီဖန္၏ႏႈတ္ခမ္းေထာင့္သည့္ျပင္းျပင္းထန္ထန္လႈပ္သြားပီး ေတြးလိုုက္မိသည္။ သူဒီေလာက္ေလးပဲလုပ္ခဲ့တာ ဆုမင္ေတာ္ေတာ္ေလးကံေကာင္းသည္ဟုပင္။
ထန္ရိႈးသည္ဆက္ေျပာလာသည္။
“ပီးေတာ့မင္း! ဒီကိစၥကေနမင္းလဲလြတ္မယ္မထင္နဲ႔!”
သူ႔မွာေတာ့စိတ္ပူစိုးရိမ္ရလြန္းလို႔ ခ်က္ခ်င္းအေျပးအလႊားလာခဲ့ရတာကိုေတာင္မွာ ဒီေကာင္ေလးကေတာ့ သူ႔မ်က္ႏွာက အျပစ္လုပ္ထားလို႔ေနာင္တရသည့္အရိပ္အေယာင္တစ္စက္ကေလးမွ မေတြ႔ရဘူး!
ဒီကိစၥကေနအေကာင္းတိုင္းေျပးလြတ္ဖို႔လမ္းမျမင္သည့္လီဖန္သည္ ျပံဳးျပပီး ထန္ရိႈး၏လည္ပင္းအားဖက္လိုက္ပီး သူ႔မ်က္ႏွာနားသို႔ဆြဲယူလိုက္သည္။
ပီးေနာက္ ထိုသူ႔နားသို႔ တိုးတိုးေလးေျပာလိုက္ေလသည္။
“ဒါဆိုရင္ ဘာလို႔ကၽြန္ေတာ့္ကို အိပ္ယာေပၚမွာ အျပစ္မေပးတာလဲ ဟင္?”
သူ႔စကားသံေၾကာင့္ ထန္ရိႈး၏မ်က္လံုးမ်ားသည္နက္ေမွာင္သြားပီး မ်က္လံုးကိုအနည္းငယ္ေမွးလိုုက္ပီး
“မင္းေသခ်ာတယ္ေနာ္?”
လီဖန္သည္ အနည္းငယ္ရယ္လိုက္ပီး
“ပီးတာပဲေလ…ခင္ဗ်ားမလိုခ်င္-”
ထန္ရိႈးသည္လွ်င္ျမန္စြာျပန္ေျဖလုိက္သည္။
“ကိုယ့္တိုက္ခန္းကိုသြားမယ္”
သို႔ေပမယ့္ မၾကာခင္မွာေတာ့ လီဖန္တစ္ေယာက္ သူသည္တကယ့္ကိုမေကာင္းသည့္ဆံုးျဖတ္ခ်က္ကိုလုပ္လိုက္မွန္းသိလိုက္ကာ အူအသည္းေတြေျပာင္းျပန္လွန္ေလာက္သည္အထိကို ေနာင္တရသြားသည္။
ဒီလူသည္ လူအေရခြံျခံဳထားသည့္ တိရစၦာန္ရိုင္းပဲ အား! ဒီေလာက္မ်ားျပားသည့္ခြန္အားေတြ ဘယ္ကေနမ်ားရလာတာလဲ?!
လီဖန္သည္ အိပ္ယာေပၚတြင္ ေမွာက္ခံုလွဲေနပီး စိတ္ထဲတြင္ေတြးေနလိုက္သည္။ သူ႔တစ္ကုိယ္လံုးကိုက္ခဲေနပီး လက္ေခ်ာင္းေလးေတာင္မွ မလႈပ္ႏိုင္ေတာ့ေပ။
အဲ့ခ်ိန္ တစ္ဖက္မွာေတာ့ ထန္ရိႈးသည္ ေရခ်ိဳးခန္းထဲမွေန၍ လန္းဆန္းတက္ၾကြစြာထြက္လာသည္။ အိပ္ယာေပၚမွာလွဲေနရံုသာတတ္ႏိုင္သည့္ တစ္စံုတစ္ေယာက္ႏွင့္မတူစြာေပါ့။
ထန္ရိႈးသည္ လီဖန္အားႏူးညံ့စြာျပံဳးျပလိုက္ပီး
“ဗိုက္ဆာေနပီလား? ကိုယ္ မင္းအတြက္ အစာေပ်ာ့တစ္မ်ိဳးမ်ိဳးလုပ္ေပးမယ္ေလ”
သူ႔အေျပာအား မ်က္ေစာင္းတစ္ခုသာ ျပန္ရလိုက္ေလသည္။ လီဖန္သည္ အံကိုႀကိတ္ပီး ေအာ္ေျပာလိုက္သည္။
“ဒီမွာလႈပ္ေတာင္မလႈပ္ႏိုင္ေတာ့ဘူး မေကာင္းတဲ့ေကာင္!”
သို႔ေပမယ့္ ထန္ရိႈး၏မ်က္ႏွာတြင္ေတာ့အျပစ္လုပ္ထားသည့္အရိပ္အေယာက္အား တစ္စက္မွမေတြ႔ရပဲ အၾကံႀကီးၾကံေနသည့္အျပံဳးျဖင့္ ႏႈတ္ခမ္းကိုသပ္လိုက္ကာ “ကိုယ္တို႔ေနာက္တစ္ေခါက္ဆိုရင္ေကာ?”
လီဖန္သည္ေခါင္းအံုးကိုေကာက္ဆြဲလိုက္ပီး ထိုသူအားေပါက္လိုက္ေပမယ့္ ထန္ရိႈးသည္ လြယ္လြယ္ေလးေရွာင္လိုက္သည္။ သူသည္ လီဖန္အတြက္ အစားတစ္ခုခုလုပ္ေပးဖို႔အခန္းထဲမွာ ျမန္ျမန္ထြက္သြားေပမယ့္ အခန္းတြင္းတြင္ေတာ့ သူ႔ရယ္သံက က်န္ခဲ့ေလသည္။
လီဖန္သည္ မေန႔ညက ထန္ရိႈးသူ႔အေပၚလုပ္ခဲ့သမွ်အားျပန္သတိရသြားကာ စိတ္္တိုစြာေလကိုမႈတ္ထုတ္လိုက္သည္။ သူမ်က္ရည္မ်ားက်ကာ ေတာင္းပန္ေနေပမယ့္ ထိုသူကရပ္မသြားပဲ သူတို႔၏ေလ့က်င့္ခန္းက မိုးေတာင္လင္းသည္အထိပင္!
သူေျပာရဲသည္။ အခုသူ႔ပံုစံက ေတာ္ေတာ္ကိုပင္ၾကည့္မေကာင္းျဖစ္ေနေလာက္ပီ!
~အား! မနက္ျဖန္က်ရင္ ဘြဲ႔ယူအခမ္းအနားလည္းတက္ရဦးးမယ္။ ငါလမ္းေကာေလွ်ာက္ႏိုင္ပါ့မလား?~
............
............
ခိုင်သည် လူသတ်မိန့်စင်ပေါ်မှာ ရပ်နေရသလိုခံစားနေရသည်။ ထန်ရှိုးဖုန်းကိုင်လိုက်သည့်အချိန်ကနေစပီး သူ့နဖူးပေါ်မရှိသည့်ချေွးကိုအဆက်မပြတ်သုတ်နေမိသည်။ အခန်းတွင်းရာသီဥတုကလည်း ဒီဂရီအနည်းငယ်-မဟုတ်ဘူး ဒါဇင်လောက်ကိုကျဆင်းသွားသလိုဖြစ်နေသည်။
~အား…….ဘယ်အရူးက သူတို့ bossကို လာဆွရဲတာလဲ?~
အံ့သြစွာပင် ထန်ရှိုးသည် ဘာမှမဖြစ်သလိုမျိုးပြန်ဖြေလိုက်ပီး တံခါးဆီသို့သွားလိုက်သည်။
“သူတို့နောက်လိုက်သွား။ ပီးတော့ လီဖန်အဆင်ပြေတာသေချာပါစေ။ ငါခနနေရောက်မယ်”
ထိုအချိန်မှာ သနားစရာဆုမင်လေးကတော့ တစ်စုံတစ်ဦးသောနတ်ဘုရားကိုသွားဆွမိမှန်းမသိပဲ လီဖန်အား king sizeအိပ်ယာပေါ်ကိုတင်လိုက်သည်။
ဆုမင်သည် လီဖန်နားသို့ကပ်သွားပီး လှောင်ရယ်လိုက်ကာ
“ကျစ်! မင်းကိုမင်း နဂါးတစ်ကောင်ဖြစ်သွားပီများမှတ်နေလား? မင်းက အခုထိဘာမှ ေ-ာက်သုံးမကျတဲ့ကောင်ပဲ။ ဒါကိုများ ငါ့ခေါင်းပေါ်တက်ချင်သေးတယ်လား?! မင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေတာကို မင်းက ငါ့ကိုမျက်လုံးထဲတောင်မထည့်ဘူးလေ! ဒါကြောင့် မင်းအပေါ်ဖြစ်လာသမျှ ငါ့အပြစ်မဆိုနဲ့။ ဟဟ”
သို့ပေမယ့် သူလှောင်ရယ်နေသည်ကို တစ်ယောက်ယောက်၏အသံက နှောင့်ယှက်လိုက်သည်။
“အိုး…တကယ်လား?”
ဆုမင်သည် လီဖန်နားမှနေချက်ချင်းခွာလိုက်ပီး နောက်ကိုခုန်ဆုတ်လိုက်သည်။ ဘာလို့ဆို ခုနလေးတင်မှ မေ့သွားသည့်သူသည် အခုတော့ ကုတင်ပေါ်၌ အေးအေးဆေးဆေးထိုင်နေပီး ဘာဆေးမှအခတ်မခံလိုက်ရသလိုမျိုးဖြင့် သူ့အားကြည့်နေသောကြောင့်ဖြစ်သည်။
ဆုမင်သည် လီဖန်အား လက်ညိုးထိုးလိုက်ပီး လက်တွေတုန်စကားတွေထစ်နေကာ
“မ-မင်း….ဘယ်လို..?”
လီဖန်သည် သူ့ညာလက်ဖြင့်မေးထောက်လိုက်ပီး မျက်ခုံးပင့်ပြလိုက်ကာ
“အိုး? မင်းပြောတာ ဆေးခတ်ထားတာကိုလား? ငါကဖြေဆေးစားထားပီးသားမို့လို့ သက်ရောက်မှုမရှိပေမယ့် မင်းအခြေအနေကော?”
“မင်းဘာကိုဆိုလို-?”
သူစကားကိုဆုံးအောင်တောင် မပြောလိုက်ရပါပဲ ရုတ်တရပ် ကြမ်းပြင်ပေါ်သို့လဲကျသွားပီး သူ့ခန္တာကိုယ်တစ်ခုလုံးပူလောင်လာလေသည်။
~ငါဘာဖြစ်နေတာလဲ? ခုနကထိ အကောင်းကြီးလေ!~
လီဖန်သည် ဆုမင်ဖြစ်ပျက်နေသည်အား မျက်တောင်တချက်တောင်မခတ်ပဲကြည့်နေကာ systemအား ချီးကျူးလိုက်သည်။
‘ဝါးးး မင်းဆေးက မဆိုးဘူးပဲ။ ငါထင်တာက အလုပ်မဖြစ်တော့ဘူးထင်နေတာ!’
Systemသည် မျက်လုံးကိုလိမ့်လိုက်ပီး
[သေချာတာပေါ့! ကျွန်တော်က လိမ်စားနေတဲ့သူမှမဟုတ်တာ။ ဒါကြောင့်အတုတွေမရောင်းပါဘူးနော။ ဒါပေမယ့် ခင်ဗျားဒီလူကို တကယ်ကြီးမုန်းနေတာမလား? ခင်ဗျားအမှတ်တွေနဲ့ဒီလိုဆေးကိုဝယ်ရတဲ့အထိဆိုတော့]
ဒါကိုကြားလိုက်သည့်လီဖန်သည် ပြန်ပြောလိုက်သည်။
‘ဘာလဲ? မင်းကသူ့ကိုကြိုက်နေလို့လား?’
Systemလေးနင်သွားရှာပီလေ။ [………]
~ဟုတ်ပါပီ ကျွန်တော်မျိုးကပဲမှားသွားတာပါ~
Systemအားဂရုစိုက်မနေတော့ပဲ လီဖန်သည်ဖြည်းညင်းစွာထရပ်လိုက်သည်။ ထို့နောက်ဆုမင်အားမကာအိပ်ယာပေါ်တင်လိုက်သည်။
ဆုမင်သည်သူ့အားကြောက်ရွံ့တုန်လှုပ်စွာကြည့်နေသည်လေ။ ဘာကြောင့်ဆို သူသာဒီအခန်းထဲကထွက်မသွားနိုင်လျှင် သူ့ကိုယ်သူဘာဆက်ဖြစ်တော့မယ်ဆိုတာကိုကောင်းကောင်းနားလည်နေသောကြောင့်ပင်။ သို့ပေမယ့် ထွက်ပြေးဖို့မပြောပါနဲ့။ သူ့တွင်လက်ကလေးလှုပ်ဖို့တောင်မှအားတစက်မှမရှိပဲ အိပ်ယာပေါ်တွင်သာ အသက်မရှိသလိုလှဲနေနိုင်သည်။
လီဖန်သည်တံခါးဆီသို့လျှောက်သွားပီး ပြန်တောင်လှည့်မကြည့်ပဲ ချိုသာစွာဖြင့်
“မင်းရဲ့လက်ဆောင်ကို ငါကပြန်ပေးလိုက်ပီနော်။ ဒါကြောင့် သေသေချာချာလေးပျော်ပါးလိုက်ဦး။ ဘိုင့်ဘိုင်!”
ထို့နောက်တော့အခန်းလေးသည်မီးမှိတ်သွားပီး လီဖန်သည်တံခါးကိုပိတ်လိုက်သည်။ သူသည်ဧည့်ခန်းသို့ရောက်သွားပီး ထွက်သွားဖို့ mainတံခါးဆီလျှောက်သွားလိုက်သည်။
*ဘန်း*
သို့ပေမယ့်အခန်းထဲမှမထွက်ခင်မှာပဲ တံခါးသည်ကန်ပီးပွင့်သွားသည်။ ဒါကအဓိကကိစ္စမဟုတ်ပေမယ့် သူ့ရှေ့တွင်တော့ တခြားသူမဟုတ်ပဲ သူ့ချစ်သူဖြစ်နေသည်ကို တွေ့လိုက်ရသည်။
~ဘာလဲဟ?! သူကဘယ်လိုလုပ်ပီး ဒီရောက်လာရတာလဲ?!~
လီဖန်သည် ထန်ရှိုးပိုင်နက်အတွင်းရောက်နေသည်ပီး သူရှိနေသည့်နေရာအား အချိန်မရွေးသိနိုင်သည်ဆိုတာကိုမေ့သွားပီး အံ့သြသွားသောကြောင့် စကားတွေထစ်ကုန်သည်။
“ခ-ခင်ဗျားက ဒီကို ဘယ်လိုလုပ်-”
သူစကားတောင်မဆုံးသေးပါပဲ ထန်ရှိုးသည် စကားကိုချက်ချင်းဖြတ်ပြောလိုက်သည်။
“ကိုယ်ကသာ မင်းကိုဘာလို့လဲဆိုတာကို မေးရမှာပါ! အဲ့ဒီမျိုးမစစ်ကောင် ဘယ်မှာလဲ?!”
လီဖန်သည်လျှင်မြန်စွာပဲပြန်ဖြေလိုက်သည်။
“ဟုတ်ပီ ဟုတ်ပီ ခင်ဗျားကိုပြောပြမယ်။ အခုလောလောဆယ်တော့ ဒီကမြန်မြန်သွားရအောင်”
ဟုပြောပီးနောက် ထန်ရှိုးအား အတင်းပင်ဆွဲခေါ်လာခဲ့ပီး အခန်းနှင့်သိပ်မဝေးသည့်ထောင့်တစ်နေရာတွင် ပုန်းနေလိုက်သည်။
အချိန်တစ်ခုကြာပီးနောက်မှာတော့ ဘိုးတော်ကြီးတစ်ယောက်သည် သူတို့ထွက်လာသည့်အခန်း၏တံခါးကိုဖွင့်နေသည်။
လီဖန်သည်သွားများပေါ်သည်အထိ ပျော်ရွင်စွာပြုံးလိုက်ပီး
“အိုကေ အစီအစဉ်အောင်မြင်ပီ!”
သို့ပေမယ့် သူလှည့်ကြည့်လိုက်ချိန်မှာတော့ သူ့ချစ်သူ၏ရေခဲရိုက်မျက်နှာထားကြောင့် ချက်ချင်းပဲ တကိုယ်လုံးခဲတောင့်သွားသည်။
လီဖန်သည်စိတ်ထဲ၌သက်ပျင်းချလိုက်ပီး အခြေအနေတွေကိုစပီးရှင်းပြလိုက်သည်။ သို့ပေမယ့် ဒီအကြောင်းတွေကိုကြားလိုက်ရသည့်ထန်ရှိုး၏မျက်နှာထားသည်ပိုဆိုးသွားပီး
“အဲ့ဒီမျိုးမစစ်ကောင်! ကိုယ့်ကိုလွတ်။ အဲ့ကောင်ကို သင်ခန်းစာသေချာပေးမှရမယ်”
လီဖန်သည် ချက်ချင်းပဲ ထိုသူ့လက်မောင်းကိုဆွဲထားလိုက်ပီး
“ဘာမှမဖြစ်တော့ဘူး။ သင်ခန်းစာအလုံအလောက်ထားခဲ့ပီးပီ”
ထန်ရှိုး “ဘာကိုလုံလောက်ရမှာလဲ?! ယောကျ်ားတွေ၃ ၄ယောက်လောက်ကို တစ်ခါထဲအခန်းထဲထည်ထားလိုက်ပီး ဆောင်ကြာမြိုင်ကိုရောင်းစားပစ်ရမှာ!”
လီဖန်၏နှုတ်ခမ်းထောင့်သည့်ပြင်းပြင်းထန်ထန်လှုပ်သွားပီး တွေးလိုက်မိသည်။ သူဒီလောက်လေးပဲလုပ်ခဲ့တာ ဆုမင်တော်တော်လေးကံကောင်းသည်ဟုပင်။
ထန်ရှိုးသည်ဆက်ပြောလာသည်။
“ပီးတော့မင်း! ဒီကိစ္စကနေမင်းလဲလွတ်မယ်မထင်နဲ့!”
သူ့မှာတော့စိတ်ပူစိုးရိမ်ရလွန်းလို့ ချက်ချင်းအပြေးအလွှားလာခဲ့ရတာကိုတောင်မှာ ဒီကောင်လေးကတော့ သူ့မျက်နှာက အပြစ်လုပ်ထားလို့နောင်တရသည့်အရိပ်အယောင်တစ်စက်ကလေးမှ မတွေ့ရဘူး!
ဒီကိစ္စကနေအကောင်းတိုင်းပြေးလွတ်ဖို့လမ်းမမြင်သည့်လီဖန်သည် ပြုံးပြပီး ထန်ရှိုး၏လည်ပင်းအားဖက်လိုက်ပီး သူ့မျက်နှာနားသို့ဆွဲယူလိုက်သည်။
ပီးနောက် ထိုသူ့နားသို့ တိုးတိုးလေးပြောလိုက်လေသည်။
“ဒါဆိုရင် ဘာလို့ကျွန်တော့်ကို အိပ်ယာပေါ်မှာ အပြစ်မပေးတာလဲ ဟင်?”
သူ့စကားသံကြောင့် ထန်ရှိုး၏မျက်လုံးများသည်နက်မှောင်သွားပီး မျက်လုံးကိုအနည်းငယ်မှေးလိုက်ပီး
“မင်းသေချာတယ်နော်?”
လီဖန်သည် အနည်းငယ်ရယ်လိုက်ပီး
“ပီးတာပဲလေ…ခင်ဗျားမလိုချင်-”
ထန်ရှိုးသည်လျှင်မြန်စွာပြန်ဖြေလိုက်သည်။
“ကိုယ့်တိုက်ခန်းကိုသွားမယ်”
သို့ပေမယ့် မကြာခင်မှာတော့ လီဖန်တစ်ယောက် သူသည်တကယ့်ကိုမကောင်းသည့်ဆုံးဖြတ်ချက်ကိုလုပ်လိုက်မှန်းသိလိုက်ကာ အူအသည်းတွေပြောင်းပြန်လှန်လောက်သည်အထိကို နောင်တရသွားသည်။
ဒီလူသည် လူအရေခွံခြုံထားသည့် တိရစၦာန်ရိုင်းပဲ အား! ဒီလောက်များပြားသည့်ခွန်အားတွေ ဘယ်ကနေများရလာတာလဲ?!
လီဖန်သည် အိပ်ယာပေါ်တွင် မှောက်ခုံလှဲနေပီး စိတ်ထဲတွင်တွေးနေလိုက်သည်။ သူ့တစ်ကိုယ်လုံးကိုက်ခဲနေပီး လက်ချောင်းလေးတောင်မှ မလှုပ်နိုင်တော့ပေ။
အဲ့ချိန် တစ်ဖက်မှာတော့ ထန်ရှိုးသည် ရေချိုးခန်းထဲမှနေ၍ လန်းဆန်းတက်ကြွစွာထွက်လာသည်။ အိပ်ယာပေါ်မှာလှဲနေရုံသာတတ်နိုင်သည့် တစ်စုံတစ်ယောက်နှင့်မတူစွာပေါ့။
ထန်ရှိုးသည် လီဖန်အားနူးညံ့စွာပြုံးပြလိုက်ပီး
“ဗိုက်ဆာနေပီလား? ကိုယ် မင်းအတွက် အစာပျော့တစ်မျိုးမျိုးလုပ်ပေးမယ်လေ”
သူ့အပြောအား မျက်စောင်းတစ်ခုသာ ပြန်ရလိုက်လေသည်။ လီဖန်သည် အံကိုကြိတ်ပီး အော်ပြောလိုက်သည်။
“ဒီမှာလှုပ်တောင်မလှုပ်နိုင်တော့ဘူး မကောင်းတဲ့ကောင်!”
သို့ပေမယ့် ထန်ရှိုး၏မျက်နှာတွင်တော့အပြစ်လုပ်ထားသည့်အရိပ်အယောက်အား တစ်စက်မှမတွေ့ရပဲ အကြံကြီးကြံနေသည့်အပြုံးဖြင့် နှုတ်ခမ်းကိုသပ်လိုက်ကာ “ကိုယ်တို့နောက်တစ်ခေါက်ဆိုရင်ကော?”
လီဖန်သည်ခေါင်းအုံးကိုကောက်ဆွဲလိုက်ပီး ထိုသူအားပေါက်လိုက်ပေမယ့် ထန်ရှိုးသည် လွယ်လွယ်လေးရှောင်လိုက်သည်။ သူသည် လီဖန်အတွက် အစားတစ်ခုခုလုပ်ပေးဖို့အခန်းထဲမှာ မြန်မြန်ထွက်သွားပေမယ့် အခန်းတွင်းတွင်တော့ သူ့ရယ်သံက ကျန်ခဲ့လေသည်။
လီဖန်သည် မနေ့ညက ထန်ရှိုးသူ့အပေါ်လုပ်ခဲ့သမျှအားပြန်သတိရသွားကာ စိတ််တိုစွာလေကိုမှုတ်ထုတ်လိုက်သည်။ သူမျက်ရည်များကျကာ တောင်းပန်နေပေမယ့် ထိုသူကရပ်မသွားပဲ သူတို့၏လေ့ကျင့်ခန်းက မိုးတောင်လင်းသည်အထိပင်!
သူပြောရဲသည်။ အခုသူ့ပုံစံက တော်တော်ကိုပင်ကြည့်မကောင်းဖြစ်နေလောက်ပီ!
~အား! မနက်ဖြန်ကျရင် ဘွဲ့ယူအခမ်းအနားလည်းတက်ရဦးးမယ်။ ငါလမ်းကောလျှောက်နိုင်ပါ့မလား?~