Rhyme Made Of Love (Completed)

By Milo_YoYo

1.6M 129K 1.7K

Melodies of falling in love with the right person 🎢 More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
FINAL
Farewell letter
Special Part !
Extra : Kaki's First Trip (1)
Extra : Kaki's First Trip (Final)
Extra : I love you more , my Jey
My New Story ^^
About Rhyme's production ^^

Chapter - 17

40.2K 3.9K 98
By Milo_YoYo

(Unicode)

<Trigger Warning : Rude speech>

မားသွေးတိုးနေ၍ တင်ထားရသောဆေးရုံသည် Jey အစာအိမ်ဖြစ်တုန်းက ခန့်တည် ခေါ်လာသော ဆေးရုံပင်။ မားကိုဝင်ကြည့်တော့ အန်တီမြက အကြောင်းစုံရှင်းပြသည်။ အုန်းနို့ခေါက်ဆွဲအစားများသွားသည်တဲ့လေ။

မားကတော့စံတင်လောက်သည်။ ဘယ်လိုဖြစ်ဖြစ်ကို မမှတ်သေး။ သူ့သားကတော့ သူ့သားမက်ကို ပစ်ကာ အမြန်ပြန်လာခဲ့ရသည်ကို။

ဆေးရုံသို့ တန်းလာရသဖြင့် ဗိုက်အနည်းငယ်ပင် ဆာလာသည်။ Canteen ဘက်လှည့်တော့ ခုံများကအပြည့်။ ဆရာဝန်များ၊ House Surgeon များဖြင့် ပြည့်နှက်လျက်။ လှည့်ထွက်တော့ Jey နာမည်ကို အော်ခေါ်သူရှိနေသည်။

"အစ်ကို Jey !"

ကြည့်မိတော့ ရှင်းသန့်ကို၊ ခန့်တည်သူငယ်ချင်း ဆရာဝန်လေး။

"အာ ညီလေး !"

"အစ်ကို တစ်ယောက်တည်းလား၊ ခန့်တည်ရော ?"

"မပါဘူးညီလေး၊ အစ်ကို့အမေ သွေးတိုးနေတာဆေးရုံတက်ရလို့"

"ဪ အစ်ကို တစ်ခုခုစားမလို့လား၊ လာလေ ကျွန်တော်နဲ့ထိုင် ခုံလွတ်တယ်၊ ကျွန်တော့် ward မှာ ကျွန်တော်ပဲ break ရထားတာ"

ဆွဲခေါ်ရာနောက်သာ လိုက်သွားတော့သည်။ ကိုယ့်ဘက်က လိုချင်နေခြင်း၊ သိချင်နေခြင်း ရှိနေသည်လေ။

~~~~~~

ထမင်းကြော်ကို စိတ်မပါတပါ ထိုးဆွနေသော အစ်ကို Jeyနန္ဒ အား သူကြည့်နေမိသည်။ ချစ်စရာတော့ တော်တော်ကောင်းသည်။ သို့သော် ယောကျ်ားဆန်ခြင်းတချို့လည်း ပူးတွဲရပ်တည်နေသည်။ ဖယောင်းနှင့်သံ အချိုးကျရောစပ်ထားသလိုပင်။

ခန့်တည်ကံကောင်းသည်ဟုပြောရမလား၊ အစ်ကို Jey ကံဆိုးသည်ဟုပြောရလား။

ထိုးဆွနေသော ခက်ရင်းကို လက်မှချသည်။ ရေခွက်မော့ကာ သောက်တော့ အာဒမ်ပန်းသီးငယ်က တလှုပ်လှုပ်။ ထိုအရာသာမရှိလျှင် ယောကျ်ားလေးဆိုတာ ယုံနိုင်ဖွယ်ရာမရှိ။ တသျှူးယူကာ ပါးစပ်သုတ်ပြီးနောက် အစ်ကိုက စကားစသည်။

"ဟိုလေ ရှင်းသန့်၊ အစ်ကိုမေးစရာရှိလို့"

အခြေအနေက ရုတ်တရက် အေးစက်ငြိမ်သက်လျက်။

"ဟုတ် မေးလေ အစ်ကို"

"ခန့်တည်နဲ့ ရှင်းသန့်နဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းလား"

"ဟုတ်ကဲ့၊ အန်တီခင်မေတို့က ပြင်ဦးလွင်မှာ ဝိုင်လုပ်ငန်းလုပ်တော့ ခဏခဏ လာဖြစ်တယ်လေ၊ ကျွန်တော်တို့က ဘေးခြံကဆိုတော့ ခန့်တည်ပါလာရင် တူတူဆော့ကြတာ၊ နောက်တော့ ရှစ်တန်းလောက်ရောက်မှ သူ့အမကိစ္စဖြစ်ပြီး အပြီးပြောင်းသွားကြတာ၊ အစကတော့ ရန်ကုန်တစ်လှည့်ဒီတစ်လှည့်နေကြတာပဲ"

"ခေတ်တည်ကြည်နိုင် အကြောင်း အကို့ကို ပြောပြနိုင်မလား ညီလေး"

"အာ ဒါ သူ့မိသားစု .."

"ဒါဆို အစ်ကိုမေးခွန်းပြောင်းမေးပါ့မယ်၊ ခန့်တည် gay phobia လိုမျိုးဖြစ်နေတာ gay တွေကို trauma ရသွားတာ သူ့အစ်မသေတာနဲ့ပတ်သတ်လား၊ Family case လို့မပြောပါနဲ့လားရှင်းသန့်၊ အစ်ကိုက စာချုပ်စာတမ်းအရ ခန့်တည်နဲ့ ခေတ်တည်တို့ရဲ့ မွေးစားအကို၊ ပြီးတော့ အပြင်လောကမှာ ခန့်တည်ရဲ့ သက်ဆိုင်သူ .."

အနည်းဆုံးတော့ သက်ဆိုင်သူ ဆိုတဲ့ နေရာတွင် လေသံနည်းနည်း ဖျော့လိုက်မိသည်။ ခန့်တည်မရှိတဲ့နေရာမှာ ခန့်တည်ကို ပိုင်စိုးပိုင်နင်း လုပ်ပြနေခြင်းက သိပ်တော့ မဟန်လှ။

"ခန့်တည်က အစ်ကို့ကို ဒီကိစ္စပြောမပြဘူးလား"

"မေးရင်တော့ပြောပြပါလိမ့်မယ်၊ ဒါပေမယ့် အစ်ကိုမေးရင် သူ့ကို ပြန်ဆွပေးသလိုဖြစ်မှာစိုးလို့"

"ဪ အစ်မခေတ်က criminal case နဲ့သေတာ၊ သတ်ခံရတာပါ၊ ပြင်ဦးလွင်မှာပဲ သတ်ခံရတာ"

အနည်းငယ် ..မဟုတ် ..တော်တော် ဆွံ့အသွားမိသည်။ ခေတ်တည်ကြည်နိုင်လို ချစ်စရာကောင်းသော မိန်းကလေးငယ်အား မည်သူကရက်စက်စွာ သတ်ရက်သနည်း။

"ပြင်ဦးလွင်မှာ အစ်မခေတ်ရဲ့သူငယ်ချင်းတစ်ယောက် ရှိတယ်ဗျ၊ အဲ့ခေတ်တုန်းကတော့ LGBT တွေဘာတွေမရှိသေးတော့ gay တော့မဟုတ်ဘူး၊ အခြောက်ပေါ့ အကိုရယ်၊ အဲ့ကောင်က အခြောက်လို့သာပြောတာပါ မိန်းကလေးဆိုလည်းအသားယူတတ်တယ်၊ ဒါပေမယ့် အမခေတ်နဲ့ တော်တော်ခင်တာ အမခေတ်ကလည်း သူ့သူငယ်ချင်းကခြောက်နေလို့ နှိမ်တာ ဘာညာ မရှိဘူး၊ အန်တီခင်မေရော ခန့်တည်ရော အဲ့အစ်ကိုကြီးကို ချစ်ကြတယ်ဗျ"

ရှင်းသန့်ကပြောနေရင်းနဲ့ မောသွားဟန် ရေသောက်သည်။

"နောက်တော့"

စကားထောက်ပေးတော့ ရှင်းသန့်မျက်လုံးတို့က ဝမ်းနည်းစွာ ကျွန်တော့်အား စိုက်ကြည့်သည်။

"နောက်တော့ ခန့်တည် ရှစ်တန်း အမခေတ်က ဆယ်တန်းဖြေပြီးပေါ့ဗျာ ပြင်ဦးလွင် လာလည်ကြရော၊ အဲ့ဒါနဲ့ အဲ့ကောင်က ကြားထဲမှာပျက်စီးပြီး ဆေးနည်းနည်းစွဲနေတယ်၊ ဖြစ်ချင်တော့ အဲ့နေ့က အန်တီခင်မေက မန္တလေးဆင်းတယ်၊ အိမ်မှာက အိမ်စောင့် အန်တီကြီးရယ် အစ်မခေတ်ရယ် ခန့်တည်ရယ်ပဲ ကျန်တာ၊ အဲ့ကောင်လာတော့ အန်တီကြီးက အသိတွေပဲဆိုပြီး တံခါးဖွင့်ပေးလိုက်ရော၊ အဲ့မှာ အဲ့ဆေးကြောင်နေတဲ့ကောင်က အမခေတ်အခန်းကို ဝင်သွားပြီး အကြောင်းအရာမရှိ အမခေတ်ကို ဓါးနဲ့ထိုးသတ်တယ်၊ ပြီးတော့ အသက်မျှင်းမျှင်းလေးပဲ ရှူနိုင်တော့တဲ့ အမခေတ်ကို အဲ့ခွေးသူတောင်းစားက နှမချင်းမစာမနာဗျာ"

ပြောရင်းနဲ့မှ ရှင်းသန့်၏အသံတွေတုန်လာသည်။

Jey အနည်းငယ် နားလည်ခဲ့ပြီ ....
ခေတ်တည်အား ဆေးစွဲနေသည့် gay တစ်ယောက်က ဓါးနှင့်ထိုးကာ အဓမ္မပြုကျင့်သွားခြင်း .....

"ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး၊ အဲ့ဖြစ်စဉ်အစအဆုံးကို ခန့်တည်က အကုန်တွေ့တာဗျ၊ ရှစ်တန်းကလေးဆိုတော့ ကြောက်လွန်းလို့ ဘာမှမလုပ်နိုင်ဘူး သူကြောင်ပြီး တံခါးပေါက်ကနေချောင်းကြည့်ခဲ့ရတာ၊ နောက်မှရဲတွေခေါ်နိုင်ခဲ့တာ၊ အမခေတ်ဆုံးတော့ အဲ့ကောင်ကို အမှုဖွင့်ရောလေ၊ အဲ့မှာ အဲ့အမှုအတွက် မျက်မြင်သက်သေက ခန့်တည်တဲ့၊ သူ့အမဒီလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အကြောင်းကို တရားခွင်မှာ ဆယ့်သုံးနှစ်အရွယ်ကလေးက အစအဆုံး ပြန်ပြောခဲ့ရတယ်တဲ့"

ရင်တွေမောလိုက်တာ၊ ချစ်ရတဲ့သူအစား ရင်တွေနာလိုက်တာ။

"နောက်တော့ ခန့်တည်က တော်တော် အပြင်းဖျားတာ လူသူမသိလောက်အောင်ဖျားတာ၊ ပြင်ဦးလွင်ဆိုတာကို မကြားချင်လောက်တော့တဲ့အထိ၊ လမ်းမှာ မိတ်ကပ်ပြင်ပေးတတ်တဲ့ မိန်းမလိုဝတ်ထားတဲ့ယောကျ်ားတွေမြင်ရင်တောင် လန့်ပြီး မူးလဲတဲ့အထိပဲ၊ သူ့အမေတော်တော် ပြန်ကုထားရတာ"

ရှည်လျားလှတဲ့ ရှင်းပြချက်တွေအဆုံး၌ Jeyမှာ ချစ်ရသူကိုသာ သနားမိသည်။ သူနိုင်ငံခြားမှာ ကျောင်းသွားတက်သည့် အချိန်အတွင်း ဤသို့သော အဖြစ်အပျက်များစွာက ဖြစ်ပွါးခဲ့သည်ပဲ။

သူ gay ဆိုတာ ခန့်တည်သိသွားရင်ရော မုန်းသွားမည်လား၊ ကြောက်သွားမည်လား၊ ဆက်ပြီး တူတူ နေဖို့ရော ဖြစ်နိုင်ပါ့မလား။ အတွေးပေါင်းများစွာက ထိုးနှက်မှုပြုနေရင်း စားပွဲမှ ထထွက်လာခဲ့သည်။ ရှင်းသန့်ကို ကျေးဇူးတင်စကားနှင့် နှုတ်ဆက်စကား ရောပြောလျက်။

~~~~~~~

ခန့်တည် ပြန်ရောက်နေလောက်ပြီ။ အတတ်နိုင်ဆုံး သူဟာ gay မှန်း ခန့်တည်တစ်သက်လုံး မသိအောင်နေရမည်။ အနားမှာပဲ တစ်သက်လုံးနေချင်သည့် ဆန္ဒလေးတော့ ပြည့်စေချင်သည်။

Car parking ထိုး ကားပေါ်ကဆင်းပြီးနောက် လက်မှ ဆင်တူ hand chain လေးအား တစ်ချက်ပွတ်သပ်မိသည်။

ကလေးငယ် အဆင်ပြေပါစေလေ။

~~~~~~~

အိမ်ထဲသို့ password နှိပ်ကာ ဝင်လာတော့ ဦးစွာတွေ့ရသည်က ခန့်တည်ဖိနပ်။

ထင်သားပဲ၊ သူရောက်နေပါပြီ။

ခန့်တည်ဖိနပ်အား ဖိနပ်စင်သို့ မြတ်မြတ်နိုးနိုး တင်ပေးမိသေးသည်။ ဒီကလေးဟာလေ ဘယ်တော့မှ ဖိနပ်ကို ဖိနပ်စင်ပေါ်မတင်ဘူး။ မတော်လို့ ခလုတ်တိုက်မှဖြင့်။

ရေသောက်ကာ အိပ်ခန်းထဲသို့ ဝင်လာတော့ ကုတင်ပေါ်တွင် တံခါးဘက်ကို ကျောပေးထိုင်နေသော ခန့်တည်။

"Sorry ခန့်တည်၊ အစ်ကို နောက်ကျသွားတယ်၊ ညဘာလုပ်စားကြမလဲ၊ လက်ဖက်သုပ်စားမလား၊ ဟိုနေ့က စားချင်တယ်ဆို"

Shirt ကို အပေါ်ကြယ်သီးဖြုတ်ရင်း လှမ်းမေးမိသည်။ ပြန်ဖြေခြင်း နတ္ထိ။

"ခန့်တည်"

သူ့နားသွားကာ သူ့ပုခုံးကိုတို့မိတော့ ချစ်ရသူက
ဒေါသလွှမ်းသော မျက်ဝန်းတို့ဖြင့်ကြည့်သည်။ လက်ထဲတွင် Jey ၏ diary။

ဘုရားရှင်ကို ယုံကြည်သက်ဝင်သော်လည်း ဆုတောင်းလေးတစ်ခုကိုတောင် မပြည့်စေသောကြောင့် စိတ်မကောင်းဖြစ်မိပါ၏။

"ခင်ဗျားက gay လား"

အသံတို့အား ရွံရှာခြင်း ပြည့်လျက်။

"မေးနေတာ ဖြေလေ၊ ခင်ဗျားက gay လားလို့၊ မဟုတ်လည်း ခင်ဗျား ဒီစာအုပ်ကိစ္စကို ရှင်းဗျာ၊ ဘာတွေရေးထားတာလဲ၊ ခင်ဗျား ကျွန်တော့်ကို ရလိုက်တာတော်တော် ပျော်နေတယ်ဟုတ်လား၊ စောက်ရှက်လေးတောင် မရှိတော့ဘူးလား၊ ခင်ဗျားကို အခြောက်လို့ကျွန်တော် တကယ်မထင်မိတာ၊ ကျွန်တော် ခင်ဗျားကို တကယ်ရွံတာဗျာ သိလား"

အာစေးကပ်ခံလိုက်ရသလို နှုတ်ခမ်းတို့မှာ မဟနိုင်တော့။ လည်ချောင်းကပူလာသော်ငြား လက်ဖျားတို့ကအေးလာသည်။

"ခန့်တည် အစ်ကို အစ်ကို ရှင်းပြပါ့မယ်"

"ဘာကို ရှင်းပြမှာလဲ၊ ခင်ဗျား ကျွန်တော့်ကို ချစ်နေတဲ့အကြောင်းလား၊ ခင်ဗျား ဘယ်တုန်းကတည်းက ကြိုက်နေပါတယ်ဆိုတဲ့အကြောင်းလား၊ ရွံလိုက်တာဗျာ၊ ခင်ဗျားကိုလည်းရွံတယ်၊ ခင်ဗျား အရှက်ရမှာစိုးလို့ လက်ထပ်ခဲ့မိတဲ့ ကိုယ့်ဟာကိုယ်လည်း ရွံတယ်"

"မဟုတ်ဘူး ခန့်တည် မဟုတ်ရပါဘူး "

"ဘာမဟုတ်တာလဲ၊ ယောကျ်ားတစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်နေတဲ့ ယောကျ်ားတစ်ယောက်တဲ့ ရယ်စရာကောင်းလိုက်တာ၊ ခင်ဗျား gay ဆိုတာ သိနေတဲ့ ခင်ဗျား အသိုင်းအဝိုင်းကြားမှာ ကျွန်တော်ကပါ gay နဲ့ လက်ထပ်တဲ့ gay ဖြစ်နေပြီဗျ"

ခန့်တည်၏ စကားများက ဓါးထက်ထက်တစ်ချောင်းဆိုလျှင် ဒေါသတကြီးနှင့် ရွံ့ရှာစွာ ပြောနေသော ခန့်တည်မျက်နှာထားက သူ့နှလုံးသားထဲ ဓါးနှင့် မွှေနေသကဲ့သို့ပင်။

"တော်သေးတယ်ဗျာ၊ ကျွန်တော် လက်ထပ်ပြီးနောက်ပိုင်း ခင်ဗျားကိုယ်ကို လက်ဖျားနဲ့တောင်မထိလို့၊ တော်ကြာ ခင်ဗျားက သာယာရင် သာယာနေဦးမှာ၊ တက်လုပ်ရင်တောင် ငြိမ်ခံနေဦးမှာ"

"ခန့်တည် ! တော်ပါတော့ ခန့်တည်ရယ်၊ တော်ပါတော့"

ကိုယ်ခန္ဓာက အလဲလဲအပြိုပြို။ နှလုံးသားက သွေးစိမ်းရှင်ရှင်ကျသည်။

ကြမ်းပြင်ပေါ်ထိုင်လျက်သားကျသွားတော့ ကုတင်ခြေရင်းတွင် ခန့်တည် ပစ်ပေါက်ထားဟန်ရှိသော Hand chain လေးက လဲလျောင်းနေလျက်။

"ထွက်သွားဗျာ၊ မမြင်ချင်ဘူး ထွက်သွားလို့၊ ရွံလွန်းလို့ ထွက်သွားပေးစမ်းပါဗျာ"

အသံတွေကွဲအောင် မအော်ပါနဲ့ကလေးငယ်ရယ်။ လည်ချောင်းတွေနာနေမှာ စိတ်ပူရပါတယ်။ သေဆိုရင်တောင် မင်းပြောတဲ့နည်းနဲ့ပဲသေမယ့်သူမလို့။ ထွက်သွားဆိုရင်တောင် ယမမင်းနဲ့ မျက်နှာချင်းဆိုင်နိုင်တဲ့အထိ ထွက်သွားမယ့်သူမလို့။

ဖိနပ်တောင် မဝတ်နိုင်တော့ပဲ တိုက်ပေါ်မှပြေးဆင်းခဲ့တော့သည်။ ထွက်သွားရမည်။ ဒီနေရာမှ ဝေးရာဆီသို့။ ချစ်ရသူက နှင်နေသည်လေ။

~~~~~~~

ကြမ်းပြင်ပေါ်တွင် သူ့ဓါတ်ပုံအချို့ ပြန့်ကြဲနေသည်။

Luggage ထဲမှ အစ်ကို့အဝတ်တို့ကလည်း ပွကြဲလျက်။

Hand chain ကိုလည်းတက်နင်းမိသေးသည်။

ခြောက်ကပ်စွာ အော်ရယ်လိုက်ရင်း ဒေါသတို့လျှော့သွားလေမလားဟုတွေးမိသည်။ Gay တွေကို ရွံပါတယ် ကြောက်ပါတယ်ဆိုမှ မတတ်သာလို့ လက်ထပ်လိုက်ရတဲ့လူက gay တဲ့လား။

ဖုန်းထုတ်ကာ ရှင်းသန့်အားခေါ်မိသည်။ သူ တစ်ယောက်ယောက်ကို ရင်ဖွင့်ထုတ်မှရတော့မည်။

~~~~~~~
(A/N ; စာတွေပြန်ပြင်တော့မှ trigger warning ပေးဖြစ်ပါတယ်၊ အမှန်တော့ ဒီအပိုင်းကို ပြန်တင်ဖို့အတော်လေးအားယူခဲ့ရတယ်၊ ပြောချင်တာက ငယ်ငယ်က ကထိန်အလှူခံလာတဲ့အခါ ရှေ့ဆုံးကလူဝံကြီးတွေကိုကြောက်သလိုမျိုး ခန့်တည်က crossdresser တွေကိုကြောက်တာပါ၊ ပြောတာ မရှင်းလင်းသလို၊ ရေးပြတာ မထိမိသလိုဖြစ်သွားရင်တောင်းပန်ပါတယ်)

(Zawgyi)

<Trigger Warning : Rude speech>

မားေသြးတိုးေန၍ တင္ထားရေသာေဆး႐ုံသည္ Jey အစာအိမ္ျဖစ္တုန္းက ခန္႔တည္ ေခၚလာေသာ ေဆး႐ုံပင္။ မားကိုဝင္ၾကည့္ေတာ့ အန္တီျမက အေၾကာင္းစုံရွင္းျပသည္။ အုန္းႏို႔ေခါက္ဆြဲအစားမ်ားသြားသည္တဲ့ေလ။

မားကေတာ့စံတင္ေလာက္သည္။ ဘယ္လိုျဖစ္ျဖစ္ကို မမွတ္ေသး။ သူ႔သားကေတာ့ သူ႔သားမက္ကို ပစ္ကာ အျမန္ျပန္လာခဲ့ရသည္ကို။

ေဆး႐ုံသို႔ တန္းလာရသျဖင့္ ဗိုက္အနည္းငယ္ပင္ ဆာလာသည္။ Canteen ဘက္လွည့္ေတာ့ ခုံမ်ားကအျပည့္။ ဆရာဝန္မ်ား၊ House Surgeon မ်ားျဖင့္ ျပည့္ႏွက္လ်က္။ လွည့္ထြက္ေတာ့ Jey နာမည္ကို ေအာ္ေခၚသူရွိေနသည္။

"အစ္ကို Jey !"

ၾကည့္မိေတာ့ ရွင္းသန္႔ကို၊ ခန္႔တည္သူငယ္ခ်င္း ဆရာဝန္ေလး။

"အာ ညီေလး !"

"အစ္ကို တစ္ေယာက္တည္းလား၊ ခန္႔တည္ေရာ ?"

"မပါဘူးညီေလး၊ အစ္ကို႔အေမ ေသြးတိုးေနတာေဆး႐ုံတက္ရလို႔"

"ဪ အစ္ကို တစ္ခုခုစားမလို႔လား၊ လာေလ ကြၽန္ေတာ္နဲ႔ထိုင္ ခုံလြတ္တယ္၊ ကြၽန္ေတာ့္ ward မွာ ကြၽန္ေတာ္ပဲ break ရထားတာ"

ဆြဲေခၚရာေနာက္သာ လိုက္သြားေတာ့သည္။ ကိုယ့္ဘက္က လိုခ်င္ေနျခင္း၊ သိခ်င္ေနျခင္း ရွိေနသည္ေလ။

~~~~~~

ထမင္းေၾကာ္ကို စိတ္မပါတပါ ထိုးဆြေနေသာ အစ္ကို Jeyနႏၵ အား သူၾကည့္ေနမိသည္။ ခ်စ္စရာေတာ့ ေတာ္ေတာ္ေကာင္းသည္။ သို႔ေသာ္ ေယာက်္ားဆန္ျခင္းတခ်ိဳ႕လည္း ပူးတြဲရပ္တည္ေနသည္။ ဖေယာင္းႏွင့္သံ အခ်ိဳးက်ေရာစပ္ထားသလိုပင္။

ခန္႔တည္ကံေကာင္းသည္ဟုေျပာရမလား၊ အစ္ကို Jey ကံဆိုးသည္ဟုေျပာရလား။

ထိုးဆြေနေသာ ခက္ရင္းကို လက္မွခ်သည္။ ေရခြက္ေမာ့ကာ ေသာက္ေတာ့ အာဒမ္ပန္းသီးငယ္က တလႈပ္လႈပ္။ ထိုအရာသာမရွိလွ်င္ ေယာက်္ားေလးဆိုတာ ယုံႏိုင္ဖြယ္ရာမရွိ။ တသွ်ဴးယူကာ ပါးစပ္သုတ္ၿပီးေနာက္ အစ္ကိုက စကားစသည္။

"ဟိုေလ ရွင္းသန္႔၊ အစ္ကိုေမးစရာရွိလို႔"

အေျခအေနက ႐ုတ္တရက္ ေအးစက္ၿငိမ္သက္လ်က္။

"ဟုတ္ ေမးေလ အစ္ကို"

"ခန္႔တည္နဲ႔ ရွင္းသန္႔နဲ႔က ငယ္ငယ္ကတည္းက သူငယ္ခ်င္းလား"

"ဟုတ္ကဲ့၊ အန္တီခင္ေမတို႔က ျပင္ဦးလြင္မွာ ဝိုင္လုပ္ငန္းလုပ္ေတာ့ ခဏခဏ လာျဖစ္တယ္ေလ၊ ကြၽန္ေတာ္တို႔က ေဘးၿခံကဆိုေတာ့ ခန္႔တည္ပါလာရင္ တူတူေဆာ့ၾကတာ၊ ေနာက္ေတာ့ ရွစ္တန္းေလာက္ေရာက္မွ သူ႔အမကိစၥျဖစ္ၿပီး အၿပီးေျပာင္းသြားၾကတာ၊ အစကေတာ့ ရန္ကုန္တစ္လွည့္ဒီတစ္လွည့္ေနၾကတာပဲ"

"ေခတ္တည္ၾကည္ႏိုင္ အေၾကာင္း အကို႔ကို ေျပာျပႏိုင္မလား ညီေလး"

"အာ ဒါ သူ႔မိသားစု .."

"ဒါဆို အစ္ကိုေမးခြန္းေျပာင္းေမးပါ့မယ္၊ ခန္႔တည္ gay phobia လိုမ်ိဳးျဖစ္ေနတာ gay ေတြကို trauma ရသြားတာ သူ႔အစ္မေသတာနဲ႔ပတ္သတ္လား၊ Family case လို႔မေျပာပါနဲ႔လားရွင္းသန္႔၊ အစ္ကိုက စာခ်ဳပ္စာတမ္းအရ ခန္႔တည္နဲ႔ ေခတ္တည္တို႔ရဲ႕ ေမြးစားအကို၊ ၿပီးေတာ့ အျပင္ေလာကမွာ ခန္႔တည္ရဲ႕ သက္ဆိုင္သူ .."

အနည္းဆုံးေတာ့ သက္ဆိုင္သူ ဆိုတဲ့ ေနရာတြင္ ေလသံနည္းနည္း ေဖ်ာ့လိုက္မိသည္။ ခန္႔တည္မရွိတဲ့ေနရာမွာ ခန္႔တည္ကို ပိုင္စိုးပိုင္နင္း လုပ္ျပေနျခင္းက သိပ္ေတာ့ မဟန္လွ။

"ခန္႔တည္က အစ္ကို႔ကို ဒီကိစၥေျပာမျပဘူးလား"

"ေမးရင္ေတာ့ေျပာျပပါလိမ့္မယ္၊ ဒါေပမယ့္ အစ္ကိုေမးရင္ သူ႔ကို ျပန္ဆြေပးသလိုျဖစ္မွာစိုးလို႔"

"ဪ အစ္မေခတ္က criminal case နဲ႔ေသတာ၊ သတ္ခံရတာပါ၊ ျပင္ဦးလြင္မွာပဲ သတ္ခံရတာ"

အနည္းငယ္ ..မဟုတ္ ..ေတာ္ေတာ္ ဆြံ႕အသြားမိသည္။ ေခတ္တည္ၾကည္ႏိုင္လို ခ်စ္စရာေကာင္းေသာ မိန္းကေလးငယ္အား မည္သူကရက္စက္စြာ သတ္ရက္သနည္း။

"ျပင္ဦးလြင္မွာ အစ္မေခတ္ရဲ႕သူငယ္ခ်င္းတစ္ေယာက္ ရွိတယ္ဗ်၊ အဲ့ေခတ္တုန္းကေတာ့ LGBT ေတြဘာေတြမရွိေသးေတာ့ gay ေတာ့မဟုတ္ဘူး၊ အေျခာက္ေပါ့ အကိုရယ္၊ အဲ့ေကာင္က အေျခာက္လို႔သာေျပာတာပါ မိန္းကေလးဆိုလည္းအသားယူတတ္တယ္၊ ဒါေပမယ့္ အမေခတ္နဲ႔ ေတာ္ေတာ္ခင္တာ အမေခတ္ကလည္း သူ႔သူငယ္ခ်င္းကေျခာက္ေနလို႔ ႏွိမ္တာ ဘာညာ မရွိဘူး၊ အန္တီခင္ေမေရာ ခန္႔တည္ေရာ အဲ့အစ္ကိုႀကီးကို ခ်စ္ၾကတယ္ဗ်"

ရွင္းသန္႔ကေျပာေနရင္းနဲ႔ ေမာသြားဟန္ ေရေသာက္သည္။

"ေနာက္ေတာ့"

စကားေထာက္ေပးေတာ့ ရွင္းသန္႔မ်က္လုံးတို႔က ဝမ္းနည္းစြာ ကြၽန္ေတာ့္အား စိုက္ၾကည့္သည္။

"ေနာက္ေတာ့ ခန္႔တည္ ရွစ္တန္း အမေခတ္က ဆယ္တန္းေျဖၿပီးေပါ့ဗ်ာ ျပင္ဦးလြင္ လာလည္ၾကေရာ၊ အဲ့ဒါနဲ႔ အဲ့ေကာင္က ၾကားထဲမွာပ်က္စီးၿပီး ေဆးနည္းနည္းစြဲေနတယ္၊ ျဖစ္ခ်င္ေတာ့ အဲ့ေန႔က အန္တီခင္ေမက မႏၲေလးဆင္းတယ္၊ အိမ္မွာက အိမ္ေစာင့္ အန္တီႀကီးရယ္ အစ္မေခတ္ရယ္ ခန္႔တည္ရယ္ပဲ က်န္တာ၊ အဲ့ေကာင္လာေတာ့ အန္တီႀကီးက အသိေတြပဲဆိုၿပီး တံခါးဖြင့္ေပးလိုက္ေရာ၊ အဲ့မွာ အဲ့ေဆးေၾကာင္ေနတဲ့ေကာင္က အမေခတ္အခန္းကို ဝင္သြားၿပီး အေၾကာင္းအရာမရွိ အမေခတ္ကို ဓါးနဲ႔ထိုးသတ္တယ္၊ ၿပီးေတာ့ အသက္မွ်င္းမွ်င္းေလးပဲ ရွဴႏိုင္ေတာ့တဲ့ အမေခတ္ကို အဲ့ေခြးသူေတာင္းစားက ႏွမခ်င္းမစာမနာဗ်ာ"

ေျပာရင္းနဲ႔မွ ရွင္းသန္႔၏အသံေတြတုန္လာသည္။

Jey အနည္းငယ္ နားလည္ခဲ့ၿပီ ....
ေခတ္တည္အား ေဆးစြဲေနသည့္ gay တစ္ေယာက္က ဓါးႏွင့္ထိုးကာ အဓမၼျပဳက်င့္သြားျခင္း .....

"ဒါတင္ပဲလားဆိုေတာ့ မဟုတ္ဘူး၊ အဲ့ျဖစ္စဥ္အစအဆုံးကို ခန္႔တည္က အကုန္ေတြ႕တာဗ်၊ ရွစ္တန္းကေလးဆိုေတာ့ ေၾကာက္လြန္းလို႔ ဘာမွမလုပ္ႏိုင္ဘူး သူေၾကာင္ၿပီး တံခါးေပါက္ကေနေခ်ာင္းၾကည့္ခဲ့ရတာ၊ ေနာက္မွရဲေတြေခၚႏိုင္ခဲ့တာ၊ အမေခတ္ဆုံးေတာ့ အဲ့ေကာင္ကို အမႈဖြင့္ေရာေလ၊ အဲ့မွာ အဲ့အမႈအတြက္ မ်က္ျမင္သက္ေသက ခန္႔တည္တဲ့၊ သူ႔အမဒီလို ရက္ရက္စက္စက္ အသတ္ခံလိုက္ရတဲ့အေၾကာင္းကို တရားခြင္မွာ ဆယ့္သုံးႏွစ္အ႐ြယ္ကေလးက အစအဆုံး ျပန္ေျပာခဲ့ရတယ္တဲ့"

ရင္ေတြေမာလိုက္တာ၊ ခ်စ္ရတဲ့သူအစား ရင္ေတြနာလိုက္တာ။

"ေနာက္ေတာ့ ခန္႔တည္က ေတာ္ေတာ္ အျပင္းဖ်ားတာ လူသူမသိေလာက္ေအာင္ဖ်ားတာ၊ ျပင္ဦးလြင္ဆိုတာကို မၾကားခ်င္ေလာက္ေတာ့တဲ့အထိ၊ လမ္းမွာ မိတ္ကပ္ျပင္ေပးတတ္တဲ့ မိန္းမလိုဝတ္ထားတဲ့ေယာက်္ားေတြျမင္ရင္ေတာင္ လန္႔ၿပီး မူးလဲတဲ့အထိပဲ၊ သူ႔အေမေတာ္ေတာ္ ျပန္ကုထားရတာ"

ရွည္လ်ားလွတဲ့ ရွင္းျပခ်က္ေတြအဆုံး၌ Jeyမွာ ခ်စ္ရသူကိုသာ သနားမိသည္။ သူႏိုင္ငံျခားမွာ ေက်ာင္းသြားတက္သည့္ အခ်ိန္အတြင္း ဤသို႔ေသာ အျဖစ္အပ်က္မ်ားစြာက ျဖစ္ပြါးခဲ့သည္ပဲ။

သူ gay ဆိုတာ ခန္႔တည္သိသြားရင္ေရာ မုန္းသြားမည္လား၊ ေၾကာက္သြားမည္လား၊ ဆက္ၿပီး တူတူ ေနဖို႔ေရာ ျဖစ္ႏိုင္ပါ့မလား။ အေတြးေပါင္းမ်ားစြာက ထိုးႏွက္မႈျပဳေနရင္း စားပြဲမွ ထထြက္လာခဲ့သည္။ ရွင္းသန္႔ကို ေက်းဇူးတင္စကားႏွင့္ ႏႈတ္ဆက္စကား ေရာေျပာလ်က္။

~~~~~~~

ခန္႔တည္ ျပန္ေရာက္ေနေလာက္ၿပီ။ အတတ္ႏိုင္ဆုံး သူဟာ gay မွန္း ခန္႔တည္တစ္သက္လုံး မသိေအာင္ေနရမည္။ အနားမွာပဲ တစ္သက္လုံးေနခ်င္သည့္ ဆႏၵေလးေတာ့ ျပည့္ေစခ်င္သည္။

Car parking ထိုး ကားေပၚကဆင္းၿပီးေနာက္ လက္မွ ဆင္တူ hand chain ေလးအား တစ္ခ်က္ပြတ္သပ္မိသည္။

ကေလးငယ္ အဆင္ေျပပါေစေလ။

~~~~~~~

အိမ္ထဲသို႔ password ႏွိပ္ကာ ဝင္လာေတာ့ ဦးစြာေတြ႕ရသည္က ခန္႔တည္ဖိနပ္။

ထင္သားပဲ၊ သူေရာက္ေနပါၿပီ။

ခန္႔တည္ဖိနပ္အား ဖိနပ္စင္သို႔ ျမတ္ျမတ္ႏိုးႏိုး တင္ေပးမိေသးသည္။ ဒီကေလးဟာေလ ဘယ္ေတာ့မွ ဖိနပ္ကို ဖိနပ္စင္ေပၚမတင္ဘူး။ မေတာ္လို႔ ခလုတ္တိုက္မွျဖင့္။

ေရေသာက္ကာ အိပ္ခန္းထဲသို႔ ဝင္လာေတာ့ ကုတင္ေပၚတြင္ တံခါးဘက္ကို ေက်ာေပးထိုင္ေနေသာ ခန္႔တည္။

"Sorry ခန္႔တည္၊ အစ္ကို ေနာက္က်သြားတယ္၊ ညဘာလုပ္စားၾကမလဲ၊ လက္ဖက္သုပ္စားမလား၊ ဟိုေန႔က စားခ်င္တယ္ဆို"

Shirt ကို အေပၚၾကယ္သီးျဖဳတ္ရင္း လွမ္းေမးမိသည္။ ျပန္ေျဖျခင္း နတၳိ။

"ခန္႔တည္"

သူ႔နားသြားကာ သူ႔ပုခုံးကိုတို႔မိေတာ့ ခ်စ္ရသူက
ေဒါသလႊမ္းေသာ မ်က္ဝန္းတို႔ျဖင့္ၾကည့္သည္။ လက္ထဲတြင္ Jey ၏ diary။

ဘုရားရွင္ကို ယုံၾကည္သက္ဝင္ေသာ္လည္း ဆုေတာင္းေလးတစ္ခုကိုေတာင္ မျပည့္ေစေသာေၾကာင့္ စိတ္မေကာင္းျဖစ္မိပါ၏။

"ခင္ဗ်ားက gay လား"

အသံတို႔အား ႐ြံရွာျခင္း ျပည့္လ်က္။

"ေမးေနတာ ေျဖေလ၊ ခင္ဗ်ားက gay လားလို႔၊ မဟုတ္လည္း ခင္ဗ်ား ဒီစာအုပ္ကိစၥကို ရွင္းဗ်ာ၊ ဘာေတြေရးထားတာလဲ၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ရလိုက္တာေတာ္ေတာ္ ေပ်ာ္ေနတယ္ဟုတ္လား၊ ေစာက္ရွက္ေလးေတာင္ မရွိေတာ့ဘူးလား၊ ခင္ဗ်ားကို အေျခာက္လို႔ကြၽန္ေတာ္ တကယ္မထင္မိတာ၊ ကြၽန္ေတာ္ ခင္ဗ်ားကို တကယ္႐ြံတာဗ်ာ သိလား"

အာေစးကပ္ခံလိုက္ရသလို ႏႈတ္ခမ္းတို႔မွာ မဟႏိုင္ေတာ့။ လည္ေခ်ာင္းကပူလာေသာ္ျငား လက္ဖ်ားတို႔ကေအးလာသည္။

"ခန္႔တည္ အစ္ကို အစ္ကို ရွင္းျပပါ့မယ္"

"ဘာကို ရွင္းျပမွာလဲ၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ခ်စ္ေနတဲ့အေၾကာင္းလား၊ ခင္ဗ်ား ဘယ္တုန္းကတည္းက ႀကိဳက္ေနပါတယ္ဆိုတဲ့အေၾကာင္းလား၊ ႐ြံလိုက္တာဗ်ာ၊ ခင္ဗ်ားကိုလည္း႐ြံတယ္၊ ခင္ဗ်ား အရွက္ရမွာစိုးလို႔ လက္ထပ္ခဲ့မိတဲ့ ကိုယ့္ဟာကိုယ္လည္း ႐ြံတယ္"

"မဟုတ္ဘူး ခန္႔တည္ မဟုတ္ရပါဘူး "

"ဘာမဟုတ္တာလဲ၊ ေယာက်္ားတစ္ေယာက္ကို တမ္းတမ္းစြဲ ျဖစ္ေနတဲ့ ေယာက်္ားတစ္ေယာက္တဲ့ ရယ္စရာေကာင္းလိုက္တာ၊ ခင္ဗ်ား gay ဆိုတာ သိေနတဲ့ ခင္ဗ်ား အသိုင္းအဝိုင္းၾကားမွာ ကြၽန္ေတာ္ကပါ gay နဲ႔ လက္ထပ္တဲ့ gay ျဖစ္ေနၿပီဗ်"

ခန္႔တည္၏ စကားမ်ားက ဓါးထက္ထက္တစ္ေခ်ာင္းဆိုလွ်င္ ေဒါသတႀကီးႏွင့္ ႐ြံ႕ရွာစြာ ေျပာေနေသာ ခန္႔တည္မ်က္ႏွာထားက သူ႔ႏွလုံးသားထဲ ဓါးႏွင့္ ေမႊေနသကဲ့သို႔ပင္။

"ေတာ္ေသးတယ္ဗ်ာ၊ ကြၽန္ေတာ္ လက္ထပ္ၿပီးေနာက္ပိုင္း ခင္ဗ်ားကိုယ္ကို လက္ဖ်ားနဲ႔ေတာင္မထိလို႔၊ ေတာ္ၾကာ ခင္ဗ်ားက သာယာရင္ သာယာေနဦးမွာ၊ တက္လုပ္ရင္ေတာင္ ၿငိမ္ခံေနဦးမွာ"

"ခန္႔တည္ ! ေတာ္ပါေတာ့ ခန္႔တည္ရယ္၊ ေတာ္ပါေတာ့"

ကိုယ္ခႏၶာက အလဲလဲအၿပိဳၿပိဳ။ ႏွလုံးသားက ေသြးစိမ္းရွင္ရွင္က်သည္။

ၾကမ္းျပင္ေပၚထိုင္လ်က္သားက်သြားေတာ့ ကုတင္ေျခရင္းတြင္ ခန္႔တည္ ပစ္ေပါက္ထားဟန္ရွိေသာ Hand chain ေလးက လဲေလ်ာင္းေနလ်က္။

"ထြက္သြားဗ်ာ၊ မျမင္ခ်င္ဘူး ထြက္သြားလို႔၊ ႐ြံလြန္းလို႔ ထြက္သြားေပးစမ္းပါဗ်ာ"

အသံေတြကြဲေအာင္ မေအာ္ပါနဲ႔ကေလးငယ္ရယ္။ လည္ေခ်ာင္းေတြနာေနမွာ စိတ္ပူရပါတယ္။ ေသဆိုရင္ေတာင္ မင္းေျပာတဲ့နည္းနဲ႔ပဲေသမယ့္သူမလို႔။ ထြက္သြားဆိုရင္ေတာင္ ယမမင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ႏိုင္တဲ့အထိ ထြက္သြားမယ့္သူမလို႔။

ဖိနပ္ေတာင္ မဝတ္ႏိုင္ေတာ့ပဲ တိုက္ေပၚမွေျပးဆင္းခဲ့ေတာ့သည္။ ထြက္သြားရမည္။ ဒီေနရာမွ ေဝးရာဆီသို႔။ ခ်စ္ရသူက ႏွင္ေနသည္ေလ။

~~~~~~~

ၾကမ္းျပင္ေပၚတြင္ သူ႔ဓါတ္ပုံအခ်ိဳ႕ ျပန္႔ႀကဲေနသည္။

Luggage ထဲမွ အစ္ကို႔အဝတ္တို႔ကလည္း ပြႀကဲလ်က္။

Hand chain ကိုလည္းတက္နင္းမိေသးသည္။

ေျခာက္ကပ္စြာ ေအာ္ရယ္လိုက္ရင္း ေဒါသတို႔ေလွ်ာ့သြားေလမလားဟုေတြးမိသည္။ Gay ေတြကို ႐ြံပါတယ္ ေၾကာက္ပါတယ္ဆိုမွ မတတ္သာလို႔ လက္ထပ္လိုက္ရတဲ့လူက gay တဲ့လား။

ဖုန္းထုတ္ကာ ရွင္းသန္႔အားေခၚမိသည္။ သူ တစ္ေယာက္ေယာက္ကို ရင္ဖြင့္ထုတ္မွရေတာ့မည္။

~~~~~~~
(A/N ; စာေတြျပန္ျပင္ေတာ့မွ trigger warning ေပးျဖစ္ပါတယ္၊ အမွန္ေတာ့ ဒီအပိုင္းကို ျပန္တင္ဖို႔အေတာ္ေလးအားယူခဲ့ရတယ္၊ ေျပာခ်င္တာက ငယ္ငယ္က ကထိန္အလႉခံလာတဲ့အခါ ေရွ႕ဆုံးကလူဝံႀကီးေတြကိုေၾကာက္သလိုမ်ိဳး ခန္႔တည္က crossdresser ေတြကိုေၾကာက္တာပါ၊ ေျပာတာ မရွင္းလင္းသလို၊ ေရးျပတာ မထိမိသလိုျဖစ္သြားရင္ေတာင္းပန္ပါတယ္)

Continue Reading

You'll Also Like

676K 93.5K 54
Zawgyi ခဢစားခ်က္ေတြကို α€–α€Όα€„α€Ήα€·α€Ÿα€œα€­α€―α€€α€Ήα€›α€„α€Ή α€α€„α€Ήα€—α€Ία€¬α€Έα€α€­α€―α‚”α€”α€¬α€Έα€œα€Šα€Ήα€œα€¬α€œα€­α€™α€Ήα€·α€™α€šα€Ήα‹ α€•α€Όα€„α€Ήα€·α€œα€„α€Ήα€Έα€…α€Όα€¬α€α€Ία€…α€Ήα€›α€»α€α€„α€Ήα€Έα€€ α€˜α€šα€Ήα€±α€œα€¬α€€α€Ήα€‘α€­ α€…α€­α€α€Ήα€‘α€¬α€Ÿα€¬α€› α€»α€–α€…α€Ήα€±α€…α€žα€œα€²α€†α€­α€―α€α€¬α‹ Unicode ခဢစားချက်တ...
791K 44.2K 71
ထခ်စ္ကို α€€α€­α€―α€Έα€€α€Όα€šα€Ήα€±α€žα€¬α€œα€°α€žα€¬α€Έα€α€…α€Ήα€±α€šα€¬α€€α€Ήα€”α€²α‚” α€‘α€α€Ία€…α€Ήα€™α€α€Άα€α€Ία€„α€Ήα€±α€žα€¬α€…α€­α€α€Ήα€€α€°α€Έα€šα€₯α€Ήα€™α€†α€”α€Ήα€±α€žα€¬α€œα€°α€žα€¬α€Έα€α€…α€Ήα€±α€šα€¬α€€α€Ή ထခ်စ္ α€™α€½α€¬α€˜α€šα€Ήα€žα€°α€€ α€€α€Ία‚α€½α€Άα€―α€Έα€™α€œα€² #bl
312K 18.9K 76
α€”α€šα€Ία€™α€Όα€­α€―α€·α€œα€±α€Έα€™α€Ύα€¬ α€–α€Όα€…α€Ία€α€Šα€Ία€œα€¬α€α€²α€·α€€α€Όα€žα€±α€¬ α€™α€­α€―α€Έα€žα€€α€Ία€„α€Όα€­α€™α€Ία€”α€Ύα€„α€·α€Ί α€œα€½α€™α€Ία€Έα€”α€±α€α€±α€Έα€α€­α€―α€·α€›α€²α€· α€‘α€α€»α€…α€Ία€‡α€¬α€α€Ία€œα€™α€Ία€Έα€œα€±α€Έα€•α€² α€–α€Όα€…α€Ία€•α€«α€α€šα€Ία‹
836K 148K 186
bl α€˜α€¬α€žα€¬α€•α€Όα€”α€Ί α€α€α€Ήα€‘α€―α€–α€Όα€…α€Ία€α€šα€Ία‹