Before I Let You Go

By VowelMino

730K 72.7K 8.7K

ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about h... More

. 1 .
. 2 .
. 3 .
. 4 .
. 5 .
. 6 .
. 7 .
. 9 .
. 10 .
. 11 .
. 12 .
. 13 .
. 14 .
. 15 .
. 16 .
. 17 .
. 18 .
. 19 .
. 20 .
. 21 .
. 22 .
. 23 .
. 24 .
. 25 .
. 26 .
. 27.
. 28 .
. 29 .
. Final . (Z)
. Final . (U)
About BILYG/BILUG
Hello Again
Extra Z
Extra U

. 8 .

16.5K 2.2K 103
By VowelMino

[ Zawgyi ]

အခ်ိန္ၾကာလာတာနဲ႔ အမၽွ တစစီျဖစ္လာတဲ့ ပတ္သတ္မႈတစ္ခုက က်န္႔ေကာကို သူ ခ်စ္တယ္ လို႔ေျပာမိခဲ့တဲ့အခ်ိန္ကေန စတင္တယ္..

ဒီတခါ ကြဲေၾကမႈမွာ စိတ္ေျဖစရာေတြ မရွိေတာ့ဘူး..

အရက္ေတြ ဘီယာေတြ မတိုးႏိုင္ေတာ့တဲ့ ဒဏ္ရာကို ဝမ္ရိေပၚက ၿငိမ္ၿငိမ္သက္သက္ေလး ေမြးျမဴထားလိုက္ေတာ့တာပဲ..

သူ႔ကိုယ္သူ အခ်ိန္ေပးတယ္...
အဲဒီလူမရွိရင္ သူေနႏိုင္မလားဆိုၿပီး ေတြးတယ္..

တေယာက္ထဲပဲေနတတ္တယ္ဆိုတဲ့ ေရွာင္က်န္႔ က သူ႔ကိုေတာ့ လိုလိုခ်င္ခ်င္ပဲ နီးကပ္ခြင့္ေတြေပးခဲ့ဖူးတယ္..
သူစိတ္ေကာက္မိတိုင္း လက္ေလးတဖက္ကို ဝမ္ရိေပၚစိတ္တိုင္းက်ဆိုၿပီး မသိမသာေပးကိုင္ခဲ့ဖူးတယ္..
ေနာက္ၿပီး..ႏွင္းေတြနဲ႔ ေအးခဲေနတဲ့ညေလးမွာ သူ႔ကိုမၿငီးမျငဴ ေပြ႕ဖက္ထားေပးခဲ့ဖူးတယ္..

သိပ္ယံုခ်င္စရာမရွိေပမယ့္ အခု အဲဒီလူက သူကို မခ်စ္ဘူးတဲ့..၊

အမွတ္တရေတြကို ထမ္ပိုးထားရေတာ့ လႈပ္ရွားဖို႔ႀကိဳးစားမိတိုင္း ဒဏ္ရာေတြက ပိုပိုနက္လာတယ္..

သူ႔ခ်စ္ျခင္းေတြက ေရွာင္က်န္႔ဆီမွာပဲ ေျခခ်ဳပ္မိေနၿပီ ျဖစ္ေၾကာင္း ေကာင္းေကာင္းနားလည္လိုက္ရတာပါပဲ..။

ေဟာက္ရႊမ္းကေတာ့ ေနာက္သလိုလိုနဲ႔ ေျပာရွာတယ္..
ငါ အေဖာ္ရၿပီေပါ့ တဲ့..၊
က်ိရန္ေကာဆီက မခ်စ္ဘူးဆိုပီး ဆယ္ခါမက အျငင္းခံထားရတဲ့ အဲဒီေကာင္ကို သူ ပထမဆံုးအႀကိမ္ ကိုယ္ခ်င္းစာမိတယ္..

က်ိရန္ေကာ ကေတာ့ ဇာတ္ညႊန္းစာရြက္ေတြၾကား ေခါင္းႏွစ္ဖို႔ ႀကိဳးစားေနတဲ့ သူ႔ကိုၾကည့္ၿပီးေျပာရွာတယ္
ဝမ္ရိေပၚေတာင္ ရင့္က်က္ေနၿပီပဲ တဲ့..

တကယ္လဲ သူႀကိဳးစားေနခဲ့တာ..
ရွိခဲ့ဖူးတဲ့ အမွတ္တရေတြ အားကိုးနဲ႔ အဲဒီလူကိုေမ့ပစ္ဖို႔ သူ႔ကိုယ္သူ တြန္းအားမေပးေတာ့ဘူး...

အရင္လို အနီးကပ္မရွိႏိုင္ေတာ့ေပမယ့္ ေရွာင္က်န္႔ ပတ္ဝန္းက်င္မွာ သူအျမဲရွိေနတတ္တယ္...

ရံုးလာတဲ့ေန႔ေတြဆို က်န္းခ်န္နဲ႔တူတူ ထြက္လာတတ္တဲ့ ေရွာင္က်န္႔ကိုျမင္ၿပီးမွ သူအိမ္ျပန္တယ္..
မေနႏိုင္ေအာင္ လြမ္းလာတဲ့ေန႔ေတြဆို ေရွာင္က်န္႔အိမ္ေရွ႕မွာ ကားထိုးရပ္ၿပီး အိမ္ထဲကမီးေတြ ေမွာင္သြားတဲ့ထိေနတယ္..

တိုက္ဆိုင္လို႔ မ်က္ႏွာခ်င္ဆိုင္ေတြ႕မိတဲ့အခါေတြတိုင္း ေဆြးေဆြးနင့္နင့္ ေငးျကည့္မိတာကလြဲၿပီး သူ အျပစ္မလုပ္မိေအာင္ေနတယ္..

တခါတရံ သူ႔ဆီ ေဝ့ဝဲလာတဲ့မ်က္ဝန္းတစံုနဲ႔ မေတာ္တဆ အၾကည့္ခ်င္းဆံုမိတဲ့ေန႔ေတြကေတာ့ ဝမ္ရိေပၚ အိပ္မက္လွလွမက္တဲ့ေန႔ပဲ...

သူ ဆံုးျဖတ္ခ်က္ခ်လိုက္တယ္..
ေရွာင္က်န္႔အနားမွာ အရင္လိုေနႏိုင္ခြင့္ေလးပဲ ျပန္ရမယ္ဆိုရင္..
ခ်စ္ျခင္းေတြ
ထိေတြ႕ခြင့္ေတြ
ေပြ႕ဖက္မႈေတြ
သူ ဘာမွမေတာင္းဆိုေတာ့ဘူး...

မွဲ႔နက္ကေလးကို ေသေသခ်ာခ်ာေငးၾကည့္ခြင့္ရမယ့္ အကြာအေဝးေလာက္နဲ႔ သူေက်နပ္ပစ္ဖို႔ အဆင္သင့္ပဲ...

သူ  အဲဒီလူနဲ႔ ေဝးေဝးမွာ ဘယ္နည္းနဲ႔မွ မေနေပ်ာ္ဘူး...။

.

.

.

ေရွာင္က်န္႔...
အဲဒီလူရဲ႕ အေတြးေတြက ဘယ္ေတာ့မွ ႀကိဳတင္ခန္႔မွန္းႏိုင္တဲ့ထဲမပါခဲ့ဘူး...

" ရိေပၚ.. မင္းနဲ႔ေရွာင္က်န္႔ရဲ႕ စာခ်ဳပ္ကို သူတို႔ company ဘက္က ဖ်က္ခ်င္လို႔တဲ့ "

ဝမ္ရိေပၚရဲ႕ အမွားတစ္ခုက အဲဒီလူရဲ႕ ေဝးေဝးေျပးခ်င္စိတ္ကို အေၾကာင္းျပခ်က္တစ္ခု ေပးလိုက္သလိုမ်ိဳး..
ေနာက္ဆံုးေသာ ခ်ည္ေႏွာင္ခြင့္က ဒီလိုနည္းနဲ႔ ျဖတ္ခ်ခံလိုက္ရတယ္...

တဆိတ္...
ခင္ဗ်ား မလြန္လြန္းဘူးလား ?

ရင္ဘတ္ေတာက္ေလၽွာက္ ပူဆင္းသြားတဲ့ အယ္လ္ကိုေဟာက ဝမ္ရိေပၚရဲ႕ လက္က်န္မာနကို ပိုျပင္းျပေအာင္ ေလာင္ၿမိဳက္ေပးလိုက္သလိုပဲ..

အသည္းကြဲတာထက္ဆိုးတဲ့ အသည္းနာျခင္းမွာ ေဒါသေတြက တစြန္းတစနဲ႔..

ေရွာင္က်န္႔ရွိရာ company ဆီသူေရာက္သြားတယ္
ေရာက္တာနဲ႔ အဲဒီလူရွိေနက် အထပ္ကိုတက္ၿပီး အခန္းေတြ တစ္ခန္းၿပီးတခန္းလိုက္ရွာတယ္..
ရွာမေတြ႕ေတာ့ ရံုးခန္းေတြဘက္လွည့္တယ္..

" ေရွာင္က်န္႔! "

က်န္းခ်န္ရဲ႕ ရံုးခန္းကေနထြက္လာတဲ့ အတူတူထြက္လာတဲ့ လူႏွစ္ေယာက္က ဝမ္ရိေပၚအတြက္ ဘယ္နည္းနဲ႔မွ အဆင္ေျပမေနဘူး ...

" ကၽြန္ေတာ္ ခင္ဗ်ားနဲ႔ စကားေျပာခ်င္တယ္ "

" ငါ့မွာ ေျပာစရာမရွိဘူး "

" ေရွာင္က်န္႔ !! "

" က်န္းခ်န္ ငါတို႔ျပန္ရေအာင္ "

သူ ရယ္မိတယ္..
ဗီလိန္လုပ္ရတာ ဒီလိုေပ်ာ္စရာေကာင္းမယ္မွန္း သူမသိခဲ့ဘူး..

ရိေပၚက ေျခလွမ္းက်ဲက်ဲေတြနဲ႔ ေရွာင္က်န္႔ေရွ႕ကို ေလၽွာက္လာၿပီး လက္တဖက္ကိုေဆာင့္ဆြဲေခၚတယ္..
ခ်က္ခ်င္းျပန္ေဆာင့္ရုန္းတဲ့လက္က ဒီတခါေတာ့  မေအာင္ျမင္ေတာ့ ..

ေရွာင္က်န္႔မ်က္လံုးေတြ ရဲတက္လာတယ္..
ရိေပၚခ်ဳပ္ထားတဲ့ လက္တဖက္ကသိသိသာသာကို ပူတက္လာသလိုမ်ိဳး..

" ရိေပၚ..ေအးေဆးေျပာၾကတာေပါ့..ေကာ လက္ကိုလႊတ္လိုက္ပါ "

ရုတ္တရတ္ဆန္လြန္းတဲ့ အေျခအေနၾကား က်န္းခ်န္က ဝင္ျဖန္ေျဖတယ္..

" ခင္ဗ်ားနဲ႔မဆိုင္ဘူး "

သူေဆာင့္ဆြဲေခၚရင္း ယိုင္က်လာတဲ့ ေရွာင္က်န္႔ကိုျမင္ေတာ့ က်န္းခ်န္ကၾကားဝင္လာၿပီး ေရွ႕က ကာတယ္..
သူ႔လက္ကို ရုန္းေနသေလာက္ က်န္းခ်န္ရဲ႕ အက်ႌစကိုေတာ့ က်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့ လက္တဖက္ကို ျမင္ေတာ့ သူ႔ေဒါသေတြက အဆင္အျခင္မဲ့သြားတယ္
တေယာက္ကို တြန္းထုတ္တယ္..
တေယာက္ကို ေဆာင့္ဆြဲေခၚတယ္..

ဝုန္းခနဲ အသံနဲ႔အတူ က်န္းခ်န္ယိုင္က်သြားလို႔ က်ကြဲသြားတဲ့ အလွဆင္ပန္းအိုးခပ္ႀကီးႀကီးက  ၾကမ္းျပင္ေပၚမွာ တစစီပဲ..

ခြပ္

တစ္ခ်က္

ႏွစ္ခ်က္

ေနာက္တခ်က္..

ေနာက္ထပ္တခ်က္...

ရုတ္တရတ္ႀကီး အဆက္မျပတ္က်လာတဲ့ နာက်င္မႈေၾကာင့္ သူ႔မ်က္ႏွာတျပင္လံုး ပူထူလာတယ္.
ေရွာင္က်န္႔က စိတ္လြတ္သြားတဲ့ အရူးလိုမ်ိဳးပဲ
ဝုန္းဒိုင္းၾကဲေနတာမ်ား...

လဲက်သြားတဲ့က်န္းခ်န္က ဒဏ္ရာကင္းမဲ့ေနေပမယ့္ ဝမ္ရိေပၚရဲ႕ မ်က္ႏွာ တစ္ခုလံုးမွာ ျမင္မေကာင္းေအာင္ ေသြးစက္ေတြက အႏွံ႔အျပားပဲ..

စိတ္နဲ႔ခ်ည္တဲ့ႀကိဳးေတြက ခိုင္လြန္းတယ္..
အသိစိတ္လြတ္ေနတဲ့ၾကားကေတာင္ သူက ေရွာင္က်န္႔ကို ျပန္နာက်င္ေစမိမွာစိုးလို႔ သူ႔ကိုယ္သူ ခ်ည္ေႏွာင္ထားခဲ့မိတယ္..

နာက်င္လိုက္ရတာမ်ား..

ဝရုန္းသုန္းကားနဲ႔ တခဏၿပီးတဲ့ေနာက္ ေျခသံေတြေဝးသြားေတာ့မွ သူေအာ္ရယ္မိတယ္..
ႏႈတ္ခမ္းေထာင့္ေတြက ပူစပ္စပ္နဲ႔..

ေျခာက္ကပ္ကပ္ရယ္သံက ေလၽွာက္လမ္းတေလၽွာက္မွာ လြင့္ပ်ံသြားတယ္..

ဒီေလာက္ဆို ခင္ဗ်ား မၾကည္ျဖဴတဲ့ အနမ္းတစ္ခုအတြက္ ေၾကၿပီထင္ပါရဲ႕..

.

.

.

' ဝမ္ရိေပၚ ဒီေန႔ပြဲကို က်န္းမားေရးအေျခအေနေၾကာင့္ မတက္ေရာက္ႏိုင္ပါ ' တဲ့..

ဒါ ဒီရက္ပိုင္းအတြင္း မတူညီတဲ့ပြဲေတြတိုင္းအတြက္ ေန႔တိုင္းနီးပါးတက္လာတဲ့ သတင္းေတြ..

ညိဳမဲေဖာင္းအစ္ေနတဲ့ မ်က္ႏွာက အခုခ်ိန္ အျပင္ထြက္ရင္ေတာင္ ဝမ္ရိေပၚမွန္းသိမွာ မဟုတ္..

အဲဒီမ်က္ႏွာနဲ႔ ရယ္ေနႏိုင္ေသးတဲ့ေကာင္ကို ျမင္ျပင္းကတ္ကတ္နဲ႔ ေဟာက္ရႊမ္းက ၾကပ္ထုပ္ကိုတမင္ဖိဖိထိုးတယ္..
ဒီငနာေကာင္ ေစာက္အသိတရားဝင္စမ္း ဆိုတဲ့အထာနဲ႔..
မေက်နပ္ဘူး တိုင္မယ္တန္းမယ္လုပ္ေတာ့ ဝမ္ရိေပၚဆိုတဲ့ ငမႊန္ေကာင္က ထားလိုက္ပါဆိုလို႔ အဲ့ငတံုးေကာင္ကိုပဲ ေဒါသေတြ ျပန္ဦးတည္ရတယ္..

" ဝမ္ရိေပၚ မင္းေဆးမေသာက္ျပန္ဘူးလား "

" ပါးစပ္ဟလို႔မရဘူး "

" ေစာက္စကားက်ေတာ့ေျပာႏိုင္လား "

" ေဟာက္ရႊမ္း !! ေနမေကာင္းတဲ့သူကို ဘာလို႔ေအာ္ေနတာလဲ  "

သံုးေယာက္ကို သံုမ်ိဳးျဖစ္ေနက်က မထူးဆန္းေပမယ့္ ဝမ္ရိေပၚရဲ႕ ဒီမ်က္ခြက္ကေတာ့ ပထမဆံုးအႀကိမ္ပဲ..
အိုးကမပူစေလာင္းကပူေနတဲ့ ေဟာက္ရႊမ္းက ရိေပၚမ်က္ႏွာကို ၾကည့္တိုင္း ေဒါသေတြထြက္ထြက္လာၿပီး ရႉးရႉးရွားရွားေတြ လုပ္တတ္လြန္းလို႔ က်ိရန္ခမ်ာ လူမမာတေကာင္ ေဒါသအိုးတေကာင္ ထိန္းေနရတယ္..

ျဖစ္ပ်က္ခဲ့သမၽွကို က်န္းခ်န္ကေျပာၿပီး သူ႔ကို ေတာင္းပန္လာတယ္...
ရိေပၚကိုေတြ႕ၿပီးေျပာခ်င္ေပမယ့္ အဆင္မေျပဘူးထင္လို႔ပါဆိုၿပီး ထပ္မွာတယ္..

အဆိုးထဲကအေကာင္းလို႔ ေျပာရမလားမေသခ်ာေပမယ့္ အရင္ရက္ေတြက ထိုင္းမႈိင္းေနတဲ့ဝမ္ရိေပၚက ေရွာင္က်န္႔ဆီက အထိုးခံလိုက္ရၿပီးတဲ့ေနာက္ပိုင္း ျပန္ေျပာင္းလဲလာတယ္..
အရင္လိုမ်ိဳး ဂ်စ္တစ္တစ္အက်င့္ေတြ တခုခ်င္းစီျပန္ေပၚလာတယ္..

ေရွာင္က်န္႔နဲ႔ဇာတ္လမ္ကိုျပတ္ႏိုင္ၿပီလို႔ ထင္ခဲ့ေပမယ့္ စာခ်ဳပ္ကိုက်ေတာ့ လံုးဝမဖ်က္ေပးဘူး လို႔ ေျပာလာျပန္ေရာ..
ဝမ္ရိေပၚရဲ႕ေခါင္းထဲက အေတြးေတြကို သူလိုက္မမွီေတာ့တာ အဲ့ေကာင္ရူးေနလို႔ပဲျဖစ္မွာ...

" သြားအိပ္ေတာ့မယ္ "

ထထြက္သြားတဲ့ ရိေပၚကိုလိုက္ၾကည့္ရင္း အၾကည့္ေတြေရႊ႕ေတာ့ သူ႔ကို ၿဂိဳလ္ၾကည့္ၾကည့္ေနတဲ့ ေဟာက္ရႊမ္းနဲ႔ တိုးတယ္..
ဘာလဲဆိုၿပီး ေခါင္းဆတ္ျပလိုက္ေတာ့ ဆူပုတ္ပုတ္နဲ႔ မ်က္ႏွာလႊဲသြားတယ္..
အင္း... သူ သေဘာေပါက္လိုက္တယ္.
အရင္အတိုင္း အေၾကာင္းျပခ်က္မရွိ ေကာက္ေနျပန္ၿပီ..

" လာဦး "

" မလာဘူး "

" ဘာျဖစ္လို႔လဲ "

" ဘာျဖစ္ျဖစ္ "

အဲလိုနဲ႔ သူပဲသေဘာထားႀကီးႀကီးထားၿပီး ေဟာက္ရႊမ္းေဘးကို ေျပာင္းထိုင္လိုက္ရတာပါပဲ..

" သိလား "

" ဘာလဲ "

" မင္းရုပ္က အခု Angry bird နဲ႔တူေနတယ္ "

" စုန္က်ိရန္ !! "

" စတာကိုကြာ.. ဘာျဖစ္တာလဲ "

ေျပာရင္း ပုခံုးကိုဆြဲဖက္လိုက္ေတာ့လဲ မရုန္း..

" ခင္ဗ်ားေရာ သိလား "

" ဘာကိုလဲ "

" အခု ေနလို႔မေကာင္းတာ ရိေပၚ တေယာက္ထဲမဟုတ္ဘူး ဆိုတာကို "

" ဟင္?  "

" ကၽြန္ေတာ့္ကိုလဲ ထိုးပါလား.. ေျပာလို႔မရဘူး ခင္ဗ်ားေပၚထားတဲ့စိတ္ေတြ ျပတ္ရင္ျပတ္သြားမွာ "

ဒီစကားေတြကို ေဟာက္ရႊမ္းက သူ႔ကိုၾကည့္ၿပီး မေျပာခဲ့ဘူး..
အေယာင္ေယာင္အမွားမွားနဲ႔ ပုခံုးေပၚက သူ႔လက္ကိုသိမ္းဖို႔ျပင္ေတာ့ ေဟာက္ရႊမ္းက ျပန္ဆြဲတင္ၿပီး သူ႔ခါးေတြကိုသိုင္းဖက္လာတယ္..
ၿပီးေတာ့ ပုခံုးေပၚမွီက်လာတဲ့ေခါင္းေလး..

" ကၽြန္ေတာ္လဲ အိပ္ေတာ့မယ္  "

" အင္...အင္း "

" အိပ္ရာႏိုးရင္ အေျဖေပး... ခင္ဗ်ားစိတ္ပါရင္ေျပာတာ "

" .... "

" ခ်စ္တယ္..ဒီေန႔လဲ  "

လည္ပင္းေပၚ ခပ္ေႏြးေႏြးအထိအေတြ႕တစ္ခု က်လာတယ္..
စကၠန္႔ပိုင္းေလးပါပဲ..
ဒီေကာင္ေလးဆီက အျမဲၾကားေနက် ခ်စ္တယ္ဆိုတဲ့စကားက ဒီေန႔မွ ထူးဆန္းေနခဲ့သလားပဲ..
ယံုျကည္မႈေတြ ေလ်ာ့ရဲေနသလိုမ်ိဳး...။

.

.

.

ဝမ္ရိေပၚ အခု ေရွာင္က်န္႔ေရွ႕ကို ေရာက္ေနတယ္..
မေန႔ကလဲ ေရာက္ခဲ့သလို မနက္ျဖန္လဲလာေနဦးမွာပဲ..

ဒဏ္ရာေတြသက္သာလာတဲ့ အခ်ိန္ကစၿပီး Company မွာလဲ သြားေစာင့္သလို အိမ္ေရွ႕မွာလဲ သြားသြားေစာင့္တယ္..
ဒါကို ေရွာင္က်န္႔ စကားျပန္မေျပာမခ်င္း သူေန႔တိုင္းလုပ္မယ္လို႔လဲ ေတးထားေသးတာ..

ပထမဆံုးအႀကိမ္ အတင္းသြားေတြ႕တုန္းကေတာ့ ခါးခါးသီးသီးေပမယ့္ သူ႔မ်က္ႏွာက လက္က်န္ဒဏ္ရာေတြကိုျမင္လိုက္ေတာ့ အဲဒီလူမ်က္ဝန္းေတြ အေရာင္ေျပာင္းသြားခဲ့တယ္..

အရင္လို မခါးသီးေတာ့ေပမယ့္ ၾကည္ၾကည္ျဖဴျဖဴလက္ခံထားတာမ်ိဳးလဲ မဟုတ္ဘူး..
အခ်ိဳကုန္ရင္ ျပန္မယ့္ကေလးတေယာက္ကို ဆက္ဆံသလိုမ်ိဳး ရိေပၚကို ဆက္ဆံတယ္..
ဒါကိုသိသိရက္နဲ႔ ရိေပၚကေတာ့ ရတဲ့အခြင့္အေရးယူၿပီး ေရွ႕ဆက္တိုးေနတုန္း..

အထိုးခံလိုက္ရတဲ့ေနာက္ပိုင္း ရိေပၚရဲ႕ နာက်င္မႈေတြက လမ္းဆံုးကိုေရာက္သြားတယ္..
လူေတြရဲ႕စိတ္က ထူးဆန္းသား..
ဘယ္အေျခအေနမ်ိဳးနဲ႔ျဖစ္ျဖစ္ သူ အဲဒီလူကို ခ်စ္ေနတယ္ဆိုတာ အဲဒီအခ်ိန္မွာမွ ပိုေသခ်ာသြားခဲ့တာ..

ဒီထက္နာက်င္စရာမွမရွိေတာ့တာ..

သူ ေရွာင္က်န္႔နားမွာေနခ်င္တယ္..
စိတ္တိုေနတဲ့ ေရွာင္က်န္႔က ဘယ္ေလာက္လွလဲဆိုတာ သိခ်င္တယ္..
ဒါေလးပဲ...

ဘယ္သူမွမေခၚလဲ ပန္းခ်ီဆြဲဖို႔ဆိုၿပီး ဝမ္ရိေပၚက ညေနတိုင္း ေရွာင္က်န္႔အိမ္သြားတယ္..
တံခါးဖြင့္ေပးၿပီးထဲက သူ႔ကို အဖတ္မလုပ္ေတာ့တဲ့ေရွာင္က်န္႔က အရင္လို ဘာလုပ္ညာလုပ္ဆိုၿပီး မခိုင္းဘဲ ဝမ္ရိေပၚကို မျမင္ရမၾကားရသလိုေနတယ္..

" ေရွာင္က်န္႔ "

ပန္းခ်ီကားေရွ႕က ေရွာင္က်န္႔က သူ႔ကိုမၾကည့္ဘဲ ေဆးထိုင္စပ္ေနတယ္..
ဆြဲလိုက္ရင္ သူနားမလည္တဲ့ပံုေတြခ်ည္း..

အခုဆို သူ႔မွာ အလုပ္တစ္ခုပဲရွိတယ္
ေရွာင္က်န္႔ကို ထိုင္ၾကည့္ဖို႔..

အရင္လို အကြာအေဝးဘာညာ ထည့္မစဥ္းစားေတာ့ဘံ အဲဒီလူရဲ႕ အနီးဆံုးမွာ အတင္းကပ္ေနတယ္..
တရက္တေလစိတ္ေဖာက္ရင္ လက္ကိုင္လိုက္ ဆြဲဖက္လိုက္နဲ႔ ရရင္ရသလို အျမတ္ထုတ္တယ္..
အထိုးခံရလဲမမႈ ေမာင္းထုတ္ခံရလဲ ခပ္ျပံဳးျပံဳးပဲ..

ၾကာလာေတာ့ သူ႔ကို အဲဒီလူ စိတ္ကုန္သြားတယ္ထင္ရဲ႕..
သူဘာလုပ္လုပ္ ဘာမွမေျပာေတာ့ဘူး..

ဒါေပမယ့္ သူ႔ ရင္ထဲကဒဏ္ရာကို သူပဲသိတယ္...
မထိရွသလိုရုပ္ေလးနဲ႔ဟန္ေဆာင္ေနရေပမယ့္ ေရွာင္က်န္႔ သူကို မလိုသလို ၾကည့္တိုင္း သူရင္နာရတယ္..
အဲလိုညေတြဆို ေဟာက္ရႊမ္းကိုေခၚၿပီး အမူးေသာက္ေတာ့တာပဲ..

အဘိုးႀကီးေပါက္စလို ဆံုးမစကားေတြေျပာတဲ့ က်ိရန္ေကာ ထက္ လုပ္ခ်င္တာလုပ္ ျဖစ္ရင္ကိုယ့္ဘာကိုယ္ခံဆိုတဲ့ ေဟာက္ရႊမ္းစကားကိုပဲ သူအတည္ယူပစ္တယ္..
ဒီေကာင္နဲ႔သူက ရင္ဘတ္ခ်င္းညီတယ္ေလ..

" က်န္႔ေကာ "

" .... "

" ကၽြန္ေတာ္ ေနာက္တပတ္ ခရီးသြားစရာရွိတယ္.. ခင္ဗ်ားဆီကိုလာျဖစ္မယ္မထင္ဘူး "

" အင္း  "

" ဒါပဲလား "

စုတ္တံကို ေရဗံုးထဲဖိခ်ၿပီးေျဖတဲ့ အဲဒီလူက စိတ္ဝင္စားဖို႔မေျပာနဲ႔ အလုပ္ေတာင္မပ်က္..

" ခရီးက ၾကမ္းတယ္ေျပာတယ္.. လူျပတ္တဲ့ကၽြန္းကို သြားရမွာ "

" အဲဒါ ငါနဲ႔ဘာဆိုင္လဲ "

" ေကာကလဲ.. အဲမွာ ဖုန္းလိုင္းလဲ မမိေလာက္ဘူးတဲ့  "

ေရွာင္က်န္႔က ကၽြတ္စ္ခနဲစုတ္သပ္ၿပီး ထထြက္သြားတယ္..
နားၿငီးတယ္ဆိုတဲ့ သေဘာ..
အရင္တရက္က သူပန္းခ်ီဆြဲေနတာ သြားေႏွာင့္ယွက္လို႔ဆိုၿပီး ရန္ျဖစ္ဖူးေသးတယ္..
စိတ္တိုရင္ မ်က္သားေတြရဲတက္လာတတ္တဲ့ ေရွာင္က်န္႔က သိပ္လွတယ္..

" ေကာ....ေကာဆို "

" ဝမ္ရိေပၚ.. မင္းမျပန္ေသးဘူးလား "

ဝရန္တာထြက္ၿပီး ေရွာင္က်န္႔က ေဆးလိပ္ထုတ္ေသာက္တယ္..
အဲဒီလူ ေဆးလိပ္ေသာက္တတ္တယ္ဆိုတာ သူသိတာမၾကာေသးဘူး..
အဲဒါေၾကာင့္ ႏႈတ္ခမ္းေတြ ညိဳေနတာလို႔ ေတြးၿပီး အဲဒီသက္မဲ့ေတြကို မနာလိုျဖစ္လိုက္ရေသး..
အဲဒီႏႈတ္ခမ္းေတြ သူ အပိုင္ရတဲ့ေန႔က်ရင္ ဖိဖိနမ္းပစ္ၿပီး  အေရာင္ေျပာင္းပစ္ဖို႔ ေတးထားလိုက္တယ္..

အေငြ႕ျဖဴျဖဴေတြၾကားက ေရွာင္က်န္႔က အိပ္မက္ဆန္တယ္..
သူ မခြဲခ်င္ဘူး..
တပတ္မေျပာနဲ႔ တစကၠန္႔ေတာင္ မျဖစ္ဘူး..

" ေကာ..ကၽြန္ေတာ့္ကိုၾကည့္ပါဦး "

အျပင္ကိုေငးေနတဲ့ေရွာင္က်န္႔ကို လက္ကဆြဲၿပီး သူ႔ဘက္လွည့္ရပ္ေစတယ္..
လက္တဖက္က ရုန္းလာေတာ့လဲ လႊတ္ေပးလိုက္မိတာပဲ..
တခါတေလကလြဲရင္ သူ ဒီလူသားကို မထိရက္ပါဘူး..

ေရွာင္က်န္႔မွီထားတဲ့ ဝရန္တာလက္ရန္းရဲ႕ တဖက္တခ်က္မွာ လက္ေထာက္ၿပီး မ်က္ႏွာေလးကိုစိုက္ျကည့္တယ္..

" မင္း ဖယ္စမ္း "

" ဟင့္အင္း..ေျပာစရာရွိတယ္ "

" ဝမ္ရိေပၚ!!  "

" အ.. "

လႈပ္ရွားလိုက္တဲ့ ေရွာင္က်န္႔ဆီက စီးကရက္မီးတစက သူ႔လက္ဖ်ံေပၚကို ပူခနဲဆင္းသြားေတာ့
အဲဒီလူက ရုတ္ခ်ည္း ၿငိမ္သက္သြားတယ္..

" ေဆာရီး "

ရိေပၚ ခပ္ဖြဖြျပံဳးတယ္..
ဘာမွမက်န္ေတာ့ဘူးထင္ရတဲ့ ေရွာင္က်န္႔ဆီမွာ သူ႔ကို စိုးရိမ္တတ္တဲ့ အမူအယာေလးေတြက တခ်က္တခ်က္ေပၚေပၚလာတတ္တယ္..
ဒါေၾကာင့္မို႔ သူ လူဆိုးေလး ဆက္လုပ္ေနမိတာပဲ..

" ေကာ.. ကၽြန္ေတာ္စိတ္ခ်မယ္ေနာ္ "

" ဘာကိုလဲ "

" ကၽြန္ေတာ့္ကိုေစာင့္ေနမယ္မလား "

" .... "

"ကၽြန္ေတာ္လြမ္းေနရေတာ့မွာပဲ.. တပတ္ႀကီးမ်ားေတာင္ဗ်ာ... အဲဒီက်ိရန္ေကာက ဘာကိစၥနဲ႔ အဲဒီ show ထဲ ကၽြန္ေတာ့္ကို ထည့္ပစ္လဲမသိဘူး "

" .... "

" ၿပီးေတာ့ကၽြန္ေတာ့္ကို တေယာက္ထဲသြားခိုင္းတယ္ "

" ....  "

" ေကာသိတယ္မလား.. ေရေတြငုပ္ ေတာေတြနင္းၿပီး စားစရာ အိပ္စရာေတြ ကိုယ့္ဘာသာရွာရတဲ့အစီအစဥ္ ေလ.. အႏၲရာယ္မ်ားေပမယ့္ လူႀကိဳက္မ်ားတယ္ေျပာတာပဲ "

ပိုပိုသာသာေလး ေျပာလိုက္ေတာ့ ဟိုဖက္ေငးေနတဲ့ေရွာင္က်န္႔က သူ႔ဆီကို လွည့္ၾကည့္လာတယ္..

" ေကာင္မေလးေတြ မပါပါဘူး.. ေကာ စိတ္မပူနဲ႔ေနာ္ "

ေရွာင္က်န္႔မ်က္ေမွာင္ကုတ္ၿပီး လက္ရန္းေပၚက ရိေပၚလက္ကိုျဖဳတ္ခ်ၿပီး ထြက္သြားဖို႔ျပင္တယ္..

" ပူစရာလား..ဖယ္စမ္းပါ "

ဘာလဲ..
သူလဲ ဘာမွမလုပ္ဘဲနဲ႔..၊
အဲဒီလူထြက္သြားလို႔မရေအာင္ ျပန္ပိတ္ရပ္ၿပီး သူေရွ႕တလွမ္းထပ္တိုးတယ္..

" ဟင့္အင္း.. ေျပာစရာက်န္ေသးတယ္ "

" ကၽြတ္စ္.. ျမန္ျမန္ေျပာၿပီး ဖယ္ေတာ့ "

" ကၽြန္ေတာ့္ကို တခါေလာက္ဖက္ပါလား "

" ဝမ္ရိေပၚ !! "

" မဖက္ခ်င္လဲ ၿငိမ္ၿငိမ္ေလးေတာ့ေန "

ေျပာၿပီးတာနဲ႔ ေရွာင္က်န္႔တကိုယ္လံုးကို သူသိမ္းၾကံဳးဖက္ပစ္တယ္..
မ်က္ႏွာတစ္ခုလံုး ေရွာင္က်န္႔လည္ပင္းမွာ အပ္လို႔..

ဒီအေငြ႕အသက္ေတြ ရနံ႔ေတြအကုန္ သူ႔ခရီးကို ယူသြားမွာ..
ရင္ဘတ္ထဲက အိတ္ေလးထဲထည့္ၿပီး..

ေရွာင္က်န္႔ ကိုယ္လံုးေလးက တရိပ္ရိပ္ေႏြးလာတယ္...
အတင္းဖက္မိတိုင္း ခပ္ေတာင့္ေတာင့္ေလးျဖစ္သြားတဲ့ ခႏၶာကိုယ္က ထံုးစံအတိုင္း..
ဒါေပမယ့္ ထူးဆန္းစြာပဲ ဒီတခါေတာ့ သူတြန္းထုတ္မခံရေတာ့ဘူး..

အရင္လို ျငင္းဆန္မွာစိုးတဲ့စိတ္နဲ႔ အတင္းဖက္ထားမိတဲ့သူက အခု လက္ေတြကို နည္းနည္းေလးေျပေလ်ာ့ေပးလိုက္မိတယ္..

ေရေဆးနံ႔ရယ္ ေဆးလိပ္နံ႔ရယ္နဲ႔ ေရာယွက္ေနတဲ့ ကိုယ္သင္းနံ႔က သူ႔ ေရွာင္က်န္႔ဆီမွာပဲရွိတာ..
ရႈရွိုက္မိလိုက္တိုင္း တေျမ့ေျမ့စြဲလမ္းရတယ္..

" ဖယ္ေတာ့ "

ေရွာင္က်န္႔ဘက္က လိုက္ေလ်ာေပးတိုင္း ထပ္ၿပီးေလာဘမျကီးရဲတဲ့သူကေတာ့ ဝမ္ရိေပၚပဲ..

လႊတ္ေပးလိုက္ေတာ့ သူ႔က်န္႔ေကာမ်က္ႏွာက အသဲယားစရာေကာင္းေအာင္ကို နီရဲေနတယ္..
ထြက္သြားတဲ့ ေက်ာျပင္ေလးကေတာင္ ျမတ္ႏိုးဖြယ္အတိနဲ႔..

ဒုကၡပဲ...
သူအခုေတာင္လြမ္းေနၿပီရယ္..။

( Flash back end )

~~~~~~

AN / ခ်ဳိခ်ိဳခါးခါး အိုင့္ကိုဆဲၾကတဲ့ ပူတက္တူးတသိုက္ကို ေက်းဇူးတင္ပါတယ္ေနာ္
သူတို႔ေၾကာင့္သာ လုပ္ခ်င္တာေတြ လုပ္ရဲေနတာ
ဘာျဖစ္ျဖစ္ဆဲခံရမွာပဲဆိုၿပီး 😂😂

~~~~~~

[ Unicode]

အချိန်ကြာလာတာနဲ့ အမျှ တစစီဖြစ်လာတဲ့ ပတ်သတ်မှုတစ်ခုက ကျန့်ကောကို သူ ချစ်တယ် လို့ပြောမိခဲ့တဲ့အချိန်ကနေ စတင်တယ်..

ဒီတခါ ကွဲကြေမှုမှာ စိတ်ဖြေစရာတွေ မရှိတော့ဘူး..
အရက်တွေ ဘီယာတွေ မတိုးနိုင်တော့တဲ့ ဒဏ်ရာကို ဝမ်ရိပေါ်က ငြိမ်ငြိမ်သက်သက်လေး မွေးမြူထားလိုက်တော့တာပဲ..

သူ့ကိုယ်သူ အချိန်ပေးတယ်...
အဲဒီလူမရှိရင် သူနေနိုင်မလားဆိုပြီး တွေးတယ်..

တယောက်ထဲပဲနေတတ်တယ်ဆိုတဲ့ ရှောင်ကျန့် က သူ့ကိုတော့ လိုလိုချင်ချင်ပဲ နီးကပ်ခွင့်တွေပေးခဲ့ဖူးတယ်..
သူစိတ်ကောက်မိတိုင်း လက်လေးတဖက်ကို ဝမ်ရိပေါ်စိတ်တိုင်းကျဆိုပြီး မသိမသာပေးကိုင်ခဲ့ဖူးတယ်..
နောက်ပြီး..နှင်းတွေနဲ့ အေးခဲနေတဲ့ညလေးမှာ သူ့ကိုမငြီးမငြူ ပွေ့ဖက်ထားပေးခဲ့ဖူးတယ်..

သိပ်ယုံချင်စရာမရှိပေမယ့် အခု အဲဒီလူက သူကို မချစ်ဘူးတဲ့..၊

အမှတ်တရတွေကို ထမ်ပိုးထားရတော့ လှုပ်ရှားဖို့ကြိုးစားမိတိုင်း ဒဏ်ရာတွေက ပိုပိုနက်လာတယ်..

သူ့ချစ်ခြင်းတွေက ရှောင်ကျန့်ဆီမှာပဲ ခြေချုပ်မိနေပြီ ဖြစ်ကြောင်း ကောင်းကောင်းနားလည်လိုက်ရတာပါပဲ..။

ဟောက်ရွှမ်းကတော့ နောက်သလိုလိုနဲ့ ပြောရှာတယ်..
ငါ အဖော်ရပြီပေါ့ တဲ့..၊
ကျိရန်ကောဆီက မချစ်ဘူးဆိုပီး ဆယ်ခါမက အငြင်းခံထားရတဲ့ အဲဒီကောင်ကို သူ ပထမဆုံးအကြိမ် ကိုယ်ချင်းစာမိတယ်..

ကျိရန်ကော ကတော့ ဇာတ်ညွှန်းစာရွက်တွေကြား ခေါင်းနှစ်ဖို့ ကြိုးစားနေတဲ့ သူ့ကိုကြည့်ပြီးပြောရှာတယ်
ဝမ်ရိပေါ်တောင် ရင့်ကျက်နေပြီပဲ တဲ့..

တကယ်လဲ သူကြိုးစားနေခဲ့တာ..
ရှိခဲ့ဖူးတဲ့ အမှတ်တရတွေ အားကိုးနဲ့ အဲဒီလူကိုမေ့ပစ်ဖို့ သူ့ကိုယ်သူ တွန်းအားမပေးတော့ဘူး...

အရင်လို အနီးကပ်မရှိနိုင်တော့ပေမယ့် ရှောင်ကျန့် ပတ်ဝန်းကျင်မှာ သူအမြဲရှိနေတတ်တယ်...

ရုံးလာတဲ့နေ့တွေဆို ကျန်းချန်နဲ့တူတူ ထွက်လာတတ်တဲ့ ရှောင်ကျန့်ကိုမြင်ပြီးမှ သူအိမ်ပြန်တယ်..
မနေနိုင်အောင် လွမ်းလာတဲ့နေ့တွေဆို ရှောင်ကျန့်အိမ်ရှေ့မှာ ကားထိုးရပ်ပြီး အိမ်ထဲကမီးတွေ မှောင်သွားတဲ့ထိနေတယ်..

တိုက်ဆိုင်လို့ မျက်နှာချင်ဆိုင်တွေ့မိတဲ့အခါတွေတိုင်း ဆွေးဆွေးနင့်နင့် ငေးကြည့်မိတာကလွဲပြီး သူ အပြစ်မလုပ်မိအောင်နေတယ်..

တခါတရံ သူ့ဆီ ဝေ့ဝဲလာတဲ့မျက်ဝန်းတစုံနဲ့ မတော်တဆ အကြည့်ချင်းဆုံမိတဲ့နေ့တွေကတော့ ဝမ်ရိပေါ် အိပ်မက်လှလှမက်တဲ့နေ့ပဲ...

သူ ဆုံးဖြတ်ချက်ချလိုက်တယ်..
ရှောင်ကျန့်အနားမှာ အရင်လိုနေနိုင်ခွင့်လေးပဲ ပြန်ရမယ်ဆိုရင်..
ချစ်ခြင်းတွေ
ထိတွေ့ခွင့်တွေ
ပွေ့ဖက်မှုတွေ
သူ ဘာမှမတောင်းဆိုတော့ဘူး...

မှဲ့နက်ကလေးကို သေသေချာချာငေးကြည့်ခွင့်ရမယ့် အကွာအဝေးလောက်နဲ့ သူကျေနပ်ပစ်ဖို့ အဆင်သင့်ပဲ...

သူ အဲဒီလူနဲ့ ဝေးဝေးမှာ ဘယ်နည်းနဲ့မှ မနေပျော်ဘူး...။

.

.

.

ရှောင်ကျန့်...
အဲဒီလူရဲ့ အတွေးတွေက ဘယ်တော့မှ ကြိုတင်ခန့်မှန်းနိုင်တဲ့ထဲမပါခဲ့ဘူး...

" ရိပေါ်.. မင်းနဲ့ရှောင်ကျန့်ရဲ့ စာချုပ်ကို သူတို့ company ဘက်က ဖျက်ချင်လို့တဲ့ "

ဝမ်ရိပေါ်ရဲ့ အမှားတစ်ခုက အဲဒီလူရဲ့ ဝေးဝေးပြေးချင်စိတ်ကို အကြောင်းပြချက်တစ်ခု ပေးလိုက်သလိုမျိုး..
နောက်ဆုံးသော ချည်နှောင်ခွင့်က ဒီလိုနည်းနဲ့ ဖြတ်ချခံလိုက်ရတယ်...

တဆိတ်...
ခင်ဗျား မလွန်လွန်းဘူးလား ?

ရင်ဘတ်တောက်လျှောက် ပူဆင်းသွားတဲ့ အယ်လ်ကိုဟောက ဝမ်ရိပေါ်ရဲ့ လက်ကျန်မာနကို ပိုပြင်းပြအောင် လောင်မြိုက်ပေးလိုက်သလိုပဲ..

အသည်းကွဲတာထက်ဆိုးတဲ့ အသည်းနာခြင်းမှာ ဒေါသတွေက တစွန်းတစနဲ့..

ရှောင်ကျန့်ရှိရာ company ဆီသူရောက်သွားတယ်
ရောက်တာနဲ့ အဲဒီလူရှိနေကျ အထပ်ကိုတက်ပြီး အခန်းတွေ တစ်ခန်းပြီးတခန်းလိုက်ရှာတယ်..
ရှာမတွေ့တော့ ရုံးခန်းတွေဘက်လှည့်တယ်..

" ရှောင်ကျန့်! "

ကျန်းချန်ရဲ့ ရုံးခန်းကနေထွက်လာတဲ့ အတူတူထွက်လာတဲ့ လူနှစ်ယောက်က ဝမ်ရိပေါ်အတွက် ဘယ်နည်းနဲ့မှ အဆင်ပြေမနေဘူး ...

" ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တယ် "

" ငါ့မှာ ပြောစရာမရှိဘူး "

" ရှောင်ကျန့် !! "

" ကျန်းချန် ငါတို့ပြန်ရအောင် "

သူ ရယ်မိတယ်..
ဗီလိန်လုပ်ရတာ ဒီလိုပျော်စရာကောင်းမယ်မှန်း သူမသိခဲ့ဘူး..

ရိပေါ်က ခြေလှမ်းကျဲကျဲတွေနဲ့ ရှောင်ကျန့်ရှေ့ကို လျှောက်လာပြီး လက်တဖက်ကိုဆောင့်ဆွဲခေါ်တယ်..
ချက်ချင်းပြန်ဆောင့်ရုန်းတဲ့လက်က ဒီတခါတော့ မအောင်မြင်တော့ ..

ရှောင်ကျန့်မျက်လုံးတွေ ရဲတက်လာတယ်..
ရိပေါ်ချုပ်ထားတဲ့ လက်တဖက်ကသိသိသာသာကို ပူတက်လာသလိုမျိုး..

" ရိပေါ်..အေးဆေးပြောကြတာပေါ့..ကော လက်ကိုလွှတ်လိုက်ပါ "

ရုတ်တရတ်ဆန်လွန်းတဲ့ အခြေအနေကြား ကျန်းချန်က ဝင်ဖြန်ဖြေတယ်..

" ခင်ဗျားနဲ့မဆိုင်ဘူး "

သူဆောင့်ဆွဲခေါ်ရင်း ယိုင်ကျလာတဲ့ ရှောင်ကျန့်ကိုမြင်တော့ ကျန်းချန်ကကြားဝင်လာပြီး ရှေ့က ကာတယ်..

သူ့လက်ကို ရုန်းနေသလောက် ကျန်းချန်ရဲ့ အင်္ကျီစကိုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်တဖက်ကို မြင်တော့ သူ့ဒေါသတွေက အဆင်အခြင်မဲ့သွားတယ်
တယောက်ကို တွန်းထုတ်တယ်..
တယောက်ကို ဆောင့်ဆွဲခေါ်တယ်..

ဝုန်းခနဲ အသံနဲ့အတူ ကျန်းချန်ယိုင်ကျသွားလို့ ကျကွဲသွားတဲ့ အလှဆင်ပန်းအိုးခပ်ကြီးကြီးက ကြမ်းပြင်ပေါ်မှာ တစစီပဲ..

ခွပ်

တစ်ချက်

နှစ်ချက်

နောက်တချက်..

နောက်ထပ်တချက်...

ရုတ်တရတ်ကြီး အဆက်မပြတ်ကျလာတဲ့ နာကျင်မှုကြောင့် သူ့မျက်နှာတပြင်လုံး ပူထူလာတတယ်.
ရှောင်ကျန့်က စိတ်လွတ်သွားတဲ့ အရူးလိုမျိုးပဲ
ဝုန်းဒိုင်းကြဲနေတာများ...

လဲကျသွားတဲ့ကျန်းချန်က ဒဏ်ရာကင်းမဲ့နေပေမယ့် ဝမ်ရိပေါ်ရဲ့ မျက်နှာ တစ်ခုလုံးမှာ မြင်မကောင်းအောင် သွေးစက်တွေက အနှံ့အပြားပဲ..

စိတ်နဲ့ချည်တဲ့ကြိုးတွေက ခိုင်လွန်းတယ်..
အသိစိတ်လွတ်နေတဲ့ကြားကတောင် သူက ရှောင်ကျန့်ကို ပြန်နာကျင်စေမိမှာစိုးလို့ သူ့ကိုယ်သူ ချည်နှောင်ထားခဲ့မိတယ်..

နာကျင်လိုက်ရတာများ..

ဝရုန်းသုန်းကားနဲ့ တခဏပြီးတဲ့နောက် ခြေသံတွေဝေးသွားတော့မှ သူအော်ရယ်မိတယ်..
နှုတ်ခမ်းထောင့်တွေက ပူစပ်စပ်နဲ့..

ခြောက်ကပ်ကပ်ရယ်သံက လျှောက်လမ်းတလျှောက်မှာ လွင့်ပျံသွားတယ်..
ဒီလောက်ဆို ခင်ဗျား မကြည်ဖြူတဲ့ အနမ်းတစ်ခုအတွက် ကြေပြီထင်ပါရဲ့..

.

.

.

' ဝမ်ရိပေါ် ဒီနေ့ပွဲကို ကျန်းမားရေးအခြေအနေကြောင့် မတက်ရောက်နိုင်ပါ ' တဲ့..

ဒါ ဒီရက်ပိုင်းအတွင်း မတူညီတဲ့ပွဲတွေတိုင်းအတွက် နေ့တိုင်းနီးပါးတက်လာတဲ့ သတင်းတွေ..

ညိုမဲဖောင်းအစ်နေတဲ့ မျက်နှာက အခုချိန် အပြင်ထွက်ရင်တောင် ဝမ်ရိပေါ်မှန်းသိမှာ မဟုတ်..
အဲဒီမျက်နှာနဲ့ ရယ်နေနိုင်သေးတဲ့ကောင်ကို မြင်ပြင်းကတ်ကတ်နဲ့ ဟောက်ရွှမ်းက ကြပ်ထုပ်ကိုတမင်ဖိဖိထိုးတယ်..
ဒီငနာကောင် စောက်အသိတရားဝင်စမ်း ဆိုတဲ့အထာနဲ့..
မကျေနပ်ဘူး တိုင်မယ်တန်းမယ်လုပ်တော့ ဝမ်ရိပေါ်ဆိုတဲ့ ငမွှန်ကောင်က ထားလိုက်ပါဆိုလို့ အဲ့ငတုံးကောင်ကိုပဲ ဒေါသတွေ ပြန်ဦးတည်ရတယ်..

" ဝမ်ရိပေါ် မင်းဆေးမသောက်ပြန်ဘူးလား "

" ပါးစပ်ဟလို့မရဘူး "

" စောက်စကားကျတော့ပြောနိုင်လား "

" ဟောက်ရွှမ်း !! နေမကောင်းတဲ့သူကို ဘာလို့အော်နေတာလဲ "

သုံးယောက်ကို သုံမျိုးဖြစ်နေကျက မထူးဆန်းပေမယ့် ဝမ်ရိပေါ်ရဲ့ ဒီမျက်ခွက်ကတော့ ပထမဆုံးအကြိမ်ပဲ..
အိုးကမပူစလောင်းကပူနေတဲ့ ဟောက်ရွှမ်းက ရိပေါ်မျက်နှာကို ကြည့်တိုင်း ဒေါသတွေထွက်ထွက်လာပြီး ရှူးရှူးရှားရှားတွေ လုပ်တတ်လွန်းလို့ ကျိရန်ခမျာ လူမမာတကောင် ဒေါသအိုးတကောင် ထိန်းနေရတယ်..

ဖြစ်ပျက်ခဲ့သမျှကို ကျန်းချန်ကပြောပြီး သူ့ကို တောင်းပန်လာတယ်...
ရိပေါ်ကိုတွေ့ပြီးပြောချင်ပေမယ့် အဆင်မပြေဘူးထင်လို့ပါဆိုပြီး ထပ်မှာတယ်..

အဆိုးထဲကအကောင်းလို့ ပြောရမလားမသေချာပေမယ့် အရင်ရက်တွေက ထိုင်းမှိုင်းနေတဲ့ဝမ်ရိပေါ်က ရှောင်ကျန့်ဆီက အထိုးခံလိုက်ရပြီးတဲ့နောက်ပိုင်း ပြန်ပြောင်းလဲလာတယ်..
အရင်လိုမျိုး ဂျစ်တစ်တစ်အကျင့်တွေ တခုချင်းစီပြန်ပေါ်လာတယ်..

ရှောင်ကျန့်နဲ့ဇာတ်လမ်ကိုပြတ်နိုင်ပြီလို့ ထင်ခဲ့ပေမယ့် စာချုပ်ကိုကျတော့ လုံးဝမဖျက်ပေးဘူး လို့ ပြောလာပြန်ရော..
ဝမ်ရိပေါ်ရဲ့ခေါင်းထဲက အတွေးတွေကို သူလိုက်မမှီတော့တာ အဲ့ကောင်ရူးနေလို့ပဲဖြစ်မှာ...

" သွားအိပ်တော့မယ် "

ထထွက်သွားတဲ့ ရိပေါ်ကိုလိုက်ကြည့်ရင်း အကြည့်တွေရွှေ့တော့ သူ့ကို ဂြိုလ်ကြည့်ကြည့်နေတဲ့ ဟောက်ရွှမ်းနဲ့ တိုးတယ်..
ဘာလဲဆိုပြီး ခေါင်းဆတ်ပြလိုက်တော့ ဆူပုတ်ပုတ်နဲ့ မျက်နှာလွှဲသွားတယ်..
အင်း... သူ သဘောပေါက်လိုက်တယ်.
အရင်အတိုင်း အကြောင်းပြချက်မရှိ ကောက်နေပြန်ပြီ..

" လာဦး "

" မလာဘူး "

" ဘာဖြစ်လို့လဲ "

" ဘာဖြစ်ဖြစ် "

အဲလိုနဲ့ သူပဲသဘောထားကြီးကြီးထားပြီး ဟောက်ရွှမ်းဘေးကို ပြောင်းထိုင်လိုက်ရတာပါပဲ..

" သိလား "

" ဘာလဲ "

" မင်းရုပ်က အခု Angry bird နဲ့တူနေတယ် "

" စုန်ကျိရန် !! "

" စတာကိုကွာ.. ဘာဖြစ်တာလဲ "

ပြောရင်း ပုခုံးကိုဆွဲဖက်လိုက်တော့လဲ မရုန်း..

" ခင်ဗျားရော သိလား "

" ဘာကိုလဲ "

" အခု နေလို့မကောင်းတာ ရိပေါ် တယောက်ထဲမဟုတ်ဘူး ဆိုတာကို "

" ဟင်? "

" ကျွန်တော့်ကိုလဲ ထိုးပါလား.. ပြောလို့မရဘူး ခင်ဗျားပေါ်ထားတဲ့စိတ်တွေ ပြတ်ရင်ပြတ်သွားမှာ "

ဒီစကားတွေကို ဟောက်ရွှမ်းက သူ့ကိုကြည့်ပြီး မပြောခဲ့ဘူး..
အယောင်ယောင်အမှားမှားနဲ့ ပုခုံးပေါ်က သူ့လက်ကိုသိမ်းဖို့ပြင်တော့ ဟောက်ရွှမ်းက ပြန်ဆွဲတင်ပြီး သူ့ခါးတွေကိုသိုင်းဖက်လာတယ်..
ပြီးတော့ ပုခုံးပေါ်မှီကျလာတဲ့ခေါင်းလေး..

" ကျွန်တော်လဲ အိပ်တော့မယ် "

" အင်...အင်း "

" အိပ်ရာနိုးရင် အဖြေပေး... ခင်ဗျားစိတ်ပါရင်ပြောတာ "

" .... "

" ချစ်တယ်..ဒီနေ့လဲ "

လည်ပင်းပေါ် ခပ်နွေးနွေးအထိအတွေ့တစ်ခု ကျလာတယ်..
စက္ကန့်ပိုင်းလေးပါပဲ..
ဒီကောင်လေးဆီက အမြဲကြားနေကျ ချစ်တယ်ဆိုတဲ့စကားက ဒီနေ့မှ ထူးဆန်းနေခဲ့သလားပဲ..
ယုံကြည်မှုတွေ လျော့ရဲနေသလိုမျိုး...။

.

.

.

ဝမ်ရိပေါ် အခု ရှောင်ကျန့်ရှေ့ကို ရောက်နေတယ်..
မနေ့ကလဲ ရောက်ခဲ့သလို မနက်ဖြန်လဲလာနေဦးမှာပဲ..

ဒဏ်ရာတွေသက်သာလာတဲ့ အချိန်ကစပြီး Company မှာလဲ သွားစောင့်သလို အိမ်ရှေ့မှာလဲ သွားသွားစောင့်တယ်..
ဒါကို ရှောင်ကျန့် စကားပြန်မပြောမချင်း သူနေ့တိုင်းလုပ်မယ်လို့လဲ တေးထားသေးတာ..

ပထမဆုံးအကြိမ် အတင်းသွားတွေ့တုန်းကတော့ ခါးခါးသီးသီးပေမယ့် သူ့မျက်နှာက လက်ကျန်ဒဏ်ရာတွေကိုမြင်လိုက်တော့ အဲဒီလူမျက်ဝန်းတွေ အရောင်ပြောင်းသွားခဲ့တယ်..

အရင်လို မခါးသီးတော့ပေမယ့် ကြည်ကြည်ဖြူဖြူလက်ခံထားတာမျိုးလဲ မဟုတ်ဘူး..
အချိုကုန်ရင် ပြန်မယ့်ကလေးတယောက်ဆက်ဆံသလိုမျိုး ရိပေါ်ကို ဆက်ဆံတယ်..
ဒါကိုသိသိရက်နဲ့ ရိပေါ်ကတော့ ရတဲ့အခွင့်အရေးယူပြီး ရှေ့ဆက်တိုးနေတုန်း..

အထိုးခံလိုက်ရတဲ့နောက်ပိုင်း ရိပေါ်ရဲ့ နာကျင်မှုတွေက လမ်းဆုံးကိုရောက်သွားတယ်..
လူတွေရဲ့စိတ်က ထူးဆန်းသား..
ဘယ်အခြေအနေမျိုးနဲ့ဖြစ်ဖြစ် သူ အဲဒီလူကို ချစ်နေတယ်ဆိုတာ အဲဒီအချိန်မှာမှ ပိုသေချာသွားခဲ့တာ..

ဒီထက်နာကျင်စရာမှမရှိတော့တာ..

သူ ရှောင်ကျန့်နားမှာနေချင်တယ်..
စိတ်တိုနေတဲ့ ရှောင်ကျန့်က ဘယ်လောက်လှလဲဆိုတာ သိချင်တယ်..
ဒါလေးပဲ...

ဘယ်သူမှမခေါ်လဲ ပန်းချီဆွဲဖို့ဆိုပြီး ဝမ်ရိပေါ်က ညနေတိုင်း ရှောင်ကျန့်အိမ်သွားတယ်..
တံခါးဖွင့်ပေးပြီးထဲက သူ့ကို အဖတ်မလုပ်တော့တဲ့ရှောင်ကျန့်က အရင်လို ဘာလုပ်ညာလုပ်ဆိုပြီး မခိုင်းဘဲ ဝမ်ရိပေါ်ကို မမြင်ရမကြားရသလိုနေတယ်..

" ရှောင်ကျန့် "

ပန်းချီကားရှေ့က ရှောင်ကျန့်က သူ့ကိုမကြည့်ဘဲ ဆေးထိုင်စပ်နေတယ်..
ဆွဲလိုက်ရင် သူနားမလည်တဲ့ပုံတွေချည်း..

အခုဆို သူ့မှာ အလုပ်တစ်ခုပဲရှိတယ်
ရှောင်ကျန့်ကို ထိုင်ကြည့်ဖို့..

အရင်လို အကွာအဝေးဘာညာ ထည့်မစဉ်းစားတော့ဘံ အဲဒီလူရဲ့ အနီးဆုံးမှာ အတင်းကပ်နေတယ်..
တရက်တလေစိတ်ဖောက်ရင် လက်ကိုင်လိုက် ဆွဲဖက်လိုက်နဲ့ ရရင်ရသလို အမြတ်ထုတ်တယ်..
အထိုးခံရလဲမမှု မောင်းထုတ်ခံရလဲ ခပ်ပြုံးပြုံးပဲ..

ကြာလာတော့ သူ့ကို အဲဒီလူ စိတ်ကုန်သွားတယ်ထင်ရဲ့..
သူဘာလုပ်လုပ် ဘာမှမပြောတော့ဘူး..

ဒါပေမယ့် သူ့ ရင်ထဲကဒဏ်ရာကို သူပဲသိတယ်...
မထိရှသလိုရုပ်လေးနဲ့ဟန်ဆောင်နေရပေမယ့် ရှောင်ကျန့် သူကို မလိုသလို ကြည့်တိုင်း သူရင်နာရတယ်..
အဲလိုညတွေဆို ဟောက်ရွှမ်းကိုခေါ်ပြီး အမူးသောက်တော့တာပဲ..

အဘိုးကြီးပေါက်စလို ဆုံးမစကားတွေပြောတဲ့ ကျိရန်ကော ထက် လုပ်ချင်တာလုပ် ဖြစ်ရင်ကိုယ့်ဘာကိုယ်ခံဆိုတဲ့ ဟောက်ရွှမ်းစကားကိုပဲ သူအတည်ယူပစ်တယ်..
ဒီကောင်နဲ့သူက ရင်ဘတ်ချင်းညီတယ်လေ..

" ကျန့်ကော "

" .... "

" ကျွန်တော် နောက်တပတ် ခရီးသွားစရာရှိတယ်.. ခင်ဗျားဆီကိုလာဖြစ်မယ်မထင်ဘူး "

" အင်း "

" ဒါပဲလား "

စုတ်တံကို ရေဗုံးထဲဖိချပြီးဖြေတဲ့ အဲဒီလူက စိတ်ဝင်စားဖို့မပြောနဲ့ အလုပ်တောင်မပျက်..

" ခရီးက ကြမ်းတယ်ပြောတယ်.. လူပြတ်တဲ့ကျွန်းကို သွားရမှာ "

" အဲဒါ ငါနဲ့ဘာဆိုင်လဲ "

" ကောကလဲ.. အဲမှာ ဖုန်းလိုင်းလဲ မမိလောက်ဘူးတဲ့ "

ရှောင်ကျန့်က ကျွတ်စ်ခနဲစုတ်သပ်ပြီး ထထွက်သွားတယ်..
နားငြီးတယ်ဆိုတဲ့ သဘော..

အရင်တရက်က သူပန်းချီဆွဲနေတာ သွားနှောင့်ယှက်လို့ဆိုပြီး ရန်ဖြစ်ဖူးသေးတယ်..
စိတ်တိုရင် မျက်သားတွေရဲတက်လာတတ်တဲ့ ရှောင်ကျန့်က သိပ်လှတယ်..

" ကော....ကောဆို "

" ဝမ်ရိပေါ်.. မင်းမပြန်သေးဘူးလား "

ဝရန်တာထွက်ပြီး ရှောင်ကျန့်က ဆေးလိပ်ထုတ်သောက်တယ်..
အဲဒီလူ ဆေးလိပ်သောက်တတ်တယ်ဆိုတာ သူသိတာမကြာသေးဘူး..
အဲဒါကြောင့် နှုတ်ခမ်းတွေ ညိုနေတာလို့ တွေးပြီး အဲဒီသက်မဲ့တွေကို မနာလိုဖြစ်လိုက်ရသေး..
အဲဒီနှုတ်ခမ်းတွေ သူ အပိုင်ရတဲ့နေ့ကျရင် ဖိဖိနမ်းပစ်ပြီး အရောင်ပြောင်းပစ်ဖို့ တေးထားလိုက်တယ်..

အငွေ့ဖြူဖြူတွေကြားက ရှောင်ကျန့်က အိပ်မက်ဆန်တယ်..
သူ မခွဲချင်ဘူး..
တပတ်မပြောနဲ့ တစက္ကန့်တောင် မဖြစ်ဘူး..

" ကော..ကျွန်တော့်ကိုကြည့်ပါဦး "

အပြင်ကိုငေးနေတဲ့ရှောင်ကျန့်ကို လက်ကဆွဲပြီး သူ့ဘက်လှည့်ရပ်စေတယ်..
လက်တဖက်က ရုန်းလာတော့လဲ လွှတ်ပေးလိုက်မိတာပဲ..
တခါတလေကလွဲရင် သူ ဒီလူသားကို မထိရက်ပါဘူး..

ရှောင်ကျန့်မှီထားတဲ့ ဝရန်တာလက်ရန်းရဲ့ တဖက်တချက်မှာ လက်ထောက်ပြီး မျက်နှာလေးကိုစိုက်ကြည့်တယ်..

" မင်း ဖယ်စမ်း "

" ဟင့်အင်း..ပြောစရာရှိတယ် "

" ဝမ်ရိပေါ်!! "

" အ.. "

လှုပ်ရှားလိုက်တဲ့ ရှောင်ကျန့်ဆီက စီးကရက်မီးတစက သူ့လက်ဖျံပေါ်ကို ပူခနဲဆင်းသွားတော့
အဲဒီလူက ရုတ်ချည်း ငြိမ်သက်သွားတယ်..

" ဆောရီး "

ရိပေါ် ခပ်ဖွဖွပြုံးတယ်..
ဘာမှမကျန်တော့ဘူးထင်ရတဲ့ ရှောင်ကျန့်ဆီမှာ သူ့ကို စိုးရိမ်တတ်တဲ့ အမူအယာလေးတွေက တချက်တချက်ပေါ်ပေါ်လာတတ်တယ်..
ဒါကြောင့်မို့ သူ လူဆိုးလေး ဆက်လုပ်နေမိတာပဲ..

" ကော.. ကျွန်တော်စိတ်ချမယ်နော် "

" ဘာကိုလဲ "

" ကျွန်တော့်ကိုစောင့်နေမယ်မလား "

" .... "

"ကျွန်တော်လွမ်းနေရတော့မှာပဲ.. တပတ်ကြီးများတောင်ဗျာ... အဲဒီကျိရန်ကောက ဘာကိစ္စနဲ့ အဲဒီ show ထဲ ကျွန်တော့်ကို ထည့်ပစ်လဲမသိဘူး "

" .... "

" ပြီးတော့ကျွန်တော်တယောက်ထဲသွားခိုင်းတယ် "

" .... "

" ကောသိတယ်မလား.. ရေတွေငုပ် တောတွေနင်းပြီး စားစရာ အိပ်စရာတွေ ကိုယ့်ဘာသာရှာရတဲ့အစီအစဉ် လေ.. အန္တရာယ်များပေမယ့် လူကြိုက်များတယ်ပြောတာပဲ "

ပိုပိုသာသာလေး ပြောလိုက်တော့ ဟိုဖက်ငေးနေတဲ့ရှောင်ကျန့်က သူ့ဆီကို လှည့်ကြည့်လာတယ်..

" ကောင်မလေးတွေ မပါပါဘူး.. ကော စိတ်မပူနဲ့နော် "

ရှောင်ကျန့်မျက်မှောင်ကုတ်ပြီး လက်ရန်းပေါ်က ရိပေါ်လက်ကိုဖြုတ်ချပြီး ထွက်သွားဖို့ပြင်တယ်..

" ပူစရာလား..ဖယ်စမ်းပါ "

ဘာလဲ..
သူလဲ ဘာမှမလုပ်ဘဲနဲ့..၊
အဲဒီလူထွက်သွားလို့မရအောင် ပြန်ပိတ်ရပ်ပြီး သူရှေ့တလှမ်းထပ်တိုးတယ်..

" ဟင့်အင်း.. ပြောစရာကျန်သေးတယ် "

" ကျွတ်စ်.. မြန်မြန်ပြောပြီး ဖယ်တော့ "

" ကျွန်တော့်ကို တခါလောက်ဖက်ပါလား "

" ဝမ်ရိပေါ် !! "

" မဖက်ချင်လဲ ငြိမ်ငြိမ်လေးတော့နေ "

ပြောပြီးတာနဲ့ ရှောင်ကျန့်တကိုယ်လုံးကို သူသိမ်းကြုံးဖက်ပစ်တယ်..
မျက်နှာတစ်ခုလုံး ရှောင်ကျန့်လည်ပင်းမှာ အပ်လို့..

ဒီအငွေ့အသက်တွေ ရနံ့တွေအကုန် သူ့ခရီးကို ယူသွားမှာ..
ရင်ဘတ်ထဲက အိတ်လေးထဲထည့်ပြီး..

ရှောင်ကျန့် ကိုယ်လုံးလေးက တရိပ်ရိပ်နွေးလာတယ်...
အတင်းဖက်မိတိုင်း ခပ်တောင့်တောင့်လေးဖြစ်သွားတဲ့ ခန္ဓာကိုယ်က ထုံးစံအတိုင်း..
ဒါပေမယ့် ထူးဆန်းစွာပဲ ဒီတခါတော့ သူတွန်းထုတ်မခံရတော့ဘူး..

အရင်လို ငြင်းဆန်မှာစိုးတဲ့စိတ်နဲ့ အတင်းဖက်ထားမိတဲ့သူက အခု လက်တွေကို နည်းနည်းလေးပြေလျော့ပေးလိုက်မိတယ်..

ရေဆေးနံ့ရယ် ဆေးလိပ်နံ့ရယ်နဲ့ ရောယှက်နေတဲ့ ကိုယ်သင်းနံ့က သူ့ ရှောင်ကျန့်ဆီမှာပဲရှိတာ..
ရှုရှိုက်မိလိုက်တိုင်း တမြေ့မြေ့စွဲလမ်းရတယ်..

" ဖယ်တော့ "

ရှောင်ကျန့်ဘက်က လိုက်လျောပေးတိုင်း ထပ်ပြီးလောဘမကြီးရဲတဲ့သူကတော့ ဝမ်ရိပေါ်ပဲ..

လွှတ်ပေးလိုက်တော့ သူ့ကျန့်ကောမျက်နှာက အသဲယားစရာကောင်းအောင်ကို နီရဲနေတယ်..
ထွက်သွားတဲ့ ကျောပြင်လေးကတောင် မြတ်နိုးဖွယ်အတိနဲ့..

ဒုက္ခပဲ...
သူအခုတောင်လွမ်းနေပြီရယ်..။

( Flash back end )

~~~~~~

AN / ချိုချိုခါးခါး အိုင့်ကိုဆဲကြတဲ့ ပူတက်တူးတသိုက်ကို ကျေးဇူးတင်ပါတယ်နော်
သူတို့ကြောင့်သာ လုပ်ချင်တာတွေ လုပ်ရဲနေတာ
ဘာဖြစ်ဖြစ်ဆဲခံရမှာပဲဆိုပြီး 😂😂







Continue Reading

You'll Also Like

5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
129K 14.4K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
14.3K 1.6K 12
Unicode & Zawgyi Start - 8 . 2 . 2023 သရဲကြောက်တတ်ပေမယ့် သရဲဘုရင်ကြီးနဲ့မှ လက်ထပ်မိသွားတဲ့ ကောင်လေးတစ်ယောက်... သူ့ယောကျာ်းနဲ့ အပြည့်အဝပေါင်းဖက်ရဖို့အ...
99K 12.5K 21
႐ုိး႐ိုး​ေလးပဲ​ေတြးၿပီး က်​ေနာ္​့အခ်စ္​ကိုခံယူၾကည္​့ပါ့လား~ ရိုးရိုးလေးပဲတွေးပြီး ကျနော့်အချစ်ကိုခံယူကြည့်ပါ့လား~ [ Zawgyi + Uni ] Fic cover by @Che...