《Zawgyi》
အပိုင္း - ၇၂
[အေရးေပၚ အေျခအေန]
ကူထံုးရဲ႕ အမူအယာကို ၾကည့္ေနရင္းမွ ခ်င္းစုယြဲ႕မွာ သူမရဲ႕ေခါင္းကို အသာယမ္းမိ၏။ ဒီမိန္းကေလးကေတာ့ ခ်န္းစီႏ်န္ ဘယ္လိုေတာင္ အၾကင္နာကင္းမဲ့လွသည္ကို ဘယ္တုန္းကမွ စိတ္ကူးၾကည့္ႏိုင္မည္ မဟုတ္ေခ်။ ကူထံုးလည္း ထိုလူႏွင့္ေဝးေဝးေနတာက အေကာင္းဆံုးပင္ ျဖစ္မည္။
မ်ားမၾကာမွီမွာပင္ A ေကာလိပ္က ေက်ာင္းခဏပိတ္ေလ၏။ ခ်င္းစုယြဲ႕ကေတာ့ ရွန္က်င္းၿမိဳ႕ကိုျပန္ဖို႔အတြက္ ေယာင္လို႔ေတာင္မၽွ မေတြးေပ။ အကႏွင့္ စႏၵယားတီး သင္ယူျခင္းႏွင့္အတူ သူမက အဂၤလိပ္ႏွင့္ ျပင္သစ္ အတန္းေတြအတြက္ပါ စာရင္းေပးလိုက္ေလေတာ့၏။
သူမက အေတာ္ေလး ေကာင္းမြန္ထူးခၽြန္လွသျဖင့္ အဂၤလိပ္စာ သင္တန္းေတြက သူမအတြက္ လြယ္ကူလွေသာ္လည္း ျပင္သစ္စာအတြက္မူ သူမ အေတြ႕အၾကံဳ မရွိသည့္ေနရာျဖစ္သျဖင့္ အဂၤလိပ္စာတြင္ လြယ္ကူထူးခၽြန္သည္ႏွင့္ေတာ့ အစပိုင္းတြင္ ျခားနားလွေလ၏။
ခ်င္းစုယြဲ႕ဟာ ေက်ာင္းပိတ္ထားသည့္ အေတာအတြင္း အိမ္ကိုျပန္ဖို႔အတြက္ လံုးဝကို အစီအစဥ္မရွိတာျဖစ္ၿပီး စာေလ့လာဖို႔အတြက္ အစီအစဥ္ တသီတသန္းႀကီးကို သူမက ေရးဆြဲထားလ်က္ သူမရဲ႕ မိသားစုကိုေတာ့ လၽွိဳ႕ဝွက္ထားခဲ့တာ ျဖစ္သည္။ ေမၽွာ္လင့္ထားသလိုပါပဲ သူတို႔ သိရွိသြားတဲ့အခါမွာေတာ့ သူမရဲ႕ မိသားစုဝင္ တစ္ေယာက္ခ်င္းစီတိုင္းက လံုးလံုးကို ကန္႔ကြက္ေလေတာ့၏။ ဤသည္က ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က သူမအား ဒီလို ဆင္းရဲဒုကၡမ်ိဳးကို မခံစားေစလို၍သာ ျဖစ္ေလသည္။
ခ်င္းစုယြဲ႕ဟာ ေနာက္ဆံုးမွာေတာ့ ဤဝတၳဳရဲ႕ အေရးမပါလွတဲ့ အရံဇာတ္ပို႔ အမ်ိဳးသမီးမွာ ဘာလို႔ အရမ္း ဆိုးဝါးစြာ မရႈမလွဇာတ္သိမ္းသြားရတာလဲဆိုတာကို နားလည္သြားေလၿပီ ျဖစ္၏။ အဓိကက်တဲ့ အေၾကာင္းအရင္းမွာ သူမရဲ႕ မိသားစုဝင္ေတြကပဲ သူမအား အက်င့္ဖ်က္ခဲ့ျခင္းေၾကာင့္ပင္ ျဖစ္ႏိုင္သည္။
ခ်င္းစုယြဲ႕ဟာ ခ်မ္းသာတဲ့ မိသားစုမွာ ေမြးဖြားလာတဲ့ သမီးေလးတစ္ေယာက္ရဲ႕ ပူပန္ေသာကကင္းလွတဲ့ သက္ေတာင့္သက္သာ ဘဝမ်ိဳးေလး __ အိမ္မႈကိစၥလိုမ်ိဳးေတြကို ဘယ္တုန္းကမွ လုပ္စရာမလိုတဲ့ စားဖို႔အတြက္ အဆင္သင့္ေလး ေစာင့္ဆိုင္းေနဖို႔သာ လိုသည့္ ဘဝမ်ိဳးေလးမွာ တကယ့္ကိုပင္ ေနခ်င္လွေပသည္။
သို႔ေသာ္လည္း ဇာတ္ေၾကာင္းရဲ႕ ေမ့ေပ်ာက္လို႔မရႏိုင္သည့္ အဆံုးသတ္ႀကီးကို သတိရမိတဲ့ အခ်ိန္တိုင္း သူမအား စိတ္ေအးလက္ေအး ရွိေနရာကေန ဟန္႔တားခံလိုက္ရသလိုပင္။သူမ ဘြဲ႕ယူၿပီးတာနဲ႔ ထူးျခားအံ့ဩစရာေကာင္းသည္ဟု ယူဆလို႔ရသည့္ တစ္စံုတစ္ခုကိုေတာ့ သူမ ကၽြမ္းက်င္ၿပီးေျမာက္ေနမွ ျဖစ္မည္! ဤသည္ကပဲ သူမရဲ႕ဒုကၡေတြ က်ေရာက္လာလၽွင္ သူမႏွင့္ သူမရဲ႕မိသားစုတို႔ ၿပိဳလဲရျခင္းကေန ေထာက္ကန္ ကူညီေပးႏိုင္မွာ ျဖစ္သည္။ သူမရဲ႕ မိသားစု ၿပိဳလဲျခင္းကို ေရွာင္လႊဲ၍ မရႏိုင္လၽွင္ေတာင္မွ သူမတြင္ အလုပ္ေလးတစ္ခုေတာ့ ရွိခဲ့ပါလၽွင္ အနည္းဆံုးေတာ့ သူမကိုယ္တိုင္ ဂရုစိုက္ေပးႏိုင္လိမ့္မည္။
ခ်င္းစုယြဲ႕မွာ သူမရဲ႕ အက်ပ္အတည္း ျပႆနာအား အေလးအနက္ ေတြးေတာ ဆင္ျခင္ေနမိသည္။ 'မင္းက ေတာင္တစ္ခုကို မွီခိုေနရင္လည္း အဲ့ေတာင္က ေနာက္ဆံုးမွာ ၿပိဳက်မွာပဲ ...အလားတူပဲ မင္းက တစ္ျခားတစ္ေယာက္ကို မွီခိုအားထားေနရင္လည္း သူတုိ႔က မင္းအေပၚမွာ အဲ့လိုပဲ ျဖစ္မွာပဲ ... ငါ အလုပ္ႀကိဳးစားၿပီး ငါ့ကိုယ္ငါပဲ မွီခိုအားထားဖို႔ လိုတယ္' ဟူ၍ သူမက ေတြးထားခဲ့ေလ၏။ သူမက ငယ္တုန္းရြယ္တုန္းပင္ ရွိေသးတာကို အလုပ္ေလးနည္းနည္း ပိုႀကိဳးစားလုပ္ၿပီး ပင္ပန္းစိတ္ဖိစီးတာကို နဲနဲပါးပါး ပိုၾကံ့ၾကံ့ခံ သည္းခံရံုေလာက္ႏွင့္ေတာ့ မေသႏိုင္ေလာက္ပါဘူး။
တစ္ဖက္တြင္လည္း သူမရဲ႕မိဘေတြက သူမကို ေဖ်ာင့္ဖ်တားျမစ္ဖို႔အတြက္ မရပ္မနား ႀကိဳးစားေနၾကသည္။ ခ်င္းကြမ္းခ်န္ကေတာင္မွ သူမႏွင့္ သေဘာထားကြဲလြဲေနေတာ့၏ "ညီမေလးက ဒီလိုမ်ိဳးေတြ သင္ခ်င္ေနတယ္ဆိုရင္လည္း ညီမေလး အိမ္ျပန္လာသေရြ႕ အဲ့ဒီပညာရပ္ နယ္ပယ္တစ္ခုခ်င္းစီထဲက အေကာင္းဆံုး ဆရာဆရာမေတြကို ကိုကို ရွာေပးႏိုင္တယ္ ...ဒီလို အၾကာႀကီးေက်ာင္းပိတ္ထားတာကိုေတာင္မွ ျပန္လာဖို႔အတြက္ ျငင္းဆိုေနတယ္ဆိုတာ ညီမေလးအတြက္ မသင့္ေတာ္ဘူးေနာ္!"
"ကၽြတ္! ညီမေလး ျပန္မလာခ်င္ဘူးဆိုတာ ကိုကိုသိရဲ႕သားနဲ႔"
"အဲဒါဆို မင္းရဲ႕ က်န္ရွိေနတဲ့ လက္က်န္ဘဝ တစ္ေလၽွာက္လံုးကို အဲဒီမွာပဲ ေနေတာ့ဖို႔ စီစဥ္ေနတာလား?"
"ေသခ်ာေပါက္ မဟုတ္ပါဘူး ဒါေပမယ့္ ဘယ္လိုေတြ ျဖစ္ေနလဲဆိုတာကို သိပါတယ္ ... ညီမေလးကို ဒီအတိုင္းေလးပဲ လုပ္ခြင့္ေပးပါ! ညီမေလး ဆံုးျဖတ္ၿပီးသြားၿပီ ... ဆရာအသစ္ရဲ႕ သင္ပံုသင္နည္းေတြနဲ႔လည္း အသားက်ေနၿပီ ... ညီမေလးကို တစ္ႀကိမ္ေလာက္ပဲ ထပ္ၿပီး ကူညီေပးပါေနာ္ ၿပီးေတာ့ အခ်ိန္ရရင္လည္း ပါပါးနဲ႔ မားမားဆီ လာလည္မယ္လို႔ ညီမေလး ကတိေပးပါတယ္!"
"အဓိပၸါယ္မရွိတာေတြ ေတာ္ေလာက္ၿပီ ... မင္း ျပန္လာေတာ့!"
"ညီမေလး ျပန္မလာဘူးေနာ္ ... ကိုကို ညီမေလးကို ဒီအေၾကာင္းႀကီးပဲ ဆက္ေျပာေနမယ္ဆိုရင္ ညီမေလး အိမ္ျပန္ေရာက္ၿပီးတာနဲ႔ တစ္လေလာက္ ကိုကို႔ကို မေခၚေတာ့ဘူး"
"မင္းက ဒါနဲ႔ ကိုကို႔ကို ၿခိမ္းေျခာက္ႏိုင္လိမ့္မယ္လို႔ တကယ္ထင္လား?" ခ်င္းကြမ္းခ်န္က သူမရဲ႕ ေထာင္ေခ်ာက္ထဲသို႔ မက်ေရာက္ခဲ့ေခ်။
ခ်င္းစုယြဲ႕က ပိုၿပီးေတာ့ အရွက္မရွိမ်က္ႏွာေျပာင္တိုက္ဖို႔ပင္ ဆံုးျဖတ္လိုက္ၿပီး "အဲဒါဆိုလည္း ညီမေလးက မာမားေရွ႕မွာ ေန႔တိုင္းေန႔တိုင္း ငိုမွာေနာ္"
"မင္း .... " ခ်င္းကြမ္းခ်န္ဟာ သူ႔ရဲ႕ မယံုၾကည္ႏိုင္မႈကို ေဖာ္ျပဖို႔အတြက္ စကားလံုးေတာင္ ရွာမရေတာ့ေပ။ "မင္းက ကေလးပဲ ရွိေသးတာလား ဟမ္?"
"မဟုတ္ပါဘူး ... ဘာလို႔လဲဆိုေတာ့ ညီမေလးက ကိုယ္တိုင္ဆံုးျဖတ္ခ်က္ခ်ၿပီး ညီမေလးႀကိဳက္တာကိုလုပ္ခ်င္လို႔ပါ ... ညီမေလးကို လႊတ္ထားေပးပါေနာ္!"
ခ်င္းစုယြဲ႕ရဲ႕ အထင္ႀကီးေလာက္စရာ မဆုတ္မနစ္ ႀကိဳးစားလို႔အၿပီးမွာေတာ့ သူမရဲ႕ မိသားစုဟာ ေနာက္ဆံုးမွာ သေဘာတူ လက္ခံသြားေလေတာ့သည္။ ဒါေပမယ့္ သူမ စာေလ့လာေနစဥ္အတြင္း က်န္းမာေရးကို ဂရုစိုက္ဖို႔အတြက္ေတာ့ သတိေပးခဲ့ၿပီး ခ်င္းစုယြဲ႕ကလည္း ေပ်ာ္ရႊင္ဝမ္းေျမာက္စြာျဖင့္ သေဘာတူလက္ခံခဲ့ေလ၏။
စာေတြသင္ယူ ေလ့လာေနရင္းႏွင့္ အခ်ိန္ေတြက လၽွင္ျမန္စြာ ကုန္ဆံုးသြားေလၿပီး အထူးသျဖင့္ အခုခ်ိန္မွာ ေက်ာင္းတက္ရတဲ့ ရွည္လ်ားလွေသာ တေန႔တာအၿပီးတြင္ ခ်င္းစုယြဲ႕က ဘာကိုမွ ဂရုစိုက္ဖို႔အတြက္ အခ်ိန္မရွိေတာ့ေပ။
အရာရာတိုင္းဟာ စီစဥ္ထားသည့္အတိုင္း ျဖစ္ပ်က္သြားေနလ်က္ ဩဂုတ္လအဆံုးတြင္ ဖုန္းေခၚဆိုမႈတစ္ခုက ခ်င္းစုယြဲ႕အား ရွန္က်င္းၿမိဳ႕ကို အေျပးအလႊား ျပန္သြားရေစတဲ့ အခ်ိန္အထိပင္ ျဖစ္သည္။ အေရးႀကီးကိစၥတစ္ခုက ျဖစ္ပ်က္သြားလ်က္ သူမတြင္ ေရြးခ်ယ္စရာ မရွိေတာ့ပဲ ခ်က္ခ်င္းပင္ ျပန္သြားရေတာ့၏။
ခ်င္းစုယြဲ႕က အသိေပးခ်က္ကို နားေထာင္ၿပီး ထိုေလသံမွာ အေရးတႀကီး စိုးရိမ္ဖြယ္ ျဖစ္ေနေၾကာင္းကို သူမ သိရွိမိသည္။ သူမက မာမားပိုင္နဥ္းကို ေတြ႕ဖို႔အတြက္ အိမ္ကို အေျပးအလႊားျပန္လိုက္ရၿပီး အေရးေပၚကိစၥက ဘာလဲဆိုတာကို ခ်က္ခ်င္းပဲ သိသြားေလေတာ့သည္။ အဲဒါကေတာ့ မၾကာခင္မွာ ခ်န္းစီႏ်န္၏အဘိုးျဖစ္သူရဲ႕ ေမြးေန႔ပြဲကို က်င္းပမွာပင္ ျဖစ္ၿပီး ခ်န္းမိသားစုက ခ်င္းမိသားစုထံသို႔ ဖိတ္ၾကားလႊာတစ္ေစာင္ကို ပို႔လိုက္၍ပဲ ျဖစ္၏။ အဘိုး၏ ေခၽြးမျဖစ္သည့္ ဝမ္ယဥ္းလင္က ခ်င္းစုယြဲ႕တစ္ဦးတည္းအတြက္ တျခားသူမ်ားထက္ပိုသည့္ သီးသန္႔ဖိတ္ၾကားခ်က္တစ္ခုကို ပို႔ခဲ့တာျဖစ္ၿပီး ခ်က္ခ်င္းပဲ သူမ တက္ေရာက္မွာလားလို႔ ေမးျမန္းေနေလ၏။
ခ်င္းစုယြဲ႕က ဝမ္ယဥ္းလင္ရဲ႕ နာမည္ကို ေရႊေရာင္ဖိတ္ၾကားလႊာအေပၚတြင္ သူမကိုယ္တိုင္ကိုပင္ ေရးသားထားတာကို ျမင္လိုက္ရတဲ့ တခဏမွာ အထိတ္တလန္႔ျဖစ္ရသည့္ အေတြးေပါင္း တလေဟာက သူမရဲ႕စိတ္ထဲတြင္ ကသုတ္ကရက္ ျဖတ္ေျပးလို႔သြားၾက၏။ "အိုး မိုင္ ေဂါ့! ငါေတာ့ ငါ့မာမားေၾကာင့္နဲ႔ ေသေတာ့မွာပဲ! ဖုန္းထဲမွာ သူ႔ကို ငါ ဘာလို႔ အမွန္တရားကို မေျပာမိခဲ့ရတာလဲဟာ?! ငါသာ ေျပာခဲ့မိရင္ ဒီကိုျပန္လာဖို႔ လံုးဝကို အခြင့္အေရးရွိမွာကို မဟုတ္ဘူးဟဲ့!"
2.12.2019
*********************
《Unicode》
အပိုင်း - ၇၂
[အရေးပေါ် အခြေအနေ]
ကူထုံးရဲ့ အမူအယာကို ကြည့်နေရင်းမှ ချင်းစုယွဲ့မှာ သူမရဲ့ခေါင်းကို အသာယမ်းမိ၏။ ဒီမိန်းကလေးကတော့ ချန်းစီနျန် ဘယ်လိုတောင် အကြင်နာကင်းမဲ့လှသည်ကို ဘယ်တုန်းကမှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ချေ။ ကူထုံးလည်း ထိုလူနှင့်ဝေးဝေးနေတာက အကောင်းဆုံးပင် ဖြစ်မည်။
များမကြာမှီမှာပင် A ကောလိပ်က ကျောင်းခဏပိတ်လေ၏။ ချင်းစုယွဲ့ကတော့ ရှန်ကျင်းမြို့ကိုပြန်ဖို့အတွက် ယောင်လို့တောင်မျှ မတွေးပေ။ အကနှင့် စန္ဒယားတီး သင်ယူခြင်းနှင့်အတူ သူမက အင်္ဂလိပ်နှင့် ပြင်သစ် အတန်းတွေအတွက်ပါ စာရင်းပေးလိုက်လေတော့၏။
သူမက အတော်လေး ကောင်းမွန်ထူးချွန်လှသဖြင့် အင်္ဂလိပ်စာ သင်တန်းတွေက သူမအတွက် လွယ်ကူလှသော်လည်း ပြင်သစ်စာအတွက်မူ သူမ အတွေ့အကြုံ မရှိသည့်နေရာဖြစ်သဖြင့် အင်္ဂလိပ်စာတွင် လွယ်ကူထူးချွန်သည်နှင့်တော့ အစပိုင်းတွင် ခြားနားလှလေ၏။
ချင်းစုယွဲ့ဟာ ကျောင်းပိတ်ထားသည့် အတောအတွင်း အိမ်ကိုပြန်ဖို့အတွက် လုံးဝကို အစီအစဉ်မရှိတာဖြစ်ပြီး စာလေ့လာဖို့အတွက် အစီအစဉ် တသီတသန်းကြီးကို သူမက ရေးဆွဲထားလျက် သူမရဲ့ မိသားစုကိုတော့ လျှို့ဝှက်ထားခဲ့တာ ဖြစ်သည်။ မျှော်လင့်ထားသလိုပါပဲ သူတို့ သိရှိသွားတဲ့အခါမှာတော့ သူမရဲ့ မိသားစုဝင် တစ်ယောက်ချင်းစီတိုင်းက လုံးလုံးကို ကန့်ကွက်လေတော့၏။ ဤသည်က ဘာကြောင့်လဲဆိုတော့ သူတို့က သူမအား ဒီလို ဆင်းရဲဒုက္ခမျိုးကို မခံစားစေလို၍သာ ဖြစ်လေသည်။
ချင်းစုယွဲ့ဟာ နောက်ဆုံးမှာတော့ ဤဝတ္ထုရဲ့ အရေးမပါလှတဲ့ အရံဇာတ်ပို့ အမျိုးသမီးမှာ ဘာလို့ အရမ်း ဆိုးဝါးစွာ မရှုမလှဇာတ်သိမ်းသွားရတာလဲဆိုတာကို နားလည်သွားလေပြီ ဖြစ်၏။ အဓိကကျတဲ့ အကြောင်းအရင်းမှာ သူမရဲ့ မိသားစုဝင်တွေကပဲ သူမအား အကျင့်ဖျက်ခဲ့ခြင်းကြောင့်ပင် ဖြစ်နိုင်သည်။
ချင်းစုယွဲ့ဟာ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာတဲ့ သမီးလေးတစ်ယောက်ရဲ့ ပူပန်သောကကင်းလှတဲ့ သက်တောင့်သက်သာ ဘဝမျိုးလေး __ အိမ်မှုကိစ္စလိုမျိုးတွေကို ဘယ်တုန်းကမှ လုပ်စရာမလိုတဲ့ စားဖို့အတွက် အဆင်သင့်လေး စောင့်ဆိုင်းနေဖို့သာ လိုသည့် ဘဝမျိုးလေးမှာ တကယ့်ကိုပင် နေချင်လှပေသည်။
သို့သော်လည်း ဇာတ်ကြောင်းရဲ့ မေ့ပျောက်လို့မရနိုင်သည့် အဆုံးသတ်ကြီးကို သတိရမိတဲ့ အချိန်တိုင်း သူမအား စိတ်အေးလက်အေး ရှိနေရာကနေ ဟန့်တားခံလိုက်ရသလိုပင်။သူမ ဘွဲ့ယူပြီးတာနဲ့ ထူးခြားအံ့ဩစရာကောင်းသည်ဟု ယူဆလို့ရသည့် တစ်စုံတစ်ခုကိုတော့ သူမ ကျွမ်းကျင်ပြီးမြောက်နေမှ ဖြစ်မည်! ဤသည်ကပဲ သူမရဲ့ဒုက္ခတွေ ကျရောက်လာလျှင် သူမနှင့် သူမရဲ့မိသားစုတို့ ပြိုလဲရခြင်းကနေ ထောက်ကန် ကူညီပေးနိုင်မှာ ဖြစ်သည်။ သူမရဲ့ မိသားစု ပြိုလဲခြင်းကို ရှောင်လွှဲ၍ မရနိုင်လျှင်တောင်မှ သူမတွင် အလုပ်လေးတစ်ခုတော့ ရှိခဲ့ပါလျှင် အနည်းဆုံးတော့ သူမကိုယ်တိုင် ဂရုစိုက်ပေးနိုင်လိမ့်မည်။
ချင်းစုယွဲ့မှာ သူမရဲ့ အကျပ်အတည်း ပြဿနာအား အလေးအနက် တွေးတော ဆင်ခြင်နေမိသည်။ 'မင်းက တောင်တစ်ခုကို မှီခိုနေရင်လည်း အဲ့တောင်က နောက်ဆုံးမှာ ပြိုကျမှာပဲ ...အလားတူပဲ မင်းက တစ်ခြားတစ်ယောက်ကို မှီခိုအားထားနေရင်လည်း သူတို့က မင်းအပေါ်မှာ အဲ့လိုပဲ ဖြစ်မှာပဲ ... ငါ အလုပ်ကြိုးစားပြီး ငါ့ကိုယ်ငါပဲ မှီခိုအားထားဖို့ လိုတယ်' ဟူ၍ သူမက တွေးထားခဲ့လေ၏။ သူမက ငယ်တုန်းရွယ်တုန်းပင် ရှိသေးတာကို အလုပ်လေးနည်းနည်း ပိုကြိုးစားလုပ်ပြီး ပင်ပန်းစိတ်ဖိစီးတာကို နဲနဲပါးပါး ပိုကြံ့ကြံ့ခံ သည်းခံရုံလောက်နှင့်တော့ မသေနိုင်လောက်ပါဘူး။
တစ်ဖက်တွင်လည်း သူမရဲ့မိဘတွေက သူမကို ဖျောင့်ဖျတားမြစ်ဖို့အတွက် မရပ်မနား ကြိုးစားနေကြသည်။ ချင်းကွမ်းချန်ကတောင်မှ သူမနှင့် သဘောထားကွဲလွဲနေတော့၏ "ညီမလေးက ဒီလိုမျိုးတွေ သင်ချင်နေတယ်ဆိုရင်လည်း ညီမလေး အိမ်ပြန်လာသရွေ့ အဲ့ဒီပညာရပ် နယ်ပယ်တစ်ခုချင်းစီထဲက အကောင်းဆုံး ဆရာဆရာမတွေကို ကိုကို ရှာပေးနိုင်တယ် ...ဒီလို အကြာကြီးကျောင်းပိတ်ထားတာကိုတောင်မှ ပြန်လာဖို့အတွက် ငြင်းဆိုနေတယ်ဆိုတာ ညီမလေးအတွက် မသင့်တော်ဘူးနော်!"
"ကျွတ်! ညီမလေး ပြန်မလာချင်ဘူးဆိုတာ ကိုကိုသိရဲ့သားနဲ့"
"အဲဒါဆို မင်းရဲ့ ကျန်ရှိနေတဲ့ လက်ကျန်ဘဝ တစ်လျှောက်လုံးကို အဲဒီမှာပဲ နေတော့ဖို့ စီစဉ်နေတာလား?"
"သေချာပေါက် မဟုတ်ပါဘူး ဒါပေမယ့် ဘယ်လိုတွေ ဖြစ်နေလဲဆိုတာကို သိပါတယ် ... ညီမလေးကို ဒီအတိုင်းလေးပဲ လုပ်ခွင့်ပေးပါ! ညီမလေး ဆုံးဖြတ်ပြီးသွားပြီ ... ဆရာအသစ်ရဲ့ သင်ပုံသင်နည်းတွေနဲ့လည်း အသားကျနေပြီ ... ညီမလေးကို တစ်ကြိမ်လောက်ပဲ ထပ်ပြီး ကူညီပေးပါနော် ပြီးတော့ အချိန်ရရင်လည်း ပါပါးနဲ့ မားမားဆီ လာလည်မယ်လို့ ညီမလေး ကတိပေးပါတယ်!"
"အဓိပ္ပါယ်မရှိတာတွေ တော်လောက်ပြီ ... မင်း ပြန်လာတော့!"
"ညီမလေး ပြန်မလာဘူးနော် ... ကိုကို ညီမလေးကို ဒီအကြောင်းကြီးပဲ ဆက်ပြောနေမယ်ဆိုရင် ညီမလေး အိမ်ပြန်ရောက်ပြီးတာနဲ့ တစ်လလောက် ကိုကို့ကို မခေါ်တော့ဘူး"
"မင်းက ဒါနဲ့ ကိုကို့ကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ တကယ်ထင်လား?" ချင်းကွမ်းချန်က သူမရဲ့ ထောင်ချောက်ထဲသို့ မကျရောက်ခဲ့ချေ။
ချင်းစုယွဲ့က ပိုပြီးတော့ အရှက်မရှိမျက်နှာပြောင်တိုက်ဖို့ပင် ဆုံးဖြတ်လိုက်ပြီး "အဲဒါဆိုလည်း ညီမလေးက မာမားရှေ့မှာ နေ့တိုင်းနေ့တိုင်း ငိုမှာနော်"
"မင်း .... " ချင်းကွမ်းချန်ဟာ သူ့ရဲ့ မယုံကြည်နိုင်မှုကို ဖော်ပြဖို့အတွက် စကားလုံးတောင် ရှာမရတော့ပေ။ "မင်းက ကလေးပဲ ရှိသေးတာလား ဟမ်?"
"မဟုတ်ပါဘူး ... ဘာလို့လဲဆိုတော့ ညီမလေးက ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ညီမလေးကြိုက်တာကိုလုပ်ချင်လို့ပါ ... ညီမလေးကို လွှတ်ထားပေးပါနော်!"
ချင်းစုယွဲ့ရဲ့ အထင်ကြီးလောက်စရာ မဆုတ်မနစ် ကြိုးစားလို့အပြီးမှာတော့ သူမရဲ့ မိသားစုဟာ နောက်ဆုံးမှာ သဘောတူ လက်ခံသွားလေတော့သည်။ ဒါပေမယ့် သူမ စာလေ့လာနေစဉ်အတွင်း ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက်တော့ သတိပေးခဲ့ပြီး ချင်းစုယွဲ့ကလည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သဘောတူလက်ခံခဲ့လေ၏။
စာတွေသင်ယူ လေ့လာနေရင်းနှင့် အချိန်တွေက လျှင်မြန်စွာ ကုန်ဆုံးသွားလေပြီး အထူးသဖြင့် အခုချိန်မှာ ကျောင်းတက်ရတဲ့ ရှည်လျားလှသော တနေ့တာအပြီးတွင် ချင်းစုယွဲ့က ဘာကိုမှ ဂရုစိုက်ဖို့အတွက် အချိန်မရှိတော့ပေ။
အရာရာတိုင်းဟာ စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်သွားနေလျက် ဩဂုတ်လအဆုံးတွင် ဖုန်းခေါ်ဆိုမှုတစ်ခုက ချင်းစုယွဲ့အား ရှန်ကျင်းမြို့ကို အပြေးအလွှား ပြန်သွားရစေတဲ့ အချိန်အထိပင် ဖြစ်သည်။ အရေးကြီးကိစ္စတစ်ခုက ဖြစ်ပျက်သွားလျက် သူမတွင် ရွေးချယ်စရာ မရှိတော့ပဲ ချက်ချင်းပင် ပြန်သွားရတော့၏။
ချင်းစုယွဲ့က အသိပေးချက်ကို နားထောင်ပြီး ထိုလေသံမှာ အရေးတကြီး စိုးရိမ်ဖွယ် ဖြစ်နေကြောင်းကို သူမ သိရှိမိသည်။ သူမက မာမားပိုင်နဉ်းကို တွေ့ဖို့အတွက် အိမ်ကို အပြေးအလွှားပြန်လိုက်ရပြီး အရေးပေါ်ကိစ္စက ဘာလဲဆိုတာကို ချက်ချင်းပဲ သိသွားလေတော့သည်။ အဲဒါကတော့ မကြာခင်မှာ ချန်းစီနျန်၏အဘိုးဖြစ်သူရဲ့ မွေးနေ့ပွဲကို ကျင်းပမှာပင် ဖြစ်ပြီး ချန်းမိသားစုက ချင်းမိသားစုထံသို့ ဖိတ်ကြားလွှာတစ်စောင်ကို ပို့လိုက်၍ပဲ ဖြစ်၏။ အဘိုး၏ ချွေးမဖြစ်သည့် ဝမ်ယဉ်းလင်က ချင်းစုယွဲ့တစ်ဦးတည်းအတွက် တခြားသူများထက်ပိုသည့် သီးသန့်ဖိတ်ကြားချက်တစ်ခုကို ပို့ခဲ့တာဖြစ်ပြီး ချက်ချင်းပဲ သူမ တက်ရောက်မှာလားလို့ မေးမြန်းနေလေ၏။
ချင်းစုယွဲ့က ဝမ်ယဉ်းလင်ရဲ့ နာမည်ကို ရွှေရောင်ဖိတ်ကြားလွှာအပေါ်တွင် သူမကိုယ်တိုင်ကိုပင် ရေးသားထားတာကို မြင်လိုက်ရတဲ့ တခဏမှာ အထိတ်တလန့်ဖြစ်ရသည့် အတွေးပေါင်း တလဟောက သူမရဲ့စိတ်ထဲတွင် ကသုတ်ကရက် ဖြတ်ပြေးလို့သွားကြ၏။ "အိုး မိုင် ဂေါ့! ငါတော့ ငါ့မာမားကြောင့်နဲ့ သေတော့မှာပဲ! ဖုန်းထဲမှာ သူ့ကို ငါ ဘာလို့ အမှန်တရားကို မပြောမိခဲ့ရတာလဲဟာ?! ငါသာ ပြောခဲ့မိရင် ဒီကိုပြန်လာဖို့ လုံးဝကို အခွင့်အရေးရှိမှာကို မဟုတ်ဘူးဟဲ့!"
2.12.2019
********************