《Zawgyi》
အပိုင္း - ၇၁
[သက္သာရာရေသာ]
ရွေရွာင္းက သူ႔ရဲ႕ ပြဲတက္ဝတ္စံုကို လဲလွယ္ထားၿပီးၿပီပင္ ျဖစ္၍ အနက္ေရာင္ေဘာင္းဘီရွည္ႏွင့္ ရိုးရိုးအျဖဴေရာင္ရွပ္တစ္ထည္ကိုသာ ဆင္ျမန္းထားေလ၏။
ကူထံုးက သူ႔ကို ျမင္တဲ့အခါမွာ ဖက္လွဲတကင္း ႏႈတ္ဆက္လိုက္သည္။ "အစီအစဥ္မွဴးရွ ..!"
ရွေခ်ာင္းက ခပ္ယဲ့ယဲ့သာ ျပံဳးလိုက္၏။ "ကၽြန္ေတာ့္ကို ဒီလိုႀကီး မေခၚပါနဲ႔ဗ်ာ! ရွေရွာင္းလို႔ပဲ ေခၚပါ"
ကူထံုးက ျပန္ျပံဳးျပလိုက္သည္။ "ကၽြန္မက ဘယ္လိုလုပ္ ေခၚ ႏိုင္မွာလဲရွင္? ဒီေန႔ ရွင့္ရဲ႕ စီစဥ္တင္ဆက္တဲ့ စြမ္းရည္ကို ကၽြန္မ မေတြ႕ၾကံဳလိုက္ရတာေတာင္မွ ဒီေန႔တက္ေရာက္ခဲ့တဲ့ အတန္းေဖာ္ေတြနဲ႔ စီနီယာေတြ အကုန္လံုးက 'ဒီေန႔ကေတာ့ အစီအစဥ္မွဴးရွရဲ႕ေန႔ပါပဲ! သူ႔ပါရမီက ဘယ္တုန္းကမွ ေမွးမွိန္မသြားဘူး __ တစ္ႀကိမ္ေလးေတာင္မွေနာ္! သူဘယ္ေလာက္ေတာ္လဲဆိုတာ ငါေျပာျပဖို႔ေတာင္ မလိုဘူး' စသည္ျဖင့္ေပါ့ ရွင့္ကို ခ်ီးမြမ္းေနၾကတာေတြကို ကၽြန္မ ၾကားခဲ့ရပါတယ္ေနာ္"
ရွေရွာင္းက ဆက္ၿပီးေတာ့ ျပံဳးေနဆဲပင္ရွိလ်က္ "ေက်းဇူးတင္ပါတင္ဗ်ာ" သူ ဤသို႔ ေျပာၿပီးသြားသည့္ေနာက္တြင္ သူ႔မ်က္ဝန္းေတြဟာ အလိုအေလ်ာက္ပဲ ခ်င္းစုယြဲ႕ထံသို႔ ေျပာင္းေရႊ႕ေရာက္ရွိသြားေလ၏။
ခ်င္းစုယြဲ႕ကေတာင္မွ သူ႔ကိုမႏႈတ္ဆက္ႏိုင္ေသးခင္မွာ သူက "ကၽြန္ေတာ္တို႔ အေဆာက္အဦသစ္ကို လွည့္လည္ၾကည့္ရႈၾကတဲ့ အခ်ိန္တုန္းက မင္းကို ရွာမေတြ႕ဘူး ... ကၽြန္ေတာ္ ေမးစရာေလးတစ္ခုေလာက္ ရွိေနခဲ့လို႔ေလ"
"ရွင္ ဘာအကူအညီလိုလို႔လဲ?" ခ်င္းစုယြဲ႕က သူမကို ခ်န္းစီႏ်န္ ဆြဲေခၚသြားတာကို ျပန္သတိရမိသြားၿပီး အဲ့တာေၾကာင့္ပဲ ဘာျဖစ္ပ်က္သြားသလဲဆိုတာကို သူမ မသိခဲ့ရျခင္းပင္ ျဖစ္၏။
ရွေရွာင္းက သူ႔ေခါင္းကိုခါလ်က္ ရွင္းျပလိုက္သည္ "ဘာမွ အေရးမႀကီးပါဘူး ... ဒီေန႔ ဧည့္သည္ေတြထဲက တစ္ေယာက္က မင္းတို႔ေက်ာင္းက ေက်ာင္းသားေဟာင္းတစ္ေယာက္ပဲေလ .. မင္း ေတြ႕ၿပီးသြားၿပီလား?"
ခ်င္းစုယြဲ႕၏ တံု႔ဆိုင္းဆိုင္းျဖစ္ေနမႈက သူမရဲ႕ မ်က္ဝန္းေတြထဲတြင္ ထင္ရွားေနေလသည္။ သူမက သူ႔အား မေသမခ်ာ ျဖစ္ေနသည့္ အၾကည့္တစ္ခုကိုေပးလ်က္ "ရွင္က ခ်န္းစီႏ်န္အေၾကာင္းကို ေျပာေနတာလား?"
ရွေရွာင္းက ေခါင္းညိတ္ျပလိုက္၏။ သူ ေသေသခ်ာခ်ာေတာ့ မျမင္လိုက္ေသာ္လည္း လွည့္ၾကည့္လိုက္ခ်ိန္တုန္းက သူ႔ေရွ႕တြင္ လၽွပ္တျပက္ေပၚလာခဲ့တဲ့ အနီႏွင့္အျဖဴေရာင္ ဝတ္စံုကို ဝတ္ဆင္ထားခဲ့တဲ့ ပံုသဏၭာန္ေလးတစ္ခုက ခ်င္းစုယြဲ႕ဆိုတာကိုေတာ့ သူေသခ်ာေလ၏။
လွည့္လည္ၾကည့္ရႈတဲ့ထဲမွာ ပါဝင္ေနတဲ့သူေတြကို သူ ၾကည့္ရႈေနခ်ိန္မွာေတာ့ ခ်င္းစုယြဲ႕ ခ်န္းစီႏ်န္ႏွင့္ သူ႔လက္ေထာက္တို႔သာလၽွင္ ေပ်ာက္ေနတာကို သူ ေတြ႕ရွိသြားခဲ့ေလသည္။
ဒီလို သံသယျဖစ္ဖြယ္ ကိစၥမ်ိဳးက ရွေရွာင္းအား ခ်င္းစုယြဲ႕ရဲ႕ လံုျခံဳေဘးကင္းမႈအတြက္ စိတ္ပူပန္ေစမိသည္။ ဒါေပမယ့္လည္း သူ တဝက္တပ်က္ႀကီးႏွင့္ မထြက္လာႏိုင္ခဲ့ေပ။ ေနာက္ဆံုးတြင္ သူမကို ေနာက္ထပ္ ျပန္ေတြ႕ခ်ိန္မွပဲ သူ အလြန္ကို စိတ္သက္သာရာ ရသြားတာျဖစ္သည္။
တစ္ခ်ိန္ထဲမွာပဲ ခ်င္းစုယြဲ႕ႏွင့္ ခ်န္းစီႏ်န္တို႔အၾကားရွိ ဆက္ဆံေရးကို သူ သိခ်င္မိ၏။ ဒါေပမယ့္ ဘယ္လိုပဲ သူ သိခ်င္ေနေပမယ့္ သူမရဲ႕ကိုယ္ပိုင္ဘဝမွာ သူမ ဘယ္သူနဲ႔ပဲ ဆက္ႏႊယ္လိုပါေစ သူမရဲ႕ အခြင့္အေရးပဲျဖစ္သည္ဟု သူ႔ကိုယ္သူ စဥ္ဆက္မျပတ္ သတိေပးေနရသည္။ ဘာတစ္ခုခုကိုမွ သူမကို ေမးခြင့္ သူ႔တြင္ လံုးဝမရွိေပ။
ခ်န္းစီႏ်န္အေၾကာင္း ေျပာလိုက္ေတာ့ ခ်င္းစုယြဲ႕က သူမရဲ႕အျပံဳးကို ပို၍ ေတာက္ပေစလ်က္ "သူက သူ ျပန္ေတာ့မယ္ဆိုတဲ့အေၾကာင္းကို ကၽြန္မကို ေျပာျပရံုတင္ပါ ... သူ႔မွာ အေရးႀကီးကိစၥတစ္ခု ေပၚလာတာမို႔လို႔ အကုန္လံုးကို မေႏွာင့္ယွက္ေစခ်င္တာနဲ႔ ဘယ္သူမွ သတိမထားမိေအာင္လို႔ အဲဒီအစား ကၽြန္မကို အျပန္လမ္းျပဖို႔ေပးေျပာတာပါ"
"အဲဒါေၾကာင့္လား? အင္း အဲ့တာဆိုရင္ မင္း ဒီေန႔ေတာ္ေတာ္ပင္ပန္းသြားတာပဲ" ရွေရွာင္းက ျပံဳးလိုက္ရင္း ႏူးညံ့ၾကင္နာတဲ့ အသံႏွင့္ ေျပာလိုက္သည္။ "မင္းလည္း ဒီေန႔အလုပ္ေတြအကုန္ႀကိဳးစားလုပ္ခဲ့တာဆိုေတာ့ ပင္ပန္းေနမွာပဲ ... ျပန္ၿပီးေတာ့ ေစာေစာ အနားယူသင့္တယ္"
"ဟုတ္တာေပါ့" ကူထံုးက ျပန္ေျပာလိုက္ရင္း "ဂရုတစိုက္ ေတြးေပးလို႔ ေက်းဇူးတင္ပါတယ္ အစီအစဥ္မွဴးရွေရ! ရွင္လည္း ဒီေန႔ အလုပ္ရႈပ္ခဲ့တာပဲ ေစာေစာအိပ္လိုက္ပါ!"
သူတို႔ ရွေရွာင္းကို ႏႈတ္ဆက္ၿပီးၾကသည့္ေနာက္မွာ ကူထံုးက ခ်င္းစုယြဲ႕ရဲ႕ လက္ေမာင္းကိုဆြဲလ်က္ စိတ္လႈပ္ရွားစြာျဖင့္ "ဝိုး စုယြဲ႕! နင္ဘယ္တုန္းက ရွေရွာင္းနဲ႔ အရမ္းရင္းႏွီးသြားရတာလဲ?"
"ဘာရယ္? ငါတို႔က စာၾကည့္တိုက္မွာ အႀကိမ္နဲနဲေလာက္ တိုက္မိဖူးရံုပါဟ ... ငါတုိ႔ တိုက္မိတိုင္း စကားေလးနဲနဲပါးပါး ေျပာျဖစ္ရံုတင္" ဟူ၍ ခ်င္းစုယြဲ႕က ျပန္ေျပာလိုက္သည္။
"ဝိုး ဒါက တစ္ကယ္ပဲ အလုပ္ျဖစ္တယ္ေပါ့? ငါေတာ့ စာၾကည့္တိုက္ကို ဒီထက္ပိုၿပီး မၾကာမၾကာ သြားဖို႔လိုေနၿပီနဲ႔တူတယ္!" ကြမ္ထံုးက ေႂကြးေၾကာ္လိုက္ေတာ့၏။
ခ်င္းစုယြဲ႕ကေတာ့ ဆြံ႕အသြားရေတာ့သည္။ "ငါ စာၾကည့္တိုက္ကိုသြားတိုင္း နင့္ကိုေခၚတယ္ေလ ဒါေပမယ့္ နင္ ဘယ္တုန္းကမွ ဒီလိုမ်ိဳး မတံု႔ျပန္ဖူးပါဘူး ... အခုက်ေတာ့ နင့္ရဲ႕ ဆြဲေဆာင္မႈရွိတဲ့ မင္းသားေလးလည္း အဲ့မွာ ရွိတာကို သိသြားတာေၾကာင့္မို႔ လံုးဝကို တဇြတ္ထိုးျဖစ္ေနတယ္ေပါ့?"
"ဟုတ္တာေပါ့ဟ! ရတနာတံုးေလးက ငါတို႔လက္ထဲမွာပဲ ရွိတာ! ငါတို႔က သတၱိရွိရွိနဲ႔ ေရွ႕သိုလွမ္းခ်ီဖို႔ပဲ လိုတယ္!" ကူထံုးက အားအင္အျပည့္ႏွင့္ အတိအလင္း ေၾကညာေလ၏။ "အိုး ... တစ္မိုးေအာက္တစ္ေယာက္ ရွေရွာင္းေလး ... သူက အျဖဴေရာင္ရွပ္ေလးနဲ႔ အရမ္းခရုတာပဲ!"
ခ်င္းစုယြဲ႕က တစ္ကယ္ကိုပဲ သူ႔အေပၚ အာရံုမထားခဲ့မိတာ ျဖစ္သည္။ သူမပါ စိတ္မပါတပါျဖင့္ အေကာင္းဆံုး ျပန္ေျပာလိုက္တာပင္ ျဖစ္သည္ "သူက ေကာင္းပါတယ္"
"ဒီတံု႔ျပန္မႈႀကီးက အရမ္း ... အထင္မႀကီးေနသလိုပဲ!"
ခ်င္းစုယြဲ႕က ရယ္ေမာလ်က္ "နင္က ငါ့ကို တျခား ဘာထပ္ေျပာေစခ်င္ေသးတာလဲ? နင့္က ငါ့ကို ဘယ္လို တံု႔ျပန္ေစခ်င္တာလဲဟ? အျဖဴေရာင္ ရွပ္အကႌ်ဝတ္ရင္ ဒီထက္ပိုၿပီး ၾကည့္ေကာင္းတဲ့တစ္ေယာက္ကို ငါသိ ......"
"ဟားဟား ... " ကူထံုးက အလြန္ေပ်ာ္ရႊင္သြားေတာ့၏။ "ေနာက္ဆံုးေတာ့ ငါသက္ေသရသြားၿပီေဟ့! အျဖဴေရာင္ရွပ္နဲ႔ ၾကည့္ေကာင္းတယ္လို႔ နင္ထင္တဲ့သူက ခ်န္းစီႏ်န္ပဲ!" သူမက သူ႔ကို ထိုေန႔ကလည္းပဲ အရင္ျမင္ဖူးထားတာေၾကာင့္ အျဖဴေရာင္ရွပ္အကႌ်ႏွင့္သူက ဘယ္ပံုေပါက္လဲဆိုတာကို သူမ သိေလ၏။
ခ်င္းစုယြဲ႕က ေနာက္တစ္ႀကိမ္ထပ္ၿပီး ဆြံ႕အသြားျပန္ေတာ့သည္။
ကူထံုးက ဆက္ၿပီး ဆြၾကည့္ဖို႔အတြက္ ဆံုးျဖတ္လိုက္ရင္း "လုပ္စမ္းပါ ... နင္ဝန္ခံၿပီးသြားမွ ဒီကိစၥကို အဆံုးသတ္လို႔ရမယ္! နင္ခုခံေလေလ ပိုၿပီး စိတ္ညစ္ရေလေလပဲ ျဖစ္မွာေနာ္"
"ဘာ ဝန္ခံစရာမွ မလိုဘူး" __ ခ်င္းစုယြဲ႕က သူမကို တည့္တည့္ျပန္လွည့္ၾကည့္၍ __ "ဘာျဖစ္လို႔လဲဆိုေတာ့ ငါတို႔ၾကားမွာ ဘာမွ မျဖစ္ေနလို႔ပဲ ... ဘာဆို ဘာမွကို"
ကူထံုးက လက္ခံယံုၾကည္ျခင္း မရွိေပ။ "ငါ မယံုဘူး! နင္တို႔ႏွစ္ေယာက္သာ တကယ္ကိုပဲ ဘယ္လိုဆက္ဆံေရးမ်ိဳးမွ မရွိဘူးဆိုရင္ ဘာလို႔ သူက နင့္ကိုပဲ သူ႔အတြက္ လမ္းျပေပးဖို႔ ေျပာမွာလဲ? __ နင္တစ္ေယာက္ထဲကိုပဲေလ __ "
ခ်င္းစုယြဲ႕က အေျဖကို မသိေသာ္လည္း ... "နင္ ဘာလို႔ သူ႔ကို မေမးလိုက္တာလဲ? ၿပီးရင္ ငါ့ကိုျပန္ေျပာပါအုန္း သူဘာျပန္ေျပာလဲဆိုတာ?"
ခ်င္းစုယြဲ႕က ဘယ္လိုေတာင္ အေၾကာက္အကန္ျငင္းေနလဲဆိုသည္မွာ ကူထံုးက စိတ္ရႈပ္ေထြးသြားမိသည္။ "တစ္ကယ္ အတည္ႀကီးကို ဘာမွ မရွိဘူးလား?"
"ဘာမွ မရွိဘူး" ခ်င္းစုယြဲ႕က အခိုင္အမာပဲ အတည္ျပဳေပးလိုက္၏။
ကူထံုးက သူမအား အစကေန အဆံုးထိ စစ္ေဆးလိုက္သည္။ သူမ ေမၽွာ္လင့္တႀကီး ေစာင့္စားေနတဲ့ လၽွိဳ႕ဝွက္သည့္ ခ်စ္ရည္ရႊန္းလဲ့ေနေသာ အခ်စ္ဇာတ္လမ္းေလးအား ျငင္းဆိုျခင္းခံလိုက္ရသျဖင့္ ဘယ္လိုေတာင္ ကံမေကာင္းတာလဲ ဆိုတဲ့အေၾကာင္းကို အခ်ည္းႏွီး ပြစိစိေျပာေနသည္အား သူမ မရပ္တန္႔ႏိုင္ေတာ့ေပ။
30.11.2019
********************
《Unicode》
အပိုင်း - ၇၁
[သက်သာရာရသော]
ရှရှောင်းက သူ့ရဲ့ ပွဲတက်ဝတ်စုံကို လဲလှယ်ထားပြီးပြီပင် ဖြစ်၍ အနက်ရောင်ဘောင်းဘီရှည်နှင့် ရိုးရိုးအဖြူရောင်ရှပ်တစ်ထည်ကိုသာ ဆင်မြန်းထားလေ၏။
ကူထုံးက သူ့ကို မြင်တဲ့အခါမှာ ဖက်လှဲတကင်း နှုတ်ဆက်လိုက်သည်။ "အစီအစဉ်မှူးရှ ..!"
ရှချောင်းက ခပ်ယဲ့ယဲ့သာ ပြုံးလိုက်၏။ "ကျွန်တော့်ကို ဒီလိုကြီး မခေါ်ပါနဲ့ဗျာ! ရှရှောင်းလို့ပဲ ခေါ်ပါ"
ကူထုံးက ပြန်ပြုံးပြလိုက်သည်။ "ကျွန်မက ဘယ်လိုလုပ် ခေါ် နိုင်မှာလဲရှင်? ဒီနေ့ ရှင့်ရဲ့ စီစဉ်တင်ဆက်တဲ့ စွမ်းရည်ကို ကျွန်မ မတွေ့ကြုံလိုက်ရတာတောင်မှ ဒီနေ့တက်ရောက်ခဲ့တဲ့ အတန်းဖော်တွေနဲ့ စီနီယာတွေ အကုန်လုံးက 'ဒီနေ့ကတော့ အစီအစဉ်မှူးရှရဲ့နေ့ပါပဲ! သူ့ပါရမီက ဘယ်တုန်းကမှ မှေးမှိန်မသွားဘူး __ တစ်ကြိမ်လေးတောင်မှနော်! သူဘယ်လောက်တော်လဲဆိုတာ ငါပြောပြဖို့တောင် မလိုဘူး' စသည်ဖြင့်ပေါ့ ရှင့်ကို ချီးမွမ်းနေကြတာတွေကို ကျွန်မ ကြားခဲ့ရပါတယ်နော်"
ရှရှောင်းက ဆက်ပြီးတော့ ပြုံးနေဆဲပင်ရှိလျက် "ကျေးဇူးတင်ပါတင်ဗျာ" သူ ဤသို့ ပြောပြီးသွားသည့်နောက်တွင် သူ့မျက်ဝန်းတွေဟာ အလိုအလျောက်ပဲ ချင်းစုယွဲ့ထံသို့ ပြောင်းရွှေ့ရောက်ရှိသွားလေ၏။
ချင်းစုယွဲ့ကတောင်မှ သူ့ကိုမနှုတ်ဆက်နိုင်သေးခင်မှာ သူက "ကျွန်တော်တို့ အဆောက်အဦသစ်ကို လှည့်လည်ကြည့်ရှုကြတဲ့ အချိန်တုန်းက မင်းကို ရှာမတွေ့ဘူး ... ကျွန်တော် မေးစရာလေးတစ်ခုလောက် ရှိနေခဲ့လို့လေ"
"ရှင် ဘာအကူအညီလိုလို့လဲ?" ချင်းစုယွဲ့က သူမကို ချန်းစီနျန် ဆွဲခေါ်သွားတာကို ပြန်သတိရမိသွားပြီး အဲ့တာကြောင့်ပဲ ဘာဖြစ်ပျက်သွားသလဲဆိုတာကို သူမ မသိခဲ့ရခြင်းပင် ဖြစ်၏။
ရှရှောင်းက သူ့ခေါင်းကိုခါလျက် ရှင်းပြလိုက်သည် "ဘာမှ အရေးမကြီးပါဘူး ... ဒီနေ့ ဧည့်သည်တွေထဲက တစ်ယောက်က မင်းတို့ကျောင်းက ကျောင်းသားဟောင်းတစ်ယောက်ပဲလေ .. မင်း တွေ့ပြီးသွားပြီလား?"
ချင်းစုယွဲ့၏ တုံ့ဆိုင်းဆိုင်းဖြစ်နေမှုက သူမရဲ့ မျက်ဝန်းတွေထဲတွင် ထင်ရှားနေလေသည်။ သူမက သူ့အား မသေမချာ ဖြစ်နေသည့် အကြည့်တစ်ခုကိုပေးလျက် "ရှင်က ချန်းစီနျန်အကြောင်းကို ပြောနေတာလား?"
ရှရှောင်းက ခေါင်းညိတ်ပြလိုက်၏။ သူ သေသေချာချာတော့ မမြင်လိုက်သော်လည်း လှည့်ကြည့်လိုက်ချိန်တုန်းက သူ့ရှေ့တွင် လျှပ်တပြက်ပေါ်လာခဲ့တဲ့ အနီနှင့်အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့တဲ့ ပုံသဏ္ဌာန်လေးတစ်ခုက ချင်းစုယွဲ့ဆိုတာကိုတော့ သူသေချာလေ၏။
လှည့်လည်ကြည့်ရှုတဲ့ထဲမှာ ပါဝင်နေတဲ့သူတွေကို သူ ကြည့်ရှုနေချိန်မှာတော့ ချင်းစုယွဲ့ ချန်းစီနျန်နှင့် သူ့လက်ထောက်တို့သာလျှင် ပျောက်နေတာကို သူ တွေ့ရှိသွားခဲ့လေသည်။
ဒီလို သံသယဖြစ်ဖွယ် ကိစ္စမျိုးက ရှရှောင်းအား ချင်းစုယွဲ့ရဲ့ လုံခြုံဘေးကင်းမှုအတွက် စိတ်ပူပန်စေမိသည်။ ဒါပေမယ့်လည်း သူ တဝက်တပျက်ကြီးနှင့် မထွက်လာနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူမကို နောက်ထပ် ပြန်တွေ့ချိန်မှပဲ သူ အလွန်ကို စိတ်သက်သာရာ ရသွားတာဖြစ်သည်။
တစ်ချိန်ထဲမှာပဲ ချင်းစုယွဲ့နှင့် ချန်းစီနျန်တို့အကြားရှိ ဆက်ဆံရေးကို သူ သိချင်မိ၏။ ဒါပေမယ့် ဘယ်လိုပဲ သူ သိချင်နေပေမယ့် သူမရဲ့ကိုယ်ပိုင်ဘဝမှာ သူမ ဘယ်သူနဲ့ပဲ ဆက်နွှယ်လိုပါစေ သူမရဲ့ အခွင့်အရေးပဲဖြစ်သည်ဟု သူ့ကိုယ်သူ စဉ်ဆက်မပြတ် သတိပေးနေရသည်။ ဘာတစ်ခုခုကိုမှ သူမကို မေးခွင့် သူ့တွင် လုံးဝမရှိပေ။
ချန်းစီနျန်အကြောင်း ပြောလိုက်တော့ ချင်းစုယွဲ့က သူမရဲ့အပြုံးကို ပို၍ တောက်ပစေလျက် "သူက သူ ပြန်တော့မယ်ဆိုတဲ့အကြောင်းကို ကျွန်မကို ပြောပြရုံတင်ပါ ... သူ့မှာ အရေးကြီးကိစ္စတစ်ခု ပေါ်လာတာမို့လို့ အကုန်လုံးကို မနှောင့်ယှက်စေချင်တာနဲ့ ဘယ်သူမှ သတိမထားမိအောင်လို့ အဲဒီအစား ကျွန်မကို အပြန်လမ်းပြဖို့ပေးပြောတာပါ"
"အဲဒါကြောင့်လား? အင်း အဲ့တာဆိုရင် မင်း ဒီနေ့တော်တော်ပင်ပန်းသွားတာပဲ" ရှရှောင်းက ပြုံးလိုက်ရင်း နူးညံ့ကြင်နာတဲ့ အသံနှင့် ပြောလိုက်သည်။ "မင်းလည်း ဒီနေ့အလုပ်တွေအကုန်ကြိုးစားလုပ်ခဲ့တာဆိုတော့ ပင်ပန်းနေမှာပဲ ... ပြန်ပြီးတော့ စောစော အနားယူသင့်တယ်"
"ဟုတ်တာပေါ့" ကူထုံးက ပြန်ပြောလိုက်ရင်း "ဂရုတစိုက် တွေးပေးလို့ ကျေးဇူးတင်ပါတယ် အစီအစဉ်မှူးရှရေ! ရှင်လည်း ဒီနေ့ အလုပ်ရှုပ်ခဲ့တာပဲ စောစောအိပ်လိုက်ပါ!"
သူတို့ ရှရှောင်းကို နှုတ်ဆက်ပြီးကြသည့်နောက်မှာ ကူထုံးက ချင်းစုယွဲ့ရဲ့ လက်မောင်းကိုဆွဲလျက် စိတ်လှုပ်ရှားစွာဖြင့် "ဝိုး စုယွဲ့! နင်ဘယ်တုန်းက ရှရှောင်းနဲ့ အရမ်းရင်းနှီးသွားရတာလဲ?"
"ဘာရယ်? ငါတို့က စာကြည့်တိုက်မှာ အကြိမ်နဲနဲလောက် တိုက်မိဖူးရုံပါဟ ... ငါတို့ တိုက်မိတိုင်း စကားလေးနဲနဲပါးပါး ပြောဖြစ်ရုံတင်" ဟူ၍ ချင်းစုယွဲ့က ပြန်ပြောလိုက်သည်။
"ဝိုး ဒါက တစ်ကယ်ပဲ အလုပ်ဖြစ်တယ်ပေါ့? ငါတော့ စာကြည့်တိုက်ကို ဒီထက်ပိုပြီး မကြာမကြာ သွားဖို့လိုနေပြီနဲ့တူတယ်!" ကွမ်ထုံးက ကြွေးကြော်လိုက်တော့၏။
ချင်းစုယွဲ့ကတော့ ဆွံ့အသွားရတော့သည်။ "ငါ စာကြည့်တိုက်ကိုသွားတိုင်း နင့်ကိုခေါ်တယ်လေ ဒါပေမယ့် နင် ဘယ်တုန်းကမှ ဒီလိုမျိုး မတုံ့ပြန်ဖူးပါဘူး ... အခုကျတော့ နင့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးလည်း အဲ့မှာ ရှိတာကို သိသွားတာကြောင့်မို့ လုံးဝကို တဇွတ်ထိုးဖြစ်နေတယ်ပေါ့?"
"ဟုတ်တာပေါ့ဟ! ရတနာတုံးလေးက ငါတို့လက်ထဲမှာပဲ ရှိတာ! ငါတို့က သတ္တိရှိရှိနဲ့ ရှေ့သိုလှမ်းချီဖို့ပဲ လိုတယ်!" ကူထုံးက အားအင်အပြည့်နှင့် အတိအလင်း ကြေညာလေ၏။ "အိုး ... တစ်မိုးအောက်တစ်ယောက် ရှရှောင်းလေး ... သူက အဖြူရောင်ရှပ်လေးနဲ့ အရမ်းခရုတာပဲ!"
ချင်းစုယွဲ့က တစ်ကယ်ကိုပဲ သူ့အပေါ် အာရုံမထားခဲ့မိတာ ဖြစ်သည်။ သူမပါ စိတ်မပါတပါဖြင့် အကောင်းဆုံး ပြန်ပြောလိုက်တာပင် ဖြစ်သည် "သူက ကောင်းပါတယ်"
"ဒီတုံ့ပြန်မှုကြီးက အရမ်း ... အထင်မကြီးနေသလိုပဲ!"
ချင်းစုယွဲ့က ရယ်မောလျက် "နင်က ငါ့ကို တခြား ဘာထပ်ပြောစေချင်သေးတာလဲ? နင့်က ငါ့ကို ဘယ်လို တုံ့ပြန်စေချင်တာလဲဟ? အဖြူရောင် ရှပ်အင်္ကျီဝတ်ရင် ဒီထက်ပိုပြီး ကြည့်ကောင်းတဲ့တစ်ယောက်ကို ငါသိ ......"
"ဟားဟား ... " ကူထုံးက အလွန်ပျော်ရွှင်သွားတော့၏။ "နောက်ဆုံးတော့ ငါသက်သေရသွားပြီဟေ့! အဖြူရောင်ရှပ်နဲ့ ကြည့်ကောင်းတယ်လို့ နင်ထင်တဲ့သူက ချန်းစီနျန်ပဲ!" သူမက သူ့ကို ထိုနေ့ကလည်းပဲ အရင်မြင်ဖူးထားတာကြောင့် အဖြူရောင်ရှပ်အင်္ကျီနှင့်သူက ဘယ်ပုံပေါက်လဲဆိုတာကို သူမ သိလေ၏။
ချင်းစုယွဲ့က နောက်တစ်ကြိမ်ထပ်ပြီး ဆွံ့အသွားပြန်တော့သည်။
ကူထုံးက ဆက်ပြီး ဆွကြည့်ဖို့အတွက် ဆုံးဖြတ်လိုက်ရင်း "လုပ်စမ်းပါ ... နင်ဝန်ခံပြီးသွားမှ ဒီကိစ္စကို အဆုံးသတ်လို့ရမယ်! နင်ခုခံလေလေ ပိုပြီး စိတ်ညစ်ရလေလေပဲ ဖြစ်မှာနော်"
"ဘာ ဝန်ခံစရာမှ မလိုဘူး" __ ချင်းစုယွဲ့က သူမကို တည့်တည့်ပြန်လှည့်ကြည့်၍ __ "ဘာဖြစ်လို့လဲဆိုတော့ ငါတို့ကြားမှာ ဘာမှ မဖြစ်နေလို့ပဲ ... ဘာဆို ဘာမှကို"
ကူထုံးက လက်ခံယုံကြည်ခြင်း မရှိပေ။ "ငါ မယုံဘူး! နင်တို့နှစ်ယောက်သာ တကယ်ကိုပဲ ဘယ်လိုဆက်ဆံရေးမျိုးမှ မရှိဘူးဆိုရင် ဘာလို့ သူက နင့်ကိုပဲ သူ့အတွက် လမ်းပြပေးဖို့ ပြောမှာလဲ? __ နင်တစ်ယောက်ထဲကိုပဲလေ __ "
ချင်းစုယွဲ့က အဖြေကို မသိသော်လည်း ... "နင် ဘာလို့ သူ့ကို မမေးလိုက်တာလဲ? ပြီးရင် ငါ့ကိုပြန်ပြောပါအုန်း သူဘာပြန်ပြောလဲဆိုတာ?"
ချင်းစုယွဲ့က ဘယ်လိုတောင် အကြောက်အကန်ငြင်းနေလဲဆိုသည်မှာ ကူထုံးက စိတ်ရှုပ်ထွေးသွားမိသည်။ "တစ်ကယ် အတည်ကြီးကို ဘာမှ မရှိဘူးလား?"
"ဘာမှ မရှိဘူး" ချင်းစုယွဲ့က အခိုင်အမာပဲ အတည်ပြုပေးလိုက်၏။
ကူထုံးက သူမအား အစကနေ အဆုံးထိ စစ်ဆေးလိုက်သည်။ သူမ မျှော်လင့်တကြီး စောင့်စားနေတဲ့ လျှို့ဝှက်သည့် ချစ်ရည်ရွှန်းလဲ့နေသော အချစ်ဇာတ်လမ်းလေးအား ငြင်းဆိုခြင်းခံလိုက်ရသဖြင့် ဘယ်လိုတောင် ကံမကောင်းတာလဲ ဆိုတဲ့အကြောင်းကို အချည်းနှီး ပွစိစိပြောနေသည်အား သူမ မရပ်တန့်နိုင်တော့ပေ။
30.11.2019
*******************