လီဖန္သည္ အျဖဴေရာင္လည္ပိတ္ဆြယ္တာ၊ အနက္ေရာင္ဂ်င္းေဘာင္းဘီ ႏွင့္ အျဖဴေရာင္ကုတ္အရွည္ကိုဝတ္ထားေသာေၾကာင့္ သူ႔ပံုစံသည္ mazagineထဲက ေမာ္ဒယ္ေတြလိုမ်ိဳးျဖစ္ေနသည္။
ဒီႏွစ္ပိုင္းအတြင္း၌ လီဖန္၏မ်က္ႏွာအသြင္အျပင္သည္ပိုပီးထင္ရွားလာသည္။ သူသည္ပိုပီးဆြဲေဆာင္မႈရွိလာကာ သူ႔အရပ္သည္လည္းပဲ ၁.၆၀မီတာ ကေန ၁.၇၈မီတာအထိ အရပ္ထြက္လာေလသည္။ ဒါေတြအျပင္ သူသည္ပံုမွန္အားကစားလုပ္ေသာေၾကာင့္ သူ႔ပိန္ပါးပါးခႏၱာကိုယ္သည္ ပိုပီးေတာင္မွ ၾကည့္ေကာင္းလာသည္။
လီဖန္သည္ အေဆာက္အအံုအျမင့္ႀကီးတခု၏ကားရပ္နားရာေနရာဆီသို႔ကားကိုေမာင္းသြားလိုက္ပီးေနာက္ ဓါတ္ေလွကားဆီသုိ႔ေလွ်ာက္သြားကာ အျမင့္ဆံုးအထပ္သို႔သြားလိုက္ေလသည္။
ဒီအေဆာက္အအံုအတြင္း၌အစံုရွိသည္။ ဥပမာေျပာရရင္ ေျမညီထပ္ကေန တတိယအထပ္အထိသည္ စူပါမားကတ္ျဖစ္သည္။ ေလးထပ္ေျမာက္တြင္ေတာ့ ရုပ္ရွင္ရံုရွိပီး ငါးထပ္ေျမာက္တြင္ေတာ့ အားကစားခန္းမရွိသည္။ စသည္ျဖင့္ေပါ့။
*Ding*
ဓါတ္ေလွကားတံခါးပြင့္သြားခ်ိန္တြင္ေတာ့ လီဖန္သည္ ခန္းမက်ယ္ဆီသို႔ေလွ်ာက္ဝင္သြားလိုက္သည္ေလ။
သူနည္းနည္းေလွ်ာက္ပီးသြားခ်ိန္မွာေတာ့ လူ၂ေယာက္ေစာင့္ၾကပ္ေနသည့္ တံခါးအေရွ႕သို႔ေရာက္သြားေလသည္။
ထိုလူ၂ေယာက္သည္ သူ႔အားျမင္သည္ႏွင့္ ရိုရိုေသေသ ခါးကိုညႊတ္ကာႏႈတ္ဆက္လိုက္သည္။ “သခင္ေလးယြမ္” ပီးတြင္ေတာ့ သူ႔အား အထဲဝင္ဖို႔ တံခါးကိုဖြင့္ေပးလိုက္ေလသည္။
လီဖန္သည္ သူတို႔အားေခါင္းညိမ့္ျပလိုက္ပီး အထဲဝင္သြားလိုက္သည္။
ပံုမွန္ဆူညံေနသည့္ဘားသည္ ယခုေတာ့တိတ္ဆိတ္ေနပီး လီဖန္သည္ ထန္ရိႈးႏွင့္လီယြမ္၂ဦးထဲကို သာေတြရေလသည္။
လီယြမ္ကေတာ့ လူမသိသူမသိေအာင္ကိုပင္မူးေနပီေလ။
လီဖန္သည္ သူ႔နာရီကိုၾကည့္လိုက္ေတာ့ အခုမွ ၇နာရီ မိနစ္၅၀သာရွိေသးသည္။ ဒါကို ဒီငေပြရႈပ္ေလးက ဒီအေျခအေနထိ ဘယ္လိုျဖစ္သြားတာလဲ?
လီဖန္သည္ လီယြမ္အား သူ႔ညာေျခေထာက္ႏွင့္တြက္ပီး ထန္ရိႈးအား သတိလက္လြတ္ပဲေမးလိုက္သည္။ “ဘာလို႔သူက ဒီလိုျဖစ္ေနတာလဲ?”
သူအေမးကိုေတာ့ ထန္ရိႈးသည္ ခပ္ေအးေအးပဲျပန္ေျဖလိုက္ေလသည္ “အရိပ္အကဲနားမလည္လို႔ သူနဲ႔တန္တာရသြားတာ”
ဒါကိုၾကားလိုက္သည့္ လီဖန္သည္ မ်က္ခံုး၂ခုကို က်ံဳ႕လိုက္ပီး
~ဒီအကိုက….ဒီနတ္သားကို ဘာလို႔ဒီေလာက္ေတာင္ေဒါသထြက္ေနရတာလဲ?~
ဒါေပမယ့္ တရားခံျဖစ္သည့္ ထန္ရိႈးကေတာ့ ထိုနစ္နာသူကို လံုးဝဂရုမစိုက္ပဲ လီဖန္ကိုသာ ေႏြးေထြးစြာၾကည့္လိုက္ပီးေနာက္ သူ႔ေဘးရွိေနရာလြတ္ကို ပုတ္ျပကာ ခ်ိဳသာစြာေျပာလုိက္သည္ “လာ ဒီမွာလာထိုင္”
{လီယြမ္ေလးအတြက္ မ်က္ရည္တစက္}
လီဖန္သည္ ေခါင္းညိမ့္ျပလိုက္ပီးေနာက္ ထန္ရိႈးဆီသို႔သြားဖို႔လုပ္လိုက္ခ်ိန္မွာပဲ မူးေနသည့္တစ္စံုတေယာက္က သူ႔အားဖက္ကာ ရုတ္တရပ္တားဆီးျခင္းခံလိုက္ရသည္။
ထိုတစံုတေယာက္ေသာအမူးသမားကေတာ့ သူ႔ေဘးရွိ နတ္ဆိုးလိုလူအားသတိမထားမိပဲလီဖန္၏လက္ေမာင္းကို တင္းတင္းႀကီးတြယ္ဖက္ထားကာ သူ႔မ်က္ႏွာႏွင့္ပြတ္သပ္ေနပီးေနာက္မသိနားမလည္သလိုနဲ႔
“အား ~ငါတို႔ရဲ႕ ဖန္ကေလးေလးေရာက္လာပီပဲ~ ေအ့ ~ လာ လာ ဒီအကိုႀကီးနဲ႔အတူတူေသာက္ရေအာင္ ~ေအ့~ အား ဖန္ေလးက ေမြးေန႔မွာ ဘာလိုခ်င္လဲ? ~ေအ့~ ရည္းစားလိုခ်င္ခ်င္လား? ဟဲဟဲ ဒီကိုႀကီးရွိတယ္။ ဒီကိုႀကီးက အလန္းစာေကာင္မေလးေတြကို မိတ္ဆက္ေပးမယ္။ မင္းရဲ႕ ပထမဆံုး-”
ကံမေကာင္းစြာပဲ သူ႔စကားကိုပီးေအာင္မေျပာလိုက္ရခင္မွာပဲ လီယြမ္သည္ ေနာက္ကိုပ်ံထြက္သြားကာ နံရံကိုသြားေဆာင့္မိတာကို လီဖန္ေတြ႔လုိက္ရသည္။ သူက ဆိုဖာေပၚကို လိမ့္က်လာပီးေနာက္ သူ႔ေျခေထာက္ေဘးကို အေသေကာင္လိုျပဳတ္က်လာသည္။
{လီယြမ္ေလးအတြက္ ေနာက္ထပ္မ်က္ရည္တစက္}
လီဖန္ဘာေျပာလို႔ေျပာရမွန္းေတာင္မသိေတာ့ေပ။
သူဟာ တရားခံကို ေျဖးေျဖးခ်င္းလွည့္ပီးၾကည့္လိုက္သည္။
တရားခံထန္ရိႈးကေတာ့ မသိသလိုလိုႏွင့္ သူ႔ဖိနပ္တြင္မရွိသည့္ဖုန္ေတြအား ခါထုတ္ေနလိုက္ပီး “အဲ့ေကာင္စကားအရမ္းမ်ားတယ္”
လီဖန္ “……”
~ခင္ဗ်ား သူ႔ကို ဒီလိုႀကီးကန္စရာေတာ့မလိုဘူးေလ! သူကခင္ဗ်ားရဲ႕အခင္ရဆံုးသူငယ္ခ်င္းေနာ္ ပစၥည္းတခုခုမဟုတ္တာကိုေကာသိေသးရဲ႕လား?!~
သူတို႔သူငယ္ခ်င္း အခ်င္းခ်င္း၏ဆက္ဆံေရးကို မတတ္ႏိုင္စြာပဲသက္ပ်င္းခ်လိုက္မိပီးေနာက္ လီယြမ္ အသက္ရွိေသးရဲ႕လားဆိုတာကို စစ္ၾကည့္ဖို႔လုပ္မည့္ခ်ိန္မွာေတာ့ သူ႔လက္အား ထန္ရိႈးကရုတ္တရပ္ဆြဲကိုင္လိုက္ပီး လီယြမ္အေသေကာင္ေပၚကေန ျဖတ္ေလွ်ာက္ကာ သူ႔အားဆြဲေခၚသြားပီးေနာက္ ဖုန္းကေနတဆင့္
“ခိုင္လ္ ဒီေကာင္ကို လာပီး ဆြဲထုတ္သြားလိုက္”
ကိစၥေတြပီးသြားသည့္ေနာက္ေတာ့ ထန္ရိႈးသည္ လီဖန္အားသူ႔ေဘး၌ထိုင္ခိုင္းလိုက္သည္။
မၾကာခင္မွာပဲ လူထြားၾကီး၂ေယာက္သည္ ဝင္လာပီး လီယြမ္အား တကယ္ကိုပင္ ဆြဲထုတ္သြားေလသည္။
လီဖန္သည္ ဒီျမင္ကြင္းေၾကာင့္ ပါးစပ္တျပင္ျပင္ျဖစ္ေနသည္။
~ခင္ဗ်ားတို႔သူေဌးရဲ႕စကားကို ဒီေလာက္ထိႀကီးနာခံစရာမလိုဘူးသိလား! ခင္ဗ်ားတို႔ဆြဲထုတ္သြားတာ လီမိသားစုရဲ႕ေခါင္းေဆာင္ေနာ္ ဆန္အိတ္တအိတ္မဟုတ္ဘူူးသိလား အားးးး!~
သို႔ေပမယ့္လည္း ဒီလူကို သူဘယ္ေလာက္ပဲသနား သနား ဆြဲငင္သည့္အသံၾသရွရွကို ၾကားလုိက္ရေသာေၾကာင့္ သူ၏ေဘးတြင္ထိုင္ေနေသာသူထံသို႔ အာရံုစိုက္လိုက္ရသည္။
ထန္ရိႈးသည္စားပြဲေပၚတြင္ရွိေနပီးသည့္ ဘူးေလးအား လီဖန္ဆီသို႔တြန္းလိုက္ပီး ညင္သာစြာေျပာလိုက္သည္။ “ဖြင့္ၾကည့္ၾကည့္ေလ မင္းအၾကိဳက္ေတြ႔ရဲ႕လားဆိုတာ”
လီဖန္သည္ ဘူးေလးကိုနည္းနည္းၾကာၾကာ စိုက္ၾကည့္္ေနလိုက္သည္။ ဒီေနရာမွာပဲျဖစ္ျဖစ္ သူ႔ကမၻာမွာပဲျဖစ္ျဖစ္ သူ႔ကိုေမြးေန႔လက္ေဆာင္ ပထမဆံုးေပးသည့္သူက မေမွ်ာ္လင့္ပဲ ထန္ရိႈးျဖစ္ေနမယ္လို႔မထင္ခဲ့ေပ။ ဒီလိုမ်ိဳးၾကင္ၾကင္နာနာဆက္ဆံခံရေတာ့ သူစိတ္မလႈပ္ရွားပဲမေနႏိုင္ေပ။
ဒီလိုၾကင္ၾကင္နာနာဆက္ဆံေပးသည့္ေနာက္ကြယ္ကရည္ရြယ္ခ်က္က ဘာပဲျဖစ္ျဖစ္ေနေန သူကေတာ့ေပ်ာ္ပါသည္။
သူ႔ႏႈတ္ခမ္းေထာင့္က မသိလိုက္ပါပဲေကြးသြားပီး အျပံဳးျဖစ္သြားပီး သူသည္ လက္ေဆာင္ဘူးကိုဖြင့္ၾကည့္လိုက္သည္။ ဘူးကိုဖြင့္လိုက္ခ်ိန္မွာပဲ သူျမင္လိုက္တာက ေရွးေခတ္တခုခုကျဖစ္ေလာက္သည့္ေရွးေဟာင္းစာေရးကိရိယာျဖစ္ေၾကာင္း ခ်က္ခ်င္းေတြ႔လိုက္ရသည္။
ဒါကိုျမင္လိုက္တာႏွင့္ လီဖန္၏မ်က္လံုးအေရာင္ေတာက္သြားသည္။ သူ႔ရဲ႕အဓိကအလုပ္ကလည္း ေရးဆြဲရတာေတြ အမ်ားႀကီးလိုအပ္တာေၾကာင့္ စာေရးကိရိယာမ်ိဳးစံုသည္ သူ႔မိသားစုလိုမ်ိုးျဖစ္လာပီး သူဘယ္သြားသြား တမ်ိဳးမဟုတ္တမ်ိဳးေတာ့ သူယူသြားေနၾကျဖစ္သည္။
သူသည္ ေရွးေဟာင္းပစၥည္းေတြကို စုေဆာင္းရတာ ဝါသနာပါသူတေယာက္ဆိုေတာ့ ပိုပီးေျပာစရာမလိုေတာ့ေပ။ ဒါေၾကာင့္ ဒီစာေရးကိရိယာသည္ ဘယ္ေလာက္ပဲရွာရခက္သည္ျဖစ္ေနပါေစ သူ႔မ်က္လံုးကေတာ့မေနႏိုင္ပဲ ကစားစရာအသစ္ရသည့္ ကေလးတေယာက္လို အေရာင္ေတြေတာက္ေနသည္။
အရမ္းကိုေပ်ာ္သြားသည့္အေနႏွင့္ လီဖန္သည္ အျပံဳးႀကီးႀကီးကိုျပံဳးလိုက္ကာ ထန္ရိႈးကို ခုန္ကာဖက္လိုက္ပီး သူ႔အျပဳအမူကိုသတိမထားမိပဲ
“ဝါးးးးး! ကၽြန္ေတာ္ဒါေတြကို ႏွစ္သက္တာ ခင္ဗ်ားဘယ္လုိလုပ္ပီးသိလဲ? ရိႈးေကာ အေကာင္းဆံုးပဲ! ေက်းဇူး!”
လီဖန္တေယာက္အလြန္ပင္ေပ်ာ္ေနတာႏွင့္ ဆန္႔က်င္စြာပင္ ရုတ္တရပ္အဖက္ခံလိုက္ရေသာ ထန္ရိႈးသည္ ဒီလူငယ္ေလး၏ကိုယ္ေငြ႔ေႏြးေႏြးႏွင့္ မူးယစ္ေစႏိုင္သည့္ သူ႔ကိုယ္နံ႔သင္းသင္းေလးတို႔ကို ခံစားလိုက္ရတာေၾကာင့္ တစ္ကုိယ္လံုးေတာင့္ခဲေနေလသည္။ သူအသိျပန္ဝင္ဖို႔ကိုနည္းနည္းၾကာသြားပီး ဒီလူငယ္ေလးအားျပန္လည္ဖက္မည္လုပ္လိုက္ခ်ိန္မွာပဲ လီဖန္က ရုတ္တရပ္သူ႔ကို ခြာလုိက္သည္။
ဒီလိုရုတ္တရပ္ဟာတာတာႀကီးျဖစ္သြားသည့္အတြက္ ထန္ရိႈး၏မ်က္လံုးအေရာင္မွိန္သြားပီးေနာက္ သူ႔မႈန္ေတေတမ်က္ႏွာထားကို သူ႔ပံုမွန္မ်က္ႏွာထားအတိုင္းခ်က္ခ်င္းျပန္ျပင္လိုက္ပီး သူ႔ႏွလံုးသားေလးကိုသာျပန္ႏွစ္သိမ့္ေနလိုက္သည္။
~မင္းေစာင့္ေနလိုက္ပါ ေနာက္မွမင္းကိုဘာမွမရွိေတာ့တဲ့အထိစားပစ္မယ္ ၾကည့္ေန ဟမ့္!~
{😧}
လီဖန္ကေတာ့ ဘာေၾကာင့္မွန္းမသိ ေက်ာတေလွ်ာက္က်က္သီးထသြားပီး ခ်မ္းစိမ့္စိမ့္ခံစားလိုက္ရပီး သူ႔ေဘးကလူ၏မႈန္ေတေတမ်က္ႏွာကို ျမင္လိုက္ခ်ိန္မွာေတာ့ အေစာနကသူ၏အျပဳအမူကိုျပန္ေတြးမိလိုက္ပီး ငိုခ်င္သြားသည္။
~သူ႔ကို ငါဖက္လိုက္လို႔ စိတ္အေႏွာင့္အယွက္ျဖစ္သြားတာလား?
အားးးးငါကလဲ ဘာလို႔သူကိုအဲ့လိုလုပ္မိသြားတာလဲ?!
ဒီလူ၏ေဒါသေနာက္ဆက္တြဲကို တစ္စံုတေယာက္က ကုိယ္စားအနစ္နာခံပီးျပထားပီးပီေလ။ ဒါကိုငါက ဘာလို႔ေနာက္နစ္နာသူတေယာက္ျဖစ္ေအာင္လုပ္မိေနရတာလဲ?~
အဲ့လိုျမင္မေကာင္းသည့္အလုပ္ကို ေစတနာနဲ႔သက္ေသျပသြားသည့္ လီယြမ္ကေတာ့ ေလာေလာဆယ္တြင္ေတာ့ ထန္ရိႈး၏လူမ်ားမွ ကားတြင္းသို႔ထိုးထည့္ျခင္းကိုခံေနရသည္။
ဒါေၾကာင့္ လီဖန္သည္ထန္ရိႈးအား စိတ္လႈပ္ရွားစြာၾကည့္လိုက္ေသာ္လည္း ဘာမွမျဖစ္သည့္ပံုစံေၾကာင့္ စိတ္သက္သာရစြာပဲ သက္ျပင္းကိုခ်လိုက္သည္။ ဘာေၾကာင့္မွန္းေတာ့သူမသိဘူး သူဒီကမၻာ၏အမ်ိဳးသားဇာတ္လိုက္ႏွင့္ အတူရွိပီးကတည္းက သူထူးထူးဆန္းဆန္းေတြလုပ္ေနမိသည္။ ဘယ္ဟာက ဘယ္လိုထူးဆန္းေနမွန္းကိုေတာ့ သူအတိအက်မေျပာတတ္ေပ။
~ဘာပဲျဖစ္ျဖစ္…. သူ႔အနာဂတ္ဇနီးေလာင္းကို မေက်မနပ္ျဖစ္ေစလို႔ သူ႔ရန္သူျဖစ္မသြားရင္ ပီးတာပဲ~
သူ၏ခံစားခ်က္ကို ပံုမွန္အတိုင္းျဖစ္သြားေအာင္လုပ္လိုက္ပီး လီဖန္သည္ ဝိုင္ကို သူႏွင့္ထန္ရိႈး၏ခြက္ထဲသို႔ငွဲ႔လိုက္သည္။
ပီးေနာက္လီဖန္သည္ေပ်ာ္ရြင္စြာပဲ ေအာ္လိုက္ပီး
“Okay! ကၽြန္ေတာ္တို႔ဒီေန႔မမူးရင္မျပန္ရဘူး။ Cheers!”
၁၀မိနစ္ၾကာပီးေနာက္……
အခန္းသည္ရုတ္တရပ္တိတ္သြားပီး သီခ်င္းသံခပ္တိုးတိုးသာၾကားေနရပီး ထန္ရိႈးကေတာ့ သူ႔လက္ကိုမွီပီးေမးေထာက္ကာ ဝိုင္တခြက္ေလးေသာက္ပီးသည္ႏွင့္ မူးကာေမွာက္သြားပီး ခံုေပၚတြင္မလႈပ္မယွက္ႏွင့္ရွိေနသည့္တစံုတေယာက္အား ၾကည့္ေနေလသည္။
သူသည္ ဘာမွမတတ္ႏိုင္ပဲ သက္ျပင္းသာခ်လိုက္ရပီး ထိုအမူသမားေလးအား လႈပ္ႏိုးလိုက္သည္။
“လီဖန္ ထေတာ့ေလ ေဟ့?”
အသံုးမဝင္စြာပင္ သူဘယ္ေလာက္လႈပ္ႏိုးလႈပ္ႏိုး လီဖန္ကေတာ့ အိပ္မက္နယ္ေျမထဲသို႔ ေျခဆန္႔သြားပီထင္သည္။
ဒီလိုမ်ိဳးအေျခအေနအားဘယ္လိုလုပ္ရမလဲဟုေတြးတာ ထန္ရိႈးသည္ မ်က္ခံုးအနည္းငယ္က်ံဳ႕လိုက္သည္။
သူလီဖန္အား သူ႔တိုက္ခန္းသို႔ ေမာင္းပို႔ေပးလို႔ရေပမယ့္ အေရးၾကီးတာတခုက လီဖန္ဘယ္မွာေနထုိင္သည္ကို သူမသိေပ။
သူတုိ႔ေတြ ၂ႏွစ္ေလာက္ခင္လာၾကေပမယ့္ လီဖန္သည္သူ႔အေၾကာင္းတခုမွ သူ႔အားေျပာျပျခင္းမရွိေပ။ သူ႔နာမည္ႏွင့္Neige၏ဥကၠဌဆိုတာကလြဲလို႔ သူသိသည့္အရာ ဘာဆိုဘာမွကိုမရွိ။ ထိုေၾကာင့္ ဒီလူငယ္ေလး သူ႔ႏႈတ္မွေျပာလာသည္အထိကို သူေစာင့္ေနျခင္းျဖစ္သည္။
သူယံုၾကည္ပါသည္။ ဒီလူငယ္ေလးသည္ တေန႔မွာေတာ့သူ႔အေပၚပြင့္လင္းလာပီး သူ႔ကိုအရာအားလံုးကိုေျပာျပမည္ဟု။
ဒါေၾကာင့္ေရြးခ်ယ္စရာဘာမွမရွိေသာ ထန္ရိႈးသည္ သက္ပ်င္းခ်လိုက္ပီး ကိုယ္ကိုအနည္းငယ္ကိုင္းကာ လူငယ္ေလးကိုေပြ႔ခ်ီလိုက္ပီး ဘားထဲမွေနေျဖးေျဖးခ်င္းေလွ်ာက္ထြက္လာသည္။
ခိုင္လ္အပါအဝင္သူ႔ေနာက္လိုက္ေတြအားလံုးသည္ ထိုျမင္ကြင္းအားျမင္လိုက္ခ်ိန္မွာေတာ့ ေမးမ်ားၾကမ္းထိကိုက်သြားခါနီးျဖစ္သြားသည္။ ထန္ရႈိးသည္ လီဖန္အား မင္းသမီးကိုေပြ႔ထားသလိုမ်ိဳးေပြ႔ထားေသာေၾကာင့္ပင္။
ထိုအခ်ိန္တျခားတဖက္တြင္ေတာ့ Systemသည္ သူ႔cameraအား အဆက္မပ်က္ႏွိပ္ေနပီး လွိဳက္လွိဳက္လွဲလွဲကိုရယ္ေမာေနေလသည္။
သတၱိရွိသည့္သက္ေတာ္ေစာင့္တေယာက္ကေတာ့ ရပ္ေနရာမွထြက္လာပီး လီဖန္ကို သယ္ေပးဖို႔လုပ္လိုက္ေပမယ့္ သူ႔အလုပ္ရွင္ဆီမွ ေအးစက္သည့္အၾကည့္ကိုသာ လက္ခံလိုက္ရသည္ေလ။ ထို႔ေၾကာင့္ သူ႔နဂိုေနရာသို႔ခ်က္ခ်င္းျပန္ေရာက္သြားပီး သူ႔သူေဌးကိုတခ်က္ကေလးေတာင္မွ မၾကည့္ရဲေတာ့ေပ။
ခိုင္လ္ကေတာ့ ထိုသူ၏ပုခံုးအား အားေပးသည့္သေဘာအျဖစ္ပုတ္ေပးလိုက္သည္။
~အရိပ္အကဲကို ဒီေလာက္မွနားမလည္ရင္ ဒီလိုျဖစ္မွပဲေလ~
ေနာက္ေတာ့ သူသည္ ထန္ရိႈးဖက္သို႔ သူ႔ေခါင္းကိုလွည့္လိုက္ပီး ေမးလိုက္သည္။
“Boss ဘယ္ကိုပို႔ေပးရမလဲဗ်?”
ထန္ရိႈးသည္ သူ၏လက္ေထာက္အားလွည့္ပင္မၾကည့္ပဲ လမ္းကိုဆက္ေလွ်ာက္သြားကာ စကားလံုးအနည္းငယ္သာေျပာလိုက္ေလသည္။ “ငါ့တိုက္ခန္းကို”
..................
...................
လီဖန်သည် အဖြူရောင်လည်ပိတ်ဆွယ်တာ၊ အနက်ရောင်ဂျင်းဘောင်းဘီ နှင့် အဖြူရောင်ကုတ်အရှည်ကိုဝတ်ထားသောကြောင့် သူ့ပုံစံသည် mazagineထဲက မော်ဒယ်တွေလိုမျိုးဖြစ်နေသည်။
ဒီနှစ်ပိုင်းအတွင်း၌ လီဖန်၏မျက်နှာအသွင်အပြင်သည်ပိုပီးထင်ရှားလာသည်။ သူသည်ပိုပီးဆွဲဆောင်မှုရှိလာကာ သူ့အရပ်သည်လည်းပဲ ၁.၆၀မီတာ ကနေ ၁.၇၈မီတာအထိ အရပ်ထွက်လာလေသည်။ ဒါတွေအပြင် သူသည်ပုံမှန်အားကစားလုပ်သောကြောင့် သူ့ပိန်ပါးပါးခန္တာကိုယ်သည် ပိုပီးတောင်မှ ကြည့်ကောင်းလာသည်။
လီဖန်သည် အဆောက်အအုံအမြင့်ကြီးတခု၏ကားရပ်နားရာနေရာဆီသို့ကားကိုမောင်းသွားလိုက်ပီးနောက် ဓါတ်လှေကားဆီသို့လျှောက်သွားကာ အမြင့်ဆုံးအထပ်သို့သွားလိုက်လေသည်။
ဒီအဆောက်အအုံအတွင်း၌အစုံရှိသည်။ ဥပမာပြောရရင် မြေညီထပ်ကနေ တတိယအထပ်အထိသည် စူပါမားကတ်ဖြစ်သည်။ လေးထပ်မြောက်တွင်တော့ ရုပ်ရှင်ရုံရှိပီး ငါးထပ်မြောက်တွင်တော့ အားကစားခန်းမရှိသည်။ စသည်ဖြင့်ပေါ့။
*Ding*
ဓါတ်လှေကားတံခါးပွင့်သွားချိန်တွင်တော့ လီဖန်သည် ခန်းမကျယ်ဆီသို့လျှောက်ဝင်သွားလိုက်သည်လေ။
သူနည်းနည်းလျှောက်ပီးသွားချိန်မှာတော့ လူ၂ယောက်စောင့်ကြပ်နေသည့် တံခါးအရှေ့သို့ရောက်သွားလေသည်။
ထိုလူ၂ယောက်သည် သူ့အားမြင်သည်နှင့် ရိုရိုသေသေ ခါးကိုညွှတ်ကာနှုတ်ဆက်လိုက်သည်။ “သခင်လေးယွမ်” ပီးတွင်တော့ သူ့အား အထဲဝင်ဖို့ တံခါးကိုဖွင့်ပေးလိုက်လေသည်။
လီဖန်သည် သူတို့အားခေါင်းညိမ့်ပြလိုက်ပီး အထဲဝင်သွားလိုက်သည်။
ပုံမှန်ဆူညံနေသည့်ဘားသည် ယခုတော့တိတ်ဆိတ်နေပီး လီဖန်သည် ထန်ရှိုးနှင့်လီယွမ်၂ဦးထဲကို သာတွေရလေသည်။
လီယွမ်ကတော့ လူမသိသူမသိအောင်ကိုပင်မူးနေပီလေ။
လီဖန်သည် သူ့နာရီကိုကြည့်လိုက်တော့ အခုမှ ၇နာရီ မိနစ်၅၀သာရှိသေးသည်။ ဒါကို ဒီငပွေရှုပ်လေးက ဒီအခြေအနေထိ ဘယ်လိုဖြစ်သွားတာလဲ?
လီဖန်သည် လီယွမ်အား သူ့ညာခြေထောက်နှင့်တွက်ပီး ထန်ရှိုးအား သတိလက်လွတ်ပဲမေးလိုက်သည်။ “ဘာလို့သူက ဒီလိုဖြစ်နေတာလဲ?”
သူအမေးကိုတော့ ထန်ရှိုးသည် ခပ်အေးအေးပဲပြန်ဖြေလိုက်လေသည် “အရိပ်အကဲနားမလည်လို့ သူနဲ့တန်တာရသွားတာ”
ဒါကိုကြားလိုက်သည့် လီဖန်သည် မျက်ခုံး၂ခုကို ကျုံ့လိုက်ပီး
~ဒီအကိုက….ဒီနတ်သားကို ဘာလို့ဒီလောက်တောင်ဒေါသထွက်နေရတာလဲ?~
ဒါပေမယ့် တရားခံဖြစ်သည့် ထန်ရှိုးကတော့ ထိုနစ်နာသူကို လုံးဝဂရုမစိုက်ပဲ လီဖန်ကိုသာ နွေးထွေးစွာကြည့်လိုက်ပီးနောက် သူ့ဘေးရှိနေရာလွတ်ကို ပုတ်ပြကာ ချိုသာစွာပြောလိုက်သည် “လာ ဒီမှာလာထိုင်”
{လီယွမ်လေးအတွက် မျက်ရည်တစက်}
လီဖန်သည် ခေါင်းညိမ့်ပြလိုက်ပီးနောက် ထန်ရှိုးဆီသို့သွားဖို့လုပ်လိုက်ချိန်မှာပဲ မူးနေသည့်တစ်စုံတယောက်က သူ့အားဖက်ကာ ရုတ်တရပ်တားဆီးခြင်းခံလိုက်ရသည်။
ထိုတစုံတယောက်သောအမူးသမားကတော့ သူ့ဘေးရှိ နတ်ဆိုးလိုလူအားသတိမထားမိပဲလီဖန်၏လက်မောင်းကို တင်းတင်းကြီးတွယ်ဖက်ထားကာ သူ့မျက်နှာနှင့်ပွတ်သပ်နေပီးနောက်မသိနားမလည်သလိုနဲ့
“အား ~ငါတို့ရဲ့ ဖန်ကလေးလေးရောက်လာပီပဲ~ အေ့ ~ လာ လာ ဒီအကိုကြီးနဲ့အတူတူသောက်ရအောင် ~အေ့~ အား ဖန်လေးက မွေးနေ့မှာ ဘာလိုချင်လဲ? ~အေ့~ ရည်းစားလိုချင်ချင်လား? ဟဲဟဲ ဒီကိုကြီးရှိတယ်။ ဒီကိုကြီးက အလန်းစာကောင်မလေးတွေကို မိတ်ဆက်ပေးမယ်။ မင်းရဲ့ ပထမဆုံး-”
ကံမကောင်းစွာပဲ သူ့စကားကိုပီးအောင်မပြောလိုက်ရခင်မှာပဲ လီယွမ်သည် နောက်ကိုပျံထွက်သွားကာ နံရံကိုသွားဆောင့်မိတာကို လီဖန်တွေ့လိုက်ရသည်။ သူက ဆိုဖာပေါ်ကို လိမ့်ကျလာပီးနောက် သူ့ခြေထောက်ဘေးကို အသေကောင်လိုပြုတ်ကျလာသည်။
{လီယွမ်လေးအတွက် နောက်ထပ်မျက်ရည်တစက်}
လီဖန်ဘာပြောလို့ပြောရမှန်းတောင်မသိတော့ပေ။
သူဟာ တရားခံကို ဖြေးဖြေးချင်းလှည့်ပီးကြည့်လိုက်သည်။
တရားခံထန်ရှိုးကတော့ မသိသလိုလိုနှင့် သူ့ဖိနပ်တွင်မရှိသည့်ဖုန်တွေအား ခါထုတ်နေလိုက်ပီး “အဲ့ကောင်စကားအရမ်းများတယ်”
လီဖန် “……”
~ခင်ဗျား သူ့ကို ဒီလိုကြီးကန်စရာတော့မလိုဘူးလေ! သူကခင်ဗျားရဲ့အခင်ရဆုံးသူငယ်ချင်းနော် ပစ္စည်းတခုခုမဟုတ်တာကိုကောသိသေးရဲ့လား?!~
သူတို့သူငယ်ချင်း အချင်းချင်း၏ဆက်ဆံရေးကို မတတ်နိုင်စွာပဲသက်ပျင်းချလိုက်မိပီးနောက် လီယွမ် အသက်ရှိသေးရဲ့လားဆိုတာကို စစ်ကြည့်ဖို့လုပ်မည့်ချိန်မှာတော့ သူ့လက်အား ထန်ရှိုးကရုတ်တရပ်ဆွဲကိုင်လိုက်ပီး လီယွမ်အသေကောင်ပေါ်ကနေ ဖြတ်လျှောက်ကာ သူ့အားဆွဲခေါ်သွားပီးနောက် ဖုန်းကနေတဆင့်
“ခိုင်လ် ဒီကောင်ကို လာပီး ဆွဲထုတ်သွားလိုက်”
ကိစ္စတွေပီးသွားသည့်နောက်တော့ ထန်ရှိုးသည် လီဖန်အားသူ့ဘေး၌ထိုင်ခိုင်းလိုက်သည်။
မကြာခင်မှာပဲ လူထွားကြီး၂ယောက်သည် ဝင်လာပီး လီယွမ်အား တကယ်ကိုပင် ဆွဲထုတ်သွားလေသည်။
လီဖန်သည် ဒီမြင်ကွင်းကြောင့် ပါးစပ်တပြင်ပြင်ဖြစ်နေသည်။
~ခင်ဗျားတို့သူဌေးရဲ့စကားကို ဒီလောက်ထိကြီးနာခံစရာမလိုဘူးသိလား! ခင်ဗျားတို့ဆွဲထုတ်သွားတာ လီမိသားစုရဲ့ခေါင်းဆောင်နော် ဆန်အိတ်တအိတ်မဟုတ်ဘူူးသိလား အားးးး!~
သို့ပေမယ့်လည်း ဒီလူကို သူဘယ်လောက်ပဲသနား သနား ဆွဲငင်သည့်အသံသြရှရှကို ကြားလိုက်ရသောကြောင့် သူ၏ဘေးတွင်ထိုင်နေသောသူထံသို့ အာရုံစိုက်လိုက်ရသည်။
ထန်ရှိုးသည်စားပွဲပေါ်တွင်ရှိနေပီးသည့် ဘူးလေးအား လီဖန်ဆီသို့တွန်းလိုက်ပီး ညင်သာစွာပြောလိုက်သည်။ “ဖွင့်ကြည့်ကြည့်လေ မင်းအကြိုက်တွေ့ရဲ့လားဆိုတာ”
လီဖန်သည် ဘူးလေးကိုနည်းနည်းကြာကြာ စိုက်ကြည့််နေလိုက်သည်။ ဒီနေရာမှာပဲဖြစ်ဖြစ် သူ့ကမ်ဘာမှာပဲဖြစ်ဖြစ် သူ့ကိုမွေးနေ့လက်ဆောင် ပထမဆုံးပေးသည့်သူက မမျှော်လင့်ပဲ ထန်ရှိုးဖြစ်နေမယ်လို့မထင်ခဲ့ပေ။ ဒီလိုမျိုးကြင်ကြင်နာနာဆက်ဆံခံရတော့ သူစိတ်မလှုပ်ရှားပဲမနေနိုင်ပေ။
ဒီလိုကြင်ကြင်နာနာဆက်ဆံပေးသည့်နောက်ကွယ်ကရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်နေနေ သူကတော့ပျော်ပါသည်။
သူ့နှုတ်ခမ်းထောင့်က မသိလိုက်ပါပဲကွေးသွားပီး အပြုံးဖြစ်သွားပီး သူသည် လက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်သည်။ ဘူးကိုဖွင့်လိုက်ချိန်မှာပဲ သူမြင်လိုက်တာက ရှေးခေတ်တခုခုကဖြစ်လောက်သည့်ရှေးဟောင်းစာရေးကိရိယာဖြစ်ကြောင်း ချက်ချင်းတွေ့လိုက်ရသည်။
ဒါကိုမြင်လိုက်တာနှင့် လီဖန်၏မျက်လုံးအရောင်တောက်သွားသည်။ သူ့ရဲ့အဓိကအလုပ်ကလည်း ရေးဆွဲရတာတွေ အများကြီးလိုအပ်တာကြောင့် စာရေးကိရိယာမျိုးစုံသည် သူ့မိသားစုလိုမျိုးဖြစ်လာပီး သူဘယ်သွားသွား တမျိုးမဟုတ်တမျိုးတော့ သူယူသွားနေကြဖြစ်သည်။
သူသည် ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းရတာ ဝါသနာပါသူတယောက်ဆိုတော့ ပိုပီးပြောစရာမလိုတော့ပေ။ ဒါကြောင့် ဒီစာရေးကိရိယာသည် ဘယ်လောက်ပဲရှာရခက်သည်ဖြစ်နေပါစေ သူ့မျက်လုံးကတော့မနေနိုင်ပဲ ကစားစရာအသစ်ရသည့် ကလေးတယောက်လို အရောင်တွေတောက်နေသည်။
အရမ်းကိုပျော်သွားသည့်အနေနှင့် လီဖန်သည် အပြုံးကြီးကြီးကိုပြုံးလိုက်ကာ ထန်ရှိုးကို ခုန်ကာဖက်လိုက်ပီး သူ့အပြုအမူကိုသတိမထားမိပဲ
“ဝါးးးးး! ကျွန်တော်ဒါတွေကို နှစ်သက်တာ ခင်ဗျားဘယ်လိုလုပ်ပီးသိလဲ? ရှိုးကော အကောင်းဆုံးပဲ! ကျေးဇူး!”
လီဖန်တယောက်အလွန်ပင်ပျော်နေတာနှင့် ဆန့်ကျင်စွာပင် ရုတ်တရပ်အဖက်ခံလိုက်ရသော ထန်ရှိုးသည် ဒီလူငယ်လေး၏ကိုယ်ငွေ့နွေးနွေးနှင့် မူးယစ်စေနိုင်သည့် သူ့ကိုယ်နံ့သင်းသင်းလေးတို့ကို ခံစားလိုက်ရတာကြောင့် တစ်ကိုယ်လုံးတောင့်ခဲနေလေသည်။ သူအသိပြန်ဝင်ဖို့ကိုနည်းနည်းကြာသွားပီး ဒီလူငယ်လေးအားပြန်လည်ဖက်မည်လုပ်လိုက်ချိန်မှာပဲ လီဖန်က ရုတ်တရပ်သူ့ကို ခွာလိုက်သည်။
ဒီလိုရုတ်တရပ်ဟာတာတာကြီးဖြစ်သွားသည့်အတွက် ထန်ရှိုး၏မျက်လုံးအရောင်မှိန်သွားပီးနောက် သူ့မှုန်တေတေမျက်နှာထားကို သူ့ပုံမှန်မျက်နှာထားအတိုင်းချက်ချင်းပြန်ပြင်လိုက်ပီး သူ့နှလုံးသားလေးကိုသာပြန်နှစ်သိမ့်နေလိုက်သည်။
~မင်းစောင့်နေလိုက်ပါ နောက်မှမင်းကိုဘာမှမရှိတော့တဲ့အထိစားပစ်မယ် ကြည့်နေ ဟမ့်!~
{😧}
လီဖန်ကတော့ ဘာကြောင့်မှန်းမသိ ကျောတလျှောက်ကျက်သီးထသွားပီး ချမ်းစိမ့်စိမ့်ခံစားလိုက်ရပီး သူ့ဘေးကလူ၏မှုန်တေတေမျက်နှာကို မြင်လိုက်ချိန်မှာတော့ အစောနကသူ၏အပြုအမူကိုပြန်တွေးမိလိုက်ပီး ငိုချင်သွားသည်။
~သူ့ကို ငါဖက်လိုက်လို့ စိတ်အနှောင့်အယှက်ဖြစ်သွားတာလား?
အားးးးငါကလဲ ဘာလို့သူကိုအဲ့လိုလုပ်မိသွားတာလဲ?!
ဒီလူ၏ဒေါသနောက်ဆက်တွဲကို တစ်စုံတယောက်က ကိုယ်စားအနစ်နာခံပီးပြထားပီးပီလေ။ ဒါကိုငါက ဘာလို့နောက်နစ်နာသူတယောက်ဖြစ်အောင်လုပ်မိနေရတာလဲ?~
အဲ့လိုမြင်မကောင်းသည့်အလုပ်ကို စေတနာနဲ့သက်သေပြသွားသည့် လီယွမ်ကတော့ လောလောဆယ်တွင်တော့ ထန်ရှိုး၏လူများမှ ကားတွင်းသို့ထိုးထည့်ခြင်းကိုခံနေရသည်။
ဒါကြောင့် လီဖန်သည်ထန်ရှိုးအား စိတ်လှုပ်ရှားစွာကြည့်လိုက်သော်လည်း ဘာမှမဖြစ်သည့်ပုံစံကြောင့် စိတ်သက်သာရစွာပဲ သက်ပြင်းကိုချလိုက်သည်။ ဘာကြောင့်မှန်းတော့သူမသိဘူး သူဒီကမ်ဘာ၏အမျိုးသားဇာတ်လိုက်နှင့် အတူရှိပီးကတည်းက သူထူးထူးဆန်းဆန်းတွေလုပ်နေမိသည်။ ဘယ်ဟာက ဘယ်လိုထူးဆန်းနေမှန်းကိုတော့ သူအတိအကျမပြောတတ်ပေ။
~ဘာပဲဖြစ်ဖြစ်…. သူ့အနာဂတ်ဇနီးလောင်းကို မကျေမနပ်ဖြစ်စေလို့ သူ့ရန်သူဖြစ်မသွားရင် ပီးတာပဲ~
သူ၏ခံစားချက်ကို ပုံမှန်အတိုင်းဖြစ်သွားအောင်လုပ်လိုက်ပီး လီဖန်သည် ဝိုင်ကို သူနှင့်ထန်ရှိုး၏ခွက်ထဲသို့ငှဲ့လိုက်သည်။
ပီးနောက်လီဖန်သည်ပျော်ရွင်စွာပဲ အော်လိုက်ပီး
“Okay! ကျွန်တော်တို့ဒီနေ့မမူးရင်မပြန်ရဘူး။ Cheers!”
၁၀မိနစ်ကြာပီးနောက်……
အခန်းသည်ရုတ်တရပ်တိတ်သွားပီး သီချင်းသံခပ်တိုးတိုးသာကြားနေရပီး ထန်ရှိုးကတော့ သူ့လက်ကိုမှီပီးမေးထောက်ကာ ဝိုင်တခွက်လေးသောက်ပီးသည်နှင့် မူးကာမှောက်သွားပီး ခုံပေါ်တွင်မလှုပ်မယှက်နှင့်ရှိနေသည့်တစုံတယောက်အား ကြည့်နေလေသည်။
သူသည် ဘာမှမတတ်နိုင်ပဲ သက်ပြင်းသာချလိုက်ရပီး ထိုအမူသမားလေးအား လှုပ်နိုးလိုက်သည်။
“လီဖန် ထတော့လေ ဟေ့?”
အသုံးမဝင်စွာပင် သူဘယ်လောက်လှုပ်နိုးလှုပ်နိုး လီဖန်ကတော့ အိပ်မက်နယ်မြေထဲသို့ ခြေဆန့်သွားပီထင်သည်။
ဒီလိုမျိုးအခြေအနေအားဘယ်လိုလုပ်ရမလဲဟုတွေးတာ ထန်ရှိုးသည် မျက်ခုံးအနည်းငယ်ကျုံ့လိုက်သည်။
သူလီဖန်အား သူ့တိုက်ခန်းသို့ မောင်းပို့ပေးလို့ရပေမယ့် အရေးကြီးတာတခုက လီဖန်ဘယ်မှာနေထိုင်သည်ကို သူမသိပေ။
သူတို့တွေ ၂နှစ်လောက်ခင်လာကြပေမယ့် လီဖန်သည်သူ့အကြောင်းတခုမှ သူ့အားပြောပြခြင်းမရှိပေ။ သူ့နာမည်နှင့်Neige၏ဥက္ကဌဆိုတာကလွဲလို့ သူသိသည့်အရာ ဘာဆိုဘာမှကိုမရှိ။ ထိုကြောင့် ဒီလူငယ်လေး သူ့နှုတ်မှပြောလာသည်အထိကို သူစောင့်နေခြင်းဖြစ်သည်။
သူယုံကြည်ပါသည်။ ဒီလူငယ်လေးသည် တနေ့မှာတော့သူ့အပေါ်ပွင့်လင်းလာပီး သူ့ကိုအရာအားလုံးကိုပြောပြမည်ဟု။
ဒါကြောင့်ရွေးချယ်စရာဘာမှမရှိသော ထန်ရှိုးသည် သက်ပျင်းချလိုက်ပီး ကိုယ်ကိုအနည်းငယ်ကိုင်းကာ လူငယ်လေးကိုပွေ့ချီလိုက်ပီး ဘားထဲမှနေဖြေးဖြေးချင်းလျှောက်ထွက်လာသည်။
ခိုင်လ်အပါအဝင်သူ့နောက်လိုက်တွေအားလုံးသည် ထိုမြင်ကွင်းအားမြင်လိုက်ချိန်မှာတော့ မေးများကြမ်းထိကိုကျသွားခါနီးဖြစ်သွားသည်။ ထန်ရှိုးသည် လီဖန်အား မင်းသမီးကိုပွေ့ထားသလိုမျိုးပွေ့ထားသောကြောင့်ပင်။
ထိုအချိန်တခြားတဖက်တွင်တော့ Systemသည် သူ့cameraအား အဆက်မပျက်နှိပ်နေပီး လှိုက်လှိုက်လှဲလှဲကိုရယ်မောနေလေသည်။
သတ္တိရှိသည့်သက်တော်စောင့်တယောက်ကတော့ ရပ်နေရာမှထွက်လာပီး လီဖန်ကို သယ်ပေးဖို့လုပ်လိုက်ပေမယ့် သူ့အလုပ်ရှင်ဆီမှ အေးစက်သည့်အကြည့်ကိုသာ လက်ခံလိုက်ရသည်လေ။ ထို့ကြောင့် သူ့နဂိုနေရာသို့ချက်ချင်းပြန်ရောက်သွားပီး သူ့သူဌေးကိုတချက်ကလေးတောင်မှ မကြည့်ရဲတော့ပေ။
ခိုင်လ်ကတော့ ထိုသူ၏ပုခုံးအား အားပေးသည့်သဘောအဖြစ်ပုတ်ပေးလိုက်သည်။
~အရိပ်အကဲကို ဒီလောက်မှနားမလည်ရင် ဒီလိုဖြစ်မှပဲလေ~
နောက်တော့ သူသည် ထန်ရှိုးဖက်သို့ သူ့ခေါင်းကိုလှည့်လိုက်ပီး မေးလိုက်သည်။
“Boss ဘယ်ကိုပို့ပေးရမလဲဗျ?”
ထန်ရှိုးသည် သူ၏လက်ထောက်အားလှည့်ပင်မကြည့်ပဲ လမ်းကိုဆက်လျှောက်သွားကာ စကားလုံးအနည်းငယ်သာပြောလိုက်လေသည်။ “ငါ့တိုက်ခန်းကို”