"ရား...ရား...ေ႐ွာင္းက်န္႔ ထေတာ့! ေနဖင္ထိုးေနၿပီ ေဟ့ေကာင္! "
တစ္ကိုယ္လံုး လံုေနေအာင္ျခံဳထားတဲ့ ဂြမ္းေစာင္ႀကီးထဲ ဘယ္က ဘယ္လိုဝင္လာမွန္းမသိတဲ့ ေျခေထာက္တစ္ဖက္။
ေနာက္ၿပီး အဲ့ေျခေထာက္က ေ႐ွာင္းက်န္႔ရဲ႕ တင္ပါးကို ကန္ၿပီး ႏိႈးေနတာ။
ေ႐ွာင္းက်န္႔ စိတ္တုိတိုနဲ႔ ေခါင္းၿမီးျခံဳထားတဲ့ ေစာင္ကုိ ဝုန္းခနဲလွန္ပစ္လုိက္သည္။
"က်ိဳးက်ဳိ္ ့လုဟန္! ဘာလုိ႔ ေျခေထာက္နဲ႔ လာကန္ေနတာလဲလုိ႔?!! "
"မင္း ငါ လက္အားေနတာ ျမင္လား? "
ေ႐ွာင္းက်န္႔ေလ ဒီဦးေလးတစ္ေကာင္ကို ထျပီး လည္ပင္းညွစ္ပစ္ခ်င္မိတာ အရမ္းပဲ။ ေ႐ွာင္းက်န္႔ရဲ႕ ကုတင္ေဘးလာၿပီး အိပ္ေပ်ာ္ေနတဲ့သူကို ေျခေထာက္နဲ႔ လာႏိႈးသည္။ မအားတဲ့သူ ့လက္က ဘာလုပ္ေနလဲဆုိေတာ့ တစ္ဖက္က Zhu ကုိ ေပြ႔ထားၿပီး က်န္တစ္ဖက္က ႏို႔ဘူးတုိက္ေနျခင္းျဖစ္ေလ၏။
"သြား..သြား ျမန္ျမန္မ်က္ႏွာသစ္ၿပီး နံနက္စာျပင္ခ်ည္! "
အမေလး..ေစာေစာစီးစ္ီးႏိုးေနတဲ့ သူက လုပ္လိုက္မယ္မ႐ွိဘူး။ ညက သူ႔ေၾကာင့္ ေနာက္က်မွအိပ္ရတဲ့ ေ႐ွာင္းက်န္႔ကိုက် ေျခေထာက္နဲ႔လာႏိႈးၿပီး နံနက္စာျပင္ခိုင္းတယ္။ တဆိတ္ေလာက္ ဒီဦးေလးကို သူ႔ဘဲႀကီး ျမန္ျမန္ လာေခၚသြားေပးပါလား?
ေ႐ွာင္းက်န္႔ စူပုတ္ပုတ္နဲ႔ အိပ္ရာက ထရသည္။ ေရခ်ိဳးခန္းထဲတြင္ မ်က္ႏွာသစ္ရင္း မေန႔က အေၾကာင္းျပန္ေတြးမိသည္။
ဘဲနဲ႔ခရီးထြက္ရာက ျပန္ေရာက္လာတဲ့ ဦးေလးလုဟန္က ေရွာင္းက်န္႔ထင္သလို အိမ္ေ႐ွ႕က ဝမ္ရိေပၚနဲ႔ မိမိရဲ႕အျဖစ္ကို ျမင္သြားခဲ့တာ မဟုတ္ေနဘူး။
မေန႔ညက ... ...
"မင္း ၾကည့္စမ္း ေ႐ွာင္းက်န္႔!
ငါ့ Zhu ကို ၾကည့္လိုက္စမ္း!! "
ရင္ေတြတုန္ေန႐ွာတဲ့ ေ႐ွာင္းက်န္႔.. ဦးေလးလုဟန္ရဲ႕ ေနာက္ကေန လိမ္ဖယ္လိမ္ဖယ္ထြက္လာတဲ့ မီးခိုးေရာင္ေကာင္ကို မ်က္လံုးျပဴးကာၾကည့္ရသည္။ ဘာျဖစ္ေနလုိ႔မ်ားလဲ?
"အသက္ေတာင္ ယဲ့ယဲ့ပဲ ႐ွဴေတာ့တယ္
ငါထြက္သြားတုန္းကထက္ ေပါင္လည္းေတာ္ေတာ္က်သြားတယ္ မင္း သူ႔ကို ေသခ်ာ ဂ႐ုမစိုက္ဘူးမဟုတ္လား ေ႐ွာင္းက်န္႔!! "
ဒီေၾကာင္ ကိစၥဆုိေတာ့ ေ႐ွာင္းက်န္႔ မသိမသာေလး ခုိးၿပီး သက္ျပင္းခ်လိုက္သည္။
"မပိန္ပါဘူး က်ဳိးက်ဳိ့ရဲ႕
မျမင္တာ ၾကာလုိ႔ စိတ္ထင္တာေနမွာပါ "
"ငါ ေပါင္ခ်ိန္ေပးၿပီးၿပီ ေဟ့ေကာင္! "
တခါတည္း ေပါင္ခ်ိန္စက္ကိုပါ လက္ညႇိဳးထုိးျပလာေသာ ဦးေလးလုဟန္။
"Zhu က က်ဳိးက်ဳိ္ ့ ခရီးသြားကတည္းက လြမ္းနာက်ၿပီး ပိန္ေနတာ က်ိဳးက်ဳိ့ရဲ႕ ..ဒီေကာင္ သိပ္လည္း မစားဘူး "
ဦးေလးလုဟန္က သူ႔ရဲ႕ ဆင္ေျခ၊ ဆင္လက္ ၊ ဆင္နားရြက္ေတြကို မယံုဘူး။ မီးတဝင္းဝင္းေတာက္ေနတဲ့ မ်က္လံုးေတြနဲ႔ ၾကည့္ေနဆဲ။
ဟိုေကာင္ Zhu ကလည္း အထီးႀကီးတန္မဲ့ .. သည္းသည္းလႈပ္တဲ့ သူ႔အေဖေ႐ွ႕က် အခုပဲ အသက္ထြက္ေတာ့မလုိ ကဲျပေနလုိက္တာ။ လမ္းေလွ်ာက္တာေတာင္ အားျပတ္ေနသလို လိမ္တိန္ပိန္တိန္နဲ႔။
ေ႐ွာင္းက်န္႔ ႏွာေခါင္း႐ႈံ ့လိုက္သည္။ သူေၾကာင္ေမြးတဲ့အခါ မာယာမ်ားတဲ့ အထီးေတြ မေမြးေတာ့ဘူး။ ေျခေထာက္ပုစိေလးေတြ႐ွိတဲ့ ေၾကာင္မေလးေတြပဲ ေမြးမယ္။ ဟိုဘက္အိမ္က တ႐ုတ္မေလးဆုိ ဘယ္ေလာက္ခ်စ္စရာေကာင္းလုိက္သလဲ သူ႔အေဖအတုိင္းပဲ ။
ဟိုဘက္အိ္မ္က ေကာင္ကေလးအေၾကာင္း ေခါင္းထဲေရာက္လာေတာ့ ဆိုင္ကယ္ဦးထုပ္ႀကီး ရင္ခြင္ထဲ ထည့္ပိုက္ၿပီး ေ႐ွာင္းက်န္႔ မ်က္ႏွာႀကီးက မဖံုးႏိုင္ မဖိႏုိင္ ျပံဳးၿဖီးလာတယ္။
ဒါကို ျမင္ျဖစ္ေအာင္ျမင္တဲ့ ဦးေလးလုဟန္က နဂါးမ်က္ေစာင္းနဲ႔ ၾကည့္လာၿပီး
"အဲ့႐ုပ္က ဘာျဖစ္ေနတာလဲ?! "
"ဟင္? ဘာမွမျဖစ္ပါဘူး
က်ဳိးက်ဳိ့ ျပန္ေရာက္လာတာ ေပ်ာ္လုိ႔ "
"ဆိုင္ကယ္ဦးထုပ္က ဘယ္သူ႔ဟာႀကီးလဲ?
မင္း ဆိုင္ကယ္လည္းမစီးတတ္ပါဘူး "
"ေျသာ္..ဒါလား?..ဒါက.....
ေနပါဦး က်ဳိးက်ဳိ့ ဒီေန႔ျပန္လာမယ္ဆိုတာ ဘာလုိ႔ ဖုန္းႀကိဳမဆက္တာလဲ? "
စကားလမ္းေၾကာင္းလြဲတာ ေအာင္ျမင္သည္။ Zhu အတြက္ ႏုိ႔ဘူးထဲ အားေဆးေဖ်ာ္ထည့္ၿပီး တုိက္ဖုိ႔ျပင္ေနတဲ့ ဦးေလးလုဟန္က ဦးထုပ္ကိစၥေမ့ၿပီး သူေမးတာကိုျပန္ေျဖလာသည္။
" ငါ့အိမ္ငါျပန္လာတာ မင္းကို မျဖစ္မေန ဖုန္းဆက္ရဦးမွာလား?! "
"အဲ့လိုေတာ့ မဟုတ္ဘူးေလ
က်ဳိးက်ဳိ့ စားဖုိ႔ေသာက္ဖုိ႔ ခ်က္ထားဖုိ႔ေပါ့
အခုဆုိ ဘာမွစားစရာမ႐ွိဘူးေနာ္ "
"ငါလည္း မဆာပါဘူး
အျပင္မွာ Sehun နဲ႔ စားခဲ့ၿပီးသား "
" ေျသာ္....လက္ထပ္ဖုိ႔က ဘယ္ေတာ့လဲ?"
" ေနာက္ လ "
"ျမန္လွခ်ည္လား? "
"မင္းက ဒါကို ျမန္တယ္ေျပာေန..
ဟိုမွာ ငါ ဘယ္ေလာက္အံ့ျသခဲ့ရတယ္မွတ္လဲ? "
ထိုမွ အစခ်ီၿပီး မာမားႏွင့္ႀကီးႀကီးထံ လက္ထပ္စာခ်ဳပ္ခ်ၿပီး သူ႔ကို တစ္ခါတည္း ေတာင္းတဲ့အေၾကာင္း၊ မာမား ေခါင္းမၿငိမ့္မခ်င္း Sehun က ဘယ္လိုႀကိဳးစားတဲ့အေၾကာင္း၊ ႀကီးႀကီးက ဘယ္ေလာက္ သေဘာက်ေနတဲ့ အေၾကာင္း၊
ေနာက္ဆံုး မဂၤလာရက္သတ္မွတ္ၿပီးတာနဲ႔ ဘန္ေကာက္ထြက္ၿပီး ခ်က္ခ်င္း ဝတ္စံုသြားဝယ္တဲ့အေၾကာင္း.... စပလံု စိေနေအာင္ မရပ္မနား ထုိင္ေျပာတဲ့ ဦးေလးလုဟန္ေၾကာင့္ ေ႐ွာင္းက်န္႔အခုလုိ အိပ္ရာဝင္ေနာက္က်ခဲ့တာပါပဲ။
"ေ႐ွာင္းက်န္႔!! ဧည့္သည္ေရာက္ေနတယ္! "
လူက ေရခ်ိဳးခန္းထဲက အထြက္၊ ေလွ်ာ္ထားတဲ့ေခါင္းေတာင္ ေရေျပာင္ေအာင္ မသုတ္ရေသးဘူး။ စူးေနေအာင္ထြက္လာတဲ့ ဦးေလးလုဟန္ရဲ႕အသံေၾကာင့္ ေ႐ွာင္းက်န္႔ အိမ္ေ႐ွ႕ ဧည့္ခန္းကိုထြက္ခဲ့ရသည္။
အသိမိတ္ေဆြမ်ားမ်ားမ႐ွိတဲ့ ေ႐ွာင္းက်န္႔က ဘယ္က ဧည့္သၫ္လဲလုိ႔ေတြးေနတာ။ ဧည့္ခန္းကို ေရာက္မွပဲ ငုတ္တုတ္ထိုင္ေနတဲ့ ဝမ္ရိေပၚကိုျမင္ၿပီး ေျခလွမ္းေတြ တြန္႔သြားေတာ့သည္။
Zhu ကို ႏုိ႔ဘူးတုိက္ေနဆဲ ဦးေလးလုဟန္က ေ႐ွာင္းက်န္႔ နံေဘးကို ေရာက္လာၿပီး တုိးတုိးကပ္ေျပာသည္။
"သူက ဘာလဲ? အိမ္ကို ဘာလာလုပ္တာလဲ? "
ေ႐ွာင္းက်န္႔ မသိဘူး သေဘာေဆာင္ကာ ပခံုးတြန္႔ျပလုိက္သည္။ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ဆီသို႔ ေလွ်ာက္လာၿပီး သူ႔လက္ထဲက အထုပ္တစ္ထုပ္ကို လွမ္းေပးသည္။ ၾကည့္လိုက္ေတာ့ မေန႔ညက သူ႔ဆုိင္ကယ္ထဲမွာ ေ႐ွာင္းက်န္႔ ေမ့က်န္ေနခဲ့သည့္ ပြဲေစ်းမုန္႔ေကာက္စက္က အာလူးေၾကာ္ေတြ။
"ဒါေတြ က်န္ခဲ့လုိ႔ လာေပးတာ "
"ေျသာ္..အင္း..ဟုတ္သားပဲ
ေက်းဇူးေနာ္ ဝမ္ရိေပၚ မင္းျပန္လုိ႔ရၿပီ"
ေဘးကေန ဝါးစားမတတ္ စိုက္ၾကည့္ေနတဲ့ အလိုက္မသိတဲ့ ဦးေလးတစ္ေကာင္ေၾကာင့္ ေ႐ွာင္းက်န္႔မွာ ရိေပၚကို အားနာနာျဖင့္ ျပန္လႊတ္ရသည္။ ရိေပၚကလည္း အရိပ္အကဲကိုနားလည္ပါသည္။ ""ဆံပင္ေတြ ေျခာက္ေအာင္သုတ္ဦး"" တစ္ခြန္းကလြဲၿပီး တျခားဘာမွမေျပာဘဲ ျပန္ထြက္သြားေလသည္။
" အိုး..ငါတုိ႔ေလးေလး ဗိုက္ဆာေနၿပီမလား ..က်ေနာ္ အခုခ်က္ခ်င္း Breakfast ျပင္ေပးမယ္ေနာ္ .. သံုးမိနစ္ပဲေစာင့္ "
"ဘာမွ သံုးမိနစ္ေစာင့္ေတြ လာေျပာမေနနဲ႔
ငါ ေသခ်ာမွာထားတယ္
အဲ့ေကာင္ေလးနဲ႔ မေရာနဲ႔လုိ႔
အခုေတာ့ အိမ္အဝင္အထြက္ေတာင္ လုပ္ေနၿပီေပါ့ေလ မင္းငါ့စကား သိပ္နားေထာင္ပါလား ေ႐ွာင္းက်န္႔! "
"သူက မုန္႔လာေပးတာေလ ျမင္ရဲ႕သားနဲ႔ "
"ျမင္လုိ႔ေျပာေနတာေပါ့!
အဲ့ဒီမုန္႔ေတြက ဘယ္မွာက်န္ေနခဲ့လုိ႔ သူက လာေပးရတာလဲ?! "
ပြဲေစ်းအတူလည္တဲ့အေၾကာင္းပါသိရင္ က်ဳိးက်ဳိ့လုဟန္ ေသြးတုိးႏုိင္သည္မုိ႔ ေ႐ွာင္းက်န္႔က စကားလမ္းေၾကာင္းထပ္လႊဲျပန္သည္။
" Zhu ဗိုက္ဆာေနၿပီထင္တယ္
က်ဳိးက်ဳိ့က ႏို႔ဘူးခ်ည္းပဲ တုိက္ေနတယ္
ေပးေပး "
လုဟန္လက္ထဲက စိမ္ေျပနေျပ ႏုိ႔ဘူးစို႔ေနတဲ့ Zhu ကို ဆြဲေပြ႔ၿပီး မီးဖုိခန္းထဲ ေျပးဝင္လုိက္တယ္။ ေၾကာင္စာေတြ အလွ်ံအပယ္ ခ်ေကြၽးေနေပမယ့္ Zhu က မ်က္ႏွာငယ္ေလးနဲ႔ ႏုိ႔ဘူးကို လွမ္းၾကည့္ေနဆဲ။
အရသာ႐ွိတဲ့ ငါ့အေဖႏုိ႔ေလး .. ဟင့္။
"စားစား..ငါ့ေကာင္ႀကီး ဝလာေအာင္ မ်ားမ်ားစား.."
Zhu နဲ႔ အလုပ္ေတြ႐ႈပ္ျပၿပီး ေ႐ွာင္းက်န္႔က ဦးေလးလုဟန္ကို ေ႐ွာင္ေပမယ့္ ေနာက္က လုိက္လာတဲ့ လုဟန္က ေျပာသည္။
" ငါ ထပ္ သတိေပးမယ္ေနာ္
မင္း အဲ့ေကာင္ေလးနဲ႔ မေပါင္းနဲ႔
ငါ သူ႔ကိုၾကည့္လုိ႔ရတာ မဟုတ္ဘူး "
"ဘာလုိ႔ၾကည့္မရျဖစ္ေနတာလဲ က်ဳိးက်ဳိ့? ဟုိေကာင္ေလးကျဖင့္ သူ႔ဘာသာေလး ေနတာကို ဒီအတိုင္း အေျပာအဆု္ိ နည္းနည္း မတတ္တာေလးရယ္၊ ေအးစက္စက္ ခပ္ေခ်ေခ်ေနတာေလးရယ္ပဲ ႐ွိ႐ွာတာ၊ ေခ်တယ္ဆုိတာကလည္း က်ိဳးက်ဳိ ့ရဲ႕ဘဲႀကီး ေျခဖ်ားေတာင္ မမွီပါဘူး "
"ဘာ ဘာ? မင္းအခု သူ႔ဘက္ကေနၿပီး ငါ့ကိုျပန္ေျပာေနတာလား ေ႐ွာင္ေ႐ွာင္းက်န္႔!! "
"က်ေနာ္က အမွန္ေျပာတာကို "
"မင္းတုိ႔က အဲ့ေလာက္ေတာင္ရင္းႏွီးေနတယ္ေပါ့ေလ..အဲ့ေကာင္ေလးကို ကာကြယ္ေျပာရတဲ့ထိ မင္းက သူ႔အေၾကာင္းေတြ သိေနတယ္ေပါ့ေလ..ေျပာစမ္းပါဦး..မင္းတုိ႔ႏွစ္ေကာင္ ႐ိုးေရာ ႐ိုးေသးရဲ႕လား?! "
"႐ိုး..႐ိုးပါတယ္ က်ဳိးက်ဳိ့ရဲ႕...သူ႔အေၾကာင္းေတြသိတယ္ဆုိတာ က်ေနာ္က သူ႔ဆရာကုိးလုိ႔..ကိုယ့္တပည့္အေၾကာင္း ကိုယ္သိတာေပါ့ "
နံနက္စာျပင္ရင္း ျပန္ေျဖေသာ ေ႐ွာင္းက်န္႔က လုဟန္ကိုေက်ာေပးထားလ်က္။ ဦးေလးလုဟန္ ရိပ္မိသြားမလားဆုိၿပီး ရင္ေတြကလည္း တုန္ေနေသး။
"ေအး..မ႐ိုးလုိ႔လည္းမရဘူး
ငါ မင္းကို တျခားဘယ္သူနဲ႔မဆုိ သေဘာတူေပမယ့္ အဲ့ေကာင္ေလးနဲ႔ေတာ့ လံုးဝပဲ "
ဟင့္။ ေ႐ွာင္းက်န္႔က အဲ့ေကာင္ေလးကိုပဲ သေဘာက်တာကို။
"ေနာက္ဆုိ အိမ္ကိုလည္း အဝင္အထြက္မလုပ္ေစနဲ႔ "
ရတယ္။ဒီအိမ္ကို မလာေစရဘူး။ ေ႐ွာင္းက်န္႔ပဲ သူ႔အိမ္သြားမယ္...အဟစ္။
"ဆရာတပည့္ဆုိလည္း ဆရာတပည့္လုိေန
ခပ္တန္းတန္း ခပ္မာမာဆက္ဆံ ၾကားလား? "
ဒီဦးေလးနဲ႔ေတာ့ ခက္ၿပီ။ သူ ့မဂၤလာရက္က ဘာလုိ႔ နက္ဖန္ မျဖစ္ရတာလဲ? ျမန္ျမန္ယူၿပီး ျမန္ျမန္ဒုိးမွေအးမယ္ေလ။
"က်ဳိးက်ဳိ့ လက္ထပ္ၿပီးရင္ ဘဲႀကီး အိမ္မွာ သြားေနမွာမလား? "
"ဘာလုိ႔ေမးတာလဲ? "
"မဟုတ္ပါဘူး ဒီအတုိင္း ဘယ္မွာေနမွာလဲ သိခ်င္လုိ႔ "
"သူ႔အိမ္မွာလည္း ေနမွာ၊ ဒီအိမ္မွာလည္း ေနမွာ "
" ဘယ္လုိၿကီးလဲ? ေျပာျပ္ီးသားေနာ္
က်ဳိးက်ဳိ့တုိ႔ ဒီလူပ်ိဳေလး႐ွိတဲ့အိမ္မွာ မဟုတ္က ဟုတ္ကေတြ ႐ုတ္႐ုတ္ ႐ုတ္႐ုတ္ေတြ လာမလုပ္နဲ႔...ေကာင္းေကာင္းမြန္မြန္ မေနႏိုင္ရင္ ဒီအိမ္ကထြက္ "
ေ႐ွာင္းက်န္႔ ေနာက္ကေန ေခါင္းကို ေယာင္းမနဲ႔ အေခါက္ခံလိုက္ရသည္။
"အား...နာတယ္ဗ် "
"ဒါ ငါ့အိမ္ေလ...ေနခ်င္ေနမွာပဲ
မင္းကို စ္ိတ္မခ်လုိ႔ကို လာေနဦးမွာ"
"စိတ္မခ်ရေအာင္ သူ႔သမီးေလးက်ေနတာပဲ "
" ေအး သမီးမိန္းကေလး မဟုတ္လည္း ဒီေခတ္ႀကီးက စိတ္မခ်ရဘူး..အထူးသျဖင့္ ဟုိဘက္အိမ္က ေကာင္ေလးန႔ဲဆု္ိ ပိုစိတ္မခ်ဘူး ႐ွင္းလား? "
ေ႐ွာင္းက်န္႔ မ်က္ႏွာေလး ေႏြးသြားျပန္သည္။ စိတ္ထဲကလည္း ဟိုဘက္အိမ္က ေကာင္ေလးက ဘာမွျဖင့္ မလုပ္ရေသးပါဘူးလုိ႔ ရြတ္ရင္း။ ၿဖီးခ်င္ေနတဲ့မ်က္ႏွာပိုးကို က်ိဳးက်ဳိ့မျမင္ခင္ အျမန္သတ္ရသည္။ မဟုတ္လွ်င္ ရစ္ေနတာ ၿပီးေတာ့မွာမဟုတ္။
"နံနက္စာ ျမန္ျမန္ျပင္!! ငါ ဗုိက္ဆာေနၿပီ! "
မီးဖိုေခ်ာင္ကေန ထြက္သြားၿပီထင္ေလာက္ေပမယ့္ ေ႐ွာင္းက်န္႔ ေနာက္တစ္ႀကိမ္ ေခါင္းကို ေယာင္းမျဖင့္ အေခါက္ခံလိုက္ရသည္။
" အား! က်ဳိးက်ဳိ ့...ဘာလုိ႔ထပ္ေခါက္တာလဲ?!! "
"Sehun က ေခ်တာမဟုတ္ဘူး! အေနေအးတာ..တည္ၿငိမ္တာ..လူႀကီးဆန္တာ ! Hump! မင္းရဲ႕ တပည့္ ဟုိ တ႐ုတ္မ အေဖနဲ႔ လာမယွဥ္နဲ႔ သူမ်ားခင္ပြန္းေလာင္းကို ◑_◑ "
ေျသာ္..သူ႔လူက်..
အင္းပါ..သိပ္ကိုတရားက်။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
A/N:
က်ေနာ့္ရဲ႕ ေဘာင္မမွီ တန္းမမွီ ဟိုမေရာက္ သည္ မေရာက္ ေပါ့ပ်က္ပ်က္ fic ကေလးကို ေစာင့္ေမွ်ာ္ဖတ္႐ႈေပးၾကလုိ႔ ေက်းဇူးပါေနာ္
Unicode
"ရား...ရား...ရှောင်းကျန့် ထတော့! နေဖင်ထိုးနေပြီ ဟေ့ကောင်! "
တစ်ကိုယ်လုံး လုံနေအောင်ခြုံထားတဲ့ ဂွမ်းစောင်ကြီးထဲ ဘယ်က ဘယ်လိုဝင်လာမှန်းမသိတဲ့ ခြေထောက်တစ်ဖက်။
နောက်ပြီး အဲ့ခြေထောက်က ရှောင်းကျန့်ရဲ့ တင်ပါးကို ကန်ပြီး နှိုးနေတာ။
ရှောင်းကျန့် စိတ်တိုတိုနဲ့ ခေါင်းမြီးခြုံထားတဲ့ စောင်ကို ဝုန်းခနဲလှန်ပစ်လိုက်သည်။
"ကျိုးကျို့လုဟန်! ဘာလို့ ခြေထောက်နဲ့ လာကန်နေတာလဲလို့?!! "
"မင်း ငါ လက်အားနေတာ မြင်လား? "
ရှောင်းကျန့်လေ ဒီဦးလေးတစ်ကောင်ကို ထပြီး လည်ပင်းညှစ်ပစ်ချင်မိတာ အရမ်းပဲ။ ရှောင်းကျန့်ရဲ့ ကုတင်ဘေးလာပြီး အိပ်ပျော်နေတဲ့သူကို ခြေထောက်နဲ့ လာနှိုးသည်။ မအားတဲ့သူ့လက်က ဘာလုပ်နေလဲဆိုတော့ တစ်ဖက်က Zhu ကို ပွေ့ထားပြီး ကျန်တစ်ဖက်က နို့ဘူးတိုက်နေခြင်းဖြစ်လေ၏။
"သွား..သွား မြန်မြန်မျက်နှာသစ်ပြီး နံနက်စာပြင်ချည်! "
အမလေး..စောစောစီးစ်ီးနိုးနေတဲ့ သူက လုပ်လိုက်မယ်မရှိဘူး။ ညက သူ့ကြောင့် နောက်ကျမှအိပ်ရတဲ့ ရှောင်းကျန့်ကိုကျ ခြေထောက်နဲ့လာနှိုးပြီး နံနက်စာပြင်ခိုင်းတယ်။ တဆိတ်လောက် ဒီဦးလေးကို သူ့ဘဲကြီး မြန်မြန် လာခေါ်သွားပေးပါလား?
ရှောင်းကျန့် စူပုတ်ပုတ်နဲ့ အိပ်ရာက ထရသည်။ ရေချိုးခန်းထဲတွင် မျက်နှာသစ်ရင်း မနေ့က အကြောင်းပြန်တွေးမိသည်။
ဘဲနဲ့ခရီးထွက်ရာက ပြန်ရောက်လာတဲ့ ဦးလေးလုဟန်က ရှောင်းကျန့်ထင်သလို အိမ်ရှေ့က ဝမ်ရိပေါ်နဲ့ မိမိရဲ့အဖြစ်ကို မြင်သွားခဲ့တာ မဟုတ်နေဘူး။
မနေ့ညက ... ...
"မင်း ကြည့်စမ်း ရှောင်းကျန့်!
ငါ့ Zhu ကို ကြည့်လိုက်စမ်း!! "
ရင်တွေတုန်နေရှာတဲ့ ရှောင်းကျန့်.. ဦးလေးလုဟန်ရဲ့ နောက်ကနေ လိမ်ဖယ်လိမ်ဖယ်ထွက်လာတဲ့ မီးခိုးရောင်ကောင်ကို မျက်လုံးပြူးကာကြည့်ရသည်။ ဘာဖြစ်နေလို့များလဲ?
"အသက်တောင် ယဲ့ယဲ့ပဲ ရှူတော့တယ်
ငါထွက်သွားတုန်းကထက် ပေါင်လည်းတော်တော်ကျသွားတယ် မင်း သူ့ကို သေချာ ဂရုမစိုက်ဘူးမဟုတ်လား ရှောင်းကျန့်!! "
ဒီကြောင် ကိစ္စဆိုတော့ ရှောင်းကျန့် မသိမသာလေး ခိုးပြီး သက်ပြင်းချလိုက်သည်။
"မပိန်ပါဘူး ကျိုးကျို့ရဲ့
မမြင်တာ ကြာလို့ စိတ်ထင်တာနေမှာပါ "
"ငါ ပေါင်ချိန်ပေးပြီးပြီ ဟေ့ကောင်! "
တခါတည်း ပေါင်ချိန်စက်ကိုပါ လက်ညှိုးထိုးပြလာသော ဦးလေးလုဟန်။
"Zhu က ကျိုးကျို့ ခရီးသွားကတည်းက လွမ်းနာကျပြီး ပိန်နေတာ ကျိုးကျို့ရဲ့ ..ဒီကောင် သိပ်လည်း မစားဘူး "
ဦးလေးလုဟန်က သူ့ရဲ့ ဆင်ခြေ၊ ဆင်လက် ၊ ဆင်နားရွက်တွေကို မယုံဘူး။ မီးတဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေဆဲ။
ဟိုကောင် Zhu ကလည်း အထီးကြီးတန်မဲ့ .. သည်းသည်းလှုပ်တဲ့ သူ့အဖေရှေ့ကျ အခုပဲ အသက်ထွက်တော့မလို ကဲပြနေလိုက်တာ။ လမ်းလျှောက်တာတောင် အားပြတ်နေသလို လိမ်တိန်ပိန်တိန်နဲ့။
ရှောင်းကျန့် နှာခေါင်းရှုံ့လိုက်သည်။ သူကြောင်မွေးတဲ့အခါ မာယာများတဲ့ အထီးတွေ မမွေးတော့ဘူး။ ခြေထောက်ပုစိလေးတွေရှိတဲ့ ကြောင်မလေးတွေပဲ မွေးမယ်။ ဟိုဘက်အိမ်က တရုတ်မလေးဆို ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ သူ့အဖေအတိုင်းပဲ ။
ဟိုဘက်အိမ်က ကောင်ကလေးအကြောင်း ခေါင်းထဲရောက်လာတော့ ဆိုင်ကယ်ဦးထုပ်ကြီး ရင်ခွင်ထဲ ထည့်ပိုက်ပြီး ရှောင်းကျန့် မျက်နှာကြီးက မဖုံးနိုင် မဖိနိုင် ပြုံးဖြီးလာတယ်။
ဒါကို မြင်ဖြစ်အောင်မြင်တဲ့ ဦးလေးလုဟန်က နဂါးမျက်စောင်းနဲ့ ကြည့်လာပြီး
"အဲ့ရုပ်က ဘာဖြစ်နေတာလဲ?! "
"ဟင်? ဘာမှမဖြစ်ပါဘူး
ကျိုးကျို့ ပြန်ရောက်လာတာ ပျော်လို့ "
"ဆိုင်ကယ်ဦးထုပ်က ဘယ်သူ့ဟာကြီးလဲ?
မင်း ဆိုင်ကယ်လည်းမစီးတတ်ပါဘူး "
"သြော်..ဒါလား?..ဒါက.....
နေပါဦး ကျိုးကျို့ ဒီနေ့ပြန်လာမယ်ဆိုတာ ဘာလို့ ဖုန်းကြိုမဆက်တာလဲ? "
စကားလမ်းကြောင်းလွဲတာ အောင်မြင်သည်။ Zhu အတွက် နို့ဘူးထဲ အားဆေးဖျော်ထည့်ပြီး တိုက်ဖို့ပြင်နေတဲ့ ဦးလေးလုဟန်က ဦးထုပ်ကိစ္စမေ့ပြီး သူမေးတာကိုပြန်ဖြေလာသည်။
" ငါ့အိမ်ငါပြန်လာတာ မင်းကို မဖြစ်မနေ ဖုန်းဆက်ရဦးမှာလား?! "
"အဲ့လိုတော့ မဟုတ်ဘူးလေ
ကျိုးကျို့ စားဖို့သောက်ဖို့ ချက်ထားဖို့ပေါ့
အခုဆို ဘာမှစားစရာမရှိဘူးနော် "
"ငါလည်း မဆာပါဘူး
အပြင်မှာ Sehun နဲ့ စားခဲ့ပြီးသား "
" သြော်....လက်ထပ်ဖို့က ဘယ်တော့လဲ?"
" နောက် လ "
"မြန်လှချည်လား? "
"မင်းက ဒါကို မြန်တယ်ပြောနေ..
ဟိုမှာ ငါ ဘယ်လောက်အံ့သြခဲ့ရတယ်မှတ်လဲ? "
ထိုမှ အစချီပြီး မာမားနှင့်ကြီးကြီးထံ လက်ထပ်စာချုပ်ချပြီး သူ့ကို တစ်ခါတည်း တောင်းတဲ့အကြောင်း၊ မာမား ခေါင်းမငြိမ့်မချင်း Sehun က ဘယ်လိုကြိုးစားတဲ့အကြောင်း၊ ကြီးကြီးက ဘယ်လောက် သဘောကျနေတဲ့ အကြောင်း၊
နောက်ဆုံး မင်္ဂလာရက်သတ်မှတ်ပြီးတာနဲ့ ဘန်ကောက်ထွက်ပြီး ချက်ချင်း ဝတ်စုံသွားဝယ်တဲ့အကြောင်း.... စပလုံ စိနေအောင် မရပ်မနား ထိုင်ပြောတဲ့ ဦးလေးလုဟန်ကြောင့် ရှောင်းကျန့်အခုလို အိပ်ရာဝင်နောက်ကျခဲ့တာပါပဲ။
"ရှောင်းကျန့်!! ဧည့်သည်ရောက်နေတယ်! "
လူက ရေချိုးခန်းထဲက အထွက်၊ လျှော်ထားတဲ့ခေါင်းတောင် ရေပြောင်အောင် မသုတ်ရသေးဘူး။ စူးနေအောင်ထွက်လာတဲ့ ဦးလေးလုဟန်ရဲ့အသံကြောင့် ရှောင်းကျန့် အိမ်ရှေ့ ဧည့်ခန်းကိုထွက်ခဲ့ရသည်။
အသိမိတ်ဆွေများများမရှိတဲ့ ရှောင်းကျန့်က ဘယ်က ဧည့်သည်လဲလို့တွေးနေတာ။ ဧည့်ခန်းကို ရောက်မှပဲ ငုတ်တုတ်ထိုင်နေတဲ့ ဝမ်ရိပေါ်ကိုမြင်ပြီး ခြေလှမ်းတွေ တွန့်သွားတော့သည်။
Zhu ကို နို့ဘူးတိုက်နေဆဲ ဦးလေးလုဟန်က ရှောင်းကျန့် နံဘေးကို ရောက်လာပြီး တိုးတိုးကပ်ပြောသည်။
"သူက ဘာလဲ? အိမ်ကို ဘာလာလုပ်တာလဲ? "
ရှောင်းကျန့် မသိဘူး သဘောဆောင်ကာ ပခုံးတွန့်ပြလိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ဆီသို့ လျှောက်လာပြီး သူ့လက်ထဲက အထုပ်တစ်ထုပ်ကို လှမ်းပေးသည်။ ကြည့်လိုက်တော့ မနေ့ညက သူ့ဆိုင်ကယ်ထဲမှာ ရှောင်းကျန့် မေ့ကျန်နေခဲ့သည့် ပွဲဈေးမုန့်ကောက်စက်က အာလူးကြော်တွေ။
"ဒါတွေ ကျန်ခဲ့လို့ လာပေးတာ "
"သြော်..အင်း..ဟုတ်သားပဲ
ကျေးဇူးနော် ဝမ်ရိပေါ် မင်းပြန်လို့ရပြီ"
ဘေးကနေ ဝါးစားမတတ် စိုက်ကြည့်နေတဲ့ အလိုက်မသိတဲ့ ဦးလေးတစ်ကောင်ကြောင့် ရှောင်းကျန့်မှာ ရိပေါ်ကို အားနာနာဖြင့် ပြန်လွှတ်ရသည်။ ရိပေါ်ကလည်း အရိပ်အကဲကိုနားလည်ပါသည်။ ""ဆံပင်တွေ ခြောက်အောင်သုတ်ဦး"" တစ်ခွန်းကလွဲပြီး တခြားဘာမှမပြောဘဲ ပြန်ထွက်သွားလေသည်။
" အိုး..ငါတို့လေးလေး ဗိုက်ဆာနေပြီမလား ..ကျနော် အခုချက်ချင်း Breakfast ပြင်ပေးမယ်နော် .. သုံးမိနစ်ပဲစောင့် "
"ဘာမှ သုံးမိနစ်စောင့်တွေ လာပြောမနေနဲ့
ငါ သေချာမှာထားတယ်
အဲ့ကောင်လေးနဲ့ မရောနဲ့လို့
အခုတော့ အိမ်အဝင်အထွက်တောင် လုပ်နေပြီပေါ့လေ မင်းငါ့စကား သိပ်နားထောင်ပါလား ရှောင်းကျန့်! "
"သူက မုန့်လာပေးတာလေ မြင်ရဲ့သားနဲ့ "
"မြင်လို့ပြောနေတာပေါ့!
အဲ့ဒီမုန့်တွေက ဘယ်မှာကျန်နေခဲ့လို့ သူက လာပေးရတာလဲ?! "
ပွဲဈေးအတူလည်တဲ့အကြောင်းပါသိရင် ကျိုးကျို့လုဟန် သွေးတိုးနိုင်သည်မို့ ရှောင်းကျန့်က စကားလမ်းကြောင်းထပ်လွှဲပြန်သည်။
" Zhu ဗိုက်ဆာနေပြီထင်တယ်
ကျိုးကျို့က နို့ဘူးချည်းပဲ တိုက်နေတယ်
ပေးပေး "
လုဟန်လက်ထဲက စိမ်ပြေနပြေ နို့ဘူးစို့နေတဲ့ Zhu ကို ဆွဲပွေ့ပြီး မီးဖိုခန်းထဲ ပြေးဝင်လိုက်တယ်။ ကြောင်စာတွေ အလျှံအပယ် ချကျွေးနေပေမယ့် Zhu က မျက်နှာငယ်လေးနဲ့ နို့ဘူးကို လှမ်းကြည့်နေဆဲ။
အရသာရှိတဲ့ ငါ့အဖေနို့လေး .. ဟင့်။
"စားစား..ငါ့ကောင်ကြီး ဝလာအောင် များများစား.."
Zhu နဲ့ အလုပ်တွေရှုပ်ပြပြီး ရှောင်းကျန့်က ဦးလေးလုဟန်ကို ရှောင်ပေမယ့် နောက်က လိုက်လာတဲ့ လုဟန်က ပြောသည်။
" ငါ ထပ် သတိပေးမယ်နော်
မင်း အဲ့ကောင်လေးနဲ့ မပေါင်းနဲ့
ငါ သူ့ကိုကြည့်လို့ရတာ မဟုတ်ဘူး "
"ဘာလို့ကြည့်မရဖြစ်နေတာလဲ ကျိုးကျို့? ဟိုကောင်လေးကဖြင့် သူ့ဘာသာလေး နေတာကို ဒီအတိုင်း အပြောအဆို နည်းနည်း မတတ်တာလေးရယ်၊ အေးစက်စက် ခပ်ချေချေနေတာလေးရယ်ပဲ ရှိရှာတာ၊ ချေတယ်ဆိုတာကလည်း ကျိုးကျို့ရဲ့ဘဲကြီး ခြေဖျားတောင် မမှီပါဘူး "
"ဘာ ဘာ? မင်းအခု သူ့ဘက်ကနေပြီး ငါ့ကိုပြန်ပြောနေတာလား ရှောင်ရှောင်းကျန့်!! "
"ကျနော်က အမှန်ပြောတာကို "
"မင်းတို့က အဲ့လောက်တောင်ရင်းနှီးနေတယ်ပေါ့လေ..အဲ့ကောင်လေးကို ကာကွယ်ပြောရတဲ့ထိ မင်းက သူ့အကြောင်းတွေ သိနေတယ်ပေါ့လေ..ပြောစမ်းပါဦး..မင်းတို့နှစ်ကောင် ရိုးရော ရိုးသေးရဲ့လား?! "
"ရိုး..ရိုးပါတယ် ကျိုးကျို့ရဲ့...သူ့အကြောင်းတွေသိတယ်ဆိုတာ ကျနော်က သူ့ဆရာကိုးလို့..ကိုယ့်တပည့်အကြောင်း ကိုယ်သိတာပေါ့ "
နံနက်စာပြင်ရင်း ပြန်ဖြေသော ရှောင်းကျန့်က လုဟန်ကိုကျောပေးထားလျက်။ ဦးလေးလုဟန် ရိပ်မိသွားမလားဆိုပြီး ရင်တွေကလည်း တုန်နေသေး။
"အေး..မရိုးလို့လည်းမရဘူး
ငါ မင်းကို တခြားဘယ်သူနဲ့မဆို သဘောတူပေမယ့် အဲ့ကောင်လေးနဲ့တော့ လုံးဝပဲ "
ဟင့်။ ရှောင်းကျန့်က အဲ့ကောင်လေးကိုပဲ သဘောကျတာကို။
"နောက်ဆို အိမ်ကိုလည်း အဝင်အထွက်မလုပ်စေနဲ့ "
ရတယ်။ဒီအိမ်ကို မလာစေရဘူး။ ရှောင်းကျန့်ပဲ သူ့အိမ်သွားမယ်...အဟစ်။
"ဆရာတပည့်ဆိုလည်း ဆရာတပည့်လိုနေ
ခပ်တန်းတန်း ခပ်မာမာဆက်ဆံ ကြားလား? "
ဒီဦးလေးနဲ့တော့ ခက်ပြီ။ သူ့မင်္ဂလာရက်က ဘာလို့ နက်ဖန် မဖြစ်ရတာလဲ? မြန်မြန်ယူပြီး မြန်မြန်ဒိုးမှအေးမယ်လေ။
"ကျိုးကျို့ လက်ထပ်ပြီးရင် ဘဲကြီး အိမ်မှာ သွားနေမှာမလား? "
"ဘာလို့မေးတာလဲ? "
"မဟုတ်ပါဘူး ဒီအတိုင်း ဘယ်မှာနေမှာလဲ သိချင်လို့ "
"သူ့အိမ်မှာလည်း နေမှာ၊ ဒီအိမ်မှာလည်း နေမှာ "
" ဘယ်လိုကြီးလဲ? ပြောြပ်ီးသားနော်
ကျိုးကျို့တို့ ဒီလူပျိုလေးရှိတဲ့အိမ်မှာ မဟုတ်က ဟုတ်ကတွေ ရုတ်ရုတ် ရုတ်ရုတ်တွေ လာမလုပ်နဲ့...ကောင်းကောင်းမွန်မွန် မနေနိုင်ရင် ဒီအိမ်ကထွက် "
ရှောင်းကျန့် နောက်ကနေ ခေါင်းကို ယောင်းမနဲ့ အခေါက်ခံလိုက်ရသည်။
"အား...နာတယ်ဗျ "
"ဒါ ငါ့အိမ်လေ...နေချင်နေမှာပဲ
မင်းကို စိတ်မချလို့ကို လာနေဦးမှာ"
"စိတ်မချရအောင် သူ့သမီးလေးကျနေတာပဲ "
" အေး သမီးမိန်းကလေး မဟုတ်လည်း ဒီခေတ်ကြီးက စိတ်မချရဘူး..အထူးသဖြင့် ဟိုဘက်အိမ်က ကောင်လေးနဲ့ဆို ပိုစိတ်မချဘူး ရှင်းလား? "
ရှောင်းကျန့် မျက်နှာလေး နွေးသွားပြန်သည်။ စိတ်ထဲကလည်း ဟိုဘက်အိမ်က ကောင်လေးက ဘာမှဖြင့် မလုပ်ရသေးပါဘူးလို့ ရွတ်ရင်း။ ဖြီးချင်နေတဲ့မျက်နှာပိုးကို ကျိုးကျို့မမြင်ခင် အမြန်သတ်ရသည်။ မဟုတ်လျှင် ရစ်နေတာ ပြီးတော့မှာမဟုတ်။
"နံနက်စာ မြန်မြန်ပြင်!! ငါ ဗိုက်ဆာနေပြီ! "
မီးဖိုချောင်ကနေ ထွက်သွားပြီထင်လောက်ပေမယ့် ရှောင်းကျန့် နောက်တစ်ကြိမ် ခေါင်းကို ယောင်းမဖြင့် အခေါက်ခံလိုက်ရသည်။
" အား! ကျိုးကျို့...ဘာလို့ထပ်ခေါက်တာလဲ?!! "
"Sehun က ချေတာမဟုတ်ဘူး! အနေအေးတာ..တည်ငြိမ်တာ..လူကြီးဆန်တာ ! Hump! မင်းရဲ့ တပည့် ဟို တရုတ်မ အဖေနဲ့ လာမယှဉ်နဲ့ သူများခင်ပွန်းလောင်းကို ◑_◑ "
သြော်..သူ့လူကျ..
အင်းပါ..သိပ်ကိုတရားကျ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
A/N:
ကျနော့်ရဲ့ ဘောင်မမှီ တန်းမမှီ ဟိုမရောက် သည် မရောက် ပေါ့ပျက်ပျက် fic ကလေးကို စောင့်မျှော်ဖတ်ရှုပေးကြလို့ ကျေးဇူးပါနော်