"အရံဇာတ်ကောင်တဖန်ပြန်လည်ရှင်သ...
By crystalmoonlit
499K 47.3K 1.3K
Credit goes to amazing author Blackdia and picture is not mine(credit pintrest). Systemနဲ့ဖတ်ရတာကြိုက်သူတွေအတ... More
Description
Prologue
ARC 1.1
ARC 1.3
ARC 1.4
ARC 1.5
ARC 1.6
ARC 1.7
ARC 1.8
ARC 1.9
ARC 1.10
ARC 1.11
ARC 1.12
ARC 1.13
ARC 1.14
ARC 1.15
ARC 2.1
ARC 2.2
ARC 2.3
ARC 2.4
ARC 2.5
ARC 2.6
ARC 2.7
ARC 2.8
ARC 2.9
ARC 2.10
ARC 2.11
ARC 2.12
ARC 2.13
ARC 2.14
ARC 2.15
ARC 2.16
ARC 2.17
ARC 2.18
ARC 2.19
ARC 2.20
ARC 2.21
ARC 2.22
ARC 2.23
ARC 2.24
ARC 2.25
ARC 3.1
ARC 3.2
ARC 3.3
ARC 3.3 Part 2
ARC 3.4
ARC 1.2
12.7K 1.1K 13
By crystalmoonlit
{ဒီအပိုင်းကနေစပီး လီဖန်ကို သူမလို့သုံးမယ့်အစား သူလို့ပဲသုံးပါတော့မယ်နော်}
အဲ့ချိန်မှာပဲ လီဖန်က လျှာကိုခေါက်လိုက်ပီး စိတ်တိုတိုနဲ့ပြောလိုက်တယ်
“ကျစ်! အနည်းဆုံးတော့ သွေးထွက်သံယိုကိစ္စတွေဘာတွေဖြစ်ဦးမှပေါ့ ဒါမှ ငါ့ဒေါသတွေအတွက် ပုံချစရာနေရာရှိမှာပေါ့ဟ”
ဘယ်လိုဖြစ်နေပါစေ လီဖန်က သူ့ပုံရိပ်ကိုပြုပြင်ဖို့စိတ်ကူးမရှိပဲ အိပ်ရာကနေထပီး ရေချိုးခန်းဆီသို့သာလျှောက်သွားလိုက်လေတယ်။
လီဖန်က သူ့မေးကိုစိတ်ဝင်တစားနဲ့ပွတ်သပ်လိုက်တယ်။
မူလရှီဟန် “………”
ဒီကောင်လေးသာ အဓိကဇာတ်ဆောင်ကို ဒီလိုပုံစံနဲ့သာသွားတွေ့ကတော့ တကယ့်ကို ကိုရုပ်ဆိုး ဖြစ်နေတော့မှာပဲ။
ဒါကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အတွက် လီဖန်ကSystemကိုမြန်မြန်လေးခေါ်လိုက်တယ်။
လီဖန်က မျက်ခုံးလေးကိုပင့်လိုက်ပီး လှောင်ရယ်တဲ့အသံနဲ့ပြန်မေးလိုက်တယ်
လီဖန်က ပုခုံးကိုတွန့်လိုက်ကာ ဖုန်းကိုထုတ်လိုက်ပီး အချက်အလက်တွေကိုသာကြည့်နေလိုက်သည်။
ပြုပြင်ရေးလုပ်ငန်းပီးသွားချိန်မှာတော့ အများအမြင်မှာ စိတ်ဝင်စားစရာမကောင်းတဲ့ထုံထိုင်းထိုင်းရုပ်အဖြစ် ​ပြောင်းသွားတော့သည်။ စောစောက ဘယ်အရာကိုမဆိုညှိ့ငင်နိုင်တဲ့မျက်နှာလေးက တကယ်မရှိခဲ့သလိုမျိုး အခြေအနေကဖြစ်သွားတော့သည်။
“လာပီ!”
“ဘယ်သူလဲမသိဘူးခင်ဗျ”
“ခနလေး! ခင်များပြောတာ အတော်ဆုံးတတိယမိသားစုဖြစ်တဲ့ ဆုအုပ်စုကိုပြောတာလား? အဲ့ဒီ‘ဆု’ဟုတ်လား? ”
................
...............
{ဒီအပိုင်းကနေစပီး လီဖန္ကို သူမလို့သုံးမယ့်အစား သူလို့ပဲသုံးပါတော့မယ်နော်}
Systemဟာဒီစကားကိုကြားလိုက်ရတော့ သူ့အထင် သူ့hostကိုများသူအထင်လွဲမသွားပီးလားပေါ့
~ငါ့အထင် င့ါhostရဲ့အရည်အသွေးကိုစောစောစီးစီးမှားပီးအကဲဖြတ်မိပီထင်တယ် ငါ့အထင်hostကတယ်တော့နွေးထွေးတတ်တဲ့သူတယောက်ပဲဖြစ်ရမယ်~
အဲ့ချိန်မှာပဲ လီဖန္က လျှာကိုခေါက်လိုက်ပီး စိတ်တိုတိုနဲ့ပြောလိုက်တယ်
ကျစ်! အနည်းဆုံးတော့ သွေးထွက်သံယိုကိစ္စတွေဘာတွေဖြစ်ဦးမှပေါ့ ဒါမွ ငါ့ဒေါသတွေအတွက် ပုံချစရာနေရာရှိမှာပေါ့ဟ
Systemဟာချက်ချင်းပဲ သူ့အတွေးကိုလွင့်ပစ်လိုက်တယ်။
[ကောင်းပါ့! Hostကိုဒီလိုသွားထင်မိလိုက်တယ် ငါ့ကသာ အရူးပဲ!]
ဘယ်လိုဖြစ်နေပါစေ လီဖန္က သူ့ပုံရိပ်ကိုပြုပြင်ဖို့စိတ်ကူးမရှိပဲ အိပ်ရာကနေထပီး ရေချိုးခန်းဆီသို့သာလျှောက်သွားလိုက်လေတယ်။
~ဟူး.ငါဒီခံစားချက်ကြီးကိုနေသားကျအောင်တော်တော်ကြိုးစားရဦးမှာပဲ~
နောက်ဆုံးတော့လီဖန်ဟာသူ့စိတ်ထဲကလန့်နေတဲ့အရာကိုကျော်လွှားလိုက်ပီး ရေချိုးခန်းထဲဝင်လိုက်တယ် သူ့၏ပုံရိပ်ယောက်အားမှန်ထဲမှာမြင်မြင်လိုက်ချင်းမှာပဲ သူဟာတုန်လှုပ်သွားတော့တယ်။
ယခုလက်ရှိခန္တာ၏မျက်နှာနှင့်သူ့နဂို(မိန်းခလေး)မျက်နှာ
နှစ်ခုမှာတခုတည်းသောတူညီမှုကမက်မွန်ပွင့်လိုမျက်ဝန်းမှာ ခရမ်းရင့်ရောင်မျက်ဆံနဲ့ရယ်မျက်တောင်ရှည်ကြီး
တွေရယ်ပဲ။ ပြီးတော့ဒီကိုယ်ထဲမှာအခုက လီဖန်ရောက်သွားပြီဖြစ်တာကြောင့် နဂိုကထုံထိုင်းမှုန်မိုင်းပြီးတောက်ပခြင်းကင်းမဲ့နေတဲ့မျက်ဝန်းတွေက အရောင်တွေတောက်ပစူးရှနေတယ်။ ဒီလိုမျက်လုံးတွေနဲ့သာစူးစိုက်ပြီးအကြည့်ခံလိုက်ရရင် အကြည့်ခံရသူရဲ့စိတ်ဝိဉာဉ်ကိုတောင်မှ စုပ်ယူသွားတော့မလားတောင်ထင်မှားနိုင်လောက်တယ်။ ဒါ့အပြင်နူးနူးည့ံညံ့မျက်နှာဖြူသေးသေးလေးရယ် နှာခေါင်းသေးသေးလုံးလုံးလေးရယ် သွေးရောင်အပြည့်လွှမ်းနေတဲ့နှုတ်ခမ်းနီနီလေးရယ် ပြီးတော့မှင်ရောင်လိုနက်မှောင်နေတဲ့ဆံပင်တွေရယ် ဒါတွေအကုန်စုပြီး သူ့ဆီမှာရှိနေတဲ့အတွက် ဒီိလိုနှိုင်းတုမနိုင်တဲ့အလှမျိုးကို တချက်ကြည့်မိယုံနဲ့ ဘယ်သူတယောက်မှ မျက်စိလွှဲနိုင်မှာမဟုတ်ဘူးလေ။
လီဖန္က သူ့မေးကိုစိတ်ဝင်တစားနဲ့ပွတ်သပ်လိုက်တယ်။
~ဟိုမကောင်းတဲ့အကောင်က ဒီကောင်လေးကို ဘိုးတော်ကြီးဆီမှာ ရောင်းစားပစ်လိုက်တာကို မအံ့သြတော့ပါဘူး တကယ့်ကိုအနိုင်ကျင့်ချင်စရာပဲကို!~
မူလရှီဟန် 
လီဖန္က ရှီဟန်ရဲ့မျက်နှာသွင်ပြင်ကိုတော်တော်သဘောကျသွားတယ်။ တခုတော့ရှိတယ်ဒီခန္တာက နဂိုကအာဟာရချို့တဲ့နေတာကြောင့် ရှီဟန်ရဲ့ခန္တာကိုယ်က သေးနေပြီး ပုံမှန်အသက်ထက်ငယ်ပုံပေါက်နေသည်။ မကျန်းမမာတဲ့ဘဝနဲ့ကြီးပြင်းလာတဲ့သူဖြစ်တာကြောင့်အသားအရည်ကဖြူပြီးခြောက်နေတယ်။ ဒါကပဲလီဖန်ကိုမျက်မှောင်ကြုံသွားစေတော့တယ်။
ဒီကောင်လေးသာ အဓိကဇာတ်ဆောင်ကို ဒီလိုပုံစံနဲ့သာသွားတွေ့ကတော့ တကယ့်ကို ကိုရုပ္ဆိုး ဖြစ်နေတော့မှာပဲ။
ဒါကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အတွက် လီဖန္ကSystemကိုမြန်မြန်လေးခေါ်လိုက်တယ်။
ဟေး! ခင်ဗျားဒီကိစ္စကိုဖြေရှင်းဖို့နည်းတခုခုမရှိဘူးလား?
ဒါကိုကြားလိုက်တဲ့Systemက မနေနိုင်စွာပဲ ပြန်ရန်တွေ့တယ်လေ။
[ဒါကိုကျွန်တော်ဖြေရှင်းနိုင်မှန်း ခင်ဗျားဘယ်လိုသိလဲ?]
လီဖန္က မျက်ခုံးလေးကိုပင့်လိုက်ပီး လှောင်ရယ်တဲ့အသံနဲ့ပြန်မေးလိုက်တယ်
ဒါလေးတောင်မလုပ်နိုင်..ဘူး.ပေါ့?
Systemဟာ စိတ်တိုတိုနဲ့ပြန်အော်ပြောလိုက်တယ်
[ဒါပေါ့ လုပ်နိုင်တာပေါ့ ခန္တာထဲကနေ မကောင်းတဲ့အဆိပ်အတောက်လေးတွေကို ဖယ်ယုံပဲဟာကိုများ။ ဘာရေးကြီးခွင်ကျယ်လုပ်စရာရှိလို့..ဟမ့်! ရော့ဒါကိုယူလိုက် ကျွန်တော့်ရဲ့ဆေးက ခင်ဗျားတို့ရဲ့ဆေးထက်ဘယ်လောက်ကောင်းလဲကြည့်ကြည့်လိုက်ပေါ့ လူတွေများ!]
Systemပြောပြီးပြီးချင်းမှာပဲ ဆေးလုံးလေးတလုံး ဘယ်ကမှန်းမသိ ပေါ်လာပြီး လီဖန်ရဲ့လက်ဖဝါးပေါ်ကိုကျလာသည်။ လီဖန္က ဘာမှမပြောပဲနဲ့ဆေးကို သူ့ပါးစပ်ထဲချက်ချင်းထဲ့လိုက်သည်။ ထို့နောက်ချက်ချင်းပဲ Systemကို တောက်ပစွာပြုံးပီးကြည့်လိုက်သည်လေ။
ကျေးဇူးပဲ ဒီဆေးကို ငါ့ကို အလကားပေးလိုက်တဲ့အတွက်
Systemဟာ အလကား ဆိုတဲ့စကားကိုကြားလိုက်တာနဲ့ စိတ်လေသွားရတယ်။ အဲ့ချိန်မှာလီဖန်တယောက်ကိုတော့ အပြုံးမျက်နှာလေးနဲ့တွေ့ရမှာအသေချာပဲပေါ့ကွယ်။
အဲ့ကြမှသာ Systemလေး သူ့လုပ်ရပ်သူ ဘာလုပ်လိုက်လဲဆိုတာ နားလည်လိုက်တယ်လေ။ Systemလေး သူ့မရှိ(မမြင်)ရတဲ့ခေါင်းကိုကိုင်ပီး အာခေါင်ခြစ်အော်လိုက်တော့တယ်။
~အားးးးးးးးး!ငါသူ့အမှတ်တွေနဲ့လဲဖို့မေ့သွားတယ်!အခုတောင်းရင်ရော အချိန်မှိပါ့ဦးမလား? ~
Systemက လီဖန်ကိုတိတ်တိတ်လေးခိုးကြည့်လိုက်တော့ အောင်နိုင်သူလိုမျိုးပြုံးနေတာကိုတွေ့လိုက်တာကြောင့် သူတွေးတာတောင်နောက်ကျသွားမှန်းသိလိုက်တယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့အလုပ်ကတော့ဒေါင့်လေးမှာငြိမ်ငြိမ်လေးထိုင်စောင့်နေယုံသာရှိတော့သည်။
~ငါ.တကယ်အလိမ်ခံလိုက်ရတာပဲ. ~
ထိုအချိန်မှာပဲ လီဖန္ကေတာ့ သူ့ရှေ့ကမြင်ကွင်းကို ပြောင်ပြောင်ပဲ မမြင်ချင်ယောင်ဆောင်လိုက်ပီး ဆေးအကျိုးသက်ရောက်မယ့်အချိန်ကိုစောင့်နေလိုက်သည်။ မကြာခင်မှာပဲ သူ့ကိုယ်ကနေပီး အမဲရောင်အရည်တွေထွက်လာပီး မိနစ်အနည်းငယ်အတွင်းမှာ တကိုယ်လုံးကို ရွှဲသွားတော့သည်။ အနံ့အသက်ကလည်းအလွန်ဆိုးရွားသောကြောင့် ချက်ချင်းရေချိုးဖို့အပြေးသွားလိုက်တော့သည်။
ရေချိုးပီးနောက်ခါး၌သပတ်လေးတထည်ထဲပတ်ပီးမှန်ရှေ့တွင်ရပ်ကာ ပေါ်လာသောသူ့ပုံရိပ်သူကြည့်လိုက်သည်။ နောက်တော့ ကျေနပ်စွာပဲခေါင်းကိုညိမ့်လိုက်လေသည်။
လီဖန်သည်သူ့မျက်နှာကိုထိကြည့်လိုက်ပီး Systemအား အမှန်တကယ်ကိုချီးကျူးလိုက်လေသည်။
မင်းရဲ့ဆေးကတကယ့်ကိုအရည်အသွေးကောင်းတာပဲ
ဒီစကားကိုကြားလိုက်ရတဲ့Systemက လီဖန်တယောက်ချီးကျူးတယ်လို့မထင်ရပဲ သူ့အနာကိုဆားလာသိပ်နေတယ်လိုပဲထင်လိုက်ရသည်။ ဒါကြောင့် Systemကနှာခေါင်းရှုံလိုက်ပီး လီဖန္ကို မသိချင်ယောင်ဆောင်သာနေလိုက်တော့သည်။
လီဖန္က ပုခုံးကိုတွန့်လိုက်ကာ ဖုန်းကိုထုတ်လိုက်ပီး အချက်အလက်တွေကိုသာကြည့်နေလိုက်သည်။
နောက်လီဖန်ကမေးလိုက်သည်။
သူတို့ဘယ်ချိန်လောက်ရောက်မှာလဲ
ဘယ်လောက်ပဲSystemဟာ ရင်ပြည့်လောက်တဲ့ထိဒေါသထွက်နေလည်းပဲ သူ့အလုပ်သူကိုတော့ ပီပီသသလုပ်ရမယ်မှန်းသိသေးသည်လေ။ ဒါကြောင့်ပဲ ပြန်ဖြေလိုက်သည်။
[နောက်နာရီဝက်လောက်နေရင်သူတို့ရောက်လာလောက်မယ်]
လီဖန်ကသူ့အဝတ်တွေကိုရှာရင်းခေါင်ညိမ့်လိုက်သည်။ ပြီးနောက် သူရဲ့ပုလင်းဖင်မျက်မှန်ဝိုင်းကိုယူလိုက်ပီး ဆံပင်တွေကိုလည်းနဖူးကိုအုပ်သွားအောင်ဖီးချလိုက်သည်။
ပြုပြင်ရေးလုပ်ငန်းပီးသွားချိန်မှာတော့ အများအမြင်မှာစိတ်ဝင်စားစရာမကောင်းတဲ့စာဂျပိုးရုပ်အဖြစ်ပြောင်းသွားတော့သည်။ စောစောကဘယ်အရာကိုမဆိုညိ့ှငင်နိုင်တဲ့မျက်နှာလေးကတကယ်မရှိခဲ့သလိုမျိုး အခြေအနေကဖြစ်သွားတော့သည်။
တကယ့်တကယ်ကတော့ ဒီစာဂ်ပိုးရုပ္က ရှီဟန်၏နဂိုပုံစံသာဖြစ်သည်။ သူက ဆုမိသားစုဆီပြောင်းနေလိုက်ချိန်မှာသာ အဝတ်ကောင်းတွေပြောင်းဝတ်ပီး သူ့၏မျက်နှာချောချောကို ဖော်လိုက်ခြင်းဖြစ်သည်။
သို့ပေမယ့် လီဖန်ကတော့ထိုလိုမျိုးလုပ်ဖို့စိတ်ကူးမရှိပေ။ ဘာကြောင့်လဲဆိုတော့ ဒီမျက်နှာသည် သူ့အတွက်လောလောဆယ်တွင်တော့ ဒုက္ခကိုသာယူလာပေးမည့်မျက်နှာဖြစ်သည်။ ဒါကြောင့် သူ့တွင်လုံလောက်သောအင်အားမရှိသေးသည့်အချိန်ထိ သူ့ကိုယ်သူဘာမှမဟုတ်သည့်လူလိုမျိုးနေဖို့သာစဉ်းစားထားလိုက်သည်။
နာရီဝက်လောက်ကြာသွားချိန်မှာတော့ လီဖန်သည် သူ၏တိုက်ခန်းအရှေ့၌ကားရပ်သံကိုကြားလိုက်ရပီး မကြာခင်မှာတော့ တံခါးလာခေါက်သည့်အသံကိုကြားလိုက်ရသည်။
လီဖန်ဟာနှာခေါင်းရှုံလိုက်ပီးနောက်အမူအရာကိုမူလပိုင်ရှင်အတိုင်းချက်ချင်းပြန်ပြောင်းလိုက်လေသည်။
ထို့နောက် တံခါးဝထံသို့အော်ပြောလိုက်သည်။
လာပီ!
တံခါးကိုဖွင့်လိုက်ချိန်တွင်တော့ သူ့အားခေါင်းအစခြေအဆုံးကြည့်နေသည့် ဝတ်စုံအနက်ဝတ်ထားသောမျက်နှာသေနှင့်လူထွားကြီးတဦး သူ့ရှေ့တွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ နောက်တော့ထိုလူကြီးကစက်ဆုပ်ရွံ့ရှာပီးလှောင်ပြောင်သောအကြည့်နှင့်ကြည့်လိုက်ပီး နှာခေါင်းကိုရှုံလိုက်လေသည်။
လီဖန်ကဒါကိုမမြင်သလိုမသိသလိုလုပ်လိုက်ပီး ဇဝေဇဝါဖြစ်နေသည့်မျက်နှာမျိုးလုပ်လိုက်ပီး မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်နေလိုက်လေသည်။
ဘယ်သူလဲမသိဘူးခင်ဗျ
ထိုလူဟာ သူ့အား အမေးနှင့်သာပြန်ဖြေလာလေသည်။
မင်းက ပိုင်ရှီဟန်ဆိုတာလား?
ဒါကိုကြားလိုက်ရတဲ့လီဖန်ကတော့ စိတ်ထဲမှာ သူမျက်လုံးကိုလိမ့်လိုက်တယ်။
~သိနေရင်လဲ ဘာလို့မေးနေသေးလဲ ~
သို့ပေမယ့် အပြင်တွင်တော့ လီဖန်ဟာဇက်ကလေးပုလိုက်ပီးတိုးညင်းစွာပြန်ဖြေလိုက်လေသည်။
ဟုတ်ဟုတ်ပါတယ်ခင်ဗျ ကျွန်တော်ပါ
Systemမှာလည်းသူ့host၏အမူအရာကိုမြင်မြင်လိုက်
ချင်းမှာပဲ မျက်လုံးကိုလိမ့်လိုက်တော့သည်။
ထိုလူကရှင်းပြလာလေသည်။
ငါက ဆုအုပ္စုက။ မင်းအဖေက အခုချိန်မှာ ဆုမိသားစုရဲ့အကြီးအကဲပဲ။ မင်းဆုအိမ်တော်မှာလိုက်နေဖို့ ငါကအမိန့်အရမင်းကိုလာခေါ်တာပဲ
ထိုလူစကားပြောပီးသွားချိန်မှာတော့ လီဖန်ကလန့်ချင်ယောင်ဆောင်လိုက်ပီး
ခနေလး! ခင်များပြောတာ အတော်ဆုံးတတိယမိသားစုဖြစ်တဲ့ ဆုအုပ်စုကိုပြောတာလား? အဲ့ဒီဆုဟုတ္လား? 
ထိုလူဟာစိတ်မရှည်စွာခေါင်းညိမ့်ပြလိုက်ပီးဆက်ပြောလာသည်။
မင်းရဲ့လိုအပ်မယ်ထင်တဲ့ပစ္စည်းတွေကိုထုပ်ပိုးတော့။ ငါတို့ချက်ချင်းပြန်ဖို့လိုတယ်
မဆုံးဖြတ်နိုင်သလိုအကြည့်မျိုးဖမ်းလိုက်ပီး လီဖန်ဟာတိုးတိုးလေးပြောလိုက်တယ်။
ဒါပေမယ့် ကျွန်တော့်ကျောင်းနဲ့အလုပ်-
ထိုလူက စကားကိုခပ်မြန်မြန်ဝင်ဖြတ်လိုက်ပီး အသံနဲနဲကျယ်ကျယ်နဲ့ပြောလာတယ်။
မင်းကျောင်းထွက်လိုက်ပီဆိုတာကို အကြောင်းကြားပီးသွားပီ။ မင်းအလုပ်ကိုလဲထုတ်လိုက်ပီး မင်းတိုက်ခန်းအငှားစာချုပ်ကလဲဖျက်သိမ်းလိုက်ပီ။ မင်းဆုအိမ်တော်ကိုရောက်တာနဲ့ ခေါင်းဆာင်က မင်းဘာလုပ်ရမလဲဆိုတာကို အသေးစိတ်ပြောလိမ့်မယ်
လီဖန်၏မျက်လုံးမှာ အန္တရာယ်အငွေ့အသက်တွေဖြတ်သွားပီး သူ့စိတ်ထဲမှာလှောင်ရယ်လိုက်သည်။
~မင်းတို့အယုတ်တမာတွေ ရှီဟန်ရဲ့ထွက်ပေါက်တွေအကုန်ကိုပိတ်လိုက်တာပဲ နောက်ကျသူအိမ်ကမောင်းထုတ်ခံရတဲ့ချိန် ကူကယ်ရာမဲ့ဖြစ်အောင်လုပ်နေတာပဲ နောက်မှမင်းတို့နဲ့စာရင်းရှင်းတာပေါ့~
အချိန်ခဏတဖြုတ်လောက်ထိုလူ သူ့ကျောတလျှောက်ကြက်သီးမွှေးညှင်းထသွားပေမယ့် အချိန်အားဖြင့် စက္ကန့်ပိုင်းအတွင်းသာခံစားလိုက်ရသောကြောင့် သူ့ခေါင်းကိုစိတ်ရှုပ်ရှုပ်နဲ့ကုတ်လိုက်ပီး မေ့ထားလိုက်ဖို့ပဲတွေးလိုက်လေသည်။
သိပ်မကြာခင်မှာတော့ လီဖန်သည်အခန်းတွင်းမှကျောပိုးအိတ်တလုံးဖြင့်ထွက်လာပီး ကားဆီသို့ထိုလူနောက်မှလိုက်သွားလိုက်လေသည်။
Continue Reading
You'll Also Like
328K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.1M 26.1K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်