HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်

5.2K 425 15
By Futawa

အခန်း (၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်

Unicode

[နေရာတိုင်းမှာသူ့ပုံရိပ်တွေချည်းပဲ]


ထိုညပြီးတော့နောက်တစ်နေ့မနက်စောစောတွင်မင်းခန့်ထည်ကအရင်နိုးလာခဲ့ပြီးရှိုင်းဇေယံဘက်ကိုမျက်ဝန်းထောင့်စွန်းလေးကနေခိုးကြည့်လိုက်သောအခါကောင်လေးကနံရံဘက်ကိုမျက်နှာမူကာကျောခိုင်းလျက်ငြိမ်သက်စွာအိပ်စက်နေသည်ကိုတွေ့လိုက်ရလေသည်။

ထိုအချိန်ကိုအခွင့်ကောင်းယူကာသူမနက်စောစောစီးစီးရေမိုးချိုးပြီးနောက်အဆောင်ကနေထွက်လာခဲ့လိုက်သည်။
သူထွက်လာခဲ့တဲ့အချိန်အထိထိုကလေးကအိပ်ပျော်နေဆဲမို့ ဘာစကားမှအမှာမပါးခဲ့သလို အခန်းထဲကနေ ထွက်မသွားခင်လေး၌ကောင်လေးကိုတစ်ချက််လေးဖြစ်ဖြစ်စောင်းငဲ့ကြည့်ဖို့ကိုတောင်သူ့ကိုယ်သူခွင့်မပြုနိုင်ခဲ့ပေ။

ကျောင်းရှေ့ကားဂိတ်ကိုရောက်တော့ ထွက်မယ့်ကားတစ်စီးပေါ်တက်လိုက်ပြီးပြတင်းပေါက်နားကထိုင်ခုံတစ်ခုံ၌သူဝင်ထိုင်လိုက်သည်။တစ်ရက်နေ့ဖြစ်တာကြောင့်မနက်အစောပိုင်းမှာကားပေါ်၌လူရှင်းနေခဲ့သည်။ ကားပေါ်မှာသူနဲ့အတူခရီးသည်၄ယောက်ခန့်သာပါတာမို့ သူ့မျက်စိရှေ့ကခုံတွေတော်တော်များများကလွတ်နေကာ လွတ်နေတဲ့ခုံတွေကိုကြည့်နေရင်းနဲ့သူ့ရဲ့ရင်ထဲမှာလည်းလစ်လပ်နေတဲ့အခေါင်းပေါက်ကြီးတစ်ခုဝင်ရောက်နေသလိုမျိုးဟာတာတာခံစားချက်တို့ကပြည့််နှက်စိုးမိုးနေခဲ့သည်။

ကောင်လေးတစ်ယောက်နဲ့ကားအတူတူစီးခဲ့တဲ့မြင်ကွင်းလေးက သူ့မျက်ဝန်းတွေထဲမှာပြန်မြင်ယောင်လာကာနေရောင်တွေကျနေတဲ့ပြတင်းမှန်ဘေးမှာမျက်ဝန်းလေးတွေမှိတ်စင်းထားသည့်ကောင်လေးရဲ့ပုံရိပ်ကိုထိကိုင်ကြည့်လိုက်တဲ့အခါ သူ့ရဲ့လက်ဖျားတို့ကအေးစက်စက်လေထုတစ်နေရာတွင်သာ နစ်မြုပ်ရပ်တန့်သွားရသည်။

သူ့ရဲ့လက်တွေကိုအားအင်မဲ့စွာပြန်ချလိုက် ၍ မင်းစက်ဆီသို့တစ်စုံတစ်ယောက်ကိုခနတာစောင့်ရှောက်ပေးထားရန် messageတစ်စောင်ပို့လိုက်ပြီးနောက် သူ့ရဲ့မျက်နှာထက်ဆီသို့လက်၂ဖက်ဖြင့်အုပ်ကိုင်ထားလိုက်တော့သည်။

အခန်းထဲ၌ကျန်ရစ်ခဲ့ရသော ရှိုင်းဇေယံကလည်းမင်းခန့်ထည်ထွက်သွားသည်ကိုအစအဆုံးသိနေခဲ့ကာ ထိုလူသားအနေရခက်နေတာကို သူသိနေတာကြောင့်အိပ်ချင်ယောင်ဆောင်၍ငြိမ်နေလိုက်ခြင်းပေ။

သူ့မှာယခုအချိန်အနှီလူသားနှင့်မျက်နှာချင်းဆိုင်နိုင်သည့်အားအင်တို့လည်းမရှိသေးတာကြောင့် အဆောင်ကိုစစရောက်လာခဲ့တဲ့စီနီယာမင်းခန့်ထည်ရဲ့အခန်းဖော်အသစ်လေးအတိုင်းပဲဆက်နေသွားဖို့သူဆုံးဖြတ်လိုက်သည်။

သို့ပေမယ့်ရူးမိုက်စွာဖြင့် သူမျှော်လင့်နေမိသေးလေသည်။ရှိုင်းလေးဆိုပြီးမနက်တိုင်း တစ်စုံတစ်ယောက်ကသူ့ကိုနှိုးနေကျအသံလေးပေါ့။
တကယ်တော့သူကမဖြစ်နိုင်တာတွေကိုဆက်ပြီးမျှော်လင့်နေခဲ့မိတာပဲ။အရာအားလုံးကပြီးဆုံးသွားခဲ့ပြီလေ။

'မင်းမေ့နေတာတစ်ခုက မင်းကသူ့အတွက်ဘာတွယ်တာစရာမှရှိမနေတဲ့သူစိမ်းတစ်ယောက်ဆိုတာပဲ။'

သူ၏အေးစက်စက်နှုတ်ခမ်းသားတို့ကိုကွေးညွတ်စွာပြုံးလိုက်မိသည်။
တစ်စုံတစ်ယောက်ဆီကနေ နာကျင်စရာကောင်းတဲ့စကားတွေကိုကြားခဲ့ပြီးတာတောင်မှ အခုချိန်ထိအမှတ်မရှိသေးတဲ့သူ့ကိုယ်သူကိုဟားတိုက်လှောင်ရယ်နေခဲ့ခြင်းပင်။

ကောင်လေးရဲ့မျက်နှာထက်မှာတင်ကျန်နေတဲ့အပြုံးလေးတစ်ပွင့်ကအသက်မဝင်လှ။အေးစက်စက်ရေပေါက်လေးတစ်ခုကပါးပြင်ပေါ်သို့ဖိတ်စင်လာခဲ့တဲ့အခါ ရှိုင်းဇေယံသည်စောင်ကိုခေါင်းထက်ထိလွှမ်းခြုံထားလိုက်ပြီး အထီးကျန်နာကျင်လွန်းလှတဲ့ဆောင်းအငွေ့အသက်တို့အားတစ်ကိုယ်တည်းကြိတ်မှိတ်ကာအန်တုနေခဲ့လေ၏။

မင်းစက်ခမျာညကတစ်ညလုံးမအိပ်ခဲ့ရတာကြောင့်နေ့လည်ခင်းအထိအတိုးချအိပ်ဖို့ သူစဥ်းစားထားခဲ့ပေမယ့် သူ့ဘေးနားရှိကိုယ်တော်ချောက ပွတ်သပ်ကျီစယ်ခြင်းအစပြုလာတာကြောင့် သူမနက်ပိုင်းမှာတင်နိုးလာခဲ့ရသည်။

"ကိုစက် ထတော့လေ။ကျနော်တို့လက်ဖက်ရည်ဆိုင်သွားရအောင်"

ဟန်လင်းထက်ကမင်းစက်ရဲ့နားအနားလေးမှတိုးညှင်းစွာကပ်ပြောလိုက်တဲ့အခါ ပူးနွေးရှတသောအသက်ရှူသံလေးတွေက ဖြတ်တိုက်ထိတွေ့သွားခဲ့တာမို့ မင်းစက်ရဲ့ကိုယ်လေးကဆတ်ခနဲတွန့်သွားရသည်။ထိုသို့သောတုံ့ပြန်မှုလေးကိုကြည့််ရင်း ဟန်လင်းထက်ကနှစ်ခြိုက်သဘောကျစွာခပ်ဟဟအော်ရယ်လာလျက် မင်းစက်ရဲ့နားသံသီးလေးအားအသဲယားစွာကိုက်ပစ်လိုက်ပါတော့သည်။

"အာ့!......အလင်း။မကိုက်နဲ့ကွာ....."

မင်းစက်ကအိပ်မှုန်စုံမွှားနဲ့ငြီးငြူလာ၍ ဟန်လင်းထက်ရဲ့မျက်နှာအားတစ်ဖက်သို့တွန်းထုတ်ပစ်လိုက်တော့သည်။

"ကိုစက်ကကျနော့်ကိုကြည့်မှမကြည့်တာ။"

"ငါအိပ်ရေးမဝသေးဘူး။မင်းအပြစ်မင်းသိရင်ငြိမ်ငြိမ်နေ"

"အဲ့တာတောင်ကျနော် ညကအတတ်နိုင်ဆုံးထိန်းထားခဲ့တာ......"

ထို့နောက် ဟန်လင်းထက်ကမျက်လုံးလေးများမှိတ်ကာပြန်အိပ်နေသောမင်းစက်ရဲ့မျက်နှာလေးနားတိုးကပ်သွားလျက် လေပူလေးတွေကိုမှုတ်ထုတ်လိုက်ရင်းညစ်ကျယ်ကျယ်ဆိုလာခဲ့ပေ၏။

"ဒါတောင်ကျနော်တို့မလုပ်ရသေးဘူးနော်။
အဲ့အချိန်ကျ ကိုစက်ခံနိုင်ရည်ရှိပါ့မလား"

"ဟန်လင်းထက်!!!!!!"

မင်းစက်ရဲ့သာယာလှသောစူးရှရှအော်သံလေးဟာဘယ်လောက်ထိအသံတုန်းမြင့်သလဲဆို ကာလနဂါးတွေချည်းရှိနေတဲ့အဆောင်တစ်ခုလုံးနိုးသွားတော့တဲ့အထိပင်။

"လခွမ်းတဲ့မှ !။ဘယ်အခန်းကကောင်တွေလဲကွ!"

"အသံထပ်ထွက်ရဲထပ်ထွက်လာကြည့်အဲ့လျှာကိုခွေးကျွေးပစ်မယ်ကွ!"

တစ်ဖက်အခန်းတွေဆီကနေဓားကြိမ်းကြိမ်းတဲ့ ဆဲဆိုသံတွေကိုကြားလိုက်ရတဲ့အခါမင်းစက်ကခေါင်းလေးပုကာငြိမ်ကျသွားတော့လေသည်။တရားခံဟန်လင်းထက်ကမူ သူ၏အဖြစ်အား ဘေးနားကနေတခွီခွီနဲ့ကြိတ်ရယ်နေတာကြောင့်မင်းစက်စိတ်ဆိုးသွားပြီး မျက်စောင်းထိုးလိုက်ကာနီတွတ်နေသောမျက်နှာလေးနှင့်ရှက်ရမ်းရမ်းတော့သည်။

"မင်းမဟုတ်ကဟုတ်ကတွေဆက်ပြောနေရင်ငါခုတင်ပေါ်ကကန်ချမှာနော် !"

"ကန်လည်းမကန်ချရက်ဘဲနဲ့..."

"ကန်ချခံချင်တယ်ပေါ့ ဟုတ်လား"

ဟန်လင်းထက်ကမထီပြုံးလေးနဲ့ရန်စလာတာကြောင့်မင်းစက်တစ်ယောက်ပို၍စိတ်ဆိုးသွားရကာ ခုတင်ပေါ်ကနေအမှန်အကန်
ကန်ချမည်အလုပ်ထိုကောင်လေးကသူ၏ခြေထောက်အားဖမ်းဆွဲထားလိုက်သည်။

သူ့ခြေထောက်ကိုဖမ်းဆွဲထားရင်းနဲ့ခုတင်ပေါ်ကနေဆင်းသွားတဲ့ကောင်လေးအား မင်းစက်ဆွံ့အစွာဖြင့်ငေးကြောင်ကြည့်နေမိသည်။

ထိုကောင်လေးကခုတင်ပေါ်မှဆင်းလိုက်ပြီး ကြမ်းပြင်ထက်၌ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာမင်းစက်ရဲ့တောင့်တင်းသော်လည်း sexyကျလှသောခြေတံလေးအား တပ်မက်စွာစိုက်ကြည့်နေရင်း သူ့ရဲ့နှုတ်ခမ်းတို့ကိုတွန့်ကွေးလိုက်ကာ နူးညံ့သောခြေဖဝါးလေးထက်ဆီသို့ ငြင်သာစွာဖြင့်အနမ်းခြွေချလိုက်ချေသည်။

"အလင်း!!!။မင်းဘာလုပ်?"

"မလုပ်နဲ့"

မင်းစက်ကအံ့အားသင့်တုန်လှုပ်စွာနဲ့ရုန်းလိုက်ပြီးနောက် ခုတင်ပေါ်ကဆင်းကာ
ကြမ်းပြင်ထက်မှာထိုင်နေတဲ့ဟန်လင်းထက်အားဆွဲထူလိုက်လေသည်။

"တော်တော့။ရေချိုးဆောင်သွားရအောင်။လက်ဖက်ရည်ဆိုင်သွားမယ်ဆို ငါတို့နောက်ကျနေပြီ"

"ဒါဆို ကျနော်တို့ရေအတူတူချိုးကြမှာလား?"

လုံချည်လေးတွေကိုပိုက်ကာအခန်းဝသို့ရောက်နေပြီဖြစ်တဲ့မင်းစက်က ထိုစကားကြားတော့ ရုတ်တရပ်တန့်သွားပြီး ဆတ်ခနဲပြန်လှည့်လာကာ ခုတင်ထက်ကစောင်ပုံထဲသို့ပြေးဝင်ဖို့ကြိုးစားလိုက်သည်။

"ဒီမနက်အရမ်းအေးတယ်။ရေတွေခဲနေလောက်ပြီ။ငါမချိုးတော့ဘူးအလင်း"

ဟန်လင်းထက်ရဲ့ခပ်ဖွဖွနဲ့ရှတတရယ်သံသြသြလေးက ချိုမြိန်စွာဖြင့်ထွက်ကျလာကာ တွင်းထဲသို့ပြန်ပြေးဝင်ဖို့ကြိုးစားနေတဲ့ယုန်လေးအားခါးကနေ သန်မာစွာပြန်ဖမ်းဆွဲထားလိုက်သည်။

"သန်လျင်မှာရေခဲတယ်လို့တော့ ကျနော်တစ်ခါမှမကြားခဲ့ဖူးဘူး ကိုစက်" ဟု မျက်လုံးလေးနှစ်ဖက်ကိုမှေးကျဥ်းကာရေရွတ်လိုက်ပြီးနောက် သူ့လက်ထဲ၌ ရုန်းကန်တွန်းထိုးနေတဲ့လူသားလေးအား အခန်းထဲကနေဆွဲထုတ်သွားတော့လေသည်။

••••••••••••••••••••••••••••••••••••••••••••••••••

မင်းခန့်ထည်က လိုင်းကားလေးဂိတ်ဆုံးတဲ့ဗိုလ်တစ်ထောင်ထိလိုက်စီးသွားပြီးနောက်လမ်းသွယ်လေးတစ်နေရာဆီသို့ချိုးဝင်လိုက်လေသည်။ထိုလမ်းသွယ်လေးရဲ့ဘေးဘယ်ညာနှစ်ဖက်စလုံး၌နာမည်ကြီးဆိုင်ခန်းတွေနဲ့ပြည့်နေကာ တချို့သောတိုက်နံရံတွေပေါ်မှာဆေးမှုတ်ထားတဲ့ပန်းချီလက်ရာတွေကြောင့်သူတို့အရွယ်လူငယ်တွေတော်တော်များများလာရောက်လည်ပတ်တတ်တဲ့နေရာတစ်ခုအဖြစ် onlineပေါ်မှာခေတ်စားနေသည်။

ရှည်လျားလွန်းတဲ့ခြေတံတွေကခြေလှမ်းကျယ်ကျယ်လှမ်းနိုင်တာကြောင့်ထိုပန်းချီတွေရှိနေတဲ့နံရံတွေကိုသူခပ်မြန်မြန်ပဲကျော်လာလိုက်တဲ့အခါ ပွင့်ချပ်လေးခုပါ Clover logoလေးရေးဆွဲထားတဲ့ဆိုင်းဘုတ်လေးကိုလှမ်းမြင်လိုက်ရလေသည်။ထိုဆိုင်းဘုတ်လေးချိတ်ဆွဲထားတဲ့ဆိုင်ရှေ့မှာသူ့ရဲ့ခြေလှမ်းတွေကိုခနရပ်လိုက်ပြီး ကြော်ညာစာတွေတစ်သီတစ်သန်းရေးထားတဲ့ လူတစ်ရပ်စာ Bannerကိုအချိန်ပေးဖတ်နေလိုက်ရင်း
သူ့ရဲ့နှုတ်ခမ်းတို့ကကွေးတက်သွားသည်။

ထို့နောက်မှန်နက်တွေတပ်ဆင်ထားတဲ့အနက်ရောင်တွန်းတံခါးကိုတွန်းဖွင့်လိုက်လေသော်တံခါးတံစက်မြိတ်မှာတပ်ဆင်ထားတဲ့ဆည်းလည်းသံလေးကတိတ်ဆိတ်အေးချမ်းလွန်းတဲ့ဆိုင်ခန်းလေးထဲ မြည်ဟီးသွားလေရာကောင်တာမှာထိုင်နေတဲ့လူဆီကနေအသံတစ်သံထွက်လာလေသည်။

"သြော် ဘယ်သူများလဲလို့ ခန့်ထည်ပါလား။လာလေ"

"ဟုတ်ကဲ့ အကို။ကျနော်ကဆိုင်ပိတ်တယ်ထင်တာ။"

"ဆိုင်ပိတ်မှန်းသိရင်ဘာလို့လာ"

"သိတယ်လေ။အကိုကပိတ်ချင်ရင်တောင်အမကပိတ်မှာမှမဟုတ်တာ"

သူ့စကားကြားတော့ထိုလူကလည်းမျက်နှာကြီးဆူပုတ်ပြကာခေါင်းတဆတ်ဆတ်ငြိမ့်လာတာကြောင့် သူတစ်ချက်ရယ်မိလိုက်လေ၏။သို့နှင့်နှစ်ယောက်စလုံး စတီးဆက်တီခုံတွေဆီ၌ဝင်ထိုင်လိုက်ကြကာ ဆိုင်ရှင်အကိုကစကားဆက်လေသည်။

"အေး။သိရင်လည်းပြီးတာပဲ။ပြော လာရင်းကိစ္စ။ဘာပစ္စည်းတွေလိုလို့လဲ"

မင်းခန့်ထည်က သူ့ရဲ့လွယ်အိတ်လေးကိုစားပွဲပေါ်သို့ချလိုက်ရင်းဆိုလာသည်။

"ဘာမှမလိုပါဘူး။ကျနော် roboticပိုင်းနဲ့ပက်သတ်ပြီးတော့သင်တန်းတက်ချင်လို့ပါ"

ထိုစကားကိုကြားသော်ဆိုင်ရှင်အကိုကမျက်မှောင်ကြုတ်သွားကာ သိပ်သဘောမတူချင်ပေ။

"မင်းကအခုမှ 3rd yearပဲရှိသေးတယ်လေ။roboticပိုင်းကမင်းအတွက်မစောလွန်းဘူးလား။"

"ကျနော်တခြားအပိုင်းတွေအကုန်တက်ပြီးပြီလေ။ဒီတစ်ခုပဲတက်ဖို့ကျန်တော့တာမို့လို့"

"ဟိုတစ်ခါတုန်းက ငါတက်ဖို့ပြောတုန်းကကျအရငြင်းခဲ့ပြီးတော့..အခုမှအရမ်းတက်ချင်ရတာဘာလို့တုန်း?။
မင်းပုံစံကကို့ကိုယ်ကိုအတင်းဖိအားပေးနေတဲ့ပုံစံပေါက်နေတယ်..ရေခဲတုံးကြီး မင်းပုံမှန်မဟုတ်ဘူးနော်ကွ"

ထိုအခါမင်းခန့်ထည်ရဲ့မျက်ခုံးတစ်ဖက်ကမြင့်တက်သွားပြီးသူ့ရဲ့အကြည့်တွေကိုဆိုင်တံခါးကနေဖောက်မြင်နေရတဲ့အပြင်ဘက်ဆီသို့ပို့လွှတ်ထားလိုက်သည်။ဆိုင်မှာတပ်ဆင်ထားတဲ့တံခါးတွေကနေ့ဘက်ဆိုအပြင်ဘက်ကနေဆိုင်ခန်းထဲကိုဘာမှမမြင်ရပေမယ့်ဆိုင်ထဲကနေတော့အပြင်ဘက်ပတ်ဝန်းကျင်ဆီသေသေချာချာမြင်နေရသည်။

သို့ပေမယ့် သူ့ရဲ့မျက်ဝန်းတွေကတံခါးတစ်ဖက်မှာရှိနေတဲ့အပြင်ဘက်ကမြင်ကွင်းတွေကိုသေချာမမြင်နိုင်ခဲ့ဘဲကောင်လေးတစ်ယောက်ရဲ့ပုံရိပ်တွေသည်သာ မှန်နံရံတွေပေါ်၌တစ်ပုံပြီးတစ်ပုံပေါ်လာခဲ့တာကြောင့် မျက်လုံးတွေကိုဆတ်ခနဲမှိတ်ချပစ်လိုက်တော့သည်။

သူအချိန်တော်တော်ကြာတွေဝေငေးမောနေပြီးမှ ကျောင်းပြီးသွားတဲ့မေဂျာတူစီနီယာကြီးဆီကနေအထင်ကြီးခံရအောင်မျက်ဝန်းတွေကိုပင့်ပြရင်းစကားလှည့်လိုက်၏။

"တကယ်တော့ ကျနော်ကကျောင်းပွဲတွေမှာဝင်ပြိုင်ရင်ကောင်းမလားလို့တွေးနေတာဗျ။
မဖြစ်နိုင်တာလည်းမဟုတ်ဘူးဆိုတော့လေ"

"လခွမ်းကိုပဲ မင်း ! "

ဆိုင်ရှင်အကိုကအော်ရယ်လာလျက်ခေါင်းခါလိုက်ကာမင်းခန့်ထည်ရဲ့မုသားတွေကိုသူလုံးဝရိပ်မိနေတာကြောင့် မျက်လုံးတွေကိုစွန်ရဲတစ်ကောင်လိုမှေးစင်းလိုက်တော့သည်။

"ခန့်ထည် ခန့်ထည်။မင်းတစ်ခုခုဖြစ်နေတယ်မှတ်လား"

"ကျနော်ဘာမှမဖြစ်ပါဘူးဗျာ။"

ဟုဆိုရင်းအသက်မပါစွာပြုံးပြလိုက်တာကြောင့် ဆိုင်ရှင်အကိုကပိုပြီးမယုံသင်္ကာဖြစ်စွာကြည့်နေရင်းနဲ့ခေါင်းရမ်းလိုက်တော့သည်။
'မင်းဘယ်လိုပဲပြောပြောငါတော့ သေတောင်မယုံဘူးဟိတ်ကောင်' ဆိုတဲ့အဓိပ္ပါယ်ဖြင့်။

"ကလေးကိုဘာတွေလျှောက်မေးနေတာတုန်း။သူ့ဘာသာသူအခုမှတက်ဖို့အားလို့တက်ချင်တာနေမှာပေါ့။"ဆိုတဲ့အမျိုးသမီးတစ်ယောက်အသံကဆိုင်နောက်ကနေပျံ့နှံ့လာပြီးနောက် ဆိုင်ရှင်အကိုရဲ့ဇနီးဖြစ်တဲ့စီနီယာအမက ကော်ဖီဗန်းလေးကိုကိုင်ရင်းသူတို့ရှေ့ဆီရောက်လာလေသည်။

စီနီယာအမက EC majorနဲ့ကျောင်းပြီးထားကာ သူတို့၂ယောက်ရဲ့အချစ်ရေးအောင်သွယ်တော်ကတော့ မင်းခန့်ထည်တို့Third yearကအုပ်စုပင်ဖြစ်သည်။အထူးသဖြင့် သူတို့အုပ်စုထဲကမင်းစက်ကအမာခံမြှားနတ်မောင်ဖြစ်ခဲ့ကာ သူကတော့ ထိုစုံတွဲအားSupportပေးတဲ့တစ်ထောင့်တစ်နေရာတွင်သာပါဝင်ခဲ့လေသည်။

ထို့ကြောင့် ထိုစုံတွဲကကျောင်းပြီးသွားတာတောင်သူတို့အုပ်စုနဲ့အဆက်သွယ်ရှိနေဆဲဖြစ်ပြီး Projectအတွက်ဂျူနီယာတွေလိုအပ်တဲ့ပစ္စည်းမှန်သမျှကိုအမြဲမပြတ်ထောက်ပံ့ပေးနေခဲ့တာကြောင့် သူတို့နှစ်ကြီးပိုင်းတွေထဲမှာထိုစုံတွဲအားမသိတဲ့သူဆိုတာမရှိသလောက်ရှားလေသည်။

ရိုးရှင်းရည်မွန်တဲ့သူမကမှန်စားပွဲပေါ်သို့ အခုလေးတင်ဖျော်လာသောကော်ဖီ၂ခွက်ကိုချပေးလိုက်ရင်းသူမ၏ခင်ပွန်းအားတစ်ချက်ရိုက်ထည့်လိုက်တော့သည်။ဇနီးဖြစ်သူရဲ့ဟန့်တားမှုကြောင့်ဆိုင်ရှင်အကိုကကော်ဖီကိုသာငြိမ်ငြိမ်ဆိမ်ဆိမ်လေးသောက်နေခဲ့ကာ စောနကအကြောင်းတွေနဲ့ပက်သတ်ပြီးထပ်ဟမလာတော့ပေ။

မင်းခန့်ထည်လည်းစားပွဲပေါ်ကကော်ဖီခွက်လေးကိုလှမ်းယူဖို့လက်ပြင်လိုက်စဥ်မှာပင်နှာခေါင်းဝကိုတိုးဝင်လာတဲ့ 'Nes Coffee'ရနံ့လေးကြောင့် သူ့လက်တွေကိုပြန်ချထားလိုက်တော့သည်။

"မောင်လေး သင်တန်းတက်ချင်တယ်ဆိုရင်ကျောင်းပိတ်ရက်နှစ်ရက်စလုံးလာတက်လို့ရတယ်။မောင်လေးနှစ်ရက်စလုံးအချိန်ပေးနိုင်လား"

"ဟုတ်အမ။ကျနော်လည်းအဲ့လိုမျိုးတက်ချင်နေတာ။"

"Okay။ဒါဆို မနက်ဖြန်စတက်လို့ရပြီ။ဒီနေ့ကတစ်ရက်နေ့ဆိုတော့သင်တန်းတော့ပိတ်ထားတယ်။ဆိုင်ပဲဖွင့်ထားတာ"

"ဟုတ်ကဲ့အမ။"

သူကျေနပ်စွာသဘောတူလိုက်ပြီးနောက်ဆိုင်ရှင်အကိုကခပ်တိုးတိုးနဲ့ဖြတ်မေးလာခဲ့ပြန်သည်။

"မင်းတကယ်တက်ချင်တာကောဟုတ်ရဲ့လား"

ထိုအခါ ဆိုင်ရှင်အကိုကြီးခမျာ သူ့ဇနီးဆီကနေနောက်တစ်ချက်ဗျောတင်ခံလိုက်ရပြန်လေ၏။

"ရှင်ကကြားထဲကဘာထဖြစ်နေတာလဲ။
ခန့်ထည်ကတက်ချင်လို့တက်တာပေါ့။
ရှင့်အပူပါလို့လား"

မင်းခန့်ထည်လည်း ထိုစုံတွဲနဲ့အတူအချိန်တော်တော်ကြာတဲ့အထိ စကားပြောဆိုပြီးနောက် နေ့လည်စာစားချိန်ရောက်တဲ့အခါထိုနေရာကနေထွက်လာခဲ့လိုက်သည်။

ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ရဲ့စိတ်တွေကထိုင်းမှိုင်းလွင့်မြောနေတာကြောင့် အေးချမ်းတဲ့တစ်နေရာရာမှာသွားထိုင်နေချင်ခဲ့တဲ့အတွေးတို့ကခေါင်းထဲဝင်လာကာ ကန်တော်ကြီးဘက်သို့သွားရန်Taxiတစ်စီးတားလိုက်သည်။

ကန်တော်ကြီးဘက်ရောက်တော့ လေအေးလေးတွေတဟူးဟူးတိုက်ခတ်နေတဲ့သစ်သားခုံတန်းလျားတစ်ခုပေါ်မှာ လွယ်အိတ်လေးကိုချလျက်ထိုင်လိုက်ကာ ငြိမ်သက်နေသောကန်ရေပြင်အား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေခဲ့မိသည်။

သူ၏မျက်စိရှေ့က ကြည်လင်ငြိမ်သက်နေတဲ့ကန်ရေပြင်ကြီးကိုစိတ်လွင့်စွာငေးကြည့်နေစဥ်မှာပင် တစ်စုံတစ်ဦးလေးရဲ့ဖြူစင်လွန်းလှသောမျက်နှာပုံရိပ်လေးက ကန်ရေပြင်ထက်ဆီမှာ ပြတ်သားထင်ရှားစွာထင်ဟပ်လာခဲ့တာကြောင့်မျက်လုံးတွေကိုထပ်ပြီးစုံမှိတ်ထားလိုက်ပေသည်။

သို့သော် ဒီတစ်ခါမှာတော့ သူ့မျက်လုံးတွေကိုသူဘယ်လိုပဲမှိတ်ထားမှိတ်ထား ထိုပုံရိပ်လေးကသူ့မျက်စိထဲကနေပျောက်ကွယ်မသွားခဲ့ပေ။

နောက်ဆုံးမတတ်နိုင်တဲ့အဆုံးမင်းခန့်ထည်သူ၏မျက်ဝန်းများအားပြန်ဖွင့်လိုက်ရပြီး
ထိုကောင်လေးရဲ့ပုံရိပ်တွေကိုသာထင်ဟပ်နေစေတဲ့ကန်ရေပြင်ကြီးထက်ဆီသို့ကျောက်စရစ်ခဲလေးတွေပစ်လွှတ်လိုက်ပြီးရေပြင်ကြီးအားလှိုင်းဂယက်တို့ထစေလိုက်သည်။

"ရှိုင်းဇေယံ။ ရှိုင်းဇေယံ။ ရှိုင်းဇေယံ။ ရှိုင်းဇေယံ။ ရှိုင်းဇေယံ။ ရှိုင်းဇေယံ။
ရှိုင်းဇေယံ!!"

ထိုနာမည်လေးအားသူအခေါက်ပေါင်းများစွာရေရွတ်လျက်အသံကုန်အော်ဟစ်မိချေသည်။သူ့ခမျာဘေးပတ်ဝန်းကျင်တောင်ဂရုမထားနိုင်တော့ပေ။ရင်ဘက်ထဲကတင်းကြပ်ကြပ်ခံစားမှုများကိုသူဆက်ပြီးထိန်းမထားနိုင်တော့တာမို့ သူထိုသို့အော်ဟစ်လိုက်မှသာလေးလံသိပ်သည်းလွန်းတဲ့နှလုံးစိုင်လေးအား အနည်းငယ်ဖြေလျော့ရာကျသွားမှာမို့ပင်။
သို့ပေမယ့်ရင်ထဲတစ်နေရာမှာကျန်ရှိနေသေးတဲ့ ပူပြင်းလောင်ကျွမ်းမှုတွေကတော့အတောမသတ်နိုင်သေးပေ။

"မင်းလေးမသိနိုင်ပါဘူး ငါခံစားနေရတာတွေကို။"

"အရိုးသားဆုံးဝန်ခံရရင် ဒီလိုမျိုးဖြစ်နေရတဲ့ ငါ့ကိုယ်ငါလည်းနားမလည်နိုင်တော့ဘူး
ရှိုင်းဇေယံရ"

အရူးတစ်ယောက်ကဲ့သို့တစ်ယောက်တည်းစကားတွေအော်ပြောနေတဲ့မင်းခန့်ထည်ကိုထိုနေရာတစ်ဝိုက်မှာရှိနေတဲ့တချို့သောလူတွေကလှည့်ကြည့်လှည့်ကြည့်နဲ့ကြည့်သွားကြရင်းသူ၏အနောက်ကနေတီးတိုးပြောဆိုသွားကြလေသည်။

"ဒီကောင်လေးကခပ်ချောချောလေးဖြစ်နေပြီးနှမြောစရာကောင်းလိုက်တာ ကျွတ်...ကျွတ်"

"စိတ်မနှံ့ဘူးထင်တယ်။လာ သူနဲ့ဝေးဝေးကိုသွားရအောင်"

••••••••••••••••••••••••••••••••••••••••••••••••••

"အကို့ကို မင်းခန့် messageပို့ထားတယ်။
ညီလေးရှိုင်းဇေယံနဲ့အဖော်သွားနေပေးဖို့တဲ့။
ဒီကောင်တစ်ရက်နေ့ကြီးကိုမနားဘဲဘယ်သွားနေပါလိမ့်"

မင်းစက်ကဖုန်းကိုစားပွဲပေါ်သို့ချလိုက်ပြီးလက်ဖက်ရည်တစ်ငုံသောက်လိုက်စဥ်မှာဟန်လင်းထက်ကဆက်ပြောလာခဲ့သည်။

"ဟိုတစ်ယောက်နဲ့သွားdateတာနေမှာပေါ့"

ဟန်လင်းထက်ဆိုလိုတဲ့'ဟိုတစ်ယောက်'ဆိုတာကို မင်းစက်က လုံးဝသိလိုက်တာကြောင့်ချက်ချင်းငြင်းဆန်လိုက်သည်။

"မဟုတ်ဘူးဆိုတာတော့ အကိုအတပ်သိတယ်"

ဟန်လင်းထက်လည်းဘာမှဆက်မပြောတော့ဘဲ မျက်ဆံလေးတွေကိုလှိမ့်လိုက်လျက်သူ့ပခုံးလေး၂ဖက်ကို စိတ်မဝင်စားဟန်တွန့်ပြလာခဲ့သည်။

မင်းစက်နဲ့ဟန်လင်းထက်တို့နှစ်ယောက်သားပခုံးချင်းယှဥ်လျက် လက်ဖက်ရည်ဆိုင်မှပြန်ထွက်လာကြသောအခါအဆောင်အပေါက်ဝရှေ့၌ ကျောက်ရုပ်ကြီးတွေပမာဖြောင့်တန်းစွာရပ်နေကြတဲ့ ကိုယ်ထည်ခပ်တောင့်တောင့်နဲ့လူမိုက်အရှိန်အဝါတို့ကိန်းအောင်းနေသည့်အနက်ရောင်ဝတ်စုံနဲ့လူတစ်စုကိုတွေ့လိုက်ရလေသည်။

အနက်ရောင်ဗန်ကားတစ်စီးကိုလည်းထိုနေရာ၌ထိုးရပ်ထားတာကြောင့်မသိလျှင် တစ်စုံတစ်ယောက်ကိုပြန်ပေးဆွဲဖို့ရောက်လာကြတဲ့ပုံနှင့်တော်တော်လေးကိုဆင်တူနေ၏။

"ဒီလူတွေကဘယ်သူတွေလဲဟ။"

သူထိုသို့ရေရွတ်လိုက်ပြီးဟန်လင်းထက်ကိုလှည့်ကြည့်လိုက်သောအခါ ဟန်လင်းထက်ကစူးစူးရဲရဲအကြည့်တို့ဖြင့်ထိုလူအုပ်အားဝါးစားလုမတတ်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရတာကြောင့် မင်းစက်တုန်လှုပ်မိသွားသည်။

ထိုလူအုပ်ကမင်းစက်နဲ့ဟန်လင်းထက်ကိုတွေ့တာနဲ့ သူတို့နှစ်ယောက်ဆီသို့ဦးတည်ကာလျှောက်လှမ်းလာကြလေသည်။

'WTF!!!!! ဘာတွေလား'

သူတို့နဲ့မျက်နှာချင်းဆိုင်မလှမ်းမကမ်း၌ ထိုလူတွေကရပ်လိုက်ကြပြီးသူတို့ရဲ့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက မင်းစက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
ဟန်လင်းထက်ကိုကြည့်ကာ ခပ်အက်အက်လေသံနဲ့စကားစလိုက်သည်။

"အကိုလေး ကျနော်တို့နဲ့ပြန်လိုက်ခဲ့ပါ။"

"မလိုက်ဘူး၊ ငါတို့ရှေ့ကဖယ်"

ဟန်လင်းထက်က ခေါင်းဆတ်ပြ၍ ခပ်ပြတ်ပြတ်ဆိုလိုက်ပြီးနောက်မင်းစက်လက်ကိုဆွဲကိုင်ကာအထဲဝင်ရန်ဦးတည်လိုက်သော်
ထိုလူတွေက သူတို့ရှေ့မှာပိတ်ရပ်ထားကာမဖယ်ပေးပေ။

ထိုသို့တင်းမာနေတဲ့အခြေအနေတို့အလယ်မင်းစက်တစ်ယောက်ထိတ်လန့်လာတဲ့အခါဟန်လင်းထက်ကသူ့လက်တစ်စုံအားတင်းတင်းဆုပ်ကိုင်ပေးထားတာကြောင့် ကြောက်လန့်နေတဲ့သူ့နှလုံးသားလေးကအနည်းငယ်ပြန်တည်ငြိမ်သွားရသည်။

"အကိုလေးမလိုက်ဘူးဆိုရင် ကျနော်တို့ကမဖြစ်ဖြစ်တဲ့နည်းနဲ့ခေါ်လာရမယ်လို့အမိန့်ရထားပါတယ်။
အဲ့ဒါကြောင့် အချောနည်းမရရင်ကျနော်တို့အကြမ်းနည်းသုံးပြီးခေါ်သွားရပါလိမ့်မယ်"

"အလင်း!!!"

ဟန်လင်းထက်ကိုပြန်ခေါ်သွားမယ်ဆိုတဲ့ထိုလူရဲ့စကားကိုကြားတော့မင်းစက်ကဟန်လင်းထက်ရဲ့အင်္ကျီစလေးအားဆွဲကိုင်ထားလိုက်တော့သည်။

ထိုတုံ့ပြန်မှုလေးကိုခံစားမိတဲ့ဟန်လင်းထက်က မင်းစက်ကိုတစ်ချက်ငုံ့ကြည့်လိုက်ကာ စိတ်မရှည်ဟန်ဖြင့်စုတ်သတ်လိုက်ပြီး
ခက်ထန်မာကြောစွာ အံကြိတ်ပြောလာခဲ့သည်။

"ငါ့စိတ်ရှိအတိုင်းသာဆို
မင်းတို့ဒီနေရာမှာဒီလိုရပ်နေနိုင်မှာတောင်မဟုတ်ဘူးနော်။
ငါတော်တော်သည်းခံထားတာကိုသဘောပေါက်သင့်တယ်!!"

"ဒါဆို ကျနော်တို့ဘက်ကအရင်တောင်းပန်ပါတယ်"

ထိုလူက ထိုစကားဆိုလိုက်ပြီးနောက် ကျန်တဲ့လူတွေကိုမျက်စပစ်ပြလိုက်တာနဲ့တစ်ပြိုင်နက်ပင် ဟန်လင်းထက်လက်ထဲမှမင်းစက်ကလွတ်ထွက်သွားတော့သည်။

"ကိုစက်!!!"

ဟန်လင်းထက်ရဲ့ဒေါသများဟာတဟုန်ထိုးမြင့်တက်လာကာ သူ၏ဖြူလွန်းသောမျက်နှာလေးဟာဆိုရင် အခုတွင်တော့နေဝန်းကြီးသဖွယ်နီရဲလာလေသည်။
သူ့ရဲ့မျက်ဝန်းများဟာလည်းချော်ရည်အိုင်များသဖွယ်စူးရဲတောက်လောင်နေခဲ့ကာ ထိုအကြည့်တွေအောက်မှာ ထိုလူတွေနှင့်အတူမင်းစက်ပါထိတ်လန့်လာခဲ့ရလေသည်။

ဟန်လင်းထက်ဒေါသထွက်တာကိုသူမမြင်ခဲ့ဖူးတာတော့မဟုတ်ပေမယ့် အရင်အချိန်တွေကမြင်တွေ့ခဲ့တဲ့ပုံစံတွေထက် အခုပုံစံကအဆပေါင်းများစွာပိုပြင်းထန်ကာ ပိုကြောက်ဖို့ကောင်းပေသည်။

"တောက် !။အဲ့လက်တွေကို အခုလွှတ်လိုက်စမ်း"

"ငါလူသတ်မိလိမ့်မယ်နော်။
ကိုစက်ကိုမထိနဲ့ ! ခွေးကောင်တွေ!"

ဟန်လင်းထက်က ဒေါသတကြီးအော်ပြောလာ၍ လက်သီးတင်းတင်းဆုပ်လျက်ရှေ့သို့တိုးလာတာကြောင့်် အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ခေါင်းဆောင်ဖြစ်တဲ့လူကမင်းစက်ကိုအနောက်သို့ပို့လိုက်ကာ ဆက်ပြောလာခဲ့သည်။

"ဒီကအကိုလေးကိုပါခေါ်ခိုင်းလိုက်တာမို့လို့
အကိုလေးလည်းကျနော်တို့နဲ့အတူတူအသာတကြည်လိုက်လာခဲ့ပါ။"

'ငါ့ကိုပါခေါ်ခိုင်းလိုက်တယ်ဟုတ်လား။ဘယ်သူကလဲ?'

"အလင်း!!!"

မင်းစက်ကသူ့နာမည်ကိုခေါ်လိုက်တော့ဟန်လင်းထက်ရဲ့ခြေလှမ်းတွေကထိုလူတွေကိုဆွဲမထိုးမိခင်မှာရပ်တန့်သွားပြီး သူ့ရဲ့ဒေါသတွေကိုဖိနှိပ်ထားရင်း ဖျစ်ညစ်ပြောလိုက်လေ၏။

"ဘယ်သူ့သဘောနဲ့ခေါ်သွားမှာလဲ?ကိုစက်ကိုအခုလွှတ်လိုက်"

"အကိုလေး ဒါဥက္ကဋ္ဌကြီးအမိန့်ပါ !
ဥက္ကဋ္ဌကြီးကအကိုလေးမြတ်မင်းစက်ကိုတွေ့ချင်နေပါတယ်"

ထိုစကားကြားတော့ဟန်လင်းထက်ကတွေဝေသွားကာမင်းစက်ရဲ့မျက်နှာလေးကိုရှုကြည့်နေရင်း အချိန်အတော်ကြာတဲ့အထိငြိမ်ကျသွားပြီးနောက်သဘောတူလိုက်တော့လေသည်။

ထို့နောက်မင်းစက်ကိုသူ၏ရင်ခွင်ထဲသို့ပြန်ဆွဲခေါ်လိုက်ပြီး မင်းစက်ရဲ့ကျောပြင်လေးအားပွတ်သတ်ပေးရင်းညင်သာစွာဆိုလိုက်သည်။

"မကြောက်နဲ့နော် ကိုစက်။ကျနော်ရှိတယ်"

ထိုအခါမင်းစက်ကဟန်လင်းထက်ကိုပြုံးပြလိုက်ရင်း"အင်း"ဟုဆိုကာခေါင်းငြိမ့်ပြလာခဲ့သည်။

'အင်းလို့သာပြောရတာ။ငါလည်းကြောက်လွန်းလို့ဒူးတွေပါတုန်နေပြီ
ဘာတွေဖြစ်နေတာလဲလို့'

အနက်ရောင်ဗန်ကားပေါ်၌အချိန်နှစ်နာရီကြာကုန်ဆုံးသွားရပြီးနောက်
အိမ်ရာတစ်ခုဆီသို့ခေါင်းချိုးကွေ့ဝင်လိုက်တဲ့အခါကြီးမားကြီးကျယ်တဲ့စံအိမ်ကြီး
ကသူတို့မြင်ကွင်းထဲ၌ပေါ်လာကာကျယ်ဝန်းလှသောခြံဝန်းတစ်ခုအလယ်၌လည်ပတ်နေတဲ့ ကားဘီးလေးတွေကရပ်တန့်သွားလေသည်။ ထို့နောက်ကားတံခါးကိုလူတစ်ယောက်ကအရံသင့်ဖွင့်ပေးလာချေ၏။

ဟန်လင်းထက်ကမင်းစက်ရဲ့လက်ကလေးအားယှက်သွယ်ဆုပ်ကိုင်လိုက်ရင်းအိိမ်ထဲသို့ခေါ်သွားခဲ့သည်။
တန်ဖိုးကြီးလှပလှသောမီးဆိုင်းတစ်ခုချိတ်ဆွဲထားပါတဲ့ဧည့်ခန်းအလယ်သို့ရောက်သော် ဆိုဖာဆက်တီထက်၌သူတို့အားအခန့်သားစောင့်ဆိုင်းနေသူ အသက်၄ဝကျော်အရွယ်ရှိလူကြီးမင်းတစ်ဦးအားတွေ့လိုက်ရသည်နှင့်မင်းစက်တစ်ယောက်ချွေးစေးများပင်ဆို့လာခဲ့ရသည်။

'သူ့အဖေတော့မဟုတ်လောက်ဘူးမှတ်လား။သူ့တို့ကြိုက်တာတစ်ရက်တောင်မပြည့်သေးဘူးလေ။ဒါကြီးကတော့ စောလွန်းမနေဘူးလား!'

"ဟန်လင်းထက် မင်းဧည့်သည်ကိုထိုင်ခိုင်းဦးလေ။"

ဦးနေမင်းထက်ကမေးဆတ်ပြကာပြောလာရင်းနဲ့ ဟန်လင်းထက်အနောက်ရှိမင်းစက်အားကျော်ကြည့်လာခဲ့သည်။

မင်းစက်ကဟန်လင်းထက်နဲ့တွဲထားတဲ့သူ့လက်ကလေးအားဆတ်ခနဲဖြုတ်လိုက်ကာရှေ့သို့ထွက်လာလိုက်ပြီးနောက်နှစ်ယောက်စလုံးဆိုဖာ၌ဝင်ထိုင်လိုက်ကြသည်။

သူတို့ဝင်ထိုင်ပြီးတဲ့အခါ ဦးနေမင်းထက်ကဘာစကားမှမဆိုသေးဘဲမင်းစက်ကိုသာစူးစိုက်ကြည့်နေခဲ့တာကြောင့်ဟန်လင်းထက်ကအေးစက်လွန်းသောအသံတစ်ခုဖြင့်ခပ်ရိရိဆိုသည်။

"ကြည့်နေတာရပ်တော့ ကိုစက်ကြောက်နေပြီ"

သူစပြောလိုက်တဲ့စကားက သွေးတိုးစမ်းနေတဲ့စကားအသွားအလာမျိုးဖြစ်နေတာကြောင့်မင်းစက်အကြောများတောင့်သွားတော့သည်။အေးစိမ့်စိမ့်လေထုနဲ့မာန်တင်းသောဒေါသလှိုင်းတို့ကထိုဧည့်ခန်းတစ်ဝိုက်တွင်အားပြိုင်နေကြသည်မို့ မင်းစက်ခမျာနည်းနည်းလေးတောင်မလှုပ်ရဲပေ။

"ဒီကကောင်လေး မင်းအကြောင်းငါ့ကိုမိတ်ဆက်ပေးနိုင်မလား"

ဦးနေမင်းထက်ကမတင်းလွန်းမလျှော့လွန်းသောလေယူလေသိမ်းဖြင့်မေးလာတဲ့အခါ မင်းစက်ရဲ့အသံတို့ကအထစ်အထစ်နဲ့ထွက်ကျလာခဲ့သည်။

"ကျ..ကျနော့်နာမည်က. . မြတ်မင်းစက်လို့ခေါ်ပါတယ်။ အလင်း..အာ...ဟန်လင်းထက်ရဲ့အခန်းဖော်စီနီယာပါ"

"သားမာန်သူငယ်ချင်းလည်းဟုတ်တယ်ဟုတ်"

"ဗျာ!!! ဟုတ် ..ဟုတ်ပါတယ်"

"အကုန်လုံးသိနေရင်လည်းမေးမနေနဲ့တော့လေ"

ဟန်လင်းထက်ကပျင်းရိနေဟန်ဖြင့်ကြားဖြတ်ဝင်ပြောတဲ့အခါ ဦးနေမင်းထက်က ဟက်ခနဲတစ်ချက်ရယ်လျက်သားဖြစ်သူအားစောင်းကြည့်လာခဲ့၏။

"ကောင်းပြီလေ။ဒါဆို မင်းကနေတဲ့ဇာတ်အကြောင်းကောငါရှင်းပြရဦးမလား
ဟန်လင်းထက်။
ဒီကမင်းရဲ့ချစ်သူအစားပေါ့!!"

"...."

"...."

'သိနေတယ်။သိနေတယ်တဲ့!!'

မင်းစက်ရဲ့မျက်နှာအမူအရာကသိသိသာသာပျက်ယွင်းသွားခဲ့ရပေမယ့်ဟန်လင်းထက်ကတော့ လုံးဝအမူအရာမပျက်ဘဲခပ်တည်တည်မျက်နှာထားနဲ့သူ့အဖေအားပြန်စိုက်ကြည့်နေလိုက်သည်။

"ကန့်ကွက်လည်းနောက်ဆုတ်ဖို့အစီအစဥ်ကျနော့်မှာမရှိတဲ့အတွက် ပေါကားရိုက်နေတာတွေရပ်တန်းကရပ်လိုက်တော့ ဖေကြီး"

"..."

ဦးနေမင်းထက်မှာ ငဆိုးလေးရဲ့ပါးစပ်ကနေထွက်လာတဲ့ထိုအခေါ်အဝေါ်ကြောင့်ဆွံ့အသွားပြီးမှ အော်ရယ်လာခဲ့လေသည်။

"ဟား ဟား ၂နှစ်ရှိပြီ။မင်းငါ့ကိုဒီလိုမခေါ်တော့တာ။ရုတ်တရက်ကြီးမင်းချစ်သူရှေ့ကျမှငါ့ယဥ်ကျေးပြနေပါလား"

ထိုအခါဟန်လင်းထက်ကတစ်ဖက်သို့မျက်နှာလွှဲလိုက်ပြီးဘာမှဆက်မပြောတော့ပေ။

"ငါအားမနာတမ်းပြောရရင် ငါဒီကိစ္စကိုလုံးဝလက်မခံနိုင်ဘူး။လက်မခံဘူးပြောတိုင်းလည်းမင်းတို့ကနောက်ဆုတ်မှာမဟုတ်ဘူးဆိုတော့ ငါ့အတွက်ဆုံးဖြတ်ချက်ချရခက်တယ်။"

"ဒီကိစ္စနဲ့ပက်သတ်ပြီးငါ့အနာတွေကမကျက်သေးဘူးဆိုတာမင်းလည်းသိပါတယ်။
ဒါပေမယ့်သားမာန်ကိုတစ်ခါဆုံးရှုံးခဲ့ရပြီးပြီ။မင်းကိုပါ ငါထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး"

အသည်းမာလွန်းတဲ့ဖခင်ဖြစ်သူဆီကနေထိုစကားတွေကိုကြားတော့ဟန်လင်းထက်ရဲ့မျက်ဝန်းလေးတွေကအရောင်လက်လာခဲ့ရပေမယ့်် သူ့အဖေအားလျစ်လျူရှုထားဆဲဖြစ်ကာပင့်ကြည့်မလာခဲ့ပေ။

"မြတ်မင်းစက် ကောင်လေး...မင်း...ဦးလေးပြောတဲ့အတိုင်းလုပ်ပေးနိုင်မလား"

"...."

ဦးနေမင်းထက်အမေးကိုကြားတော့ မင်းစက်ကအသံတိတ်နေကာခေါင်းလေးငုံ့သွားလျက် သူ့ရဲ့မျက်ဝန်းလေးတွေကလည်းအရောင်မှိန်သွားရကာမှုန်ဝါးလာခဲ့ရသည်။

'ငါတို့လမ်းခွဲရတော့မှာလား'

"မင်းမနက်ဖြန်ကစပြီးဒီအိမ်မှာ ဦးလေးတို့နဲ့အတူလာနေပေးနိုင်မလား"

ဦးနေမင်းထက်ဆက်ပြောလာတဲ့စကားတစ်ခွန်းကြောင့်မင်းစက်အပါအဝင်ဟန်လင်းထက်ပါဆွံ့အသွားလေသည်။မင်းစက်ကဖြတ်ခနဲခေါင်းထောင်ကြည့်လာတဲ့အခါ
ဟန်လင်းထက်ကတော့မျက်မှောင်ကြုတ်လျက်အထွန့်တက်လာ၏။

"ဘာလုပ်ဖို့တုန်း???"

"မင်းကိုမမေးဘူး မင်းဝင်မပြောနဲ့"

ဟန်လင်းထက်ခမျာ လည်ချောင်းဝသို့ဆန်တက်လာနေတဲ့စကားတွေအကုန်လုံးကိုပြန်မြိုချလိုက်ရကာအသံပြန်တိတ်သွားတော့သည်။

"ကျနော် ဒီမှာလာနေပေးရမယ့်အကြောင်းအရင်းကိုဦးလေးပြောပြပေးနိုင်မလား??"

"ကောင်းပြီ။ ဦးရဲ့သားအကြီး သားမာန်ကိုဆုံးရှုံးခဲ့ရတာ ဦးရဲ့ထိန်းချုပ်မှုအောက်ကလွတ်ခဲ့ရတာကြောင့်လို့ ဦးလေးသုံးသပ်မိခဲ့တယ်။ဦးလေးနဲ့အဝေးမှာသူ့ကိုပစ်ထားခဲ့မိလိုက်တာကြောင့် ဦးသူ့ကိုနောက်ဆုံးအချိန်အထိလုံးဝထိန်းချုပ်လို့မရခဲ့ဘူး။သားမာန်ကအေးတော့သူ့ကိုလွှတ်ထားခဲ့မိတဲ့ဦးအပြစ်လည်းပါတာပေါ့လေ..."

ထိုသို့ရေရွတ်နေရင်းခနရပ်လိုက်ကာ ဦးနေမင်းထက်ကသူ့ရဲ့အကြည့်တွေကိုငဆိုးလေးဆီသို့ပို့လွှတ်လိုက်ရင်းဆက်ပြောလာခဲ့သည်။

"ဒါပေမယ့် ဦးရဲ့သားငယ်ကကျမတူဘူး။သွေးအရမ်းဆိုးတယ်။ဘယ်သူမှမထိန်းချုပ်နိုင်ဘူး။အကယ်၍ ဒီကလေးသာသားမာန်လိုအဖြစ်မျိုးထပ်ဖြစ်ခဲ့သည်ရှိသော် ဦးမှာဒီကလေးကိုကာကွယ်နိုင်ဖို့ အခွင့်အရေးလုံးဝမရှိလောက်ဘူး။"

"အဲ့တာကြောင့်သားတို့နှစ်ယောက်စလုံးကို ဦးမျက်စိအောက်မှာထားပြီးစောင့်ရှောက်ပေးချင်ရုံသက်သက်ပါ ကောင်လေး။
ဒါမှ ဦးရဲ့ကလေးကို ကာကွယ်ရာရောက်လိမ့်မယ်လို့လည်း ဦးထင်မိလို့ပါ"

ထိုစကားတို့အဆုံးဟန်လင်းထက်ရဲ့မျက်ဝန်းထဲ၌အရည်ကြည်များလဲ့လာသည်ကိုမင်းစက်သတိထားမိလိုက်သည်။

"ဒါပေမယ့် ဦးက ဒီကိစ္စကိုလုံးဝလက်ခံလိုက်တာတော့မဟုတ်ဘူးနော်။အဲ့တာပြောဖို့မေ့သွားလို့"

နောက်ဆုံးစကားကြားတဲ့အခါဟန်လင်းထက်ကနှာတစ်ချက်မှုတ်လိုက်ပြီး အဖေဖြစ်သူကိုပေစောင်းစောင်းကြည့်၍ မျက်နှာလွှဲလိုက်တော့သည်။

'အလင်းအပေါ်ထားတဲ့ဖခင်မေတ္တာကို ငါဘယ်လိုငြင်းရက်နိုင်ပါ့မလဲ။
ပြီးတော့ ငါကသူတို့သားအဖနှစ်ယောက်စလုံးကိုခွဲထားတဲ့လူမျိုးလည်းမဖြစ်ချင်ပြန်ဘူး'

ထို့နောက်မင်းစက်ကဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချလိုက်ကာတည်ငြိမ်ပြတ်သားစွာပြောလာခဲ့သည်။

"ဟုတ်ကဲ့ ဦးလေး။မနက်ဖြန်ကစပြီးကျနော်လာနေပေးပါ့မယ်"

"ကောင်းပြီ။ဒါဖြင့် မနက်ဖြန်ကူးမနေပါနဲ့တော့။မင်းလည်းဒီရောက်နေပြီပဲဟာ။
မြတ်မင်းစက်ရဲ့ပစ္စည်းတွေအခုသွားသယ်လာခဲ့"

ဦးနေမင်းထက်ရဲ့အမိန့်ပေးသံကြားတော့သက်တောင့်စောင့်နှစ်ယောက်ကသူတို့ဥက္ကဌကြီးရဲ့အမိန့်အတိုင်း
မင်းစက်ပစ္စည်းများအားအဆောင်မှသွားသယ်ရန်စံအိမ်ကနေချက်ချင်းထွက်သွားကြတော့သည်။

"ပြီးပြီမှတ်လား ကျနော်တို့အပေါ်တက်တော့မယ်"

"နေဦး ။ငါပြောစရာတစ်ခုကျန်သေးတယ်။မင်းတို့နှစ်ယောက်စလုံးဒီအိမ်မှာနေတဲ့နေ့ကစပြီးတစ်ခန်းတည်းနေခွင့်မရှိဘူး"

"ဘာ!!"

ဟန်လင်းထက်ရဲ့ထိုအာမေဋိတ်သံကမိုးခြိမ်းသံပမာတစ်အိမ်လုံးကိုတုန်ဟီးသွားစေကာ ကျယ်လောင်စူးရှတဲ့အော်သံတစ်သံကစံအိမ်တစ်ခုလုံးသို့ပြိုကျလုမတတ်ပျံ့နှံ့သွားတော့ပေ၏။

"ကျနော်သဘောမတူနိုင်ဘူး!!"

••••••••••••••••••••••••••••••••••••••••••••••••••

"နေသူရိန် ဖယ်စမ်းပါကွာ ဒီနေရာမှာ တခြားသူတွေရှိတယ်"

ရေချိုးဆောင်ရဲ့အတွင်းဘက်ကျသော
ကျဥ်းမြောင်းတဲ့ရေချိုးခန်းငယ်လေးထဲကနေတစ်စုံတစ်ဦးရဲ့ဆူအောင့်အောင့်အသံလေးတစ်သံက နံရံတွေကြားကနေခပ်သဲ့သဲ့ထွက်လာနေသည်။

"ဘယ်သူမှမရှိဘူး ငါတို့နှစ်ယောက်ပဲရှိတာပါကွာ။ ငါသေချာစစ်ကြည့်ပြီးပြီ"

"အာ့ ခွေး! ငြိမ်ငြိမ်နေစမ်းပါ။"

ဝုန်း!!!!!!!

ထိုအသံကြောင့်ဆက်နောင်ကောနေသူရိန်ပါလုပ်လက်စအလုပ်တို့တန့်သွားပြီး
၂ယောက်စလုံး ကြောင်ကြောင်အမ်းအမ်းနဲ့ဗျာများသွားတော့သည်။

"ဘာအသံလဲ???"

"ဘေးနားအခန်းကအသံ"

နေသူရိန်ပြန်ဖြေလာတဲ့အခါ ဆက်နောင်ကသူ့ခန္ဓာကိုယ်အောက်ပိုင်းကိုသဘက်တစ်ထည်နဲ့ပတ်လိုက်၍ ရေချိုးခန်းငယ်ထဲကနေထွက်သွားတာကြောင့်နေသူရိန်လည်းဆက်နောင်နောက်ကနေလိုက်ထွက်လာလေသည်။

ဆက်နောင်နဲ့နေသူရိန်တို့နှစ်ယောက်စလုံးအသံလာရာအခန်းဆီသို့လျှောက်သွားလိုက်ပြီးအသံထွက်လာတဲ့အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့ အခန်းထဲရှိလူက Lockမချထားပေ။

အခန်းတံခါးကအဆင်ပြေပြေပဲပွင့်သွားခဲ့ကာ သူတို့အခန်းထဲကိုဝေ့ကြည့်လိုက်တော့ရေတွေစိုရွှဲနေတဲ့ အခန်းတံခါးရှေ့ကျောက်ပြားပေါ်ထက်မှာ ခွေခွေလေးလဲကျနေတဲ့ပိန်ပါးဖျော့တော့သောကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်နှင့်
နှစ်ယောက်စလုံးပူထူသွားပြီးထိတ်လန့်သွားကြလေသည်။

ဆက်နောင်ကထိုလဲကျနေတဲ့ကောင်လေးအားကမမ်းကတမ်းထူလိုက်ပြီးသူ၏ရင်ခွင်ထဲ၌သက်တောင့်သက်သာလဲလျောင်းစေလိုက်သည်။

ထိုကောင်လေးရဲ့မျက်နှာမှာချင်းချင်းနီသောသွေးများက နေရာမလပ်ဖုံးလွှမ်းနေတာကြောင့်ဘယ်သူဘယ်ဝါဖြစ်မှန်း သူမျက်မှန်းတမ်းမမိခဲ့ပေ။

"သွေးတွေ!!!!!!"

ဆက်နောင်က သူ့လက်မှာစွန်းပေသွားတဲ့သွေးတွေကိုကြည့်ရင်းအထိတ်တလန့်အော်လိုက်တော့နေသူရိန်က သွေးတွေပေသွားရတဲ့ဆက်နောက်ရဲ့လက်ကလေးကိုအဝတ်တစ်ခုနဲ့မြန်မြန်ဆန်ဆန်သုတ်ပေးလာကာ အလောတကြီးဆိုသည်။

"ဒီအတိုင်းဆိုအရေးပေါ်ကားခေါ်မှဖြစ်မယ်!!!"

ထိုကောင်လေးကိုနှစ်ယောက်စလုံးတစ်ဖက်တစ်ချက်စီကူတွဲလိုက်ပြီးနောက်ရေချိုးဆောင်ထဲမှထွက်လာခဲ့လိုက်သည်။

"ဆရာရေလုပ်ပါဦး!!!!!ဒီမှာဘယ်သူလဲမသိဘူး။ရေချိုးခန်းထဲမှာသွေးတွေရွှဲပြီးလဲကျနေလို့" ဆိုတဲ့သူတို့နှစ်ယောက်အော်သံကြောင့် အနောက်ပိုင်းအဆောင်တစ်ခုလုံး ဝရုန်းသုန်းကားနဲ့ပြေးထွက်လာကြကာအလန့်တကြားဖြစ်ကုန်ကြသည်။

ယောကျာ်းလေးအဆောင်မှာအဆောင်ဟောင်းနဲ့နောက်မှဆောက်လုပ်ထားတဲ့အဆောင်သစ်ဟူ၍နှစ်ခြမ်းရှိတာကြောင့်
မင်းခန့်ထည်တို့အဆောင်ကိုအရှေ့ပိုင်းအဆောင်ဟုခေါ်ဝေါ်ကာဆက်နောင်တို့အဆောင်ကိုတော့အနောက်ပိုင်းအဆောင်ဟုခေါ်ဝေါ်သည်။

"ဘယ်သူလဲ။ငါတို့အဆောင်ကမဟုတ်ဘူးထင်တယ်။အရှေ့ပိုင်းအဆောင်ကလားမသိဘူး"

"အရေးပေါ်ကားခေါ်ကြလေ!!!"

"ခေါ်ပြီးပြီ"

အနောက်ပိုင်းအဆောင်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားရကာ ဘယ်သူမှန်းမသိတဲ့ ခေါင်းတစ်ခုလုံးသွေတွေစိုရွှဲနေရှာတဲ့ထိုကောင်လေးအားအနောက်ပိုင်းအဆောင်မှလူတော်တော်များများက နီးရာဆေးရုံဆီသို့လိုက်ပို့ပေးကြလေသည်။

သန်လျင်ဆေးရုံတခွင်တွင်လူနာများအများအပြားရှိနေပြီးဆေးရုံရှိဆရာဝန်များမှာလည်း Dutyချိန်တွေပြည့်ကြပ်နေတာကြောင့်ဆေးရုံကိုအလည်လာတဲ့ဆရာဝန်လေးမှာ သူငယ်ချင်းဖြစ်သူနဲ့စကားကောင်းကောင်းမပြောလိုက်ရပေ။

"ငါ မင်းဆီလာပြီးအနှောင့်အယှက်ပေးမိပြီထင်တယ်။"

"မဟုတ်တာကွာ။ငါကသာမင်းကိုအားနာရမှာ။စကားတောင်ဖြောင့်အောင်မပြောရဘူး။ငါကမင်းနဲ့စကားတွေပြောချင်သေးတာ။ဒါနဲ့ဟိုကောင်ကြီးသတင်းကောဘာကြားသေးလဲ။"

"သူဟိုကိုပြန်သွားပြီ။ဟိုတစ်ပတ်ကတောင်ငါနဲ့ဆေးရုံမှာတွေ့လိုက်သေးတယ်။အရင်လိုပဲ။ဘာမှမပြောင်းလဲသေးဘူး"

"ငါလည်းသူနဲ့မတွေ့ဖြစ်တာအတော်ကြာပြီ"

ထိုလူနှစ်ယောက် စင်္ကြံရှေ့တစ်ခု၌ စကားပြောလို့ပင်မဆုံးသေး Ambulanceတစ်စီးကဆေးရုံဝသို့ဆိုက်လာပြီး Ambulanceကားနောက်ကနေကား၂စီးပါထပ်ဆိုက်လာကာလူတော်တော်များများအုံသွားတာကြောင့်အလည်လာသူဆရာဝန်လေးကအာရုံစိုက်မိသွားလေသည်။

ထို့နောက်အရပ်ရှည်ရှည်နဲ့ဆရာဝန်လေးကထိုလူအုပ်ကြားအပြေးသွားကြည့်လိုက်သော်သွေးများနှင့်ရွှဲရွှဲစိုနေကာ လူနာခုတင်ထက်၌သတိမေ့မြောနေသောကောင်လေးကိုတွေ့တဲ့အခါ ထိုဆေးရုံကတာဝန်ကျဆရာဝန်ဖြစ်တဲ့သူ့သူငယ်ချင်းဆီအော်ပြောလိုက်တော့သည်။

"အရေးပေါ်တင်မှဖြစ်မယ်!!!!။ငါလည်းကူညီပေးမယ်"

သူထိုသို့ဆိုရင်း မေ့မြောနေတဲ့ကောင်လေးကိုတစ်ခါပြန်ကြည့်လိုက်တဲ့အခါ သူဒီကောင်လေးကိုရင်းရင်းနှီးနှီးမြင်ဖူးနေသလိုမျိုးခံစားလိုက်ရတာကြောင့်သူ့စိတ်တွေထွေသွားရသည်။

ထိုကောင်လေးအားအရေးပေါ်ခန်းထဲသို့ nurseများနှင့်ဆရာဝန်နှစ်ဦးကခေါ်ဆောင်သွားကြရာ အရေးပေါ်အခန်းသို့ရောက်သော် nurse များကထိုကောင်လေးရဲ့မျက်နှာအားသန့်ရှင်းပေးပြီးတဲ့နောက်
ကောင်လေးရဲ့မျက်နှာသွင်ပြင်က ထင်ထင်ရှားရှားပေါ်လာတဲ့အခါ အလည်လာသူဆရာဝန်လေးရဲ့မျက်ဝန်းအိမ်များမှာပြူးကျယ်ပင့်သက်သွားခဲ့ရသည်။

"ရှိုင်းဇေယံ!"

"စိုင်းသီဟ ..မင်းသူ့ကိုသိလို့လား"

"အေး။"

စိုင်းသီဟကသိကြောင်းပြန်ဖြေလာတာမို့ဆရာဝန်လေးကစကားကြောရှည်မနေတော့ဘဲ လူနာလေးရဲ့အခြေအနေကိုစစ်ဆေးကြည့်နေရင်းပြောလာသည်။

"ခေါင်းကွဲသွားတာ။မာကျောတဲ့အရာတစ်ခုခုနဲ့ဆောင့်မိထားတာထင်တယ်။
သွေးထွက်မလွန်ခင်အမြန်ချုပ်ရမယ်။
မင်းငါ့ကိုကူပေးဦး စိုင်း"

"Ok..."

စိုင်းသီဟရဲ့ကတုန်ကယင်ဖြစ်နေရှာသောထိုပုံစံကိုဆရာဝန်လေးက တစ်ခါကမှမမြင်ဖူးသေးတာကြောင့် အနည်းငယ်အံ့အားသင့်နေရသည်။
ထို့ကြောင့် ရှိုင်းဇေယံဆိုတဲ့ကောင်လေးရဲ့ခေါင်းကဒဏ်ရာကိုချုပ်ပေးနေရင်းစိုင်းသီဟကို မေးမြန်းလိုက်လေ၏။

"မင်းမဟုတ်တဲ့အတိုင်းပဲ ဘာလို့ဒီလောက်တုန်လှုပ်နေတာလဲ။မင်းဒီကောင်လေးထက်ဆိုးတဲ့လူနာတွေအများကြီးကိုကြုံတွေ့ခဲ့ဖူးတာပဲဟာ"

"မတူဘူး။"

"ဘာကလဲ"

စိုင်းသီဟက သူဆက်မေးလာတဲ့ထိုမေးခွန်းကိုဆက်မဖြေဘဲနှုတ်ဆိတ်နေတာကြောင့်ဆရာဝန်လေးလည်းထပ်မမေးတော့ပေ။သွေးထွက်လွန်မှာစိုးတာကြောင့် ကောင်လေးရဲ့ခေါင်းကွဲဒဏ်ရာကိုကျွမ်းကျင်လျင်မြန်စွာချုပ်လိုက်တော့သည်။

နောက်ဆုံးသောအပ်ချည်မျှင်ကိုကတ်ကြေးလေးနဲ့ဖြတ်တောက်လိုက်ပြီး အရက်ပြန်ထည့်ထားတဲ့ခွက်တစ်ခုထဲသို့ ကတ်ကြေးလေးအားပစ်ထည့်လိုက်တဲ့အခါ မြည်သံလေးတစ်သံကအခန်းထဲမှာကြည်လင်စူးရှစွာထွက်ပေါ်လာခဲ့သည်။

"နာနေမှာပဲ...."

စိုင်းသီဟက ကောင်လေးရဲ့ခေါင်းကဒဏ်ရာကိုကြည့်ရင်းစိတ်မကောင်းဖြစ်စွာရေရွတ်လိုက်တဲ့အခါ ဆရာဝန်လေးကသူ့ရဲ့ Maskကိုချွတ်လိုက်ပြီး သူ့မျက်စိရှေ့ကခွဲစိတ်ခန်းရဲ့နတ်ဘုရားတစ်ဆူအား ဆွံ့အစွာကြည့်နေမိလေသည်။

'ဒီကောင်ဘာဖြစ်နေတာလဲဟ'

ပြီးနောက် ဆရာဝန်လေးကလက်အိတ်တွေကိုချွတ်နေရင်းအနောက်နားက Nurseဆီလှမ်းပြောလိုက်သည်။

"nurse လူနာကို အရေးပေါ်ကနေပြောင်းလို့ရပြီ။ကျန်တဲ့ဆေးစစ်ချက်တွေရရင်လည်းကျနော့်ကိုတင်ပြပေးပါ"

"ဟုတ်ကဲ့ပါဆရာ"

ချွတ်ပြီးတဲ့လက်အိတ်တွေကိုအမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီးနောက် ဆရာဝန်လေးက သူ့ရဲ့သူငယ်ချင်းဖြစ်သူကိုစကားပြောရန်ပြန်လှည့်ကြည့်လိုက်တော့ စိုင်းသီဟကိုရှာမတွေ့တော့ပေ။စိုင်းသီဟကသူ့ထက်အရင်အခန်းထဲမှတိတ်ဆိတ်စွာ ထွက်သွားနှင့်ပြီဖြစ်သည်။

"ဒီကမောင်လေးတို့ ...မောင်လေးတို့ထဲကဘယ်သူကလူနာအတွက် formဖြည့်ပေးနိုင်မလဲ"

ကော်ရစ်တာရှိခုံတန်းလျားပေါ်၌တန်းစီထိုင်နေကြသောကောင်လေးများကို nurseလေးတစ်ယောက်က Formဖြည့်ဖို့မေးမြန်းနေပေမယ့်ထိုကောင်လေးများကတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ကြရင်းလူနာရှင်ကောင်လေးအားမသိဘူးဟုသာဆိုလာကြတာမို့ Nurseလေးလည်းတိုင်ပတ်နေရှာသည်။

ထိုစဥ်သြရှတည်ငြိမ်တဲ့အသံတစ်သံကအနောက်နားကနေပျံ့လွင့်ထွက်ပေါ်လာခဲ့ပေသည်။

"ကိုယ်ဖြည့်ပေးမယ်"

ထိုအသံလာရာကိုအကုန်လုံးလှည့်ကြည့်လိုက်တော့အသားဖြူဖြူ၊အရပ်ရှည်ရှည်နဲ့ပိန်သွယ်သယောင်ထင်ရသည့်တိုင် တောင့်တင်းသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသောလူငယ်လေးတစ်ယောက်သူတို့ထံလျှောက်လှမ်းလာသည်ကိုတွေ့လိုက်ရလေသည်။

ထိုလူငယ်လေးအားအကုန်လုံးကကယ်တင်ရှင်သဖွယ်ငေးကြည့်နေကြစဥ်
မှာ ထိုသူ၏ရုပ်ရည်ဟာ အင်မတန်မှချောမောကြည့်ကောင်းလှကြောင်းကိုအကုန်လုံးကအသံတိတ်ထောက်ခံနေခဲ့ကြသည်။

စိုင်းသီဟကသူ၏မျက်မှန်လေးအား ခန့်ညားစွာပင့်တင်လိုက်ပြီးနောက် nurseလက်ထဲမှ formကိုယူလိုက်သည်။ထို့နောက်လွတ်နေတဲ့ခုံတန်းတစ်ခုမှာဝင်ထိုင်လိုက်ကာ ရှည်လျားသောခြေတံတို့ကိုခြေချိတ်ထိုင်လိုက်လျက် ပေါင်ပေါ်မှာFormကိုတင်ဖြည့်နေရင်းဆိုလာသည်။

"သူ့နာမည်ကရှိုင်းဇေယံလေ။မင်းတို့ထဲမှာသူ့ကိုသိတဲ့လူတစ်ယောက်တောင်မပါဘူးလား"

formဖြည့်နေရင်းတည်ကြည်သြရှသောအသံတစ်သံဖြင့်တစ်ဖက်ခုံတန်းလျားပေါ်ရှိကောင်လေးများအားမေးလိုက်တဲ့အခါ ထိုလူသားရဲ့အမေးကိုကြားလိုက်ရတဲ့လူတိုင်းက ရေခဲရေနဲ့ပုံးလိုက်လောင်းချခံလိုက်ရသကဲ့သို့အေးစိမ့်မှုတို့ကိုခံစားလိုက်ရသည်။

"အဲ့လူကရှိုင်းလား?"

ရုတ်တရက်ထွက်ပေါ်လာတဲ့အသံလေးကြောင့်အကုန်လုံးရဲ့အကြည့်များက အသံထွက်လာတဲ့ထိုကောင်လေးဆီသို့တစ်ချိန်တည်းစုပြုံရောက်ရှိသွားကြတော့သည်။ထိုကောင်လေးမှာရှိုင်းနဲ့တစ်မေဂျာတည်းဖြစ်တဲ့ဆက်နောင်ခပင်ဖြစ်သည်။

"Shit!။ရှိုင်းကိုတောင်ငါဘာလို့မမှတ်မိရတာလဲမသိဘူး။"

ဆက်နောင်ခနဲ့ရှိုင်းဇေယံတို့ဟာတစ်မေဂျာထဲမှာအတန်းတူတူတက်နေကြသော်လည်းသိပ်ပြီးအဆက်အဆံမရှိကြပေ။
ရှိုင်းကသူ့ဘာသာသူအမြဲတမ်းတစ်ယောက်တည်းနေတတ်ပြီးဆက်နောင်ကသူ့အုပ်စုနှင့်သူနေနေတာကြောင့် နှစ်ဦးကသိကြရုံသာရှိပြီးမရင်းနှီးကြ။

ဆက်နောင်အတွက်ရှိုင်းဇေယံဆိုတာဟာပုခုံးချင်းတိုက်ပြီးဖြတ်သွားရင်တောင်တစ်ခါတစ်လေမမှတ်မိနိုင်တာမျိုးလည်းရှိလေသည်။

ထို့ပြင် ခုနတုန်းက ရှိုင်းဇေယံမှာ ခေါင်းကွဲဒဏ်ရာကြောင့်မျက်နှာတစ်ပြင်လုံးသွေးချင်းချင်းနီနေတဲ့အကြောင်းရင်းကြောင့်သူမျက်မှန်းတမ်းမမိတာလည်းပါမည်။

တစ်မေဂျာတည်းတူတဲ့သူတောင်မမှတ်မိဘူးဆိုတော့အနောက်ပိုင်းအဆောင်ရှိတခြားလူများကမမှတ်မိသည်မှာမဆန်းတော့ပေ။ထို့ကြောင့်ဆက်နောင်ခမျာအပြစ်ရှိသလိုခံစားလိုက်ရသည်။

စိုင်းသီဟက formဖြည့်ပြီးတာနဲ့တုံ့ဆိုင်းမနေဘဲထိုနေရာမှထထွက်သွားတော့သည်။
ထိုအချိန်တွင် ဆက်နောင်ခလေးခမျာရှိုင်းဇေယံအကြောင်းကိုမင်းခန့်ထည်ဆီဆက်သွယ်ချင်ပါသော်လည်းသူ့ထံ၌မင်းခန့်ထည်ရဲ့ဖုန်းနံပါတ်မရှိတာကြောင့်အခက်အခဲဖြစ်နေခဲ့သည်။

ထို့ကြောင့် မင်းခန့်ထည်အစားမင်းစက်ကိုသာသူဆက်သွယ်လိုက်ရသည်။
သူ မင်းစက်နံပါတ်ကိုဖုန်းဆက်လိုက်တော့ဖုန်းဝင်သွားပြီးနောက် တစ်ဖက်ကခပ်မြန်မြန်ပဲဖုန်းကိုင်လာတာကြောင့် ဝမ်းသာအားရနဲ့မေးလိုက်လေသည်။

"ဟဲလို အကိုမင်းစက်လား"

"မဟုတ်ဘူး ငါ"

Screenတစ်ဖက်ကနေအေးတိအေးစက်ပြန်ဖြေသံကိုကြားလိုက်ရတဲ့အခါဆက်နောင်ကြက်သီးများထလာရပြီးသူ့လက်သူပြန်သပ်ချမိသည်။ထိုလူမှာ ဟန်လင်းထက်ဖြစ်ကြောင်းဆက်နောင်အတပ်သိလေ၏။

"ဘယ်သူဖြစ်ဖြစ်ငါပြောတာသေချာနားထောင်။အရေးကြီးတယ်။
အခု ရှိုင်းဇေယံကိုဆေးရုံတင်ထားရတယ်။အကိုမင်းခန့်ထည်ကိုဆက်သွယ်လို့မရလို့ ငါ့အစားအကိုမင်းစက်ကိုဆက်သွယ်ခိုင်းမလို့"

"ရှိုင်းဇေယံ အရမ်းစိုးရိမ်ရလား"

အေးတိအေးစက်အသံကနေစိုးရိမ်နေဟန်ရတဲ့အသံဆီသို့ချက်ချင်းပြောင်းလဲသွားတဲ့ဟန်လင်းထက်ကြောင့်
ဆက်နောင်ခမျာ ကြက်သီးများထပ်မံထလာပြန်သည်။

'လခွမ်း။ဒီလိုကောင်မျိုးကလည်းစိုးရိမ်တတ်တယ်ပေါ့လေ!'

"မြန်မြန်ပြောစမ်းပါ!!!"

ဟန်လင်းထက်ကစိတ်မရှည်စွာပြန်အော်ဟစ်လာတာကြောင့်ဆက်နောင်ခလည်း အဖြစ်အပျက်အားလုံးကိုအူမချေးခါးမကျန်အကုန်ပြောပြလိုက်တော့လေသည်။

"သိပြီ...ငါတို့အခုပဲလာခဲ့မယ်"

••••••••••••••••••••••••••••••••••••••••••••••••••

အဖြူရောင်ဆေးတို့သုတ်လိမ်းထားတဲ့အုတ်တံတိုင်းလေးဖြင့်ကာရံထားတဲ့ခြံဝန်းလေးထဲရှိပန်းဥယျာဥ်အသေးလေးထဲ၌ပန်းအိုးများကိုဟိုနေရာပြောင်းရွှေ့လိုက်၊သည်နေရာပြောင်းရွှေ့လိုက်နှင့်ကောင်လေးတစ်ယောက်ခမျာအလုပ်မရှိအလုပ်ရှာကာအလုပ်ရှုပ်နေလေသည်။

"သားရယ် ပန်းအိုးတွေသယ်ပြီးနေရာကိုပြန်ပြင်ပေးနေတာမပင်ပန်းဘူးလား"

"မပင်ပန်းပါဘူး အန်တီ"

ဟု မင်းခန့်ထည်ကပြုံးရင်းပြန်ဖြေလာပြီးနောက် Kiss me quickပန်းအိုးလေးတစ်အိုးကိုထပ်မလိုက်ပြန်သည်။

"သားတစ်ခုခုများဖြစ်နေလို့လား။"

ဒေါ်စန္ဒာသော်ထိုသို့မေးလိုက်တော့ နောက်ထပ်ပန်းအိုးတစ်အိုးကိုထပ်မဖို့ပြင်နေတဲ့မင်းခန့်ထည်ရဲ့လက်တွေကတခနတန့်သွားပြီးမှ ခပ်ယဲ့ယဲ့ပြုံးလျက် ဆက်လုပ်နေပြန်သည်။

"တကယ်ကိုတစ်ခုခုဖြစ်နေတာပဲ"

"ကျနော့်ကိုအန်တီဘယ်လိုများနားလည်နိုင်တာလဲဗျာ"

"သားကိုကခန့်မှန်းရလွယ်နေတာပါ"

"အဲ့တာဆို ခန့်မှန်းရခက်အောင်ကျနော်ဘယ်လိုနေရမလဲ"

"သားရဲ့ခံစားချက်တွေကိုအတင်းမဖုံးကွယ်ထားနဲ့လေ။သားရဲ့ရင်ဘက်ထဲကအရာတွေကိုသားဖုံးကွယ်ထားလေလေ သားဟန်မဆောင်နိုင်လေလေဘဲ။
ရင်ထဲမှာပူလောင်နေမှတော့ဘယ်လိုလုပ်ပြီးအလှဆုံးပြုံးနေနိုင်တော့မလဲ မဟုတ်ဘူးလား"

မင်းခန့်ထည်အရှိုက်ထိသွားသဖြင့်ခေါင်းတငြိမ့်ငြိမ့်နဲရယ်လာပြီးနောက် လုပ်လက်စအလုပ်တွေကိုရပ်လိုက်တော့သည်။
ထို့နောက်ဒေါ်စန္ဒာသော်ထိုင်ရာကျောက်ခုံလေးပေါ်၌ဝင်ထိုင်လိုက်ပြီး လူကြီးတစ်ယောက်ရှေ့မှာသူ့အရွယ်နဲ့မလိုက်မဖက်သက်ပြင်းအရှည်ကြီးချမိလိုက်လေသည်။

"ကျနော့်ကိုယ်ကျနော် ဘယ်လိုမှကိုနားမလည်နိုင်တော့ဘူးအန်တီ။
ကျနော်ဒီလိုမျိုးတစ်ခါမှမခံစားရဖူးဘူး။
ကျနော့်ရင်ဘက်ကြီးတစ်ခုလုံးမွန်းကြပ်နေတယ်ဆိုတာပဲသိတယ်။
အဲ့တာကြောင့် တစ်နေ့လုံးကျနော့်ကိုကျနော်ဖိအားတွေပေးနေခဲ့တာ။"

နောက်ဆုံးစကားလေးတစ်ခွန်းကိုတော့မင်းခန့်ထည်ကတွန့်ဆုတ်တိမ်ဝင်စွာဖြင့်ဆိုလိုက်လေသည်။အဘယ်ကြောင့်ဆိုသော် သူ့တွင်ထိုစကားလုံးတို့ထုတ်ပြောဖို့အတွက်အားအင်တို့ကုန်ခမ်းနေပြီမို့ပင်။

"ဒါပေမယ့် ကျနော့်ကိုယ်ကျနော်ဘယ်လောက်ပဲဖိအားပေးပေး
သူ့ကို ကျနော့်ခေါင်းထဲကနေ ဘယ်လိုမှထုတ်လို့မရခဲ့ဖူး.."

ထိုအခါ ဒေါ်စန္ဒာသော်က မင်းခန့်ထည်ရဲ့ကျောကုန်းလေးကိုခပ်ဖွဖွပုတ်ပေးလာလျက် နှစ်သက်သဘောကျမှုအပြည့်နဲ့ရယ်မောလာခဲ့သည်။

"သားမှာချစ်ရတဲ့သူရှိနေပြီပဲ။
ဘယ်သူများလဲကွယ်။အဲ့ကလေးအရမ်းကံကောင်းတာပဲ"

"ချစ်ရတဲ့သူ?"

'အချစ်ဆိုတာဘာလဲ?
ပြီးတော့ငါကချစ်နေတယ်တဲ့ ဘယ်သူ့ကိုလဲ'

ဒီလိုနေရာမျိုးကျငတုံးလေးဖြစ်နေရှာတဲ့
မင်းခန့်ထည်ကို သူမပြုံးကာကြည့်လိုက်ရင်း ရေရွတ်လာခဲ့သည်။

"သားခေါင်းထဲကနေထုတ်မရတဲ့သူကသားချစ်နေရတဲ့သူမဟုတ်ဘူးလားကွဲ့"

"...."

တစ်နေ့တာလုံး ရှုပ်ထွေးမွန်းကြပ်နေရတဲ့ သူ့ရင်ထဲကကြိုးထုံးကြီးတစ်ထုံးဟာဒေါ်စန္ဒာသော်ရဲ့စကားကိုကြားကြားချင်းပင် နားလည်ရခက်စွာပြတ်တောက်ပြေလျော့သွားရသည်။

'ငါ့ခေါင်းထဲကထုတ်မရတဲ့သူက .ရှိုင်းလေးလေ။သူကငါချစ်နေရတဲ့သူလား ။
ငါဒီလိုဖြစ်နေတာတွေကရှိုင်းလေးကငါ့ကိုချစ်နေတာကြောင့်မဟုတ်ဘဲ ငါကရှိုင်းလေးကိုချစ်နေမိခဲ့လို့လား?'

"အော်..မောင်ရောက်နေတာပဲ"

သူထိုသို့တွေးနေတုန်းပင် ရုတ်တရက်ကြားဝင်လာခဲ့တဲ့ စကားသံကြောင့်မင်းခန့်ထည်ရဲ့အတွေးယဥ်ကြောတို့ဟာနှောင့်ယှက်ခြင်းခံလိုက်ရကာ လမ်းစပျောက်သွားရသည်။

"ဖြူရယ် ကိုယ် ရောက်နေတာပဲကြာလှပြီ"

"အာ..ဖြူမသိလို့ sorryနော်။
ဒါနဲ့ မောင့်အိတ်ကို ဖြူ စပ်စုကြည့်လိုက်မိတာ အထဲမှာဝတ်စုံနှစ်စုံတောင်ပါတာကိုတွေ့လိုက်တယ်။ မောင် ဒီနေ့အဆောင်မပြန်ဘူးလား"

သူမစကားကိုကြားတော့ဒေါ်စန္ဒာသော်ကလည်း စိုးရိမ်သွားဟန်ဖြင့်မေးလာခဲ့သည်။

"ဟုတ်လား သား ဘာဖြစ်လို့လဲ !"

"ဟုတ်တယ် အန်တီ။ကျနော်မနက်ဖြန်လည်းသင်တန်းရှိသေးတယ်ဆိုတော့လေ..ဒီည        စီနီယာတစ်ယောက်ရဲ့အိမ်မှာပဲအိပ်ပြီးတော့မနက်ကျသင်တန်းတန်းသွားလို့ရအောင်ထည့်ခဲ့တာပါ။
အခုလည်းညနေစောင်းနေပြီဆိုတော့အဆောင်ပြန်ရောက်ဖို့ကအဆင်မပြေလို့လည်းပါတယ်"

"အော် ဟုတ်လား။ဒါဆိုလည်းသားဒီမှာညနေစာပါတစ်ခါတည်းစားသွားလိုက်နော်။
အန်တီသွားပြင်ဆင်လိုက်ဦးမယ်"

ဟုဆိုကာဒေါ်စန္ဒာသော်ကအလျင်အမြန် ထထွက်သွားတာကြောင့်မင်းခန့်ထည်ခမျာစိတ်အားထက်သန်လွန်းတဲ့သူမအားတားမြစ်ချိန်တောင်မရလိုက်ပေ။

ဒေါ်စန္ဒာထွက်သွားပြီးနောက် ဖြူစင်သော်ကသူ၏ရင်ခွင်ထဲသို့တိုးဝင်လာခဲ့ကာ သူ့ကိုအတင်းဖက်တွယ်လျက်ဆိုသည်။

"မောင် ဖြူ့ကိုအခုတလောမချစ်တော့ဘူးလို့ခံစားနေရတယ်။
ဖြူ့ကိုမောင့်ရင်ခွင်ထဲမှာခနလောက်ဖက်ထားပေးပါနော်"

ဖြူစင်သော်စကားပင်မဆုံးလိုက်မင်းခန့်ထည်ကသူမလက်များကိုခွာချပစ်လိုက်ကာမတ်တပ်ထရပ်လိုက်သည်။

"အိမ်ရှေ့ကြီးမှာမသင့်တော်ဘူးလေ ဖြူ"
ဟုဆိုလိုက်လျက် ထိုနေရာမှလှည့််ထွက်သွားကာ ဥယျာဉ်ငယ်လေးထဲမှာသူလုပ်လက်စဖြစ်တဲ့ပန်းအိုးရွှေ့တဲ့အလုပ်ကိုဆက်လုပ်နေလေသည်။

ထိုသို့ထွက်သွားသောမင်းခန့်ထည်ရဲ့အေးစက်စက်ကျောပြင်တစ်နေရာအားဖြူစင်သော်အလိုမကျစွာစိုက်ကြည့်နေရင်းအောက်နှုတ်ခမ်းကိုနီရဲသည်အထိဖိကိုက်လို့ထားသည်။

ထိုအချိန်မှာပင်သူမဘေးနားရှိခုံလေးပေါ်မှာတင်ထားခဲ့တဲ့ဖုန်းလေးက Rockဂီတသံတစ်သံနဲ့တုန်ခါလာတာကြောင့်သူမကောက်ယူကြည့်လိုက်တော့ ဖုန်းခေါ်ဆိုလာတဲ့သူကမင်းစက်ဖြစ်နေတာကြောင့်ဖြူစင်သော်ကဖုန်းမကိုင်ဘဲတန်းချပစ်လိုက်သည်။

မင်းစက်ကလက်မလျှော့စတမ်းနှစ်ခါသုံးခါဆက်ခေါ်နေတာကြောင့်သူမစိတ်အနှောင့်အယှက်ဖြစ်စွာ တောက်တစ်ချက်ခေါက်လိုက်ပြီး powerပိတ်ဖို့အပြင် message တစ်စောင်ထပ်ဝင်လာတာကိုတွေ့လိုက်ရသည်။

[မင်းခန့် ညီလေးရှိုင်းဇေယံကိုဆေးရုံတင်ထားရတယ်။အရေးကြီးတယ်။မင်းအမြန်ဆုံးလာခဲ့ပါ။ငါနဲ့ဟန်လင်းထက်လည်းအခုသန်လျင်ဆေးရုံကိုသွားနေပြီ။ဒီmessageကိုတွေ့ရင်ငါ့ဆီဖုန်းပြန်ဆက်ဦး]

ဖြူစင်သော်ကထိုmessageကိုဖတ်လိုက်ပြီးသကာလ သူမရဲ့နှုတ်ခမ်းတွေကမဲ့သွားကာလက်ဖျားလေးကဖုန်း screenရဲ့ selectကိုနှိပ်လိုက်ပြီး အမှိုက်ပုံးပုံလေးကိုပါထပ်နှိပ်လိုက်တော့လေသည်။ ထို့ကြောင့် ထို Messageလေးဟာမင်းခန့်ထည်မတွေ့လိုက်ရသေးခင်မှာပင် မရှိခဲ့သလိုမျိုးပျောက်ကွယ်သွားခဲ့ရပေ၏။

"သူကငါ့လောက် မောင့်အတွက်အရေးမကြီးနိုင်ပါဘူး"

သူမရဲ့နှုတ်ခမ်းတို့က ထိုသို့ရေရွတ်လိုက်ရင်းကွေးတက်သွားကာ မင်းခန့်ထည်ကတော့ထိုအဖြစ်ကိုမသိရှာပဲ မျက်စိရှေ့ကအလုပ်ကိုသာအာရုံစိုက်နေချေသည်။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💙

Love you all my readers 💕(๑•ᴗ•๑)♡

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၂၈) - ခ်စ္ရသူကိုေက်ာခိုင္းထားစဥ္

Zawgyi

[ေနရာတိုင္းမွာသူ႕ပုံရိပ္ေတြခ်ည္းပဲ]

ထိုညၿပီးေတာ့ေနာက္တစ္ေန႔မနက္ေစာေစာတြင္မင္းခန္႔ထည္ကအရင္ႏိုးလာခဲ့ၿပီး႐ိႈင္းေဇယံဘက္ကိုမ်က္ဝန္းေထာင့္စြန္းေလးကေနခိုးၾကည့္လိုက္ေသာအခါေကာင္ေလးကနံရံဘက္ကိုမ်က္ႏွာမူကာေက်ာခိုင္းလ်က္ၿငိမ္သက္စြာအိပ္စက္ေနသည္ကိုေတြ႕လိုက္ရေလသည္။

ထိုအခ်ိန္ကိုအခြင့္ေကာင္းယူကာသူမနက္ေစာေစာစီးစီးေရမိုးခ်ိဳးၿပီးေနာက္အေဆာင္ကေနထြက္လာခဲ့လိုက္သည္။
သူထြက္လာခဲ့တဲ့အခ်ိန္အထိထိုကေလးကအိပ္ေပ်ာ္ေနဆဲမို႔ ဘာစကားမွအမွာမပါးခဲ့သလို အခန္းထဲကေန ထြက္မသြားခင္ေလး၌ေကာင္ေလးကိုတစ္ခ်က္္ေလးျဖစ္ျဖစ္ေစာင္းငဲ့ၾကည့္ဖို႔ကိုေတာင္သူ႕ကိုယ္သူခြင့္မျပဳႏိုင္ခဲ့ေပ။

ေက်ာင္းေ႐ွ႕ကားဂိတ္ကိုေရာက္ေတာ့ ထြက္မယ့္ကားတစ္စီးေပၚတက္လိုက္ၿပီးျပတင္းေပါက္နားကထိုင္ခုံတစ္ခုံ၌သူဝင္ထိုင္လိုက္သည္။တစ္ရက္ေန႔ျဖစ္တာေၾကာင့္မနက္အေစာပိုင္းမွာကားေပၚ၌လူ႐ွင္းေနခဲ့သည္။ ကားေပၚမွာသူနဲ႔အတူခရီးသည္၄ေယာက္ခန္႔သာပါတာမို႔ သူ႕မ်က္စိေ႐ွ႕ကခုံေတြေတာ္ေတာ္မ်ားမ်ားကလြတ္ေနကာ လြတ္ေနတဲ့ခုံေတြကိုၾကည့္ေနရင္းနဲ႔သူ႕ရဲ႕ရင္ထဲမွာလည္းလစ္လပ္ေနတဲ့အေခါင္းေပါက္ႀကီးတစ္ခုဝင္ေရာက္ေနသလိုမ်ိဳးဟာတာတာခံစားခ်က္တို႔ကျပည္္႕ႏွက္စိုးမိုးေနခဲ့သည္။

ေကာင္ေလးတစ္ေယာက္နဲ႔ကားအတူတူစီးခဲ့တဲ့ျမင္ကြင္းေလးက သူ႕မ်က္ဝန္းေတြထဲမွာျပန္ျမင္ေယာင္လာကာေနေရာင္ေတြက်ေနတဲ့ျပတင္းမွန္ေဘးမွာမ်က္ဝန္းေလးေတြမွိတ္စင္းထားသည့္ေကာင္ေလးရဲ႕ပုံရိပ္ကိုထိကိုင္ၾကည့္လိုက္တဲ့အခါ သူ႕ရဲ႕လက္ဖ်ားတို႔ကေအးစက္စက္ေလထုတစ္ေနရာတြင္သာ နစ္ျမဳပ္ရပ္တန္႔သြားရသည္။

သူ႕ရဲ႕လက္ေတြကိုအားအင္မဲ့စြာျပန္ခ်လိုက္ ၍ မင္းစက္ဆီသို႔တစ္စုံတစ္ေယာက္ကိုခနတာေစာင့္ေ႐ွာက္ေပးထားရန္ messageတစ္ေစာင္ပို႔လိုက္ၿပီးေနာက္ သူ႕ရဲ႕မ်က္ႏွာထက္ဆီသို႔လက္၂ဖက္ျဖင့္အုပ္ကိုင္ထားလိုက္ေတာ့သည္။

အခန္းထဲ၌က်န္ရစ္ခဲ့ရေသာ ႐ိႈင္းေဇယံကလည္းမင္းခန္႔ထည္ထြက္သြားသည္ကိုအစအဆုံးသိေနခဲ့ကာ ထိုလူသားအေနရခက္ေနတာကို သူသိေနတာေၾကာင့္အိပ္ခ်င္ေယာင္ေဆာင္၍ၿငိမ္ေနလိုက္ျခင္းေပ။

သူ႕မွာယခုအခ်ိန္အႏွီလူသားႏွင့္မ်က္ႏွာခ်င္းဆိုင္ႏိုင္သည့္အားအင္တို႔လည္းမ႐ွိေသးတာေၾကာင့္ အေဆာင္ကိုစစေရာက္လာခဲ့တဲ့စီနီယာမင္းခန္႔ထည္ရဲ႕အခန္းေဖာ္အသစ္ေလးအတိုင္းပဲဆက္ေနသြားဖို႔သူဆုံးျဖတ္လိုက္သည္။

သို႔ေပမယ့္႐ူးမိုက္စြာျဖင့္ သူေမွ်ာ္လင့္ေနမိေသးေလသည္။႐ိႈင္းေလးဆိုၿပီးမနက္တိုင္း တစ္စုံတစ္ေယာက္ကသူ႕ကိုႏိႈးေနက်အသံေလးေပါ့။
တကယ္ေတာ့သူကမျဖစ္ႏိုင္တာေတြကိုဆက္ၿပီးေမွ်ာ္လင့္ေနခဲ့မိတာပဲ။အရာအားလုံးကၿပီးဆုံးသြားခဲ့ၿပီေလ။

'မင္းေမ့ေနတာတစ္ခုက မင္းကသူ႕အတြက္ဘာတြယ္တာစရာမွ႐ွိမေနတဲ့သူစိမ္းတစ္ေယာက္ဆိုတာပဲ။'

သူ၏ေအးစက္စက္ႏႈတ္ခမ္းသားတို႔ကိုေကြးၫြတ္စြာျပဳံးလိုက္မိသည္။
တစ္စုံတစ္ေယာက္ဆီကေန နာက်င္စရာေကာင္းတဲ့စကားေတြကိုၾကားခဲ့ၿပီးတာေတာင္မွ အခုခ်ိန္ထိအမွတ္မ႐ွိေသးတဲ့သူ႕ကိုယ္သူကိုဟားတိုက္ေလွာင္ရယ္ေနခဲ့ျခင္းပင္။

ေကာင္ေလးရဲ႕မ်က္ႏွာထက္မွာတင္က်န္ေနတဲ့အျပဳံးေလးတစ္ပြင့္ကအသက္မဝင္လွ။ေအးစက္စက္ေရေပါက္ေလးတစ္ခုကပါးျပင္ေပၚသို႔ဖိတ္စင္လာခဲ့တဲ့အခါ ႐ိႈင္းေဇယံသည္ေစာင္ကိုေခါင္းထက္ထိလႊမ္းျခဳံထားလိုက္ၿပီး အထီးက်န္နာက်င္လြန္းလွတဲ့ေဆာင္းအေငြ႕အသက္တို႔အားတစ္ကိုယ္တည္းႀကိတ္မွိတ္ကာအန္တုေနခဲ့ေလ၏။

မင္းစက္ခမ်ာညကတစ္ညလုံးမအိပ္ခဲ့ရတာေၾကာင့္ေန႔လည္ခင္းအထိအတိုးခ်အိပ္ဖို႔ သူစဥ္းစားထားခဲ့ေပမယ့္ သူ႕ေဘးနား႐ွိကိုယ္ေတာ္ေခ်ာက ပြတ္သပ္က်ီစယ္ျခင္းအစျပဳလာတာေၾကာင့္ သူမနက္ပိုင္းမွာတင္ႏိုးလာခဲ့ရသည္။

"ကိုစက္ ထေတာ့ေလ။က်ေနာ္တို႔လက္ဖက္ရည္ဆိုင္သြားရေအာင္"

ဟန္လင္းထက္ကမင္းစက္ရဲ႕နားအနားေလးမွတိုးညႇင္းစြာကပ္ေျပာလိုက္တဲ့အခါ ပူးေႏြး႐ွတေသာအသက္႐ွဴသံေလးေတြက ျဖတ္တိုက္ထိေတြ႕သြားခဲ့တာမို႔ မင္းစက္ရဲ႕ကိုယ္ေလးကဆတ္ခနဲတြန္႔သြားရသည္။ထိုသို႔ေသာတုံ႔ျပန္မႈေလးကိုၾကည္္႕ရင္း ဟန္လင္းထက္ကႏွစ္ၿခိဳက္သေဘာက်စြာခပ္ဟဟေအာ္ရယ္လာလ်က္ မင္းစက္ရဲ႕နားသံသီးေလးအားအသဲယားစြာကိုက္ပစ္လိုက္ပါေတာ့သည္။

"အာ့!......အလင္း။မကိုက္နဲ႔ကြာ....."

မင္းစက္ကအိပ္မႈန္စုံမႊားနဲ႔ၿငီးျငဴလာ၍ ဟန္လင္းထက္ရဲ႕မ်က္ႏွာအားတစ္ဖက္သို႔တြန္းထုတ္ပစ္လိုက္ေတာ့သည္။

"ကိုစက္ကက်ေနာ္႕ကိုၾကည့္မွမၾကည့္တာ။"

"ငါအိပ္ေရးမဝေသးဘူး။မင္းအျပစ္မင္းသိရင္ၿငိမ္ၿငိမ္ေန"

"အဲ့တာေတာင္က်ေနာ္ ညကအတတ္ႏိုင္ဆုံးထိန္းထားခဲ့တာ......"

ထို႔ေနာက္ ဟန္လင္းထက္ကမ်က္လုံးေလးမ်ားမွိတ္ကာျပန္အိပ္ေနေသာမင္းစက္ရဲ႕မ်က္ႏွာေလးနားတိုးကပ္သြားလ်က္ ေလပူေလးေတြကိုမႈတ္ထုတ္လိုက္ရင္းညစ္က်ယ္က်ယ္ဆိုလာခဲ့ေပ၏။

"ဒါေတာင္က်ေနာ္တို႔မလုပ္ရေသးဘူးေနာ္။
အဲ့အခ်ိန္က် ကိုစက္ခံႏိုင္ရည္႐ွိပါ့မလား"

"ဟန္လင္းထက္!!!!!!"

မင္းစက္ရဲ႕သာယာလွေသာစူး႐ွ႐ွေအာ္သံေလးဟာဘယ္ေလာက္ထိအသံတုန္းျမင့္သလဲဆို ကာလနဂါးေတြခ်ည္း႐ွိေနတဲ့အေဆာင္တစ္ခုလုံးႏိုးသြားေတာ့တဲ့အထိပင္။

"လခြမ္းတဲ့မွ !။ဘယ္အခန္းကေကာင္ေတြလဲကြ!"

"အသံထပ္ထြက္ရဲထပ္ထြက္လာၾကည့္အဲ့လွ်ာကိုေခြးေကြၽးပစ္မယ္ကြ!"

တစ္ဖက္အခန္းေတြဆီကေနဓားႀကိမ္းႀကိမ္းတဲ့ ဆဲဆိုသံေတြကိုၾကားလိုက္ရတဲ့အခါမင္းစက္ကေခါင္းေလးပုကာၿငိမ္က်သြားေတာ့ေလသည္။တရားခံဟန္လင္းထက္ကမူ သူ၏အျဖစ္အား ေဘးနားကေနတခြီခြီနဲ႔ႀကိတ္ရယ္ေနတာေၾကာင့္မင္းစက္စိတ္ဆိုးသြားၿပီး မ်က္ေစာင္းထိုးလိုက္ကာနီတြတ္ေနေသာမ်က္ႏွာေလးႏွင့္႐ွက္ရမ္းရမ္းေတာ့သည္။

"မင္းမဟုတ္ကဟုတ္ကေတြဆက္ေျပာေနရင္ငါခုတင္ေပၚကကန္ခ်မွာေနာ္ !"

"ကန္လည္းမကန္ခ်ရက္ဘဲနဲ႔..."

"ကန္ခ်ခံခ်င္တယ္ေပါ့ ဟုတ္လား"

ဟန္လင္းထက္ကမထီျပဳံးေလးနဲ႔ရန္စလာတာေၾကာင့္မင္းစက္တစ္ေယာက္ပို၍စိတ္ဆိုးသြားရကာ ခုတင္ေပၚကေနအမွန္အကန္
ကန္ခ်မည္အလုပ္ထိုေကာင္ေလးကသူ၏ေျခေထာက္အားဖမ္းဆြဲထားလိုက္သည္။

သူ႕ေျခေထာက္ကိုဖမ္းဆြဲထားရင္းနဲ႔ခုတင္ေပၚကေနဆင္းသြားတဲ့ေကာင္ေလးအား မင္းစက္ဆြံ႕အစြာျဖင့္ေငးေၾကာင္ၾကည့္ေနမိသည္။

ထိုေကာင္ေလးကခုတင္ေပၚမွဆင္းလိုက္ၿပီး ၾကမ္းျပင္ထက္၌ဒူးတစ္ဖက္ေထာက္ထိုင္ခ်လိုက္ကာမင္းစက္ရဲ႕ေတာင့္တင္းေသာ္လည္း sexyက်လွေသာေျခတံေလးအား တပ္မက္စြာစိုက္ၾကည့္ေနရင္း သူ႕ရဲ႕ႏႈတ္ခမ္းတို႔ကိုတြန္႔ေကြးလိုက္ကာ ႏူးညံ့ေသာေျခဖဝါးေလးထက္ဆီသို႔ ျငင္သာစြာျဖင့္အနမ္းေႁခြခ်လိုက္ေခ်သည္။

"အလင္း!!!။မင္းဘာလုပ္?"

"မလုပ္နဲ႔"

မင္းစက္ကအံ့အားသင့္တုန္လႈပ္စြာနဲ႔႐ုန္းလိုက္ၿပီးေနာက္ ခုတင္ေပၚကဆင္းကာ
ၾကမ္းျပင္ထက္မွာထိုင္ေနတဲ့ဟန္လင္းထက္အားဆြဲထူလိုက္ေလသည္။

"ေတာ္ေတာ့။ေရခ်ိဳးေဆာင္သြားရေအာင္။လက္ဖက္ရည္ဆိုင္သြားမယ္ဆို ငါတို႔ေနာက္က်ေနၿပီ"

"ဒါဆို က်ေနာ္တို႔ေရအတူတူခ်ိဳးၾကမွာလား?"

လုံခ်ည္ေလးေတြကိုပိုက္ကာအခန္းဝသို႔ေရာက္ေနၿပီျဖစ္တဲ့မင္းစက္က ထိုစကားၾကားေတာ့ ႐ုတ္တရပ္တန္႔သြားၿပီး ဆတ္ခနဲျပန္လွည့္လာကာ ခုတင္ထက္ကေစာင္ပုံထဲသို႔ေျပးဝင္ဖို႔ႀကိဳးစားလိုက္သည္။

"ဒီမနက္အရမ္းေအးတယ္။ေရေတြခဲေနေလာက္ၿပီ။ငါမခ်ိဳးေတာ့ဘူးအလင္း"

ဟန္လင္းထက္ရဲ႕ခပ္ဖြဖြနဲ႔႐ွတတရယ္သံၾသၾသေလးက ခ်ိဳၿမိန္စြာျဖင့္ထြက္က်လာကာ တြင္းထဲသို႔ျပန္ေျပးဝင္ဖို႔ႀကိဳးစားေနတဲ့ယုန္ေလးအားခါးကေန သန္မာစြာျပန္ဖမ္းဆြဲထားလိုက္သည္။

"သန္လ်င္မွာေရခဲတယ္လို႔ေတာ့ က်ေနာ္တစ္ခါမွမၾကားခဲ့ဖူးဘူး ကိုစက္" ဟု မ်က္လုံးေလးႏွစ္ဖက္ကိုေမွးက်ဥ္းကာေရ႐ြတ္လိုက္ၿပီးေနာက္ သူ႕လက္ထဲ၌ ႐ုန္းကန္တြန္းထိုးေနတဲ့လူသားေလးအား အခန္းထဲကေနဆြဲထုတ္သြားေတာ့ေလသည္။

••••••••••••••••••••••••••••••••••••••••••••••••••

မင္းခန္႔ထည္က လိုင္းကားေလးဂိတ္ဆုံးတဲ့ဗိုလ္တစ္ေထာင္ထိလိုက္စီးသြားၿပီးေနာက္လမ္းသြယ္ေလးတစ္ေနရာဆီသို႔ခ်ိဳးဝင္လိုက္ေလသည္။ထိုလမ္းသြယ္ေလးရဲ႕ေဘးဘယ္ညာႏွစ္ဖက္စလုံး၌နာမည္ႀကီးဆိုင္ခန္းေတြနဲ႔ျပည့္ေနကာ တခ်ိဳ႕ေသာတိုက္နံရံေတြေပၚမွာေဆးမႈတ္ထားတဲ့ပန္းခ်ီလက္ရာေတြေၾကာင့္သူတို႔အ႐ြယ္လူငယ္ေတြေတာ္ေတာ္မ်ားမ်ားလာေရာက္လည္ပတ္တတ္တဲ့ေနရာတစ္ခုအျဖစ္ onlineေပၚမွာေခတ္စားေနသည္။

႐ွည္လ်ားလြန္းတဲ့ေျခတံေတြကေျခလွမ္းက်ယ္က်ယ္လွမ္းႏိုင္တာေၾကာင့္ထိုပန္းခ်ီေတြ႐ွိေနတဲ့နံရံေတြကိုသူခပ္ျမန္ျမန္ပဲေက်ာ္လာလိုက္တဲ့အခါ ပြင့္ခ်ပ္ေလးခုပါ Clover logoေလးေရးဆြဲထားတဲ့ဆိုင္းဘုတ္ေလးကိုလွမ္းျမင္လိုက္ရေလသည္။ထိုဆိုင္းဘုတ္ေလးခ်ိတ္ဆြဲထားတဲ့ဆိုင္ေ႐ွ႕မွာသူ႕ရဲ႕ေျခလွမ္းေတြကိုခနရပ္လိုက္ၿပီး ေၾကာ္ညာစာေတြတစ္သီတစ္သန္းေရးထားတဲ့ လူတစ္ရပ္စာ Bannerကိုအခ်ိန္ေပးဖတ္ေနလိုက္ရင္း
သူ႕ရဲ႕ႏႈတ္ခမ္းတို႔ကေကြးတက္သြားသည္။

ထို႔ေနာက္မွန္နက္ေတြတပ္ဆင္ထားတဲ့အနက္ေရာင္တြန္းတံခါးကိုတြန္းဖြင့္လိုက္ေလေသာ္တံခါးတံစက္ၿမိတ္မွာတပ္ဆင္ထားတဲ့ဆည္းလည္းသံေလးကတိတ္ဆိတ္ေအးခ်မ္းလြန္းတဲ့ဆိုင္ခန္းေလးထဲ ျမည္ဟီးသြားေလရာေကာင္တာမွာထိုင္ေနတဲ့လူဆီကေနအသံတစ္သံထြက္လာေလသည္။

"ေၾသာ္ ဘယ္သူမ်ားလဲလို႔ ခန္႔ထည္ပါလား။လာေလ"

"ဟုတ္ကဲ့ အကို။က်ေနာ္ကဆိုင္ပိတ္တယ္ထင္တာ။"

"ဆိုင္ပိတ္မွန္းသိရင္ဘာလို႔လာ"

"သိတယ္ေလ။အကိုကပိတ္ခ်င္ရင္ေတာင္အမကပိတ္မွာမွမဟုတ္တာ"

သူ႕စကားၾကားေတာ့ထိုလူကလည္းမ်က္ႏွာႀကီးဆူပုတ္ျပကာေခါင္းတဆတ္ဆတ္ၿငိမ့္လာတာေၾကာင့္ သူတစ္ခ်က္ရယ္မိလိုက္ေလ၏။သို႔ႏွင့္ႏွစ္ေယာက္စလုံး စတီးဆက္တီခုံေတြဆီ၌ဝင္ထိုင္လိုက္ၾကကာ ဆိုင္႐ွင္အကိုကစကားဆက္ေလသည္။

"ေအး။သိရင္လည္းၿပီးတာပဲ။ေျပာ လာရင္းကိစၥ။ဘာပစၥည္းေတြလိုလို႔လဲ"

မင္းခန္႔ထည္က သူ႕ရဲ႕လြယ္အိတ္ေလးကိုစားပြဲေပၚသို႔ခ်လိုက္ရင္းဆိုလာသည္။

"ဘာမွမလိုပါဘူး။က်ေနာ္ roboticပိုင္းနဲ႔ပက္သတ္ၿပီးေတာ့သင္တန္းတက္ခ်င္လို႔ပါ"

ထိုစကားကိုၾကားေသာ္ဆိုင္႐ွင္အကိုကမ်က္ေမွာင္ၾကဳတ္သြားကာ သိပ္သေဘာမတူခ်င္ေပ။

"မင္းကအခုမွ 3rd yearပဲ႐ွိေသးတယ္ေလ။roboticပိုင္းကမင္းအတြက္မေစာလြန္းဘူးလား။"

"က်ေနာ္တျခားအပိုင္းေတြအကုန္တက္ၿပီးၿပီေလ။ဒီတစ္ခုပဲတက္ဖို႔က်န္ေတာ့တာမို႔လို႔"

"ဟိုတစ္ခါတုန္းက ငါတက္ဖို႔ေျပာတုန္းကက်အရျငင္းခဲ့ၿပီးေတာ့..အခုမွအရမ္းတက္ခ်င္ရတာဘာလို႔တုန္း?။
မင္းပုံစံကကို႔ကိုယ္ကိုအတင္းဖိအားေပးေနတဲ့ပုံစံေပါက္ေနတယ္..ေရခဲတုံးႀကီး မင္းပုံမွန္မဟုတ္ဘူးေနာ္ကြ"

ထိုအခါမင္းခန္႔ထည္ရဲ႕မ်က္ခုံးတစ္ဖက္ကျမင့္တက္သြားၿပီးသူ႕ရဲ႕အၾကည့္ေတြကိုဆိုင္တံခါးကေနေဖာက္ျမင္ေနရတဲ့အျပင္ဘက္ဆီသို႔ပို႔လႊတ္ထားလိုက္သည္။ဆိုင္မွာတပ္ဆင္ထားတဲ့တံခါးေတြကေန႔ဘက္ဆိုအျပင္ဘက္ကေနဆိုင္ခန္းထဲကိုဘာမွမျမင္ရေပမယ့္ဆိုင္ထဲကေနေတာ့အျပင္ဘက္ပတ္ဝန္းက်င္ဆီေသေသခ်ာခ်ာျမင္ေနရသည္။

သို႔ေပမယ့္ သူ႕ရဲ႕မ်က္ဝန္းေတြကတံခါးတစ္ဖက္မွာ႐ွိေနတဲ့အျပင္ဘက္ကျမင္ကြင္းေတြကိုေသခ်ာမျမင္ႏိုင္ခဲ့ဘဲေကာင္ေလးတစ္ေယာက္ရဲ႕ပုံရိပ္ေတြသည္သာ မွန္နံရံေတြေပၚ၌တစ္ပုံၿပီးတစ္ပုံေပၚလာခဲ့တာေၾကာင့္ မ်က္လုံးေတြကိုဆတ္ခနဲမွိတ္ခ်ပစ္လိုက္ေတာ့သည္။

သူအခ်ိန္ေတာ္ေတာ္ၾကာေတြေဝေငးေမာေနၿပီးမွ ေက်ာင္းၿပီးသြားတဲ့ေမဂ်ာတူစီနီယာႀကီးဆီကေနအထင္ႀကီးခံရေအာင္မ်က္ဝန္းေတြကိုပင့္ျပရင္းစကားလွည့္လိုက္၏။

"တကယ္ေတာ့ က်ေနာ္ကေက်ာင္းပြဲေတြမွာဝင္ၿပိဳင္ရင္ေကာင္းမလားလို႔ေတြးေနတာဗ်။
မျဖစ္ႏိုင္တာလည္းမဟုတ္ဘူးဆိုေတာ့ေလ"

"လခြမ္းကိုပဲ မင္း ! "

ဆိုင္႐ွင္အကိုကေအာ္ရယ္လာလ်က္ေခါင္းခါလိုက္ကာမင္းခန္႔ထည္ရဲ႕မုသားေတြကိုသူလုံးဝရိပ္မိေနတာေၾကာင့္ မ်က္လုံးေတြကိုစြန္ရဲတစ္ေကာင္လိုေမွးစင္းလိုက္ေတာ့သည္။

"ခန္႔ထည္ ခန္႔ထည္။မင္းတစ္ခုခုျဖစ္ေနတယ္မွတ္လား"

"က်ေနာ္ဘာမွမျဖစ္ပါဘူးဗ်ာ။"

ဟုဆိုရင္းအသက္မပါစြာျပဳံးျပလိုက္တာေၾကာင့္ ဆိုင္႐ွင္အကိုကပိုၿပီးမယုံသကၤာျဖစ္စြာၾကည့္ေနရင္းနဲ႔ေခါင္းရမ္းလိုက္ေတာ့သည္။
'မင္းဘယ္လိုပဲေျပာေျပာငါေတာ့ ေသေတာင္မယုံဘူးဟိတ္ေကာင္' ဆိုတဲ့အဓိပၸါယ္ျဖင့္။

"ကေလးကိုဘာေတြေလွ်ာက္ေမးေနတာတုန္း။သူ႕ဘာသာသူအခုမွတက္ဖို႔အားလို႔တက္ခ်င္တာေနမွာေပါ့။"ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္အသံကဆိုင္ေနာက္ကေနပ်ံ႕ႏွံ႔လာၿပီးေနာက္ ဆိုင္႐ွင္အကိုရဲ႕ဇနီးျဖစ္တဲ့စီနီယာအမက ေကာ္ဖီဗန္းေလးကိုကိုင္ရင္းသူတို႔ေ႐ွ႕ဆီေရာက္လာေလသည္။

စီနီယာအမက EC majorနဲ႔ေက်ာင္းၿပီးထားကာ သူတို႔၂ေယာက္ရဲ႕အခ်စ္ေရးေအာင္သြယ္ေတာ္ကေတာ့ မင္းခန္႔ထည္တို႔Third yearကအုပ္စုပင္ျဖစ္သည္။အထူးသျဖင့္ သူတို႔အုပ္စုထဲကမင္းစက္ကအမာခံျမႇားနတ္ေမာင္ျဖစ္ခဲ့ကာ သူကေတာ့ ထိုစုံတြဲအားSupportေပးတဲ့တစ္ေထာင့္တစ္ေနရာတြင္သာပါဝင္ခဲ့ေလသည္။

ထို႔ေၾကာင့္ ထိုစုံတြဲကေက်ာင္းၿပီးသြားတာေတာင္သူတို႔အုပ္စုနဲ႔အဆက္သြယ္႐ွိေနဆဲျဖစ္ၿပီး Projectအတြက္ဂ်ဴနီယာေတြလိုအပ္တဲ့ပစၥည္းမွန္သမွ်ကိုအၿမဲမျပတ္ေထာက္ပံ့ေပးေနခဲ့တာေၾကာင့္ သူတို႔ႏွစ္ႀကီးပိုင္းေတြထဲမွာထိုစုံတြဲအားမသိတဲ့သူဆိုတာမ႐ွိသေလာက္႐ွားေလသည္။

႐ိုး႐ွင္းရည္မြန္တဲ့သူမကမွန္စားပြဲေပၚသို႔ အခုေလးတင္ေဖ်ာ္လာေသာေကာ္ဖီ၂ခြက္ကိုခ်ေပးလိုက္ရင္းသူမ၏ခင္ပြန္းအားတစ္ခ်က္႐ိုက္ထည့္လိုက္ေတာ့သည္။ဇနီးျဖစ္သူရဲ႕ဟန္႔တားမႈေၾကာင့္ဆိုင္႐ွင္အကိုကေကာ္ဖီကိုသာၿငိမ္ၿငိမ္ဆိမ္ဆိမ္ေလးေသာက္ေနခဲ့ကာ ေစာနကအေၾကာင္းေတြနဲ႔ပက္သတ္ၿပီးထပ္ဟမလာေတာ့ေပ။

မင္းခန္႔ထည္လည္းစားပြဲေပၚကေကာ္ဖီခြက္ေလးကိုလွမ္းယူဖို႔လက္ျပင္လိုက္စဥ္မွာပင္ႏွာေခါင္းဝကိုတိုးဝင္လာတဲ့ 'Nes Coffee'ရနံ႔ေလးေၾကာင့္ သူ႕လက္ေတြကိုျပန္ခ်ထားလိုက္ေတာ့သည္။

"ေမာင္ေလး သင္တန္းတက္ခ်င္တယ္ဆိုရင္ေက်ာင္းပိတ္ရက္ႏွစ္ရက္စလုံးလာတက္လို႔ရတယ္။ေမာင္ေလးႏွစ္ရက္စလုံးအခ်ိန္ေပးႏိုင္လား"

"ဟုတ္အမ။က်ေနာ္လည္းအဲ့လိုမ်ိဳးတက္ခ်င္ေနတာ။"

"Okay။ဒါဆို မနက္ျဖန္စတက္လို႔ရၿပီ။ဒီေန႔ကတစ္ရက္ေန႔ဆိုေတာ့သင္တန္းေတာ့ပိတ္ထားတယ္။ဆိုင္ပဲဖြင့္ထားတာ"

"ဟုတ္ကဲ့အမ။"

သူေက်နပ္စြာသေဘာတူလိုက္ၿပီးေနာက္ဆိုင္႐ွင္အကိုကခပ္တိုးတိုးနဲ႔ျဖတ္ေမးလာခဲ့ျပန္သည္။

"မင္းတကယ္တက္ခ်င္တာေကာဟုတ္ရဲ႕လား"

ထိုအခါ ဆိုင္႐ွင္အကိုႀကီးခမ်ာ သူ႕ဇနီးဆီကေနေနာက္တစ္ခ်က္ေဗ်ာတင္ခံလိုက္ရျပန္ေလ၏။

"႐ွင္ကၾကားထဲကဘာထျဖစ္ေနတာလဲ။
ခန္႔ထည္ကတက္ခ်င္လို႔တက္တာေပါ့။
႐ွင့္အပူပါလို႔လား"

မင္းခန္႔ထည္လည္း ထိုစုံတြဲနဲ႔အတူအခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ စကားေျပာဆိုၿပီးေနာက္ ေန႔လည္စာစားခ်ိန္ေရာက္တဲ့အခါထိုေနရာကေနထြက္လာခဲ့လိုက္သည္။

ေျခလွမ္းတစ္လွမ္းလွမ္းလိုက္တိုင္း သူ႕ရဲ႕စိတ္ေတြကထိုင္းမိႈင္းလြင့္ေျမာေနတာေၾကာင့္ ေအးခ်မ္းတဲ့တစ္ေနရာရာမွာသြားထိုင္ေနခ်င္ခဲ့တဲ့အေတြးတို႔ကေခါင္းထဲဝင္လာကာ ကန္ေတာ္ႀကီးဘက္သို႔သြားရန္Taxiတစ္စီးတားလိုက္သည္။

ကန္ေတာ္ႀကီးဘက္ေရာက္ေတာ့ ေလေအးေလးေတြတဟူးဟူးတိုက္ခတ္ေနတဲ့သစ္သားခုံတန္းလ်ားတစ္ခုေပၚမွာ လြယ္အိတ္ေလးကိုခ်လ်က္ထိုင္လိုက္ကာ ၿငိမ္သက္ေနေသာကန္ေရျပင္အား မ်က္ေတာင္မခတ္စတမ္း စိုက္ၾကည့္ေနခဲ့မိသည္။

သူ၏မ်က္စိေ႐ွ႕က ၾကည္လင္ၿငိမ္သက္ေနတဲ့ကန္ေရျပင္ႀကီးကိုစိတ္လြင့္စြာေငးၾကည့္ေနစဥ္မွာပင္ တစ္စုံတစ္ဦးေလးရဲ႕ျဖဴစင္လြန္းလွေသာမ်က္ႏွာပုံရိပ္ေလးက ကန္ေရျပင္ထက္ဆီမွာ ျပတ္သားထင္႐ွားစြာထင္ဟပ္လာခဲ့တာေၾကာင့္မ်က္လုံးေတြကိုထပ္ၿပီးစုံမွိတ္ထားလိုက္ေပသည္။

သို႔ေသာ္ ဒီတစ္ခါမွာေတာ့ သူ႕မ်က္လုံးေတြကိုသူဘယ္လိုပဲမွိတ္ထားမွိတ္ထား ထိုပုံရိပ္ေလးကသူ႕မ်က္စိထဲကေနေပ်ာက္ကြယ္မသြားခဲ့ေပ။

ေနာက္ဆုံးမတတ္ႏိုင္တဲ့အဆုံးမင္းခန္႔ထည္သူ၏မ်က္ဝန္းမ်ားအားျပန္ဖြင့္လိုက္ရၿပီး
ထိုေကာင္ေလးရဲ႕ပုံရိပ္ေတြကိုသာထင္ဟပ္ေနေစတဲ့ကန္ေရျပင္ႀကီးထက္ဆီသို႔ေက်ာက္စရစ္ခဲေလးေတြပစ္လႊတ္လိုက္ၿပီးေရျပင္ႀကီးအားလိႈင္းဂယက္တို႔ထေစလိုက္သည္။

"႐ိႈင္းေဇယံ။ ႐ိႈင္းေဇယံ။ ႐ိႈင္းေဇယံ။ ႐ိႈင္းေဇယံ။ ႐ိႈင္းေဇယံ။ ႐ိႈင္းေဇယံ။
႐ိႈင္းေဇယံ!!"

ထိုနာမည္ေလးအားသူအေခါက္ေပါင္းမ်ားစြာေရ႐ြတ္လ်က္အသံကုန္ေအာ္ဟစ္မိေခ်သည္။သူ႕ခမ်ာေဘးပတ္ဝန္းက်င္ေတာင္ဂ႐ုမထားႏိုင္ေတာ့ေပ။ရင္ဘက္ထဲကတင္းၾကပ္ၾကပ္ခံစားမႈမ်ားကိုသူဆက္ၿပီးထိန္းမထားႏိုင္ေတာ့တာမို႔ သူထိုသို႔ေအာ္ဟစ္လိုက္မွသာေလးလံသိပ္သည္းလြန္းတဲ့ႏွလုံးစိုင္ေလးအား အနည္းငယ္ေျဖေလ်ာ့ရာက်သြားမွာမို႔ပင္။
သို႔ေပမယ့္ရင္ထဲတစ္ေနရာမွာက်န္႐ွိေနေသးတဲ့ ပူျပင္းေလာင္ကြၽမ္းမႈေတြကေတာ့အေတာမသတ္ႏိုင္ေသးေပ။

"မင္းေလးမသိႏိုင္ပါဘူး ငါခံစားေနရတာေတြကို။"

"အ႐ိုးသားဆုံးဝန္ခံရရင္ ဒီလိုမ်ိဳးျဖစ္ေနရတဲ့ ငါ့ကိုယ္ငါလည္းနားမလည္ႏိုင္ေတာ့ဘူး
႐ိႈင္းေဇယံရ"

အ႐ူးတစ္ေယာက္ကဲ့သို႔တစ္ေယာက္တည္းစကားေတြေအာ္ေျပာေနတဲ့မင္းခန္႔ထည္ကိုထိုေနရာတစ္ဝိုက္မွာ႐ွိေနတဲ့တခ်ိဳ႕ေသာလူေတြကလွည့္ၾကည့္လွည့္ၾကည့္နဲ႔ၾကည့္သြားၾကရင္းသူ၏အေနာက္ကေနတီးတိုးေျပာဆိုသြားၾကေလသည္။

"ဒီေကာင္ေလးကခပ္ေခ်ာေခ်ာေလးျဖစ္ေနၿပီးႏွေျမာစရာေကာင္းလိုက္တာ ကြၽတ္...ကြၽတ္"

"စိတ္မႏွံ႔ဘူးထင္တယ္။လာ သူနဲ႔ေဝးေဝးကိုသြားရေအာင္"

••••••••••••••••••••••••••••••••••••••••••••••••••

"အကို႔ကို မင္းခန္႔ messageပို႔ထားတယ္။
ညီေလး႐ိႈင္းေဇယံနဲ႔အေဖာ္သြားေနေပးဖို႔တဲ့။
ဒီေကာင္တစ္ရက္ေန႔ႀကီးကိုမနားဘဲဘယ္သြားေနပါလိမ့္"

မင္းစက္ကဖုန္းကိုစားပြဲေပၚသို႔ခ်လိုက္ၿပီးလက္ဖက္ရည္တစ္ငုံေသာက္လိုက္စဥ္မွာဟန္လင္းထက္ကဆက္ေျပာလာခဲ့သည္။

"ဟိုတစ္ေယာက္နဲ႔သြားdateတာေနမွာေပါ့"

ဟန္လင္းထက္ဆိုလိုတဲ့'ဟိုတစ္ေယာက္'ဆိုတာကို မင္းစက္က လုံးဝသိလိုက္တာေၾကာင့္ခ်က္ခ်င္းျငင္းဆန္လိုက္သည္။

"မဟုတ္ဘူးဆိုတာေတာ့ အကိုအတပ္သိတယ္"

ဟန္လင္းထက္လည္းဘာမွဆက္မေျပာေတာ့ဘဲ မ်က္ဆံေလးေတြကိုလွိမ့္လိုက္လ်က္သူ႕ပခုံးေလး၂ဖက္ကို စိတ္မဝင္စားဟန္တြန္႔ျပလာခဲ့သည္။

မင္းစက္နဲ႔ဟန္လင္းထက္တို႔ႏွစ္ေယာက္သားပခုံးခ်င္းယွဥ္လ်က္ လက္ဖက္ရည္ဆိုင္မွျပန္ထြက္လာၾကေသာအခါအေဆာင္အေပါက္ဝေ႐ွ႕၌ ေက်ာက္႐ုပ္ႀကီးေတြပမာေျဖာင့္တန္းစြာရပ္ေနၾကတဲ့ ကိုယ္ထည္ခပ္ေတာင့္ေတာင့္နဲ႔လူမိုက္အ႐ွိန္အဝါတို႔ကိန္းေအာင္းေနသည့္အနက္ေရာင္ဝတ္စုံနဲ႔လူတစ္စုကိုေတြ႕လိုက္ရေလသည္။

အနက္ေရာင္ဗန္ကားတစ္စီးကိုလည္းထိုေနရာ၌ထိုးရပ္ထားတာေၾကာင့္မသိလွ်င္ တစ္စုံတစ္ေယာက္ကိုျပန္ေပးဆြဲဖို႔ေရာက္လာၾကတဲ့ပုံႏွင့္ေတာ္ေတာ္ေလးကိုဆင္တူေန၏။

"ဒီလူေတြကဘယ္သူေတြလဲဟ။"

သူထိုသို႔ေရ႐ြတ္လိုက္ၿပီးဟန္လင္းထက္ကိုလွည့္ၾကည့္လိုက္ေသာအခါ ဟန္လင္းထက္ကစူးစူးရဲရဲအၾကည့္တို႔ျဖင့္ထိုလူအုပ္အားဝါးစားလုမတတ္စိုက္ၾကည့္ေနသည္ကိုေတြ႕လိုက္ရတာေၾကာင့္ မင္းစက္တုန္လႈပ္မိသြားသည္။

ထိုလူအုပ္ကမင္းစက္နဲ႔ဟန္လင္းထက္ကိုေတြ႕တာနဲ႔ သူတို႔ႏွစ္ေယာက္ဆီသို႔ဦးတည္ကာေလွ်ာက္လွမ္းလာၾကေလသည္။

'WTF!!!!! ဘာေတြလား'

သူတို႔နဲ႔မ်က္ႏွာခ်င္းဆိုင္မလွမ္းမကမ္း၌ ထိုလူေတြကရပ္လိုက္ၾကၿပီးသူတို႔ရဲ႕ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့လူက မင္းစက္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္
ဟန္လင္းထက္ကိုၾကည့္ကာ ခပ္အက္အက္ေလသံနဲ႔စကားစလိုက္သည္။

"အကိုေလး က်ေနာ္တို႔နဲ႔ျပန္လိုက္ခဲ့ပါ။"

"မလိုက္ဘူး၊ ငါတို႔ေ႐ွ႕ကဖယ္"

ဟန္လင္းထက္က ေခါင္းဆတ္ျပ၍ ခပ္ျပတ္ျပတ္ဆိုလိုက္ၿပီးေနာက္မင္းစက္လက္ကိုဆြဲကိုင္ကာအထဲဝင္ရန္ဦးတည္လိုက္ေသာ္
ထိုလူေတြက သူတို႔ေ႐ွ႕မွာပိတ္ရပ္ထားကာမဖယ္ေပးေပ။

ထိုသို႔တင္းမာေနတဲ့အေျခအေနတို႔အလယ္မင္းစက္တစ္ေယာက္ထိတ္လန္႔လာတဲ့အခါဟန္လင္းထက္ကသူ႕လက္တစ္စုံအားတင္းတင္းဆုပ္ကိုင္ေပးထားတာေၾကာင့္ ေၾကာက္လန္႔ေနတဲ့သူ႕ႏွလုံးသားေလးကအနည္းငယ္ျပန္တည္ၿငိမ္သြားရသည္။

"အကိုေလးမလိုက္ဘူးဆိုရင္ က်ေနာ္တို႔ကမျဖစ္ျဖစ္တဲ့နည္းနဲ႔ေခၚလာရမယ္လို႔အမိန္႔ရထားပါတယ္။
အဲ့ဒါေၾကာင့္ အေခ်ာနည္းမရရင္က်ေနာ္တို႔အၾကမ္းနည္းသုံးၿပီးေခၚသြားရပါလိမ့္မယ္"

"အလင္း!!!"

ဟန္လင္းထက္ကိုျပန္ေခၚသြားမယ္ဆိုတဲ့ထိုလူရဲ႕စကားကိုၾကားေတာ့မင္းစက္ကဟန္လင္းထက္ရဲ႕အက်ႌစေလးအားဆြဲကိုင္ထားလိုက္ေတာ့သည္။

ထိုတုံ႔ျပန္မႈေလးကိုခံစားမိတဲ့ဟန္လင္းထက္က မင္းစက္ကိုတစ္ခ်က္ငုံ႔ၾကည့္လိုက္ကာ စိတ္မ႐ွည္ဟန္ျဖင့္စုတ္သတ္လိုက္ၿပီး
ခက္ထန္မာေၾကာစြာ အံႀကိတ္ေျပာလာခဲ့သည္။

"ငါ့စိတ္႐ွိအတိုင္းသာဆို
မင္းတို႔ဒီေနရာမွာဒီလိုရပ္ေနႏိုင္မွာေတာင္မဟုတ္ဘူးေနာ္။
ငါေတာ္ေတာ္သည္းခံထားတာကိုသေဘာေပါက္သင့္တယ္!!"

"ဒါဆို က်ေနာ္တို႔ဘက္ကအရင္ေတာင္းပန္ပါတယ္"

ထိုလူက ထိုစကားဆိုလိုက္ၿပီးေနာက္ က်န္တဲ့လူေတြကိုမ်က္စပစ္ျပလိုက္တာနဲ႔တစ္ၿပိဳင္နက္ပင္ ဟန္လင္းထက္လက္ထဲမွမင္းစက္ကလြတ္ထြက္သြားေတာ့သည္။

"ကိုစက္!!!"

ဟန္လင္းထက္ရဲ႕ေဒါသမ်ားဟာတဟုန္ထိုးျမင့္တက္လာကာ သူ၏ျဖဴလြန္းေသာမ်က္ႏွာေလးဟာဆိုရင္ အခုတြင္ေတာ့ေနဝန္းႀကီးသဖြယ္နီရဲလာေလသည္။
သူ႕ရဲ႕မ်က္ဝန္းမ်ားဟာလည္းေခ်ာ္ရည္အိုင္မ်ားသဖြယ္စူးရဲေတာက္ေလာင္ေနခဲ့ကာ ထိုအၾကည့္ေတြေအာက္မွာ ထိုလူေတြႏွင့္အတူမင္းစက္ပါထိတ္လန္႔လာခဲ့ရေလသည္။

ဟန္လင္းထက္ေဒါသထြက္တာကိုသူမျမင္ခဲ့ဖူးတာေတာ့မဟုတ္ေပမယ့္ အရင္အခ်ိန္ေတြကျမင္ေတြ႕ခဲ့တဲ့ပုံစံေတြထက္ အခုပုံစံကအဆေပါင္းမ်ားစြာပိုျပင္းထန္ကာ ပိုေၾကာက္ဖို႔ေကာင္းေပသည္။

"ေတာက္ !။အဲ့လက္ေတြကို အခုလႊတ္လိုက္စမ္း"

"ငါလူသတ္မိလိမ့္မယ္ေနာ္။
ကိုစက္ကိုမထိနဲ႔ ! ေခြးေကာင္ေတြ!"

ဟန္လင္းထက္က ေဒါသတႀကီးေအာ္ေျပာလာ၍ လက္သီးတင္းတင္းဆုပ္လ်က္ေ႐ွ႕သို႔တိုးလာတာေၾကာင္္႕ အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့ေခါင္းေဆာင္ျဖစ္တဲ့လူကမင္းစက္ကိုအေနာက္သို႔ပို႔လိုက္ကာ ဆက္ေျပာလာခဲ့သည္။

"ဒီကအကိုေလးကိုပါေခၚခိုင္းလိုက္တာမို႔လို႔
အကိုေလးလည္းက်ေနာ္တို႔နဲ႔အတူတူအသာတၾကည္လိုက္လာခဲ့ပါ။"

'ငါ့ကိုပါေခၚခိုင္းလိုက္တယ္ဟုတ္လား။ဘယ္သူကလဲ?'

"အလင္း!!!"

မင္းစက္ကသူ႕နာမည္ကိုေခၚလိုက္ေတာ့ဟန္လင္းထက္ရဲ႕ေျခလွမ္းေတြကထိုလူေတြကိုဆြဲမထိုးမိခင္မွာရပ္တန္႔သြားၿပီး သူ႕ရဲ႕ေဒါသေတြကိုဖိႏွိပ္ထားရင္း ဖ်စ္ညစ္ေျပာလိုက္ေလ၏။

"ဘယ္သူ႕သေဘာနဲ႔ေခၚသြားမွာလဲ?ကိုစက္ကိုအခုလႊတ္လိုက္"

"အကိုေလး ဒါဥကၠ႒ႀကီးအမိန္႔ပါ !
ဥကၠ႒ႀကီးကအကိုေလးျမတ္မင္းစက္ကိုေတြ႕ခ်င္ေနပါတယ္"

ထိုစကားၾကားေတာ့ဟန္လင္းထက္ကေတြေဝသြားကာမင္းစက္ရဲ႕မ်က္ႏွာေလးကို႐ႈၾကည့္ေနရင္း အခ်ိန္အေတာ္ၾကာတဲ့အထိၿငိမ္က်သြားၿပီးေနာက္သေဘာတူလိုက္ေတာ့ေလသည္။

ထို႔ေနာက္မင္းစက္ကိုသူ၏ရင္ခြင္ထဲသို႔ျပန္ဆြဲေခၚလိုက္ၿပီး မင္းစက္ရဲ႕ေက်ာျပင္ေလးအားပြတ္သတ္ေပးရင္းညင္သာစြာဆိုလိုက္သည္။

"မေၾကာက္နဲ႔ေနာ္ ကိုစက္။က်ေနာ္႐ွိတယ္"

ထိုအခါမင္းစက္ကဟန္လင္းထက္ကိုျပဳံးျပလိုက္ရင္း"အင္း"ဟုဆိုကာေခါင္းၿငိမ့္ျပလာခဲ့သည္။

'အင္းလို႔သာေျပာရတာ။ငါလည္းေၾကာက္လြန္းလို႔ဒူးေတြပါတုန္ေနၿပီ
ဘာေတြျဖစ္ေနတာလဲလို႔'

အနက္ေရာင္ဗန္ကားေပၚ၌အခ်ိန္ႏွစ္နာရီၾကာကုန္ဆုံးသြားရၿပီးေနာက္
အိမ္ရာတစ္ခုဆီသို႔ေခါင္းခ်ိဳးေကြ႕ဝင္လိုက္တဲ့အခါႀကီးမားႀကီးက်ယ္တဲ့စံအိမ္ႀကီး
ကသူတို႔ျမင္ကြင္းထဲ၌ေပၚလာကာက်ယ္ဝန္းလွေသာျခံဝန္းတစ္ခုအလယ္၌လည္ပတ္ေနတဲ့ ကားဘီးေလးေတြကရပ္တန္႔သြားေလသည္။ ထို႔ေနာက္ကားတံခါးကိုလူတစ္ေယာက္ကအရံသင့္ဖြင့္ေပးလာေခ်၏။

ဟန္လင္းထက္ကမင္းစက္ရဲ႕လက္ကေလးအားယွက္သြယ္ဆုပ္ကိုင္လိုက္ရင္းအိိမ္ထဲသို႔ေခၚသြားခဲ့သည္။
တန္ဖိုးႀကီးလွပလွေသာမီးဆိုင္းတစ္ခုခ်ိတ္ဆြဲထားပါတဲ့ဧည့္ခန္းအလယ္သို႔ေရာက္ေသာ္ ဆိုဖာဆက္တီထက္၌သူတို႔အားအခန္႔သားေစာင့္ဆိုင္းေနသူ အသက္၄ဝေက်ာ္အ႐ြယ္႐ွိလူႀကီးမင္းတစ္ဦးအားေတြ႕လိုက္ရသည္ႏွင့္မင္းစက္တစ္ေယာက္ေခြၽးေစးမ်ားပင္ဆို႔လာခဲ့ရသည္။

'သူ႕အေဖေတာ့မဟုတ္ေလာက္ဘူးမွတ္လား။သူ႕တို႔ႀကိဳက္တာတစ္ရက္ေတာင္မျပည့္ေသးဘူးေလ။ဒါႀကီးကေတာ့ ေစာလြန္းမေနဘူးလား!'

"ဟန္လင္းထက္ မင္းဧည့္သည္ကိုထိုင္ခိုင္းဦးေလ။"

ဦးေနမင္းထက္ကေမးဆတ္ျပကာေျပာလာရင္းနဲ႔ ဟန္လင္းထက္အေနာက္႐ွိမင္းစက္အားေက်ာ္ၾကည့္လာခဲ့သည္။

မင္းစက္ကဟန္လင္းထက္နဲ႔တြဲထားတဲ့သူ႕လက္ကေလးအားဆတ္ခနဲျဖဳတ္လိုက္ကာေ႐ွ႕သို႔ထြက္လာလိုက္ၿပီးေနာက္ႏွစ္ေယာက္စလုံးဆိုဖာ၌ဝင္ထိုင္လိုက္ၾကသည္။

သူတို႔ဝင္ထိုင္ၿပီးတဲ့အခါ ဦးေနမင္းထက္ကဘာစကားမွမဆိုေသးဘဲမင္းစက္ကိုသာစူးစိုက္ၾကည့္ေနခဲ့တာေၾကာင့္ဟန္လင္းထက္ကေအးစက္လြန္းေသာအသံတစ္ခုျဖင့္ခပ္ရိရိဆိုသည္။

"ၾကည့္ေနတာရပ္ေတာ့ ကိုစက္ေၾကာက္ေနၿပီ"

သူစေျပာလိုက္တဲ့စကားက ေသြးတိုးစမ္းေနတဲ့စကားအသြားအလာမ်ိဳးျဖစ္ေနတာေၾကာင့္မင္းစက္အေၾကာမ်ားေတာင့္သြားေတာ့သည္။ေအးစိမ့္စိမ့္ေလထုနဲ႔မာန္တင္းေသာေဒါသလိႈင္းတို႔ကထိုဧည့္ခန္းတစ္ဝိုက္တြင္အားၿပိဳင္ေနၾကသည္မို႔ မင္းစက္ခမ်ာနည္းနည္းေလးေတာင္မလႈပ္ရဲေပ။

"ဒီကေကာင္ေလး မင္းအေၾကာင္းငါ့ကိုမိတ္ဆက္ေပးႏိုင္မလား"

ဦးေနမင္းထက္ကမတင္းလြန္းမေလွ်ာ့လြန္းေသာေလယူေလသိမ္းျဖင့္ေမးလာတဲ့အခါ မင္းစက္ရဲ႕အသံတို႔ကအထစ္အထစ္နဲ႔ထြက္က်လာခဲ့သည္။

"က်..က်ေနာ္႕နာမည္က. . ျမတ္မင္းစက္လို႔ေခၚပါတယ္။ အလင္း..အာ...ဟန္လင္းထက္ရဲ႕အခန္းေဖာ္စီနီယာပါ"

"သားမာန္သူငယ္ခ်င္းလည္းဟုတ္တယ္ဟုတ္"

"ဗ်ာ!!! ဟုတ္ ..ဟုတ္ပါတယ္"

"အကုန္လုံးသိေနရင္လည္းေမးမေနနဲ႔ေတာ့ေလ"

ဟန္လင္းထက္ကပ်င္းရိေနဟန္ျဖင့္ၾကားျဖတ္ဝင္ေျပာတဲ့အခါ ဦးေနမင္းထက္က ဟက္ခနဲတစ္ခ်က္ရယ္လ်က္သားျဖစ္သူအားေစာင္းၾကည့္လာခဲ့၏။

"ေကာင္းၿပီေလ။ဒါဆို မင္းကေနတဲ့ဇာတ္အေၾကာင္းေကာငါ႐ွင္းျပရဦးမလား
ဟန္လင္းထက္။
ဒီကမင္းရဲ႕ခ်စ္သူအစားေပါ့!!"

"...."

"...."

'သိေနတယ္။သိေနတယ္တဲ့!!'

မင္းစက္ရဲ႕မ်က္ႏွာအမူအရာကသိသိသာသာပ်က္ယြင္းသြားခဲ့ရေပမယ့္ဟန္လင္းထက္ကေတာ့ လုံးဝအမူအရာမပ်က္ဘဲခပ္တည္တည္မ်က္ႏွာထားနဲ႔သူ႕အေဖအားျပန္စိုက္ၾကည့္ေနလိုက္သည္။

"ကန္႔ကြက္လည္းေနာက္ဆုတ္ဖို႔အစီအစဥ္က်ေနာ္႕မွာမ႐ွိတဲ့အတြက္ ေပါကား႐ိုက္ေနတာေတြရပ္တန္းကရပ္လိုက္ေတာ့ ေဖႀကီး"

"..."

ဦးေနမင္းထက္မွာ ငဆိုးေလးရဲ႕ပါးစပ္ကေနထြက္လာတဲ့ထိုအေခၚအေဝၚေၾကာင့္ဆြံ႕အသြားၿပီးမွ ေအာ္ရယ္လာခဲ့ေလသည္။

"ဟား ဟား ၂ႏွစ္႐ွိၿပီ။မင္းငါ့ကိုဒီလိုမေခၚေတာ့တာ။႐ုတ္တရက္ႀကီးမင္းခ်စ္သူေ႐ွ႕က်မွငါ့ယဥ္ေက်းျပေနပါလား"

ထိုအခါဟန္လင္းထက္ကတစ္ဖက္သို႔မ်က္ႏွာလႊဲလိုက္ၿပီးဘာမွဆက္မေျပာေတာ့ေပ။

"ငါအားမနာတမ္းေျပာရရင္ ငါဒီကိစၥကိုလုံးဝလက္မခံႏိုင္ဘူး။လက္မခံဘူးေျပာတိုင္းလည္းမင္းတို႔ကေနာက္ဆုတ္မွာမဟုတ္ဘူးဆိုေတာ့ ငါ့အတြက္ဆုံးျဖတ္ခ်က္ခ်ရခက္တယ္။"

"ဒီကိစၥနဲ႔ပက္သတ္ၿပီးငါ့အနာေတြကမက်က္ေသးဘူးဆိုတာမင္းလည္းသိပါတယ္။
ဒါေပမယ့္သားမာန္ကိုတစ္ခါဆုံး႐ႈံးခဲ့ရၿပီးၿပီ။မင္းကိုပါ ငါထပ္ၿပီးအဆုံး႐ႈံးမခံႏိုင္ဘူး"

အသည္းမာလြန္းတဲ့ဖခင္ျဖစ္သူဆီကေနထိုစကားေတြကိုၾကားေတာ့ဟန္လင္းထက္ရဲ႕မ်က္ဝန္းေလးေတြကအေရာင္လက္လာခဲ့ရေပမယ္္႕ သူ႕အေဖအားလ်စ္လ်ဴ႐ႈထားဆဲျဖစ္ကာပင့္ၾကည့္မလာခဲ့ေပ။

"ျမတ္မင္းစက္ ေကာင္ေလး...မင္း...ဦးေလးေျပာတဲ့အတိုင္းလုပ္ေပးႏိုင္မလား"

"...."

ဦးေနမင္းထက္အေမးကိုၾကားေတာ့ မင္းစက္ကအသံတိတ္ေနကာေခါင္းေလးငုံ႔သြားလ်က္ သူ႕ရဲ႕မ်က္ဝန္းေလးေတြကလည္းအေရာင္မွိန္သြားရကာမႈန္ဝါးလာခဲ့ရသည္။

'ငါတို႔လမ္းခြဲရေတာ့မွာလား'

"မင္းမနက္ျဖန္ကစၿပီးဒီအိမ္မွာ ဦးေလးတို႔နဲ႔အတူလာေနေပးႏိုင္မလား"

ဦးေနမင္းထက္ဆက္ေျပာလာတဲ့စကားတစ္ခြန္းေၾကာင့္မင္းစက္အပါအဝင္ဟန္လင္းထက္ပါဆြံ႕အသြားေလသည္။မင္းစက္ကျဖတ္ခနဲေခါင္းေထာင္ၾကည့္လာတဲ့အခါ
ဟန္လင္းထက္ကေတာ့မ်က္ေမွာင္ၾကဳတ္လ်က္အထြန္႔တက္လာ၏။

"ဘာလုပ္ဖို႔တုန္း???"

"မင္းကိုမေမးဘူး မင္းဝင္မေျပာနဲ႔"

ဟန္လင္းထက္ခမ်ာ လည္ေခ်ာင္းဝသို႔ဆန္တက္လာေနတဲ့စကားေတြအကုန္လုံးကိုျပန္ၿမိဳခ်လိုက္ရကာအသံျပန္တိတ္သြားေတာ့သည္။

"က်ေနာ္ ဒီမွာလာေနေပးရမယ့္အေၾကာင္းအရင္းကိုဦးေလးေျပာျပေပးႏိုင္မလား??"

"ေကာင္းၿပီ။ ဦးရဲ႕သားအႀကီး သားမာန္ကိုဆုံး႐ႈံးခဲ့ရတာ ဦးရဲ႕ထိန္းခ်ဳပ္မႈေအာက္ကလြတ္ခဲ့ရတာေၾကာင့္လို႔ ဦးေလးသုံးသပ္မိခဲ့တယ္။ဦးေလးနဲ႔အေဝးမွာသူ႕ကိုပစ္ထားခဲ့မိလိုက္တာေၾကာင့္ ဦးသူ႕ကိုေနာက္ဆုံးအခ်ိန္အထိလုံးဝထိန္းခ်ဳပ္လို႔မရခဲ့ဘူး။သားမာန္ကေအးေတာ့သူ႕ကိုလႊတ္ထားခဲ့မိတဲ့ဦးအျပစ္လည္းပါတာေပါ့ေလ..."

ထိုသို႔ေရ႐ြတ္ေနရင္းခနရပ္လိုက္ကာ ဦးေနမင္းထက္ကသူ႕ရဲ႕အၾကည့္ေတြကိုငဆိုးေလးဆီသို႔ပို႔လႊတ္လိုက္ရင္းဆက္ေျပာလာခဲ့သည္။

"ဒါေပမယ့္ ဦးရဲ႕သားငယ္ကက်မတူဘူး။ေသြးအရမ္းဆိုးတယ္။ဘယ္သူမွမထိန္းခ်ဳပ္ႏိုင္ဘူး။အကယ္၍ ဒီကေလးသာသားမာန္လိုအျဖစ္မ်ိဳးထပ္ျဖစ္ခဲ့သည္႐ွိေသာ္ ဦးမွာဒီကေလးကိုကာကြယ္ႏိုင္ဖို႔ အခြင့္အေရးလုံးဝမ႐ွိေလာက္ဘူး။"

"အဲ့တာေၾကာင့္သားတို႔ႏွစ္ေယာက္စလုံးကို ဦးမ်က္စိေအာက္မွာထားၿပီးေစာင့္ေ႐ွာက္ေပးခ်င္႐ုံသက္သက္ပါ ေကာင္ေလး။
ဒါမွ ဦးရဲ႕ကေလးကို ကာကြယ္ရာေရာက္လိမ့္မယ္လို႔လည္း ဦးထင္မိလို႔ပါ"

ထိုစကားတို႔အဆုံးဟန္လင္းထက္ရဲ႕မ်က္ဝန္းထဲ၌အရည္ၾကည္မ်ားလဲ့လာသည္ကိုမင္းစက္သတိထားမိလိုက္သည္။

"ဒါေပမယ့္ ဦးက ဒီကိစၥကိုလုံးဝလက္ခံလိုက္တာေတာ့မဟုတ္ဘူးေနာ္။အဲ့တာေျပာဖို႔ေမ့သြားလို႔"

ေနာက္ဆုံးစကားၾကားတဲ့အခါဟန္လင္းထက္ကႏွာတစ္ခ်က္မႈတ္လိုက္ၿပီး အေဖျဖစ္သူကိုေပေစာင္းေစာင္းၾကည့္၍ မ်က္ႏွာလႊဲလိုက္ေတာ့သည္။

'အလင္းအေပၚထားတဲ့ဖခင္ေမတၱာကို ငါဘယ္လိုျငင္းရက္ႏိုင္ပါ့မလဲ။
ၿပီးေတာ့ ငါကသူတို႔သားအဖႏွစ္ေယာက္စလုံးကိုခြဲထားတဲ့လူမ်ိဳးလည္းမျဖစ္ခ်င္ျပန္ဘူး'

ထို႔ေနာက္မင္းစက္ကဆုံးျဖတ္ခ်က္တစ္ခုကိုအခိုင္အမာခ်လိုက္ကာတည္ၿငိမ္ျပတ္သားစြာေျပာလာခဲ့သည္။

"ဟုတ္ကဲ့ ဦးေလး။မနက္ျဖန္ကစၿပီးက်ေနာ္လာေနေပးပါ့မယ္"

"ေကာင္းၿပီ။ဒါျဖင့္ မနက္ျဖန္ကူးမေနပါနဲ႔ေတာ့။မင္းလည္းဒီေရာက္ေနၿပီပဲဟာ။
ျမတ္မင္းစက္ရဲ႕ပစၥည္းေတြအခုသြားသယ္လာခဲ့"

ဦးေနမင္းထက္ရဲ႕အမိန္႔ေပးသံၾကားေတာ့သက္ေတာင့္ေစာင့္ႏွစ္ေယာက္ကသူတို႔ဥကၠဌႀကီးရဲ႕အမိန္႔အတိုင္း
မင္းစက္ပစၥည္းမ်ားအားအေဆာင္မွသြားသယ္ရန္စံအိမ္ကေနခ်က္ခ်င္းထြက္သြားၾကေတာ့သည္။

"ၿပီးၿပီမွတ္လား က်ေနာ္တို႔အေပၚတက္ေတာ့မယ္"

"ေနဦး ။ငါေျပာစရာတစ္ခုက်န္ေသးတယ္။မင္းတို႔ႏွစ္ေယာက္စလုံးဒီအိမ္မွာေနတဲ့ေန႔ကစၿပီးတစ္ခန္းတည္းေနခြင့္မ႐ွိဘူး"

"ဘာ!!"

ဟန္လင္းထက္ရဲ႕ထိုအာေမဋိတ္သံကမိုးၿခိမ္းသံပမာတစ္အိမ္လုံးကိုတုန္ဟီးသြားေစကာ က်ယ္ေလာင္စူး႐ွတဲ့ေအာ္သံတစ္သံကစံအိမ္တစ္ခုလုံးသို႔ၿပိဳက်လုမတတ္ပ်ံ႕ႏွံ႔သြားေတာ့ေပ၏။

"က်ေနာ္သေဘာမတူႏိုင္ဘူး!!"

••••••••••••••••••••••••••••••••••••••••••••••••••

"ေနသူရိန္ ဖယ္စမ္းပါကြာ ဒီေနရာမွာ တျခားသူေတြ႐ွိတယ္"

ေရခ်ိဳးေဆာင္ရဲ႕အတြင္းဘက္က်ေသာ
က်ဥ္းေျမာင္းတဲ့ေရခ်ိဳးခန္းငယ္ေလးထဲကေနတစ္စုံတစ္ဦးရဲ႕ဆူေအာင့္ေအာင့္အသံေလးတစ္သံက နံရံေတြၾကားကေနခပ္သဲ့သဲ့ထြက္လာေနသည္။

"ဘယ္သူမွမ႐ွိဘူး ငါတို႔ႏွစ္ေယာက္ပဲ႐ွိတာပါကြာ။ ငါေသခ်ာစစ္ၾကည့္ၿပီးၿပီ"

"အာ့ ေခြး! ၿငိမ္ၿငိမ္ေနစမ္းပါ။"

ဝုန္း!!!!!!!

ထိုအသံေၾကာင့္ဆက္ေနာင္ေကာေနသူရိန္ပါလုပ္လက္စအလုပ္တို႔တန္႔သြားၿပီး
၂ေယာက္စလုံး ေၾကာင္ေၾကာင္အမ္းအမ္းနဲ႔ဗ်ာမ်ားသြားေတာ့သည္။

"ဘာအသံလဲ???"

"ေဘးနားအခန္းကအသံ"

ေနသူရိန္ျပန္ေျဖလာတဲ့အခါ ဆက္ေနာင္ကသူ႕ခႏၶာကိုယ္ေအာက္ပိုင္းကိုသဘက္တစ္ထည္နဲ႔ပတ္လိုက္၍ ေရခ်ိဳးခန္းငယ္ထဲကေနထြက္သြားတာေၾကာင့္ေနသူရိန္လည္းဆက္ေနာင္ေနာက္ကေနလိုက္ထြက္လာေလသည္။

ဆက္ေနာင္နဲ႔ေနသူရိန္တို႔ႏွစ္ေယာက္စလုံးအသံလာရာအခန္းဆီသို႔ေလွ်ာက္သြားလိုက္ၿပီးအသံထြက္လာတဲ့အခန္းတံခါးကိုဖြင့္ၾကည့္လိုက္ေတာ့ အခန္းထဲ႐ွိလူက Lockမခ်ထားေပ။

အခန္းတံခါးကအဆင္ေျပေျပပဲပြင့္သြားခဲ့ကာ သူတို႔အခန္းထဲကိုေဝ့ၾကည့္လိုက္ေတာ့ေရေတြစို႐ႊဲေနတဲ့ အခန္းတံခါးေ႐ွ႕ေက်ာက္ျပားေပၚထက္မွာ ေခြေခြေလးလဲက်ေနတဲ့ပိန္ပါးေဖ်ာ့ေတာ့ေသာေကာင္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္ႏွင့္
ႏွစ္ေယာက္စလုံးပူထူသြားၿပီးထိတ္လန္႔သြားၾကေလသည္။

ဆက္ေနာင္ကထိုလဲက်ေနတဲ့ေကာင္ေလးအားကမမ္းကတမ္းထူလိုက္ၿပီးသူ၏ရင္ခြင္ထဲ၌သက္ေတာင့္သက္သာလဲေလ်ာင္းေစလိုက္သည္။

ထိုေကာင္ေလးရဲ႕မ်က္ႏွာမွာခ်င္းခ်င္းနီေသာေသြးမ်ားက ေနရာမလပ္ဖုံးလႊမ္းေနတာေၾကာင့္ဘယ္သူဘယ္ဝါျဖစ္မွန္း သူမ်က္မွန္းတမ္းမမိခဲ့ေပ။

"ေသြးေတြ!!!!!!"

ဆက္ေနာင္က သူ႕လက္မွာစြန္းေပသြားတဲ့ေသြးေတြကိုၾကည့္ရင္းအထိတ္တလန္႔ေအာ္လိုက္ေတာ့ေနသူရိန္က ေသြးေတြေပသြားရတဲ့ဆက္ေနာက္ရဲ႕လက္ကေလးကိုအဝတ္တစ္ခုနဲ႔ျမန္ျမန္ဆန္ဆန္သုတ္ေပးလာကာ အေလာတႀကီးဆိုသည္။

"ဒီအတိုင္းဆိုအေရးေပၚကားေခၚမွျဖစ္မယ္!!!"

ထိုေကာင္ေလးကိုႏွစ္ေယာက္စလုံးတစ္ဖက္တစ္ခ်က္စီကူတြဲလိုက္ၿပီးေနာက္ေရခ်ိဳးေဆာင္ထဲမွထြက္လာခဲ့လိုက္သည္။

"ဆရာေရလုပ္ပါဦး!!!!!ဒီမွာဘယ္သူလဲမသိဘူး။ေရခ်ိဳးခန္းထဲမွာေသြးေတြ႐ႊဲၿပီးလဲက်ေနလို႔" ဆိုတဲ့သူတို႔ႏွစ္ေယာက္ေအာ္သံေၾကာင့္ အေနာက္ပိုင္းအေဆာင္တစ္ခုလုံး ဝ႐ုန္းသုန္းကားနဲ႔ေျပးထြက္လာၾကကာအလန္႔တၾကားျဖစ္ကုန္ၾကသည္။

ေယာက်ာ္းေလးအေဆာင္မွာအေဆာင္ေဟာင္းနဲ႔ေနာက္မွေဆာက္လုပ္ထားတဲ့အေဆာင္သစ္ဟူ၍ႏွစ္ျခမ္း႐ွိတာေၾကာင့္
မင္းခန္႔ထည္တို႔အေဆာင္ကိုအေ႐ွ႕ပိုင္းအေဆာင္ဟုေခၚေဝၚကာဆက္ေနာင္တို႔အေဆာင္ကိုေတာ့အေနာက္ပိုင္းအေဆာင္ဟုေခၚေဝၚသည္။

"ဘယ္သူလဲ။ငါတို႔အေဆာင္ကမဟုတ္ဘူးထင္တယ္။အေ႐ွ႕ပိုင္းအေဆာင္ကလားမသိဘူး"

"အေရးေပၚကားေခၚၾကေလ!!!"

"ေခၚၿပီးၿပီ"

အေနာက္ပိုင္းအေဆာင္တစ္ခုလုံး႐ုတ္႐ုတ္သဲသဲျဖစ္သြားရကာ ဘယ္သူမွန္းမသိတဲ့ ေခါင္းတစ္ခုလုံးေသြေတြစို႐ႊဲေန႐ွာတဲ့ထိုေကာင္ေလးအားအေနာက္ပိုင္းအေဆာင္မွလူေတာ္ေတာ္မ်ားမ်ားက နီးရာေဆး႐ုံဆီသို႔လိုက္ပို႔ေပးၾကေလသည္။

သန္လ်င္ေဆး႐ုံတခြင္တြင္လူနာမ်ားအမ်ားအျပား႐ွိေနၿပီးေဆး႐ုံ႐ွိဆရာဝန္မ်ားမွာလည္း Dutyခ်ိန္ေတြျပည့္ၾကပ္ေနတာေၾကာင့္ေဆး႐ုံကိုအလည္လာတဲ့ဆရာဝန္ေလးမွာ သူငယ္ခ်င္းျဖစ္သူနဲ႔စကားေကာင္းေကာင္းမေျပာလိုက္ရေပ။

"ငါ မင္းဆီလာၿပီးအေႏွာင့္အယွက္ေပးမိၿပီထင္တယ္။"

"မဟုတ္တာကြာ။ငါကသာမင္းကိုအားနာရမွာ။စကားေတာင္ေျဖာင့္ေအာင္မေျပာရဘူး။ငါကမင္းနဲ႔စကားေတြေျပာခ်င္ေသးတာ။ဒါနဲ႔ဟိုေကာင္ႀကီးသတင္းေကာဘာၾကားေသးလဲ။"

"သူဟိုကိုျပန္သြားၿပီ။ဟိုတစ္ပတ္ကေတာင္ငါနဲ႔ေဆး႐ုံမွာေတြ႕လိုက္ေသးတယ္။အရင္လိုပဲ။ဘာမွမေျပာင္းလဲေသးဘူး"

"ငါလည္းသူနဲ႔မေတြ႕ျဖစ္တာအေတာ္ၾကာၿပီ"

ထိုလူႏွစ္ေယာက္ စႀကႍေ႐ွ႕တစ္ခု၌ စကားေျပာလို႔ပင္မဆုံးေသး Ambulanceတစ္စီးကေဆး႐ုံဝသို႔ဆိုက္လာၿပီး Ambulanceကားေနာက္ကေနကား၂စီးပါထပ္ဆိုက္လာကာလူေတာ္ေတာ္မ်ားမ်ားအုံသြားတာေၾကာင့္အလည္လာသူဆရာဝန္ေလးကအာ႐ုံစိုက္မိသြားေလသည္။

ထို႔ေနာက္အရပ္႐ွည္႐ွည္နဲ႔ဆရာဝန္ေလးကထိုလူအုပ္ၾကားအေျပးသြားၾကည့္လိုက္ေသာ္ေသြးမ်ားႏွင့္႐ႊဲ႐ႊဲစိုေနကာ လူနာခုတင္ထက္၌သတိေမ့ေျမာေနေသာေကာင္ေလးကိုေတြ႕တဲ့အခါ ထိုေဆး႐ုံကတာဝန္က်ဆရာဝန္ျဖစ္တဲ့သူ႕သူငယ္ခ်င္းဆီေအာ္ေျပာလိုက္ေတာ့သည္။

"အေရးေပၚတင္မွျဖစ္မယ္!!!!။ငါလည္းကူညီေပးမယ္"

သူထိုသို႔ဆိုရင္း ေမ့ေျမာေနတဲ့ေကာင္ေလးကိုတစ္ခါျပန္ၾကည့္လိုက္တဲ့အခါ သူဒီေကာင္ေလးကိုရင္းရင္းႏွီးႏွီးျမင္ဖူးေနသလိုမ်ိဳးခံစားလိုက္ရတာေၾကာင့္သူ႕စိတ္ေတြေထြသြားရသည္။

ထိုေကာင္ေလးအားအေရးေပၚခန္းထဲသို႔ nurseမ်ားႏွင့္ဆရာဝန္ႏွစ္ဦးကေခၚေဆာင္သြားၾကရာ အေရးေပၚအခန္းသို႔ေရာက္ေသာ္ nurse မ်ားကထိုေကာင္ေလးရဲ႕မ်က္ႏွာအားသန္႔႐ွင္းေပးၿပီးတဲ့ေနာက္
ေကာင္ေလးရဲ႕မ်က္ႏွာသြင္ျပင္က ထင္ထင္႐ွား႐ွားေပၚလာတဲ့အခါ အလည္လာသူဆရာဝန္ေလးရဲ႕မ်က္ဝန္းအိမ္မ်ားမွာျပဴးက်ယ္ပင့္သက္သြားခဲ့ရသည္။

"႐ိႈင္းေဇယံ!"

"စိုင္းသီဟ ..မင္းသူ႕ကိုသိလို႔လား"

"ေအး။"

စိုင္းသီဟကသိေၾကာင္းျပန္ေျဖလာတာမို႔ဆရာဝန္ေလးကစကားေၾကာ႐ွည္မေနေတာ့ဘဲ လူနာေလးရဲ႕အေျခအေနကိုစစ္ေဆးၾကည့္ေနရင္းေျပာလာသည္။

"ေခါင္းကြဲသြားတာ။မာေက်ာတဲ့အရာတစ္ခုခုနဲ႔ေဆာင့္မိထားတာထင္တယ္။
ေသြးထြက္မလြန္ခင္အျမန္ခ်ဳပ္ရမယ္။
မင္းငါ့ကိုကူေပးဦး စိုင္း"

"Ok..."

စိုင္းသီဟရဲ႕ကတုန္ကယင္ျဖစ္ေန႐ွာေသာထိုပုံစံကိုဆရာဝန္ေလးက တစ္ခါကမွမျမင္ဖူးေသးတာေၾကာင့္ အနည္းငယ္အံ့အားသင့္ေနရသည္။
ထို႔ေၾကာင့္ ႐ိႈင္းေဇယံဆိုတဲ့ေကာင္ေလးရဲ႕ေခါင္းကဒဏ္ရာကိုခ်ဳပ္ေပးေနရင္းစိုင္းသီဟကို ေမးျမန္းလိုက္ေလ၏။

"မင္းမဟုတ္တဲ့အတိုင္းပဲ ဘာလို႔ဒီေလာက္တုန္လႈပ္ေနတာလဲ။မင္းဒီေကာင္ေလးထက္ဆိုးတဲ့လူနာေတြအမ်ားႀကီးကိုၾကဳံေတြ႕ခဲ့ဖူးတာပဲဟာ"

"မတူဘူး။"

"ဘာကလဲ"

စိုင္းသီဟက သူဆက္ေမးလာတဲ့ထိုေမးခြန္းကိုဆက္မေျဖဘဲႏႈတ္ဆိတ္ေနတာေၾကာင့္ဆရာဝန္ေလးလည္းထပ္မေမးေတာ့ေပ။ေသြးထြက္လြန္မွာစိုးတာေၾကာင့္ ေကာင္ေလးရဲ႕ေခါင္းကြဲဒဏ္ရာကိုကြၽမ္းက်င္လ်င္ျမန္စြာခ်ဳပ္လိုက္ေတာ့သည္။

ေနာက္ဆုံးေသာအပ္ခ်ည္မွ်င္ကိုကတ္ေၾကးေလးနဲ႔ျဖတ္ေတာက္လိုက္ၿပီး အရက္ျပန္ထည့္ထားတဲ့ခြက္တစ္ခုထဲသို႔ ကတ္ေၾကးေလးအားပစ္ထည့္လိုက္တဲ့အခါ ျမည္သံေလးတစ္သံကအခန္းထဲမွာၾကည္လင္စူး႐ွစြာထြက္ေပၚလာခဲ့သည္။

"နာေနမွာပဲ...."

စိုင္းသီဟက ေကာင္ေလးရဲ႕ေခါင္းကဒဏ္ရာကိုၾကည့္ရင္းစိတ္မေကာင္းျဖစ္စြာေရ႐ြတ္လိုက္တဲ့အခါ ဆရာဝန္ေလးကသူ႕ရဲ႕ Maskကိုခြၽတ္လိုက္ၿပီး သူ႕မ်က္စိေ႐ွ႕ကခြဲစိတ္ခန္းရဲ႕နတ္ဘုရားတစ္ဆူအား ဆြံ႕အစြာၾကည့္ေနမိေလသည္။

'ဒီေကာင္ဘာျဖစ္ေနတာလဲဟ'

ၿပီးေနာက္ ဆရာဝန္ေလးကလက္အိတ္ေတြကိုခြၽတ္ေနရင္းအေနာက္နားက Nurseဆီလွမ္းေျပာလိုက္သည္။

"nurse လူနာကို အေရးေပၚကေနေျပာင္းလို႔ရၿပီ။က်န္တဲ့ေဆးစစ္ခ်က္ေတြရရင္လည္းက်ေနာ္႕ကိုတင္ျပေပးပါ"

"ဟုတ္ကဲ့ပါဆရာ"

ခြၽတ္ၿပီးတဲ့လက္အိတ္ေတြကိုအမိႈက္ပုံးထဲပစ္ထည့္လိုက္ၿပီးေနာက္ ဆရာဝန္ေလးက သူ႕ရဲ႕သူငယ္ခ်င္းျဖစ္သူကိုစကားေျပာရန္ျပန္လွည့္ၾကည့္လိုက္ေတာ့ စိုင္းသီဟကို႐ွာမေတြ႕ေတာ့ေပ။စိုင္းသီဟကသူ႕ထက္အရင္အခန္းထဲမွတိတ္ဆိတ္စြာ ထြက္သြားႏွင့္ၿပီျဖစ္သည္။

"ဒီကေမာင္ေလးတို႔ ...ေမာင္ေလးတို႔ထဲကဘယ္သူကလူနာအတြက္ formျဖည့္ေပးႏိုင္မလဲ"

ေကာ္ရစ္တာ႐ွိခုံတန္းလ်ားေပၚ၌တန္းစီထိုင္ေနၾကေသာေကာင္ေလးမ်ားကို nurseေလးတစ္ေယာက္က Formျဖည့္ဖို႔ေမးျမန္းေနေပမယ့္ထိုေကာင္ေလးမ်ားကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္ၾကရင္းလူနာ႐ွင္ေကာင္ေလးအားမသိဘူးဟုသာဆိုလာၾကတာမို႔ Nurseေလးလည္းတိုင္ပတ္ေန႐ွာသည္။

ထိုစဥ္ၾသ႐ွတည္ၿငိမ္တဲ့အသံတစ္သံကအေနာက္နားကေနပ်ံ႕လြင့္ထြက္ေပၚလာခဲ့ေပသည္။

"ကိုယ္ျဖည့္ေပးမယ္"

ထိုအသံလာရာကိုအကုန္လုံးလွည့္ၾကည့္လိုက္ေတာ့အသားျဖဴျဖဴ၊အရပ္႐ွည္႐ွည္နဲ႔ပိန္သြယ္သေယာင္ထင္ရသည့္တိုင္ ေတာင့္တင္းေသာခႏၶာကိုယ္ကိုပိုင္ဆိုင္ထားေသာလူငယ္ေလးတစ္ေယာက္သူတို႔ထံေလွ်ာက္လွမ္းလာသည္ကိုေတြ႕လိုက္ရေလသည္။

ထိုလူငယ္ေလးအားအကုန္လုံးကကယ္တင္႐ွင္သဖြယ္ေငးၾကည့္ေနၾကစဥ္
မွာ ထိုသူ၏႐ုပ္ရည္ဟာ အင္မတန္မွေခ်ာေမာၾကည့္ေကာင္းလွေၾကာင္းကိုအကုန္လုံးကအသံတိတ္ေထာက္ခံေနခဲ့ၾကသည္။

စိုင္းသီဟကသူ၏မ်က္မွန္ေလးအား ခန္႔ညားစြာပင့္တင္လိုက္ၿပီးေနာက္ nurseလက္ထဲမွ formကိုယူလိုက္သည္။ထို႔ေနာက္လြတ္ေနတဲ့ခုံတန္းတစ္ခုမွာဝင္ထိုင္လိုက္ကာ ႐ွည္လ်ားေသာေျခတံတို႔ကိုေျခခ်ိတ္ထိုင္လိုက္လ်က္ ေပါင္ေပၚမွာFormကိုတင္ျဖည့္ေနရင္းဆိုလာသည္။

"သူ႕နာမည္က႐ိႈင္းေဇယံေလ။မင္းတို႔ထဲမွာသူ႕ကိုသိတဲ့လူတစ္ေယာက္ေတာင္မပါဘူးလား"

formျဖည့္ေနရင္းတည္ၾကည္ၾသ႐ွေသာအသံတစ္သံျဖင့္တစ္ဖက္ခုံတန္းလ်ားေပၚ႐ွိေကာင္ေလးမ်ားအားေမးလိုက္တဲ့အခါ ထိုလူသားရဲ႕အေမးကိုၾကားလိုက္ရတဲ့လူတိုင္းက ေရခဲေရနဲ႔ပုံးလိုက္ေလာင္းခ်ခံလိုက္ရသကဲ့သို႔ေအးစိမ့္မႈတို႔ကိုခံစားလိုက္ရသည္။

"အဲ့လူက႐ိႈင္းလား?"

႐ုတ္တရက္ထြက္ေပၚလာတဲ့အသံေလးေၾကာင့္အကုန္လုံးရဲ႕အၾကည့္မ်ားက အသံထြက္လာတဲ့ထိုေကာင္ေလးဆီသို႔တစ္ခ်ိန္တည္းစုျပဳံေရာက္႐ွိသြားၾကေတာ့သည္။ထိုေကာင္ေလးမွာ႐ိႈင္းနဲ႔တစ္ေမဂ်ာတည္းျဖစ္တဲ့ဆက္ေနာင္ခပင္ျဖစ္သည္။

"Shit!။႐ိႈင္းကိုေတာင္ငါဘာလို႔မမွတ္မိရတာလဲမသိဘူး။"

ဆက္ေနာင္ခနဲ႔႐ိႈင္းေဇယံတို႔ဟာတစ္ေမဂ်ာထဲမွာအတန္းတူတူတက္ေနၾကေသာ္လည္းသိပ္ၿပီးအဆက္အဆံမ႐ွိၾကေပ။
႐ိႈင္းကသူ႕ဘာသာသူအၿမဲတမ္းတစ္ေယာက္တည္းေနတတ္ၿပီးဆက္ေနာင္ကသူ႕အုပ္စုႏွင့္သူေနေနတာေၾကာင့္ ႏွစ္ဦးကသိၾက႐ုံသာ႐ွိၿပီးမရင္းႏွီးၾက။

ဆက္ေနာင္အတြက္႐ိႈင္းေဇယံဆိုတာဟာပုခုံးခ်င္းတိုက္ၿပီးျဖတ္သြားရင္ေတာင္တစ္ခါတစ္ေလမမွတ္မိႏိုင္တာမ်ိဳးလည္း႐ွိေလသည္။

ထို႔ျပင္ ခုနတုန္းက ႐ိႈင္းေဇယံမွာ ေခါင္းကြဲဒဏ္ရာေၾကာင့္မ်က္ႏွာတစ္ျပင္လုံးေသြးခ်င္းခ်င္းနီေနတဲ့အေၾကာင္းရင္းေၾကာင့္သူမ်က္မွန္းတမ္းမမိတာလည္းပါမည္။

တစ္ေမဂ်ာတည္းတူတဲ့သူေတာင္မမွတ္မိဘူးဆိုေတာ့အေနာက္ပိုင္းအေဆာင္႐ွိတျခားလူမ်ားကမမွတ္မိသည္မွာမဆန္းေတာ့ေပ။ထို႔ေၾကာင့္ဆက္ေနာင္ခမ်ာအျပစ္႐ွိသလိုခံစားလိုက္ရသည္။

စိုင္းသီဟက formျဖည့္ၿပီးတာနဲ႔တုံ႔ဆိုင္းမေနဘဲထိုေနရာမွထထြက္သြားေတာ့သည္။
ထိုအခ်ိန္တြင္ ဆက္ေနာင္ခေလးခမ်ာ႐ိႈင္းေဇယံအေၾကာင္းကိုမင္းခန္႔ထည္ဆီဆက္သြယ္ခ်င္ပါေသာ္လည္းသူ႕ထံ၌မင္းခန္႔ထည္ရဲ႕ဖုန္းနံပါတ္မ႐ွိတာေၾကာင့္အခက္အခဲျဖစ္ေနခဲ့သည္။

ထို႔ေၾကာင့္ မင္းခန္႔ထည္အစားမင္းစက္ကိုသာသူဆက္သြယ္လိုက္ရသည္။
သူ မင္းစက္နံပါတ္ကိုဖုန္းဆက္လိုက္ေတာ့ဖုန္းဝင္သြားၿပီးေနာက္ တစ္ဖက္ကခပ္ျမန္ျမန္ပဲဖုန္းကိုင္လာတာေၾကာင့္ ဝမ္းသာအားရနဲ႔ေမးလိုက္ေလသည္။

"ဟဲလို အကိုမင္းစက္လား"

"မဟုတ္ဘူး ငါ"

Screenတစ္ဖက္ကေနေအးတိေအးစက္ျပန္ေျဖသံကိုၾကားလိုက္ရတဲ့အခါဆက္ေနာင္ၾကက္သီးမ်ားထလာရၿပီးသူ႕လက္သူျပန္သပ္ခ်မိသည္။ထိုလူမွာ ဟန္လင္းထက္ျဖစ္ေၾကာင္းဆက္ေနာင္အတပ္သိေလ၏။

"ဘယ္သူျဖစ္ျဖစ္ငါေျပာတာေသခ်ာနားေထာင္။အေရးႀကီးတယ္။
အခု ႐ိႈင္းေဇယံကိုေဆး႐ုံတင္ထားရတယ္။အကိုမင္းခန္႔ထည္ကိုဆက္သြယ္လို႔မရလို႔ ငါ့အစားအကိုမင္းစက္ကိုဆက္သြယ္ခိုင္းမလို႔"

"႐ိႈင္းေဇယံ အရမ္းစိုးရိမ္ရလား"

ေအးတိေအးစက္အသံကေနစိုးရိမ္ေနဟန္ရတဲ့အသံဆီသို႔ခ်က္ခ်င္းေျပာင္းလဲသြားတဲ့ဟန္လင္းထက္ေၾကာင့္
ဆက္ေနာင္ခမ်ာ ၾကက္သီးမ်ားထပ္မံထလာျပန္သည္။

'လခြမ္း။ဒီလိုေကာင္မ်ိဳးကလည္းစိုးရိမ္တတ္တယ္ေပါ့ေလ!'

"ျမန္ျမန္ေျပာစမ္းပါ!!!"

ဟန္လင္းထက္ကစိတ္မ႐ွည္စြာျပန္ေအာ္ဟစ္လာတာေၾကာင့္ဆက္ေနာင္ခလည္း အျဖစ္အပ်က္အားလုံးကိုအူမေခ်းခါးမက်န္အကုန္ေျပာျပလိုက္ေတာ့ေလသည္။

"သိၿပီ...ငါတို႔အခုပဲလာခဲ့မယ္"

••••••••••••••••••••••••••••••••••••••••••••••••••

အျဖဴေရာင္ေဆးတို႔သုတ္လိမ္းထားတဲ့အုတ္တံတိုင္းေလးျဖင့္ကာရံထားတဲ့ျခံဝန္းေလးထဲ႐ွိပန္းဥယ်ာဥ္အေသးေလးထဲ၌ပန္းအိုးမ်ားကိုဟိုေနရာေျပာင္းေ႐ႊ႕လိုက္၊သည္ေနရာေျပာင္းေ႐ႊ႕လိုက္ႏွင့္ေကာင္ေလးတစ္ေယာက္ခမ်ာအလုပ္မ႐ွိအလုပ္႐ွာကာအလုပ္႐ႈပ္ေနေလသည္။

"သားရယ္ ပန္းအိုးေတြသယ္ၿပီးေနရာကိုျပန္ျပင္ေပးေနတာမပင္ပန္းဘူးလား"

"မပင္ပန္းပါဘူး အန္တီ"

ဟု မင္းခန္႔ထည္ကျပဳံးရင္းျပန္ေျဖလာၿပီးေနာက္ Kiss me quickပန္းအိုးေလးတစ္အိုးကိုထပ္မလိုက္ျပန္သည္။

"သားတစ္ခုခုမ်ားျဖစ္ေနလို႔လား။"

ေဒၚစႏၵာေသာ္ထိုသို႔ေမးလိုက္ေတာ့ ေနာက္ထပ္ပန္းအိုးတစ္အိုးကိုထပ္မဖို႔ျပင္ေနတဲ့မင္းခန္႔ထည္ရဲ႕လက္ေတြကတခနတန္႔သြားၿပီးမွ ခပ္ယဲ့ယဲ့ျပဳံးလ်က္ ဆက္လုပ္ေနျပန္သည္။

"တကယ္ကိုတစ္ခုခုျဖစ္ေနတာပဲ"

"က်ေနာ္႕ကိုအန္တီဘယ္လိုမ်ားနားလည္ႏိုင္တာလဲဗ်ာ"

"သားကိုကခန္႔မွန္းရလြယ္ေနတာပါ"

"အဲ့တာဆို ခန္႔မွန္းရခက္ေအာင္က်ေနာ္ဘယ္လိုေနရမလဲ"

"သားရဲ႕ခံစားခ်က္ေတြကိုအတင္းမဖုံးကြယ္ထားနဲ႔ေလ။သားရဲ႕ရင္ဘက္ထဲကအရာေတြကိုသားဖုံးကြယ္ထားေလေလ သားဟန္မေဆာင္ႏိုင္ေလေလဘဲ။
ရင္ထဲမွာပူေလာင္ေနမွေတာ့ဘယ္လိုလုပ္ၿပီးအလွဆုံးျပဳံးေနႏိုင္ေတာ့မလဲ မဟုတ္ဘူးလား"

မင္းခန္႔ထည္အ႐ိႈက္ထိသြားသျဖင့္ေခါင္းတၿငိမ့္ၿငိမ့္နဲရယ္လာၿပီးေနာက္ လုပ္လက္စအလုပ္ေတြကိုရပ္လိုက္ေတာ့သည္။
ထို႔ေနာက္ေဒၚစႏၵာေသာ္ထိုင္ရာေက်ာက္ခုံေလးေပၚ၌ဝင္ထိုင္လိုက္ၿပီး လူႀကီးတစ္ေယာက္ေ႐ွ႕မွာသူ႕အ႐ြယ္နဲ႔မလိုက္မဖက္သက္ျပင္းအ႐ွည္ႀကီးခ်မိလိုက္ေလသည္။

"က်ေနာ္႕ကိုယ္က်ေနာ္ ဘယ္လိုမွကိုနားမလည္ႏိုင္ေတာ့ဘူးအန္တီ။
က်ေနာ္ဒီလိုမ်ိဳးတစ္ခါမွမခံစားရဖူးဘူး။
က်ေနာ္႕ရင္ဘက္ႀကီးတစ္ခုလုံးမြန္းၾကပ္ေနတယ္ဆိုတာပဲသိတယ္။
အဲ့တာေၾကာင့္ တစ္ေန႔လုံးက်ေနာ္႕ကိုက်ေနာ္ဖိအားေတြေပးေနခဲ့တာ။"

ေနာက္ဆုံးစကားေလးတစ္ခြန္းကိုေတာ့မင္းခန္႔ထည္ကတြန္႔ဆုတ္တိမ္ဝင္စြာျဖင့္ဆိုလိုက္ေလသည္။အဘယ္ေၾကာင့္ဆိုေသာ္ သူ႕တြင္ထိုစကားလုံးတို႔ထုတ္ေျပာဖို႔အတြက္အားအင္တို႔ကုန္ခမ္းေနၿပီမို႔ပင္။

"ဒါေပမယ့္ က်ေနာ္႕ကိုယ္က်ေနာ္ဘယ္ေလာက္ပဲဖိအားေပးေပး
သူ႕ကို က်ေနာ္႕ေခါင္းထဲကေန ဘယ္လိုမွထုတ္လို႔မရခဲ့ဖူး.."

ထိုအခါ ေဒၚစႏၵာေသာ္က မင္းခန္႔ထည္ရဲ႕ေက်ာကုန္းေလးကိုခပ္ဖြဖြပုတ္ေပးလာလ်က္ ႏွစ္သက္သေဘာက်မႈအျပည့္နဲ႔ရယ္ေမာလာခဲ့သည္။

"သားမွာခ်စ္ရတဲ့သူ႐ွိေနၿပီပဲ။
ဘယ္သူမ်ားလဲကြယ္။အဲ့ကေလးအရမ္းကံေကာင္းတာပဲ"

"ခ်စ္ရတဲ့သူ?"

'အခ်စ္ဆိုတာဘာလဲ?
ၿပီးေတာ့ငါကခ်စ္ေနတယ္တဲ့ ဘယ္သူ႕ကိုလဲ'

ဒီလိုေနရာမ်ိဳးက်ငတုံးေလးျဖစ္ေန႐ွာတဲ့
မင္းခန္႔ထည္ကို သူမျပဳံးကာၾကည့္လိုက္ရင္း ေရ႐ြတ္လာခဲ့သည္။

"သားေခါင္းထဲကေနထုတ္မရတဲ့သူကသားခ်စ္ေနရတဲ့သူမဟုတ္ဘူးလားကြဲ႕"

"...."

တစ္ေန႔တာလုံး ႐ႈပ္ေထြးမြန္းၾကပ္ေနရတဲ့ သူ႕ရင္ထဲကႀကိဳးထုံးႀကီးတစ္ထုံးဟာေဒၚစႏၵာေသာ္ရဲ႕စကားကိုၾကားၾကားခ်င္းပင္ နားလည္ရခက္စြာျပတ္ေတာက္ေျပေလ်ာ့သြားရသည္။

'ငါ့ေခါင္းထဲကထုတ္မရတဲ့သူက .႐ိႈင္းေလးေလ။သူကငါခ်စ္ေနရတဲ့သူလား ။
ငါဒီလိုျဖစ္ေနတာေတြက႐ိႈင္းေလးကငါ့ကိုခ်စ္ေနတာေၾကာင့္မဟုတ္ဘဲ ငါက႐ိႈင္းေလးကိုခ်စ္ေနမိခဲ့လို႔လား?'

"ေအာ္..ေမာင္ေရာက္ေနတာပဲ"

သူထိုသို႔ေတြးေနတုန္းပင္ ႐ုတ္တရက္ၾကားဝင္လာခဲ့တဲ့ စကားသံေၾကာင့္မင္းခန္႔ထည္ရဲ႕အေတြးယဥ္ေၾကာတို႔ဟာေႏွာင့္ယွက္ျခင္းခံလိုက္ရကာ လမ္းစေပ်ာက္သြားရသည္။

"ျဖဴရယ္ ကိုယ္ ေရာက္ေနတာပဲၾကာလွၿပီ"

"အာ..ျဖဴမသိလို႔ sorryေနာ္။
ဒါနဲ႔ ေမာင့္အိတ္ကို ျဖဴ စပ္စုၾကည့္လိုက္မိတာ အထဲမွာဝတ္စုံႏွစ္စုံေတာင္ပါတာကိုေတြ႕လိုက္တယ္။ ေမာင္ ဒီေန႔အေဆာင္မျပန္ဘူးလား"

သူမစကားကိုၾကားေတာ့ေဒၚစႏၵာေသာ္ကလည္း စိုးရိမ္သြားဟန္ျဖင့္ေမးလာခဲ့သည္။

"ဟုတ္လား သား ဘာျဖစ္လို႔လဲ !"

"ဟုတ္တယ္ အန္တီ။က်ေနာ္မနက္ျဖန္လည္းသင္တန္း႐ွိေသးတယ္ဆိုေတာ့ေလ..ဒီည        စီနီယာတစ္ေယာက္ရဲ႕အိမ္မွာပဲအိပ္ၿပီးေတာ့မနက္က်သင္တန္းတန္းသြားလို႔ရေအာင္ထည့္ခဲ့တာပါ။
အခုလည္းညေနေစာင္းေနၿပီဆိုေတာ့အေဆာင္ျပန္ေရာက္ဖို႔ကအဆင္မေျပလို႔လည္းပါတယ္"

"ေအာ္ ဟုတ္လား။ဒါဆိုလည္းသားဒီမွာညေနစာပါတစ္ခါတည္းစားသြားလိုက္ေနာ္။
အန္တီသြားျပင္ဆင္လိုက္ဦးမယ္"

ဟုဆိုကာေဒၚစႏၵာေသာ္ကအလ်င္အျမန္ ထထြက္သြားတာေၾကာင့္မင္းခန္႔ထည္ခမ်ာစိတ္အားထက္သန္လြန္းတဲ့သူမအားတားျမစ္ခ်ိန္ေတာင္မရလိုက္ေပ။

ေဒၚစႏၵာထြက္သြားၿပီးေနာက္ ျဖဴစင္ေသာ္ကသူ၏ရင္ခြင္ထဲသို႔တိုးဝင္လာခဲ့ကာ သူ႕ကိုအတင္းဖက္တြယ္လ်က္ဆိုသည္။

"ေမာင္ ျဖဴ႕ကိုအခုတေလာမခ်စ္ေတာ့ဘူးလို႔ခံစားေနရတယ္။
ျဖဴ႕ကိုေမာင့္ရင္ခြင္ထဲမွာခနေလာက္ဖက္ထားေပးပါေနာ္"

ျဖဴစင္ေသာ္စကားပင္မဆုံးလိုက္မင္းခန္႔ထည္ကသူမလက္မ်ားကိုခြာခ်ပစ္လိုက္ကာမတ္တပ္ထရပ္လိုက္သည္။

"အိမ္ေ႐ွ႕ႀကီးမွာမသင့္ေတာ္ဘူးေလ ျဖဴ"
ဟုဆိုလိုက္လ်က္ ထိုေနရာမွလွည္္႕ထြက္သြားကာ ဥယ်ာဥ္ငယ္ေလးထဲမွာသူလုပ္လက္စျဖစ္တဲ့ပန္းအိုးေ႐ႊ႕တဲ့အလုပ္ကိုဆက္လုပ္ေနေလသည္။

ထိုသို႔ထြက္သြားေသာမင္းခန္႔ထည္ရဲ႕ေအးစက္စက္ေက်ာျပင္တစ္ေနရာအားျဖဴစင္ေသာ္အလိုမက်စြာစိုက္ၾကည့္ေနရင္းေအာက္ႏႈတ္ခမ္းကိုနီရဲသည္အထိဖိကိုက္လို႔ထားသည္။

ထိုအခ်ိန္မွာပင္သူမေဘးနား႐ွိခုံေလးေပၚမွာတင္ထားခဲ့တဲ့ဖုန္းေလးက Rockဂီတသံတစ္သံနဲ႔တုန္ခါလာတာေၾကာင့္သူမေကာက္ယူၾကည့္လိုက္ေတာ့ ဖုန္းေခၚဆိုလာတဲ့သူကမင္းစက္ျဖစ္ေနတာေၾကာင့္ျဖဴစင္ေသာ္ကဖုန္းမကိုင္ဘဲတန္းခ်ပစ္လိုက္သည္။

မင္းစက္ကလက္မေလွ်ာ့စတမ္းႏွစ္ခါသုံးခါဆက္ေခၚေနတာေၾကာင့္သူမစိတ္အေႏွာင့္အယွက္ျဖစ္စြာ ေတာက္တစ္ခ်က္ေခါက္လိုက္ၿပီး powerပိတ္ဖို႔အျပင္ message တစ္ေစာင္ထပ္ဝင္လာတာကိုေတြ႕လိုက္ရသည္။

[မင္းခန္႔ ညီေလး႐ိႈင္းေဇယံကိုေဆး႐ုံတင္ထားရတယ္။အေရးႀကီးတယ္။မင္းအျမန္ဆုံးလာခဲ့ပါ။ငါနဲ႔ဟန္လင္းထက္လည္းအခုသန္လ်င္ေဆး႐ုံကိုသြားေနၿပီ။ဒီmessageကိုေတြ႕ရင္ငါ့ဆီဖုန္းျပန္ဆက္ဦး]

ျဖဴစင္ေသာ္ကထိုmessageကိုဖတ္လိုက္ၿပီးသကာလ သူမရဲ႕ႏႈတ္ခမ္းေတြကမဲ့သြားကာလက္ဖ်ားေလးကဖုန္း screenရဲ႕ selectကိုႏွိပ္လိုက္ၿပီး အမိႈက္ပုံးပုံေလးကိုပါထပ္ႏွိပ္လိုက္ေတာ့ေလသည္။ ထို႔ေၾကာင့္ ထို Messageေလးဟာမင္းခန္႔ထည္မေတြ႕လိုက္ရေသးခင္မွာပင္ မ႐ွိခဲ့သလိုမ်ိဳးေပ်ာက္ကြယ္သြားခဲ့ရေပ၏။

"သူကငါ့ေလာက္ ေမာင့္အတြက္အေရးမႀကီးႏိုင္ပါဘူး"

သူမရဲ႕ႏႈတ္ခမ္းတို႔က ထိုသို႔ေရ႐ြတ္လိုက္ရင္းေကြးတက္သြားကာ မင္းခန္႔ထည္ကေတာ့ထိုအျဖစ္ကိုမသိ႐ွာပဲ မ်က္စိေ႐ွ႕ကအလုပ္ကိုသာအာ႐ုံစိုက္ေနေခ်သည္။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💙

Love you all my readers 💕(๑•ᴗ•๑)♡

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

438K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
462K 39.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
74.6K 4.9K 123
နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်‌ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယ...
48.5K 3.2K 136
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း