ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 9 (Unicode)

18.7K 2.4K 90
By akyinnamon

အောက်တိုဘာလ ၃၁ ရက်နေ့

၂၀၁၇ ခုနှစ်

ပုံပေမြို့ဟောင်း

အီတလီနိုင်ငံ

ပုံပေမြို့ဟောင်းကြီး၏ မြို့နံရံအုတ်တံတိုင်းကြီးသည် ထွန်းလင်းလာသော နေရောင်အောက်တွင် ခံ့ညားထည်ဝါနေသည်။ ကောင်းကင်ပြင်သည် တိမ်မျှင် တိမ်စိုင်များ ကင်းရှင်းကာ ပြာလွင်နေသည်။ မာကို ဦးဆောင်သော ခရီးသွားများသည် မြို့တံတိုင်းဘေးမှ လမ်းအတိုင်း လျှောက်လာနေကြသည်။ ဧည့်သည်အုပ်စုထဲမှ ကလေးငယ်တစ်ဦးဖြစ်သော ဖေဒေရိကိုလေးသည် မာကို၏ ဘောင်းဘီစကို ဆွဲရင်း ခပ်တိုးတိုးမေးသည်။

"မီးတောင်ပေါက်တော့ ကြောက်စရာကြီးလားဟင် ဦးလေး။"

"ဒီအပင်ကြီးကိုတွေ့လား။"

လမ်းဘေးတစ်ဖက်တစ်ချက်တွင် စီတန်းပေါက်ရောက်နေသော ထင်းရှူးပင်များကို မာကို လက်ညှိုးညွှန်ပြလိုက်သည်။ ပင်လယ်ကမ်းရိုးတန်းတွင် ပေါက်ရောက်လေ့ရှိသော ထင်းရှူးပင်သည် အခြားတောင်ပေါ်ဒေသများမှ ထင်းရှူးပင်များနှင့် ကွာခြားသည်။ ခရစ္စမတ်ပို့စကတ်များတွင်ပါသလို တြိဂံပုံမဟုတ်။ သစ်ကိုင်း သစ်ရွက်များ အောက်ခြေထိ မရှိ။ လုံးပတ်ကြီးကာ ပင်စည်လုံးချောပြီး မြင့်မားလှသည်။ ထိပ်ဆုံးနားရောက်မှ ဖြာထွက်သွားသလို သစ်ကိုင်းသစ်ရွက်များနှင့်ဖြစ်သည်။

ကလေးငယ်က ခေါင်းညိတ်ဖြေသည်တွင် မာကို စကားဆက်သည်။

"မီးတောင်ပေါက်ကွဲတဲ့အချိန်မှာ ဒီထင်းရှူးပင်ကြီးလိုမျိုး မီးခိုးတိုင်ကြီးနဲ့ မီးခိုးတိမ်တွေကို ဟိုးအဝေးကြီးကနေတောင် တွေ့ရတယ်ဆိုပြီး မှတ်တမ်းတင် စာရေးထားကြတယ်။ နောက်ပြီး အဲ့ဒီ့မီးခိုးတိုင်ကြီးကလည်း ချက်ချင်း အောက်ပြန်ကျတာမဟုတ်ဘူး။ လေထဲမှာ ရပ်နေသလို အကြာကြီးမြင့်တက် မြင့်တက်ပြီးမှ ယိမ်းယိုင်ပြီး ဖြာကျတာ။ ဒီလိုမျိုး အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့တာ။"

ကလေးငယ်မှာ ကြောက်ရွံ့သလို ပခုံးကြုံ့သွားသည်။

"ဒီမီးတောင်ကြီးကြောင့်ပေါ့နော် ဦးလေး။"

"မဟုတ်ဘူး ချာတိတ်ရ။ ပုံပေတစ်မြို့လုံးကို ဖျက်ဆီးခဲ့တဲ့ မီးတောင်ဟာ အခု Somma လို့ခေါ်တဲ့ တောင်ပေါ့။ အရင်တုန်းက အဲ့ဒီ့ Somma မီးတောင်ကို ရောမလူမျိုးတွေက Vesuvius လို့ခေါ်ကြတယ်။ ဒါ့ကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တာ။"

"ဟုတ်လား။ ဒါဆို အခုမြင်နေရတဲ့ မီးတောင်ကြီးကြောင့် မဟုတ်ဘူးပေါ့။"

"ဒါပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ပုံပေမြို့က မီးတောင်ကြီးကို လှမ်းကြည့်ရင် အခုမြင်နေရသလို အမြင့်ကြီးမဟုတ်ဘူး။ ခပ်ပြေပြေတောင်တန်းတစ်ခုလိုပဲ မြင်ရတယ်။ မီးတောင်ဝလောက်ပဲ မြေကြီးပေါ် ကပ်ထွက်နေသလိုမျိုးလေ။ မီးတောင်မှန်း ဘယ်သူမှ သိမထားဘူး။ တစ်ချို့ရောမခေတ် ပညာရှင်တစ်ချို့ကတော့ မီးတောင်ဟောင်းတစ်ခုလို့ ယူဆခဲ့ဖူးတာတွေတော့ ရှိခဲ့တယ်။"

"ဒါဆို အခုမြင်နေရတဲ့ ဒီ မီးတောင်ကြီးက အရင်မီးတောင်ဟောင်းကြီးကနေ ဖြစ်လာတာပေါ့။"

ဆွဲကြိုးကြီးနှင့် အဒေါ်ကြီးက ဝင်မေးလိုက်ခြင်းဖြစ်သည်။ ဒီလိုဆိုတော့လည်း ဒီအမျိုးသမီးကြီး ဉာဏ်ကောင်းတာကို သူ ဝန်မခံချင်လို့မရ။

"ဟုတ်တယ်ဗျို့။ အခုမြင်နေရတဲ့ မီးတောင်ကြီးက ပုံပေမြို့ကို ဖျက်ဆီးခဲ့တဲ့ အရင်မီးတောင်ဟောင်းကနေ မွေးဖွားလာတယ်လို့တောင် ပြောလို့ရမယ်။ ဒီပုံစံဖြစ်လာဖို့တော့ ရာစုနှစ်အကြာကြီး လိုခဲ့တာ။ အရင်က Vesuvius မီးတောင်တစ်ဖြစ်လည်း အခုတော့ Somma ဆိုတဲ့ မီးတောင်ကြီးဟာ တောင်ကုန်းမို့တစ်ခုအဖြစ်လောက်ပဲ ကျန်တော့တာဗျ။"

စကားတပြောပြောနှင့် ကျန်ရှိနေသေးသော မြို့ဟောင်းနံရံများအောက်ဘေးမှ လမ်းအတိုင်းလျှောက်လာခဲ့ကြသည်။ နေရောင်သည် တဖြည်းဖြည်းနှင့် နွေးထွေးသည့်ဘက်သို့ အားသာလာနေသည်။ မြို့ဟောင်းနံရံတစ်လျှောက် ပြင်ဆင်ပြုပြင်နေသည့်နေရာများတွင် ငြမ်းစင်များဆင်ထားပြီး လုပ်သားများရှိနေသည်။ ပုံပေမြို့ဟောင်းကို ပြင်ဆင်စောင့်ရှောက်မှုများ၊ ပြုပြင်ထိန်းသိမ်းမှုများကို ကျွမ်းကျင်လုပ်သားများက လုပ်ဆောင်နေကြသည်။

ပုံပေမြို့သည် ပြတိုက်တစ်ခုဖြစ်သည်။ အမိုးအကာမပါသည့် ဧကပေါင်းများစွာ ကျယ်ပြန့်သည့် ပြတိုက်ကြီးတစ်ခုကို ပုံစံမပျက် ထိန်းသိမ်းနိုင်ဖို့ဆိုတာ လွယ်ကူသည့်အလုပ်တစ်ခုတော့ မဟုတ်ပါ။ ဒါပေမဲ့ ဒီမြို့ဟောင်းကြီး၏ အနာဂတ်အတွက် မာကို စိတ်မပူ။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြီးကြပ်ဦးဆောင်နေသည့် ဌာနမှူးသည် ဒီမြို့ဟောင်းကြီးကို ချစ်ခင်မြတ်နိုးသူတစ်ယောက်ဆိုတာ သူ ယုံကြည်ထားသည်။

ဧည့်သည်များကို မြို့ဟောင်းနေရာကို စတင်ပြသရသည့် ဂလေဒီယေတာစစ်သားများ၏ လေ့ကျင့်ရေးကွင်းသို့ အရောက်တွင်မူ မာကို ခြေလှမ်းများကို ရပ်တန့်ကာ ဧည့်သည်များကို လူစုစေသည်။ မီးတောင်ကြီးနှင့် အဆောက်အဦးလက်ကျန် တိုင်လုံးနေရာများကို ရှင်းထင်းစွာ မြင်ရသော နေရာတစ်ခု ဖြစ်သောကြောင့် ဓါတ်ပုံရိုက်သူများ မနည်းပါ။

ထီးထီးကြီးရှိနေသော မီးတောင်ကြီးသည် မီးတောင်သေတစ်ခုမဟုတ်။ မီးတောင်ရှင်ဖြစ်သည်။ ၎င်းထံမှ ထွက်ပေါ်လာသော မီးခိုးတန်းငွေ့များကို ရံဖန်ရံခါ မြင်နေရသေးသည်။ တောင်ခြေတွင်လည်းကောင်း၊ အနီးတစ်ဝိုက်တွင်လည်းကောင်း လူနေအိမ်များ၊ အဆောက်အဦးများ၊ မြို့များ တည်ရှိနေသေးသည်။ ထိုနေထိုင်မှုအားလုံးသည် ကြောက်မက်ဖွယ် အချိန်ကိုက်ဗုံးတစ်ခုပေါ်တွင် ရှိနေသလိုပင်။ ကျွမ်းကျင်သည့် မီးတောင်ပညာရှင်များက နေ့၊ည မလပ် စုံစမ်းစစ်ဆေးနေသည်ဆိုပေမယ့် ဒီမီးတောင်ကြီးသည် အချိန်မရွေး ဒုတိယပုံပေဇာတ်လမ်းတစ်ပုဒ် ဖန်တီးနိုင်စွမ်းရှိသည်။ ဒါပေမဲ့ ဒီနေရာမှ သူ မခွာနိုင်။ ပုံပေသည် မာကို့ အတွက်တော့ သူ့ဘဝထက်အရေးကြီးနေသည့် နေရာတစ်ခု။

လူစုံလာသည်နှင့် မာကို စကားပြန်စသည်။

"ဒီနေရာဟာ အရင်ကတော့ ပြဇာတ်ပြီးရင် ပွဲကြည့်လာသူတွေ အနားယူဖို့ အသုံးပြုခဲ့တာ။ ဟိုဘက်အခြမ်းမှာ လခြမ်းပုံ ပြဇာတ်ရုံရှိတယ်လေ။ နောက်ပိုင်းမှာတော့ ဂလေဒီယေတာစစ်သားတွေရဲ့ နေအိမ်နေရာတွေအဖြစ် အသုံးပြုခဲ့ကြပုံရတယ်ဆိုတာ တူးဖော်ရခဲ့တဲ့ ဂလေဒီယေတာ လက်နက်တွေရယ်၊ နံရံ စာတမ်းတွေအရ သိရတယ်။ ဒါပေမဲ့ မြို့အစွန်မှာ ဒီ့ထက်ပိုကြီးတဲ့ လေ့ကျင့်ရေးကွင်းတစ်ခုလည်း ရှိသေးတယ်။ ဂလေဒီယေတာတွေနဲ့ ပတ်သက်ရင် လူတွေက ကျွန်တွေလို့ လွယ်လွယ်မှတ်ထားကြတယ်။ အဲဒါ အားလုံးအမှန်မဟုတ်ဘူး။ ကျွန်တွေပါသလို ကိုယ့်ဆန္ဒနဲ့ကိုယ် ဂလေဒီယေတာ ကျောင်းပိုင်ရှင်တွေဆီမှာ စာချုပ်ချုပ်ပြီး အပ်နှံခဲ့တဲ့ ရောမနိုင်ငံသားတွေလည်းပါတယ်။ အဲ.. ဒီလိုစာချုပ်ချုပ်လိုက်ပြီဆိုရင်တော့ သူဟာ လေ့ကျင့်ရင်းကွင်းပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုဖြစ်သွားတော့ ရောမနိုင်ငံသားဖြစ်ခွင့်ကို အဆုံးခံမှရတယ်။"

ဂလေဒီယေတာများသည် စနစ်တကျ လေ့ကျင့်သင်ကြားထားသော တိုက်ခိုက်ရေးသမားများဖြစ်သည်။ ထို့အပြင် ဂလေဒီယေတာတစ်ယောက်၏ တန်ဖိုးသည် အင်မတန်အဖိုးအခကြီးသည်။ သတ်ပွဲ၊ တိုက်ပွဲများတွင် သေဆုံးခဲ့ပါလျှင် ပွဲကျင်းပသူက ပိုင်ရှင်ထံသို့ ငှားခအပြင် သေဆုံးသွားသည့် ဂလေဒီယေတာစစ်သား၏ တန်ဖိုးနှင့်အညီ အလျှော်ပေးရသည်။

ရောမခေတ်တွင် ဂလေဒီယေတာတစ်ယောက်ဖြစ်ရခြင်းသည် အားကစားသမားကောင်းတစ်ယောက် ဖြစ်ရသလို ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း အင်ပါယာရှင်များကိုယ်တိုင် ဂလေဒီယာအဖြစ် ကွင်းဆင်းတိုက်ပွဲဝင်ခဲ့သည့် သမိုင်းများရှိခဲ့သလို လူငယ်များသည်လည်း လေ့ကျင့်ရေးကွင်းများသို့ လာရောက်လေ့ကျင့်ပြီး မိမိကိုယ်ကို ကြံ့ခိုင်သန်မာအောင် ကြိုးစားကြသည်ပဲဖြစ်သည်။

"တိုက်ခိုက်ရေးဆိုတဲ့နေရာမှာလည်း စည်းစနစ်နဲ့။ စည်းကမ်းနဲ့ဗျ။ ဂလေဒီယေတာ စစ်သားနှစ်ယောက် တိုက်ခိုက်ချိန်ဆိုရင် ဘေးမှာ ဒိုင်သဘောမျိုး ကြီးကြပ်ကွပ်ကဲပေးတဲ့ ဂလေဒီယေတာ စစ်သားဟောင်းနှစ်ယောက်ရှိတယ်။ အဲ... သေဖို့၊ ရှင်ဖို့ကတော့ ပွဲကျင်းပသူတွေရဲ့ လက်ထဲမှာပဲပေါ့ဗျာ။ ဒီတိုက်ခိုက်ရေးသမားတွေဟာ ဘယ်လောက်တောင် သတ္တိရှိလဲဆိုရင် သေမိန့်ရရင်တောင် မျက်နှာမပျက်ကြဘူး။ ရဲရဲရင့်ရင့် အသတ်ခံသွားကြတာချည်းပဲ။ သူတို့ရဲ့သတ္တိနဲ့ ကျွမ်းကျင်မှုဟာ ဘယ်လောက်တောင် အရေးပါလဲဆိုရင် ရောမခေတ်မှာ ဂလေဒီယေတာသွေးကို ရှာဝယ်ကြတဲ့အထိပဲတဲ့ဗျာ။ အဲ့ဒီ့သွေးကိုသောက်ရင်၊ ဒါမှမဟုတ် လိမ်းရင် ဝက်ရူးပြန်ရောဂါကို ကုသနိုင်တယ်၊ အမျိုးသားတွေသုံးစွဲရင် အိပ်ရာကိစ္စတွေမှာ ခွန်အားရှိတယ်လို့ ယုံကြည်ကြတယ်"

မာကိုသည် ပြောရင်းနှင့် စိတ်ဓါတ်များတက်ကြွကာ လက်သီးလက်မောင်း တန်းချင်လာသည်။ သို့ပေမယ့် ဆွဲကြိုးနှင့်အမျိုးသမီးကြီးမှာ သူ့ကို နောက်တစ်ကြိမ်မျက်စောင်းထိုးနေပြီကိုတွေ့လိုက်ရကာ မနည်းအရှိန်သတ်လိုက်ရသည်။

အဆောက်အဦးကြီး၏ အမိုးအကာတော်တော်များများမှာ ပျက်စီးသွားပြီဖြစ်သောကြောင့် ကျောက်တိုင်ရှည်များကိုသာ ကျန်ရှိတော့သည်။ အချို့အခန်းများမှာ ဒီအတိုင်းကျန်ရှိနေသေးသော်လည်း တူးဖော်ရာမှ တွေ့ရှိရသည့် ပစ္စည်းများကို ထိန်းသိမ်းထားသည့်အတွက် သံဇံကာများတပ်ကာ သော့ခတ်ထားသည်။ ပစ္စည်းများ၊ အုတ်အပိုင်းအစများ၊ အကြွင်းအကျန်များကို ထိန်းသိမ်းရာတွင် များပြားလွန်းလှသောကြောင့် အခန်းငယ်များအတွင်းတွင် သေတ္တာအထပ်ထပ်ဖြစ်နေသည်။

"ရောမအမျိုးသမီးတွေကလည်း နာမည်ကြီး ဂလေဒီယေတာတွေဆိုရင် တော်တော် သဘောကျတာပဲလားဗျ။ အခုခေတ်နဲ့ပြောရမယ်ဆိုရင်တော့ မင်းသားတွေ၊ ဘောလုံးသမားတွေလိုပေါ့ဗျာ။"

မာကို ခပ်နောက်နောက်ပြောတော့ အားလုံး ၀ိုင်းရယ်ကြသည်။ ဒါပေမဲ့ နောက်ဆုံးမှ ရောက်လာသည့် လူငယ်ကတော့ ပြုံးပင်မပြုံးပါ။ ဂလေဒီယေတာများနေထိုင်ခဲ့ရာ အဆောက်အဦး၊ အခန်းငယ်များကို စူးစိုက်ကြည့်နေသည်။

အခုအချိန်အထိ သူပြောတာတွေကို တစ်ခွန်းတောင် ကြားရဲ့လားဟု မာကို သံသယဖြစ်ချင်လာသည်။ အခြားသူများလို ဓါတ်ပုံတဖျတ်ဖျတ်ရိုက်သည့် ဧည့်သည်မျိုးလည်းမဟုတ်။ ခံစားချက်မဲ့သည့် မျက်လုံးသေများဖြင့်သာ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသည်။ သူ ဘယ်ရောက်နေသည် ဆိုတာကိုရော သိရဲ့လားမသိ။

"ကဲ.. ကဲ.. ရှေ့ဆက်သွားရအောင်။ ဒီထောင့်မှာ ဘာရှိတယ်ထင်လဲ။"

လေ့ကျင့်ရေးကွင်းမှတစ်ဆင့် ပြည်သူပိုင်အိမ်သာတစ်ခု၏ အကြွင်းအကျန်ကို လက်ညှိုးညွှန်ရင်း မေးလိုက်စဉ် အားလုံးက ခေါင်းခါကြသည်။

"ရောမခေတ်အိမ်သာ.."

ရယ်သံများက ၀ါးခနဲ။ ဧည့်သည်များအားလုံး တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်ရင်း အုတ်ပုံဟောင်းနေရာကို တိုးဝှေ့ကြည့်ကြသည်။

"အတူတူ အီးအီးပါကြတာလား။"

ကလေးငယ်၏ အမေးသံကြောင့် ရယ်သံများ ဆူညံသွားသည်။

"ဟုတ်တယ်။ ရောမလူမျိုးအများစုမှာ ကိုယ်ပိုင်အိမ်သာ မရှိကြဘူး။ လူချမ်းသာတစ်ချို့သာ အိမ်ကြီးဝန်းကြီးနဲ့နေပြီး ကိုယ်ပိုင်အိမ်သာ၊ ရေချိုးဆောင် ရှိကြတာ။ အများစုက အင်စူလေ (insulae) လို့ခေါ်တဲ့ တိုက်ခန်းနေရာလိုမျိုး အခန်းကျဉ်းကျဉ်းလေးတွေမှာ နေကြတာဆိုတော့ မီးဖိုဆောင်၊ အိမ်သာ၊ ရေချိုးခန်း မရှိကြဘူး။"

ရောမခေတ်လူများ၏ အိမ်သာအသုံးပြုပုံကို ရှင်းပြတော့ အားလုံး သဘောကျကုန်သည်။ ယခုခေတ်ကာလနှင့်သိပ်တော့ မကွာပါ။ အဆောက်အဦး၏ ပတ်ပတ်လည်ကို ထိုင်ခုံလိုမျိုး အုတ်နှင့်တည်ဆောက်ထားပြီး အပေါက်များရှိသည်။ အသုံးပြုချင်သူက သွားထိုင်ကာ ကိစ္စရှင်းရုံပင်။ အိမ်သာသုံးစက္ကူအတွက်ကတော့ ရေစိုသောရေမြှုပ်လိုမျိုးကို တုတ်ထိပ်မှာထိုးကာ သန့်ရှင်းရေးလုပ်ကြသည်။ အောက်ခြေတွင် တူးဖော်ထားသော မြောင်းငယ်များမှ စီးဆင်းနေသော ရေများက အညစ်အကြေးများကို သယ်ဆောင်သွားကြသည်ပဲဖြစ်သည်။

ရောမခေတ်ကာလအကြောင်းပြောမည်ဆိုလျှင် ဗိသုကာပညာရှင်များ၏ အရေးပါပုံနှင့် တတ်မြောက်ကျွမ်းကျင်ပုံများကို မေ့ထားလို့ မရပေ။ အထူးသဖြင့် ရေ အသုံးပြုပုံနေရာတွင်ဖြစ်သည်။ ကီလိုမီတာများစွာ ဝေးကွာသောနေရာများသို့ ရေမြောင်း၊ ရေပိုက်များတပ်ဆင်ကာ မြို့ရွာများတွင် အဆက်မပြတ် ရေရရှိအောင် ဆက်သွယ်ပေးဝေနိုင်ခဲ့သည်။ စီစဉ်ပုံမှာလည်း ရေ၏ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းတတ်သည့် သဘောတရားကို အခြေခံထားခြင်းဖြစ်သည်။

ထို့ကြောင့် ရေပိုက်အများစုမှာ မြေအောက်တွင်ရှိနေသော်လည်း တစ်ခါတရံ ပထဝီမြေပြင်အနေအထားအရ ပိုက်လိုင်းများကို မြေပြင်ထက် အုတ်တံတိုင်း အဆောက်အဦးများဖြင့် လည်းကောင်း၊ တံတားအသွင်လည်းကောင်း သယ်ယူတည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ အနက်ရှိုင်းဆုံး သဲကန္တာရနေရာမှအစ ကျယ်ပြန့်လွန်းလှသော အင်ပါယာအဆုံး ရောမခေတ် မြို့ရွာများသည် ရေပန်း၊ ရေကန်များ၊ ရေချိုးဆောင်များဖြင့် စည်ကားနေခဲ့သည်ပဲဖြစ်သည်။

"ဒီနေရာကဆိုရင်တော့ ပုံပေတစ်မြို့လုံးနီးပါးမြင်ရတယ်။"

လေ့ကျင့်ရေးကွင်းဘေးနားမှ လှေကားများအတိုင်းတက်လာခဲ့ပြီးနောက် မာကို ပြောလိုက်သည်။ မြို့ဟောင်းကြီးသည် သူတို့အားလုံး မျက်စိရှေ့တွင် တောက်ပစွာ ခန့်ညားနေသည်။ လခြမ်းပုံပြဇာတ်ရုံ၊ အုတ်တိုင်များသာ ကျန်နေခဲ့တော့သည့် တစ်ချိန်က နတ်ဘုရားကျောင်းကြီး၊ လေးကိုင်းသဏ္ဌာန် အဝင်မုခ်ဝကြီး အရာအားလုံးသည် ပျက်စီးယိုယွင်းနေသော်လည်း ထည်ဝါစွာ ခန့်ညားမှုဆဲပင်။

"ဒီနေရာမှာကတော့ ကျောင်းရှိတယ်လို့ ပြောရမယ်။ ဆရာတွေက ဂရိနိုင်ငံသားတွေများတယ်။ ရောမတွေဟာ ပညာရေးနဲ့ပတ်သက်ရင် ကိုယ်တိုင်တီထွင်တာထက် ဂရိကအတတ်ပညာတွေကို မွေးစားပြောင်းလဲလိုက်တာများတယ်။ ကိုးကွယ်မှုနဲ့ ဘာသာရေးမှာလည်း အတူတူပဲဗျ။ ဒါ့ကြောင့် ဂရိနတ်ဘုရားတွေနဲ့ ရောမနတ်ဘုရားတွေဟာ ဆင်ဆင်တူနေတာပဲ။ ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုပိုင်းမှာ ဂရိတွေဟာ ရောမလူမျိုးတွေထက်သာတယ်ဆိုတာကိုတော့ ဝန်မခံလို့မရဘူး။ ဒါကို ရောမလူမျိုးတွေကလည်း သိတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ အထက်တန်းလွှာတွေဟာ နိုင်ငံရေးအတတ်ပညာ၊ အတွေးအခေါ်တွေကို ဂရိဘာသာနဲ့ သင်ကြားကြတယ်။"

မာကိုသည် စကားပြောရင်း တဖြည်းဖြည်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ပုံပေမြို့အကြောင်းနှင့် ရောမလူမျိုးများအကြောင်းက ပြောရမည်ဆိုလျှင် တစ်ထောင့်တစ်ညပုံပြင်များလို ပြီးဆုံးနိုင်ဖို့မရှိ။ ဒါပေမဲ့ သူ့မှာ အချိန်ကန့်သန့်မှုရှိသည်။ နေ့လယ် ၁ နာရီလောက် မြို့လယ်နေရာကိုရောက်ပြီး လမ်းညွှန်မှုကို ပြီးဆုံးစေရမည်ဖြစ်သည်။ ဒါမှလည်း ဧည့်လမ်းညွှန်များကို စောင့်စားနေသည့် နောက်ထပ်အုပ်စုတစ်ခုကို အဖော်ပြုဦးဆောင်နိုင်လိမ့်မည်။

တဖြည်းဖြည်းမြင့်တက်လာသည့် နေ့အလင်းရောင်နှင့်အတူ ပုံပေမြို့ဟောင်းသည်လည်း ခရီးသွားဧည့်သည်များဖြင့် ပြည့်လာသည်။ ကျောက်တုံးကြီးများခင်းထားသော မြို့လမ်းထက်မှာ ဘာသာစကားမျိုးစုံကို ကြားလာရသည်။ ကလေးငယ်များ၏ ခြေလှမ်းသံနှင့် ရယ်သံ၊ မိဘများ၏ စိုးရိမ်တကြီး အော်ခေါ်သံများကိုလည်း မကြာမကြာ ကြားနေရပြီဖြစ်သည်။ တဖြည်းဖြည်း အသက်ဝင်လာသော မြို့ဟောင်းကြီးကို လှမ်းကြည့်ရင်း တစ်ချိန်က ပုံပေမြို့ဟောင်းကို ပြန်လည်မြင်ယောင်မိအောင် မာကို ကြိုးစားဖြစ်သည်။

ဒီလမ်းကြီးမှာ ရောမလူမျိုးတွေ သွားလာခဲ့ကြမည်။ ရယ်မောခဲ့ကြမည်။ ငိုကြွေးခဲ့ကြမည်။ အိမ်ရှေ့အုတ်နံရံများတွင် မိမိတို့ထောက်ခံသူများအတွက် မဲဆွယ်ကြေငြာများ ရေးခဲ့ကြမည်။ စျေးရောင်းသူများ၊ သူတောင်းစားများ၏ တောင်းပန်သံများ ကြားနေရမည်။ ချမ်းသာကြွယ်ဝသူများ၏ ထမ်းစင်များသည်လည်း ဟိုဟိုဒီဒီ သွားလာနေကြမည်။

နောက်ပြီးတော့ရော..

ဘာတွေများ ဆက်ဖြစ်လာကြဦးမှာလဲ။ အဆုံးသတ်ကို ကြိုသိနေသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သောကြောင့် သက်ပြင်းချရင်း မြို့ဟောင်းကြီးကို ရီဝေစွာငေးကြည့်ဖြစ်သည်။

"တကယ်တော့ ရောမနိုင်ငံသားဆိုတာနဲ့ အသားဖြူဖြူ ဆံပင်ရွှေရောင်လို့ ထင်ထားရင် မှားမယ်ဗျ။ ရောမအင်ပါယာဟာ နယ်နိမိတ်ကျယ်ပြန့်သလို လူတိုင်းမှာ နိုင်ငံသားဖြစ်ခွင့်ရှိတယ်။ အင်ပါယာရှင်တွေထဲမှာတောင် စပိန်၊ အာဖရိက နေရာဒေသကနေ မွေးဖွားလာသူတွေ ရှိခဲ့တယ်။ အသားအရောင်ကြောင့် ဘယ်သူမှ အဆင့်အတန်းမခွဲဘူး။ အဲ.. ငွေကြေးဥစ္စာနဲ့ အထက်တန်းလွှာ မိသားစုဝင် ဟုတ်၊ မဟုတ် နဲ့ ရောမနိုင်ငံသားဟုတ် မဟုတ်ကတော့ အရေးပါသဗျ။ ရောမလူမျိုးဆိုရင် အခြားလူမျိုးတွေထက် မြင့်မြတ်တယ်လို့ သတ်မှတ်ထားကြတာကိုး။"

လမ်းဆုံတစ်နေရာရောက်မှ လူပြန်စုရန် ရပ်စောင့်ရင်း စကားဆက်ဖြစ်သည်။ ထိုခေတ်ကာလတွင် ရောမနိုင်ငံသားဖြစ်ခွင့်ဟူသည့် အခွင့်အရေးသည် အခြားလူမျိုးများအတွက် အရေးကြီး တန်ဖိုးရှိလှသည်။ ရောမနိုင်ငံသားဖြစ်လျှင် အချို့အချို့သော အခွန်များကင်းလွှတ်ခွင့်ရှိသလို ပြည်နယ်အုပ်ချုပ်ရေး အာဏာရှိသူများသည် သေဒဏ်ပေးခွင့်မရှိတော့။ သေဒဏ်ကဲ့သို့ ကြီးမားသောပြစ်ဒဏ်များကို ရောမတရားရုံးသို့ စေလွှတ်ဆုံးဖြတ်စေရမည်ပဲဖြစ်သည်။ ထို့အပြင် ဂျုံအခမဲ့ ပေးဝေခြင်းကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သလို ဥပဒေရေးရာတွင်လည်း အားလုံးတပြေးညီမဟုတ်ဘဲ ရောမနိုင်ငံသားများအတွက် အထူးအခွင့်အရေးများစွာ ရှိနေပြန်သည်။ ထို့ကြောင့် ရောမစစ်သားများ၏ မဟာမိတ်နိုင်ငံ၊ သိမ်းပိုက်ခံနိုင်ငံများ၏ ပြည်သူ ပြည်သားများ၏ မျှော်လင့်ချက်သည် နိုင်ငံသားဖြစ်ခွင့်ရရန်ဖြစ်ကာ ရာစုနှစ်များအကြာ အင်ပါယာတွင်းတွင် ရောမနိုင်ငံသားအဖြစ် လူမျိုးပေါင်းစုံ ရှိနေခြင်းဖြစ်သည်။

ဓါတ်ပုံရိုက်ရင်း၊ စကားပြောရင်း ဧည့်သည်များအားလုံး သူ့အနားသို့ ရောက်လာကြသည်။ ဒါပေမဲ့ နောက်ဆုံးမှရောက်လာသည့် လူငယ်မပါလာ။

"ဟိုကောင်လေးရော.."

"ဘယ်ကောင်လေးလဲဗျ။"

"နောက်ဆုံးမှ ရောက်လာတဲ့ ကောင်လေးလေ။"

"မသိဘူး။ ဘယ်မှာကျန်ခဲ့လဲ။"

"ဟာ.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခဏစောင့်ကြဦးဗျာ။ ကျုပ်ပြန်ရှာလိုက်ဦးမယ်။"

ဧည့်လမ်းညွှန်ထက် ကလေးထိန်းနှင့်ပိုတူနေသည့် မိမိဘဝကို ကျိန်ဆဲရင်း မာကို နောက်ကြောင်းပြန်လှည့်ကာ ဧည့်သည်လူငယ်ကို ပြန်ရှာရသည်။ သိပ်ကြာကြာတော့ မရှာလိုက်ရပါ။ လမ်းဆုံတစ်နေရာတွင် မြို့နောက်ပိုင်းကို ငေးကြည့်နေသည့် လူငယ်ကို သူ မြင်လိုက်ရသည်။ အဆောက်အဦးပျက်များနှင့် ပြည့်နေသည့်နေရာဖြစ်သောကြောင့် ဘာကိုစိတ်ဝင်စားနေလဲ သူ မသိ။

"ဟေ့ကောင်လေး။"

သူ့ခေါ်သံကြောင့် လူငယ် သူရှိရာ လှည့်ကြည့်သည်။

"အဲ့ဒီ့ဘက်မှာ ဂလေဒီယေတာလေ့ကျင့်ရေးကွင်းနဲ့ ကစားကွင်းကြီး ရှိတယ်မဟုတ်လားခင်ဗျ။"

လူငယ်သည် လက်ညှိုးညွှန်ရင်း ခပ်တိုးတိုးမေးသည်။ ပထမဆုံးအကြိမ် စကားပြောခြင်းဖြစ်သည်။ အီတာလျံဘာသာစကားနှင့်မဟုတ်။ သူ ထင်ထားသလို စပိန်ဘာသာနှင့်ဖြစ်သည်။ ဒါဆို ဒီကောင်လေးသည် အီတာလျံမဟုတ်။ ဒါပေမဲ့ စကားချင်းဆင်ဆင်တူသည့် စပိန်လူမျိုးဖြစ်သောကြောင့် သူတို့အဖွဲ့နှင့် လိုက်လာခြင်းဖြစ်ဟန် တူသည်။ အနည်းငယ်တော့ သူ အံ့သြသွားသည်။ ဒီနေရာကို ရောက်ဖူးပြီးသားလားမသိ။ လူငယ်ပြောသည်မှာ မှန်သော်လည်း ဒီနေရာမှကြည့်လျှင် အဆောက်အဦးပျက်များ ကွယ်ထားသောကြောင့် ကစားကွင်းကြီးကိုရော၊ လေ့ကျင့်ရေးကွင်းကြီးကိုပါ မမြင်ရ။

"ဟုတ်တယ်။ ဒါပေမဲ့ အခု အဲ့ဒီ့ဘက်သွားမှာ မဟုတ်ဘူး။ မြို့လယ်နေရာကို သွားမှာ။ တခြားလူတွေ မင်းကိုစောင့်နေရပြီ။ မြန်မြန်လာ။"

ဧည့်သည်တစ်ယောက်ဆိုသည်ထက် မိမိသားတစ်ယောက်လို သဘောထားနေမိသည့်အတွက် လူငယ်လေးကို သူ စိတ်မရှည်သည့်အသံနှင့် ဆူလိုက်မိသည်။ နောက်ပြန်လှည့်ကာ ခြေလှမ်းသွက်သွက်ဖြင့် နောက်ကြောင်းပြန်ဖို့ ကြိုးစားရသည်။

"အဘ.."

လူငယ်၏ ခေါ်သံ။ သူ့ခြေလှမ်းတွေ တုံ့ခနဲ။ ဒီခေါ်သံသည် သူ့နှလုံးသားကို ဆွဲညှစ်လိုက်သလို။ မာကို လူငယ်ရှိရာသို့ ချာခနဲ လှည့်ကြည့်လိုက်သည်။

Continue Reading

You'll Also Like

69K 3.5K 15
S-1ဖတ်ပြီးရင်တော့ ဆက်စပ်မိမှာပါ။ မဖတ်ဖူးသေးလည်း S-1နဲ့ ကွဲလွဲတဲ့ ဇတ်အိမ်တစ်ခုနဲ့ ရေးထားပါတယ်။ အချစ်တွေနဲ့ သာယာနေတဲ့ သူတို့ဘဝထဲကို တတိယလူ တွေ ဝင်လာတဲ့...
94.3K 4.7K 13
(Zawgyi +Unicode) ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မင်း အတွက် စိတ်ပင်ပမ်းမူတွေကို ပြေပျောက်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်တော့ ဖြစ်မှာပါ။ ...
1M 62.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
COTAW(2) By Blueberry

Historical Fiction

135K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်