《Zawgyi》
အပိုင္း - ၆၈
[သဝန္တိုျခင္း - ၂]
Aေကာလိပ္ရဲ႕ ခမ္းနားႀကီးက်ယ္လွေသာ သမိုင္းေၾကာင္းႏွင့္ စမ္းသပ္ အေဆာက္အဦအသစ္၏ အေရးပါလွေသာ ရည္ရြယ္ခ်က္အေၾကာင္းတို႔ကို တင့္တယ္စြာ ေျပာျပေနသည့္ ထိုအစီအစဥ္တင္ဆက္သူထံမွ ခ်န္းစီႏ်န္က တစ္ခ်ိန္လံုး မ်က္စိမလႊဲႏိုင္ေပ။ သူက စိတ္မေကာင္းျဖစ္လ်က္ ေခါင္းေဆာင္သူေတြဘက္သို႔ လွည့္ကာ ေျပာလိုက္သည္ "အန္ကယ္တုိ႔ရဲ႕ အထင္ႀကီး ေလးစားစရာေကာင္းလွတဲ့ ေက်ာင္းႀကီးကေတာ့ ပါရမီရွင္ေတြရဲ႕ ဗဟိုဌာနီပါပဲ" သူက ရွေခ်ာင္းကို အဓိက ခ်ီးက်ဴးတာ ျဖစ္သည္။
ခ်င္းစုယြဲ႕က ဒီလို ဆြဲေဆာင္မႈရွိၿပီး ယဥ္ေက်းတဲ့လူငယ္န႔ဲ သည္လိုမ်ိဳး ရင္းႏွီးတာလား?
ထိုဧည့္ခံပြဲကို တက္ေရာက္သည့္ ဧည့္သည္ေတာ္တိုင္းက ခြဲျခားသိျမင္ႏိုင္ၾကၿပီး ရွေခ်ာင္းကို အစီအစဥ္တင္ဆက္ေပးရန္အတြက္ တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေမးျမန္းၾကေလသည္။ သူက လံုးဝ စိတ္မပ်က္ေစခဲ့ေပ။
ေက်ာင္းရဲ႕ ေခါင္းေဆာင္ေတြက ဂုဏ္ယူဝံ့ၾကားေနၾကေပမယ့္ မထုတ္ေဖာ္ဝံ့ေပ။ "ဘာလို႔လဲဗ်ာ ဥကၠဌခ်န္းရဲ႕ ေက်ာင္းေတာ္ႀကီးက ၾကည့္ရႈေစာင့္ေရွာက္ေပးတဲ့သူေတြက က့်န္ေတာ္တို႔ဆီကထက္ ပိုၿပီး ပါရမီရွိၾကပါတယ္ဗ်ာ"
ခ်န္းစီႏ်န္က အာလာပသလႅာပ စကားေတြ ထပ္မေျပာေတာ့ဖို႔ ဆံုးျဖတ္လိုက္သည္။ ထိုအစား ခန္းမရဲ႕ ညာဖက္နားေလာက္တြင္ အလုပ္ရွဳပ္ေျပးလႊားေနသည့္ ခ်င္းစုယြဲ႕ထံသို႔သာ သူ႔အၾကည့္က တြယ္ၿငိေန၏။ ဒီလိုေအာက္က်ိဳ႕ခယရတဲ့ တာဝန္ေတြကို လိုလိုလားလား လုပ္ကိုင္ေပးဖို႔အတြက္ သူမက ဘာလို႔ ဆႏၵရွိေနရသလဲဆိုတာကို သူ နားမလည္ႏိုင္ေပ။ သူမရဲ႕ အလုပ္ေတြကို လုပ္ေနတဲ့အခ်ိန္တြင္ သူမကို ၾကည့္ရသည္မွာ ေတာ္ေတာ္ေလးကို ေပ်ာ္ရႊင္ေနသည္ဟု ထင္ရၿပီးေတာ့ သူမရဲ႕ မ်က္ႏွာမွာလည္း ျပံဳးလိုက္ခ်ိန္တိုင္း ေတာက္ပရႊင္လန္းေနသည္။
ခ်န္းစီႏ်န္က သူ႔မ်က္ခံုးေတြကိုက်ံဳ႕လိုက္စဥ္မွာ အခမ္းအနားကလည္း အေတာ္အသင့္ ၿပီးဆံုးသြားၿပီျဖစ္ၿပီး အေဆာင္အဦးသစ္ကို လွည့္လည္ၾကည့္ရႈေနၾကၿပီ ျဖစ္သည္။ ခ်န္းစီႏ်န္က ကနဦးတုန္းကေတာ့ စိတ္ဝင္တစား မရွိလွေပမယ့္ ထိုလူတန္းရဲ႕ ေနာက္ဆံုးမွာ ခ်င္းစုယြဲ႕ကို သူ ျမင္ေတြ႕လိုက္ခ်ိန္မွာေတာ့ စိတ္မပါတပါႏွင့္ ထိုထဲတြင္ ပါဝင္လိုက္၏။
ဒီအေဆာက္အအံုအေပၚ ရွေခ်ာင္းရဲ႕ အေသးစိတ္ အခ်က္အလက္က်က် ေျပာျပတင္ဆက္မႈကို ဆန္႔က်င္သည့္အေနျဖင့္ ခ်န္းစီႏ်န္က အၾကည့္တစ္ခ်က္ႏွင့္သာ ၾကည့္ရႈလိုက္ၿပီး ျခံဳငံုသံုးသပ္လိုက္သည္။ ဖြဲ႕စည္းတည္ေဆာက္ထားပံုရဲ႕ တစ္ဝက္ကိုေတာင္ မျမင္ရေသးခင္မွာပဲ ဘယ္လိုဘယ္ပံု သမားရိုးက် ရိုးရိုးစင္းစင္းႀကီး ျဖစ္ေနတာကို သူ ဂရုျပဳမိ၏။
ခ်န္းစီႏ်န္က သူ ၿငီးေငြ႕လွေသာ လူေတြႏွင့္အတူ အခ်ိန္ေတြျဖဳန္းဖို႔ရာအတြက္ စိတ္မရွည္ေတာ့သျဖင့္ ေျခလွမ္းေတြကို စတင္အရွိန္ေလၽွာ့လ်က္ လူအုပ္ႀကီးရဲ႕ ေနာက္မွာသာ ေနလိုက္ေတာ့သည္။
လက္ေထာက္ဝမ္က သိပ္မေသခ်ာေသာ္ျငားလည္း ခ်န္းစီႏ်န္တစ္ေယာက္ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ခပ္ေႏွးေႏွးေလၽွာက္ကာ ေနာက္ကေနလိုက္တယ္ဆိုတာ ေကာင္ေကာင္းႀကီးကို သိရွိေလ၏။ ခ်င္းစုယြဲ႕လည္း ေနာက္မွာရွိေနတာကို လက္ေထာက္ဝမ္ သတိထားမိသြားခ်ိန္မွာေတာ့ သူ႔ေဘာ့စ္က ဘာကို ကစားေနတယ္ဆိုတာကို လက္ေထာက္ဝမ္က ရုတ္တရက္ နားလည္သြားေလေတာ့သည္။
ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ကို သတိျပဳမိသြားၿပီး အထိတ္တလန္႔ျဖင့္သာ သူ႔ကို စိုက္ၾကည့္ႏိုင္ေတာ့၏။ ထိုလွည့္ပတ္ၾကည့္ရႈေနသည့္ လူအုပ္ႀကီးက ေကာ္ရစ္တာကို ေရာက္ေရာက္ခ်င္းမွာပဲ သူက သူမရဲ႕ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လ်က္ လူေတြအားလံုးရဲ႕ အေဝးသို႔ သူမကို ဆြဲေခၚလာ၏။
ခ်င္းစုယြဲ႕က ေအာ္ဟစ္မိခ်င္ေပမယ့္ ဤသို႔မလုပ္ႏိုင္ခင္မွာပဲ ခ်န္းစီႏ်န္က သူမရဲ႕ပါးစပ္အား အုပ္လိုက္သည္။ "လူတိုင္းကို ကိုယ္တို႔ရဲ႕အေၾကာင္း သိသြားေစခ်င္ရင္ မင္း ႀကိဳက္သေလာက္ ေအာ္လိုက္!" သူက ခပ္တိုးတိုး ေျပာလိုက္သည္။
ခ်င္းစုယြဲ႕က စိတ္ဆိုးသြားေတာ့၏။ ဘယ္သူကေရာ သူနဲ႔အတူတူ ရွိေနတာကို ေတြ႕သြားၾကတာမ်ိဳးကို လိုခ်င္မွာတဲ့လဲ?
"အြန္း ... အမ္း ..........."
ကၽြန္မကို သြားခြင့္ေပး!
"ကိုယ္က သြားခြင့္ေပးႏိုင္ပါတယ္ ဒါေပမယ့္ ကိုယ္ေျပာတဲ့အတိုင္းလုပ္ၿပီး ကိုယ္နဲ႔ လိုက္ခဲ့ရမယ္"
"အမ္း....."
ဘယ္ကိုသြားမွာလဲ?
"ေရာက္ရင္ သိလိမ့္မယ္"
ခ်န္းစီႏ်န္က ရုတ္တရက္ ရယ္လိုက္၏။ "မင္း ကိုယ္နဲ႔ မလိုက္ခ်င္လည္း ရတယ္ ... အဲဒီအစား မင္းရဲ႕ ေက်ာင္းအုပ္ႀကီးကို ခြင့္ေတာင္းလိုက္မယ္ အနည္းဆံုးေတာ့ သူက ကိုယ့္ကို အေတာ္အသင့္ေတာ့ ေလးစားမႈ ေပးမွာပဲေလ..."
တစ္ကယ္လို႔ သူမက သူ႔ကို ဒီလိုသာ လုပ္ခြင့္ျပဳလိုက္ရင္ သူမ Aေကာလိပ္မွာ ေနာက္ထပ္ ထပ္ေနလည္း အက်ိဳးရွိေတာ့မွာ မဟုတ္ဘူးဟု ခ်င္းစုယြဲ႕က ယံုၾကည္သည္။ သူမ ျမန္ျမန္ပဲ ေခါင္းညိတ္ျပလိုက္၏။
ဒါကိုေတြ႕လိုက္ေတာ့ ခ်န္းစီႏ်န္က သူ ခိုင္ျမဲစြာ ဆုပ္ကိုင္ထားသည္ကို ေက်နပ္စြာ ေျဖေလ်ာ့ေပးလိုက္ၿပီး ကားရပ္ထားသည့္ ေနရာသို႔သြားသည့္ လမ္းတစ္ေလၽွာက္လံုး သူမရဲ႕ လက္ကို ဆြဲကိုင္လ်က္ ဦးေဆာင္ေခၚခဲ့ေလသည္။
လက္ေထာက္ဝမ္ကေတာ့ အခုခ်ိန္တြင္ ခ်င္းမမေလးဟာ သူ႔ေဘာ့စ္၏ ဇနီး ျဖစ္လာမည့္သူမွန္း လံုးဝကို ေသခ်ာသြားေတာ့သည္။ လက္ေထာက္ဝမ္က သူတို႔ႏွစ္ေယာက္အတြက္ ကားေနာက္ခန္းတံခါးကို ေလးေလးစားစား ဖြင့္ေပးလိုက္ၿပီး သူတို႔ႏွစ္ေယာက္၏ ကိုယ္ေရးကိုယ္တာကို ေလးစားသည့္အေနျဖင့္ ကားအေရွ႕ႏွင့္ အေနာက္ခန္းၾကားရွိ ပိုင္းျခားထားသည့္အကန္႔ေလးကို ခ်ေပးလိုက္၏။
ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ သူမကို ဆုပ္ကိုင္ထားတာကို ေျဖေလ်ာ့ေပးဖို႔ရန္အတြက္ တိုက္တြန္းလိုက္သည္ "ေဟး ရွင္ ကၽြန္မလက္ကို တစ္ခ်ိန္လံုး ဆုပ္ကိုင္ထားတာ ဘာလို႔ မလႊတ္ေသးတာလဲ?" ငါ့လက္က ဘယ္လိုေတာင္ နီရဲေနတာလဲဆိုတာကို သူ မျမင္ဘူးလား?
ခ်န္းစီႏ်န္က စိတ္မပါပဲ လႊတ္ေပးလိုက္သည္။ သူမရဲ႕လက္ေကာက္ဝတ္က အရမ္း မသက္မသာႏွင့္ နီရဲေနတာကို ျမင္ေတြ႕လိုက္ရခ်ိန္မွာ ဘာေျပာရမည္မွန္း သူ မသိေတာ့ေပ။ သူ အားအမ်ားႀကီး မသံုးခဲ့တာေတာင္မွ ဘာလို႔ ဒီလို ျဖစ္သြားရတာလဲ?
ခ်င္းစုယြဲ႕က သူ႔ကို သိပ္ဂရုမစိုက္ေပ။ သူမက ကားေမာင္းေနတဲ့အေပၚကိုသာ အာရံုစိုက္လိုက္ဖို႔ ဆံုးျဖတ္လိုက္ေပမယ့္ သူမ ေခါင္းေမာ့လိုက္ခ်ိန္မွာပဲ ရွဳခင္းေတြလမ္းေတြအစား ကားေရွ႕ပိုင္းႏွင့္ ေနာက္ပိုင္းကို ကာထားသည့္ အကန္႔ေလးကိုသာ ေတြ႕လိုက္ရ၏။ သူမ စိုးရိမ္ပူပန္မိသြားသည္။ "ဘာလို႔ ဒီေနရာမွာ အကာႀကီးက ရွိေနတာလဲ?"
ခ်န္းစီႏ်န္က သူမထံသို႔ ေနာက္ဆံုးအႀကိမ္ အျဖစ္ ဖ်တ္ခနဲၾကည့္လ်က္ ဘာကိုမွ ထပ္မေျပာေတာ့ေပ။ သူက အနားယူဖို႔အတြက္ မ်က္ဝန္းေတြကို မွိတ္လိုက္၏။
"ဒီအျပဳအမူက ဘယ္လိုပံုစံႀကီးလဲဟ?!" သူမရဲ႕ေရွ႕ရွိ ခ်န္းစီႏ်န္က တစ္ေရးတစ္ေမာ ေမွးစက္မယ့္ပံု ျဖစ္ေနခ်ိန္မွာေတာ့ ခ်င္းစုယြဲ႕က ထိုစကားကို သူမကိုယ္သူမ တီးတိုးေျပာလိုက္တာ ျဖစ္ေလသည္။
ကားေနာက္ခန္းက က်ဥ္းၿပီး ခ်န္းစီႏ်န္ကလည္း နားပါးသူ ျဖစ္၏။ ခ်င္းစုယြဲ႕ရဲ႕ ေျပာသံကို ၾကားလိုက္ရခ်ိန္မွာ ခ်န္းစီႏ်န္က သူမကို သူ႔ေဘးသို႔ ေရာက္သည္အထိ ဆြဲလိုက္သည္။
ခ်င္းစုယြဲ႕က ထိုတခဏတြင္ အေဝးသို႔ စိတ္ပ်ံ႕လြင့္ေနသျဖင့္ သူက ရုတ္တရက္ႀကီး လႈပ္ရွားလိမ့္မည္ဟု မေမၽွာ္လင့္ထားခဲ့ေပ။ ဘာေၾကာင့္မွန္းပင္ မသိလိုက္မိပဲ သူမမွာ ေတာင့္ေတာင့္ႀကီးႏွင့္ သူ႔ထံသို႔ ပစ္ဝင္ေရာက္ရွိျခင္းႏွင့္သာ အဆံုးသတ္သြားေတာ့ေလသည္။
ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ရဲ႕ ခိုင္မာ ေတာင့္တင္းလွေသာ ရင္ခြင္အတြင္းသို႔ ခိုဝင္လိုက္ခ်ိန္မွာ သူမ ေတြးႏိုင္တဲ့ တစ္ခုတည္းေသာအရာကေတာ့ သူ႔ကို ရိုက္ႏွက္ပစ္ဖို႔ပင္ ျဖစ္၏။ ဒါေပမယ့္ ခ်န္းစီႏ်န္က ပိုလၽွင္ျမန္ကာ သူမရဲ႕ လက္ေကာက္ဝတ္ကို သူ႔လက္တစ္ဖက္ထဲႏွင့္ ကိုင္ထားၿပီး အျခားလက္တစ္ဖက္ကေတာ့ သူမရဲ႕ ဦးေခါင္းအေနာက္တြင္ ခိုင္မာျမဲျမံစြာ ေနရာယူထားေလသည္။ သူမက သူ႔ရဲ႕ေပြ႕ဖက္မႈၾကားတြင္ ပိတ္မိသြားေတာ့၏။
ခ်င္းစုယြဲ႕က သူ႔ရဲ႕ မ်က္ႏွာအမူအယာကို မျမင္ေတြ႕ႏိုင္ေသာေၾကာင့္ ဘယ္အျပဳအမူ ဘယ္ေလသံနဲ႔ ေျပာဆိုျပဳမူတာက အေကာင္းဆံုးလဲဆိုတာကို မေသခ်ာေပ။ သူမက သူ႔လက္ေမာင္းေတြ ၾကားတြင္ေရာက္ေနလ်က္ ထြက္သြားဖို႔အတြက္ ရုန္းကန္ေနမိသည္။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ရဲ႕ ေသးသြယ္တဲ့ ေျခေထာက္ေတြသာ ေရြ႕လ်ားႏိုင္ေတာ့သည္အထိ သူ၏ခိုင္ျမဲစြာ ဖက္တြယ္ထားမႈကို ပိုမိုတင္းက်ပ္လိုက္သည္။ သူမ အႀကိမ္ေပါင္းမ်ားစြာ ကေယာင္ကတမ္းျပဳမူၿပီးသည့္ေနာက္တြင္ ခ်န္းစီႏ်န္၏ အက္ရွရွ အသံကို ၾကားလိုက္ရသည္ "မင္း ဆက္ၿပီး ခုခံေနမယ္ဆိုရင္ အခုခ်ိန္ မင္း လုပ္လိုက္တဲ့ ဘယ္ျပႆနာမ်ိဳးကိုမွ ကိုယ္ ခြင့္လႊတ္မွာ မဟုတ္ဘူးေနာ္"
21.11.2019
*********************
《Unicode》
အပိုင်း - ၆၈
[သဝန်တိုခြင်း - ၂]
Aကောလိပ်ရဲ့ ခမ်းနားကြီးကျယ်လှသော သမိုင်းကြောင်းနှင့် စမ်းသပ် အဆောက်အဦအသစ်၏ အရေးပါလှသော ရည်ရွယ်ချက်အကြောင်းတို့ကို တင့်တယ်စွာ ပြောပြနေသည့် ထိုအစီအစဉ်တင်ဆက်သူထံမှ ချန်းစီနျန်က တစ်ချိန်လုံး မျက်စိမလွှဲနိုင်ပေ။ သူက စိတ်မကောင်းဖြစ်လျက် ခေါင်းဆောင်သူတွေဘက်သို့ လှည့်ကာ ပြောလိုက်သည် "အန်ကယ်တို့ရဲ့ အထင်ကြီး လေးစားစရာကောင်းလှတဲ့ ကျောင်းကြီးကတော့ ပါရမီရှင်တွေရဲ့ ဗဟိုဌာနီပါပဲ" သူက ရှချောင်းကို အဓိက ချီးကျူးတာ ဖြစ်သည်။
ချင်းစုယွဲ့က ဒီလို ဆွဲဆောင်မှုရှိပြီး ယဉ်ကျေးတဲ့လူငယ်နဲ့ သည်လိုမျိုး ရင်းနှီးတာလား?
ထိုဧည့်ခံပွဲကို တက်ရောက်သည့် ဧည့်သည်တော်တိုင်းက ခွဲခြားသိမြင်နိုင်ကြပြီး ရှချောင်းကို အစီအစဉ်တင်ဆက်ပေးရန်အတွက် တစ်နည်းမဟုတ်တစ်နည်းနဲ့ မေးမြန်းကြလေသည်။ သူက လုံးဝ စိတ်မပျက်စေခဲ့ပေ။
ကျောင်းရဲ့ ခေါင်းဆောင်တွေက ဂုဏ်ယူဝံ့ကြားနေကြပေမယ့် မထုတ်ဖော်ဝံ့ပေ။ "ဘာလို့လဲဗျာ ဥက္ကဌချန်းရဲ့ ကျောင်းတော်ကြီးက ကြည့်ရှုစောင့်ရှောက်ပေးတဲ့သူတွေက ကျ့န်တော်တို့ဆီကထက် ပိုပြီး ပါရမီရှိကြပါတယ်ဗျာ"
ချန်းစီနျန်က အာလာပသလ္လာပ စကားတွေ ထပ်မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအစား ခန်းမရဲ့ ညာဖက်နားလောက်တွင် အလုပ်ရှုပ်ပြေးလွှားနေသည့် ချင်းစုယွဲ့ထံသို့သာ သူ့အကြည့်က တွယ်ငြိနေ၏။ ဒီလိုအောက်ကျို့ခယရတဲ့ တာဝန်တွေကို လိုလိုလားလား လုပ်ကိုင်ပေးဖို့အတွက် သူမက ဘာလို့ ဆန္ဒရှိနေရသလဲဆိုတာကို သူ နားမလည်နိုင်ပေ။ သူမရဲ့ အလုပ်တွေကို လုပ်နေတဲ့အချိန်တွင် သူမကို ကြည့်ရသည်မှာ တော်တော်လေးကို ပျော်ရွှင်နေသည်ဟု ထင်ရပြီးတော့ သူမရဲ့ မျက်နှာမှာလည်း ပြုံးလိုက်ချိန်တိုင်း တောက်ပရွှင်လန်းနေသည်။
ချန်းစီနျန်က သူ့မျက်ခုံးတွေကိုကျုံ့လိုက်စဉ်မှာ အခမ်းအနားကလည်း အတော်အသင့် ပြီးဆုံးသွားပြီဖြစ်ပြီး အဆောင်အဦးသစ်ကို လှည့်လည်ကြည့်ရှုနေကြပြီ ဖြစ်သည်။ ချန်းစီနျန်က ကနဦးတုန်းကတော့ စိတ်ဝင်တစား မရှိလှပေမယ့် ထိုလူတန်းရဲ့ နောက်ဆုံးမှာ ချင်းစုယွဲ့ကို သူ မြင်တွေ့လိုက်ချိန်မှာတော့ စိတ်မပါတပါနှင့် ထိုထဲတွင် ပါဝင်လိုက်၏။
ဒီအဆောက်အအုံအပေါ် ရှချောင်းရဲ့ အသေးစိတ် အချက်အလက်ကျကျ ပြောပြတင်ဆက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ချန်းစီနျန်က အကြည့်တစ်ချက်နှင့်သာ ကြည့်ရှုလိုက်ပြီး ခြုံငုံသုံးသပ်လိုက်သည်။ ဖွဲ့စည်းတည်ဆောက်ထားပုံရဲ့ တစ်ဝက်ကိုတောင် မမြင်ရသေးခင်မှာပဲ ဘယ်လိုဘယ်ပုံ သမားရိုးကျ ရိုးရိုးစင်းစင်းကြီး ဖြစ်နေတာကို သူ ဂရုပြုမိ၏။
ချန်းစီနျန်က သူ ငြီးငွေ့လှသော လူတွေနှင့်အတူ အချိန်တွေဖြုန်းဖို့ရာအတွက် စိတ်မရှည်တော့သဖြင့် ခြေလှမ်းတွေကို စတင်အရှိန်လျှော့လျက် လူအုပ်ကြီးရဲ့ နောက်မှာသာ နေလိုက်တော့သည်။
လက်ထောက်ဝမ်က သိပ်မသေချာသော်ငြားလည်း ချန်းစီနျန်တစ်ယောက် ရည်ရွယ်ချက်ရှိရှိနဲ့ ခပ်နှေးနှေးလျှောက်ကာ နောက်ကနေလိုက်တယ်ဆိုတာ ကောင်ကောင်းကြီးကို သိရှိလေ၏။ ချင်းစုယွဲ့လည်း နောက်မှာရှိနေတာကို လက်ထောက်ဝမ် သတိထားမိသွားချိန်မှာတော့ သူ့ဘော့စ်က ဘာကို ကစားနေတယ်ဆိုတာကို လက်ထောက်ဝမ်က ရုတ်တရက် နားလည်သွားလေတော့သည်။
ချင်းစုယွဲ့က ချန်းစီနျန်ကို သတိပြုမိသွားပြီး အထိတ်တလန့်ဖြင့်သာ သူ့ကို စိုက်ကြည့်နိုင်တော့၏။ ထိုလှည့်ပတ်ကြည့်ရှုနေသည့် လူအုပ်ကြီးက ကော်ရစ်တာကို ရောက်ရောက်ချင်းမှာပဲ သူက သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် လူတွေအားလုံးရဲ့ အဝေးသို့ သူမကို ဆွဲခေါ်လာ၏။
ချင်းစုယွဲ့က အော်ဟစ်မိချင်ပေမယ့် ဤသို့မလုပ်နိုင်ခင်မှာပဲ ချန်းစီနျန်က သူမရဲ့ပါးစပ်အား အုပ်လိုက်သည်။ "လူတိုင်းကို ကိုယ်တို့ရဲ့အကြောင်း သိသွားစေချင်ရင် မင်း ကြိုက်သလောက် အော်လိုက်!" သူက ခပ်တိုးတိုး ပြောလိုက်သည်။
ချင်းစုယွဲ့က စိတ်ဆိုးသွားတော့၏။ ဘယ်သူကရော သူနဲ့အတူတူ ရှိနေတာကို တွေ့သွားကြတာမျိုးကို လိုချင်မှာတဲ့လဲ?
"အွန်း ... အမ်း ..........."
ကျွန်မကို သွားခွင့်ပေး!
"ကိုယ်က သွားခွင့်ပေးနိုင်ပါတယ် ဒါပေမယ့် ကိုယ်ပြောတဲ့အတိုင်းလုပ်ပြီး ကိုယ်နဲ့ လိုက်ခဲ့ရမယ်"
"အမ်း....."
ဘယ်ကိုသွားမှာလဲ?
"ရောက်ရင် သိလိမ့်မယ်"
ချန်းစီနျန်က ရုတ်တရက် ရယ်လိုက်၏။ "မင်း ကိုယ်နဲ့ မလိုက်ချင်လည်း ရတယ် ... အဲဒီအစား မင်းရဲ့ ကျောင်းအုပ်ကြီးကို ခွင့်တောင်းလိုက်မယ် အနည်းဆုံးတော့ သူက ကိုယ့်ကို အတော်အသင့်တော့ လေးစားမှု ပေးမှာပဲလေ..."
တစ်ကယ်လို့ သူမက သူ့ကို ဒီလိုသာ လုပ်ခွင့်ပြုလိုက်ရင် သူမ Aကောလိပ်မှာ နောက်ထပ် ထပ်နေလည်း အကျိုးရှိတော့မှာ မဟုတ်ဘူးဟု ချင်းစုယွဲ့က ယုံကြည်သည်။ သူမ မြန်မြန်ပဲ ခေါင်းညိတ်ပြလိုက်၏။
ဒါကိုတွေ့လိုက်တော့ ချန်းစီနျန်က သူ ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်ကို ကျေနပ်စွာ ဖြေလျော့ပေးလိုက်ပြီး ကားရပ်ထားသည့် နေရာသို့သွားသည့် လမ်းတစ်လျှောက်လုံး သူမရဲ့ လက်ကို ဆွဲကိုင်လျက် ဦးဆောင်ခေါ်ခဲ့လေသည်။
လက်ထောက်ဝမ်ကတော့ အခုချိန်တွင် ချင်းမမလေးဟာ သူ့ဘော့စ်၏ ဇနီး ဖြစ်လာမည့်သူမှန်း လုံးဝကို သေချာသွားတော့သည်။ လက်ထောက်ဝမ်က သူတို့နှစ်ယောက်အတွက် ကားနောက်ခန်းတံခါးကို လေးလေးစားစား ဖွင့်ပေးလိုက်ပြီး သူတို့နှစ်ယောက်၏ ကိုယ်ရေးကိုယ်တာကို လေးစားသည့်အနေဖြင့် ကားအရှေ့နှင့် အနောက်ခန်းကြားရှိ ပိုင်းခြားထားသည့်အကန့်လေးကို ချပေးလိုက်၏။
ချင်းစုယွဲ့က ချန်းစီနျန် သူမကို ဆုပ်ကိုင်ထားတာကို ဖြေလျော့ပေးဖို့ရန်အတွက် တိုက်တွန်းလိုက်သည် "ဟေး ရှင် ကျွန်မလက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားတာ ဘာလို့ မလွှတ်သေးတာလဲ?" ငါ့လက်က ဘယ်လိုတောင် နီရဲနေတာလဲဆိုတာကို သူ မမြင်ဘူးလား?
ချန်းစီနျန်က စိတ်မပါပဲ လွှတ်ပေးလိုက်သည်။ သူမရဲ့လက်ကောက်ဝတ်က အရမ်း မသက်မသာနှင့် နီရဲနေတာကို မြင်တွေ့လိုက်ရချိန်မှာ ဘာပြောရမည်မှန်း သူ မသိတော့ပေ။ သူ အားအများကြီး မသုံးခဲ့တာတောင်မှ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ?
ချင်းစုယွဲ့က သူ့ကို သိပ်ဂရုမစိုက်ပေ။ သူမက ကားမောင်းနေတဲ့အပေါ်ကိုသာ အာရုံစိုက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် သူမ ခေါင်းမော့လိုက်ချိန်မှာပဲ ရှုခင်းတွေလမ်းတွေအစား ကားရှေ့ပိုင်းနှင့် နောက်ပိုင်းကို ကာထားသည့် အကန့်လေးကိုသာ တွေ့လိုက်ရ၏။ သူမ စိုးရိမ်ပူပန်မိသွားသည်။ "ဘာလို့ ဒီနေရာမှာ အကာကြီးက ရှိနေတာလဲ?"
ချန်းစီနျန်က သူမထံသို့ နောက်ဆုံးအကြိမ် အဖြစ် ဖျတ်ခနဲကြည့်လျက် ဘာကိုမှ ထပ်မပြောတော့ပေ။ သူက အနားယူဖို့အတွက် မျက်ဝန်းတွေကို မှိတ်လိုက်၏။
"ဒီအပြုအမူက ဘယ်လိုပုံစံကြီးလဲဟ?!" သူမရဲ့ရှေ့ရှိ ချန်းစီနျန်က တစ်ရေးတစ်မော မှေးစက်မယ့်ပုံ ဖြစ်နေချိန်မှာတော့ ချင်းစုယွဲ့က ထိုစကားကို သူမကိုယ်သူမ တီးတိုးပြောလိုက်တာ ဖြစ်လေသည်။
ကားနောက်ခန်းက ကျဉ်းပြီး ချန်းစီနျန်ကလည်း နားပါးသူ ဖြစ်၏။ ချင်းစုယွဲ့ရဲ့ ပြောသံကို ကြားလိုက်ရချိန်မှာ ချန်းစီနျန်က သူမကို သူ့ဘေးသို့ ရောက်သည်အထိ ဆွဲလိုက်သည်။
ချင်းစုယွဲ့က ထိုတခဏတွင် အဝေးသို့ စိတ်ပျံ့လွင့်နေသဖြင့် သူက ရုတ်တရက်ကြီး လှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဘာကြောင့်မှန်းပင် မသိလိုက်မိပဲ သူမမှာ တောင့်တောင့်ကြီးနှင့် သူ့ထံသို့ ပစ်ဝင်ရောက်ရှိခြင်းနှင့်သာ အဆုံးသတ်သွားတော့လေသည်။
ချင်းစုယွဲ့က ချန်းစီနျန်ရဲ့ ခိုင်မာ တောင့်တင်းလှသော ရင်ခွင်အတွင်းသို့ ခိုဝင်လိုက်ချိန်မှာ သူမ တွေးနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ သူ့ကို ရိုက်နှက်ပစ်ဖို့ပင် ဖြစ်၏။ ဒါပေမယ့် ချန်းစီနျန်က ပိုလျှင်မြန်ကာ သူမရဲ့ လက်ကောက်ဝတ်ကို သူ့လက်တစ်ဖက်ထဲနှင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်ကတော့ သူမရဲ့ ဦးခေါင်းအနောက်တွင် ခိုင်မာမြဲမြံစွာ နေရာယူထားလေသည်။ သူမက သူ့ရဲ့ပွေ့ဖက်မှုကြားတွင် ပိတ်မိသွားတော့၏။
ချင်းစုယွဲ့က သူ့ရဲ့ မျက်နှာအမူအယာကို မမြင်တွေ့နိုင်သောကြောင့် ဘယ်အပြုအမူ ဘယ်လေသံနဲ့ ပြောဆိုပြုမူတာက အကောင်းဆုံးလဲဆိုတာကို မသေချာပေ။ သူမက သူ့လက်မောင်းတွေ ကြားတွင်ရောက်နေလျက် ထွက်သွားဖို့အတွက် ရုန်းကန်နေမိသည်။
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့ သေးသွယ်တဲ့ ခြေထောက်တွေသာ ရွေ့လျားနိုင်တော့သည်အထိ သူ၏ခိုင်မြဲစွာ ဖက်တွယ်ထားမှုကို ပိုမိုတင်းကျပ်လိုက်သည်။ သူမ အကြိမ်ပေါင်းများစွာ ကယောင်ကတမ်းပြုမူပြီးသည့်နောက်တွင် ချန်းစီနျန်၏ အက်ရှရှ အသံကို ကြားလိုက်ရသည် "မင်း ဆက်ပြီး ခုခံနေမယ်ဆိုရင် အခုချိန် မင်း လုပ်လိုက်တဲ့ ဘယ်ပြဿနာမျိုးကိုမှ ကိုယ် ခွင့်လွှတ်မှာ မဟုတ်ဘူးနော်"
21.11.2019
**********************