Rhyme Made Of Love (Completed)

By Milo_YoYo

1.6M 129K 1.7K

Melodies of falling in love with the right person 🎶 More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
FINAL
Farewell letter
Special Part !
Extra : Kaki's First Trip (1)
Extra : Kaki's First Trip (Final)
Extra : I love you more , my Jey
My New Story ^^
About Rhyme's production ^^

Chapter - 6

40.8K 4.3K 37
By Milo_YoYo

(Unicode)

ရုံးရောက်တော့ မေမေ့၏ အလုပ်တာဝန်တော်တော်များများသည် မေမေနှင့် မသက်ဆိုင်သော အကြောင်းအရာများဖြစ်ကြောင်းကို ခန့်တည်သိလာရသည် ။

မေမေပင်ပန်းသည်မှာလည်း ဖြစ်သင့်ပါသည်။ ခန့်တည်တောင် မနည်းလိုက်နေရသည်လေ။ တစ်နေ့လုံး လေ့လာသင့်သည်ကို လေ့လာပြီးသကာလ အိမ်ပြန်ဖို့ကားလမ်းဘက်ဦးတည်လိုက်သည်။ လှည်းတန်းကား အမှန်ကိုကားပိတ်လွန်းသည်။

မီးပွိုင့်မိနေ၍ ဘေးဘီဝဲယာလှည့်ကြည့်သောအခါ "The Milk Bar" အမည်ရှိ ဆိုင်ကိုတွေ့ရသည်။

"အစ်ကိုက နို့ကြိုက်တယ်"

                            ~~~~~~~~

Password နှိပ်ပြီး အိမ်ခန်းထဲဝင်လာသောအခါ Sofa ပေါ်တွင် စာရွက်တစ်ပုံအလယ် Laptop ဖွင့်ကာ အိပ်ပျော်နေသောသူကို မြင်ရ၏။ ဝယ်လာသော နို့အေးနှင့် ပူတင်းအား ရေခဲသေတ္တာထဲထည့်ကာ ပြန်ထွက်လာတော့ အိပ်မှုန်စုပ်ဖွား ခေါင်းကုပ်နေပြန်သည်။

"ခန့်တည် ပြန်ရောက်ပြီလား၊ အစ်ကိုအိပ်ပျော်သွားလို့"

"ဟုတ်အစ်ကို၊ မနှိုးတော့တာ အရမ်းအိပ်မောကျနေလို့"

"ခဏနေရင် ထမင်းစားရအောင်၊ မစောတော့ဘူးလေ"

"အင်း အစ်ကိုဟင်းတော့ချက်ထားတယ်၊ ထမင်းတည်လိုက်ဦးမယ်"

"ရတယ်အစ်ကို၊ ကျွန်တော်တည်ပြီးပြီ၊ ခဏနေ ကျက်တောင်ကျက်တော့မယ်"

"အဲ့ဒါဆို မင်းရေချိုးတော့၊ တစ်နေကုန် နံစော်နေမှာ"

ပြောသာပြောရသည် သူ့ကိုယ်က ကိုယ်သင်းနံ့နှင့်ရော၍ ရေမွှေးနံ့ပါရနေသေးသည်။ ထမင်းစားပြီးနောက် အစ်ကိုက master bedroom ထဲဝင်သွားသည်။

နောက်ကလိုက်ကြည့်တော့ အိပ်ယာခင်းနေသော သက်ဆိုင်သူ။

"အစ်ကိုဘာလုပ်နေတာလဲ"

"ဒီမှာလေ နေ့လည်က မွေ့ယာလာပို့သွားပြီ၊ အစ်ကို ဒီအခန်းမှာ အိပ်မလို့"

ဘယ်ကစပြောရမှန်းမသိ။ ခန့်တည်၏အိပ်ယာကလည်း နှစ်ယောက်အိပ်ရအဆင်ပြေသည်အထိ ကျယ်သည်လေ။ အစ်ကိုကိုယ်တိုင်က အတင်းသက်သက်အိပ်ချင်နေသည်များလား။

"ဖုန်ရှင်းရသုတ်ရနဲ့ ရှုပ်ပါတယ်၊ ကျွန်တော့် အခန်းက အစ်ကို့အတွက် အဆင်မပြေလို့လား ?"

"မဟုတ် ..အဲ၊ ဟိုလေ အဆင်မပြေတာတော့မဟုတ်ပါဘူး၊ ခန့်တည် အဆင်မပြေမှာစိုးလို့"

"ရပါတယ်၊ ထားလိုက်တော့ ကျွန်တော်လုပ်စရာရှိသေးလို့၊ အစ်ကိုအိပ်ချင်တဲ့နေရာအိပ်"

စိတ်ဆိုးသံနည်းနည်းဖြည့်ကာ ပြောမိသည်။ သူများ ပိုပိုသာသာရွေးချယ်လေမလားဟူသော မျှော်လင့်ချက်ဖြင့်လေ။

                            ~~~~~~~~

စာကြည့်ခန်း၌ ငွေအဝင်အထွက်စာရင်းများကို စစ်ပြီး အိပ်ခန်းထဲ ဝင်မည်အလုပ် ညနေက ပူတင်းကို သတိရသည်။ အစ်ကို နို့ထွက်သောက်သည်ကိုလည်း မတွေ့။ အစ်ကိုက ညတိုင်းနို့သောက်ပြီးမှ အိပ်တတ်သည်ကို အခု ဘာလို့မထွက်လာပါလိမ့်။

နို့အစား ပူတင်းကိုသာ ပန်းကန်ထဲ ထည့်သယ်ခဲ့တော့သည်။ အခန်းထဲ ဝင်ကြည့်တော့ စောင်ပုံကြားထဲတွင် နစ်နေသော အစ်ကို။

ပူတင်းပန်းကန်အား ဘေးချကာ စောင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ပေးပြီးနောက် အပျော်သက်ပြင်းတစ်ခုချမိသည်။ အစ်ကိုသည် ခန့်တည်ကိုကို ရွေးခဲ့သည်လေ။

"အစ်ကို၊ နို့လည်းမသောက်ပဲနဲ့ အိပ်ပြီလား၊ ကျွန်တော် ပူတင်းဝယ်လာတယ်၊ ခဏထစားပြီးမှအိပ်"

အတင်းလှုပ်နှိုးမှ ထလာသည်။ ပြီးမှ စကားမပြော တစ်လုပ် နှစ်လုပ်စားကာ ပြန်အိပ်ချင်သယောင်ပြသည်။

"အိပ်ချင်ပြီ မနက်မှစားတော့မယ်"

နှုတ်ခမ်းစူကာ ပြောနေသော အစ်ကိုသည် တစ်ချိန်ထဲမှာပဲ လူကြီးလည်းဆန်သလို တစ်ချိန်ထဲမှာပဲ ကလေးလည်းဆန်ပါသည်။ ကလေးလူကြီး အိပ်ပျော်သွားသောအခါ ခန့်တည် ပန်းကန်ဆေးပြီး အခန်းပြန်ရောက်လေပြီ။

ခန့်တည်သာ လိင်တူချင်း ကြိုက်နှစ်သက်သူဆိုလျှင် အစ်ကိုသည် အတော်ပင် ရွေးချယ်ချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းသည်။ သို့သော် ..

"ဟူး တစ်နေ့တော့ ပြီးသွားပြန်ပြီ"

                          ~~~~~~~~~

မျက်လုံးပွင့် မျက်လုံးပိတ် ရက်သုံးဆယ်ခန့် လုပ်ပြီးသောအခါ Jey နှင့် ခန့်တည် တူတူနေလာသည်မှာ ရက်သုံးဆယ်ရှိပြီ။

ရှက်ခြင်း ကြောက်ခြင်းတို့ အနည်းငယ် ပယ်ခွါစပြုချိန်ရောက်သည်အထိ Jey တို့ အဆင်ပြေပြေနေနိုင်ခဲ့သည်။ သူကလည်း အဆင့်မတက်၊ Jey ကလည်း အဆင့်မကျော် ..

ဤအခြေအနေသည် Jey တို့နှစ်ဦးစလုံးအတွက် အဆင်ပြေသည်။ မားကတော့ အိမ်အကူ အန်တီကြီး လွှတ်ပေးမည်ပြော၏။ သို့သော် ရောက်မလာသေးပါ။

ဒီကြားထဲ Jey သည် မဆီမဆိုင် အိမ်ရှင်မတာဝန်ရောက်တော့သည်။ ခန့်တည်အတွက် အဝတ်အစားထုတ်ပေးသည်ကအစ ညစာစားရန်ချက်ပြုတ်သည်ကအဆုံး Jey လက် Jey ခြေသာ။

ခန့်တည်ကလည်း Jeyကို ငဲ့ညာရှာပါသည်။ လျှော်စရာအဝတ်များ လျှော်စက်ထဲပို့ပေးခြင်း၊ ပန်းကန် ကူဆေးပေးခြင်း၊ နောက်ဆုံး အိပ်ခါနီးနွားနို့တိုက်ခြင်းကိုပါ မမေ့မလျော့ လုပ်ဆောင်ပေးလေသည်။

Jey တို့နှစ်ဦးကြားအခြေအနေသည် တိုးတက်သည်ဟုလည်းမဆိုသာ။

အနည်းဆုံးတော့ မချစ်သော်လည်းအောင့်ကာနမ်းနေခြင်းမျိုးမဟုတ်ချေ။

                            ~~~~~~~

(Zawgyi)

႐ုံးေရာက္ေတာ့ ေမေမ့၏ အလုပ္တာဝန္ေတာ္ေတာ္မ်ားမ်ားသည္ ေမေမႏွင့္ မသက္ဆိုင္ေသာ အေၾကာင္းအရာမ်ားျဖစ္ေၾကာင္းကို ခန္႔တည္သိလာရသည္ ။

ေမေမပင္ပန္းသည္မွာလည္း ျဖစ္သင့္ပါသည္။ ခန္႔တည္ေတာင္ မနည္းလိုက္ေနရသည္ေလ။ တစ္ေန႔လုံး ေလ့လာသင့္သည္ကို ေလ့လာၿပီးသကာလ အိမ္ျပန္ဖို႔ကားလမ္းဘက္ဦးတည္လိုက္သည္။ လွည္းတန္းကား အမွန္ကိုကားပိတ္လြန္းသည္။

မီးပြိဳင့္မိေန၍ ေဘးဘီဝဲယာလွည့္ၾကည့္ေသာအခါ "The Milk Bar" အမည္ရွိ ဆိုင္ကိုေတြ႕ရသည္။

"အစ္ကိုက ႏို႔ႀကိဳက္တယ္"

                            ~~~~~~~~

Password ႏွိပ္ၿပီး အိမ္ခန္းထဲဝင္လာေသာအခါ Sofa ေပၚတြင္ စာ႐ြက္တစ္ပုံအလယ္ Laptop ဖြင့္ကာ အိပ္ေပ်ာ္ေနေသာသူကို ျမင္ရ၏။ ဝယ္လာေသာ ႏို႔ေအးႏွင့္ ပူတင္းအား ေရခဲေသတၱာထဲထည့္ကာ ျပန္ထြက္လာေတာ့ အိပ္မႈန္စုပ္ဖြား ေခါင္းကုပ္ေနျပန္သည္။

"ခန္႔တည္ ျပန္ေရာက္ၿပီလား၊ အစ္ကိုအိပ္ေပ်ာ္သြားလို႔"

"ဟုတ္အစ္ကို၊ မႏႈိးေတာ့တာ အရမ္းအိပ္ေမာက်ေနလို႔"

"ခဏေနရင္ ထမင္းစားရေအာင္၊ မေစာေတာ့ဘူးေလ"

"အင္း အစ္ကိုဟင္းေတာ့ခ်က္ထားတယ္၊ ထမင္းတည္လိုက္ဦးမယ္"

"ရတယ္အစ္ကို၊ ကြၽန္ေတာ္တည္ၿပီးၿပီ၊ ခဏေန က်က္ေတာင္က်က္ေတာ့မယ္"

"အဲ့ဒါဆို မင္းေရခ်ိဳးေတာ့၊ တစ္ေနကုန္ နံေစာ္ေနမွာ"

ေျပာသာေျပာရသည္ သူ႔ကိုယ္က ကိုယ္သင္းနံ႔ႏွင့္ေရာ၍ ေရေမႊးနံ႔ပါရေနေသးသည္။ ထမင္းစားၿပီးေနာက္ အစ္ကိုက master bedroom ထဲဝင္သြားသည္။

ေနာက္ကလိုက္ၾကည့္ေတာ့ အိပ္ယာခင္းေနေသာ သက္ဆိုင္သူ။

"အစ္ကိုဘာလုပ္ေနတာလဲ"

"ဒီမွာေလ ေန႔လည္က ေမြ႕ယာလာပို႔သြားၿပီ၊ အစ္ကို ဒီအခန္းမွာ အိပ္မလို႔"

ဘယ္ကစေျပာရမွန္းမသိ။ ခန္႔တည္၏အိပ္ယာကလည္း ႏွစ္ေယာက္အိပ္ရအဆင္ေျပသည္အထိ က်ယ္သည္ေလ။ အစ္ကိုကိုယ္တိုင္က အတင္းသက္သက္အိပ္ခ်င္ေနသည္မ်ားလား။

"ဖုန္ရွင္းရသုတ္ရနဲ႔ ရႈပ္ပါတယ္၊ ကြၽန္ေတာ့္ အခန္းက အစ္ကို႔အတြက္ အဆင္မေျပလို႔လား ?"

"မဟုတ္ ..အဲ၊ ဟိုေလ အဆင္မေျပတာေတာ့မဟုတ္ပါဘူး၊ ခန္႔တည္ အဆင္မေျပမွာစိုးလို႔"

"ရပါတယ္၊ ထားလိုက္ေတာ့ ကြၽန္ေတာ္လုပ္စရာရွိေသးလို႔၊ အစ္ကိုအိပ္ခ်င္တဲ့ေနရာအိပ္"

စိတ္ဆိုးသံနည္းနည္းျဖည့္ကာ ေျပာမိသည္။ သူမ်ား ပိုပိုသာသာေ႐ြးခ်ယ္ေလမလားဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ေလ။

                            ~~~~~~~~

စာၾကည့္ခန္း၌ ေငြအဝင္အထြက္စာရင္းမ်ားကို စစ္ၿပီး အိပ္ခန္းထဲ ဝင္မည္အလုပ္ ညေနက ပူတင္းကို သတိရသည္။ အစ္ကို ႏို႔ထြက္ေသာက္သည္ကိုလည္း မေတြ႕။ အစ္ကိုက ညတိုင္းႏို႔ေသာက္ၿပီးမွ အိပ္တတ္သည္ကို အခု ဘာလို႔မထြက္လာပါလိမ့္။

ႏို႔အစား ပူတင္းကိုသာ ပန္းကန္ထဲ ထည့္သယ္ခဲ့ေတာ့သည္။ အခန္းထဲ ဝင္ၾကည့္ေတာ့ ေစာင္ပုံၾကားထဲတြင္ နစ္ေနေသာ အစ္ကို။

ပူတင္းပန္းကန္အား ေဘးခ်ကာ ေစာင္ကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္ျပင္ေပးၿပီးေနာက္ အေပ်ာ္သက္ျပင္းတစ္ခုခ်မိသည္။ အစ္ကိုသည္ ခန္႔တည္ကိုကို ေ႐ြးခဲ့သည္ေလ။

"အစ္ကို၊ ႏို႔လည္းမေသာက္ပဲနဲ႔ အိပ္ၿပီလား၊ ကြၽန္ေတာ္ ပူတင္းဝယ္လာတယ္၊ ခဏထစားၿပီးမွအိပ္"

အတင္းလႈပ္ႏႈိးမွ ထလာသည္။ ၿပီးမွ စကားမေျပာ တစ္လုပ္ ႏွစ္လုပ္စားကာ ျပန္အိပ္ခ်င္သေယာင္ျပသည္။

"အိပ္ခ်င္ၿပီ မနက္မွစားေတာ့မယ္"

ႏႈတ္ခမ္းစူကာ ေျပာေနေသာ အစ္ကိုသည္ တစ္ခ်ိန္ထဲမွာပဲ လူႀကီးလည္းဆန္သလို တစ္ခ်ိန္ထဲမွာပဲ ကေလးလည္းဆန္ပါသည္။ ကေလးလူႀကီး အိပ္ေပ်ာ္သြားေသာအခါ ခန္႔တည္ ပန္းကန္ေဆးၿပီး အခန္းျပန္ေရာက္ေလၿပီ။

ခန္႔တည္သာ လိင္တူခ်င္း ႀကိဳက္ႏွစ္သက္သူဆိုလွ်င္ အစ္ကိုသည္ အေတာ္ပင္ ေ႐ြးခ်ယ္ခ်င္စရာေကာင္းေလာက္ေအာင္ ခ်စ္စရာေကာင္းသည္။ သို႔ေသာ္ ..

"ဟူး တစ္ေန႔ေတာ့ ၿပီးသြားျပန္ၿပီ"

                          ~~~~~~~~~

မ်က္လုံးပြင့္ မ်က္လုံးပိတ္ ရက္သုံးဆယ္ခန္႔ လုပ္ၿပီးေသာအခါ Jey ႏွင့္ ခန္႔တည္ တူတူေနလာသည္မွာ ရက္သုံးဆယ္ရွိၿပီ။

ရွက္ျခင္း ေၾကာက္ျခင္းတို႔ အနည္းငယ္ ပယ္ခြါစျပဳခ်ိန္ေရာက္သည္အထိ Jey တို႔ အဆင္ေျပေျပေနႏိုင္ခဲ့သည္။ သူကလည္း အဆင့္မတက္၊ Jey ကလည္း အဆင့္မေက်ာ္ ..

ဤအေျခအေနသည္ Jey တို႔ႏွစ္ဦးစလုံးအတြက္ အဆင္ေျပသည္။ မားကေတာ့ အိမ္အကူ အန္တီႀကီး လႊတ္ေပးမည္ေျပာ၏။ သို႔ေသာ္ ေရာက္မလာေသးပါ။

ဒီၾကားထဲ Jey သည္ မဆီမဆိုင္ အိမ္ရွင္မတာဝန္ေရာက္ေတာ့သည္။ ခန္႔တည္အတြက္ အဝတ္အစားထုတ္ေပးသည္ကအစ ညစာစားရန္ခ်က္ျပဳတ္သည္ကအဆုံး Jey လက္ Jey ေျခသာ။

ခန္႔တည္ကလည္း Jeyကို ငဲ့ညာရွာပါသည္။ ေလွ်ာ္စရာအဝတ္မ်ား ေလွ်ာ္စက္ထဲပို႔ေပးျခင္း၊ ပန္းကန္ ကူေဆးေပးျခင္း၊ ေနာက္ဆုံး အိပ္ခါနီးႏြားႏို႔တိုက္ျခင္းကိုပါ မေမ့မေလ်ာ့ လုပ္ေဆာင္ေပးေလသည္။

Jey တို႔ႏွစ္ဦးၾကားအေျခအေနသည္ တိုးတက္သည္ဟုလည္းမဆိုသာ။

အနည္းဆုံးေတာ့ မခ်စ္ေသာ္လည္းေအာင့္ကာနမ္းေနျခင္းမ်ိဳးမဟုတ္ေခ်။

                            ~~~~~~~

Continue Reading

You'll Also Like

142K 10.6K 19
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့ အစ်ကိုနဲ့ ဘဝတစ်ခု အတူတည်ဆောင်ရင်း အချစ်ကို ကျွန်တော် တွေ့ခဲ့တယ်။ အခ်စ္က ဘဝတစ္ခုမဟုတ္ေပမဲ့ အစ္ကိုနဲ႔ ဘဝတစ္ခု အတူတည္ေဆာင္ရင္း...
791K 44.2K 71
အခ်စ္ကို ကိုးကြယ္ေသာလူသားတစ္ေယာက္နဲ႔ အခ်စ္မခံခ်င္ေသာစိတ္ကူးယဥ္မဆန္ေသာလူသားတစ္ေယာက္ အခ်စ္ မွာဘယ္သူက က်႐ွံုးမလဲ #bl
1.2M 99.8K 63
A relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October...
1.5M 140K 57
Unicode လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ့ ပျောက်ကွယ်သွားရတယ်။ သူတို့နှစ် ယောက်ရဲ့ပုံပြင်ကတော့ ဘယ်တော့မှမဟောင်းမ...