ကိုကိုရဲ့ကလေးငယ် S1 [ Complet...
By moewathane
10.2M 600K 29.5K
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်က... More
❤( ဇိုင်းဇာတ်ဇာတ်ဇော် )❤
❤( ဇေသုတ )❤
❤( မြတ်မင်းခန့် )❤
❤ ကိုကိုရဲ့ကလေးငယ် ၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၇ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၁၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၄ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၂၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၂ ❤🔞
💍Marry me baby💍
❤ ကိုကိုရဲ့ကလေးငယ် ၃၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၅ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၃၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၄ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၄၅ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၄၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၁ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၅၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၆ ❤END
{ ♥ ​ေက်းဇူးတင္လႊာ ♥ }
❤ Extra ep 1 ❤
❤ Extra ep 2 ❤
❤Extra ep 3❤
❤Extra ep 4❤
❤ Extra ep 5❤
❤ Extra ep 6 ❤End
Extra အပိုင်းပို - 7
Extra အပိုင်းပို - 8 End
❤ ကိုကိုရဲ့ကလေးငယ် ၄ ❤
191K 14.4K 1.3K
By moewathane
Unicode...
>>>>>>>>
.
.
သုသု အသံထွက်ပြီးကိုယ့်ကိုယ်ကိုအားပေး၍
ထိုလူ၏ကျယ်သီးကိုတစ်လုံးချင်းဖြုတ်နေ​တော့သည်။
ကျယ်သီးတစ်လုံးဖြုတ်ပြီးတိုင်းမြင်ရတဲ့ တောင့်တင်းနေသေးကြွက်သားတွေကြောင့် ယောက်ကျား မိန်းမ ထိတွေ့မှု့မရှိဖူးတဲ့ သုသု အတွက် အရမ်းရှက်စရာဖြစ်နေခဲ့သည် ။ သို့သော် လက်ရှိမှာ ထို့လူဒဏ်ရာက အရေးကြီးသည်မဟုတ်လား ထို့ကြောင့် အကျီချွတ်ပြီးတာနဲ့ ဗိုက်အောက်ဖက်မှာရှိနေတဲ့ ဒဏ်ရာကိုစစ်ကြည့်လိုက်သည် ။
"ဟူးးး တော်ပါသေးရဲ့ ဒဏ်ရာကအရမ်းအကြီးကြီးမဟုတ်လို့ အဲ့လောက်ဆိုရင်တော့ သုသု ပါလာတဲ့ဆေး နဲ့ ဒဏ်ရာနည်းနည်းသက်သာအောင်ဆေးထည့်ပေးမယ်နော် "
တစ်ယောက်တည်းရေရွတ်ကာပြောပြီး ဒဏ်ရာကိုပရင်ဆုံးပိုးသတ်ရန်အတွက် ဂွမ်းတို့ပြီးသန့်စင်ပေးတော့ ထိုလူစပ်လို့ထင်တယ် မျက်မှောင်ကျုံပြီးတွန့်ခနဲဖြစ်သွားတယ်။ ဇေသုတ သည် ကိုယ်တိုင်ကငယ်ရွယ်တဲ့ကလေးတစ်ယောက်မို့ ဒီလိုဒဏ်ရာကိုသေချာလုပ်ပေးနေရင်း နောက်ထပ်မနာကျင်စေရန်အတွက်နှုတ်ခမ်းလေးနဲ့လေမှုတ်ပေးရင်းလုပ်ပေးနေသည် ။
"အရမ်းစပ်ပြီးနာနေလားဟင်.. သုသု ကတစ်ခါမှမလုပ်ဖူးလို့ပါ ပြီးတော့ ဒီလောက်ကြီးတဲ့ဒင်္ဏရာလဲတစ်ခါမှမမြင်ဖူးဘူး တောင်းပန်ပါတယ်နော် ...သုသု ဒီ့ထက်ပိုလုပ်တတ်ခဲ့ရင် ကိုကို့အနာ နည်းနည်းပိုသက်သာမှာ"
ပြောရင်းမျက်ရည်လေး၀ဲရင်း သုသု စိတ်မကောင်းဖြစ်နေမိသည်။
သုသု ရဲ့ နဂိုတည်းက စိတ်ရင်းလေးက အရမ်းဖြူစင်ပြီး သနားကြင်နာတတ်သူမို့ အခုလို အခြေနေမှာ ဖြစ်နိုင်ရင် သုသု ထိုလူရဲ့ဒဏ်ရာကို မြန်မြန်သက်သာစေချင်ပါသည် ။ ဒဏ်ရာကိုပိုးသတ်ပြီးတာနဲ့ ပါလာတဲ့ဆေးကိုသေချာထည့်ပေးလိုက်သည် ။
ဒဏ်ရာကကြီးတာမို့နာကျင်တာမျိုးမဖြစ်စေရန် ပါလာတဲ့ကိုက်ခဲပျောက်ဆေးတစ်လုံးဖောက်ပြီးလက်ထဲထည့်ကာ သူ့ကျောလွယ်အိတ်ထဲမှာပါလာတဲ့ရေဗူးနဲ့အတူထုတ်တိုပ်ရန်ပြင်ပြီးမှ တစ်ခုတွေးမိသွားသည် ။
"ဟိုလေ ဒီရေဗူးနဲ့ရေက သုသု သောက်ပြီးသားဆိုပေမယ့်တကယ်သန့်ပါတယ် .. ကိုကို အခုဆေးသောက်ရမှာမို့လို့ မရွံပဲသောက်လိုက်နော် ဒီနားမှာရေလဲရှာလို့မရမှာဆိုတော့လေ..."
ပြောပြီးတာနဲ့ ဆေးကို ထိုလူ့နှုတ်ခမ်း၀မှာတေ့ပြီး ​ရေတိုက်တော့အလိုက်သင့်လေးပဲသောက်သည်။ သောက်ပြီးအတော်ကြာတော့ လွန့်လူးကာမျက်မှောင်စုကျုံ့လျှက် ထိုလူသတိရလာခဲ့သည်။ ထိုလူရဲ့လှုပ်ရှားမှု့တွေကို သုသု သေချာလိုက်ကြည့်နေမိသည် ။ ထိုလူသည် မျက်လုံးနှစ်လုံးပွက့်လာတာနဲ့ သုသု ကို နွေးထွေးတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကာပြုံးပြလာသည် ။
သူပြုံးပြတဲ့ခဏမှာ သုသု အနည်းငယ်အံအားသင့်သွားသည်။
တိုက်ဆိုင်တာလား ကံတရားလားမသိပေမယ့် ထိုလူပြုံးလိုက်သည်နှင့်ပေါ်လာတဲ့ပါးချိုင့်လေးမှာလဲသုသု နှင့်အတူတူပဲဖြစ်နေတာကြောင့် ရုတ်တရက်မို့ သုသု လဲပြန်ပြုံးပြမိသည်။
နိုးလာတည်းက ခိူလူရဲ့အကြည့်နှင့် လှုပ်ရှားမှု့အားလုံးက ဂရုတစိုက်ရှိပြီး ရန်လိုခြင်း မုန်းတီးခြင်းမရှိပဲ သဘောကောင်းတဲ့လူတစ်ယောက်လိုပဲမို့ သုသု ကိုယ်တိုင်စိတ်အေးသွားရသည် ။
သူက ဒဏ်ရာနဲ့မို့ အမြင်မတော်လို့ကယ်ထားလိုပ်ပေမယ့် နိုးလာမှ သုသု ကို တစ်ခုခုလုပ်မှာကိုတော့ကြောက်တယ် .. အခုသာ သူတစ်ခုခုလုပ်ရင်တောင် ဘယ်သူမှလာမကာ်နိုက်တဲ့အခြေနေမဟုတ်လား ။ ဒါပေမယ့်အခုတော့ စိတ်ချရပါပြီ ဘာလို့ဆို ထိုလူ့မျက်နှာမှာ သုသု ကို အန္တာရယ်ပေးမယ့်အရိပ်ယောင်မတွေ့တာမို့ ။
ပုံမှန်ဆိုလူစိမ်းဆိုကြောက်တတ်တဲ့ သုသုဟာထိုလူကိုတော့ထူးခြားစွာမကြောက်လန့်ခဲ့ပေ အဲ့အစား သူ့အနားမှာရှိနေရင်ပင်လုံခြုံတယ်လို့ခံစားနေရတာကြောင့်စိတ်ချ​နေလိုက်သည်။
" ဟူးး တော်ပါသေးရဲ့ အခုလိုသတိရလာပြီဆိုတော့ နည်းနည်းဖြစ်ဖြစ်သက်သာလိုပေါ့နော်"
သုသု မေးလိုက်တော့ သူကခေါင်းညိမ့်ပြုံးပြပြီး စကားပြောလာသည်။
" အင်း သက်သာတယ်ကလေး ဒါနဲ့ ကလေးနာမည်ဘယ်လိုခေါ်လဲ "
" ဟုတ်ကဲ့ သုသု နာမည်က ဇေသုတ လို့ခေါ်ပါတယ်ဗျ "
သုသု သည် သူ့ရဲ့နဂိုဖော်ရွေတဲ့ပုံစံလေးနှင့်ပေါ့ပါးစွာပြုံးပြ၍ပြန်ဖြေလိုက်သည် ။
ဇိုင်း သည် သူ့ရှေ့မှာရှိနေတဲ့ ကလေးလေးဆီကနေအကြည့်မရွှေ့နိုင်ပဲ ထိုအတိုက်းပြုံးလျှက်ပင်စိုက်ကြည့်နေမိသည် ။
* နာမည်လေးနဲ့လူလေးကလိုက်ဖက်လွန်းလောက်အောင် ချစ်ဖို့ကောင်းလိုက်တာ *
ထိုကလေးငယ်ရဲ့ နဂိုဖြူဝင်းတဲ့အသားရည်ဟာ ဒီနေရာလို မီးရောင်မရှိပဲ လရောက်ဖြာကျနေတဲ့အချိန်မှာတောင် နူးညံ့တဲ့အသားအရည်လေးက လှပလွန်းသည် ။ ချစ်စရာကောင်းတဲ့မျက်နှာလေးအပြင် ကြည်ပြာရောင်မျက်ဆံမျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် မျက်တောင်ရှည်ကြီးတွေသတိမထားပဲမနေနိုင်ချေ ။ ဒါ့အပြင် သွားစွယ်လေးတွေထိအောင်ပြုံးလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးကဒီလူကြီးရဲ့နှလုံးသားကိုအသေသတ်ဖို့ထိများတွေးထားသလားကွယ် ။
ကလေးငယ်သိရဲ့လား မင်းလေးရဲ့မျက်ဝန်းလေးတွေက ကိုယ်မြင်ဖူးသမျှလူတွေအားလုံးနဲ့နှိုင်းယှဥ်မရအောင်ဖြူစင်လွန်းတယ် ။ ကိုယ်ခံယူထားဖူးတယ် .. ဒီကမ္ဘာပေါ်မှာ ရလိုမှု့မရှိဖြူစင်တဲ့လူဆိုတာရှိတော့မှာမဟုတ်သလို ကိုယ့်အတွက်လဲရှိလာမှာမဟုတ်ဘူးလို့ ဒါပေမယ့် ကိုယ်ခံယူချက်မှားနေကြောင်း မင်းလေးကသက်သေပြနိုင်ခဲ့တယ် ။ ဒီအချိန် ဒီလိုနေရာမှာ ဒီလိုကံကြမ္မာနဲ့အတူတွေ့ဆုံရတာ ကိုယ်နဲ့မင်းလေးရဲ့ရေစက်ပဲ ။
ကိုယ်မင်းကိုပိုင်ဆိုင်ချင်တယ် ။
အဲ့လိုတွေးလိုက်တိုင်း ပေါက်ထွက်မတတ်အခုန်မြန်နေတဲ့ ကိုယ့်နှလုံးသားကရောဘာအတွက်လဲ။ ကြည့်ရတာ ကိုယ့်နှလုံးသားရဲ့ပိုင်ရှင်ကိုတွေ့ပြီထင်ပါရဲ့။
မြင်မြင်ချင်းအချစ်ဆိုတာကို ကိုယ်အယုံကြည်မရှိဘူး အခုတော့ လက်ခံမှဖြစ်တော့မယ်ကလေးငယ် ... ကိုယ်မင်းလေးကိုချစ်တယ် .. မြတ်နိုးတယ် .. အမြဲတမ်းအတွက် ကိုယ့်အပိုင်ဖြစ်စေချင်တယ် ။
ဒါကြောင့် ကိုယ်မင်းကိုလွတ်ပေးလိုက်ဖို့မဖြစ်နိုက်တော့ဘူး .. မင်းလေးကိုယ့်အနားကနေထွက်သွားဖို့မစဉ်းစားပါနဲ့ ကိုယ်ထွက်သွားခွင့်ပေးမှာမဟုတ်လို့ ။ အဲ့တာက အတ္တဆိုရင် မင်းလေးနဲ့မှဖြစ်ပေါ်လာတဲ့ ကိုယ့်အချစ်ရဲ့အတ္တ ။
Flash back. လွန်ခဲ့တဲ့ နာရီတုန်းက ?
>>>>>>>>>>
.
.
ဇိုင်း သည် စံအိမ်ထဲမှာနေရတာဟာ သူ့အတွက်စိတ်မကြည်လင်ဖြစ်လာတာကြောင့် မြို့လည်ခေါင်မှာ Hotel နဲ့အတူတွဲရက်ပင်ဖွင့်ထားတဲ့ Sky bar ကိုထွက်လာခဲ့သည် ။ ထိုနေရာရောက်တာနှင့် ကျော်ထက်နှင့်ဝန အပြင်သက်တော်စောင့်အဖွဲ့နဲ့အတူ VVIP ဆိုတဲ့ ဇိုင်း အတွက်သီးသန့်မှာထားတဲ့အထပ်ကိုဓာတ်လှေကားဆီကနေတတ်သွားလိုက်သည် ။
လွတ်လပ်မှု့နဲ့စည်းစိမ်ကိုဝိုင်နဲ့အတူခံစားရင်း မှန် View ကနေ အပြင်ဘက်မြို့ပြရဲ့အလှကိုကြည့်ကာ ဝိုင် တစ်လုံးပြီးတစ်လုံးသောက်နေတော့သည် ။ ဇိုင်း ဟာ သူဘယ်လောက်ပဲ ဆိုးသွမ်းမူးရူးနေပါစေ မိန်းမကိစ္စနဲ့ပက်သတ်ပြီးလုံးဝကင်းရှင်းသည် ။
နာရီအတော်ကြာသော် ..
အပြင်းစားဝိုင်ပုလင်းတွေကုန်အောင်သောက်ပြီးတဲ့အချိန်မှာ ဇိုင်း တို့အဖွဲ့ပြန်ရန်အတွက် အောက်ကိုဆင်းလာခဲ့သည် ။
လှေကားအထွက်ရောက်သည်နှင့် အလစ်​ချောင်းတိုက်ခိုက်တဲ့လူတစ်စုနဲ့တွေ့လိုက်ရသည် ။ အကုန်ရှုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ တဖက်က လုပ်ကြံသူ နောက်ထပ်လူအယောက်၂၀ခန့်ထပ်တိုး၍တိုက်ခိုက်ကြသည်။ ပုံမှန်အချိန်ဆိုဒီလူတွေအကုန်လုံးကို ဇိုင်း တစ်ယောက်တည်းနဲ့တင်ရှင်းနိုင်ပေမယ့် အပေါ်မှာသောက်လာတဲ့ ၀ိုင်အစွမ်းကြောင့် အမြင်တွေ​ေ ဝါးပြီး ရုတ်တရက်၀င်လာတဲ့ ဓားကိုသတိမပြုမိ၍ ဇိုင်း ဗိုက်ကိုရှပ်ထိသွားသည်။
ကျော်ထက် နဲ့ ဝန သည်အခြေနေမဟန်မှန်းသိ၍ ဇိုင်း အားအရင်ပြေးစေသည်။ ဓားဒဏ်ရာကြောင့်ပြေးလာတဲ့ ဇိုင်း နောက်ကိုလူ၅ယောက်ထပ်မနဲလိုက်လံရှာဖွေကြသည်။ နာရီအတော်ကြာအောင် ရှောင်တိမ်းပြေးရင်း ပြေးမိပြေးရာ ပြေးရင်းနဲ့မှောင်မည်းနေတဲ့ တိုက်ပျက်အိမ်အိုကြီးနားတွင်ခဏနားနေလိုက်သည်။
ဗိုက်ကဒဏ်ရာကိုကြည့်လိုက်တော့ အနက်ကြီးမဟုတ် အပေါ်ယံသာဖြစ်လို့သိပ်မနာကျင်၍ ဇိုင်း ထိုအိမ်ပျက်ကြီးရဲ့ထောင့်တစ်နေရာမျာ ထိုင်ချကာ ဇိုင်း အိပ်ကပ်ထဲမှာပါလာတဲ့ စီးကရက်ကိုခဲကာ ခဏမှိန်းနေလိုက်သည်။
ထိုစဉ်...အသံတစ်ခုကြားလိုက်တာကြောင့် ဇိုင်း လက်ထဲမှာကိုင်လက်စဓားကိုကျစ်ကျစ်စုတ်ပြီးချောင်းကြည့်လိုက်သည် ။
ဒါပေမယ့် ​တွေ့လိုက်ရတဲ့မြင်ကွင်းက .းကောင်လေးတစ်ယောက် မဟုတ်ဘူး.... ကောင်မလေးတွေထက်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်။ ဟိုကြည့်ဒီကြည့်ငိုမဲ့မဲ့လေးဖြစ်နေသည်။
တဆိတ်..... ဒီကလေးလေးကတော်တော်ချစ်ဖို့ကောင်းလွန်းသည်။ဒူးနှစ်ဖက်ပိုက်လျှက်ထိုင်ပြီးကြောက်နေရှာသူလေး။ တကယ်ပါ ... ဇိုင်း မျက်စိရှေ့က ခလေးလေးကပြောပြစရာမရှိလောက်အောင် ချစ်ဖို့ကောင်းလွန်းလို့ကို ဇိုင်း မျက်တောင်မခတ်တမ်းကြည့်မိသည်။
ကြောက်ရွံ့နေတာတောင် တောက်ပနေတဲ့မျက်၀န်းတစ်စုံ အဲ့မျက်၀န်းပေါ်မှာနေရာယူထားတဲ့ မျက်တောင်ရှည်လေး ။ ထိလုမတတ်လှပတဲ့မျက်ခုံးလေးနဲ့ဘာဆိုးဆေးမှချယ်မထားတဲ့ ပန်းရောင်နှုတ်ခမ်းဆီလွှာဖူးဖူးလေး။
သူလေးကိုကြည့်နေရင်း ရုတ်တရက်ခွေးအူသံတွေကြောင့်သတိပြန်၀င်လာသည်။မိုးလဲအတော်ချုပ်နေပြီးကိုး။ ဒီကလေးကြည့်ရတာ လူသူမရှိတော့တာမို့ ​တော်တော်ကြောက်နေတယ်ထင်တယ်။
ဇိုင်း ထိုကလေးအနား သွားလို့ရပေမယ့် အခုလက်ရှိ ဇိုင်း ပုံစံနဲ့ဆို ဒီကလေး ပိုကြောက်သွားမှာစိုးတာကြောင့်... ဇိုင်း ထိုကလေးကို အနားလာစေအောင် ကြံလိုက်သည်.....။
"ဟင်းးး ဟင်းးးးး"
ဇိုင်း အဖျားတတ်သလိုအသံလေးညည်းလိုက်တယ်။ ဒါကိုဒင်းလေးက သရဲခြောက်ပါတယ်ဆိုပြီးအော်ငိုပါလေရော။
ဇိုင်း မှာထိထားတဲ့ဒဏ်ရာကမနာပဲ ကြောက်အားကြီးပြီးအော်ငိုနေတဲ့ ဒီကလေးကိုကြည့်ပြီးရင်ထဲကအလိုလိုနာလာသည်။
သူလေးကိုအပြင်ထွက်ပြီးထွေးပွေ့ထားချင်စိတ်တွေတဖွားဖွား ...ဒါပေမယ့် ကိုယ့်လက်ရှိဒဏ်ရာနဲ့ဆိုဒီကလေးကြောက်သွားမှာအသေအချာပင်မို့မနည်းထိန်းထားရသည်။
ဇိုင်း နောက်ထပ်ညည်းသံတစ်ချို့ထပ်ပြုလိုက်သည်။
"မေမေ ဖေဖေ သားကိုမထားးခဲ့ပါနဲ့...."
အဲ့ဒီ့တော့မှ.. သူလေးကိုယ့်အနားဖြည်းဖြည်းချင်းရောက်လာတယ်.. သူ အနားရောက်ပြီမှန်းသိလိုက်တာမို့ ဇိုင်း ​မေ့ချင်ယောင်ဆောင်ပြီး လက်ထဲမှာကိုင်ထားတဲ့ဓားကို ချက်ချင်းထိုကလေးမမြင်အောင်ဝှက်လိုက်သည်။
" ဒီမှာဗျ ဒီမှာ တစ်ခုခုဖြစ်နေတာလား သုသု ဘာကူညီပေးရမလဲဟင်"
အနားနားကပ်ပြီးပြောလိုက်တဲ့ ဒီခလေးလေး အသံလေးကလက်ရှိမှာ ဇိုင်း ခန္တာကိုယ်မှာရှိတဲ့နာကျင်မှု့တွေကိုယူပစ်လိုက်သလို ​ပျောက်ကွယ်သွားလောက်အောင်ပင်။ ဒါပေမယ့် ဒီကလေးဘာဆက်လုပ်မလဲဆိုတဲ့ အတွေးနဲ့ ဇိုင်း ဆက်ပြီးမေ့ချင်ယောင်ဆောင်လိုက်သည်။
ခဏကြာတော့ သူရဲ့သေးသွယ်သောလက်ချောင်းလေးတွေနဲ့ ဇိုင်း ဒဏ်ရာပေါ်တင်ထားတဲ့လက်တွေကိုဖယ်လိုက်သည်။
ဇိုင်း သတိထားမိတယ် သူလက်လေးတုန်နေသလိုပဲ ။
*ကျစ် ဒီကလေးသွေးမြင်ပြီးကြောက်နေတာကိုး ...အဲ့တာများဘာလိုဆက်လုပ်နေတာလဲကွာ ..မင်းအဲ့လိုတုန်နေတော့ကိုယ်ဘယ်လိုကြည့်ရက်နိုင်မှာလဲကလေးရယ်။*
" ဟူးးး မတတ်နိုင်ဘူး သုသု မလုပ်ရင် ဒီကိုကိုသေသွားလိမ့်မယ်..."
* အားးးး ချစ်ဖို့ကောင်းလိုက်တာကွာ ကိုကိုတဲ့လား ကလေးလေးရယ် *
ဒီလောက်ကြောက်နေတာတောင် တစ်ယောက်တည်းစကားတွေပြောရင်း သူများအသက်ကိုရအောင်ကယ်မယ်ဆိုတဲ ့ဖြူစင်တဲ့ဒီကလေးရဲ့စိတ်ဓာတ်လေးကိုချီးကျူးရမလား။
အပြစ်တင်ရမလားမသိတော့ဘူး။ တကယ်လို့သာ သူ့နေရာမှာ တခြားလူဆိုးတစ်ယောက်သာဆိုရင် ဒီ ကလေးဘယ်လိုလုပ်မလဲ ဟူးးး တွေးရင်းနဲ့တောင် ရင်မောလိုက်တာကွာ...*
ဒဏ်ရာကိုဆေးထည့်ရင်း ပွစိပွစိပြောနေတဲ့ကလေးကို ဇိုင်း ခိုးကြည့်ရင်းအချစ်ပိုနေသည်။
သူသည်သူ့အာရုံနဲ့သူမို့ ဇိုင်း ခိုးကြည့်သည်ကိုမသိ ။ ဒဏ်ရာဆေးထည့်ပြီးသည်နှင့် သူ့လွယ်အိတ်လေးထဲက ပါလာတဲ့ဆေးနဲ့ရေဘူးကိုယူပြီးဆေးကိုတစ်လုံးချင်းဖောက်၍ တိုက်ရန်ပြင်လိုက်ပြီးမှ တစ်ခုခုကိုသတိရသွားဟန်ဖြစ်ပြောလာသည့် စကားကြောင့် ဇိုင်း မသိမသာကျိတ်ပြုံးမိသည်။
သူပြောတာက....။
*သူသောက်ပြီးသားရေပေမယ့် သန့်ရှင်းပါတယ်တဲ့...မ​သောက်ချင်ရင်တောင်ဆေးသောက်ရမှာမို့သောက်ပါတဲ့လေ*
ဒီကလေးတော့ ဇိုင်း မသောက်ဘူးလို့သာငြင်းရင် အတင်းမရရအောင်တိုက်မယ့်သဘောမှာရှိတယ်။ဆေးသောက်ပြီးပြီမို့ ဇိုင်း မေ့ချင်ယောင်ဆောင်မနေတော့ပဲသူလေးနဲ့စကားပြောရန်ထလာသည်။
Flash Back End"
.
.
ဇိုင်း ဒူးတစ်ဖက်ထောင်၍ထိုင်နေရာကနေတင်မလွေခွေချိတ်ထိုင်ကာ ကလေးငယ်အားစကားစပြောလိုက်သည်...။
" ကလေး ကိုယ့်ကိုမကြောက်နဲ့နော် ကိုယ်က ကလေးကိုထိခိုက်အောင်မလုပ်ပါဘူး "
" ဟုတ် သုသု မကြောက်ပါဘူး "
" အင်း မကြောက်နဲ့နော် .. ဒါနဲ့ကလေးကဘယ်မှာနေတာလဲ ဒီဇာတိတော့မဟုတ်လောက်ဘူးထင်တယ် "
ထိုအခါ သုသု သည် ဇိုင်း နဲ့အတူပင် တင်ပလွေချိတ်ထိုင်ကာပြန်ဖြေလိုက်သည် ။
" ဟုတ်တယ် ကိုကို .. သုသု ကဒီဇာတိကမဟုတ်ပါဘူး သုသုတို့အဖွဲ့ကဒီမှာပရဟိတလာလုပ်တာလေ ရောက်တာတော့နည်းနည်းလေးကြာပြီ "
" အော် ကလေးက ဒီနားကိုဘယ်လိုလုပ်ကွဲထွက်လာတာလဲ.. လမ်းပျောက်နေတာလား "
" မဟုတ်ဘူး သုသုတို့ တည်းတဲ့နေရာကဒီနေရာနဲ့ ဆိုရင်နည်းနည်းတော့ဝေးတယ် ဆရာတွေနဲ့လာတာ သုသု ရူးပေါက်ချင်လို့ခနလေးသွားလိုက်တာပြန်ထွက်လာတော့ဆရာတို့ကိုမတွေ့တော့ဘူး ဟင့် ..သုသု ..အဟင့်.. ကြောက်လို့ ..ဟိုးးနားကမီးတိုင်လေးမှာထိုင်နေတာ အီးဟီးဟီးး "
ကလေးကြောက်လို့ထင်တယ် ဖြေရင်းနဲ့ကိုငိုနေတော့တာပဲ။ အခုသူ့ပုံစံလေးက ဇိုင်း မေးတာကို ပြန်ဖြေတာနဲ့မတူပဲနဲ့ အမေရိုက်မှာစိုးလို့ဖြေရှင်းချက်ပေးနေသလိုပဲ ။ ချစ်စရာကောင်းတဲ့ ကလေးငယ် ကို ကြည့်ကာ ဇိုင်း မှာ ငိုရခက် ရယ်ရခက်ဖြစ်နေသည်။
" ကလေးရယ် မငိုပါနဲ့ တိတ် တိတ်နော် ကိုယ်ရှိတယ်.. မကြောက်နဲ့နော် ကိုယ်ကလေးအနားမှာရှိရင်ကလေးဘာမှမဖြစ်စေရဘူးနော် တိတ် တိတ် "
" အဟင့် ဟင့် ဟုတ် "
အငိုတိတ်ကာရှိုက်လေးသံသဲ့သဲ့နှင့်ပြန်ဖြေလာတာကြောင့် ကလေးချော့နည်းလေးကအဆင်ပြေသွားရသည် ပြီးမှ ဇိုင်း ထိုကလေးငယ်ကိုထပ်မေးသည် ။
" ကလေးစပ်စုတယ်လို့မထင်နဲ့နော် ကလေးဇာတိကဘယ်ကလဲ ကလေးမိဘတွေကရော "
" သုသု က ဖေဖေနဲ့မေမေ မရှိထဲက ဒေါ်ဒေါ်တို့နဲ့ ရန်ကုန်မှာနေတာလေ "
၀မ်းနည်းနေတဲ့အသံလေးနဲ့ပြောလာတဲ့သူလေးရဲ့စကားအဆုံး ဇိုင်း စိတ်မကောင်းဖြစ်သွားရင်း
မေးလိုက်မိတဲ့သူ့ကိုယ်သူပဲကျိန်ဆဲနေမိတယ်။
" အာ sorry ကလေးကိုယ့်ကြောင့်အဟောင်းတွေအသစ်ဖြစ်ကုန်ပြီ "
" ရပါတယ် စိတ်မကောင်းမဖြစ်ပါနဲ့ သုသု အဆင်ပြေပါတယ် .. ဒါနဲ့လေ သုသု ကိုကို့ ဆီက အကူညီတစ်ခုလောက်တောင်းလို့ရမလား ဟင် "
" ရတာပေါ့ ကလေးရဲ့ပြော ကိုယ် ဘာလုပ်ပေးရမလဲ ကလေးကြိုက်တာပြောလို့ရတယ် "
" သုသု ဘာမှမလိုချင်ပါဘူး ဟိုလေ ကိုကိုသက်သာရင်လေ သုသုကိုတည်းတဲ့နေရာကိုလိုက်ရှာပေးလို့ရမလားဟင် .. သုသု တစ်ယောက်တည်းသွားရှာရမှာမှောင်လဲမှောင်နေပြီးဆိုတော့ကြောက်လို့ အဲ့ဒါ..."
ကလေးတောင်းဆိုတာအကုန်လုပ်ပေးမယ်ဆိုပေမယ့်ဒီတစ်ခုတော့မပါဘူးကလေးငယ် .. ကိုယ် တောင်းပန်ပါတယ် ။ ကလေးငယ်ကိုပြန်မလွတ်နိုင်လို့ ။ သို့သော်တဖက်မှာလဲ ဇိုင်း ဆီကအဖြေကိုမျှော်လင့်စွာစောင့်စားနေတဲ့ကလေးမို့ မီးစင်ကြည့်ကရမည် မဟုတ်လျှင် ကလေးငယ်ရဲ့ငြိုငြင်တာကိုခံရလိမ့်မယ် ။
" ကလေး အခုကအရမ်းမှောင်နေပြီ အိမ်ကဆန်းတစ်ဝါးဝါးနဲ့ရှာရခက်မှာ ပြီးတော့ကိုယ်ကဒဏ်ရာကြီးနဲ့ဆိုတော့လေ..."
ဒဏ်ရာက ဇိုင်း အတွက်အပ်ပေါက်ရာလောက်ပဲဆိုပေမယ့် အရမ်းနာနေတဲ့ပုံစံမျိုးနဲ့လိမ်ပြောလိုက်သည်။ ဇိုင်း သိသည် ကြင်နာတတ်တဲ့ကလေးငယ်က ဇိုင်း အဲ့လိုပြောလိုက်ရင် ဘယ်ပြန်ဖြေမလဲဆိုတာကိုပေါ့ ။
" ဟုတ်သားပဲနော် ဒဏ်ရာကအကြီးကြီးပဲကို သုသု ကလဲကိုယ်ဖြစ်ချင်တာပဲပြောလိုက်မိတယ် တောင်းပန်ပါတယ်နော် ။ ကိုကိုသက်သာသလိုနားနေပါ သုသု ဘေးမှာစောင့်နေပေးမယ်နော် "
စောနကအိမ်ပြန်ချင်တယ်ပြောတဲ့ကလေးကအခုတော့ ဇိုင်း ဒဏ်ရာကိုစိတ်ပူလို့စောင့်နေပေးမယ်တဲ့လား။ အဲ့လောက်မဖြူစင်ပါနဲ့လားကလေးရယ် .. ကိုယ်ကျင်လည်ခဲ့တဲ့လောကကြီးက ကလေးငယ် ထင်သလောက်မရိုးစင်းဘူး ။
" ကိုကို့မှာဖုန်းပါလားဟင်.."
" ဟမ်! ဖုန်းလား မပါခဲ့ဘူးကလေးရဲ့"
*ထပ်လိမ်မိပြန်ပီကလေးငယ်*
" သုသု ကအရမ်းပေါ့တာပဲ ဖုန်းကိုတစ်လမ်းလုံးဂိမ်းဆော့လာတာ အခုတော့ကောင်းရော ဖုန်းအားတစ်စက်မှမရှိတော့ဘူး ... ဟူးး အခုချိန်ဆို ကိုဇော် နဲ့ မမနိူး တို့စိတ်ပူနေကြတော့မှာ "
ကလေး ပါးစပ်ကယောက်ကျားလေးတစ်ယောက်နာမည်ခေါ်လိုက်သည်မို့ ဇိုင်း စိတ်တွေထူပူပီး ကိုယ်ထဲကသွေးတွေပြောင်းပြန်လှန်သွားသလားထင်ရသည်။ သွေးကြောတွေထောင်လာသည်အထိ လက်သီးကိုကျစ်ကျစ်စုတ်ထားမိသည်။
ဒါကိုမသိတဲ့ဒင်းလေးကတော့ ဘာဆက်လုပ်ရမလဲပဲတွေးနေလေရဲ့။
" ကလေးကိုယ့်ကိုယုံတယ်မလား "
ထိုသို့မေးတော့ သူ့ရဲ့မျက်တောင်ရှည်လေးတွေကိုပုတ်ခတ်ကာမော့ကြည့်ရင်းခေါင်းညှိမ့်ပြသည်။
" အဲ့ဒါဆို ဒီညဒီမှာပဲအိပ်လိုက်တော့ မနက်ကျမှထပ်စဉ်းစားရအောင် ကလေးစိတ်ချလက်ချအိပ်လိုက်နော်... ကလေးကို ကိုယ်ဘာမှထိခိုက်အောင်မလုပ်ဘူး .."
စောနကတည်းက ဒီကလေးအိပ်ချင်သလိုဖြစ်နေတာ သတိထားမိတယ်။
" လာ ကလေး ဒီမှာအိပ်နော်"
ဇိုင်း ​ပြောရင်းနဲ့ကလေးခေါင်းအုံးစေရန် ​ခြေထောက်ဆင်းပေးလိုက်သည်။ စကားနားထောင်တဲ့ကလေးက ဇိုင်း ပေါင်ပေါ်လာလှဲသည်။ဇိုင်း အပေါ်ကုတ်ကိုချွတ်ပြီး ကလေးကိုယ်ပေါ်ခြုံပေးထားလိုက်သည်။
သုသု ကိုယ်တိုင်ကလဲပင်ပန်းလို့အရမ်းအိပ်ချင်နေပြီ ညလဲနက်နေပြီမို့ ထိုလူကိုယုံကြည်ပြီးသူ့ပေါင်ပေါ်လှဲချလိုက်သည်။ သုသု အိပ်ပျော်ခါနီး သုသု ရဲ့ကိုယ်ပေါ်ကိုအရမ်းနွေးတဲ့အ၀တ်တစ်ထည်လွှမ်းခြုံလာသည်။ သုသု သိသည် ။ ဒါကိုကိုခြုံပေးတဲ့အကျီတစ်ထည်ဆိုတာ ဒီအ၀တ်လေးကနွေးထွေးပြီး သုသု အတွက်ပိုလုံခြုံသည်ဟုခံစားရပြီး ခဏအကြာ သုသု အိပ်စက်ခြင်းဆီသို့....။
ဇိုင်း ပေါင်ပေါ်ကိုစိတ်ချလက်ချနဲ့ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသော ကလေးကိုအမြတ်တနိုးကြည့်နေမိသည်။
* အခုလိုပဲ အမြဲတမ်းယုံကြည်ပြီးကိုယ့်ဘေးမှာပဲနေပါကလေးငယ် .. ကိုယ့်ရဲ့အချစ်တွေပြည့်နေတဲ့ရင်ခွင်က..ကလေးအတွက်အနွေးဓာတ်ရစေပါမယ် *
ထိုစဉ်ဘောင်းဘီအိတ်ထဲကဖုန်းရဲ့တုန်ခါသံကြောင့် ​မျက်မှောင်ကျုံ့မိသည်။ အကြောင်းမှာ ကလေးအခုမှအိပ်ပျော်သွားသည်မလား။
တဖက်စောင်းအိပ်နေတဲ့ ကလေးရဲ့နားလေးကိုလက်တစ်ဖက်ဖြင့်အုပ်ပြီး ဖုန်းပြန်ဖြေလိုက်သည်။
" ပြော "
"Boss ..အခြေနေတွေကတော့အကုန်ငြိမ်သွားပါပြီ လုပ်ကြံတဲ့ကောင်တွေလဲကျနော်ဖမ်းထားပြီးပြီ အခု Boss ဘယ်မှာလဲဗျ ကျနော်တို့အခုလာခဲ့ပါ့မယ်"
" ငါက *** မှာ မင်းတို့လာရင် Home Car တစ်စီးပါမောင်းလာခဲ့ ပြီးတော့မင်းတို့လာရင်အသက်ရှုသံကလွဲရင် ဘာသံမှမထွက်စေနဲ့ ထွက်တဲ့ကောင်သေမယ် !!"
*ဒီကောင်ကွာ ငါ့ ကလေးအိပ်နေတာကို တော်ပါသေးရဲ့ကလေးမနိုးသေးလို့ နိုးရင်တော့လား မင်းတို့သေဖို့သာပြင် *
တဖက်က ကျော်ထက်နဲ့၀န ကြောင်သွားသည်။
ရုတ်တရက်ကြီး Boss ဘာဖြစ်သွားတာလဲ လုပ်ကြံသူတွေလဲမိနေပြီပဲကို Boss ဘာကိုစိုးရိမ်နေတာလဲပေါ့ ?
( AN/သူ့ကလေးပေါက်စ အိပ်နေလို့ဟေးး😂 )
ဇိုင်း ဖုန်းပြောပြီးတာနဲ့ ကလေးနှဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးရင်း ကိုယ့်ကိုယ်ကိုပြုံးမိသည်။
ဇိုင်းဇာတ်ဇာတ်ဇော် ဆိုတဲ့နာမည်နဲ့တင် စီးပွားရေးလောကတစ်ခုလုံးကြောက်ပြီး ​မော်မကြည့်ရဲတဲ့ဦးဇိုင်းဆိုသူက အခုတော့ သူစိုးရိမ်နေတာက ဒီကလေးလေးအိပ်ရေးပျက်မှာကိုတော့စိုးသည်တဲ့လား။
ပုံမှန်ဆိုရင် ၃ နာရီလောက်မောင်းရတဲ့ခရီးကို ဦးဇိုင်း လူတွေက မိနစ်၃၀နဲ့တင်ရောက်လာကြသည်။ ကျော်ထက် သူ့ Boss ​ပြောထားသလိုရောက်ပြီ ဟုသာမက်ဆေ့ပို့ပြီး Home Car အနားတွင်စောင့်နေလိုက်သည်။
မှိန်ပြပြမီးရောင်ထဲကနေတစ်ရွေ့ရွေ့လျှောက်လာသည့် အရိပ်လေးတစ်ခုကိုမြင်သည်နှင့် Boss မှန်းတန်းသိတဲ့အတွက် ကျော်ထက်နဲ့၀န အပြင်တခြားလူတွေကိုခေါင်းငုံ့ကြိုဆိုကြသည်။
အနားရောက်သည်နှင့် သူ့Bossလက်ထဲကအိပ်ပျော်နေသော ကလေးကိုကြည့်မိသည်။
မိန်းကလေးမဟုတ်မှန်းသိပေမယ့် ယောက်ကျားလေးတစ်ယောက်ကမိန်းကလေးထက်ပင်ပိုလှနေပါ့လားဟုတွေးလိုက်မိသည်။ ထိုကောင်လေးအားတယုတယချီထားသော Boss ဖြစ်သူကြောင့် အားလုံးအံအားသင့်ကုန်ကြသည်။
ကျော်ထက် သည် Boss အနားမှာနေတာသည်မှာနှစ်အတော် ကြာနေသော်လဲ Boss သည် မိန်းကလေးဖြစ်စေ ယောက်ကျားလေးဖြစ်စေ ဘယ်သောအခါမှလှည့်၍ပင်မကြည့်။ သူ့ကိုချည်းကပ်တဲ့မိန်းကလေးတွေကိုလဲရှိသည်ဟုပင်မထင် အနားပင်အကပ်မခံ။
မတော်တဆ မိန်းကလေးတစ်ယောက်နဲ့ထိမိရင်တောင် ရွံသလိုမျက်နှာမျိုးနဲ့ ချက်ချင်းရေချိုးပြစ်တဲ့အထိကိုအထိမခံတာပါ အခုကပြန်ပေးဆွဲလာတာလားလို့ စဉ်းစားရင်လဲဆရာချီထားပုံကဘယ်သူ့မှမထိရဆိုတဲ့ တန်ဖိုးကြီးအရာတစ်ခုလိုမို့ပို၍အံသြကုန်သည်။
ဇိုင်း အဆင်သင့်ဖွင့်ထားတဲ့ကားတံခါးပေါ် ဖြည်းဖြည်းချင်းတတ်ပြီး ဆိုဖာပေါ်အသာလေးထိုင်လိုက်သည်။ ကလေးငယ်ကိုဘေးမှာရှိတဲ့မွေ့ယာပေါ်ချသိပ်လို့ရပေမယ့်နိုးသွားမှာစိုးလို့ ဇိုင်း မချချင်၍ ဒီအတိုင်းလေးပဲချီထားလိုက်သည်။
စံအိမ်တော်ရောက်သည်နှင့်အိမ်တော်ထိန်းအပါအ၀င် အကုန်တန်းစီကာစောင့်ကြိုနေသည်။ ဇိုင်း အိပ်နေတဲ့ကလေးလေးကို အသာမွေ့ပြီးကားပေါ်ကဆင်းလာသည်။ ကလေးငယ်က ဘယ်လောက်တောင်အိပ်ချင်နေလဲမသိ ..တလမ်းလုံးလဲအိပ်နေလိုက်တာ။
အခုလဲကြည့် စံအိမ်ရောက်လို့ ဇိုင်း ပွေ့ခေါ်တဲ့အချိန်ထိကို အိပ်လို့ကောင်းတုန်းပဲ။ ဇိုင်း လက်ထဲအပူပင်ကင်းစွာနဲ့အိပ်ပျော်နေတဲ့ ကလေးကိုကြည့်ပြီးအလိုလိုပြုံးမိသည်။ အေးလွန်းတဲ့ရာသီဥတုကြောင့်လားမသိ ကလေးငယ် သည် ဇိုင်းလက်မောင်းပေါ်ကနေ ပိုတိုးပြီးရင်ဘတ်နားထိမျက်နှာလေးအပ်လို့ ကိုယ်လေးကျုံထားသည်။
အသည်းယားစရာကောင်းအောင်ရင်ခွင်ထဲတိုးဝင်နေတဲ့ကလေးငယ်ကိုအချမ်းသက်သာစေရန်ပိုတိုးလို့ဖက်ကာအပေါ်ထပ်အခန်းဆီထွက်လာလိုက်သည်။ အောက်တွင်ကျန်ခဲ့သည့်အိမ်တော်ကလူတွေအားလုံးကြပ်သေသေပြီး အံအားသင့်နေကြသည်။
ဇိုင်း အပေါ်ထပ်ကအခန်းထဲရောက်သည်နှင့် ကလေးကိုယ်လေးကိုညင်ညင်သာသာချပြီးလှဲအိပ်စေတယ်။
* တကယ့်ကို..ကလေးတစ်ယောက်လိုအပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းလိုက်တာကွာ အိပ်ပျော်နေတာတောင်ဆူနေတဲ့နှုတ်ခမ်းလေးကိုအသဲယားလိုက်တာနော် *
အေးလွန်းလို့ပါးလေးတွေနီရဲနေတာလေးကဆွဲဖဲ့ပြစ်ချင်စရာလေး ။ ဘေးစောင်းလေးအိပ်နေတဲ့ ကလေးငယ်ဟာ ပါးဖောင်းဖောင်းလေးနှင့်ချစ်ဖို့ကောင်းသလို အပေါ်ကမိုးကြည့်လျှင်ရှည်လျှားပြီးလှပတဲ့မျက်တောင်ရှည်လေးတွေကပန်ချီကားတစ်ချပ်လိုပင်ကြည့်မဝဖြစ်စေသည် ။ ဇိုင်း ဟာ ကလေးငယ်အားတခဏကြည့်ပြီးအပြင်သို့ပြင်ထွက်လာခဲ့သည် ။
" အိမ်ထောင်ထိန်းအပါအ၀င်အကုန်သေချာနားထောင်အပေါ်ထပ်မှာအိပ်နေတဲ့သူကမင်းတို့ရဲ့သခင်လေးပဲသူ့ကိုနာကျင်အောင်မလုပ်မိစေနဲ့။ သူ့ကိုစိတ်အနှောက်ယှက်ဖြစ်အောက်တစ်ယောက်လုပ်ရင်အကုန်သေဖို့သာပြင်ထား နာစလည်လား !! "
ဇိုင်း ရဲ့ အမိန့်ရာဇသံကြောင့် အလုပ်သမားတွေမှာပင် မလှုပ်ရဲချေ။
" အိမ်တော်ထိန်း​ကြီး ကျွန်တော့်ဘေးကအခန်းကိုသေချာသန့်ရှင်းပြီးအပြင်အဆင်အားလုံးကိုအဖြူရောင်သုံးပါ ပြီးတော့ ကလေးငယ် နဲ့လိုက်ဖက်မယ့်အ၀တ်အစားအပြင်တစ်ခြားအသုံးအဆောင်ပါအဆင်သင့်ပြင်ထားပါ"
အားလုံးကိုမှာစရာရှိတာမှာပြီးတာနဲ့ထွက်သွားခိုင်းလိုက်သည်။
"၀န နဲ့မင်းက ကလေးနဲ့ပက်သတ်တဲ့အကြောင်းအရာတွေစုံစမ်း မွေးထဲကအခုချိန်ထိ အပ်တစ်ချောင်းမျှမကျန်ခဲ့စေနဲ့အဓိကသူ့မှာချစ်သူရည်းစား ရှိ မရှိသိချင်တယ် မနက်ဖြန်မနက်အကုန်လိုချင်တယ် "
" ဟုတ်ကဲ့ပါ Boss "
" ကျော်ထက် မင်းက ကလေးနဲ့ပါလာတဲ့အဖွဲ့ထဲက ကိုဇော် ဆိုတဲ့ကောင်အကြောင်းစုံစမ်း သူနဲ့ဘယ်လိုပက်သတ်လဲ အကုန်"
"ဟုတ်ကဲ့ပါ ဒါနဲ့ Bossဒဏ်ရာအတွက် ဒေါက်တာကိုဖုန်းဆက်ခေါ်လိုက်ရမလား"
" နေ နေ မခေါ်နဲ့တော့ အဲ့လောက်ထိမလိုဘူး မနက်ကျရင်သာဆေးသေတ္တာပြင်ထားလိုက်"
ပြောပြီးတာနဲ့ကလေးအိပ်နေတဲ့အခန်းလေးဆီပြန်တတ်လာခဲ့သည်။
"Goodnight baby"
နှဖူးလေးကိုအသာလေးဖွနမ်းပြီးဆိုဖာပေါ်မှာလှဲပြီးကလေးမျက်နှာလေးကြည့်ရင်း အိပ်ပျော်သွားသည်။
______________________________________________________________
#VOTE - CM ပေးခဲ့ရမယ်နော် ချစ်တယ် ❤
#
#Moewathan... ❤
______________________________________________________________
Zawgyi...
>>>>>>>>
.
.
နိုးလာတည်းက ခိုလူရဲ့အကြည့်နှင့် လှုပ်ရှားမှု့အားလုံးက ဂရုတစိုက်ရှိပြီး ရန်လိုခြင်း မုန်းတီးခြင်းမရှိပဲ သဘောကောင်းတဲ့လူတစ်ယောက်လိုပဲမို့ သုသု ကိုယ်တိုင်စိတ်အေးသွားရသည် ။
>>>>>>>>>>
.
.
နာရီအတော်ကြာသော် ..
"ဟင်းးး ဟင်းးးးး"
သူပြောတာက....။
Flash Back End"
.
.
" အဟင့် ဟင့် ဟုတ် "
" သုသု ကအရမ်းပေါ့တာပဲ ဖုန်းကိုတစ်လမ်းလုံးဂိမ်းဆော့လာတာ အခုတော့ကောင်းရော ဖုန်းအားတစ်စက်မှမရှိတော့ဘူး ... ဟူးး အခုချိန်ဆို ကိုဇော် နဲ့ မမနိုး တို့စိတ်ပူနေကြတော့မှာ "
" လာ ကလေး ဒီမှာအိပ်နော်"
" ပြော "
" ဟုတ်ကဲ့ပါ Boss "
"Goodnight baby"
______________________________________________________________
#
#Moewathan... ❤
______________________________________________________________
Continue Reading
You'll Also Like
345K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
94.9K 4.7K 13
(Zawgyi +Unicode) ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မင်း အတွက် စိတ်ပင်ပမ်းမူတွေကို ပြေပျောက်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်တော့ ဖြစ်မှာပါ။ ...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...