Rhyme Made Of Love (Completed)

By Milo_YoYo

1.6M 129K 1.7K

Melodies of falling in love with the right person 🎶 More

Chapter - 1
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
FINAL
Farewell letter
Special Part !
Extra : Kaki's First Trip (1)
Extra : Kaki's First Trip (Final)
Extra : I love you more , my Jey
My New Story ^^
About Rhyme's production ^^

Chapter - 2

56.5K 4.5K 24
By Milo_YoYo

(Unicode)

စူးရှလှစွာသော ဆေးနံ့တချို့က နှာခေါင်းနား ရစ်သိုင်းလို့လာလေသည် ။ ထို့နောက် မြင်ကွင်းထဲဝင်လာသည်က မျက်နှာကြက်အဖြူ။ နာသည်။ အောက်ပိုင်းတစ်နေရာမှ တဆစ်ဆစ်နာကျင်သည်။ ခန္ဓာကိုယ်ကိုလည်း မလှုပ်နိုင်သေး။ လက်နှစ်ဖက်ကလည်း တစ်ဖက်ကဆေးပိုက်နှင့်၊ တစ်ဖက်က မား၏ခပ်ဖွဖွ ဆုပ်ကိုင်ထားခြင်း ခံရသည်။

"မား !"

"သားလေး အဆင်ပြေလား သား၊ နာနေသေးလား ဘယ်နေရာအဆင်မပြေဘူးလဲ၊ နေဦး ဒေါက်တာကို သွားခေါ်ရမယ်၊ သားလေး ခဏလှဲနေနော်"

Jey ခေါင်းသာငြိမ့်ပြလိုက်သည်။ အဆင်မပြေပါ။ အာခေါင်များခြောက်ကပ်၍ စပ်ဖျင်းဖျင်းဖြစ်နေသည့် ခံစားချက်မျိုးအပြင် ခေါင်းထဲတွင်လည်း ဗလာဟင်းလင်းကြီးဖြစ်နေသလို ခံစားရသည်။ ထိုညက ... ထိုညက ခန့်တည်ရော Jeyပါ အသိမကပ်ပါ။ တစ်ဆိတ် Jey အသိမကပ်တာ သေချာနေပါရဲ့လား.

Jey ကိုယ်လွတ်ရုန်းကာ ငြင်းလို့ရမှန်းသိပေမယ့် မငြင်းခဲ့မိ။ မဟုတ်သေး ငြင်းခဲ့သည်။ Jey မြတ်နိုးရသော ထိုလူသားအား နူးညံ့စွာ ငြင်းပယ်မိသေးသည်. သို့သော် .. မဆွတ်ခင်က ညွတ်နေသည်ဟု ခေါင်းစဉ်တပ်ရမည်လား။ ရိုင်းရိုင်းပြောရလျှင် ချစ်လွန်း၍ လွယ်ကူစွာပေးသည်ဟု ပြောရမလား။ Jey စကားလုံးမရွေးချယ်တတ်ပါ။

ဘယ်ကစသလဲ မေးလျှင် Jey ကိုယ်တိုင်လည်း သေချာမသိပါ။ သာမာန်မဟုတ်သော လိင်ပိုင်းဆိုင်ရာခံယူချက်ကို လက်ကိုင်ထားသူမှန်းသိရတုန်းက Jey အသက် ဆယ့်ခုနှစ်နှစ်မျှသာရှိသေးသည်လေ။

ခန့်တည်ဆိုသော လူသားနှင့် Jey သည် အသက် ငါးနှစ်မျှကွာသော အရင်းနှီးဆုံး သူစိမ်းများဖြစ်ခဲ့သည်။ Jey သတိထားမိသည့်ခံစားချက်များ မပေါက်ဖွားလာခင်က သူ့အသက် ဆယ့်ခြောက်နှစ် Jey အသက် နှစ်ဆယ့်တစ်နှစ်မျှသာ ရှိသေး၏။ Master ဘွဲ့ယူရန် Canada သို့ Jey ထွက်သွားခြင်းက သူစိမ်းဆန်သော ရင်းနှီးသူများ ခေါင်းစဉ်အောက်မရောက်ချင်၍သာ။

ခုများတော့ လွန်ကုန်လေပြီ။ ခေါင်းစဉ်ပြောင်းရုံသာမက ခန့်တည်သည် Jey အပေါ် အမြင်ပါပြောင်းကုန်တော့မည်မလား။

                           ~~~~~~~~~

ထိုကိစ္စများဖြစ်ပြီး တစ်ပတ်မျှအကြာတွင်ဖြစ်၏။

ခန့်တည်နှင့် အန်တီခင် အိမ်သို့ရောက်လာခဲ့သည်။ ရည်ရွယ်ချက်က ပြေးကြည့်ရင်တောင် လွဲဦးမည်။ Jey ၏အရှက်နှင့် သိက္ခာကို ကာကွယ်ရန် ဟူသော ခေါင်းစဉ်အောက်က မိဘချင်းစကားပြောခန်းက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါ၏။

"ကျွန်တော်စဉ်းစားချင်သေးသည်"ဟု မားတို့ကို အဖြေပေးကာ ညနေပိုင်းလောက် ခန့်တည်၏ facebook account ကို message ပို့လိုက်သည်။

>>> ခန့်တည် အစ်ကိုတို့ Paradise မှာ မနက်ဖြန်တွေ့ရအောင် ...

                                          Okay , Ko Jey <<<

                            ~~~~~~~~

ပြောရလျှင် ခန့်တည်လုံးဝစိတ်မကြည်ပါ။ တာဝန်ယူစရာဟု မေမေသမုတ်လိုက်ကတည်းက အံ့ဩမိသည် ။

အမှားကိုမသိခြင်းမဟုတ်။ သိသည်၊ နောင်တရသည်။ သို့ပေမယ့် အစ်ကို Jey သည် အမျိုးသားတစ်ဦး ၊ ခန့်တည်လည်း ထိုနည်းတူစွာပင်။

အဘယ့်ကြောင့် သူ၏ချစ်သူ မေလင်းမြူကို ပစ်ကာ ခန့်တည်က Jey ကို ..

မှားနေသည်။ တစ်ခုခုလွဲမှားနေသည်။ မေလင်းကတော့ ကျွန်တော့်အခက်အခဲကို မသိကျေးကျွန်ပြုကာ Abroad ထွက်သွားပါ၏။

"ငါနင့်ဆီပြန်လာမှာပါ"ဟု message တစ်စောင်ပို့သည့်နေ့က ခန့်တည်မှာ လေဆိပ် လိုက်မပို့နိုင်ခဲ့။ အစ်ကို Jey သတိမရတချက်ရတချက် ဖြစ်နေသေးသည်ဟူသော အကြောင်းပြချက်ဖြင့် မေမေသည် ဆေးရုံလိုက်စေသည်။

များပြီ။ ခန့်တည်၏ Scholar ရော၊ မေလင်းရော။ ဒါ အစ်ကို Jey ကြောင့်ဟု စိတ်ရူးပေါက်စွာ အပြစ်ပုံချလိုက်ချင်သည်။ သို့သော်လည်း ခန့်တည်က ပြုလုပ်သူ ဖြစ်ခဲ့သည်မလား။ သူကနစ်နာသူ ဖြစ်နေသောကြောင့်။

ယခုလည်း ခန့်တည် ညှိနှိုင်းရမည်လေ။ အသက်အရွယ်အားဖြင့် ခန့်တည်က ပို၍ငယ်သော်လည်း ရင့်ကျက်သော အမျိုးသားတစ်ဦးဖြစ်သည့်အားလျော်စွာ ဆုံးရှုံးခဲ့ရသော အရာနှစ်ခုကို ရှေ့တန်းတင်မနေတော့။ မေမေပြောသလို ဘဝတစ်လျှောက် နာမည်ဆိုးနှင့်မနေရလေအောင် ခန့်တည်သည် သူ့ကို လက်ခံမှဖြစ်မည်။ သူသည်လည်း ခန့်တည်ကို လက်ခံမှဖြစ်မည်။

မည်သို့ပင်ဆိုစေကာမူ ပုရိသနှစ်ဦး လက်ထပ်ခြင်း ကိစ္စရပ်သည် ခန့်တည်၏ စိတ်ထဲတွင် ညီအစ်ကိုနှစ်ယောက် တစ်အိမ်ထဲ တူတူစုနေသလောက်သာ။

                            ~~~~~~~~~

ချိန်းထားသောအချိန်ထက် ပိုစော၍ Jey ထွက်လာမိသည်။ ဆိုင်ရောက်တော့ ကား parking ထိုးကာ အပေါ်ထပ် ကျယ်ကျယ်ဝန်းဝန်းသို့ တက်လာလိုက်ပါ၏။

Coffee ဆိုင်လာပြီး Hot milk မှာခြင်းအား waiter မိန်းကလေး ပြူးကြောင်ကြောင်ကြည့်နေသည်။ မတတ်နိုင်ပါ။ Jey ကိုက Coffee မသောက်နိုင်၊ သို့သော် ခန့်တည်သည် Coffee ကြိုက်သည်။ Black coffee ပူပူ ကို Lime ထည့်ညှစ်၍ သောက်ရခြင်းက သူ့၏ အပန်းဖြေခြင်းတစ်မျိုးဟု Jey အား ပြောပြခဲ့ဖူးသည်။

မကြာပါ. ဖိနပ်သံတစ်စုံတစ်ရာ၏ နောက်တွင် မျှော်နေသူကို တွေ့ရသည်.

ခန့်တည်သည် ဆယ့်ကိုးကျော် နှစ်ဆယ်ဝင်ခါစသာ ရှိသေးသည်။ သို့သော် လူကြီးဆန်သည်။ မဖြူလွန်း မညိုလွန်းသော အသားအရောင်သည် ခန့်တည်အား သူ့နာမည်အတိုင်းပင် တည်ကြည်စေသည် ။ Jey ထက် ပိုအရပ်ရှည်သော ခန့်တည်သည် Jey ကဲ့သို့ ဖြူစုတ်စုတ် သေးညှက်စွာ ကြီးပြင်းမလာ၍ ကံကောင်းသည်ပြောရမည် ။

"ရောက်နေတာကြာပြီလား အစ်ကို၊ ကျွန်တော် စောထွက်လာတာပါပဲ ကားလမ်းနည်းနည်းကြပ်တော့"

"ရပါတယ် အစ်ကိုက ပိုစောနေလို့ပါ"

နှုတ်ဆက်စကား နှစ်ခွန်း၊ အပိုအလိုမရှိသော လေဝင်လေထွက် နှစ်ဆိုင်းသာ ပြုလုပ်ခဲ့ပြီးနောက် အစ်ကိုသည် waiter ယောကျ်ားလေးအား ဆားအနည်းငယ် တောင်းယူသည်။ အစ်ကို Jey သည် နွားနို့ပူပူအား သကြားအစား ဆားထည့်သောက်ခြင်းကို ပိုနှစ်သက်သည်။

တစ်ချက်ရယ်မိကာ Lime တစ်စိတ် ယူပြီးညှစ်ချလိုက်သည်။ Lime အနံ့ကြောင့် စိတ်အနည်းငယ်ငြိမ်သွားမှ ခန့်တည်စကားစမိသည် ။

"မေမေက Golden City ကတိုက်ခန်းမှာ အသင့်နေဖို့ ပြင်ထားပေးတယ်တဲ့၊ အစ်ကို ဘယ်လိုသဘောရလဲ"

"နေပါဦး ခန့်တည်၊ အခုပြောနေတာ အစ်ကိုတို့ marriage ?"

"ဪ၊ အစ်ကိုက ဘာထင်လို့လဲ?"

"ခန့်တည်က အစ်ကို့ကို တာဝန်ယူရမယ်လို့ လုံးဝသတ်မှတ်ထားတာလား"

စကားလေးခွန်းစလုံး အမေးကိုအမေးဖြင့်သာ တုံ့ပြန်ခဲ့ကြသည် ။

"ပြောရရင် တာဝန်ယူစိတ်ဆိုတာကြီးကြောင့် ခန့်တည် အစ်ကို့ကို ဒီခေါင်းစဉ်ထဲ ဆွဲမသွင်းစေချင်ဘူး"

"တာဝန်ကြောင့် မဟုတ်ဘူး အစ်ကို၊ လူသားချင်းစာနာစိတ်လို့ပြောရမလားပဲ၊ ယောကျ်ားလေးတစ်ယောက် ဆိုပေမယ့် အဲ့နေ့က party လာတဲ့ လူတော်တော်များများက အစ်ကိုနဲ့ ကျွန်တော့်အကြောင်းကို သိနေကြလောက်တယ်၊ စကားဆိုတာ စကတည်းက ကားတော့တာပါပဲ၊ အဲ့တော့ ကျွန်တော်လည်းအပြောမခံနိုင်ဘူး၊ ဒီလိုပဲ လုပ်လိုက်ကြတာပေါ့ ... မေမေကတော့ ဘာမှမပြောပါဘူး သူလည်းခေတ်နဲ့အမှီ လိုက်ပြေးနိုင်နေတဲ့ အမျိုးသမီးတစ်ဦးပါ အစ်ကို့အမေလည်းတူတူပါပဲ၊ အစ်ကို့ကိုလည်း မွေးစားသားအဖြစ် အိမ်ထောင်စုစာရင်းထဲ နောက်တိုးထည့်ပေးမယ်တဲ့၊ ကျွန်တော့်ကိုလည်း အဲ့လိုလုပ်ပေးပေါ့"

ပြောစရာစကားများ ကုန်သွားသည့်အခါ ခန့်တည်သည် black coffee ကိုမော့ကာသောက်ချသည် ။ ပြောစရာများအား အကုန်တဲ့တိုး ပြောချပြီး၍ ထင်သည်။ ချွေးစက်လေးတွေပါ ထွက်နေသည်။ Jey လည်း ထိုနည်းတူချွေးပြန်နေပြီ။ ချစ်ကြောင်း၊ မြတ်နိုးကြောင်း၊ အနည်းဆုံး သဘောကျကြောင်း စကားတစ်ခွန်းမဆို။ အတူပေါင်းသင်းရမည့်ကိစ္စအား မျက်တောင်မခတ်ပြောသွားသည်။ မည်သို့လုပ်ရမည်နည်း။

စဉ်းစားမည်ဟုသာ ပြောခဲ့သည်။ တစ်ပတ်လုံး ရှက်ခြင်း၊ မျက်နှာပူခြင်းနှင့်သာ အလုပ်များနေခဲ့သော အသက်နှစ်ဆယ့်ငါးနှစ်အရွယ် Jey နန္ဒသည် အသက်နှစ်ဆယ်အရွယ် ခန့်တည်ကြည်နိုင်ဆီမှ ထိုစကားများကြားသောအခါ ကယောက်ကယက်ဖြစ်ကုန်သည်။

အဆုံးတွင် နွားနို့အား တစ်ချက်တည်း ကောက်မော့ကာ စကားဝိုင်း၏ အဆုံးသတ်စကားကို
ပြောကြားလိုက်သည်။

"Golden City ကိုဘယ်တော့ပြောင်းမလဲ ခန့်တည်"

                           ~~~~~~~~~

(Zawgyi)

စူးရွလွစြာေသာ ေဆးနံ႔တခ်ိဳ႕က ႏွာေခါင္းနား ရစ္သိုင္းလို႔လာေလသည္ ။ ထို႔ေနာက္ ျမင္ကြင္းထဲဝင္လာသည္က မ်က္ႏွာၾကက္အျဖဴ။ နာသည္။ ေအာက္ပိုင္းတစ္ေနရာမွ တဆစ္ဆစ္နာက်င္သည္။ ခႏၶာကိုယ္ကိုလည္း မလႈပ္ႏိုင္ေသး။ လက္ႏွစ္ဖက္ကလည္း တစ္ဖက္ကေဆးပိုက္ႏွင့္၊ တစ္ဖက္က မား၏ခပ္ဖြဖြ ဆုပ္ကိုင္ထားျခင္း ခံရသည္။

"မား !"

"သားေလး အဆင္ေျပလား သား၊ နာေနေသးလား ဘယ္ေနရာအဆင္မေျပဘူးလဲ၊ ေနဦး ေဒါက္တာကို သြားေခၚရမယ္၊ သားေလး ခဏလွဲေနေနာ္"

Jey ေခါင္းသာၿငိမ့္ျပလိုက္သည္။ အဆင္မေျပပါ။ အာေခါင္မ်ားေျခာက္ကပ္၍ စပ္ဖ်င္းဖ်င္းျဖစ္ေနသည့္ ခံစားခ်က္မ်ိဳးအျပင္ ေခါင္းထဲတြင္လည္း ဗလာဟင္းလင္းႀကီးျဖစ္ေနသလို ခံစားရသည္။ ထိုညက ... ထိုညက ခန္႔တည္ေရာ Jeyပါ အသိမကပ္ပါ။ တစ္ဆိတ္ Jey အသိမကပ္တာ ေသခ်ာေနပါရဲ႕လား.

Jey ကိုယ္လြတ္႐ုန္းကာ ျငင္းလို႔ရမွန္းသိေပမယ့္ မျငင္းခဲ့မိ။ မဟုတ္ေသး ျငင္းခဲ့သည္။ Jey ျမတ္ႏိုးရေသာ ထိုလူသားအား ႏူးညံ့စြာ ျငင္းပယ္မိေသးသည္. သို႔ေသာ္ .. မဆြတ္ခင္က ၫြတ္ေနသည္ဟု ေခါင္းစဥ္တပ္ရမည္လား။ ႐ိုင္း႐ိုင္းေျပာရလွ်င္ ခ်စ္လြန္း၍ လြယ္ကူစြာေပးသည္ဟု ေျပာရမလား။ Jey စကားလုံးမေ႐ြးခ်ယ္တတ္ပါ။

ဘယ္ကစသလဲ ေမးလွ်င္ Jey ကိုယ္တိုင္လည္း ေသခ်ာမသိပါ။ သာမာန္မဟုတ္ေသာ လိင္ပိုင္းဆိုင္ရာခံယူခ်က္ကို လက္ကိုင္ထားသူမွန္းသိရတုန္းက Jey အသက္ ဆယ့္ခုႏွစ္ႏွစ္မွ်သာရွိေသးသည္ေလ။

ခန္႔တည္ဆိုေသာ လူသားႏွင့္ Jey သည္ အသက္ ငါးႏွစ္မွ်ကြာေသာ အရင္းႏွီးဆုံး သူစိမ္းမ်ားျဖစ္ခဲ့သည္။ Jey သတိထားမိသည့္ခံစားခ်က္မ်ား မေပါက္ဖြားလာခင္က သူ႔အသက္ ဆယ့္ေျခာက္ႏွစ္ Jey အသက္ ႏွစ္ဆယ့္တစ္ႏွစ္မွ်သာ ရွိေသး၏။ Master ဘြဲ႕ယူရန္ Canada သို႔ Jey ထြက္သြားျခင္းက သူစိမ္းဆန္ေသာ ရင္းႏွီးသူမ်ား ေခါင္းစဥ္ေအာက္မေရာက္ခ်င္၍သာ။

ခုမ်ားေတာ့ လြန္ကုန္ေလၿပီ။ ေခါင္းစဥ္ေျပာင္း႐ုံသာမက ခန္႔တည္သည္ Jey အေပၚ အျမင္ပါေျပာင္းကုန္ေတာ့မည္မလား။

                           ~~~~~~~~~

ထိုကိစၥမ်ားျဖစ္ၿပီး တစ္ပတ္မွ်အၾကာတြင္ျဖစ္၏။

ခန္႔တည္ႏွင့္ အန္တီခင္ အိမ္သို႔ေရာက္လာခဲ့သည္။ ရည္႐ြယ္ခ်က္က ေျပးၾကည့္ရင္ေတာင္ လြဲဦးမည္။  Jey ၏အရွက္ႏွင့္ သိကၡာကို ကာကြယ္ရန္ ဟူေသာ ေခါင္းစဥ္ေအာက္က မိဘခ်င္းစကားေျပာခန္းက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ရွိလာပါ၏။

"ကြၽန္ေတာ္စဥ္းစားခ်င္ေသးသည္"ဟု မားတို႔ကို အေျဖေပးကာ ညေနပိုင္းေလာက္ ခန္႔တည္၏ facebook account ကို message ပို႔လိုက္သည္။

>>> ခန္႔တည္ အစ္ကိုတို႔ Paradise မွာ မနက္ျဖန္ေတြ႕ရေအာင္ ...

                                          Okay , Ko Jey <<<

                            ~~~~~~~~

ေျပာရလွ်င္ ခန္႔တည္လုံးဝစိတ္မၾကည္ပါ။ တာဝန္ယူစရာဟု ေမေမသမုတ္လိုက္ကတည္းက အံ့ဩမိသည္ ။

အမွားကိုမသိျခင္းမဟုတ္။ သိသည္၊ ေနာင္တရသည္။ သို႔ေပမယ့္ အစ္ကို Jey သည္ အမ်ိဳးသားတစ္ဦး ၊ ခန္႔တည္လည္း ထိုနည္းတူစြာပင္။

အဘယ့္ေၾကာင့္ သူ၏ခ်စ္သူ ေမလင္းျမဴကို ပစ္ကာ ခန္႔တည္က Jey ကို ..

မွားေနသည္။ တစ္ခုခုလြဲမွားေနသည္။ ေမလင္းကေတာ့ ကြၽန္ေတာ့္အခက္အခဲကို မသိေက်းကြၽန္ျပဳကာ Abroad ထြက္သြားပါ၏။

"ငါနင့္ဆီျပန္လာမွာပါ"ဟု message တစ္ေစာင္ပို႔သည့္ေန႔က ခန္႔တည္မွာ ေလဆိပ္ လိုက္မပို႔ႏိုင္ခဲ့။ အစ္ကို Jey သတိမရတခ်က္ရတခ်က္ ျဖစ္ေနေသးသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ေမေမသည္ ေဆး႐ုံလိုက္ေစသည္။

မ်ားၿပီ။ ခန္႔တည္၏ Scholar ေရာ၊ ေမလင္းေရာ။ ဒါ အစ္ကို Jey ေၾကာင့္ဟု စိတ္႐ူးေပါက္စြာ အျပစ္ပုံခ်လိုက္ခ်င္သည္။ သို႔ေသာ္လည္း ခန္႔တည္က ျပဳလုပ္သူ ျဖစ္ခဲ့သည္မလား။ သူကနစ္နာသူ ျဖစ္ေနေသာေၾကာင့္။

ယခုလည္း ခန္႔တည္ ညႇိႏႈိင္းရမည္ေလ။ အသက္အ႐ြယ္အားျဖင့္ ခန္႔တည္က ပို၍ငယ္ေသာ္လည္း ရင့္က်က္ေသာ အမ်ိဳးသားတစ္ဦးျဖစ္သည့္အားေလ်ာ္စြာ ဆုံးရႈံးခဲ့ရေသာ အရာႏွစ္ခုကို ေရွ႕တန္းတင္မေနေတာ့။ ေမေမေျပာသလို ဘဝတစ္ေလွ်ာက္ နာမည္ဆိုးႏွင့္မေနရေလေအာင္ ခန္႔တည္သည္ သူ႔ကို လက္ခံမွျဖစ္မည္။ သူသည္လည္း ခန္႔တည္ကို လက္ခံမွျဖစ္မည္။

မည္သို႔ပင္ဆိုေစကာမူ ပုရိသႏွစ္ဦး လက္ထပ္ျခင္း ကိစၥရပ္သည္ ခန္႔တည္၏ စိတ္ထဲတြင္ ညီအစ္ကိုႏွစ္ေယာက္ တစ္အိမ္ထဲ တူတူစုေနသေလာက္သာ။

                            ~~~~~~~~~

ခ်ိန္းထားေသာအခ်ိန္ထက္ ပိုေစာ၍ Jey ထြက္လာမိသည္။ ဆိုင္ေရာက္ေတာ့ ကား parking ထိုးကာ အေပၚထပ္ က်ယ္က်ယ္ဝန္းဝန္းသို႔ တက္လာလိုက္ပါ၏။

Coffee ဆိုင္လာၿပီး Hot milk မွာျခင္းအား waiter မိန္းကေလး ျပဴးေၾကာင္ေၾကာင္ၾကည့္ေနသည္။ မတတ္ႏိုင္ပါ။ Jey ကိုက Coffee မေသာက္ႏိုင္၊ သို႔ေသာ္ ခန္႔တည္သည္ Coffee ႀကိဳက္သည္။ Black coffee ပူပူ ကို Lime ထည့္ညႇစ္၍ ေသာက္ရျခင္းက သူ႔၏ အပန္းေျဖျခင္းတစ္မ်ိဳးဟု Jey အား ေျပာျပခဲ့ဖူးသည္။

မၾကာပါ. ဖိနပ္သံတစ္စုံတစ္ရာ၏ ေနာက္တြင္ ေမွ်ာ္ေနသူကို ေတြ႕ရသည္.

ခန္႔တည္သည္ ဆယ့္ကိုးေက်ာ္ ႏွစ္ဆယ္ဝင္ခါစသာ ရွိေသးသည္။ သို႔ေသာ္ လူႀကီးဆန္သည္။ မျဖဴလြန္း မညိဳလြန္းေသာ အသားအေရာင္သည္ ခန္႔တည္အား သူ႔နာမည္အတိုင္းပင္ တည္ၾကည္ေစသည္ ။ Jey ထက္ ပိုအရပ္ရွည္ေသာ ခန္႔တည္သည္ Jey ကဲ့သို႔ ျဖဴစုတ္စုတ္ ေသးညႇက္စြာ ႀကီးျပင္းမလာ၍ ကံေကာင္းသည္ေျပာရမည္ ။

"ေရာက္ေနတာၾကာၿပီလား အစ္ကို၊ ကြၽန္ေတာ္ ေစာထြက္လာတာပါပဲ ကားလမ္းနည္းနည္းၾကပ္ေတာ့"

"ရပါတယ္ အစ္ကိုက ပိုေစာေနလို႔ပါ"

ႏႈတ္ဆက္စကား ႏွစ္ခြန္း၊ အပိုအလိုမရွိေသာ ေလဝင္ေလထြက္ ႏွစ္ဆိုင္းသာ ျပဳလုပ္ခဲ့ၿပီးေနာက္ အစ္ကိုသည္ waiter ေယာက်္ားေလးအား ဆားအနည္းငယ္ ေတာင္းယူသည္။ အစ္ကို Jey သည္ ႏြားႏို႔ပူပူအား သၾကားအစား ဆားထည့္ေသာက္ျခင္းကို ပိုႏွစ္သက္သည္။

တစ္ခ်က္ရယ္မိကာ Lime တစ္စိတ္ ယူၿပီးညႇစ္ခ်လိုက္သည္။ Lime အနံ႔ေၾကာင့္ စိတ္အနည္းငယ္ၿငိမ္သြားမွ ခန္႔တည္စကားစမိသည္ ။

"ေမေမက Golden City ကတိုက္ခန္းမွာ အသင့္ေနဖို႔ ျပင္ထားေပးတယ္တဲ့၊ အစ္ကို ဘယ္လိုသေဘာရလဲ"

"ေနပါဦး ခန္႔တည္၊ အခုေျပာေနတာ အစ္ကိုတို႔ marriage ?"

"ဪ၊ အစ္ကိုက ဘာထင္လို႔လဲ?"

"ခန္႔တည္က အစ္ကို႔ကို တာဝန္ယူရမယ္လို႔ လုံးဝသတ္မွတ္ထားတာလား"

စကားေလးခြန္းစလုံး အေမးကိုအေမးျဖင့္သာ တုံ႔ျပန္ခဲ့ၾကသည္ ။

"ေျပာရရင္ တာဝန္ယူစိတ္ဆိုတာႀကီးေၾကာင့္ ခန္႔တည္ အစ္ကို႔ကို ဒီေခါင္းစဥ္ထဲ ဆြဲမသြင္းေစခ်င္ဘူး"

"တာဝန္ေၾကာင့္ မဟုတ္ဘူး အစ္ကို၊ လူသားခ်င္းစာနာစိတ္လို႔ေျပာရမလားပဲ၊ ေယာက်္ားေလးတစ္ေယာက္ ဆိုေပမယ့္ အဲ့ေန႔က party လာတဲ့ လူေတာ္ေတာ္မ်ားမ်ားက အစ္ကိုနဲ႔ ကြၽန္ေတာ့္အေၾကာင္းကို သိေနၾကေလာက္တယ္၊ စကားဆိုတာ စကတည္းက ကားေတာ့တာပါပဲ၊ အဲ့ေတာ့ ကြၽန္ေတာ္လည္းအေျပာမခံႏိုင္ဘူး၊ ဒီလိုပဲ လုပ္လိုက္ၾကတာေပါ့ ... ေမေမကေတာ့ ဘာမွမေျပာပါဘူး သူလည္းေခတ္နဲ႔အမွီ လိုက္ေျပးႏိုင္ေနတဲ့ အမ်ိဳးသမီးတစ္ဦးပါ အစ္ကို႔အေမလည္းတူတူပါပဲ၊ အစ္ကို႔ကိုလည္း ေမြးစားသားအျဖစ္ အိမ္ေထာင္စုစာရင္းထဲ ေနာက္တိုးထည့္ေပးမယ္တဲ့၊ ကြၽန္ေတာ့္ကိုလည္း အဲ့လိုလုပ္ေပးေပါ့"

ေျပာစရာစကားမ်ား ကုန္သြားသည့္အခါ ခန္႔တည္သည္ black coffee ကိုေမာ့ကာေသာက္ခ်သည္ ။ ေျပာစရာမ်ားအား အကုန္တဲ့တိုး ေျပာခ်ၿပီး၍ ထင္သည္။ ေခြၽးစက္ေလးေတြပါ ထြက္ေနသည္။ Jey လည္း ထိုနည္းတူေခြၽးျပန္ေနၿပီ။ ခ်စ္ေၾကာင္း၊ ျမတ္ႏိုးေၾကာင္း၊ အနည္းဆုံး သေဘာက်ေၾကာင္း စကားတစ္ခြန္းမဆို။ အတူေပါင္းသင္းရမည့္ကိစၥအား မ်က္ေတာင္မခတ္ေျပာသြားသည္။ မည္သို႔လုပ္ရမည္နည္း။

စဥ္းစားမည္ဟုသာ ေျပာခဲ့သည္။ တစ္ပတ္လုံး ရွက္ျခင္း၊ မ်က္ႏွာပူျခင္းႏွင့္သာ အလုပ္မ်ားေနခဲ့ေသာ အသက္ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္ Jey နႏၵသည္ အသက္ႏွစ္ဆယ္အ႐ြယ္ ခန္႔တည္ၾကည္ႏိုင္ဆီမွ ထိုစကားမ်ားၾကားေသာအခါ ကေယာက္ကယက္ျဖစ္ကုန္သည္။

အဆုံးတြင္ ႏြားႏို႔အား တစ္ခ်က္တည္း ေကာက္ေမာ့ကာ စကားဝိုင္း၏ အဆုံးသတ္စကားကို
ေျပာၾကားလိုက္သည္။

"Golden City ကိုဘယ္ေတာ့ေျပာင္းမလဲ ခန္႔တည္"

                           ~~~~~~~~~

Continue Reading

You'll Also Like

196K 9.8K 57
နွင္းဆီနီနီေတြကသိပ္လွတယ္......သိပ္လွတဲ႕ႏွင္းဆီေတြကို လူေတြကလွပတဲ႕အဓိပၸါယ္တစ္ခုပါသတ္မွတ္ေပးထားၾကတယ္ေလ...... အကယ္၍မ်ား......ႏွင္းဆီနီရဲ႕အဓိပၸါယ္က...'...
296K 20.2K 41
Each part is written with Unicode and Zawgyi fonts. Start date : 10. 9 .2020 End date : 26 . 10.2020
125K 7.5K 62
အာဏာရွင္=မင္းနဲ႔တူတဲ႔သူေတြ ေထာင္ေပါင္းမ်ားစြာရွိပါေစ ငါ့ရင္ခုန္သံက မင္းအနားမွာပဲႀကားရတယ္ ္ေႏြဦးသခင္=ညီညီ္ ကိုသာျပန္ေတြ႔ခဲ႔ရင္ အရာရာအားနာေနရမွာ ပိုင္...
706K 41.4K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...