[Zawgyi]
" ေရွာင္က်န္႔ဆီလာတာ..သူရွိလား "
ဝမ္ရိေပၚ အျငင္းခံရျပန္သည္
ေရွာင္းက်န္တို႔ရံုးရဲ႕ Main lobby က Reception ဆီ ေမးလိုက္တိုင္း မရွိပါဘူး မလာပါဘူးဆိုတာခ်ည္းပဲ အေျဖျပန္ရတာ ဘယ္ႏွရက္ရွိၿပီလဲဆိုတာေတာင္ မမွတ္မိေတာ့ ...
တခါတေလ လူသစ္ေတြကိုေမးမိရင္ ဘယ္သူ႔ကိုေျပာတာလဲ လို႔ေတာင္ျပန္ေမးခံရေသးတာမ်ိဳး..
ဒါေတာင္ သူ႔ကိုဝိုင္းလိမ္ေနၾကသလားလို႔ ေတြးမိလို႔ schedule လြတ္တဲ့ရက္ေတြမွာ မိုးလင္းကေန မိုးခ်ဳပ္ထိ ေယာင္လည္လည္နဲ႔ ထိုင္ေစာင့္ၾကည့္ခဲ့ရတာေတြက ရွိေသးသည္ ..
ဒါေပမယ့္လဲ အဲဒီလူက တကယ္ကို ေပၚမလာခဲ့..၊
ဒါေပါ့..
သူ႔ကို အေရးတယူလုပ္ၿပီးလွည့္ပတ္လိမ္ရေအာင္ ေရွာင္က်န္႔အတြက္ သူက ဘာမို႔လို႔လဲ...
အမွန္တရားမွန္းသိေပမယ့္ ရင္ဘတ္ထဲက နည္းနည္းေတာ့ေအာင့္ခ်င္သည္...။
သူ တကယ္ အဲဒီေရွာင္က်န္႔ကို ေတြ႕ခ်င္ေနတာ..
ဒီတိုင္း...
ထိုင္ၾကည့္ခ်င္လို႔...။
.
.
.
" ေရာ့ မင္းသြားလိုက္ "
" ဘာလဲ "
" ပန္းခ်ီျပပြဲ "
" မသြားခ်င္ဘူး "
" ၿပီးတာပဲ "
အဲ့မွာတင္ ဝမ္ရိေပၚနဲ႔ေဟာက္ရႊမ္းရဲ႕ အလုပ္ကိစၥ ဆိုတာၿကီး က တခန္းရပ္သြားသည္..
ကုတင္ေပၚမွာ ပက္လက္ႀကီး ဂိမ္းေဆာ့ေနတဲ့ ရိေပၚ ေဘးကို ေဟာက္ရႊမ္းက သူပါဝင္လွဲၿပီး ဖုန္းထုတ္ေဆာ့သည္..
" ေဟာက္ရႊမ္း "
" အင္း "
" မင္း က်ိရန္ေကာကို ဘာလို႔ႀကိဳက္တာလဲ "
" ဟီး....... ေကာက "
" ေတာ္ပီ.. မသိခ်င္ေတာ့ဘူး "
" ဝမ္ရိေပၚ !!!! "
သူ႔ဘာလို႔ အဲဒီအေၾကာင္းေတြ သြားေမးမိေနတာလဲ..
ရွံုးေတာ့မွာပဲ.... ဒီဂိမ္းက ။
ခဏၾကာေတာ့ သူ႔အခန္းထဲ က်ိရန္ေကာပါ ေပါက္ခ်လာသည္...
သူ႔ Condo ရဲ႕ passcode ကိုေဟာက္ရႊမ္းေရာ က်ိရန္ေကာ ေရာသိသလို သူတို႔အခန္းေတြကလဲ ရိေပၚအတြက္ တံခါးမရွိ ဓားမရွိ ၊
ဂိမ္းအၾကာႀကီးမေဆာ့ဖို႔ေျပာရင္း သူတို႔ႏွစ္ေယာက္ၾကားထဲက်ပ္က်ပ္သိပ္သိပ္ တိုးအိပ္လာတဲ့ က်ိရန္ေကာက သူ႔ကိုလွမ္းခြထားေသးတာ...
ဒီလိုအခ်ိန္ေတြက သူတို႔သံုးေယာက္ရဲ႕ လူေတြမသိတဲ့တဖက္ျခမ္းပဲ...၊
လြပ္လပ္သည္
ေႏြးေထြးသည္
ၿပီးေတာ့ လံုျခံဳသည္...
တခါတေလ ေန႔တိုင္း ထသတ္တာကေတာ့ ဒီေနရာမွာ ခဏဖယ္ထားလိုက္မည္
အခုေတာင္ သူ႔ကိုက် က်ိရန္ေကာကမခြလို႔ဆိုၿပီ ဆူပုတ္ေနတဲ့ ေဟာက္ရႊမ္းက ငုတ္တုတ္ထထိုင္သည္..
ၿပီးေတာ့ ခုနက သူ႔ဘာသာကိုင္လာတဲ့ ဖိတ္စာကို ထိုင္ဖတ္ေနသည္..၊
" ေရွာင္က်န္႔ "
!!!!!
သူ အသက္ရႈဖို႔ ခနေမ့သြားသည္..
သတိဝင္လာတဲ့အခ်ိန္မွာ က်ိရန္ေကာကို ဘယ္လိုခြေက်ာ္လာလဲမသိလိုက္ဘဲ ေဟာက္ရႊမ္းလက္ထဲက ဖိတ္စာက စကၠန္႔ပိုင္းအတြင္း သူ႔လက္ထဲမွာ...
" ငါ....သြားမယ္ "
သူ႔ရဲ႕ အညိဳေရာင္ေလးဆီ...။
.
.
.
သံုးရက္တာ ခင္းက်င္းမယ့္ပြဲမွာ မေန႔က ဖြင့္ပြဲျပဳလုပ္ခဲ့ေပမယ့္ ပန္းခ်ီဆရာ ေရွာင္က်န္႔ မတက္ေရာက္ခဲ့ပါတဲ့..
ဖိတ္စာျပန္ၾကည့္မွ ေရွာင္က်န္႔အျပင္ တျခားေသာ ပန္းခ်ီဆရာ ၃ ေယာက္ပါပါတယ္ဆိုတာ သူသတိထားမိသည္...
ဒီေန႔လဲ ေရွာင္က်န္႔ မလာရင္ ဆိုတဲ့အေတြးက ဖ်တ္ခနဲဝင္လာတဲ့အခ်ိန္မွာ ထင္တာထက္ ပိုၿပီးစိုးရြံ႕သြားတာ သူ႔ကိုယ္သူေတာင္ မယံုႏိုင္..
သူ ထင္ခဲ့တဲ့အတိုင္းပါပဲ..
သူ႔ ေမၽွာ္လင့္ခ်က္ေတြက ည ၁၀ နာရီ ဆိုတဲ့ ျပပြဲပိတ္ခ်ိန္မွာေတာ့ လံုးဝကို ေပ်ာက္ကြယ္သြားခဲ့သည္...
သူ႔ေရွ႕တည့္တည့္က analogous style အညိဳေရာင္ပန္းခ်ီကားက သူ႔ကို ေလွာင္ေနသလိုမ်ိဳး..
မင္း မလုပ္ဖူးတာေတြလုပ္ခ်င္ဦး တဲ့..။
.
.
.
ေရွာင္က်န္႔ သူ႔လက္က နာရီကို ေျမာက္ၾကည့္လိုက္သည္..
ဒီအခ်ိန္ဆိုရင္ေတာ့ ခန္းမမွာ လူသိပ္မရွိေလာက္ေတာ့ဘူးမလား..
အဲဒီအခ်ိန္မွာပဲ က်န္းခ်န္ရဲ႕ ဝင္လာေတာ့ ဆိုတဲ့ msg က ဝင္လာတာေၾကာင့္ သူကားေပၚက ဆင္းလိုက္သည္ ။
ဒီေန႔ အေအးပိုကဲေနသလိုပဲ.. ။
နားေနခန္းကို မသြားေသးဘဲ ေရွာင္က်န္႔ ပန္းခ်ီျပခန္းထဲအရင္ဝင္လိုက္သည္...
မေန႔က တမင္မလာတာမို႔ ဒီေန႔ေတာ့ သူ အခ်ိန္ေပးၿပီးၾကည့္ခ်င္ေသးသည္..
တမင္အေမွာင္ေပးထားတဲ့ ေလၽွာက္လမ္းမွာ တဖက္တခ်က္က ပန္းခ်ီကားတစ္ခုခ်င္းစီရဲ႕ အေပၚက သီးသန္႔မီးအိမ္ေလးေတြကသာ တခုထဲေသာ အလင္းေရာင္ျဖစ္ေနတာက နစ္ေျမာခ်င္စရာေကာင္းသည္..
ၿပီးေတာ့ မီးအိမ္တိုင္းရဲ႕ ဖန္သားေတြကလဲ သူသေဘာက်တဲ့ အဝါေရာင္ေဖ်ာ့ေဖ်ာ့..
က်န္းခ်န္နဲ႔ က်န္းလီက်ဲ တို႔တမင္တကာ သူ႔အႀကိဳက္လုပ္ထားတာမွန္း သိသာေနေတာ့ သူျပံဳးမိသည္..
" ေရွာင္က်န္႔ !! "
ဝမ္ရိေပၚတေယာက္ သူ႔ေရွ႕က အဲဒီလူဆီ စကၠန္႔ပိုင္းအတြင္း ေရာက္ခ်သြားသည္...
သူ႔ကိုေတြ႕ေတာ့ လန္႔ျဖန္႔သြားတဲ့မ်က္ဝန္းေတြကို လွမ္းျမင္လိုက္ရတာေတာင္ ပထမဆံုးထြက္လာတဲ့ အသံက " ေအာ္ ဝမ္ရိေပၚ" တဲ့...
ဒီလူဟာ ဘယ္ေလာက္ေတာင္ ထုရိုက္ခ်င္စရာ ေကာင္းလိုက္လဲ !!
သူ ဘာမွမေျပာဘဲ စိုက္ၾကည့္ေနလိုက္ေတာ့ ေခ်ာင္းဟန္႔ၿပီး အရွက္ေျပ မ်က္ေတာင္ခတ္လိုက္တဲ့ ေရွာင္က်န္႔..
စုစုေပါင္း ႏွစ္ခ်က္..။
" ဝမ္ရိေပၚ ? "
" ဘာလဲ "
သူ႔အသံက ေဆာင့္ေအာင့္ၿပီးထြက္သြားသည္..
သူ႔မ်က္ႏွာႀကီး စူပုတ္ပြေနမယ္ဆိုတာသိလဲ သူမထိန္းႏိုင္ေတာ့...
" မင္းက ပန္းခ်ီေတြစိတ္ဝင္စားတာလား "
" မဝင္စားဘူး "
"...... ေအာ္ "
" ....... "
" ေဆာရီး..ငါက မင္းျပပြဲလာၾကည့္တယ္ ထင္လိုက္တာ "
" မဟုတ္ဘူး..ခင္ဗ်ားကို လာၾကည့္တာ "
တုန္႔ျပန္မႈေတြထပ္မရွိေတာ့တဲ့ သူတို႔ႏွစ္ေယာက္ၾကား ခ်က္ခ်င္းတိတ္ဆိတ္သြားျပန္သည္..။
ရိေပၚက သူ႔ေရွ႕က ေရွာင္က်န္႔မ်က္ႏွာကို တစိုက္မတ္မတ္စိုက္ၾကည့္ေနသည္ ၊
ဆံပင္နည္းနည္းရွည္လာတယ္..
မ်က္ကြင္းေတြလဲက်ေနတယ္..
ပါးေပၚက အနီစက္ေတြက ဘာလဲ..ျခင္ကိုက္တာလား..
ႏႈတ္ခမ္းေတြကလဲ နဂိုထက္ပိုေျခာက္ကပ္ေနသလိုပဲ..
ဒါေပမယ့္ လွတယ္.. တရားလြန္ပဲ ။
" ဒါဆို..ငါ့ကိုခြင့္ျပဳပါဦး "
" ေနဦး "
ရိေပၚသတိဝင္လာတဲ့အခ်ိန္ သူ႔ကုိေက်ာ္ၿပီးသြားေနၿပီျဖစ္တဲ့ ေရွာင္က်န္႔လက္ေတြကို အျမန္လွမ္းဆြဲလိုက္သည္..
ျမန္ဆန္လြန္းစြာပဲ အရွိန္နဲ႔ေဆာင့္ရုန္းလိုက္တဲ့ လက္တစ္ဖက္ေၾကာင့္ သူေနာက္ကို ယိုင္ထြက္သြားသည္..
" ေရွာင္က်န္႔ !! "
သူ႔အသံက ဟိန္းထြက္သြားတဲ့အခ်ိန္မွာ အဲဒီလူက သူ႔ကိုတခ်က္ေလးေတာင္မၾကည့္ဘဲ ေက်ာခိုင္း ထြက္သြားသည္..၊
" က်န္႔ေကာ.. "
သူ တဆင့္ေလၽွာ့လိုက္မိတယ္..
သူမသိဘူး..
အခုခ်ိန္မွာ အဲဒီလူကို ထြက္မသြားေစခ်င္တာကလြဲၿပီး ဝမ္ရိေပၚ ဘာမွမျမင္ေတာ့ဘူး..
အဲဒီလူရဲ႕ ေလ်ာ့ရဲသြားတဲ့ ေျခလွမ္းက်ဲက်ဲေတြျမင္ေတာ့ သူေပ်ာ္သြားတယ္..
ၿပီးေတာ့ ေသခ်ာ မွတ္ထားလိုက္တယ္
က်န္႔ေကာက လူဆိုးေတြကို သေဘာမက်ဘူး !
အဲဒီအခိုက္အတန္႔က စၿပီး ဟိုးဟိုးေနာက္အနာဂတ္ေတြထိ ဝမ္ရိေပၚက လိမၼာခ်င္ေယာင္ေဆာင္တတ္တဲ့ နတ္ဆိုးေလးျဖစ္ခဲ့တယ္
က်န္႔ေကာတေယာက္ထဲ ေရွ႕မွာေပါ့...။
" က်န္႔ေကာ "
သူ ေကာေရွ႕မွာ ရပ္လိုက္ၿပီးခဏေနေတာ့ ေရွာင္က်န္႔က ေမာ့ၾကည့္လာတယ္..
သူ႔မ်က္လံုးတည့္တည့္ကို ၾကည့္လာတဲ့ အဲဒီလူရဲ႕ မ်က္ဝန္းေတြထဲ ခံစားခ်က္ေတြက ဖမ္းမိဖို႔ခက္ခဲလြန္းတယ္..
အနည္းဆံုးေတာ့ ေဒါသရိပ္ေလးျဖစ္ျဖစ္ ရွိေနသင့္တယ္မလား..
သူ႔က်န္႔ေကာက အရမ္းလွတဲ့ ေက်ာက္ရုပ္ႀကီးပဲ ။
" ဝမ္ရိေပၚ "
" ဗ်ာ "
က်န္႔ေကာ မ်က္ခံုးေတြတြန္႔ေကြးသြားတယ္..
သူကိုယ္တိုင္ေရာပဲ..
ဘာလဲ " ဗ်ာ " က ?
" မင္း.... "
" အင္း "
" မင္း....ငါ့အေပၚရိုးသားလား "
ဝမ္ရိေပၚ ဆြံ႕အသြားတယ္...
သံုးႀကိမ္ပဲရွိေသးတဲ့ ေတြ႕ဆံုမႈ မွာ ဒီလူဆီက ဒီလိုေမးခံရေအာင္ သူဘာေတြလုပ္မိခဲ့လဲ ?
သူမသိဘူး..
သူသိတာက တစ္ခုပဲ
" ကၽြန္ေတာ္က ဒီတိုင္း... "
" ....... "
" ေကာကို ၾကည့္ေနခ်င္လို႔ "
စကားလံုးေတြေပ်ာက္သြားပံုရတဲ့ ေကာကို သူပဲ ထပ္ျဖည့္ေျပာေပးလိုက္တယ္..
" ေန႔တိုင္း "
စကားမေျပာရင္ေတာင္ ေကာက လွတာမို႔ အခု ကၽြန္ေတာ္အဆင္ေျပပါတယ္ ။
.
.
.
အဲဒီညက သူ႔ရဲ႕ ေယာင္ခ်ာခ်ာစကားကို ေကာက ဘယ္လိုသတ္မွတ္လိုက္လဲ မသိေပမယ့္ သူ႔အေပၚ ထူးထူးျခားျခား ေျပာင္းလဲ ဆက္ဆံတာမ်ိဳးမရွိခဲ့ဘူး..
အရင္လိုပဲ ေတြ႕ရင္ ေအာ္ ဝမ္ရိေပၚ နဲ႔ပဲစတုန္းပဲ..
ထူးဆန္းတာကေတာ့ သူပဲ...ဝမ္ရိေပၚပဲ
က်န္႔ေကာေရွ႕ေရာက္ရင္ ဝပ္ဆင္းေပးခ်င္လာတယ္
က်န္႔ေကာနားေရာက္ရင္ လိမၼာပစ္ခ်င္လာတယ္
က်န္႔ေကာဘက္က တစက္ကေလးမွ ေတာင္းဆိုတယ္ဆိုတာမ်ိဳးမရွိေပမယ့္ ဝမ္ရိေပၚကေတာ့ က်န္႔ေကာမ်က္ခံုးေတြ တြန္႔ခ်ိဳးသြားတိုင္း သူဘာလုပ္မိလဲ အထပ္ထပ္ဆန္းစစ္ရင္း ေနာက္မလုပ္မိေအာင္ ေရွာင္ၾကဥ္မိေတာ့တာပဲ...
တစ္ခုပဲ...
က်န္႔ေကာက သူ႔အသားကိုထိတာ လံုးဝမႀကိဳက္ဘူးဆိုတဲ့ တခ်က္ပဲ...
ရွပ္လက္ရွည္ကို မေခါက္ဘဲ လက္ဖ်ားေတြထိ ပံုက်ေနေအာင္ ဝတ္ေလ့ရွိတဲ့ ေကာက ၾကယ္သီးေတြေတာ့ တပ္ေလ့မရွိတာကို သတိထားမိတဲ့ေနာက္မွာ ဝမ္ရိေပၚ မ်က္လံုးေတြရဲ႕ ပစ္မွတ္က ခပ္ဟဟ ေပၚေနတဲ့ လက္ေကာက္ဝတ္ေလးေတြပါ အဆစ္ပါလာတယ္..
မ်က္ႏွာခ်င္းဆိုင္ထိုင္မိရင္ မ်က္ႏွာကိုေငးတယ္..
ေခါင္းငံု႔ေနမိရင္ လက္ဖ်ားေလးေတြကို ေငးတယ္..
အစကေတာ့ သူစိုက္ၾကည့္မိတိုင္း က်န္႔ေကာက ေရွာင္တယ္..
အဲဒီအခ်ိန္တိုင္း ဝမ္ရိေပၚရဲ႕ လုပ္ယူထားတဲ့ ေလသံေပ်ာ့ေပ်ာ့ေလးနဲ႔ ေကာကလဲ လို႔ေျပာလိုက္ရင္ သက္ျပင္းေတြခ်ၿပီး ၿငိမ္ေပးတတ္လာတယ္..
ၾကာလာတာနဲ႔အမၽွ မထူးဆန္းေတာ့တဲ့ပံုစံနဲ႔ ရိေပၚမ်က္စိေရွ႕မွာပဲ သူလုပ္စရာရွိတာေတြ လုပ္ေနေတာ့တာပဲ..
လူေတြရဲ႕ ဝမ္ရိေပၚက ဂ်စ္ကန္ကန္နဲ႔တဲ့ ..
က်န္႔ေကာရဲ႕ ဝမ္ရိေပၚက ကေလးဆန္တယ္တဲ့..
က်န္႔ေကာ ေျပာတုန္းက သူၿငိမ္က်သြားခဲ့ေသးတယ္..
အဲဒီ အသံုးအႏႈန္းက သူ႔ခံစားခ်က္ေတြကို ေျဖးေျဖးညိမ့္ညိမ့္ေလး ေဖာက္ခြဲလိုက္သလိုပဲ...
ဒါေပမယ့္ သူခံရတာ မသက္သာခဲ့ဘူး..
ေကာဘက္က ရည္ရြယ္ထားျခင္းမရွိေပမယ့္လဲ သူတို႔ၾကားထဲ ႀကိဳးတစ္ခုတားလိုက္သလို ခံစားလိုက္ရတယ္...
သူ ေကာကိုလိုက္မရွာဘဲ ေနၾကည့္တယ္..
သူ ခိုးရိုက္ထားတဲ့ ေကာဓာတ္ပံုေတြ မၾကည့္ဘဲ ေနၾကည့္တယ္..
အထြက္ call သီးသန္႔ပဲရွိခဲ့တဲ့ ဖုန္းနံပါတ္တစ္ခုကို ဥေပကၡာျပဳၿပီးေနၾကည့္တယ္..
အဲဒီလူနဲ႔မေတြ႕ဘဲ ဘယ္ႏွရက္ေနႏိုင္မလဲဆိုၿပီး စမ္းသပ္ၾကည့္ခ်င္တာ ဝမ္ရိေပၚပဲျဖစ္ခဲ့သလို အဲဒီလူနဲ႔ မေတြ႕ရတာ ဘယ္ႏွမိနစ္ ဘယ္ႏွစကၠန္႔ေတာင္ရွိၿပီ ဆိုၿပီး ကမ႓ာပ်က္ေနတာလဲ ဝမ္ရိေပၚ ပဲျဖစ္ခဲ့ျပန္တယ္..
ရယ္ေတာ့ရယ္ရတယ္
သူ႔မာနေတြက သံုးရက္သာသာပဲ ခံသတဲ့..
ကံေကာင္းရင္ေတာင္ ဆယ္ရက္မွ တခါေလာက္ေတြ႕ရတတ္တဲ့ က်န္႔ေကာ..
မေတြ႕ဘဲေနႏိုင္လား ဆိုတဲ့ စိတ္ထည့္ၾကည့္လိုက္မွ သံုးရက္ေလာက္နဲ႔ သူ႔စိတ္ေရာ ခႏၶာေရာကို ေကာင္းေကာင္းႏွိပ္စက္ပစ္ႏိုင္တဲ့ က်န္႔ေကာ..၊
" ကၽြန္ေတာ့ကိုလြမ္းလား "
ထံုးစံအတိုင္း လူမရွိတဲ့ meeting room တစ္ခုမွာ laptop တလံုးနဲ႔ တေယာက္ထဲ အလုပ္ရႈပ္ေနတဲ့ က်န္႔ေကာကိုေတြ႕ေတြ႕ခ်င္း သူေျပာမိတဲ့စကား...
" ေနမေကာင္းဘူးလား " တဲ့...
အဲဒီလူျပန္ေျပာတဲ့စကား...
နားလည္လိုက္ရတာပါပဲ..
အၿပိဳၿပိဳအလဲလဲ လြမ္းေနခဲ့ရတာ သူ တေယာက္ထဲပဲဆိုတာ..
" အင္း.. "
သူ ဒီေန႔ ေကာကိုမၾကည့္ဘူး..
တကယ္ကေတာ့ မၾကည့္ရဲတာ..
အဲဒီလူကိုပဲ ၾကည့္ေနက် မ်က္လံုးေတြက အိမ္ေျခယာမဲ့တေယာက္လို လမ္းေပ်ာက္ေနတာမ်ား အေယာင္ေယာင္အမွားမွားပဲ...
" ေနမေကာင္းတာကို အိမ္မွာနားလိုက္တာမဟုတ္ဘူး "
" အင္း... ခင္ဗ်ားကို လြမ္းလို႔ "
အဲဒီလူက ရယ္တယ္...
အခုထိသူ႔ကို မၾကည့္ေသးဘဲနဲ႔ေပါ့...
" ၾကည့္ခ်င္လို႔ မဟုတ္ေတာ့ဘူးလား "
သူ စကားမေျပာခ်င္ေတာ့ဘူး...
အဲဒီလူက အႏၲရာယ္မ်ားတယ္..
ေျပာလိုက္တဲ့စကားတိုင္းက သူ႔ကိုနာက်င္ေစတယ္ ၊
" ကိုယ္ေတြပူေနေသးလား "
" ခင္ဗ်ား စမ္းၾကည့္ေလ "
ခုမွသူ႔ကို ေမာ့ၾကည့္လာတဲ့ အဲဒီလူ...
ေသခ်ာၾကည့္မယ္ဆို ရႈပ္ပြေနတဲ့ သူ႔ဆံပင္ေတြနဲ႔ ညိဳမည္းေနတဲ့ မ်က္ကြင္းေတြကိုလဲ ျမင္မွာပဲမလား..
ေသခ်ာၾကည့္စမ္းပါ...
ဒီကေကာင္က ခင္ဗ်ားဂရုစိုက္မႈေတြ ငတ္မြတ္ေနလို႔ !
" ကေလးလဲ မဟုတ္ဘဲနဲ႔ "
ဒိုင္းခနဲပဲ..
ဝမ္ရိေပၚရဲ႕ လက္က်န္အင္အားေလး ေပါက္ကြဲသြားတာမ်ား..
...နဖူးေလးကို လက္ဝါးေလးနဲ႔စမ္းေပးဖို႔ေတာင္ ကၽြန္ေတာ္က ေကာ အတြက္ မထိုက္တန္ဘူးလား...
ခံုေပၚ လက္တင္ၿပီး သူေခါင္းေမွာက္အိပ္မိတယ္...
အဲဒီလူ ကုိမၾကည့္ခ်င္ေတာ့ဘူး...
မဟုတ္ရင္ သူ အေသအခ်ာကို ျပိဳလဲေတာ့မွာ..
" ရိေပၚ "
" .... "
" ရိေပၚ "
" .... "
မေခၚနဲ႔...
ခင္ဗ်ားကို မုန္းတယ္ ။
" ဂ်စ္တူးေလး "
နာက်င္ပစ္ဖို႔ပဲအားစိုက္ေနတဲ့အခ်ိန္ သူ႔ဆံပင္ေတြထဲ လက္ေခ်ာင္းသြယ္သြယ္ေတြ ဝင္လာတယ္....
.. အဲဒီလူဆီက ပထမဆံုး အထိအေတြ႕..
ေသခ်ာသြားတဲ့အခ်ိန္မွာ သူ ကေလးေပါက္စတေကာင္လို ငိုခ်လိုက္ခ်င္တာပဲ..
ဒါ သူ အတိအက် လိုအပ္ေနတဲ့ အဲဒီလူရဲ႕ ဂရုစိုက္မႈတဲ့..
သူ႔ က်န္႔ေကာရဲ႕လက္ေတြက သူ႔ဆံပင္ေတြထဲ ႏူးႏူးညံ့ညံ့ေလး..၊
က်န္႔ေကာက သူ ပစ္ဝင္ခ်င္တဲ့ ကမ႓ာႀကီး...။
အဲဒီေန႔ကစၿပီး ဝမ္ရိေပၚက က်န္႔ေကာနဲ႔ေတြ႕တိုင္း ေၾကာင္ေပါက္ေလးကို သူ႔ေခါင္းေလးကို မသိမသာနဲ႔ထိုးေပးတတ္လာတာပဲ..
ကံေကာင္းတဲ့ေန႔ေတြဆို က်န္႔ေကာက ျပန္ခါနီးရင္ သူ႔ ေခါင္းကိုခပ္ဖြဖြ ပြတ္ေပးတတ္တယ္..
ကံမေကာင္းတဲ့ေန႔က မ်ားေပမယ့္လဲေပါ့..။
" ရိေပၚ "
" ဗ်ာ "
" ျပန္ေတာ့ေနာ္ "
" ဟင့္အင္း "
" မင္းေနမေကာင္းဘူးဆို "
" အခု ေကာင္းသြားပီ "
ေမွာက္အိပ္ေနရာကေန လက္ေပၚေမးေစ့ေလးတင္ၿပီး က်န္႔ေကာ့ကို သူေမာ့ၾကည့္တယ္ ..
ေခါင္းေပၚက ေကာလက္ကိုလွမ္းကိုင္ဖို႔လုပ္ေတာ့ ေကာက တားဆီးသလိုအၾကည့္နဲ႔ၾကည့္တယ္..
ဟုတ္သားပဲ..
ေကာက သူ႔အသားထိရင္မႀကိဳက္ဘူး ။
ဒီလူဆီမွာ က်ရွံုးပါၿပီဆိုၿပီး သူ႔ကိုယ္သူလက္ခံလိုက္ၿပီးတဲ့ေနာက္မွာ
ေကာက မၾကည့္နဲ႔ဆို သူက လိုလိုလားလားကို ကန္းပစ္လိုက္ဖို႔အထိ ေတြးထားၿပီးသား...
က်န္႔ေကာက သူ႔ေလာကႀကီးပဲ...
သူ႔ေလာကႀကီးရဲ႕ ေနမင္းေရာ လမင္းေရာက က်န္႔ေကာပဲ..
အဲဒီ ေလာကႀကီးရဲ႕ တဦးတည္းေသာ ေလာကသားေလးကလဲ ဒီကေကာင္ ဝမ္ရိေပၚပဲ...။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
[Unicode]
" ရှောင်ကျန့်ဆီလာတာ..သူရှိလား "
ဝမ်ရိပေါ် အငြင်းခံရပြန်သည်
ရှောင်းကျန်တို့ရုံးရဲ့ Main lobby က Reception ဆီ မေးလိုက်တိုင်း မရှိပါဘူး မလာပါဘူးဆိုတာချည်းပဲ အဖြေပြန်ရတာ ဘယ်နှရက်ရှိပြီလဲဆိုတာတောင် မမှတ်မိတော့ ...
တခါတလေ လူသစ်တွေကိုမေးမိရင် ဘယ်သူ့ကိုပြောတာလဲ လို့တောင်ပြန်မေးခံရသေးတာမျိုး..
ဒါတောင် သူ့ကိုဝိုင်းလိမ်နေကြသလားလို့ တွေးမိလို့ schedule လွတ်တဲ့ရက်တွေမှာ မိုးလင်းကနေ မိုးချုပ်ထိ ယောင်လည်လည်နဲ့ ထိုင်စောင့်ကြည့်ခဲ့ရတာတွေက ရှိသေးသည် ..
ဒါပေမယ့်လဲ အဲဒီလူက တကယ်ကို ပေါ်မလာခဲ့..၊
ဒါပေါ့..
သူ့ကို အရေးတယူလုပ်ပြီးလှည့်ပတ်လိမ်ရအောင် ရှောင်ကျန့်အတွက် သူက ဘာမို့လို့လဲ...
အမှန်တရားမှန်းသိပေမယ့် ရင်ဘတ်ထဲက နည်းနည်းတော့အောင့်ချင်သည်...။
သူ တကယ် အဲဒီရှောင်ကျန့်ကို တွေ့ချင်နေတာ..
ဒီတိုင်း...
ထိုင်ကြည့်ချင်လို့...။
.
.
.
" ရော့ မင်းသွားလိုက် "
" ဘာလဲ "
" ပန်းချီပြပွဲ "
" မသွားချင်ဘူး "
" ပြီးတာပဲ "
အဲ့မှာတင် ဝမ်ရိပေါ်နဲ့ဟောက်ရွှမ်းရဲ့ အလုပ်ကိစ္စ ဆိုတာကြီး က တခန်းရပ်သွားသည်..
ကုတင်ပေါ်မှာ ပက်လက်ကြီး ဂိမ်းဆော့နေတဲ့ ရိပေါ် ဘေးကို ဟောက်ရွှမ်းက သူပါဝင်လှဲပြီး ဖုန်းထုတ်ဆော့သည်..
" ဟောက်ရွှမ်း "
" အင်း "
" မင်း ကျိရန်ကောကို ဘာလို့ကြိုက်တာလဲ "
" ဟီး....... ကောက "
" တော်ပီ.. မသိချင်တော့ဘူး "
" ဝမ်ရိပေါ် !!!! "
သူ့ဘာလို့ အဲဒီအကြောင်းတွေ သွားမေးမိနေတာလဲ..
ရှုံးတော့မှာပဲ.... ဒီဂိမ်းက ။
ခဏကြာတော့ သူ့အခန်းထဲ ကျိရန်ကောပါ ပေါက်ချလာသည်...
သူ့ Condo ရဲ့ passcode ကိုဟောက်ရွှမ်းရော ကျိရန်ကော ရောသိသလို သူတို့အခန်းတွေကလဲ ရိပေါ်အတွက် တံခါးမရှိ ဓားမရှိ ၊
ဂိမ်းအကြာကြီးမဆော့ဖို့ပြောရင်း သူတို့နှစ်ယောက်ကြားထဲကျပ်ကျပ်သိပ်သိပ် တိုးအိပ်လာတဲ့ ကျိရန်ကောက သူ့ကိုလှမ်းခွထားသေးတာ...
ဒီလိုအချိန်တွေက သူတို့သုံးယောက်ရဲ့ လူတွေမသိတဲ့တဖက်ခြမ်းပဲ...၊
လွပ်လပ်သည်
နွေးထွေးသည်
ပြီးတော့ လုံခြုံသည်...
တခါတလေ နေ့တိုင်း ထသတ်တာကတော့ ဒီနေရာမှာ ခဏဖယ်ထားလိုက်မည်
အခုတောင် သူ့ကိုကျ ကျိရန်ကောကမခွလို့ဆိုပြီ ဆူပုတ်နေတဲ့ ဟောက်ရွှမ်းက ငုတ်တုတ်ထထိုင်သည်..
ပြီးတော့ ခုနက သူ့ဘာသာကိုင်လာတဲ့ ဖိတ်စာကို ထိုင်ဖတ်နေသည်
" ရှောင်ကျန့် "
!!!!!
သူ အသက်ရှုဖို့ ခနမေ့သွားသည်..
သတိဝင်လာတဲ့အချိန်မှာ ကျိရန်ကောကို ဘယ်လိုခွကျော်လာလဲမသိလိုက်ဘဲ ဟောက်ရွှမ်းလက်ထဲက ဖိတ်စာက စက္ကန့်ပိုင်းအတွင်း သူ့လက်ထဲမှာ...
" ငါ....သွားမယ် "
သူ့ရဲ့ အညိုရောင်လေးဆီ...။
..
..
..
သုံးရက်တာ ခင်းကျင်းမယ့်ပွဲမှာ မနေ့က ဖွင့်ပွဲပြုလုပ်ခဲ့ပေမယ့် ပန်းချီဆရာ ရှောင်ကျန့် မတက်ရောက်ခဲ့ပါတဲ့..
ဖိတ်စာပြန်ကြည့်မှ ရှောင်ကျန့်အပြင် တခြားသော ပန်းချီဆရာ ၃ ယောက်ပါပါတယ်ဆိုတာ သူသတိထားမိသည်...
ဒီနေ့လဲ ရှောင်ကျန့် မလာရင် ဆိုတဲ့အတွေးက ဖျတ်ခနဲဝင်လာတဲ့အချိန်မှာ ထင်တာထက် ပိုပြီးစိုးရွံ့သွားတာ သူ့ကိုယ်သူတောင် မယုံနိုင်..
ထင်ခဲ့တဲ့အတိုင်းပါပဲ..
သူ့ မျှော်လင့်ချက်တွေက ည ၁၀ နာရီ ဆိုတဲ့ ပြပွဲပိတ်ချိန်မှာတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့သည်...
သူ့ရှေ့တည့်တည့်က analogous style အညိုရောင်ပန်းချီကားက သူ့ကို လှောင်နေသလိုမျိုး..
မင်း မလုပ်ဖူးတာတွေလုပ်ချင်ဦး တဲ့..။
.
.
.
ရှောင်ကျန့် သူ့လက်က နာရီကို မြောက်ကြည့်လိုက်သည်..
ဒီအချိန်ဆိုရင်တော့ ခန်းမမှာ လူသိပ်မရှိလောက်တော့ဘူးမလား..
အဲဒီအချိန်မှာပဲကျန်းချန်ရဲ့ ဝင်လာတော့ ဆိုတဲ့ msg ကြောင့် သူကားပေါ်က ဆင်းလိုက်သည် ။
ဒီနေ့ အအေးပိုကဲနေသလိုပဲ.. ။
နားနေခန်းကို မသွားသေးဘဲ ရှောင်ကျန့် ပန်းချီပြခန်းထဲအရင်ဝင်လိုက်သည်...
မနေ့က တမင်မလာတာမို့ ဒီနေ့တော့ သူ အချိန်ပေးပြီးကြည့်ချင်သေးသည်..
တမင်အမှောင်ပေးထားတဲ့ လျှောက်လမ်းမှာ တဖက်တချက်က ပန်းချီကားတစ်ခုချင်းစီရဲ့ အပေါ်က သီးသန့်မီးအိမ်လေးတွေကသာ တခုထဲသော အလင်းရောင်ဖြစ်နေတာက နစ်မြောချင်စရာကောင်းသည်..
ပြီးတော့ မီးအိမ်တိုင်းရဲ့ ဖန်သားတွေကလဲ သူသဘောကျတဲ့ အဝါရောင်ဖျော့ဖျော့..
ကျန်းချန်နဲ့ ကျန်းလီကျဲ တို့တမင်တကာ သူ့အကြိုက်လုပ်ထားတာမှန်း သိသာနေတော့ သူပြုံးမိသည်..
" ရှောင်ကျန့် !! "
ဝမ်ရိပေါ်တယောက် သူ့ရှေ့က အဲဒီလူဆီ စက္ကန့်ပိုင်းအတွင်း ရောက်ချသွားသည်...
သူ့ကိုတွေ့တော့ လန့်ဖြတ်သွားတဲ့မျက်ဝန်းတွေကို လှမ်းမြင်လိုက်ရတာတောင် ပထမဆုံးထွက်လာတဲ့ အသံက " အော် ဝမ်ရိပေါ်" တဲ့...
ဒီလူဟာ ဘယ်လောက်တောင် ထုရိုက်ချင်စရာ ကောင်းလိုက်လဲ !!
သူ ဘာမှမပြောဘဲ စိုက်ကြည့်နေလိုက်တော့ ချောင်းဟန့်ပြီး အရှက်ပြေ မျက်တောင်ခတ်လိုက်တဲ့ ရှောင်ကျန့်..
စုစုပေါင်း နှစ်ချက်..။
" ဝမ်ရိပေါ် ? "
" ဘာလဲ "
သူ့အသံက ဆောင့်အောင့်ပြီးထွက်သွားသည်..
သူ့မျက်နှာကြီး စူပုတ်ပွနေမယ်ဆိုတာသိလဲ သူမထိန်းနိုင်တော့..
" မင်းက ပန်းချီတွေစိတ်ဝင်စားတာလား "
" မဝင်စားဘူး "
"...... အော် "
" ....... "
" ဆောရီး..ငါက မင်းပြပွဲလာကြည့်တယ် ထင်လိုက်တာ "
" မဟုတ်ဘူး..ခင်ဗျားကို လာကြည့်တာ "
တုန့်ပြန်မှုတွေထပ်မရှိတော့တဲ့ သူတို့နှစ်ယောက်ကြား ချက်ချင်းတိတ်ဆိတ်သွားပြန်သည်..။
ရိပေါ်က သူ့ရှေ့က ရှောင်ကျန့်မျက်နှာကို တစိုက်မတ်မတ်စိုက်ကြည့်နေသည် ၊
ဆံပင်နည်းနည်းရှည်လာတယ်..
မျက်ကွင်းတွေလဲကျနေတယ်..
ပါးပေါ်က အနီစက်တွေက ဘာလဲ..ခြင်ကိုက်တာလား..
နှုတ်ခမ်းတွေကလဲ နဂိုထက်ပိုခြောက်ကပ်နေသလိုပဲ..
ဒါပေမယ့် လှတယ်.. တရားလွန်ပဲ ။
" ဒါဆို..ငါ့ကိုခွင့်ပြုပါဦး "
" နေဦး "
ရိပေါ်သတိဝင်လာတဲ့အချိန် သူ့ကိုကျော်ပြီးသွားနေပြီဖြစ်တဲ့ ရှောင်ကျန့်လက်တွေကို အမြန်လှမ်းဆွဲလိုက်သည်..
မြန်ဆန်လွန်းစွာပဲ အရှိန်နဲ့ဆောင့်ရုန်းလိုက်တဲ့ လက်တစ်ဖက်ကြောင့် သူနောက်ကို ယိုင်ထွက်သွားသည်..
" ရှောင်ကျန့် !! "
သူ့အသံက ဟိန်းထွက်သွားတဲ့အချိန်မှာ အဲဒီလူက သူ့ကိုတချက်လေးတောင်မကြည့်ဘဲ ကျောခိုင်း ထွက်သွားသည်....
" ကျန့်ကော.. "
သူ တဆင့်လျှော့လိုက်မိတယ်..
သူမသိဘူး..
အခုချိန်မှာ အဲဒီလူကို ထွက်မသွားစေချင်တာကလွဲပြီး ဝမ်ရိပေါ် ဘာမှမမြင်တော့ဘူး..
အဲဒီလူရဲ့ လျော့ရဲသွားတဲ့ ခြေလှမ်းကျဲကျဲတွေမြင်တော့ သူပျော်သွားတယ်..
ပြီးတော့ သေချာ မှတ်ထားလိုက်တယ်
ကျန့်ကောက လူဆိုးတွေကို သဘောမကျဘူး !
အဲဒီအခိုက်အတန့်က စပြီး ဟိုးဟိုးနောက်အနာဂတ်တွေထိ ဝမ်ရိပေါ်က လိမ္မာချင်ယောင်ဆောင်တတ်တဲ့ နတ်ဆိုးလေးဖြစ်ခဲ့တယ်
ကျန့်ကောတယောက်ထဲ ရှေ့မှာပေါ့...။
" ကျန့်ကော "
သူ ကောရှေ့မှာ ရပ်လိုက်ပြီး ခဏနေတော့ ရှောင်ကျန့်ကမော့ကြည့်လာတယ်..
သူ့မျက်လုံးတည့်တည့်ကို ကြည့်လာတဲ့ အဲဒီလူရဲ့ မျက်ဝန်းတွေထဲ ခံစားချက်တွေက ဖမ်းမိဖို့ခက်ခဲလွန်းတယ်..
အနည်းဆုံးတော့ ဒေါသရိပ်လေးဖြစ်ဖြစ် ရှိနေသင့်တယ်မလား..
သူ့ကျန့်ကောက အရမ်းလှတဲ့ ကျောက်ရုပ်ကြီးပဲ ။
" ဝမ်ရိပေါ် "
" ဗျာ "
ကျန့်ကော မျက်ခုံးတွေတွန့်ကွေးသွားတယ်..
သူကိုယ်တိုင်ရောပဲ..
ဘာလဲ " ဗျာ " က ?
" မင်း.... "
" အင်း "
" မင်း....ငါ့အပေါ်ရိုးသားလား "
ဝမ်ရိပေါ် ဆွံ့အသွားတယ်...
သုံးကြိမ်ပဲရှိသေးတဲ့ တွေ့ဆုံမှု မှာ ဒီလူဆီက ဒီလိုမေးခံရအောင် သူဘာတွေလုပ်မိခဲ့လဲ ?
သူမသိဘူး..
သူသိတာက တစ်ခုပဲ
" ကျွန်တော်က ဒီတိုင်း... "
" ....... "
" ကောကို ကြည့်နေချင်လို့ "
စကားလုံးတွေပျောက်သွားပုံရတဲ့ ကောကို သူပဲ ထပ်ဖြည့်ပြောပေးလိုက်တယ်..
" နေ့တိုင်း "
စကားမပြောရင်တောင် ကောက လှတာမို့ အခု ကျွန်တော်အဆင်ပြေပါတယ် ။
.
.
.
အဲဒီညက သူ့ရဲ့ ယောင်ချာချာစကားကို ကောက ဘယ်လိုသတ်မှတ်လိုက်လဲ မသိပေမယ့် သူ့အပေါ် ထူးထူးခြားခြား ပြောင်းလဲ ဆက်ဆံတာမျိုးမရှိခဲ့ဘူး..
အရင်လိုပဲ တွေ့ရင် အော် ဝမ်ရိပေါ် နဲ့ပဲစတုန်းပဲ..
ထူးဆန်းတာကတော့ သူပဲ...ဝမ်ရိပေါ်ပဲ
ကျန့်ကောရှေ့ရောက်ရင် ဝပ်ဆင်းပေးချင်လာတယ်
ကျန့်ကောနားရောက်ရင် လိမ္မာပစ်ချင်လာတယ်
ကျန့်ကောဘက်က တစက်ကလေးမှ တောင်းဆိုတယ်ဆိုတာမျိုးမရှိပေမယ့် ဝမ်ရိပေါ်ကတော့ ကျန့်ကောမျက်ခုံးတွေ တွန့်ချိုးသွားတိုင်း သူဘာလုပ်မိလဲ အထပ်ထပ်ဆန်းစစ်ရင်း နောက်မလုပ်မိအောင် ရှောင်ကြဉ်မိတော့တာပဲ...
တစ်ခုပဲ...
ကျန့်ကောက သူ့အသားကိုထိတာ လုံးဝမကြိုက်ဘူးဆိုတဲ့ တချက်ပဲ...
ရှပ်လက်ရှည်ကို မခေါက်ဘဲ လက်ဖျားတွေထိ ပုံကျနေအောင် ဝတ်လေ့ရှိတဲ့ ကောက ကြယ်သီးတွေတော့ မတပ်တတ်တာကို သတိထားမိတဲ့နောက်မှာ ဝမ်ရိပေါ် မျက်လုံးတွေရဲ့ ပစ်မှတ်က ခပ်ဟဟ ပေါ်နေတဲ့ လက်ကောက်ဝတ်တွေပါ အဆစ်ပါလာတယ်..
မျက်နှာချင်းဆိုင်ထိုင်မိရင် မျက်နှာကိုငေးတယ်..
ခေါင်းငုံ့နေမိရင် လက်ဖျားလေးတွေကို ငေးတယ်..
အစကတော့ သူစိုက်ကြည့်မိတိုင်း ကျန့်ကောက ရှောင်တယ်..
အဲဒီအချိန်တိုင်း ဝမ်ရိပေါ်ရဲ့လုပ်ယူထားတဲ့ လေသံပျော့ပျော့လေးနဲ့ ကောကလဲ လို့ပြောလိုက်ရင် သက်ပြင်းတွေချပြီး ငြိမ်ပေးတတ်လာတယ်..
ကြာလာတာနဲ့အမျှ မထူးဆန်းတော့တဲ့ပုံစံနဲ့ ရိပေါ်မျက်စိရှေ့မှာပဲ သူလုပ်စရာရှိတာတွေ လုပ်နေတော့တာပဲ..
လူတွေရဲ့ ဝမ်ရိပေါ်က ဂျစ်ကန်ကန်နဲ့တဲ့ ..
ကျန့်ကောရဲ့ ဝမ်ရိပေါ်က ကလေးဆန်တယ်တဲ့..
ကျန့်ကော ပြောတုန်းက သူငြိမ်ကျသွားခဲ့သေးတယ်..
အဲဒီ အသုံးအနှုန်းက သူ့ခံစားချက်တွေကို ဖြေးဖြေးညိမ့်ညိမ့်လေး ဖောက်ခွဲလိုက်သလိုပဲ...
ဒါပေမယ့် သူခံရတာ မသက်သာခဲ့ဘူး..
ကောဘက်က ရည်ရွယ်ထားခြင်းမရှိပေမယ့်လဲ သူတို့ကြားထဲ ကြိုးတစ်ခုတားလိုက်သလို ခံစားလိုက်ရတယ်...
သူ ကောကိုလိုက်မရှာဘဲ နေကြည့်တယ်..
သူ ခိုးရိုက်ထားတဲ့ ကောဓာတ်ပုံတွေ မကြည့်ဘဲ နေကြည့်တယ်..
အထွက် call သီးသန့်ပဲရှိခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို ဥပေက္ခာပြုပြီးနေကြည့်တယ်..
အဲဒီလူနဲ့မတွေ့ဘဲ ဘယ်နှရက်နေနိုင်မလဲဆိုပြီး စမ်းသပ်ကြည့်ချင်တာ ဝမ်ရိပေါ်ပဲဖြစ်ခဲ့သလို အဲဒီလူနဲ့ မတွေ့ရတာ ဘယ်နှမိနစ် ဘယ်နှစက္ကန့်တောင်ရှိပြီ ဆိုပြီး ကမ႓ာပျက်နေတာလဲ ဝမ်ရိပေါ် ပဲဖြစ်ခဲ့ပြန်တယ်..
ရယ်တော့ရယ်ရတယ်
သူ့မာနတွေက သုံးရက်သာသာပဲ ခံသတဲ့..
ကံကောင်းရင်တောင် ဆယ်ရက်မှ တခါလောက်တွေ့ရတတ်တဲ့ ကျန့်ကော..
မတွေ့ဘဲနေနိုင်လား ဆိုတဲ့ စိတ်ထည့်ကြည့်လိုက်မှ သုံးရက်လောက်နဲ့ သူ့စိတ်ရော ခန္ဓာရောကို ကောင်းကောင်းနှိပ်စက်ပစ်နိုင်တဲ့ ကျန့်ကော..
" ကျွန်တော့ကိုလွမ်းလား "
ထုံးစံအတိုင်း လူမရှိတဲ့ meeting room တစ်ခုမှာ laptop တလုံးနဲ့ တယောက်ထဲ အလုပ်ရှုပ်နေတဲ့ ကျန့်ကောကိုတွေ့တွေ့ချင်း သူပြောမိတဲ့စကား...
" နေမကောင်းဘူးလား " တဲ့...
အဲဒီလူပြန်ပြောတဲ့စကား...
နားလည်လိုက်ရတာပါပဲ..
အပြိုပြိုအလဲလဲ လွမ်းနေခဲ့ရတာ သူ တယောက်ထဲပဲဆိုတာ..
" အင်း.. "
သူ ဒီနေ့ ကောကိုမကြည့်ဘူး..
တကယ်ကတော့ မကြည့်ရဲတာ..
အဲဒီလူကိုပဲ ကြည့်နေကျ မျက်လုံးတွေက အိမ်ခြေယာမဲ့တယောက်လို လမ်းပျောက်နေတာများ အယောင်ယောင်အမှားမှားပဲ...
" နေမကောင်းတာကို အိမ်မှာနားလိုက်တာမဟုတ်ဘူး "
" အင်း... ခင်ဗျားကို လွမ်းလို့ "
အဲဒီလူက ရယ်တယ်...
အခုထိသူ့ကို မကြည့်သေးဘဲနဲ့ပေါ့...
" ကြည့်ချင်လို့ မဟုတ်တော့ဘူးလား "
သူ စကားမပြောချင်တော့ဘူး...
အဲဒီလူက အန္တရာယ်များတယ်..
ပြောလိုက်တဲ့စကားတိုင်းက သူ့ကိုနာကျင်စေတယ် ၊
" ကိုယ်တွေပူနေသေးလား "
" ခင်ဗျား စမ်းကြည့်လေ "
ခုမှသူ့ကို မော့ကြည့်လာတဲ့ အဲဒီလူ...
သေချာကြည့်မယ်ဆို ရှုပ်ပွနေတဲ့ သူ့ဆံပင်တွေနဲ့ ညိုမည်းနေတဲ့ မျက်ကွင်းတွေကိုလဲ မြင်မှာပဲမလား..
သေချာကြည့်စမ်းပါ...
ဒီကကောင်က ခင်ဗျားဂရုစိုက်မှုတွေ ငတ်မွတ်နေလို့ !
" ကလေးလဲ မဟုတ်ဘဲနဲ့ "
ဒိုင်းခနဲပဲ..
ဝမ်ရိပေါ် ရဲ့ လက်ကျန်အင်အားလေး ပေါက်ကွဲသွားတာများ..
...နဖူးလေးကို လက်ဝါးလေးနဲ့စမ်းပေးဖို့တောင် ကျွန်တော်က ကော အတွက် မထိုက်တန်ဘူးလား...
ခုံပေါ် လက်တင်ပြီး သူခေါင်းမှောက်အိပ်မိတယ်...
အဲဒီလူ ကိုမကြည့်ချင်တော့ဘူး...
မဟုတ်ရင် သူ အသေအချာကို ပြိုလဲတော့မှာ..
" ရိပေါ် "
" .... "
" ရိပေါ် "
" .... "
မခေါ်နဲ့...
ခင်ဗျားကို မုန်းတယ် ။
" ဂျစ်တူးလေး "
နာကျင်ပစ်ဖို့ပဲအားစိုက်နေတဲ့အချိန် သူ့ဆံပင်တွေထဲ လက်ချောင်းသွယ်သွယ်တွေ ဝင်လာတယ်....
.. အဲဒီလူဆီက ပထမဆုံး အထိအတွေ့..
သေချာသွားတဲ့အချိန်မှာ သူ ကလေးပေါက်စတကောင်လို ငိုချလိုက်ချင်တာပဲ..
ဒါ သူ အတိအကျ လိုအပ်နေတဲ့ အဲဒီလူရဲ့ ဂရုစိုက်မှုတဲ့..
သူ့ ကျန့်ကောရဲ့လက်တွေက သူ့ဆံပင်တွေထဲ နူးနူးညံ့ညံ့လေး..
ကျန့်ကောက သူ ပစ်ဝင်ချင်တဲ့ ကမ႓ာကြီး...။
အဲဒီနေ့ကစပြီး ဝမ်ရိပေါ်က ကျန့်ကောနဲ့တွေ့တိုင်း ကြောင်ပေါက်လေးကို သူ့ခေါင်းလေးကို မသိမသာနဲ့ထိုးပေးတတ်လာတာပဲ..
ကံကောင်းတဲ့နေ့တွေဆို ကျန့်ကောက ပြန်ခါနီးရင် သူ့ ခေါင်းကိုခပ်ဖွဖွ ပွတ်ပေးတတ်တယ်..
ကံမကောင်းတဲ့နေ့က များပေမယ့်လဲပေါ့..။
" ရိပေါ် "
" ဗျာ "
" ပြန်တော့နော် "
" ဟင့်အင်း "
" မင်းနေမကောင်းဘူးဆို "
" အခု ကောင်းသွားပီ "
မှောက်အိပ်နေရာကနေ လက်ပေါ်မေးစေ့လေးတင်ပြီး ကျန့်ကော့ကို သူမော့ကြည့်တယ် ..
ခေါင်းပေါ်က ကောလက်ကိုလှမ်းကိုင်ဖို့လုပ်တော့ ကောက တားဆီးသလိုအကြည့်နဲ့ကြည့်တယ်..
ဟုတ်သားပဲ..
ကောက သူ့အသားထိရင်မကြိုက်ဘူး ။
ဒီလူဆီမှာ ကျရှုံးပါပြီဆိုပြီး သူ့ကိုယ်သူလက်ခံလိုက်ပြီးတဲ့နောက်မှာ
ကောက မကြည့်နဲ့ဆို သူက လိုလိုလားလားကို ကန်းပစ်လိုက်ဖို့အထိ တွေးထားပြီးသား...
ကျန့်ကောက သူ့လောကကြီးပဲ...
သူ့လောကကြီးရဲ့ နေမင်းရော လမင်းရောက ကျန့်ကောပဲ..
အဲဒီ လောကကြီးရဲ့ တဦးတည်းသော လောကသားလေးကလဲ ဒီကကောင် ဝမ်ရိပေါ်ပဲ...။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~