Black Memory(U+Z)(Completed )

Door naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... Meer

Part-1
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-2

33.9K 1.9K 14
Door naykyihtun

Unicode

"ရှမ်း နှစ်ပွဲနော်"

ခေါက်ဆွဲဆိုင်က အစ်ကိုကြီးကို မှာလိုက်ပြီးနောက် ခေါင်လေးနဲ့ နွေးတို့နှစ်ယောက်အတူတူ စားပွဲ တစ်ခုမှာ ဝင်ထိုင်
လိုက်ကြပါသည်။

"ပြောပါအုံး မနေ့ကဘာဖြစ်တာလဲ"

ခေါင်လေး က စကားစေတာ့ နွေးက ရေနွေးခွက်ထဲက ရေကိုတစ်ငုံ အရင်သောက်လိုက်ပါသည်။

"နင် ယောကျာ်း လေးတွေကိုကြိုက်တာလား"

ခေါင်လေး ဘာစကားမှ မဆိုပဲ နွေးကိုအံ့သြ တွေးဝေစွာ ကြည့်၏။ ပြီးမှ စကားဆက်လေသည်။

"နင်ဘယ်လို သိတာလဲ"

"ဒါဆို ငါထင်တာ သေချာတယ်ပေါ့"

"နင် ဘယ်လို သိသြားတာလဲ လို့။ တစ်ယောက်ယောက် လာပြောတာလား"

"ပြောစရာလား ခေါင်လေး နင့် အကြောင်း
ငါတောင် မသိတာ ဘယ်သူက သိမှာလဲ"

နွေး ကိုကြည့်ရင်း ခေါင်လေး ဘာပြောရမယ်မသိ။ ကိုယ့်ဟာကိုယ်တောင် ဒီလိုလူမျိုးမှန်း သိတာ တစ်နှစ်မပြည့်သေးပေ။သိသိချင်း ရှက်လို့ ဘယ်သူ့ကိုမှမပြောပြဖြစ်ခဲ့သည့်နောက်ယုံတောင်မယုံနိုင်လို့ စမ်းသပ်ချင်စိတ်ဖြင့် ယောကျာ်း တစ်ချို့နဲ့ sexလုပ်ခဲ့သေးသည်။ အခုတော့များဖြင့် သူဟာ sex
စွဲလန်းသူကြီးကို ဖြစ်မှန်းမသိဖြစ်နေပေပြီ။

"အဲ့တာမေးမလို့ မနေ့ကဖုန်းတွေခေါ်ထားတာလား"

"အေ့လေ နင်က ဘာလုပ်နေလို့ဖုန်းမကိုင်တာလဲ"

"Dateနေလို့ "

"ဘာ!!!ဒါဆို နင့် ကောက်မလေး အဲ့ ဘယ်လိုခေါ်ရမှာလဲ နင့်ရည်းစား နဲ့ လျှောက်သွားနေတာပေါ့"

နွေးစကား ကြောင့် ခေါင်လေးက ရယ်ရင်း လာချပေးတဲ့ ရှမ်းခေါက်ဆွဲကို တူ ယူပြီး
မွှေလိုက်ကာ.....

"ငါ့ ရည်းစားမဟုတ်ပါဘူးဟာ။ သူနဲ့
တစ်ရက်လောက် dateပေးပါဆိုပြီး အတင်းတောင်းဆိုလို့ သွားချင်တဲ့ နေရာ
တွေကို လိုက်ပို့ပေးနေတာ"

"ဖြစ်ရလေဟယ်။ ငါကေတာ့ နင်များ တစ်ခုခုဖြစ်ပြီလားဆိုပြီး စိုးရိမ်သွားတာ သူကျတော့ သာယာနေတယ်"

"မသာယာပါဘူး ။သြော် ဒါနဲ့ နင်ငါမေးတာ
မဖြေသေးဘူး ငါ့အကြောင်းဘယ်လိုသိသွားတာလဲ"

နွေးက ရှမ်းခေါက်ဆွဲကို စားရင်း ရေးနွေးလေးသောက်ပြီး ဆက်ပြောပါသည်။

"လိမ်မယ်ဆိုရင်လည်း ပိပိရိရိလိမ်လေ ခုတော့ blကားတွေကြည့်ပြီး likeပေးထားတယ် ငါ့မယ် မြင်မြင်ချင်း အံ့တွေကို
သြလို့။ ငါ့ရှေ့မှာ ကျားကျားယားယားနဲ့ နောက်ကွယ်မှာ ဂေးနေတယ်ဆိုတော့"

"ဟာ ဂေး ဖြစ်တိုင်း နွှဲ့စရာလားဟ မိန်မစိတ်ပေါက်ပြီး ခြောက်နေတာမှမဟုတ်တာ ငါက နင့်ရှေ့လဲဒီလိုပဲ ကွယ်ရာလဲ ဒီလိုပဲ "

"အဲ့လိုလား မသိပါဘူးဟယ် ငါက ဂေးပြီဆ်ိုနွှဲ့တယ်ပဲ ထင်နေတာ"

"တော်တော့ နွှဲ့ရမှာကို တွေးရင်းနဲ့တောင်
လန့်တယ်။ ကိုယ့်ဟာကိုယ် ဂေး နေတာတောင် ဘယ်သူမှမပြောရဲဘူး။
တော်ကြာ ငါ့သူငယ်ချင်း တွေသိပြီး မပေါင်းချင်ဘူးတွေ ဘာတွေ ဖြစ်ကုန်မှာ ကြောက်လို့"

ခေါင်လေး၏ အလန့်တကြားမျက်နှာဟာ စိုးရိမ်မူတွေအထင်းသားပေါ်နေ၏။ သူငယ်ချင်းတွေတောင် အသိမခံနိုင်ရင်
မိဘတွေဆိုရင်ရော လို့မေးချင်ပေမယ့် သူမ သက်ပြင်းသာ ချနိုင်တော့၏။

"ဒါဖြင့် ငါသိသွားတော့ရော ငါနင့်ကို မပေါင်းတော့မှာ မကြောက်ဘူးလား"

"မတူဘူးလေ။ နင့်မျက်နှာက ငါ့ကို မပေါင်းချင်တဲ့ မျက်နှာ မှမဟုတ်တာ ပြီးတော့
ငါအဲ့လိုဖြစ်နေရင်တောင် နင် နားလည်ပေးမယ်မလား"

ကိုယ့်ဟာကိုယ်တောင် မာန်တတ်ချင်သွားပါ၏။ တကယ်ကိုပဲခေါင်လေးနဲ့ သူမဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်သည်
ဆိုတာကို နားလည်သွားစေခဲ့ပါသည်။

"စားပြီးရင် ဘယ်သွားမှာလဲ"

"မသွားတော့ဘူး စာကျက်ရအုံးမယ်"

"အစောကြီး ရှိသေးတယ် စာမေးပွဲက
တစ်လတောင် လိုသေးတယ်"

"မတူဘူးလေဟယ် ငါက final.. Star
ပါအောင်ဖြေမှာ "

"ငါလဲ finalပဲ "

"အောင်မယ်..တစ်နှစ်ကို နှစ်ခါတတ်တဲ့ကောင်ကများ"

"နင်!!"

ခေါင်လေး၏ လက်ခေါက်စာကို နွေး ခံလိုက်ရ၏။ သူမတို့ နှစ်ယောက်ဟာ မနေ့က စိမ်းသက်သလိုရှိခဲ့ပေမယ့် ဒီနေ့တော့ပုံမှန်အတိုင်းပါပဲ။ အရာအားလုံးဟာ အဆင်ပြေ
လျက်ရှိနေပါသည်လေ။

ခေါက်ဆွဲစားပြီးတော့ ခေါင်လေးက နွေးကို အဆောင်ပြန်ပို့ပေးပြီး ကိုယ့်အဆောင်ကို ပြန်ခဲ့လိုက်ပါတယ်။ နွေးတို့ အဆောင်နဲ့ ​ ခေါင်လေးတို့အဆောင်ဟာ လမ်းမကြီးကို
ဖြတ်ရတာမို့ နဲနဲတော့ ဝေးပါသည်။
ခေါင်လေးသည် အဆောင်ပြန်ရောက်သည်နှင့် အားရပါရလှဲချပြီး အိပ်ဖို့
စိတ်ကူးလိုက်ပေမယ့် အဆောင်ခန်းထဲမှာ တစ်ခါမှမမြင်ဖူးတဲ့ ကောင်လေးတစ်ယောက် တစ်ခြား သူငယ်ချင်းတွေနဲ့
စကားဖောင်ဖွဲ့နေတာက်ို တွေ့လိုက်ရပါသည်။

"ငဘုန်း ဘာလဲ မင်းဆော်နဲ့ မနက်စာ သွားစားတာလား"

လူတွေဆိုတာ အဲ့လိုပါပဲ။ ကျွန်တော်နဲ့ နွေးဟာ သူငယ်ချင်းတွေလို့ ဘယ်လောက်
ပြောပြော မယုံကြပါဘူး။ ဒါနဲ့ပဲ သူတို့
ပြောသလို ခေါင်းမငြိမ့်ခေါင်းမခါပဲနေတော့ နွေးဟာ ခေါင်လေးရဲ့ ရည်းစားဖြစ်မှန်းမသိ ဖြစ်ရပြန်ပါတယ်။

"အဆောင်သား အသစ်လား"

သူ့ဘေးနား လာရပ်သည့် သူငယ်ချင်း စိုင်းမင်းကို ကိုမေးတော့ သူမေးငေါ့ပြသည့်နေရာကို ကြည့်ရင်း..

"မဟုတ်ဘူး လမင်းရဲ့သူငယ်ချင်း လာလည်တာတဲ့ ကျောင်းပြီးပြီထင်တယ် လားရှိုးမှာနေတယ်ပြောတယ် ။ Barဖွင့်ထားတယ် လာလည်ကြတဲ့"

"ဟာ ကြိုက်ပြီလေ။ မိတ်ဆက်ပေးအုံး.. Barတွေဘာတွေဆို စိတ်ဝင်စားတယ်"

ကျောင်းပြီးပြီဟု မထင်ရသော ကောင်လေးက သူ့ထက်တောင် နုပြီး ချောနေသေးသည်။ စိုင်မင်းကိုက သူငယ်ချင်းတွေဝိုင်းကာ ထိုင်စကားပြောနေသည့် နေရာသို့ ဦးဆောင်သွားတာမို့ သူလည်း နောက်က လိုက်သွား
လိုက်သည်။

"ကို သုတရဲ့ Bar က ဘယ်မှာလဲ "

စိုင်းမင်းကို က မေးတော့ ထိုသုတဆိုသူက ဖြေဖို့ရန် စိုင်မင်းကို ကို ကြည့်ပေမယ့် ဘေးနားက ခေါင်းလေးကို မြင်တော့
အကြည့်တွေရပ်တန့်သွားရှာ၏။ ခေါင်လေးသည် အပြုံးတစ်ဝက်ကို ဖန်ဆင်းကာ ပြုံးပြတော့ ထိုလူက ပြန်လှည့်သွားကာ..

"မန်ဆူဘက်မှာလေ လာရင် ဖုန်းဆက်လိုက်ကြ ။ serviceကောင်းကောင်းပေးမယ်"

"Ok ဗျာ ကျွန်တော်တို့အတွက်တော့ သောက်စရာ စုံရင်ရပြီ"

"ရေစရမယ် စိတ်ချ"

ပြောရင်း ပြုံးနေသော ထိုလူ၏ အပြုံးက ငေးပြီးရင်း ငေးချင်စရာကောင်း၏။

"ဒါဖြင့် အစ်ကို့ ဖုန်းနံပါတ် ပေးထားလေ ။ လာဖြစ်ရင် ဖုန်းဆက်လို့ရတာပေါ့"

ခေါင်လေးသည် စကားကို သွက်လက်စွာ ပြောရင်း သူ့ဖုန်းကိုထုတ်လိုက်၏။ ထိုလူကလည်း လူမူရေးဟူသည်ကို
သိတတ်စွာ ခေါင်လေး ပြောပြသည့် ဖုန်းကို ခေါ်ပေးလိုက် ပါသည်။

"အစ်ကို့ နာမည်ကရော ဘယ်လိုမှတ်ထားရမှာလဲ"

"နှိုင်းသုတလျှံ ပါအဆင်ပြေသလိုမှတ်လေ"

"ဟင် နှိုင်းသုတလျှံ ဟုတ်လား ဘာနေ့သားလဲ"

"ဘာလို့လဲ"

ခေါင်လေးသည် သူစပ်စုလွန်းအားကြီးသွားသည်ကို သတိ ရသွားကာ ပါးစပ်ကို အရှိန်ထိန်းလိုက်ရ၏။ သူဆက်မပြောတော့
လမင်းက ဝင်ပြောပေးရှာသည်။

"သူ့နာမည်က ဘုန်းထွဋ်ခေါင်လျှံ လေ နဲနဲဆင်နေလို့ နေမှာပေါ့"

ဒီတော့မှ နှိုင်းသုတလျှံ က "သြော် " ဟုဆိုကာ ခေါင်းလေးငြိမ့်၏။

" 18.11.1995 ။ ဒီက ညီလေးရော"

"Wow ကျွန်တော်လည်း 18.11လပဲ
ဒါပေမယ့် ကျွန်တော်က 1998 သောကြာ သား "

"မွေးနေ့တူတယ်ဟေ့ အထိမ်းအမှတ် နေတဲ့ နှစ်ယောက်ပေါင်းပြီး တစ်ဝိုင်း ထောင်လိုက်တော့"

စိုင်းမင်းကိုက ဆော်သြတော့ အကုန်လုံးက ထောက်ခံကြသဖြင့် ခေါင်လေးနဲ့ နှိုင်းလည်း ပြုံးရယ်မိကြ၏။ ထိုနေ့က
လူနှစ်ယောက်ကြား အစိုင်အခဲတစ်ခုကို စတင်ဖြစ်ပေါ်စေခဲ့ပါသည်။

နှိုင်းသုတလျှံ ပြန်သွားသည်နှင့် ခေါင်လေးသည် အိပ်ရေးမဝသည့် မျက်လုံးတွေကို အနားပေးဖို့ကြိုးစားလိုက်ပါသည်။

"သားကြီး အိပ်မနေနဲ့ ကျူရှင်သွားမယ်"

မျက်လုံးလေး မှိတ်ဖို့တောင် မစဉ်းစားရသေး ကျူးရှင်သွားရမည် ဟူသော အသိကြောင့်
မထချင်ထချင်ဖြင့် ပြန်ထလိုက်ရ၏။ ပထဝီမေဂျာ King ဖြစ်ထားသည့်
သူတစ်ယောက်အတွက် အိပ်ရာထခါစပုံစံဖြင့် မသွားသင့် တာကြောင့် အနဲငယ် ရွိုင်းရပါသေးသည်။ ပခုံးထိကျော်နေ သည့်
ဆံပင်တွေကို အကုန်စုစည်းလိုက်ပြီး Nike ဘောင်းဘီ စိမ်းပုတ်ရောင် ကို ဝတ်ကာ
အပေါ်ကအဖြူရောင် ရှပ်အကျီ် ခပ်ကြီးကြီး ကို ဝတ်ဆင်လိုက်ပါသည်။

"ဟျောင့် ဒီရုပ်က ဒီရုပ်ပဲ ပြင်မနေနဲ့ နောက်ကျနေပြီ မြန်မြန်လာ"

စိုင်းမင်းကို ၏ လှုံ့ဆော်သံကြောင့် ကျောပိုးအိတ်ကို အမြန်
ကောက်လွယ်ပြီး ပြေးထွက်ခဲ့လိုက်သည်။ အဆောင်ထဲမှာ သူငယ်ချင်းတွေအများကြီး
ရှိသော်လည်း ခေါင်လေးနဲ့
စိုင်းမင်းကိုသာ မေဂျာတူ အတန်းတူ ကျူရှင်တူလျက် တခြားသူတွေကတော့ မတူကြပေ။ ကျူရှင်ရောက်တော့ Techalတောင်
ရောက်လို့နေပေပြီ။ နောက်ကျနေသည့်
သူတို့နှစ်ယောက်ကိုမျက်လုံးလေး တစ်ချက်လှန်ကြည့်ပေမယ့် ဘာမှတော့မပြောပေ။ တက္ကသိုလ် က ဆရာမတွေသည် stage ကျောင်းသားဘဝက ဆရာမေတြလို သိပ်ကြောက်စရာတော့ မကောင်းပေ။

"ဘုန်းထွဋ်ခေါင်လျှံ!!"

"ဗျာ techal "

"first, sec ,third ,final EC တွေ အကုန် စုပြီး မနက်ဖြန် ချယ့်ကို လာတွေ့ welcomeအတွက် အစည်းအဝေးလုပ်မယ်လို့ပြော"

"ဟုတ် Chal"

ကျူရှင်ပြီး၍ ဆရာမ ပြန်ထွက်သွားသည့်အခါ ခေါင်းလေး တစ်ယောက် ထိုင်ခုံမှာ ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်။

"အိပ်ယာလေးရေ လွမ်းလိုက်တာကွာ။ ခဏတော့ခွဲနေရအုံးမှာပဲ ငါ့ကိုခွင့်လွှတ်နော်"

"မင်း ဘဝအတွက် ရင်လေးတယ်"

"ငါ့ကို ကယ်တင်ပေးနိုင်တဲ့သူမရှိတော့ဘူးလားကွာ။ တီချယ်လဲ ငါ့ပဲ မှတ်မိတာလား
မသိဘူး။ နှစ်တိုင်း ငါ့နာမည်ပဲ
ခေါ်နေတယ်။ အေမေရ အမေ့သားလေ EC လုပ်ချင်လွန်းလို့ ကြွခဲ့တဲ့ ပထမနှစ်ကြီးကို မုန်းလိုက်တာ"

စိုင်းမင်းကိုက ခွက်ထိုးခွက်လန် အော်ရယ်ရင်း...

"မင်း မနက်ဖြန် အစည်းအဝေးမြန်မြန်ပြီးအောင်လုပ်နော် ကိုနှိုင်းက Barလာခဲ့ဖို့ခေါ်ထားတယ် ။ သူဒကာခံမယ်တဲ့"

"ဘာအတွက် ဒကာခံမှာလဲ"

"မသိဘူးလေ မိတ်ဖြစ်ဆွေဖြစ်နေမှာပေါ့"

နှိုင်းဆိုတဲ့ အသားခပ်ဖြူဖြူနဲ့ ခပ်ချောချော လူကိုမျက်လုံး ထဲမြင်ယောင်ရင်း ခေါင်းလေးနှုတ်ခမ်းတွေအလိုလို ပြုံးသွား
ပါ၏။ သူများတွေကို ပြုံးပြနေပေမယ့်
သူ့ကိုတော့ မသိသလိုလုပ်နေတဲ့ ထိုလူဟာ စိတ်ဝင်စားစရာတော့ သိပ်ကောင်းပါ
သည်။

"စားပေါက်တိုးတာပေါ့"

"ပိုက်ဆံမကုန်ရလေ ကြိုက်လေ"

"ဟား..ဟား"

နှစ်ယောက်သား ရယ်ရင်း အဆောင်ပြန်ခဲ့တော့ စိုင်းမင်းက်ိုက နားနိုင်ပေမယ့် ကျွန်တော် မနားနိုင်ပါပဲ အရင်နှစ်က EC
တွေကို ဖုန်းဆက် ပြီး အစည်းအဝေး လုပ်ဖို့ အကြောင်းကြားရသည်။ sec, thirdနဲ့ finalက အဆင်ပြေပေမယ့် အခုမှအသစ်တတ်လာသည့် first yearလေးတွေကို တော့ ကိုယ်တိုင် သွားရွေးမှ ရပါ့လိမ့်မည်။ ခုခေတ်ကလေးတွေဟာ လူတောသိပ်မတိုးတာမို့
ခေါ်ရတာ အရင်နှစ်တွေလိုလွယ်ကူမယ်
မထင်။

"ဟာ ထူးထူး ဆန်းဆန်း ကိုဘုန်း အဆောင်တွေဘာတွေကပ်လို့ ပါလား"

"ငါ အဆာင်မှာပဲ နေတာပါကွာ မင်းကလည်း"

ကျွန်တော်တို့အဆောင်က အဆောင်ဆိုသည်ထက် ခြံထဲမှာအဆောက်အဦးဆောက်ပြီး အငှါးပုံစံဖြစ်သည်မို့ ဘယ်အချိန်
အိမ်ပြန်ရမည် ဘယ်ချိန်မှထွက်ရမည်ဟူ၍ စည်းကမ်းသတ် မှတ်ချက်မရှိပေ။
နှစ်ယောက်တစ်ခန်းနေရသည်ဖြစ်သော်
လည်း ယောကျာ်လေးတွေချည်း ဖြစ်သည့်အပြင် မသိတဲ့သူတွေလည်း မပါ တာမို့ ဝင်ချင်တဲ့အခန်းဝင် ထွက်ချင်တဲ့အခန်း ထွက်နေကြတာ ဘယ်လိုမှ တားလို့ မရေပ။ အခုလဲ တစ်ခြားအခန်းက ကောင်တစ်ကောင်
ကျွန်တော်တို့အခန်းထဲရောက် လာခြင်းဖြစ်သည်။

"ကိုစိုင်း ထဗျာ မအိပ်နဲ့ တိုက်ရအောင်"

"ညမှတိုက်မယ် ခု အားဖြည့်အုံးမယ်"

"ဟာဗျာ လူလိုနေတယ်ဗျ"

"ညမှ တိုက်မယ်ကွာ"

စိုင်းမင်းကိုမှာ ဘယ်လိုမှပြောမရ ခေါင်းအုံးကို ဆွဲယူပြီး မှောက်ခုံအိပ်သွားကာ ခေါင်းပေါ်မှပြန်ဖိထား၏။

"အာ့ဆို ကိုဘုန်း"

"အပြင်သွားမှာ ချိန်းထားပြီးပြီ"

"နေဗျာ... ကိုသက် တို့ကိုပဲ သွားခေါ်တော့မယ်"

ညနေကြီး Gameတိုက်ချင်နေသော ကောင်လေးခမျာ စိတ်ဆ်ိုးမာန်ဆိုးထွက်သွားပါ၏။ သို့သော်ငြား လိုက်ချော့စရာ
တော့မလို။ ဒါမျိုးဟာ ယောကျာ်းလေးတွေအတွက် စိတ်ကောက် စရာတစ်ခုတော့ မဟုတ်။ သိပ်မကြာခင် ကိုဘုန်းရေ
ကိုစ်ိုင်ရေ ဆိုပြီး စိတ်ရှုပ်စရာတွေ သယ်လာပါလိမ့်မည်။

"ငစိုင်း ငါအပြင်သွားမို့ ည ပြန်ချင်မှပြန်လာမှာနော်"

"အေအေ.. ဟျောင့် မင်းAကိုက်နေမယ်နော် ညတိုင်းသွားနေ"

"စိတ်ချစမ်းပါ သားကြီးရာ အဖော်ပါ ပါတယ်ကွာ"

"စောက်အထန်ကောင်"

ပြောပြိီးနောက် စိုင်းမင်းကို က ညက မိုးလင်းမှအိပ်ရသည်မို့ပြန်အိပ်သွားကာ ခေါင်လေး သည် ရေချိုးခြင်းကို ပြုပြီး
အဝတ်လဲကာ ဆိုက်ကလုန်း အမဲကို စီးလျက် စတိုင်လ်ကျကျ မောင်းထွက်ခဲ့သည်။ လမ်းမှာတွေ့သည် တစ်ချို့ကျောင်းသူလေးတွေကတော့ ဆိုင်ကယ်အလန်းနဲ့လူအလန်းလေးကြောင့်ငေးလို့ကျန်ခဲ့ကြသည်။

Easy Rayဆိုင်ရှေ့မှာ ဆိုင်ကယ်ကိုရပ်လိုက်ပြီး စားပြဲ ဝိုင်းတွေ အားလုံးမှာမှ တစ်ယောက်တည်းထိုင်နေသည့်
ဆံပင်အုပ်အုပ်လေးနဲ့ အသားဖြူဖြူ ကောင်လေးရှေ့ ဝင်ထိုင် လိုက်ပါသည်။

"စောင့်နေတာကြာသွားလား"

"မကြာပါဘူး ညီလည်း အခုမှရောက်တာ"

မျက်လုံးမှေးမှေးလေးဖြင့် သာမာန်ရုပ်သာရှိသော ကောင်လေးက ချစ်စဖွယ် အပြုအမူလုပ်ပြ၏။ ခေါင်လေးသည် နုနယ်သေးသည့် ကောင်လေးကို မကစားချင်တော့တာကြောင့် ဒီည အိပ်မယ့်အစီအစဉ်ကို ဖျက်လိုက်ကာ
အအေးသောက်ပြီး အဆောင်ပြန်အိပ်ဖို့ စိတ်ကူးလိုက်သည်။

"သြော်...ညီ မနက်ဖြန် ကိုယ်မအားလောက်ဘူး ကျောင်းမှာလုပ်စရာလေးတွေရှိလို့ ညဘက်လည်း သူငယ်ချင်းတွေနဲ့ သွားစရာရှိတယ် မမျှော်နဲ့နော်"

"ညီရော ကိုဘုန်း သူငယ်ချင်းတွေနဲ့လိုက်လို့မရဘူးလား"

ဘုန်းထွဋ်ခေါင်သျှံအတွက် ဒါက ပြသနာပင်။ ယောကျာ်းတွေကိုကြိုက်ပေမယ့် ကိုယ့်ဘဝထဲ ဆွဲခေါ်ရလောက်အောင်ထိ
နှစ်နှစ်ကာကာချစ်မိသူမရှိ။ ရူးရူးမိုက်မိုက်ဆွဲဆောင်နိုင်သူမှာ ကိုယ်သာဖြစ်လျက် ကိုယ့်ကို တော့ ဘယ်သူမှ မဆွဲဆောင်
နိုင်သေးပေ။

"ကိုယ်ပြန်တော့မယ်!!"

ဒီလို အချိန်မျိုးတွေကို စိတ်ကုန်လွန်းတာမို့ သူ ထပြန်ဖို့ ပြင်တော့ ကောင်လေးက ပြာပြာ
သလဲ ဖြစ်သွားကာ....

"ကိုဘုန်း မကြိုက်မှန်း သိပါတယ် ညီတောင်းပန်တယ်နော်။မပြောတော့ပါဘူး"

ခေါင်လေးတို့ဘဝမှာ သူငယ်ချင်းတွေနဲ့မိတ်ဆက်မပေးလို့ ပြတ်သွားတဲ့ကာင်တွေလဲ မနဲ။ သူငယ်ချင်းထက်ပိုမချစ်လို့ ဆိုကာ ထွက်သွားသူတွေကလည်း မ်ား၏။ အချစ်ဆ်ို
တာကို အယုံအကြည် သိပ်မရှိသော သူ့အတွက် အချစ်ဆိုတာ sex
လုပ်ဖို့ရန်နဲ့ အပျော်သက်သက်အတွက်မပိုခဲ့။သည်ကြားထဲ နွေးနဲ့ သဝန်တို ပါက အဲ့ဒီလူကို စကားပြောချင်စိတ်မရှိလောက်အောင် စိတ်ပျက်သွားရပါသည်။

"ညီ Bar အသစ်တွေ့ထားတယ်သိလား ။ တူတူသွားရအောင်နော် ကိုဘုန်း"

"အင်"

သူခေါင်းငြိမ့်တော့ ကောင်လေးက တော်တော်ပျော်သွားပုံရ၏။
ဘာမွ ပြောချင်စိတ် မရှိတော့တာမို့ ဟန်ဆောင်ပြုံးရင်း အအေးကိုပြီးဆုံးအောင်သောက်လိုက်ပြီး လာရှိုးမြို့၏
တဖြည်းဖြည်း မှောင်ရိပ် သန်းလာခြင်းကို ခံစားလိုက်ပါသည်။တစ်ခါတစ်လေ တော့လည်း ကျွန်တော်ဆိုးသမျှ သည်းခံပြီး
ကျွန်တော့် မျက်နှာအရိပ်အကဲကို ဖတ်တတ်တဲ့ ချစ်သူမျိုး လိုချင်သည်။

Easy Rayဆိုင်မှာ အချိန်အတော်ကြာအောင် ထိုင်နေခဲ့ပြီးကောင်လေး ခေါ်သွားသည် Barအသစ်သို့ သွားဖြစ်ကြ၏။
Barဆိုမွ မနက်ကတွေ့ခဲ့သည့်လူကို သတိရလိုက်သေးသည်။ ခင်ဗျား Barကေကာ ပျော်စရာကောင်းရဲ့လား သိချင်သည်။

သို့နှင့် ကောင်လေးခေါ်ဆောင်ရာ NT Barသို့ ရောက်ရှိလာ၏။ အသစ်ဖွင့်ထားသော Barဖြစ်သည့်အလျောက် အပြင်အဆင်က ဆန်းသစ်သည်။ အထဲမဝင်ခင် security မ်ား၏ အစစ်အဆေးကိုခံရသေး၏။ ဘာလက်နက်မှ Barအတွင်းသို့ ယူဆောင်ခွင့်မပြုသလို အပြင်က သောက်စရာများလည်း အထဲသ်ို့ ယူဆောင်၍မရပေ။

အစစ်ဆေးခံပြီးနောက် အထဲသို့ ဝင်လာစဉ် မီးရောင်တဖျက်ဖျက်နဲ့ DJသံမြူးမြူး ကြွကြွ ကဆီးလို့ကြိုသည်။ Barတွေဟာ
အေးအေးဆေးဆေး ထိုင်လို့ရသည် ရှိသလို ဒီလို ပျော်ပါးဖို့ ဖန်တီးထားသည့် Barတွေလည်း ရှိ၏။ သူ အထဲမဝင်ခင်
အခြေအနေကို တစ်ချက်ကြည့်တော့ Bar counterမှာ ထိုင်နေတာ ရင်ရင်းနှိီးနှီးပူပူနွေးနွေးစကားပြောဆိုထားဖူး
သည့် နှိုင်းသုတလျှံ ဆိုသည့်လူ။

စိတ်မပါပေမယ့် အပျင်းပြေလိုက်ခဲ့ခြင်းဟာ အခုတော့ စိတ်ဝင်စားစရာတစ်ခုကို ဖနိတီးပေးတော့မည်ထင်၏။ သူကျေနပ်စွာ
ပြုံးမိပြီး အတူပါလာသည့် ကောင်လေးနဲ့အတူတူ စားပြဲ တစ်ဝိုင်း ယူကာထိုင်လိုက်၏။

"ကိုဘုန်း သောက်မှာလား"

ဘီယာ ပုလင်းကိုဖောက်ပြီး ကောင်လေးက ပေးလာသဖြင့် လှမ်းယူလိုက်၏။ ကောင်လေးက ငယ်သေးလို့ သနားတာ
ကြောင့် ပစ်ပစ်ခါခါမပြောဖြစ်တာပဲရှိ၏။ ပြတ်ချင်နေသော စိတ်က Counterနေရာကနေ DJ နေရာသို့ရောက်လာသည့် နှိုင်းသုတလျှံ ဆီမွာသာ အစုလိုက်အပြုံလိုက် ကျရောက်လို့နေသည်။ Musicနဲ့အတူ လှုပ်ရှားကာယိမ်းနွှဲ့နေတဲ့ ထိုလူဟာ သူ့မျက်လုံးအကြည့်တွေကို ဆွဲမခွာချင်အောင်
ဆွဲဆောင်ထား၏။

ဘီယာကိုမော့သောက်ရင်း ခပ်ရိုင်းရိုင်း အတွေးတစ်ခုကိုလည်း ချက်ချင်းတွေးမိလိုက်သေးသည်။ ခင်ဗျား နဲ့ အတူတူအိပ်ရရင်တော့ ကျုပ်အတွက် ဒီညက ပျော်စရာ ညပဲ ဖြစ်လိမ့်မည်။

"ကိုဘုန်း ညီ့ ကို ချစ်လား"

သူ အကြည့်တွေ ပျံ့လွှင့်နေတာကိုကြည့်ရင်း ကောင်လေးက သဝန်တိုလာဟန်ရှိသည်။
သို့ပါသော်ငြား ခေါင်းလေးတို့က
မေးတဲ့အသံကို မကြားပဲ DJ music သံအလိုက် ယိမ်းက နေသူကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေ၏။

"ကိုကို လို့"

ကောင်လေးက သူ့လက်ကို လှုပ်ကိုင်ကာခေါ်တော့မှ ..

"ဘာလဲကွာ"

"ကျွန်တော်ကို ချစ်လားလို့မေးနေတာ"

"ကျစ် ရှုပ်ရှုပ်ယှက်ယှက်"

ဘုန်းထွဋ်ခေါင်လျှံ၏ စရိုက်သည် ဤကဲ့သို့ အမြင်ကပ်စရာဖြစ်သော်ညှား သူနဲ့တွဲချင်သူများက မနဲမနောရှိ၏။

"ခင်ဗျား ကျွန်တော်နဲ့ လမ်းခွဲ ချင်နေတာလား"

"ငါက မင်းကို သနားလို့ တွဲပေးနေတာ"

ထိုအခါ ကောင်လေး၏ မျက်နှာမှာ နီရဲတတ်သွားလျက် ဘီယာရှိန်ကြောင့် သွေးကြွလာပါသည်။

"ဘာ.. ကျွန်တော်က သနားစရာလေးမို့ ဟုတ်
လား"

အသံကျယ်ကျယ် နဲ့ အော်သော်လည်း
သီချင်းသံတွေနဲ့မို့ သိပ်မကြားရပေ။
ခေါင်လေးကတော့ လျစ်လျူရှူ့ထားလျက်
ဘီယာသာအေးဆေး ထိုင်သောက်နေ၏။ ကောင်လေးမှာဒေါသထွက်သည့်အလျောက် ဂရုမစိုက်သည့် ခေါင်လေး၏
မျက်နှာပေး ကြောင့် မခံမရပ်နိုင်ဖြစ်ကာ စားပွဲပေါ်က ပုလင်းတွေကို ပစ်ပေါက်ခွဲတော့၏။

"အာ...!!"

က နေသာ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်လျက် သီချင်းသံလည်း ခေတ္တရပ်သွားလေသည်။

"ခင်ဗျား လူယုတ်မာ"

ကောင်လေးသည် မကျေမနပ်အော်ဟစ်လို့ ဘုန်းထွဋ်ခေါင်လျှံကို ဆွဲ ထိုး၏။ ထိုစဉ် လုံခြုံရေးတွေ ချက်ချင်းရောက်လာပြီး
ဆွဲခေါ်သွားတာမို့ ပြသနာက ပြီးသွားကာ သီချင်းသံက ပြန်ထွက်လာလျက် လူတွေလည်း ပြန်လည် မြူးတူးစွာကလျက်ရှိသည်။

ပါးပေါ်မှ အထိုးခံရသည့် ဒဏ်ရာကို ပွတ်ရင်း သူ ခေါင်းကို ခါးယမ်းလိုက်ကာ လက်ထဲက
မကုန်သေးသည့် ဘီယာကို ဆက်မော့ လိုက်၏။ ဒီလိုပါပဲ လူတွေဟာ ကြိုက်လို့ပါ ချစ်လို့ပါဆိုပြီး ဝင်လာကြတယ်။နောက်တော့လည်း သူ့အကျင့်ဆိုးတွေကို သည်းမခံနိုင်လို့ ပြန်ထွက် သွားကြတယ်။

"ရော့ "

မျက်စိရှေ့ရောက်လာတဲ့ အအေးဘူးကြောင့် လာပေးသည့်လူကို မော့ကြည့်လိုက်သည်။ မီးရောင်တစ်ဖျက်ဖျက်အောက်မှာ
Sexyကျလွန်းနေသည့် ထိုအမျိုးသားဟာ ခုနက သူတစ်ချိန်လုံး ထိုင်ကြည့်နေသည့် DJသမားလေးဖြစ်၏။

သူ အေအးဗူးကို လှမ်းယူလိုက်ပြီး အထိုးခံထားရသည့် မျက်နှာပေါ်လိမ့်လိုက်သည်။ အခုမှရေခဲ သေတ္တာထဲကထုတ်ယူလာဟန်ရှိသော အအေးဘူးသည် နဂိုထက်
ဆယ္ဆ အအေးလွန်နေကာ အထဲကဖျော်ရည်တွေတောင် ခဲတောက်လို့နေ၏။

"ဒါ ကိုသုတရဲ့ Bar လား "

"ဆိုပါတော့ ။ မင်းကြည့်ရတာ စိတ်ညစ်နေသလိုပဲ"

"ဒီလိုပါပဲ လူ့အကြိုက် နတ်မလိုက်နိုင်ပဲလေ။ ကျွန်တော့်စိတ်ကို ဘယ်သူက ထိန်းချုပ်ပေးနိုင်မှာလဲ"

သူ ပြောတာကို နှိုင်းက နားလည်သလို
ခေါင်းငြိမ့်ပြီး....

"မနက်ဖြန်လာခဲ့နော် အရှုပ်တွေတော့ သယ်မလာနဲ့ see you"

သူ ခေါင်းပြန်ငြိမ့်ပြလိုက်သည်။ ထွက်သွားသည့် ထိုလူရဲ့ကျောပြင်ဟာ သူ့ကို နဲနဲတော့ အထီးကျန်ဆန်စေသည်။လက်ထဲက
အအေး ဘူးဟာ အရည်ပျော်စပြုလျက်
ဘူးခွံပေါ်က အခဲလေးတွေဟာ အရည်အဖြစ်ပြောင်းလဲလို့လာသည်။

ကျွန်တော်တို့ နောက်တစ်ကြိမ်မတော်တဆ ပြန်တွေ့ဖြစ်ခဲ့ရင် ခင်ဗျား ကျွန်တော်နဲ့
အိပ်နိုင်မလားလို့ မေးမိမှာ သေချာ၏။

..................................................................

Love u all💚💚💚

....................................................................

Zawgyi

"႐ွမ္း ႏွစ္ပြဲေနာ္"

ေခါက္ဆြဲဆိုင္က အစ္ကိုႀကီးကို မွာလိုက္ၿပီးေနာက္ ေခါင္ေလးနဲ႔ ေႏြးတို႔ႏွစ္ေယာက္အတူတူ စားပြဲ တစ္ခုမွာ ဝင္ထိုင္
လိုက္ၾကပါသည္။

"ေျပာပါအံုး မေန႔ကဘာျဖစ္တာလဲ"

ေခါင္ေလး က စကားစေတာ့ ေႏြးက ေရေႏြးခြက္ထဲက ေရကို
တစ္ငံု အရင္ေသာက္လိုက္ပါသည္။

"နင္ ေယာက်ာ္း ေလးေတြကိုႀကိဳက္တာလား"

ေခါင္ေလး ဘာစကားမွ မဆိုပဲ ေႏြးကိုအံ့ျသ ေတြးေဝစြာ
ၾကည့္၏။ ၿပီးမွ စကားဆက္ေလသည္။

"နင္ဘယ္လို သိတာလဲ"

"ဒါဆို ငါထင္တာ ေသခ်ာတယ္ေပါ့"

"နင္ ဘယ္လိုသိသြားတာလဲ လို႔။ တစ္ေယာက္ေယာက္
လာေျပာတာလား"

"ေျပာစရာလား ေခါင္ေလး နင့္ အေၾကာင္းငါေတာင္ မသိတာ
ဘယ္သူက သိမွာလဲ"

ေႏြး ကိုၾကည့္ရင္း ေခါင္ေလး ဘာေျပာရမယ္မသိ။ ကိုယ့္ဟာကိုယ္ေတာင္ ဒီလိုလူမ်ိဳးမွန္း သိတာ တစ္ႏွစ္မျပည့္ေသးေပ။
သိသိခ်င္း ႐ွက္လို႔ ဘယ္သူ႔ကိုမွမေျပာျပျဖစ္ခဲ့သည့္ေနာက္
ယံုေတာင္မယံုႏိုင္လို႔ စမ္းသပ္ခ်င္စိတ္ျဖင့္ ေယာက်ာ္း
တစ္ခ်ိဳ႕နဲ႔ sexလုပ္ခဲ့ေသးသည္။ အခုေတာ့မ်ားျဖင့္ သူဟာ sex စြဲလန္းသူႀကီးကို ျဖစ္မွန္းမသိျဖစ္ေနေပၿပီ။

"အဲ့တာေမးမလို႔ မေန႔ကဖုန္းေတြေခၚထားတာလား"

"ေအ့ေလ နင္က ဘာလုပ္ေနလို႔ဖုန္းမကိုင္တာလဲ"

"Dateေနလို႔ "

"ဘာ!!!ဒါဆို နင့္ ေကာက္မေလး အဲ့ ဘယ္လိုေခၚရမွာလဲ
နင့္ရည္းစား နဲ႔ ေလ်ွာက္သြားေနတာေပါ့"

ေႏြးစကား ေၾကာင့္ ေခါင္ေလးက ရယ္ရင္း လာခ်ေပးတဲ့
႐ွမ္းေခါက္ဆြဲကို တူ ယူၿပီး ေမႊလိုက္ကာ.....

"ငါ့ ရည္းစားမဟုတ္ပါဘူးဟာ။ သူနဲ႔ တစ္ရက္ေလာက္ dateေပးပါဆိုၿပီး အတင္းေတာင္းဆိုလို႔ သြားခ်င္တဲ့ ေနရာ
ေတြကို လိုက္ပို႔ေပးေနတာ"

"ျဖစ္ရေလဟယ္။ ငါကေတာ့ နင္မ်ား တစ္ခုခုျဖစ္ၿပီလား
ဆိုၿပီး စိုးရိမ္သြားတာ သူက်ေတာ့ သာယာေနတယ္"

"မသာယာပါဘူး ။ေျသာ္ ဒါနဲ႔ နင္ငါေမးတာမေျဖေသးဘူး
ငါ့အေၾကာင္းဘယ္လိုသိသြားတာလဲ"

ေႏြးက ႐ွမ္းေခါက္ဆြဲကို စားရင္း ေရးေႏြးေလးေသာက္ၿပီး
ဆက္ေျပာပါသည္။

"လိမ္မယ္ဆိုရင္လည္း ပိပိရိရိလိမ္ေလ ခုေတာ့ blကားေတြ
ၾကည့္ၿပီး likeေပးထားတယ္ ငါ့မယ္ ျမင္ျမင္ခ်င္း အံ့ေတြကို
ျသလို႔။ ငါ့ေ႐ွ႕မွာ က်ားက်ားယားယားနဲ႔ ေနာက္ကြယ္မွာ
​ေဂးေနတယ္ဆိုေတာ့"

"ဟာ ေဂး ျဖစ္တိုင္း ႏႊဲ႕စရာလားဟ မိန္မစိတ္ေပါက္ၿပီး
ေျခာက္ေနတာမွမဟုတ္တာ ငါက နင့္ေ႐ွ႕လဲဒီလိုပဲ
ကြယ္ရာလဲ ဒီလိုပဲ "

"အဲ့လိုလား မသိပါဘူးဟယ္ ငါက ေဂးၿပီဆ္ုိႏႊဲ႕တယ္ပဲ
ထင္ေနတာ"

"ေတာ္ေတာ့ ႏႊဲ႕ရမွာကို ေတြးရင္းနဲ႔ေတာင္ လန္႔တယ္။
ကိုယ့္ဟာကိုယ္ ေဂး ေနတာေတာင္ ဘယ္သူမွမေျပာရဲဘူး။
ေတာ္ၾကာ ငါ့သူငယ္ခ်င္း ေတြသိၿပီး မေပါင္းခ်င္ဘူးေတြ
ဘာေတြ ျဖစ္ကုန္မွာ ေၾကာက္လို႔"

ေခါင္ေလး၏ အလန္႔တၾကားမ်က္ႏွာဟာ စိုးရိမ္မူေတြအထင္းသားေပၚေန၏။ သူငယ္ခ်င္းေတြေတာင္ အသိမခံႏိုင္ရင္
မိဘေတြဆိုရင္ေရာ လို႔ေမးခ်င္ေပမယ့္ သူမ သက္ျပင္းသာ
ခ်ႏိုင္ေတာ့၏။

"ဒါျဖင့္ ငါသိသြားေတာ့ေရာ ငါနင့္ကို မေပါင္းေတာ့မွာ
မေၾကာက္ဘူးလား"

"မတူဘူးေလ။ နင့္မ်က္ႏွာက ငါ့ကို မေပါင္းခ်င္တဲ့ မ်က္ႏွာ
မွမဟုတ္တာ။ ၿပီးေတာ့ ငါအဲ့လိုျဖစ္ေနရင္ေတာင္ နင္
နားလည္ေပးမယ္မလား"

ကိုယ့္ဟာကိုယ္ေတာင္ မာန္တတ္ခ်င္သြားပါ၏။ တကယ္ကိုပဲ
ေခါင္ေလးနဲ႔ သူမဟာ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြျဖစ္သည္
ဆိုတာကို နားလည္သြားေစခဲ့ပါသည္။

"စားၿပီးရင္ ဘယ္သြားမွာလဲ "

"မသြားေတာ့ဘူး စာက်က္ရအံုးမယ္"

"အေစာႀကီး ရိွေသးတယ္ စာေမးပြဲက တစ္လေတာင္
လိုေသးတယ္"

"မတူဘူးေလဟယ္ ငါက final.. Starပါေအာင္ေျဖမွာ "

"ငါလဲ finalပဲ "

"ေအာင္မယ္..တစ္ႏွစ္ကို ႏွစ္ခါတတ္တဲ့ေကာင္ကမ်ား"

"နင္!!"

ေခါင္ေလး၏ လက္ေခါက္စာကို ေႏြး ခံလိုက္ရ၏။ သူမတို႔
႔ႏွစ္ေယာက္ဟာ မေန႔က စိမ္းသက္သလိုရိွခဲ့ေပမယ့္
ဒီေန႔ေတာ့ပံုမွန္အတိုင္းပါပဲ။ အရာအားလံုးဟာ အဆင္ေျပ
လ်က္ရိွေနပါသည္ေလ။

ေခါက္ဆြဲစားၿပီးေတာ့ ေခါင္ေလးက ေႏြးကို အေဆာင္ျပန္ပို႕
႔ေပးၿပီး ကိုယ့္အေဆာင္ကို ျပန္ခဲ့လိုက္ပါတယ္။ ေႏြးတို႔
အေဆာင္နဲ႔ ေခါင္ေလးတို႔အေဆာင္ဟာ လမ္းမႀကီးကို
ျဖတ္ရတာမို႔ နဲနဲေတာ့ ေဝးပါသည္။ ေခါင္ေလးသည္
အေဆာင္ျပန္ေရာက္သည္ႏွင့္ အားရပါရလွဲခ်ၿပီး အိပ္ဖို႔
စိတ္ကူးလိုက္ေပမယ့္ အေဆာင္ခန္းထဲမွာ တစ္ခါမွမျမင္ဖူးတဲ့ ေကာင္ေလးတစ္ေယာက္ တစ္ျခား သူငယ္ခ်င္းေတြနဲ႔
စကားေဖာင္ဖြဲ႔ေနတာက္ို ေတြ႔လိုက္ရပါသည္။

"ငဘုန္း ဘာလဲ မင္းေဆာ္နဲ႔ မနက္စာ သြားစားတာလား"

လူေတြဆိုတာ အဲ့လိုပါပဲ။ ကြၽန္ေတာ္နဲ႔ ေႏြးဟာ သူငယ္ခ်င္း
ေတြလို႔ ဘယ္ေလာက္ေျပာေျပာ မယံုၾကပါဘူး။ ဒါနဲ႔ပဲ သူတို႔
ေျပာသလို ေခါင္းမၿငိမ့္ေခါင္းမခါပဲေနေတာ့ ေႏြးဟာ
ေခါင္ေလးရဲ႕ ရည္းစားျဖစ္မွန္းမသိ ျဖစ္ရျပန္ပါတယ္။

"အေဆာင္သား အသစ္လား"

သူ႔ေဘးနား လာရပ္သည့္ သူငယ္ခ်င္း စိုင္းမင္းကို
ကိုေမးေတာ့ သူေမးေငါ့ျပသည့္ေနရာကို ၾကည့္ရင္း..

"မဟုတ္ဘူး လမင္းရဲ႕သူငယ္ခ်င္း လာလည္တာတဲ့
​ေက်ာင္းၿပီးၿပီထင္တယ္ လားရိွဳးမွာေနတယ္ေျပာတယ္ ။ Barဖြင့္ထားတယ္ လာလည္ၾကတဲ့"

"ဟာ ႀကိဳက္ၿပီေလ။ မိတ္ဆက္ေပးအံုး.. Barေတြဘာေတြဆို စိတ္ဝင္စားတယ္"

ေက်ာင္းၿပီးၿပီဟု မထင္ရေသာ ေကာင္ေလးက သူ႔ထက္
ေတာင္ ႏုၿပီး ေခ်ာေနေသးသည္။ စိုင္မင္းကိုက
သူငယ္ခ်င္းေတြဝိုင္းကာ ထိုင္စကားေျပာေနသည့္ ေနရာသို႔ ဦးေဆာင္သြားတာမို႔ သူလည္း ေနာက္က လိုက္သြား
လိုက္သည္။

"ကို သုတရဲ႕ Bar က ဘယ္နားမွာလဲ "

စိုင္းမင္းကို က ေမးေတာ့ ထိုသုတဆိုသူက ေျဖဖို႔ရန္ စိုင္မင္းကို ကို ၾကည့္ေပမယ့္ ေဘးနားက ေခါင္းေလးကို ျမင္ေတာ့
အၾကည့္ေတြရပ္တန္႔သြား႐ွာ၏။ ေခါင္ေလးသည္ အျပံဳးတစ္
ဝက္ကို ဖန္ဆင္းကာ ျပံဳးျပေတာ့ ထိုလူက ျပန္လွည့္သြားကာ..

"မန္ဆူဘက္မွာေလ လာရင္ ဖုန္းဆက္လိုက္ၾက ။ serviceေကာင္းေကာင္းေပးမယ္"

"Ok ဗ်ာ ကြၽန္ေတာ္တို႔အတြက္ေတာ့ ေသာက္စရာ စံုရင္ရၿပီ"

"ရေစရမယ္စိတ္ခ်"

ေျပာရင္း ျပံဳးေနေသာ ထိုလူ၏ အျပံဳးက ေငးၿပီးရင္း ေငးခ်င္
စရာေကာင္း၏။

"ဒါျဖင့္ အစ္ကို႔ ဖုန္းနံပါတ္ ေပးထားေလ ။ လာျဖစ္ရင္
ဖုန္းဆက္လို႔ရတာေပါ့"

ေခါင္ေလးသည္ စကားကို သြက္လက္စြာ ေျပာရင္း သူ႔ဖုန္းကို
ထုတ္လိုက္၏။ ထိုလူကလည္း လူမူေရးဟူသည္ကို
သိတတ္စြာ ေခါင္ေလး ေျပာျပသည့္ ဖုန္းကို ေခၚေပးလိုက္
ပါသည္။

"အစ္ကို႔ နာမည္ကေရာ ဘယ္လိုမွတ္ထားရမွာလဲ"

"ႏိႈင္းသုတလ်ွံ ပါအဆင္ေျပသလိုမွတ္ေလ"

"ဟင္ ႏိႈင္းသုတလ်ွံ ဟုတ္လား ဘာေန႔သားလဲ"

"ဘာလို႔လဲ"

ေခါင္ေလးသည္ သူစပ္စုလြန္းအားႀကီးသြားသည္ကို သတိ ရ
သြားကာ ပါးစပ္ကို အရိွန္ထိန္းလိုက္ရ၏။ သူဆက္မေျပာေတာ့
လမင္းက ဝင္ေျပာေပး႐ွာသည္။

"သူ႔နာမည္က ဘုန္းထြဋ္ေခါင္လ်ွံ ေလ နဲနဲဆင္ေနလို႔
ေနမွာေပါ့"

ဒီေတာ့မွ ႏိႈင္းသုတလ်ွံ က "ေျသာ္ " ဟုဆိုကာ ေခါင္းေလး
ျငိမ့္၏။

" 18.11.1995 ။ ဒီက ညီေလးေရာ"

"Wow ကြၽန္ေတာ္လည္း 18.11လပဲ ဒါေပမယ့္
ကြၽန္ေတာ္က 1998 ေသာၾကာ  သား "

"ေမြးေန႔တူတယ္ေဟ့ အထိမ္းအမွတ္ ေနတဲ့ ႏွစ္ေယာက္
ေပါင္းၿပီး တစ္ဝိုင္း ေထာင္လိုက္ေတာ့"

စိုင္းမင္းကိုက ေဆာ္ျသေတာ့ အကုန္လံုးက ေထာက္ခံၾက
သျဖင့္ ေခါင္ေလးနဲ႔ ႏိႈင္းလည္း ျပံဳးရယ္မိၾက၏။ ထိုေန႔က
လူႏွစ္ေယာက္ၾကား အစိုင္အခဲတစ္ခုကို စတင္ျဖစ္ေပၚေစခဲ့
ပါသည္။

ႏိႈင္းသုတလ်ွံ ျပန္သြားသည္ႏွင့္ ေခါင္ေလးသည္ အိပ္ေရးမဝသည့္ မ်က္လံုးေတြကို အနားေပးဖို႔ႀကိဳးစားလိုက္ပါသည္။

"သားႀကီး  အိပ္မေနနဲ႔ က်ဴ႐ွင္သြားမယ္"

မ်က္လံုးေလး မိွတ္ဖို႔ေတာင္ မစဥ္းစားရေသး က်ဴး႐ွင္သြားရ
မည္ ဟူေသာ အသိေၾကာင့္ မထခ်င္ထခ်င္ျဖင့္ ျပန္ထ
လိုက္ရ၏။ ပထဝီေမဂ်ာ King ျဖစ္ထားသည့္
သူတစ္ေယာက္အတြက္ အိပ္ရာထခါစပံုစံျဖင့္ မသြားသင့္ တာေၾကာင့္ အနဲငယ္ ရြိဳင္းရပါေသးသည္။ ပခံုးထိေက်ာ္ေန
သည့္ဆံပင္ေတြကို အကုန္စုစည္းလိုက္ၿပီး Nike ေဘာင္းဘီ စိမ္းပုတ္ေရာင္ ပြပြကိုဝတ္ကာ အေပၚကအျဖဴေရာင္ ႐ွပ္အက်ႌခပ္ႀကီးႀကီး ကို ဝတ္ဆင္လိုက္ပါသည္။

"ေဟ်ာင့္ ဒီ႐ုပ္က ဒီ႐ုပ္ပဲ ျပင္မေနနဲ႔ ေနာက္က်ေနၿပီ
ျမန္ျမန္လာ"

စိုင္းမင္းကို ၏ လွံု႔ေဆာ္သံေၾကာင့္ ေက်ာပိုးအိတ္ကို အျမန္
ေကာက္လြယ္ၿပီး ေျပးထြက္ခဲ့လိုက္သည္။ အေဆာင္ထဲမွာ
သူငယ္ခ်င္းေတြအမ်ားႀကီးရိွေသာ္လည္း ေခါင္ေလးနဲ႔
စိုင္းမင္းကိုသာ ေမဂ်ာတူ အတန္းတူ က်ဴ႐ွင္တူလ်က္ တျခားသူေတြကေတာ့ မတူၾကေပ။ က်ဴ႐ွင္ေရာက္ေတာ့
Techalေတာင္ ေရာက္လို႔ေနေပၿပီ။ ေနာက္က်ေနသည့္ သူတို႔ႏွစ္ေယာက္ကိုမ်က္လံုးေလး တစ္ခ်က္လွန္ၾကည့္ေပမယ့္ ဘာမွေတာ့မေျပာေပ။ တကၠသိုလ္ က ဆရာမေတြသည္ stage ​ေက်ာင္းသားဘဝက ဆရာမေတြလို သိပ္ေၾကာက္
စရာေတာ့ မေကာင္းေပ။

"ဘုန္းထြဋ္ေခါင္လ်ွံ!!"

"ဗ်ာ techal "

"first, sec ,third  ,final EC ေတြ အကုန္ စုၿပီး
မနက္ျဖန္ ခ်ယ့္ကို လာေတြ႔ welcomeအတြက္ အစည္းအေဝးလုပ္မယ္လို႔ေျပာ"

"ဟုတ္ Chal"

က်ဴ႐ွင္ၿပီး၍ ဆရာမ ျပန္ထြက္သြားသည့္အခါ ေခါင္းေလး
တစ္ေယာက္ ထိုင္ခံုမွာ ေျခပစ္လက္ပစ္ထိုင္ခ်ပစ္လိုက္သည္။

"အိပ္ယာေလးေရ လြမ္းလိုက္တာကြာ။ ခဏေတာ့ခြဲေနရအံုးမွာပဲ ငါ့ကိုခြင့္လႊတ္ေနာ္"

"မင္း ဘဝအတြက္ ရင္ေလးတယ္"

"ငါ့ကို ကယ္တင္ေပးႏိုင္တဲ့သူမရိွေတာ့ဘူးလားကြာ။ 
တီခ်ယ္လဲ ငါ့ပဲ မွတ္မိတာလားမသိဘူး။ ႏွစ္တိုင္း ငါ့နာမည္ပဲ
ေခၚေနတယ္။ အေမေရ အေမ့သားေလ EC လုပ္ခ်င္လြန္းလို႔ ႂကြခဲ့တဲ့ ပထမႏွစ္ႀကီးကို မုန္းလိုက္တာ"

စိုင္းမင္းကိုက ခြက္ထိုးခြက္လန္ ေအာ္ရယ္ရင္း...

"မင္း မနက္ျဖန္ အစည္းအေဝးျမန္ျမန္ၿပီးေအာင္လုပ္ေနာ္
ကိုႏိႈင္းက Barလာခဲ့ဖို႔ေခၚထားတယ္ ။ သူဒကာခံမယ္တဲ့"

"ဘာအတြက္ ဒကာခံမွာလဲ"

"မသိဘူးေလ မိတ္ျဖစ္ေဆြျဖစ္ေနမွာေပါ့"

ႏိႈင္းဆိုတဲ့ အသားခပ္ျဖဴျဖဴနဲ႔ ခပ္ေခ်ာေခ်ာ လူကို မ်က္စိထဲ
ျမင္ေယာင္ရင္း ေခါင္းေလးႏႈတ္ခမ္းေတြအလိုလို ျပံဳးသြား
ပါ၏။ သူမ်ားေတြကို ျပံဳးျပေနေပမယ့္ သူ႔ကိုေတာ့ မသိသလိုလုပ္ေနတဲ့ ထိုလူဟာ စိတ္ဝင္စားစရာေတာ့ သိပ္ေကာင္းပါ
သည္။

"စားေပါက္တိုးတာေပါ့"

"ပိုက္ဆံမကုန္ရေလ ႀကိဳက္ေလ"

"ဟား..ဟား"

ႏွစ္ေယာက္သား ရယ္ရင္း အေဆာင္ျပန္ခဲ့ေတာ့ စိုင္းမင္းက္ုိက
နားႏိုင္ေပမယ့္ ကြၽန္ေတာ္ မနားႏိုင္ပါပဲ အရင္ႏွစ္က EC
ေတြကို ဖုန္းဆက္ ၿပီး အစည္းအေဝး လုပ္ဖို႔ အေၾကာင္းၾကား
ရသည္။ sec, thirdနဲ႔ finalက အဆင္ေျပေပမယ့္
အခုမွအသစ္တတ္လာသည့္ first yearေလးေတြကို ေတာ့ ကိုယ္တိုင္ သြားေရြးမွ ရပါ့လိမ့္္မည္။ ခုေခတ္ကေလးေတြ
ဟာ လူေတာသိပ္မတိုးတာမို႔ ေခၚရတာ အရင္ႏွစ္ေတြလို
လြယ္ကူမယ္ မထင္။

"ဟာ ထူးထူး ဆန္းဆန္း ကိုဘုန္း အေဆာင္ေတြဘာေတြကပ္လို႔ ပါလား"

"ငါ အဆာင္မွာပဲ ေနတာပါကြာ မင္းကလည္း"

ကြၽန္ေတာ္တို႔အေဆာင္က အေဆာင္ဆိုသည္ထက္ ျခံထဲမွာ
အေဆာက္အဦးေဆာက္ၿပီး အငွါးပံုစံျဖစ္သည္မို႔ ဘယ္အခ်ိန္
အိမ္ျပန္ရမည္ ဘယ္ခ်ိန္မွထြက္ရမည္ဟူ၍ စည္းကမ္းသတ္
မွတ္ခ်က္မရိွေပ။ ႏွစ္ေယာက္တစ္ခန္းေနရသည္ျဖစ္ေသာ္
လည္း ေယာက်ာ္ေလးေတြခ်ည္း ျဖစ္သည့္အျပင္
မသိတဲ့သူေတြလည္း မပါ တာမို႔ ဝင္ခ်င္တဲ့အခန္းဝင္
ထြက္ခ်င္တဲ့အခန္း ထြက္ေနၾကတာ ဘယ္လိုမွ တားလို႔
မရေပ။ အခုလဲ တစ္ျခားအခန္းက ေကာင္တစ္ေကာင္
ကြၽန္ေတာ္တို႔အခန္းထဲေရာက္ လာျခင္းျဖစ္သည္။

"ကိုစိုင္း ထဗ်ာ မအိပ္နဲ႔ တိုက္ရေအာင္"

"ညမွတိုက္မယ္ ခု အားျဖည့္အံုးမယ္"

"ဟာဗ်ာ လူလိုေနတယ္ဗ်"

"ညမွ တိုက္မယ္ကြာ"

စိုင္းမင္းကိုမွာ ဘယ္လိုမွေျပာမရ ေခါင္းအံုးကို ဆြဲယူၿပီး
ေမွာက္ခံုအိပ္သြားကာ ေခါင္းေပၚမွျပန္ဖိထား၏။

"အာ့ဆို ကိုဘုန္း"

"အျပင္သြားမွာ ခ်ိန္းထားၿပီးၿပီ"

"ေနဗ်ာ... ကိုသက္ တို႔ကိုပဲ သြားေခၚေတာ့မယ္"

ညေနႀကီး Gameတိုက္ခ်င္ေနေသာ ေကာင္ေလးခမ်ာ
စိတ္ဆိုးမာန္ဆိုးထြက္သြား၏။ သို႔ေသာ္ျငား လိုက္ေခ်ာ႕စရာ
ေတာ့မလို။ ဒါမ်ိဳးဟာ ေယာက်ာ္းေလးေတြအတြက္ စိတ္ေကာက္ စရာတစ္ခုေတာ့ မဟုတ္။ သိပ္မၾကာခင္ ကိုဘုန္းေရ
ကိုစ္ုိင္ေရ ဆိုၿပီး စိတ္႐ႈပ္စရာေတြ သယ္လာပါလိမ့္မည္။

"ငစိုင္း ငါအျပင္သြားမို႔ ည ျပန္ခ်င္မွျပန္လာမွာေနာ္"

"ေအေအ.. ေဟ်ာင့္ မင္းAကိုက္ေနမယ္ေနာ္ ညတိုင္း
သြားေန"

"စိတ္ခ်စမ္းပါ သားႀကီးရာ အေဖာ္ပါ ပါတယ္ကြ"

"ေစာက္အထန္ေကာင္"

ေျပာၿပိီးေနာက္ စိုင္းမင္းကို က ညက မိုးလင္းမွအိပ္ရသည္မို႔
ျပန္အိပ္သြားကာ ေခါင္ေလး သည္ ေရခ်ိဳးျခင္းကို ျပဳၿပီး
အဝတ္လဲကာ ဆိုက္ကလုန္း အမဲကို စီးလ်က္ စတိုင္လ္က်က်
ေမာင္းထြက္ခဲ့သည္။ လမ္းမွာေတြ႔သည္ တစ္ခ်ိဳ႕ေက်ာင္းသူေလးေတြကေတာ့ ဆိုင္ကယ္အလန္းနဲ႔လူအလန္းေလးေၾကာင့္
ေငးလို႔က်န္ခဲ့ၾကသည္။

Easy Rayဆိုင္ေ႐ွ႕မွာ ဆိုင္ကယ္ကိုရပ္လိုက္ၿပီး စားပြဲ
ဝိုင္းေတြ အားလံုးမွာမွ တစ္ေယာက္တည္းထိုင္ေနသည့္
ဆံပင္အုပ္အုပ္ေလးနဲ႔ အသားျဖဴျဖဴ ေကာင္ေလးေ႐ွ႕
ဝင္ထိုင္ လိုက္ပါသည္။

"ေစာင့္ေနတာၾကာသြားလား"

"မၾကာပါဘူး ညီလည္း အခုမွေရာက္တာ"

မ်က္လံုးေမွးေမွးေလးျဖင့္ သာမာန္႐ုပ္သာရိွေသာ
ေကာင္ေလးက ခ်စ္စဖြယ္ အျပဳအမူလုပ္ျပ၏။ ေခါင္ေလး
သည္ ႏုနယ္ေသးသည့္ ေကာင္ေလးကို မကစားခ်င္ေတာ့တာေၾကာင့္ ဒီည အိပ္မယ့္အစီအစဥ္ကို ဖ်က္လိုက္ကာ
အေအးေသာက္ၿပီး အေဆာင္ျပန္အိပ္ဖို႔ စိတ္ကူးလိုက္သည္။

"ေျသာ္...ညီ မနက္ျဖန္ ကိုယ္မအားေလာက္ဘူး ေက်ာင္းမွာ
လုပ္စရာေလးေတြရိွလို႔ ညဘက္လည္း သူငယ္ခ်င္းေတြနဲ႔ သြားစရာရိွတယ္ မေမ်ွာ္နဲ႔ေနာ္"

"ညီေရာ ကိုဘုန္း သူငယ္ခ်င္းေတြနဲ႔လိုက္လို႔မရဘူးလား"

ဘုန္းထြ၌ေခါင္သ်ွံအတြက္ ဒါက ျပသနာပင္။ ေယာက်ာ္းေတြကိုျကိဳက္ေပမယ့္ ကိုယ့္ဘဝထဲ ဆြဲေခၚရေလာက္ေအာင္ထိ
ႏွစ္ႏွစ္ကာကာခ်စ္မိသူမရိွ။ ႐ူး႐ူးမိုက္မိုက္ဆြဲေဆာင္ႏိုင္သူမွာ
ကိုယ္သာျဖစ္လ်က္ ကိုယ့္ကို ေတာ့ ဘယ္သူမွ မဆြဲေဆာင္
ႏိုင္ေသးေပ။

"ကိုယ္ျပန္ေတာ့မယ္!!"

ဒီလို အခ်ိန္မ်ိဳးေတြကို စိတ္ကုန္လြန္းတာမို႔ သူ ထျပန္ဖို႔
ျပင္ေတာ့ ေကာင္ေလးက ပ်ာပ်ာသလဲ ျဖစ္သြားကာ။

"ကိုဘုန္း မႀကိဳက္မွန္း သိပါတယ္ ညီေတာင္းပန္တယ္ေနာ္။
မေျပာေတာ့ပါဘူး"

ေခါင္ေလးတို႔ဘဝမွာ သူငယ္ခ်င္းေတြနဲ႔မိတ္ဆက္မေပးလို႔
ျပတ္သြားတဲ့ကာင္ေတြလဲ မနဲ။ သူငယ္ခ်င္းထက္ပိုမခ်စ္လို႔
ဆိုကာ ထြက္သြားသူေတြကလည္း မ်ား၏။ အခ်စ္ဆိုတာကို
အယံုအၾကည္ သိပ္မရိွေသာ သူ႔အတြက္ အခ်စ္ဆိုတာ sex
လုပ္ဖို႔ရန္နဲ႔ အေပ်ာ္သက္သက္အတြက္မပိုခဲ့။သည္ၾကားထဲ
ေႏြးနဲ႔ သဝန္တိုပါက အဲ့ဒီလူကို စကားေျပာခ်င္စိတ္မရိွေလာက္ေအာင္ စိတ္ပ်က္သြားရပါသည္။

"ညီ Bar အသစ္ေတြ႔ထားတယ္သိလား ။ တူတူသြားရေအာင္ေနာ္ ကိုဘုန္း"

"အင္"

သူေခါင္းၿငိမ့္ေတာ့ ေကာင္ေလးက ေတာ္ေတာ္ေပ်ာ္သြားပံုရ၏။
ဘာမွ ေျပာခ်င္စိတ္ မရိွေတာ့တာမို႔ ဟန္ေဆာင္ျပံဳးရင္း
အေအးကိုၿပီးဆံုးေအာင္ေသာက္လိုက္ၿပီး လာရိွဳးၿမိဳ႕၏
တျဖည္းျဖည္း ေမွာင္ရိပ္ သန္းလာျခင္းကို ခံစားလိုက္ပါသည္။
တစ္ခါတစ္ေလ ေတာ့လည္း ကြၽန္ေတာ္ဆိုးသမွ် သည္းခံၿပီး
ကြၽန္ေတာ့္ မ်က္ႏွာအရိပ္အကဲကို ဖတ္တတ္တဲ့ ခ်စ္သူမ်ိဳး
လိုခ်င္သည္။

Easy Rayဆိုင္မွာ အခ်ိန္အေတာ္ၾကာေအာင္ ထိုင္ေနခဲ့ၿပီး
ေကာင္ေလး ေခၚသြားသည္ Barအသစ္သို႔ သြားျဖစ္ၾက၏။
Barဆိုမွ မနက္ကေတြ႔ခဲ့သည့္လူကို သတိရလိုက္ေသး
သည္။ ခင္ဗ်ား Barကေကာ ေပ်ာ္စရာေကာင္းရဲ႕လား သိခ်င္သည္။

သို႔ႏွင့္ ေကာင္ေလးေခၚေဆာင္ရာ NT Barသို႔ ေရာက္ရိွလာ၏။ အသစ္ဖြင့္ထားေသာ Barျဖစ္သည့္အေလ်ာက္
အျပင္အဆင္က ဆန္းသစ္သည္။ အထဲမဝင္ခင္ security မ်ား၏ အစစ္အေဆးကိုခံရေသး၏။ ဘာလက္နက္မွ Barအတြင္းသို႔ ယူေဆာင္ခြင့္မျပဳသလို အျပင္က ေသာက္စရာမ်ားလည္း အထဲသ္ို႔ ယူေဆာင္၍မရေပ။

အစစ္ေဆးခံၿပီးေနာက္ အထဲသို႔ ဝင္လာစဥ္ မီးေရာင္တဖ်က္ဖ်က္နဲ႔ DJသံျမဴးျမဴး ႂကြႂကြ ကဆီးလို႔ႀကိဳသည္။ Barေတြဟာ
ေအးေအးေဆးေဆး ထိုင္လို႔ရသည္ ရိွသလို ဒီလို ေပ်ာ္ပါးဖို႔
ဖန္တီးထားသည့္ Barေတြလည္း ရိွ၏။ သူ အထဲမဝင္ခင္
အေျခအေနကို တစ္ခ်က္ျကည့္ေတာ့ Bar counterမွာ
ထိုင္ေနတာ ရင္ရင္းႏွိီးႏွီးပူပူေႏြးေႏြးစကားေျပာဆိုထားဖူး
သည့္ ႏိႈင္းသုတလ်ွံ ဆိုသည့္လူ။

စိတ္မပါေပမယ့္ အပ်င္းေျပလိုက္ခဲ့ျခင္းဟာ အခုေတာ့ စိတ္ဝင္စားစရာတစ္ခုကို ဖနိတီးေပးေတာ့မည္ထင္၏။ သူေက်နပ္စြာ
ျပံဳးမိၿပီး အတူပါလာသည့္ ေကာင္ေလးနဲ႔အတူတူ စားပြဲ တစ္ဝိုင္း ယူကာထိုင္လိုက္၏။

"ကိုဘုန္း ေသာက္မွာလား"

ဘီယာ ပုလင္းကိုေဖာက္ၿပီး ေကာင္ေလးက ေပးလာသျဖင့္
လွမ္းယူလိုက္၏။ ေကာင္ေလးက ငယ္ေသးလို႔ သနားတာ
ေၾကာင့္ ပစ္ပစ္ခါခါမေျပာျဖစ္တာပဲရိွ၏။ ျပတ္ခ်င္ေနေသာ စိတ္က Counterေနရာကေန DJ ေနရာသို႔ေရာက္လာသည့္ ႏိႈင္းသုတလ်ွံ ဆီမွာသာ အစုလိုက္အျပံဳလိုက္ က်ေရာက္လို႔ေနသည္။ Musicနဲ႔အတူ လႈပ္႐ွားကာယိမ္းႏႊဲ႕ေနတဲ့ ထိုလူဟာ သူ႔မ်က္လံုးအၾကည့္ေတြကို ဆြဲမခြာခ်င္ေအာင္
ဆြဲေဆာင္ထား၏။

ဘီယာကိုေမာ့ေသာက္ရင္း ခပ္႐ိုင္း႐ိုင္း အေတြးတစ္ခုကိုလည္း ခ်က္ခ်င္းေတြးမိလိုက္ေသးသည္။ ခင္ဗ်ား နဲ႔ အတူတူအိပ္ရရင္ေတာ့  က်ဳပ္အတြက္ ဒီညက ေပ်ာ္စရာ ညပဲ ျဖစ္လိမ့္မည္။

"ကိုဘုန္း ညီ့ ကို ခ်စ္လား"

သူ အၾကည့္ေတြ ပ်ံ႕လႊင့္ေနတာကိုၾကည့္ရင္း ေကာင္ေလးက
သဝန္တိုလာဟန္ရိွသည္။ သို႔ပါေသာ္ျငား ေခါင္းေလးတို႔က
ေမးတဲ့အသံကို မၾကားပဲ DJ music သံအလိုက္ ယိမ္းက
ေနသူကို ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေန၏။

"ကိုကို လို႔"

ေကာင္ေလးက သူ႔လက္ကို လႈပ္ကိုင္ကာေခၚေတာ့မွ ..

"ဘာလဲကြာ"

"ကြၽန္ေတာ္ကို ခ်စ္လားလို႔ေမးေနတာ"

"က်စ္ ႐ႈပ္႐ႈပ္ယွက္ယွက္"

ဘုန္းထြဋ္ေခါင္လ်ွံ၏ စ႐ိုက္သည္ ဤကဲ့သို႔ အျမင္ကပ္စရာ
ျဖစ္ေသာ္ညႇား သူနဲ႔တြဲခ်င္သူမ်ားက မနဲမေနာရိွ၏။

"ခင္ဗ်ား ကြၽန္ေတာ္နဲ႔ လမ္းခြဲ ခ်င္ေနတာလား"

"ငါက မင္းကို သနားလို႔ တြဲေပးေနတာ"

ထိုအခါ ေကာင္ေလး၏ မ်က္ႏွာမွာ နီရဲတတ္သြားလ်က္
ဘီယာရိွန္ေၾကာင့္ ေသြးႂကြလာပါသည္။

"ဘာ.. ကြၽန္ေတာ္က သနားစရာေလးမို႔ ဟုတ္လား"

အသံက်ယ္က်ယ္ နဲ႔ ေအာ္ေသာ္လည္းသီးခ်င္းသံေတြနဲ႔မို႔ သိပ္မၾကားရေပ။ ေခါင္ေလးကေတာ့ လ်စ္လ်ဴ႐ွဴ႕ထားလ်က္
ဘီယာသာေအးေဆး ထိုင္ေသာက္ေန၏။ ေကာင္ေလးမွာ
ေဒါသထြက္သည့္အေလ်ာက္ ဂ႐ုမစိုက္သည့္ ေခါင္ေလး၏
မ်က္ႏွာေပး ေၾကာင့္ မခံမရပ္ႏိုင္ျဖစ္ကာ စားပြဲေပၚက ပုလင္းေတြကို ပစ္ေပါက္ခြဲေတာ့၏။

"အာ...!!"

ကေနေသာ လူေတြ ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္လ်က္ သီခ်င္းသံလည္း ေခတၱရပ္သြားေလသည္။

"ခင္ဗ်ား လူယုတ္မာ"

ေကာင္ေလးသည္ မေက်မနပ္ေအာ္ဟစ္လို႔ ဘုန္းထြဋ္ေခါင္လ်ွံကို ဆြဲထိုး၏။ ထိုစဥ္ လံုျခံဳေရးေတြ ခ်က္ခ်င္းေရာက္လာၿပီး
ဆြဲေခၚသြားတာမို႔ ျပသနာက ၿပီးသြားကာ သီခ်င္းသံက ျပန္ထြက္လာလ်က္ လူေတြလည္း ျပန္လည္ ျမဴးတူးစြာကလ်က္ရိွသည္။

ပါးေပၚမွ အထိုးခံရသည့္ ဒဏ္ရာကို ပြတ္ရင္း သူ ေခါင္းကို
ခါးယမ္းလိုက္ကာ လက္ထဲက မကုန္ေသးသည့္ ဘီယာကို
ဆက္ေမာ့ လိုက္၏။ ဒီလိုုပါပဲ လူေတြဟာ ႀကိဳက္လို႔ပါ ခ်စ္လို႔ပါဆိုၿပီး ဝင္လာၾကတယ္။ေနာက္ေတာ့လည္း သူ႕အက်င့္ဆိုးေတြကို သည္းမခံႏိုင္လို႔ ျပန္ထြက္ သြားၾကတယ္။

"ေရာ့ "

မ်က္စိေ႐ွ႕ေရာက္လာတဲ့ အေအးဘူးေၾကာင့္ လာေပးသည့္လူကို ေမာ့ၾကည့္လိုက္သည္။ မီးေရာင္တစ္ဖ်က္ဖ်က္ေအာက္မွာ
Sexyက်လြန္းေနသည့္ ထိုအမ်ိဳးသားဟာ ခုနက
သူတစ္ခ်ိန္လံုး ထိုင္ၾကည့္ေနသည့္ DJသမားေလးျဖစ္၏။

သူ အေအးဗူးကို လွမ္းယူလိုက္ၿပီး အထိုးခံထားရသည့္
မ်က္ႏွာေပၚလိမ့္လိုက္သည္။ အခုမွေရခဲ ​ေသတာၱထဲက
ထုတ္ယူလာဟန္ရိွေသာ အေအးဘူးသည္ နဂိုထက္
ဆယ္ဆ အေအးလြန္ေနကာ အထဲကေဖ်ာ္ရည္ေတြေတာင္
ခဲေတာက္လို႔ေန၏။

"ဒါ ကိုသုတရဲ႕ Bar လား "

"ဆိုပါေတာ့ ။ မင္းၾကည့္ရတာ စိတ္ညစ္ေနသလိုပဲ"

"ဒီလိုပါပဲ လူ႔အႀကိဳက္ နတ္မလိုက္ႏိုင္ပဲေလ။ ကြၽန္ေတာ့္
စိတ္ကို ဘယ္သူ ထိန္းခ်ဳပ္ေပးႏိုင္မွာလဲ"

သူ ေျပာတာကို ႏိႈင္းက နားလည္သလို ေခါင္ၿငိမ့္ၿပီး....

"မနက္ျဖန္လာခဲ့ေနာ္ အ႐ႈပ္ေတြေတာ့ သယ္မလာနဲ႔
see you"

သူ ေခါင္းျပန္ၿငိမ့္ျပလိုက္သည္။ ထြက္သြားသည့္ ထိုလူရဲ႕
ေက်ာျပင္ဟာ သူ႔ကို နဲနဲေတာ့ အထီးက်န္ဆန္ေစသည္။
လက္ထဲက အေအးဘူးဟာ အရည္ေပ်ာ္စျပဳလ်က္ ဘူးခြံေပၚက အခဲေလးေတြဟာ အရည္အျဖစ္ေျပာင္းလဲလို႔လာသည္။

ကြၽန္ေတာ္တို႔ ေနာက္တစ္ႀကိမ္မေတာ္တဆ ျပန္ေတြ႔ျဖစ္ခဲ့ရင္
ခင္ဗ်ား ကြၽန္ေတာ္နဲ႔ အိပ္ႏိုင္မလားလို႔ ေမးမိမွာ ေသခ်ာ၏။

..................................................................

Love u all💚💚💚

Ga verder met lezen

Dit interesseert je vast

1.1M 66K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
340K 25.4K 31
ခင္ဗ်ားနဲ႔ေတာ့ Reyဆက္လွ်ံရယ္ ... ဆိုးလိုက္တာ ခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ
440K 33.7K 47
ႏွစ္ေပါင္းမ်ားစြာကြဲကြာေနၾကေသာ အမႊာညီအစ္ကိုႏွစ္ေယာက္ ေ႐ွး႐ိုးရာ နဲ႔ ေ႐ွး႐ိုးဂုဏ္ မေတာ္တဆမႈတစ္ခုေၾကာင့္ ကိုမာဝင္သြားေသာ ညီျဖစ္သူ၏ ေနရာသို႔ အစားထိုးဝင္...
10.7K 944 30
ချစ်မေတ္တာဖြင့်အေးစေနွေးစေ ချစ်ခြင်းတို့ဖြင့်ရှင်သန်စေ မျှော်လင့်ကင်းကွာချစ်ခြင်းများ ငါ၏နှလုံးသား၌ တည်စေသား......