အခန်း (၂၇) - Happy New year night PartII
Unicode
[မင်းငါ့ကိုမချစ်ပါနဲ့ ]
မင်းခန့်ထည်ဟာရှိုင်းပေါ်သို့ပြိုလဲကျသွားပြီးနောက် ကောင်လေးရဲ့ရင်ခွင်လေးပေါ်၌မျက်နှာအပ်မိသွားရာကနေခပ်မြန်မြန်ပြန်ထလိုက်လေသည်။ သူကပြာကယာနဲ့ကောင်လေးကိုပြန်ကြည့်လိုက်တော့ ရှိုင်းလေးရဲ့မျက်တောင်လေးတွေကပါးပြင်ပေါ်သို့အရိပ်ကျနေလျက်တုတ်တုတ်မျှမလှုပ်လာခဲ့တာကြောင့် သူအနည်းငယ်စိတ်အေးသွားရသည်။
မင်းခန့်ထည်သည်ရှိုင်းရဲ့ပြစ်မျိုးမှဲ့မထင်မျက်နှာလေးအားတစိမ့်စိမ်ကြည့်နေမိပြီးနောက် ကောင်လေးရဲ့မျက်ခမ်းစပ်လေးနားသို့ညင်သာစွာဖြင့်ထိကပ်နမ်းရှိုက်လာခဲ့သည်မှာ လိပ်ပြာလေးတွေကအရောင်အသွေးစုံတဲ့ပန်းပွင့်ချပ်လေးတွေပေါ်မှာသူ၏တောင်ပံလေးကိုဖြည်းညင်းစွာခတ်လျက် ပျံသန်းနမ်းရှိုက်သွားတဲ့အလား။အလွန်တရာမှညင်သာလွန်းလှ၏။
ကောင်လေးရဲ့မျက်ခမ်းစပ်လေးကိုနမ်းအပြီးမှာမင်းခန့်ထည်ရဲ့အသိအာရုံထဲတွင်အချက်ပေးသံတစ်သံမြည်ဟီးလာခဲ့သည်။
'ငါ ဘာတွေလုပ်မိနေတာလဲ!!!! '
သူထိတ်လန့်စွာငေါက်ခနဲထရပ်လိုက်တဲ့အခါ စိတ်သွားတိုင်းခန္ဓာကိုယ်ကမလိုက်လာဘဲသစ္စာဖောက်နေလေပြီ။ခေါင်းကနောက်ကျိကျိဖြစ်နေပြီး ခြေထောက်များကလည်းသေချာမရပ်နိုင်တော့တာကြောင့်တစ်ဖန်ရှိုင်းပေါ်သို့ပြန်ကာပြိုလဲကျသွားရလေ၏။
ဒီတစ်ခါတော့မင်းခန့်ထည်ကရှိုင်းရဲ့ဘယ်ညာတစ်ဖက်တစ်ချက်ဆီ၌သူ့ရဲ့လက်နှစ်ဖက်စလုံးကိုစိမ်းဖန့်ဖန့်သွေးကြောတို့ထလာတဲ့အထိထောက်ကန်ထားလိုက်တာကြောင့် ကောင်လေးရဲ့နူးညံ့ချောမွေ့လွန်းသောမျက်နှာလေးထက်ဆီသို့ သူ၏မျက်နှာက တစ်စင်တီမီတာအကွာလောက်ပဲရှိတော့အထိနီးနီးကပ်ကပ်အပ်ကျမိသွားတော့လေသည်။
တစ်ခုတော်သေးသည်က သူ၏လေးလံတဲ့ခန္ဓာကိုယ်ကြီးဟာရှိုင်းလေးကိုမပိသွားခြင်းပေ။
"အင်း............."
ရှိုင်းက ထိုသို့လေးဖျင့်စွာငြီးလိုက်ရင်းအနည်းငယ်လူးလွန့်လာတာကြောင့်မင်းခန့်ထည် တစ်ယောက်
ကမမ်းကတန်းပင် ထထိုင်လိိုက်ကာ ခုတင်တစ်ဖက်ဆီသို့ဝုန်းခနဲလှဲချလိုက်ပါတော့သည်။
ဒီညသောက်လိုက်ရတဲ့အရက်ဟာသူသောက်ဖူးသမျှအရက်တွေထဲ၌အပြင်းဆုံးအမျိုးအစားဟုဆိုရပေမည်။ထို့ကြောင့်သူ မနဲသတိကပ်ထားပြီးသတိမလွတ်သွားအောင်တင်းခံထိန်းကာနေရသည်။
သူ့ရဲ့အကျင့်တစ်ခုက High drunkသို့ရောက်လေလေ ဒေါသကြီးကာသွေးဆိုးလာလေလေပင်။သို့သော် သူဒီညတော့
သွေးဆိုးလို့မဖြစ်ပေ။
အူရိုင်းလေးရှိုင်းဇေယံကိုအမူးပြေအောင်လုပ်ပေးရဦးမည်ဖြစ်ကာ စီနီယာတစ်ယောက်ဖြစ်တဲ့သူကိုယ်တိုင်ကအရက်မူးတိုင်းသွေးဆိုးတတ်တဲ့အကျင့်ဆိုးအကြောင်း ဒီကလေးရှေ့၌ပေါ်သွားပါသော် သူ့သိက္ခာအားမည်သို့အဖတ်ဆယ်ရတော့မည်ဆိုတာကိုမတွေးဝံ့တာကြောင့် မင်းခန့်ထည်ဟာ အမူးဒဏ်ကိုတတ်နိုင်သမျှထိန်းထားကာသွေးမဆိုးလာစေရန် သူ့ရဲ့စိတ်ထဲမှာနံပါတ်စဥ်တွေကို တစ်ကနေ တစ်ရာအထိရေတွက်နေခဲ့လေသည်။
ထိုအချိန်မှာပင် သူ့ဘေးမှာလဲလျောင်းနေတဲ့ရှိုင်းဇေယံက ငေါက်ခနဲထထိုင်လာပြီးအော်ခေါ်လာခဲ့သည်။
"ကိုခန့် ......."
ရှိုင်းရဲ့ထိုခေါ်သံကိုကြားတော့မင်းခန့်ထည်ရဲ့အမှတ်စဥ်ရေတွက်မှုဟာနံပါတ်၅၀အရောက်မှာပြတ်တောက်သွားရကာ ခုတင်ပေါ်၌ထထိုင်လိုက်ပြီး အမူးသမားလေးနှင့်မျက်နှာချင်းဆိုင်လိုက်လေသည်။
"ဘာဖြစ်လို့လဲ ညီ ရင်ပူနေလို့လား"
မင်းခန့်ထည်မေးတော့ရှိုင်းကပြန်မဖြေ အသာခေါင်းညိမ့်ပြသည်။ကောင်လေးရဲ့ဖြူဥဥပါးပြင်လေးနှစ်ဖက်မှာပန်းနုရောင်လေးတွေဖြတ်ပြေးနေပြီးအသဲယားစရာကောင်းသလိုချစ်စရာလည်းကောင်းလှသည်။
"ကျနော်ဘာလို့ရင်ပူနေတာလဲဟင်...။"
ရှိုင်းကသူ့ရဲ့မျက်လုံးလေးတွေကိုမှိတ်တုတ်မှိတ်တုတ်လုပ်လိုက်ပြီးမေးလာခဲ့တော့ မင်းခန့်ထည်ကခုတင်ပေါ်ကနေထရပ်လိုက်လေသည်။
"ခနနေဦးအကိုရေယူပေးမယ်နော်"
ဟုဆိုကာ မလှမ်းမကမ်းရှိရေသန့်ဘူးမှရေတစ်ခွက်ဖြည့်လိုက်ပြီးရှိုင်းကိုကမ်းပေးလိုက်လေ၏။
ရှိုင်းဇေယံက ခွက်ထဲကရေကိုဂလုဂလုအသံမြည်တဲ့အထိအငမ်းမရသောက်လိုက်ပြီးနောက်ရေကုန်သွားတဲ့အခါနှုတ်ခမ်းလေးသပ်လိုက်ကာမင်းခန့်ထည်ကို' အင့်' ဆို၍ပြန်ပေးလိုက်တော့သည်။ ရေသောက်ပြီးနောက်ကောင်လေးကငူတူတူလေးနှင့်ဆက်ထိုင်နေတာကြောင့််မင်းခန့်ထည်ကစိုးရိမ်မိသွားရသဖြင့် ကောင်လေးရဲ့ဆံပင်တွေကိုသပ်ပေးလိုက်ရင်းညင်သာတိုးဖွစွာဖြင့်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ညီ"
မင်းခန့်ထည်ဟာ ရှိုင်းဇေယံကိုဘာမှမဖြစ်သလိုပုံစံနဲ့ဂရုတစိုက်မေးနေပေမယ့်လို့ သူကိုယ်၌ကလည်း သိပ်၍အခြေအနေမဟန်တော့ပေ။
ခေါင်းကတရိပ်ရိပ်နဲ့နောက်ကျိမူးဝေနေကာဒီမူးဝေမှုကကျင့်သားရတာကြောင့်သူတောင့်ခံနိုင်သေးသည်။
သူ မခံစားနိုင်သည်ကသူ့ခန္ဓာကိုယ်ရဲ့သွေးကြောတွေတစ်လျှောက်မှာထိန်းမနိုင်သိမ်းမရနဲ့တရွရွတောက်လောက်နေသောအပူလှိုင်းတစ်ခုကိုပင်။
သူတောင့်ခံထားသော်လည်းတဖြည်းဖြည်းနှင့်အုံကြွပြင်းထန်လာတဲ့ ပြင်းပြပြနဲ့ရမ္မက်ဆန်နေတဲ့ဒီခံစားချက်။ဒါဟာသွေးရိုးသားရိုးတစ်ခုတော့မဟုတ်ပေ။အရက်ကြောင့်ချည်းပဲတော့သူဒီလောက်ထိမဆိုးရွားနိုင်။
မင်းခန့်ထည်ဟာ လက်ဖဝါးထဲကိုလက်သည်းတွေနစ်ဝင်သည်အထိတင်းတင်းဆုပ်ထားလိုက်ပြီး ရှိုင်းရှေ့၌ဟန်မပျက် သူနေနေခဲ့သည်။
"ဘာဖြစ်လို့လဲ ညီ အကို့ကိုပြော ဘာဖြစ်လို့လဲ?"
"ကျနော်....ပူ...တယ်"
ဟု ထိုကောင်လေးကဆူအောင့်အောင့်နဲ့ဆိုလာပြီးသူ့ရဲ့အကျီလေးကိုဆွဲချွတ်ရန်ပြင်သည်။
အမူးသမားလေးရှိုင်းဇေယံက အဝတ်တွေချွတ်ပစ်ဖို့အလျင်လိုနေသော်လည်းသူဝတ်ထားသည်ကအရှေ့ကွဲကြယ်သီးတပ် Shirtမျိုးမဟုတ်ဘဲ လုံးစွပ်ချည်သား shirtဖြစ်နေတာကြောင့်ထိုအမူးလေးခမျာအခက်တွေ့နေရှာလေသည်။
"ဗြဲ!!!!! ချွတ်လို့လည်းမရဘူး ပူပါတယ်ဆိုမှ"
မင်းခန့်ထည်ခမျာမျက်နှာနီနီရဲရဲလေးနှင့်စိတ်တိုကာအော်ငိုနေသော ၅နှစ်သားကလေးလေးရှိုင်းဇေယံကို မြင်နေရတဲ့အခါ သူရယ်ရခက်ငိုရခက်ဖြစ်နေလေသည်။
ထို့နောက် အင်္ကျီချွတ်ဖို့ဖရိုဖရဲကြိုးစားနေတဲ့ကောင်လေးရဲ့လက်တွေကိုသူ့လက်တွေနဲ့ချုပ်ကိုင်လိုက်ရင်း ချော့မော့ဆိုလာသည်။
"ခနလေး အကို ချွတ်ပေးမယ်နော်။ရှိုင်းလေး ကငြိမ်ငြိမ်လေးနေ ဟုတ်ပြီလား"
သူ့စကားကြားတော့ ရှိုင်းဇေယံကငြိမ်ကျသွားကာလက်နှစ်ဖက်ကိုအပေါ်သို့တန်းမတ်စွာမြှောက်ထားလာခဲ့ပေ၏။
မင်းခန့်ထည်မှာလူလိမ္မာလေးကိုကြည့်ရင်းခပ်ဖွဖွရယ်လိုက်လျက် ရှိုင်းရဲ့ Shirtလေးအားအောက်နားအစကနေမကာအပေါ်ဘက်ဆီသို့တဖြည်းဖြည်းဆွဲတင်လိုက်တဲ့အခါ အင်္ကျီလည်ပင်းကကြပ်နေတာကြောင့် ကောင်လေးရဲ့မျက်နှာကိုမထိမိစေရန်ဂရုတစိုက်ကူချွတ်ပေးလေသည်။
အပေါ်က shirtလေးကိုချွတ်ပြီးသွားတော့ရှိုင်းဇေယံရဲ့ကိုယ်ပေါ်မှာ အဖြူရောင်စွပ်ကျယ်အပါးလေးသာကျန်ရှိခဲ့ပေသည်။အပေါ်ထပ်shirtကြောင့်ဖုံးကာနေသောရှိုင်းရဲ့ဖြူဖြူဖွေးဖွေးပခုံးသားလေးနဲ့လည်တိုင်လေးက သူ့မျက်စိရှေ့မှာညှို့ငင်နိုင်စွမ်းအပြည့်နဲ့အထင်အရှားပေါ်လာတာမို့ သူတစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပင်အကြည့်ပြန်လွှဲလိုက်တော့သည်။
"ညီ အန်ချင်လား"
မင်းခန့်ထည်ကသူချွတ်ပေးလိုက်တဲ့ Shirtကိုနံရံကချိတ်တစ်ခုမှာချိတ်လိုက်ရင်းမေးလိုက်တော့ကောင်လေးကခေါင်းရမ်းပြလာတာကြောင့် သူ ထိုခနစိတ်အေးသွားရပြီးအမူးပြေဆေးကိုအံဆွဲတွေထဲမှာစရှာရတော့သည်။
"ရှိုင်းလေး ဆေးသောက်နိုင်တယ်မှတ်လား။
မအန်ချင်တာသေချာလား"
"ကျနော်.....သောက်နိုင်တယ်"
"ဟုတ်ပြီ"
သူ့အံဆွဲရဲ့အတွင်းပိုင်းကျတဲ့နေရာမှာမနှစ်ကသူမူးတော့မင်းစက်လာထည့်ပေးထားတဲ့အမူးပြေဆေးတစ်ကဒ်ရှိရာ ထိုဆေးကဒ်လေးရဲ့ Dateကိုစစ်ကြည့်လိိုက်တဲ့အခါ ဆေးကသောက်လို့ရသေးလေသည်။သူဆေးကဒ်လေးကိုယူရင်းပြန်လှည့်လိုက်စဥ်မှာပင် သူ့ရဲ့ခြေထောက်တွေကယိုင်ခွေကျသွားပြီး
ဆေးကတ်လေးကလည်းခုတင်အောက်သို့ပြုတ်ကျသွားတော့လေ၏။
"အား!!!!!!"
နောက်ဆုံးတော့ အသွေးအသားတို့ရဲ့လောင်ကျွမ်းဒဏ်ကို သူဆက်မထိန်းထားနိုင်တော့ပေ။သူ ရှိုင်းနှင့်ဆန့်ကျင်ဘက်ခုတင်စောင်းကိုမှီလျက်ထိုင်ချလိုက်ရပြီးနောက် မျက်လုံးတွေကိုစုံမှိတ်ထားကာအံကြိတ်လိုက်တော့သည်။
သူ့ရဲ့တစ်ကိုယ်လုံးလည်းရစရာမရှိအောင်ချွေးစေးများဖြင့်ရွှဲနစ်နေခဲ့ကာ လည်ပင်းကြောတွေဆိုပေါက်ထွက်တော့မတတ်အပြိုင်းပြိုင်းထလာပြီး
အံကြိတ်ထားတာကြောင့်မေးရိုးတွေပါထင်းလာကာမျက်နှာကြီးတစ်ခုလုံးလည်းဆွေးဆွေးနီလာရချေသည်။
'ဖာ့ခ်ပဲ မရတော့ဘူး'
မင်းခန့်ထည်ရဲ့ထိုသို့သောပုံစံကိုရှိုင်းလေးကမြင်သွားတော့ ခုတင်ပေါ်ကနေဆင်းလာလိုက်ပြီးမင်းခန့်ထည်နားသို့တိုးကပ်သွားကာစိုးရိမ်စွာအပြေးမေးလာခဲ့သည်။
"ကိုခန့် ......ဘာဖြစ်တာလဲဟင်။တကိုယ်လုံးလည်းချွေးတွေကြီးပဲ။
ကိုခန့်လည်းအရက်သောက်ထားတာလား?"
ဟုဆိုကာ သူ့ရဲ့အနားမှာနီးနီးကပ်ကပ်နေနေ၍ တရှုံ့ရှုံ့နဲ့လိုက်လံနမ်းရှုံ့နေတဲ့ကောင်လေးရဲ့ထိုအပြုအမူဟာဆိုရင်မီးပုံကြီးထဲလောင်စာတုံးတွေပစ်ထည့်လိုက်သကဲ့သို့ပင်။မီးတဟုန်းဟုန်းထတောက်လာဖို့ရာအကန့်အသတ်တစ်ခုသို့ရောက်နေခဲ့လေပြီ။
မင်းခန့်ထည်ဟာမျက်လုံးတွေမှေးစင်းထားလျက်ကောင်လေးရဲ့နီးကပ်လာတဲ့မျက်နှာလေးကိုရှုကြည့်နေရင်းနဲ့တစ်နေရာရာက အချက်ပြလာတာကြောင့် သူဗြုန်းခနဲထရပ်ကာ ကောင်လေးနဲ့ဝေးရာဆီသို့သွားရန်ပြင်လေသည်။ သို့သော်အခန်းတစ်ခန်းဆိုတာကျဉ်းမြောင်းလွန်းသည်။
သူကောင်လေးနဲ့ဝေးဝေးရှောင်နေသော်လည်းကောင်လေးကသူ့အနားသို့တိုးမြဲတိုးလာတာကြောင့်မတတ်သာတဲ့အဆုံးသူအပြင်ပြေးထွက်ရန်တံခါးလက်ကိုင်ကိုဆွဲလိုက်တဲ့အခါ
ရှိုင်းက သူ့ရဲ့လက်တစ်ဖက်အားဖမ်းဆွဲထားတာကြောင့်ထိုအကြံလည်းမဖြစ်မြောက်လိုက်ပေ။
ထိုကောင်လေးဆီကနေဆက်ထွက်လာတဲ့တအီအီငိုသံလေးက သူ့ရဲ့နှလုံးစိုင်လေးကိုခပ်ဖွဖွပွတ်သပ်ကာကျီစယ်ဆွဲဆောင်နေသလိုမျိုးဖြစ်နေတာကြောင့် သူတံတွေးတစ်ချက်မြိုချမိလိုက်သည်။သေချာပေသည်။
ရှိုင်းဇေယံရဲ့မူးပြီးရစ်တဲ့လုပ်ငန်းစဉ်ဟာအစပျိုးလာပြီဖြစ်သည်။
"ကိုခန့် ...ဘယ်သွားမလို့လဲဟင်။
ညီ့ကိုပစ်ချန်ထားခဲ့တော့မလို့လား။ညီကအရမ်းဆိုးနေလို့လားဟင်"
"ကိုခန့်မကြိုက်ရင်ညီမဆိုးတော့ဘူးလေနော် ... "
"ကိုခန့်သွားရင် ညီငိုမှာ ... "
ကောင်လေးရဲ့ဝိုင်းစက်စက်မျက်လုံးတောက်တောက်လေးတွေထဲမှာ မျက်ရည်အရည်ကြည်လေးတွေကပြည့််နှက်စွာဝဲတက်လာကာ အကယ်ဒမီရှော့ puppy eyesလေးများဖြင့် တီတီတာတာပြောနေလေတော့ မင်းခန့်ထည်ရဲ့ထိန်းချုပ်နိုင်မှုအတိုင်းအတာဟာလုံးဝကင်းလွတ်သွားပေတော့သည်။သူတံခါးချက်ကိုချလိုက်ပြီးနောက်ကောင်လေးဘက်သို့ပြန်လှည့်လိုက်လေ၏။
"အင့်.....အု......အု"
သားရိုင်းကြီးမင်းခန့်ထည်ဟာ ယုန်ဖြူလေးရှိုင်းဇေယံရဲ့နှုတ်ခမ်းဖူးဖူးလေးအားအငမ်းမရနမ်းရှိုက်လာပြီးအားနဲ့စုပ်ယူလိုက်တဲ့အခါ ကောင်လေးရဲ့ငြီးသံသဲ့သဲ့လေးကအခန်းနံရံတွေထဲမှာရပ်နားခြင်းမရှိစွာပျံ့နှံ့လာရသည်။
ထိုအခိုက်အတန့် မင်းခန့်ထည်ဟာ အကြင်နာတရားများနဲ့အတူစည်းစောင့်တတ်ပါတဲ့သူ၏နှလုံးသားတစ်စုံအားပိန်းပိတ်အောင်ထူထဲလှပါသည့်မက်မောတမ်းတဆာလောင်မှုများဖြင့်ဖုံးအုပ်လွှမ်းမိုးပစ်လိုက်ချေသည်။
သူ့ရဲ့စိတ်ရိုင်းတို့အားချုပ်နှောင်ဖိနှိပ်ထားပါတဲ့ကြိုးတွေမှန်သမျှကိုဓားထက်ထက်နဲ့ဖြတ်တောက်ပစ်လိုက်ကာ အရိုင်းဆန်တဲ့အသွေးအသားတွေကသူ၏ဦးနှောက်ထဲမှာတစ်စုံတစ်ရာကိုအပူတပြင်းရေရွတ်နေရှာ၏။
'မင်းစိတ်ထဲမှာရှိတဲ့အတိုင်း ထိုကောင်လေးကိုဆွဲစုတ်ပစ်လိုက်'ဟူ၍။
အသက်ရှူမဝတော့တဲ့ကောင်လေးကသူ့ရဲ့လက်ထဲမှာရုန်းကန်လာကာတွန်းဖယ်လာခဲ့တာကြောင့်မင်းခန့်ထည်က နီဖူးဖူးနှုတ်ခမ်းတွေကနေတဖြည်းဖြည်းအောက်ဆင်းသွားကာ ဖြူဖွေးဖွေးလည်တိုင်ထက်ဆီသို့ဦးတည်လိုက်လျက် မွတ်သိပ်စွာနမ်းရှိုက်လာခဲ့သည်။ပြီးနောက် နူးညံ့ညံ့ပခုံးသားလေးတွေဆီအရောက်မှာ မျက်လုံးအရောင်တွေကအဆုံးမရှိစွာနက်မှောင်ပြင်းပြလာပေတော့သည်။
"အာ့!!! ကိုခန့် !!!"
မင်းခန့်ထည်အသဲယားကာရှိုင်းရဲ့နူးညံ့ညံ့ပခုံးသားလေးကိုကိုက်ချပစ်လိုက်တာကြောင့်ရှိုင်းကနာကျင်စွာအော်ဟစ်လာခဲ့သည်။
ရှိုင်းရဲ့ထိုအော်သံလေးကြားရတော့သူ့ရဲ့စိတ်ဆန္ဒတို့ဟာအဆမတန်ကျေနပ်အားရမှုတို့နဲ့ပြည့်နှက်သွားကာ ထိုအရသာလေးကိုမြည်းစမ်းချင်သထက်မြည်းစမ်းလာချင်နေပြီး လိုအင်ရမ္မက်တို့ကို အတောမသတ်နိုင်တော့ပေ။သူ့ကိုယ်ထဲမှာတောက်လောင်နေတဲ့ဆေးအရှိန်ကလည်းပိုတက်လာသဖြင့် သူဒီမျှနှင့်မကျေနပ်နိုင်တော့ဘဲ ရှိုင်းရဲ့ကိုယ်လေးအားခုတင်ထက်ဆီသို့ကြမ်းတမ်းစွာပစ်ချလိုက်ပါတော့သည်။
ခုတင်ပေါ်ကိုပစ်လှဲချခံလိုက်ရတဲ့အခါရှိုင်းဇေယံကလန့်ဖြန့်သွားပြီး အမူးပြေသွားခဲ့တာကြောင့်ထထိုင်လိုက်ကာခုတင်ခေါင်းရင်းဘက်သို့နောက်ပြန်ရွှေ့သွားတဲ့အခိုက် ဆာလောင်နေတဲ့သားရိုင်းကြီးမင်းခန့်ထည်ကသူ့ကိုခြေချင်းဝတ်တစ်ဖက်ကနေဆွဲကိုင်လိုက်လျက် အောက်သို့တရွတ်တိုက်ပြန်ဆွဲချလာခဲ့သည်။
ထို့နောက်သူ့ပေါ်သို့တစ်ဖန်အုပ်မိုးလာသောမင်းခန့်ထည်ရဲ့သန်မာတောင့်တင်းတဲ့ခန္ဓာကိုယ်ကြီးအား ရှိုင်းကသူ့ရဲ့လက်၂ဖက်ဖြင့်အကြောက်အကန်ပင့်တင်ထားရင်း
ပင့်ရှိုက်ထိတ်လန့်စွာ မေးလိုက်လေသည်။
"အကို! မူးနေတာလား"
မင်းခန့်ထည်ကသူ၏ရင်ဘက်ထက်၌ဟန့်တားထားသောကောင်လေးရဲ့လက်ကလေးနှစ်ဖက်အားဆုပ်ကိုင်ဖယ်ရှားလိုက်ကာခုတင်ခေါင်းရင်းထက်၌အပြီးသတ်ချုပ်ထားလိုက်တော့သည်။ထိုအပြုအမူကိုမြင်တော့ ရှိုင်းရဲ့သွေးကြောတွေထဲမှာစီးဆင်းနေတဲ့သွေးတွေဟာဆိုရင်ကပြောင်းကပြန်စီးဆင်းတော့မတတ်တုန်လှုပ်လာခဲ့ရလေ၏။
"အကို!!! ဘာဖြစ်နေတာလဲ?"
သူဘယ်လိုပဲမေးမေး မင်းခန့်ထည်ကပြန်မဖြေဘဲ သူ၏နှုတ်ခမ်းသားဖူဖူးလေးဆီသို့ထပ်မံဦးတည်လိုက်ပြီးနောက် လက်တစ်ဖက်ကနေ စွပ်ကျယ်အပါးလေးအားဆုတ်ဖြဲပစ်လိုက်လေတော့သည်။
"ကိုမင်းခန့်ထည်!!!!!"
ထိုစဥ်မင်းစက်နဲ့ဟန်လင်းထက်တို့၂ယောက်ကပွဲအတွင်း၌ပဲရှိနေသေးကာ ဟန်လင်းထက်ကမင်းစက်လက်ထဲမှာဆွဲကိုင်ထားတဲ့သောက်လက်စကော့တေးလေးကိုဆွဲယူလိုက်လေသည်။ထို့နောက်တစ်ငုံသောက်ချလိုက်ကာ မျက်ဝန်းတွေကိုပင့်ကြည့်လိုက်လျက်မေးလာခဲ့သည်။
"ကိုစက်က ကျနော့်ကိုစောင့်နေတာလား "
ဟန်လင်းထက်သောက်နေတဲ့ကော့တေးခွက်လေးကိုမင်းစက်ကတစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ အေးတိအေးစက်ဆိုလာသည်။
"အာ.....ငါမစောင့်ပါဘူး။မင်းကိုလာစေချင်ရုံတင်ပါ"
"ကျနော့်ကိုစောင့်နေမယ်ထင်တာ။ကျနော်ကိုကလောဘကြီးလွန်းတာပါ"
"ငါ....."
ဟန်လင်းထက်ကမျက်နှာလေးကိုညှိုးချလိုက်လျက်စိတ်မကောင်းဖြစ်စွာရေရွတ်လိုက်တော့မင်းစက်ကတစ်စုံတစ်ခုပြောဖို့ပြင်လိုက်တဲ့အခါကြားဖြတ်ဝင်ရောက်လာပါသော Sound boxအသံကြောင့်သူ၏အသံတို့ကပြတ်တောက်သွားရသည်။
~~~Hello!!!!!!! Everybody Are you ready? ~~~
ဒုတိယတစ်ကြိမ် DJ Timeကထပ်စလာတဲ့အခါပွဲအတွင်းရှိကျောင်းသားတွေအကုန်လုံးက မြူးထူစွာနဲ့လှုပ်ရွလာကြပြန်လေသည်။ ပွဲတစ်ခုလုံးလည်းDJသံများကြောင့်အုံးအုံးကျက်ကျက်နဲ့ဆူညံလာခဲ့ကာသူတို့နှစ်ယောက်စကားပြောရန်အခြေအနေမပေးတော့တာကြောင့်မင်းစက်ကဟန်လင်းထက်နားနားကပ်ကာအဆောင်အနောက်ဘက်ဆီသို့လမ်းလျှောက်သွားရန်ပြောလိုက်တော့ဟန်လင်းထက်ကသဘောတူလာခဲ့သည်။ထို့ကြောင့်နှစ်ယောက်သားအဆောင်အနောက်ဘက်ဆီသို့ထွက်လာခဲ့လိုက်သည်။
အရင်ညတွေဆိုရင် အဆောင်အနောက်ဘက်၌ ဆေးလိပ်ခိုးသောက်သူများ၊အဆိုရှင်များနှင့်ပြည့်နေသော်လည်းဒီညတွင်တော့အကုန်လုံးက partyသို့ရောက်နေကြသဖြင့်အဆောင်အနောက်ဘက်၌လူသူကင်းမဲ့လျက်ရှိသည်။
ဟန်လင်းထက်ကအုတ်ခုံလေးတစ်ခု၌ထိုင်လိုက်ရင်းရယ်ကျဲကျဲနဲ့ဆိုသည်။
"ဒီလောက်လူပြတ်တဲ့နေရာကိုကျနော့်လိုလူမျိုးကိုခေါ်လာတာ ကိုစက်မကြောက်ဘူးလား"
ထိုအခါ မင်းစက်ကခေါင်းခါလိုက်ရင်းဟွန့်ခနဲနှာမှုတ်လိုက်ကာပြန်ဖြေလာသည်။
"ငါကဘာကိစ္စမင်းကိုကြောက်ရမှာလဲ။ငါကမင်းထက်၂နှစ်ကျော်ကြီးတယ်ဆိုတာမေ့နေပြီလား"
သူ့ဘေးမှာဝင်ထိုင်လာရင်းမင်းစက်ပြောလိုက်တဲ့စကားကိုကြားတော့ ဟန်လင်းထက်ကသဘောကျစွာပြုံးရယ်နေမိသည်။ပြီးနောက်သူစုတ်သပ်လိုက်ရင်း နောက်ပြောင်စွာဆိုလိုက်လေ၏။
"ကျနော်ဆေးလိပ်သောက်ချင်လိုက်တာ"
ထိုစကားလေးဖြတ်ပြေးသွားတော့ ဖြန့်ထားတဲ့လက်ဖဝါးလေးတစ်ဖက်ပေါ်မှာတင်ရှိနေတဲ့စီးကရက်တစ်ဖာနှင့်မီးခြစ်လေးတစ်ခုကရုတ်တရက်သူ့မျက်စိရှေ့သို့ပဥ္စလက်ဆန်စွာရောက်လာခဲ့တာကြောင့် ဟန်လင်းထက်တစ်ယောက် အံ့အားသင့်သွားရသည်။
"ကိုစက်ကဆေးလိပ်သောက်တာမကြိုက်ဘူးမှတ်လား။ဘာလို့ကိုစက်ဆီမှာဒါတွေရှိနေရတာလဲ"
မင်းစက်ခမျာဟန်လင်းထက်ထွက်သွားပြီးကတည်းက ဟန်လင်းထက်ရဲ့ခုတင်ပေါ်မှာညတိုင်းအိပ်နေခဲ့ကာ ခုတင်အောက်ထောင့်နားလေးမှာညပ်ပြီးပြုတ်ကျနေခဲ့တဲ့စီးကရက်ဖာလေးနဲ့မီးခြစ်လေးကိုတွေ့တော့သူကောက်ထားလိုက်သည်။
ထို့နောက် လူဆိုးလေးရဲ့ကျန်ရစ်ပစ္စည်းတွေဖြစ်တဲ့ စီးကရက်၂လိပ်သာကျန်ရှိတော့တဲ့စီးကရက်ဘူးလေးနှင့်မီးခြစ်လေးအားသူသွားလေရာနေရာတိုင်းအမြဲတမ်းမမေ့ယူဆောင်သွားတတ်တဲ့အကြောင်းကိုမူ သူဘယ်တော့မှထိုကောင်လေးအားထုတ်ပြောမည်မဟုတ်ပေ။
ထိုသို့ပေါပေါကြောင်ကြောင်နိုင်တဲ့လုပ်ရပ်အကြောင်း သူတစ်ယောက်ကလွဲမည်သူမှမသိတာကပိုကောင်းပေလိမ့်မည်။
"ဒီနေ့တစ်ရက်ပဲ။နောက်နေ့မရဘူး"
မင်းစက်စကားကြားတော့ဟန်လင်းထက်ကထိန်းချုပ်မရစွာရယ်မောလာခဲ့သည်။သူ့ရဲ့မျက်နှာထက်မှာနေရာယူထားတဲ့အပြုံးတွေက ထိုလူသားရဲ့ဘေးနားလေးမှာရှိနေရတဲ့အတွက် သူဘယ်လောက်ထိပျော်ရွှင်နေရလဲဆိုတာကိုခိုင်မာစွာသက်သေပြနေခဲ့သည်။
"ဟုတ်ပါပြီဗျာ"
ဟန်လင်းထက်ကစီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်ပြီးနောက် မီးညှိကာရှိုက်ဖွာလိုက်သည်။သူဖွာထုတ်လိုက်တဲ့စီးကရက်အငွေ့လေးများကမင်းစက်ဆီသို့သွားရိုက်ခတ်လို့နေတာကြောင့်မင်းစက်အသက်ရှူရခက်လာကာချောင်းဆိုးမိလိုက်သည်။
"အဟွတ် အဟွတ်"
ထိုအခါ ဟန်လင်းထက်ကမင်းစက်ဆီသို့စောင်းငဲ့ကြည့်ကာ ဖွာလက်စစီးကရက်လေးအားချက်ချင်းငြိမ်းသတ်ဖို့ပြင်သည်။သို့သော်မင်းစက်ကသူ့ရဲ့လက်ကိုဆွဲကိုင်ရင်းဟန့်တားလာခဲ့ပေသည်။
"ငါလည်းသောက်ချင်တယ်။အဲ့စီးကရက်"
မင်းစက်ဆီကနေမထင်မှတ်ထားတဲ့စကားကိုကြားလိုက်ရတော့ဟန်လင်းထက်ကကြောင်အသွားပြီးဘာဆက်လုပ်ရမှန်းမသိဖြစ်သွားရသည်။
"ဘာလို့လဲ။ကိုစက်ကဆေးလိပ်မသောက်တတ်ဘူးလေ!"
"ပေး"
မင်းစက်ကထိုဆေးလိပ်အားမရမကတောင်းလာလေသော် ဟန်လင်းထက်ကကျောခိုင်းလိုက်ကာ ခြေထောက်အောက်၌နင်းချေပစ်လိုက်တော့သည်။
"မသောက်ရဘူး။ကိုစက်ကဒီလိုအလုပ်တွေမလုပ်ရဘူး"
"တစ်လိပ်ကျန်သေးတယ်"
အုတ်ခုံပေါ်မှာတင်ထားတဲ့စီးကရက်ဘူးလေးအားကောက်ယူလိုက်ရင်းမင်းစက်ဆိုလာတော့ဟန်လင်းထက်မှာတကယ်မှင်သက်သွားရချေ၏။
"ကိုစက်!!"
မင်းစက်ကစီးကရက်တစ်လိပ်အားဖွာဖို့ပြင်နေတုန်းဟန်လင်းထက်ကမင်းစက်အားလှမ်းဆွဲထားလိုက်သည်။
"ဘာလို့ဒီလိုအဓိပ္ပါယ်မရှိတဲ့အလုပ်တွေလိုက်လုပ်နေတာလဲဗျာ" ဟုမျက်မှောင်ကြုတ်လျက်မေးလိိုက်ရင်း စီးကရက်ကိုဆွဲယူသွားကာ ခြေထောက်အောက်၌ထပ်မံနင်းချေပစ်လိုက်တော့သည်။
"ငါ မပြောပြတတ်ဘူး"
"ဘာကိုလဲ?"
"ငါ့ရင်ထဲမှာဖြစ်နေတဲ့အရာတွေကိုစကားလုံးတွေနဲ့အကုန်မပြောပြတတ်ဘူး။"
"ကျနော့်ကိုပြောပြချင်တာတွေရှိလို့လား?"
"ငါမင်းဆေးလိပ်သောက်သလိုလိုက်သောက်ချင်တယ်။ငါမင်းလုပ်သမျှအကုန်လိုက်လုပ်ချင်တယ်။ဒီရက်တွေထဲမှာ ငါ မင်းကို ပြောမပြတတ်လောက်အောင်တွေ့ချင်နေတယ်။
ဒါပေမယ့် ငါ့ရင်ထဲမှာရှိနေတဲ့တခြားအရာတွေကိုတော့မင်းသိအောင်ငါမပြောပြတတ်ဘူး အလင်း"
"ကိုစက်!"
"ငါ ..... ငါ....ငါလေ ယောကျာ်းတွေကိုမကြိုက်ဘူး"
မင်းစက်အသံတို့ဟာ ပြောရင်းပြောရင်းနဲ့တဖြည်းဖြည်းတုန်ယင်လာတာကြောင့်ဟန်လင်းထက်ကမင်းစက်ကိုယ်လေးအားပွေ့ဖက်ထားလိုက်ပြီး တစ်ယောက်သောသူရဲ့ကျောပြင်လေးအားခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးလာသည်။
"ကျနော်နားလည်ပါတယ်။ကိုစက်အရမ်းစိတ်ဆင်းရဲမခံပါနဲ့။ကျနော့်ကြောင့်ကိုစက်ဒီလိုမျိုးစိတ်ပင်ပန်းနေရတာကိုကျနော်မကြည့်ရက်ဘူး။ကိုစက် ကျနော့်အပေါ်အရင်လိုပြန်ဆက်ဆံတာနဲ့တင်ကျနော်ကျေနပ်ပါပြီ။"
"မင်းငါ့ကိုချစ်လား အလင်း?"
"...."
ထိုမေးခွန်းကြောင့်ဟန်လင်းထက်တစ်ကိုယ်လုံးတောင့်ဆတ်သွားကာ မင်းစက်ကိုဖက်ထားဆဲပင် မျက်လွှာချလျက်သူပြန်ဖြေလိုက်သည်။
"ချစ်တာပေါ့။အရမ်းအရမ်းကိုချစ်တာပေါ့။ကိုစက်ကြောင့်ကျနော်ဒီလိုမျိုးပြန်ရှင်သန်နိုင်ခဲ့တာလေ။ကျနော့်အချစ်ကိုမယုံရင်ကျနော့်ရင်ဘက်ကိုခွဲပြီးတော့တောင်ကြည့်လို့ရသေးတယ်။"
မင်းစက်လည်းဟန်လင်းထက်စကားအဆုံးတိုးဖျော့စွာဆိုလာသည်။
"ငါ..လည်း.....ချစ်.....တယ် "
"...."
"မင်းတစ်ယောက်တည်းကိုပဲ .... "
တစ်ဦးတည်းသောသူရဲ့နှုတ်ဖျားထက်ကထွက်ကျလာတဲ့သူအကြားချင်ဆုံးသောစကားသံလေးက လေဟာနယ်ထဲမှာတိုးညှင်းစွာဖြင့်တိုးဝင်ပျံ့နှံ့လာခဲ့သော်လည်း သူ့ရဲ့နားဖျားထက်ကိုတော့ကြည်လင်ပြတ်သားစွာရိုက်ခတ်ဝင်ရောက်လာသည်။
ထိုအခိုက်သူလုံးဝကြောင်အမ်းနေမိသည်။
သူ့ရဲ့ကမ္ဘာကြီးကအခုတော့ပြီးပြည့််စုံသွားခဲ့ပြီဆိုပေမယ့် ဒီခံစားချက်တွေကအိမ်မက်ဆန်လွန်းနေတာကြောင့်သူမယုံကြည်ရဲဘူးဖြစ်နေရှာသည်။
မင်းစက်ကိုဖက်ထားရင်းနှင့်ပင် သူ့ရဲ့ကျောပြင်ကတောင့်တောင့်ကြီးဖြစ်နေခဲ့ကာ သူ၏ကျောဘက်ဆီသို့ယှက်နွယ်ဖက်တွယ်လာသောလက်တစ်စုံရဲ့အထိအတွေ့လေးကိုခံစားလိုက်ရတဲ့အခါ ဟန်လင်းထက်တစ်ယောက် မိန်းမောလွင့်မြောနေရာမှသတိပြန်ဝင်လာခဲ့သည်။ထို့နောက်နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်မလွတ်ထွက်သွားနိုင်အောင်တင်းကြပ်စွာဖက်တွယ်ထားလိုက်ကြတော့သည်။
"3....2.....1 Happy New year!!!!!!!! "
လှပခမ်းနားလှသောမီးရှူးမီးပန်းရောင်စုံများကအနက်ရောင်ကောင်းကင်ယံထက်၌ကြယ်စင်တန်းတွေနဲ့အပြိုင်ခြယ်သလို့နေလျက်။
"ကိုစက် ကြည့်ပါဦး လှတယ်မှတ်လား"
ဟန်လင်းထက်ကမင်းစက်ပခုံးလေးအားလက်တစ်ဖက်ဖြင့်ထွေးပွေ့ထားရင်းနူးညံ့စွာဆိုသည်။
ဟန်လင်းထက်ကောင်းကင်ယံကိုကြည့်နေရင်းက မင်းစက်ကိုပြန်လှည့်ကြည့်လိုက်သည့်အခိုက် ထိုလူသားလေးရဲ့နှုတ်ခမ်းသားတို့နှင့်ရှပ်ထိမိသွားတာကြောင့် မင်းစက်ကဟန်လင်းထက်အနီးနားမှ သူ့မျက်နှာကိုအနည်းငယ်ခွာလိုက်လေသည်။
လူဆိုးလေးဟန်လင်းထက်ကထိုအခွင့်အရေးကိုလုံးဝအလွတ်မပေးဘဲ မင်းစက်ရဲ့ကိုယ်လေးအားသူ့ရင်ခွင်အနီးနားသို့ပြန်ဆွဲထည့်လိုက်ကာ မင်းစက်မျက်နှာလေးကိုအုပ်ကိုင်ထားရင်းချိုမြိန်သောနှုတ်ခမ်းသားတို့အား
အငမ်းမရနမ်းရှိုက်သုံးဆောင်တော့သည်။ကောင်းကင်ထက်ကလမင်းကြီးကတော့အုတ်ခုံလေးပေါ်ကစုံတွဲလေးအားရှက်သွေးဖြန်းကာငုံ့ကြည့်နေခဲ့လေရဲ့။
နေရာအသီးသီးဆီကနေလွှင့်တင်ခြယ်သလိုက်တဲ့မီးရှူးမီးပန်းများစွာတို့က ကောင်းကင်ယံထက်တွင်ပြန့်ကျဲတောက်ပနေပြီး ကျယ်လောင်စူးရှသောတဖောက်ဖောက်အသံများကကမ္ဘာမြေတစ်ခွင်လုံးကိုတုန်ခါမြည်ဟီးစေလျက်ထွက်ပေါ်လာခဲ့လေသည်။
အခန်းတစ်ခုထဲ၌ပူးကပ်နေတဲ့လူသား၂ယောက်ဆီသို့လည်းထိုအသံများကကျူးကျော်ဝင်ရောက်လာတာကြောင့် ရမ္မက်မှောင်တို့ဖုံးလွှမ်းနေတဲ့မင်းခန့်ထည်ရဲ့အသိအာရုံတို့ကထိုအခါမှပြန်ကြည်လင်လာခဲ့ကာ သတိပြန်ဝင်လာခဲ့သည်။
သူသတိပြန်ဝင်လာတဲ့အခါ ပထမဆုံးမြင်လိုက်ရသည်ကရှိုင်းရဲ့မျက်ဝန်းလေးတွေထဲမှာမျက်ရည်ဥလေးများကနီရဲပြည့်နှက်နေပြီးမျက်ဝန်းထောင့်လေးကနေမျက်ရည်လေးတစ်စက်စီးကျသက်ဆင်းသွားခဲ့တာကိုပင်။
ကောင်လေးရဲ့ထိုမျက်ရည်စက်တွေကမင်းခန့်ထည်အတွက်ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ခံစားသွားရစေကာ သူ၏စက်ဆုပ်စရာကောင်းတဲ့ဒီအခြေအနေမှအမြန်ဆုံးရုံးထွက်ချင်နေခဲ့တာကြောင့် ရှိုင်းကိုဖိထားရာကနေ ချက်ချင်းထလိုက်ပြီး အခန်းအပြင်ဘက်ဆီသို့တဟုန်ထိုးပြေးထွက်သွားတော့သည်။
ရှိုင်းလည်းခုတင်ပေါ်ကနေထရပ်လိုက်ကာ
နံရံပေါ်ကချိတ်တစ်ခုမှာချိတ်ထားတဲ့အင်္ကျီတစ်ထည်ကိုကကမ်းကတန်းကောက်ဝတ်လိုက်၍ မင်းခန့်ထည်နောက်သို့အပြေးလိုက်သွားခဲ့လေသည်။
အခန်းထဲကနေပြေးထွက်သွားတဲ့လူကရေချိုးဆောင်ဘက်ဆီသို့သာဦးတည်ပြေးသွားပြီး အထဲသို့ဝင်သွားတာကိုတွေ့တာကြောင့်ရှိုင်းလည်းအမှီပြေးလိုက်လာတော့သည်။
မင်းခန့်ထည်ကရေပန်းအောက်သို့အမြန်သွားလိုက်ပြီး ရေပန်းကိုဖွင့်လိုက်ကာ ရေခဲရေတစ်မျှအေးစိမ့်နေတဲ့ရေတွေကို သူ့ခေါင်းပေါ်ကနတဆင့် တစ်ကိုယ်လုံးအားရွှဲရွှဲစိုအောင်ပြုလုပ်နေခဲ့သည်။
ရှိုင်းလည်းမင်းခန့်ထည်ဆီသို့အပြေးသွားကာရေပန်းအောက်၌ခေါင်းငိုက်စိုက်လျက်ထိုင်နေတဲ့မင်းခန့်ထည်အား ဆွဲဖယ်သော်လည်းဖယ်မရပေ။
"အကို တော်တော့လေဗျာ။
အကိုရှော့ဖြစ်သွားမယ်။
အဲ့တာကြောင့် တော်ပါတော့နော်"
ရှိုင်းထိုသို့ပြောတော့မင်းခန့်ထည်ကရှိုင်းဆီသို့ခေါင်းလှည့်ကြည့်လာခဲ့လေသော်ကောင်လေးရဲ့ဖြူဖွေးဖွေးလည်တိုင်ထက်ဆီက
နီရဲရဲအကွက်အပြောက်များကိုတွေ့လိုက်ရတာကြောင့် သူချက်ချင်းပင်ခေါင်းကိုလွှဲချလိုက်ကာ ရှိုင်းဇေယံအားရေပန်းအောက်မှတွန်းထုတ်ပစ်လိုက်တော့သည်။
"ထွက်သွား။ငါ့ဆီမလာနဲ့ !!!!"
'အကိုတောင်းပန်ပါတယ်ညီရယ်။အကိုမင်းအပေါ်ဘာတွေလုပ်မိလိုက်ပြီလဲ!'
ဒေါသသံစွက်လာတဲ့မင်းခန့်ထည်ရဲ့စကားလုံးတွေကိုကြားတော့ ရှိုင်းရဲ့ကိုယ်လေးကတုန်တတ်သွားရပြီးနောက် တစ်ယောက်သောသူရဲ့လက်မောင်းတစ်ဖက်အားထပ်မံဆွဲကိုင်လိုက်ကာဝမ်းနည်းမှုတို့ရောယှက်နေသောအသံတို့ဖြင့်တောင်းဆိုလာသည်။
"အကို ကျနော့်ကိုမနှင်ပါနဲ့။အကိုဒီလိုမျိုးဆက်နေနေရင်နေမကောင်းဖြစ်သွားလိမ့်မယ်။ကျနော်နဲ့အခန်းဆီကိုပြန်ကြရအောင်နော်"
မင်းခန့်ထည်ကသူ့ကိုဆွဲကိုင်ထားတဲ့ကောင်လေးရဲ့လက်တစ်စုံဆီကနေအကြမ်းပတမ်းရုန်းထွက်လိုက်သည်။
နောက်သို့ခြေသုံးလှမ်းစာလောက်ဆုတ်သွားကာနံရံကိုမှီလျက်ခေါင်းမော့ထားရင်းမျက်နှာပေါ်ကျဆင်းနေတဲ့ရေစက်တွေကိုမျက်လုံးမှိတ်ကာခံယူနေသည်။
ရှိုင်းကထပ်ပြီးတားမြစ်လိုက်ချင်ပေမယ့်တစ်ယောက်သောသူရဲ့မျက်နှာထက်မှာသူနဲ့ဝေးဝေးနေလိုတဲ့အမူအရာတို့ကအထင်အရှားပေါ်လွင်နေတာကြောင့်သူဘာမှမဆိုတော့ဘဲ ထိုလူသားရဲ့ရှေ့မှာမလှုပ်မယှက်နဲ့မတ်တပ်လေးရပ်ကာငေးကြည့်နေမိခဲ့သည်။
"မင်းမမှတ်သေးဘူးလား။ငါမင်းကိုဘယ်လိုလုပ်ရပ်တွေလုပ်ပြီးပြီဆိုတာမင်းသိရဲ့သားနဲ့ ဘာလို့ငါ့ရှေ့မှာဒီလိုမျိုးရပ်နေနိုင်သေးတာလဲ။"
မင်းခန့်ထည်ကသူ့ကိုယ်သူလှောင်ရယ်ရယ်လိုက်ရင်းမျက်စိရှေ့ကကောင်လေးကိုမျက်လုံးပင့်ကြည့်လာကာ ဒေါသတကြီးရေရွတ်လာခဲ့သည်။
"ရှိုင်းဇေယံ မင်းငါ့လိုကောင်ကိုမမုန်းဘူးလား။မရွံဘူးလား!"
"မမုန်းဘူး။မရွံဘူး။ဒါကြောင့် ကျနော့်ကိုမနှင်ပါနဲ့နော်"
"ငါတော့ငါ့ကိုယ်ငါတော်တော်ရွံရှာနေပြီ ရှိုင်းဇေယံ။မင်းလိုဖြူစင်တဲ့ကောင်လေးတစ်ယောက်အပေါ်ငါအမှားတွေလုပ်နေပေါင်းများပြီ။"
"ကျနော်ကလည်းအကိုထင်သလောက်မဖြူစင်နေပါဘူး။ကျနော်ကသာ....."
'အကို့အပေါ်မရိုးသားတဲ့ခံစားချက်တွေရှိနေခဲ့တဲ့သူပါ'
ရှိုင်းဇေယံကစကားတစ်ဝက်အရောက်မှာ ခနတာတုံ့ဆိုင်းနေပြီးမှ သူ့ရဲ့ခြေလှမ်းတွေကိုရေတွေစိုရွှဲနေတဲ့ကျောက်ပြားတွေထက်၌ ရှေ့ဆက်တိုးလာကာမင်းခန့်ထည်ရှေ့ဆီလက်တစ်ဖက်ကိုကမ်းပေးလာရင်းစိုးရိမ်ကြောင့်ကြစွာဆိုလာခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ကျနော့်ကိုမနှင်ပါနဲ့။အကို့ကိုကျနော်မမုန်းပါဘူး။ပြီးတော့ဒီအဖြစ်အပျက်ကလည်းအကိုကြိုတင်ကြံစည်ထားတာမှမဟုတ်တာ။မတော်တဆဖြစ်သွားတာပဲဟာ။အဲ့တာကြောင့် ဘာမှမဖြစ်ဘူးနော် ကျနော်နဲ့အခန်းဆီပြန်လိုက်ခဲ့ပါဗျာ"
ထိုအခါမင်းခန့်ထည်ရဲ့ခပ်ဟဟရယ်သံကျယ်ကြီးကရေချိုးခန်းငယ်လေးထဲမှာဟိန်းထွက်သွားပေတော့သည်။
"ငါကမင်းအပေါ်ဂရုစိုက်ပေးခဲ့တာများလို့ မင်းကကျေးဇူးရှိသလိုခံစားနေရပြီးမမုန်းချင်တာလား။မင်းငါ့ကိုမုန်းနိုင်တယ် ရွံရှာနိုင်တယ် ရှိုင်းဇေယံ။
မင်းစိတ်ရှိလက်ရှိငါ့ကိုဆွဲထိုးပစ်လိုက်လို့ရတယ်ကွ။ငါမခုခံဘူး"
"ကျနော်အကို့ကိုတကယ်မမုန်းပါဘူးဆိုတာ ဘာလို့မယုံရတာလဲ!။
ကျနော်အကို့ကိုမမုန်းဘူးဆိုတာကျေးဇူးရှိသလိုခံစားရလို့မဟုတ်ဘူးဗျ!"
"အဲ့တာဆိုဘာလို့လဲ ငါကမင်းကိုစက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်မျိုးလုပ်ထားတာနော်!!!။
မင်းငါ့ကိုမကြောက်ဘူးလား!!"
မင်းခန့်ထည်ကထိုစကားတို့အားရှိုင်းဆီသို့လျှောက်လှမ်းလာရင်းဆိုကာ ရှိုင်းအနားရောက်တော့ ကောင်လေးရဲ့အင်္ကျီကော်လံလေးအား ကြမ်းတမ်းခက်ထန်မှုအပြည့်နဲ့ဆောင့်ဆွဲလိုက်ပါတော့သည်။
ကြောက်စရာကောင်းတဲ့အကြည့်တို့ပျော်ဝင်နေတဲ့မင်းခန့်ထည်ရဲ့ရေခဲရိုက်မျက်ဝန်းတွေထဲမှာ ရှိုင်းဇေယံရဲ့ပုံရိပ်လေးတစ်ခုသာမီးစုန်းကြူးလေးပမာထင်ဟပ်တောက်ပနေလျက်ရှိသည်။
ရေပန်းမှရေတွေကမိုးရေစက်လေးတွေသဖွယ်တဖွဲဖွဲနဲ့ကျဆင်းလာတာကြောင့်၂ယောက်စလုံးရဲ့မျက်ဝန်းတွေထဲကနေစီးကျသွားရတာဟာမျက်ရည်စက်တွေလားရေစက်ရေပေါက်လေးတွေလားဆိုတာမသဲကွဲတော့ပေ။
ရှိုင်းဇေယံကမင်းခန့်ထည်ရဲ့မျက်ဝန်းတွေထဲတည့်တည့််စိုက်ကြည့်လာရင်းသူ့အင်္ကျီစလေးကိုရန်လိုစွာဆုပ်ကိုင်ထားတဲ့ထိုလူသားရဲ့အေးစက်စက်လက်တစ်စုံပေါ်ကိုထပ်ကိုင်လိုက်လျက် ပြတ်သားမှုနဲ့အတူသတ္တိရှိစွာအော်ပြောလာခဲ့သည်။
"ကျနော် အကို့ကိုသိပ်ချစ်လို့ဗျ။
အဲ့တာကြောင့်ကျနော်မမုန်းနိုင်ဘူး။
ကျနော့်အပေါ်ဒီထက်ပိုဆိုးတဲ့လုပ်ရပ်မျိုးလုပ်လိုက်ရင်တောင် ကျနော့်ရှေ့မှာရှိနေတဲ့
ခများကိုငြင်းဆန်ဖို့စိတ်ကူးမရှိဘူး"
"ဘာ!!!!"
အင်္ကျီကော်လံစကိုဆုပ်ကိုင်ထားတဲ့မင်းခန့်ထည်ရဲ့လက်တွေဟာချက်ချင်းလွှတ်ပေးလာခဲ့ပြီးနောက် ရှိုင်းဇေယံသည်ထိုလူသားရဲ့လက်တွေကိုထပ်ပြီးဆုပ်ကိုင်ခွင့်မရတော့ပေ။တုန်လှုပ်ပျက်ယွင်းသွားတဲ့မျက်နှာအမူအရာနဲ့မင်းခန့်ထည်ရဲ့ခြေထောက်တွေကနောက်သို့ဆုတ်သွားကာသူ့ရဲ့ကျောပြင်ဟာနံရံနဲ့ဝင်ဆောင့်သွားရ၏။
'ချစ်တယ်။ညီကငါ့ကိုသိပ်ချစ်တယ်တဲ့!'
ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ကသိပ်နက်နဲလွန်းသလို ထိုကောင်လေးရဲ့မျက်ဝန်းတွေကလည်းသိပ်နက်ရှိုင်းလွန်းနေတယ်။
ညီ့ရဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကကျနော့်ရင်ထဲကအပူမီးတောက်တွေကိုရေစင်နဲ့ပက်ဖြန်းလိုက်သလိုပဲချက်ချင်းငြိမ်းကျသွားခဲ့ရပေမယ့် ကျနော်ရယ်လဲမရယ်နိုင်ခဲ့သလို ထိုကလေးလေးကိုဒေါသလည်းမထွက်ရက်ခဲ့ဘူး။ကျနော့်နှလုံးသားလေးကို သိပ်ချစ်ပါတယ်ဆိုတဲ့စကားလုံးလေးကအရှိန်အဟုန်ပြင်းစွာကစုန်ပေါက်အောင်ပြုစားနေခဲ့ပြီး အသွေးအသားတို့ကပါပျော်မြူးနေသယောင်ယောင်။
ဒါပေမယ့်ကျနော်သိလိုက်တဲ့သေချာတာတစ်ခုကတော့ ဖြူစင်တဲ့ဒီကလေးအပေါ်မှားယွင်းစွာနဲ့ထပ်ပြီးဖျက်ဆီးပစ်လိုက်မိပြီဆိုတာပဲ။
မှားယွင်းခြင်းဆိုတဲ့အစက ဖြူစင်ရိုးသားတဲ့ဒီကလေးနဲ့အကြွင်းမဲ့မသက်ဆိုင်ခဲ့ကာသူသည်သာလျှင်အစအလယ်အဆုံးအထိအပြစ်ရှိတဲ့အပြစ်သားတစ်ယောက်ပေ။
"မင်းအခုဘာတွေပြောလိုက်တာလဲဆိုတာ မင်းကိုယ်မင်းကောသေချာသိရဲ့လား ရှိုင်းဇေယံ.."
'ဒါတွေကမင်းဆိုတဲ့လူသားလေးနဲ့မထိုက်တန်ဘူးကွ'
"သိတယ်။ကျနော်သိတယ်။"
"ရှိုင်းဇေယံ! မင်း......."
'မင်း...မာန်လိုမျိုးဖြစ်ချင်လို့လား! ငါခွင့်မပြုနိုင်ဘူး။ငါမင်းကိုမာန်လိုမျိုးမစွန့်လွှတ်နိုင်သလို ဘယ်လိုနည်းနဲ့မှလည်းအဆုံးရှုံးမခံနိုင်ဘူး !'
သူ့စကားတွေကိုနားမထောင်ဘဲငြင်းဆန်ဖို့ကြိုးစားနေတဲ့ရှိုင်းဇေယံလေးရဲ့ပခုံး၂ဖက်အားဆုပ်ကိုင်လိုက်ကာ သူ့ရဲ့လေသံတွေကိုနိမ့်လိုက်ရင်း ထိုကောင်လေးနားလည်အောင်လေးနက်ဖြည်းညင်းစွာရှင်းပြပြောဆိုလာခဲ့သည်။
"မင်းလမ်းမှားပေါ်လျှောက်မိနေပြီ ညီ
သေချာစဥ်းစားစမ်းပါဦး အရူးမထစမ်းပါနဲ့ !အကိုပြောတာကြားရဲ့လား "
"ကျနော်အရူးထနေတာမဟုတ်ဘူး"ဟုဆို၍ကောင်လေးကပြတ်သားစူးရှတဲ့မျက်ဝန်းတွေနဲ့အတူသူ့အားကြည့်လာခဲ့ပြီး နောက် ပခုံးထက်ကလက်တွေကိုဖြုတ်ချပစ်လိုက်ပါတော့သည်။
မင်းခန့်ထည်ရဲ့လက်တွေကအောက်သို့ပြုတ်ကျသွားရကာ ကောင်လေးရှေ့၌မတ်တပ်ရပ်နေရာကနေ အေးစက်လွန်းတဲ့ကျောက်ပြားတွေထက်ဆီ၌ သူဒူးထောက်ထိုင်ချလိုက်တော့လေ၏။ရှိုင်းဇေယံရဲ့မျက်ဝန်းလေးတွေကထိုမြင်ကွင်းကိုမမြင်ရက်တာမို့ရေစက်လေးတွေတင်ကျန်နေတဲ့မျက်တောင်လေးတွေကမျက်ခမ်းစပ်တို့နဲ့ထိစပ်ပိတ်ကျသွားရလေသည်။
"ရှိုင်းဇေယံ ..မင်းငါ့ကိုမချစ်ပါနဲ့ ..ငါတောင်းပန်ပါတယ်...."
"အချစ်ဆိုတာခများခြယ်လှယ်ချင်တိုင်းခြယ်လှယ်လို့ရတဲ့အရာမဟုတ်ဘူး။ကျနော့်ရဲ့အချစ်ကြောင့်ခများတို့ချစ်သူ၂ယောက်ကိုလမ်းခွဲဖို့ပြောနေတာလည်းမဟုတ်ဘူး"
ရှိုင်းကလက်သီး၂ဖက်ကိုဆုပ်ထားရင်းမျက်လုံးတွေကိုမှိတ်ချထားပြီးဆိုနေစဥ်ဝယ်မျက်နှာပေါ်ကနေ စီးကျနေတဲ့ရေစက်တွေထဲမှာတချို့သောမျက်ရည်စက်တွေလည်းတိုးတိတ်လျှို့ဝှက်စွာရောယှက်ပါနေလျက်။ကောင်လေးရဲ့ပခုံးပြင်တို့က တသိမ့်သိမ့်နဲ့တုန်ရင်နေခဲ့ရသည်။
"ဘာလဲ ကျနော်ကယောက်ျားလေးတစ်ယောက်မို့ခများကဒီလောက်ထိရွံရှာနေပြီးငြင်းဆန်နေခဲ့တာမှတ်လား!"
'ကိုယ်မရွံရှာပါဘူး ညီရယ်။
မင်းလေးရဲ့အနာဂတ်ကိုကိုယ့်ကြောင့်မပျက်စီးစေချင်ရုံလေးပါ။'ဆိုတဲ့စကားလုံးတို့အား မင်းခန့်ထည်ဟာထိုကောင်လေးအားလုံးဝထုတ်ပြောလိမ့်မည်မဟုတ်ပေ။
ဒါ့ကြောင့်သူ့နှုတ်ကနောက်ဆုံးထွက်ကျလာတဲ့ရှိုင်းဇေယံအတွက်စကားတစ်ခွန်းဟာဆိုရင် နှလုံးသားမဲ့စွာနဲ့ပြတ်သားထက်ရှနေခဲ့၏။
"မင်းထင်တဲ့အတိုင်းပဲ!"
'ကိုယ့်ကိုမုန်းသွားရင်တောင်မင်းအတွက်ပေမို့ကိုယ့်အတွက်ထိုက်တန်ပါတယ်'
ရှိုင်းလည်းဒူးထောက်လျက်သားနှင့်ခေါင်းငိုက်စိုက်ကျနေသောတစ်ယောက်သောသူအားတစ်ချက်ငုံ့ကြည့်လာပြီးတဲ့အခါ သူ၏ခြေလှမ်းများအား ထိုလူသားရှိရာနဲ့ဆန့်ကျင်ဘက်အရပ်ဆီသို့လှမ်းလိုက်၍
မင်းခန့်ထည်ကိုသွေးအေးစွာကျောခိုင်းလိုက်တော့လေသည်။
"Ok ! ခများသဘောပဲ!"
အပြင်ဘက်ဆီသို့လျှောက်ထွက်သွားတဲ့ရှိုင်းရဲ့ပုံရိပ်လေးကိုမင်းခန့်ထည်ကကြည့်နေရင်းနဲ့ထိုကောင်လေးအားရင်ခွင်ထဲထည့်ကာတားမြစ်ချင်ခဲ့ပါသော်လည်းသူထိုသို့လုပ်၍မရသည်ကိုသူသိနေသည်။
ထို့ကြောင့်ဒူးထောက်နေမြဲအတိုင်းသာကောင်လေးမျက်ကွယ်၌ကျန်ရစ်ခဲ့ရလေ၏။သူ၏နှလုံးသားတစ်စုံကတော့နာကျင်ကိုက်ခဲနေကာတဖဲ့ဖဲ့ပဲ့ကြွေကျလုမတတ်ပင်။
ဘယ်ဘက်ရင်အုံထက်ဆီသို့ သူအကြိမ်ပေါင်းမြောက်များစွာတဘုန်းဘုန်းနဲ့ထုရိုက်ပစ်နေကာ အတွင်းဘက်တစ်နေရာဆီ၌စူးစိုက်နစ်ဝင်နေရှာတဲ့ရပ်တန့်မရခဲ့သောနာကျင်မှုများကိုထုရိုက်မှုတို့နဲ့အတူဖြိုဖျက်ပစ်ဖို့ရာသူရူးနှမ်းမိုက်မဲစွာကြိုးစားနေခဲ့သည်။
တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲကနာကျင်မှုတွေကိုမသိရှာခဲ့တဲ့ရှိုင်းဇေယံဟာ ရေချိုးဆောင်ရှေ့မှထွက်မသွားသေးဘဲ နံရံအကွယ်တစ်ခုမှာမှီလျက် တစ်စုံတစ်ယောက်အားလဲကျမသွားစေရန်စိုးရိမ်ပူပန်စွာနဲ့စောင့်ဆိုင်းနေခဲ့သေးတဲ့အကြောင်းကိုမူ မင်းခန့်ထည်က မသိရှာခဲ့ပြန်ပေ။
ခများဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးဖို့ကျနော်ကအဆင်သင့်ဖြစ်ပြီးသားဆိုတာခများသိရဲ့လား....
ဒီလိုမျိုးနာကျင်ရတဲ့စကားတွေမပြောလည်းရပါတယ်ဗျာ....
ကျနော်သိပါတယ် ကျနော်က ကိုခန့်ကိုပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာကိုလေ....
ဒါ့ကြောင့် ကျနော်ကတိတ်တိတ်လေးပဲကိုခန့်ကိုချစ်နေပေးမယ်လေနော်။
အဲ့လောက်လေးတော့ ကျနော့်ကိုခွင့်ပြုပေးနိုင်တယ်မှတ်လား.....
တစ်စုံတစ်ယောက်တို့အတွက်တော့ New year nightဟာ ဘဝတစ်သက်တာလုံးမမေ့နိုင်တဲ့အပျော်ရွှင်ရဆုံးသောအခိုက်အတန့်များစွာကိုပိုင်ဆိုင်ခွင့်ရခဲ့ပါသော်လည်း ရှိုင်းဇေယံနဲ့မင်းခန့်ထည်ဆိုတဲ့ကောင်လေးနှစ်ယောက်အတွက်ဖြစ်တည်လာသော Heartbreak New yearကတော့ တစ်သက်တာမမေ့နိုင်သော ပူဆွေးလွမ်းဆွတ်ဖွယ်ညလေးတစ်ညအဖြစ် ၂ဦးစလုံးရဲ့နှလုံးစိုင်ထဲမှာနာကျင်မှုအပြည့်နဲ့စွဲထင်နစ်မြုပ်နေခဲ့ရလေပြီ။
ကောင်းကင်ထက်ကလမင်းကြီးတောင်ထိုလူသားလေးနှစ်ယောက်ကိုငုံ့ကြည့်နေရင်း လှပလွန်းတဲ့မီးရှူးမီးပန်းတွေကြားမှာမပြုံးနိုင်တော့ပေ။
••••••••••••••••••••••••••••••••••••••••••••••••••
Thanks for reading. 💗💕
••••••••••••••••••••••••••••••••••••••••••••••••••
အခန္း (၂၇) - Happy New year night PartII
Zawgyi
[မင္းငါ့ကိုမခ်စ္ပါနဲ႔ ]
မင္းခန္႔ထည္ဟာ႐ိႈင္းေပၚသို႔ၿပိဳလဲက်သြားၿပီးေနာက္ ေကာင္ေလးရဲ႕ရင္ခြင္ေလးေပၚ၌မ်က္ႏွာအပ္မိသြားရာကေနခပ္ျမန္ျမန္ျပန္ထလိုက္ေလသည္။ သူကျပာကယာနဲ႔ေကာင္ေလးကိုျပန္ၾကည့္လိုက္ေတာ့ ႐ိႈင္းေလးရဲ႕မ်က္ေတာင္ေလးေတြကပါးျပင္ေပၚသို႔အရိပ္က်ေနလ်က္တုတ္တုတ္မွ်မလႈပ္လာခဲ့တာေၾကာင့္ သူအနည္းငယ္စိတ္ေအးသြားရသည္။
မင္းခန္႔ထည္သည္႐ိႈင္းရဲ႕ျပစ္မ်ိဳးမွဲ႔မထင္မ်က္ႏွာေလးအားတစိမ့္စိမ္ၾကည့္ေနမိၿပီးေနာက္ ေကာင္ေလးရဲ႕မ်က္ခမ္းစပ္ေလးနားသို႔ညင္သာစြာျဖင့္ထိကပ္နမ္း႐ိႈက္လာခဲ့သည္မွာ လိပ္ျပာေလးေတြကအေရာင္အေသြးစုံတဲ့ပန္းပြင့္ခ်ပ္ေလးေတြေပၚမွာသူ၏ေတာင္ပံေလးကိုျဖည္းညင္းစြာခတ္လ်က္ ပ်ံသန္းနမ္း႐ိႈက္သြားတဲ့အလား။အလြန္တရာမွညင္သာလြန္းလွ၏။
ေကာင္ေလးရဲ႕မ်က္ခမ္းစပ္ေလးကိုနမ္းအၿပီးမွာမင္းခန္႔ထည္ရဲ႕အသိအာ႐ုံထဲတြင္အခ်က္ေပးသံတစ္သံျမည္ဟီးလာခဲ့သည္။
'ငါ ဘာေတြလုပ္မိေနတာလဲ!!!! '
သူထိတ္လန္႔စြာေငါက္ခနဲထရပ္လိုက္တဲ့အခါ စိတ္သြားတိုင္းခႏၶာကိုယ္ကမလိုက္လာဘဲသစၥာေဖာက္ေနေလၿပီ။ေခါင္းကေနာက္က်ိက်ိျဖစ္ေနၿပီး ေျခေထာက္မ်ားကလည္းေသခ်ာမရပ္ႏိုင္ေတာ့တာေၾကာင့္တစ္ဖန္႐ိႈင္းေပၚသို႔ျပန္ကာၿပိဳလဲက်သြားရေလ၏။
ဒီတစ္ခါေတာ့မင္းခန္႔ထည္က႐ိႈင္းရဲ႕ဘယ္ညာတစ္ဖက္တစ္ခ်က္ဆီ၌သူ႕ရဲ႕လက္ႏွစ္ဖက္စလုံးကိုစိမ္းဖန္႔ဖန္႔ေသြးေၾကာတို႔ထလာတဲ့အထိေထာက္ကန္ထားလိုက္တာေၾကာင့္ ေကာင္ေလးရဲ႕ႏူးညံ့ေခ်ာေမြ႕လြန္းေသာမ်က္ႏွာေလးထက္ဆီသို႔ သူ၏မ်က္ႏွာက တစ္စင္တီမီတာအကြာေလာက္ပဲ႐ွိေတာ့အထိနီးနီးကပ္ကပ္အပ္က်မိသြားေတာ့ေလသည္။
တစ္ခုေတာ္ေသးသည္က သူ၏ေလးလံတဲ့ခႏၶာကိုယ္ႀကီးဟာ႐ိႈင္းေလးကိုမပိသြားျခင္းေပ။
"အင္း............."
႐ိႈင္းက ထိုသို႔ေလးဖ်င့္စြာၿငီးလိုက္ရင္းအနည္းငယ္လူးလြန္႔လာတာေၾကာင့္မင္းခန္႔ထည္ တစ္ေယာက္
ကမမ္းကတန္းပင္ ထထိုင္လိိဳက္ကာ ခုတင္တစ္ဖက္ဆီသို႔ဝုန္းခနဲလွဲခ်လိုက္ပါေတာ့သည္။
ဒီညေသာက္လိုက္ရတဲ့အရက္ဟာသူေသာက္ဖူးသမွ်အရက္ေတြထဲ၌အျပင္းဆုံးအမ်ိဳးအစားဟုဆိုရေပမည္။ထို႔ေၾကာင့္သူ မနဲသတိကပ္ထားၿပီးသတိမလြတ္သြားေအာင္တင္းခံထိန္းကာေနရသည္။
သူ႕ရဲ႕အက်င့္တစ္ခုက High drunkသို႔ေရာက္ေလေလ ေဒါသႀကီးကာေသြးဆိုးလာေလေလပင္။သို႔ေသာ္ သူဒီညေတာ့
ေသြးဆိုးလို႔မျဖစ္ေပ။
အူ႐ိုင္းေလး႐ိႈင္းေဇယံကိုအမူးေျပေအာင္လုပ္ေပးရဦးမည္ျဖစ္ကာ စီနီယာတစ္ေယာက္ျဖစ္တဲ့သူကိုယ္တိုင္ကအရက္မူးတိုင္းေသြးဆိုးတတ္တဲ့အက်င့္ဆိုးအေၾကာင္း ဒီကေလးေ႐ွ႕၌ေပၚသြားပါေသာ္ သူ႕သိကၡာအားမည္သို႔အဖတ္ဆယ္ရေတာ့မည္ဆိုတာကိုမေတြးဝံ့တာေၾကာင့္ မင္းခန္႔ထည္ဟာ အမူးဒဏ္ကိုတတ္ႏိုင္သမွ်ထိန္းထားကာေသြးမဆိုးလာေစရန္ သူ႕ရဲ႕စိတ္ထဲမွာနံပါတ္စဥ္ေတြကို တစ္ကေန တစ္ရာအထိေရတြက္ေနခဲ့ေလသည္။
ထိုအခ်ိန္မွာပင္ သူ႕ေဘးမွာလဲေလ်ာင္းေနတဲ့႐ိႈင္းေဇယံက ေငါက္ခနဲထထိုင္လာၿပီးေအာ္ေခၚလာခဲ့သည္။
"ကိုခန္႔ ......."
႐ိႈင္းရဲ႕ထိုေခၚသံကိုၾကားေတာ့မင္းခန္႔ထည္ရဲ႕အမွတ္စဥ္ေရတြက္မႈဟာနံပါတ္၅၀အေရာက္မွာျပတ္ေတာက္သြားရကာ ခုတင္ေပၚ၌ထထိုင္လိုက္ၿပီး အမူးသမားေလးႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ေလသည္။
"ဘာျဖစ္လို႔လဲ ညီ ရင္ပူေနလို႔လား"
မင္းခန္႔ထည္ေမးေတာ့႐ိႈင္းကျပန္မေျဖ အသာေခါင္းညိမ့္ျပသည္။ေကာင္ေလးရဲ႕ျဖဴဥဥပါးျပင္ေလးႏွစ္ဖက္မွာပန္းႏုေရာင္ေလးေတြျဖတ္ေျပးေနၿပီးအသဲယားစရာေကာင္းသလိုခ်စ္စရာလည္းေကာင္းလွသည္။
"က်ေနာ္ဘာလို႔ရင္ပူေနတာလဲဟင္...။"
႐ိႈင္းကသူ႕ရဲ႕မ်က္လုံးေလးေတြကိုမွိတ္တုတ္မွိတ္တုတ္လုပ္လိုက္ၿပီးေမးလာခဲ့ေတာ့ မင္းခန္႔ထည္ကခုတင္ေပၚကေနထရပ္လိုက္ေလသည္။
"ခနေနဦးအကိုေရယူေပးမယ္ေနာ္"
ဟုဆိုကာ မလွမ္းမကမ္း႐ွိေရသန္႔ဘူးမွေရတစ္ခြက္ျဖည့္လိုက္ၿပီး႐ိႈင္းကိုကမ္းေပးလိုက္ေလ၏။
႐ိႈင္းေဇယံက ခြက္ထဲကေရကိုဂလုဂလုအသံျမည္တဲ့အထိအငမ္းမရေသာက္လိုက္ၿပီးေနာက္ေရကုန္သြားတဲ့အခါႏႈတ္ခမ္းေလးသပ္လိုက္ကာမင္းခန္႔ထည္ကို' အင့္' ဆို၍ျပန္ေပးလိုက္ေတာ့သည္။ ေရေသာက္ၿပီးေနာက္ေကာင္ေလးကငူတူတူေလးႏွင့္ဆက္ထိုင္ေနတာေၾကာင္္႕မင္းခန္႔ထည္ကစိုးရိမ္မိသြားရသျဖင့္ ေကာင္ေလးရဲ႕ဆံပင္ေတြကိုသပ္ေပးလိုက္ရင္းညင္သာတိုးဖြစြာျဖင့္ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ ညီ"
မင္းခန္႔ထည္ဟာ ႐ိႈင္းေဇယံကိုဘာမွမျဖစ္သလိုပုံစံနဲ႔ဂ႐ုတစိုက္ေမးေနေပမယ့္လို႔ သူကိုယ္၌ကလည္း သိပ္၍အေျခအေနမဟန္ေတာ့ေပ။
ေခါင္းကတရိပ္ရိပ္နဲ႔ေနာက္က်ိမူးေဝေနကာဒီမူးေဝမႈကက်င့္သားရတာေၾကာင့္သူေတာင့္ခံႏိုင္ေသးသည္။
သူ မခံစားႏိုင္သည္ကသူ႕ခႏၶာကိုယ္ရဲ႕ေသြးေၾကာေတြတစ္ေလွ်ာက္မွာထိန္းမႏိုင္သိမ္းမရနဲ႔တ႐ြ႐ြေတာက္ေလာက္ေနေသာအပူလိႈင္းတစ္ခုကိုပင္။
သူေတာင့္ခံထားေသာ္လည္းတျဖည္းျဖည္းႏွင့္အုံႂကြျပင္းထန္လာတဲ့ ျပင္းျပျပနဲ႔ရမၼက္ဆန္ေနတဲ့ဒီခံစားခ်က္။ဒါဟာေသြး႐ိုးသား႐ိုးတစ္ခုေတာ့မဟုတ္ေပ။အရက္ေၾကာင့္ခ်ည္းပဲေတာ့သူဒီေလာက္ထိမဆိုး႐ြားႏိုင္။
မင္းခန္႔ထည္ဟာ လက္ဖဝါးထဲကိုလက္သည္းေတြနစ္ဝင္သည္အထိတင္းတင္းဆုပ္ထားလိုက္ၿပီး ႐ိႈင္းေ႐ွ႕၌ဟန္မပ်က္ သူေနေနခဲ့သည္။
"ဘာျဖစ္လို႔လဲ ညီ အကို႔ကိုေျပာ ဘာျဖစ္လို႔လဲ?"
"က်ေနာ္....ပူ...တယ္"
ဟု ထိုေကာင္ေလးကဆူေအာင့္ေအာင့္နဲ႔ဆိုလာၿပီးသူ႕ရဲ႕အက်ီေလးကိုဆြဲခြၽတ္ရန္ျပင္သည္။
အမူးသမားေလး႐ိႈင္းေဇယံက အဝတ္ေတြခြၽတ္ပစ္ဖို႔အလ်င္လိုေနေသာ္လည္းသူဝတ္ထားသည္ကအေ႐ွ႕ကြဲၾကယ္သီးတပ္ Shirtမ်ိဳးမဟုတ္ဘဲ လုံးစြပ္ခ်ည္သား shirtျဖစ္ေနတာေၾကာင့္ထိုအမူးေလးခမ်ာအခက္ေတြ႕ေန႐ွာေလသည္။
"ၿဗဲ!!!!! ခြၽတ္လို႔လည္းမရဘူး ပူပါတယ္ဆိုမွ"
မင္းခန္႔ထည္ခမ်ာမ်က္ႏွာနီနီရဲရဲေလးႏွင့္စိတ္တိုကာေအာ္ငိုေနေသာ ၅ႏွစ္သားကေလးေလး႐ိႈင္းေဇယံကို ျမင္ေနရတဲ့အခါ သူရယ္ရခက္ငိုရခက္ျဖစ္ေနေလသည္။
ထို႔ေနာက္ အက်ႌခြၽတ္ဖို႔ဖ႐ိုဖရဲႀကိဳးစားေနတဲ့ေကာင္ေလးရဲ႕လက္ေတြကိုသူ႕လက္ေတြနဲ႔ခ်ဳပ္ကိုင္လိုက္ရင္း ေခ်ာ့ေမာ့ဆိုလာသည္။
"ခနေလး အကို ခြၽတ္ေပးမယ္ေနာ္။႐ိႈင္းေလး ကၿငိမ္ၿငိမ္ေလးေန ဟုတ္ၿပီလား"
သူ႕စကားၾကားေတာ့ ႐ိႈင္းေဇယံကၿငိမ္က်သြားကာလက္ႏွစ္ဖက္ကိုအေပၚသို႔တန္းမတ္စြာေျမႇာက္ထားလာခဲ့ေပ၏။
မင္းခန္႔ထည္မွာလူလိမၼာေလးကိုၾကည့္ရင္းခပ္ဖြဖြရယ္လိုက္လ်က္ ႐ိႈင္းရဲ႕ Shirtေလးအားေအာက္နားအစကေနမကာအေပၚဘက္ဆီသို႔တျဖည္းျဖည္းဆြဲတင္လိုက္တဲ့အခါ အက်ႌလည္ပင္းကၾကပ္ေနတာေၾကာင့္ ေကာင္ေလးရဲ႕မ်က္ႏွာကိုမထိမိေစရန္ဂ႐ုတစိုက္ကူခြၽတ္ေပးေလသည္။
အေပၚက shirtေလးကိုခြၽတ္ၿပီးသြားေတာ့႐ိႈင္းေဇယံရဲ႕ကိုယ္ေပၚမွာ အျဖဴေရာင္စြပ္က်ယ္အပါးေလးသာက်န္႐ွိခဲ့ေပသည္။အေပၚထပ္shirtေၾကာင့္ဖုံးကာေနေသာ႐ိႈင္းရဲ႕ျဖဴျဖဴေဖြးေဖြးပခုံးသားေလးနဲ႔လည္တိုင္ေလးက သူ႕မ်က္စိေ႐ွ႕မွာညိႇဳ႕ငင္ႏိုင္စြမ္းအျပည့္နဲ႔အထင္အ႐ွားေပၚလာတာမို႔ သူတစ္ခ်က္ၾကည့္ၿပီးေနာက္ ခ်က္ခ်င္းပင္အၾကည့္ျပန္လႊဲလိုက္ေတာ့သည္။
"ညီ အန္ခ်င္လား"
မင္းခန္႔ထည္ကသူခြၽတ္ေပးလိုက္တဲ့ Shirtကိုနံရံကခ်ိတ္တစ္ခုမွာခ်ိတ္လိုက္ရင္းေမးလိုက္ေတာ့ေကာင္ေလးကေခါင္းရမ္းျပလာတာေၾကာင့္ သူ ထိုခနစိတ္ေအးသြားရၿပီးအမူးေျပေဆးကိုအံဆြဲေတြထဲမွာစ႐ွာရေတာ့သည္။
"႐ိႈင္းေလး ေဆးေသာက္ႏိုင္တယ္မွတ္လား။
မအန္ခ်င္တာေသခ်ာလား"
"က်ေနာ္.....ေသာက္ႏိုင္တယ္"
"ဟုတ္ၿပီ"
သူ႕အံဆြဲရဲ႕အတြင္းပိုင္းက်တဲ့ေနရာမွာမႏွစ္ကသူမူးေတာ့မင္းစက္လာထည့္ေပးထားတဲ့အမူးေျပေဆးတစ္ကဒ္႐ွိရာ ထိုေဆးကဒ္ေလးရဲ႕ Dateကိုစစ္ၾကည့္လိိဳက္တဲ့အခါ ေဆးကေသာက္လို႔ရေသးေလသည္။သူေဆးကဒ္ေလးကိုယူရင္းျပန္လွည့္လိုက္စဥ္မွာပင္ သူ႕ရဲ႕ေျခေထာက္ေတြကယိုင္ေခြက်သြားၿပီး
ေဆးကတ္ေလးကလည္းခုတင္ေအာက္သို႔ျပဳတ္က်သြားေတာ့ေလ၏။
"အား!!!!!!"
ေနာက္ဆုံးေတာ့ အေသြးအသားတို႔ရဲ႕ေလာင္ကြၽမ္းဒဏ္ကို သူဆက္မထိန္းထားႏိုင္ေတာ့ေပ။သူ ႐ိႈင္းႏွင့္ဆန္႔က်င္ဘက္ခုတင္ေစာင္းကိုမွီလ်က္ထိုင္ခ်လိုက္ရၿပီးေနာက္ မ်က္လုံးေတြကိုစုံမွိတ္ထားကာအံႀကိတ္လိုက္ေတာ့သည္။
သူ႕ရဲ႕တစ္ကိုယ္လုံးလည္းရစရာမ႐ွိေအာင္ေခြၽးေစးမ်ားျဖင့္႐ႊဲနစ္ေနခဲ့ကာ လည္ပင္းေၾကာေတြဆိုေပါက္ထြက္ေတာ့မတတ္အၿပိဳင္းၿပိဳင္းထလာၿပီး
အံႀကိတ္ထားတာေၾကာင့္ေမး႐ိုးေတြပါထင္းလာကာမ်က္ႏွာႀကီးတစ္ခုလုံးလည္းေဆြးေဆြးနီလာရေခ်သည္။
'ဖာ့ခ္ပဲ မရေတာ့ဘူး'
မင္းခန္႔ထည္ရဲ႕ထိုသို႔ေသာပုံစံကို႐ိႈင္းေလးကျမင္သြားေတာ့ ခုတင္ေပၚကေနဆင္းလာလိုက္ၿပီးမင္းခန္႔ထည္နားသို႔တိုးကပ္သြားကာစိုးရိမ္စြာအေျပးေမးလာခဲ့သည္။
"ကိုခန္႔ ......ဘာျဖစ္တာလဲဟင္။တကိုယ္လုံးလည္းေခြၽးေတြႀကီးပဲ။
ကိုခန္႔လည္းအရက္ေသာက္ထားတာလား?"
ဟုဆိုကာ သူ႕ရဲ႕အနားမွာနီးနီးကပ္ကပ္ေနေန၍ တ႐ႈံ႕႐ႈံ႕နဲ႔လိုက္လံနမ္း႐ႈံ႕ေနတဲ့ေကာင္ေလးရဲ႕ထိုအျပဳအမူဟာဆိုရင္မီးပုံႀကီးထဲေလာင္စာတုံးေတြပစ္ထည့္လိုက္သကဲ့သို႔ပင္။မီးတဟုန္းဟုန္းထေတာက္လာဖို႔ရာအကန္႔အသတ္တစ္ခုသို႔ေရာက္ေနခဲ့ေလၿပီ။
မင္းခန္႔ထည္ဟာမ်က္လုံးေတြေမွးစင္းထားလ်က္ေကာင္ေလးရဲ႕နီးကပ္လာတဲ့မ်က္ႏွာေလးကို႐ႈၾကည့္ေနရင္းနဲ႔တစ္ေနရာရာက အခ်က္ျပလာတာေၾကာင့္ သူျဗဳန္းခနဲထရပ္ကာ ေကာင္ေလးနဲ႔ေဝးရာဆီသို႔သြားရန္ျပင္ေလသည္။ သို႔ေသာ္အခန္းတစ္ခန္းဆိုတာက်ဥ္းေျမာင္းလြန္းသည္။
သူေကာင္ေလးနဲ႔ေဝးေဝးေ႐ွာင္ေနေသာ္လည္းေကာင္ေလးကသူ႕အနားသို႔တိုးၿမဲတိုးလာတာေၾကာင့္မတတ္သာတဲ့အဆုံးသူအျပင္ေျပးထြက္ရန္တံခါးလက္ကိုင္ကိုဆြဲလိုက္တဲ့အခါ
႐ိႈင္းက သူ႕ရဲ႕လက္တစ္ဖက္အားဖမ္းဆြဲထားတာေၾကာင့္ထိုအၾကံလည္းမျဖစ္ေျမာက္လိုက္ေပ။
ထိုေကာင္ေလးဆီကေနဆက္ထြက္လာတဲ့တအီအီငိုသံေလးက သူ႕ရဲ႕ႏွလုံးစိုင္ေလးကိုခပ္ဖြဖြပြတ္သပ္ကာက်ီစယ္ဆြဲေဆာင္ေနသလိုမ်ိဳးျဖစ္ေနတာေၾကာင့္ သူတံေတြးတစ္ခ်က္ၿမိဳခ်မိလိုက္သည္။ေသခ်ာေပသည္။
႐ိႈင္းေဇယံရဲ႕မူးၿပီးရစ္တဲ့လုပ္ငန္းစဥ္ဟာအစပ်ိဳးလာၿပီျဖစ္သည္။
"ကိုခန္႔ ...ဘယ္သြားမလို႔လဲဟင္။
ညီ့ကိုပစ္ခ်န္ထားခဲ့ေတာ့မလို႔လား။ညီကအရမ္းဆိုးေနလို႔လားဟင္"
"ကိုခန္႔မႀကိဳက္ရင္ညီမဆိုးေတာ့ဘူးေလေနာ္ ... "
"ကိုခန္႔သြားရင္ ညီငိုမွာ ... "
ေကာင္ေလးရဲ႕ဝိုင္းစက္စက္မ်က္လုံးေတာက္ေတာက္ေလးေတြထဲမွာ မ်က္ရည္အရည္ၾကည္ေလးေတြကျပည္္႕ႏွက္စြာဝဲတက္လာကာ အကယ္ဒမီေ႐ွာ့ puppy eyesေလးမ်ားျဖင့္ တီတီတာတာေျပာေနေလေတာ့ မင္းခန္႔ထည္ရဲ႕ထိန္းခ်ဳပ္ႏိုင္မႈအတိုင္းအတာဟာလုံးဝကင္းလြတ္သြားေပေတာ့သည္။သူတံခါးခ်က္ကိုခ်လိုက္ၿပီးေနာက္ေကာင္ေလးဘက္သို႔ျပန္လွည့္လိုက္ေလ၏။
"အင့္.....အု......အု"
သား႐ိုင္းႀကီးမင္းခန္႔ထည္ဟာ ယုန္ျဖဴေလး႐ိႈင္းေဇယံရဲ႕ႏႈတ္ခမ္းဖူးဖူးေလးအားအငမ္းမရနမ္း႐ိႈက္လာၿပီးအားနဲ႔စုပ္ယူလိုက္တဲ့အခါ ေကာင္ေလးရဲ႕ၿငီးသံသဲ့သဲ့ေလးကအခန္းနံရံေတြထဲမွာရပ္နားျခင္းမ႐ွိစြာပ်ံ႕ႏွံ႔လာရသည္။
ထိုအခိုက္အတန္႔ မင္းခန္႔ထည္ဟာ အၾကင္နာတရားမ်ားနဲ႔အတူစည္းေစာင့္တတ္ပါတဲ့သူ၏ႏွလုံးသားတစ္စုံအားပိန္းပိတ္ေအာင္ထူထဲလွပါသည့္မက္ေမာတမ္းတဆာေလာင္မႈမ်ားျဖင့္ဖုံးအုပ္လႊမ္းမိုးပစ္လိုက္ေခ်သည္။
သူ႕ရဲ႕စိတ္႐ိုင္းတို႔အားခ်ဳပ္ေႏွာင္ဖိႏွိပ္ထားပါတဲ့ႀကိဳးေတြမွန္သမွ်ကိုဓားထက္ထက္နဲ႔ျဖတ္ေတာက္ပစ္လိုက္ကာ အ႐ိုင္းဆန္တဲ့အေသြးအသားေတြကသူ၏ဦးေႏွာက္ထဲမွာတစ္စုံတစ္ရာကိုအပူတျပင္းေရ႐ြတ္ေန႐ွာ၏။
'မင္းစိတ္ထဲမွာ႐ွိတဲ့အတိုင္း ထိုေကာင္ေလးကိုဆြဲစုတ္ပစ္လိုက္'ဟူ၍။
အသက္႐ွဴမဝေတာ့တဲ့ေကာင္ေလးကသူ႕ရဲ႕လက္ထဲမွာ႐ုန္းကန္လာကာတြန္းဖယ္လာခဲ့တာေၾကာင့္မင္းခန္႔ထည္က နီဖူးဖူးႏႈတ္ခမ္းေတြကေနတျဖည္းျဖည္းေအာက္ဆင္းသြားကာ ျဖဴေဖြးေဖြးလည္တိုင္ထက္ဆီသို႔ဦးတည္လိုက္လ်က္ မြတ္သိပ္စြာနမ္း႐ိႈက္လာခဲ့သည္။ၿပီးေနာက္ ႏူးညံ့ညံ့ပခုံးသားေလးေတြဆီအေရာက္မွာ မ်က္လုံးအေရာင္ေတြကအဆုံးမ႐ွိစြာနက္ေမွာင္ျပင္းျပလာေပေတာ့သည္။
"အာ့!!! ကိုခန္႔ !!!"
မင္းခန္႔ထည္အသဲယားကာ႐ိႈင္းရဲ႕ႏူးညံ့ညံ့ပခုံးသားေလးကိုကိုက္ခ်ပစ္လိုက္တာေၾကာင့္႐ိႈင္းကနာက်င္စြာေအာ္ဟစ္လာခဲ့သည္။
႐ိႈင္းရဲ႕ထိုေအာ္သံေလးၾကားရေတာ့သူ႕ရဲ႕စိတ္ဆႏၵတို႔ဟာအဆမတန္ေက်နပ္အားရမႈတို႔နဲ႔ျပည့္ႏွက္သြားကာ ထိုအရသာေလးကိုျမည္းစမ္းခ်င္သထက္ျမည္းစမ္းလာခ်င္ေနၿပီး လိုအင္ရမၼက္တို႔ကို အေတာမသတ္ႏိုင္ေတာ့ေပ။သူ႕ကိုယ္ထဲမွာေတာက္ေလာင္ေနတဲ့ေဆးအ႐ွိန္ကလည္းပိုတက္လာသျဖင့္ သူဒီမွ်ႏွင့္မေက်နပ္ႏိုင္ေတာ့ဘဲ ႐ိႈင္းရဲ႕ကိုယ္ေလးအားခုတင္ထက္ဆီသို႔ၾကမ္းတမ္းစြာပစ္ခ်လိုက္ပါေတာ့သည္။
ခုတင္ေပၚကိုပစ္လွဲခ်ခံလိုက္ရတဲ့အခါ႐ိႈင္းေဇယံကလန္႔ျဖန္႔သြားၿပီး အမူးေျပသြားခဲ့တာေၾကာင့္ထထိုင္လိုက္ကာခုတင္ေခါင္းရင္းဘက္သို႔ေနာက္ျပန္ေ႐ႊ႕သြားတဲ့အခိုက္ ဆာေလာင္ေနတဲ့သား႐ိုင္းႀကီးမင္းခန္႔ထည္ကသူ႕ကိုေျခခ်င္းဝတ္တစ္ဖက္ကေနဆြဲကိုင္လိုက္လ်က္ ေအာက္သို႔တ႐ြတ္တိုက္ျပန္ဆြဲခ်လာခဲ့သည္။
ထို႔ေနာက္သူ႕ေပၚသို႔တစ္ဖန္အုပ္မိုးလာေသာမင္းခန္႔ထည္ရဲ႕သန္မာေတာင့္တင္းတဲ့ခႏၶာကိုယ္ႀကီးအား ႐ိႈင္းကသူ႕ရဲ႕လက္၂ဖက္ျဖင့္အေၾကာက္အကန္ပင့္တင္ထားရင္း
ပင့္႐ိႈက္ထိတ္လန္႔စြာ ေမးလိုက္ေလသည္။
"အကို! မူးေနတာလား"
မင္းခန္႔ထည္ကသူ၏ရင္ဘက္ထက္၌ဟန္႔တားထားေသာေကာင္ေလးရဲ႕လက္ကေလးႏွစ္ဖက္အားဆုပ္ကိုင္ဖယ္႐ွားလိုက္ကာခုတင္ေခါင္းရင္းထက္၌အၿပီးသတ္ခ်ဳပ္ထားလိုက္ေတာ့သည္။ထိုအျပဳအမူကိုျမင္ေတာ့ ႐ိႈင္းရဲ႕ေသြးေၾကာေတြထဲမွာစီးဆင္းေနတဲ့ေသြးေတြဟာဆိုရင္ကေျပာင္းကျပန္စီးဆင္းေတာ့မတတ္တုန္လႈပ္လာခဲ့ရေလ၏။
"အကို!!! ဘာျဖစ္ေနတာလဲ?"
သူဘယ္လိုပဲေမးေမး မင္းခန္႔ထည္ကျပန္မေျဖဘဲ သူ၏ႏႈတ္ခမ္းသားဖူဖူးေလးဆီသို႔ထပ္မံဦးတည္လိုက္ၿပီးေနာက္ လက္တစ္ဖက္ကေန စြပ္က်ယ္အပါးေလးအားဆုတ္ၿဖဲပစ္လိုက္ေလေတာ့သည္။
"ကိုမင္းခန္႔ထည္!!!!!"
ထိုစဥ္မင္းစက္နဲ႔ဟန္လင္းထက္တို႔၂ေယာက္ကပြဲအတြင္း၌ပဲ႐ွိေနေသးကာ ဟန္လင္းထက္ကမင္းစက္လက္ထဲမွာဆြဲကိုင္ထားတဲ့ေသာက္လက္စေကာ့ေတးေလးကိုဆြဲယူလိုက္ေလသည္။ထို႔ေနာက္တစ္ငုံေသာက္ခ်လိုက္ကာ မ်က္ဝန္းေတြကိုပင့္ၾကည့္လိုက္လ်က္ေမးလာခဲ့သည္။
"ကိုစက္က က်ေနာ္႕ကိုေစာင့္ေနတာလား "
ဟန္လင္းထက္ေသာက္ေနတဲ့ေကာ့ေတးခြက္ေလးကိုမင္းစက္ကတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ အၾကည့္လႊဲကာ ေအးတိေအးစက္ဆိုလာသည္။
"အာ.....ငါမေစာင့္ပါဘူး။မင္းကိုလာေစခ်င္႐ုံတင္ပါ"
"က်ေနာ္႕ကိုေစာင့္ေနမယ္ထင္တာ။က်ေနာ္ကိုကေလာဘႀကီးလြန္းတာပါ"
"ငါ....."
ဟန္လင္းထက္ကမ်က္ႏွာေလးကိုညိႇဳးခ်လိုက္လ်က္စိတ္မေကာင္းျဖစ္စြာေရ႐ြတ္လိုက္ေတာ့မင္းစက္ကတစ္စုံတစ္ခုေျပာဖို႔ျပင္လိုက္တဲ့အခါၾကားျဖတ္ဝင္ေရာက္လာပါေသာ Sound boxအသံေၾကာင့္သူ၏အသံတို႔ကျပတ္ေတာက္သြားရသည္။
~~~Hello!!!!!!! Everybody Are you ready? ~~~
ဒုတိယတစ္ႀကိမ္ DJ Timeကထပ္စလာတဲ့အခါပြဲအတြင္း႐ွိေက်ာင္းသားေတြအကုန္လုံးက ျမဴးထူစြာနဲ႔လႈပ္႐ြလာၾကျပန္ေလသည္။ ပြဲတစ္ခုလုံးလည္းDJသံမ်ားေၾကာင့္အုံးအုံးက်က္က်က္နဲ႔ဆူညံလာခဲ့ကာသူတို႔ႏွစ္ေယာက္စကားေျပာရန္အေျခအေနမေပးေတာ့တာေၾကာင့္မင္းစက္ကဟန္လင္းထက္နားနားကပ္ကာအေဆာင္အေနာက္ဘက္ဆီသို႔လမ္းေလွ်ာက္သြားရန္ေျပာလိုက္ေတာ့ဟန္လင္းထက္ကသေဘာတူလာခဲ့သည္။ထို႔ေၾကာင့္ႏွစ္ေယာက္သားအေဆာင္အေနာက္ဘက္ဆီသို႔ထြက္လာခဲ့လိုက္သည္။
အရင္ညေတြဆိုရင္ အေဆာင္အေနာက္ဘက္၌ ေဆးလိပ္ခိုးေသာက္သူမ်ား၊အဆို႐ွင္မ်ားႏွင့္ျပည့္ေနေသာ္လည္းဒီညတြင္ေတာ့အကုန္လုံးက partyသို႔ေရာက္ေနၾကသျဖင့္အေဆာင္အေနာက္ဘက္၌လူသူကင္းမဲ့လ်က္႐ွိသည္။
ဟန္လင္းထက္ကအုတ္ခုံေလးတစ္ခု၌ထိုင္လိုက္ရင္းရယ္က်ဲက်ဲနဲ႔ဆိုသည္။
"ဒီေလာက္လူျပတ္တဲ့ေနရာကိုက်ေနာ္႕လိုလူမ်ိဳးကိုေခၚလာတာ ကိုစက္မေၾကာက္ဘူးလား"
ထိုအခါ မင္းစက္ကေခါင္းခါလိုက္ရင္းဟြန္႔ခနဲႏွာမႈတ္လိုက္ကာျပန္ေျဖလာသည္။
"ငါကဘာကိစၥမင္းကိုေၾကာက္ရမွာလဲ။ငါကမင္းထက္၂ႏွစ္ေက်ာ္ႀကီးတယ္ဆိုတာေမ့ေနၿပီလား"
သူ႕ေဘးမွာဝင္ထိုင္လာရင္းမင္းစက္ေျပာလိုက္တဲ့စကားကိုၾကားေတာ့ ဟန္လင္းထက္ကသေဘာက်စြာျပဳံးရယ္ေနမိသည္။ၿပီးေနာက္သူစုတ္သပ္လိုက္ရင္း ေနာက္ေျပာင္စြာဆိုလိုက္ေလ၏။
"က်ေနာ္ေဆးလိပ္ေသာက္ခ်င္လိုက္တာ"
ထိုစကားေလးျဖတ္ေျပးသြားေတာ့ ျဖန္႔ထားတဲ့လက္ဖဝါးေလးတစ္ဖက္ေပၚမွာတင္႐ွိေနတဲ့စီးကရက္တစ္ဖာႏွင့္မီးျခစ္ေလးတစ္ခုက႐ုတ္တရက္သူ႕မ်က္စိေ႐ွ႕သို႔ပၪၥလက္ဆန္စြာေရာက္လာခဲ့တာေၾကာင့္ ဟန္လင္းထက္တစ္ေယာက္ အံ့အားသင့္သြားရသည္။
"ကိုစက္ကေဆးလိပ္ေသာက္တာမႀကိဳက္ဘူးမွတ္လား။ဘာလို႔ကိုစက္ဆီမွာဒါေတြ႐ွိေနရတာလဲ"
မင္းစက္ခမ်ာဟန္လင္းထက္ထြက္သြားၿပီးကတည္းက ဟန္လင္းထက္ရဲ႕ခုတင္ေပၚမွာညတိုင္းအိပ္ေနခဲ့ကာ ခုတင္ေအာက္ေထာင့္နားေလးမွာညပ္ၿပီးျပဳတ္က်ေနခဲ့တဲ့စီးကရက္ဖာေလးနဲ႔မီးျခစ္ေလးကိုေတြ႕ေတာ့သူေကာက္ထားလိုက္သည္။
ထို႔ေနာက္ လူဆိုးေလးရဲ႕က်န္ရစ္ပစၥည္းေတြျဖစ္တဲ့ စီးကရက္၂လိပ္သာက်န္႐ွိေတာ့တဲ့စီးကရက္ဘူးေလးႏွင့္မီးျခစ္ေလးအားသူသြားေလရာေနရာတိုင္းအၿမဲတမ္းမေမ့ယူေဆာင္သြားတတ္တဲ့အေၾကာင္းကိုမူ သူဘယ္ေတာ့မွထိုေကာင္ေလးအားထုတ္ေျပာမည္မဟုတ္ေပ။
ထိုသို႔ေပါေပါေၾကာင္ေၾကာင္ႏိုင္တဲ့လုပ္ရပ္အေၾကာင္း သူတစ္ေယာက္ကလြဲမည္သူမွမသိတာကပိုေကာင္းေပလိမ့္မည္။
"ဒီေန႔တစ္ရက္ပဲ။ေနာက္ေန႔မရဘူး"
မင္းစက္စကားၾကားေတာ့ဟန္လင္းထက္ကထိန္းခ်ဳပ္မရစြာရယ္ေမာလာခဲ့သည္။သူ႕ရဲ႕မ်က္ႏွာထက္မွာေနရာယူထားတဲ့အျပဳံးေတြက ထိုလူသားရဲ႕ေဘးနားေလးမွာ႐ွိေနရတဲ့အတြက္ သူဘယ္ေလာက္ထိေပ်ာ္႐ႊင္ေနရလဲဆိုတာကိုခိုင္မာစြာသက္ေသျပေနခဲ့သည္။
"ဟုတ္ပါၿပီဗ်ာ"
ဟန္လင္းထက္ကစီးကရက္တစ္လိပ္ကိုထုတ္ယူလိုက္ၿပီးေနာက္ မီးညႇိကာ႐ိႈက္ဖြာလိုက္သည္။သူဖြာထုတ္လိုက္တဲ့စီးကရက္အေငြ႕ေလးမ်ားကမင္းစက္ဆီသို႔သြား႐ိုက္ခတ္လို႔ေနတာေၾကာင့္မင္းစက္အသက္႐ွဴရခက္လာကာေခ်ာင္းဆိုးမိလိုက္သည္။
"အဟြတ္ အဟြတ္"
ထိုအခါ ဟန္လင္းထက္ကမင္းစက္ဆီသို႔ေစာင္းငဲ့ၾကည့္ကာ ဖြာလက္စစီးကရက္ေလးအားခ်က္ခ်င္းၿငိမ္းသတ္ဖို႔ျပင္သည္။သို႔ေသာ္မင္းစက္ကသူ႕ရဲ႕လက္ကိုဆြဲကိုင္ရင္းဟန္႔တားလာခဲ့ေပသည္။
"ငါလည္းေသာက္ခ်င္တယ္။အဲ့စီးကရက္"
မင္းစက္ဆီကေနမထင္မွတ္ထားတဲ့စကားကိုၾကားလိုက္ရေတာ့ဟန္လင္းထက္ကေၾကာင္အသြားၿပီးဘာဆက္လုပ္ရမွန္းမသိျဖစ္သြားရသည္။
"ဘာလို႔လဲ။ကိုစက္ကေဆးလိပ္မေသာက္တတ္ဘူးေလ!"
"ေပး"
မင္းစက္ကထိုေဆးလိပ္အားမရမကေတာင္းလာေလေသာ္ ဟန္လင္းထက္ကေက်ာခိုင္းလိုက္ကာ ေျခေထာက္ေအာက္၌နင္းေခ်ပစ္လိုက္ေတာ့သည္။
"မေသာက္ရဘူး။ကိုစက္ကဒီလိုအလုပ္ေတြမလုပ္ရဘူး"
"တစ္လိပ္က်န္ေသးတယ္"
အုတ္ခုံေပၚမွာတင္ထားတဲ့စီးကရက္ဘူးေလးအားေကာက္ယူလိုက္ရင္းမင္းစက္ဆိုလာေတာ့ဟန္လင္းထက္မွာတကယ္မွင္သက္သြားရေခ်၏။
"ကိုစက္!!"
မင္းစက္ကစီးကရက္တစ္လိပ္အားဖြာဖို႔ျပင္ေနတုန္းဟန္လင္းထက္ကမင္းစက္အားလွမ္းဆြဲထားလိုက္သည္။
"ဘာလို႔ဒီလိုအဓိပၸါယ္မ႐ွိတဲ့အလုပ္ေတြလိုက္လုပ္ေနတာလဲဗ်ာ" ဟုမ်က္ေမွာင္ၾကဳတ္လ်က္ေမးလိိဳက္ရင္း စီးကရက္ကိုဆြဲယူသြားကာ ေျခေထာက္ေအာက္၌ထပ္မံနင္းေခ်ပစ္လိုက္ေတာ့သည္။
"ငါ မေျပာျပတတ္ဘူး"
"ဘာကိုလဲ?"
"ငါ့ရင္ထဲမွာျဖစ္ေနတဲ့အရာေတြကိုစကားလုံးေတြနဲ႔အကုန္မေျပာျပတတ္ဘူး။"
"က်ေနာ္႕ကိုေျပာျပခ်င္တာေတြ႐ွိလို႔လား?"
"ငါမင္းေဆးလိပ္ေသာက္သလိုလိုက္ေသာက္ခ်င္တယ္။ငါမင္းလုပ္သမွ်အကုန္လိုက္လုပ္ခ်င္တယ္။ဒီရက္ေတြထဲမွာ ငါ မင္းကို ေျပာမျပတတ္ေလာက္ေအာင္ေတြ႕ခ်င္ေနတယ္။
ဒါေပမယ့္ ငါ့ရင္ထဲမွာ႐ွိေနတဲ့တျခားအရာေတြကိုေတာ့မင္းသိေအာင္ငါမေျပာျပတတ္ဘူး အလင္း"
"ကိုစက္!"
"ငါ ..... ငါ....ငါေလ ေယာက်ာ္းေတြကိုမႀကိဳက္ဘူး"
မင္းစက္အသံတို႔ဟာ ေျပာရင္းေျပာရင္းနဲ႔တျဖည္းျဖည္းတုန္ယင္လာတာေၾကာင့္ဟန္လင္းထက္ကမင္းစက္ကိုယ္ေလးအားေပြ႕ဖက္ထားလိုက္ၿပီး တစ္ေယာက္ေသာသူရဲ႕ေက်ာျပင္ေလးအားခပ္ဖြဖြပုတ္ေပးရင္း ႏွစ္သိမ့္ေပးလာသည္။
"က်ေနာ္နားလည္ပါတယ္။ကိုစက္အရမ္းစိတ္ဆင္းရဲမခံပါနဲ႔။က်ေနာ္႕ေၾကာင့္ကိုစက္ဒီလိုမ်ိဳးစိတ္ပင္ပန္းေနရတာကိုက်ေနာ္မၾကည့္ရက္ဘူး။ကိုစက္ က်ေနာ္႕အေပၚအရင္လိုျပန္ဆက္ဆံတာနဲ႔တင္က်ေနာ္ေက်နပ္ပါၿပီ။"
"မင္းငါ့ကိုခ်စ္လား အလင္း?"
"...."
ထိုေမးခြန္းေၾကာင့္ဟန္လင္းထက္တစ္ကိုယ္လုံးေတာင့္ဆတ္သြားကာ မင္းစက္ကိုဖက္ထားဆဲပင္ မ်က္လႊာခ်လ်က္သူျပန္ေျဖလိုက္သည္။
"ခ်စ္တာေပါ့။အရမ္းအရမ္းကိုခ်စ္တာေပါ့။ကိုစက္ေၾကာင့္က်ေနာ္ဒီလိုမ်ိဳးျပန္႐ွင္သန္ႏိုင္ခဲ့တာေလ။က်ေနာ္႕အခ်စ္ကိုမယုံရင္က်ေနာ္႕ရင္ဘက္ကိုခြဲၿပီးေတာ့ေတာင္ၾကည့္လို႔ရေသးတယ္။"
မင္းစက္လည္းဟန္လင္းထက္စကားအဆုံးတိုးေဖ်ာ့စြာဆိုလာသည္။
"ငါ..လည္း.....ခ်စ္.....တယ္ "
"...."
"မင္းတစ္ေယာက္တည္းကိုပဲ .... "
တစ္ဦးတည္းေသာသူရဲ႕ႏႈတ္ဖ်ားထက္ကထြက္က်လာတဲ့သူအၾကားခ်င္ဆုံးေသာစကားသံေလးက ေလဟာနယ္ထဲမွာတိုးညႇင္းစြာျဖင့္တိုးဝင္ပ်ံ႕ႏွံ႔လာခဲ့ေသာ္လည္း သူ႕ရဲ႕နားဖ်ားထက္ကိုေတာ့ၾကည္လင္ျပတ္သားစြာ႐ိုက္ခတ္ဝင္ေရာက္လာသည္။
ထိုအခိုက္သူလုံးဝေၾကာင္အမ္းေနမိသည္။
သူ႕ရဲ႕ကမ႓ာႀကီးကအခုေတာ့ၿပီးျပည္္႕စုံသြားခဲ့ၿပီဆိုေပမယ့္ ဒီခံစားခ်က္ေတြကအိမ္မက္ဆန္လြန္းေနတာေၾကာင့္သူမယုံၾကည္ရဲဘူးျဖစ္ေန႐ွာသည္။
မင္းစက္ကိုဖက္ထားရင္းႏွင့္ပင္ သူ႕ရဲ႕ေက်ာျပင္ကေတာင့္ေတာင့္ႀကီးျဖစ္ေနခဲ့ကာ သူ၏ေက်ာဘက္ဆီသို႔ယွက္ႏြယ္ဖက္တြယ္လာေသာလက္တစ္စုံရဲ႕အထိအေတြ႕ေလးကိုခံစားလိုက္ရတဲ့အခါ ဟန္လင္းထက္တစ္ေယာက္ မိန္းေမာလြင့္ေျမာေနရာမွသတိျပန္ဝင္လာခဲ့သည္။ထို႔ေနာက္ႏွစ္ဦးသား တစ္ေယာက္ကိုတစ္ေယာက္မလြတ္ထြက္သြားႏိုင္ေအာင္တင္းၾကပ္စြာဖက္တြယ္ထားလိုက္ၾကေတာ့သည္။
"3....2.....1 Happy New year!!!!!!!! "
လွပခမ္းနားလွေသာမီး႐ွဴးမီးပန္းေရာင္စုံမ်ားကအနက္ေရာင္ေကာင္းကင္ယံထက္၌ၾကယ္စင္တန္းေတြနဲ႔အၿပိဳင္ျခယ္သလို႔ေနလ်က္။
"ကိုစက္ ၾကည့္ပါဦး လွတယ္မွတ္လား"
ဟန္လင္းထက္ကမင္းစက္ပခုံးေလးအားလက္တစ္ဖက္ျဖင့္ေထြးေပြ႕ထားရင္းႏူးညံ့စြာဆိုသည္။
ဟန္လင္းထက္ေကာင္းကင္ယံကိုၾကည့္ေနရင္းက မင္းစက္ကိုျပန္လွည့္ၾကည့္လိုက္သည့္အခိုက္ ထိုလူသားေလးရဲ႕ႏႈတ္ခမ္းသားတို႔ႏွင့္႐ွပ္ထိမိသြားတာေၾကာင့္ မင္းစက္ကဟန္လင္းထက္အနီးနားမွ သူ႕မ်က္ႏွာကိုအနည္းငယ္ခြာလိုက္ေလသည္။
လူဆိုးေလးဟန္လင္းထက္ကထိုအခြင့္အေရးကိုလုံးဝအလြတ္မေပးဘဲ မင္းစက္ရဲ႕ကိုယ္ေလးအားသူ႕ရင္ခြင္အနီးနားသို႔ျပန္ဆြဲထည့္လိုက္ကာ မင္းစက္မ်က္ႏွာေလးကိုအုပ္ကိုင္ထားရင္းခ်ိဳၿမိန္ေသာႏႈတ္ခမ္းသားတို႔အား
အငမ္းမရနမ္း႐ိႈက္သုံးေဆာင္ေတာ့သည္။ေကာင္းကင္ထက္ကလမင္းႀကီးကေတာ့အုတ္ခုံေလးေပၚကစုံတြဲေလးအား႐ွက္ေသြးျဖန္းကာငုံ႔ၾကည့္ေနခဲ့ေလရဲ႕။
ေနရာအသီးသီးဆီကေနလႊင့္တင္ျခယ္သလိုက္တဲ့မီး႐ွဴးမီးပန္းမ်ားစြာတို႔က ေကာင္းကင္ယံထက္တြင္ျပန္႔က်ဲေတာက္ပေနၿပီး က်ယ္ေလာင္စူး႐ွေသာတေဖာက္ေဖာက္အသံမ်ားကကမ႓ာေျမတစ္ခြင္လုံးကိုတုန္ခါျမည္ဟီးေစလ်က္ထြက္ေပၚလာခဲ့ေလသည္။
အခန္းတစ္ခုထဲ၌ပူးကပ္ေနတဲ့လူသား၂ေယာက္ဆီသို႔လည္းထိုအသံမ်ားကက်ဴးေက်ာ္ဝင္ေရာက္လာတာေၾကာင့္ ရမၼက္ေမွာင္တို႔ဖုံးလႊမ္းေနတဲ့မင္းခန္႔ထည္ရဲ႕အသိအာ႐ုံတို႔ကထိုအခါမွျပန္ၾကည္လင္လာခဲ့ကာ သတိျပန္ဝင္လာခဲ့သည္။
သူသတိျပန္ဝင္လာတဲ့အခါ ပထမဆုံးျမင္လိုက္ရသည္က႐ိႈင္းရဲ႕မ်က္ဝန္းေလးေတြထဲမွာမ်က္ရည္ဥေလးမ်ားကနီရဲျပည့္ႏွက္ေနၿပီးမ်က္ဝန္းေထာင့္ေလးကေနမ်က္ရည္ေလးတစ္စက္စီးက်သက္ဆင္းသြားခဲ့တာကိုပင္။
ေကာင္ေလးရဲ႕ထိုမ်က္ရည္စက္ေတြကမင္းခန္႔ထည္အတြက္ေကာင္းကင္ႀကီးၿပိဳက်လာသကဲ့သို႔ခံစားသြားရေစကာ သူ၏စက္ဆုပ္စရာေကာင္းတဲ့ဒီအေျခအေနမွအျမန္ဆုံး႐ုံးထြက္ခ်င္ေနခဲ့တာေၾကာင့္ ႐ိႈင္းကိုဖိထားရာကေန ခ်က္ခ်င္းထလိုက္ၿပီး အခန္းအျပင္ဘက္ဆီသို႔တဟုန္ထိုးေျပးထြက္သြားေတာ့သည္။
႐ိႈင္းလည္းခုတင္ေပၚကေနထရပ္လိုက္ကာ
နံရံေပၚကခ်ိတ္တစ္ခုမွာခ်ိတ္ထားတဲ့အက်ႌတစ္ထည္ကိုကကမ္းကတန္းေကာက္ဝတ္လိုက္၍ မင္းခန္႔ထည္ေနာက္သို႔အေျပးလိုက္သြားခဲ့ေလသည္။
အခန္းထဲကေနေျပးထြက္သြားတဲ့လူကေရခ်ိဳးေဆာင္ဘက္ဆီသို႔သာဦးတည္ေျပးသြားၿပီး အထဲသို႔ဝင္သြားတာကိုေတြ႕တာေၾကာင့္႐ိႈင္းလည္းအမွီေျပးလိုက္လာေတာ့သည္။
မင္းခန္႔ထည္ကေရပန္းေအာက္သို႔အျမန္သြားလိုက္ၿပီး ေရပန္းကိုဖြင့္လိုက္ကာ ေရခဲေရတစ္မွ်ေအးစိမ့္ေနတဲ့ေရေတြကို သူ႕ေခါင္းေပၚကနတဆင့္ တစ္ကိုယ္လုံးအား႐ႊဲ႐ႊဲစိုေအာင္ျပဳလုပ္ေနခဲ့သည္။
႐ိႈင္းလည္းမင္းခန္႔ထည္ဆီသို႔အေျပးသြားကာေရပန္းေအာက္၌ေခါင္းငိုက္စိုက္လ်က္ထိုင္ေနတဲ့မင္းခန္႔ထည္အား ဆြဲဖယ္ေသာ္လည္းဖယ္မရေပ။
"အကို ေတာ္ေတာ့ေလဗ်ာ။
အကိုေ႐ွာ့ျဖစ္သြားမယ္။
အဲ့တာေၾကာင့္ ေတာ္ပါေတာ့ေနာ္"
႐ိႈင္းထိုသို႔ေျပာေတာ့မင္းခန္႔ထည္က႐ိႈင္းဆီသို႔ေခါင္းလွည့္ၾကည့္လာခဲ့ေလေသာ္ေကာင္ေလးရဲ႕ျဖဴေဖြးေဖြးလည္တိုင္ထက္ဆီက
နီရဲရဲအကြက္အေျပာက္မ်ားကိုေတြ႕လိုက္ရတာေၾကာင့္ သူခ်က္ခ်င္းပင္ေခါင္းကိုလႊဲခ်လိုက္ကာ ႐ိႈင္းေဇယံအားေရပန္းေအာက္မွတြန္းထုတ္ပစ္လိုက္ေတာ့သည္။
"ထြက္သြား။ငါ့ဆီမလာနဲ႔ !!!!"
'အကိုေတာင္းပန္ပါတယ္ညီရယ္။အကိုမင္းအေပၚဘာေတြလုပ္မိလိုက္ၿပီလဲ!'
ေဒါသသံစြက္လာတဲ့မင္းခန္႔ထည္ရဲ႕စကားလုံးေတြကိုၾကားေတာ့ ႐ိႈင္းရဲ႕ကိုယ္ေလးကတုန္တတ္သြားရၿပီးေနာက္ တစ္ေယာက္ေသာသူရဲ႕လက္ေမာင္းတစ္ဖက္အားထပ္မံဆြဲကိုင္လိုက္ကာဝမ္းနည္းမႈတို႔ေရာယွက္ေနေသာအသံတို႔ျဖင့္ေတာင္းဆိုလာသည္။
"အကို က်ေနာ္႕ကိုမႏွင္ပါနဲ႔။အကိုဒီလိုမ်ိဳးဆက္ေနေနရင္ေနမေကာင္းျဖစ္သြားလိမ့္မယ္။က်ေနာ္နဲ႔အခန္းဆီကိုျပန္ၾကရေအာင္ေနာ္"
မင္းခန္႔ထည္ကသူ႕ကိုဆြဲကိုင္ထားတဲ့ေကာင္ေလးရဲ႕လက္တစ္စုံဆီကေနအၾကမ္းပတမ္း႐ုန္းထြက္လိုက္သည္။
ေနာက္သို႔ေျခသုံးလွမ္းစာေလာက္ဆုတ္သြားကာနံရံကိုမွီလ်က္ေခါင္းေမာ့ထားရင္းမ်က္ႏွာေပၚက်ဆင္းေနတဲ့ေရစက္ေတြကိုမ်က္လုံးမွိတ္ကာခံယူေနသည္။
႐ိႈင္းကထပ္ၿပီးတားျမစ္လိုက္ခ်င္ေပမယ့္တစ္ေယာက္ေသာသူရဲ႕မ်က္ႏွာထက္မွာသူနဲ႔ေဝးေဝးေနလိုတဲ့အမူအရာတို႔ကအထင္အ႐ွားေပၚလြင္ေနတာေၾကာင့္သူဘာမွမဆိုေတာ့ဘဲ ထိုလူသားရဲ႕ေ႐ွ႕မွာမလႈပ္မယွက္နဲ႔မတ္တပ္ေလးရပ္ကာေငးၾကည့္ေနမိခဲ့သည္။
"မင္းမမွတ္ေသးဘူးလား။ငါမင္းကိုဘယ္လိုလုပ္ရပ္ေတြလုပ္ၿပီးၿပီဆိုတာမင္းသိရဲ႕သားနဲ႔ ဘာလို႔ငါ့ေ႐ွ႕မွာဒီလိုမ်ိဳးရပ္ေနႏိုင္ေသးတာလဲ။"
မင္းခန္႔ထည္ကသူ႕ကိုယ္သူေလွာင္ရယ္ရယ္လိုက္ရင္းမ်က္စိေ႐ွ႕ကေကာင္ေလးကိုမ်က္လုံးပင့္ၾကည့္လာကာ ေဒါသတႀကီးေရ႐ြတ္လာခဲ့သည္။
"႐ိႈင္းေဇယံ မင္းငါ့လိုေကာင္ကိုမမုန္းဘူးလား။မ႐ြံဘူးလား!"
"မမုန္းဘူး။မ႐ြံဘူး။ဒါေၾကာင့္ က်ေနာ္႕ကိုမႏွင္ပါနဲ႔ေနာ္"
"ငါေတာ့ငါ့ကိုယ္ငါေတာ္ေတာ္႐ြံ႐ွာေနၿပီ ႐ိႈင္းေဇယံ။မင္းလိုျဖဴစင္တဲ့ေကာင္ေလးတစ္ေယာက္အေပၚငါအမွားေတြလုပ္ေနေပါင္းမ်ားၿပီ။"
"က်ေနာ္ကလည္းအကိုထင္သေလာက္မျဖဴစင္ေနပါဘူး။က်ေနာ္ကသာ....."
'အကို႔အေပၚမ႐ိုးသားတဲ့ခံစားခ်က္ေတြ႐ွိေနခဲ့တဲ့သူပါ'
႐ိႈင္းေဇယံကစကားတစ္ဝက္အေရာက္မွာ ခနတာတုံ႔ဆိုင္းေနၿပီးမွ သူ႕ရဲ႕ေျခလွမ္းေတြကိုေရေတြစို႐ႊဲေနတဲ့ေက်ာက္ျပားေတြထက္၌ ေ႐ွ႕ဆက္တိုးလာကာမင္းခန္႔ထည္ေ႐ွ႕ဆီလက္တစ္ဖက္ကိုကမ္းေပးလာရင္းစိုးရိမ္ေၾကာင့္ၾကစြာဆိုလာခဲ့သည္။
"ဘာပဲျဖစ္ျဖစ္ က်ေနာ္႕ကိုမႏွင္ပါနဲ႔။အကို႔ကိုက်ေနာ္မမုန္းပါဘူး။ၿပီးေတာ့ဒီအျဖစ္အပ်က္ကလည္းအကိုႀကိဳတင္ၾကံစည္ထားတာမွမဟုတ္တာ။မေတာ္တဆျဖစ္သြားတာပဲဟာ။အဲ့တာေၾကာင့္ ဘာမွမျဖစ္ဘူးေနာ္ က်ေနာ္နဲ႔အခန္းဆီျပန္လိုက္ခဲ့ပါဗ်ာ"
ထိုအခါမင္းခန္႔ထည္ရဲ႕ခပ္ဟဟရယ္သံက်ယ္ႀကီးကေရခ်ိဳးခန္းငယ္ေလးထဲမွာဟိန္းထြက္သြားေပေတာ့သည္။
"ငါကမင္းအေပၚဂ႐ုစိုက္ေပးခဲ့တာမ်ားလို႔ မင္းကေက်းဇူး႐ွိသလိုခံစားေနရၿပီးမမုန္းခ်င္တာလား။မင္းငါ့ကိုမုန္းႏိုင္တယ္ ႐ြံ႐ွာႏိုင္တယ္ ႐ိႈင္းေဇယံ။
မင္းစိတ္႐ွိလက္႐ွိငါ့ကိုဆြဲထိုးပစ္လိုက္လို႔ရတယ္ကြ။ငါမခုခံဘူး"
"က်ေနာ္အကို႔ကိုတကယ္မမုန္းပါဘူးဆိုတာ ဘာလို႔မယုံရတာလဲ!။
က်ေနာ္အကို႔ကိုမမုန္းဘူးဆိုတာေက်းဇူး႐ွိသလိုခံစားရလို႔မဟုတ္ဘူးဗ်!"
"အဲ့တာဆိုဘာလို႔လဲ ငါကမင္းကိုစက္ဆုပ္စရာေကာင္းတဲ့လုပ္ရပ္မ်ိဳးလုပ္ထားတာေနာ္!!!။
မင္းငါ့ကိုမေၾကာက္ဘူးလား!!"
မင္းခန္႔ထည္ကထိုစကားတို႔အား႐ိႈင္းဆီသို႔ေလွ်ာက္လွမ္းလာရင္းဆိုကာ ႐ိႈင္းအနားေရာက္ေတာ့ ေကာင္ေလးရဲ႕အက်ႌေကာ္လံေလးအား ၾကမ္းတမ္းခက္ထန္မႈအျပည့္နဲ႔ေဆာင့္ဆြဲလိုက္ပါေတာ့သည္။
ေၾကာက္စရာေကာင္းတဲ့အၾကည့္တို႔ေပ်ာ္ဝင္ေနတဲ့မင္းခန္႔ထည္ရဲ႕ေရခဲ႐ိုက္မ်က္ဝန္းေတြထဲမွာ ႐ိႈင္းေဇယံရဲ႕ပုံရိပ္ေလးတစ္ခုသာမီးစုန္းၾကဴးေလးပမာထင္ဟပ္ေတာက္ပေနလ်က္႐ွိသည္။
ေရပန္းမွေရေတြကမိုးေရစက္ေလးေတြသဖြယ္တဖြဲဖြဲနဲ႔က်ဆင္းလာတာေၾကာင့္၂ေယာက္စလုံးရဲ႕မ်က္ဝန္းေတြထဲကေနစီးက်သြားရတာဟာမ်က္ရည္စက္ေတြလားေရစက္ေရေပါက္ေလးေတြလားဆိုတာမသဲကြဲေတာ့ေပ။
႐ိႈင္းေဇယံကမင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြထဲတည့္တည္္႕စိုက္ၾကည့္လာရင္းသူ႕အက်ႌစေလးကိုရန္လိုစြာဆုပ္ကိုင္ထားတဲ့ထိုလူသားရဲ႕ေအးစက္စက္လက္တစ္စုံေပၚကိုထပ္ကိုင္လိုက္လ်က္ ျပတ္သားမႈနဲ႔အတူသတၱိ႐ွိစြာေအာ္ေျပာလာခဲ့သည္။
"က်ေနာ္ အကို႔ကိုသိပ္ခ်စ္လို႔ဗ်။
အဲ့တာေၾကာင့္က်ေနာ္မမုန္းႏိုင္ဘူး။
က်ေနာ္႕အေပၚဒီထက္ပိုဆိုးတဲ့လုပ္ရပ္မ်ိဳးလုပ္လိုက္ရင္ေတာင္ က်ေနာ္႕ေ႐ွ႕မွာ႐ွိေနတဲ့
ခမ်ားကိုျငင္းဆန္ဖို႔စိတ္ကူးမ႐ွိဘူး"
"ဘာ!!!!"
အက်ႌေကာ္လံစကိုဆုပ္ကိုင္ထားတဲ့မင္းခန္႔ထည္ရဲ႕လက္ေတြဟာခ်က္ခ်င္းလႊတ္ေပးလာခဲ့ၿပီးေနာက္ ႐ိႈင္းေဇယံသည္ထိုလူသားရဲ႕လက္ေတြကိုထပ္ၿပီးဆုပ္ကိုင္ခြင့္မရေတာ့ေပ။တုန္လႈပ္ပ်က္ယြင္းသြားတဲ့မ်က္ႏွာအမူအရာနဲ႔မင္းခန္႔ထည္ရဲ႕ေျခေထာက္ေတြကေနာက္သို႔ဆုတ္သြားကာသူ႕ရဲ႕ေက်ာျပင္ဟာနံရံနဲ႔ဝင္ေဆာင့္သြားရ၏။
'ခ်စ္တယ္။ညီကငါ့ကိုသိပ္ခ်စ္တယ္တဲ့!'
ခ်စ္တယ္ဆိုတဲ့အဓိပၸါယ္ကသိပ္နက္နဲလြန္းသလို ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြကလည္းသိပ္နက္႐ိႈင္းလြန္းေနတယ္။
ညီ့ရဲ႕ခ်စ္တယ္ဆိုတဲ့စကားတစ္ခြန္းကက်ေနာ္႕ရင္ထဲကအပူမီးေတာက္ေတြကိုေရစင္နဲ႔ပက္ျဖန္းလိုက္သလိုပဲခ်က္ခ်င္းၿငိမ္းက်သြားခဲ့ရေပမယ့္ က်ေနာ္ရယ္လဲမရယ္ႏိုင္ခဲ့သလို ထိုကေလးေလးကိုေဒါသလည္းမထြက္ရက္ခဲ့ဘူး။က်ေနာ္႕ႏွလုံးသားေလးကို သိပ္ခ်စ္ပါတယ္ဆိုတဲ့စကားလုံးေလးကအ႐ွိန္အဟုန္ျပင္းစြာကစုန္ေပါက္ေအာင္ျပဳစားေနခဲ့ၿပီး အေသြးအသားတို႔ကပါေပ်ာ္ျမဴးေနသေယာင္ေယာင္။
ဒါေပမယ့္က်ေနာ္သိလိုက္တဲ့ေသခ်ာတာတစ္ခုကေတာ့ ျဖဴစင္တဲ့ဒီကေလးအေပၚမွားယြင္းစြာနဲ႔ထပ္ၿပီးဖ်က္ဆီးပစ္လိုက္မိၿပီဆိုတာပဲ။
မွားယြင္းျခင္းဆိုတဲ့အစက ျဖဴစင္႐ိုးသားတဲ့ဒီကေလးနဲ႔အႂကြင္းမဲ့မသက္ဆိုင္ခဲ့ကာသူသည္သာလွ်င္အစအလယ္အဆုံးအထိအျပစ္႐ွိတဲ့အျပစ္သားတစ္ေယာက္ေပ။
"မင္းအခုဘာေတြေျပာလိုက္တာလဲဆိုတာ မင္းကိုယ္မင္းေကာေသခ်ာသိရဲ႕လား ႐ိႈင္းေဇယံ.."
'ဒါေတြကမင္းဆိုတဲ့လူသားေလးနဲ႔မထိုက္တန္ဘူးကြ'
"သိတယ္။က်ေနာ္သိတယ္။"
"႐ိႈင္းေဇယံ! မင္း......."
'မင္း...မာန္လိုမ်ိဳးျဖစ္ခ်င္လို႔လား! ငါခြင့္မျပဳႏိုင္ဘူး။ငါမင္းကိုမာန္လိုမ်ိဳးမစြန္႔လႊတ္ႏိုင္သလို ဘယ္လိုနည္းနဲ႔မွလည္းအဆုံး႐ႈံးမခံႏိုင္ဘူး !'
သူ႕စကားေတြကိုနားမေထာင္ဘဲျငင္းဆန္ဖို႔ႀကိဳးစားေနတဲ့႐ိႈင္းေဇယံေလးရဲ႕ပခုံး၂ဖက္အားဆုပ္ကိုင္လိုက္ကာ သူ႕ရဲ႕ေလသံေတြကိုနိမ့္လိုက္ရင္း ထိုေကာင္ေလးနားလည္ေအာင္ေလးနက္ျဖည္းညင္းစြာ႐ွင္းျပေျပာဆိုလာခဲ့သည္။
"မင္းလမ္းမွားေပၚေလွ်ာက္မိေနၿပီ ညီ
ေသခ်ာစဥ္းစားစမ္းပါဦး အ႐ူးမထစမ္းပါနဲ႔ !အကိုေျပာတာၾကားရဲ႕လား "
"က်ေနာ္အ႐ူးထေနတာမဟုတ္ဘူး"ဟုဆို၍ေကာင္ေလးကျပတ္သားစူး႐ွတဲ့မ်က္ဝန္းေတြနဲ႔အတူသူ႕အားၾကည့္လာခဲ့ၿပီး ေနာက္ ပခုံးထက္ကလက္ေတြကိုျဖဳတ္ခ်ပစ္လိုက္ပါေတာ့သည္။
မင္းခန္႔ထည္ရဲ႕လက္ေတြကေအာက္သို႔ျပဳတ္က်သြားရကာ ေကာင္ေလးေ႐ွ႕၌မတ္တပ္ရပ္ေနရာကေန ေအးစက္လြန္းတဲ့ေက်ာက္ျပားေတြထက္ဆီ၌ သူဒူးေထာက္ထိုင္ခ်လိုက္ေတာ့ေလ၏။႐ိႈင္းေဇယံရဲ႕မ်က္ဝန္းေလးေတြကထိုျမင္ကြင္းကိုမျမင္ရက္တာမို႔ေရစက္ေလးေတြတင္က်န္ေနတဲ့မ်က္ေတာင္ေလးေတြကမ်က္ခမ္းစပ္တို႔နဲ႔ထိစပ္ပိတ္က်သြားရေလသည္။
"႐ိႈင္းေဇယံ ..မင္းငါ့ကိုမခ်စ္ပါနဲ႔ ..ငါေတာင္းပန္ပါတယ္...."
"အခ်စ္ဆိုတာခမ်ားျခယ္လွယ္ခ်င္တိုင္းျခယ္လွယ္လို႔ရတဲ့အရာမဟုတ္ဘူး။က်ေနာ္႕ရဲ႕အခ်စ္ေၾကာင့္ခမ်ားတို႔ခ်စ္သူ၂ေယာက္ကိုလမ္းခြဲဖို႔ေျပာေနတာလည္းမဟုတ္ဘူး"
႐ိႈင္းကလက္သီး၂ဖက္ကိုဆုပ္ထားရင္းမ်က္လုံးေတြကိုမွိတ္ခ်ထားၿပီးဆိုေနစဥ္ဝယ္မ်က္ႏွာေပၚကေန စီးက်ေနတဲ့ေရစက္ေတြထဲမွာတခ်ိဳ႕ေသာမ်က္ရည္စက္ေတြလည္းတိုးတိတ္လွ်ိဳ႕ဝွက္စြာေရာယွက္ပါေနလ်က္။ေကာင္ေလးရဲ႕ပခုံးျပင္တို႔က တသိမ့္သိမ့္နဲ႔တုန္ရင္ေနခဲ့ရသည္။
"ဘာလဲ က်ေနာ္ကေယာက်္ားေလးတစ္ေယာက္မို႔ခမ်ားကဒီေလာက္ထိ႐ြံ႐ွာေနၿပီးျငင္းဆန္ေနခဲ့တာမွတ္လား!"
'ကိုယ္မ႐ြံ႐ွာပါဘူး ညီရယ္။
မင္းေလးရဲ႕အနာဂတ္ကိုကိုယ့္ေၾကာင့္မပ်က္စီးေစခ်င္႐ုံေလးပါ။'ဆိုတဲ့စကားလုံးတို႔အား မင္းခန္႔ထည္ဟာထိုေကာင္ေလးအားလုံးဝထုတ္ေျပာလိမ့္မည္မဟုတ္ေပ။
ဒါ့ေၾကာင့္သူ႕ႏႈတ္ကေနာက္ဆုံးထြက္က်လာတဲ့႐ိႈင္းေဇယံအတြက္စကားတစ္ခြန္းဟာဆိုရင္ ႏွလုံးသားမဲ့စြာနဲ႔ျပတ္သားထက္႐ွေနခဲ့၏။
"မင္းထင္တဲ့အတိုင္းပဲ!"
'ကိုယ့္ကိုမုန္းသြားရင္ေတာင္မင္းအတြက္ေပမို႔ကိုယ့္အတြက္ထိုက္တန္ပါတယ္'
႐ိႈင္းလည္းဒူးေထာက္လ်က္သားႏွင့္ေခါင္းငိုက္စိုက္က်ေနေသာတစ္ေယာက္ေသာသူအားတစ္ခ်က္ငုံ႔ၾကည့္လာၿပီးတဲ့အခါ သူ၏ေျခလွမ္းမ်ားအား ထိုလူသား႐ွိရာနဲ႔ဆန္႔က်င္ဘက္အရပ္ဆီသို႔လွမ္းလိုက္၍
မင္းခန္႔ထည္ကိုေသြးေအးစြာေက်ာခိုင္းလိုက္ေတာ့ေလသည္။
"Ok ! ခမ်ားသေဘာပဲ!"
အျပင္ဘက္ဆီသို႔ေလွ်ာက္ထြက္သြားတဲ့႐ိႈင္းရဲ႕ပုံရိပ္ေလးကိုမင္းခန္႔ထည္ကၾကည့္ေနရင္းနဲ႔ထိုေကာင္ေလးအားရင္ခြင္ထဲထည့္ကာတားျမစ္ခ်င္ခဲ့ပါေသာ္လည္းသူထိုသို႔လုပ္၍မရသည္ကိုသူသိေနသည္။
ထို႔ေၾကာင့္ဒူးေထာက္ေနၿမဲအတိုင္းသာေကာင္ေလးမ်က္ကြယ္၌က်န္ရစ္ခဲ့ရေလ၏။သူ၏ႏွလုံးသားတစ္စုံကေတာ့နာက်င္ကိုက္ခဲေနကာတဖဲ့ဖဲ့ပဲ့ေႂကြက်လုမတတ္ပင္။
ဘယ္ဘက္ရင္အုံထက္ဆီသို႔ သူအႀကိမ္ေပါင္းေျမာက္မ်ားစြာတဘုန္းဘုန္းနဲ႔ထု႐ိုက္ပစ္ေနကာ အတြင္းဘက္တစ္ေနရာဆီ၌စူးစိုက္နစ္ဝင္ေန႐ွာတဲ့ရပ္တန္႔မရခဲ့ေသာနာက်င္မႈမ်ားကိုထု႐ိုက္မႈတို႔နဲ႔အတူၿဖိဳဖ်က္ပစ္ဖို႔ရာသူ႐ူးႏွမ္းမိုက္မဲစြာႀကိဳးစားေနခဲ့သည္။
တစ္စုံတစ္ေယာက္ရဲ႕ႏွလုံးသားထဲကနာက်င္မႈေတြကိုမသိ႐ွာခဲ့တဲ့႐ိႈင္းေဇယံဟာ ေရခ်ိဳးေဆာင္ေ႐ွ႕မွထြက္မသြားေသးဘဲ နံရံအကြယ္တစ္ခုမွာမွီလ်က္ တစ္စုံတစ္ေယာက္အားလဲက်မသြားေစရန္စိုးရိမ္ပူပန္စြာနဲ႔ေစာင့္ဆိုင္းေနခဲ့ေသးတဲ့အေၾကာင္းကိုမူ မင္းခန္႔ထည္က မသိ႐ွာခဲ့ျပန္ေပ။
ခမ်ားျဖစ္ေစခ်င္တဲ့အတိုင္းလုပ္ေပးဖို႔က်ေနာ္ကအဆင္သင့္ျဖစ္ၿပီးသားဆိုတာခမ်ားသိရဲ႕လား....
ဒီလိုမ်ိဳးနာက်င္ရတဲ့စကားေတြမေျပာလည္းရပါတယ္ဗ်ာ....
က်ေနာ္သိပါတယ္ က်ေနာ္က ကိုခန္႔ကိုပိုင္ဆိုင္ခြင့္မ႐ွိဘူးဆိုတာကိုေလ....
ဒါ့ေၾကာင့္ က်ေနာ္ကတိတ္တိတ္ေလးပဲကိုခန္႔ကိုခ်စ္ေနေပးမယ္ေလေနာ္။
အဲ့ေလာက္ေလးေတာ့ က်ေနာ္႕ကိုခြင့္ျပဳေပးႏိုင္တယ္မွတ္လား.....
တစ္စုံတစ္ေယာက္တို႔အတြက္ေတာ့ New year nightဟာ ဘဝတစ္သက္တာလုံးမေမ့ႏိုင္တဲ့အေပ်ာ္႐ႊင္ရဆုံးေသာအခိုက္အတန္႔မ်ားစြာကိုပိုင္ဆိုင္ခြင့္ရခဲ့ပါေသာ္လည္း ႐ိႈင္းေဇယံနဲ႔မင္းခန္႔ထည္ဆိုတဲ့ေကာင္ေလးႏွစ္ေယာက္အတြက္ျဖစ္တည္လာေသာ Heartbreak New yearကေတာ့ တစ္သက္တာမေမ့ႏိုင္ေသာ ပူေဆြးလြမ္းဆြတ္ဖြယ္ညေလးတစ္ညအျဖစ္ ၂ဦးစလုံးရဲ႕ႏွလုံးစိုင္ထဲမွာနာက်င္မႈအျပည့္နဲ႔စြဲထင္နစ္ျမဳပ္ေနခဲ့ရေလၿပီ။
ေကာင္းကင္ထက္ကလမင္းႀကီးေတာင္ထိုလူသားေလးႏွစ္ေယာက္ကိုငုံ႔ၾကည့္ေနရင္း လွပလြန္းတဲ့မီး႐ွဴးမီးပန္းေတြၾကားမွာမျပဳံးႏိုင္ေတာ့ေပ။
••••••••••••••••••••••••••••••••••••••••••••••••••
Thanks for reading. 💗💕
••••••••••••••••••••••••••••••••••••••••••••••••••