(Zawgyi)
ရုံးဆင်းချိန်ရောက်တော့ ၀န်ထမ်းတွေလဲ လုပ်လက်စ အလုပ်ကိုယ်စီ လက်စသက်ပြီး ပြန်သွားကြပီ။ yubinက
" ok ok ဂရုစိုက်ပြန်ဦး "
ကားနားရောက်ခါနီးမှ...
" ဒုတ်! "
" wang yi bo "
ဆက်ရန်
_____________________________________
(Uni)
ဒီနေ့ ညနေစောင်း ရုံးဆင်းခါနီးမှ ကုမ္ပဏီရောက်လာပီး မျက်နှာတစ်ခုလုံးနီရဲကာ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ရုပ်နဲ့ wang yiboကို ဘယ်သူ့မှ မော်မကြည့်ရဲ။
(ဒိုးခဘဲ သူဌေးထက်တောင် သူ့ပိုကြောက်နေရတယ်😆)
ပရောဂျက်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ နေရာကို yiboရောက်လာထဲက xiao zhan သတိထားမိတယ်။ ဒီကောင်လေး တစ်ခုခုကို ဒေါ်သထွက်နေတဲ့ ပုံပဲ။ ဘာပြသနာ ဖြစ်လာလဲမသိဘူး။ သူ့မျက်နှာကြီးကြည့်ပီး အကူဝန်ထမ်းမလေးတွေမပြောနဲ့ yu binတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ xiao zhan yiboထိုင်နေတဲ့နေရာနားကို လျှောက်သွားပီး
" yiboနေမကောင်းဘူးလား။ ဘာပြသနာရှိလို့လဲ။ ကိုယ်ကူညီနိုင်ရင် ကူညီပေးမယ်လေ "
xiao zhan သူ့လက်ထဲက green teaဘူးလေးကို yiboရှေ့ထိုးပေးလိုက်ပီး
" ရော့...စိတ်ညစ်နေရင် ဒါသောက်လိုက်။ ကျန်းမာရေးအတွက်လဲ ကောင်းတယ်။ စိတ်ညစ်တာတွေလဲ ပျောက်သွားလိမ့်မယ်။ "
" မသောက်ပါဘူးလို့ပြောနေတယ်!!! "
yibo မပြေသေးတဲ့ ဒေါသလက်ကျန်တွေနဲ့ ပုတ်ချလိုက်တာ green teaတွေအကုန် xiao zhan အကျီင်္ပေါ် ဖိတ်ကုန်တယ်။ အော်လိုက်တာမဟုတ်ပေမယ့် မာန်ပါနေတဲ့ yiboရဲ့ အသံကြောင့် studioတစ်ခုလုံး မီးသွေးတုန်းကို ရေနဲ့ပက်လိုက်သလို ချက်ချင်းတိတ်ဆိတ်သွားသည်။
yibo၀တ်ထားတဲ့ ကုတ်အကျီင်္ကိုချွတ်ပီး
" ခဗျားအကျီင်္တွေဆိုကုန်ပီမလား ရော့... ကျွန်တော့အကျီင်္ဝတ်ထားလိုက် "
yiboကုတ်အကျီင်္ချွတ်ပေးပီး ထိုင်နေရာက ထွက်လာလိုက်တယ်။ စိတ်ရှုပ်ရှုပ်နဲ့ သေချာသတိမထားမိပေမယ့် xiao zhan ကြည့်တဲ့ မျက်ဝန်းတွေက သူ့ကို လန့်နေသရောင်ရောင်... ငါလုပ်မိတာများ လွန်သွားတာလား... မနေ့က မွေးနေ့လက်ဆောင်ကို ကိုယ်တိုင်မပေးပဲ ပြန်သွားလို့ ဒီနေ့တွေ့မှ ကျေးဇူးတင်စကား ပြောမယ်လို့ ရည်ရွယ်ထားပေမယ့် နေ့ခင်းက ကောင်းဝမ်နဲ့ ဖြစ်တဲ့ ပြသနာကြောင့် yiboစိတ်တွေ နောက်ကျိသွားပီး xiao zhanကိုပါ ဆွဲထည့်မိသွားတယ်။
ရုံးဆင်းချိန်ရောက်တော့ ၀န်ထမ်းတွေလဲ လုပ်လက်စ အလုပ်ကိ်ုယ်စီ လက်စသက်ပြီး ပြန်သွားကြပီ။ yubinက
" boss ကျွန်တော်သွားပီနော် "
" ok ok ဂရုစိုက်ပြန်ဦး "
xiao zhanကို နှုတ်ဆက်ပီး yubinထွက်လာသည်။ xiao zhanက green teaတွေ ရွှဲနေတဲ့ သူ့အကျီင်္ကို ချွတ်လိုက်ပီး yibo ပေးခဲ့တဲ့ အကျီင်္ကို ၀တ်ကာ အိတ်လေးဆွဲပီး ထွက်လာလိုက်သည်။ ဒီကောင်လေး ရုံးခန်းထဲကထွက် သွားပီး ကတည်းက xiao zhan စောင့်နေပေမယ့် ပြန်ဝင်မလာ။
ကားပါကင်ရောက်တော့ ထွန်းထားတဲ့မီးတွေက မှိန်ဖျော့ဖျော့။ ရာသီဥတုကလည်း တိမ်တွေအုံ့ဆိုင်းပီး ကားပါကင်ထဲ အလင်းရောင်မှိန်မှိန်သာ ရသည်။ xiao zhan ကားပါကင်ကမီးတွေကို ပြင်ဖို့ လုံခြုံရေးဦးလေးကြီးကို ပြောဦးမှပါ ဟုတွေးပီး မိမိကားစီလျှောက်လာခဲ့သည်။
ကားနားရောက်ခါနီးမှ...
" ဒုတ်! "
အနောက်ကနေ ခေါင်းကိုရိုက်လိုက်သလို နာကျင်မှုတစ်ခု အာရုံတွေမူးဝေသွားပြီး ဘာကိုမှ သဲသဲကွဲကွဲမမြင်ရ။ အရှိန်ယူပြီး မတ်တပ်ရပ်နေရစဉ် ၀မ်းဗိုက်ကိုထိုးလာတဲ့ လက်သီးတွေကြောင့် xiao zhanကိုယ်လေး မထိန်းနိုင်တော့ပဲ့ ပုံလျက်သား လဲကျသွားသည်။ လဲကျနေတဲ့ xiao zhanကို ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် လေး၊ငါးယောက်လောက်ရှိတဲ့ လူတွေက ဝမ်းဗိုက်နဲ့ နောက်ကျောကို အငြိုးတကြီး ကန်ကြောက်နေကြသည်။
" ငါတို့အကိုလေးကို စိတ်ရှုပ်အောင်လုပ်တဲ့ကောင် ရော့ကွာ..သေစမ်း "
ဘာတွေလဲ၊ ဘယ်ကအကိုလေးလဲ၊ ဘယ်သူလဲ၊ ဘာရန်ငြိုးရှိလို့ ငါ့ကို ဒီလောက် ဝိုင်းရိုက်နှက်နေကြတာလဲ။ နာကျင်မှုတွေကြားမှ အားယူကာ xiao zhan ကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်။ သူ့ကိုဝိုင်းရိုက်နေတဲ့သူတွေကိုလည်း xiao zhanမသိပါ၊ မစဉ်းစားနိုင်တော့။ ကန်ချက်တွေက တစ်ချက်တစ်ချက် ရင်ဘက်ကိုပါ အောင့်တက်သွားစေသည်မို့ အသက်ကိုပင် မနည်းရှူနေရသည်။
" မလုပ်ချင်လို့ကြည့်နေတာကို မင်းကိုမင်း ဘာကောင်ထင်နေလဲ ဟမ်.. မင်းကြောင့် ငါတို့အကိုလေး စိတ်ညစ်တယ်။ ဟေ့ရောင်တွေ ဒီကောင့်ကို မှတ်လောက်သားလောက်ဖြစ်အောင် ဆုံးမကြကွာ "
ကူညီမယ့်သူမရှိသည့် ရိုက်နှက်မှုများမှ အားယူကာ သူတို့ပြောနေတဲ့ နားထဲမ၀င်တချက် ၀င်တချက် စကားတွေ... အကိုလေး? စိတ်ညစ်ရတယ်? ငါကသူ့ကို စိတ်ရှုပ်အောင်လုပ်တယ်?...
" wang yi bo "
xiao zhan နာမည်တစ်ခု ရေရွတ်လိုက်ပြီးနောက် နာကျင်မှုတွေနဲ့အတူ အမြင်အာရုံတွေက အမှောင်ဖုံးသွားသည်။
ဆက်ရန်
A/N.ခုချိန်ထိ ဖတ်ပေးနေကြတဲ့ ဒါဒါလေးတွေအားလုံးကို များကြီးချစ်တယ်😚 yizhan(Be Mine)လေးကို ဖတ်ပေးတဲ့သူ တစ်ယောက်တည်းရှိတော့တယ်ဆိုရင်တောင် အဆုံးထိပီးအောင်ရေးမှာပါ😌 တန်းလန်းကြီးမထားခဲ့ပါဘူးနော်။ Updateကြာတာလဲ အားနာလှပါပီ regular reader လေးတွေကို😔. ဘာပဲဖြစ်ဖြစ် ဆက်မျှော်ပေးကြမယ်မလား😄 ဇာတ်လမ်းကခုမှစမှာနော်😉
_____________________________________