part 9(Zg&Uni)

6.2K 464 42
                                    

(Zawgyi)

ဒီနေ့ ညနေစောင်း ရုံးဆင်းခါနီးမှ ကုမ္ပဏီရောက်လာပီး မျက်နှာတစ်ခုလုံးနီရဲကာ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ရုပ်နဲ့ wang yiboကို ဘယ်သူ့မှ မော်မကြည့်ရဲ။
(ဒိုးခဘဲ သူဌေးထက်တောင် သူ့ပိုကြောက်နေရတယ်😆)

ပရောဂျက်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ နေရာကို yiboရောက်လာထဲက xiao zhan သတိထားမိတယ်။ ဒီကောင်လေး တစ်ခုခုကို ဒေါ်သထွက်နေတဲ့ ပုံပဲ။ ဘာပြသနာ ဖြစ်လာလဲမသိဘူး။ သူ့မျက်နှာကြီးကြည့်ပီး အကူဝန်ထမ်းမလေးတွေမပြောနဲ့ yu binတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ xiao zhan yiboထိုင်နေတဲ့နေရာနားကို လျှောက်သွားပီး

" yiboနေမကောင်းဘူးလား။ ဘာပြသနာရှိလို့လဲ။ ကိုယ်ကူညီနိုင်ရင် ကူညီပေးမယ်လေ "

xiao zhan သူ့လက်ထဲက green teaဘူးလေးကို yiboရှေ့ထိုးပေးလိုက်ပီး

" ရော့...စိတ်ညစ်နေရင် ဒါသောက်လိုက်။ ကျန်းမာရေးအတွက်လဲ ကောင်းတယ်။ စိတ်ညစ်တာတွေလဲ ပျောက်သွားလိမ့်မယ်။ "

" မသောက်ပါဘူးလို့ပြောနေတယ်!!! "

yibo မပြေသေးတဲ့ ဒေါသလက်ကျန်တွေနဲ့ ပုတ်ချလိုက်တာ green teaတွေအကုန် xiao zhan အကျီင်္ပေါ် ဖိတ်ကုန်တယ်။ အော်လိုက်တာမဟုတ်ပေမယ့် မာန်ပါနေတဲ့ yiboရဲ့ အသံကြောင့် studioတစ်ခုလုံး မီးသွေးတုန်းကို ရေနဲ့ပက်လိုက်သလို ချက်ချင်းတိတ်ဆိတ်သွားသည်။

yibo၀တ်ထားတဲ့ ကုတ်အကျီင်္ကိုချွတ်ပီး

" ခဗျားအကျီင်္တွေဆိုကုန်ပီမလား ရော့... ကျွန်တော့အကျီင်္ဝတ်ထားလိုက် "

yiboကုတ်အကျီင်္ချွတ်ပေးပီး ထိုင်နေရာက ထွက်လာလိုက်တယ်။ စိတ်ရှုပ်ရှုပ်နဲ့ သေချာသတိမထားမိပေမယ့် xiao zhan ကြည့်တဲ့ မျက်ဝန်းတွေက သူ့ကို လန့်နေသရောင်ရောင်... ငါလုပ်မိတာများ လွန်သွားတာလား... မနေ့က မွေးနေ့လက်ဆောင်ကို ကိုယ်တိုင်မပေးပဲ ပြန်သွားလို့ ဒီနေ့တွေ့မှ ကျေးဇူးတင်စကား ပြောမယ်လို့ ရည်ရွယ်ထားပေမယ့် နေ့ခင်းက ကောင်းဝမ်နဲ့ ဖြစ်တဲ့ ပြသနာကြောင့် yiboစိတ်တွေ နောက်ကျိသွားပီး xiao zhanကိုပါ ဆွဲထည့်မိသွားတယ်။

Be MineWhere stories live. Discover now