part 10(Zg&Uni)

3.3K 201 32
                                    

Long time no see😁
Don't scold me=(😔😔
>>>>>>>>>>>>>>>>>>>>>>>>>>>
(Zawgyi)

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလျှက် ခေါင်းတွေမူးဝေနေသည့်ကြားမှ xiao zhan ကြိုးစားပြီး မျက်လုံး ဖွင့်ကြည့်လိုက်သည်။ မနေ့ရုံးကအပြန် ကားပါကင်မှာ ဝိုင်းအရိုက်ခံရလို့ သတိလစ်သွားပီး နောက်ပိုင်း ဘာမှမမှတ်မိပေမယ့် အခုကြည့်လိုက်တော့ ဆေးရုံပေါ်ရောက်နေသည်။ xiao zhan ဘေးဘီဝဲယာကြည့်နေရင်းပဲ အခန်းတံခါးပွင့်လာသည်။

" ကိုယ့်ကိုဆေးရုံခေါ်လာတာ yu binလား "

" ဟုတ်တယ်လေ...Boss နိုးပီလား။ ကျွန်တော် Bossစားဖို့ သွားဝယ်နေတာ။ မနေ့က တော်သေးလို့ပေါ့ ကျွန်တော်တွေ့လို့။ ဘယ်လိုဖြစ်ရတာလဲ Bossရယ်။ "

yu binလည်း ကုတင်ဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။ xiao zhanမနေ့က ရုံးအပြန်ဖြစ်တဲ့ ကိစ္စတွေကို yu binကို ပြောပြပြီးနောက်

" ကိုယ်က yi boကို ညီလေးတစ်ယောက်လို သဘောထားခဲ့တာ။ ကိုယ်အပါ် အဲ့ဒိလောက် တုံ့ပြန်လိမ့်မယ်လို့ မထင်ထားမိဘူး "

xiao zhanပြောရင်းနဲ့ မျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းနေပီး အသံက တိမ်ဝင်သွားသည်။

" မဟုတ်လောက်ပါဘူး bossရယ်။ yi boလေးက ဆိုးပေမယ့် သူများအပေါ်တော့ အဲ့လိုမျိုး ယုတ်မာတတ်တဲ့ ကောင်လေးမျိုးမှ မဟုတ်တာ။ "

xiao zhan တို့ စကားပြောနေရင်း အခန်းတံခါးအား အကြမ်းပတမ်းတွန်းဖွင့်ကာ ဝင်လာခဲ့သူ..

" xiao zhan!! ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်သွားသေးလဲ "

" ဟန်ဆောင်ပီး မေးနေစရာမလိုပါဘူး။ စိတ်မပူပါနဲ့ ကိုယ် အန်ကယ် Zi Tengကို ပြန်မပြောပါဘူး။ ကိုယ့်ကြောင့် မင်း စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ အခုချိန်ကစပီး မင်းဖြစ်စေချင်သလိုပဲ ဖြစ်စေရမယ်။ ကိုယ့်ကိုထက်ပီး ဒုက္ခမပေးပါနဲ့တော့။ "

yiboပြန်ပြောချိန်မရအောင် xiao zhan တရစက်ပြောသွားသည်။

" ဘာလဲ...ခင်ဗျားဘာတွေပြောနေတာလဲ။ ကျွန်တော်တစ်ခုမှနားမလည်ဘူး။ ကျွန်တော်က ဘာကိုဒုက္ခပေးရမှာလဲ .. "

You've reached the end of published parts.

⏰ Last updated: Sep 03, 2020 ⏰

Add this story to your Library to get notified about new parts!

Be MineWhere stories live. Discover now