[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၆၂ ..

20.3K 2.2K 54
By busy_pisi

《Zawgyi》

အပိုင္း - ၆၂
[သူမအေၾကာင္း ေတြးေနမိျခင္း]

သူတုိ႔ အိမ္ျပန္ၾကတဲ့အခါမွာေတာ့ ကၽြမ္က်ဴးက ေမာ့ေပ၏ကားကို စီးခ်င္တယ္လို႔ ဇြတ္အတင္းေျပာေနေတာ့သည္။ ေမာ့ေပက ျငင္းဆန္ခ်င္ေပမယ့္လည္း သူက ကၽြမ္က်ဴးလို အရွက္မမဲ့ မ်က္ႏွာမေျပာင္လွေပ။

ေမာ့ေပက ကၽြမ္က်ဴးရဲ႕ ေနာက္ေျပာင္က်ီစယ္ေနတာေတြကို ၾကားတဲ့အခါမွာ လ်စ္လ်ဴသာျပဳထားေလသည္။

ကၽြမ္က်ဴးက သူ႔လက္ႏွစ္ဘက္ကို တံေတာက္ဆစ္ကေနေကြးကာ ေခါင္းေနာက္တြင္ဖိအုန္းထားရင္း သူ႔ေျခေထာက္ေတြကိုေတာ့ အေပၚတြင္ ေျမႇာက္တင္ထားလ်က္ ပ်င္းတိပ်င္းရြဲျဖင့္ "ငါ မင္းကို အျပစ္တင္တာေတာ့ မဟုတ္ပါဘူး ဒါေပမယ့္ ညီအကိုတစ္ေယာက္ရဲ႕ မိန္းကေလးကို ခိုးယူတယ္ဆိုတာက ယဥ္ေက်းမႈမရွိဘူးဆိုတာ ျပေနတာကြ ... သူ႔ရဲ႕မိန္းကေလး ျဖစ္သင့္တဲ့သူ ဘယ္သူပဲျဖစ္ျဖစ္ အဲဒီသူက ပိုေတာ္ၿပီးေကာင္းမြန္ေနပါေစကြာ ဒီကမၻာႀကီးေပၚမွာ မိန္းကေလးေတြ အမ်ားႀကီး ရွိတာပဲ ... မိန္းမေတြက အဝတ္အစားေတြနဲ႔ တူတယ္ အဲဒါဆို ငါတို႔က ဘာလို႔ မိန္းမတစ္ေယာက္အတြက္နဲ႔ ညီအစ္ကိုဆက္ဆံေရးကို ပ်က္ျပားေစရမွာလဲ"

ေမာ့ေပက ေျပာလိုက္သည္ ... "ငါက မင္းနဲ႔မတူဘူး ... မင္းက အဝတ္အစားေတြ လဲလွယ္ဝတ္ေနသလိုမ်ိဳး မိန္းကေလးေတြကို ေဆာ့ကစားေနတာ ဒါေပမယ့္ ငါႀကိဳက္တဲ့ မိန္းကေလးက မင္းသိတဲ့မိန္းမေတြအကုန္လံုးနဲ႔ မတူဘူးကြ"

ကၽြမ္က်ဴးမွာ သူ႔ရဲ႕ အေလးအနက္ေျပာေနသံကိုၾကားေတာ့ သေဘာတက် ျပံဳးရယ္မိသြား၏။ "အလွတရားဆိုတာ ၾကည့္ရွဳတဲ့သူ႔ရဲ႕ မ်က္လံုးနဲ႔ပဲ ဆိုင္တဲ့ပံုပဲ"

ေမာ့ေပက ကၽြမ္က်ဴးကို စိန္းစိန္းဝါးဝါးၾကည့္လိုက္ၿပီးေနာက္ သူ ရိုင္းပ်စြာ မျပဳမူမိေသးခင္ ကၽြမ္က်ဴးအား သူ႔ကိုယ္သူထိန္းခ်ဳပ္လိုက္ဖို႔ အရိပ္အႁမြက္သိေစလိုက္၏။

ကၽြမ္က်ဴးက အညံ့ခံသည့္အေနျဖင့္ သူ႔လက္ေတြကို ေျမႇာက္လ်က္ "ေသစမ္း ငါဘာမွ မေျပာႏိုင္ေတာ့ဘူးေပါ့"

ေမာ့ေပက သက္ျပင္းခပ္ေလးေလးတစ္ခ်က္ကို ခ်လိုက္သည္။ ၾကည့္ရတာ သူ အခုထိ မခ်င့္မရဲျဖစ္ေနမိတုန္းပင္ ထင္ပါသည္။

ေမာ့ေပက အလြယ္တကူ ခ်စ္သြားတတ္သည့္သူမ်ိဳးျဖစ္ေၾကာင္း ကၽြမ္က်ဴးက နားလည္ေလ၏။ သူ တစ္ကယ္ပဲ ခ်စ္မိသြားၿပီဆိုလၽွင္ အထိန္းအကြပ္မဲ့သြားတတ္သည္။ အတိတ္မွာတုန္းက ေမာ့ေပမွာ သူ႔အခ်စ္ဦးအား အရူးအမူး စြဲလမ္းႏွစ္သက္ခဲ့၏။ ဒါေပမယ့္ သူ႔ရဲ႕အခ်စ္ဦးက သူ႔ကိုလွည့္စားခဲ့လိမ့္မည္ဟုေတာ့ မည္သူကမွ မေမၽွာ္လင့္ခဲ့ေပ။ ေမာ့ေပက ထိုမိန္းကေလးအား ခ်က္ခ်င္းပဲ လမ္းခြဲျပတ္စဲခဲ့သည္။ ထိုအခ်ိန္ထဲက ေမာ့ေပက တစ္ေယာက္ထဲ ေနခဲ့တာျဖစ္၏။

အခု ေနာက္ဆံုးမွာေတာ့ သူက သူတစ္ကယ္ခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ကို ေတြ႕ရွိသြားခဲ့ေလၿပီး ထိုမိန္းကေလးက ခ်န္းစီႏ်န္ပိုင္ဆိုင္သည့္သူ ျဖစ္ေနသည္။ ဒါကိုလက္ခံဖို႔ ေမာ့ေပအတြက္ ခက္ခဲေနတာ အံ့ဩစရာ မရွိေတာ့ေပ။

"ညီအစ္ကိုကလည္းကြာ မိန္းမတစ္ေယာက္က သူကခ်န္းစီႏ်န္ရဲ႕မိန္းကေလးပါလို႔ ေျပာခဲ့တာနဲ႔ပဲ ဘာလို႔ ဒီကိစၥေလးအတြက္နဲ႔ မင္းကိုယ္မင္း ႏွိပ္စက္အပင္ပန္းခံေနရတာလဲ? ပင္လယ္ထဲမွာ ငါးေတြအမ်ားႀကီးရွိတယ္ ... မိန္းမတစ္ေယာက္အတြက္နဲ႔ေတာ့ မင္းကိုယ္မင္း မထိခိုက္မနာက်င္ေစနဲ႔ကြာ"

ေမာ့ေပက "မင္းက ခ်န္းစီႏ်န္ရဲ႕ ကိုယ္စားလွယ္လားကြ? ဘာလို႔ သူ႔ကို ကူညီေနရတာလဲ?"

"ေဟး! ငါဒါကိုေျပာတယ္ဆိုတာက မင္းအတြက္ပါကြာ မင္းက ဘယ္လိုေတာင္ ကိုယ့္ကိုကူညီတဲ့လက္ကို ျပန္ကိုက္ႏိုင္ရတာလဲ?"

"ငါ့မွာ မ်က္လံုးေတြပါေပမယ့္ ထိုက္စန္းေတာင္ႀကီးကို သတိမျပဳခဲ့မိတာ ထင္ပါတယ္ကြာ"

ကၽြမ္က်ဴးကေတာ့ ေမာ့ေပကို ေျပာဆိုရသည္မွာ လက္ေပါက္ကပ္လွသည္ဟု ခံစားေနရသည္။ "ငါတုိ႔က ညီအစ္ကိုေတြ ျဖစ္တာေၾကာင့္မလို႔ မင္းလက္ခံလာေအာင္ ေဖ်ာင္းဖ်ဖို႔ ႀကိဳးစားေနတာ ... တစ္ကယ္လို႔ ေနာင္အနာဂတ္မွာ တစ္ခုခု ျဖစ္လာခဲ့တယ္ဆိုရင္ မင္း မီးပံုထဲ ခုန္ဆင္းဖို႔ ႀကိဳးစားတာကို မတားဆီးတဲ့အတြက္ ငါ့ကို အျပစ္မတင္နဲ႔ေနာ္!"


ေမာ့ေပကေတာ့ သူ႔ရဲ႕ၾကင္နာငဲ့ညႇာမႈကို အသိအမွတ္မျပဳခဲ့ေပ။ "အဲဒါဆိုရင္လည္း မင္း ဘာလို႔ ခ်န္းစီႏ်န္ကို သြားမေဖ်ာင္းဖ်မစည္းရံုးတာလဲ?"
သူက ညင္သာေပါ့ပါးစြာ ရယ္လ်က္ "ဘာလဲ? မင္းမလုပ္ဝံ့ဘူးလို႔ ငါေလာင္းရဲတယ္!"

ကၽြမ္က်ဴးက မေက်မနပ္ျဖစ္မႈေတြႏွင့္ ေအာ္ငိုမိမတတ္ပင္ "ငါလဲသူ႔ကို ေဖ်ာင္းဖ်ခ်င္တာေပါ့ကြ ဒါေပမယ့္ သူ႔စိတ္ကိုဖတ္ဖို႔က တစ္ကယ္ကို ခက္တာ ... သူက ငါ့ေမးခြန္းေတြကိုလည္း တမင္သက္သက္ ေရွာင္ေနေသးတဲ့အျပင္ အေျဖကိုလည္း မျပတ္မသား ေျဖတာ .. သူဝန္ခံတာလား ဝန္မခံဘူးလားဆိုတာကို ဘယ္သူက သိလိမ့္မွာလဲ? မင္းသာဆိုရင္ေရာ သူ႔ကိုခန္႔မွန္းႏိုင္တယ္လို႔ ထင္လား?"

ေမာ့ေပရဲ႕အမူအယာမွာ မည္းေမွာင္သြားေလ၏။ ခ်န္းစီႏ်န္က သံသယျဖစ္စရာေကာင္းလားဆိုတာကို သူ မေလ့လာႏိုင္ခဲ့တာကေတာ့ အေသအခ်ာပဲ ျဖစ္ေလသည္။

ကၽြမ္က်ဴးက ေမာ့ေပ၏ အမူအယာကိုျမင္ေတာ့ ဟက္ဟက္ပက္ပက္ကို ရယ္ေတာ့သည္။ "ဟားဟား မင္းအခု ျမင္ၿပီမလား? ၾကည့္ရတာေတာ့ ငါတစ္ေယာက္ထဲပဲ မဟုတ္ဘူးကြ ... ခ်န္းစီႏ်န္ ဘာကိုေတြးေနသလဲဆိုတာ ဘယ္သူက သိႏိုင္မွာလဲ?"

တစ္ကယ္ေတာ့ ခ်န္းစီႏ်န္က အခုေလာေလာလတ္လတ္ပင္ ခ်င္းစုယြဲ႕အေၾကာင္းကို ေတြးေနမိတာျဖစ္၏။

သူႏွင့္ ခ်င္းစုယြဲ႕မွာ Aၿမိဳ႕တြင္ စစ္ေအးတိုက္ပြဲ အႀကီးႀကီးတစ္ခု ျဖစ္ပြားခဲ့ေလသည္။ ဒီစစ္ေအးတိုက္ပြဲ ျဖစ္ပြားရတဲ့ အေၾကာင္းအရင္းကေတာ့ အတိအက်ကို ရွန္ဝမ္းယန္႔ေၾကာင့္ပင္ ျဖစ္၏။ ေမာ့ေပက ရွန္ဝမ္းယန္႔ကို ေျပာသည္အား ၾကားလိုက္ရခ်ိန္မွာေတာ့ သူ ရုတ္တရက္ အေတြးတစ္ခုဝင္သြားသည္။ ခ်င္းစုယြဲ႕သာ တစ္ကယ္ကိုပဲ မွတ္ဥာဏ္ေတြ ေပ်ာက္ဆံုးသြားခဲ့သည္ဆိုလၽွင္ သူႏွင့္စပ္လ်ဥ္းေနသည့္ ရွန္ဝမ္းယန္႔၏ အခ်စ္ဇာတ္လမ္းအေၾကာင္း ယခင္ကမွတ္ဥာဏ္တို႔အား ေမ့ေပ်ာက္သြားခဲ့သင့္တာပင္။

အခုေတာ့ သူမရဲ႕လၽွာဖ်ားတြင္ ရွန္ဝမ္းယန္႔၏အမည္က အျမဲတမ္း ရွိလို႔ေနသည္မွာ က်ီယီႏွင့္ ေမာ္ရႊီယြမ္တို႔က ပံုျပင္ေတြေျပာၿပီး အထင္လြဲေအာင္ လုပ္ထားခဲ့ၾကတာေၾကာင့္ပင္ ျဖစ္သည္။

သူ ဒီအေၾကာင္းကို ထပ္ေတြးေလေလ သူ႔ရင္ဘတ္က နာက်င္မႈျဖင့္ ပိုမိုတင္းက်ပ္လာေလေလပင္ ျဖစ္၏။

8.11.2019

**********************

《Unicode》

အပိုင်း - ၆၂
[သူမအကြောင်း တွေးနေမိခြင်း]

သူတို့ အိမ်ပြန်ကြတဲ့အခါမှာတော့ ကျွမ်ကျူးက မော့ပေ၏ကားကို စီးချင်တယ်လို့ ဇွတ်အတင်းပြောနေတော့သည်။ မော့ပေက ငြင်းဆန်ချင်ပေမယ့်လည်း သူက ကျွမ်ကျူးလို အရှက်မမဲ့ မျက်နှာမပြောင်လှပေ။

မော့ပေက ကျွမ်ကျူးရဲ့ နောက်ပြောင်ကျီစယ်နေတာတွေကို ကြားတဲ့အခါမှာ လျစ်လျူသာပြုထားလေသည်။

ကျွမ်ကျူးက သူ့လက်နှစ်ဘက်ကို တံတောက်ဆစ်ကနေကွေးကာ ခေါင်းနောက်တွင်ဖိအုန်းထားရင်း သူ့ခြေထောက်တွေကိုတော့ အပေါ်တွင် မြှောက်တင်ထားလျက် ပျင်းတိပျင်းရွဲဖြင့် "ငါ မင်းကို အပြစ်တင်တာတော့ မဟုတ်ပါဘူး ဒါပေမယ့် ညီအကိုတစ်ယောက်ရဲ့ မိန်းကလေးကို ခိုးယူတယ်ဆိုတာက ယဉ်ကျေးမှုမရှိဘူးဆိုတာ ပြနေတာကွ ... သူ့ရဲ့မိန်းကလေး ဖြစ်သင့်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အဲဒီသူက ပိုတော်ပြီးကောင်းမွန်နေပါစေကွာ ဒီကမ္ဘာကြီးပေါ်မှာ မိန်းကလေးတွေ အများကြီး ရှိတာပဲ ... မိန်းမတွေက အဝတ်အစားတွေနဲ့ တူတယ် အဲဒါဆို ငါတို့က ဘာလို့ မိန်းမတစ်ယောက်အတွက်နဲ့ ညီအစ်ကိုဆက်ဆံရေးကို ပျက်ပြားစေရမှာလဲ"

မော့ပေက ပြောလိုက်သည် ... "ငါက မင်းနဲ့မတူဘူး ... မင်းက အဝတ်အစားတွေ လဲလှယ်ဝတ်နေသလိုမျိုး မိန်းကလေးတွေကို ဆော့ကစားနေတာ ဒါပေမယ့် ငါကြိုက်တဲ့ မိန်းကလေးက မင်းသိတဲ့မိန်းမတွေအကုန်လုံးနဲ့ မတူဘူးကွ"

ကျွမ်ကျူးမှာ သူ့ရဲ့ အလေးအနက်ပြောနေသံကိုကြားတော့ သဘောတကျ ပြုံးရယ်မိသွား၏။ "အလှတရားဆိုတာ ကြည့်ရှုတဲ့သူ့ရဲ့ မျက်လုံးနဲ့ပဲ ဆိုင်တဲ့ပုံပဲ"

မော့ပေက ကျွမ်ကျူးကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီးနောက် သူ ရိုင်းပျစွာ မပြုမူမိသေးခင် ကျွမ်ကျူးအား သူ့ကိုယ်သူထိန်းချုပ်လိုက်ဖို့ အရိပ်အမြွက်သိစေလိုက်၏။

ကျွမ်ကျူးက အညံ့ခံသည့်အနေဖြင့် သူ့လက်တွေကို မြှောက်လျက် "သေစမ်း ငါဘာမှ မပြောနိုင်တော့ဘူးပေါ့"

မော့ပေက သက်ပြင်းခပ်လေးလေးတစ်ချက်ကို ချလိုက်သည်။ ကြည့်ရတာ သူ အခုထိ မချင့်မရဲဖြစ်နေမိတုန်းပင် ထင်ပါသည်။

မော့ပေက အလွယ်တကူ ချစ်သွားတတ်သည့်သူမျိုးဖြစ်ကြောင်း ကျွမ်ကျူးက နားလည်လေ၏။ သူ တစ်ကယ်ပဲ ချစ်မိသွားပြီဆိုလျှင် အထိန်းအကွပ်မဲ့သွားတတ်သည်။ အတိတ်မှာတုန်းက မော့ပေမှာ သူ့အချစ်ဦးအား အရူးအမူး စွဲလမ်းနှစ်သက်ခဲ့၏။ ဒါပေမယ့် သူ့ရဲ့အချစ်ဦးက သူ့ကိုလှည့်စားခဲ့လိမ့်မည်ဟုတော့ မည်သူကမှ မမျှော်လင့်ခဲ့ပေ။ မော့ပေက ထိုမိန်းကလေးအား ချက်ချင်းပဲ လမ်းခွဲပြတ်စဲခဲ့သည်။ ထိုအချိန်ထဲက မော့ပေက တစ်ယောက်ထဲ နေခဲ့တာဖြစ်၏။

အခု နောက်ဆုံးမှာတော့ သူက သူတစ်ကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရှိသွားခဲ့လေပြီး ထိုမိန်းကလေးက ချန်းစီနျန်ပိုင်ဆိုင်သည့်သူ ဖြစ်နေသည်။ ဒါကိုလက်ခံဖို့ မော့ပေအတွက် ခက်ခဲနေတာ အံ့ဩစရာ မရှိတော့ပေ။

"ညီအစ်ကိုကလည်းကွာ မိန်းမတစ်ယောက်က သူကချန်းစီနျန်ရဲ့မိန်းကလေးပါလို့ ပြောခဲ့တာနဲ့ပဲ ဘာလို့ ဒီကိစ္စလေးအတွက်နဲ့ မင်းကိုယ်မင်း နှိပ်စက်အပင်ပန်းခံနေရတာလဲ? ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိတယ် ... မိန်းမတစ်ယောက်အတွက်နဲ့တော့ မင်းကိုယ်မင်း မထိခိုက်မနာကျင်စေနဲ့ကွာ"

မော့ပေက "မင်းက ချန်းစီနျန်ရဲ့ ကိုယ်စားလှယ်လားကွ? ဘာလို့ သူ့ကို ကူညီနေရတာလဲ?"

"ဟေး! ငါဒါကိုပြောတယ်ဆိုတာက မင်းအတွက်ပါကွာ မင်းက ဘယ်လိုတောင် ကိုယ့်ကိုကူညီတဲ့လက်ကို ပြန်ကိုက်နိုင်ရတာလဲ?"

"ငါ့မှာ မျက်လုံးတွေပါပေမယ့် ထိုက်စန်းတောင်ကြီးကို သတိမပြုခဲ့မိတာ ထင်ပါတယ်ကွာ"

ကျွမ်ကျူးကတော့ မော့ပေကို ပြောဆိုရသည်မှာ လက်ပေါက်ကပ်လှသည်ဟု ခံစားနေရသည်။ "ငါတို့က ညီအစ်ကိုတွေ ဖြစ်တာကြောင့်မလို့ မင်းလက်ခံလာအောင် ဖျောင်းဖျဖို့ ကြိုးစားနေတာ ... တစ်ကယ်လို့ နောင်အနာဂတ်မှာ တစ်ခုခု ဖြစ်လာခဲ့တယ်ဆိုရင် မင်း မီးပုံထဲ ခုန်ဆင်းဖို့ ကြိုးစားတာကို မတားဆီးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့နော်!"


မော့ပေကတော့ သူ့ရဲ့ကြင်နာငဲ့ညှာမှုကို အသိအမှတ်မပြုခဲ့ပေ။ "အဲဒါဆိုရင်လည်း မင်း ဘာလို့ ချန်းစီနျန်ကို သွားမဖျောင်းဖျမစည်းရုံးတာလဲ?"
သူက ညင်သာပေါ့ပါးစွာ ရယ်လျက် "ဘာလဲ? မင်းမလုပ်ဝံ့ဘူးလို့ ငါလောင်းရဲတယ်!"

ကျွမ်ကျူးက မကျေမနပ်ဖြစ်မှုတွေနှင့် အော်ငိုမိမတတ်ပင် "ငါလဲသူ့ကို ဖျောင်းဖျချင်တာပေါ့ကွ ဒါပေမယ့် သူ့စိတ်ကိုဖတ်ဖို့က တစ်ကယ်ကို ခက်တာ ... သူက ငါ့မေးခွန်းတွေကိုလည်း တမင်သက်သက် ရှောင်နေသေးတဲ့အပြင် အဖြေကိုလည်း မပြတ်မသား ဖြေတာ .. သူဝန်ခံတာလား ဝန်မခံဘူးလားဆိုတာကို ဘယ်သူက သိလိမ့်မှာလဲ? မင်းသာဆိုရင်ရော သူ့ကိုခန့်မှန်းနိုင်တယ်လို့ ထင်လား?"

မော့ပေရဲ့အမူအယာမှာ မည်းမှောင်သွားလေ၏။ ချန်းစီနျန်က သံသယဖြစ်စရာကောင်းလားဆိုတာကို သူ မလေ့လာနိုင်ခဲ့တာကတော့ အသေအချာပဲ ဖြစ်လေသည်။

ကျွမ်ကျူးက မော့ပေ၏ အမူအယာကိုမြင်တော့ ဟက်ဟက်ပက်ပက်ကို ရယ်တော့သည်။ "ဟားဟား မင်းအခု မြင်ပြီမလား? ကြည့်ရတာတော့ ငါတစ်ယောက်ထဲပဲ မဟုတ်ဘူးကွ ... ချန်းစီနျန် ဘာကိုတွေးနေသလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ?"

တစ်ကယ်တော့ ချန်းစီနျန်က အခုလောလောလတ်လတ်ပင် ချင်းစုယွဲ့အကြောင်းကို တွေးနေမိတာဖြစ်၏။

သူနှင့် ချင်းစုယွဲ့မှာ Aမြို့တွင် စစ်အေးတိုက်ပွဲ အကြီးကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ ဒီစစ်အေးတိုက်ပွဲ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ အတိအကျကို ရှန်ဝမ်းယန့်ကြောင့်ပင် ဖြစ်၏။ မော့ပေက ရှန်ဝမ်းယန့်ကို ပြောသည်အား ကြားလိုက်ရချိန်မှာတော့ သူ ရုတ်တရက် အတွေးတစ်ခုဝင်သွားသည်။ ချင်းစုယွဲ့သာ တစ်ကယ်ကိုပဲ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့သည်ဆိုလျှင် သူနှင့်စပ်လျဉ်းနေသည့် ရှန်ဝမ်းယန့်၏ အချစ်ဇာတ်လမ်းအကြောင်း ယခင်ကမှတ်ဉာဏ်တို့အား မေ့ပျောက်သွားခဲ့သင့်တာပင်။

အခုတော့ သူမရဲ့လျှာဖျားတွင် ရှန်ဝမ်းယန့်၏အမည်က အမြဲတမ်း ရှိလို့နေသည်မှာ ကျီယီနှင့် မော်ရွှီယွမ်တို့က ပုံပြင်တွေပြောပြီး အထင်လွဲအောင် လုပ်ထားခဲ့ကြတာကြောင့်ပင် ဖြစ်သည်။

သူ ဒီအကြောင်းကို ထပ်တွေးလေလေ သူ့ရင်ဘတ်က နာကျင်မှုဖြင့် ပိုမိုတင်းကျပ်လာလေလေပင် ဖြစ်၏။

8.11.2019

*********************

Continue Reading

You'll Also Like

79.3K 8.1K 68
Normal System ပါ Male Lead က Host ဖြစ်ပြီး Female Lead ကတော့ System လေးပါ... Normal System ပါ Male Lead က Host ျဖစ္ၿပီး Female Lead ကေတာ့ System ေလးပ...
1M 58.3K 200
Manga Translation တစ္ပုဒ္ပါ... Qi ဆိုတ့ဲရုပ္ဆိုးမေလးတေယာက္သူခ်စ္ရတ့ဲတတိယမင္းသားစီကသစၥာေဖာက္သတ္ျဖတ္ျခင္းကိုခံခ့ဲရပီး ေသဆုံးခ့ဲရတယ္... Qi တစ္ေယာက္အရူး...
332K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *