Zawgyi
ထို့နည်းတူပင် ညအိပ်ရာဝင်ရင် မြင်ရတာ လဲ ဒီနံရံဖြူဖြူနဲ့မျက်နှာကျက်ဖြူဖြူသာ...။
"နာမည်..Byun Baek Hyun...
အဲ့တာကလွဲရင် သူတို့နဲ့ပတ်သက်တဲ့ မှတ်ဥာဏ်တွေ
::::::::::::::::: Tyranny ::::::::::::
ထမင်းရော စားရရဲ့လား....။
"ဘယ်မိန်းမလဲ...?"
ခင်းကျင်းနိုင်ခဲ့သူ....
အရေးကြီးနေသည်...။
::::::::::::::::::::::::::::
"Baek Hyun ..ဘယ်မှာလဲ..!"
"တောင်း..ပန်ပါတယ်.."
"ဟုတ်..ဆရာ..."
မရေရာပေမယ့်...
:::::::::::: Tyranny ::::::::
"ဒီမှာတွေ့လား..ဒါedit လုပ်ထားတဲ့videoဖို်င်..
"ဘာ..! အဲ့တာဆို ခင်ဗျား..!!"
"ဘာလဲ..ကလေး...
သူ့ခေါင်းလေး အရှေ့ကိုငိုက်ကျသွာတဲး့အထိအရှိန်ပြင်းထန်လွန်းလို့ ဘယ်လောက်နာနေရှာမလဲ ရိပ်စားမိပေမယ့်...
သူပြောတယ်..
သူ့ကိုအကြိမ်ကြိမ်အခါခါ အနို်င်ယူခဲ့မိသည်..။
"daddy ..ထပါဦး..daddy...!"
မငိုနဲ့မငိုနဲ့..."
::::::::::::::::::::::::
"ဘာများပါလဲ..."
အလကားမှ မဟုတ်တာ...။
အားမလျှော့ပါနဲ့..."
အဟက်...
ပြောတော့ သူ့ညီမကို အသေဆိုနဲး့သေအောက်လုပ်လို့..
:::::::::::::::::::::::::
မုန်းစရာ...။
ကားပေါ်ကဆင်းပြီး..
စောင့်နေလိုက်သည်...။
"Baek Hyun..!?
Baek Hyuneee...!!!"
"appa..appa မလား...!!?"
အဲ့တာနဲ့ထပ်တူပဲ...
ကျွန်တော်ရောသမီးရော ပြုံးပြုံးပျော်ပျော်နဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်စားရလိုက်သလိုမျိုးကိုပျော်ရွှင်မိလိုက်ကြသည်...။
ကျွန်တော်နဲ့ သမီးဆီ ပြန်လာခဲ့တဲ့ Baek Hyunee ဟာ လူချည်းအခွံသက်သက်ပဲဖြစ်ပြီး မှတ်ဥာဏ်ပါမလာခဲ့ဘူးဆိုတာ သိလိုက်ရပြန်တော့ ကျွန်တော့်အသည်းက
TBC ##
Unicode
မနက်မိုးလင်းမျက်လုံးဖွင့်ရင် မြင်ရတာက နံရံဖြူဖြူနဲ့မျက်နှာကျက်ဖြူဖြူ...။
ထို့နည်းတူပင် ညအိပ်ရာဝင်ရင်လဲ မြင်ရတာ လဲ ဒီနံရံဖြူဖြူနဲ့မျက်နှာကျက်ဖြူဖြူသာ...။
အပြင်လောကကြီးက ဘယ်လိုပုံသဏ္ဍာန်ဘာအရောင်ရှိလဲ ဆိုတာ သိရအောင်ကလဲ ဒီအခန်းထဲကနေခြေတစ်လှမ်းတောင်ထွက်ခွင့်မရဘူးဆိုတော့ကာ....
ဒီထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာပင် မေ့ပျောက်ချင်နေပြီ...။
"နာမည်..Byun Baek Hyun...
ခင်ပွန်းက. .Park Chan Yeol....
သမီးလေးနာမည်က Park Baek Hee.."
တစ်ခန်းလုံး ကုတင်တစ်လုံးတည်းသာရှိနေသည့်အခန်းဖြူဖြူထဲမှာ လုပ်စရာဆိုလို့ သံတံခါးတွေနဲ့ပိတ်ကာထားသည့် အပြင်ဘက်လို့ထင်ရသည့်နေရာကို တစ်ခါတစ်ခါ
တစ်ခုခုကိုလှမ်းမျှော်ငေးကြည့်တာရယ်...။
ဒီကိုရောက်ခါစကတော့. ..ခံစားချက်တစ်ခုခုနဲ့တစ်စုံတစ်ယောက်ကို လှမ်းမျှော်ကြည့်ခဲ့ကောင်းကြည့်ခဲ့လောက်ပေမယ့် ဒီနေ့အချိန်အခါမှာတော့..
လက်ထဲက စက္ကူခေါက်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း..
ကျွန်တော့်ကိုမျှော်နေကောင်းမျှော်နေလောက်မယ့်..
ခင်ပွန်းနဲ့သမီးဖြစ်သူကို ဒီတိုင်း တမ်းတရုံသာတတ်နိုင်တော့သည်...။
အဲ့တာကလွဲရင် သူတို့နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေ
တစ်နေ့ထက်တစ်နေ့ပိုပြီးပျောက်ကွယ်လာနေသလို...။
အဲ့လိုဖြစ်လာရတဲ့အကြောင်းရင်းက..
ကျွန်တော့်ကိုယ်ထဲမှာ ပူလောင်လာတဲ့အချိန်တွေဆိုအဆင်ပြေသက်သာရန်သုံးဖို့ဆိုပြီးသူတို့ပေးထားတဲ့ဆေးတွေကြောင့်ဖြစ်မယ်ဆိုတာ အတပ်သိပေမယ့်
အဲ့ဒီဆေးတွေကိုလွှင့်ပစ်လိုက်ဖို့အထိတော့ မတတ်နိုင်သေး....။
ဝေဒနာတွေကိုတောင့်မခံနိုင်ရင်...
ကျွန်တော့်ခင်ပွန်းနဲ့သမီးကို ပြန်တွေ့ရဖို့အရေး က
ဖြစ်နိုင်တော့မှာ မဟုတိဘူးမလား..။
စာရွက်လေးထဲက နာမည်တွေကလွဲရင်ကျန်တာတွေက
ဝိုးတိုးဝါးတားဖြစ်နေပေမယ့် စိတ်ပျက်စရာကောင်းလွန်းတဲ့နေ့ရက်တွေကို အတတ်နိုင်ဆုံးတောင့်ခံထားတယ်...။
"Byun Baek Hyun...Park Chan Yeolတဲ့လား..."
စောစောကလေးတင် ကြည့်ခဲ့သည့်နာမည်တွေကို...
မေ့သွားလို့ဆိုပြီး ထပ်ပြန်ကြည့်ရတဲ့ ဘဝက
သိပ်ပြီးတော့ မလှပတော့တာ သိပေမယ့်လို့...
မျက်ရည်ကျရုံကလွဲ ရင် တတ်နိုင်တာ ရှိပါဦးမလား...။
"shit...! ငါက ဘာဖြစ်လို့....ဒါတွေကို လိုအပ်နေရတာတဲ့လဲ........!!
နေပါဦး..ငါ့နာမည်က ဘာတဲ့လဲ...!"
လက်ထဲကစာရွက်ခေါက်ကလေးကိုငေးကြည့်နေတုန်း..
စားပွဲခုံပေါ် တင်ထားတဲ့ဆေးထိုးအပ်ကို အကြောထဲ ထည့်သွင်းဖို့လိုအပ်တဲ့အချိန်ရောက်လာတာမို့...
မကောင်းမှန်းသိသိရက်နဲ့ပင်...စိတ်အလိုကို လိုက်မိပြန်တဲ့အခါ....စာရွက်ခေါက်ကလေးထဲက နာမည်တွေကိုနောက်တစ်ဖန်မေ့သွားပြန်လေတယ်...။
တကယ်ပဲ..ကျွန်တော်စိတ်ကုန်နေပြီ....။
ကိုကိုလို့တမ်းတမ်းတတခေါ်ခဲ့ဖူးတဲ့လူက ဘယ်တော့မှ ကျွန်တော့်ရှေ့ရောက်လာမှာလဲ....။
ဘောပင်မှင်တောင်ပျက်ပြယ်စ ပြုနေသည့်စာရွက်အောက်နားလေးမှာ Byun Baek Hyun က Park Chan Yeolကို ကိုကိုလို့မြတ်မြတ်နိုးနိုးခေါ်လေ့ရှိတယ်လို့ ရေးမှတ်ထားတဲ့စာကြောင်းလေးကတော့ သနားဖွယ်ရာ အတိဖြစ်နေလေတယ်....။
Baek Hyun..မူးယစ်ဆေးတွေကို မကောင်းမှန်းသိရက်နဲ့မှီဝဲနေရတဲ့အပြင်..သူ ဘာကိုမှ သေသေချာချာမမှတ်မိနိုင်တော့ဘူး....။
::::::::::::::::: Tyranny ::::::::::::
Baek Hyun ကိုပြန်ရှာတွေ့ဖို့အရေးပဲ ခေါင်းနှစ်ထားလိုက်ချင်ပေမယ့်..
အဲ့လိုရှာနိုင်ဖို့က လူအင်အားနဲ့ငွေကြေးအင်အားလဲလိုအပ်တာမို့်..အလုပ်ကိစ္စတွေကိုလဲ ပစ်ထားလို့မရသေး...။
ဂိုဏ်ေးပါင်းစုံစုဝေးပွဲဆိုတော့လဲ အပြေးလာရတာပေါ့...။
ဒီတိုင်း မျက်နှာစုံညီထွက်ပြကြပြီးထွေထွေထူးထူး ဘာမှပြောကြတာမဟုတ်ပေမယ့်..
နာမကျန်းဖြစ်တာကလွဲရင် ပျက်ကွက်ခွင့်မရှိတာမို့..
အရက်ခွက်ကလေးလက်ကကိုင်ပြီး သူတို့ပြောကြဆိုကြတာကိုဒီတိုင်းနားထောင်နေလိုက်သည်...။
အိမ်မှာသမီးလေးကလဲ အိပ်မောကျသွားပြီလို့ SeHun ဖုန်းဆက်တာကြောင့်ဒီညတော့အေးအေးဆေးဆေးပင်...။
အရင်ကလဲ ဒီလိုနေ့မျိုးဆို အေးအေးဆေးဆေး စကားပြောပြီးအရက်သောက်ပြီးမှအိမ်ပြန်တာမို့တစ်ရက်ကျ..
ဘယ်မိန်းမတွေနဲ့သွားပလူးနေလို့
အရက်နံ့တွေရော ရေမွှေးနံ့တွေမွှန်ထူလာရတာလဲလို့နှုတ်ခမ်းထော်ထော်နဲ့ပြသနာရှာခဲ့သည့် ပုသေးသေးလေးကိုသတိရမိသည်...။
သူကလွဲရင်တခြားလူကိုစိတ်ကူးဖို့မပြောနဲ့..သေချာတောင်မကြည့်မိတာကိုသိသိရက်နဲ့အရစ်တုံးက..
သဝန်တိုကိုတိုနိုင်လွန်းခဲ့တယ်...။
အင်းကွာ..ဒီလူချစ်ရလွန်းတဲ့မင်းလေး..ဘယ်နေရာများရောက်နေပါလိမ့်...။
ထမင်းရော စားရရဲ့လား....။
"ဆရာ..ဟိုမိန်းမရောက်လာတယ်တဲ့.."
"ဘယ်မိန်းမလဲ...?"
ဒီတစ်လျှောက်လုံး လိုက်ရှာခဲ့တာတောင်မှ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့သည့် ကျွန်တော်တို့ရဲ့မျက်ရည်ဇာတ်လမ်းကို
ခင်းကျင်းနိုင်ခဲ့သူ....
မိန်းမကြီးလဲ..ဒီနေ့အစည်းအဝေးကို..
ရောက်လာခဲ့တယ်လို့ ဘေးက အတွင်းရေးမှူးကကပ်ပြောလာတဲ့အခိုက်...
အခန်းထဲကလူတွေ ဘာတွေပြောပြီး ဘယ်လိုလုပ်နေကြလဲ ဘာမှမသိတော့..။
အရက်ခွက်ကိုလဲ စားပွဲပေါ်တင်ထားခဲ့လား..
လက်ထဲမှာကိုင်လာလားလဲ မသိတော့...။
စားသောက်ဆိုင်အပေါက်ဝမှာ ရောက်နေပြီဆိုသည့်
မိန်းမကြီးဒီထဲ မရောက်သေးခင်မြန်မြန်သွားတွေ့ဖို့ကိစ္စသာ
အရေးကြီးနေသည်...။
သူများလူကို သူ့သဘောကျခေါ်ထားတဲ့လူက
ဒီနေ့ကျွန်တော်ဒီမှာရှိနေမှာသိသိရက်နဲ့လာခဲ့တယ်ဆိုတော့....
ဒါတစ်ခုခုတော့ထူးနေပြီမလား....။
နေပါဦး..သူပေါ်လာမှ..သွားတွေ့နိုင်တာဆိုတော့..
ကျွန်တော်အဲ့လောက်တောင်အသုံးမကျဖြစ်နေပြီတဲ့လား....။
သူ့ညီမနာမည်ကိုတောင် သေချာသိခဲ့တာ မဟုတ်ပဲနဲ့လေ...။
ငါ့အပေါ် ဘာလို့ဒီလောက်လုပ်ရက်ရသလဲ...။
::::::::::::::::::::::::::::
"Baek Hyun ..ဘယ်မှာလဲ..!"
"အော်..နေပါဦး မောင်လေးရယ်..
ဒီမှာမမအထဲတောင်မဝင်ရသေးဘူးလေ လောလိုက်တာ.."
"ခင်ဗျား...ခင်ဗျားတော်တော်မျက်နှာပြောင်တိုက်တာပဲ..
ပုန်းကွယ်နေမယ်ဆိုလဲ ခင်ဗျားပါ ပုန်းပြီးနေလိုက်လေ..
ဘာလို့အခုလို .ကျုပ်မျက်စိရှေ့ပေါ်လာတာလဲ....?
ဘာလဲ..Baek Hyun ကိုသတ်လိုက်ပြီလား...ဟူတ်လား.....?
ပြောစမ်းပါတစ်ခုခု...ခင်ဗျားဖြစ်စေချင်သလို ရင်ဘတ်တွေဟက်တက်ကွဲပြီးသေမလိုဖြစ်ပြီးပြီမို့ ကျေးဇူးပြုပြီး
သူ့ကိုလွှတ်ပေးပါတော့....!"
စားသောက်ဆိုင်အဝင်ဝမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့်အဲ့မိန်းမဘက်ကလူတွေ ဆီမှာ
toiletဘက်သွားတဲ့အကွယ်နေရာလေးဆီ ဆွဲခေါ်ခံထိတာတောင်မှ..ရုန်းကန်ဖို့သတိမရ..။
အဲ့လူတွေရဲ့လက်ကြားထဲကနေ အဲ့မိန်းမကြီးကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး လူပျောက်ရှာပုံတော်ဖွင့်လိုက်သည်..။
ဒီ၆ လ လုံးလုံး...ဟိုတခါကိုယ့်မျက်စိရှေ့ထိရောက်လာခဲ့ပြီးမှ ပျောက်သွားပြီးတဲ့နောက်ပိုင်း ဘာသတင်းအစနမှမရရာကနေအခုကိုယ့်မျက်စိရှေ့တည့်တည့်ရောက်ချလာတာကြီးက ကိုယ့်ကိုစောက်ဂရုမစိုက်ရာ ကျလွန်းနေတယ်မလား...။
Baek Hyun ကိုသူ့လက်ထဲမှာ လှန်လိုလှန်မှောက်လိုမှောက်လုပ်ပြမယ်ဆိုတဲ့သဘော..။
"ငါသူ့ကိုမသတ်ပါဘူး....သတ်လိုက်တာထက်ဆိုးတဲ့အခြေအနေကိုပဲ ဖန်တီးလုပ်ယူထားတာ..."
"တောင်း..ပန်ပါတယ်.."
"အော်..ဂုဏ်သိက္ခာကို တန်ဖိုးထားလွန်းအားကြီးတဲ့..
ပတ်လူကြီးမင်းကလဲ ဘာလို့အညတရကောင်လေးတစ်ယောက်နဲ့ ဒူးထောက်တောင်းပန်ရတာလဲ..
အော်အော်..မေ့လို့..အဲ့ကောင်လေးက...
ပတ်လူကြီးမင်းရဲ့ကလေးလေးကိုမွေးထုတ်ထားပေးတဲ့လူပဲ..အင်းလေ..အရမ်းချစ်မှာပေါ့နော်...."
"ခင်ဗျားညီမဖြစ်သွားခဲ့တဲ့ကိစ္စအားလုံးကို..အနူးအညွတ်တောင်းပန်တာမို..ခင်ဗျားနှိပ်စက်ချင်ရင်ကျုပ်ကိုခေါ်သွား..
သူ့ကိုတော့ပြန်လွှတ်ပေးပါ...တောင်းပန်ပါတယ်..."
"ကိုယ်ဖြစ်ချင်တဲ့အတိုင်းသာ ဖြစ်ခွင့်ရနေရင် လောကကြီးက ဘယ်စိတ်ဝင်စားစရာကောင်းပါဦးမလဲ..လူကြီးမင်းရဲ့..."
ကိုယ်လုပ်ခဲ့မိတာ အမှားဆိုရင်လဲ သူ့ရှေ့ဒူေးထာက်ပြီးအရှုံးပေးနေပါတယ်ဆိုတာကို..
လှောင်ပြုံးပြုံးပြကာ..ပုခုံးကိုတောင်မထီတရီနဲ့ သပ်ချပေးသွားသည့်မိန်းမကြီးဘေးနားကနေဒေါက်ဖိနပ်သံတဒေါက်ဒေါက်နဲ့ပြန်ထွက်သွားတာကိုကြားနေရတာ..ငရဲလိုပင်..။
"အဲ့မိန်းမ ပြန်ထွက်တာနဲ့အနောက်ကလိုက်ဖို့်..
အားလုံးကိုဆက်သွယ်ထား..."
"ဟုတ်..ဆရာ..."
ဘယ်တုန်းကစမှားခဲ့သလဲ..ဘာဖြစ် လို့မှားခဲ့မိသလဲ..
မရေရာပေမယ့်...
ကိုယ်ခံစားရမယ့်မိုက်ပြစ်အကြွေးတွေကို...
ကြားထဲကအစားခံပေးနေရသည့် ချစ်သူကို လက်ဝယ်ပြန်လည်ရရှိရေးအတွက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး နောက်တစ်ဖန်အားမာန်တင်းလိုက်သည်....။
ရန်သူက ကိုယ့်ဆီကို တည့်တည့်မတ်မတ် လာပြီးစိန်ခေါ်သွားမှတော်နောက်ပိုင်းကိစ္စတွေက အရင်ကထက် ပိုပြီးအရှိန်ပြင်းလာတော့မယ်လို့ခန့်မှန်းမိတာကြောင့်
Hyunee ကိုရှာတွေ့ထို့အရင်ကထက် ကြိုးစားဖို့လိုပြီမှန်းသိလိုက်ရသည်..။
ကျွန်တော့်မှာ ငွေကြေးဥစ္စာမြောက်မြားစွာ..
လူအင်အားမြောက်မြားစွာ ရှိနေပေမယ့်...
အရင်ကလဲ လူပျောက်များစွာရှာဖွေရရှိခဲ့ဖူးပေမယ့်..
ဘာဖြစ်လို့ကိုယ့်လူအလှည့်ကျမှ ဒါမျိုးအဖြစ်တွေကြုံနေရတာလဲ...။
လူဆိုး လုပ်လာခဲ့တဲ့သက်တမ်းမှာ အမှားပေါင်းသောင်းခြောက်ထောင်ကို ကျူးလွန်ခဲ့ရိုးမှန်ပေမယ့်လဲ....
ပေးဆပ်ရတဲ့လူက ဘာလို့Baek Hyunလဲ...။
ကိုယ်ကပုံမှန်လို ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်သေးပေမယ့်..သူက ဘယ်လိုပုံစံနဲ့များ နေထိုင်စားသောက်နေရမလဲ ကလေး ရာ....။
ဒူးထောက်ထိုင်ချရာကနေ ပြန်ထတော့...နံရံကိုတောင်အားပြုပြီး ပြန်ထရတဲ့ အဖြစ်တွေက အရမ်းကိုသနားဖို့ကောင်းနေပြီလား...။
ဒီအခိုက်အတန့်ဆိုးကနေ မြန်မြန်လွတ်မြောက်ခွင့်ပေးဖို့တောင်းဆိုတာမို့..သူ့ကိုကျွန်တော့်ဆီ မြန်မြန်ပြန်ပို့ပေးလှည့်ပါ..တောင်းဆုပြုပါတယ်..ဘုရားသခင်...။
ဒီတစ်လျှောက်လုံးသူ့အပေါ်မကောင်းခဲ့တာတွေအတွက်..
သူ့ခြေတော်ရင်းမှာ ဝန်ချတောင်းပန်ခွင့်ရပါရစေ..။
:::::::::::: Tyranny ::::::::
"ခင်ဗျား..ကျွန်တော့်အဖေကို..လွှတ်ပေးတော့လေ..
ငါးစက္ကန့်ပဲ လိုတော့တယ်တဲ့..ကျွန်တော်ပြောတာ မကြားဘူးလား..!"
"ဒီမှာတွေ့လား..ဒါedit လုပ်ထားတဲ့videoဖိုု်င်..
ပြောရရင်ကွာ...ဒါမနေ့ကရိုက်ထားတဲ့ဟာ..
အင်း..အခုလောက်ဆို မင်းအဖေ အိမ်ကဧည့်ခန်းထဲမှာ
အေးအေးလူလူTV ထိုင်ကြည့်နေရောပေါ့.."
"ဘာ..! အဲ့တာဆို ခင်ဗျား..!!"
"ဘာလဲ..ကလေး...
လွှတ်ပေးပါဘာညာပြောမလို့လား...
အခုအခြေအနေမှာ ရပ်လို့မရဘူးဆိုတာကို..ကလေးရောကိုကိုရော သိပါတယ်ကွာ.."
မြင်လို့သိပ်မကောင်းသည့် အညစ်အကြေးတစ်ချို့
ကပ်ညိတွယ်နေပြီဖြစ်သည့် ကုတင်ကျယ်ကြီးထက်တွင်
သူကလေးဘက်ထောက်လျက်အနေအထားနဲ့..
ကိုယ့်ရှေ့မှာ ရှိနေသည်...။
ပြီးတော့သူ့လက်တွေကို ကုတင်တိုင်မှာ ရက်ရက်စက်စက်နဲ့ချည်တွဲထားမိသေးသည်..။
သူ့အနောက်ကနေ ကျွန်တော်တစ်ခါတိုးဝင်လိုက်တိုင်း
သူ့ခေါင်းလေး အရှေ့ကိုငိုက်ကျသွာတးဲ့အထိအရှိန်ပြင်းထန်လွန်းလို့ ဘယ်လောက်နာနေရှာမလဲ ရိပ်စားမိပေမယ့်...
ကိုယ်မနာရတာမို့ ကိုယ်ချင်းမစာမိတာရော..
ပြီးတော့ ထူးဆန်းစွာပင်..စိတ်ရိုင်းတစ်ချို့ဝင်မိလိုက်သည့်နောက်..ဘယ်လိုမှ လွှတ်မပေးချင်တော့တာကြောင့်..
သူတောင်းပန်တာတွေ..သူ့မျက်ရည်တွေကို မြင်မိပေမယ့်..
အဆုံးထိ ယုတ်မာမိခဲ့သည်...။
သူပြောတယ်..
ခင်ဗျား ရိုးရိုးတန်းတန်းတောင်းဆိုရင်လဲ..လိုလိုချင်ချင်ပေးမှာမို့လို့..ဒါမျိုးတွေလုပ်စရာမလိုပါဘူးတဲ့...။
ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ အရိုးစွဲနေတဲ့အသိက..
လူတွေကိုကြောက်အောင်လုပ်ပေးရမယ်..အဲ့တာမှ ကိုယ့်စကားကိုနားထောင်ကြမှာ..ကိုယ်ဖြစ်စေချင်သလို ပုံသွင်းယူလို့ရမှာလို့အတွေးမှားပြီး...
သူ့ကိုအကြိမ်ကြိမ်အခါခါ အနိုု်င်ယူခဲ့မိသည်..။
ကိုယ့်ကိုသူဘယ်လောက်ထိချစ်လဲ ဆိုတာ သိပေမယ့်လဲ..
တလွဲအတွေးတွေ..တလွဲအတ္တတွေနဲ့ သူနာကျင်ဖို့လမ်းကြောင်းတွေဆီပဲ..အဆုံးစွန် အနိုင်ကျင့်ခဲ့သည်...။
အိပ်ရာပေါ်မှာပဲဖြစ်စေ...
လူတွေဆီကနေသူနဲ့ကျွန်တော်ဟာ.သက်ဆိုင်သူတွေပါလို့အသိအမှတ်ပြုကြတာကို သူလိုချင်မှန်းသိသိနဲ့အကြောင်းပြချက်မျိုးစုံပေးပြီး လျစ်လျူရှုခဲ့တာတွေ...
စိမ်းကားပြခဲ့မိတာတွေ...
တစ်ချို့တစ်ဝက်ကသူကောင်းဖို့လုပ်ခဲ့တာပေမယ့် အများစုကတော့ သူကိုနာကျင်စေခဲ့တာတွေချည်းသာ..။
"daddy ..ထပါဦး..daddy...!"
"အင်း..သမီး..daddyဘာမှ မဖြစ်ဘူးနော်..
မငိုနဲ့မငိုနဲ့..."
"ဟင့်.. သမီးကိုကျ မငိုနဲ့ပြောပြီး..သူကျ အသည်းအသန်ငိုနေတယ်..."
သူ့ကိုနှိပ်စက်အနိုင်ယူခဲ့သမျှတွေက..အိမ်မက်ထဲအထိပါ ကိုယ့်ကိုအပြစ်ဒဏ်လိုက်ခတ်နေတော့...
အိပ်မပျော်သည့်နေ့ရက်တွေကိုသာမက...
အိမ်မက်ဆိုးတွေအထိတိုင်အောင်..ပြစ်ဒဏ်ရရှိခဲ့သည်..။
နှလုံးသားထဲထိတိုင်အောင် ပြင်းပြင်းထန်ထန်နာကျင်ရတာမို့....အပြင်မှာလဲ သည်းသည်းထန်ထန်ငိုကြွေးမိသည်ထင်ပါရဲ့...။
အတူတူ အိပ်သည့် သမီးကစိုးရိမ်တကြီးလှုပ်နိုးလာမှ..
အိပ်နေရင်း အသားကကုန်ငိုနေမိမှန်းသိသည်...။
အဲ့တာကြောင့်ရှိတုန်းမှာ တန်ဖိုးထားပါလို့ပြောကြတာကိုး...။
အရမ်းချစ်ပေမယ့် ချစ်ပြမိတဲ့ပုံစံကမှားယွင်းခဲ့လေတော့..
အခုလို အပြစ်ဒဏ်ခတ်ခံရတာ ထင်ပါရဲ့...။
"သမီးappaကိုလေ..daddyမကြာခင် ပြန်ခေါ်လာတော့မှာ..အဲ့တာကြောင့်အားတင်းထားနော်.."
"တကယ်..ပြန်ခေါ်လာနိုင်တော့မှာနော်...!"
"အင်း.ကတိပေးတယ်.. အဲ့တာကြောင့်ငါ့သမီးလေးကလဲ..
ကျောင်းသေချာတက်ရမယ်နော်..."
ဟိုတလောက..ဟိုမိန်းမကြီးနဲ့တွေ့ပြီးနောက်ပိုင်း..
Baek Hyunရဲ့သတက်းက အခုပဲ ပြန်ရှာတွေ့တော့မလိုလို....
ကိုယ့်အနီးအနားမှာပဲ ရောက်လာသလိုလို..
ဟိုလိုလိုဒီလိုလို..အနံ့ခံလို့ရတဲ့အခြေအနေထိ တိုးတက်လာခဲ့ပေမယ့် အခုထိတော့ ရေရေရာရာ..ဘာမှအကောင်အထည်မဖော်နိုင်သေး...။
အဲ့တာကြောင့်မို့ညတိုင်းမျက်ရည်နဲ့မျက်ခွက် ဖြစ်နေရဆဲ..။
ဒါပေမယ့်ကျွန်တော်ဇွဲမလျှော့...။
သူနဲ့ကျွန်တော်နဲ့တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ချစ်ကြတဲ့ချစ်ကြတဲ့ချစ်ခြင်းမေတ္တာကိုတိုင်တည်ပြီး သူ့ကိုကယ်ထုတ်နိုင်မယ့်အရေး
နေ့တိုင်းဆုတောင်းတာမို့...
ကျွန်တော် သေသေချာချာသိနေတယ်...။
ကျွန်တော်နဲ့သမီးလေးနဲ့ ညတိုင်းမျက်ရည်ကျနေရတဲ့အဖြစ်ဆိုးကြီးကလွတ်မြောက်တော့မယ်လို့...။
ဒါပေမယ့် ဒီညကတော့ထုံးစံအတိုင်း ကျန်ရှိနေသေးတဲ့အိပ်စက်ဖို့အချိန်တွေမှာ...မအိပ်နိုင်တော့ပဲ..အရက်တစ်ပုလင်းနဲ့အချိန်ဖြုန်းရပြန်မှာမို့..သမီးကိုအိပ်ပျော်အောင်ပြန်သိပ်ခဲ့လိုက်ပြီး လသာဆောင်သို့်ထွက်လာခဲ့လိုက်သည်..။
အင်း..ဒီနေရာမှာလဲ..သူနဲ့အမှတ်တရတွေအများကြီးပါပဲလား...။
အိမ်အကူအဒေါ်ကြီးရဲ့သမီးနဲ့ သူ့ကိုယိုးစွပ်မိပြီး
သူတောင်းပန်နေတဲ့ကြားထဲကနေ ဒေါသတကြီးနဲ့
သူ့ကို rape ခဲ့တဲ့ညအကြောင်းကလဲ မပါမဖြစ်ပေါ့...။
စာမေးပွဲရှိလို့ဆိုပြီး..နာကျင်မောဟိုက်နေတဲ့ကြားထဲကနေ သူ့အိမ်ကိုစာအုပ်ဆင်းယူနေတဲ့ကလေးနဲ့အတူ
လိုက်မပေးနိုင်တဲ့အထိ သူသွားတဲ့အချိန်မှာမှ..အလုပ်ကိစ္စတစ်ခုပေါ်လာတာရော...။
အဲ့ညမှာပဲ..သူနဲ့ကိုယ့်အကြောင်းကို သူ့အဖေသိသွားတာရော....။
အဆုံးထိအနိုင်ယူခဲ့မိတာရော...။
အားလုံးက ရုပ်ရှင်လိုတစ်ကွက်ပြီးတစ်ကွက်ပေါ်လာခဲ့သည်...။
ကျွန်တော် သိပ်မုန်းဖို့ကောင်းတယ်မလား...။
::::::::::::::::::::::::
ဘုရားစာရွတ်ဖတ်သံ..ခေါင်းလောင်းထိုးသံတွေနဲ့..
ငှက်ကလေးတွေ အော်မြည်သံတို့နဲ့..
ဒီဘုရားကျောင်းသည် လာရောက်တဲ့အချိန်တိုင်းကျွန်တော့်ကိုစိတ်အေးချမ်းမှုပေးသည်...။
ဘုန်းတော်ကြီးက ဘုရားဝတ်ပြုနေလို့ခဏစောင့်ပါဦးဆိုလို့ ဘုရားကန်တော့ခဲ့လိုက်ပြီး ခြံဝင်းထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေလိုက်သည်..။
ဒီနေ့ Sehun ရော သမီးပါမအားတာကြောင့်တစ်ယောက်တည်း လာခဲ့လိုက်သည်...။
ဒီကိုလာတဲ့အချိန်တိုင်း မအေးချမ်းတဲ့နေ့ရက်တွေကြား
မိနစ်ပိုင်းလောက်အေးချမ်းမှု ရတာကြောင့်..
တစ်ပတ်တခါလောက်တော့ရောက်အောင်လာဖြစ်သည်...။
Baek Hyunee အေးချမ်းပါစေ လို့ လဲ မေတ္တာပို့ဆုတောင်းပေးနိုင်သည်မဟုတ်ပါလား..။
"ဒကာရောက်လာမှ ပြောမယ် ဆိုပြီးဘုန်းကြီးမပြောရသေးတဲ့ကိစ္စလေးရှိနေတယ်.."
"ဘာများပါလဲ..."
"အေးကွယ်.. လူတွေဆိုတာ..ရေစက်မကင်းကြတဲ့အမျိုးတွေမလား..ဒကာ့ကိုစိတ်ဆင်းရဲအောင်လုပ်နေတဲ့အမျိုးသမီးဆိုတာလေ..ဖြစ်ချင် တော့ သူက ဘုန်းကြီးရဲ့ဒကာမအရင်းဖြစ်နေတယ်..ဘုန်းကြီးကိုသူအဆက်အသွယ်ဖြတ်ထားတာ လေးငါးနှစ်ရှိနေပြီလေ..အဲ့တာ ဟိုနေ့ကမှ သူပြန်ဆက်သွယ်လာတာ..."
လောကကြီးကသိပ်ဆန်းကြယ်တယ်လို့ပြောကြတာ
အလကားမှ မဟုတ်တာ...။
အဲ့မိန်းမက ဘုန်းကြီးရဲ့ဒကာမတစ်ယောက်ဖြစ်နေပြီး
လွန်ခဲ့တဲ့ရက်ကမှဒီကိုရောက်လာသေးတယ်တဲ့လေ..။
သူများတွေကိုမျက်ရည်ပေါက်ကြီးငယ်ကျအောက်လုပ်နေတဲ့လူက ဘုရားရိပ်တရားရိပ်ကို ခိုလှုံတယ်တဲ့လား..။
သိပ်ရယ်ဖို့ကောင်းတာပဲ..။
"သူကပြောတယ်..သူဖြစ်ချင်တဲ့အတိုင်းဖြစ်နေရပေမယ့် သိပ်မပျော်သလိုပဲတဲ့..
ဘုန်းကြီးလဲသူ့ကိုမပျော်ဘူးထင်ရင် ရပ်တန်းကရပ်ဖို့ပြောလိုက်တယ်..တစ်ခုခုတော့ထူးမှာပါ ဒကာ...
အားမလျှော့ပါနဲ့..."
အဟက်...
သူများတကာရဲ့နှလုံးသားကိုသွေးစိမ်းရှင်ရှင်ကျအောင်လုပ်ပြီးမှ မှားပြီလားလို့တွေးတော နေတယ်တဲ့လား..။
ပြောတော့ သူ့ညီမကို အသေဆိုနးဲ့သေအောက်လုပ်လို့..
သတ်ပစ်ချင်လောက်အောင်မုန်းတီးပါတယ်ဆို..။
အခုတော့ဖြေလျှော့ပေးဖို့တွေးနေပြီတဲ့လား...။
ဟားဟား..Baek Hyun ကို ဘာတွေဘယ်လိုလုပ်ထားလို့ဝပြီလဲ မှ မသိတာ...။
ဘာပဲဖြစ်ဖြစ်..မှောင်မိုက်နေတဲ့ကြားထဲကနေ မျှော်လင့်ချက်နေရောင်ခြည်လေးတစ်ပွင့်တောက်ပလာပြီမို့..
Baek Hyunကိုအဲ့မိန်းမ ခေါ်သွားပြီးတဲ့နေ့နောက်ပိုင်းကတည်းက အပြုံးအရယ်ဆိုတာ ဘာမှန်း မသိတဲ့အဖြစ်ကနေ ဒီနေ့ပထမဆုံးအဖြစ် ပြုံးလိုက်မိသည်...။
ဘုရားသခင်က ကျွန်တော့်ရဲ့ဆုတောင်းသံတွေကိုလျစ်ချူမရှုထားဘူးပဲ....။
:::::::::::::::::::::::::
/ Dad..သမီးနောက်ထပ်၅ မိနစ်ဆိုထွက်လာတော့မယ်../
/အိုခေ.. honey..daddyစောင့်နေကျ နေရာမှာ
ရောက်နေပြီနော်..ချစ်တယ် မင်းသမီးလေး.../
အရင်တုန်ူးက ကျောင်းကြိုသည့်တာဝန်ကသူ့appaတာဝန်ဖြစ်ခဲ့ပေမယ့် အခုတော့ကိုယ့်တာဝန်ဖြစ်ခဲ့ပြီ...။
ကလေးလေးတွေကြားထဲ...ဂါဝန်လေးတလွင့်လွင့် ဆံပင်လေးတစ်လွင့်လွင့်နဲ့ထွက်လာမည့် သမီးလေးကို ကျောင်းပေါက်ဝကနေစောင့်ကာ..
သူထွက်လာရင် လက်လှမ်းပြရသည့်အလုပ်က
ကျွန်တော့်အတွက်ကမ္ဘာပေါ်မှာ အပျော်ဆုံးပင်..။
အဲ့တာကြောင့်ကျွန်တော့်ကလေးငယ်က သူ့သမီးကိုကျောင်းကြိုရသည့်အလုပ်ကို တရက်မှ မပျက်ခဲ့ခြင်းပင်...။
အတူတူမွေးခဲ့ရတာခြင်းအတူတူ သူကသမီးနဲ့လက်ပွန်းတတီးနေခွင့်ကိုတစ်ယောက်တည်း အပိုင်သိမ်းထားတာများ
မုန်းစရာ...။
သူဘေးမှာ မရှိခဲ့တဲ့နောက်ပိုင်းကတည်းကစပြီး အမြဲတငိုငိုတရယ်ရယ် ဖြစ်နေခဲ့သည့်သမီးကိုချော့မော့ပြီးကျောင်းလွှတ်ရတာ ဒီလထဲမှာ တော်တော်လေးအဆင်ပြေလာပြီဖြစ်ပြီး သမီးလဲ အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ကျောင်းပြန်တက်နေပြီ...။
ရင်ထဲကအပူကို..အတင်းဟန်လုပ်ယူပြီးကြိုးစားပြုံးပျော်နေရမှန်းသိပေမယ့်ကိုယ်ကိုတိုင်၌ကိုကလဲ အဲ့လိုကြိုးစားနေရတာမျိုးဆိုတော့ သမီးနဲ့ကျွန်တော်ကတစ်ယောက်အပူတစ်ယောက်မကယ်နိုင်တဲ့အဖြစ်မျိုးတွေနဲ့
သိပ်သနားဖို့ကောင်းနေကြတယ်..။
SeHunee သာဘေးမှာမရှိရင် ခုချိန်သားအဖနှစ်ယောက်လုံးတရှောင်ရှောင်နဲ့ယဲ့ယဲ့လေးပဲ ကျန်တော့မည်ထင်သည်...။
သမီးထွက်အလာကို ပုံမှန်နေ့တွေလိုပင်..
ကျောင်းထိပ်မှာ ကားရပ်ကာ..
ကားပေါ်ကဆင်းပြီး..
စောင့်နေလိုက်သည်...။
ကျောင်းဆင်းခေါင်းလောင်းထိုးဖို့ကတော့နည်းနည်းလိုသေးသည်...။
အဲ့အချိန်မှာပင်..ကျွန်တော်ဘယ်လိုမှ မထင်မှတ်ထားသည့်အခိုက်အတန့်လေးမှာပင်..
ကျွန်တော့်ဘဝရဲ့ နေမင်းလေးက...
ကျွန်တော့်ဘဝထဲ ဆိုင်းမဆင့်ဗုံမဆင့်ပြန်လည်ဝင်ရောက်လာခဲ့ပြန်သည်..။
အေးလေ.. .ထွက်သွားတုန်းကလဲ ဆိုင်းဆင့်ဗုံဆင့်ခဲ့တာမျိုးမှ မဟုတ်ပဲ..။
သိပ်ကိုရိုးရှင်းပါသည်..။
ကားကိုယ်ထည်ကိုမှီရပ်နေသည့်ကျွန်တော့်ရှေ့တည့်တည့်ကိုကားအနက်ရောင်တစ်စီးက ရုတ်တရက်ထိုးရပ်လာခဲ့သည်...။
အရမ်းကိုနီးနီးကပ်ကပ်ကြီးထိုးရပ်လာတာမို့ ဘာလဲဟဆိုပြီးတောင်ကြည့်လိုက်သေးသည်..။
အဲ့အချိန်မှာပဲဖြစ်သည်..။
ကျွန်တော့်ဘက်က တံခါးချပ်ရုတ်တရက်ပွင့်လာကာ...
ကျွန်တော့်ကိုကောင်းကင်ဘုံဆီ ဆွဲတင်ပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုက စက္ကန့်ပိုင်း လေးထဲ ဖြစ်ပျက်သွားခဲ့ပါသည်..။
"Baek Hyun..!?
Baek Hyuneee...!!!"
ဟုတ်သည်..ကျွန်တော့်ရဲ့ကလေးငယ်...။
ကားတံခါးပွင့်လာပြီး အထဲက နေကန်ချလိုက်သည်ထင်ပါရဲ့..။
ကျွန်တော့်ရှေ့ကမြေကြီးပေါ်ကို ဘုတ်ခနဲ ပြုတ်ကျလာခဲ့သည့် ကျွန်တော့်ရဲ့ Byun Baek Hyun..။
သတိရှိနေသည့်အနေအထားတော့မဟုတ်..
မျက်လုံးလေးတွေမှိတ်ထားပုံရ..သတိလစ်နေသည့်ပုံ...။
အရမ်းကိုရုတ်တရက်ဆန်လွန်းလို့ ကြောင်အနေမိတဲ့အခိုက်သူ့ကို လာချသွားတဲ့ကားက အရှိန်ပြင်းပြင်းပြန်မောင်းထွက်သွားသည်..။
အဲ့ကျမှ ဝုန်းဆိုအသိပြန်ကပ်ပြီး မြေပြင်ပေါ် ကျနေပြီဖြစ်ငည့် ကျွန်တော်အတွေ့ချင်ဆုံးသော လူသားလေးရှိရာပြေးသွားပြီး အပြေးပွေ့မိလိုပ်သည်...။
ဘုန်းတော်ကြီးရဲ့မေတ္တာစေတနာ ဂရုဏာတော်တွေက
အစွမ်းထက်လွန်းတယ်ထင်ပါရဲ့....။
"appa..appa မလား...!!?"
ရင်ခွင်ထဲရောက်နေပြီဖြစ်သည့် ကလေးငယ်ကို
ကြည့်ပြီး မြန်ဆန်လွန်းသည့်အဖြစ်အပျက်ကို လိုက်မှီအောင်လုပ်နေတုန်းမှာ..
appa လို့အော်ကြီးဟစ်ကျယ်ခေါ်ပြီး ကျွန်တော်တို့ဆီ အသည်းအသန်ပြေးလာနေတဲ့သမီးလေးကိုတွေ့ရတဲ့အခိုက်
ကျွန်တော့်နှုတ်ခမ်းသားတွေကို လှလှလေးတွန့်ချိုးမိလိုက်သည်...။
အဲ့တာနဲ့ထပ်တူပဲ...
ရင်ခွင်ထဲက ကောင်ကလေးကိုတင်းတင်းကျပ်ကျပ်ပွေ့ချီကာဖြင့်..ကားထဲသွင်းဖို့ပြင်ဆင်လိုက်သည်...။
နောက်ဆုံးတော့ကျွန်တော့်သမီးလေးရဲ့appa တစ်ယောက်အိမ်ကိုပြန်လာခဲ့လေပြီ..။
ကျွန်တော်ရောသမီးရော ပြုံးပြုံးပျော်ပျော်နဲ့ ကမ္ဘာကြီးတစ်ခုလုံူးကိုအပိုင်စားရလိုက်သလိုမျိုးကိုပျော်ရွှင်မိလိုက်ကြသည်...။
သို့ပေမယ့် ကံကြမ္မာကနောက်တခေါက်ကျီစယ်ရက်တာကြောင့်..
ကျွန်တော်နဲ့ သမီးဆီ ပြန်လာခဲ့တဲ့ Baek Hyunee ဟာ လူချည်းအခွံသက်သက်ပဲဖြစ်ပြီး မှတ်ဉာဏ်ပါမလာခဲ့ဘူးဆိုတာ သိလိုက်ရပြန်တော့ ကျွန်တော့်အသည်းက
နောက်တစ်ဖန်ကွဲရပြန်လေတယ်...။
TBC ##