《Zawgyi》
အပိုင္း - ၅၂
[ရန္ျဖစ္ထားတဲ့ စံုတြဲ]
သို႔ေသာ္လည္း ခ်င္းစုယြဲ႕ကေတာ့ ထိုသို႔ မေတြးေပ။
သူမရဲ႕ အရင္ဘဝတုန္းကဆိုလၽွင္ တစ္ေယာက္ထဲ တစ္နယ္တစ္ေက်းမွာ ပညာသြားသင္ၿပီး သူမ ေနမေကာင္းျဖစ္ခဲ့တဲ့အခ်ိန္တိုင္း ကိုယ့္ဟာကိုယ္ပဲ ဂရုစိုက္ရတာက ပံုမွန္လိုပင္ ျဖစ္ေနသည္။ ခ်င္းကြမ္းခ်န္နဲ႔ ခ်န္းစီႏ်န္က ဘာလို႔ အရမ္းႀကီးကို ဂရုစိုက္ေပးေနၾကတာလဲလို႔?
ခ်င္းစုယြဲ႕က ခ်က္ခ်င္းပဲ ျပံဳးျပလိုက္ၿပီး "ကိုကို ညီမေလး ဘာမွ မျဖစ္ပါဘူး ... ၾကည့္ေလ ညီမေလးအခု အဆင္ေျပေနတာပဲ မဟုတ္ဘူးလား?"
ခ်င္းကြမ္းခ်န္က သူမကို စိုက္ၾကည့္လိုက္ရင္း "ပါးစပ္ပိတ္"
ခ်င္းစုယြဲ႕မွာ တံေတြးေထြးခ်င္တာေတာင္မွ မတတ္သာပဲ နာနာခံခံျဖင့္ ပါးစပ္ပိတ္လိုက္ရသည္။
သူမ မနက္ျဖန္ ဘာျပႆနာမွ မရွိပဲ ေဆးရံုကဆင္းရေတာ့မယ္ဆိုတာ သိလို႔ေနေသာ္လည္း ခ်င္းကြမ္းခ်န္မွာ သူမခႏၶာကိုယ္အား နာလန္ျပန္ထူႏိုင္ေစရန္အတြက္ စစ္ေဆးအုန္းမွာ ျဖစ္ၿပီး အကုန္လံုး ပံုမွန္ျဖစ္သြားၿပီဆိုတဲ့ ေဆးစစ္ခ်က္ အစီရင္ခံစာကို ရေတာ့မွ ခ်င္းကြမ္းခ်န္က ေဆးရံုကေန ဆင္းခိုင္းေပလိမ့္မည္။
ကံမေကာင္းစြာပဲ သူမ ေဆးရံုက ဆင္းတဲ့ေန႔တြင္ ဝမ္ယဥ္းလင္က သူမဆီသို႔ တမင္တကာပင္ လာလည္ခဲ့ေလသည္။
ခ်င္းစုယြဲ႕မွာ ေၾကာက္ရြံထိတ္လန္႔လို႔သြား၏။ မာမားခ်န္း ... ဒါက ဘာအေျခအေနႀကီးလဲ?
ဝမ္ယဥ္းလင္မွာ သူမရဲ႕ သံုးစားမရတဲ့သားေလးကို စိတ္ပ်က္သြားေလသည္။ သူ A ၿမိဳ႕ကို ေလယာဥ္စီးလာခဲ့ၿပီးေနာက္တြင္ ေဆးရံုကို တန္းသြားခဲ့သည္ကို သူမ အတည္ျပဳခဲ့ၿပီးၿပီျဖစ္သည္။ ထိုစံုတြဲ တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္ တံုျပန္ႏိုင္ဖို႔ရန္ သူတို႔ရဲ႕ အတြင္းေရးေလးေတြအတြက္ ရက္နည္းနည္းေလာက္ လႊတ္ထားေပးခဲ့တာပင္ ျဖစ္၏။
ဝမ္ယဥ္းလင္မွာ သရုပ္ေဆာင္ ေရြးခ်ယ္ဖို႔ရန္အတြက္ႏွင့္ အလုပ္ရႈပ္ေနသျဖင့္ ထိုႏွစ္ေယာက္ၾကား ဘယ္ေလာက္ တိုးတက္ ခရီးေပါက္ေနလဲဆိုတာကို ေမးျမန္းစံုစမ္းဖို႔ရာ သတိရမိခ်ိန္မွာေတာ့ ခ်န္းစီႏ်န္ Aၿမိဳ႕သို႔ ေရာက္ရွိၿပီး ပထမေန႔တြင္ သူ႔ကို လူအနည္းငယ္က မ်က္ျမင္ေတြ႕ခဲ့ရသည္ကို သူမ သိခဲ့ရသည္။ အဲဒါၿပီး ဒုတိယေန႔မွာေတာ့ သူက အရမ္းအလုပ္ေတြမ်ားေနခဲ့လ်က္ တစ္ေန႔လံုး ေဆးရံုသို႔မသြားခဲ့ေပ။
သူမသားေလးမွာ Aၿမိဳ႕မွာ ရွိေနတာေတာင္မွ သူဒီကို အလုပ္ေၾကာင့္ လာရသည့္ဟန္ျဖင့္ ႏိုင္ငံေတာ္သမၼတထက္ပင္ အလုပ္မ်ားေနဟန္ ျပဳေနေလေတာ့၏။
ဝမ္ယဥ္းလင္က သူ႔သားေလးကို ဖုန္းဆက္ၿပီး ဘာျဖစ္ေနတာလဲဆိုတာကို ေမးျမန္းလိုက္သည္။
ေခါင္းမာ အေလ်ာ့မေပးသည့္ပံုျဖင့္ သူက "မာမား ဒီကိစၥကို ဂရုစိုက္ေပးဖို႔ မလိုပါဘူး ... တစ္ကယ္လို႔ မာမား ပူပန္ဂရုစိုက္ေနရင္လည္း ဘာမွ ျဖစ္လာမွာမဟုတ္ဘူး"
ဟမ့္! သူမကမွ သူ႔ကို ဂရုမစိုက္တာကို သူက အေျပးအလႊား သြားေခ်ာ့မယ္ ထင္ေနတာလား!
သို႔ေသာ္လည္း ခ်န္းစီႏ်န္၏ လက္ေထာက္ကေတာ့ ဒီအခ်ိန္တြင္ သူ႔သူေဌးအား ေတာ္ေတာ္ေလးကို ေတာင့္ခံႏိုင္ဖို႔ ၾကံ့ၾကံ့ခံႏိုင္ဖို႔ ခက္ခဲလွသည္ဟု ခံစားေနရသည္။ ခ်န္းစီႏ်န္၏ ပင္ကိုယ္စရိုက္မွာ အစထဲက ေအးစက္စက္ပင္ ျဖစ္ေသာ္လည္း ယခုအခ်ိန္၌မူ ျပင္းထန္လွတဲ့ ဖိအားေအာက္တြင္ သူ အသက္ပင္ ဆက္မရွင္ခ်င္ေတာ့ေပ။
ဝမ္ယဥ္းလင္က ခ်န္းစီႏ်န္၏ ေလသံကို အေျဖရွာမရႏိုင္ပဲ ရႈပ္ေထြးေနသည္။ ထိုအေၾကာင္းကို တစိမ့္စိမ့္ ခ်င့္ခ်ိန္ေတြးဆၿပီးသည့္ေနာက္တြင္ ဒီထူးဆန္းလွသည့္ အေျခအေနႀကီးမွာ ထိုစံုတြဲက ရန္ျဖစ္ထားၾကျခင္းေၾကာင့္သာလၽွင္ ျဖစ္မည္ဟူ၍သာ အေျဖရွာႏိုင္ေတာ့၏။
သူမမွာ ခ်န္းစီႏ်န္ထံမွ ဘာသတင္းမွ ႏွိဳက္ထုတ္လို႔မရေတာ့ ခ်င္းစုယြဲ႕ကို သြားရွာဖို႔ရာသာ ရွိေတာ့သည္။
ဒါေပမယ့္ သူမ ေဆးရံုသို႔ ေရာက္သြားခ်ိန္မွာပဲ ခ်င္းစုယြဲ႕က ထိုအေဆာက္အအံုမွ ထြက္ခြာေနၿပီ ျဖစ္၏။
ခ်င္းကြမ္းခ်န္က သူ႔ညီမေလးအား လက္ေဂ့ရွ္အိတ္ေလးႏွင့္ သူမ ေသာက္ဖို႔အတြက္ ညႊန္ၾကားထားတဲ့ ေဆးအခ်ိဳ႕ကို ကူညီ သယ္ေပးေနသည္။
ဝမ္ယဥ္းလင္က သူတို႔အနားသို႔ နီးကပ္ေရာက္ရွိလာတာကိုေတြ႕ေတာ့ ခ်င္းကြမ္းခ်န္က ခ်င္းစုယြဲ႕အား ေမးျမန္းသည့္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
ခ်င္းစုယြဲ႕မွာ ျပံဳးသာ ျပံဳးျပႏိုင္ေတာ့လ်က္ "အဲ့တာက အန္တီခ်န္းေလ"
ဝမ္ယဥ္းလင္က ခ်င္းကြမ္းခ်န္ကို ဖ်တ္ခနဲသာ ၾကည့္လိုက္ၿပီး ခ်င္းစုယြဲ႕ဘက္ကို လွည့္လ်က္ "သမီး လံုးဝကို ေနျပန္ေကာင္းသြားၿပီလား?"
"ေက်းဇူးတင္ပါတယ္ အန္တီခ်န္း ... သမီး သက္သာသြားပါၿပီ" ခ်င္းစုယြဲ႕၏ စိတ္ထဲတြင္မူ စိုးရိမ္ပူပန္လို႔သာ ေနသည္။
ဝမ္ယဥ္းလင္က ဆက္လက္ျပံဳးေနဆဲပင္ ရွိလ်က္ "အန္တီက ဒီကို ရွားရွားပါးပါး လာခဲလွတယ္ဆိုေတာ့ တို႔ေတြအတူတူ ညစာသြားစားရေအာင္ေလ"
ခ်င္းစုယြဲ႕က ဒီကမ္းလွမ္းခ်က္ကို ဘယ္လို လိမၼာပါးနပ္စြာ ျငင္းပယ္ရမလဲ ေတြးေနမိတုန္းမွာပဲ ခ်င္းကြမ္းခ်န္က တဲ့တိုးျဖင့္ "မစၥခ်န္း ဒီလိုေတြးေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ ... ဒါေပမယ့္ ကၽြန္ေတာ့္ညီမေလးက အခုမွ ေနျပန္ေကာင္းခါစပဲ ရွိေသးေတာ့ သူ မစားႏိုင္တဲ့ အစားအစာေတြလည္း ရွိေသးတာမို႔ပါ"
ဝမ္ယဥ္းလင္က ခ်က္ခ်င္းပင္ "ဟုတ္တယ္ အဲဒါေၾကာင့္မို႔ အန္တီက သမီးအတြက္ က်န္းမာေရးေကာင္းမြန္ေစတဲ့ ဟင္းလ်ာေတြ ျပင္ခိုင္းထားခဲ့တယ္ ... သူတို႔က သမီးကို ေစာင့္ေနၾက ......"
"အန္တီခ်န္း ေက်းဇူးတင္ပါတယ္ ... အန္တီ ဒီေလာက္ႀကီး ၾကင္နာဂရုစိုက္ေပးဖို႔ မလိုပါဘူးရွင္ အန္တီ့ကို အရမ္း ဒုကၡေပးမိသလို ျဖစ္ေနၿပီ"
"အဲဒါတင္ မကေသးဘူးသမီးရဲ႕ ! အန္တီ့သားကလည္း ဒီAၿမိဳ႕ကိုေရာက္ေနတာေလ ... ဒီည အန္တီတို႔ ...." ဝမ္ယဥ္းလင္က ထိုအခ်ိန္တြင္ သူမသား၏နာမည္ကို ပထမဆံုး ေျပာလိုက္ျခင္းျဖစ္ၿပီး ခ်င္းေမာင္ႏွမ ႏွစ္ေယာက္လံုး၏ အမူအယာမွာ ထိုတခ်ိန္ထဲမွာပဲ ဆန္႔က်င္ဘက္ အမူအယာသို႔ ေျပာင္းသြားၾကတာကို သတိထာမိသြားသည္။
သူမ ေျပာၿပီးသြားသည္အထိ မေစာင့္ပဲ ခ်င္းစုယြဲ႕က အားနည္းေပမယ့္ ခိုင္မာတည္ၾကည္ေသာ အသံျဖင့္ ေျပာလိုက္သည္ "အန္တီခ်န္း ... အန္တီ တစ္ခုခုကို နားလည္မႈလြဲေနတယ္လို႔ သမီးထင္ပါတယ္"
"ဟုတ္လားကြယ္?"
ခ်င္းစုယြဲ႕က ခပ္ယဲ့ယဲ့ ျပံဳးျပလ်က္ "ခ်န္း ..... စီနီယာခ်န္းနဲ႔ သမီးတို႔ၾကားမွာ ဘာမွ ဆက္ျဖစ္လာဖို႔ မရွိပါဘူး ... သမီးတို႔ႏွစ္ေယာက္ၾကားမွာ ခ်စ္သူေတြလို ပက္သတ္မႈမ်ိဳးလည္း မရွိပါဘူး သူငယ္ခ်င္းေတြလို႔ေတာင္ ယူဆလို႔ မရတာကို အန္တီက သမီးအေပၚ အရမ္းေကာင္းေပး ေဖာ္ေရြေပးလြန္းေတာ့ သမီး နည္းနည္းေလး ပူပန္စိုးရိမ္မိပါတယ္"
ဝမ္ယဥ္းလင္က မယံုေပ "အန္တီ မွတ္မိေသးတယ္ သူ...."
"အန္တီခ်န္း ... စီနီယာခ်န္းက အစထဲက အျခားတစ္ေယာက္ကို ႏွစ္သက္သေဘာက်ျပီးႏွင့္ပါၿပီ။ အန္တီသိခ်င္ရင္ သူ႔ကို တိုက္ရိုက္ ေမးၾကည့္လိုက္ပါ"
"ေမးဖို႔ မလိုဘူး"
နက္ရွိုင္းလွတဲ့ အသံတစ္သံဟာ ခ်င္းစုယြဲ႕ စကားဆံုးဆံုးခ်င္းမွာပဲ ထြက္ေပၚလို႔လာသည္။
ခ်င္းစုယြဲ႕က ရုတ္တရက္ ထိတ္လန္႔သြားၿပီး မလံုမလဲ ေခါင္းငဲ့ကာ ၾကည့္လိုက္မိေတာ့ ရုတ္တရက္ ဘယ္က ေပၚထြက္လာမွန္းမသိတဲ့ ခ်န္းစီႏ်န္ကို သူမ ေတြ႕လိုက္ရသည္။
ျမတ္စြာဘုရား! ငါေတာ့ ဒုကၡ အႀကီးအက်ယ္ ေရာက္ၿပီ!
30.10.2019
*********************
《Unicode》
အပိုင်း - ၅၂
[ရန်ဖြစ်ထားတဲ့ စုံတွဲ]
သို့သော်လည်း ချင်းစုယွဲ့ကတော့ ထိုသို့ မတွေးပေ။
သူမရဲ့ အရင်ဘဝတုန်းကဆိုလျှင် တစ်ယောက်ထဲ တစ်နယ်တစ်ကျေးမှာ ပညာသွားသင်ပြီး သူမ နေမကောင်းဖြစ်ခဲ့တဲ့အချိန်တိုင်း ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ရတာက ပုံမှန်လိုပင် ဖြစ်နေသည်။ ချင်းကွမ်းချန်နဲ့ ချန်းစီနျန်က ဘာလို့ အရမ်းကြီးကို ဂရုစိုက်ပေးနေကြတာလဲလို့?
ချင်းစုယွဲ့က ချက်ချင်းပဲ ပြုံးပြလိုက်ပြီး "ကိုကို ညီမလေး ဘာမှ မဖြစ်ပါဘူး ... ကြည့်လေ ညီမလေးအခု အဆင်ပြေနေတာပဲ မဟုတ်ဘူးလား?"
ချင်းကွမ်းချန်က သူမကို စိုက်ကြည့်လိုက်ရင်း "ပါးစပ်ပိတ်"
ချင်းစုယွဲ့မှာ တံတွေးထွေးချင်တာတောင်မှ မတတ်သာပဲ နာနာခံခံဖြင့် ပါးစပ်ပိတ်လိုက်ရသည်။
သူမ မနက်ဖြန် ဘာပြဿနာမှ မရှိပဲ ဆေးရုံကဆင်းရတော့မယ်ဆိုတာ သိလို့နေသော်လည်း ချင်းကွမ်းချန်မှာ သူမခန္ဓာကိုယ်အား နာလန်ပြန်ထူနိုင်စေရန်အတွက် စစ်ဆေးအုန်းမှာ ဖြစ်ပြီး အကုန်လုံး ပုံမှန်ဖြစ်သွားပြီဆိုတဲ့ ဆေးစစ်ချက် အစီရင်ခံစာကို ရတော့မှ ချင်းကွမ်းချန်က ဆေးရုံကနေ ဆင်းခိုင်းပေလိမ့်မည်။
ကံမကောင်းစွာပဲ သူမ ဆေးရုံက ဆင်းတဲ့နေ့တွင် ဝမ်ယဉ်းလင်က သူမဆီသို့ တမင်တကာပင် လာလည်ခဲ့လေသည်။
ချင်းစုယွဲ့မှာ ကြောက်ရွံထိတ်လန့်လို့သွား၏။ မာမားချန်း ... ဒါက ဘာအခြေအနေကြီးလဲ?
ဝမ်ယဉ်းလင်မှာ သူမရဲ့ သုံးစားမရတဲ့သားလေးကို စိတ်ပျက်သွားလေသည်။ သူ A မြို့ကို လေယာဉ်စီးလာခဲ့ပြီးနောက်တွင် ဆေးရုံကို တန်းသွားခဲ့သည်ကို သူမ အတည်ပြုခဲ့ပြီးပြီဖြစ်သည်။ ထိုစုံတွဲ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တုံပြန်နိုင်ဖို့ရန် သူတို့ရဲ့ အတွင်းရေးလေးတွေအတွက် ရက်နည်းနည်းလောက် လွှတ်ထားပေးခဲ့တာပင် ဖြစ်၏။
ဝမ်ယဉ်းလင်မှာ သရုပ်ဆောင် ရွေးချယ်ဖို့ရန်အတွက်နှင့် အလုပ်ရှုပ်နေသဖြင့် ထိုနှစ်ယောက်ကြား ဘယ်လောက် တိုးတက် ခရီးပေါက်နေလဲဆိုတာကို မေးမြန်းစုံစမ်းဖို့ရာ သတိရမိချိန်မှာတော့ ချန်းစီနျန် Aမြို့သို့ ရောက်ရှိပြီး ပထမနေ့တွင် သူ့ကို လူအနည်းငယ်က မျက်မြင်တွေ့ခဲ့ရသည်ကို သူမ သိခဲ့ရသည်။ အဲဒါပြီး ဒုတိယနေ့မှာတော့ သူက အရမ်းအလုပ်တွေများနေခဲ့လျက် တစ်နေ့လုံး ဆေးရုံသို့မသွားခဲ့ပေ။
သူမသားလေးမှာ Aမြို့မှာ ရှိနေတာတောင်မှ သူဒီကို အလုပ်ကြောင့် လာရသည့်ဟန်ဖြင့် နိုင်ငံတော်သမ္မတထက်ပင် အလုပ်များနေဟန် ပြုနေလေတော့၏။
ဝမ်ယဉ်းလင်က သူ့သားလေးကို ဖုန်းဆက်ပြီး ဘာဖြစ်နေတာလဲဆိုတာကို မေးမြန်းလိုက်သည်။
ခေါင်းမာ အလျော့မပေးသည့်ပုံဖြင့် သူက "မာမား ဒီကိစ္စကို ဂရုစိုက်ပေးဖို့ မလိုပါဘူး ... တစ်ကယ်လို့ မာမား ပူပန်ဂရုစိုက်နေရင်လည်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး"
ဟမ့်! သူမကမှ သူ့ကို ဂရုမစိုက်တာကို သူက အပြေးအလွှား သွားချော့မယ် ထင်နေတာလား!
သို့သော်လည်း ချန်းစီနျန်၏ လက်ထောက်ကတော့ ဒီအချိန်တွင် သူ့သူဌေးအား တော်တော်လေးကို တောင့်ခံနိုင်ဖို့ ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲလှသည်ဟု ခံစားနေရသည်။ ချန်းစီနျန်၏ ပင်ကိုယ်စရိုက်မှာ အစထဲက အေးစက်စက်ပင် ဖြစ်သော်လည်း ယခုအချိန်၌မူ ပြင်းထန်လှတဲ့ ဖိအားအောက်တွင် သူ အသက်ပင် ဆက်မရှင်ချင်တော့ပေ။
ဝမ်ယဉ်းလင်က ချန်းစီနျန်၏ လေသံကို အဖြေရှာမရနိုင်ပဲ ရှုပ်ထွေးနေသည်။ ထိုအကြောင်းကို တစိမ့်စိမ့် ချင့်ချိန်တွေးဆပြီးသည့်နောက်တွင် ဒီထူးဆန်းလှသည့် အခြေအနေကြီးမှာ ထိုစုံတွဲက ရန်ဖြစ်ထားကြခြင်းကြောင့်သာလျှင် ဖြစ်မည်ဟူ၍သာ အဖြေရှာနိုင်တော့၏။
သူမမှာ ချန်းစီနျန်ထံမှ ဘာသတင်းမှ နှိုက်ထုတ်လို့မရတော့ ချင်းစုယွဲ့ကို သွားရှာဖို့ရာသာ ရှိတော့သည်။
ဒါပေမယ့် သူမ ဆေးရုံသို့ ရောက်သွားချိန်မှာပဲ ချင်းစုယွဲ့က ထိုအဆောက်အအုံမှ ထွက်ခွာနေပြီ ဖြစ်၏။
ချင်းကွမ်းချန်က သူ့ညီမလေးအား လက်ဂေ့ရှ်အိတ်လေးနှင့် သူမ သောက်ဖို့အတွက် ညွှန်ကြားထားတဲ့ ဆေးအချို့ကို ကူညီ သယ်ပေးနေသည်။
ဝမ်ယဉ်းလင်က သူတို့အနားသို့ နီးကပ်ရောက်ရှိလာတာကိုတွေ့တော့ ချင်းကွမ်းချန်က ချင်းစုယွဲ့အား မေးမြန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ချင်းစုယွဲ့မှာ ပြုံးသာ ပြုံးပြနိုင်တော့လျက် "အဲ့တာက အန်တီချန်းလေ"
ဝမ်ယဉ်းလင်က ချင်းကွမ်းချန်ကို ဖျတ်ခနဲသာ ကြည့်လိုက်ပြီး ချင်းစုယွဲ့ဘက်ကို လှည့်လျက် "သမီး လုံးဝကို နေပြန်ကောင်းသွားပြီလား?"
"ကျေးဇူးတင်ပါတယ် အန်တီချန်း ... သမီး သက်သာသွားပါပြီ" ချင်းစုယွဲ့၏ စိတ်ထဲတွင်မူ စိုးရိမ်ပူပန်လို့သာ နေသည်။
ဝမ်ယဉ်းလင်က ဆက်လက်ပြုံးနေဆဲပင် ရှိလျက် "အန်တီက ဒီကို ရှားရှားပါးပါး လာခဲလှတယ်ဆိုတော့ တို့တွေအတူတူ ညစာသွားစားရအောင်လေ"
ချင်းစုယွဲ့က ဒီကမ်းလှမ်းချက်ကို ဘယ်လို လိမ္မာပါးနပ်စွာ ငြင်းပယ်ရမလဲ တွေးနေမိတုန်းမှာပဲ ချင်းကွမ်းချန်က တဲ့တိုးဖြင့် "မစ္စချန်း ဒီလိုတွေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် ကျွန်တော့်ညီမလေးက အခုမှ နေပြန်ကောင်းခါစပဲ ရှိသေးတော့ သူ မစားနိုင်တဲ့ အစားအစာတွေလည်း ရှိသေးတာမို့ပါ"
ဝမ်ယဉ်းလင်က ချက်ချင်းပင် "ဟုတ်တယ် အဲဒါကြောင့်မို့ အန်တီက သမီးအတွက် ကျန်းမာရေးကောင်းမွန်စေတဲ့ ဟင်းလျာတွေ ပြင်ခိုင်းထားခဲ့တယ် ... သူတို့က သမီးကို စောင့်နေကြ ......"
"အန်တီချန်း ကျေးဇူးတင်ပါတယ် ... အန်တီ ဒီလောက်ကြီး ကြင်နာဂရုစိုက်ပေးဖို့ မလိုပါဘူးရှင် အန်တီ့ကို အရမ်း ဒုက္ခပေးမိသလို ဖြစ်နေပြီ"
"အဲဒါတင် မကသေးဘူးသမီးရဲ့ ! အန်တီ့သားကလည်း ဒီAမြို့ကိုရောက်နေတာလေ ... ဒီည အန်တီတို့ ...." ဝမ်ယဉ်းလင်က ထိုအချိန်တွင် သူမသား၏နာမည်ကို ပထမဆုံး ပြောလိုက်ခြင်းဖြစ်ပြီး ချင်းမောင်နှမ နှစ်ယောက်လုံး၏ အမူအယာမှာ ထိုတချိန်ထဲမှာပဲ ဆန့်ကျင်ဘက် အမူအယာသို့ ပြောင်းသွားကြတာကို သတိထာမိသွားသည်။
သူမ ပြောပြီးသွားသည်အထိ မစောင့်ပဲ ချင်းစုယွဲ့က အားနည်းပေမယ့် ခိုင်မာတည်ကြည်သော အသံဖြင့် ပြောလိုက်သည် "အန်တီချန်း ... အန်တီ တစ်ခုခုကို နားလည်မှုလွဲနေတယ်လို့ သမီးထင်ပါတယ်"
"ဟုတ်လားကွယ်?"
ချင်းစုယွဲ့က ခပ်ယဲ့ယဲ့ ပြုံးပြလျက် "ချန်း ..... စီနီယာချန်းနဲ့ သမီးတို့ကြားမှာ ဘာမှ ဆက်ဖြစ်လာဖို့ မရှိပါဘူး ... သမီးတို့နှစ်ယောက်ကြားမှာ ချစ်သူတွေလို ပက်သတ်မှုမျိုးလည်း မရှိပါဘူး သူငယ်ချင်းတွေလို့တောင် ယူဆလို့ မရတာကို အန်တီက သမီးအပေါ် အရမ်းကောင်းပေး ဖော်ရွေပေးလွန်းတော့ သမီး နည်းနည်းလေး ပူပန်စိုးရိမ်မိပါတယ်"
ဝမ်ယဉ်းလင်က မယုံပေ "အန်တီ မှတ်မိသေးတယ် သူ...."
"အန်တီချန်း ... စီနီယာချန်းက အစထဲက အခြားတစ်ယောက်ကို နှစ်သက်သဘောကျပြီးနှင့်ပါပြီ။ အန်တီသိချင်ရင် သူ့ကို တိုက်ရိုက် မေးကြည့်လိုက်ပါ"
"မေးဖို့ မလိုဘူး"
နက်ရှိုင်းလှတဲ့ အသံတစ်သံဟာ ချင်းစုယွဲ့ စကားဆုံးဆုံးချင်းမှာပဲ ထွက်ပေါ်လို့လာသည်။
ချင်းစုယွဲ့က ရုတ်တရက် ထိတ်လန့်သွားပြီး မလုံမလဲ ခေါင်းငဲ့ကာ ကြည့်လိုက်မိတော့ ရုတ်တရက် ဘယ်က ပေါ်ထွက်လာမှန်းမသိတဲ့ ချန်းစီနျန်ကို သူမ တွေ့လိုက်ရသည်။
မြတ်စွာဘုရား! ငါတော့ ဒုက္ခ အကြီးအကျယ် ရောက်ပြီ!
30.10.2019
***********************