[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၄၂ ..

21.9K 2.4K 46
By busy_pisi

《Zawgyi》

အပိုင္း - ၄၂ [ခြဲခြာျခင္း]

ဒီညတြင္ သူတို႔ႏွစ္ဦးမွာ မသင့္ျမတ္စြာ ခြဲခြာရေတာ့မည္ ျဖစ္သည္။

ခ်န္းစီႏ်န္မွာ ခ်င္းစုယြဲ႕ကို ေခၚေဆာင္သြားလိုေသာ္လည္း သူမမွာ အဆံုးစြန္ထိကို ျငင္းပယ္ေနေတာ့သည္။

သူမက ခ်န္းစီႏ်န္၏ အလိုမက်သျဖင့္ မည္းေမွာင္ေနေသာ မ်က္ႏွာကို ၾကည့္လိုက္ရင္း "ရွင္ ကၽြန္မအစ္ကိုကို ဖုန္းဆက္ေပးၿပီးေတာ့ ကၽြန္မကို လာေခၚခိုင္းလိုက္ရင္ေရာ?" သူမက ရဲဝံ့စြာပဲ အၾကံျပဳလိုက္၏။

ခ်န္းစီႏ်န္က သူမကို အမူအယာကင္းမဲ့စြာ စိုက္ၾကည့္လို႔ေနရင္း ေနာက္ဆံုးေတာ့ သေဘာတူလိုက္ကာ သူ႔ဖုန္းကို ထုတ္လိုက္သည္။ "နံပါတ္" သူ႔ ဖုန္းကို ထုတ္လိုက္ကာ ေလာ့ဖြင့္ေနရင္း ဖုန္းနံပါတ္ ေတာင္းလိုက္သည္။

"ဟင္?"

ခ်န္းစီႏ်န္က သူမ ေတြေဝေနတာကို စိုက္ၾကည့္လိုက္၏။ သူ႔မွာ ေဒါသထြက္ရလြန္း၍ ဖုန္းကိုပင္ မကိုင္ႏိုင္ေတာ့သည္အထိ ျဖစ္ေနရလ်က္ ေျပာလိုက္သည္ "ခ်င္းကြမ္းခ်န္ရဲ႕ ဖုန္းနံပါတ္"

ခ်င္းစုယြဲ႕မွာ အႀကိမ္အနည္းငယ္ေလာက္ မ်က္ေတာင္ခတ္လ်က္ "ကၽြန္မ မသိဘူး"

သူက သူ႔ဖုန္းကို ကားထဲသို႔ ပစ္ထည့္လိုက္ၿပီး ကားတံခါးကို ဖြင့္လိုက္ကာ အမိန္႔ေပးလိုက္သည္ "အထဲဝင္"

ခ်င္းစုယြဲ႕မွာ သူ႔ကို အေလ်ာ့မေပးဖို႔ ဆံုးျဖတ္ထားခဲ့ၿပီးသားပင္ ျဖစ္လ်က္ "မဝင္ဘူး!"

"ခ်င္းစုယြဲ႕!"

"ကၽြန္မ ရွင့္ကားထဲကို ဝင္မွာ မဟုတ္ဘူး" ခ်င္းစုယြဲ႕က ဆက္ေျပာလိုက္၏။

ဟမ္! ရွင္ ကၽြန္မကို တစ္ႀကိမ္ ေမာင္းထုတ္ၿပီးသြားၿပီေလ ... ကၽြန္မသာ အထဲျပန္ဝင္ရင္ ကၽြန္မကို ဂုဏ္သိကၡာမရွိဘူးလို႔ အေျပာခံရမွာမလား?

ခ်န္းစီႏ်န္မွာ သူ႔ကို ဒီေလာက္ေတာင္ မႏွစ္သက္သူမ်ိဳးႏွင့္ တစ္ခါမွကို မၾကံဳဆံုခဲ့ဘူးေပ။ တစ္စံုတစ္ေယာက္က သူ႔အား ကားၾကံဳလိုက္စီးပါရေစဟု အႏူးအညြတ္ ေတာင္းဆိုခဲ့ရင္ေတာင္ သူက မ်က္လံုးတစ္ခ်က္ပင္ လွန္မၾကည့္ခဲ့တာကို သိသင့္သည္။

ခ်န္းစီႏ်န္မွာ ေဒါသျဖင့္ ေပါက္ကြဲလုမတတ္ျဖစ္ေနရၿပီး "ဘာပဲျဖစ္ျဖစ္!"

ခ်င္းစုယြဲ႕မွာ ဆက္လက္ၿပီး ျငင္းပယ္ေနကာ သူ႔ကို ဆြဲလ်က္ "မလုပ္ပါနဲ႔ .. ေမာ့ရႊီယြမ္ျဖစ္ျဖစ္ က်ီယီျဖစ္ျဖစ္ကို လွမ္းေခၚလိုက္ၿပီး ကၽြန္မကို ေက်ာင္းကိုျပန္ပို႔ခိုင္းဖို႔ ဘာလို႔မေခၚတာလဲ?"

သူတို႔ႏွစ္ေယာက္ကိုပဲ သူမ ရင္းႏွီးတာျဖစ္ၿပီး သူမကို ညလယ္ႀကီး လာေခၚေပးႏိုင္မည့္သူကို ခ်င္းစုယြဲ႕လည္း မေတြးတတ္ေတာ့ေပ။

ခ်န္းစီႏ်န္က သူမကို ေအးစက္စက္ စိုက္ၾကည့္လ်က္ "ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို သူတို႔ကို သိေစခ်င္လို႔လား?  အေလွာင္ေျပာင္ခံ အဟားခံရမွာ မင္း မေၾကာက္ဘူးလား?"

ခ်င္းစုယြဲ႕က ဒါကို မေတြးမိလိုက္ေပ။ ဒါေပမယ့္ သူမက ... "တစ္နည္းေျပာရရင္ ကၽြန္မတို႔ႏွစ္ေယာက္ အတူတူရွိလိမ့္မယ္လို႔ သူတို႔ထင္ၾကမွာ မဟုတ္ပါဘူး အဲဒါေၾကာင့္ ဘာမွ မစိုးရိမ္ပါနဲ႔ ... ထပ္ၿပီးေျပာရရင္ ရွင္ေစာနက ေျပာခဲ့သလို အေလွာင္ေျပာင္ခံရတာက ကၽြန္မက အရင္ထဲက လူတိုင္းရဲ႕ အေလွာင္ေျပာင္ခံခဲ့ရၿပီးပါၿပီ .. လူေလးနဲနဲပိုမ်ားလာရံုပဲကို ကၽြန္မက ဘာလို႔ ေၾကာက္ေနရမွာလဲ?"

ခ်န္းစီႏ်န္မွာ သူ႔ရဲ႕ ေအးစက္မာေၾကာေသာ အၾကည့္ျဖင့္သာ ဆက္လက္ရွိေနဆဲ ျဖစ္လ်က္ "အဟြန္း မင္းက ေတာ္ေတာ္ အေကာင္းျမင္တတ္တာပဲေနာ္"

"ကၽြန္မသာ အေကာင္းမျမင္တတ္ဘူးဆိုရင္ အခုခ်ိန္မွာ ကၽြန္မဘယ္ႏွစ္ႀကိမ္ ေသဆံုးၿပီးၿပီလဲဆိုတာ ဘယ္သူက သိႏိုင္မွာလဲ?" ခ်င္းစုယြဲ႕က ဂရုမစိုက္ဟန္ ျပန္ေျပာလိုက္သည္။

အရင္ဘဝမွာတုန္းက သူမ ပါပါးရဲ႕လုပ္ရပ္ေတြေၾကာင့္ သူမ၏မားမားျဖစ္သူႏွင့္ ရန္ေတြျဖစ္ၾကသည္။ သူမ၏မာမားမွာ အရိုက္ႏွက္ခံခဲ့ရသျဖင့္ ေဆးရံုတြင္ လအနည္းငယ္ေတာင္ ေနခဲ့ရေသာ္လည္း သူမ၏ပါပါးမွာ တစ္ခါမွေတာင္ လာမေတြ႕ခဲ့ေပ။ သူက အရွက္ တစ္ေအာင္စေလာက္ တစ္စိုးတစ္ေစ့ေလာက္ေတာင္မရွိတဲ့ မိနိးမတစ္ေယာက္ေၾကာင့္ မိသားစုကို စြန္႔ခြာသြားခဲ့ၿပီး သူမမွာ အသက္ရွင္ေနထိုင္ဖို႔ရန္ႏွင့္ က်ဴရွင္စရိတ္ေတြ ေပးဖို႔ရန္အတြက္ အလုပ္အခ်ိဳ႕ကို လုပ္ခဲ့ရသည္။ သူမရဲ႕ ျပႆနာေတြ ဆင္းရဲဒုကၡေတြကေန လြတ္ေျမာက္ဖို႔ရန္အတြက္ သူမမွာ ေသေၾကာင္းၾကံဖို႔အထိေတာင္ စဥ္းစားခဲ့ဖူးေလသည္။

ဒါေပမယ့္ ဘယ္ေလာက္ေတာင္ သူမအေပၚတြင္ ေၾကာက္စရာ ေကာင္းလွေပမယ့္ ဘဝဟာ အဆံုးမရွိႏိုင္ေအာင္ လွပေၾကာင္းကိုလည္း သူမ သိခဲ့ေလ၏။ ဘာမွမရွိတာထက္စာလၽွင္ေတာ့ ေတာ္ပါေသးသည္။

ခ်င္းစုယြဲ႕ဟာ မေကာင္းတဲ့ အမွတ္တရေတြကို သူမရဲ႕ ႏွလံုးသားထဲသို႔ ဘယ္ေတာ့မွ ေရာက္မလာေစဖို႔ ဆံုးျဖတ္ခဲ့ေလသည္။

သူမ တစ္ခါတစ္ရံ ဝမ္းနည္းၿပီး စိတ္မေကာင္း ျဖစ္တဲ့အခ်ိန္ေတြဆိုလၽွင္ ထိုခံစားခ်က္ေတြအား အခိုးအေငြ႕ကဲ့သို႔ ေလထဲတြင္ ေပ်ာက္ကြယ္ေစရ၏။

အေရးႀကီးဆံုး အခ်က္ကေတာ့ ေမၽွာ္လင့္ခ်က္ ထားရွိရန္ပင္ ျဖစ္ၿပီး တစ္ျခား ဘာကမွ အေရးမႀကီးေပ။

ခ်င္းစုယြဲ႕၏ပံုမွာ ဟာသအေနျဖင့္ေျပာျခင္းႏွင့္ အတည္ေျပာျခင္း၏ ၾကားရွိ မ်ဥ္းေပၚတြင္ရပ္ၿပီး ထိုစကားကို ေျပာပံုေပၚေနကာ ခ်န္းစီႏ်န္မွာ သူမ ေျပာလိုက္သည့္စကား၏ အက်ိဳးအေၾကာင္းကို ဆင္ျခင္သံုးသပ္ဖို႔ အခြင့္မသာခဲ့ေပ။

ခ်င္းစုယြဲ႕က ထိုအေၾကာင္းေတြကို ထပ္မေတြးခ်င္ေတာ့သျဖင့္ ျပံဳးသာ ျပံဳးျပလိုက္သည္။ ထို႔အျပင္ ၾကည့္ရတာ သူမရဲ႕ကမၻာကို ျပန္သြားဖို႔အတြက္ကလည္း အေတာ္ေလး ခက္ခဲအုန္းမည့္ပံုပင္။ သူမရဲ႕ အရင္ဘဝက အတိတ္ျဖစ္ရပ္ေတြက အေရးမႀကီးေတာ့ပါဘူးေလ။

"ဒီလိုဆိုရင္ေရာ? ရွင္ ကၽြန္မကို ေဒၚလာႏွစ္ရာေလာက္ေခ်းေလ ... ကၽြန္မရဲ႕အစ္ကိုကို အဲဒီပမာဏရဲ႕ ဆယ္ဆကို ျပန္ေပးခိုင္းလိုက္ပါ့မယ္"

ခ်န္းစီႏ်န္မွာ ေဒါသထြက္ရလြန္းသျဖင့္ သူ႔ေသြးခုန္ႏႈန္းက ေဆာင့္တက္လာတာကိုသာ ခံစားမိေခ်ေတာ့၏။

ခ်င္းစုယြဲ႕ ေျပာၿပီးသြားသည့္အခါမွာ ခ်န္းစီႏ်န္၏မ်က္ႏွာမွာ မည္းေမွာင္လို႔ေနတာကို သူမ သိရွိသြားေလသည္။

ငါ တစ္ခုခုမ်ား မွားေျပာမိတာလားဟင္?

ခ်န္းစီႏ်န္၏ စကားေျပာသံက သူ႔ရဲ႕ ေဒါသျဖစ္ေနမႈကို ျပသေနလ်က္ "အထဲဝင္"

ခ်င္းစုယြဲ႕က ေခါင္းခါျပလိုက္၏။

"အထဲဝင္"

"မဝင္ဘူး"

ခ်န္းစီႏ်န္မွာ ထပ္ၿပီး ျငင္းခံုအခ်င္းမ်ားဖို႔ရန္အတြက္ ၿငီးေငြ႕ပင္ပန္းလို႔လာေလကာ ကိုယ္ကို ကိုင္းညႊတ္လ်က္ သူမကို သူ႔ပုခံုးထက္သို႔ တင္ကာ သယ္ေဆာင္လိုက္သည္။

ေသလိုက္! ရွင္ ကၽြန္မကို ဒီထပ္ ပိုစိတ္ဆိုးေအာင္ လုပ္လို႔မရေတာ့ဘူးလား? ဒါက ရွင္ ဂ်ံဳအိတ္ကို သယ္သင့္တဲ့ ပံုစံပါေနာ္! မိန္းမတစ္ေယာက္ကို မဟုတ္ဘူးလို႔!

ခ်င္းစုယြဲ႕မွာ သူမ၏ေခါင္းထဲမွ ေသြးေတြတိုးလာမႈကို ခံစားေနရသည္။ သူမက ခ်န္းစီႏ်န္၏ ရွည္လ်ားလွေသာ ေျခေထာက္ေတြကို ရိုက္လို႔ေနရင္း ေအာ္ဟစ္ေလ၏ "ေဟး! ရွင္ဘာလုပ္ေနတာလဲ? ကၽြန္မကို ေအာက္ခ်ေပးေနာ္! ကၽြန္မ ေနလို႔မေကာင္းပဲ အန္မိလိမ့္မယ္! တစ္ကယ္ကို တစ္ကယ္ကို အန္မိလိမ့္မယ္လို႔! ခ်န္းစီႏ်န္ ရွင္ ကၽြန္မကို ေအာက္ခ်ေပးတာ ေကာင္းမယ္ေနာ္!"

ခ်န္းစီႏ်န္က သူမအား ကားထဲသို႔ တြန္းကာထည့္လိုက္သည္။ "မင္းသာ သတိလစ္ေနရင္ ေတာ္ေတာ္ေလးကို လြယ္ကူသြားမွာ" သူဟာ ထိုစကားကိုေတာ့ အံကို တင္းတင္းေစ့လိုက္ရင္း ေျပာလိုက္တာပင္ ျဖစ္ေလသည္။

"ရွင္....!"

ေနာက္ခန္းထဲက ခံုတြင္ ထိုင္ေနရသည့္ ခ်င္းစုယြဲ႕၏ မ်က္ႏွာမွာေတာ့ အဆမတန္ နီရဲလို႔ေနေခ်၏။ျပတင္းေပါက္ကို မွီလို႔ေနရင္းမွ ခ်န္းစီႏ်န္အား လူသတ္လိုသည့္ အၾကည့္ျဖင့္ စိုက္ၾကည့္ႏိုင္ဖို႔ရာသာ သူမတြင္ အင္အားေတြ က်န္ရွိေတာ့ေလသည္။

အျပန္အလွန္အားျဖင့္ ခ်န္းစီႏ်န္မွာလည္း သူမကို အာရံုစိုက္ဖို႔ အင္အားပင္ မရွိေတာ့ေပ။ သူက သူမအေပၚ ေကာင္းေကာင္းမြန္မြန္ ျပဳမူခဲ့တာေတာင္မွ သူမက သူ႔လက္ထဲကေန ထပ္ၿပီးေတာ့ ျမန္ျမန္ ထြက္သြားခ်င္ေန၏။

*************

"ျမန္ျမန္ေလး ျပန္ေတာ့! ရွင္ အျပင္ကို ထြက္လာရဲ ထြက္လာၾကည့္ေနာ္"

ခ်န္းစီႏ်န္မွာ ေနာက္တစ္ႀကိမ္ထပ္ၿပီး ဆြံ႕အသြားရေလေတာ့သည္။ သူမက ဘာလို႔ သူ႔ကို ရုပ္ဆိုးတဲ့သူလို ျပဳမူေနရတာလဲ?

တစ္ျခားသူေတြရဲ႕ မႏွစ္သက္ျခင္းကို တစ္ခါမွ မခံခဲ့ရရွာတဲ့ ခ်န္းစီႏ်န္ခမ်ာ ခ်င္းစုယြဲ႕အား ခပ္စူးစူးသာ တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး အၾကည့္လႊဲကာ ကားစက္ႏွိဳးလ်က္ အရွိန္ျမႇင့္လိုက္ေလ၏။

ေနာက္ဆံုးမွာ သူ႔ကား ေမာင္းထြက္သြားေတာ့မွ ခ်င္းစုယြဲ႕လည္း သက္ျပင္းကို ေသခ်ာခ်ႏိုင္ေတာ့သည္။ သူမ ေနာက္ကို လွည့္လိုက္ၿပီးေနာက္ ခ်င္းကြမ္းခ်န္အား အျပံဳးတစ္ပြင့္ျဖင့္ ႏႈတ္ဆက္လိုက္သည္ "ကိုကိုက ဘာလို႔ အေစာႀကီး ျပန္သြားရတာလဲ?"

ခ်င္းကြမ္းခ်န္က အေမွာင္ထဲတြင္ ေပ်ာက္ကြယ္သြားသည့္ ကားကို ၾကည့္ေနရင္း သူမဆီသို႔ အာရံု ျပန္ေျပာင္းလိုက္သည္ "ကိုကို ညီမေလးကို ရွာမေတြ႕ေတာ့ ဖုန္းေခၚၾကည့္ေသးတယ္ ... အဲ့က်မွ ညီမေလး ဖုန္းမယူလာခဲ့ဘူးဆိုတာပါ သိသြားတာ"

"အမ္း ... ညီမေလး ေမ့သြားလို႔"

ခ်င္းကြမ္းခ်န္က ကားထြက္သြားသည့္ဘက္ကို ညႊန္ျပလိုက္ရင္း "အဲဒါ ဘယ္သူလဲ?"

"ေအာ္ ဘယ္သူမွ မဟုတ္ပါဘူး" ခ်င္းစုယြဲ႕က ျပန္ေျဖလိုက္ရင္း ေခါင္းစဥ္ေျပာင္းဖုိ႔ ၾကံရြယ္လ်က္ "ကိုကို ညီမေလး ကိုကို႔ရဲ႕ အကူအညီ နည္းနည္းေလာက္ လိုတယ္"

"ဘာလဲ?" သူတို႔ႏွစ္ေယာက္ လမ္းေလၽွာက္ရင္း စကားေျပာျဖစ္ၾကသည္။

ခ်င္းစုယြဲ႕က ရိုးရိုးသားသား ေမးလိုက္၏ "ညီမေလးကို တစ္ေနရာရာေလာက္ ပို႔ေပးလို႔မရဘူးလား ... ဒီေနရာ မဟုတ္တဲ့ တစ္ေနရာကိုေလ?"

25.10.2019

*******************

《Unicode》

အပိုင်း - ၄၂ [ခွဲခွာခြင်း]

ဒီညတွင် သူတို့နှစ်ဦးမှာ မသင့်မြတ်စွာ ခွဲခွာရတော့မည် ဖြစ်သည်။

ချန်းစီနျန်မှာ ချင်းစုယွဲ့ကို ခေါ်ဆောင်သွားလိုသော်လည်း သူမမှာ အဆုံးစွန်ထိကို ငြင်းပယ်နေတော့သည်။

သူမက ချန်းစီနျန်၏ အလိုမကျသဖြင့် မည်းမှောင်နေသော မျက်နှာကို ကြည့်လိုက်ရင်း "ရှင် ကျွန်မအစ်ကိုကို ဖုန်းဆက်ပေးပြီးတော့ ကျွန်မကို လာခေါ်ခိုင်းလိုက်ရင်ရော?" သူမက ရဲဝံ့စွာပဲ အကြံပြုလိုက်၏။

ချန်းစီနျန်က သူမကို အမူအယာကင်းမဲ့စွာ စိုက်ကြည့်လို့နေရင်း နောက်ဆုံးတော့ သဘောတူလိုက်ကာ သူ့ဖုန်းကို ထုတ်လိုက်သည်။ "နံပါတ်" သူ့ ဖုန်းကို ထုတ်လိုက်ကာ လော့ဖွင့်နေရင်း ဖုန်းနံပါတ် တောင်းလိုက်သည်။

"ဟင်?"

ချန်းစီနျန်က သူမ တွေဝေနေတာကို စိုက်ကြည့်လိုက်၏။ သူ့မှာ ဒေါသထွက်ရလွန်း၍ ဖုန်းကိုပင် မကိုင်နိုင်တော့သည်အထိ ဖြစ်နေရလျက် ပြောလိုက်သည် "ချင်းကွမ်းချန်ရဲ့ ဖုန်းနံပါတ်"

ချင်းစုယွဲ့မှာ အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်လျက် "ကျွန်မ မသိဘူး"

သူက သူ့ဖုန်းကို ကားထဲသို့ ပစ်ထည့်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်ကာ အမိန့်ပေးလိုက်သည် "အထဲဝင်"

ချင်းစုယွဲ့မှာ သူ့ကို အလျော့မပေးဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပင် ဖြစ်လျက် "မဝင်ဘူး!"

"ချင်းစုယွဲ့!"

"ကျွန်မ ရှင့်ကားထဲကို ဝင်မှာ မဟုတ်ဘူး" ချင်းစုယွဲ့က ဆက်ပြောလိုက်၏။

ဟမ်! ရှင် ကျွန်မကို တစ်ကြိမ် မောင်းထုတ်ပြီးသွားပြီလေ ... ကျွန်မသာ အထဲပြန်ဝင်ရင် ကျွန်မကို ဂုဏ်သိက္ခာမရှိဘူးလို့ အပြောခံရမှာမလား?

ချန်းစီနျန်မှာ သူ့ကို ဒီလောက်တောင် မနှစ်သက်သူမျိုးနှင့် တစ်ခါမှကို မကြုံဆုံခဲ့ဘူးပေ။ တစ်စုံတစ်ယောက်က သူ့အား ကားကြုံလိုက်စီးပါရစေဟု အနူးအညွတ် တောင်းဆိုခဲ့ရင်တောင် သူက မျက်လုံးတစ်ချက်ပင် လှန်မကြည့်ခဲ့တာကို သိသင့်သည်။

ချန်းစီနျန်မှာ ဒေါသဖြင့် ပေါက်ကွဲလုမတတ်ဖြစ်နေရပြီး "ဘာပဲဖြစ်ဖြစ်!"

ချင်းစုယွဲ့မှာ ဆက်လက်ပြီး ငြင်းပယ်နေကာ သူ့ကို ဆွဲလျက် "မလုပ်ပါနဲ့ .. မော့ရွှီယွမ်ဖြစ်ဖြစ် ကျီယီဖြစ်ဖြစ်ကို လှမ်းခေါ်လိုက်ပြီး ကျွန်မကို ကျောင်းကိုပြန်ပို့ခိုင်းဖို့ ဘာလို့မခေါ်တာလဲ?"

သူတို့နှစ်ယောက်ကိုပဲ သူမ ရင်းနှီးတာဖြစ်ပြီး သူမကို ညလယ်ကြီး လာခေါ်ပေးနိုင်မည့်သူကို ချင်းစုယွဲ့လည်း မတွေးတတ်တော့ပေ။

ချန်းစီနျန်က သူမကို အေးစက်စက် စိုက်ကြည့်လျက် "ကိုယ်တို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူတို့ကို သိစေချင်လို့လား?  အလှောင်ပြောင်ခံ အဟားခံရမှာ မင်း မကြောက်ဘူးလား?"

ချင်းစုယွဲ့က ဒါကို မတွေးမိလိုက်ပေ။ ဒါပေမယ့် သူမက ... "တစ်နည်းပြောရရင် ကျွန်မတို့နှစ်ယောက် အတူတူရှိလိမ့်မယ်လို့ သူတို့ထင်ကြမှာ မဟုတ်ပါဘူး အဲဒါကြောင့် ဘာမှ မစိုးရိမ်ပါနဲ့ ... ထပ်ပြီးပြောရရင် ရှင်စောနက ပြောခဲ့သလို အလှောင်ပြောင်ခံရတာက ကျွန်မက အရင်ထဲက လူတိုင်းရဲ့ အလှောင်ပြောင်ခံခဲ့ရပြီးပါပြီ .. လူလေးနဲနဲပိုများလာရုံပဲကို ကျွန်မက ဘာလို့ ကြောက်နေရမှာလဲ?"

ချန်းစီနျန်မှာ သူ့ရဲ့ အေးစက်မာကြောသော အကြည့်ဖြင့်သာ ဆက်လက်ရှိနေဆဲ ဖြစ်လျက် "အဟွန်း မင်းက တော်တော် အကောင်းမြင်တတ်တာပဲနော်"

"ကျွန်မသာ အကောင်းမမြင်တတ်ဘူးဆိုရင် အခုချိန်မှာ ကျွန်မဘယ်နှစ်ကြိမ် သေဆုံးပြီးပြီလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ?" ချင်းစုယွဲ့က ဂရုမစိုက်ဟန် ပြန်ပြောလိုက်သည်။

အရင်ဘဝမှာတုန်းက သူမ ပါပါးရဲ့လုပ်ရပ်တွေကြောင့် သူမ၏မားမားဖြစ်သူနှင့် ရန်တွေဖြစ်ကြသည်။ သူမ၏မာမားမှာ အရိုက်နှက်ခံခဲ့ရသဖြင့် ဆေးရုံတွင် လအနည်းငယ်တောင် နေခဲ့ရသော်လည်း သူမ၏ပါပါးမှာ တစ်ခါမှတောင် လာမတွေ့ခဲ့ပေ။ သူက အရှက် တစ်အောင်စလောက် တစ်စိုးတစ်စေ့လောက်တောင်မရှိတဲ့ မိနိးမတစ်ယောက်ကြောင့် မိသားစုကို စွန့်ခွာသွားခဲ့ပြီး သူမမှာ အသက်ရှင်နေထိုင်ဖို့ရန်နှင့် ကျူရှင်စရိတ်တွေ ပေးဖို့ရန်အတွက် အလုပ်အချို့ကို လုပ်ခဲ့ရသည်။ သူမရဲ့ ပြဿနာတွေ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်ဖို့ရန်အတွက် သူမမှာ သေကြောင်းကြံဖို့အထိတောင် စဉ်းစားခဲ့ဖူးလေသည်။

ဒါပေမယ့် ဘယ်လောက်တောင် သူမအပေါ်တွင် ကြောက်စရာ ကောင်းလှပေမယ့် ဘဝဟာ အဆုံးမရှိနိုင်အောင် လှပကြောင်းကိုလည်း သူမ သိခဲ့လေ၏။ ဘာမှမရှိတာထက်စာလျှင်တော့ တော်ပါသေးသည်။

ချင်းစုယွဲ့ဟာ မကောင်းတဲ့ အမှတ်တရတွေကို သူမရဲ့ နှလုံးသားထဲသို့ ဘယ်တော့မှ ရောက်မလာစေဖို့ ဆုံးဖြတ်ခဲ့လေသည်။

သူမ တစ်ခါတစ်ရံ ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်တဲ့အချိန်တွေဆိုလျှင် ထိုခံစားချက်တွေအား အခိုးအငွေ့ကဲ့သို့ လေထဲတွင် ပျောက်ကွယ်စေရ၏။

အရေးကြီးဆုံး အချက်ကတော့ မျှော်လင့်ချက် ထားရှိရန်ပင် ဖြစ်ပြီး တစ်ခြား ဘာကမှ အရေးမကြီးပေ။

ချင်းစုယွဲ့၏ပုံမှာ ဟာသအနေဖြင့်ပြောခြင်းနှင့် အတည်ပြောခြင်း၏ ကြားရှိ မျဉ်းပေါ်တွင်ရပ်ပြီး ထိုစကားကို ပြောပုံပေါ်နေကာ ချန်းစီနျန်မှာ သူမ ပြောလိုက်သည့်စကား၏ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်ဖို့ အခွင့်မသာခဲ့ပေ။

ချင်းစုယွဲ့က ထိုအကြောင်းတွေကို ထပ်မတွေးချင်တော့သဖြင့် ပြုံးသာ ပြုံးပြလိုက်သည်။ ထို့အပြင် ကြည့်ရတာ သူမရဲ့ကမ္ဘာကို ပြန်သွားဖို့အတွက်ကလည်း အတော်လေး ခက်ခဲအုန်းမည့်ပုံပင်။ သူမရဲ့ အရင်ဘဝက အတိတ်ဖြစ်ရပ်တွေက အရေးမကြီးတော့ပါဘူးလေ။

"ဒီလိုဆိုရင်ရော? ရှင် ကျွန်မကို ဒေါ်လာနှစ်ရာလောက်ချေးလေ ... ကျွန်မရဲ့အစ်ကိုကို အဲဒီပမာဏရဲ့ ဆယ်ဆကို ပြန်ပေးခိုင်းလိုက်ပါ့မယ်"

ချန်းစီနျန်မှာ ဒေါသထွက်ရလွန်းသဖြင့် သူ့သွေးခုန်နှုန်းက ဆောင့်တက်လာတာကိုသာ ခံစားမိချေတော့၏။

ချင်းစုယွဲ့ ပြောပြီးသွားသည့်အခါမှာ ချန်းစီနျန်၏မျက်နှာမှာ မည်းမှောင်လို့နေတာကို သူမ သိရှိသွားလေသည်။

ငါ တစ်ခုခုများ မှားပြောမိတာလားဟင်?

ချန်းစီနျန်၏ စကားပြောသံက သူ့ရဲ့ ဒေါသဖြစ်နေမှုကို ပြသနေလျက် "အထဲဝင်"

ချင်းစုယွဲ့က ခေါင်းခါပြလိုက်၏။

"အထဲဝင်"

"မဝင်ဘူး"

ချန်းစီနျန်မှာ ထပ်ပြီး ငြင်းခုံအချင်းများဖို့ရန်အတွက် ငြီးငွေ့ပင်ပန်းလို့လာလေကာ ကိုယ်ကို ကိုင်းညွှတ်လျက် သူမကို သူ့ပုခုံးထက်သို့ တင်ကာ သယ်ဆောင်လိုက်သည်။

သေလိုက်! ရှင် ကျွန်မကို ဒီထပ် ပိုစိတ်ဆိုးအောင် လုပ်လို့မရတော့ဘူးလား? ဒါက ရှင် ဂျုံအိတ်ကို သယ်သင့်တဲ့ ပုံစံပါနော်! မိန်းမတစ်ယောက်ကို မဟုတ်ဘူးလို့!

ချင်းစုယွဲ့မှာ သူမ၏ခေါင်းထဲမှ သွေးတွေတိုးလာမှုကို ခံစားနေရသည်။ သူမက ချန်းစီနျန်၏ ရှည်လျားလှသော ခြေထောက်တွေကို ရိုက်လို့နေရင်း အော်ဟစ်လေ၏ "ဟေး! ရှင်ဘာလုပ်နေတာလဲ? ကျွန်မကို အောက်ချပေးနော်! ကျွန်မ နေလို့မကောင်းပဲ အန်မိလိမ့်မယ်! တစ်ကယ်ကို တစ်ကယ်ကို အန်မိလိမ့်မယ်လို့! ချန်းစီနျန် ရှင် ကျွန်မကို အောက်ချပေးတာ ကောင်းမယ်နော်!"

ချန်းစီနျန်က သူမအား ကားထဲသို့ တွန်းကာထည့်လိုက်သည်။ "မင်းသာ သတိလစ်နေရင် တော်တော်လေးကို လွယ်ကူသွားမှာ" သူဟာ ထိုစကားကိုတော့ အံကို တင်းတင်းစေ့လိုက်ရင်း ပြောလိုက်တာပင် ဖြစ်လေသည်။

"ရှင်....!"

နောက်ခန်းထဲက ခုံတွင် ထိုင်နေရသည့် ချင်းစုယွဲ့၏ မျက်နှာမှာတော့ အဆမတန် နီရဲလို့နေချေ၏။ပြတင်းပေါက်ကို မှီလို့နေရင်းမှ ချန်းစီနျန်အား လူသတ်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်နိုင်ဖို့ရာသာ သူမတွင် အင်အားတွေ ကျန်ရှိတော့လေသည်။

အပြန်အလှန်အားဖြင့် ချန်းစီနျန်မှာလည်း သူမကို အာရုံစိုက်ဖို့ အင်အားပင် မရှိတော့ပေ။ သူက သူမအပေါ် ကောင်းကောင်းမွန်မွန် ပြုမူခဲ့တာတောင်မှ သူမက သူ့လက်ထဲကနေ ထပ်ပြီးတော့ မြန်မြန် ထွက်သွားချင်နေ၏။

*************

"မြန်မြန်လေး ပြန်တော့! ရှင် အပြင်ကို ထွက်လာရဲ ထွက်လာကြည့်နော်"

ချန်းစီနျန်မှာ နောက်တစ်ကြိမ်ထပ်ပြီး ဆွံ့အသွားရလေတော့သည်။ သူမက ဘာလို့ သူ့ကို ရုပ်ဆိုးတဲ့သူလို ပြုမူနေရတာလဲ?

တစ်ခြားသူတွေရဲ့ မနှစ်သက်ခြင်းကို တစ်ခါမှ မခံခဲ့ရရှာတဲ့ ချန်းစီနျန်ခမျာ ချင်းစုယွဲ့အား ခပ်စူးစူးသာ တစ်ချက်စိုက်ကြည့်လိုက်ပြီး အကြည့်လွှဲကာ ကားစက်နှိုးလျက် အရှိန်မြှင့်လိုက်လေ၏။

နောက်ဆုံးမှာ သူ့ကား မောင်းထွက်သွားတော့မှ ချင်းစုယွဲ့လည်း သက်ပြင်းကို သေချာချနိုင်တော့သည်။ သူမ နောက်ကို လှည့်လိုက်ပြီးနောက် ချင်းကွမ်းချန်အား အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည် "ကိုကိုက ဘာလို့ အစောကြီး ပြန်သွားရတာလဲ?"

ချင်းကွမ်းချန်က အမှောင်ထဲတွင် ပျောက်ကွယ်သွားသည့် ကားကို ကြည့်နေရင်း သူမဆီသို့ အာရုံ ပြန်ပြောင်းလိုက်သည် "ကိုကို ညီမလေးကို ရှာမတွေ့တော့ ဖုန်းခေါ်ကြည့်သေးတယ် ... အဲ့ကျမှ ညီမလေး ဖုန်းမယူလာခဲ့ဘူးဆိုတာပါ သိသွားတာ"

"အမ်း ... ညီမလေး မေ့သွားလို့"

ချင်းကွမ်းချန်က ကားထွက်သွားသည့်ဘက်ကို ညွှန်ပြလိုက်ရင်း "အဲဒါ ဘယ်သူလဲ?"

"အော် ဘယ်သူမှ မဟုတ်ပါဘူး" ချင်းစုယွဲ့က ပြန်ဖြေလိုက်ရင်း ခေါင်းစဉ်ပြောင်းဖို့ ကြံရွယ်လျက် "ကိုကို ညီမလေး ကိုကို့ရဲ့ အကူအညီ နည်းနည်းလောက် လိုတယ်"

"ဘာလဲ?" သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားပြောဖြစ်ကြသည်။

ချင်းစုယွဲ့က ရိုးရိုးသားသား မေးလိုက်၏ "ညီမလေးကို တစ်နေရာရာလောက် ပို့ပေးလို့မရဘူးလား ... ဒီနေရာ မဟုတ်တဲ့ တစ်နေရာကို​လေ?"

25.10.2019

******************

Continue Reading

You'll Also Like

3.5K 230 50
❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အခ...
68.8K 5K 17
Hidden love ရဲ့ မူရင်းဝတ္ထု Secretly secretly unable to hide it ရဲ့ extra 5 ပိုင်းပါ။ ပထမဘာသာပြန်သူ eaindranaing1 profile မှာ အပိုင်း ၁မှ ၈၅ ထိရှိပြီ...
23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...
402K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...