Love Stops Rumours {Completed}

By Memo227

432K 64.1K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
A/N
Chapter 11
Chapter 12
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 13

11.3K 1.8K 120
By Memo227

[Unicode]

What to Do, I'm in a Hotel Room With My Roommate

အခုတော့ ဝေ့ရူစုန့်မှာ အနေရခက်စရာ အခြေအနေကြီး ဖြစ်နေပြီလေ။ အမူးပြေသွားပြီးနောက် သူက သူ့သတ္တိများကို စုစည်းကော်ထုတ်မည်ဆိုရင်တောင် ဒီကိစ္စကိုသဘောမတူဝံ့ပါဘူး‌နော်။ သို့သော် သဘောမတူဘူးပြောပြန်ရင်လည်း သူ့ကို စိတ်ပျက်သွားစေလိမ့်မည်။(စုန့်စုန့်ရဲ့ အတွေးတွေကတော့)။ စဉ်းစားဆုံးဖြတ်ပြီးသည့်နောက် ဝေ့ရူစုန့်က ဆိတ်ဆိတ်နေဖို့ရန်ပဲ ဆုံးဖြတ်လိုက်တော့သည်။ ဆိတ်ဆိတ်နေခြင်းဟာ အကောင်းဆုံးပဲတဲ့။ သူကတော့ ရှောင်းနျန်ရဲ့ကုတင်ပေါ်ကို တက်သွားဖို့အတွက် အရက်ထဲမှာ အဆိပ်ခတ်ခံလိုက်ရတာပဲ ဖြစ်မည်။ လွတ်မြောက်ချိန်တန်ပြီ.....

ဝေ့ရူစုန့်ကတော့ ဘာမှမဖြစ်ခဲ့ပုံဖြင့် လစ်ထွက်သွားဖို့ရန် ကြံလိုက်သည်။ သို့သော်လည်း ရှောင်းနျန်က နောက်မှနေ၍ အားဖြင့်ပြန်ဆွဲထားခြင်းကို ခံလိုက်ရလေ၏။ သူက ကြောက်လန့်တကြားနှင့် သူ၏နောက်ပိုင်းကို ဆုပ်ကိုင်ထားလိုက်‌တော့သည်။

"ရူးချင်ယောင်ဆောင်မနေနဲ့ ကျွန်တော် အော်မိတော့မယ်နော်!"

"ရှုး, အိပ်တော့"

ရှောင်းနျန်က အရက်နံ့ဖြင့် နံဟောင်နေသော ဝေ့ရူစုန့်အား ဖက်လိုက်လေ၏။ သူ၏ဝင်လေထွက်လေများက ဝေ့ရူစုန့်၏ လည်ပင်းကိုတောင် ရိုက်ခတ်နေပြီး အသွေးအသားထဲထိ ဝင်ရောက်သွားသလိုပင်။ ဝေ့ရူစုန့်ကတော့ အမှောင်ထဲတွင် မူးနောက်၍နေလေပြီ။ သူ၏ခေါင်းထဲတွင်တော့ ပူပေါင်းတွေ တစ်လုံးပြီးတစ်လုံးတက်လာပြီး မရပ်မနား ပေါက်ကွဲထွက်နေသည့်အလား ဖြစ်နေချေပြီ။

"ဘာလဲဟင်!"

ဝေ့ရူစုန့်တစ်ယောက် အခုလို အကြောက်လွန်နေသည့် အခြေအနေတွင် ရှောင်းနျန်ဆီမှ ထွက်လာသည့် စကားတစ်ခွန်းက သူ့ကို ချက်ချင်းကြီး ကို့ယို့ကားရား ဖြစ်သွားစေတော့၏။

"ခင်ဗျား အရက်နံ့တွေ နံနေတယ်, သန့်ရှင်းရေး မြန်မြန်သွားလုပ်။"

"မင်းက ငါ့ကို အပြစ်ရှာနေတာလား?!" ဝေ့ရူစုန့်က အခုတော့ အသိတရားမရှိသည့် ခပ်သွက်သွက်စော်လေးပုံစံကို ပြုမူနေလေ၏။ "မင်းက တကယ်ပဲ ငါ့ကို အပြစ်ရှာနေတယ်, ငါ မင်းကို နံပြီးသေသွားအောင် လုပ်ပစ်မယ်။"

ဝေ့ရူစုန့်က သူ၏ပါးစပ်ကို ဖွင့်ပြီး ရှောင်းနျန်၏မျက်နှာအနှံ့ မှုတ်ထုတ်လေတော့၏။ ရှောင်းနျန်၏ မျက်လုံးထဲတွင်တော့ မီးတောက်များက တလဲလဲ့နှင့် တောက်လောင်လာတော့သည်။ သူက နောက်တစ်ကြိမ် ဝေ့ရူစုန့်၏နှုတ်ခမ်းများအား ဆူထွက်လာသည်အထိ ပါးနှစ်ဘက်ကို လက်မနှင့်လက်ညှိုးသုံး၍ ဆွဲညှစ်ပြန်တော့၏။

"ကျွန်တော်ခင်ဗျားကို နမ်းလိုက်နိုင်တယ်ဆိုတာ ခင်ဗျားယုံလား?"

"ငါ မယုံဘူး!"

သူကတော့ အရက်ကြောင့် သတ္တိတွေရှိနေချေပြီ။ ဝေ့ရူစုန့်ခမျာ ရှောင်းနျန်၏နှုတ်ခမ်း သူ့ဆီနိမ့်ဆင်းမလာခင်လေး ၁ စက္ကန့်လောက်ပဲ ခေါင်းမာလိုက်နိုင်သည်။ သူက ကြောက်လန့်တကြားဖြင့် သူ၏နှုတ်ခမ်းကို ဖုံးအုပ်လိုက်ရင်း လွတ်မြောက်ဖို့လုပ်တော့သည်, "ငါ ယုံတယ်, ငါ ယုံတယ်, ညီလေးနျန် ငါ မှားသွားတယ်, ငါ မှားပါတယ်, ငါ အခုပဲ ရေသွားချိုးတော့မယ်နော်, အခုပဲ သွားပြီ။"

ဝေ့ရူစုန့်ကတော့ အမူးပြေသွားပြီး သုတ်သုတ်ပျာပျာဖြင့်ပင် အိပ်ရာပေါ်မှ ဆင်းပြေးလို့ ရေသွားချိုးလေတော့သည်, ရှောင်းနျန်ကိုတော့ အိပ်ရာပေါ်တွင် သူ၏အနံ့ပေါင်းစုံဖြင့် အိပ်နေရန် ထားခဲ့လိုက်၏။ သူ့ကတော့ အိပ်မပျော်တော့ဘူး။ သူ့ဘေးနားတွင်တော့ ဝေ့ရူစုန့်က ရှိနေသေးသလို ခံစားနေရသည်။ ဒါက တကယ်ကိုပဲ_ နံလွန်းတယ်! အိပ်ရာခင်းတစ်စုံလုံးကိုတော့ မနက်ဖြန်ကြရင် လျှော်ပစ်ရမည်ဟု ရှောင်းနျန်က တိတ်တိတ်လေး သံန္နိဌာန် ချလိုက်တော့သည်။

၁၁ လပိုင်း ၁၁ ရက်နေ့ကတော့ ဒီနှစ်မှာ ပိတ်ရက်ကျတယ်။ တစ်ယောက်တည်းသမားမှန်း သိသာလှသည့် အမျိုးသားနှစ်ယောက်ကတော့ သူတို့၏အခန်းထဲတွင်အောင်းနေပြီး video ဂိမ်းပဲ ဆော့နေရလေသည်။_ ထိုကဲ့သို့ တစ်ကိုယ်တည်းသမားများလေးနှစ်ယောက်ခမျာ တစ်ယောက်နှင့် တစ်ယောက် တိုက်ပွဲဆင်နွဲကြနေကြလေရာမှ, နိုးထချိန်တန်ပြီ ရဲဘော်! ငါတို့ ဒီလိုပုံစံမျိုး ဘာကြောင့် ဆက်လုပ်နေရမှာလဲ! ငါတို့နှစ်ယောက်လုံး အခြေအနေတူကြတယ်လေ, ငါတို့ အချင်းချင်းတွေကြားမှာ ဘာလို့တိုက်ခိုက်နေသင့်မလဲ? ဘာကြောင့်များ ငါတို့ အဲဒီစုံတွဲတွေကို ဆန့်ကျင်မတိုက်ခိုက်ရတာလဲ? ဘာလို့ ၁၁/၁၁ မှာ ငါတို့က လှောင်ပြောင်ရယ်မောခံရမှာလဲ? စားသောက်ဆိုင်တွေကရော ဘာကြောင့်များ အတွဲတွေအတွက်ပဲ discounts ရှိရတာလဲ?! ငါတို့ရဲ့ ညီအကိုသံယောဇဉ်က ကောင်းကင်ကြီးထက် မြင့်ပြီး, ပင်လယ်ကြီးထက်လည်း နက်ရှိုင်းတယ်ကွ, အပြင်မှာရှိတဲ့ ဒီသောက်စုံတွဲတွေကြောင့် ငါတို့ရဲ့ညီအကိုသံယောဇဉ်ကို ထိခိုက်စေလို့ ဖြစ်ပါ့မလား?

(T/N: ၁၁ လပိုင်း ၁၁ ရက်နေ့ က တရုတ်ပြည်မှာ Singles' Day အဖြစ် သိကြပါတယ်။)

"ဂျူနီယာ, သွားကြစို့, ငါတို့ Mt.Maple ကို တောင်တက်သွားကြရအောင်!"

"ကျွန်တော့နဲ့ ငါးပွဲဆက်တိုက်ရှုံးထားတဲ့ အကျိုးဆက်ကို ရှောင်လွှဲဖို့ မကြိုးစားနဲ့," ရှောင်းနျန်ကတော့ ဝေ့ရူစုန့်နှင့် နေပါများလာသောအခါ တစ်ခါတစ်ရံတွင် ရုပ်တည်နှင့်ဟာသပြောတတ်သည့်အကျင့်များ ရှိလာလေသည်။ "ကျေးဇူးပြုပြီး ယောက်ျားတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့တာဝန်ယူမှုကို ပြလိုက်စမ်းပါ။"

"ဒါက ဂိမ်းတစ်ခုပဲကို, အပျော်ဆော့တာပဲလေနော်," ဝေ့ရူစုန့်က ရှောင်းနျန်၏မျက်နှာကို ဖျတ်ကနဲ ဆွဲဆိတ်လိုက်ပြီး "သွားရအောင်, ငါတို့ Mt.Maple ကို တောင်တက်သွားကြမယ်, ညကို အဲ့မှာနေမယ်, ပြီးတော့ နောက်နေ့လည်မှာ ကြက်မီးဖုတ် သွားစားကြမယ်လေ!"

(T/N: သူက kiln-baked chicken လို့ ရေးထားတာပါ အိုးထဲမှာဖုတ်ထားတဲ့ကြက် ဆိုတော့ အဆင်ပြေသလို ရေးလိုက်ပါတယ်)

ဝေ့ရူစုန့်က အပြေးအလွှား သူ၏အိတ်ကို သွားပြင်တော့သည်။ ရှောင်းနျန်က ဝေ့ရူစုန့်၏ တက်ကြွမှုကို မြင်သောအခါ ရယ်လေတော့သည်။

"ခင်ဗျား ဒါကို ရုတ်တရတ် စီစဉ်လိုက်တာလား?"

"ဘယ်ဟုတ်ပါ့မလဲ။"

ဝေ့ရူစုန့်ကို ကြည့်လျှင် စိတ်လိုက်မာန်ပါလုပ်တတ်သည်ဟု ထင်ရသော်ငြား အမှန်တကယ်က ထိုကဲ့သို့ မဟုတ်ပေ။ သူ ချမ်ရွှမ်ရွှမ်နှင့် တွဲနေတုန်းကဆိုလျှင် သူတို့ကောလိပ်၏ လေးနှစ်တာခရီးစဉ်များအားလုံးကို သူက အစီအစဉ်ချပြီးဖြစ်သည်။ နှစ်စမှာတည်းကသာ ပြတ်မသွားခဲ့ဘူးဆိုလျှင် သူတို့နှစ်ယောက်၏ ဟန်းနီးမွန်းခရီးအတွက်ပါ သူက စီစဉ်ပြီးဖြစ်လိမ့်မည်။

"ခရီးက ၂ နာရီ ကြာလိမ့်မယ်, ကျောင်းသားတွေဆိုရင် ၅၀% ဈေးလျှော့ပေးတယ်, အခုလို အောက်တိုဘာလ ကုန်ခါနီးအချိန်ဆို မေပယ်ရွက်တွေက အနီရောင်ပြောင်းနေပြီ, အခုသွားမယ်ဆိုရင် ငါတို့ နောက်ဆုံးဘတ်စ်ကားကို မီလောက်တယ်, မြန်မြန်သွက်သွက် လုပ်ကြမယ်, ညဘက်ကြရင် ငါတို့ တဲထိုးပြီး အကင်လုပ်စားလို့ ရတယ်, ဒါပေမယ့် မင်းကိုကြည့်ရတာ နည်းနည်းအားနည်းတဲ့ပုံပေါက်တော့ တကယ်လို့ ဝံပုလွေတစ်ကောင်ကောင်က မင်းကိုစားသွားမယ်ဆို မင်းမိဘတွေကို ငါ ဘယ်လိုပြန်ပြောရမလဲ မသိဘူး ဖြစ်နေမယ်, အခုတော့ ငါတို့အခန်းကြိုတင်စာရင်းပေးလို့ မရလောက်တော့ဘူး, ဒါပေမယ့် ကိစ္စတော့မရှိပါဘူး, အဲ့ဒီမှာ အွန်လိုင်းကနေ ရှာလို့မရတဲ့ မိုတယ်အသေးလေးတွေတော့ အများကြီးရှိတယ်, သူတို့က ဈေးတောင်ပေါသေးတယ်, သူတို့ရဲ့အခန်းတွေက သိပ်မကောင်းပေမယ့်ပေါ့လေ, မင်း ဒီအစီအစဉ်ကို လက်ခံလား မသိဘူး?"

"ကျွန်တော် စီနီယာစီစဉ်တဲ့အတိုင်းပဲ လုပ်ပါ့မယ်။"

သိပ်ကို ကောင်းတယ်! ဝေ့ရူစုန့်တစ်ယောက် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကို လွယ်လွယ်ကူကူ အပြင်ခေါ်သွားရသလိုမျိုး ရှောင်းနျန်က ငအလေးတစ်ယောက်ကဲ့သို့ သူ့ကိုနာခံနေသည်ကို တွေ့သောအခါ သဘောအကျကြီး ကျနေလေတော့၏။

ဒီခရီးမှာ အလွန်ပဲ ရုတ်တရတ်ဆန်သွားလေသည်။ တစ်မနက်ခင်းလုံး ဂိမ်းဆော့ပြီးသည့်နောက်မှာပဲ သူတို့က မနက်စာမစားပဲ ဘတ်စ်ကားဂိတ်သို့ ထွက်သွားလေတော့သည်။ ဝေ့ရူစုန့်က မုန့်ဆိုင်ကိုဝင်ပြီး ဘောက်ဖက်မုန့်တစ်လုံး ဝယ်၍ တစ်ကိုက်ကိုက်လိုက်လေသည်, ပြီးတဲ့နောက် ရှောင်းနျန်ကို အရသာမြည်းကြည့်မလားဟု ပြောလိုက်လေ၏။ ရှောင်းနျန်က ဝေ့ရူစုန့်ကိုက်ထားသည့်ဘက်၏ ဆန့်ကျင်ဘက်မှ တစ်ကိုက်ကိုက်လိုက်သည်, သူ ခနလောက်စဉ်းစားပြီးတဲ့နောက် ခုနက ကိုက်ထားသည့်နေရာမှ ဟိုဘက်ထိ အကြီးကြီးကိုက်ပစ်လိုက်လေတော့သည်။ ပြီးတာနဲ့ သူဝယ်ထားသည့်ပေါင်မုန့်ကိုတော့ ဝေ့ရူစုန့်နှင့် မျှစားလေတော့သည်။ ပြည့်အင်သည်ထိ ဝေမျှစားသောက်ပြီးခါမှာတော့ ဝေ့ရူစုန့်က သူ၏နေ့လည်ခင်း တရေးအိပ်တတ်သည့်အကျင့်အတိုင်း ရှောင်းနျန်၏ပခုံးပေါ်တွင် ခေါင်းမှီ၍ အိပ်လေတော့၏။

"ကဲ ခရီးစဉ်ရဲ့ခေါင်းဆောင် အိပ်တော့မယ်, ကျောင်းသားလေး နျန်က လမ်းကြောင်း စစ်ဆေးထားမယ်။"

"ကောင်းပြီ။"

ဝေ့ရူစုန့်တစ်ယောက် အိပ်ပျော်သွားသည့်အခါတွင်တော့ ရှောင်းနျန်က သူ၏ဖုန်းဖြင့် ဝထ္ထုတစ်ပုဒ်ကို စိတ်မပါစွာ ဖတ်နေလေသည်။ သူနည်းနည်း ငြီးငွေ့လာသည့်အခါမှာတော့ သူ၏ Social media အကောင့်ကို ဖွင့်လေတော့သည်။ ရှောင်းနျန်၏အကောင့်ထဲတွင်တော့ notifications များစွာဖြင့် ပြည့်နှက်နေသော်လည်း သူက ထို့ကဲ့သို့ မဖတ်ရသေးသည့် အကြောင်းကြားချက် မြောက်များစွာကို စိတ်အနှောင့်အယှက်မဖြစ်လေဘူး။ သူက ရံဖန်ရံခါမျှသာ အွန်လိုင်းတွင် စကားပြောတတ်ပြီး သူ့စိတ်ထဲတွင်တော့ အမှန်တကယ်အရေးကြီးကိစ္စရှိသူများဆိုလျှင် သူ့ကို ဖုန်းခေါ်၍သာ ပြောလိမ့်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

ရှောင်းနျန်က သူ အလွန့်အလွန် ပျင်းရိငြီးငွေ့လာသည့်အခါမှသာ သူ၏ notifications များကို စတင်ရှင်းလင်းပေလိမ့်မည်။ သူက သူ၏ Weibo ကို ဖွင့်လိုက်သည့်အခါမှာတော့ Like တစ်သောင်းကျော်လောက်နှင့် comment တစ်သောင်းကျော်လောက်ရယ် အားပေးသူ သုံးသောင်းလောက်ကို တွေ့လိုက်ရတော့၏။ ဒီရလဒ်ကတော့ ရှေ့ပိုင်းတုန်းက ဝေ့ရူစုန့်နှင့် သူ၏ဆက်ဆံရေးကို ဖြေရှင်းချက်ပေးရန် တင်လိုက်သည့်ပုံကြောင့်ပင် ဖြစ်သည်။

သူ၏ ပရိတ်သတ်များကိုတော့ ၃မျိုး ခွဲခြားနိုင်သည်။ "မင်းတို့က အတွဲတွေလား" ဆိုသည့် အတွဲအုပ်စုရယ်, "မင်း ခုထိ ရည်းစားရှာနေတုန်းပဲမလား" ဆိုသည့် မိန်းကလေးများ အုပ်စုရယ်, ပြီးတော့ "ဂုဏ်ယူပါတယ်" ဆိုသည့် မယုံသင်္ကာ အုပ်စုရယ်ပဲ ဖြစ်သည်။ ထိုသို့ များပြားလှသော မှတ်ချက်များကို အကြောင်းပြန်ဖို့ရန် ရှောင်းနျန်က မငြီးငွေ့လေဘူး, သူက ဖုန်းကင်မရာကို ဖွင့်လိုက်လေသည်, အလင်းရောင်မှာ သူနှင့်ဝေ့ရူစုန့် နှစ်ဦးလုံးအပေါ်ကို ဖြာကျနေပြီး လုံးဝပြီးပြည့်စုံနေသည်မှာ ထင်ရှားလှသည်။ သူတို့နှစ်ယောက်၏ ပုံကို သူက Selfie ရိုက်ယူလိုက်လေတော့၏။

ရှောင်းနျန်၏ မျက်နှာမှာ တစ်ခုလုံးကို မြင်နေရသော်လည်း နေရောင်မှာ စူးရှလှရာ သူ့ကို ကြည့်ရသည်မှာ ဖြူလွန်းနေပြီး သူတို့၏ မျက်နှာများကို ထင်ထင်ရှားရှား မမြင်ရလေဘူး, ဝေ့ရူစုန့်မှာ ရှောင်းနျန်၏ပခုံးပေါ်တွင် နူးညံ့သိမ်မွေ့စွာဖြင့် မှီပြီး အိပ်ပျော်နေလေရာ ဒီဓာတ်ပုံကို မြင်လိုက်ရသူတိုင်းကတော့ သူတို့၏ နှလုံးခုန်သံများမှာ မြန်လာပြီး မျက်နှာများပါ နီရဲလာပေလိမ့်မည်။ ခနလောက် စဉ်းစားပြီးသည့်နောက်တော့ ရှောင်းနျန်က ဓာတ်ပုံတွင် "zzz" ဆိုသည့် caption ကို အိပ်ပျော်နေသည့် ဝေ့ရူစုန့်အား ရည်ညွှန်းပြီး တင်လိုက်‌လေတော့၏။

အဲ့ဒီဓာတ်ပုံပေါ်မှာ လူတွေက ချက်ချင်းပဲ Likes များ နှင့် comments များ ပေးကုန်တော့သည်။

_ အားးးးးးးးးးးးးး သူက နောက်ဆုံးတော့ ပို့စ်တင်ပြီကွ!!!

_ ???? ငါ ဘယ်တုန်းက ဒီလူကို follow လိုက်တာပါလိမ့်???

_ မင်းက ခုထိဂေးမဟုတ်ဘူး ပြောနေတုန်းပဲလား!! ဆိုးလိုက်တာ!! မင်းရဲ့ PDA ကိုတော့ ၁၁/၁၁ မှာ လာကြွားနေပြီးတော့!!

_ ဟားဟား ဟားဟား မင်းဘာလို့ စီနီယာငကြောင်လေးကို ကြိမ်းမောင်းနေရတာလဲ? ဒါက တိရစ္ဆာန် နာမည်ကြီးလားဟင်?

"..."

(T/N: PDA = Public Display of Affection/ အချစ်တွေကို လူမြင်ကွင်းမှာ ပြသခြင်းပေါ့။ PDA ကို အဓိပ္ပာယ်ဖွင့်ထားတာကတော့ စုံတွဲတွေရဲ့ လူမြင်ကွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဖြစ်ပြီး လက်ကိုင်ခြင်း, နမ်းခြင်း, ပွေ့ဖက်ခြင်းနဲ့ တစ်ခြားသော ထိတွေ့မှုများ ပါဝင်ပါသည်တဲ့။။)

ထိုသို့ ထူးဆန်းလှသော မှတ်ချက်များအားလုံးကို ရှောင်းနျန်မြင်လျှင်တော့ တုံ့ပြန်မှုမရှိ တိတ်ဆိတ်နေနိုင်လောက်ပေမယ့် ဝေ့ရူစုန့်သာ မြင်လျှင်တော့ ငိုချင်းချလိမ့်မည် ဖြစ်သည်။ သူက weibo ကို ဖွင့်ရမှာ ပျင်းလွန်းပြီး notifications များကို ရှင်းရမှာလည်း ပျင်းသည်လေ။

Mt.Maple မှာ သိပ်ပြီးမမြင့်ပေ, ရှောင်းနျန်နှင့် ဝေ့ရူစုန့်တို့နှစ်ယောက်မှာ ၂ နာရီကျော်ခန့် လျှောက်ပြီးနောက်တော့ တောင်ထိပ်သို့ ရောက်သွားတော့သည်။ နေဝင်တော့မည်မို့ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ရဲရဲတောက်နေလေ၏, ဝေ့ရူစုန့်ကတော့ သူ၏ခန္ဓာကိုယ်ရှိ နာကျင်ကိုက်ခဲမှုများမှာ လွင့်စင်သွားသလို ခံစားလိုက်ရပြီး သူက လက်ကို ဆန့်ထုတ်၍ " ချစ်လှစွာသော ကိုယ်လုပ်တော်လေးရေ ဒါကတော့ မင်းအတွက် ကိုယ်သိမ်းပိုက်ထားတဲ့ နယ်မြေတွေပါ" ဆိုသည့် ကိုယ်ဟန်အနေအထား(pose)မျိုးလုပ်၍ ရှောင်းနျန်ကို အော်ခေါ်လေတော့သည်။

"လာခဲ့, ဂျူနီယာရေ, ငါ အခု မုဒ်ဝင်နေတယ်, မြန်မြန် ငါ့ကို ဓာတ်ပုံလာရိုက်ပေး!"

ရှောင်းနျန်တစ်ယောက် " ချစ်လှစွာသော ကိုယ်လုပ်တော်လေးရေ ဒါကတော့ မင်းအတွက် ကိုယ်သိမ်းပိုက်ထားတဲ့ နယ်မြေတွေပါ" ပို့စ်*, "ကိုယ်မင်းအတွက် ဒီသခွားမွှေးသီးတွေကို ၂ ဒေါ်လာတည်းနဲ့ ဝယ်လာတယ်" ပို့စ်**, "ငါသာ ဖြောင့်ဖြောင့်တန်းတန်း မတ်မတ်ရပ်နေမယ်ဆိုရင် ဘယ်တော့မှ ကွေးမှာမဟုတ်ဘူး" ပို့စ်*** နှင့် အရင်က မမြင်ဖူးခဲ့သည့် ပို့စ်ပေါင်း မြောက်မြားစွာကို ရိုက်ပေးလိုက်ရလေသည်။ အမူအရာမျိုးစုံကို ပေးပြီးနောက်တော့ ဝေ့ရူစုန့်က ပျော်ရွှင်စွာနဲ့ ရှောင်းနျန်ဆီလှမ်းလာလို့ ပုံတွေကို ကြည့်ပြီး ကျေနပ်စွာနှင့် ခေါင်းတညိတ်ညိတ် ဖြစ်နေလေတော့၏။

"မဆိုးဘူး, မဆိုးဘူး, ဂျူနီယာရဲ့ ဓာတ်ပုံရိုက်တဲ့စွမ်းရည်က အရမ်းမိုက်တာပဲ! လာခဲ့, ငါ မင်းကို ဓာတ်ပုံရိုက်ပေးရမယ့်အလှည့်ပဲ။"

"ကျွန်တော်က ရပြီ။"

"ငါတို့ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ?" ဝေ့ရူစုန့်က ရှောင်းနျန်ကို ကင်မရာရှေ့ တွန်းလွှတ်လိုက်ပြီး "လာ, မြန်မြန်လေး, ငါ ရိုက်တော့မယ်။"

ကင်မရာရှေ့ရောက်သည်နှင့် ရှောင်းနျန်၏မုဒ်က ပြောင်းသွားတော့သည်။ သူက ပူပင်ကြောင့်ကြကင်းစွာ နုနယ်ရိုးသားပုံလေးဖြင့် သဘာဝဆန်ဆန် သွယ်လျလှပနေလေ၏။ အနည်းငယ်လောက် ရိုက်ပြီးသည့်အခါမှာတော့ ဝေ့ရူစုန့်တစ်ယောက် မနာလိုဖြစ်လာလေတော့သည်။

"ဂျူနီယာ, မင်းက ဘာလို့ ဒီလောက်တောင် ဓာတ်ပုံစားရတာလဲ? ငါ့ကို အမှန်အတိုင်းပြောစမ်းပါ, မင်း မီလန်(Milan)မှာ ဖက်ရှင်ရှိုး လျှောက်ဖူးတယ်မလား?"

"ကျွန်တော်က အဲ့လောက် အထင်ကြီးစရာမဟုတ်ပါဘူး," ရှောင်းနျန်က အနည်းငယ် နှိမ့်ချ၍ ထိန်းကာပြောလိုက်သည်။ "ကျွန်တော် မော်ဒယ်လုပ်ဖူးတယ်, ဒါပေမယ့် အဲဒါက ကောလိပ်မတက်ခင်တုန်းကပါ။"

ကောင်းပြီလေ, ဝေ့ရူစုန့်က သူရိုက်ပေးထားသည့် ရှောင်းနျန်၏ပုံများကို ကြည့်လိုက်သည်, ထို့နောက် ရှောင်းနျန်ရိုက်ပေးထားသည့် သူ၏ပုံများကို တစ်ချက်ကြည့်လိုက်သည်, ပြီးတာနဲ့ အရှက်မရှိ ရှောင်းနျန်ကို အပြစ်တင်တော့သည်။

"မင်းဘာလို့ ဒီလို ပုံဆိုးပန်းဆိုးပို့စ်တွေ ရိုက်ပေးရတာလဲ?"

"...."

တောင်ထိပ်တွင် အကင်(BBQ)စားပြီးနောက် မြန်မြန်ဆန်ဆန်ပဲ တောင်ပေါ်မှ ဆင်းလာတော့သည်။ အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို ရှာဖွေပြီးသည့်နောက်တော့ အခန်းများအားလုံးမှာ လူပြည့်နေပြီးဖြစ်သည်ကို သူတို့တွေ့လိုက်ရလေ၏။

"နောက်ဆုံးတော့ ဒါက Singles' Day ပဲလေ, အပြာရောင် အချစ်ညတွေကို ဖြတ်သန်းဖို့ အခွင့်အရေးကို စုံတွဲများက သိမ်းပိုက်ထားလေပြီ, ဝေ့ရူစုန့်တစ်ယောက် ဒါနဲ့ပတ်သက်ပြီး မတွေးတတ်တော့ဘူး, မနှစ်တုန်းကတောင် အခန်းတွေက ဒီလောက်ပေါ်ပြူလာမဖြစ်တာ သေချာသည်, ဒီခေတ်လူများကတော့ အကျင့်စာရိတ္တများ ပျက်စီးနေတာ အမှန်အကန်ပဲ...."

မိုတယ် ၄,၅ ခုလောက်ကို ရှာဖွေပြီးသည့်နောက်တော့ အားလုံးမှာ လူပြည့်နေလေပြီ, ဧည့်ကြိုစာရေးမတစ်ယောက်ကဆိုလျှင် ဝေ့ရူစုန့်ကို အထက်စီးဆန်ဆန် လှောင်ပြောင်သရော်လိုက်သေးသည်။

"ဒီလိုအချိန်မှာ အခန်းလိုချင်နေရင် အိမ်မက်သာ မက်လိုက်တော့။"

ဝေ့ရူစုန့်တစ်ယောက် လမ်းပေါ်တွင် သူ၏အိတ်ကိုဆွဲပြီး ရှောင်းနျန်နှင့်အတူ စိတ်ဓာတ်ကျစွာ ဝမ်းနည်းမှုအပြည့်နှင့် လျှောက်နေလေသည်။ သို့သော်လည်း ရှောင်းနျန်ကတော့ အဓိပ္ပာယ်ဖော်မရသည့် ခံစားချက်နှင့်ပင် သူ၏နောက်မှ လျှောက်လိုက်နေလေ၏။

"တောင်းပန်ပါတယ်, ဂျူနီယာ။"

"ဟမ်?"

"နေဖို့နေရာရှာမရတဲ့ ပြဿနာက ငါ့အမှားပါ, ငါက စိတ်မြန်လက်မြန်လုပ်လွန်းတယ်, တကယ်လို့ တစ်ခြားဖြေရှင်းစရာနည်းမရှိရင် ငါတို့ KFC မှာပဲ ညကို နေကြတာပေါ့...."

"ကောင်းပြီလေ။"

ကြည့်ရသည်မှာ ကောင်းကင်ဘုံက ရှောင်းနျန်ကို KFC မှာ အိပ်ပြီး အန္တရာယ်ဖြစ်မည်ကို စိုးရိမ်ပုံရသည်, သူတို့နှစ်ယောက် မှောင်မှောင်မဲမဲ လမ်းကြားတစ်ခုတွင် တည်းခိုခန်းသေးသေးတစ်ခုကို ရှာတွေ့သွားတော့သည်။ အဝင်လမ်းမှာ မှောင်မဲနေပြီး ဧည့်ကြိုစာရေးမကလည်း မိတ်ကပ်ထူလပြစ် ရေမွှေးနံ့တထောင်းထောင်းနှင့် မိန်းမကြီးတစ်ယောက်ဖြစ်လေသည်။

"တစ်ကြိမ် ၁၀၀, တစ်ညကို ၃၀၀"

"...." တစ်ကြိမ် ဝေ့ရူစုန့်က နားလည်သွားတော့သည်။ "အာ မဟုတ်ဘူး, ကျွန်တော်တို့က တစ်ညပဲ နေချင်တာ။"

မိန်းမကြီးက ရှောင်းနျန်နှင့် ဝေ့ရူစုန့်ကို တစ်ချက်ကြည့်လိုက်လေသည်။ သူမ၏မျက်ခွံပေါ်တွင်တော့ ပန်းရောင် အိုင်းရှဲဒိုးများက ထူပြစ်နေပြီး ရှောင်းနျန်ကို မနေနိုင်စွာဖြင့် ခပ်ကြာကြာစိုက်ကြည့်လိုက်သေးသည်။

"တစ်ညလုံးဆိုရင် ၂၀၀, condoms(ကွန်ဒုံး) နဲ့ sex toys တွေကတော့ အခမဲ့မရဘူး, မင်းတို့ အနည်းဆုံး ၁၀ ဒေါ်လာပေးရမယ်" 😱

"ဟုတ်ကဲ့ တစ်ညနေရုံပဲ။"

"မင်းတို့အနည်းဆုံး ၁၀ ဒေါ်လာ ပေးရမယ်," အမျိုးသမီးကြီးက ကောင်တာပေါ်ကို ဘူးတစ်ဘူးကို ပစ်ချလိုက်တော့သည်, အဲ့ဒီထဲမှာတော့ condoms မျိုးစုံက ရှိနေလေသည်။ "ပုံမှန်(normal) တစ်ခုကို ၁၀ ဒေါ်လာ, (extra-thin)ပိုပါးတာက ၁၃, Ribbed က တစ်ခုကို ၁၅"

(T/N: Ribbed က အဖုအထစ်တွေ ပါတာပါ။ သနားစရာ အပျိုကြီးခမျာ ဒီအရွယ်ကြီးမှ မျက်နှာပူပူနဲ့ ဒါတွေကို google မှာ လိုက်ရှာနေရရှာ။ 😰)

ဝေ့ရူစုန့်၏မျက်နှာက အဖြူရောင်ပြောင်းသွားတော့သည်, သူ နောက်ဆုံးမှာတော့ မျက်လုံးကို စုံမှိတ်၍ ပုံမှန် စတော်ဘယ်ရီအရသာ တစ်ခုကိုယူ၍ အမျိုးသမီးကြီးလက်ထဲ ပေးလိုက်ရတော့သည်။ သူမက အဲဒါကို ရသည့်အခါ အောင့်မထားနိုင်တော့ပဲ ရယ်လေတော့၏။ ဒုတိယတစ်ခုကိုလည်း ရှောင်းနျန်က ပုံမှန် စတော်ဘယ်ရီအရသာ တစ်ခုကို ကောက်ယူလိုက်တော့သည်, ဝေ့ရူစုန့်က သဘောမပေါက်သလို ဖြစ်သွားပြီး

"ကွာခြားချက်က ဘာလဲဟင်?"

"S က သေးလွန်းတယ်, ကျွန်တော်က XL သုံးတာ။" 😂

ဝေ့ရူစုန့်၏ နောက်ပိုင်းလေးကတော့ ရုတ်တရတ်ကျူံ့သွားလေတော့၏။ သူလည်းပဲ သူ့ရဲ့နောက်ပိုင်းက ဘာကြောင့် တင်းကျပ်သွားမှန်း နားမလည်ဘူးဟု စဉ်းစားနေတုန်းမှာပဲ စတော်ဘယ်ရီအရသာ XL ဆိုဒ် တစ်ခုနှင့် normal ဆိုဒ်တစ်ခုကို ကောက်ယူပြီး ပိုက်ဆံရှင်းလာသည့် ရှောင်းနျန်၏ အခန်းသွားကြည့်ဖို့ရန် တွန်းလွှတ်ခြင်းကို ခံလိုက်ရလေတော့၏။

_____________^မမ်မို^____________

Next: What to Do, We Tried to Moan Louder Than The Neighbour Only to Find Out That He Was My Classmate 😝

မမ်မို : စုန့်စုန့်ရဲ့ ပို့စ် တွေအကြောင်းကို ကိုယ်ထင်တာလေး ရှင်းပြမလို့ပါ။ အကယ်၍ တစ်ချို့နေရာများတွင် ရေးထားသည့် အသုံးအနှုန်းများနှင့် ပတ်သက်ပြီး သိသူများရှိလို့ ကိုယ်မှားနေတာကို ထောက်ပြပေးရင် စိတ်မဆိုးပဲ ကျေးဇူးတင်မှာပါ။ အဲ့ဒီမှာ ကြယ်လေးတွေပြထားတဲ့အတိုင်းပဲ ပထမဆုံးပို့စ်(*)က လက်ဖဝါးနှစ်ဘက်ကို ဖြန့်ပြီး နောက်ကရှုခင်းကို ပြတဲ့ပုံမျိုးလို့ ထင်ပါတယ်။ ဒုတိယတစ်ခု(**)က လက်ညှိုးနှစ်ချောင်းထောင်တာလို့ ထင်ပါတယ်။ တတိယတစ်ခု(***)က ခါးထောက်ပြီး မတ်မတ်ရပ်နေတာလို့ ထင်ပါတယ်။ ဒါနဲ့ စကားမစပ်, နှစ်ယောက်သား သိသိသာသာရော မသိမသာရော ရိုလာကြတယ်နော်။ နောက်အခန်းတွေကြရင် ကလိ ကလိ ဖြစ်အောင် ပိုပြီး လုပ်ကြအုံးမယ့်သူ နှစ်ယောက်ပါနော်။
======================
kiln-baked chicken

ဘောက်ဖက်ပေါင်မုန့်

[ZawGyi]

What to Do, I'm in a Hotel Room With My Roommate

အခုေတာ့ ေဝ့႐ူစုန႔္မွာ အေနရခက္စရာ အေျခအေနႀကီး ျဖစ္ေနၿပီေလ။ အမူးေျပသြားၿပီးေနာက္ သူက သူ႕သတၱိမ်ားကို စုစည္းေကာ္ထုတ္မည္ဆိုရင္ေတာင္ ဒီကိစၥကိုသေဘာမတူဝံ့ပါဘူး‌ေနာ္။ သို႔ေသာ္ သေဘာမတူဘူးေျပာျပန္ရင္လည္း သူ႕ကို စိတ္ပ်က္သြားေစလိမ့္မည္။(စုန႔္စုန႔္ရဲ႕ အေတြးေတြကေတာ့)။ စဥ္းစားဆုံးျဖတ္ၿပီးသည့္ေနာက္ ေဝ့႐ူစုန႔္က ဆိတ္ဆိတ္ေနဖို႔ရန္ပဲ ဆုံးျဖတ္လိုက္ေတာ့သည္။ ဆိတ္ဆိတ္ေနျခင္းဟာ အေကာင္းဆုံးပဲတဲ့။ သူကေတာ့ ေရွာင္းန်န္ရဲ႕ကုတင္ေပၚကို တက္သြားဖို႔အတြက္ အရက္ထဲမွာ အဆိပ္ခတ္ခံလိုက္ရတာပဲ ျဖစ္မည္။ လြတ္ေျမာက္ခ်ိန္တန္ၿပီ.....

ေဝ့႐ူစုန႔္ကေတာ့ ဘာမွမျဖစ္ခဲ့ပုံျဖင့္ လစ္ထြက္သြားဖို႔ရန္ ႀကံလိုက္သည္။ သို႔ေသာ္လည္း ေရွာင္းန်န္က ေနာက္မွေန၍ အားျဖင့္ျပန္ဆြဲထားျခင္းကို ခံလိုက္ရေလ၏။ သူက ေၾကာက္လန႔္တၾကားႏွင့္ သူ၏ေနာက္ပိုင္းကို ဆုပ္ကိုင္ထားလိုက္‌ေတာ့သည္။

"႐ူးခ်င္ေယာင္ေဆာင္မေနနဲ႕ ကြၽန္ေတာ္ ေအာ္မိေတာ့မယ္ေနာ္!"

"ရႈး, အိပ္ေတာ့"

ေရွာင္းန်န္က အရက္နံ႕ျဖင့္ နံေဟာင္ေနေသာ ေဝ့႐ူစုန႔္အား ဖက္လိုက္ေလ၏။ သူ၏ဝင္ေလထြက္ေလမ်ားက ေဝ့႐ူစုန႔္၏ လည္ပင္းကိုေတာင္ ရိုက္ခတ္ေနၿပီး အေသြးအသားထဲထိ ဝင္ေရာက္သြားသလိုပင္။ ေဝ့႐ူစုန႔္ကေတာ့ အေမွာင္ထဲတြင္ မူးေနာက္၍ေနေလၿပီ။ သူ၏ေခါင္းထဲတြင္ေတာ့ ပူေပါင္းေတြ တစ္လုံးၿပီးတစ္လုံးတက္လာၿပီး မရပ္မနား ေပါက္ကြဲထြက္ေနသည့္အလား ျဖစ္ေနေခ်ၿပီ။

"ဘာလဲဟင္!"

ေဝ့႐ူစုန႔္တစ္ေယာက္ အခုလို အေၾကာက္လြန္ေနသည့္ အေျခအေနတြင္ ေရွာင္းန်န္ဆီမွ ထြက္လာသည့္ စကားတစ္ခြန္းက သူ႕ကို ခ်က္ခ်င္းႀကီး ကို႔ယို႔ကားရား ျဖစ္သြားေစေတာ့၏။

"ခင္ဗ်ား အရက္နံ႕ေတြ နံေနတယ္, သန႔္ရွင္းေရး ျမန္ျမန္သြားလုပ္။"

"မင္းက ငါ့ကို အျပစ္ရွာေနတာလား?!" ေဝ့႐ူစုန႔္က အခုေတာ့ အသိတရားမရွိသည့္ ခပ္သြက္သြက္ေစာ္ေလးပုံစံကို ျပဳမူေနေလ၏။ "မင္းက တကယ္ပဲ ငါ့ကို အျပစ္ရွာေနတယ္, ငါ မင္းကို နံၿပီးေသသြားေအာင္ လုပ္ပစ္မယ္။"

ေဝ့႐ူစုန႔္က သူ၏ပါးစပ္ကို ဖြင့္ၿပီး ေရွာင္းန်န္၏မ်က္ႏွာအႏွံ႕ မႈတ္ထုတ္ေလေတာ့၏။ ေရွာင္းန်န္၏ မ်က္လုံးထဲတြင္ေတာ့ မီးေတာက္မ်ားက တလဲလဲ့ႏွင့္ ေတာက္ေလာင္လာေတာ့သည္။ သူက ေနာက္တစ္ႀကိမ္ ေဝ့႐ူစုန႔္၏ႏႈတ္ခမ္းမ်ားအား ဆူထြက္လာသည္အထိ ပါးႏွစ္ဘက္ကို လက္မႏွင့္လက္ညွိုးသုံး၍ ဆြဲညွစ္ျပန္ေတာ့၏။

"ကြၽန္ေတာ္ခင္ဗ်ားကို နမ္းလိုက္နိုင္တယ္ဆိုတာ ခင္ဗ်ားယုံလား?"

"ငါ မယုံဘူး!"

သူကေတာ့ အရက္ေၾကာင့္ သတၱိေတြရွိေနေခ်ၿပီ။ ေဝ့႐ူစုန႔္ခမ်ာ ေရွာင္းန်န္၏ႏႈတ္ခမ္း သူ႕ဆီနိမ့္ဆင္းမလာခင္ေလး ၁ စကၠန႔္ေလာက္ပဲ ေခါင္းမာလိုက္နိုင္သည္။ သူက ေၾကာက္လန႔္တၾကားျဖင့္ သူ၏ႏႈတ္ခမ္းကို ဖုံးအုပ္လိုက္ရင္း လြတ္ေျမာက္ဖို႔လုပ္ေတာ့သည္, "ငါ ယုံတယ္, ငါ ယုံတယ္, ညီေလးန်န္ ငါ မွားသြားတယ္, ငါ မွားပါတယ္, ငါ အခုပဲ ေရသြားခ်ိဳးေတာ့မယ္ေနာ္, အခုပဲ သြားၿပီ။"

ေဝ့႐ူစုန႔္ကေတာ့ အမူးေျပသြားၿပီး သုတ္သုတ္ပ်ာပ်ာျဖင့္ပင္ အိပ္ရာေပၚမွ ဆင္းေျပးလို႔ ေရသြားခ်ိဳးေလေတာ့သည္, ေရွာင္းန်န္ကိုေတာ့ အိပ္ရာေပၚတြင္ သူ၏အနံ႕ေပါင္းစုံျဖင့္ အိပ္ေနရန္ ထားခဲ့လိုက္၏။ သူ႕ကေတာ့ အိပ္မေပ်ာ္ေတာ့ဘူး။ သူ႕ေဘးနားတြင္ေတာ့ ေဝ့႐ူစုန႔္က ရွိေနေသးသလို ခံစားေနရသည္။ ဒါက တကယ္ကိုပဲ_ နံလြန္းတယ္! အိပ္ရာခင္းတစ္စုံလုံးကိုေတာ့ မနက္ျဖန္ၾကရင္ ေလွ်ာ္ပစ္ရမည္ဟု ေရွာင္းန်န္က တိတ္တိတ္ေလး သံႏၷိဌာန္ ခ်လိဳက္ေတာ့သည္။

၁၁ လပိုင္း ၁၁ ရက္ေန႕ကေတာ့ ဒီႏွစ္မွာ ပိတ္ရက္က်တယ္။ တစ္ေယာက္တည္းသမားမွန္း သိသာလွသည့္ အမ်ိဳးသားႏွစ္ေယာက္ကေတာ့ သူတို႔၏အခန္းထဲတြင္ေအာင္းေနၿပီး video ဂိမ္းပဲ ေဆာ့ေနရေလသည္။_ ထိုကဲ့သို႔ တစ္ကိုယ္တည္းသမားမ်ားေလးႏွစ္ေယာက္ခမ်ာ တစ္ေယာက္ႏွင့္ တစ္ေယာက္ တိုက္ပြဲဆင္ႏြဲၾကေနၾကေလရာမွ, နိုးထခ်ိန္တန္ၿပီ ရဲေဘာ္! ငါတို႔ ဒီလိုပုံစံမ်ိဳး ဘာေၾကာင့္ ဆက္လုပ္ေနရမွာလဲ! ငါတို႔ႏွစ္ေယာက္လုံး အေျခအေနတူၾကတယ္ေလ, ငါတို႔ အခ်င္းခ်င္းေတြၾကားမွာ ဘာလို႔တိုက္ခိုက္ေနသင့္မလဲ? ဘာေၾကာင့္မ်ား ငါတို႔ အဲဒီစုံတြဲေတြကို ဆန႔္က်င္မတိုက္ခိုက္ရတာလဲ? ဘာလို႔ ၁၁/၁၁ မွာ ငါတို႔က ေလွာင္ေျပာင္ရယ္ေမာခံရမွာလဲ? စားေသာက္ဆိုင္ေတြကေရာ ဘာေၾကာင့္မ်ား အတြဲေတြအတြက္ပဲ discounts ရွိရတာလဲ?! ငါတို႔ရဲ႕ ညီအကိုသံေယာဇဥ္က ေကာင္းကင္ႀကီးထက္ ျမင့္ၿပီး, ပင္လယ္ႀကီးထက္လည္း နက္ရွိုင္းတယ္ကြ, အျပင္မွာရွိတဲ့ ဒီေသာက္စုံတြဲေတြေၾကာင့္ ငါတို႔ရဲ႕ညီအကိုသံေယာဇဥ္ကို ထိခိုက္ေစလို႔ ျဖစ္ပါ့မလား?

(T/N: ၁၁ လပိုင္း ၁၁ ရက္ေန႕ က တ႐ုတ္ျပည္မွာ Singles' Day အျဖစ္ သိၾကပါတယ္။)

"ဂ်ဴနီယာ, သြားၾကစို႔, ငါတို႔ Mt.Maple ကို ေတာင္တက္သြားၾကရေအာင္!"

"ကြၽန္ေတာ့နဲ႕ ငါးပြဲဆက္တိုက္ရႈံးထားတဲ့ အက်ိဳးဆက္ကို ေရွာင္လႊဲဖို႔ မႀကိဳးစားနဲ႕," ေရွာင္းန်န္ကေတာ့ ေဝ့႐ူစုန႔္ႏွင့္ ေနပါမ်ားလာေသာအခါ တစ္ခါတစ္ရံတြင္ ႐ုပ္တည္ႏွင့္ဟာသေျပာတတ္သည့္အက်င့္မ်ား ရွိလာေလသည္။ "ေက်းဇူးျပဳၿပီး ေယာက္်ားတစ္ေယာက္အေနနဲ႕ ခင္ဗ်ားရဲ႕တာဝန္ယူမႈကို ျပလိုက္စမ္းပါ။"

"ဒါက ဂိမ္းတစ္ခုပဲကို, အေပ်ာ္ေဆာ့တာပဲေလေနာ္," ေဝ့႐ူစုန႔္က ေရွာင္းန်န္၏မ်က္ႏွာကို ဖ်တ္ကနဲ ဆြဲဆိတ္လိုက္ၿပီး "သြားရေအာင္, ငါတို႔ Mt.Maple ကို ေတာင္တက္သြားၾကမယ္, ညကို အဲ့မွာေနမယ္, ၿပီးေတာ့ ေနာက္ေန႕လည္မွာ ၾကက္မီးဖုတ္ သြားစားၾကမယ္ေလ!"

(T/N: သူက kiln-baked chicken လို႔ ေရးထားတာပါ အိုးထဲမွာဖုတ္ထားတဲ့ၾကက္ ဆိုေတာ့ အဆင္ေျပသလို ေရးလိုက္ပါတယ္)

ေဝ့႐ူစုန႔္က အေျပးအလႊား သူ၏အိတ္ကို သြားျပင္ေတာ့သည္။ ေရွာင္းန်န္က ေဝ့႐ူစုန႔္၏ တက္ႂကြမႈကို ျမင္ေသာအခါ ရယ္ေလေတာ့သည္။

"ခင္ဗ်ား ဒါကို ႐ုတ္တရတ္ စီစဥ္လိုက္တာလား?"

"ဘယ္ဟုတ္ပါ့မလဲ။"

ေဝ့႐ူစုန႔္ကို ၾကည့္လွ်င္ စိတ္လိုက္မာန္ပါလုပ္တတ္သည္ဟု ထင္ရေသာ္ျငား အမွန္တကယ္က ထိုကဲ့သို႔ မဟုတ္ေပ။ သူ ခ်မ္႐ႊမ္႐ႊမ္ႏွင့္ တြဲေနတုန္းကဆိုလွ်င္ သူတို႔ေကာလိပ္၏ ေလးႏွစ္တာခရီးစဥ္မ်ားအားလုံးကို သူက အစီအစဥ္ခ်ၿပီးျဖစ္သည္။ ႏွစ္စမွာတည္းကသာ ျပတ္မသြားခဲ့ဘူးဆိုလွ်င္ သူတို႔ႏွစ္ေယာက္၏ ဟန္းနီးမြန္းခရီးအတြက္ပါ သူက စီစဥ္ၿပီးျဖစ္လိမ့္မည္။

"ခရီးက ၂ နာရီ ၾကာလိမ့္မယ္, ေက်ာင္းသားေတြဆိုရင္ ၅၀% ေဈးေလွ်ာ့ေပးတယ္, အခုလို ေအာက္တိုဘာလ ကုန္ခါနီးအခ်ိန္ဆို ေမပယ္႐ြက္ေတြက အနီေရာင္ေျပာင္းေနၿပီ, အခုသြားမယ္ဆိုရင္ ငါတို႔ ေနာက္ဆုံးဘတ္စ္ကားကို မီေလာက္တယ္, ျမန္ျမန္သြက္သြက္ လုပ္ၾကမယ္, ညဘက္ၾကရင္ ငါတို႔ တဲထိုးၿပီး အကင္လုပ္စားလို႔ ရတယ္, ဒါေပမယ့္ မင္းကိုၾကည့္ရတာ နည္းနည္းအားနည္းတဲ့ပုံေပါက္ေတာ့ တကယ္လို႔ ဝံပုေလြတစ္ေကာင္ေကာင္က မင္းကိုစားသြားမယ္ဆို မင္းမိဘေတြကို ငါ ဘယ္လိုျပန္ေျပာရမလဲ မသိဘူး ျဖစ္ေနမယ္, အခုေတာ့ ငါတို႔အခန္းႀကိဳတင္စာရင္းေပးလို႔ မရေလာက္ေတာ့ဘူး, ဒါေပမယ့္ ကိစၥေတာ့မရွိပါဘူး, အဲ့ဒီမွာ အြန္လိုင္းကေန ရွာလို႔မရတဲ့ မိုတယ္အေသးေလးေတြေတာ့ အမ်ားႀကီးရွိတယ္, သူတို႔က ေဈးေတာင္ေပါေသးတယ္, သူတို႔ရဲ႕အခန္းေတြက သိပ္မေကာင္းေပမယ့္ေပါ့ေလ, မင္း ဒီအစီအစဥ္ကို လက္ခံလား မသိဘူး?"

"ကြၽန္ေတာ္ စီနီယာ့စီစဥ္တဲ့အတိုင္းပဲ လုပ္ပါ့မယ္။"

သိပ္ကို ေကာင္းတယ္! ေဝ့႐ူစုန႔္တစ္ေယာက္ အိမ္ေမြးတိရစာၦန္ေလးတစ္ေကာင္ကို လြယ္လြယ္ကူကူ အျပင္ေခၚသြားရသလိုမ်ိဳး ေရွာင္းန်န္က ငအေလးတစ္ေယာက္ကဲ့သို႔ သူ႕ကိုနာခံေနသည္ကို ေတြ႕ေသာအခါ သေဘာအက်ႀကီး က်ေနေလေတာ့၏။

ဒီခရီးမွာ အလြန္ပဲ ႐ုတ္တရတ္ဆန္သြားေလသည္။ တစ္မနက္ခင္းလုံး ဂိမ္းေဆာ့ၿပီးသည့္ေနာက္မွာပဲ သူတို႔က မနက္စာမစားပဲ ဘတ္စ္ကားဂိတ္သို႔ ထြက္သြားေလေတာ့သည္။ ေဝ့႐ူစုန႔္က မုန႔္ဆိုင္ကိုဝင္ၿပီး ေဘာက္ဖက္မုန႔္တစ္လုံး ဝယ္၍ တစ္ကိုက္ကိုက္လိုက္ေလသည္, ၿပီးတဲ့ေနာက္ ေရွာင္းန်န္ကို အရသာျမည္းၾကည့္မလားဟု ေျပာလိုက္ေလ၏။ ေရွာင္းန်န္က ေဝ့႐ူစုန႔္ကိုက္ထားသည့္ဘက္၏ ဆန႔္က်င္ဘက္မွ တစ္ကိုက္ကိုက္လိုက္သည္, သူ ခနေလာက္စဥ္းစားၿပီးတဲ့ေနာက္ ခုနက ကိုက္ထားသည့္ေနရာမွ ဟိုဘက္ထိ အႀကီးႀကီးကိုက္ပစ္လိုက္ေလေတာ့သည္။ ၿပီးတာနဲ႕ သူဝယ္ထားသည့္ေပါင္မုန႔္ကိုေတာ့ ေဝ့႐ူစုန႔္ႏွင့္ မွ်စားေလေတာ့သည္။ ျပည့္အင္သည္ထိ ေဝမွ်စားေသာက္ၿပီးခါမွာေတာ့ ေဝ့႐ူစုန႔္က သူ၏ေန႕လည္ခင္း တေရးအိပ္တတ္သည့္အက်င့္အတိုင္း ေရွာင္းန်န္၏ပခုံးေပၚတြင္ ေခါင္းမွီ၍ အိပ္ေလေတာ့၏။

"ကဲ ခရီးစဥ္ရဲ႕ေခါင္းေဆာင္ အိပ္ေတာ့မယ္, ေက်ာင္းသားေလး န်န္က လမ္းေၾကာင္း စစ္ေဆးထားမယ္။"

"ေကာင္းၿပီ။"

ေဝ့႐ူစုန႔္တစ္ေယာက္ အိပ္ေပ်ာ္သြားသည့္အခါတြင္ေတာ့ ေရွာင္းန်န္က သူ၏ဖုန္းျဖင့္ ဝထၳဳတစ္ပုဒ္ကို စိတ္မပါစြာ ဖတ္ေနေလသည္။ သူနည္းနည္း ၿငီးေငြ႕လာသည့္အခါမွာေတာ့ သူ၏ Social media အေကာင့္ကို ဖြင့္ေလေတာ့သည္။ ေရွာင္းန်န္၏အေကာင့္ထဲတြင္ေတာ့ notifications မ်ားစြာျဖင့္ ျပည့္ႏွက္ေနေသာ္လည္း သူက ထို႔ကဲ့သို႔ မဖတ္ရေသးသည့္ အေၾကာင္းၾကားခ်က္ ေျမာက္မ်ားစြာကို စိတ္အေႏွာင့္အယွက္မျဖစ္ေလဘူး။ သူက ရံဖန္ရံခါမွ်သာ အြန္လိုင္းတြင္ စကားေျပာတတ္ၿပီး သူ႕စိတ္ထဲတြင္ေတာ့ အမွန္တကယ္အေရးႀကီးကိစၥရွိသူမ်ားဆိုလွ်င္ သူ႕ကို ဖုန္းေခၚ၍သာ ေျပာလိမ့္မည္ဟု ေတြးမိေသာေၾကာင့္ ျဖစ္သည္။

ေရွာင္းန်န္က သူ အလြန႔္အလြန္ ပ်င္းရိၿငီးေငြ႕လာသည့္အခါမွသာ သူ၏ notifications မ်ားကို စတင္ရွင္းလင္းေပလိမ့္မည္။ သူက သူ၏ Weibo ကို ဖြင့္လိုက္သည့္အခါမွာေတာ့ Like တစ္ေသာင္းေက်ာ္ေလာက္ႏွင့္ comment တစ္ေသာင္းေက်ာ္ေလာက္ရယ္ အားေပးသူ သုံးေသာင္းေလာက္ကို ေတြ႕လိုက္ရေတာ့၏။ ဒီရလဒ္ကေတာ့ ေရွ႕ပိုင္းတုန္းက ေဝ့႐ူစုန႔္ႏွင့္ သူ၏ဆက္ဆံေရးကို ေျဖရွင္းခ်က္ေပးရန္ တင္လိုက္သည့္ပုံေၾကာင့္ပင္ ျဖစ္သည္။

သူ၏ ပရိတ္သတ္မ်ားကိုေတာ့ ၃မ်ိဳး ခြဲျခားနိုင္သည္။ "မင္းတို႔က အတြဲေတြလား" ဆိုသည့္ အတြဲအုပ္စုရယ္, "မင္း ခုထိ ရည္းစားရွာေနတုန္းပဲမလား" ဆိုသည့္ မိန္းကေလးမ်ား အုပ္စုရယ္, ၿပီးေတာ့ "ဂုဏ္ယူပါတယ္" ဆိုသည့္ မယုံသကၤာ အုပ္စုရယ္ပဲ ျဖစ္သည္။ ထိုသို႔ မ်ားျပားလွေသာ မွတ္ခ်က္မ်ားကို အေၾကာင္းျပန္ဖို႔ရန္ ေရွာင္းန်န္က မၿငီးေငြ႕ေလဘူး, သူက ဖုန္းကင္မရာကို ဖြင့္လိုက္ေလသည္, အလင္းေရာင္မွာ သူႏွင့္ေဝ့႐ူစုန႔္ ႏွစ္ဦးလုံးအေပၚကို ျဖာက်ေနၿပီး လုံးဝၿပီးျပည့္စုံေနသည္မွာ ထင္ရွားလွသည္။ သူတို႔ႏွစ္ေယာက္၏ ပုံကို သူက Selfie ရိုက္ယူလိုက္ေလေတာ့၏။

ေရွာင္းန်န္၏ မ်က္ႏွာမွာ တစ္ခုလုံးကို ျမင္ေနရေသာ္လည္း ေနေရာင္မွာ စူးရွလွရာ သူ႕ကို ၾကည့္ရသည္မွာ ျဖဴလြန္းေနၿပီး သူတို႔၏ မ်က္ႏွာမ်ားကို ထင္ထင္ရွားရွား မျမင္ရေလဘူး, ေဝ့႐ူစုန႔္မွာ ေရွာင္းန်န္၏ပခုံးေပၚတြင္ ႏူးညံ့သိမ္ေမြ႕စြာျဖင့္ မွီၿပီး အိပ္ေပ်ာ္ေနေလရာ ဒီဓာတ္ပုံကို ျမင္လိုက္ရသူတိုင္းကေတာ့ သူတို႔၏ ႏွလုံးခုန္သံမ်ားမွာ ျမန္လာၿပီး မ်က္ႏွာမ်ားပါ နီရဲလာေပလိမ့္မည္။ ခနေလာက္ စဥ္းစားၿပီးသည့္ေနာက္ေတာ့ ေရွာင္းန်န္က ဓာတ္ပုံတြင္ "zzz" ဆိုသည့္ caption ကို အိပ္ေပ်ာ္ေနသည့္ ေဝ့႐ူစုန႔္အား ရည္ၫႊန္းၿပီး တင္လိုက္‌ေလေတာ့၏။

အဲ့ဒီဓာတ္ပုံေပၚမွာ လူေတြက ခ်က္ခ်င္းပဲ Likes မ်ား ႏွင့္ comments မ်ား ေပးကုန္ေတာ့သည္။

_ အားးးးးးးးးးးးးး သူက ေနာက္ဆုံးေတာ့ ပို႔စ္တင္ၿပီကြ!!!

_ ???? ငါ ဘယ္တုန္းက ဒီလူကို follow လိုက္တာပါလိမ့္???

_ မင္းက ခုထိေဂးမဟုတ္ဘူး ေျပာေနတုန္းပဲလား!! ဆိုးလိုက္တာ!! မင္းရဲ႕ PDA ကိုေတာ့ ၁၁/၁၁ မွာ လာႂကြားေနၿပီးေတာ့!!

_ ဟားဟား ဟားဟား မင္းဘာလို႔ စီနီယာငေၾကာင္ေလးကို ႀကိမ္းေမာင္းေနရတာလဲ? ဒါက တိရစာၦန္ နာမည္ႀကီးလားဟင္?

"..."

(T/N: PDA = Public Display of Affection/ အခ်စ္ေတြကို လူျမင္ကြင္းမွာ ျပသျခင္းေပါ့။ PDA ကို အဓိပၸာယ္ဖြင့္ထားတာကေတာ့ စုံတြဲေတြရဲ႕ လူျမင္ကြင္းမွာ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈျဖစ္ၿပီး လက္ကိုင္ျခင္း, နမ္းျခင္း, ေပြ႕ဖက္ျခင္းနဲ႕ တစ္ျခားေသာ ထိေတြ႕မႈမ်ား ပါဝင္ပါသည္တဲ့။။)

ထိုသို႔ ထူးဆန္းလွေသာ မွတ္ခ်က္မ်ားအားလုံးကို ေရွာင္းန်န္ျမင္လွ်င္ေတာ့ တုံ႕ျပန္မႈမရွိ တိတ္ဆိတ္ေနနိုင္ေလာက္ေပမယ့္ ေဝ့႐ူစုန႔္သာ ျမင္လွ်င္ေတာ့ ငိုခ်င္းခ်လိမ့္မည္ ျဖစ္သည္။ သူက weibo ကို ဖြင့္ရမွာ ပ်င္းလြန္းၿပီး notifications မ်ားကို ရွင္းရမွာလည္း ပ်င္းသည္ေလ။

Mt.Maple မွာ သိပ္ၿပီးမျမင့္ေပ, ေရွာင္းန်န္ႏွင့္ ေဝ့႐ူစုန႔္တို႔ႏွစ္ေယာက္မွာ ၂ နာရီေက်ာ္ခန႔္ ေလွ်ာက္ၿပီးေနာက္ေတာ့ ေတာင္ထိပ္သို႔ ေရာက္သြားေတာ့သည္။ ေနဝင္ေတာ့မည္မို႔ ပတ္ဝန္းက်င္တစ္ခြင္လုံးမွာ ရဲရဲေတာက္ေနေလ၏, ေဝ့႐ူစုန႔္ကေတာ့ သူ၏ခႏၶာကိုယ္ရွိ နာက်င္ကိုက္ခဲမႈမ်ားမွာ လြင့္စင္သြားသလို ခံစားလိုက္ရၿပီး သူက လက္ကို ဆန႔္ထုတ္၍ " ခ်စ္လွစြာေသာ ကိုယ္လုပ္ေတာ္ေလးေရ ဒါကေတာ့ မင္းအတြက္ ကိုယ္သိမ္းပိုက္ထားတဲ့ နယ္ေျမေတြပါ" ဆိုသည့္ ကိုယ္ဟန္အေနအထား(pose)မ်ိဳးလုပ္၍ ေရွာင္းန်န္ကို ေအာ္ေခၚေလေတာ့သည္။

"လာခဲ့, ဂ်ဴနီယာေရ, ငါ အခု မုဒ္ဝင္ေနတယ္, ျမန္ျမန္ ငါ့ကို ဓာတ္ပုံလာရိုက္ေပး!"

ေရွာင္းန်န္တစ္ေယာက္ " ခ်စ္လွစြာေသာ ကိုယ္လုပ္ေတာ္ေလးေရ ဒါကေတာ့ မင္းအတြက္ ကိုယ္သိမ္းပိုက္ထားတဲ့ နယ္ေျမေတြပါ" ပို႔စ္*, "ကိုယ္မင္းအတြက္ ဒီသခြားေမႊးသီးေတြကို ၂ ေဒၚလာတည္းနဲ႕ ဝယ္လာတယ္" ပို႔စ္**, "ငါသာ ေျဖာင့္ေျဖာင့္တန္းတန္း မတ္မတ္ရပ္ေနမယ္ဆိုရင္ ဘယ္ေတာ့မွ ေကြးမွာမဟုတ္ဘူး" ပို႔စ္*** ႏွင့္ အရင္က မျမင္ဖူးခဲ့သည့္ ပို႔စ္ေပါင္း ေျမာက္ျမားစြာကို ရိုက္ေပးလိုက္ရေလသည္။ အမူအရာမ်ိဳးစုံကို ေပးၿပီးေနာက္ေတာ့ ေဝ့႐ူစုန႔္က ေပ်ာ္႐ႊင္စြာနဲ႕ ေရွာင္းန်န္ဆီလွမ္းလာလို႔ ပုံေတြကို ၾကည့္ၿပီး ေက်နပ္စြာႏွင့္ ေခါင္းတညိတ္ညိတ္ ျဖစ္ေနေလေတာ့၏။

"မဆိုးဘူး, မဆိုးဘူး, ဂ်ဴနီယာရဲ႕ ဓာတ္ပုံရိုက္တဲ့စြမ္းရည္က အရမ္းမိုက္တာပဲ! လာခဲ့, ငါ မင္းကို ဓာတ္ပုံရိုက္ေပးရမယ့္အလွည့္ပဲ။"

"ကြၽန္ေတာ္က ရၿပီ။"

"ငါတို႔ ဒီလိုလုပ္လို႔ ဘယ္ျဖစ္မလဲ?" ေဝ့႐ူစုန႔္က ေရွာင္းန်န္ကို ကင္မရာေရွ႕ တြန္းလႊတ္လိုက္ၿပီး "လာ, ျမန္ျမန္ေလး, ငါ ရိုက္ေတာ့မယ္။"

ကင္မရာေရွ႕ေရာက္သည္ႏွင့္ ေရွာင္းန်န္၏မုဒ္က ေျပာင္းသြားေတာ့သည္။ သူက ပူပင္ေၾကာင့္ၾကကင္းစြာ ႏုနယ္ရိုးသားပုံေလးျဖင့္ သဘာဝဆန္ဆန္ သြယ္လ်လွပေနေလ၏။ အနည္းငယ္ေလာက္ ရိုက္ၿပီးသည့္အခါမွာေတာ့ ေဝ့႐ူစုန႔္တစ္ေယာက္ မနာလိုျဖစ္လာေလေတာ့သည္။

"ဂ်ဴနီယာ, မင္းက ဘာလို႔ ဒီေလာက္ေတာင္ ဓာတ္ပုံစားရတာလဲ? ငါ့ကို အမွန္အတိုင္းေျပာစမ္းပါ, မင္း မီလန္(Milan)မွာ ဖက္ရွင္ရွိုး ေလွ်ာက္ဖူးတယ္မလား?"

"ကြၽန္ေတာ္က အဲ့ေလာက္ အထင္ႀကီးစရာမဟုတ္ပါဘူး," ေရွာင္းန်န္က အနည္းငယ္ ႏွိမ့္ခ်၍ ထိန္းကာေျပာလိုက္သည္။ "ကြၽန္ေတာ္ ေမာ္ဒယ္လုပ္ဖူးတယ္, ဒါေပမယ့္ အဲဒါက ေကာလိပ္မတက္ခင္တုန္းကပါ။"

ေကာင္းၿပီေလ, ေဝ့႐ူစုန႔္က သူရိုက္ေပးထားသည့္ ေရွာင္းန်န္၏ပုံမ်ားကို ၾကည့္လိုက္သည္, ထို႔ေနာက္ ေရွာင္းန်န္ရိုက္ေပးထားသည့္ သူ၏ပုံမ်ားကို တစ္ခ်က္ၾကည့္လိုက္သည္, ၿပီးတာနဲ႕ အရွက္မရွိ ေရွာင္းန်န္ကို အျပစ္တင္ေတာ့သည္။

"မင္းဘာလို႔ ဒီလို ပုံဆိုးပန္းဆိုးပို႔စ္ေတြ ရိုက္ေပးရတာလဲ?"

"...."

ေတာင္ထိပ္တြင္ အကင္(BBQ)စားၿပီးေနာက္ ျမန္ျမန္ဆန္ဆန္ပဲ ေတာင္ေပၚမွ ဆင္းလာေတာ့သည္။ အနီးပတ္ဝန္းက်င္တစ္ဝိုက္ကို ရွာေဖြၿပီးသည့္ေနာက္ေတာ့ အခန္းမ်ားအားလုံးမွာ လူျပည့္ေနၿပီးျဖစ္သည္ကို သူတို႔ေတြ႕လိုက္ရေလ၏။

"ေနာက္ဆုံးေတာ့ ဒါက Singles' Day ပဲေလ, အျပာေရာင္ အခ်စ္ညေတြကို ျဖတ္သန္းဖို႔ အခြင့္အေရးကို စုံတြဲမ်ားက သိမ္းပိုက္ထားေလၿပီ, ေဝ့႐ူစုန႔္တစ္ေယာက္ ဒါနဲ႕ပတ္သက္ၿပီး မေတြးတတ္ေတာ့ဘူး, မႏွစ္တုန္းကေတာင္ အခန္းေတြက ဒီေလာက္ေပၚျပဴလာမျဖစ္တာ ေသခ်ာသည္, ဒီေခတ္လူမ်ားကေတာ့ အက်င့္စာရိတၱမ်ား ပ်က္စီးေနတာ အမွန္အကန္ပဲ...."

မိုတယ္ ၄,၅ ခုေလာက္ကို ရွာေဖြၿပီးသည့္ေနာက္ေတာ့ အားလုံးမွာ လူျပည့္ေနေလၿပီ, ဧည့္ႀကိဳစာေရးမတစ္ေယာက္ကဆိုလွ်င္ ေဝ့႐ူစုန႔္ကို အထက္စီးဆန္ဆန္ ေလွာင္ေျပာင္သေရာ္လိုက္ေသးသည္။

"ဒီလိုအခ်ိန္မွာ အခန္းလိုခ်င္ေနရင္ အိမ္မက္သာ မက္လိုက္ေတာ့။"

ေဝ့႐ူစုန႔္တစ္ေယာက္ လမ္းေပၚတြင္ သူ၏အိတ္ကိုဆြဲၿပီး ေရွာင္းန်န္ႏွင့္အတူ စိတ္ဓာတ္က်စြာ ဝမ္းနည္းမႈအျပည့္ႏွင့္ ေလွ်ာက္ေနေလသည္။ သို႔ေသာ္လည္း ေရွာင္းန်န္ကေတာ့ အဓိပၸာယ္ေဖာ္မရသည့္ ခံစားခ်က္ႏွင့္ပင္ သူ၏ေနာက္မွ ေလွ်ာက္လိုက္ေနေလ၏။

"ေတာင္းပန္ပါတယ္, ဂ်ဴနီယာ။"

"ဟမ္?"

"ေနဖို႔ေနရာရွာမရတဲ့ ျပႆနာက ငါ့အမွားပါ, ငါက စိတ္ျမန္လက္ျမန္လုပ္လြန္းတယ္, တကယ္လို႔ တစ္ျခားေျဖရွင္းစရာနည္းမရွိရင္ ငါတို႔ KFC မွာပဲ ညကို ေနၾကတာေပါ့...."

"ေကာင္းၿပီေလ။"

ၾကည့္ရသည္မွာ ေကာင္းကင္ဘုံက ေရွာင္းန်န္ကို KFC မွာ အိပ္ၿပီး အႏၲရာယ္ျဖစ္မည္ကို စိုးရိမ္ပုံရသည္, သူတို႔ႏွစ္ေယာက္ ေမွာင္ေမွာင္မဲမဲ လမ္းၾကားတစ္ခုတြင္ တည္းခိုခန္းေသးေသးတစ္ခုကို ရွာေတြ႕သြားေတာ့သည္။ အဝင္လမ္းမွာ ေမွာင္မဲေနၿပီး ဧည့္ႀကိဳစာေရးမကလည္း မိတ္ကပ္ထူလျပစ္ ေရေမႊးနံ႕တေထာင္းေထာင္းႏွင့္ မိန္းမႀကီးတစ္ေယာက္ျဖစ္ေလသည္။

"တစ္ႀကိမ္ ၁၀၀, တစ္ညကို ၃၀၀"

"...." တစ္ႀကိမ္ ေဝ့႐ူစုန႔္က နားလည္သြားေတာ့သည္။ "အာ မဟုတ္ဘူး, ကြၽန္ေတာ္တို႔က တစ္ညပဲ ေနခ်င္တာ။"

မိန္းမႀကီးက ေရွာင္းန်န္ႏွင့္ ေဝ့႐ူစုန႔္ကို တစ္ခ်က္ၾကည့္လိုက္ေလသည္။ သူမ၏မ်က္ခြံေပၚတြင္ေတာ့ ပန္းေရာင္ အိုင္းရွဲဒိုးမ်ားက ထူျပစ္ေနၿပီး ေရွာင္းန်န္ကို မေနနိုင္စြာျဖင့္ ခပ္ၾကာၾကာစိုက္ၾကည့္လိုက္ေသးသည္။

"တစ္ညလုံးဆိုရင္ ၂၀၀, condoms(ကြန္ဒုံး) နဲ႕ sex toys ေတြကေတာ့ အခမဲ့မရဘူး, မင္းတို႔ အနည္းဆုံး ၁၀ ေဒၚလာေပးရမယ္" 😱

"ဟုတ္ကဲ့ တစ္ညေန႐ုံပဲ။"

"မင္းတို႔အနည္းဆုံး ၁၀ ေဒၚလာ ေပးရမယ္," အမ်ိဳးသမီးႀကီးက ေကာင္တာေပၚကို ဘူးတစ္ဘူးကို ပစ္ခ်လိဳက္ေတာ့သည္, အဲ့ဒီထဲမွာေတာ့ condoms မ်ိဳးစုံက ရွိေနေလသည္။ "ပုံမွန္(normal) တစ္ခုကို ၁၀ ေဒၚလာ, (extra-thin)ပိုပါးတာက ၁၃, Ribbed က တစ္ခုကို ၁၅"

(T/N: Ribbed က အဖုအထစ္ေတြ ပါတာပါ။ သနားစရာ အပ်ိဳႀကီးခမ်ာ ဒီအ႐ြယ္ႀကီးမွ မ်က္ႏွာပူပူနဲ႕ ဒါေတြကို google မွာ လိုက္ရွာေနရရွာ။ 😰)

ေဝ့႐ူစုန႔္၏မ်က္ႏွာက အျဖဴေရာင္ေျပာင္းသြားေတာ့သည္, သူ ေနာက္ဆုံးမွာေတာ့ မ်က္လုံးကို စုံမွိတ္၍ ပုံမွန္ စေတာ္ဘယ္ရီအရသာ တစ္ခုကိုယူ၍ အမ်ိဳးသမီးႀကီးလက္ထဲ ေပးလိုက္ရေတာ့သည္။ သူမက အဲဒါကို ရသည့္အခါ ေအာင့္မထားနိုင္ေတာ့ပဲ ရယ္ေလေတာ့၏။ ဒုတိယတစ္ခုကိုလည္း ေရွာင္းန်န္က ပုံမွန္ စေတာ္ဘယ္ရီအရသာ တစ္ခုကို ေကာက္ယူလိုက္ေတာ့သည္, ေဝ့႐ူစုန႔္က သေဘာမေပါက္သလို ျဖစ္သြားၿပီး

"ကြာျခားခ်က္က ဘာလဲဟင္?"

"S က ေသးလြန္းတယ္, ကြၽန္ေတာ္က XL သုံးတာ။" 😂

ေဝ့႐ူစုန႔္၏ ေနာက္ပိုင္းေလးကေတာ့ ႐ုတ္တရတ္က်ဴံ႕သြားေလေတာ့၏။ သူလည္းပဲ သူ႕ရဲ႕ေနာက္ပိုင္းက ဘာေၾကာင့္ တင္းက်ပ္သြားမွန္း နားမလည္ဘူးဟု စဥ္းစားေနတုန္းမွာပဲ စေတာ္ဘယ္ရီအရသာ XL ဆိုဒ္ တစ္ခုႏွင့္ normal ဆိုဒ္တစ္ခုကို ေကာက္ယူၿပီး ပိုက္ဆံရွင္းလာသည့္ ေရွာင္းန်န္၏ အခန္းသြားၾကည့္ဖို႔ရန္ တြန္းလႊတ္ျခင္းကို ခံလိုက္ရေလေတာ့၏။

_____________^မမ္မို^____________

Next: What to Do, We Tried to Moan Louder Than The Neighbour Only to Find Out That He Was My Classmate 😝

မမ္မို : စုန႔္စုန႔္ရဲ႕ ပို႔စ္ ေတြအေၾကာင္းကို ကိုယ္ထင္တာေလး ရွင္းျပမလို႔ပါ။ အကယ္၍ တစ္ခ်ိဳ႕ေနရာမ်ားတြင္ ေရးထားသည့္ အသုံးအႏႈန္းမ်ားႏွင့္ ပတ္သက္ၿပီး သိသူမ်ားရွိလို႔ ကိုယ္မွားေနတာကို ေထာက္ျပေပးရင္ စိတ္မဆိုးပဲ ေက်းဇူးတင္မွာပါ။ အဲ့ဒီမွာ ၾကယ္ေလးေတြျပထားတဲ့အတိုင္းပဲ ပထမဆုံးပို႔စ္(*)က လက္ဖဝါးႏွစ္ဘက္ကို ျဖန႔္ၿပီး ေနာက္ကရႈခင္းကို ျပတဲ့ပုံမ်ိဳးလို႔ ထင္ပါတယ္။ ဒုတိယတစ္ခု(**)က လက္ညွိုးႏွစ္ေခ်ာင္းေထာင္တာလို႔ ထင္ပါတယ္။ တတိယတစ္ခု(***)က ခါးေထာက္ၿပီး မတ္မတ္ရပ္ေနတာလို႔ ထင္ပါတယ္။ ဒါနဲ႕ စကားမစပ္, ႏွစ္ေယာက္သား သိသိသာသာေရာ မသိမသာေရာ ရိုလာၾကတယ္ေနာ္။ ေနာက္အခန္းေတြၾကရင္ ကလိ ကလိ ျဖစ္ေအာင္ ပိုၿပီး လုပ္ၾကအုံးမယ့္သူ ႏွစ္ေယာက္ပါေနာ္။
======================
kiln-baked chicken

ဘောက်ဖက်ပေါင်မုန့်

Continue Reading

You'll Also Like

362K 53.2K 76
အခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင...
402K 38.9K 32
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
28.6K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
261K 22.3K 72
Unicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်...