《Zawgyi》
အပိုင္း - ၃၈ [ဧည့္ခံပြဲ - ၃]
ခ်န္းစီႏ်န္စိတ္ထဲတြင္ ၾကာရွည္စြဲျမဲေနခဲ့သည့္ သူမ၏ ေနာက္ဆံုး မ်က္ႏွာအမူအယာမွာ သူမႏွင့္ မေမၽွာ္လင့္ပဲ ေလွကားထိပ္တြင္ ေတြ႕ဆံုခဲ့သည့္ အခ်ိန္ကပင္ ျဖစ္သည္။သူမ၏ မ်က္ဝန္းေလးေတြမွာ အလြန္ေတာက္ပေနၿပီး ႏွစ္လိုဖြယ္ေကာင္းစြာ ဆြဲေဆာင္မႈ ရွိေနခဲ့လ်က္ ထိုမ်က္ဝန္းတို႔၏ ေနာက္ကြယ္တြင္ သနားဂရုဏာသက္ခ်င္စဖြယ္ ခံစားခ်က္တို႔ က်ိန္းေသေပါက္ ပုန္းကြယ္ခိုဝင္ေနခဲ့ေလသည္။ သူ ထိုမ်က္ဝန္းေတြအား အခု ထပ္မေတြ႕ရေတာ့ပဲ ခ်င္းစုယြဲ႕၏ မ်က္ဝန္းေတြထဲတြင္ ရွိေနသည္မွာ မရႊင္မပ်ျဖစ္မႈ တစ္ခုထဲသာလၽွင္ ျဖစ္ေလ၏။
ခ်န္းစီႏ်န္က သူမ၏ မ်က္ဝန္းအနားသတ္ေလးေတြအား စိုက္ၾကည့္လိုက္ရင္း သံုးသပ္လိုက္သည္ "မင္းက မင္းမ်က္ဝန္းေတြကို ေကာင္းေကာင္း မလုပ္ခဲ့ဘူး"
ခ်င္းစုယြဲ႕က သူေျပာလိုက္သည္မွာ သူမရဲ႕ မ်က္ဝန္းေတြအေၾကာင္း ေျပာတာလား သူမရဲ႕မိတ္ကပ္ကို ၾကည့္မေကာင္းဘူးဟု ေျပာတာလားဆိုတာ ေသခ်ာသဲသဲကြဲကြဲ မသိခဲ့ပဲ အထင္လြဲကာ ျပန္ေခ်ပေတာ့သည္ "ၾကည့္ေကာင္းလား မေကာင္းလား ကၽြန္မ ဂရုမစိုက္ဘူး ... ဒါ့အျပင္ ရွင့္ကို ျမင္ေစခ်င္လြန္းလို႔ ျပင္လာတာလည္း မဟုတ္ပါဘူးေနာ္"
ဟမ့္! အရမ္းေကာင္းတာပဲ! သူ ဒီေနရာကို လာတာက ငါ ၾကည့္ေကာင္းမေကာင္း ေဝဖန္အျပစ္ရွာဖို႔ လာခဲ့တာလား?
ခ်င္းကြမ္းခ်န္ ပထမဆံုး သူမကို ျမင္တုန္းကေတာ့ သူမကိုလွတယ္ေျပာၿပီး ခ်ီးမြမ္းခဲ့ေလသည္။ ဒီလူသားက ေတာ္ေတာ္ဂ်ီးမ်ားတာပဲ သူမ သူ႔အၾကည့္နဲ႔တင္ကို ခံစားလို႔ရသည္။
ခ်င္းစုယြဲ႕က သူမကိုယ္သူမ ႏွစ္သိမ့္လိုက္ၿပီးေနာက္ ထပ္ၿပီးေတာ့ စိတ္ထဲမထားေတာ့ေပ။ တစ္ကယ္ေတာ့ ခ်န္းစီႏ်န္ သူမကို လွတယ္ေတြးေတြး မလွဘူးေတြးေတြး ဘာမွမထူးေပ။ သူ ရွန္ဝမ္းယန္႔ကိုပဲ လွတယ္လို႔ ေတြးေနသေရြ႕ေတာ့ ဒါက ေျဖသိမ့္လို႔ရပါသည္။
ခ်န္းစီႏ်န္၏ အၾကည့္မွာ သူမရဲ႕ မ်က္ႏွာေလးထက္ကေန ႏွင္းလို ျဖဴေဖြးေနေသာပုခံုးသားေတြ ... သူမရဲ႕ လွပတဲ့ ညႇပ္ရိုးေတြအထိ အလိုအေလ်ာက္ပင္ ေအာက္သို႔ နိမ့္ဆင္းသြားသည္။ ဒီထပ္ပိုနိမ့္ဆင္းမိလၽွင္ သူမ၏ ရင္ဘတ္ၾကားေနရာသို႔ပင္ သူ ျမင္ႏိုင္ေတာ့မည္ ျဖစ္သည္။
ထိုျမင္ကြင္းမွာ သူ႔အား မူးေမ့ သတိလစ္ခ်င္စရာ အက်ိဳးသက္ေရာက္ေစႏိုင္တာကို ခ်န္းစီႏ်န္က ခံစားသိရွိလိုက္သျဖင့္ သူ႔မ်က္ဝန္းေတြအား တြန္႔ဆုတ္ဆုတ္ျဖင့္ အၾကည့္လႊဲလိုက္ရေပ၏။
သူ ကေမာက္ကမျဖင့္ အၾကည့္လႊဲလိုက္သည္ကို ခ်င္းစုယြဲ႕က ျပန္လည္ေခ်ပဖို႔ ျပင္လိုက္သည္။ သူမ ထင္မိသည္က သူက ေနာက္ဆံုးမွာ သူ မွားယြင္းစြာ ေျပာခဲ့တယ္ဆိုတာကို နာလည္သေဘာေပါက္သြားၿပီဟူ၍ ထင္မိၿပီး ဆူပူခ်င္ေနမိေသာ္လည္း သူက ေအးစက္စက္ျဖင့္ .. "မတ္တပ္ရပ္ေန"
"ဘာႀကီးရယ္?"
ခ်င္းစုယြဲ႕က နားမလည္ေပ။ ခ်န္းစီႏ်န္မွာ ခ်င္းစုယြဲ႕ရဲ႕ ရင္ဘတ္ကို ၾကည့္သည္ဆိုတာကို ရည္ရြယ္ၿပီး ေျပာျပေပးရန္အတြက္ ေနာက္တစ္ႀကိမ္ အၾကည့္ျပန္ေရႊ႕လိုက္ရသည္။ ခ်င္းစုယြဲ႕၏ တံု႔ျပန္မႈကေတာ့ အနည္းငယ္ တံု႔ေႏွးေလသည္။ သူမက သူၾကည့္ျပသည့္အတိုင္း သူမ၏ေခါင္းကို ငံု႔ကာၾကည့္မိလိုက္တဲ့အခါမွ ေနာက္ဆံုးေတာ့ သူမ သေဘာေပါက္သြားၿပီး မတ္တပ္ရပ္လိုက္ေလသည္။
"ရွင္ ႏွာဘူးေကာင္!" သူမက ေဒါသတႀကီးႏွင့္ ရုတ္တရက္ ေျပာလိုက္သည္။
ခ်န္းစီႏ်န္က ႏႈတ္ခမ္းကို တြန္႔ေကြးလိုက္ၿပီး သေရာ္လိုက္သည္ "ေသခ်ာ သတိမမူပဲေနခဲ့တဲ့သူက မင္းေလ ... ဘာလို႔ ကိုယ့္ကို လာအျပစ္တင္ေနတာလဲ?"
"ရွင္တစ္ေယာက္ပဲ အဲဒီေနရာကို ၾကည့္တာ"
"မင္းသာ ဒီလို မဝတ္ထားရင္ ဘယ္သူက ၾကည့္ႏိုင္လိမ့္မွာလဲ?"
"ခ်န္းစီႏ်န္ .. ရွင္ စကားကို ကပ္သပ္မေျပာနဲ႔"
"မင္း___"
"ရွင္တို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ သိၾကတာလား?" သူတို႔ႏွစ္ေယာက္ ျငင္းခံု စကားမ်ားေနၾကသည္ကို သာယာေသာ မိန္းကေလးအသံတစ္သံက ၾကားက ဝင္ျဖတ္လိုက္သည္။
ခ်င္းစုယြဲ႕မွာ ခ်န္းစီႏ်န္အား အာရံုစိုက္ေပးဖို႔ရန္အတြက္ အရမ္းကို ပင္ပန္းေနၿပီ ျဖစ္ေလသည္။ အဲ့တာေၾကာင့္မို႔ အသံလာရာကိုသာ လွည့္ၾကည့္လိုက္ေတာ့ ဆံပင္ကို လွိုင္းတြန္႔သဏၭာန္ ေကာက္ထားသည့္ လွပေသာ မိန္းကေလးတစ္ေယာက္အား ျမင္ေတြ႕လိုက္၏။ ထိုမိန္းကေလးမွာ ႏုနယ္လွပေသာ စကပ္အတိုအား ဆင္ျမန္ထားလ်က္ ခ်န္းစီႏ်န္ထံသို႔ စိတ္အားထက္သန္စြာ ငံ့လင့္ေမၽွာ္ၾကည့္ေနေလသည္။
ခ်င္းစုယြဲ႕က သူမကို ေစာနတုန္းက ျမင္ခဲ့ဖူးသည္။ သူမမွာ ေမြးေန႔ရွင္ရဲ႕ ေျမးမတစ္ဦး ျဖစ္မည္ထင္သည္။ သူမထက္ ႏွစ္အနည္းငယ္ေလာက္ ႀကီးမည္ထင္ရၿပီး လွပသိမ္ေမြ႕ကာ ႏွစ္လိုဖြယ္ သာယာေသာ အသံကို ပိုင္ဆိုင္ေလ၏။
ခ်င္းစုယြဲ႕က သူမကို အနည္းငယ္ေလာက္ ထပ္ၾကည့္ၿပီးသြားေတာ့ ခ်န္းစီႏ်န္ကို ျပံဳးျပလိုက္သည္။ သူမ၏ မ်က္ဝန္းေတြက ေျပာေနသည္မွာ 'ၾကည့္လိုက္! ၾကည့္လိုက္လို႔! ရွင့္ရဲ႕ မက္မြန္ပန္းေလးက ဒီမွာ ေရာက္ေနၿပီေလ"
သူမ်ားရဲ႕ကံေခမႈကို အတည္ျပဳၿပီးသြားသည့္ေနာက္ ေပ်ာ္ရႊင္မႈေတြျဖင့္ ျပည့္ႏွက္လို႔ေနသည့္ သူမ၏အၾကည့္ကို ခ်န္းစီႏ်န္က နားလည္ေလသည္။ မေမၽွာ္လင့္ပဲ ေရာက္လာေသာ ဧည့္သည္အား သူ လွည့္ေတာင္ မၾကည့္ခဲ့ေပ။ သူက ရုတ္တရက္ ဆြဲေဆာင္မႈရွိစြာ ျပံဳးလိုက္ကာ ခ်င္းစုယြဲ႕အား သူ႔လက္ေမာင္းေတြၾကားသို႔ေရာက္ေအာင္ ဆြဲယူလိုက္ေတာ့၏။
ခ်င္းစုယြဲ႕မွာ သူမ၏ခါးေလး သူ႔လက္ထဲတြင္ ရင္းႏွီးေႏြးေထြးစြာ ေပြ႕ဖက္ခံလိုက္ရသည္ကို ခံစားလိုက္ရသျဖင့္ ထိတ္လန္႔သြားမိသည္။
ထိုအခ်ိန္တြင္ သူမ ခလုတ္တိုက္မိသြားၿပီး သူ႔ရင္ခြင္ထဲသို႔ သူမကိုယ္တိုင္ ခိုဝင္မိသလို ျဖစ္သြားခဲ့ေလ၏။
ခ်င္းစုယြဲ႕မွာ စိတ္ရႈပ္သြားမိသည္။
ဟဲ့ ေပါက္တတ္ကရ! ခ်န္းစီႏ်န္ ရွင္ဘာေတြျဖစ္ေနတာလဲ! ရွင့္ေၾကာင့္ ကၽြန္မဂါဝန္စကိုေတာင္ တက္နင္းမိသြားၿပီ!
သူ၏ ေပြ႕ဖက္မႈၾကားတြင္ သူမမွာ နစ္ျမဳပ္ေနရၿပီး ခ်န္းစီႏ်န္က ဒီအခြင့္အေရးကို အသံုးခ်ကာ သူမ ထြက္သြားျခင္းကေန ကာကြယ္ဖို႔အတြက္ သူ႔လက္တစ္ဖက္ကို သူမ၏ေခါင္းေလးထက္သို႔ပင္ တင္ထားလိုက္၏။ သူက ျပံဳးလိုက္ကာ သူမကို ေခ်ာ့ေလသည္ "အခုေတာ့ လိမ္လိမ္မာမာ ေနပါကြာ ... မင္းအျပစ္ေပးခ်င္တယ္ဆိုရင္လည္း ကိုယ္တို႔ အိမ္ျပန္ေရာက္တဲ့အခါ ကိုယ္ေသခ်ာေလ့လာၿပီးမွ အိပ္မယ္ေနာ္"
ရွင္ လူယုတ္မာ! ျပႆနာတစ္ခု ထပ္ရွာလိုက္ျပန္ၿပီ!
ခ်င္းစုယြဲ႕မွာ ထိုအေတြးေတြအား အက်ယ္ႀကီးကို ေအာ္ဟစ္မိခ်င္ေလသည္။
တစ္ဖက္က မိန္းကေလးမွာေတာ့ ဒီျမင္ကြင္းေၾကာင့္ မူးေမ့သတိလစ္မတတ္ ျဖစ္သြားသည္။ ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕အား ေပြ႕ဖက္၍တစ္ဝက္ သယ္ေဆာင္၍တစ္သြယ္ျဖင့္ အျပင္သို႔ ေခၚေဆာင္သြားေလတာကိုသာ သူမ ျမင္ေတြ႕လိုက္ရေလသည္။
23.10.2019
*********************
《Unicode》
အပိုင်း - ၃၈ [ဧည့်ခံပွဲ - ၃]
ချန်းစီနျန်စိတ်ထဲတွင် ကြာရှည်စွဲမြဲနေခဲ့သည့် သူမ၏ နောက်ဆုံး မျက်နှာအမူအယာမှာ သူမနှင့် မမျှော်လင့်ပဲ လှေကားထိပ်တွင် တွေ့ဆုံခဲ့သည့် အချိန်ကပင် ဖြစ်သည်။သူမ၏ မျက်ဝန်းလေးတွေမှာ အလွန်တောက်ပနေပြီး နှစ်လိုဖွယ်ကောင်းစွာ ဆွဲဆောင်မှု ရှိနေခဲ့လျက် ထိုမျက်ဝန်းတို့၏ နောက်ကွယ်တွင် သနားဂရုဏာသက်ချင်စဖွယ် ခံစားချက်တို့ ကျိန်းသေပေါက် ပုန်းကွယ်ခိုဝင်နေခဲ့လေသည်။ သူ ထိုမျက်ဝန်းတွေအား အခု ထပ်မတွေ့ရတော့ပဲ ချင်းစုယွဲ့၏ မျက်ဝန်းတွေထဲတွင် ရှိနေသည်မှာ မရွှင်မပျဖြစ်မှု တစ်ခုထဲသာလျှင် ဖြစ်လေ၏။
ချန်းစီနျန်က သူမ၏ မျက်ဝန်းအနားသတ်လေးတွေအား စိုက်ကြည့်လိုက်ရင်း သုံးသပ်လိုက်သည် "မင်းက မင်းမျက်ဝန်းတွေကို ကောင်းကောင်း မလုပ်ခဲ့ဘူး"
ချင်းစုယွဲ့က သူပြောလိုက်သည်မှာ သူမရဲ့ မျက်ဝန်းတွေအကြောင်း ပြောတာလား သူမရဲ့မိတ်ကပ်ကို ကြည့်မကောင်းဘူးဟု ပြောတာလားဆိုတာ သေချာသဲသဲကွဲကွဲ မသိခဲ့ပဲ အထင်လွဲကာ ပြန်ချေပတော့သည် "ကြည့်ကောင်းလား မကောင်းလား ကျွန်မ ဂရုမစိုက်ဘူး ... ဒါ့အပြင် ရှင့်ကို မြင်စေချင်လွန်းလို့ ပြင်လာတာလည်း မဟုတ်ပါဘူးနော်"
ဟမ့်! အရမ်းကောင်းတာပဲ! သူ ဒီနေရာကို လာတာက ငါ ကြည့်ကောင်းမကောင်း ဝေဖန်အပြစ်ရှာဖို့ လာခဲ့တာလား?
ချင်းကွမ်းချန် ပထမဆုံး သူမကို မြင်တုန်းကတော့ သူမကိုလှတယ်ပြောပြီး ချီးမွမ်းခဲ့လေသည်။ ဒီလူသားက တော်တော်ဂျီးများတာပဲ သူမ သူ့အကြည့်နဲ့တင်ကို ခံစားလို့ရသည်။
ချင်းစုယွဲ့က သူမကိုယ်သူမ နှစ်သိမ့်လိုက်ပြီးနောက် ထပ်ပြီးတော့ စိတ်ထဲမထားတော့ပေ။ တစ်ကယ်တော့ ချန်းစီနျန် သူမကို လှတယ်တွေးတွေး မလှဘူးတွေးတွေး ဘာမှမထူးပေ။ သူ ရှန်ဝမ်းယန့်ကိုပဲ လှတယ်လို့ တွေးနေသရွေ့တော့ ဒါက ဖြေသိမ့်လို့ရပါသည်။
ချန်းစီနျန်၏ အကြည့်မှာ သူမရဲ့ မျက်နှာလေးထက်ကနေ နှင်းလို ဖြူဖွေးနေသောပုခုံးသားတွေ ... သူမရဲ့ လှပတဲ့ ညှပ်ရိုးတွေအထိ အလိုအလျောက်ပင် အောက်သို့ နိမ့်ဆင်းသွားသည်။ ဒီထပ်ပိုနိမ့်ဆင်းမိလျှင် သူမ၏ ရင်ဘတ်ကြားနေရာသို့ပင် သူ မြင်နိုင်တော့မည် ဖြစ်သည်။
ထိုမြင်ကွင်းမှာ သူ့အား မူးမေ့ သတိလစ်ချင်စရာ အကျိုးသက်ရောက်စေနိုင်တာကို ချန်းစီနျန်က ခံစားသိရှိလိုက်သဖြင့် သူ့မျက်ဝန်းတွေအား တွန့်ဆုတ်ဆုတ်ဖြင့် အကြည့်လွှဲလိုက်ရပေ၏။
သူ ကမောက်ကမဖြင့် အကြည့်လွှဲလိုက်သည်ကို ချင်းစုယွဲ့က ပြန်လည်ချေပဖို့ ပြင်လိုက်သည်။ သူမ ထင်မိသည်က သူက နောက်ဆုံးမှာ သူ မှားယွင်းစွာ ပြောခဲ့တယ်ဆိုတာကို နာလည်သဘောပေါက်သွားပြီဟူ၍ ထင်မိပြီး ဆူပူချင်နေမိသော်လည်း သူက အေးစက်စက်ဖြင့် .. "မတ်တပ်ရပ်နေ"
"ဘာကြီးရယ်?"
ချင်းစုယွဲ့က နားမလည်ပေ။ ချန်းစီနျန်မှာ ချင်းစုယွဲ့ရဲ့ ရင်ဘတ်ကို ကြည့်သည်ဆိုတာကို ရည်ရွယ်ပြီး ပြောပြပေးရန်အတွက် နောက်တစ်ကြိမ် အကြည့်ပြန်ရွှေ့လိုက်ရသည်။ ချင်းစုယွဲ့၏ တုံ့ပြန်မှုကတော့ အနည်းငယ် တုံ့နှေးလေသည်။ သူမက သူကြည့်ပြသည့်အတိုင်း သူမ၏ခေါင်းကို ငုံ့ကာကြည့်မိလိုက်တဲ့အခါမှ နောက်ဆုံးတော့ သူမ သဘောပေါက်သွားပြီး မတ်တပ်ရပ်လိုက်လေသည်။
"ရှင် နှာဘူးကောင်!" သူမက ဒေါသတကြီးနှင့် ရုတ်တရက် ပြောလိုက်သည်။
ချန်းစီနျန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သရော်လိုက်သည် "သေချာ သတိမမူပဲနေခဲ့တဲ့သူက မင်းလေ ... ဘာလို့ ကိုယ့်ကို လာအပြစ်တင်နေတာလဲ?"
"ရှင်တစ်ယောက်ပဲ အဲဒီနေရာကို ကြည့်တာ"
"မင်းသာ ဒီလို မဝတ်ထားရင် ဘယ်သူက ကြည့်နိုင်လိမ့်မှာလဲ?"
"ချန်းစီနျန် .. ရှင် စကားကို ကပ်သပ်မပြောနဲ့"
"မင်း___"
"ရှင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား?" သူတို့နှစ်ယောက် ငြင်းခုံ စကားများနေကြသည်ကို သာယာသော မိန်းကလေးအသံတစ်သံက ကြားက ဝင်ဖြတ်လိုက်သည်။
ချင်းစုယွဲ့မှာ ချန်းစီနျန်အား အာရုံစိုက်ပေးဖို့ရန်အတွက် အရမ်းကို ပင်ပန်းနေပြီ ဖြစ်လေသည်။ အဲ့တာကြောင့်မို့ အသံလာရာကိုသာ လှည့်ကြည့်လိုက်တော့ ဆံပင်ကို လှိုင်းတွန့်သဏ္ဌာန် ကောက်ထားသည့် လှပသော မိန်းကလေးတစ်ယောက်အား မြင်တွေ့လိုက်၏။ ထိုမိန်းကလေးမှာ နုနယ်လှပသော စကပ်အတိုအား ဆင်မြန်ထားလျက် ချန်းစီနျန်ထံသို့ စိတ်အားထက်သန်စွာ ငံ့လင့်မျှော်ကြည့်နေလေသည်။
ချင်းစုယွဲ့က သူမကို စောနတုန်းက မြင်ခဲ့ဖူးသည်။ သူမမှာ မွေးနေ့ရှင်ရဲ့ မြေးမတစ်ဦး ဖြစ်မည်ထင်သည်။ သူမထက် နှစ်အနည်းငယ်လောက် ကြီးမည်ထင်ရပြီး လှပသိမ်မွေ့ကာ နှစ်လိုဖွယ် သာယာသော အသံကို ပိုင်ဆိုင်လေ၏။
ချင်းစုယွဲ့က သူမကို အနည်းငယ်လောက် ထပ်ကြည့်ပြီးသွားတော့ ချန်းစီနျန်ကို ပြုံးပြလိုက်သည်။ သူမ၏ မျက်ဝန်းတွေက ပြောနေသည်မှာ 'ကြည့်လိုက်! ကြည့်လိုက်လို့! ရှင့်ရဲ့ မက်မွန်ပန်းလေးက ဒီမှာ ရောက်နေပြီလေ"
သူများရဲ့ကံခေမှုကို အတည်ပြုပြီးသွားသည့်နောက် ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်လို့နေသည့် သူမ၏အကြည့်ကို ချန်းစီနျန်က နားလည်လေသည်။ မမျှော်လင့်ပဲ ရောက်လာသော ဧည့်သည်အား သူ လှည့်တောင် မကြည့်ခဲ့ပေ။ သူက ရုတ်တရက် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ကာ ချင်းစုယွဲ့အား သူ့လက်မောင်းတွေကြားသို့ရောက်အောင် ဆွဲယူလိုက်တော့၏။
ချင်းစုယွဲ့မှာ သူမ၏ခါးလေး သူ့လက်ထဲတွင် ရင်းနှီးနွေးထွေးစွာ ပွေ့ဖက်ခံလိုက်ရသည်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားမိသည်။
ထိုအချိန်တွင် သူမ ခလုတ်တိုက်မိသွားပြီး သူ့ရင်ခွင်ထဲသို့ သူမကိုယ်တိုင် ခိုဝင်မိသလို ဖြစ်သွားခဲ့လေ၏။
ချင်းစုယွဲ့မှာ စိတ်ရှုပ်သွားမိသည်။
ဟဲ့ ပေါက်တတ်ကရ! ချန်းစီနျန် ရှင်ဘာတွေဖြစ်နေတာလဲ! ရှင့်ကြောင့် ကျွန်မဂါဝန်စကိုတောင် တက်နင်းမိသွားပြီ!
သူ၏ ပွေ့ဖက်မှုကြားတွင် သူမမှာ နစ်မြုပ်နေရပြီး ချန်းစီနျန်က ဒီအခွင့်အရေးကို အသုံးချကာ သူမ ထွက်သွားခြင်းကနေ ကာကွယ်ဖို့အတွက် သူ့လက်တစ်ဖက်ကို သူမ၏ခေါင်းလေးထက်သို့ပင် တင်ထားလိုက်၏။ သူက ပြုံးလိုက်ကာ သူမကို ချော့လေသည် "အခုတော့ လိမ်လိမ်မာမာ နေပါကွာ ... မင်းအပြစ်ပေးချင်တယ်ဆိုရင်လည်း ကိုယ်တို့ အိမ်ပြန်ရောက်တဲ့အခါ ကိုယ်သေချာလေ့လာပြီးမှ အိပ်မယ်နော်"
ရှင် လူယုတ်မာ! ပြဿနာတစ်ခု ထပ်ရှာလိုက်ပြန်ပြီ!
ချင်းစုယွဲ့မှာ ထိုအတွေးတွေအား အကျယ်ကြီးကို အော်ဟစ်မိချင်လေသည်။
တစ်ဖက်က မိန်းကလေးမှာတော့ ဒီမြင်ကွင်းကြောင့် မူးမေ့သတိလစ်မတတ် ဖြစ်သွားသည်။ ချန်းစီနျန်က ချင်းစုယွဲ့အား ပွေ့ဖက်၍တစ်ဝက် သယ်ဆောင်၍တစ်သွယ်ဖြင့် အပြင်သို့ ခေါ်ဆောင်သွားလေတာကိုသာ သူမ မြင်တွေ့လိုက်ရလေသည်။
23.10.2019
*********************