[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၃၆ ..

21.4K 2.4K 54
By busy_pisi

《Zawgyi》

အပိုင္း - ၃၆ [ဧည့္ခံပြဲ - ၁]

တစ္ကယ္ေတာ့ ခ်င္းစုယြဲ႕ဟာ ထိုေမြးေန႔ပြဲကို တက္ေရာက္ၾကတဲ့ ဘယ္သူ႔ကိုမွ သူမ မသိသျဖင့္ ထိုပြဲကို တက္ေရာက္ဖို႔ အစီအစဥ္ကို မရွိခဲ့တာျဖစ္သည္။

သူမက ခ်င္းကြမ္းခ်န္၏ လက္ေမာင္းကို ဆုပ္ကိုင္၍ သူမ၏ဝတ္စံုအား လက္တစ္ဖက္ျဖင့္ ကိုင္ထားရေသးကာ ၇စင္တီမီတာ[သံုးလက္မနီးပါး]ေလာက္ ျမင့္သည့္ ေဒါက္ဖိနပ္ျဖင့္ ေျခတစ္လွမ္းစီတိုင္းကို ျဖည္းျဖည္းခ်င္း သတိႀကီးစြာ လွမ္းေနရသည္။ ဒါက သူမ၏ ဝတ္စားပံုအေပၚ ပထမဆံုးအႀကိမ္အျဖစ္ အာရံုစိုက္ေနရလို႔ထင္သည္ သူမမွာ လံုးဝကို သက္ေတာင့္သက္သာ မျဖစ္ခဲ့ေပ။

ခ်င္းစုယြဲ႕မွာ သူမ၏ ေျခလွမ္းေတြကို အာရံုစိုက္ဖို႔အတြက္ ေခါင္းကို ငံု႔ထားရေသာ္လည္း ခ်င္းကြမ္းခ်န္အား မေက်မနပ္ျဖင့္ အထြန္႔တက္ညည္းတြားဖို႔လည္း မေမ့ေပ ... "ညီမေလး ဒီပြဲကို မတက္ခ်င္ပါဘူးလို႔ အစထဲက ေျပာခဲ့သားပဲ ကိုကိုက အတင္းတက္ခိုင္းတယ္! ၿပီးေတာ့ ဒီည အကသင္ဖို႔ ဆရာမနဲ႔ စီစဥ္ထားတာ ရွိပါတယ္ဆိုေန"

ခ်င္းစုယြဲ႕မွာ ၿပိဳင္ပြဲကို လက္လႊတ္လိုက္ရထဲက သူမ နားလည္မိသြားခဲ့သည္မွာ သူမသာ လူေတြႏွင့္ ေရာေႏွာကၽြမ္းဝင္ခ်င္တယ္ဆိုလၽွင္ ထင္ရွားေက်ာ္ၾကားဖို႔ရန္အတြက္ သာမန္ထက္ ထူးျခာသည့္ စြမ္းရည္တစ္ခုေတာ့ ရွိမွ ျဖစ္မည္ဆိုတာကိုပင္။ အစီအစဥ္တင္ဆက္သူ ဆိုသည္မွာ တစ္ကယ္ေတာ့ ပင္ကိုယ္ပါရမီႏွင့္ စြမ္းရည္ေတြ အမ်ားႀကီး ရွိရမည္ ျဖစ္သည္။ အေၾကာင္းအရာ ဇာတ္လမ္းစသည္ကို အလြတ္အာဂံုေဆာင္ႏိုင္ျခင္း၊ အဆို၊ အက ႏွင့္ ဂီတ တူရိယာတို႔အား ကၽြမ္းကၽြမ္းက်င္က်င္ တီးမႈတ္ႏိုင္ျခင္း စသည္ စသည္တို႔ကို လိုအပ္လွသည္။ မင္းမွာသာ သာမန္ထက္ပိုေသာ စြမ္းေဆာင္ရည္ရွိတယ္ဆိုရင္ တစ္ျခားသူေတြက မင္းကို အထင္ႀကီး ေလးစားၾကေပလိမ့္မည္။

တစ္ကယ္အေရးၾကံဳလာလၽွင္ သူမ ဘာမွ မလုပ္ႏိုင္ပဲျဖစ္မေနမွာမ်ိဳး ခ်င္းစုယြဲ႕က မျဖစ္ေစခ်င္ေပ။ အဲဒါေၾကာင့္မို႔ အကသင္ဖု႔ိႏွင့္ စႏၵယား တီးသင္ရန္အတြက္ ဆရာတစ္ေယာက္စီကို ခ်က္ခ်င္း ရွာေဖြခဲ့သည္။ ညတိုင္း သူမ သင္ၾကားလိုသည္ကို တလွည့္စီ သင္ယူခဲ့၏။

ခ်င္းစုယြဲ႕ရဲ႕ အျမင္တြင္ ကိုယ့္ဘဝကိုယ္ တိုးတက္ေအာင္ ႀကိဳးစားသည့္ေနရာတြင္ အခ်ိန္ကို အသံုးခ်သည္က သူမ မရင္းႏွီး မကၽြမ္းဝင္သည့္ လူေတြႏွင့္ ျပည့္ေနသည့္ ဒီလိုဧည့္ခံပြဲမ်ိဳးကို တက္ေရာက္ေနရသည္ႏွင့္ ယွဥ္ၾကည့္လၽွင္ အမ်ားႀကီး ပိုေကာင္းသည္ဟု ျမင္ေလသည္။

သို႔ေသာ္လည္း ခ်င္းကြမ္းခ်န္ကေတာ့ ထိုသို႔ မေတြးေပ။ ခ်င္းကြမ္းခ်န္မွာ ခ်န္းစီႏ်န္ႏွင့္ ေတြ႕ၿပီးသည့္ေနာက္တြင္ သူ႔ညီမေလးအား ခ်န္းစီႏ်န္၏ မိခင္ႏွင့္ သူမတို႔ႏွစ္ေယာက္ ဘာေတြ ၾကံဳႀကိဳက္ ျဖစ္ပ်က္ခဲ့သလဲ ေမးၾကည့္လိုက္ေတာ့ သူမက သိပ္မေလးအနက္မထားပဲ ျပန္ေျဖခဲ့သည္မွာ သူမရဲ႕တိုက္ခန္းကို ျပန္သြားသည့္ေန႔က တစ္ႀကိမ္ပဲ မေမၽွာ္လင့္ပဲ မေတာ္တဆ ဆံုေတြ႕ခဲ့ရသည္ဟု ေျပာျပခဲ့သည္။ သူမတို႔ႏွစ္ေယာက္မွာ စကားပင္ သိပ္အမ်ားႀကီး မေျပာခဲ့ၾကပဲ သူမက မရင္းနီး ထူးဆန္းသည့္ အေနအထားကို နားလည္သေဘာေပါက္ေသာေၾကာင့္ ျမန္ျမန္သာ ထြက္လာခဲ့ျခင္းျဖစ္သည္ကိုပင္။

သူမ ေျပာလို႔ၿပီးသြားေတာ့ ခ်င္းကြမ္းခ်န္က ခဏေလာက္ တိတ္ဆိတ္သြားခဲ့သည္။ အေပၚယံ အျပင္ပန္းတြင္ေတာ့ မေမၽွာ္လင့္ပဲ ေတြ႕ဆံုသည္ဆိုသည့္ စကားမွာ ပံုမွန္ပင္ျဖစ္ေသာ္လည္း ခ်င္းစုယြဲ႕၏ေလသံကို နားေထာင္ရသည္မွာ ဒီေလာက္ ရိုးရွင္းသည္ဟုေတာ့ မထင္ေပ။

ခ်င္းကြမ္းခ်န္က အနာဂတ္တြင္ ဒုကၡၾကံဳေတြ႕ရႏိုင္ဖြယ္သည္ကို ဖယ္ရွားေရွာင္က်ဥ္ရန္အတြက္ ခ်င္းစုယြဲ႕ကို အျပင္သို႔ ထြက္ေစကာ လူေတြႏွင့္ ထိေတြ႕ရင္းႏွီးေစဖို႔ ေတြးခဲ့သည္။ ဤသို႔အားျဖင့္ အရည္အခ်င္းရွိၿပီး ေကာင္းမြန္ေသာ ေယာက္်ားေလးေတြအေၾကာင္း တေျဖးေျဖးခ်င္း သိရွိလာမွာ ျဖစ္သည္။ ဒီနည္းနဲ႔ပဲ သူ႔ညီမေလးမွာ ခ်န္းစီႏ်န္ႏွင့္ ပက္သတ္သည့္ ရူးမိုက္ေသာ အေတြးအေခၚေတြကို အလြယ္တကူ ခ်ိဳးဖ်က္ႏိုင္ေတာ့မွာ ျဖစ္သည္။

ခ်င္းစုယြဲ႕မွာ ခ်င္းကြမ္းခ်န္က ထိုအေတြးေတြကို ေပ်ာ္ေပ်ာ္ႀကီး ဆက္ေတြးေနဆဲျဖစ္သည္ဟု မသိခဲ့ေပ။ သူမ တကယ္ကိုပဲ သူ႔ေခါင္းကို ထိုးလိုက္ခ်င္မိေနမိကာ ေမးလိုက္သည္ ... "ညီမေလးက အဲ့ေလာက္ေတာင္ အားေနတဲ့ပံု ေပါက္ေနလို႔လားဟင္?"

ခ်င္းကြမ္းခ်န္က သူ႔တာဝန္ဝတၱရားအား အလြန္႔အလြန္ေတြ ေက်ပြန္ေနလ်က္ ခ်င္းစုယြဲ႕အား အသက္ ခုႏွစ္ဆယ္ရွိေနၿပီျဖစ္သည့္ ေမြးေန႔ရွင္ကို ဂုဏ္ျပဳစကား ေျပာၾကားေစသည္။ သူမကို လူအုပ္ႀကီးထဲမွ ထြက္လာေစၿပီးေနာက္ လူတစ္ေယာက္စီ တစ္ေယာက္စီတိုင္းႏွင့္ မိတ္ဆက္ေပးသည္ __ ဒါေပါ့ ထိုလူေတြမွာ သူကိုယ္တိုင္ ေသခ်ာကို ေရြးခ်ယ္ေပးထားသည့္ ခန္႔ညားလွေသာ လူငယ္ေလးေတြျဖစ္ၿပီး မိတ္ဆက္ေပးၿပီးတိုင္း ခ်င္းစုယြဲ႕တို႔အား လြတ္လြတ္လပ္လပ္ စကားေျပာေစေလ၏။

ခ်င္းစုယြဲ႕မွာ ဘယ္ေလာက္ပင္ တံုးအပါေစ ဒါက ခ်င္းကြမ္းခ်န္ စီစဥ္ထားသည့္ ေအာင္သြယ္ေစ့စပ္ေပးျခင္း ျဖစ္သည္ကိုေတာ့ သူမ နားလည္ေလသည္။

"ေသစမ္း!"

ထိုအခ်ိန္တြင္ ခ်င္းစုယြဲ႕ ေတြ႕ေနရသည့္ လူငယ္ေလးတစ္ေယာက္မွာ သူ႔လုပ္ငန္း အေၾကာင္းအရာ အျဖစ္အပ်က္ေတြအား ရပ္တန္႔မည့္ပံု မရွိပဲ ဟိုဟိုဒီဒီ အဆက္စပ္မရွိ ေလၽွာက္ေျပာေနခ်ိန္ ျဖစ္ၿပီး သူမက အသက္ေအာင့္လ်က္ ရုတ္တရက္ ေျပာလိုက္သည္ကို ၾကားလိုက္ရေတာ့ "မစၥခ်င္း ... ဘာေျပာလိုက္တာလဲ ခင္ဗ်?"

ခ်င္းစုယြဲ႕မွာ သူမ၏မ်က္ႏွာထက္၌ အျပံဳးတစ္ခုအား ေသေသခ်ာခ်ာ ခ်ိတ္ဆြဲထားလိုက္သည္။

"ေဆာရီးပါ ကၽြန္မ အခု နည္းနည္းပင္ပန္းေနတာမို႔ နားခ်င္လို႔"

"အဲဒါဆို ကၽြန္ေတာ္ လိုက္ပို႔ေပးမယ္ေလ"

"ေက်းဇူးတင္ေပမယ့္ ရပါတယ္" ခ်င္းစုယြဲ႕က ျပံဳးျပလိုက္ၿပီး ယဥ္ယဥ္ေက်းေက်းပဲ ျငင္းပယ္လိုက္၏။

ခ်န္းစီႏ်န္ ခန္းမေရွ႕ကို ေရာက္ရွိသြားသည့္အခါတြင္ ဒီျဖစ္အင္အား မ်က္ျမင္ေတြ႕လိုက္ရေပသည္။

ခ်င္းစုယြဲ႕ဟာ သူမရဲ႕ ပုခံုးသားျပည့္ျပည့္ေလးကိုပဲ လွစ္ဟထားသည့္ ဂါဝန္ရွည္ကို ဝတ္ဆင္ထားၿပီး ေဘးမွ ျဖတ္သြားသူတို႔အား သူမ၏ က်န္ရွိေသာ ႏူးညံ့သိမ္ေမြ႕သည့္ ခႏၶာကိုယ္ေလးအား စိတ္ကူးယဥ္၍ က်ီစယ္ခ်င္ေစေလ၏။ သူမမွာ သူမႏွင့္ ေျခတစ္လွမ္းစာမၽွသာ ေဝးေတာ့သည့္ေနရာက လူတစ္ေယာက္အား ျပံဳးျပေနသည္။ ခ်န္းစီႏ်န္က ထိုလူ ဘာျပန္ေျပာလိုက္လဲ မၾကားႏိုင္ေပမယ့္ ခ်င္းစုယြဲ႕က ပိုၿပီးေတာ့ပင္ ေတာက္ပစြာ ျပံဳးျပလိုက္ေသးၿပီး လက္ကာျပလိုက္သည္ကို ျမင္လိုက္ရ၏။ ထို႔ေနာက္တြင္မူ ခန္းမ၏ေထာင့္တြင္ရွိသည့္ အနားယူ ထိုင္လို႔ရသည့္ ေနရာဆီသို႔ သူမရဲ႕ ဂါဝန္ရွည္ေလးကို မ လ်က္ ေလၽွာက္လွမ္းသြားေလ၏။

23.10.2019

******************

《Unicode》

အပိုင်း - ၃၆ [ဧည့်ခံပွဲ - ၁]

တစ်ကယ်တော့ ချင်းစုယွဲ့ဟာ ထိုမွေးနေ့ပွဲကို တက်ရောက်ကြတဲ့ ဘယ်သူ့ကိုမှ သူမ မသိသဖြင့် ထိုပွဲကို တက်ရောက်ဖို့ အစီအစဉ်ကို မရှိခဲ့တာဖြစ်သည်။

သူမက ချင်းကွမ်းချန်၏ လက်မောင်းကို ဆုပ်ကိုင်၍ သူမ၏ဝတ်စုံအား လက်တစ်ဖက်ဖြင့် ကိုင်ထားရသေးကာ ရစင်တီမီတာ[သုံးလက်မနီးပါး]လောက် မြင့်သည့် ဒေါက်ဖိနပ်ဖြင့် ခြေတစ်လှမ်းစီတိုင်းကို ဖြည်းဖြည်းချင်း သတိကြီးစွာ လှမ်းနေရသည်။ ဒါက သူမ၏ ဝတ်စားပုံအပေါ် ပထမဆုံးအကြိမ်အဖြစ် အာရုံစိုက်နေရလို့ထင်သည် သူမမှာ လုံးဝကို သက်တောင့်သက်သာ မဖြစ်ခဲ့ပေ။

ချင်းစုယွဲ့မှာ သူမ၏ ခြေလှမ်းတွေကို အာရုံစိုက်ဖို့အတွက် ခေါင်းကို ငုံ့ထားရသော်လည်း ချင်းကွမ်းချန်အား မကျေမနပ်ဖြင့် အထွန့်တက်ညည်းတွားဖို့လည်း မမေ့ပေ ... "ညီမလေး ဒီပွဲကို မတက်ချင်ပါဘူးလို့ အစထဲက ပြောခဲ့သားပဲ ကိုကိုက အတင်းတက်ခိုင်းတယ်! ပြီးတော့ ဒီည အကသင်ဖို့ ဆရာမနဲ့ စီစဉ်ထားတာ ရှိပါတယ်ဆိုနေ"

ချင်းစုယွဲ့မှာ ပြိုင်ပွဲကို လက်လွှတ်လိုက်ရထဲက သူမ နားလည်မိသွားခဲ့သည်မှာ သူမသာ လူတွေနှင့် ရောနှောကျွမ်းဝင်ချင်တယ်ဆိုလျှင် ထင်ရှားကျော်ကြားဖို့ရန်အတွက် သာမန်ထက် ထူးခြာသည့် စွမ်းရည်တစ်ခုတော့ ရှိမှ ဖြစ်မည်ဆိုတာကိုပင်။ အစီအစဉ်တင်ဆက်သူ ဆိုသည်မှာ တစ်ကယ်တော့ ပင်ကိုယ်ပါရမီနှင့် စွမ်းရည်တွေ အများကြီး ရှိရမည် ဖြစ်သည်။ အကြောင်းအရာ ဇာတ်လမ်းစသည်ကို အလွတ်အာဂုံဆောင်နိုင်ခြင်း၊ အဆို၊ အက နှင့် ဂီတ တူရိယာတို့အား ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်နိုင်ခြင်း စသည် စသည်တို့ကို လိုအပ်လှသည်။ မင်းမှာသာ သာမန်ထက်ပိုသော စွမ်းဆောင်ရည်ရှိတယ်ဆိုရင် တစ်ခြားသူတွေက မင်းကို အထင်ကြီး လေးစားကြပေလိမ့်မည်။

တစ်ကယ်အရေးကြုံလာလျှင် သူမ ဘာမှ မလုပ်နိုင်ပဲဖြစ်မနေမှာမျိုး ချင်းစုယွဲ့က မဖြစ်စေချင်ပေ။ အဲဒါကြောင့်မို့ အကသင်ဖို့နှင့် စန္ဒယား တီးသင်ရန်အတွက် ဆရာတစ်ယောက်စီကို ချက်ချင်း ရှာဖွေခဲ့သည်။ ညတိုင်း သူမ သင်ကြားလိုသည်ကို တလှည့်စီ သင်ယူခဲ့၏။

ချင်းစုယွဲ့ရဲ့ အမြင်တွင် ကိုယ့်ဘဝကိုယ် တိုးတက်အောင် ကြိုးစားသည့်နေရာတွင် အချိန်ကို အသုံးချသည်က သူမ မရင်းနှီး မကျွမ်းဝင်သည့် လူတွေနှင့် ပြည့်နေသည့် ဒီလိုဧည့်ခံပွဲမျိုးကို တက်ရောက်နေရသည်နှင့် ယှဉ်ကြည့်လျှင် အများကြီး ပိုကောင်းသည်ဟု မြင်လေသည်။

သို့သော်လည်း ချင်းကွမ်းချန်ကတော့ ထိုသို့ မတွေးပေ။ ချင်းကွမ်းချန်မှာ ချန်းစီနျန်နှင့် တွေ့ပြီးသည့်နောက်တွင် သူ့ညီမလေးအား ချန်းစီနျန်၏ မိခင်နှင့် သူမတို့နှစ်ယောက် ဘာတွေ ကြုံကြိုက် ဖြစ်ပျက်ခဲ့သလဲ မေးကြည့်လိုက်တော့ သူမက သိပ်မလေးအနက်မထားပဲ ပြန်ဖြေခဲ့သည်မှာ သူမရဲ့တိုက်ခန်းကို ပြန်သွားသည့်နေ့က တစ်ကြိမ်ပဲ မမျှော်လင့်ပဲ မတော်တဆ ဆုံတွေ့ခဲ့ရသည်ဟု ပြောပြခဲ့သည်။ သူမတို့နှစ်ယောက်မှာ စကားပင် သိပ်အများကြီး မပြောခဲ့ကြပဲ သူမက မရင်းနီး ထူးဆန်းသည့် အနေအထားကို နားလည်သဘောပေါက်သောကြောင့် မြန်မြန်သာ ထွက်လာခဲ့ခြင်းဖြစ်သည်ကိုပင်။

သူမ ပြောလို့ပြီးသွားတော့ ချင်းကွမ်းချန်က ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ အပေါ်ယံ အပြင်ပန်းတွင်တော့ မမျှော်လင့်ပဲ တွေ့ဆုံသည်ဆိုသည့် စကားမှာ ပုံမှန်ပင်ဖြစ်သော်လည်း ချင်းစုယွဲ့၏လေသံကို နားထောင်ရသည်မှာ ဒီလောက် ရိုးရှင်းသည်ဟုတော့ မထင်ပေ။

ချင်းကွမ်းချန်က အနာဂတ်တွင် ဒုက္ခကြုံတွေ့ရနိုင်ဖွယ်သည်ကို ဖယ်ရှားရှောင်ကျဉ်ရန်အတွက် ချင်းစုယွဲ့ကို အပြင်သို့ ထွက်စေကာ လူတွေနှင့် ထိတွေ့ရင်းနှီးစေဖို့ တွေးခဲ့သည်။ ဤသို့အားဖြင့် အရည်အချင်းရှိပြီး ကောင်းမွန်သော ယောက်ျားလေးတွေအကြောင်း တဖြေးဖြေးချင်း သိရှိလာမှာ ဖြစ်သည်။ ဒီနည်းနဲ့ပဲ သူ့ညီမလေးမှာ ချန်းစီနျန်နှင့် ပက်သတ်သည့် ရူးမိုက်သော အတွေးအခေါ်တွေကို အလွယ်တကူ ချိုးဖျက်နိုင်တော့မှာ ဖြစ်သည်။

ချင်းစုယွဲ့မှာ ချင်းကွမ်းချန်က ထိုအတွေးတွေကို ပျော်ပျော်ကြီး ဆက်တွေးနေဆဲဖြစ်သည်ဟု မသိခဲ့ပေ။ သူမ တကယ်ကိုပဲ သူ့ခေါင်းကို ထိုးလိုက်ချင်မိနေမိကာ မေးလိုက်သည် ... "ညီမလေးက အဲ့လောက်တောင် အားနေတဲ့ပုံ ပေါက်နေလို့လားဟင်?"

ချင်းကွမ်းချန်က သူ့တာဝန်ဝတ္တရားအား အလွန့်အလွန်တွေ ကျေပွန်နေလျက် ချင်းစုယွဲ့အား အသက် ခုနှစ်ဆယ်ရှိနေပြီဖြစ်သည့် မွေးနေ့ရှင်ကို ဂုဏ်ပြုစကား ပြောကြားစေသည်။ သူမကို လူအုပ်ကြီးထဲမှ ထွက်လာစေပြီးနောက် လူတစ်ယောက်စီ တစ်ယောက်စီတိုင်းနှင့် မိတ်ဆက်ပေးသည် __ ဒါပေါ့ ထိုလူတွေမှာ သူကိုယ်တိုင် သေချာကို ရွေးချယ်ပေးထားသည့် ခန့်ညားလှသော လူငယ်လေးတွေဖြစ်ပြီး မိတ်ဆက်ပေးပြီးတိုင်း ချင်းစုယွဲ့တို့အား လွတ်လွတ်လပ်လပ် စကားပြောစေလေ၏။

ချင်းစုယွဲ့မှာ ဘယ်လောက်ပင် တုံးအပါစေ ဒါက ချင်းကွမ်းချန် စီစဉ်ထားသည့် အောင်သွယ်စေ့စပ်ပေးခြင်း ဖြစ်သည်ကိုတော့ သူမ နားလည်လေသည်။

"သေစမ်း!"

ထိုအချိန်တွင် ချင်းစုယွဲ့ တွေ့နေရသည့် လူငယ်လေးတစ်ယောက်မှာ သူ့လုပ်ငန်း အကြောင်းအရာ အဖြစ်အပျက်တွေအား ရပ်တန့်မည့်ပုံ မရှိပဲ ဟိုဟိုဒီဒီ အဆက်စပ်မရှိ လျှောက်ပြောနေချိန် ဖြစ်ပြီး သူမက အသက်အောင့်လျက် ရုတ်တရက် ပြောလိုက်သည်ကို ကြားလိုက်ရတော့ "မစ္စချင်း ... ဘာပြောလိုက်တာလဲ ခင်ဗျ?"

ချင်းစုယွဲ့မှာ သူမ၏မျက်နှာထက်၌ အပြုံးတစ်ခုအား သေသေချာချာ ချိတ်ဆွဲထားလိုက်သည်။

"ဆောရီးပါ ကျွန်မ အခု နည်းနည်းပင်ပန်းနေတာမို့ နားချင်လို့"

"အဲဒါဆို ကျွန်တော် လိုက်ပို့ပေးမယ်လေ"

"ကျေးဇူးတင်ပေမယ့် ရပါတယ်" ချင်းစုယွဲ့က ပြုံးပြလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်လိုက်၏။

ချန်းစီနျန် ခန်းမရှေ့ကို ရောက်ရှိသွားသည့်အခါတွင် ဒီဖြစ်အင်အား မျက်မြင်တွေ့လိုက်ရပေသည်။

ချင်းစုယွဲ့ဟာ သူမရဲ့ ပုခုံးသားပြည့်ပြည့်လေးကိုပဲ လှစ်ဟထားသည့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဘေးမှ ဖြတ်သွားသူတို့အား သူမ၏ ကျန်ရှိသော နူးညံ့သိမ်မွေ့သည့် ခန္ဓာကိုယ်လေးအား စိတ်ကူးယဉ်၍ ကျီစယ်ချင်စေလေ၏။ သူမမှာ သူမနှင့် ခြေတစ်လှမ်းစာမျှသာ ဝေးတော့သည့်နေရာက လူတစ်ယောက်အား ပြုံးပြနေသည်။ ချန်းစီနျန်က ထိုလူ ဘာပြန်ပြောလိုက်လဲ မကြားနိုင်ပေမယ့် ချင်းစုယွဲ့က ပိုပြီးတော့ပင် တောက်ပစွာ ပြုံးပြလိုက်သေးပြီး လက်ကာပြလိုက်သည်ကို မြင်လိုက်ရ၏။ ထို့နောက်တွင်မူ ခန်းမ၏ထောင့်တွင်ရှိသည့် အနားယူ ထိုင်လို့ရသည့် နေရာဆီသို့ သူမရဲ့ ဂါဝန်ရှည်လေးကို မ လျက် လျှောက်လှမ်းသွားလေ၏။

23.10.2019

******************

Continue Reading

You'll Also Like

333K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...
1M 58.3K 200
Manga Translation တစ္ပုဒ္ပါ... Qi ဆိုတ့ဲရုပ္ဆိုးမေလးတေယာက္သူခ်စ္ရတ့ဲတတိယမင္းသားစီကသစၥာေဖာက္သတ္ျဖတ္ျခင္းကိုခံခ့ဲရပီး ေသဆုံးခ့ဲရတယ္... Qi တစ္ေယာက္အရူး...