ဆူး
By YoluraYang03
285K 22.2K 1K
XiaoZhan - ၄နှစ်အရွယ်တည်းက ကံဆိုးလာခဲ့ရတဲ့ကျွန်တော့ဘဝ ဇာတ်ကြောင်းက တသက်လုံးလဲ မဖြောင့်ဖြူးခဲ့သလို အချစ်လမ်းခရ... More
ဆူး - Part 1
ဆူး- Part 2 အမှတ်တမဲ့မှ အမှတ်တရသို့
ဆူး-Part 3 အမှတ်တမဲ့မှ အမှတ်တရသို့သည်
ဆူး - Part 4 အသက်ဝင်လာသောနှလုံးသား
ဆူး - Part 5 အသက်ဝင်လာသောနှလုံးသား
ဆူး - Part 6 ပထမအကြိမ်ဝန်ခံမိခြင်း
ဆူး - Part 7
ဆူး - Part 8
ဆူး - Part 9 နှုတ်မရတော့သောဆူး
ဆူး - Part 10 ရင်ခုန်ရလွန်းသော...
ဆူး - Part 11 လွမ်း...
ဆူး - Part 12 ဒုတိယအကြိမ်ဝန်ခံမိခြင်း
ဆူး - Part 13 The 2nd date
ဆူး - Part 14 ပျောက်ဆုံးခဲ့သော စကားလုံးများ
ဆူး - Part 15 ချစ်ရေးဆိုခဲ့ခြင်း
ဆူး - Part 16 ကျန်းချန်ရေးတဲ့ဖူးစာ
ဆူး - Part 17 လက်ပံပွင့်နှင့်ချစ်သက်သေ
ဆူး - Part 18
ဆူး - Part 19 The first kiss❤️
ဆူး - Part 20 The romantic night🖤
ဆူး - Part 21
ဆူး - Part 22
ဆူး - Part 23
ဆူး - Part 24
ဆူး - Part 25
ဆူး - Part 26
ဆူး - Part 28
ဆူး - Part 29
ဆူး - Part 30
ဆူး - Part 31
ဆူး - Part 32
ဆူး - Part 33
ဆူး - Part 34
ဆူး - Part 35
ဆူး - Part 36
ဆူး - Part 37
ဆူး - Part 38
ဆူး - Part 39
ဆူး - Part 40
ဆူး - Part 41
ဆူး - Part 42 ( Final Part )
ဆူး - Part 27
4K 396 29
By YoluraYang03
( ZawGyi )
' ဘာတွေလဲ ကောရဲ့ '
' ကဲ ရေသွားချိုးပါတော့ ။ ကောကိုစိတ်ချပါဆို '
' အင်းပါ '
~~~~~
' အင်းပါ '
' တကယ်သွားပြီ ကော တာ့တာ'
' ရှောင်ကျန့် '
' ဟုတ် အန်တီ ပြောလေ '
တမှိုင်မှိုင် တထွေထွေဖြင့် တောင်တွေးမြောက်တွေးတွေးရာမှ တယောက်ထိုင် sofa ပေါ်တွင် ခွေလျက်သားလေး အိပ်ပျော်သွားတော့သည်။
ရုတ်တရက် ဧည့်ခန်းဘက်ကိုမျက်စိရောက်သွားလေတော့ ကလေးလဲမဟုတ် သူငယ်လဲမဟုတ်နဲ့ကို sofa ပေါ်မှာ ကွေးကွေးလေး ခွေအိပ်နေတဲ့ ရှောင်ကျန့်ကို မြင်တော့ အနီးနား ဖြည်းဖြည်းချင်းသွားကာ TV remove ကိုယူပြီး volume ကိုအဆုံးထိချဲ့ကာ နှိုးတော့မည်ပြုသည်။
' ဟုတ် လုပ်လိုက်ပါ့မယ် '
___________________
( Unicode )
နံနက် နေရောင်ခြည်ရဲ့ အလင်းရောင်မဖြာတဖြာအချိန်တွင် ထမြည်လာသော alarm သံကြောင့် ရှောင်ကျန့်နဲ့ ရိပေါ် နှစ်ဦးစလုံး ငေါက်ကနဲပြိုင်တူထထိုင်လိုက်မိကြသည်။
' ကော ဆက်အိပ်နေလေ။ ကျွန်တော်က အလုပ်သွားရမှာမို့လို့ ထတာကြီးကို '
' ရပါတယ်။ ရိပေါ်ရုံးသွားဖို့အတွက် ကော ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအုန်းမယ်လေ '
မျက်လုံးလေးကိုထောင့်ကပ်ရင်း ရိပေါ် စဉ်းစားသယောင်ဖြင့် မေးလိုက်သည်။
' ဘာတွေလဲ ကောရဲဲ့ '
' ဪ ထမင်းချိုင့်ပြင်ပေးရမယ်မလား ရိပေါ်ရဲ့ '
' ဘယ်လို ဘယ်လို ဒါကောလုပ်ရမယ့်အလုပ်မဟုတ်ဘူးလေ။ အိမ်မှာ ခိုင်းစရာ လူတွေမှ တစ်ပုံကြီး။ ဒီလို အောက်ခြေသိမ်းတွေကအစ ကော လုပ်စရာ ဘာအကြောင်းမှမရှိဘူးနော်။ ကော ကကျွန်တော့်အတွက် ထိုင်ကြည့်နေဖို့သက်သက်ပဲ။ ကော မျက်နှာလေးညှိုးနွမ်းသွားမှာ ကို ကျွန်တော်သေမှာထက်ကြောက်တယ်။ကော ပင်ပန်းတာ ကျွန်တော်မမြင်ချင်ဘူးလို့ ပြောထားတယ်မလား '
' ရိပေါ်ရယ်။ ကောလည်း ပျင်းလို့ပါ။ ပြီးတော့ ရိပေါ်ရဲ့ အိမ်သားတွေကိုလည်း ကော လက်ရာကိုစားကြည့်စေချင်လို့လေ '
' ကော အမှန်အတိုင်းပြော မနေ့က ကျွန်တော့်မား ကော ကိုဒါတွေလုပ်ဖို့ပြောလိုက်တာလား '
ရှောင်ကျန့်ရဲ့ ပုခုံးနှစ်ဖက်ကို ဆွဲကိုင်ရင်း အကြည့်ချင်းဆုံကာ မေးလိုက်သည်။
' မဟုတ်ပါဘူး ရိပေါ်ရဲ့။ ကောရဲ့ သဘောပါ။ ကောလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ '
ရိပေါ်မျက်လုံးကိုသေချာမကြည့်ဘဲ သူတို့နှစ်ယောက်ခြုံထားသော စောင်ကိုသာ လေးထောင့်ကျကျလေးဖြစ်အောင် ခေါက်ရင်း မုသားစကားဆိုလိုက်သည်။
' ပြီးရော ပြီးရောနော်။ ကျွန်တော် မရှိတုန်း အလုပ်တွေကြီးပဲလဲ လုပ်မနေနဲ့ ။ ဖုန်းလဲဆက်အုန်း '
' ကဲ ရေသွားချိုးပါတော့ ။ ကောကိုစိတ်ချပါဆို '
ရိပေါ်ကိုကြည့်ရင်း အဖြူစင်ဆုံးကလေးလေးတယောက်လို သူပြုံးပြလိုက်သည်။ ဒီအပြုံးမျိုးဟာ ရိပေါ် ရှေ့ရောက်မှ ဖြစ်ပေါ်လာတတ်သလို ရိပေါ်တစ်ဦးတည်းအတွက်သာ ရက်ရက်ရောရောပေးတတ်သော အဖြူရောင်အပြုံးလေးပင်။
' အား ချစ်ဖို့ကောင်းလိုက်လေခြင်း ကောရယ်။ အလုပ်တောင် မသွားချင်တော့ဘူး။ '
' ကဲ နောက်ကျမယ် ရိပေါ်ရဲ့ သွား ရေသွားချိုးတော့ '
' အင်းပါ '
ရှောင်ကျန့်ရဲ့ ပါးနှစ်ဖက်ကို သူ့လက်ဖြင့် ဖွဖွလေးညှစ်လိုက်ရင်း အခန်းထဲမှ လှည့်ကြည့် လှည့်ကြည့်ဖြင့် ထွက်သွားတော့သည်။
~~~~~
ရိပေါ် အလုပ်သွားခါနီးတော့ ခြံရှေ့သို့ လိုက်ပို့လေသော ရှောင်ကျန့်မှာ နိုင်ငံရပ်ခြားသွားရတော့မည့်ချစ်သူကို လေဆိပ်လိုက်ပို့ရသကဲ့သို့ ငိုမဲ့မဲ့လေး ဖြစ်နေလေသည်။
' ကော ကျွန်တော် သွားတော့မယ်နော် '
' အင်း ရိပေါ် ကားကိုသေချာဂရုစိုက်မောင်း '
' စိတ်ချ ကျွန်တော်သွားတော့မယ် ။ ဖုန်းဆက်ဖို့ မမေ့နဲ့နော် '
' အင်းပါ '
ရိပေါ် ကားပေါ် တက်ပြီးမှ ပြန်ဆင်းလာကာ သူ့ကော ကို သူ့ရင်ခွင်ထဲထည့်ပြီး တင်းကြပ်စွာ ခဏလောက်ကြာအောင် ဖက်ထားလိုက်သည်။
ရှောင်ကျန့်ကတော့ အံ့သြမှင်သက်လျက် ရိပေါ်ရင်ခွင်ထဲတွင်ခေါင်းလေး မြုပ်ဝင်နေလေသည်။
ခဏလောက်ကြာတော့ ရိပေါ် ရှောင်ကျန့်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်လိုက်ပြီး ရှောင်ကျန့်ရဲ့ နှုတ်ခမ်းလေးအား ဖွဖွလေးတစ်ချက်သွားနမ်းလိုက်သည်။
' တကယ်သွားပြီ ကော တာ့တာ'
ရှောင်ကျန့် ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြပြီး လက်ကလေးပြကာ နှုတ်ဆက်ရင်း ရိပေါ်ကားလေး သူ့မြင်ကွင်းထဲက ပျောက်ကွယ်သွားမှ အိမ်ထဲဝင်နိုင်တော့သည်။
အတွေးတိမ်ထဲ လွင့်မြောရင်း ခြံထဲပြန်ဝင်လာလိုက်ရာ အိမ်အပေါက်ဝရောက်လေမှ ရိပေါ် မားက သူ့ကိုလက်ပိုက်ကြည့်နေမှန်းသိတော့သည်။
' ရှောင်ကျန့် '
' ဟုတ် အန်တီ ပြောလေ '
' ထမင်း ဟင်းတွေ အကုန်ကျက်သွားပြီလား '
' ဟုတ် ကျွန်တော်အကုန်ချက်ပြီးပါပြီ။ အန်တီစားချင်ရင် ကျွန်တော်ထည့်ပေးမယ်လေ '
' ဪ ဒီအချိန်ထမင်းစားစရာလား။မင်းလဲရောက်လာပြီဆိုတော့ မနေ့ကပဲ ဒီအိမ်က အိမ်ဖော်တွေကိုပြန်ခိုင်းလိုက်ပြီလေ။ မင်း ငါတို့ကို လုပ်ပေးချင်စိတ်ရောရှိရဲ့လား '
လုပ်ပေးချင်စိ်တ်ရှိရဲ့လား ဟုတ်လား?အန်တီ သိပ်တော်တယ်။ စကားကိုချောင်ပိတ်ရိုက်ပြီးပြောတဲ့ နေရာမှာ နှစ်ယောက်မရှိဘူး။ အိမ်ဖော်တောင်မရှိတော့ပါဘူးဆိုမှ ဒီအိမ်ကအလုပ်က ဒီက ရှောင်ကျန့်ရဲ့ အလုပ်ပဲပေါ့။လုပ်ပေးချင်စိတ်ရှိရှိ မရှိရှိ ကျွန်တော် စွမ်းနိုင်သလောက်တော့ မညည်းညူသေးဘူး အန်တီ။
' ဟဲ့ နင် ဘာတွေတွေးနေတာလဲ မလုပ်ပေးချင်လို့လား ။ '
ခပ်မာမာအသံဖြင့် အမိန့်ပေးသလိုဖြစ်သွားတာကြောင့် ရှောင်ကျန့် တစ်ကိုယ်လုံး တုန်တက်သွားသည်။
' မဟုတ်ပါဘူး ကျွန်တော် လုပ်နိုင်ပါတယ် '
' ကောင်းပြီ။ ဒါနဲ့ အိမ်ဖော်တွေကို ငါက မနေ့က ပြန်ဆိုတော့ သူတို့အထုပ်သူတို့သယ်ပြီး ကော့ပြီးကို တာ့တာလုပ်သွားတာ လျှော်ခိုင်းထားတဲ့ အကျႌ တွေကိုတောင် လျှော်မသွားကြတော့ဘူးလေ။ တကယ်ပဲ ကောင်မတွေက အချိုးကိုမပြေကြဘူး '
မျက်နှာရိပ်မျက်နှာကဲကြည့်ရုံဖြင့် ရှောင်ကျန့်သိသည်။ သူ့ကို အဝတ်လျှော်ခိုင်းနေပြီဆိုတာ။
' ရတယ် အန်တီ ကျွန်တော် လျှော်လိုက်ပါ့မယ် အဝတ်တွေက ရေချိုးခန်းထဲမှာလား '
' အေး ဟုတ်တယ် ။ ဒါဆို အန်တီ အလှပြင်ဆိုင်ခဏသွားအုန်းမယ်။ ဆံပင်ကကောက်သားမရှိတော့ ပြန်သွားလုပ်ရအုန်းမယ် '
' ဪ ဟုတ် အန်တီ ကောင်းကောင်းသွားပါ '
ရှောင်ကျန့်အတွက် ဒီလို အဝတ်လျှော် တဲ့အလုပ်မျိုးဆိုတာ မခက်ခဲလှပါ။ အိမ်မှာလဲ မိဘအဝတ် သူ့အဝတ်တွေကို လျှော်ရလွန်းလို့ အသားပင်ကျနေသည်။သို့သော် ဒါကတော့ လွန်လွန်းသည်။
ရည်ရွယ်ချက်ရှိရှိနှင့်ပင် တမင်အကွက်ချထားသယောင်ပင်။ အဝတ်ခြင်း ၃ခြင်းကို အဝတ်အစားတွေအပြည့်ပင်။ ခြင်းထဲကြည့်လိုက်လေတော့လည်း ရိပေါ်အဝတ်ဆိုလို့ မနေ့ကဝတ်ထားတဲ့T shirt တစ်ထည်သာပါသည်။ ကျန်တာအားလုံး ဒီအမျိုးသမီးရဲ့ အဝတ်အစားတွေနှင့် ရိပေါ် ပါပါးရဲ့ အဝတ်အစားတွေပင်။နှစ်ပတ်စာလောက် ဝတ်ထားသော အဝတ်အစားပုံကြီးပင်။
အိမ်ဖော်တွေဘယ်လောက်ဆိုးဆိုး ဒီလောက်တော့ပစ်ထားပါ့မလား။ သူ့လောက်လဲ အပေါက်ဆိုးဆိုး အမျိုးသမီး ကြီးရဲ့ ပါးစပ်ကိုသူတို့လား မကြောက်ရမှာ။ကြည့်ရတာတော့ သူဒီအိမ်ရောက်တာနဲ့ စိတ်ပျက်သွားအောင် တမင်မလျှော်ဘဲပုံထားပုံရသည်ဟု ရှောင်ကျန့်ကတော့တွေးသည်။
သို့ပေမဲ့လို့ တစက်မှ စေတနာမပျက်ခဲ့ချေ။ သူ့စေတနာက တစ်ချိန်ချိန်မှာတော့ ရောင်ပြန်ဟပ်လာမှာပဲလို့ ယုံကြည်မိသည်။
အဝတ်တွေအားလုံး လျှော်ပြီးလေတော့ ရှောင်ကျန့် လုပ်စရာ မရှိတော့တာနဲ့ ဧည့်ခန်းထဲဝင်ကာ TV ဖွင့်ပြီး TV ကလာနေတဲ့ ဇာတ်လမ်းကား ခဏ ထိုင်ကြည့်နေမိသည်။
လူကသာ TV ရှေ့ရောက်နေတာ စိတ်ကတော့ ရိပေါ်ဘာများလုပ်နေမလဲ ရိပေါ် အလုပ်မှာ အဆင်ပြေပါ့မလားနဲ့ တသသဖြစ်နေသဖြင့် ဇာတ်လမ်းအကြောင်းပင်မသိတော့ချေ။
တမှိုင်မှို်င် တထွေထွေဖြင့် တောင်တွေးမြောက်တွေးတွေးရာမှ တယောက်ထိုင် sofa ပေါ်တွင် ခွေလျက်သားလေး အိပ်ပျော်သွားတော့သည်။
ရိပေါ်မားကတော့ အလှပြင်ဆိုင်မှ ပြန်အလာ အိမ်ထဲသို့ သီချင်းလေးညည်းရင်း ဝင်လာလေသည်။
ရုတ်တရက် ဧည့်ခန်းဘက်ကိုမျက်စိရောက်သွားလေတော့ ကလေးလဲမဟုတ် သူငယ်လဲမဟုတ်နဲ့ကို sofa ပေါ်မှာ ကွေးကွေးလေး ခွေအိပ်နေတဲ့ ရှောင်ကျန့်ကို မြင်တော့ အနီးနား ဖြည်းဖြည်းချင်းသွားကာ TV remove ကိုယူပြီး volume ကိုအဆုံးထိချဲ့ကာ နုှိးတော့မည်ပြုသည်။
သို့သော် ရှောင်ကျန့် မျက်နှာလေးနှင့် နီးသထက်နီးလာလေလေ သူမကရုဏာသက်လာလေလေပင်။တော်ရုံတန်ရုံ စိတ်ဓာတ်ပြင်းထန်ပြီး သနားခြင်း ကင်းသော ရိပေါ်ရဲ့မားဟာ ရှောင်ကျန့်မျက်နှာအား မှင်သက်စွာ ငေးကြည့်နေမိသည်။
အတော်ကိုကြည်လင်ပြီး အပြစ်ကင်းတဲ့ မျက်နှာလေး။
ဘာလို့ များ အခုထက်ထိ တနေရာရာမှာတွေ့ဖူးနေသလိုလို ရင်းနှီးနေသလိုခံစားနေရတုန်းလဲ ဟု သူမတွေးရင်း ဆက်လက် ငေးကြည့်နေမိစဉ်မှာပင် ရှောင်ကျန့် မျက်လုံးအစုံဟာ ခပ်လှုပ်လှုပ်လေး ပွင့်လာသည်။
သူ့ရှေ့ကနေ ကျောက်တိုင်ကြီးကို မတ်မတ်ရပ်လျက်စိုက်ကြည့်နေသဖြင့် လန့်ဖျန့်ကာ ငေါက်ကနဲထထိုင်လိုက်သည်။
ရိပေါ်ရဲ့မားဟာ ယခင်ဖြစ်ပေါ်နေသော သနားစိတ် ကြင်နာစိတ်တို့အား ဆောင်းဦးလေနှင့်အတူ လွင့်ပြယ်စေပြီး မျက်နှာထားဟာ ပြန်လည်ခက်ထန်မာကြောသည့်အသွင်ပြောင်းလာသည်။
' နင် ဘာလို့ ဒီမှာ အိပ်နေတာလဲ '
' ကျွန်တော် အဝတ်လျှော်ပြီးလို့ ခဏ နားနေတာပါ အန်တီ '
' အိမ်ကြမ်းပြင်တွေက နင်းရတာ ချောချောမောမော မဟုတ်ဘူးဆိုတာ နင်သတိမထားမိဘူးလား။ဖုန်စုပ်စက်က လှေအားခြေရင်းမှာရှိတယ်။ ပြီးရင် လုပ်လိုက်အုန်းနော်။ TV ကလဲ မကြည့်ရင် ပိတ်လေ။ အလကားကြီး ဖွင့်ထားတယ် စက်တွေပူတယ်။ တကယ်ပဲ ရှောင်ကျန့်ရယ် ၄နှစ်ကလေးအရွယ်တယောက်အိမ်ရောက်လာသလိုပဲ။ ပြောလိုက်ရတာ။ '
' ဟုတ် လုပ်လိုက်ပါ့မယ် '
ခေါင်းလေးငုံ့ရင်း အားပျော့ပျော့ အသံလေးဖြင့် ဖြေလိုက်သည်။ သေးသွယ်သော ရှောင်ကျန့်မျက်နှာလေးဟာ ယခုဆိုလျှင် မွေးကင်းစ ကလေးမျက်နှာလေးလောက်ပင် မရှိအောင်ကိုသေးသိမ်သွားသည်။
အလုပ်တွေဆိုတာ တောင်လိုပုံလွန်းလို့ ရိပေါ်ဆီတောင်ဖုန်းမဆက်အားချေ။ လက်ဆိုတာလည်း ပန်းကန်ဆေး အဝတ်လျှော် နဲ့ ရေပြတ်ရသည်ကိုမရှိ။
ဝမ်ရိပေါ်သာဒီအခြေအနေကိုသိရင်တော့ အသည်း ထပ်ခြမ်းကွဲရချည်ရဲ့။
ညဦးပိုင်းရောက်လာလျှင်ဆောင်းလေအေးလေးနှင့်အတူ ခြံဝန်းထဲလမ်းလျှောက်ကာ ချစ်ရသူ၏ ကားအလာကို စောင့်မျှော်ရခြင်းမှာ ရှောင်ကျန့်၏တာဝန်အသစ်တစ်ခုဖြစ်လာသည်။
ကားဟွန်းတီးသံလေးကို ခပ်ဝေးဝေးမှ သဲ့သဲ့လေးကြားကတည်းက ခြံတံခါးကိုကြိုဖွင့်ထားသည်။ ဝမ်ရိပေါ် မိန်းမယူလို့ သူတို့မိသားစုအတွက် ချွေးမ ရလျှင်တောင် ဘယ်မိန်းမမှ ဒီလောက် အောက်သက်ကြေနိုင်မည်မဟုတ်။
' ကော။ အသဲလေး က ကျွန်တော့်ကိုထွက်ကြိုနေတာပဲ။ပင်ပန်းလိုက်တာ ကောရယ် သိလား ။ '
လက်ထဲက ဖိုင်တွဲကို ရှောင်ကျန့်လက်ထဲ လှမ်းထည့်ပြီး ရှောင်ကျန့်ရင်ခွင်ထဲသို့ ကလေးလေးတယောက်လို သူ့ ခန္ဓာကိုယ်တစ်ခုလုံး ပြိုဝင်ပစ်လိုက်သည်။
' ရိပေါ် အရမ်း ပင်ပန်းလာတာလား '
သူ့ရင်ခွင်ထဲက ရိပေါ်ရဲ့ဆံပင်လေးများအား ထိုးဖွရင်း အချိုသာဆုံးအသံဖြင့် မေးလိုက်သည်။
' ပင်ပန်းတယ်ဆိုတာထက် ကော ဖုန်းမဆက်တာက ပို ခံစားရတယ်။ ကော အသံလေးကိုအချိန်တိုင်းကြားချင်နေတာလေ။ ဖုန်းလဲမဆက်ဘူး ဆက်တော့လဲ မကိုင်ဘူး။ ကော ဘာတွေအလုပ်များနေလဲ '
အလုပ်လား။ များတာပေါ့ ရိပေါ်ရယ်။ တစ်အိမ်လုံး အလုပ် ကော အလုပ်ပဲ။ ဒီအိမ်ကိုရောက်တာ တရက်ပဲရှိသေးတယ် တော်တော်လေး ခြေကုန်လက်ပန်းကျနေပြီ။ ထားပါ။ ကော အပင်ပန်းခံနိုင်ပါတယ်။ ရိပေါ် စိတ်မချမ်းမသာမဖြစ်ရအောင် ဒီစကားတွေကို ထုတ်မပြောတော့ဘူး။
' မများပါဘူး ရိပေါ်ရဲ့။ ကော အိပ်ပျော်နေတာ။ ပြီးတော့ ညနေစာ ပြင်နေလို့လေ '
မုသားစကားကိုအပြုံးလှလှလေးဖြင့် ဆိုလိုက်သည်။
' လွမ်းလိုက်တာမှဆိုတာ။ကောရဲ့ ဓာတ်ပုံလေး ထုတ်ထုတ်ကြည့်ပြီး အမောဖြေရတယ် သိရဲ့လား '
' ကဲပါ ကလေးရယ် လာ ထမင်းစားရအောင်လေ '
' တွေ့လား ကလေး ကလေးနဲ့ ပြောပြန်ပြီ။အဲ့ကလေးကပဲ ကော ကိုတော်တော်ဖြစ်နေပြီဆိုတာသိလား။ လာ လာ အဲ့ကလေးက ဘာဆိုတာပြမယ် '
ရှောင်ကျန့်ရဲ့ ခန္ဓာကိုယ်လေးအား ဆွေ့ကနဲပွေ့ချီပြီး အိမ်ထဲမှ သူ့မိဘတွေရှင်းတုန်း အပေါ်ထပ်အခန်းထဲသို့ သယ်သွားရင်း အိပ်ယာပေါ်တွင် အလွမ်းသယ်၍ မဆုံးနိုင်တော့။
___________________
To be continued.....
Thank u so much💖Love u all🖤
Continue Reading
You'll Also Like
172K 9K 17
လန်​ကျန့်​ _____________ မင်းအ​ပေါ်ထားတဲ့အချစ်​​တွေက ဘယ်​ဘဝ​ရောက်​​ရောက်​ ဘယ်​နှစ်​ဘဝ​ပြောင်း​ပြောင်း ​ထာဝရတည်​မြဲ​နေမှာ ​ဝေ့ရင်း ​ဝေ့ရင်း _____...
335K 18.7K 46
Zhanyi ပါနော်✌❤ 1 to 22 ❤ Zawgyi + Unicode
60.8K 3.6K 11
Zawgyi. . 'ဥပက္ခာ' ပြုခံရတဲ့ ခံစားချက်က အတော်ကိုနာကျင်ရတာမှန်းကိုယ်သိခဲ့ပါပြီ မင်းလဲကိုယ့်လိုပဲနာကျင်ရမှာပဲနော မဟုတ်ဘူး ကိုယ်နာကျင်ရတာကမင်းနာကျင်ရတာလေ...