[ Zawgyi ]
ရိပေါ်ကိုဖုန်းဆက်ဖို့ပြင်နေစဉ်မှာပင် restaurant ထဲကို ဝရုန်းသုန်းကားနဲ့ ပြေးဝင်လာတဲ့ရိပေါ် ကိုသူတို့အုပ်စု
မြင်လိုက်ရတော့ အားလုံး ခဏတာ ငြိမ်သက်သွားကြသည်။ရိပေါ် ကအရင်ဆို လူတွေအများကြီးရှိတဲ့နေရာတွေ။ ဒီလိုသူငယ်ချင်းအုပ်စုလိုက်ကြီးတွေလုပ်တဲ့ dinner လိုမျိုးတွေဆို ဘယ်တော့မှသွားခဲ့သူမဟုတ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ သူ့ကောအပေါ် စိတ်မချမှုတွေကြောင့် ဒီလို ကျားလိုက်သလို အပြေးလာခဲ့ရတာ မဟုတ်လား။
သူဘာကြောင့်ရယ် မသိ သူနဲ့မဟုတ်ဘဲ တခြားသူတွေနဲ့ သူ့ကော အတူရှိနေတယ်ဆိုတာသိတာနဲ့ မနေနိုင်တော့ပေ။ ပြောရမယ်ဆို ရောဂါတော်တော်
ကျွမ်းနေလေပြီ။ထိုင်ရမလို ထရမလိုနဲ့ သူအတော် နေရခက်လာသည်။ထိုင်နေရင်တောင် ထိုင်ခုံနဲ့မထိတော့သလို မြေပေါ်ပဲ မြောက်နေသလိုနဲ့ စိတ်ပူနေတာလား သဝန်တိုနေတာလား။ သူ့နောက်ကွယ်မှာ ဘာတွေဖြစ်နေမလဲ ဆိုတာတွေးတာနဲ့ ခေါင်းတွေကျိန်းလာတာကြောင့် ဒီလို သူတို့သူငယ်ချင်း အသိုင်းအဝိုင်းကြားကို တယောက်ထဲရဲရဲဝံ့ဝံ့လာခဲ့ခြင်းပင်။
သူ့အတွက်တော့ ဒါမျိုးက မဟာစွန့်စားခြင်းကြီးပဲ။ အိမ်က မထွက်ခင်လဲ သူ့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ သူ့မာမားနဲ့ စစ်ခင်းခဲ့ရသေးသည်။ ဒါတွေကိုသူဂရုမစိုက်နိုင်တော့။
သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေကြားက သူရဲ့ တစ်ဦးတည်းသော သူကိုလိုက်ရှာနေမိသည်။ သူ သေချာ ကြည့်မိတော့မှ မြင်လိုက်ရသည်က စားပွဲပေါ်မှာ မှောက်နေတဲ့ သူ့ကော။
သူအမြန်လူအုပ်ကြားထဲက ကောကို ပွေ့ဖက်လိုက်သည်။
' ကော သတိထားပါအုန်း ကော ကျွန်တော့်ကိုကြည့်ပါအုန်း ကော ကော ရှောင်ကျန့်ကော '
သူရဲ့ အလန့်တကြား အမူအရာတွေကရှောင်ကျန့် သူငယ်ချင်းတွေသာမက restaurant တခုလုံးက လူတွေရဲ့အကြည့်တွေကိုပါ သိမ်းပိုက်လိုက်နိုင်သည်။
ဒီလို အမူအရာတွေကို overလုပ်နေတယ်ထင်တဲ့ ယွီပင်းကတော့
' ဝမ်ရိပေါ် မင်း တော်တော်ဖြစ်နေတာပဲ ရှောင်ကျန့်က မင်းအဲ့လို လိုက်ထိန်းနေရမယ့် ကလေးလေးလား ပြီးတော့ ရှောင်ကျန့်က အခုသေသွားတာလဲမဟုတ်ဘူး နည်းနည်းသောက်လိုက်လို့ မှောက်သွားတာ မင်းအဲ့လောက်ထိ အပိုတွေ လုပ်ပြနေဖို့မလိုဘူး '
ဆိုပြီး မူးမူးဖြင့်သာပြောသည်။
YOU ARE READING
ဆူး
RomanceXiaoZhan - ၄နှစ်အရွယ်တည်းက ကံဆိုးလာခဲ့ရတဲ့ကျွန်တော့ဘဝ ဇာတ်ကြောင်းက တသက်လုံးလဲ မဖြောင့်ဖြူးခဲ့သလို အချစ်လမ်းခရီးဟာလဲထို့အတူပါပဲ။ Wang YiBo - တသက်လုံး ကျွန်တော့်ဘဝမှာ စိတ်ပူပန်စရာရယ်လို့ဘာမှမရှိခဲ့ဘူး ရွှေလိုရင်ရွှေ ငွေလိုရင်ငွေပဲ မထင်မှတ်ဘဲနှလုံးသားထဲက...