ဆူး - Part 28

4K 364 20
                                    

( ZawGyi )

ရှောင်ကျန့်ကိုပွေ့ချီရင်း အခန်းထဲဝင်သွားရသော ဝမ်ရိပေါ် ဟာ လက်မအားတာကြောင့် အခန်းတံခါးကိုဟစိလေးထားခဲ့မိလေသည်။

အခန်းထဲတွင် ပလူးပလဲဖြစ်နေတဲ့ မြင်ကွင်းကို အခန်းရှေ့က ဖြတ်လျှောက်ရင်း မတော်မဆမြင်လိုက်ရသူမှာ ရိပေါ်ရဲ့မာမားပင်။

ပျစ်ချွဲနေသော ချစ်ရေးဆိုနေသည့်စကားလုံးတွေက ရှောင်ကျန့်တော့ မသိ ကြားရသူပင် နားရှက်ဖွယ်ကောင်းနေသလို ကြက်သီးတဖြန်းဖြန်းထရသည်။

ချစ်ကြောင်းပြောတာကို ရိုးရိုးတန်းတန်းပြောလည်းရသားနဲ့ကို သွယ်ဝိုက်ပြီး ကဗျာတွေစာတွေဖွဲ့ပြီး မိုးကောင်းကင်တွေ ပင်လယ်ကြီးတွေပါ မနေရဘူး ပါလာလိုက်တာ ဝမ်ရိပေါ်မှာ ကဗျာဆရာတယောက်ဖြစ်သွားသလိုပင်။မျက်နှာချင်းထိကပ်ပြီး အကြည်စိုက်နေကြသည်မို့မြင်ရသော သူမမျက်လုံးများကိုပင်ရှက်မိသည်။

သူ့သား ဝမ်ရိပေါ်ဟာ ဒီလောက်တောင်ကဲနေရသလား။

မဖြစ်ဘူး။ ဒီတိုင်းလွှတ်ထားလို့ တချိန်ချိန် ခွဲပစ်တဲ့အခါကျ သားလေး ရူးသွားမှဖြင့် ရင်ကျိုးရချည်ရဲ့။

ချက်ချင်းတော့ သူမ အခန်းထဲမဝင်ရဲသေးပေ။ သူမကိုယ်တိုင်လည်း ရှက်သလို သူတို့နှစ်ဦးရှေ့သွားရပ်ရမှာကိုပင် မျက်နှာပူနေသည်။

ခဏလောက်ကြာတော့မှ ရိပေါ်တို့နှစ်ယောက် ရေချိုးအဝတ်အစားလဲပြီး dinner စားဖို့ ထွက်လာတော့သည်။မိဘနှစ်ဦးရှေ့မှာတောင် မရှောင် ရှောင်ကျန့်ကိုလွတ်ထွက်တော့မယ့်အလား လက်ကိုင် ခါးကိုင်နှင့် မထိတထိ ဆွဲနေသေးသည်။

ရှေ့လျောက်လည်း ရိပေါ် မားရဲ့ မထိတထိ မျက်စောင်းပေါင်းများစွာကို အံတုရအုန်းမည်ဟု သာ ရှောင်ကျန့် စိတ်ထဲ၌ကြိမ်းဝါးနေမိသည်။

~~~~~~

' ကော အိပ်နေပြီလား '

ကုတင်ပေါ်တွင် သူ့ကိုကျောပေးလျက် တဖက်လှည့်ကာ ငြိမ်သက်နေသော ရှောင်ကျန့်အား သူအသံပြုလိုက်သည်။

' ဟင့်အင်း အိပ်မပျော်သေးပါဘူး '

' ကျွန်တော် လဲ ထူးဆန်းတယ်။ ဒီလောက် အလုပ်ပင်ပန်းလာတာ ဘာလို့ အိပ်မပျော်လဲ မသိဘူး။ကျွန်တော်တို့ ခြံထဲ ဆင်းကြမလား '

ဆူးWhere stories live. Discover now