[Unicode]
ဈာန်သည် Nine ကို တွေ့ရအောင် မနက်ခင်း ၉ နာရီခန့်တွင် သီရိဂေဟာကို ရောက်လာသည်။ ခြံစောင့်ကြီးက အိမ်ထဲလိုက်ပို့ပေးကာ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်ခိုင်းထားသည်။ အဲ့ဒီနောက် ခြံစောင့်ကြီးက အိမ်အနောက်ဘက်ကို ဝင်သွားသည်။ Nine တို့အိမ်က ဟိုအရင်နှစ်များက တစ်ခေါက်လာခဲ့တုန်းကအတိုင်း လူသံတိတ်ဆိတ်နေသည်။
"ကောင်လေးရေ Koe က အိပ်နေတုန်း"
အိမ်ရှေ့ဧည့်ခန်းကို အိမ်အကူဖြစ်ပုံရသော အစ်မ တစ်ယောက်ရောက်လာသည်။ Nine က အိပ်ရာမထသေးဘူးတဲ့။ ကျွန်တော် ပြန်လှည့်သွားရမလား။ အခုချိန်မှာ ဖမ်းမိဖို့ သိပ်ခက်သော ချစ်သူနှင့် တစ်မိုးအောက်ကို ရောက်နေပြီးမှ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ပါ။
"ဟိုလေ ခွန်ကိုးအခန်းကို ကျွန်တော်ရောက်ဖူးတယ်၊ သူ့အခန်းကို ဝင်သွားလို့ရမလား၊ ကျွန်တော်ပဲ Nine ကို ဝင်နှိုးလိုက်ချင်လို့"
ကျွန်တော် အလောတကြီး ပြန်ပြောလိုက်တော့လည်း
အိမ်အကူသည် တစ်ချက်တွေဝေသွားကာ စဥ်းစားနေသည့်ပုံ။
"အဲ့ဒါဆို သွားချင်သွားလေ၊ အပေါ်ထပ်ကို လိုက်ပို့ပေးမယ်"
အိမ်အကူအစ်မသည် သူစိမ်းတစ်ယောက်ဖြစ်သော
ကျွန်တော့်ကို အိမ်အပေါ်ထပ်ကို တစ်ယောက်တည်း
မလွှတ်ချင်သည့်ပုံ။ ကျွန်တော်လည်း Nine ဆီကိုရောက်ဖို့ ဦးစားပေးဖြစ်နေတာမို့ အိမ်အကူအစ်မကို သဘောတူပြီး Nine ရဲ့အခန်းကို အတူထွက်လာကြသည်။ အခန်းရှေ့ရောက်တော့ အိမ်အကူအစ်မကပဲ အခန်းတံခါးကို တွန်းဖွင့်ကာ ချောင်းကြည့်သည်။
"Koe က နိုးတာတော့ မနိုးသေးဘူး၊ ဝင်ချင်ဝင်သွားလိုက်လေ"
"ဟုတ်၊ ကျေးဇူးပါ အစ်မ"
အဲ့ဒီအစ်မက အောက်ထပ်ကို ပြန်ဆင်းသွားသည်။ Nine ကို အမိဖမ်းနိုင်ပြီမို့ ကျွန်တော် ဝမ်းသာသည်။ အခန်းတံခါးကို တွန်းဖွင့်ကာ လော့ခ်ပြန်ချထားလိုက်သည်။ အဲ့ဒီနောက် ချစ်သူဆီကို ချဉ်းကပ်ကာ Nine ကိုကြည့်လိုက်သည်။ မတွေ့ရတာကြာပြီမို့ ယစ်မူးရသော နှုတ်ခမ်းလွှာမှာ စက်ကွင်းမိသည်။ Nine က ဦးဆောင်သူနေရာကပဲ နေချင်သည်။ အဲ့ဒီအချက်ကို မေ့ပစ်ပြီး Nine ကို နမ်းလိုက်သည်။ နှုတ်ခမ်းသားချင်း ထိတွေ့မှုနဲ့တင် စိတ်ထဲအလိုလို ပျော်ရွှင်လာရသည်။
Nine မနိုးသေးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းပင်။ ကျွန်တော်သည် Nine ၏ တောင့်တင်းနေသော ရင်အုပ်ကို ငုံ့မိုးကြည့်နေမိသည်။ တောင့်တင်းနေသော ဝမ်းဗိုက်ကြွက်သားတွေဆီ အကြည့်ရောက်သည်။ ရင်အုပ်မှ ခါးအထိ ကြည့်လာမိကာ အဆုံးမှာ သမာဓိက မခိုင်ချင်။ Nine ကလည်း အိပ်နေသည်။ တစ်ခုခုလုပ်လိုက်ရင် စိတ်ဆိုးသွားမလား။ ဘာကိုမှ မစဥ်းစားချင်တော့ပါ။ Nine ကို မထိတွေ့ရတာ ဘယ်လောက်ကြာပြီလဲ။ အရင်ဦးဆုံး တောင့်တင်းနေသော ဝမ်းဗိုက်ကြွက်သားတွေကို ဖိကပ်နမ်းလိုက်သည်။ အဲ့ဒီနောက်မှာ တစ်နေရာကို တစ်ချက်စီ နမ်းလာလိုက်တာ ရင်အုပ်တွေပေါ် ပြန်ရောက်လာသည်။
Nine ကိုယ်လုံးလေး လူးလွန့်လာသည်။ ကျွန်တော် မရပ်တန့်နိုင်သေးပါ။ Nine မျက်လုံးပွင့်လာသည်။ Nine မျက်ဝန်းတွေသည် အောက်အရပ်ကို ငုံ့ကြည့်လာသည်။ ကျွန်တော့်ကိုမြင်သွားတာနဲ့ စူးစူးရဲရဲ ဖြစ်သွားသည်။
"ခွေးကောင်! မင်း အဲ့ဒါ ဘာလုပ်တာလဲ၊ ဘယ်လိုလုပ် ငါ့အခန်းထဲ ရောက်နေတာလဲ"
Nine က ငေါက်ခနဲထထိုင်ကာ ကျွန်တော့်ကို ဆောင့်တွန်းပစ်သည်။ အရှိန်ပြင်းသော လက်သီးတစ်ချက်ကလည်း ကျွန်တော့်မေးရိုးပေါ်ကို ကျလာသည်။ ချစ်သူက ထိုးပစ်လိုက်တာမို့ အသည်းထိအောင် နာသည်။ Nine က အရင်တုန်းကဆိုရင် ကျွန်တော်နမ်းလိုက်ရင် ငါဘက်က စချင်တာဆိုပြီး ပြန်နမ်းပေးတတ်သည်။ အခုကျတော့ ခါးခါးသီးသီးပဲ။ Nine တကယ်ကို ပြောင်းလဲသွားတာပဲ။
"မင်းကို ဘယ်လိုမှ ဆက်သွယ်မရလို့ အိမ်အထိ လိုက်လာတာ၊ မင်း အရမ်းရက်စက်တယ်ကွာ၊ မင်းနဲ့မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ"
"မင်းနဲ့ငါ လမ်းခွဲပြီးပြီ ဈာန်၊ ငါ့အိမ်ထဲက ထွက်သွားတော့"
"မင်း အဲ့ဒီလိုလုပ်လို့မရဘူး၊ မင်းမှတ်မိလား၊ ငါတို့ ချစ်သူဖြစ်ခဲ့တယ်ဆိုတာ မင်းဘက်က စခဲ့တာ၊ မင်းကစပြီး ချစ်တယ်လို့ပြောခဲ့တာ၊ အဲ့ဒီတုန်းက မင်းကိုငါ ဘယ်လောက်အထိ ရင်ခုန်ခဲ့ရလဲ၊ အခုမှ ဖြုတ်ချချင်တဲ့နေရာမှာ ဖြုတ်ချပစ်ခဲ့ရအောင် ငါက လိုသလိုချိတ်လို့ရတဲ့ ရထားတွဲမဟုတ်ဘူး"
"ဈာန်..ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး၊ မင်းကိုချစ်တယ်ပြောပြီး မင်းနဲ့တွဲခဲ့တာ တကယ်တော့ ကိုနေ့ကို အရွဲ့တိုက်ခဲ့တာ၊ ကိုနေ ငါ့ကိုပြန်ချစ်လာအောင်လို့"
"အဟက်! မင်းက ငါ့ကို နှစ်ရှည်လများစွာ အသုံးချခဲ့တာပေါ့"
"ဟုတ်တယ်၊ အသုံးချခဲ့တာ၊ ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး"
"တောက်! Nine .. မင်း!"
Nine က ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်ကာ ဝန်ခံသည်။ ဘယ်လောက်ဆိုးတဲ့ ကောင်လေးလဲ။ဘယ်လောက် ဒေါသထွက်စရာကောင်းလိုက်သလဲ။ ကျွန်တော်ကတော့ ချစ်လိုက်ရတာ။ သူ့ဘက်က အသုံးချရုံသက်သက်ကလွဲလို့ မချစ်ခဲ့ပါတဲ့။ ခံပြင်းဒေါသစိတ်ကြောင့် Nine ရဲ့အင်္ကျီကော်လံကို ခပ်တင်းတင်း ဆွဲချုပ်ပစ်လိုက်သည်။
"မင်းမှားခဲ့တာ၊ အဲ့ဒီလူကို အရွဲ့တိုက်ချင်စိတ်နဲ့ ငါ့ကိုရွေးချယ်လိုက်တာ မင်းမှားတာ၊ မင်းက လူကြည့်မှားတာ၊ ငါက အသုံးချခံမဟုတ်ဘူး"
ကျွန်တော် ဒေါသဖြစ်လွန်းလို့ Nine ကို ခုတင်ပေါ်ကို ခပ်ကြမ်းကြမ်း ဆောင့်တွန်းချလိုက်သည်။ အဲ့ဒီနောက် ခါးပေါ်တက်ခွထိုင်ကာ အင်္ကျီကြယ်သီးတွေကို စိတ်လိုလက်ရ ဆောင့်ဆွဲဖြုတ်ချလိုက်သည်။
"ခွေးကောင်! ငါ့ကို ယုန်သူငယ်များ မှတ်နေသလား၊ ဒါမျိုး ထပ်လုပ်တာ"
Nine ကလည်း ကျွန်တော့်ကို ပြန်ဆောင့်တွန်းလိုက်တဲ့အခါ ကျွန်တော်လည်း နောက်ပြန်ကျသွားသည်။ Nine က ကျွန်တော့်ခါးပေါ် တက်ခွထိုင်လာသည်။
"ငါမင်းကို ဘယ်တုန်းကမှ မချစ်ဘူး၊ အရင်ကရော အခုရော နောင်ရော"
ပါးပြင်ပေါ် ပူဆင်းကျလာသော လက်သီးချက်တွေ။ Nine က ကျွန်တော့်ခါးပေါ် တက်ခွထိုင်ပြီး မျက်နှာကို ဆွဲထိုးလာတာ။ ကျွန်တော်လည်း ခွန်အားချင်းမျှတဲ့ ယောင်္ကျားပဲ။ Nine ကို ပြန်တွန်းချပြီး မတ်တပ်ထရပ်လိုက်သည်။ အဲ့ဒီနောက် Nine မျက်နှာကိုပါ လက်သီးနှစ်လုံး ပစ်သွင်းပေးလိုက်သည်။
"Nine.. မင်းငါ့ကို ချစ်ဟန်ဆောင်ပြီး အသုံးချခဲ့တဲ့အတွက် အလျော်အစားပေးဖို့သာ ပြင်ထားလိုက်၊ နေဝန်းသာ မဟုတ်လား၊ မင်းနဲ့ တွဲနေတဲ့ကောင်"
ကျွန်တော် ပစ်သွင်းလိုက်တဲ့ လက်သီးချက်ကလည်း
ဗို့အားပြင်းသည်။ Nine မျက်နှာမှာ အညိုအမည်းစွဲသွားသည်။ Nine က ကျွန်တော့်ကို မဲ့ပြုံးကြည့်ကာ ဘာမထီသလို မျက်နှာပေးနဲ့ နေပြသည်။
"မင်းနဲ့ချစ်နေတာ နေဝန်းသာမဟုတ်လား၊ အဲ့ဒီလူ ဂျေဝင်လာအောင် ငါ့ကိုအသုံးချတယ်၊ အခု သူနဲ့တွဲနိုင်ပြီဆိုတော့ ငါ့ကိုဖြုတ်ချတယ်၊ မင်းအစီအစဥ်တွေ သောက်ရမ်းမိုက်တယ်၊ ငါ့ကို အသုံးချလိုက်တာ ဘယ်လောက်အလျော်အစားပြင်းသလဲဆိုတာ မင်း စောင့်ကြည့်လိုက်၊ မင်းနဲ့ နေဝန်းသာကို ငါခွဲပြမယ်၊ ငါ ရင်နာရသလို မင်းလည်း နေဝန်းသာနဲ့ ပျော်ရမယ် မကြံနဲ့"
ဈာန်က ထင်ရာမြင်ရာကို ပြောသည်။ ပြီးတော့ တဟားဟားအော်ရယ်ပြီး အခန်းတံခါးကို ဆောင့်ပိတ်လို့ ထွက်သွားသည်။ ဈာန်နဲ့ ဇာတ်လမ်းပြတ်သွားရင် ပြီးရော Koe ဘာမှ မဖြေရှင်းလိုက်ပါ။ နောင်ခါလာ နောင်ခါဈေးပဲ Koe နှင့်ဈာန် ပြတ်သွားပြီ။
"တောက် !"
*ဒုန်း*
တောက်ခေါက်သံ ခပ်ပြင်းပြင်းနှင့်အတူ ကားတံခါးဆောင့်ပိတ်သံက သီရိဂေဟာ ခြံဝင်းအရှေ့မှာ ထွက်ပေါ်လာသည်။ အဲ့ဒီနောက် မျက်နှာမှာ အညိုအမည်းစွဲနေသော ဈာန်သည် သီရိဂေဟာအိမ်ကြီးကို မလိုသလိုမျက်နှာမျိုးနဲ့ လှမ်းကြည့်လိုက်သည်။
"Nine ..မင်းက ငါ့ကို လိုသလို အသုံးချလို့ရတဲ့ကောင်လို့ထင်နေတာ၊ မင်းငါ့ကို ကစားခဲ့တာ၊ မင်းမသိတာတစ်ခုက ငါက ဘယ်တော့မှ ကစားခံ မဟုတ်ဘူး၊ မင်းနဲ့ နေဝန်းသာကို မရရအောင် ငါခွဲပြမယ်၊ မင်းကစားသလို ငါလည်း ကစားတတ်တယ်၊ မင်းလူကြီးနဲ့ ကြာကြာပျော်ရမယ်မထင်နဲ့"
နှုတ်ခမ်းတစ်ဖက်တည်း ကော့ညွတ်တက်အောင် ပြုံးကာ လျှို့ဝှက်သော အပြုံးတို့နဲ့ ဈာန်သည် သီရိဂေဟာခြံကြီးအရှေ့ကနေ ကားကို အရှိန်ပြင်းပြင်း မောင်းထွက်သွားသည်။ ဈာန်၏ ဦးတည်ရာက နေဝန်းသာ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီသို့။ ဈာန်သည် ကုမ္ပဏီရှေ့တွင် ကားကို တုံ့ခနဲ့ ထိုးရပ်လိုက်သည်။ ထို့နောက် ကားတံခါးကို ဆောင့်ပိတ်ပစ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်သည်။
"နေဝန်းသာ ရှိလား"
မျက်နှာမှာ အညိုမည်းစွဲနေလို့ လက်မှတ်ရောင်းသည့် ကောင်လေးက ဈာန့်ကို ခြေဆုံးခေါင်းဆုံး ကြည့်လာသည်။
"ဟေ့ မေးနေတယ်၊ နေဝန်းသာ ရှိလား"
"မရှိဘူး၊ အပြင်ထွက်သွားတယ်"
"ဘယ်ကို သွားတာလဲ၊ ဘယ်လောက်ကြာမှာလဲ"
"မသိဘူး၊ ခင်ဗျားတွေ့ချင်ရင် ဟိုက ထိုင်ခုံတန်းမှာ ထိုင်စောင့်"
"တောက်!"
"အစ်ကို ဘယ်သူ့ကို တောက်လာခေါက်နေတာလဲ"
"မင်းနဲ့မဆိုင်ဘူး၊ ဘဲကြီးပြန်လာရင် ပြောလိုက်၊ ဈာန် လာသွားတယ်လို့၊ ခဏနေမှ ငါပြန်လာမယ်"
နဂိုကတည်းက ဒေါသဖြစ်နေတာဆိုတော့ မည်းမည်းမြင်ရာ ရန်ဖြစ်ချင်နေတာမို့ လက်မှတ်ရောင်းသည့် ကောင်လေးကို ပိတ်အော်ကာ ထွက်လာလိုက်သည်။ ပြိုင်ကားကို အရှိန်တင်မောင်းကာ လမ်းမကြီးပေါ်မှာ ၁၅ မိနစ်ခန့် အချိန်ဖြုန်းသည်။ ကားမောင်းရင်း စဥ်းစားသည်။ Nine နှင့် နေဝန်းသာကို မကွဲကွဲအောင် ဘယ်လိုခွဲပစ်ရမလဲလို့။ ပေါ်လာသော ခပ်ညစ်ညစ်အတွေးကြောင့် နှုတ်ခမ်းကို ယောင်ယောင်လေး မဲ့ပြုံးပစ်လိုက်သည်။ ထို့နောက် နေဝန်းသာဆီကို နောက်တစ်ခေါက် ထပ်သွားလိုက်သည်။
"ဟေ့ နေဝန်းသာ ပြန်ရောက်ပြီလား"
"ပြန်ရောက်ပြီ၊ အထဲ ဝင်သွားလိုက်၊ ခင်ဗျားရောက်လာတယ်လို့ ပြောထားတယ်"
ခရီးသွားလက်မှတ်ရောင်းသည့် ကောင်လေးက သူ့ကို မာမာထန်ထန်ပြောလိုက်လို့ ကျွန်တော့်ကို သိပ်မကြည်ဘူး။ အဲ့ဒီပမွှားလေးကို ဂရုမစိုက်ဘူး။ နေဝန်းသာ၏ ရုံးခန်းကို ရောက်ဖူးပြီးသားမို့ တံခါးကို အသံမြည်အောင် တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ အဲ့ဒီလူက ကျွန်တော်ဝင်လာတာကို သိရဲ့သားနဲ့ အလုပ်ရှုပ်ပြသည်။ ဈာန်သည် မဲ့ပြုံးကာ သူ့အရှေ့ကို လျှောက်သွားလိုက်သည်။ သူနှင့် ကျွန်တော့်ကြားမှာ စားပွဲတစ်လုံးပဲ ခြားသည်။
"ခင်ဗျားကို ကျွန်တော်ပြောပါတယ်၊ Nine နဲ့ ပတ်သက်နေရင် နောက်ထပ်တစ်ခေါက် လာတွေ့မယ်လို့"
"မင်းကို အမှန်တွေ ပြောလိုက်တာ၊ မင်းထင်နေသလို Koe နဲ့ငါ ဘာမှမပတ်သက်ဘူး၊ Koe ကို ငါမချစ်ဘူးလို့ မင်းကိုပြောပြီးသား"
"Nine ရဲ့လက်ရှိချစ်သူက ခင်ဗျားမဟုတ်လား"
"Koe က မင်းကို အဲ့ဒီလိုပြောလား၊ ငါ့ကို စွပ်စွပ်စွဲစွဲ လာပြောနေတာ"
"Nine က ခင်ဗျားကိုချစ်နေလို့ ကျွန်တော်နဲ့တွဲပြီး ခင်ဗျားကို အရွဲ့တိုက်ပြခဲ့တာတဲ့၊ အဲ့ဒီတော့ Nine ချစ်သူက ခင်ဗျားပဲ"
"မဟုတ်ဘူး၊ ငါတို့ချင်း ဘာမှမပတ်သက်ဘူး၊ သေချာသိချင်ရင် Koe ကိုသွားမေးလိုက်၊ အာရုံနောက်တယ်၊ လက်မှတ်လာဝယ်တာ မဟုတ်ရင် ပြန်တော့"
"ပြန်မှာပါ၊ ကျွန်တော် စုံစမ်းမယ်၊ အကယ်၍သာ ခင်ဗျားနဲ့ Nine က ချစ်သူဆိုရင် နှစ်ယောက်စလုံး ကျွန်တော့်ကို လိမ်ညာမှုနဲ့ အမှုပိုကြီးမယ်"
"အေး ..ပြန်မယ့်အရေး ပြန်တော့၊ Koe နဲ့ငါ ဘယ်တော့မှ ချစ်သူဖြစ်မှာ မဟုတ်ဘူး"
အခု ဘယ်ကောင်က ညာနေတာလဲ။ Nine က သူ့ချစ်သူက ဘယ်သူပါလို့ သေချာမပြောလိုက်ဘူး။ ဘဲကြီးက အတိအလင်း ငြင်းနေတယ်။ နှစ်ယောက်စလုံး ညာနေကြတာလား။
"ဟေ့ အခန်းထဲက ထွက်သွားတော့၊ ငါ အလုပ်လုပ်နေတာ"
ဆိုးလိုက်တဲ့ ဘဲကြီး။ ပေါ်တင်ကြီး မောင်းထုတ်နေတာ။ ဘဲကြီးကို မျက်စောင်းဝင့်ချီပေးလိုက်သည်။ အဲ့ဒီနောက် သူ့စားပွဲအရှေ့က ထိုင်ခုံကို အသံမြည်အောင် တစ်ချက်ပိတ်ကန်ပေးလိုက်ကာ ထွက်လာလိုက်သည်။
"ဘယ်လိုကောင်လေးမှန်း မသိဘူး၊ မဟုတ်ပါဘူးလို့ ဒီလောက်ပြောနေတာကို လူကို စွပ်စွပ်စွဲစွဲ၊ ငါက Koe နဲ့တော့ ချစ်သူဖြစ်မှာ မဟုတ်ဘူး၊ ကလေးနဲ့ပဲ ချစ်သူဖြစ်မှာ၊ ဘာလို့ဆို ကလေးကိုပဲ ချစ်လို့"
ထိုင်ခုံကို ပိတ်ကန်ကာ အခန်းထဲက ထွက်သွားသော ဈာန်၏ နောက်ကျောပြင်ကို တစ်ချက်ကြည့်ကာ နေဝန်း ရေရွတ်လိုက်သည်။ ပြီးတော့ အာရုံနောက်လို့ ကိုယ့်အလုပ်ပဲ ပြန်လုပ်နေလိုက်သည်။
ဈာန်သည် ပေါက်ကွဲပြီး အိမ်ပြန်ရောက်လာသည်။ လက်ရှိမှာ ဘာအလုပ်မှ မလုပ်ဘဲ အားနေသူမို့ အိမ်ပြန်ရောက်တော့လည်း ဉာဏ်နီဉာဏ်နက်တွေ ထိုင်ထုတ်နေလိုက်သည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို ထူးအောင် IC ကြီး၊ အိမ်ကို ခဏလာဦး၊ မင်းကို အလုပ်ပေးစရာရှိတယ်"
"အခုလား"
"အင်း"
"ပြီးရော .. ခဏနေ ရောက်မယ်"
ကျွန်တော်ခေါ်လိုက်သော IC ဆိုသူက တကယ်တော့ သတင်းထောက်ရူး တစ်ယောက်။ ကျွန်တော်နဲ့လည်း ရင်းနှီးသည်။ နာမည်က ထူးအောင်။ ရင်းနှီးသူတွေက IC ထူးအောင်ဆိုပြီး ခေါ်ကြသည်။ ထူးအောင်သည် သတင်းအချက်အလက် နှံ့စပ်ကျွမ်းကျင်သည်။ ရပ်ကွက်ထဲမှာ ဘယ်အိမ်က ဘာဖြစ်နေတယ် ဘယ်လို။ ဘယ်သူက ဘယ်သူနဲ့ ဘယ်လိုဆိုတာကို ထူးအောင်က အကုန်သိသည်။
ထူးအောင်မသိတာ ဘာမှမရှိလို့ ပြင်ဦးလွင်မြို့၏ information centre ဖြစ်နေသူ။ အဲ့ဒါကြောင့် ထူးအောင်ကို IC ထူးအောင်ဆိုပြီး ခေါ် ကြသည်။ IC ထူးအောင်ကို ယောင်္ကျားလေးများက အလုပ်အပ်ကြတာ များသည်။ ဘာအလုပ်တွေကို အပ်ကြလဲဆိုရင် သူတို့ချစ်သောကောင်မလေးများနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော သတင်းနှင့် နောက်ကြောင်းရာဇဝင်ကို တိတိကျကျ သိရဖို့ သတင်းလိုက်ခိုင်းကြသည်။
IC ထူးအောင်ကို အိမ်ထောင်သည်အမျိုးသမီးများကလည်း အလုပ်အပ်ကြသည်။ နောက်မီးလင်းနေသော သူတို့၏ ယောင်္ကျားများကို နောက်ယောင်ခံ လိုက်ခိုင်းတတ်ကြသည်။ IC က ထိုအလုပ်များကို ပိုက်ဆံလက်ခံပြီး လုပ်ပေးသည်။ ဈာန်လည်း IC ကို အလုပ်အပ်ဖူးတာမို့ ဒီတစ်ခေါက်လည်း IC ကို လှမ်းခေါ်လိုက်သည်။ အဲ့ဒီကောင်က ပိုက်ဆံချပေးလိုက်ရင် သတင်းကို ရေဆုံးမြေဆုံး လိုက်ပေးတတ်သည်။
*တင်း တောင်*
ခြံတံခါးမှ ဘဲလ်သံမြည်လာသည်။ ထူးအောင်သည် ပိုက်ဆံလိုအပ်နေလို့ အဲ့ဒီလောက်မြန်မြန်ကြီး အိမ်ကို ရောက်လာတာပဲ ဖြစ်ရမည်။ ဈာန်သည် ခြံတံခါးကို သွားဖွင့်လိုက်တဲ့အခါ ခြံရှေ့မှာ ဆိုင်ကယ်တစ်စီးနှင့် ထူးအောင်ကို တွေ့ရသည်။
"ဈာန် .. ဘာအလုပ်တွေ အပ်မလို့လဲ"
"လာကွာ ထူးအောင် ..ခြံထဲဝင်"
ဈာန်သည် ထူးအောင်ကို ခြံထဲခေါ်သွင်းလိုက်သည်။ အိမ်ပေါ်ကို မတက်ဖြစ်ကြဘဲ သစ်ပင်ရိပ်အောက်မှာ ချထားသော ထိုင်ခုံမှာပဲ ထိုင်လိုက်ကြသည်။
"ရော့ ..."
ဖုန်းထဲမှာ သိမ်းထားသော Nine ဓာတ်ပုံကို ထူးအောင် မြင်သာအောင် ပြလိုက်သည်။ ထူးအောင်က ဓာတ်ပုံကိုကြည့်လိုက်ပြီးမှ ကျွန်တော့်ကို ပြန်ကြည့်လာသည်။
"ဒါက ခွန်ကိုး ..မင်းရဲ့ latest version မဟုတ်လား"
"သိပ်ဟုတ်၊ အခု ငါနဲ့ လမ်းခွဲလိုက်ပြီ၊ သူ့ဘက်ကစပြီး လမ်းခွဲလိုက်တာ၊ အသစ်တောင် ရသွားပြီ"
"ဟိုက်ရှားပါး မြန်လိုက်တာ၊ အဲ့ဒါများ မင်းလည်း နောက်တစ်ယောက် ထပ်ရှာလေကွာ"
"ရှာမယ်၊ ဒါပေမဲ့ အခု မဟုတ်သေးဘူး၊ အခု ငါအရမ်း ခံပြင်းဒေါသထွက်နေတယ်"
"ဘာလို့လဲ၊ အဲ့ဒီကောင် ခွန်ကိုးက မင်းကို ဘာတွေကျော်ခွသွားလို့လဲ"
"ငါ့ကို အချိန်အတော်ကြာ အသုံးချခဲ့တာ၊ ငါ့ကိုမချစ်ဘဲနဲ့ crush နေတဲ့ တစ်ယောက်ကို အရွဲ့တိုက်ပြတဲ့အနေနဲ့ တွဲခဲ့တာ"
"အဲ့ဒါဆို crush နဲ့ ပြန်အဆင်ပြေသွားလို့လား"
"Crush က မဟုတ်ဘူးလို့ ငြင်းထားတယ်"
"အဲ့ဒါဆို ဘယ်သူများ ဖြစ်နိုင်မလဲ၊ Crush ကများ မင်းကို လိမ်ပြောလိုက်တာလား"
"အေးလေ၊ အဲ့ဒါကို သိချင်တာ၊ နောက်တစ်ယောက်
ရနေတယ်ပဲ ပြောတာ၊ ဘယ်သူနဲ့လို့ မပြောဘူး၊ သူနဲ့တွဲနေတာ ဘယ်ကောင်လဲဆိုတာ အတိအကျ သိချင်တယ်"
"ဘယ်ကောင်လဲ သိရရင်ရော"
"သူတို့အတွဲကို မကွဲကွဲအောင် ခွဲပစ်မယ်၊ ငါ့ကိုချစ်ဟန်ဆောင်ပြီး အသုံးချခဲ့လို့၊ အဲ့ဒီအတွက် ထိုက်သင့်တဲ့ အလျော်အစားက သူတကယ်ချစ်တဲ့ကောင်နဲ့လည်း ပြတ်စေရမယ်"
"အိုကေလေ၊ အာရကေသာ ချပေး၊ အခုချက်ချင်း သတင်းလိုက်ပေးမယ်"
"IC .. ငါ့မှာ အပေါဆုံးက ပိုက်ဆံပဲ၊ ခဏစောင့်"
ဈာန်သည် အိမ်ထဲပြန်ဝင်ကာ ပိုက်ဆံတစ်အုပ် သွားယူလာသည်။ ထူးအောင်ဆီ ပိုက်ဆံအုပ်ကို ပစ်ထည့်ပေးလိုက်သည်။ ထူးအောင်က ငါးထောင်တန်အုပ်ကို မြေကြီးပေါ် ပြုတ်မကျအောင် ဖမ်းယူလိုက်သည်။ အလုပ်အပ်သူ ဈာန်က ဖုန်းထဲက ဓာတ်ပုံကိုကြည့်ကာ တဟားဟား အော်ရယ်သည်။ အလုပ်လက်ခံသူ ထူးအောင်က ငါးထောင်တန်အုပ်ကို လက်ဖဝါးပေါ် တဖက်ဖက်ရိုက်ကာ အော်ရယ်လိုက်သည်။
"ဈာန် အဲ့ဒါဆို ငါသွားပြီ၊ ဖုန်းနဲ့ ဆက်သွယ်မယ်"
"အိုကေ"
ထူးအောင်က ဆိုင်ကယ်ကို စက်ပြန်နှိုးကာ ဈာန်တို့ ခြံအရှေ့က ပြန်ထွက်သွားသည်။ မကြာခင် ရက်ပိုင်းအတွင်း သတင်းကြားရတော့မှာမို့ လျှို့ဝှက်အပြုံးကို ဈာန် ပြုံးပစ်လိုက်သည်။
*****
အခုရောက်နေတာ တန်ဆောင်မုန်းလ။ သုံးသုံးတို့ကျောင်းမှာ တန်ဆောင်တိုင်ပိတ်ရက်အတွက် အိမ်ပြန်ခွင့် နှစ်ရက်ပေးသည်။ အဲ့ဒါကြောင့် ဖေဖေက သုံးသုံးကို လာခေါ်ပေးမည်။ ကိုကိုးက အိမ်မှာ မရှိ။ အောင်ပန်းလိမ္မော်ခြံကို ဦးလုံနှင့်အတူ ခရီးပြန်ထွက်သွားသည်။ Orange Juice ထုတ်လုပ်ဖို့အတွက် အရသာကို သုံးကြိမ်မြည်းပြီးပြီမို့ ဒီတစ်ခါ အများကြီးထုတ်လုပ်ဖို့ လိမ္မော်ခြံကို ပြန်သွားနေသည်။
ကိုကိုးက ဒီတစ်ခါ အောင်ပန်းမှာ တစ်ပတ်လောက်ကြာမည်တဲ့။ အဲ့ဒါကြောင့် သုံးသုံးက အိမ်ပြန်ရောက်ရင်လည်း အိမ်မှာ နွေလဆန်းပဲ ရှိသည်။ ဖေဖေလာကြိုနေပြီမို့ သုံးသုံးက အဆောင်ရှေ့မှာ ရပ်စောင့်နေလိုက်သည်။ ခဏအကြာမှာ ဖေဖေမောင်းလာသော ပါဂျဲရိုး အနက်ရောင်ကားကြီး ထိုးရပ်လာသည်။
"သားငယ်ရေ လာဟေ့ .. ကားပေါ်တက်"
"ဟုတ်ကဲ့ ဖေဖေ"
သုံးသုံးလည်း ကားပေါ်ပြေးတက်ကာ ဖေဖေ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ ထိုင်ခုံခါးပတ်ကြိုးကို ဆွဲပတ်ရင်းနဲ့ ဖေဖေ့ကို ပြုံးပြလိုက်သည်။
"စာမေးပွဲ နီးနေပြီနော်၊ ဘယ်လိုလဲ စာတွေရပြီလား"
"ရတယ် ဖေဖေ၊ ကျောင်းမှာ revision ပြန်နေပြီ"
"ဖေ့သားငယ်က Koe ဆယ်တန်းတုန်းကနဲ့ တခြားစီပဲ၊ တော်လိုက်တဲ့ ကလေး"
ဖေဖေသည် ကားမောင်းနေရင်း သုံးသုံးခေါင်းလေးကို လက်ဖဝါးနဲ့ အုပ်ကိုင်ကာ ဆံပင်ကို ပွတ်သပ်လာတာမို့ သုံးသုံး ရင်ထဲကြည်နူးနေမိသည်။ သုံးသုံး
လိမ္မာလို့လည်း ဖေဖေက သုံးသုံးကိုချစ်သည်။
"ဪ ဖေဖေ .. ညရောက်ရင် မဟာအံ့ထူးကံသာမှာ မီးပုံးပျံ လွှတ်တင်ပွဲ ရှိတယ်၊ အဲ့ဒါ ကျွန်တော်သွားချင်လို့ ကိုကြီးက လိုက်ပို့ပေးမယ်တဲ့"
"ဟုတ်လား၊ သွားချင်သွားလေ၊ ညဥ့်နက်တဲ့အထိ မနေနဲ့ဦး"
"မနေပါဘူး၊ ၁၀ နာရီလောက်ဆို ပြန်လာမှာ"
"နေဝန်းနဲ့ဆိုတော့ ဖေဖေ စိတ်ချတယ်၊ သားငယ် လိုက်ချင်လိုက်သွားပေါ့"
"ဟုတ် ဖေဖေ"
ညရောက်ရင် ပွဲဈေးတန်းလျှောက်ပြီး မီးပုံးပျံပွဲ ကြည့်ရမှာမို့ သုံးသုံး ပျော်မြူးနေသည်။ အဲ့ဒီကိစ္စကို ကိုကိုးကို မပြောပြထားပါ။ ကိုကြီးနဲ့ စကားပြောရင် ကိုကိုးက လုံးဝမကြိုက်တာ။ မျက်စိရှေ့မှာ မြင်မိလို့ကတော့ လက်ကိုဆွဲပြီး သုံးသုံးကို ခေါ်ထုတ်သွားတတ်သည်။ သုံးသုံး အိမ်ပြန်ရောက်တော့ ညစာ စားသည်။ ည ၇ နာရီမှာ ဖုန်းဝင်လာသည်။ ကိုကြီးက ခြံပေါက်ဝမှာ စောင့်နေတယ်တဲ့။ သုံးသုံးသည် ချက်ချင်း ခြံရှေ့ကို ထွက်မသွားပါ။ တန်ဆောင်တိုင်ပွဲကိုသွားမှာမို့ တီရှပ်ကို အောက်ခံဝတ်ကာ အပေါ်က hoodie ခေါင်းစွပ်ကို ထပ်ဝတ်လိုက်သည်။ ဂျင်းဘောင်းဘီအရှည်ကို ဝတ်သည်။ Cross bag အိတ်ကို လွယ်သည်။ မှန်ရှေ့မှာ cute နေသော ကောင်လေးကို တွေ့ရမှ စိတ်တိုင်းကျကာ အောက်ထပ်ကို ပြေးဆင်းသည်။ ဖိနပ်စင်အရှေ့မှာ walking shoe ကို ကြိုးချည်စီးနေတုန်း ဖေဖေက လှမ်းအော်သည်။
"သားငယ် .. ညဥ့်မနက်နဲ့နော်"
"ဟုတ်ကဲ့ ဖေဖေ၊ အဲ့ဒါဆို သွားပြီနော်"
"အေး အေး"
သုံးသုံး အိမ်ထဲက ပြေးထွက်လာလိုက်သည်။ ခြံရှေ့မှာ ကိုကြီးက အဆင်သင့် စိတ်ရှည်လက်ရှည် ကားပေါ်မှာ ထိုင်စောင့်ပေးနေသည်။
"Ready ပဲလား ကလေး"
"Ready ကိုကြီး"
"အဲ့ဒါဆို သွားရအောင်"
သုံးသုံး ကားပေါ် ပြေးမတက်ခင်မှာ ကိုကြီးက ကားကို စက်နှိုးလိုက်သည်။ ကိုကြီးရဲ့ဘေးခုံမှာ သုံးသုံး ဝင်ထိုင်သည်။ ကိုကြီးက ကားမောင်းမထွက်သေးဘဲ သုံးသုံးဘက်ကို လှည့်လာသည်။
"ခါးပတ်ကြိုး ပတ်ပေးမလို့"
"ဟုတ် ကိုကြီး"
ကိုကြီးက သုံးသုံးကို ထိုင်ခုံခါးပတ်ကြိုး ပတ်ပေးလာသည်။ သုံးသုံးကိုလည်း ပြုံးကြည့်ကာ ပါးပြင်လေးတစ်ဖက်ကို ဖျစ်ညှစ်ပစ်သည်။
"နာတယ်လို့ ကိုကြီး"
"အင်းပါ၊ တစ်နေ့ထက်တစ်နေ့ ချစ်ဖို့ကောင်းလာတဲ့ ကလေးလေးမို့ ကိုကြီး အသည်းယားလို့"
သုံးသုံး ပြုံးနေလိုက်သည်။ အဲ့ဒီနောက် ကိုကြီးနှင့်အတူ ပြည်ချစ်ဘုရားကို သွားကြသည်။ ညချမ်းချိန်ခါမှာ ဆောင်းလေတဖြူးဖြူး တိုက်နေကာ အေးစိမ့်နေသည်။
"သုံးသုံးရေ .. ဘုရား အရင် ကန်တော့ရအောင်"
"ဟုတ် ကိုကြီး"
ကိုကြီးနှင့်အတူ ဆုတောင်းပြည့် မဟာအံ့ထူးကံသာ ဘုရားကို ထိုင်ကန်တော့သည်။ အဲ့ဒီနောက် ပွဲဈေး လျှောက်ကြည့်သည်။
"ပြောင်းဖူးမီးဖုတ်လေးက မွှေးနေတာပဲ၊ အဲ့ဒါစားမယ် ကိုကြီး"
"အင်း"
နေဝန်းက သုံးသုံးစားချင်တယ်ဆိုသော ပြောင်းဖူးမီးဖုတ်ကို ဝယ်ပေးလိုက်သည်။ သုံးသုံးက ပြောင်းဖူးကို မစားသေးဘဲ မီးဖုတ်ထားလို့ ထွက်လာတဲ့အမွှေးနံ့ကို ရှူရှိုက်ပြီးမှ ကိုက်စားသည်။ ပွဲဈေးလျှောက်ကာ တစ်နေရာရောက်တော့ သုံးသုံးလေးက မျက်လုံးအရောင်တွေ လက်သွားပြန်သည်။
"ရဟတ်စီးချင်တယ် ကိုကြီး"
"အန္တရာယ်များတယ်၊ မတော်တဆပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"
"မရဘူးဗျာ၊ စီးမှာပဲ၊ ကိုကြီးပါ အတူတူလိုက်စီး"
"ကဲ..ပြောမရလည်း စီးစေဗျာ"
"ပျော်လိုက်တာ၊ အဲ့ဒါကြောင့် ကိုကြီးကို ချစ်တာ"
ကလေးက ကျွန်တော့်ကို ချစ်တာတဲ့။ ကျွန်တော် ပျော်လိုက်ရတာလေ။ အရှေ့က ပြေးထွက်သွားသော ကလေးအနောက်ကို ခြေလှမ်းသွက်သွက်ဖြင့် လိုက်သွားလိုက်သည်။
"ကိုကြီး .. ဒီကိုလာ ဒီကိုလာ"
အတွဲဆိုင်းတစ်ခုကို လူလေးယောက် စီးရသည်။ လှမ်းကြည်လိုက်တော့ မျက်နှာချင်းဆိုင်မှာ လူမရှိသေးပါ။ ကလေးတစ်ယောက်တည်း ရှိနေသည်။
"ညီလေးရေ ကိုယ်တို့ ဟိုထိုင်ခုံမှာ စီးမလို့၊ အရှေ့နှစ်ခုံကို လူမတင်နဲ့တော့၊ အဲ့ဒီထိုင်ခုံတွေအတွက်ပါ ပိုက်ဆံယူထားလိုက်"
မျက်စိရှေ့မှာ တခြားလူရှိတာကို မကြိုက်လို့ အပိုနှစ်ခုံကိုပါ ဝယ်လိုက်သည်။ ကလေးဘေးမှာ ဝင်ထိုင်လိုက်တာနဲ့ နေဝန်းတို့ အတွဲဆိုင်းက အပေါ်ကို တက်သွားသည်။ အဲ့ဒီနောက် အတွဲဆိုင်းက အပေါ်ကိုမြင့်မြင့်တက်လာလိုက်တာ နေဝန်းတို့အတွဲဆိုင်းက ထိပ်ဆုံးရောက်လာသည်။
"ကိုကြီး ..ကျွန်တော်တို့တွေ အမြင့်ကြီးပဲ ရောက်နေပြီ"
အမြင့်ဆုံးရောက်နေတာမို့ အောက်ဘက်ငုံ့ကြည့်ရင် အသည်းအေးစရာကြီး။ သုံးသုံးက ခြေနှစ်ချောင်းကို ကုပ်ထားသည်။ နေဝန်းလည်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ အရင်ဆုံး ကလေး၏ပခုံးကို သိုင်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းလို့ ခပ်တင်းတင်းလေး ဖက်ပေးထားလိုက်သည်။
"ကိုကြီး .. ရဟတ်လည်နေပြီ ..အား ..."
စီးတုန်းက စီးချင်သည်။ အခုကျမှ ရဟတ်ကြီးက မွှတ်နေအောင် မနားတမ်းလည်တော့မှ သုံးသုံးတစ်ယောက် နေဝန်းကို တင်းနေအောင် ပြန်ဖက်ထားကာ ရင်ခွင်ထဲကနေ အော်ဟစ်သည်။ ကလေးက နေဝန်းကို ကျစ်နေအောင် ပြန်ဖက်ထားတာမို့ ပျော်လိုက်ရတာ။ လေဟာနယ်ထဲ ယိမ်းခါနေသော ကလေး၏ ဆံနွယ်တွေကိုပါ ခိုးနမ်းမိသည်။
"တော်ပါသေးရဲ့၊ ရဟတ်ကြီး ရပ်သွားပြီ"
ရဟတ်ကြီး ငြိမ်နေအောင် ရပ်တန့်သွားမှပဲ သုံးသုံး သက်ပြင်းချနိုင်သည်။ ကိုကြီး ရင်ခွင်ထဲကို မြုပ်နေအောင် တိုးဝင်ထားတာမို့ ပြုံးတုံ့တုံ့လေး လုပ်ပြကာ အနောက်ဘက်ကို ပြန်ဆုတ်ထိုင်လိုက်သည်။ ကိုကြီးကတော့ ရဟတ်စီးရတာ ထိတ်လန့်ပုံမရပါ။ မျက်နှာကိုပြုံးလို့ သုံးသုံးကို ကြည့်နေသည်။
"မီးပုံးပျံလွှတ်တင်တာ သွားကြည့်ဦးမယ် ကိုကြီး"
"အင်း .. သွားကြမယ်လေ"
မီးပုံးပျံ လွှတ်တင်ပွဲကို ကြည့်နေသော လူအုပ်ကြီးကြားထဲကို သုံးသုံးတို့ ရောက်လာကြသည်။ မီးပုံးပျံ ကွင်းထဲမှာ အရောင်အသွေးစုံ ဒီဇိုင်းစုံ မီးပုံးကြီးများကို မှိုင်းဝအောင်တိုက်ပြီး တစ်လုံးပြီးတစ်လုံး လွှတ်တင်နေကြသည်။
"ယေး! တက်သွားပြီ .. တက်သွားပြီ"
ဒီတစ်ခါ မီးပုံးပျံကွင်းထဲမှာလည်း သုံးသုံးလေးက နေဝန်းရင်ခွင်ထဲမှာ ရှိနေသည်။ လူကျပ်နေတာမို့ သုံးသုံးကို နေဝန်းရှေ့မှာပဲ ထားလိုက်သည်။ အရှေ့တည့်တည့်မှာ ပူးကပ်နေတာမို့ ကလေးကျောပြင်နဲ့ နေဝန်းရင်ခွင်က ထိကပ်နေသည်။ လေတိုက်နေတာမို့ နေဝန်းသည် လည်ပင်းမှာ ပတ်ထားသော မာဖလာကို ချွတ်ကာ ကလေး၏လည်ပင်းမှာ တစ်ရစ်ပြီးတစ်ရစ် ပတ်ပေးလိုက်သည်။ မီးပုံးပျံပွဲမို့ အသံချဲ့စက် အသံရော လူသံတွေပါ ဆူညံနေသည်။ နေဝန်းရဲ့နားထဲမှာ ဖုန်းသံကို ကြားနေရသည်။ ဒါပေမဲ့ ကိုယ့်ဖုန်းသံမဟုတ်လို့ အာရုံမရှိဘဲ ကလေးကိုသာ အနောက်ကနေ ဖက်ထားလိုက်သည်။
"ကိုကြီး"
"အင်း ..ကလေးကို ဖက်ထားပေးတော့ နွေးသွားတယ် မဟုတ်လား"
ကလေးကို ခါးဖက်လိုက်တော့ ကလေးက နေဝန်းကို ခေါင်းမော့ကြည့်လာသည်။ ဘာမှပြန်မပြောလာဘဲ မီးပုံးပျံကို ခေါင်းမော့ကြည့်ကာ လက်ခုပ်တီးသည်။ နေဝန်း ပျော်လိုက်ရတာလေ။ ကလေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ခါးကိုဖက်ထားခွင့် ရနေတာမို့ ရင်ခုန်လှိုက်မောလာသည်။ ကလေး၏ ဆံပင်ကို လူအုပ်ကြားထဲမှာ မသိမသာ ခိုးနမ်းမိသည်။ ကလေး၏ လည်တိုင်ကို ခိုးနမ်းဖြစ်သည်။ မီးပုံးပျံတွေကိုသာ မော့ကြည့်နေသော ကလေးသည် အနမ်းသူခိုးကြီးကို သတိမထားမိသေးပါ။
*ဟတ်ချိုး!*
ကလေးက နှာချေလိုက်ကာ နှာခေါင်းရှုံ့သွားသည်။ နေဝန်းတို့တွေ မီးပုံးပျံကွင်းထဲကို ရောက်နေကြတာ အတော်ကြာနေပြီ။ ဆောင်းလေတဖြူးဖြူး တိုက်နေတာမို့ ကလေး အအေးမိပြီထင်သည်။
"ကိုကြီးတို့ အိမ်ပြန်ရအောင်လား"
"ဟင့်အင်း၊ မပြန်ချင်သေးဘူး"
"၉ နာရီခွဲနေပြီ ကလေးရဲ့၊ ပြန်ရအောင်နော်"
"အဲ့ဒါဆို နောက်နေ့ လိုက်ပို့ဦး"
နေဝန်း ရယ်လိုက်မိသည်။ အအေးမိလို့ နှာရည်တွေ တောက်တောက်ကျလာသော ကလေး၏နှာခေါင်းလေးကို လက်ကိုင်ပုဝါနဲ့ အုပ်ကိုင်ကာ ညှစ်ပေးလိုက်သည်။
"နောက်နေ့မှာ ကလေး နေမကောင်းမဖြစ်ရင် လိုက်ပို့ပေးမယ်၊ ဟုတ်ပြီလား"
"ဟုတ်"
"အဲ့ဒါဆို ပြန်မယ်နော်"
"ဟုတ်"
လိမ္မာသော ကလေးပါ။ ကလေး၏ လက်ကလေးကို ဆွဲကာ ကားရပ်ထားသောနေရာကို ပြန်လာကြသည်။ အဲ့ဒီနောက် အိမ်ပြန်လာကြသည်။ ကလေးတို့ ခြံရှေ့မှာ ကားရပ်လိုက်သည်။ ကလေးက လည်ပင်းမှာ ပတ်ထားသော မာဖလာကိုချွတ်ကာ ဒက်ရှ်ဘုတ်ပေါ် လှမ်းတင်ပြီးတာနဲ့ ကားတံခါးကို ဆွဲဖွင့်သည်။
"သုံးသုံး ..ကလေး .. ခဏ"
နေဝန်း လှမ်းခေါ်လိုက်လို့ သုံးသုံးလေးက ကားပေါ်က မဆင်းသေးဘဲ နေဝန်းကို ပြန်ကြည့်လာသည်။
"ကိုကြီး ဘာပြောမလို့လဲ"
"ရော့ .. အခန်းထဲရောက်မှ ဒီဘူးကို ဖွင့်ကြည့်"
"ဟုတ်"
ကိုကြီး ကမ်းပေးလာသော စက္ကူဘူးကို လှမ်းယူကာ သုံးသုံး ကားပေါ်က ဆင်းလာလိုက်သည်။ ခြံစောင့်ဦးလေးကြီးကို ဖုန်းခေါ်ကာ ခြံတံခါးဖွင့်ခိုင်းသည်။ အဲ့ဒီနောက် ည ၁၀ နာရီမထိုးခင် အိမ်ပြန်ရောက်လာသည်။ ကိုကြီးက ဒီတစ်ခါ ဘာလက်ဆောင်ပေးတာလဲ။ စက္ကူဘူးက ပန်းရောင်လေး။ နောက်မှဖွင့်ကြည့်မယ်ဆိုပြီး Cross bag အိတ်နှင့်အတူ စားပွဲပေါ်ကို တင်ထားလိုက်သည်။ အင်္ကျီလဲကာ ညအိပ်ဝတ်စုံကို ပြန်ဝတ်သည်။ အအေးမိပြီး နှာရည်ကျနေလို့ ဆေးသောက်လိုက်သည်။ အဲ့ဒီနောက် အခန်းမီးကို မှိတ်ကာ အိပ်ရာဝင်သည်။ ဆေးမှာ အိပ်ဆေးပါတယ်လို့ ထင်သည်။ သုံးသုံးသည် အချိန်တိုအတွင်း ငိုက်စင်းလာကာ အိပ်မောကျသွားသည်။
တိတ်ဆိတ်နေသော ညဥ့်လယ်ယံတွင် စားပွဲပေါ်တင်ထားသော Cross Bag အိတ်ကလေးထဲကနေ ဖုန်းသံတွေ အဆက်မပြတ် ထွက်ပေါ်နေသည်။ ကိုင်မယ့်သူ မရှိတာကြောင့် အတော်လေးကြာတော့ ဖုန်းသံပြန်တိတ်သွားသည်။ အလင်းရောင် မပျောက်သေးသော ဖုန်းမျက်နှာပြင်တွင် 36 missed calls ဆိုပြီး ပေါ်နေသည်။ ဒါပေမဲ့ သုံးသုံးတစ်ယောက် ဘာမှမသိရှာဘဲ စောင်အထူကြားထဲ နစ်မြုပ်နေကာ တခေါခေါနဲ့ အိပ်မောကျနေသည်။
_______________________________________
[Zawgyi]
ဈာန္သည္ Nine ကို ေတြ႕ရေအာင္ မနက္ခင္း ၉ နာရီခန႔္တြင္ သီရိေဂဟာကို ေရာက္လာသည္။ ၿခံေစာင့္ႀကီးက အိမ္ထဲလိုက္ပို႔ေပးကာ အိမ္ေရွ႕ဧည့္ခန္းမွာ ထိုင္ခိုင္းထားသည္။ အဲ့ဒီေနာက္ ၿခံေစာင့္ႀကီးက အိမ္အေနာက္ဘက္ကို ဝင္သြားသည္။ Nine တို႔အိမ္က ဟိုအရင္ႏွစ္မ်ားက တစ္ေခါက္လာခဲ့တုန္းကအတိုင္း လူသံတိတ္ဆိတ္ေနသည္။
"ေကာင္ေလးေရ Koe က အိပ္ေနတုန္း"
အိမ္ေရွ႕ဧည့္ခန္းကို အိမ္အကူျဖစ္ပုံရေသာ အစ္မ တစ္ေယာက္ေရာက္လာသည္။ Nine က အိပ္ရာမထေသးဘူးတဲ့။ ကြၽန္ေတာ္ ျပန္လွည့္သြားရမလား။ အခုခ်ိန္မွာ ဖမ္းမိဖို႔ သိပ္ခက္ေသာ ခ်စ္သူႏွင့္ တစ္မိုးေအာက္ကို ေရာက္ေနၿပီးမွ ဒီအခြင့္အေရးကို လက္လႊတ္မခံနိုင္ပါ။
"ဟိုေလ ခြန္ကိုးအခန္းကို ကြၽန္ေတာ္ေရာက္ဖူးတယ္၊ သူ႕အခန္းကို ဝင္သြားလို႔ရမလား၊ ကြၽန္ေတာ္ပဲ Nine ကို ဝင္ႏွိုးလိုက္ခ်င္လို႔"
ကြၽန္ေတာ္ အေလာတႀကီး ျပန္ေျပာလိုက္ေတာ့လည္း
အိမ္အကူသည္ တစ္ခ်က္ေတြေဝသြားကာ စဥ္းစားေနသည့္ပုံ။
"အဲ့ဒါဆို သြားခ်င္သြားေလ၊ အေပၚထပ္ကို လိုက္ပို႔ေပးမယ္"
အိမ္အကူအစ္မသည္ သူစိမ္းတစ္ေယာက္ျဖစ္ေသာ
ကြၽန္ေတာ့္ကို အိမ္အေပၚထပ္ကို တစ္ေယာက္တည္း
မလႊတ္ခ်င္သည့္ပုံ။ ကြၽန္ေတာ္လည္း Nine ဆီကိုေရာက္ဖို႔ ဦးစားေပးျဖစ္ေနတာမို႔ အိမ္အကူအစ္မကို သေဘာတူၿပီး Nine ရဲ႕အခန္းကို အတူထြက္လာၾကသည္။ အခန္းေရွ႕ေရာက္ေတာ့ အိမ္အကူအစ္မကပဲ အခန္းတံခါးကို တြန္းဖြင့္ကာ ေခ်ာင္းၾကည့္သည္။
"Koe က နိုးတာေတာ့ မနိုးေသးဘူး၊ ဝင္ခ်င္ဝင္သြားလိုက္ေလ"
"ဟုတ္၊ ေက်းဇူးပါ အစ္မ"
အဲ့ဒီအစ္မက ေအာက္ထပ္ကို ျပန္ဆင္းသြားသည္။ Nine ကို အမိဖမ္းနိုင္ၿပီမို႔ ကြၽန္ေတာ္ ဝမ္းသာသည္။ အခန္းတံခါးကို တြန္းဖြင့္ကာ ေလာ့ခ္ျပန္ခ်ထားလိုက္သည္။ အဲ့ဒီေနာက္ ခ်စ္သူဆီကို ခ်ဥ္းကပ္ကာ Nine ကိုၾကည့္လိုက္သည္။ မေတြ႕ရတာၾကာၿပီမို႔ ယစ္မူးရေသာ ႏႈတ္ခမ္းလႊာမွာ စက္ကြင္းမိသည္။ Nine က ဦးေဆာင္သူေနရာကပဲ ေနခ်င္သည္။ အဲ့ဒီအခ်က္ကို ေမ့ပစ္ၿပီး Nine ကို နမ္းလိုက္သည္။ ႏႈတ္ခမ္းသားခ်င္း ထိေတြ႕မႈနဲ႕တင္ စိတ္ထဲအလိုလို ေပ်ာ္႐ႊင္လာရသည္။
Nine မနိုးေသးပါ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတုန္းပင္။ ကြၽန္ေတာ္သည္ Nine ၏ ေတာင့္တင္းေနေသာ ရင္အုပ္ကို ငုံ႕မိုးၾကည့္ေနမိသည္။ ေတာင့္တင္းေနေသာ ဝမ္းဗိုက္ႂကြက္သားေတြဆီ အၾကည့္ေရာက္သည္။ ရင္အုပ္မွ ခါးအထိ ၾကည့္လာမိကာ အဆုံးမွာ သမာဓိက မခိုင္ခ်င္။ Nine ကလည္း အိပ္ေနသည္။ တစ္ခုခုလုပ္လိုက္ရင္ စိတ္ဆိုးသြားမလား။ ဘာကိုမွ မစဥ္းစားခ်င္ေတာ့ပါ။ Nine ကို မထိေတြ႕ရတာ ဘယ္ေလာက္ၾကာၿပီလဲ။ အရင္ဦးဆုံး ေတာင့္တင္းေနေသာ ဝမ္းဗိုက္ႂကြက္သားေတြကို ဖိကပ္နမ္းလိုက္သည္။ အဲ့ဒီေနာက္မွာ တစ္ေနရာကို တစ္ခ်က္စီ နမ္းလာလိုက္တာ ရင္အုပ္ေတြေပၚ ျပန္ေရာက္လာသည္။
Nine ကိုယ္လုံးေလး လူးလြန႔္လာသည္။ ကြၽန္ေတာ္ မရပ္တန႔္နိုင္ေသးပါ။ Nine မ်က္လုံးပြင့္လာသည္။ Nine မ်က္ဝန္းေတြသည္ ေအာက္အရပ္ကို ငုံ႕ၾကည့္လာသည္။ ကြၽန္ေတာ့္ကိုျမင္သြားတာနဲ႕ စူးစူးရဲရဲ ျဖစ္သြားသည္။
"ေခြးေကာင္! မင္း အဲ့ဒါ ဘာလုပ္တာလဲ၊ ဘယ္လိုလုပ္ ငါ့အခန္းထဲ ေရာက္ေနတာလဲ"
Nine က ေငါက္ခနဲထထိုင္ကာ ကြၽန္ေတာ့္ကို ေဆာင့္တြန္းပစ္သည္။ အရွိန္ျပင္းေသာ လက္သီးတစ္ခ်က္ကလည္း ကြၽန္ေတာ့္ေမးရိုးေပၚကို က်လာသည္။ ခ်စ္သူက ထိုးပစ္လိုက္တာမို႔ အသည္းထိေအာင္ နာသည္။ Nine က အရင္တုန္းကဆိုရင္ ကြၽန္ေတာ္နမ္းလိုက္ရင္ ငါဘက္က စခ်င္တာဆိုၿပီး ျပန္နမ္းေပးတတ္သည္။ အခုက်ေတာ့ ခါးခါးသီးသီးပဲ။ Nine တကယ္ကို ေျပာင္းလဲသြားတာပဲ။
"မင္းကို ဘယ္လိုမွ ဆက္သြယ္မရလို႔ အိမ္အထိ လိုက္လာတာ၊ မင္း အရမ္းရက္စက္တယ္ကြာ၊ မင္းနဲ႕မေတြ႕ရတာ ဘယ္ေလာက္ၾကာေနၿပီလဲ"
"မင္းနဲ႕ငါ လမ္းခြဲၿပီးၿပီ ဈာန္၊ ငါ့အိမ္ထဲက ထြက္သြားေတာ့"
"မင္း အဲ့ဒီလိုလုပ္လို႔မရဘူး၊ မင္းမွတ္မိလား၊ ငါတို႔ ခ်စ္သူျဖစ္ခဲ့တယ္ဆိုတာ မင္းဘက္က စခဲ့တာ၊ မင္းကစၿပီး ခ်စ္တယ္လို႔ေျပာခဲ့တာ၊ အဲ့ဒီတုန္းက မင္းကိုငါ ဘယ္ေလာက္အထိ ရင္ခုန္ခဲ့ရလဲ၊ အခုမွ ျဖဳတ္ခ်ခ်င္တဲ့ေနရာမွာ ျဖဳတ္ခ်ပစ္ခဲ့ရေအာင္ ငါက လိုသလိုခ်ိတ္လို႔ရတဲ့ ရထားတြဲမဟုတ္ဘူး"
"ဈာန္..ငါမင္းကို ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူး၊ မင္းကိုခ်စ္တယ္ေျပာၿပီး မင္းနဲ႕တြဲခဲ့တာ တကယ္ေတာ့ ကိုေန႕ကို အ႐ြဲ႕တိုက္ခဲ့တာ၊ ကိုေန ငါ့ကိုျပန္ခ်စ္လာေအာင္လို႔"
"အဟက္! မင္းက ငါ့ကို ႏွစ္ရွည္လမ်ားစြာ အသုံးခ်ခဲ့တာေပါ့"
"ဟုတ္တယ္၊ အသုံးခ်ခဲ့တာ၊ ငါမင္းကို ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူး"
"ေတာက္! Nine .. မင္း!"
Nine က ကြၽန္ေတာ့္ကို ခပ္စိမ္းစိမ္း စိုက္ၾကည့္ကာ ဝန္ခံသည္။ ဘယ္ေလာက္ဆိုးတဲ့ ေကာင္ေလးလဲ။ဘယ္ေလာက္ ေဒါသထြက္စရာေကာင္းလိုက္သလဲ။ ကြၽန္ေတာ္ကေတာ့ ခ်စ္လိုက္ရတာ။ သူ႕ဘက္က အသုံးခ်႐ုံသက္သက္ကလြဲလို႔ မခ်စ္ခဲ့ပါတဲ့။ ခံျပင္းေဒါသစိတ္ေၾကာင့္ Nine ရဲ႕အကၤ်ီေကာ္လံကို ခပ္တင္းတင္း ဆြဲခ်ဳပ္ပစ္လိုက္သည္။
"မင္းမွားခဲ့တာ၊ အဲ့ဒီလူကို အ႐ြဲ႕တိုက္ခ်င္စိတ္နဲ႕ ငါ့ကိုေ႐ြးခ်ယ္လိုက္တာ မင္းမွားတာ၊ မင္းက လူၾကည့္မွားတာ၊ ငါက အသုံးခ်ခံမဟုတ္ဘူး"
ကြၽန္ေတာ္ ေဒါသျဖစ္လြန္းလို႔ Nine ကို ခုတင္ေပၚကို ခပ္ၾကမ္းၾကမ္း ေဆာင့္တြန္းခ်လိဳက္သည္။ အဲ့ဒီေနာက္ ခါးေပၚတက္ခြထိုင္ကာ အကၤ်ီၾကယ္သီးေတြကို စိတ္လိုလက္ရ ေဆာင့္ဆြဲျဖဳတ္ခ်လိဳက္သည္။
"ေခြးေကာင္! ငါ့ကို ယုန္သူငယ္မ်ား မွတ္ေနသလား၊ ဒါမ်ိဳး ထပ္လုပ္တာ"
Nine ကလည္း ကြၽန္ေတာ့္ကို ျပန္ေဆာင့္တြန္းလိုက္တဲ့အခါ ကြၽန္ေတာ္လည္း ေနာက္ျပန္က်သြားသည္။ Nine က ကြၽန္ေတာ့္ခါးေပၚ တက္ခြထိုင္လာသည္။
"ငါမင္းကို ဘယ္တုန္းကမွ မခ်စ္ဘူး၊ အရင္ကေရာ အခုေရာ ေနာင္ေရာ"
ပါးျပင္ေပၚ ပူဆင္းက်လာေသာ လက္သီးခ်က္ေတြ။ Nine က ကြၽန္ေတာ့္ခါးေပၚ တက္ခြထိုင္ၿပီး မ်က္ႏွာကို ဆြဲထိုးလာတာ။ ကြၽန္ေတာ္လည္း ခြန္အားခ်င္းမွ်တဲ့ ေယာကၤ်ားပဲ။ Nine ကို ျပန္တြန္းခ်ၿပီး မတ္တပ္ထရပ္လိုက္သည္။ အဲ့ဒီေနာက္ Nine မ်က္ႏွာကိုပါ လက္သီးႏွစ္လုံး ပစ္သြင္းေပးလိုက္သည္။
"Nine.. မင္းငါ့ကို ခ်စ္ဟန္ေဆာင္ၿပီး အသုံးခ်ခဲ့တဲ့အတြက္ အေလ်ာ္အစားေပးဖို႔သာ ျပင္ထားလိုက္၊ ေနဝန္းသာ မဟုတ္လား၊ မင္းနဲ႕ တြဲေနတဲ့ေကာင္"
ကြၽန္ေတာ္ ပစ္သြင္းလိုက္တဲ့ လက္သီးခ်က္ကလည္း
ဗို႔အားျပင္းသည္။ Nine မ်က္ႏွာမွာ အညိုအမည္းစြဲသြားသည္။ Nine က ကြၽန္ေတာ့္ကို မဲ့ၿပဳံးၾကည့္ကာ ဘာမထီသလို မ်က္ႏွာေပးနဲ႕ ေနျပသည္။
"မင္းနဲ႕ခ်စ္ေနတာ ေနဝန္းသာမဟုတ္လား၊ အဲ့ဒီလူ ေဂ်ဝင္လာေအာင္ ငါ့ကိုအသုံးခ်တယ္၊ အခု သူနဲ႕တြဲနိုင္ၿပီဆိုေတာ့ ငါ့ကိုျဖဳတ္ခ်တယ္၊ မင္းအစီအစဥ္ေတြ ေသာက္ရမ္းမိုက္တယ္၊ ငါ့ကို အသုံးခ်လိဳက္တာ ဘယ္ေလာက္အေလ်ာ္အစားျပင္းသလဲဆိုတာ မင္း ေစာင့္ၾကည့္လိုက္၊ မင္းနဲ႕ ေနဝန္းသာကို ငါခြဲျပမယ္၊ ငါ ရင္နာရသလို မင္းလည္း ေနဝန္းသာနဲ႕ ေပ်ာ္ရမယ္ မႀကံနဲ႕"
ဈာန္က ထင္ရာျမင္ရာကို ေျပာသည္။ ၿပီးေတာ့ တဟားဟားေအာ္ရယ္ၿပီး အခန္းတံခါးကို ေဆာင့္ပိတ္လို႔ ထြက္သြားသည္။ ဈာန္နဲ႕ ဇာတ္လမ္းျပတ္သြားရင္ ၿပီးေရာ Koe ဘာမွ မေျဖရွင္းလိုက္ပါ။ ေနာင္ခါလာ ေနာင္ခါေဈးပဲ Koe ႏွင့္ဈာန္ ျပတ္သြားၿပီ။
"ေတာက္ !"
*ဒုန္း*
ေတာက္ေခါက္သံ ခပ္ျပင္းျပင္းႏွင့္အတူ ကားတံခါးေဆာင့္ပိတ္သံက သီရိေဂဟာ ၿခံဝင္းအေရွ႕မွာ ထြက္ေပၚလာသည္။ အဲ့ဒီေနာက္ မ်က္ႏွာမွာ အညိုအမည္းစြဲေနေသာ ဈာန္သည္ သီရိေဂဟာအိမ္ႀကီးကို မလိုသလိုမ်က္ႏွာမ်ိဳးနဲ႕ လွမ္းၾကည့္လိုက္သည္။
"Nine ..မင္းက ငါ့ကို လိုသလို အသုံးခ်လိဳ႕ရတဲ့ေကာင္လို႔ထင္ေနတာ၊ မင္းငါ့ကို ကစားခဲ့တာ၊ မင္းမသိတာတစ္ခုက ငါက ဘယ္ေတာ့မွ ကစားခံ မဟုတ္ဘူး၊ မင္းနဲ႕ ေနဝန္းသာကို မရရေအာင္ ငါခြဲျပမယ္၊ မင္းကစားသလို ငါလည္း ကစားတတ္တယ္၊ မင္းလူႀကီးနဲ႕ ၾကာၾကာေပ်ာ္ရမယ္မထင္နဲ႕"
ႏႈတ္ခမ္းတစ္ဖက္တည္း ေကာ့ၫြတ္တက္ေအာင္ ၿပဳံးကာ လွ်ို႔ဝွက္ေသာ အၿပဳံးတို႔နဲ႕ ဈာန္သည္ သီရိေဂဟာၿခံႀကီးအေရွ႕ကေန ကားကို အရွိန္ျပင္းျပင္း ေမာင္းထြက္သြားသည္။ ဈာန္၏ ဦးတည္ရာက ေနဝန္းသာ ခရီးသြားဝန္ေဆာင္မႈကုမၸဏီသို႔။ ဈာန္သည္ ကုမၸဏီေရွ႕တြင္ ကားကို တုံ႕ခနဲ႕ ထိုးရပ္လိုက္သည္။ ထို႔ေနာက္ ကားတံခါးကို ေဆာင့္ပိတ္ပစ္ကာ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ဝင္သြားလိုက္သည္။
"ေနဝန္းသာ ရွိလား"
မ်က္ႏွာမွာ အညိုမည္းစြဲေနလို႔ လက္မွတ္ေရာင္းသည့္ ေကာင္ေလးက ဈာန႔္ကို ေျခဆုံးေခါင္းဆုံး ၾကည့္လာသည္။
"ေဟ့ ေမးေနတယ္၊ ေနဝန္းသာ ရွိလား"
"မရွိဘူး၊ အျပင္ထြက္သြားတယ္"
"ဘယ္ကို သြားတာလဲ၊ ဘယ္ေလာက္ၾကာမွာလဲ"
"မသိဘူး၊ ခင္ဗ်ားေတြ႕ခ်င္ရင္ ဟိုက ထိုင္ခုံတန္းမွာ ထိုင္ေစာင့္"
"ေတာက္!"
"အစ္ကို ဘယ္သူ႕ကို ေတာက္လာေခါက္ေနတာလဲ"
"မင္းနဲ႕မဆိုင္ဘူး၊ ဘဲႀကီးျပန္လာရင္ ေျပာလိုက္၊ ဈာန္ လာသြားတယ္လို႔၊ ခဏေနမွ ငါျပန္လာမယ္"
နဂိုကတည္းက ေဒါသျဖစ္ေနတာဆိုေတာ့ မည္းမည္းျမင္ရာ ရန္ျဖစ္ခ်င္ေနတာမို႔ လက္မွတ္ေရာင္းသည့္ ေကာင္ေလးကို ပိတ္ေအာ္ကာ ထြက္လာလိုက္သည္။ ၿပိဳင္ကားကို အရွိန္တင္ေမာင္းကာ လမ္းမႀကီးေပၚမွာ ၁၅ မိနစ္ခန့္ အခ်ိန္ျဖဳန္းသည္။ ကားေမာင္းရင္း စဥ္းစားသည္။ Nine ႏွင့္ ေနဝန္းသာကို မကြဲကြဲေအာင္ ဘယ္လိုခြဲပစ္ရမလဲလို႔။ ေပၚလာေသာ ခပ္ညစ္ညစ္အေတြးေၾကာင့္ ႏႈတ္ခမ္းကို ေယာင္ေယာင္ေလး မဲ့ၿပဳံးပစ္လိုက္သည္။ ထို႔ေနာက္ ေနဝန္းသာဆီကို ေနာက္တစ္ေခါက္ ထပ္သြားလိုက္သည္။
"ေဟ့ ေနဝန္းသာ ျပန္ေရာက္ၿပီလား"
"ျပန္ေရာက္ၿပီ၊ အထဲ ဝင္သြားလိုက္၊ ခင္ဗ်ားေရာက္လာတယ္လို႔ ေျပာထားတယ္"
ခရီးသြားလက္မွတ္ေရာင္းသည့္ ေကာင္ေလးက သူ႕ကို မာမာထန္ထန္ေျပာလိုက္လို႔ ကြၽန္ေတာ့္ကို သိပ္မၾကည္ဘူး။ အဲ့ဒီပမႊားေလးကို ဂ႐ုမစိုက္ဘူး။ ေနဝန္းသာ၏ ႐ုံးခန္းကို ေရာက္ဖူးၿပီးသားမို႔ တံခါးကို အသံျမည္ေအာင္ တြန္းဖြင့္ၿပီး ဝင္သြားလိုက္သည္။ အဲ့ဒီလူက ကြၽန္ေတာ္ဝင္လာတာကို သိရဲ႕သားနဲ႕ အလုပ္ရႈပ္ျပသည္။ ဈာန္သည္ မဲ့ၿပဳံးကာ သူ႕အေရွ႕ကို ေလွ်ာက္သြားလိုက္သည္။ သူႏွင့္ ကြၽန္ေတာ့္ၾကားမွာ စားပြဲတစ္လုံးပဲ ျခားသည္။
"ခင္ဗ်ားကို ကြၽန္ေတာ္ေျပာပါတယ္၊ Nine နဲ႕ ပတ္သက္ေနရင္ ေနာက္ထပ္တစ္ေခါက္ လာေတြ႕မယ္လို႔"
"မင္းကို အမွန္ေတြ ေျပာလိုက္တာ၊ မင္းထင္ေနသလို Koe နဲ႕ငါ ဘာမွမပတ္သက္ဘူး၊ Koe ကို ငါမခ်စ္ဘူးလို႔ မင္းကိုေျပာၿပီးသား"
"Nine ရဲ႕လက္ရွိခ်စ္သူက ခင္ဗ်ားမဟုတ္လား"
"Koe က မင္းကို အဲ့ဒီလိုေျပာလား၊ ငါ့ကို စြပ္စြပ္စြဲစြဲ လာေျပာေနတာ"
"Nine က ခင္ဗ်ားကိုခ်စ္ေနလို႔ ကြၽန္ေတာ္နဲ႕တြဲၿပီး ခင္ဗ်ားကို အ႐ြဲ႕တိုက္ျပခဲ့တာတဲ့၊ အဲ့ဒီေတာ့ Nine ခ်စ္သူက ခင္ဗ်ားပဲ"
"မဟုတ္ဘူး၊ ငါတို႔ခ်င္း ဘာမွမပတ္သက္ဘူး၊ ေသခ်ာသိခ်င္ရင္ Koe ကိုသြားေမးလိုက္၊ အာ႐ုံေနာက္တယ္၊ လက္မွတ္လာဝယ္တာ မဟုတ္ရင္ ျပန္ေတာ့"
"ျပန္မွာပါ၊ ကြၽန္ေတာ္ စုံစမ္းမယ္၊ အကယ္၍သာ ခင္ဗ်ားနဲ႕ Nine က ခ်စ္သူဆိုရင္ ႏွစ္ေယာက္စလုံး ကြၽန္ေတာ့္ကို လိမ္ညာမႈနဲ႕ အမႈပိုႀကီးမယ္"
"ေအး ..ျပန္မယ့္အေရး ျပန္ေတာ့၊ Koe နဲ႕ငါ ဘယ္ေတာ့မွ ခ်စ္သူျဖစ္မွာ မဟုတ္ဘူး"
အခု ဘယ္ေကာင္က ညာေနတာလဲ။ Nine က သူ႕ခ်စ္သူက ဘယ္သူပါလို႔ ေသခ်ာမေျပာလိုက္ဘူး။ ဘဲႀကီးက အတိအလင္း ျငင္းေနတယ္။ ႏွစ္ေယာက္စလုံး ညာေနၾကတာလား။
"ေဟ့ အခန္းထဲက ထြက္သြားေတာ့၊ ငါ အလုပ္လုပ္ေနတာ"
ဆိုးလိုက္တဲ့ ဘဲႀကီး။ ေပၚတင္ႀကီး ေမာင္းထုတ္ေနတာ။ ဘဲႀကီးကို မ်က္ေစာင္းဝင့္ခ်ီေပးလိုက္သည္။ အဲ့ဒီေနာက္ သူ႕စားပြဲအေရွ႕က ထိုင္ခုံကို အသံျမည္ေအာင္ တစ္ခ်က္ပိတ္ကန္ေပးလိုက္ကာ ထြက္လာလိုက္သည္။
"ဘယ္လိုေကာင္ေလးမွန္း မသိဘူး၊ မဟုတ္ပါဘူးလို႔ ဒီေလာက္ေျပာေနတာကို လူကို စြပ္စြပ္စြဲစြဲ၊ ငါက Koe နဲ႕ေတာ့ ခ်စ္သူျဖစ္မွာ မဟုတ္ဘူး၊ ကေလးနဲ႕ပဲ ခ်စ္သူျဖစ္မွာ၊ ဘာလို႔ဆို ကေလးကိုပဲ ခ်စ္လို႔"
ထိုင္ခုံကို ပိတ္ကန္ကာ အခန္းထဲက ထြက္သြားေသာ ဈာန္၏ ေနာက္ေက်ာျပင္ကို တစ္ခ်က္ၾကည့္ကာ ေနဝန္း ေရ႐ြတ္လိုက္သည္။ ၿပီးေတာ့ အာ႐ုံေနာက္လို႔ ကိုယ့္အလုပ္ပဲ ျပန္လုပ္ေနလိုက္သည္။
ဈာန္သည္ ေပါက္ကြဲၿပီး အိမ္ျပန္ေရာက္လာသည္။ လက္ရွိမွာ ဘာအလုပ္မွ မလုပ္ဘဲ အားေနသူမို႔ အိမ္ျပန္ေရာက္ေတာ့လည္း ဉာဏ္နီဉာဏ္နက္ေတြ ထိုင္ထုတ္ေနလိုက္သည္။ ထို႔ေနာက္ ဖုန္းနံပါတ္တစ္ခုကို ႏွိပ္ကာ ဖုန္းေခၚလိုက္သည္။
"ဟယ္လို ထူးေအာင္ IC ႀကီး၊ အိမ္ကို ခဏလာဦး၊ မင္းကို အလုပ္ေပးစရာရွိတယ္"
"အခုလား"
"အင္း"
"ၿပီးေရာ .. ခဏေန ေရာက္မယ္"
ကြၽန္ေတာ္ေခၚလိုက္ေသာ IC ဆိုသူက တကယ္ေတာ့ သတင္းေထာက္႐ူး တစ္ေယာက္။ ကြၽန္ေတာ္နဲ႕လည္း ရင္းႏွီးသည္။ နာမည္က ထူးေအာင္။ ရင္းႏွီးသူေတြက IC ထူးေအာင္ဆိုၿပီး ေခၚၾကသည္။ ထူးေအာင္သည္ သတင္းအခ်က္အလက္ ႏွံ႕စပ္ကြၽမ္းက်င္သည္။ ရပ္ကြက္ထဲမွာ ဘယ္အိမ္က ဘာျဖစ္ေနတယ္ ဘယ္လို။ ဘယ္သူက ဘယ္သူနဲ႕ ဘယ္လိုဆိုတာကို ထူးေအာင္က အကုန္သိသည္။
ထူးေအာင္မသိတာ ဘာမွမရွိလို႔ ျပင္ဦးလြင္ၿမိဳ႕၏ information centre ျဖစ္ေနသူ။ အဲ့ဒါေၾကာင့္ ထူးေအာင္ကို IC ထူးေအာင္ဆိုၿပီး ေခၚ ၾကသည္။ IC ထူးေအာင္ကို ေယာကၤ်ားေလးမ်ားက အလုပ္အပ္ၾကတာ မ်ားသည္။ ဘာအလုပ္ေတြကို အပ္ၾကလဲဆိုရင္ သူတို႔ခ်စ္ေသာေကာင္မေလးမ်ားႏွင့္ ပတ္သက္သည့္ သိသင့္သိထိုက္ေသာ သတင္းႏွင့္ ေနာက္ေၾကာင္းရာဇဝင္ကို တိတိက်က် သိရဖို႔ သတင္းလိုက္ခိုင္းၾကသည္။
IC ထူးေအာင္ကို အိမ္ေထာင္သည္အမ်ိဳးသမီးမ်ားကလည္း အလုပ္အပ္ၾကသည္။ ေနာက္မီးလင္းေနေသာ သူတို႔၏ ေယာကၤ်ားမ်ားကို ေနာက္ေယာင္ခံ လိုက္ခိုင္းတတ္ၾကသည္။ IC က ထိုအလုပ္မ်ားကို ပိုက္ဆံလက္ခံၿပီး လုပ္ေပးသည္။ ဈာန္လည္း IC ကို အလုပ္အပ္ဖူးတာမို႔ ဒီတစ္ေခါက္လည္း IC ကို လွမ္းေခၚလိုက္သည္။ အဲ့ဒီေကာင္က ပိုက္ဆံခ်ေပးလိုက္ရင္ သတင္းကို ေရဆုံးေျမဆုံး လိုက္ေပးတတ္သည္။
*တင္း ေတာင္*
ၿခံတံခါးမွ ဘဲလ္သံျမည္လာသည္။ ထူးေအာင္သည္ ပိုက္ဆံလိုအပ္ေနလို႔ အဲ့ဒီေလာက္ျမန္ျမန္ႀကီး အိမ္ကို ေရာက္လာတာပဲ ျဖစ္ရမည္။ ဈာန္သည္ ၿခံတံခါးကို သြားဖြင့္လိုက္တဲ့အခါ ၿခံေရွ႕မွာ ဆိုင္ကယ္တစ္စီးႏွင့္ ထူးေအာင္ကို ေတြ႕ရသည္။
"ဈာန္ .. ဘာအလုပ္ေတြ အပ္မလို႔လဲ"
"လာကြာ ထူးေအာင္ ..ၿခံထဲဝင္"
ဈာန္သည္ ထူးေအာင္ကို ၿခံထဲေခၚသြင္းလိုက္သည္။ အိမ္ေပၚကို မတက္ျဖစ္ၾကဘဲ သစ္ပင္ရိပ္ေအာက္မွာ ခ်ထားေသာ ထိုင္ခုံမွာပဲ ထိုင္လိုက္ၾကသည္။
"ေရာ့ ..."
ဖုန္းထဲမွာ သိမ္းထားေသာ Nine ဓာတ္ပုံကို ထူးေအာင္ ျမင္သာေအာင္ ျပလိုက္သည္။ ထူးေအာင္က ဓာတ္ပုံကိုၾကည့္လိုက္ၿပီးမွ ကြၽန္ေတာ့္ကို ျပန္ၾကည့္လာသည္။
"ဒါက ခြန္ကိုး ..မင္းရဲ႕ latest version မဟုတ္လား"
"သိပ္ဟုတ္၊ အခု ငါနဲ႕ လမ္းခြဲလိုက္ၿပီ၊ သူ႕ဘက္ကစၿပီး လမ္းခြဲလိုက္တာ၊ အသစ္ေတာင္ ရသြားၿပီ"
"ဟိုက္ရွားပါး ျမန္လိုက္တာ၊ အဲ့ဒါမ်ား မင္းလည္း ေနာက္တစ္ေယာက္ ထပ္ရွာေလကြာ"
"ရွာမယ္၊ ဒါေပမဲ့ အခု မဟုတ္ေသးဘူး၊ အခု ငါအရမ္း ခံျပင္းေဒါသထြက္ေနတယ္"
"ဘာလို႔လဲ၊ အဲ့ဒီေကာင္ ခြန္ကိုးက မင္းကို ဘာေတြေက်ာ္ခြသြားလို႔လဲ"
"ငါ့ကို အခ်ိန္အေတာ္ၾကာ အသုံးခ်ခဲ့တာ၊ ငါ့ကိုမခ်စ္ဘဲနဲ႕ crush ေနတဲ့ တစ္ေယာက္ကို အ႐ြဲ႕တိုက္ျပတဲ့အေနနဲ႕ တြဲခဲ့တာ"
"အဲ့ဒါဆို crush နဲ႕ ျပန္အဆင္ေျပသြားလို႔လား"
"Crush က မဟုတ္ဘူးလို႔ ျငင္းထားတယ္"
"အဲ့ဒါဆို ဘယ္သူမ်ား ျဖစ္နိုင္မလဲ၊ Crush ကမ်ား မင္းကို လိမ္ေျပာလိုက္တာလား"
"ေအးေလ၊ အဲ့ဒါကို သိခ်င္တာ၊ ေနာက္တစ္ေယာက္
ရေနတယ္ပဲ ေျပာတာ၊ ဘယ္သူနဲ႕လို႔ မေျပာဘူး၊ သူနဲ႕တြဲေနတာ ဘယ္ေကာင္လဲဆိုတာ အတိအက် သိခ်င္တယ္"
"ဘယ္ေကာင္လဲ သိရရင္ေရာ"
"သူတို႔အတြဲကို မကြဲကြဲေအာင္ ခြဲပစ္မယ္၊ ငါ့ကိုခ်စ္ဟန္ေဆာင္ၿပီး အသုံးခ်ခဲ့လို႔၊ အဲ့ဒီအတြက္ ထိုက္သင့္တဲ့ အေလ်ာ္အစားက သူတကယ္ခ်စ္တဲ့ေကာင္နဲ႕လည္း ျပတ္ေစရမယ္"
"အိုေကေလ၊ အာရေကသာ ခ်ေပး၊ အခုခ်က္ခ်င္း သတင္းလိုက္ေပးမယ္"
"IC .. ငါ့မွာ အေပါဆုံးက ပိုက္ဆံပဲ၊ ခဏေစာင့္"
ဈာန္သည္ အိမ္ထဲျပန္ဝင္ကာ ပိုက္ဆံတစ္အုပ္ သြားယူလာသည္။ ထူးေအာင္ဆီ ပိုက္ဆံအုပ္ကို ပစ္ထည့္ေပးလိုက္သည္။ ထူးေအာင္က ငါးေထာင္တန္အုပ္ကို ေျမႀကီးေပၚ ျပဳတ္မက်ေအာင္ ဖမ္းယူလိုက္သည္။ အလုပ္အပ္သူ ဈာန္က ဖုန္းထဲက ဓာတ္ပုံကိုၾကည့္ကာ တဟားဟား ေအာ္ရယ္သည္။ အလုပ္လက္ခံသူ ထူးေအာင္က ငါးေထာင္တန္အုပ္ကို လက္ဖဝါးေပၚ တဖက္ဖက္ရိုက္ကာ ေအာ္ရယ္လိုက္သည္။
"ဈာန္ အဲ့ဒါဆို ငါသြားၿပီ၊ ဖုန္းနဲ႕ ဆက္သြယ္မယ္"
"အိုေက"
ထူးေအာင္က ဆိုင္ကယ္ကို စက္ျပန္ႏွိုးကာ ဈာန္တို႔ ၿခံအေရွ႕က ျပန္ထြက္သြားသည္။ မၾကာခင္ ရက္ပိုင္းအတြင္း သတင္းၾကားရေတာ့မွာမို႔ လွ်ို႔ဝွက္အၿပဳံးကို ဈာန္ ၿပဳံးပစ္လိုက္သည္။
*****
အခုေရာက္ေနတာ တန္ေဆာင္မုန္းလ။ သုံးသုံးတို႔ေက်ာင္းမွာ တန္ေဆာင္တိုင္ပိတ္ရက္အတြက္ အိမ္ျပန္ခြင့္ ႏွစ္ရက္ေပးသည္။ အဲ့ဒါေၾကာင့္ ေဖေဖက သုံးသုံးကို လာေခၚေပးမည္။ ကိုကိုးက အိမ္မွာ မရွိ။ ေအာင္ပန္းလိေမၼာ္ၿခံကို ဦးလုံႏွင့္အတူ ခရီးျပန္ထြက္သြားသည္။ Orange Juice ထုတ္လုပ္ဖို႔အတြက္ အရသာကို သုံးႀကိမ္ျမည္းၿပီးၿပီမို႔ ဒီတစ္ခါ အမ်ားႀကီးထုတ္လုပ္ဖို႔ လိေမၼာ္ၿခံကို ျပန္သြားေနသည္။
ကိုကိုးက ဒီတစ္ခါ ေအာင္ပန္းမွာ တစ္ပတ္ေလာက္ၾကာမည္တဲ့။ အဲ့ဒါေၾကာင့္ သုံးသုံးက အိမ္ျပန္ေရာက္ရင္လည္း အိမ္မွာ ေႏြလဆန္းပဲ ရွိသည္။ ေဖေဖလာႀကိဳေနၿပီမို႔ သုံးသုံးက အေဆာင္ေရွ႕မွာ ရပ္ေစာင့္ေနလိုက္သည္။ ခဏအၾကာမွာ ေဖေဖေမာင္းလာေသာ ပါဂ်ဲရိုး အနက္ေရာင္ကားႀကီး ထိုးရပ္လာသည္။
"သားငယ္ေရ လာေဟ့ .. ကားေပၚတက္"
"ဟုတ္ကဲ့ ေဖေဖ"
သုံးသုံးလည္း ကားေပၚေျပးတက္ကာ ေဖေဖ့ေဘးမွာ ဝင္ထိုင္လိုက္သည္။ ထိုင္ခုံခါးပတ္ႀကိဳးကို ဆြဲပတ္ရင္းနဲ႕ ေဖေဖ့ကို ၿပဳံးျပလိုက္သည္။
"စာေမးပြဲ နီးေနၿပီေနာ္၊ ဘယ္လိုလဲ စာေတြရၿပီလား"
"ရတယ္ ေဖေဖ၊ ေက်ာင္းမွာ revision ျပန္ေနၿပီ"
"ေဖ့သားငယ္က Koe ဆယ္တန္းတုန္းကနဲ႕ တျခားစီပဲ၊ ေတာ္လိုက္တဲ့ ကေလး"
ေဖေဖသည္ ကားေမာင္းေနရင္း သုံးသုံးေခါင္းေလးကို လက္ဖဝါးနဲ႕ အုပ္ကိုင္ကာ ဆံပင္ကို ပြတ္သပ္လာတာမို႔ သုံးသုံး ရင္ထဲၾကည္ႏူးေနမိသည္။ သုံးသုံး
လိမၼာလို႔လည္း ေဖေဖက သုံးသုံးကိုခ်စ္သည္။
"ဪ ေဖေဖ .. ညေရာက္ရင္ မဟာအံ့ထူးကံသာမွာ မီးပုံးပ်ံ လႊတ္တင္ပြဲ ရွိတယ္၊ အဲ့ဒါ ကြၽန္ေတာ္သြားခ်င္လို႔ ကိုႀကီးက လိုက္ပို႔ေပးမယ္တဲ့"
"ဟုတ္လား၊ သြားခ်င္သြားေလ၊ ညဥ့္နက္တဲ့အထိ မေနနဲ႕ဦး"
"မေနပါဘူး၊ ၁၀ နာရီေလာက္ဆို ျပန္လာမွာ"
"ေနဝန္းနဲ႕ဆိုေတာ့ ေဖေဖ စိတ္ခ်တယ္၊ သားငယ္ လိုက္ခ်င္လိုက္သြားေပါ့"
"ဟုတ္ ေဖေဖ"
ညေရာက္ရင္ ပြဲေဈးတန္းေလွ်ာက္ၿပီး မီးပုံးပ်ံပြဲ ၾကည့္ရမွာမို႔ သုံးသုံး ေပ်ာ္ျမဴးေနသည္။ အဲ့ဒီကိစၥကို ကိုကိုးကို မေျပာျပထားပါ။ ကိုႀကီးနဲ႕ စကားေျပာရင္ ကိုကိုးက လုံးဝမႀကိဳက္တာ။ မ်က္စိေရွ႕မွာ ျမင္မိလို႔ကေတာ့ လက္ကိုဆြဲၿပီး သုံးသုံးကို ေခၚထုတ္သြားတတ္သည္။ သုံးသုံး အိမ္ျပန္ေရာက္ေတာ့ ညစာ စားသည္။ ည ၇ နာရီမွာ ဖုန္းဝင္လာသည္။ ကိုႀကီးက ၿခံေပါက္ဝမွာ ေစာင့္ေနတယ္တဲ့။ သုံးသုံးသည္ ခ်က္ခ်င္း ၿခံေရွ႕ကို ထြက္မသြားပါ။ တန္ေဆာင္တိုင္ပြဲကိုသြားမွာမို႔ တီရွပ္ကို ေအာက္ခံဝတ္ကာ အေပၚက hoodie ေခါင္းစြပ္ကို ထပ္ဝတ္လိုက္သည္။ ဂ်င္းေဘာင္းဘီအရွည္ကို ဝတ္သည္။ Cross bag အိတ္ကို လြယ္သည္။ မွန္ေရွ႕မွာ cute ေနေသာ ေကာင္ေလးကို ေတြ႕ရမွ စိတ္တိုင္းက်ကာ ေအာက္ထပ္ကို ေျပးဆင္းသည္။ ဖိနပ္စင္အေရွ႕မွာ walking shoe ကို ႀကိဳးခ်ည္စီးေနတုန္း ေဖေဖက လွမ္းေအာ္သည္။
"သားငယ္ .. ညဥ့္မနက္နဲ႕ေနာ္"
"ဟုတ္ကဲ့ ေဖေဖ၊ အဲ့ဒါဆို သြားၿပီေနာ္"
"ေအး ေအး"
သုံးသုံး အိမ္ထဲက ေျပးထြက္လာလိုက္သည္။ ၿခံေရွ႕မွာ ကိုႀကီးက အဆင္သင့္ စိတ္ရွည္လက္ရွည္ ကားေပၚမွာ ထိုင္ေစာင့္ေပးေနသည္။
"Ready ပဲလား ကေလး"
"Ready ကိုႀကီး"
"အဲ့ဒါဆို သြားရေအာင္"
သုံးသုံး ကားေပၚ ေျပးမတက္ခင္မွာ ကိုႀကီးက ကားကို စက္ႏွိုးလိုက္သည္။ ကိုႀကီးရဲ႕ေဘးခုံမွာ သုံးသုံး ဝင္ထိုင္သည္။ ကိုႀကီးက ကားေမာင္းမထြက္ေသးဘဲ သုံးသုံးဘက္ကို လွည့္လာသည္။
"ခါးပတ္ႀကိဳး ပတ္ေပးမလို႔"
"ဟုတ္ ကိုႀကီး"
ကိုႀကီးက သုံးသုံးကို ထိုင္ခုံခါးပတ္ႀကိဳး ပတ္ေပးလာသည္။ သုံးသုံးကိုလည္း ၿပဳံးၾကည့္ကာ ပါးျပင္ေလးတစ္ဖက္ကို ဖ်စ္ညွစ္ပစ္သည္။
"နာတယ္လို႔ ကိုႀကီး"
"အင္းပါ၊ တစ္ေန႕ထက္တစ္ေန႕ ခ်စ္ဖို႔ေကာင္းလာတဲ့ ကေလးေလးမို႔ ကိုႀကီး အသည္းယားလို႔"
သုံးသုံး ၿပဳံးေနလိုက္သည္။ အဲ့ဒီေနာက္ ကိုႀကီးႏွင့္အတူ ျပည္ခ်စ္ဘုရားကို သြားၾကသည္။ ညခ်မ္းခ်ိန္ခါမွာ ေဆာင္းေလတျဖဴးျဖဴး တိုက္ေနကာ ေအးစိမ့္ေနသည္။
"သုံးသုံးေရ .. ဘုရား အရင္ ကန္ေတာ့ရေအာင္"
"ဟုတ္ ကိုႀကီး"
ကိုႀကီးႏွင့္အတူ ဆုေတာင္းျပည့္ မဟာအံ့ထူးကံသာ ဘုရားကို ထိုင္ကန္ေတာ့သည္။ အဲ့ဒီေနာက္ ပြဲေဈး ေလွ်ာက္ၾကည့္သည္။
"ေျပာင္းဖူးမီးဖုတ္ေလးက ေမႊးေနတာပဲ၊ အဲ့ဒါစားမယ္ ကိုႀကီး"
"အင္း"
ေနဝန္းက သုံးသုံးစားခ်င္တယ္ဆိုေသာ ေျပာင္းဖူးမီးဖုတ္ကို ဝယ္ေပးလိုက္သည္။ သုံးသုံးက ေျပာင္းဖူးကို မစားေသးဘဲ မီးဖုတ္ထားလို႔ ထြက္လာတဲ့အေမႊးနံ႕ကို ရႉရွိုက္ၿပီးမွ ကိုက္စားသည္။ ပြဲေဈးေလွ်ာက္ကာ တစ္ေနရာေရာက္ေတာ့ သုံးသုံးေလးက မ်က္လုံးအေရာင္ေတြ လက္သြားျပန္သည္။
"ရဟတ္စီးခ်င္တယ္ ကိုႀကီး"
"အႏၲရာယ္မ်ားတယ္၊ မေတာ္တဆျပဳတ္က်သြားရင္ ဘယ္လိုလုပ္မလဲ"
"မရဘူးဗ်ာ၊ စီးမွာပဲ၊ ကိုႀကီးပါ အတူတူလိုက္စီး"
"ကဲ..ေျပာမရလည္း စီးေစဗ်ာ"
"ေပ်ာ္လိုက္တာ၊ အဲ့ဒါေၾကာင့္ ကိုႀကီးကို ခ်စ္တာ"
ကေလးက ကြၽန္ေတာ့္ကို ခ်စ္တာတဲ့။ ကြၽန္ေတာ္ ေပ်ာ္လိုက္ရတာေလ။ အေရွ႕က ေျပးထြက္သြားေသာ ကေလးအေနာက္ကို ေျခလွမ္းသြက္သြက္ျဖင့္ လိုက္သြားလိုက္သည္။
"ကိုႀကီး .. ဒီကိုလာ ဒီကိုလာ"
အတြဲဆိုင္းတစ္ခုကို လူေလးေယာက္ စီးရသည္။ လွမ္းၾကည္လိုက္ေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ လူမရွိေသးပါ။ ကေလးတစ္ေယာက္တည္း ရွိေနသည္။
"ညီေလးေရ ကိုယ္တို႔ ဟိုထိုင္ခုံမွာ စီးမလို႔၊ အေရွ႕ႏွစ္ခုံကို လူမတင္နဲ႕ေတာ့၊ အဲ့ဒီထိုင္ခုံေတြအတြက္ပါ ပိုက္ဆံယူထားလိုက္"
မ်က္စိေရွ႕မွာ တျခားလူရွိတာကို မႀကိဳက္လို႔ အပိုႏွစ္ခုံကိုပါ ဝယ္လိုက္သည္။ ကေလးေဘးမွာ ဝင္ထိုင္လိုက္တာနဲ႕ ေနဝန္းတို႔ အတြဲဆိုင္းက အေပၚကို တက္သြားသည္။ အဲ့ဒီေနာက္ အတြဲဆိုင္းက အေပၚကိုျမင့္ျမင့္တက္လာလိုက္တာ ေနဝန္းတို႔အတြဲဆိုင္းက ထိပ္ဆုံးေရာက္လာသည္။
"ကိုႀကီး ..ကြၽန္ေတာ္တို႔ေတြ အျမင့္ႀကီးပဲ ေရာက္ေနၿပီ"
အျမင့္ဆုံးေရာက္ေနတာမို႔ ေအာက္ဘက္ငုံ႕ၾကည့္ရင္ အသည္းေအးစရာႀကီး။ သုံးသုံးက ေျခႏွစ္ေခ်ာင္းကို ကုပ္ထားသည္။ ေနဝန္းလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္သည္။ အရင္ဆုံး ကေလး၏ပခုံးကို သိုင္းဖက္ကာ ရင္ခြင္ထဲဆြဲသြင္းလို႔ ခပ္တင္းတင္းေလး ဖက္ေပးထားလိုက္သည္။
"ကိုႀကီး .. ရဟတ္လည္ေနၿပီ ..အား ..."
စီးတုန္းက စီးခ်င္သည္။ အခုက်မွ ရဟတ္ႀကီးက မႊတ္ေနေအာင္ မနားတမ္းလည္ေတာ့မွ သုံးသုံးတစ္ေယာက္ ေနဝန္းကို တင္းေနေအာင္ ျပန္ဖက္ထားကာ ရင္ခြင္ထဲကေန ေအာ္ဟစ္သည္။ ကေလးက ေနဝန္းကို က်စ္ေနေအာင္ ျပန္ဖက္ထားတာမို႔ ေပ်ာ္လိုက္ရတာ။ ေလဟာနယ္ထဲ ယိမ္းခါေနေသာ ကေလး၏ ဆံႏြယ္ေတြကိုပါ ခိုးနမ္းမိသည္။
"ေတာ္ပါေသးရဲ႕၊ ရဟတ္ႀကီး ရပ္သြားၿပီ"
ရဟတ္ႀကီး ၿငိမ္ေနေအာင္ ရပ္တန႔္သြားမွပဲ သုံးသုံး သက္ျပင္းခ်နိဳင္သည္။ ကိုႀကီး ရင္ခြင္ထဲကို ျမဳပ္ေနေအာင္ တိုးဝင္ထားတာမို႔ ၿပဳံးတုံ႕တုံ႕ေလး လုပ္ျပကာ အေနာက္ဘက္ကို ျပန္ဆုတ္ထိုင္လိုက္သည္။ ကိုႀကီးကေတာ့ ရဟတ္စီးရတာ ထိတ္လန႔္ပုံမရပါ။ မ်က္ႏွာကိုၿပဳံးလို႔ သုံးသုံးကို ၾကည့္ေနသည္။
"မီးပုံးပ်ံလႊတ္တင္တာ သြားၾကည့္ဦးမယ္ ကိုႀကီး"
"အင္း .. သြားၾကမယ္ေလ"
မီးပုံးပ်ံ လႊတ္တင္ပြဲကို ၾကည့္ေနေသာ လူအုပ္ႀကီးၾကားထဲကို သုံးသုံးတို႔ ေရာက္လာၾကသည္။ မီးပုံးပ်ံ ကြင္းထဲမွာ အေရာင္အေသြးစုံ ဒီဇိုင္းစုံ မီးပုံးႀကီးမ်ားကို မွိုင္းဝေအာင္တိုက္ၿပီး တစ္လုံးၿပီးတစ္လုံး လႊတ္တင္ေနၾကသည္။
"ေယး! တက္သြားၿပီ .. တက္သြားၿပီ"
ဒီတစ္ခါ မီးပုံးပ်ံကြင္းထဲမွာလည္း သုံးသုံးေလးက ေနဝန္းရင္ခြင္ထဲမွာ ရွိေနသည္။ လူက်ပ္ေနတာမို႔ သုံးသုံးကို ေနဝန္းေရွ႕မွာပဲ ထားလိုက္သည္။ အေရွ႕တည့္တည့္မွာ ပူးကပ္ေနတာမို႔ ကေလးေက်ာျပင္နဲ႕ ေနဝန္းရင္ခြင္က ထိကပ္ေနသည္။ ေလတိုက္ေနတာမို႔ ေနဝန္းသည္ လည္ပင္းမွာ ပတ္ထားေသာ မာဖလာကို ခြၽတ္ကာ ကေလး၏လည္ပင္းမွာ တစ္ရစ္ၿပီးတစ္ရစ္ ပတ္ေပးလိုက္သည္။ မီးပုံးပ်ံပြဲမို႔ အသံခ်ဲ့စက္ အသံေရာ လူသံေတြပါ ဆူညံေနသည္။ ေနဝန္းရဲ႕နားထဲမွာ ဖုန္းသံကို ၾကားေနရသည္။ ဒါေပမဲ့ ကိုယ့္ဖုန္းသံမဟုတ္လို႔ အာ႐ုံမရွိဘဲ ကေလးကိုသာ အေနာက္ကေန ဖက္ထားလိုက္သည္။
"ကိုႀကီး"
"အင္း ..ကေလးကို ဖက္ထားေပးေတာ့ ေႏြးသြားတယ္ မဟုတ္လား"
ကေလးကို ခါးဖက္လိုက္ေတာ့ ကေလးက ေနဝန္းကို ေခါင္းေမာ့ၾကည့္လာသည္။ ဘာမွျပန္မေျပာလာဘဲ မီးပုံးပ်ံကို ေခါင္းေမာ့ၾကည့္ကာ လက္ခုပ္တီးသည္။ ေနဝန္း ေပ်ာ္လိုက္ရတာေလ။ ကေလးကို ရင္ခြင္ထဲဆြဲသြင္းၿပီး ခါးကိုဖက္ထားခြင့္ ရေနတာမို႔ ရင္ခုန္လွိုက္ေမာလာသည္။ ကေလး၏ ဆံပင္ကို လူအုပ္ၾကားထဲမွာ မသိမသာ ခိုးနမ္းမိသည္။ ကေလး၏ လည္တိုင္ကို ခိုးနမ္းျဖစ္သည္။ မီးပုံးပ်ံေတြကိုသာ ေမာ့ၾကည့္ေနေသာ ကေလးသည္ အနမ္းသူခိုးႀကီးကို သတိမထားမိေသးပါ။
*ဟတ္ခ်ိဳး!*
ကေလးက ႏွာေခ်လိဳက္ကာ ႏွာေခါင္းရႈံ႕သြားသည္။ ေနဝန္းတို႔ေတြ မီးပုံးပ်ံကြင္းထဲကို ေရာက္ေနၾကတာ အေတာ္ၾကာေနၿပီ။ ေဆာင္းေလတျဖဴးျဖဴး တိုက္ေနတာမို႔ ကေလး အေအးမိၿပီထင္သည္။
"ကိုႀကီးတို႔ အိမ္ျပန္ရေအာင္လား"
"ဟင့္အင္း၊ မျပန္ခ်င္ေသးဘူး"
"၉ နာရီခြဲေနၿပီ ကေလးရဲ႕၊ ျပန္ရေအာင္ေနာ္"
"အဲ့ဒါဆို ေနာက္ေန႕ လိုက္ပို႔ဦး"
ေနဝန္း ရယ္လိုက္မိသည္။ အေအးမိလို႔ ႏွာရည္ေတြ ေတာက္ေတာက္က်လာေသာ ကေလး၏ႏွာေခါင္းေလးကို လက္ကိုင္ပုဝါနဲ႕ အုပ္ကိုင္ကာ ညွစ္ေပးလိုက္သည္။
"ေနာက္ေန႕မွာ ကေလး ေနမေကာင္းမျဖစ္ရင္ လိုက္ပို႔ေပးမယ္၊ ဟုတ္ၿပီလား"
"ဟုတ္"
"အဲ့ဒါဆို ျပန္မယ္ေနာ္"
"ဟုတ္"
လိမၼာေသာ ကေလးပါ။ ကေလး၏ လက္ကေလးကို ဆြဲကာ ကားရပ္ထားေသာေနရာကို ျပန္လာၾကသည္။ အဲ့ဒီေနာက္ အိမ္ျပန္လာၾကသည္။ ကေလးတို႔ ၿခံေရွ႕မွာ ကားရပ္လိုက္သည္။ ကေလးက လည္ပင္းမွာ ပတ္ထားေသာ မာဖလာကိုခြၽတ္ကာ ဒက္ရွ္ဘုတ္ေပၚ လွမ္းတင္ၿပီးတာနဲ႕ ကားတံခါးကို ဆြဲဖြင့္သည္။
"သုံးသုံး ..ကေလး .. ခဏ"
ေနဝန္း လွမ္းေခၚလိုက္လို႔ သုံးသုံးေလးက ကားေပၚက မဆင္းေသးဘဲ ေနဝန္းကို ျပန္ၾကည့္လာသည္။
"ကိုႀကီး ဘာေျပာမလို႔လဲ"
"ေရာ့ .. အခန္းထဲေရာက္မွ ဒီဘူးကို ဖြင့္ၾကည့္"
"ဟုတ္"
ကိုႀကီး ကမ္းေပးလာေသာ စကၠဴဘူးကို လွမ္းယူကာ သုံးသုံး ကားေပၚက ဆင္းလာလိုက္သည္။ ၿခံေစာင့္ဦးေလးႀကီးကို ဖုန္းေခၚကာ ၿခံတံခါးဖြင့္ခိုင္းသည္။ အဲ့ဒီေနာက္ ည ၁၀ နာရီမထိုးခင္ အိမ္ျပန္ေရာက္လာသည္။ ကိုႀကီးက ဒီတစ္ခါ ဘာလက္ေဆာင္ေပးတာလဲ။ စကၠဴဘူးက ပန္းေရာင္ေလး။ ေနာက္မွဖြင့္ၾကည့္မယ္ဆိုၿပီး Cross bag အိတ္ႏွင့္အတူ စားပြဲေပၚကို တင္ထားလိုက္သည္။ အကၤ်ီလဲကာ ညအိပ္ဝတ္စုံကို ျပန္ဝတ္သည္။ အေအးမိၿပီး ႏွာရည္က်ေနလို႔ ေဆးေသာက္လိုက္သည္။ အဲ့ဒီေနာက္ အခန္းမီးကို မွိတ္ကာ အိပ္ရာဝင္သည္။ ေဆးမွာ အိပ္ေဆးပါတယ္လို႔ ထင္သည္။ သုံးသုံးသည္ အခ်ိန္တိုအတြင္း ငိုက္စင္းလာကာ အိပ္ေမာက်သြားသည္။
တိတ္ဆိတ္ေနေသာ ညဥ့္လယ္ယံတြင္ စားပြဲေပၚတင္ထားေသာ Cross Bag အိတ္ကေလးထဲကေန ဖုန္းသံေတြ အဆက္မျပတ္ ထြက္ေပၚေနသည္။ ကိုင္မယ့္သူ မရွိတာေၾကာင့္ အေတာ္ေလးၾကာေတာ့ ဖုန္းသံျပန္တိတ္သြားသည္။ အလင္းေရာင္ မေပ်ာက္ေသးေသာ ဖုန္းမ်က္ႏွာျပင္တြင္ 36 missed calls ဆိုၿပီး ေပၚေနသည္။ ဒါေပမဲ့ သုံးသုံးတစ္ေယာက္ ဘာမွမသိရွာဘဲ ေစာင္အထူၾကားထဲ နစ္ျမဳပ္ေနကာ တေခါေခါနဲ႕ အိပ္ေမာက်ေနသည္။
_______________________________________