ကိုကို့အရှင်သခင်
By Natpankalay
775K 62.8K 2.5K
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။ More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter -15
Chapter -16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter -31
Chapter-32 Final Part
45.1K 2.6K 258
By Natpankalay
Chapter-32 Final Part
စကားပြောနေရင်းရုတ်တရက် ဗိုက်ကတစ်မျိုးဖြစ်လာသောကြောင့်မျက်နှာတစ်ချက်ပျက်သွားသည်။ ဒါကို Chen ကသတိထား မိ၏။
“အေး ငါပို့လိုက်မယ်”
“Park Chanyeol. ရေချိုးပေးတာ ရိုးရိုးတန်းတန်းချိုးနော်.. BaekHyun က လူနာဆိုတာလေး သတိကပ်ထား။”
အင်း--ချစ်တော့လည်း အီးအီးပါတာတောင် အပြင်မှာ မတ်တပ်ရပ်စောင့်နေရတဲ့ဘဝ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“အင့် Aeri လေးအတွက်.. ”
“Aeri.. ခု  Aeri က”
“ပျော်လား။”
****************The End*********************
# With Heart
Just A Dreamer.
Unicode
Chapter-32 Final Part
“ကိစ္စတွေအများကြီးဖြစ်သွားတော့ အကို Chen နဲ့ အကို KyungSoo ကို ခုမှပဲ သေချာကျေးဇူးတင်ရတော့တယ်။ ကျွန်တော့်ကိုရော ကိုကိုတို့ကိုပါ စောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ.”
ကုတင်ပေါ်ကနေ အောက်ကိုခြေတွဲလွဲချထိုင်နေသည့် BaekHyun က ခေါင်းလေးငုံ့လျက် အရိုအသေပေးသည်။ BaekHyun ဘေးတွင် ပူးပူးကပ်ကပ်ထိုင်နေသည့် Aeri လေးကပါ အလားတူ ခေါင်းငုံ့အရိုအသေပေးလာတော့ Chen နှင့် KyungSoo ရယ်မိကြသေးသည်။
“နိုးလာပေးတာနဲ့တင် အကိုတို့က ကျေးဇူးတင်ပါတယ်။မဟုတ်ရင် Park Chanyeol တစ်ယောက် နေ့လား ညလားပဲ စိတ္တဇဆေးရုံရောက်တော့မယ်။ Aeri လေး ရှိနေလို့သာပေါ့.”
Chen ပြောတော့ Aeri က BaekHyun ကိုမော့မော့လေးကြည့်ကာ ပြုံးပြလာသည်။ BaekHyun ချစ်စနိုးဖြင့် Aeri ပါးကလေးကို ခပ်ဖွဖွ ဆွဲမွလိုက်မိသည်။
“ဟို ကိုကိုက အရမ်း စိတ်ထိခိုက်နေတာလားဟင်”
“သတိပြန်မလည်လာဘူးဆိုကတည်းက နေ့ရော ညရော BaekHyun အနားမှာလေ.။အစာမစား ဘာမစားနဲ့ အဖျားပါဝင်ပြီး လဲတော့မှ  တားလို့ရတာ.။BaekHyun သာ သတိပြန်မရလာရင် ဒီကောင် တကယ် ရူးမှာ.။ဒီလောက်ထိ BaekHyunကိုချစ်နေမှန်း အကိုတို့တောင် မသိခဲ့ဘူး။”
KyungSoo ကပါ ပြောလာတော့ BaekHyun မျက်နှာ ပြုံးစစလေးဖြင့်ရှိနေသည်။တစ်ခြားသူတွေဆီကနေ Chanyeol တစ်ယောက် မိမိအပေါ် ဘယ်လိုချစ်မြတ်နိုးသည်ဆိုတာ သိရခြင်းမှာ အတိုင်းမသိဝမ်းသာလှ၏။ တကယ်တော့ သူထင်ထား တာထက် ကိုကိုက သူ့ကိုပိုပြီးချစ်ခဲ့သည်ထင်ပါသည်။
“Aeri လည်း လွမ်းနေတာပါနော်.အများကြီး နေ့တိုင်းပဲ BaekHyunee ကို တွေ့ချင်တယ်။နေ့တိုင်းပဲ တူတူကစားချင်တယ်။နေ့တိုင်းပဲ တူတူ မုန့်စားချင်တယ်။”
“ငါတို့ Aeri လေးစိတ်တိုင်းကျ ကိုကိုလေးက လုပ်ပေးမှာပေါ့.”
စကားပြောနေရင်းရုတ်တရက် ဗိုက်ကတစ်မျိူးဖြစ်လာသောကြောင့်မျက်နှာတစ်ချက်ပျက်သွားသည်။ ဒါကို Chen ကသတိထား မိ၏။
“BaekHyun ဘာဖြစ်လို့လဲ ဘယ်နားက နာလို့လဲ”
“ကျွန်တော် သန့်စင်ခန်းဝင်ချင်လို့ ရုတ်တရက်ကြီး”
“ဒါဆို အကိုတွဲပေးမယ်လေ. လာ-”
“မဟုတ်ဘူး။ ကျွန်တော်က ညစ်ညစ်ပတ်ပတ်နဲ့ဆို အားနာတယ်။အနံ့လည်းရှိနေမှာ ။ကိုယ့်ဘာသာကိုယ်ပဲ အားစိုက်ပြီး-”
တကယ်ပဲလည်း Chen ကို BaekHyun အားနာပါသည်။ အနံ့အသက်ရှိနေမည်မှာသေချာသည့် ခန္ဓာကိုယ် ကို သူတစ်ပါးကို  မချီပိုးစေလို.။
“လာ ဒါဆို အကိုပိုးမယ်။ အကိုက ဆေးရုံမှာဒီလိုအနံ့တွေက အသားကျနေပြီ လာ Baekhyun”
“ဟမ် KyungSoo မင်းကနိုင်လို့လား။အရေးအကြောင်းဆို သူ့ယောက်ျားက ဘယ်ရောက်နေလဲမသိဘူး။”
“ကိုကိုက ရုံးကိုမဖြစ်မနေသွားလိုက်ရတာမို့.”
Chanyeol ကိုမှန်းမျှော်ကြိမ်းမောင်းတော့ BaekHyun က ဝင်ဖြေရှင်းနေသေးသည်မို့ Chen ရယ်မိသွားတော့ သည်။တကယ်ပါပဲ. Park Baekhyun တို့.။
“ကဲ လာ အကိုပိုးပါမယ်ဆို”
“ဟေ့ ဘာလုပ်တာလဲ အဲ့ဒါ ဖယ် ဖယ် ငါ လုပ်မယ်.”
ဝုန်းဆို ထွက်ပေါ်လာသည့် အသံကျယ်ကြီးနှင့်အတူ အခန်းထဲကိုကမျောသောပါး ဝင်လာပါသော Park Chanyeol.။ BaekHyun ၏ ရှေ့တွင် ကုန်းကုန်းလေးလုပ်ကာ ပိုးမည်ကြံနေသည့် KyungSoo သည်ပင် ကြောင်တောင်တောင် ဖြစ်သွား ရသည်။
“ဘာလဲ ဒီမှာ BaekHyun က သန့်စင်ခန်းဝင်ချင်လို့တဲ့.”
“အေး ငါပို့လိုက်မယ်”
ဖြတ်ခနဲဆို ထိုင်လျက်သားလေးရှိနေသည့် BaekHyun ကို Chanyeol က အသာတကြည်ပင်ကောက်ပွေ့လိုက်သည်။ အင်းပေါ့လေ. ကြီးကောင်ကြီးမား သူ့ ခန္ဓာကိုယ်ပေါ်မှာ BaekHyun လေးက ခပ်ပုံ့ပုံ့ကို.။
“အမလေး.. အရေးထဲ သဝန်လာတိုနေသေးတယ်.”
KyungSoo ၏ တီးတိုးမကျေနပ်သံကို Chanyeol  ကလျစ်လျူရှုသည်။BaekHyun ကိုပွေ့ထားလျက်ကပင် Aeri လေးကို ကြည့်လျက်-
“သမီးက ဦးလေး Chen နဲ့ အိမ်ပြန်နှင့်နော်.။ဖေဖေ က ဒီမှာ BaekHyunee ကို ရေမိုးချိူးပေးလိုက်ဦးမယ်နော်.”
ဆေးရုံကနေ ချက်ချင်းကြီးဆင်းခွင့်မရသေးသည်ကြောင့် ရက်အနည်းငယ်တော့ ဆေးရုံတွင် သာသောင်တင်နေဦးမည်ဖြစ် သည်။ ဒါကြောင့်မို့ ဒီခန္ဓာကိုယ်လေးကိုတော့သန့်စင်ပေးရဦးမည်.။
“ဟုတ် ဖေဖေ. BaekHyunee  ကိုအမြန်ဆုံးအိမ်ခေါ်သွားကြရအောင်နော်.။”
“ကိုကိုလေးက လည်းအမြန်ဆုံး ပြန်လာချင်ပါပြီ.။ခု သန့်စင်ခန်းလေး--”
ဒီတော့မှ ဟုတ်သား ဆိုကာ Chanyeol တို့ အခန်းထဲက သန့်စင်ခန်းဆီပြေးရတော့သည်။ ကုတင်ပေါ်မှ Aeri လေးကို Chen က ပွေ့ယူချီလိုက်ရင်းဖြင့် သန့်စင်ခန်းထဲ မျက်လုံးဝေ့ကြည့်သည်။
“Park Chanyeol. ရေချိူးပေးတာ ရိုးရိုးတန်းတန်းချိူးနော်.. BaekHyun က လူနာဆိုတာလေး သတိကပ်ထား။”
“အာ အေး အဲ့ဒါတော့ ဟုတ်တယ်နော် Chanyeol ငါ လည်းသတိပေးလိုက်မယ်.”
“ဟာ ဒီကောင်တွေ သွားမှာမသွားဘဲနဲ့.”
မအော်ထုတ်လို့လည်းမရတော့။ ဘိုထိုင်ပေါ်တွင် တင်ထားပေးလိုက်သော BaekHyun ကရယ်နေလေပြီ။ရှက်ရိပ်သမ်းပြီး ရယ်နေတာလေး သူသိတာပေါ့.။
“ကိုကို ကဘယ်ကိုကြည့်နေတာလဲ”
“သြော် ကိုယ် ကမမြင်ဖူးတာကျနေတာပဲ ကွာ.ရှက်မနေနဲ့ အေးအေးဆေးဆေး အီးအီး ပါ.”
“ကိုကို အပြင်မှာစောင့်လည်းရပါတယ်ဆို..”
BaekHyun က ထုံးစံအတိုင်းမျက်မှောင်လေးကုတ်လျက် ပေကပ်ကပ်အော်လာတော့ ရုပ်ဆိုးပုံလေးပြန်ပေါက်လာသည်။စ်ိတ်က BaekHyun မျက်လုံးနှစ်လုံးပွင့်ပါပြီဆိုကတည်းကြည်နုးနေတာမို့ သန့်စင်ခန်းထဲတွင် Chanyeol ရယ်သံသြသြကြီးကနေရာ ယူနေသည်။
“ကိုကို မသွားရင် ကျွန်တော်ဘယ်လိုလုပ် လွတ်လပ်မှာလဲ ဒီတိုင်းထိုင်နေလိုက်မှာနော်.။တစ်ညလုံး။”
“အင်းပါ အင်းပါ ရေလည်းချိူးရဦးမှာ ဒီတိုင်းထိုင်နေလို့ဘယ်ဖြစ်မလဲ ကိုကို အပြင်ကစောင့်နေမယ်။အီးအီးပါလို့ပြီးရင် ခေါ်လိုက်နော် BaekHyunee.”
ရှက်ကလည်းရှက်သေး သူတမင်စနေမှန်းသိတော့ စိတ်ကလည်းဆိုးချင်သေးသည့် ကောင်ငယ်လေးကိုထားကာ အပြင်ဘက်တော့ထွက်လာပေးလိုက်သည်။
အင်း--ချစ်တော့လည်း အီးအီးပါတောတောင် အပြင်မှာ မတ်တပ်ရပ်စောင့်နေရတဲ့ဘဝ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရက်အတန်ငယ်ကြာတော့ အရမ်းသွက်သွက်လက်လက်ကြီးမဟုတ်တောင်မှ အနည်းငယ်သွားလာ လှုပ်ရှားနိုင်ပြီမို့ BaekHyun ကို ဆေးရုံကပြန်ခေါ်လာခဲ့တော့သည်။ဒေါ်လေးကတောင် BaekHyun ကိုမြင်တော့ ဝမ်းနည်းဝမ်းသာစွာဖြင့် ဖက်ကာ ငိုသေးသည်။BaekHyun သည်ထိုသို့ လူချစ်လူခင်ပေါများသည့် သူ။
ခုလည်း နေ့လည်စာ စားပြီး၍ အချိူပွဲအဖြစ်သစ်သီးစိတ်လေးတွေ စားနေကြခြင်းဖြစ်သည်။ခုတော့ဖြင့် အားလုံးက သောက ကင်းလျက်နားလည်မှုတွေဖြင့် ပျော်ရွှင်စရာကောင်းနေသည်။
“ဖေဖေ-မက်မွန်သီး နည်းနည်းထပ်ပေးပါဦး..”
“ကိုကိုလေး ယူပေးမယ်နော် ခဏ-”
ပါးစပ်လေးထဲက ပလုတ်ပလောင်းဖြင့် Aeri ကိုချစ်စနိုးကြည့်ကာ BaekHyun အလျင်စလို ထရပ်လိုက်သည်။သို့သော် ခွေခနဲ ဖြစ်သွားသောခြေထောက်ကြောင့် ကြမ်းပြင်ပေါ် ပစ်လဲပြီဟုထင်လိုက်ပေမယ့် Chanyeol က အလျင်အမြန်ပင် ခါးကနေ ဆွဲသိမ်းပွေ့ယူထားလိုက်၏။
“Aeri ဘာသာယူပါ့မယ်။ BaekHyunee  ထိခိုက်သွားသေးလားဟင်.”
ထိုင်နေရာကနေ မျက်နှာငယ်လေးဖြင့် အနားကိုရောက်လာသည့် Aeri ကို ပြုံးကာ ခေါင်းခါပြလိုက်သည်။ တကယ်တော့ ဘာမှမဖြစ်ပါဘူး။ Chanyeol ထိန်းဖက်ပေးကာ ထိုင်ခုံပေါ်ပြန်ထိုင်စေသည်မို့.။သို့သော်မျက်ရည်က ဝဲတက်လာသည်။ ကိုယ်က ဘယ်အချိန်ထိဒီလိုမျိူး ခြေမသန်လက်မသန်ဖြစ်နေဦးမှာလဲ.။
“အင့် Aeri လေးအတွက်.. ”
“ဟုတ် ကောင်းကောင်းစားပါ့မယ် ဖေဖေ.။ BaekHyunee ကို သေသေချာချာကြည့်ပေးပါဦး တစ်ခုခုနာသွားသလားလို့”
Aeri က ခုနောက်ပိုင်းတွင် BaekHyun ထိခိုက်မည်ကို အလွန်စိုးကြောက်သူဖြစ်သည်။ သူ နားဝင်အောင်ရှင်းပြထားသည်မို့ ဖြစ်သမျှတွေက Aeri လေးနှင့်မဆိုင်သည်ကို နားလည်လက်ခံထားပေမယ့် BaekHyun အပေါ်ကိုတော့ဖြင့် မည်သည့် ထိခိုက်မှု မျိူးမှ မဖြစ်စေချင်တော့သည်မှာ Aeri ပင်ဖြစ်သည်။
“ဘာမှမဖြစ်ပါဘူး Aeri ရဲ့ ကိုကိုလေးက ရုတ်တရက်ဆိုတော့. ဘာမှမဖြစ်ဘူးနော်.။”
“အမြဲတမ်း ကျန်းကျန်းမာမာနဲ့ ဘာမှမဖြစ်ဘဲ Aeri တို့နဲ့တူတူနေရမယ်နော်.  နော် ဖေဖေလေး.။”
ခေါင်းညိတ်ပြလိုက်ရင်းနှင့်မှ BaekHyun ဆွံအသွားသည်။ ခု Aeri က သူ့ကိုဘယ်လိုခေါ်လိုက်တာလဲ.။ Chanyeol ကိုလှည့်ကြည့်လိုက်တော့လည်း Chanyeol လည်းထင်မှတ်မထားပုံပင်။
“Aeri.. ခု  Aeri က”
“သတိမေ့နေတုန်းက Aeri အများကြီး တိုးတိုးလေးခေါ်ဖြစ်တယ်။ ဖေဖေလေး.။တစ်ချိန်လုံး BaekHYunee လို့ခေါ်နေမိတဲ့အတွက် တောင်းပန်ပါတယ်။ တကယ်တော့Aeri က ဖေဖေလေးလို့ခေါ်ခဲ့ရမှာ.။Aeri ဖေဖေနဲ့လက်ထပ်ထားတာဆိုတော့ Aeri ဖေဖေလေးပေါ့နော်.။ရှေ့လျှောက် Aeri ကိုအများကြီးချစ်ပြီး အများကြီးအလိုလိုက်ပေးပါ ဖေဖေလေး။”
BaekHyun ခေါင်းတဆတ်ဆတ်ညိတ်လျက် မျက်ရည်ကျသည်။အနားတိုးလာသည့် Aeri ကိုတိုးလို့ဖက်ရင်းထပ်မံငိုရှိုက်မိ တော့ Chanyeol က သူတို့နှစ်ဦးလုံးကိုသိုင်းခြုံဖက်လာသည်။တကယ်ကိုမေတ္တာတွေက ရောင်ပြန်ဟပ်ခဲ့ပါပြီ။
အချိန်အနည်းငယ် ဖက်တွယ်နေခဲ့ကြပြီးမှ Aeri လေးကိုသိပ်ဖို့ ဒေါ်လေးက လာခေါ်သွားပေးသည်။ Chanyeol လည်း BaekHyun ကိုလမ်းမလျှောက်စေတော့ဘဲ အသာပွေ့ချီကာ အိပ်ခန်းထဲထိခေါ်လာခဲ့လိုက်သည်။ မွေ့ရာပေါ်ညင်ညင်သာသာ တင်ပေးလိုက်ပြီးမှ သူပါဝင်ထိုင်လိုက်သည်။
“ပျော်လား။”
“အင်း Aeri က အဲ့လိုခေါ်တာအရမ်းသဘောကျတယ်။”
“ကျေးဇူးတင်ပါတယ် BaekHyunee ရယ်။အရာအားလုံးအတွက်။ထပ်ခါထပ်ခါပြောလည်းဒီစကားပဲဖြစ်မှာဆိုပေမယ့် ကိုကိုက ဒီကစပြီးစောင့်ရှောက်ပေးပါမယ် ချစ်ပေးပါမယ်။ကိုယ်တို့လက်ထပ်ပွဲလေး လုပ်ရအောင်လေ ကလေး နော်.။”
လေးလေးနက်နက်ဆိုနေသည့် Chanyeol ၏ပါးပြင်ကို လက်တစ်ဖြင့်ထိတွေ့လိုက်ရင်း BaekHyun ခေါင်းခါပြသည်။
“ဟိုတစ်ခါက ဧည့်ခံပွဲမှာကတည်းက ကျွန်တော်က ကိုကို့သက်ဆိုင်သူဆိုတာ အားလုံးသိပြီးပြီပဲ.။ပြီးတော့ ကိုကို့အနားမှာနေ ရပြီကို ဒါတွေမလိုဘူး။ခု ကျွန်တော် အရမ်းကိုစိတ်ချမ်းသာနေတယ်။ဒါပေမယ့် ခု လတ်တလောတော့ အရမ်းမလှုပ်ရှားနိုင်ဖြစ်နေတာ ကျွန်တော် စိတ်ပူတယ် ကိုကို.။ကိုကို့အတွက်အလုပ်ပို-”
မလိုအပ်သောစကားတို့ကိုဆိုမည့်နှုတ်ခမ်းပါးကို Chanyeol နမ်းလိုက်သည်။သူ့ကိုပြန်ကြည့်လာသည့် မျက်နှာလေးကို လက်ဖဝါးကျယ်ကြီးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ အနမ်းကြမ်းကြမ်းတွေ ပေးပစ်လိုက်သည်။ အချိန်တစ်ခုကြာမှ လွှတ်ပေးလိုက် သည့်အခါ နီရဲနေသည့် မျက်နှာလေးနှင့်နှုတ်ခမ်းတို့က ထပ်မံနမ်းချင်သဖွယ်။
“နောက်တစ်ခါ မဟုတ်တာတွေထပ်ပြောမယ်ဆို ကိုယ်က ဒီလိုအပြစ်ပေးမယ်။ BaekHyunee ဆိုတာ ကိုယ့်အတွက် ဘယ်တော့မှ အလုပ်ပို မဟုတ်ဘူး။ကိုယ်က ချစ်ပေးချင်တဲ့ ကောင်လေး.ကိုယ်က ဂရုစိုက်ပေးချင်တဲ့ကောင်လေးပဲ။ကိုကို့ရဲ့ကောင်လေး.။သဘောပေါက်ပြီလား။”
BaekHyun က အပြုံးဖြင့်ခေါင်းညိတ်ပြလာသည်။ BaekHyun ကိုယ်လေးကိုဆွဲဖက်ရင်းကနေ အိပ်ရာပေါ် ယှဉ်တွဲလှဲလိုက် သည်။ ရင်ခွင်ထဲတွင် ယုယုယယပွေ့ပိုက်ထားမိကာ ဆံစတို့ကိုနမ်းကြူနေမိ၏။
တော်သေးတာပေါ့ဒီလို ကိုယ့်ရင်ခွင်ထဲ အကောင်းပကတိအတိုင်းလေးရှိနေနိုင်လို့။
“အရမ်းချစ်တယ် ကိုကို့ BaekHyunee.”
“ကိုကို Chanyeol ကိုချစ်တယ်။”
တန်ပြန်တုန့်ပြန်လာသည့်စကားသံကိုနားဆင်ရင်း အပြုံးတို့ဆက်သည်။
မှားခဲ့သမျှ က ကံကောင်းလို့ ပြင်ဆင်ခွင့်ရပြီး ခုလိုပျော်ရွှင်နေနိုင်ရတာ.။အကယ်၍ သူသာ အတ်ိတ်က စိတ် မာနအစွဲတွေကို ဆက်ပြီးလက်ကိုင်ထားနေလျှင် တစ်သက်လုံးအတွက်ချစ်ရသူကိုတောင်ဆုံးရှုံးသွားနိုင်သည်။
မတွေးရဲပါ.။ခုနေများ BaekHyun မပါသည့် ဘဝကို စိတ်ကူးထဲတောင်မတွေးရဲလောက်အောင် BaekHyun က ချစ်ခြင်းဖြင့် သူ့ကိုပြုစားထားပြီဖြစ်သည်။ရှေ့ဆက်ပြီးလည်း Aeri ရယ် BaekHyunee ရယ် Chanyeol ရယ်. သုံးဦးသားနေ့ရက်တို့က အမြဲ ပျော်ရွှင်ဖွယ်ရာအတိဖြစ်နေမှာ အမှန်ပင်ဖြစ်သည်။
လွန်ခဲ့ပြီးသော ကာလများဆီက BaekHyun တစ်ယောက် သူ့နောက်လိုက်ကပ်တွယ်တာ ပြန်တွေးမိသည်။ ဘယ်လိုဆူအော် နေ နေ စိတ်ပျက်မသွားဖူးသည့် ကောင်လေးကို ပြန်တွေးမိသည်။ထိုကတည်းက သံယောဇဉ်ဖူးစာတွေ ကစခဲ့တာဖြစ်ရမည်။
အမြဲတမ်းအတွက် ထာဝရအတွက် Chanyeol အတွက်တော့ BaekHyun သည်သာ---
****************The End*********************
# With Heart
Just A Dreamer.
(အပိုင်း ၁ ကနေ အဆုံးထိလိုက်ပြီးဖတ်ပေးပျော်ပေးငိုပေးကြတဲ့ တစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်။ တတိယမြောက် Chanbaek Fiction ကတော့ ပြီးဆုံးသွားခဲ့ပါပြီ.။ပြောချင်တာတွေများ၇ှိရင် အကြံပေးသွားလို့ရပါတယ်နော်။စတုတ္ထမြောက် Chanbaek အတွက်ယူတို့တော့ မျှော်လင့်နေမလားမသိပေမယ့် ကိုယ်က Historical ကိုမှန်းထားပါတယ်။တစ်ခါလောက် ဆုံဆည်းကြရအောင်ပါ။ )_
Continue Reading
You'll Also Like
179K 8.9K 61
267K 19.2K 24
ChanBaek ( yaoi ) Chan × Baek ♡♡♡
19.9K 1.6K 5
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 'ရှားရှားပါးပါး'ကို အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါ။ ရည်းစားရှုပ်တဲ့ 'ဝသန်'နဲ့ လူရိုးလူအေး 'အေးချမ်း'ရဲ့အလွဲလေးတွေအကြောင်းပေါ့...
84.3K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥