Tyranny Ver.2 ( ဖိနှိပ်​ညှင်​...
By relisia6800
172K 16.7K 1.2K
ခင်​ဗျားက ရက်​စက်​တတ်​တယ်​.. ဒါ​ပေမယ့်​... ခင်​ဗျားရဲ့အချစ်​​တွေကို ခံစားလို့ရတာ​ကြောင့်​.. ခင်​ဗျားကို အရမ်​... More
1...
2..
3..
4..
5...
6...
7..
Short Part..
8...
9...
10..
11..
Short Part
12...
13...
14...
15....
16...
17...
18...
20....
21...
22 ...
23
24 ( Final )
19...
3.8K 524 12
By relisia6800
Zawgyi
တံခါးလာဖွင့်​တာမို့...
ကိုယ့်​ကိုကိုယ်​ အတတ်​နိုင်​ဆုံးကာကွယ်​ဖို့ရာအတွက်​ကြမ်း​ပေါ်​ခွေ​ခွေ​လေးလှဲု​နေရာက​နေ ...ကုန်းရူန်းထမိလိုက်​သည်​..။
ခန္ဓာကိုယ်​ကအခုထိမထနိုင်​​သေး...။
ကျွန်​​တော့်​ကို ဒီပုံစံနဲ့ပြန်​​တွေ့ရင်​ ရင်​ကျိုးသွားလိမ့်​မယ်​..။
ထထိုင်​နိုင်​ဖို့အတွက်​ကြိုးစားလို်​က်​တဲ့အခိုက်
နိုင်​​လေတယ်​..။
မယ့်​ ကိုကို့နာမည်​ကြားရုံနဲ့တင်​ အားအင်​အပြည့်​ဖြစ်​သွားသလို သူတို့​ခေါ်ရာ​နောက်​ ​လိုက်​သွားလိုက်​သည်​..။
:::::::::: Tyranny :::::::::
ခဏစကား​ပြောဦးမယ်​လို့ အစပျိုး​နေသည့်​ဘွား​တော်​​ကြောင့်​ လူက မနည်းကိုစိတ်​တင်းထားရသည်​..။
ဒီလိုအ​ခြေအ​နေက..သူတို့​တောင်းဆိုတာကို..အားလုံး ငြိမ်​ငြိမ်​စိမ်​စိမ်​လို်​က်​​လျော​ပေးမှ ​တော်​ကာကျတာမျိုး...။
"ဘာရယ်​..?"
ယောက်ျား​လေးနှစ်​​ယောက်​ကြား..က​လေးရ​အောင်​လုပ်​ထား​သေးတာပဲ..ကြားရတာ ငါ​တောင်​မျက်​ရည်​လည်​တယ်​.."
"ဟမ်​...!?"
"ပါတီပွဲတစ်​ခူမှာ ဆုံခဲ့ရတဲ့​ချော​ချောလှလှ​ကောင်​​လေးကိုစွဲလန်းမိလွန်းလို့ နီးစပ်​​အောင်​ကူညီ​ပေးပါအစ်​မရယ်​လို့..
ဘာဆိုဘာမှမသိ..။
ေ​​ကျာ် သုံးနှစ်​​အရွယ်​​လေးမို့ စကား​လေးတွတ်​တီးတွတ်​တာ​ပြောတတ်​တာ​လေးကို ကျွန်​​တော်​နဲ့Baek Hyun အသည်းတယားယားနဲ့ချစ်​ကြလွန်းလို့ ကျွန်​​တော်​တို့နှစ်​​ယောက်​အကြား​ပျော်​ရွှင်​ခဲ့ရတဲ့အချိန်​​လေး​တွေမလား..။
ဒါ​ပေမယ့်​ အငြိုးတကြီးပုံစံမျိုးနဲ့ဇာတ်​​ကြောင်းပြန်​​ပြော​နေတဲ့အမျိုးသမီးပုံစံကိုခန့်​မှန်းရသ​လောက်
ဆု​တောင်း​နေလိုက်​သည်​..။
"ဟုတ်​တယ်​..ဆရာ..."
အဲ့လိုဆိုတို်င်းလဲ ​ကောင်းခဲ့ဖူးတာမဟုတ်​..။
ဆွယ်​ခဲ့တာမျိုးရှိသလို ​ကောင်း​ကောင်းမွန်​မွန်​​ပြောခဲ့ဖူးတာမျိုးလဲရှိသည်​...။
ကျွန်​​တော်​ဟာမိသားစုရှိသူတစ်​​ယောက်​မို့လို့...သူ့ကိုစိတ်​၀င်​စားဖို့မဖြစ်​နို်​င်​ဆိုတဲ့အ​ကြောင်းကိုလဲ ဖုန်းနဲ့သာ ​ပြောဆိုခဲ့သည်​...။
သူ့ညီိမကိုလင်​တရူး​ပြီး​သေ​အောင်​လုပ်​လို့ဆိုပြီး ကျွန်​​တော့်​ကို ပြန်​ရူး​အောင်​လုပ်​တဲ့သ​ဘောလား.....။
"ကိုကို..........."
"က​လေး​လေး...."
"ခင်​ဗျား..ပါးစပ်​ပိတ်​ထား..ကိုယ့်​​ယောက်ျား.ကိုယ်​ချစ်​တာ
"မင်း...! ​တော်​​တော့...
ပြီး​တော့ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ သူ့ညီ်​​မ​သေသွားတာကိုလဲ ကိုယ်​ချင်းမစာနို်​င်​ပါ..။
အင်း..အဲ့လိုမျိုးသူတစ်​ပါးကိုစာနာစိတ်​မရှိ​ပေးလို့ထင်​ပါရဲ့...။
အဟင်းဟင်း....
မယ်​ဆိုရင်​​တော့ကာ..
ငါအဲ့သက်​​သေ​တွေကို Tyranny ဂိုဏ်းဆီိမပို့ပါဘူး..
ဘယ်​သူ​သေ​သေင​တေမာပြီး​ရော ကျွန်​​တော့်​လုပ်​ရပ်​​ကြောင့်​....Tyranny ဂိုဏ်းတစ်​ခုလုံး သူတို့ရန်​သူဆီမှာ..အတုန်းအရှုံးကျရှုံးခဲ့ရတာ ကျွန်​​တော့်​စနက်​မဟုတ်​သလို ​အေး​အေးလူလူ​နေခဲ့မိတာ​တွေ​ကြောင့်​ပဲလား....
နေရတာလဲ...။
::::::::::: Tyranny ::::::::
ခက်​​တော့ခက်​​နေပါပြီ...။
"ဟင့်​အင်း...Baek Hyun...!!"
ဖြစ်​သင့်​ရဲ့လား...။
"ဘာဘာညာညာ ဥာဏ်​များမယ်​မကြံနဲ့​နော်​..​အေး​လေ ဥာဏ်​များလို့လဲ မရပါဘူး...မင်း ဘယ်​လိုမှလှုပ်​မရ​အောင်
ခံစားချက်​​လေးက...?
အရမ်းခါးသီး ​နေလား..."
"ခင်​ဗျားကြီး.....!"
"မထားခဲ့ပါဘူး....!"
TBC.###
Unicode
(ဒီမုန်တိုင်းက တောက်လျှောက်အနိုင်ကျင့်လာခဲ့တဲ့Cအတွက် ရင်ကွဲစေဖို့သက်သက်ပါ..
Tyrannyလေးနည်းနည်းထပ်ပြီးအပိုင်းရှည်ပါဦးမယ် ❤
ဒီလိုအလှည့်အပြောင်းလေးကရေးနေကျပေမယ့်
ဒီficမှာတော့နည်းနည်းဆန်းပါမယ်..)
အခန်းတံခါးဖွင့်သံကြားသော်လည်း...ထမကြည့်မိ..။
ထမကြည့်မိဆိုတာထက် မကြည့်နိုင်တာလို့ပြောရမည်...။
မေ့ဆေးအရှိန်ကြောင့်ရယ်...
ညကတစ်ညလုံး ငိုထားခဲ့လို့ခေါင်းမူးနေတာရယ်..အားလုံးပေါင်းပြီး လူကတော်တော်လေးနုံးနေသည်...။
မအိပ်ထားတော့ ပိုဆိုးသည်...။
စောစောလေးကမှ မှေးကနဲအိပ်ပျော်ရုံရှိသေး..အခန်းတံခါးလာဖွင့်တာမို့...ပြန်နိုးသွားသည်...။
မနေ့ကဖမ်းခေါ်လာကြကတည်းက ပထမဆူံးအကြိမ်
တံခါးလာဖွင့်တာမို့...
အင်း...တစ်ခုခုနှိပ်စက်ဖို့များလား..
ဒါမှမဟုတ် တစ်ခါထဲသတ်ပစ်ဖို့များလား..။
ဒါမှမဟုတ်..ထမင်းစားချိန်တန်ပြီမို့လို့ ထမင်းလာပို့တာလား..။
ဘာပဲဖြစ်ဖြစ်အန္တရာယ်တောထဲရောက်နေတာမို့...
ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံးကာကွယ်ဖို့ရာအတွက်ကြမ်းပေါ်ခွေခွေလေးလှုဲနေရာကနေ ...ကုန်းရူန်းထမိလိုက်သည်..။
ဒါပေမယ့်ခြေသံတွေသာ အနားရောက်လာခဲ့သည်..။
ခန္ဓာကိူယ်ကအခုထိမထနိုင်သေး...။
မနေ့ကထဲက ဘာမှမစားရတာမို့...လူကနူံးချိနေပြီမလား..။
ဟင့်အင်း...မဖြစ်ပါဘူး..ကိုကိုနဲ့သမီးက...
ကျွန်တော့်ကို ဒီပုံစံနဲ့ဲပြန်တွေ့ရင် ရင်ကျိုးသွားလိမ့်မယ်..။
အဲ့တာကြောင့်မို့ လက်ကျန်အားအင်တွေစုစည်းပြီး...
ထထိုင်နိုင်ဖို့အတွက်ကြိုးစားလိုု်က်တဲ့အခိုက်
သူတို့ဆောင်ယူပေးလာတဲ့သတင်းစကားတစ်ခွန်းက...
မတ်တပ်ရပ်သွားနိုင်လောက်တဲ့အထိ စွမ်းဆောင်ပေးနိုင်လေတယ်။
"Park Chan Yeol လာခေါ်နေတယ်..လိုက်လာခဲ့.."
"ကိုကို...? ကိုကိုရောက်လာပြီလား.."
မတ်တပ်တောင်မရပ်နိုင်လောက်တဲ့အထိအင်အားချိနဲ့ပေ
မယ့် ကိုကို့နာမည်ကြားရုံနဲ့တင် အားအင်အပြည့်ဖြစ်သွားသလို သူတိူ့ခေါ်ရာနောက် လိုက်သွားလိုက်သည်..။
အင်း...ထင်ထားတာထက်မြန်မြန်..ကိုကိုရောက်လာခဲ့တာပဲ...။
တစ်ညလုံးကိုကို့ကို တမ်းတနေခဲ့တာကို ဘုရားသခင်က
မကြည့်ရက်ဘူးထင်ပါရဲ့လေ....။
မနေ့ကရောက်ကတည်းက...လငပုပ်ဖမ်းသလိုညိုမည်းနေခဲ့သည့်ကျွန်တော့်မျက်နှာ..သူ့နာမည်လေးကြားရုံနဲ့တင် ရန်သူ့လက်ထဲက မလွတ်သေးပေမယ့်လဲ...
ကြည်လင်တောက်ပစွာနဲ့ ပြုံးမိသည်...။
ကျွန်တော်ယုံကြည်တယ်လေ...။
ကျွန်တော်ဘယ်နေရာရောက်နေရောက်နေ...
သူကျွန်တော့်ဆီ အရောက်လာမယ်ဆိုတာ....။
:::::::::: Tyranny :::::::::
Baek Hyunကိုမထုတ်ပေးသေးပဲ..
ခဏစကားပြောဦးမယ်လို့ အစပျိုးနေသည့်ဘွားတော်ကြောင့် လူက မနည်းကိူစိတ်တင်းထားရသည်..။
သူတို့ဘက်ကဆက်သွယ်လာကတည်းက..
သူတို့လုပ်ငန်းစုနဲ့ကိုယ် ဘာမှ ပတ်သက်ဆက်နွယ်ဖူးတာမျိုးလဲ မရှိပဲ ဘာလို့ကျွန်တော့် Baek Hyun ကို
ဖမ်းရတာလဲ လို့မေးချင်ပေမယ့် ရောက်မှ ပြောပြမယ်ဆိုတာကြောင့်..အသာ ငြိမ်နေခဲ့ရသည်..။
မငြိမ်လို့လဲ မရလေ..ကိုယ့်လူကသူ့လက်ထဲမှာမလား..။
ဒီလိုအခြေအနေက..သူတိူ့တောင်းဆိုတာကို..အားလုံး ငြိမ်ငြိမ်စိမ်စိမ်လိုု်က်လျောပေးမှ တော်ကာကျတာမျိုး...။
ဘွားတော်မျက်နှာကို သေချာကြည့်တော့လဲ..
သူနဲ့ကိုယ်ဘာမှ မပတ်သက်ဖူးတာ..လုံးဝကြီးသေချာသွားသည်..။
"Baek Hyunဘယ်မှာလဲ..ခေါ်ပေးတော့လေ.."
"နေပါဦး..မင်းကလဲ စိတ်ကြီးပဲ...
ဒီမှာမင်းရဲ့အတိတ်အကြောင်းလေးတွေကိုပြန်ဖော်ထုတ်ပေးမလို့ကို.."
"ဘာရယ်..?"
"မသိချင်ဘူးလား..ငါက အကြောင်းမဲ့သက်သက်
မင်းရဲ့ အသည်းအသက်လေးကို...ဖမ်းခေါ်လာတာလား..
ဒါမှမဟုတ်..အကြောင်းခိုင်ခိုင်လုံလုံနဲ့ခေါ်လာတာလားဆိုတာကို..ဒါနဲ့မင်းကByun Baek Hyun ကို
သိပ်ချစ်တဲ့ပုံပဲနော်..အေးလေ အဲ့တာကြောင့်မို့လဲ..
ယောကျ်ားလေးနှစ်ယောက်ကြား..ကလေးရအောင်လုပ်ထားသေးတာပဲ..ကြားရတာ ငါတောင်မျက်ရည်လည်တယ်.."
"ခင်ဗျား..ဘာမှ လျှောက်ပြောမနေပဲ..လိုရင်းသာပြော..!"
ပြောချင်တဲ့အကြောင်းကိုမပြောသေးပဲလူကိုခနဲ့သလိုရွဲ့နေသလိုလုပ်နေတာကြောင့်စိတ်ကသိပ်မရှည်တော့...။
သူတို့ငွေတောင်းရင်လဲ ပေးလို့ရအောင်ချက်လက်မှတ်ဘာဘာညာညာ အားလုံးစီစဉ်လာပြီးသား...။
တခြားဟာတောင်းရင်လဲ အားလုံးလိုက်လျောပေးဖို့..
စဉ်းစားထားပြီးသား....။အဲ့တာကို အရစ်ရှည်နေသည့်မိန်းမကြီးကို ကြည့်မရတော့...။
"မင်းကတော့မှတ်မိမှာ မဟူတ်ဘူးထင်ပါတယ်..
ဒါမှမဟုတ်စိတ်ထဲမှာတောင်ရှိခဲ့လောက်မှာ.မဟုတ်ဖူးထင်ပါရဲ့..လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က မင်းကို ချစ်လှပါ
ချည်ရဲ့ဆိုပြီး..မင်းနားကပ်ခဲ့တဲ့ ..Mi Sooဆိုတဲ့အမျိုးသမီးကို
မှတ်မိလား..ဟားဟား..အေးလေ..
မင်းကဖူတ်လေတဲ့ငပိရှိတယ် လို့တောင် မထင်ခဲ့တော့
ွဘယ်မှတ်မိပါ့မလဲ..သူကတော့မင်းပြန်မချစ်လို့ဆိုပြီး
တော့ သတ်သေသွားခဲ့တယ်တဲ့..."
"ဟမ်...!?"
"ပါတီပွဲတစ်ခူမှာ ဆုံခဲ့ရတဲ့ချောချောလှလှကောင်လေးကိူစွဲလန်းမိလွန်းလိူ့ နီးစပ်အောင်ကူညီပေးပါအစ်မရယ်လို့..
ဂျစ်တိုက်ပူဆာခဲ့တဲ့ ငါ့ညီမလေးအကြောင်း နားထောင်ကြည့်မလား..."
ခေါင်းထဲမှာ..ဘာမှ မရှိတဲ့memory တစ်ခုအကြောင်းကိုအစဖော်ခံလိုက်ရတဲ့အချိန်..
အစကထဲက ဘာမှမရှိတာမို့ အဲ့ဘွားတော်ပြောနေတာကို
ဘာဆိုဘာမှမသိ..။
လွန်ခဲ့တဲ့ သုံးလေးနှစ်ဆိုတော့ အဲ့အချိန်ကသမီး နှစ်နှစ်
ကျော် သုံးနှစ်အရွယ်လေးမို့ စကားလေးတွတ်တီးတွတ်တာပြောတတ်တာလေးကို ကျွန်တော်နဲ့Baek Hyun အသည်းတယားယားနဲ့ချစ်ကြလွန်းလို့ ကျွန်တော်တို့နှစ်ယောက်အကြားပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေမလား..။
ပါတီပွဲဆိုတာကလဲ..တက်ရတာများလွန်းလို့ ဘယ်ပွဲကို ပြောနေတာလဲတောင်မသိ..။
ပြီးတော့..အင်း..ဒီလိုပြောတာကိုယ်ရည်သွေးရာရောက်ပေမယ့်...Park Chan Yeolကို ကြိုက်လှပါချည်ရဲ့ ချစ်လှပါချည်ရဲ့ ဆိုတဲ့အမျိုးသမီးတွေမှတပုံတပင်မလား.။
ဘယ်သူ့ကိုမှ အနားပေးမကပ်ခဲ့တာမို့သူပြောနေတဲ့သူ့
ညီမဆိုတာကို ရေးရေးလေးတောင်မသိ..။
ဒါပေမယ့် အငြိူးတကြီးပုံစံမျိုးနဲ့ဇာတ်ကြောင်းပြန်ပြောနေတဲ့အမျိုးသမီးပုံစံကိုခန့်မှန်းရသလောက်
တစ်ခုခုမကောင်းတာ ဖြစ်တော့မယ် ဆိုတာ သိလိုက်တာမို...
Baek Hyun ကျွန်တော့်ရှေ့မြန်မြန်ရောက်ရေးသာ
ဆုတောင်းနေလိုက်သည်..။
ကလေးသာ ကိုယ်ရှေ့ရောက်ပြီဆိုရင်..ဘယ်လိုအခြေအနေမျိုးပဲဖြစ်လာဖြစ်လာ...ဒီအိမ်ထဲက အမြန်ဆုံးထွက်သွားမည်..။
သူ့အဖေပြန်အလာကို စောင့်ဆိုင်းနေမည့်သမီးဆီ မြန်မြန်လေးခေါ်သွားပေးပြီး အလွမ်းသယ်နေကြမယ့်သားအဖနှစ်ယောက်ကိုကြည့်ပြီး မလွမ်းချင်ယောင်ဆောင်ကာ
အသာလေး ကြည့်နေလိုက်မည်...။
"ဆရာ...သူပြောနေတဲ့သူ့ညီမဆိုတာကလေ..
ဟို..ဆရာမှတ်မိလားတော့မသိဘူး..ကျွန်တော်တို့ ထိုင်းဘက်ကစိန်တွင်းအခြေအနေမကောင်းတုန်းကလေ
သူသာကူညီပေးမယ်ဆိုရင်..သူဖြစ်ချင်တာ ဖြစ်စေရမယ်ဆိုပြီးကမ်းလှမ်းလိုက်ပြီးမှ..ဆရာက..သူ့ကိုသွားမတွေ့ပဲ..
သူတွေ့ခွင့်တောင်းရင်လဲ အမြဲပယ်ပယ်ချတာလေ.."
"ဟင်..? သူ့အစ်မကို အကူအညီတောင်းပြီး...
ပိုက်ဆံချေးပေးခဲ့တယ်ဆိုတဲ့တစ်ယောက်လား.."
"ဟုတ်တယ်..ဆရာ..."
အတူတူလိုက်လာတဲ့အတွင်းရေးမှူးကဝင်ပြောလာမှ..
စေ့စေ့တွေးရေးရေးပေါ်ဆိုသလို...
ကျွန်တော့်ကိုဆေးခတ်ပြီး တောင်သူ့အပိုင်လုပ်ဖို့ကြိုးစားခဲ့သည့်...ခပ်ချောချောအမျိုးသမီးတစ်ယောက်ကို သွားသတိရလိုက်သည်...။
ကျွန်တော်အမျိုးသမီးတွေအပေါ်ဘယ်တော့မှမရိုင်းပြခဲ့...။
အဲ့လိုဆိုတိုု်င်းလဲ ကောင်းခဲ့ဖူးတာမဟုတ်..။
ဒီလောကရဲ့ထုံးစံအတိုင်း...လိုချင်တာရှိရင် မက်လုံးပေးပြီး
ဆွယ်ခဲ့တာမျိူးရှိသလို ကောင်းကောင်းမွန်မွန်ပြောခဲ့ဖူးတာမျိုးလဲရှိသည်...။
အခုဒီအမျိုးသမီးရဲ့ညီမဖြစ်သူကိုတော့ နှစ်မျိုးစလုံးပြုလုပ်ခဲ့သည်...။
ပါတီပွဲမှာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်တွေ့ဖူးပြီးနောက်..
သူမကမ်းလှမ်းခဲ့တဲ့ကိစ္စတွေကိုလဲ ဖုန်းနဲ့ပဲပြောဆိုခဲ့သလို..
ကျွန်တော်ဟာမိသားစုရှိသူတစ်ယောက်မို့လို့...သူ့ကိုစိတ်ဝင်စားဖို့မဖြစ်နိုု်င်ဆိုတဲ့အကြောင်းကိုလဲ ဖုန်းနဲ့သာ ပြောဆိုခဲ့သည်...။
တစ်ခါတစ်ခါထိုအမျိုးသမီးကျွန်တော်ရှိတဲ့နေရာတွေနား
ရောက်ရောက်လာတတ်ပေမယ့်...ကျွန်တော်ကတွေ့ခွင့်မပေးတာမို့ body guard တွေကလဲ အနားကပ်ခွင့်မပေး...။
အဲ့လိုနဲ့ခပ်ဝေးဝေးမှာသာကျန်နေရစ်ခဲ့သည့် အမျိုးသမီးကို..ယောင်လို့တောင်တစ်ခါမှ လှည့်မကြည့်ခဲ့...။
အဲ့တာကိုပင်..တစ်ခါသာမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ဖူးသည့်လူတစ်ယောက်ကြောင့်နဲ့ သတ်သေသွားသတဲ့...။
မိုက်ရူးရဲဆန်လိုက်တာ လို့ပြောချင်ပေမယ့်
ကျွန်တော့်Baek Hyun ကသူ့လက်ထဲ ရှိသေးတာကြောင့်စိတ်ကိုအလိုလိုက်လို့မရသေး...။
သူ့ဘာသူ အရူးထတဲ့ကိစ္စကို ဘာလို့ကျွန်တော့်Baek Hyun ကိုမှ ဒုက္ခလာပေးရတာလဲ...။
သူ့ညီမကိုလင်တရူးပြီးသေအောင်လုပ်လို့ဆိုပြီး ကျွန်တော့်ကို ပြန်ရူးအောင်လုပ်တဲ့သဘောလား.....။
လုပ်ငန်းကြီးတစ်ခုကိုဦးဆောင်နေပြီး.ကလေးဆန်လိုက်တာဆိုတာ...။
"ကိုကို..........."
"ကလေးလေး...."
"ဟက်..! မင်းက ကိုယ့်ဘက်ကျ တော်တော်သိတတ်တာပဲ.."
"ခင်ဗျား..ပါးစပ်ပိတ်ထား..ကိုယ့်ယောကျ်ား.ကိုယ်ချစ်တာ
ဘယ်သူ့ခွင့်ပြုချက်တောင်းရဦးမှာလဲ..
ခင်ဗျား ညီမသေတာ.ကျုပ်နဲ့ဆိုင်လို့လား...ဟမ်..!?
မချစ်နိုင်ပါဘူးလို့ပြောထားပြီးရင်တော်ရုံတန်ရုံပဲ တွယ်ကပ်လေ..တခြားတစ်ယောက်ပြောင်းကြိုက်တာပဲဖြစ်ဖြစ်.."
"မင်း...! တော်တော့...
ငါ့ညီမကို စော်ကားနေစရာ.ဘာအကြောင်းမှမရှိဘူး..
အဲ့တာဆိုရင်ဖြင့် ငါမေးပါဦးမယ်..
မင်း Byun Baek Hyun နေရာမှာ တခြားတစ်ယောက်ကို အစားထိုး ချစ်ပါဆိုရင် ချစ်နိုင်လား..?"
"ခင်ဗျားညီမနဲ့ကျုပ်တို့နှစ်ယောက်ကို ဘာကိစ္စနဲ့မှ
နှိုင်းစရာမလိုဘူးထင်တယ်.."
"ဟားဟား ကောင်းတယ်..သိပ်ကိုကောင်းတယ်..."
မိန်းမတစ်ယောက်နဲ့ဖက်ပြိုင်ပြီး ရန်ဖြစ်ရမယ်လို့ မထင်ထားခဲ့ပေမယ့် အခုတော့မထူးဇာတ်ခင်းပြီး..မီးကိုမီးနဲ့ပိုတောက်အောင်လုပ်လိုက်မိပြီ..။
တစ်ကယ်ဆိုရင် ဒီအမျိုးသမီးအလိုကျတောင်းပန်တာပဲဖြစ်ဖြစ် လေပြည်အေးနဲ့ကိုယ့်ဘက်ကတိုက်ပွဲဝင်ရင်...
ကျွန်တော်တို့အတွက်အခြေအနေပိုကောင်းကြောင်းသိပေမယ့်လို့..မတတ်နိုင်...။
အခုကလေးလေးက ကိုယ့်လက်ထဲပြန်ရောက်လာပြီမို့..
သူ့ညီမသူ့ဘာသာ....depression ဝင်ပြီးသေတာကို...
ကျွန်တော့်ကြောင့်လို့ ဒုံးဒုံးချစွပ်စွဲပြီး...
မဆိုင်တဲ့ကျွန်တော့်ကလေးကိုပါ ဖမ်းခေါ်သွားတာမို့....။
တစ်ရက်လေးပဲမတွေ့ရသေးတာကို..သိသိသာသာချောင်ကျသွားတဲ့ကလေးလေးရဲ့မျက်နှာ..။
ပြီးတော့...တစ်ချိန်လုံးငိုထားမှန်းသိသာလွန်းတဲ့မျက်နှာနွမ်းနွမ်းကိုကြည့်ပြီး ဒေါသကထောင်းခနဲ....။
Baek Hyunကိုကျွန်တော်သာငိုအောင်လုပ်ချင်လုပ်မည်..။သူများလာလုပ်ရင် အဲ့လူကိုသတ်ပစ်မည်ဆိုတာ
ကျွန်တော့်ဆောင်ပုဒ်မလား..
ပြီးတော့ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ညီ်မသေသွားတာကိုလဲ ကိုယ်ချင်းမစာနိုူ်င်ပါ..။
သူ့ဘာသူကျွန်တော်မှကျွန်တော်ဖြစ်ခဲ့တာလေ..
ကျွန်တော်ကစပြီး မြူဆွယ်ခဲ့လို့လား..။
ကျွန်တော့်မှာ Baek Hyunနဲ့သမီးရှိပါတယ်လို့သေသေချာချာ ပြောပြခဲ့တာကို..ဘာလို့ကျွန်တော့်ကြောင့်ရယ်လိုတထစ်ချစွပ်စွဲ ရတာလဲ.....?
အင်း..အဲ့လိုမျိုးသူတစ်ပါးကိူစာနာစိတ်မရှိပေးလို့ထင်ပါရဲ့...။
ကျွန်တော့်ကိုတွေ့ပြီးဝမ်းသာလွန်းလို့မျက်ရည်တွေကျလာတဲ့ကလေးငယ်ငယ်ကိုမျက်ရည်လေးတွေအသာအယာသုတ်ပေးပြီး ..ဒီနေရာမှာ ဆက်နေစရာအကြောင်းမရှိလို့မှတ်ကာ..လက်ကလေးတွေကိုမြဲမြဲဆုပ်ပြီး လှည့်ထွက်ခဲ့ရာတွင်..
ကံတရားက ကျွန်တော့်ကိုကျီစယ်ခဲ့ပြန်တယ်....။
"မင်း...ပြီးခဲ့တဲ့လက Tyranny ဂိုဏ်းကို မြေလှန်ခဲ့တာတွေအကုန်ငါသိပြီးပြီ..
အဟား..ဝမ်းနည်းဖို့ကောင်းတာက..
သူတို့ဂိုဏ်းခေါင်းဆောင်တစ်ကယ့်အစစ်က မင်းတို့ငါတို့ထင်နေသလို Mr.Xieမဟုတ်ဘူးတဲ့..
သက်သက်တစ်ယောက်ရှိသေးတယ်တဲ့ကွယ်...
ငါပြောချင်တာ မင်းသဘောပေါက်တယ် ထင်ပါတယ်..
အဲ့တော့..ငါရှင်းရှင်းပဲပြောမယ်...
အဲ့ခေါင်းဆောင်က အခုသူတို့ဂိုဏ်းရဲ့အတွင်းရေးတွေကိုဘယ်သူဖောက်ချခဲ့တာလဲ ဆိုတာ လိုက်ရှာနေတယ်..
ငါ့လက်ထဲမှာလဲ မင်းရဲ့လက်ရာခြေရာတွေပါတဲ့သက်သေအစုံအလင်ရှိနေပြီ..မယုံရင် သက်သေပြလို့ရတယ်နော်..
အဟင်းဟင်း....
မင်းရဲ့လက်ထဲက အသည်းအသက်လေးကို..ငါ့ဆီထားခဲ့
မယ်ဆိုရင်တော့ကာ..
ငါအဲ့သက်သေတွေကို Tyranny ဂိုဏ်းဆီမပို့ပါဘူး..
မဟုတ်လို့ရှိရင်တော့send တစ်ချက်တည်းနဲ့ မင်းအပါအဝင်...သမီးလေးအဆုံးအားလုံးပွဲသိမ်းနော်
မင်းရွေးချယ်တတ်မှာပါ ........"
ဒီလောကထဲ ဝင်ပြီးကတည်းက ခြိမ်းခြောက်စရာရှိ ကိုယ်ကသာ ခြိမ်းခြောက်လာခဲ့သည့်အစဉ်အလာက...
တစ်ခါတည်းနဲ့အကုန်ပြောင်းပြန်လန်ခဲ့ပြီ...။
Tyranny ရဲ့အတွင်းရေးတွေကိုသာစုံစမ်းပေးမယ်ဆိုရင်..လက်ရှိပိုင်ဆိုင်ထားတဲ့လုပ်ငန်းတွေထက်နှစ်ဆတိုးပေးမယ်ဆိုပြီး အထက်ဂိုဏ်းတစ်ခုက ကမ်းလှမ်းလာတာမို့....
ငယ်ငယ်တုန်းက ...သေလောက်အောင်ဆင်းရဲမွဲတေခဲ့တဲ့လူဖြစ်တာကြောင့်ရော..ပြီးတော့...မတက်သင့်သည့်လောဘတွေတက်ခဲ့မိတာကြောင့်ရော
.အားလုံးရောပေါင်းပြီး...မိတ်ဆွေ အဖြစ် ဆက်ဆံရေးကောင်းနေခဲ့သည့် Tyranny ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်..။
ဘယ်သူသေသေငတေမာပြီးရော ကျွန်တော့်လုပ်ရပ်ကြောင့်....Tyranny ဂိုဏ်းတစ်ခုလုံး သူတိူ့ရန်သူဆီမှာ..အတုန်းအရှုံးကျရှုံးခဲ့ရတာ ကျွန်တော့်စနက်မဟုတ်သလို အေးအေးလူလူနေခဲ့မိတာတွေကြောင့်ပဲလား....
ကျွန်တော့်အတွင်းရေးမှူး အထိတ်ထိတ်အပြာပြာနဲ့လာပြတဲ့ laptop screen မှာ..ဟိုအမျိုးသမီး အခုပြောနေတာတွေက ဘာတစ်လုံးမှ မုသားမပါဘူးဆိုတာ...
အသေအချာသိလိုက်ရတဲ့အခါ...
ကျွန်တော်တုန်လှုပ်လာသည်....။
ဘယ်တုန်ူးကမှ တုန်လှုပ်ရိုးထုံးစံ မရှိခဲ့တဲ့...လူကတုန်လှုပ်ရတော့လဲ အကြီးအကျယ်ပါပဲလား..။
သူပြောသလိုsend သာတစ်ချက်နှိပ်လိုက်ရင်...
ကျွန်တော်တို့တစ်ဂိုဏ်လုံးအစအနတောင်ရှာမရလောက်အောင်...Tyrannyရဲ့အရှိန်အဝါက အရှင်းခံထိပြီးတာတောင်မှ ကြီးလွန်းသေးတယ်မလား..။
ဘယ်လောက်ထိရက်စက်တတ်လဲဆိုတာ..အနီးကပ်နေခဲ့ဖူးတဲ့ကိုယ်အသိဆုံးလေ....။
မိတ်ဆွေဆိုရင်သေလောက်အောင်ကောင်းပြီးရန်သူဆို
ကျုပင်ခုတ်ကျုငူတ်မကျန်ရှင်းပစ်တတ်သည့် Tyranny ရဲ့အကြောင်းတွေကဒီလောကထဲ အကျော်ကြားဆူံးမလား...။
လက်စလက်နမကျန်အောင်ရှင်းထားနိုင်လို့ကိုယ့်ကိုကိုယ်ဂုဏ်ယူမဆုံးတပြုံးပြုံးဖြစ်နေတာတွေအကုန်မဟုတ်ခဲ့ဘူးထင်ပါရဲ့...။
ဘယ်ကဘယ်လိုဒီသက်သေတွေရထားမှန်းမသိပေမယ့်..
အဲ့အမျိုးသမီးရဲ့အပြုံးခပ်ထေ့ထေ့က ကျွန်တော့်အတွက်သေမင်းနှုတိခမ်းဆိုတာကိုတော့အတပ်သိသည်...။
နံဘေးနားလေးဆီက ..ကျွန်တော့်ရင်တွေပေါက်ကွဲထွက်မတတ်ချစ်ရလွန်းတဲ့...ကြင်သူသက်ထားကိုကြည့်တော့လဲ..
မျက်ဝန်းအိမ်ငယ်လေးမှာ...မျက်ရည်တွေအပြည့်ဝေ့သီလို့...။
အဟား..ကျွန်တော်ဘာကိစ္စ...
ကျွန်တော့်သမီးနဲ့Se Huneeက အစ....
အိမ်မှာသန့်ရှင်းရေးလုပ်တဲ့အန်တီကြီးရဲ့မျက်နှာအဆုံးအားလုံးကို မြင်နေရတာလဲ...။
ပုံမှန်ဆို ဘယ်သူဘာဖြစ်ဖြစ်..စောက်ဂရုမစိုက်ခဲ့ဘူးမလား...။
အခု ဘာကြောင့်များ..အကြောက်တရားရှိလာရတာလဲ..။
ကျွန်တော့်နောက်မှာ အသက်ပေါင်းမြောက်မြားစွာရှိနေတယ်
လို့ ဘာကြောင့်များသူတော်ကောင်းတစ်ယောက်လိုတွေးမိ
နေရတာလဲ...။
ကျွန်တော့်လက်ထဲမှာ တုန်ယင်နေရှာတဲ့လက်ကလေးတစ်ဖက်ကရော.....?
စက္ကန့်ပိုင်းလေးကအစ...အရေးကြီးနေခဲ့ပါသည်...။
::::::::::: Tyranny ::::::::
အခန်းထဲမှာ အပ်ကျရင်တောင်ကြားရလောက်မည့်အလွန်တိတ်ဆိတ်သောအခြေအနေ.....။
ကျွန်တော်နဲ့ Baek Hyun အတွက်ကတော့ သေရေးရှင်ရေးအမျှအရေးကြီးနေသည်...။
ကျွန်တော်ကတော့ အမြဲတမ်းသူများအပေါ်မှာနေလာခဲ့တဲ့ကောင်က အခုသူများခြေဖဝါးအောက်ပြားပြားပိရတဲ့ဘဝကိုနေ့ချင်းညချင်းရောက်သွားတာမို့အံတကြိတ်ကြိတ်..။
ဒီလိုအခြေအနေကိုရောက်နေတာတောင်မှ မာန်မချနိုင်ပေမယ့် လွတ်လမ်းများရှိလား စဉ်းစားကြည့်တော့လဲ မရှိ..။
ခက်တော့ခက်နေပါပြီ...။
"ကိုကို..ကျွန်တော့်ကိုထားခဲ့ပြီး ပြန်တော့..."
"ဘာလို..ဘာလို့ထား ခဲ့ရမှာလဲ.....
Baek Hyun ..ငါက သူများ ခြိမ်းခြောက်တိုင်း ကြောက်ရမှာလား......?"
"ကိုကိုက....ဆင်းရဲရမှာ ကြောက်တယ်မလား...?
အခုက....လုပ်ငန်းတွေအားလုံးဆုံးရှုံးရမှာတင်မဟုတ်ဘူးလေ....
သမီးလေး ကော SeHunee ပါ..အားလုံးအန္တရာယ်ရှိမယ့်အရေးမလား..အဲ့တာကြောင့်...."
"ဟင့်အင်း...Baek Hyun...!!"
ကိုယ်က ချိတုံချတုံဖြစ်နေတုန်း....တင်းတင်းဆုပ်ကိုင်ထားမိသည့် လက်ကလေးတစ်ဖက်ရဲ့ပိုင်ရှင်က...
ဆုံးဖြတ်ချက်တွေခိုင်မာ နေတဲ့အခိုက်..
ကမ္ဘာကြီးတစ်ခုလုံးပြိုကျသွားခဲ့ရသည်...။
စောစောကလိုမျက်ရည်တွေကျဆင်းမနေတော့ပေမယ့်...
ကျဆင်းလူဆဲဆဲ မျက်ရည်စတွေကို မကျအောင် အတင်းဟန်လုပ်ထားပြီး တုန်လှုပ်နေတာတွေကို အတင်းထိန်းချုပ်ထားကာ...ဘာမှမဖြစ်သလို ဆုံးဖြတ်ချက်တွေခိုင်မာ ပြတ်သားပြနေတာကိုမြင်ရတာ ဘယ်လိုမှ ကြည့်မကောင်း....။
ဖြစ်နိုင်ရင် သူ့လက်ကလေးကိုဆွဲပြီး ဒီအိမ်နဲ့ဝေးရာကိုမြန်မြန်ထွက်သွားလိုက်ချင်ပေမယ့်...
ကိစ္စကအဲ့သလောက်မလွယ်ကူနေ...။
ကျွန်တော်တို့ဒီအိမ်ထဲကခြေတစ်လှမ်းထွက်သွားတာနဲ့ ပထမဆုံး...အိမ်ပြန်သွားတာနဲ့...
အသက်ရှိသူကင်းမဲ့နေမယ့် ကျွန်တော့်Park အိမ်တော်ကို မြင်ကောင်းမြင်ရလိမ့်မည်...။
ပြီးတော့ ကျွန်တော်နဲ့သူ လတ်တလော လွတ်အောင်ရှောင်တိမ်းနိုင်ပေမယ့် တချိန်ချိန်မှာတော့ Tyranny ဂိုဏ်းရဲ့လက်ထဲ သက်ဆင်းရပေလိမ့်မည်...။
မိန်းမတွေကအဲ့သလောက်တောင် အငြိုးအတေးကြီးကြတာလား..။
ကိုယ့်ဘက်က သေချာတောင်မသိတဲ့လူတစ်ယောက်အတွက်ကြောင့်နဲ့ဒီလောက်အထိ စတေးခံရမှာက
ဖြစ်သင့်ရဲ့လား...။
"ဘာဘာညာညာ ဉာဏ်များမယ်မကြံနဲ့နော်..အေးလေ ဉာဏ်များလို့လဲ မရပါဘူး...မင်း ဘယ်လိုမှလှုပ်မရအောင်
ချည်ထားတုပ်ထားပြီးသား..
ဘယ်လိုလဲ..မင်းကြောင့် မင်းမိသားစု ထိခိုက်မှာကို အကြောက်ကြီးကြောက်တဲ့ လူက အခုမင်းကြောင့် မင်းရဲ့Byun Baek Hyun လေး သူစိမ်းလက်ထဲ ထားပစ်ခဲ့ရမယ့်အရေးကို ကိုယ်တိုင်ကြုံနေရတော့..
ခံစားချက်လေးက...?
အရမ်းခါးသီး နေလား..."
"ခင်ဗျားကြီး.....!"
"လက်ထပ်လက်စွပ်တောင် အန္တရာယ်များမှာစိုးလို့ပေးမဝတ်ခဲ့ဘူးမလား...?
အခုတော်တော်ခံရခက်နေမှာပေါ့..ငါ့ကြောင့်
ငါ့ကြောင့်သူထိခိုက်တော့မှာဆိုပြီး..."
အဟား....ဒီကိစ္စက အတွင်းလူပါဝင်ပတ်သက်နေတဲ့သဘောပေါ့....။
ကျွန်တော်တို့နှစ်ယောက်ရဲ့တကယ့်အတွင်းကျကျကိစ္စကိုပါ
သိပြီးချက်ကောင်းကိုမှ သေချာချုပ်ကိုင်ထားတာ မအံ့သြတော့ပါဘူး.....။
ဒီအချိန်ထိသူများတွေအပေါ် ဘယ်သူသေသေငတေမာပြီးရောလုပ်ထားသမျှအကုန်လူံးဝဋ်ပြန်လည်ပြီထင်ပါရဲ့....။
"ကိုကို...ကျွန်တော့်ကိုထားခဲ့လိုက်နော်.."
"မထားခဲ့ပါဘူး....!"
"ဟားဟား....မင်းမှာတခြားရွေးချယ်စရာမရှိဘူးလေ ကောင်လေးရဲ့..စိတ်ချပါ..ငါမင်းကောင်လေးကို..
ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ...
မင်းရွေးတတ်မယ်လို့ထင်ပါတယ်...ဒီတစ်ယောက်နဲ့
လူအများကြီးရဲ့အသက်ကိုစတေးခံမလား..ဒါမှမဟုတ်.."
"ကိုကို..သွားတော့..သမီးလေး စောင့်နေတော့မယ်...
သူက....အခုထိ...ကလေးလေးပဲရှိသေးတာ.....
လူ့လောကကြီးမှာ...အကြာ..ကြီး....နေရဦးမယ်...လေ..."
နောက်ဆုံးမှာတော့..ကံကြမ္မာက ကျွန်တော့်ကိုမျက်နှာပြောင်တိုက်ခဲ့လေပြီ....။
ဘယ်လောက်စဥ်းစားစဉ်းစား..ဒီကိစ္စပြေလည်ရာပြေလည်ကြောင်းမတွေ့သည့်အပြင်..သူ့ကိုထားခဲ့ဖို့ပဲတွင်တွင်ပြောနေသည့် ကလေး...။
အဲ့တာထက်..အတွင်းရေးမှူးဆီကို အချိန်ကိုက်ဝင်လာသောဖုန်းတစ်ကောနောက်မှာ..SeHunee ကိုအန္တရာယ်ပြုဖို့အားလုံးအသင့်အနေအထားဖြစ်နေတာမို့..
Baek Hyun ကိုမထားခဲ့ရင်..အခုချက်ချင်း SeHun ကို
သတ်ပြီး..အဲ့ဒီနောက်မှာ Park အိမ်တော်တစ်ခုလုံး.ပျက်သုဉ်းမယ့်အရေးကိုမျက်ဝါးထင်ထင်မြင်တွေ့စေရမယ်လို့ခြိမ်းခြောက်မှု ရောက်ရှိလာတဲ့အခါ..
သူ့ကိုထားခဲ့ဖို့ ပြောနေတဲ့အသံလေးတွေက ပိုမိုစိတ်လာခဲ့သည်....။
ကျွန်တော် ဘာတွေကို ဘယ်လိုလုပ်လိုက်ရမလဲ....?
သူ့ကိုထားခဲ့ရင်ဒီမိန်းမလက်ထဲ သူအန္တရာယ်ရှိမယ်ဆိုတာ အသိသာကြီးလေ...။
"သူ့အစား ကျုပ်ကို ခေါ်ထားပါလား..?
ခင်ဗျားမုန်းတာ ကျုပ်လေ..ဘာလို့မဆိုင်တဲ့လူကိုဒုက္ခပေးမှာလဲ.."
"မဆိုင်တဲ့လူမဟုတ်ပါဘူး...ပြီးတော့ငါကမင်းကိုမခေါ်ထားချင်ပါဘူး..Byun Baek Hyun ကိုခေါ်ထားမှ..
မင်းရဲ့ကျဆုံးခန်းကိုအရသာရှိရှိ တစိမ့်စိမ့်ထိုင်ကြည့်နိုင်မှာ မလား...?"
အခန်းထဲကလေထုက ပိုမိုတိတ်ဆိတ်သွားခဲ့သည်...။
TBC.###
Continue Reading
You'll Also Like
82.5K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
51.9K 4.1K 57
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
98K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
72.2K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။