မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)

Galing kay Natpankalay

150K 14.6K 1.1K

ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။ Higit pa

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၇)(Z &U)
အပိုင္း-(၈)
အပိုင္း(၉) (Z&U)
အပိုင္း(၁၀)(Z&U)
အပိုင္း-(၁၁)
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း -၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း ၂၅
အပိုင်း-၂၆
အပိုင်း ၂၇ final

အပိုင္း(၆)

4.2K 512 8
Galing kay Natpankalay

အပိုင္း(၆)

မနက္မိုးလင္းသည္ႏွင့္ message တစ္ေစာင္က ပံုမွန္ဝင္ေနသည္မွာ ရက္ပိုင္းမွ်ရွိျပီ။ဟုိတေလာက ေနာက္ဆံုး ေတြ႕ျပီးကတည္းက သူႏွင့္မဆံုျဖစ္ေတာ့တာ.။ Arthit အိပ္ရာေပၚကထထိုင္လိုက္ရင္း ဖုန္းကုိႀကည့္လိုက္သည္။

#Morning ပါ ကုိကုိ.။သာယာတဲ့ေန႕ေလးျဖစ္ပါေစ.။#

စာတုိေလးကုိႀကည့္ကာ Arthit ႏႈတ္ခမ္းစြန္းတုိ႕ေကာ့တက္သြားသည္။ခါတိုင္းလည္း အိပ္ရာထတာ ပံုမွန္ေပမယ့္ဒီစာတုိ ေလးေရာက္လာျပီးမွ အားအင္ေတြပိုျပည့္လာသလိုခံစားရသည္မွာ အဘယ္ေႀကာင့္လဲ ေတာ့ သူ အေျဖမထုတ္ခ်င္။ အိပ္ရာ မွထ ေရမိုးခ်ိဴးလ်က္ ထံုးစံအတိုင္း ေအာက္ထပ္မဆင္းခင္ ကြန္ပ်ဴတာျဖင့္ အလုပ္နည္းနည္းလုပ္ေနလုိက္သည္။ ခ်က္ခ်င္းပင္ အခ်ိန္ကိုက္ဝင္လာသည့္ ဖုန္းေႀကာင့္ သူ မ်က္ေမွာင္ကုတ္မိသြားသည္။ေတာ္ရံု မနက္အေစာ ဘယ္ဝန္ထမ္းကမွေတာ့ သူ႕ကိုဖုန္းမဆက္။

*ဆႏၵျပတယ္။ဘယ္လိုျဖစ္လို႕လဲဗ်ာ.။ခဏထိန္းထားလိုက္.ကြ်န္ေတာ္ ဒီေန႕ပဲ အ့ဲကိုလာမလို႕ကုိ.။ကြ်တ္--*

အထည္စက္ရံုမွဴးမွ တုိက္ရိုက္ဖုန္းဆက္သြယ္လာသည္မုိ႕ Arthit စိတ္ပူပန္စြာျဖင့္ ကုတ္အက်ၤ ီတစ္ထည္ ဆြဲယူကာ ေအာက္ထပ္ဆင္းလာရေတာ့သည္။

"အထည္စက္ရုံမွာ ဆႏၵျပတာျဖစ္ေနလို႕ ခဏသြား၇မယ္ မယ္မယ္။ကြ်န္ေတာ္ မနက္စာ မစားေတာ့ဘူး။"

"ဘာ-ဘယ္လုိျဖစ္လို႕-- Chanchai မင္းရဲ႕တူနဲ႕လုိုက္သြား-"

ရပါတယ္ျငင္းမလုိေပမယ့္ ဦးေလး Chanchai ကပါ ထရပ္ေနျပီျဖစ္တာမုိ႕ Arthit တုိ႕ႏွစ္ေယာက္ အတူထြက္လာခဲ့လုိက္ေတာ့သည္။ ကားအျမန္ေမာင္းကာစိတ္ေလာေနသည့္ Arthit ကုိ Chanchai က သတိေပးရေတာ့သည္။

"စိတ္ေလွ်ာ့ထား Arthit. ဘာမွအေထြအထူးျဖစ္မွာမဟုတ္ပါဘူး ညွိလုိက္ရင္ အဆင္ေျပသြားလိမ့္မယ္။ဒါ ျဖစ္ေနက်ပဲကုိ."

"ဒီတစ္ခါ အထည္စက္ရံုက ဒီဇိုင္းအသစ္အတြက္ လံုးပမ္းေနႀကတာ ဦးေလး Chanchai. တစ္ခုခုမွားယြင္းသြားမွာမ်ိဴးကြ်န္ေတာ္ အရမ္းစိတ္ပူတယ္။ "

မ်က္ႏွာေလးက ေသာကျပည့္လာသည့္တူျဖစ္သူကိုႀကည့္ကာ ေခါင္းခါယမ္းမိသည္။တကယ္ေတာ့ အျပင္ပန္းက ေအးတိေအးစက္ ႏွင့္ အတြင္းစိတ္ကပူပန္စိုးရိမ္ေသာကမ်ားတတ္ေသးသူဆုိတာ မိခင္ျဖစ္သူေတာင္သိပါရဲ႕လား မသိ.။ ကားေလး က တစ္ရွိန္ထိုးေျပးလႊားေနရင္းျဖင့္ပင္ စက္ရံုရွိရာသို႕ေရာက္ရွိလာသည္။ သူ႕ကားေလးထုိးရပ္တာ ျမင္ျမင္ခ်င္း အနည္းငယ္ဝိုင္းလာသည့္ လူတစ္စု.။

Arthit တုိ႕ကားေပၚမွ အျမန္ဆင္းလုိ္က္ရေတာ့သည္။

"MD.---ဒုဥကၠဌ."

စက္ရံုမွဴးႏွင့္ ဝန္ထမ္းအခ်ိဴ႕က မ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္ ႏွစ္ေယာက္လံုးကုိႏႈတ္ဆက္သည္။ ဒီစက္ရံု၏ အဓိက တာဝန္ရွိသူက Arthit ေပပဲမုိ႕ ရန္လိုေနပံုရသည့္လူတစ္စုကုိမ်က္ႏွာခ်င္းဆုိင္လုိက္သည္။

"ကဲ ေအးေအးေဆးေဆး ေျဖရွင္းႀကတာေပါ့.။ခင္ဗ်ားတုိ႕က ဘာျဖစ္ခ်င္တာလဲဗ်."

"က်ဴပ္တုိ႕ကုိေန႕စား ဘယ္ေလာက္ေပးမယ္လုိ႕ ေျပာလို႕ လာျပီးမွ ခု တစ္ပတ္စာ ေငြေပးေတာ့ ဘာလုိ႕အျပည့္မဟုတ္ရတာလဲ.။မေန႕ကက်ဴပ္တို႕ေငြေတြတြက္ျပီးျပီ။ခု လာေတာင္းေတာ့လည္း ေျပာတုန္းက ဒီေလာက္ပါပဲလုိ႕ ေျပာတဲ့သူကေျပာ.ကြ်န္ေတာ္တုိ႕မသိပါဘူးဆုိတဲ့သူက ဆုိ.ဘာလဲ ခင္ဗ်ားတုိ႕က ကုမၸဏီႀကီးတယ္ဆိုျပီး က်ဴပ္တုိ႕ကုိ ျဖစ္သလိုလုပ္တာလား။"

ဦးေဆာင္ဆုိသူ၏စကားအဆံုးမွာ ေနာက္က အသံတုိ႕ ညံစီလာရေတာ့သည္။ ဒီနားတစ္ဝို္က္ကေဒသခံတစ္ခ်ိဴ႕ကု ိ လုိသလို ေခၚအလုပ္ေပးခိုင္းေစသည္ကိုေတာ့သူသိထားေပမယ့္ ဒီလိုအျဖစ္အပ်က္ကေတာ့မဟုတ္ေသး.။သူ စက္ရံုမွဴးကို တစ္ခ်က္ ႀကည့္လုိက္သည္။

"စာရင္းထဲမွာေရးထားတာ ဒီေလာက္ပါပဲ MD. သူတုိ႕ေျပာတဲ့ေစ်းလည္းမဟုတ္ရပါဘူး။ဒါေပမယ့္သူတုိ႕ကိုေျပာတုန္းက တစ္ေစ်းဆုိျပီး ေျပာတဲ့သူကိုေျပာဆုိေတာ့လည္းအဲ့လူက လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က တင္ အလုပ္ထြက္သြားတဲ့လူပါ MD.ကြ်န္ေတာ္တုိ႕ သူခ်န္ခဲ့တဲ့စာရင္းထဲမွာ ေငြပမာဏ က ဒီေလာက္ပါပဲခင္ဗ်."

စက္ရံုမွဴး ျပလာသည့္ လုပ္အားခစာရင္းကိုႀကည့္ေတာ့လည္း စက္ရံုမွဴးေျပာတာအမွန္ပင္ျဖစ္သည္။သုိ႕ေသာ္ ဒီလူေတြကလည္း လိမ္ညာမည့္ပံုမေပၚ.။

"ထြက္သြားတဲ့လူက နယ္ဘက္မွာ ပါ။သူ႕ကိုဖုန္းဆက္ေတာ့လည္း ဒီတိုင္းမွန္ပါတယ္တဲ့.။ကြ်န္ေတာ္ ဒါ ဘယ္လိုလုပ္ရမွန္းမသိေတာ့လို႕MD ကုိဖုန္းဆက္လုိက္ရတာပါ။"

Arthit ႏွင့္ Chanchai တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ႀကည့္မိႀကသည္။ ထုိ႕ေနာက္ Chanchai က ေရွ႕အနည္းငယ္တိုးကာ ေလသံေအးျဖင့္-

"နားလည္မႈတစ္ခုခုလြဲေနတယ္ထင္ပါတယ္ဗ်ာ.ကြ်န္ေတာ္တုိ႕စာရင္းဇယားနဲ႕ကအမွန္မို႕ဒီကလူႀကီးမင္းတုိ႕ တစ္ခုခုမွားေနျပီထင္တယ္။"

"ဟာ ခင္ဗ်ားတုိ႕ မညစ္ပတ္နဲ႕."

အသံတုိ႕ကပိုမုိ ဆူညံလာသည္။ အနညး္ငယ္ေသာလူစုသည္ ရသင့္ရထုိက္သည္ကုိမရသည္ေႀကာင့္ ေသြးဆူေနႀကဟန္ တူသည္။ Arthit စိတ္ရႈပ္စြာေခါင္းတစ္ခ်က္ခါလုိက္ရင္း မ်က္လံုးအႀကည့္ကာ တစ္စံုတစ္ေယာက္ကုိသြားျမင္သည္။ မ်က္ခံုးေတာင္ပင့္တက္သြားရ၏။ ေနရာတုိင္းမွာ Kongpob က ဘယ္လိုလုပ္ေရာက္ေနတာလဲ.။Kongpob က သူ႕ကုိခပ္ေရး ေရးျပံဳးျပလာရင္းက ေရွ႕ကိုတုိးလာသည္။

"Kongpob."

"ဟုတ္ကဲ့.ဒါက ကြ်န္ေတာ္ ့ဦးေလးပါ.။MD တုိ႕စက္ရံုက ဒီလိုေတာ့မတရားမလုပ္သင့္ဘူးေလဗ်ာ။ေပးလိုက္ရတဲ့ေငြပမာဏက MD တုိ႕အတြက္ မ်ားတာလည္း မဟုတ္ဘဲနဲ႕.ဒီလိုေခါင္းပံုျဖတ္တာမ်ိဴးေတာ့ မလုပ္သင့္ပါဘူး။"

"မဟုတ္ဘူး။ ငါတုိ႕တစ္ခါမွ ဒီလိုမိ်ဴးမလုပ္ဖူးဘူး မင္း ေလွ်ာက္မေျပာနဲ႕."

"ဒါေပမယ့္ ခုစာရင္းဇယားဆုိတာနဲ႕ကုိင္ေပါက္ေနတယ္ေလ.။ဒီကလူႀကီးေတြက သာမန္အလုပ္သမားေတြဒီစာရင္းေတြဆုိတာ ဘယ္လုိေလာက္ဒီေလာက္နားလည္မွာလဲ.။MD တုိ႕ ဆီက အလုပ္ထြက္သြားတယ္ဆုိတဲ့လူကုိေခၚျပီးမ်က္ႏွာခ်င္းဆုိင္ေခၚျပီးရွင္းေပးပါဗ်ာ.တရားမွ်မွ်တတ ေျဖရွင္းေပးပါ"

"ခုေလးတင္ အဲ့စာရင္းအမွန္ပါလုိ႕စက္ရံုမွဴးေျပာေနတာ မင္းမႀကားဘူးလား။"

နဂုိက ေဒါသသံမပါ။ခုေတာ့ သူ႕ကုိ မတရားသူသဖြယ္ လမ္းေႀကာင္းေနသည့္ Kongpob ဆုိသည့္အႏွီလူသားေႀကာင့္ Arthit ေဒါသႏြယ္လာရသည္။ဟုိတစ္ခါ စားေသာက္ဆိုင္တုန္းကလည္းတစ္ခါ.။ကုိယ္ကပဲ သူ႕ေရွ႕မွာ အက်င့္မေကာင္းသည့္လူပံုစံ ျဖစ္ေအာင္ အျမဲလုပ္တတ္သည္။

အားလံုးကလည္း သူတုိ႕ႏွစ္ဦး၏စကားဝိုင္းကိုသာျငိမ္ႀကည့္ေနႀကသည္။

"ဒါက အေျပာေလ.လူခ်င္းေတြ႕မွ ေသခ်ာမွာေပါ့."

"ထြက္သြားတဲ့လူက ဘယ္လုိလုပ္ျပန္လာခိုင္းရမလဲ ခ်က္ခ်င္းႀကီး။ျပီးေတာ့ ငါတုိ႕ကုမၸဏီက မဟုတ္တာမလုပ္ဘူးလို႕ မင္းကုိေသခ်ာေျပာလိုက္မယ္။ လြန္မလာနဲ႕ Kongpob."

"အာ ႀကာတယ္။ဒီေလာက္ျဖစ္လွတာ.။အကုန္ရိုက္ခ်ိဴးပစ္ကြာ-"

စူးခနဲထြက္လာသည့္ ေဒါသသံတစ္ခုႏွင့္အတူ အားလံုးလႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ေဒါသေသြးႀကြယ္ေနသည့္ လူတစ္စုႏွင့္ စက္ရံုဝန္ထမ္းတုိ႕ ခိုက္ရန္ျဖစ္ပြားရေတာ့၏။ဒီလိုမ်ိဴးထိ ထင္မထားသည္ေႀကာင့္ Arthit တုိ႕လည္းရုတ္တရက္ေႀကာင္အသြား သည္။Chanchai က သူ႕ထံေျပးဝင္လာသည့္ တစ္ေယာက္ကိုလက္ျပန္လႊဲရုိက္လုိက္သည္။ Arthit ဆီလည္းရြယ္လာသည့္ လူကုိ Kongpob က ဆြဲကာတားဆီးေပးထားသည္။

"အဲ့လိုမလုပ္ႀကနဲ႕ေလဗ်ာ.ခင္ဗ်ားတုိ႕လည္းေအးေအးေဆးေဆးရွင္းရမယ္ေလ. ေဟ့ လူ."

KongPob က တစ္ေယာက္ကုိဆြဲထားေပမယ့္ Arthit ဆီသုိ႕ေနာက္ထပ္တစ္ေယာက္က သစ္သားေခ်ာင္း ေကာက္လ်က္ေျပး ရိုက္ သည္။တျခားတစ္ေယာက္ကုိတံု႕ျပန္ေနရေသးသည္မုိ႕ Arthit ထိုတစ္ေယာက္ ကိုေတာ့ျဖင့္မကာကြယ္ လုိက္ႏိုင္။ က်လာသည့္သစ္သားေခ်ာင္း၏ရုိက္ခ်က္ကိုျမင္သည့္အခါ မ်က္လံုးက အလိုအေလ်ာက္မွိတ္လိုက္မိသည္။သုိ႕ေသာ္ မည္သည့္ နာက်င္မႈမ်ိဴးမွ မခံစားလိုက္ရ။ မ်က္လံုးကိုအလ်င္အျမန္ဖြင့္ႀကည့္လိုက္ခ်ိန္တြင္ Arthit ေရွ႕တြင္ Kongpob က မားမားမတ္မတ္.။ Kongpob ၏လက္ဖ်ံထံသုိ႕ သစ္သားေခ်ာင္းက ရိုက္မိသြားပံုရသည္။ တအံ့တႀသျဖစ္ေနသည့္ တစ္ဖက္လူ ထံက သစ္သားေခ်ာင္းကို Kongpob က ဘယ္ဘက္လက္ျဖင့္ ဆြဲယူလုိက္ျပီး အနားက မွန္ဆိုင္းဘုတ္ႀကီးကုိ သြားရိုက္ခြဲ လုိက္သည္။

"အားလံုးေတာ္ႀကစမ္း.!"

ခြ်မ္းခနဲျမည္သံက်ယ္ႀကီးႏွင့္အတူ က်ယ္ေလာင္လွသည့္ Kongpob အသံေႀကာင့္ အားလံုးတုန္႕ဆိုင္းကုန္ႀကသည္။ Kongpob မ်က္ႏွာသည္ ေဒါသျဖင့္နီရဲေနသည္။

"မတရားခံရသလိုျဖစ္ေနတာကုိေျဖရွင္းႀကဖုိ႕လာတာေနာ္ ဦးေလး.။ MD ကုိထိခိုုက္ေအာင္လုုပ္ဖို႕မဟုတ္ဘူး။ကုိကို တစ္ခုခုျဖစ္သြားရင္ အားလံုးကုိ ဘာလုပ္မိမယ္ အာမ မခံႏိုင္ဘူးေနာ္."

ဦးေလး ဟုအေခၚခံရသည့္လူႏွင့္အတူ ေနာက္လုိက္ေနာက္ပါတုိ႕သည္ Kongpob ၏ စူးရဲေနသည့္အႀကည့္ႏွင့္ ေဒါသသင့္ေနသည့္မ်က္ႏွာထားေႀကာင့္ ဆြဲကိုင္ထားသမွ်ကို လႊတ္ခ်လုိ္က္ႀကသည္။

"ဘာလို႕ကာကြယ္ေပးေနတာလဲ Kong. မင္း က ဦးေလးတုိ႕ဘက္က ေနရမွာေလ.။"

"အမွန္ကုိရေအာင္ ကြ်န္ေတာ္လည္းေျဖရွင္းေပးမယ္လုိ႕ေျပာခဲ့တာ ပါ ။ကုိကုိ႕ကိုထိခုိုက္ဖို႕မဟုတ္ဘူး။ ေနာက္မွ ေျပာမယ္. ဦးေလးတို႕ျပန္ႀကေတာ့.""

ဦးေလးျဖစ္သူက သက္ျပငး္ခ်ရင္း ေရွ႕က ထြက္သြားသည့္ေနာက္ကုိ အားလံုးလိုက္ပါသြားႀကေတာ့သည္။မထိခိုက္မိသူ မရွိ.။စက္ရံုမွဴးကုိယ္တိုင္ပင္ တပ္ထားသည့္မ်က္မွန္တစ္ဖက္က ေစာင္းရြဲ႕လ်က္ မ်က္ႏွာတြင္ ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္.။ Chanchai သည္လည္းႏႈတ္ခမ္းေထာင့္စြန္းတြင္ ေသြးစတစ္ခ်ိဴ႕ႏွင့္. ။အနညး္ငယ္မွွ်ေသာ ထိခို္က္ဒဏ္ရာ မရွိသူမွာ Arthit သာလွ်င္ျဖစ္သည္။

"ေတာ္ေသးတာေပါ့.။ကုိကို ဘာမွမျဖစ္ပါဘူးေနာ္."

ညာလက္ဖ်ံကုိအုပ္ကိုင္လ်က္ နာက်င္ေနသည့္ႀကားက သူ႕ကိုလွည့္ေမးလာသည့္ Kongpob ကုိ ေယာင္ေတာင္ေတာင္ျဖင့္ ေခါင္းညိတ္ျပလိုက္မိသည္ထင္။ တစ္သက္လံုးေရႊပံုေပၚစံ ေမြးလာသူမုိ႕ အားလံုးက ေဘးမသီရန္မခရေလေအာင္ ကာကြယ္ေပး ႀကသည္က ထံုးစံပင္ျဖစ္ေပမယ့္ ဤကဲ့သုိ႕ သူစိမ္းတစ္ေယာက္က တမင္သက္သက္အနာခံကာ ကာကြယ္ေပးမႈကိုခံစားရသည္ ကေတာ့ ဦးဆံုးအႀကိမ္ပင္ျဖစ္သည္။
အားလံုးထဲတြင္ Arthit တစ္ေယာက္ထဲသာ ကြက္ျပီး လံုျခံဳအႏၱရာယ္ကင္းေနသလိုခံစားရသည္။

"ဟုိ မင္း ရဲ႕ လက္."

"အာ ဟုတ္သား တအားနာတယ္ ကုိကို.။ေဆးရံုသြားျပရမယ္ထင္တယ္."

တမင္အမူပိုေလသလား မသိေတာ့ပါ.။ရုတ္ျခည္းနာက်င္လာပံုရသည့္သူေႀကာင့္ Arthit ဘာလုပ္လုိ႕လုပ္ေပးရမွန္းမသိ.။

"ဒီကကိစၥေတြ ငါ ဆက္စီစဥ္ထားလုိက္မယ္ Arthit. ။သူ႕ကိုေဆးရံုေခၚသြားလို္က္ပါ.တျခားက်န္တဲ့သူေတြက ႀကီးႀကီးမားမား ျဖစ္တာမရွိေတာ့ ဒီကေဆးေသတၱာနဲ႕တင္ရတယ္။ "

Chanchai စီစဥ္သမႈျပဳသည့္အခါမွ Arthit လည္း Kongpob ကုိကားေပၚတက္ေစကာ ထုိေနရာမွ အလ်င္အျမန္ေမာင္းထြက္လာ ခဲ့သည္။

"အရမ္းနာေနမယ္ထင္တယ္။ခဏေနာ္.. ေရာက္ေတာ့မွာပါ."

"ရတယ္ ကိုကို ျဖည္းျဖည္းပဲေမာင္းပါ.။နာေပမယ့္လည္း ကုိကို႕အနား နည္းနည္းေလာက္ေတာ့ႀကာႀကာေနရတာေပါ့."

ဒီေလာက္ျဖစ္ေနသည့္ႀကားကဟု ေတြးမိကာ မ်က္ေစာင္းမမည္ေသာ မ်က္ေစာင္းတစ္ခ်က္ ေစာင္းငဲ့ႀကည့္လုိက္ေသး သည္။Kongpobက ခပ္တိုးတုိးရယ္သည္။

"ေက်းဇူးတင္ပါတယ္ ငါ့ကုိကယ္ေပးလို႕."

"ဘာလို႕ကယ္ေပးတာလဲ သိလား ။ဘာလို႕ ကုိကို႕ကို အထိခိုက္မခံခ်င္တာလဲ သိလား။"

မီးပြိဳင့္မိေနစဥ္မုိ႕ ကားရပ္ေနရသည့္အခါ Kongpob က Arthit ဘက္သို႕ကုိယ္ယိမ္းလာသည္။ မတ္မတ္ေလးထုိင္ေနရာကေန Arthit ေတာင့္ေတာင့္ေလးျဖစ္ကာ မသိမသာတိမ္းေရွာင္မိရင္းက-

"ဟင့္အင္း မသိခ်င္ဘူး မေျပာနဲ႕."

ဟားခနဲ မခ်ိတင္ကဲေရရြတ္သံႏွင့္အတူ Kongpob ေနာက္ျပန္ဆုတ္သြားသည္။

"ကယ္ေပးတာကိုေက်းဇူးတင္ေပမယ့္ ဒီကေန အခြင့္အေရးမယူပါနဲ႕။မင္းေျပာတာဘာကိုမွ ငါမသိခ်င္ဘူး။"

"ကုိကုိ ကြ်န္ေတာ့္ကိုအခြင့္အေရးသမားလို႕ထင္ေနတာလား။တကယ္လို႕ အခြင့္အေရးယူတယ္ဆုိရင္ေတာင္ အဲ့ဒါ ကုိကုိမုိ႕လိုေလဗ်ာ.။ကြ်တ္---ထားပါေတာ့ဗ်ာ.။ကိုကိုမႀကိဳက္ရင္ မပတ္သက္ေတာ့ဘူး။ဒါေပမယ့္ ေျပာေတာ့ ေျပာသြားမယ္.။ ကြ်န္ေတာ္ ကုိကို႕ကုိခ်စ္တယ္..ကုိကုိ အဆင္ေျပသလိုေနပါ.ေနာက္ မေတြ႕ေတာ့ဘူး။"

ျဖတ္ခနဲဆို ကားတံခါးကုိဖြင့္ျပိီး ဆင္းသြားသူကုိ မတားလိုက္မိ.။မီးစိမ္းသည့္တိုင္ မထြက္ခြါေသးဘဲ ျငိမ္ရပ္ေန သည္မုိ႕ေနာက္ကားေတြက တတီတီအသံေပးမွ အသိဝင္သည္။ဝမ္းနည္းဟန္စြက္ေနသည့္စကားသံက နားထဲ အဆက္မျပတ္ ႀကားေယာင္ေနမိသည္။

ေတြ႕တာခဏေလးပဲ၇ွိေသးသည္။ အခ်ိန္ဆုိတာလည္း ဘာမွကိုမႀကာလုိက္သည့္အေတာအတြင္း အခ်စ္တစ္ခု ဖန္တီးျဖစ္ေပၚ လာသည္မွာ ဟုတ္ေရာဟုတ္ပါရဲ႕လား။ ေနာက္မေတြ႕ေတာ့ဘူးဟူသည့္စကားသံကလည္း နားထဲတြင္ ထပ္ခါတလဲလဲ ျမည္ဟီး ေနေလေတာ့ဘာကိုစုိးရိမ္မွန္းမသိ စုိးရိမ္လာမိသည္။

ဆံုလုိက္တိုင္းေလးနက္ေနသည့္မ်က္ဝန္းေတြ.. သူ႕ကို ကန္႕လန္႕လည္းတုိက္သလို အေလးထားမႈကိုလည္းေပးသိသည့္ ခံစားမႈေတြ- ရုတ္ျခည္းဆိုေပမယ့္ ရင္ထဲထိတုိက္ရုိက္ဝင္လာသည့္ စကားခြန္းေတြ-

Kongpob က သူ႕ကုိခ်စ္သည္တဲ့လား.။

**********
# With Heart
Just A Dreamer.

Unicode

အပိုင်း(၆)

မနက်မိုးလင်းသည်နှင့် message တစ်စောင်က ပုံမှန်ဝင်နေသည်မှာ ရက်ပိုင်းမျှရှိပြီ။ဟိုတလောက နောက်ဆုံး တွေ့ပြီးကတည်းက သူနှင့်မဆုံဖြစ်တော့တာ.။ Arthit အိပ်ရာပေါ်ကထထိုင်လိုက်ရင်း ဖုန်းကိုကြည့်လိုက်သည်။

#Morning ပါ ကိုကို.။သာယာတဲ့နေ့လေးဖြစ်ပါစေ.။#

စာတိုလေးကိုကြည့်ကာ Arthit နှုတ်ခမ်းစွန်းတို့ကော့တက်သွားသည်။ခါတိုင်းလည်း အိပ်ရာထတာ ပုံမှန်ပေမယ့်ဒီစာတို လေးရောက်လာပြီးမှ အားအင်တွေပိုပြည့်လာသလိုခံစားရသည်မှာ အဘယ်ကြောင့်လဲ တော့ သူ အဖြေမထုတ်ချင်။ အိပ်ရာ မှထ ရေမိုးချိူးလျက် ထုံးစံအတိုင်း အောက်ထပ်မဆင်းခင် ကွန်ပျူတာဖြင့် အလုပ်နည်းနည်းလုပ်နေလိုက်သည်။ ချက်ချင်းပင် အချိန်ကိုက်ဝင်လာသည့် ဖုန်းကြောင့် သူ မျက်မှောင်ကုတ်မိသွားသည်။တော်ရုံ မနက်အစော ဘယ်ဝန်ထမ်းကမှတော့ သူ့ကိုဖုန်းမဆက်။

*ဆန္ဒပြတယ်။ဘယ်လိုဖြစ်လို့လဲဗျာ.။ခဏထိန်းထားလိုက်.ကျွန်တော် ဒီနေ့ပဲ အဲ့ကိုလာမလို့ကို.။ကျွတ်--*

အထည်စက်ရုံမှူးမှ တိုက်ရိုက်ဖုန်းဆက်သွယ်လာသည်မို့ Arthit စိတ်ပူပန်စွာဖြင့် ကုတ်အင်္ကျီတစ်ထည် ဆွဲယူကာ အောက်ထပ်ဆင်းလာရတော့သည်။

"အထည်စက်ရုံမှာ ဆန္ဒပြတာဖြစ်နေလို့ ခဏသွား၇မယ် မယ်မယ်။ကျွန်တော် မနက်စာ မစားတော့ဘူး။"

"ဘာ-ဘယ်လိုဖြစ်လို့-- Chanchai မင်းရဲ့တူနဲ့လိုက်သွား-"

ရပါတယ်ငြင်းမလိုပေမယ့် ဦးလေး Chanchai ကပါ ထရပ်နေပြီဖြစ်တာမို့ Arthit တို့နှစ်ယောက် အတူထွက်လာခဲ့လိုက်တော့သည်။ ကားအမြန်မောင်းကာစိတ်လောနေသည့် Arthit ကို Chanchai က သတိပေးရတော့သည်။

"စိတ်လျှော့ထား Arthit. ဘာမှအထွေအထူးဖြစ်မှာမဟုတ်ပါဘူး ညှိလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ဒါ ဖြစ်နေကျပဲကို."

"ဒီတစ်ခါ အထည်စက်ရုံက ဒီဇိုင်းအသစ်အတွက် လုံးပမ်းနေကြတာ ဦးလေး Chanchai. တစ်ခုခုမှားယွင်းသွားမှာမျိူးကျွန်တော် အရမ်းစိတ်ပူတယ်။ "

မျက်နှာလေးက သောကပြည့်လာသည့်တူဖြစ်သူကိုကြည့်ကာ ခေါင်းခါယမ်းမိသည်။တကယ်တော့ အပြင်ပန်းက အေးတိအေးစက် နှင့် အတွင်းစိတ်ကပူပန်စိုးရိမ်သောကများတတ်သေးသူဆိုတာ မိခင်ဖြစ်သူတောင်သိပါရဲ့လား မသိ.။ ကားလေး က တစ်ရှိန်ထိုးပြေးလွှားနေရင်းဖြင့်ပင် စက်ရုံရှိရာသို့ရောက်ရှိလာသည်။ သူ့ကားလေးထိုးရပ်တာ မြင်မြင်ချင်း အနည်းငယ်ဝိုင်းလာသည့် လူတစ်စု.။

Arthit တို့ကားပေါ်မှ အမြန်ဆင်းလိုက်ရတော့သည်။

"MD.---ဒုဥက္ကဌ."

စက်ရုံမှူးနှင့် ဝန်ထမ်းအချိူ့က မျက်စိပျက်မျက်နှာပျက်ဖြင့် နှစ်ယောက်လုံးကိုနှုတ်ဆက်သည်။ ဒီစက်ရုံ၏ အဓိက တာဝန်ရှိသူက Arthit ပေပဲမို့ ရန်လိုနေပုံရသည့်လူတစ်စုကိုမျက်နှာချင်းဆိုင်လိုက်သည်။

"ကဲ အေးအေးဆေးဆေး ဖြေရှင်းကြတာပေါ့.။ခင်ဗျားတို့က ဘာဖြစ်ချင်တာလဲဗျ."

"ကျူပ်တို့ကိုနေ့စား ဘယ်လောက်ပေးမယ်လို့ ပြောလို့ လာပြီးမှ ခု တစ်ပတ်စာ ငွေပေးတော့ ဘာလို့အပြည့်မဟုတ်ရတာလဲ.။မနေ့ကကျူပ်တို့ငွေတွေတွက်ပြီးပြီ။ခု လာတောင်းတော့လည်း ပြောတုန်းက ဒီလောက်ပါပဲလို့ ပြောတဲ့သူကပြော.ကျွန်တော်တို့မသိပါဘူးဆိုတဲ့သူက ဆို.ဘာလဲ ခင်ဗျားတို့က ကုမ္ပဏီကြီးတယ်ဆိုပြီး ကျူပ်တို့ကို ဖြစ်သလိုလုပ်တာလား။"

ဦးဆောင်ဆိုသူ၏စကားအဆုံးမှာ နောက်က အသံတို့ ညံစီလာရတော့သည်။ ဒီနားတစ်ဝိုက်ကဒေသခံတစ်ချိူ့ကို လိုသလို ခေါ်အလုပ်ပေးခိုင်းစေသည်ကိုတော့သူသိထားပေမယ့် ဒီလိုအဖြစ်အပျက်ကတော့မဟုတ်သေး.။သူ စက်ရုံမှူးကို တစ်ချက် ကြည့်လိုက်သည်။

"စာရင်းထဲမှာရေးထားတာ ဒီလောက်ပါပဲ MD. သူတို့ပြောတဲ့ဈေးလည်းမဟုတ်ရပါဘူး။ဒါပေမယ့်သူတို့ကိုပြောတုန်းက တစ်ဈေးဆိုပြီး ပြောတဲ့သူကိုပြောဆိုတော့လည်းအဲ့လူက လွန်ခဲ့တဲ့ နှစ်ရက်လောက်က တင် အလုပ်ထွက်သွားတဲ့လူပါ MD.ကျွန်တော်တို့ သူချန်ခဲ့တဲ့စာရင်းထဲမှာ ငွေပမာဏ က ဒီလောက်ပါပဲခင်ဗျ."

စက်ရုံမှူး ပြလာသည့် လုပ်အားခစာရင်းကိုကြည့်တော့လည်း စက်ရုံမှူးပြောတာအမှန်ပင်ဖြစ်သည်။သို့သော် ဒီလူတွေကလည်း လိမ်ညာမည့်ပုံမပေါ်.။

"ထွက်သွားတဲ့လူက နယ်ဘက်မှာ ပါ။သူ့ကိုဖုန်းဆက်တော့လည်း ဒီတိုင်းမှန်ပါတယ်တဲ့.။ကျွန်တော် ဒါ ဘယ်လိုလုပ်ရမှန်းမသိတော့လို့MD ကိုဖုန်းဆက်လိုက်ရတာပါ။"

Arthit နှင့် Chanchai တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ထို့နောက် Chanchai က ရှေ့အနည်းငယ်တိုးကာ လေသံအေးဖြင့်-

"နားလည်မှုတစ်ခုခုလွဲနေတယ်ထင်ပါတယ်ဗျာ.ကျွန်တော်တို့စာရင်းဇယားနဲ့ကအမှန်မို့ဒီကလူကြီးမင်းတို့ တစ်ခုခုမှားနေပြီထင်တယ်။"

"ဟာ ခင်ဗျားတို့ မညစ်ပတ်နဲ့."

အသံတို့ကပိုမို ဆူညံလာသည်။ အနည်းငယ်သောလူစုသည် ရသင့်ရထိုက်သည်ကိုမရသည်ကြောင့် သွေးဆူနေကြဟန် တူသည်။ Arthit စိတ်ရှုပ်စွာခေါင်းတစ်ချက်ခါလိုက်ရင်း မျက်လုံးအကြည့်ကာ တစ်စုံတစ်ယောက်ကိုသွားမြင်သည်။ မျက်ခုံးတောင်ပင့်တက်သွားရ၏။ နေရာတိုင်းမှာ Kongpob က ဘယ်လိုလုပ်ရောက်နေတာလဲ.။Kongpob က သူ့ကိုခပ်ရေး ရေးပြုံးပြလာရင်းက ရှေ့ကိုတိုးလာသည်။

"Kongpob."

"ဟုတ်ကဲ့.ဒါက ကျွန်တော့် ဦးလေးပါ.။MD တို့စက်ရုံက ဒီလိုတော့မတရားမလုပ်သင့်ဘူးလေဗျာ။ပေးလိုက်ရတဲ့ငွေပမာဏက MD တို့အတွက် များတာလည်း မဟုတ်ဘဲနဲ့.ဒီလိုခေါင်းပုံဖြတ်တာမျိူးတော့ မလုပ်သင့်ပါဘူး။"

"မဟုတ်ဘူး။ ငါတို့တစ်ခါမှ ဒီလိုမျိူးမလုပ်ဖူးဘူး မင်း လျှောက်မပြောနဲ့."

"ဒါပေမယ့် ခုစာရင်းဇယားဆိုတာနဲ့ကိုင်ပေါက်နေတယ်လေ.။ဒီကလူကြီးတွေက သာမန်အလုပ်သမားတွေဒီစာရင်းတွေဆိုတာ ဘယ်လိုလောက်ဒီလောက်နားလည်မှာလဲ.။MD တို့ ဆီက အလုပ်ထွက်သွားတယ်ဆိုတဲ့လူကိုခေါ်ပြီးမျက်နှာချင်းဆိုင်ခေါ်ပြီးရှင်းပေးပါဗျာ.တရားမျှမျှတတ ဖြေရှင်းပေးပါ"

"ခုလေးတင် အဲ့စာရင်းအမှန်ပါလို့စက်ရုံမှူးပြောနေတာ မင်းမကြားဘူးလား။"

နဂိုက ဒေါသသံမပါ။ခုတော့ သူ့ကို မတရားသူသဖွယ် လမ်းကြောင်းနေသည့် Kongpob ဆိုသည့်အနှီလူသားကြောင့် Arthit ဒေါသနွယ်လာရသည်။ဟိုတစ်ခါ စားသောက်ဆိုင်တုန်းကလည်းတစ်ခါ.။ကိုယ်ကပဲ သူ့ရှေ့မှာ အကျင့်မကောင်းသည့်လူပုံစံ ဖြစ်အောင် အမြဲလုပ်တတ်သည်။

အားလုံးကလည်း သူတို့နှစ်ဦး၏စကားဝိုင်းကိုသာငြိမ်ကြည့်နေကြသည်။

"ဒါက အပြောလေ.လူချင်းတွေ့မှ သေချာမှာပေါ့."

"ထွက်သွားတဲ့လူက ဘယ်လိုလုပ်ပြန်လာခိုင်းရမလဲ ချက်ချင်းကြီး။ပြီးတော့ ငါတို့ကုမ္ပဏီက မဟုတ်တာမလုပ်ဘူးလို့ မင်းကိုသေချာပြောလိုက်မယ်။ လွန်မလာနဲ့ Kongpob."

"အာ ကြာတယ်။ဒီလောက်ဖြစ်လှတာ.။အကုန်ရိုက်ချိူးပစ်ကွာ-"

စူးခနဲထွက်လာသည့် ဒေါသသံတစ်ခုနှင့်အတူ အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ဒေါသသွေးကြွယ်နေသည့် လူတစ်စုနှင့် စက်ရုံဝန်ထမ်းတို့ ခိုက်ရန်ဖြစ်ပွားရတော့၏။ဒီလိုမျိူးထိ ထင်မထားသည်ကြောင့် Arthit တို့လည်းရုတ်တရက်ကြောင်အသွား သည်။Chanchai က သူ့ထံပြေးဝင်လာသည့် တစ်ယောက်ကိုလက်ပြန်လွှဲရိုက်လိုက်သည်။ Arthit ဆီလည်းရွယ်လာသည့် လူကို Kongpob က ဆွဲကာတားဆီးပေးထားသည်။

"အဲ့လိုမလုပ်ကြနဲ့လေဗျာ.ခင်ဗျားတို့လည်းအေးအေးဆေးဆေးရှင်းရမယ်လေ. ဟေ့ လူ."

KongPob က တစ်ယောက်ကိုဆွဲထားပေမယ့် Arthit ဆီသို့နောက်ထပ်တစ်ယောက်က သစ်သားချောင်း ကောက်လျက်ပြေး ရိုက် သည်။တခြားတစ်ယောက်ကိုတုံ့ပြန်နေရသေးသည်မို့ Arthit ထိုတစ်ယောက် ကိုတော့ဖြင့်မကာကွယ် လိုက်နိုင်။ ကျလာသည့်သစ်သားချောင်း၏ရိုက်ချက်ကိုမြင်သည့်အခါ မျက်လုံးက အလိုအလျောက်မှိတ်လိုက်မိသည်။သို့သော် မည်သည့် နာကျင်မှုမျိူးမှ မခံစားလိုက်ရ။ မျက်လုံးကိုအလျင်အမြန်ဖွင့်ကြည့်လိုက်ချိန်တွင် Arthit ရှေ့တွင် Kongpob က မားမားမတ်မတ်.။ Kongpob ၏လက်ဖျံထံသို့ သစ်သားချောင်းက ရိုက်မိသွားပုံရသည်။ တအံ့တသြဖြစ်နေသည့် တစ်ဖက်လူ ထံက သစ်သားချောင်းကို Kongpob က ဘယ်ဘက်လက်ဖြင့် ဆွဲယူလိုက်ပြီး အနားက မှန်ဆိုင်းဘုတ်ကြီးကို သွားရိုက်ခွဲ လိုက်သည်။

"အားလုံးတော်ကြစမ်း.!"

ချွမ်းခနဲမြည်သံကျယ်ကြီးနှင့်အတူ ကျယ်လောင်လှသည့် Kongpob အသံကြောင့် အားလုံးတုန့်ဆိုင်းကုန်ကြသည်။ Kongpob မျက်နှာသည် ဒေါသဖြင့်နီရဲနေသည်။

"မတရားခံရသလိုဖြစ်နေတာကိုဖြေရှင်းကြဖို့လာတာနော် ဦးလေး.။ MD ကိုထိခိုက်အောင်လုပ်ဖို့မဟုတ်ဘူး။ကိုကို တစ်ခုခုဖြစ်သွားရင် အားလုံးကို ဘာလုပ်မိမယ် အာမ မခံနိုင်ဘူးနော်."

ဦးလေး ဟုအခေါ်ခံရသည့်လူနှင့်အတူ နောက်လိုက်နောက်ပါတို့သည် Kongpob ၏ စူးရဲနေသည့်အကြည့်နှင့် ဒေါသသင့်နေသည့်မျက်နှာထားကြောင့် ဆွဲကိုင်ထားသမျှကို လွှတ်ချလိုက်ကြသည်။

"ဘာလို့ကာကွယ်ပေးနေတာလဲ Kong. မင်း က ဦးလေးတို့ဘက်က နေရမှာလေ.။"

"အမှန်ကိုရအောင် ကျွန်တော်လည်းဖြေရှင်းပေးမယ်လို့ပြောခဲ့တာ ပါ ။ကိုကို့ကိုထိခိုက်ဖို့မဟုတ်ဘူး။ နောက်မှ ပြောမယ်. ဦးလေးတို့ပြန်ကြတော့.""

ဦးလေးဖြစ်သူက သက်ပြင်းချရင်း ရှေ့က ထွက်သွားသည့်နောက်ကို အားလုံးလိုက်ပါသွားကြတော့သည်။မထိခိုက်မိသူ မရှိ.။စက်ရုံမှူးကိုယ်တိုင်ပင် တပ်ထားသည့်မျက်မှန်တစ်ဖက်က စောင်းရွဲ့လျက် မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့်.။ Chanchai သည်လည်းနှုတ်ခမ်းထောင့်စွန်းတွင် သွေးစတစ်ချိူ့နှင့်. ။အနည်းငယ်မျှသော ထိခိုက်ဒဏ်ရာ မရှိသူမှာ Arthit သာလျှင်ဖြစ်သည်။

"တော်သေးတာပေါ့.။ကိုကို ဘာမှမဖြစ်ပါဘူးနော်."

ညာလက်ဖျံကိုအုပ်ကိုင်လျက် နာကျင်နေသည့်ကြားက သူ့ကိုလှည့်မေးလာသည့် Kongpob ကို ယောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်မိသည်ထင်။ တစ်သက်လုံးရွှေပုံပေါ်စံ မွေးလာသူမို့ အားလုံးက ဘေးမသီရန်မခရလေအောင် ကာကွယ်ပေး ကြသည်က ထုံးစံပင်ဖြစ်ပေမယ့် ဤကဲ့သို့ သူစိမ်းတစ်ယောက်က တမင်သက်သက်အနာခံကာ ကာကွယ်ပေးမှုကိုခံစားရသည် ကတော့ ဦးဆုံးအကြိမ်ပင်ဖြစ်သည်။
အားလုံးထဲတွင် Arthit တစ်ယောက်ထဲသာ ကွက်ပြီး လုံခြုံအန္တရာယ်ကင်းနေသလိုခံစားရသည်။

"ဟို မင်း ရဲ့ လက်."

"အာ ဟုတ်သား တအားနာတယ် ကိုကို.။ဆေးရုံသွားပြရမယ်ထင်တယ်."

တမင်အမူပိုလေသလား မသိတော့ပါ.။ရုတ်ခြည်းနာကျင်လာပုံရသည့်သူကြောင့် Arthit ဘာလုပ်လို့လုပ်ပေးရမှန်းမသိ.။

"ဒီကကိစ္စတွေ ငါ ဆက်စီစဉ်ထားလိုက်မယ် Arthit. ။သူ့ကိုဆေးရုံခေါ်သွားလိုက်ပါ.တခြားကျန်တဲ့သူတွေက ကြီးကြီးမားမား ဖြစ်တာမရှိတော့ ဒီကဆေးသေတ္တာနဲ့တင်ရတယ်။ "

Chanchai စီစဉ်သမှုပြုသည့်အခါမှ Arthit လည်း Kongpob ကိုကားပေါ်တက်စေကာ ထိုနေရာမှ အလျင်အမြန်မောင်းထွက်လာ ခဲ့သည်။

"အရမ်းနာနေမယ်ထင်တယ်။ခဏနော်.. ရောက်တော့မှာပါ."

"ရတယ် ကိုကို ဖြည်းဖြည်းပဲမောင်းပါ.။နာပေမယ့်လည်း ကိုကို့အနား နည်းနည်းလောက်တော့ကြာကြာနေရတာပေါ့."

ဒီလောက်ဖြစ်နေသည့်ကြားကဟု တွေးမိကာ မျက်စောင်းမမည်သော မျက်စောင်းတစ်ချက် စောင်းငဲ့ကြည့်လိုက်သေး သည်။Kongpobက ခပ်တိုးတိုးရယ်သည်။

"ကျေးဇူးတင်ပါတယ် ငါ့ကိုကယ်ပေးလို့."

"ဘာလို့ကယ်ပေးတာလဲ သိလား ။ဘာလို့ ကိုကို့ကို အထိခိုက်မခံချင်တာလဲ သိလား။"

မီးပွိုင့်မိနေစဉ်မို့ ကားရပ်နေရသည့်အခါ Kongpob က Arthit ဘက်သို့ကိုယ်ယိမ်းလာသည်။ မတ်မတ်လေးထိုင်နေရာကနေ Arthit တောင့်တောင့်လေးဖြစ်ကာ မသိမသာတိမ်းရှောင်မိရင်းက-

"ဟင့်အင်း မသိချင်ဘူး မပြောနဲ့."

ဟားခနဲ မချိတင်ကဲရေရွတ်သံနှင့်အတူ Kongpob နောက်ပြန်ဆုတ်သွားသည်။

"ကယ်ပေးတာကိုကျေးဇူးတင်ပေမယ့် ဒီကနေ အခွင့်အရေးမယူပါနဲ့။မင်းပြောတာဘာကိုမှ ငါမသိချင်ဘူး။"

"ကိုကို ကျွန်တော့်ကိုအခွင့်အရေးသမားလို့ထင်နေတာလား။တကယ်လို့ အခွင့်အရေးယူတယ်ဆိုရင်တောင် အဲ့ဒါ ကိုကိုမို့လိုလေဗျာ.။ကျွတ်---ထားပါတော့ဗျာ.။ကိုကိုမကြိုက်ရင် မပတ်သက်တော့ဘူး။ဒါပေမယ့် ပြောတော့ ပြောသွားမယ်.။ ကျွန်တော် ကိုကို့ကိုချစ်တယ်..ကိုကို အဆင်ပြေသလိုနေပါ.နောက် မတွေ့တော့ဘူး။"

ဖြတ်ခနဲဆို ကားတံခါးကိုဖွင့်ပြီး ဆင်းသွားသူကို မတားလိုက်မိ.။မီးစိမ်းသည့်တိုင် မထွက်ခွါသေးဘဲ ငြိမ်ရပ်နေ သည်မို့နောက်ကားတွေက တတီတီအသံပေးမှ အသိဝင်သည်။ဝမ်းနည်းဟန်စွက်နေသည့်စကားသံက နားထဲ အဆက်မပြတ် ကြားယောင်နေမိသည်။

တွေ့တာခဏလေးပဲ၇ှိသေးသည်။ အချိန်ဆိုတာလည်း ဘာမှကိုမကြာလိုက်သည့်အတောအတွင်း အချစ်တစ်ခု ဖန်တီးဖြစ်ပေါ် လာသည်မှာ ဟုတ်ရောဟုတ်ပါရဲ့လား။ နောက်မတွေ့တော့ဘူးဟူသည့်စကားသံကလည်း နားထဲတွင် ထပ်ခါတလဲလဲ မြည်ဟီး နေလေတော့ဘာကိုစိုးရိမ်မှန်းမသိ စိုးရိမ်လာမိသည်။

ဆုံလိုက်တိုင်းလေးနက်နေသည့်မျက်ဝန်းတွေ.. သူ့ကို ကန့်လန့်လည်းတိုက်သလို အလေးထားမှုကိုလည်းပေးသိသည့် ခံစားမှုတွေ- ရုတ်ခြည်းဆိုပေမယ့် ရင်ထဲထိတိုက်ရိုက်ဝင်လာသည့် စကားခွန်းတွေ-

Kongpob က သူ့ကိုချစ်သည်တဲ့လား.။

**********
# With Heart
Just A Dreamer.



















Ipagpatuloy ang Pagbabasa

Magugustuhan mo rin

116K 8.3K 37
"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ...
151K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
38.4K 1.5K 42
Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မှာ တစ်သက်လုံး စံမြန်းခွင့်ပေးတဲ့ သူ့အတွက...
47.5K 2.8K 37
မာဖီးယားေလာကတြင္ အေတာ္ဆံုးျဖစ္သလို ၊ အရက္စက္တတ္ဆံုးမာဖီးယားတစ္ဦးလည္းျဖစ္သည့္ မိုးခက္တမန္......... ခ်စ္ရသူရဲ႕သေဘာဆႏၵအရသာဆိုလ်ွင္ ဘာမဆိုလုပ္ေ...