[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၇ ..

21.6K 2.2K 19
By busy_pisi

《Zawgyi》

အပိုင္း - ၁၇
[အစီအစဥ္တင္ဆက္သူ ဘုရင္မ ေလးေဖာ္]

ခ်င္းစုယြဲ႕ဟာ ဒီျဖစ္ႏိုင္ေခ်ကို ေတြးေတာၿပီးသည့္ေနာက္တြင္ က်ီယီမွာ ေက်ာင္းသားဥကၠဌေနရာအား အေၾကာင္းအရင္းမရွိပဲ အလြယ္တကူ ရလာတာမဟုတ္ေၾကာင္း သိရွိသြားရသည္။ က်ီယီက ျပံဳးလိုက္ကာ ဆက္ေျပာသည္ .. "ဘာပဲျဖစ္ျဖစ္ မင္းအတြက္ အရွံုးမရွိပါဘူး .. အနည္းဆံုးေတာ့ ငါက စီနီယာခ်န္းေရွ႕မွာ မင္းအေၾကာင္း ေကာင္းေကာင္း ေျပာေပးမယ္ေလ"

ခ်င္းစုယြဲ႕မွာ တိုးတိတ္စြာျဖင့္ တခစ္ခစ္ရယ္လိုက္ၿပီး .. "ေက်းဇူးတင္ပါတယ္ .. ဒါေပမယ့္ မလိုပါဘူး" သူမက တစ္ေယာက္ထဲ ေတြးလိုက္ေသးသည္ ..'ခ်န္းစီႏ်န္ေရွ႕မွာ ရွင္က ဒီလိုစကားေတြကို ေျပာႏိုင္မယ္လို႔ ထင္တယ္လား ? ရွင္ ကိုယ့္ကိုယ္ကိုယ္ ေတာ္ေတာ္ေလး အထင္ႀကီးတာပဲေနာ့ !'

ထို႔ေနာက္တြင္မူ သူမမွာ သူ႔အား လံုးဝကို အာရံုမစိုက္ေတာ့ေပ။ က်ီယီမွာ သူမကို ဆက္ၿပီး အေႏွာင့္အယွက္ ေပးခ်င္လွေသာ္လည္း သူ႔ဖုန္းမွာ ျမည္လာခဲ့သည္။ သူမ၏နားေတြမွာ စိတ္အေႏွာင့္အယွက္ ေပးေနေသာ အသံေတြအား ထပ္မၾကားရေတာ့သျဖင့္ ခ်င္းစုယြဲ႕ ေတာ္ေတာ္ေလး စိတ္ခ်မ္းသာသြားသည္။ ဟုတ္ၿပီ .. ေနာက္ဆံုးေတာ့ ငါေလး ေအးေအးခ်မ္းခ်မ္း စားလို႔ရၿပီ !

သူမႏွင့္ သိပ္မေဝးေသာ ေနရာတြင္ ရွိေနသည့္ ေမာ့ရႊီယြမ္၏ တူတစ္စံုမွာ ေလထဲတြင္ ရပ္တန္႔သြားလ်က္ ခ်င္းစုယြဲ႕အား နက္နက္နဲနဲ စိုက္ၾကည့္ကာ ေတြးဆလိုက္၏။ ထို႔ေနာက္ သူ႔ဖုန္းကိုထုတ္ကာ ခ်န္းစီႏ်န္ဆီသို႔ စာပို႔ေတာ့သည္ .. "သိပ္မၾကာေသးခင္တုန္းက ဟိုကေလးက်ီယီနဲ႔ ခ်င္းစုယြဲ႕နဲ႔ ရင္းႏွီးတယ္လို႔ ငါၾကားခဲ့ေသးတယ္ .. မင္းကို ႀကိဳးစားတာ အလုပ္မျဖစ္ေတာ့လို႔ သူ႔အာရံုစိုက္မႈကို က်ီယီဆီကို ေျပာင္းသြားတာ အမွန္ပဲလား ?" အခ်ိန္အနည္းငယ္ ကုန္ဆံုးသြားသည္အထိ သူ ဘာျပန္စာမွ လက္ခံမရရွိခဲ့ေသးေပ။

ေမာ့ရႊီယြမ္က ေနာက္ထပ္ စာတစ္ေစာင္ ထပ္ပို႔ျပန္သည္ .. "လူေတြေျပာေနၾကတာ ငါၾကားတာေတာ့ အဲ့ႏွစ္ေယာက္က မၾကာေသးခင္ကမွ အျပင္ကို အတူတူ ထြက္ၾကေသးတယ္တဲ့ .. ဟုတ္လား ?" ခ်န္းစီႏ်န္မွာ အစည္းအေဝးတစ္ခုတြင္ ရွိေနသျဖင့္ ထိုစာအား မျမင္လိုက္ေပ။

၎စာေတြအား ခ်န္းစီႏ်န္မွာ အလုပ္ၿပီးသြားသည္အထိ မျမင္ေသး .. ညစာစားပြဲက အျပန္တြင္ေတာ့ က်ီယီက သူ႔အား ဖုန္းေခၚခဲ့သည္။ အႏွီေက်ာင္းသားေကာင္စီ၏ ဥကၠဌမွာ ေနာက္တပတ္ရွိ ၿပိဳင္ပြဲ၏အခ်ိန္အား အတည္ျပဳလိုျခင္း ျဖစ္ေပ၏။ ခ်န္းစီႏ်န္မွာ အရင္ထဲက ဒိုင္လုပ္ေပးဖို႔ သေဘာတူထားၿပီးသား ျဖစ္သျဖင့္ သူ႔လက္ေထာက္အား ထိုညမွာရွိေနသည့္ အလုပ္ကိစၥမ်ားအား ဖ်က္ထားဖို႔ ေျပာၿပီးေနာက္ က်ီယီအား " အင္း " ဟုသာ တံုးတိတိ ျပန္ေျဖလိုက္သည္။

တစ္ဖက္လူက ဖုန္းမခ်ေသးေသာေၾကာင့္ ခ်န္းစီႏ်န္က ေမးလိုက္သည္ .. "တစ္ျခားကိစၥ ရွိေသးလား ?"

က်ီယီက ေျခာက္ကပ္စြာ ရယ္လိုက္ကာ "ဒီရက္ေတြမွာ စီနီယာခ်န္းနဲ႔ ခ်င္းစုယြဲ႕တို႔ အေျခအေနက ဘယ္လိုလဲခင္ဗ်"

ခ်န္းစီႏ်န္၏ မ်က္ခံုးတစ္စံုမွာ ဆတ္ခနဲ အနည္းငယ္ က်ံဳ႕သြားသည္ .. "ဘာလို႔ ေမးတာလဲ ? .. မင္းသိခ်င္တဲ့ကိစၥကိုသာ ငါ့ကိုေျပာ"

က်ီယီက တဲ့တိုးပဲ ေျဖလိုက္သည္ .. "ခ်င္းစုယြဲ႕က ေျပာတယ္ .. အဲဒီညမွာ စီနီယာသာ ပါခဲ့ရင္ သူ အႀကိဳဗိုလ္လုပြဲကို ဝင္မၿပိဳင္ေတာ့ဘူးတဲ့ .. ကၽြန္ေတာ္ သူ႔ကို ဘယ္ေလာက္ပဲ ေဖ်ာင္းဖ်ေဖ်ာင္းဖ် အရာမထင္ဘူး .. ကၽြန္ေတာ္က သူ႔ကို တစ္ကယ္ကို က ေစခ်င္ေပမယ့္လည္း သူက ျငင္းပယ္လိုက္တယ္ .. ကၽြန္ေတာ္ဘာမွ မတတ္ႏိုင္ဘူး .. သူေပ်ာ္တာေတာ့ ေကာင္းပါတယ္ .. ကၽြန္ေတာ့္ကို သူ ေျပာခဲ့တာက စီနီယာနဲ႔ ဆက္ႏႊယ္ေနတဲ့ ဘယ္အရာကိုမဆို သူ ပက္သတ္မွာ မဟုတ္ဘူးတဲ့ .. စီနီယာခ်န္း .. မင္းတို႔ႏွစ္ေယာက္ၾကားမွာ ဘာေတြ ျဖစ္ခဲ့တာလဲ ?"

ခ်န္းစီႏ်န္က ျပံဳးကာ ထိုင္ခံုကို မွီလိုက္၏။ သူက စိတ္မဝင္စားစြာ ျပန္ေျပာလိုက္သည္ .. "သူ႔ကိုယ္သူ သိသြားတာ ေကာင္းတာေပါ့" သူက က်ီယီႏွင့္ စကားဆက္မေျပာလိုေတာ့တာေၾကာင့္ ေျပာၿပီးၿပီးခ်င္း ခ်က္ခ်င္းပဲ ဖုန္းခ်လိုက္သည္။

ထိုအခ်ိန္တြင္ သူတို႔ဖုန္းေျပာေနတာကို အမွတ္မထင္ ၾကားလိုက္ရသည့္ က်ီယီ့ အခန္းေဖာ္က အံ့ဩတႀကီး ေမးလိုက္သည္ .. "မင္း စီနီယာခ်န္းကို ဒီအေၾကာင္းေတြ ေျပာျပရတဲ့ ရည္ရြယ္ခ်က္က ဘာလဲ ?"

က်ီယီက သူ႔လက္ေတြကို ေဝွ႕ယမ္းလိုက္ကာ ရွင္းျပသည္ .. "မင္းနားမလည္ပါဘူး ! .. ခ်န္းစီႏ်န္သာ ခ်င္းစုယြဲ႕ကို စိတ္မဝင္စားဘူးဆိုရင္ ဒါက ပိုေကာင္းသြားတယ္ ဟုတ္တယ္မလား ? ဒါ့အျပင္ ခ်င္းစုယြဲ႕ ေျပာခဲ့တာေတြကလည္း အမွန္သာဆို ငါက သူမကို သြယ္ဝိုက္ေသာနည္းနဲ႔ ကူညီရာေတာင္ ေရာက္ေသးတယ္ မွန္တယ္ဟုတ္ ? သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ မုန္းၾကဖို႔ ဒါက အသင့္ေတာ္ဆံုး နည္းလမ္းပဲ"

က်ီယီဟာ ဒီအေၾကာင္းအရာအေပၚ ပိုၿပီးေလးေလးနက္နက္ ခ်င့္ခ်ိန္ ေတြးဆလိုက္သည္။ စီနီယာခ်န္းမွာ ေကာင္းကင္ဘံု၏ ခ်စ္လွစြာေသာ သားေတာ္ေလးႏွင့္ တူေလ၏။ ခ်င္းစုယြဲ႕လို ေမာက္မာကာ တသီးတျခား ေနတတ္ေသာ ေက်ာင္းသူမ်ိဳးက သူမရဲ႕လက္ေခ်ာင္းေတြနဲ႔ ဒီလိုအရသာရွိတဲ့ ကိတ္မုန္႔ေလးကိုထိဖို႔ ျဖစ္ႏိုင္ပါ့မလား?

ခ်င္းစုယြဲ႕သာ ထိုအခ်ိန္၌ သူ႔အေတြးေတြအား သိႏိုင္မည္ဆိုလၽွင္ ေသခ်ာေပါက္ ေလွာင္ေျပာင္လ်က္ ဤသို႔ ေျပာေပလိမ့္မည္ .. "ဒီဝတၳဳထဲက လူေတြအကုန္လံုးက ရူးေနၾကတာလား?!"

ခ်န္းစီႏ်န္မွာ ဖုန္းခ်လိုက္ၿပီးေနာက္ ေမာ့ရႊီယြမ္၏ စာေတြအား ဖတ္လိုက္ၿပီး သူ႔ဖုန္းနံပါတ္အား ဘေလာ့လိုက္ေလသည္။

***************

ရက္သတၱပတ္ဟာ လၽွင္ျမန္စြာပဲ ကုန္ဆံုးသြားေလ၏။ မၾကာခင္မွာပဲ အႀကိဳဗိုလ္လုပြဲညသို႔ ေရာက္ရွိလာသည္။

က်ံဳခ်င္းက အႀကိဳဗိုလ္လုပြဲေတြမွာ တရုတ္ႏွစ္သစ္ကူးပြဲလို အေရးႀကီးကာ ႀကီးမားလွေသာ ပြဲေတြျဖစ္ေၾကာင္း ေျပာေသာ္လည္း ခ်င္းစုယြဲ႕မွာ ပြဲက်င္းပသည့္ေနရာသို႔ သြားရန္ အစီအစဥ္မရွိေပ။

ေက်ာင္း၏ 'အစီအစဥ္တင္ဆက္သူ ဘုရင္မ ေလးေဖာ္'ထဲကမွ ႏွစ္ေယာက္မွာ ဒီပြဲအတြက္ အစီအစဥ္တင္ဆက္သူ လုပ္ေပးမည္ျဖစ္သည္။ ဒီေန႔ညသည္ သူတို႔ဘြဲ႕မယူခင္ အတူတူတြဲလုပ္သည့္ ေနာက္ဆံုးအႀကိမ္ပင္ျဖစ္သည္။

ခ်င္းစုယြဲ႕သည္ ေက်ာင္း၏ အစီအစဥ္တင္ဆက္သူ ဘုရင္မ ေလးေဖာ္အေၾကာင္း တစ္ခါၾကားဖူးသည္။ တစ္ေယာက္မွာ ႏိုင္ငံျခားမွာ ျဖစ္ၿပီး ေနာက္တစ္ေယာက္မွာေတာ့ တီဗီအစီအစဥ္တစ္ခုႏွင့္ အခ်ိန္တိုက္ေနသည္။ က်န္ရွိသည့္ႏွစ္ေယာက္မွာ ဘြဲ႕မယူခင္တြင္ ဒီၿပိဳင္ပြဲ၌ ပါဝင္အားျဖည့္ေပးလိုၾကသည္။

သို႔ေသာ္လည္း ခ်င္းစုယြဲ႕မွာ အလြန္တရာ သိလိုလွေပသည္ .. "ဒီအစ္မႏွစ္ေယာက္က အႀကိဳဗိုလ္လုပြဲအတြက္ အစီအစဥ္တင္ဆက္သူ လုပ္ေပးဖို႔ ဘာလို႔ လက္ခံလိုက္ရတာလဲ?"

ပံုမွန္အတိုင္းသာဆို ဒီ နာမည္ႀကီး ေက်ာ္ၾကားလွတဲ့ အစီအစဥ္တင္ဆက္သူ ႏွစ္ေယာက္အား ေနာက္ဆံုး ဖိုင္နယ္ပြဲအတြက္ ေအာင္ျမင္စြာ ဖိတ္ၾကားႏိုင္လၽွင္ကိုပင္ အေတာ္ေလး အံဩစရာ ကံေကာင္းမႈပင္ ျဖစ္၏။

13.10.2019

********************

《Unicode》

အပိုင်း - ၁၇
[အစီအစဉ်တင်ဆက်သူ ဘုရင်မ လေးဖော်]

ချင်းစုယွဲ့ဟာ ဒီဖြစ်နိုင်ချေကို တွေးတောပြီးသည့်နောက်တွင် ကျီယီမှာ ကျောင်းသားဥက္ကဌနေရာအား အကြောင်းအရင်းမရှိပဲ အလွယ်တကူ ရလာတာမဟုတ်ကြောင်း သိရှိသွားရသည်။ ကျီယီက ပြုံးလိုက်ကာ ဆက်ပြောသည် .. "ဘာပဲဖြစ်ဖြစ် မင်းအတွက် အရှုံးမရှိပါဘူး .. အနည်းဆုံးတော့ ငါက စီနီယာချန်းရှေ့မှာ မင်းအကြောင်း ကောင်းကောင်း ပြောပေးမယ်လေ"

ချင်းစုယွဲ့မှာ တိုးတိတ်စွာဖြင့် တခစ်ခစ်ရယ်လိုက်ပြီး .. "ကျေးဇူးတင်ပါတယ် .. ဒါပေမယ့် မလိုပါဘူး" သူမက တစ်ယောက်ထဲ တွေးလိုက်သေးသည် ..'ချန်းစီနျန်ရှေ့မှာ ရှင်က ဒီလိုစကားတွေကို ပြောနိုင်မယ်လို့ ထင်တယ်လား ? ရှင် ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အထင်ကြီးတာပဲနော့ !'

ထို့နောက်တွင်မူ သူမမှာ သူ့အား လုံးဝကို အာရုံမစိုက်တော့ပေ။ ကျီယီမှာ သူမကို ဆက်ပြီး အနှောင့်အယှက် ပေးချင်လှသော်လည်း သူ့ဖုန်းမှာ မြည်လာခဲ့သည်။ သူမ၏နားတွေမှာ စိတ်အနှောင့်အယှက် ပေးနေသော အသံတွေအား ထပ်မကြားရတော့သဖြင့် ချင်းစုယွဲ့ တော်တော်လေး စိတ်ချမ်းသာသွားသည်။ ဟုတ်ပြီ .. နောက်ဆုံးတော့ ငါလေး အေးအေးချမ်းချမ်း စားလို့ရပြီ !

သူမနှင့် သိပ်မဝေးသော နေရာတွင် ရှိနေသည့် မော့ရွှီယွမ်၏ တူတစ်စုံမှာ လေထဲတွင် ရပ်တန့်သွားလျက် ချင်းစုယွဲ့အား နက်နက်နဲနဲ စိုက်ကြည့်ကာ တွေးဆလိုက်၏။ ထို့နောက် သူ့ဖုန်းကိုထုတ်ကာ ချန်းစီနျန်ဆီသို့ စာပို့တော့သည် .. "သိပ်မကြာသေးခင်တုန်းက ဟိုကလေးကျီယီနဲ့ ချင်းစုယွဲ့နဲ့ ရင်းနှီးတယ်လို့ ငါကြားခဲ့သေးတယ် .. မင်းကို ကြိုးစားတာ အလုပ်မဖြစ်တော့လို့ သူ့အာရုံစိုက်မှုကို ကျီယီဆီကို ပြောင်းသွားတာ အမှန်ပဲလား ?" အချိန်အနည်းငယ် ကုန်ဆုံးသွားသည်အထိ သူ ဘာပြန်စာမှ လက်ခံမရရှိခဲ့သေးပေ။

မော့ရွှီယွမ်က နောက်ထပ် စာတစ်စောင် ထပ်ပို့ပြန်သည် .. "လူတွေပြောနေကြတာ ငါကြားတာတော့ အဲ့နှစ်ယောက်က မကြာသေးခင်ကမှ အပြင်ကို အတူတူ ထွက်ကြသေးတယ်တဲ့ .. ဟုတ်လား ?" ချန်းစီနျန်မှာ အစည်းအဝေးတစ်ခုတွင် ရှိနေသဖြင့် ထိုစာအား မမြင်လိုက်ပေ။

၎င်းစာတွေအား ချန်းစီနျန်မှာ အလုပ်ပြီးသွားသည်အထိ မမြင်သေး .. ညစာစားပွဲက အပြန်တွင်တော့ ကျီယီက သူ့အား ဖုန်းခေါ်ခဲ့သည်။ အနှီကျောင်းသားကောင်စီ၏ ဥက္ကဌမှာ နောက်တပတ်ရှိ ပြိုင်ပွဲ၏အချိန်အား အတည်ပြုလိုခြင်း ဖြစ်ပေ၏။ ချန်းစီနျန်မှာ အရင်ထဲက ဒိုင်လုပ်ပေးဖို့ သဘောတူထားပြီးသား ဖြစ်သဖြင့် သူ့လက်ထောက်အား ထိုညမှာရှိနေသည့် အလုပ်ကိစ္စများအား ဖျက်ထားဖို့ ပြောပြီးနောက် ကျီယီအား " အင်း " ဟုသာ တုံးတိတိ ပြန်ဖြေလိုက်သည်။

တစ်ဖက်လူက ဖုန်းမချသေးသောကြောင့် ချန်းစီနျန်က မေးလိုက်သည် .. "တစ်ခြားကိစ္စ ရှိသေးလား ?"

ကျီယီက ခြောက်ကပ်စွာ ရယ်လိုက်ကာ "ဒီရက်တွေမှာ စီနီယာချန်းနဲ့ ချင်းစုယွဲ့တို့ အခြေအနေက ဘယ်လိုလဲခင်ဗျ"

ချန်းစီနျန်၏ မျက်ခုံးတစ်စုံမှာ ဆတ်ခနဲ အနည်းငယ် ကျုံ့သွားသည် .. "ဘာလို့ မေးတာလဲ ? .. မင်းသိချင်တဲ့ကိစ္စကိုသာ ငါ့ကိုပြော"

ကျီယီက တဲ့တိုးပဲ ဖြေလိုက်သည် .. "ချင်းစုယွဲ့က ပြောတယ် .. အဲဒီညမှာ စီနီယာသာ ပါခဲ့ရင် သူ အကြိုဗိုလ်လုပွဲကို ဝင်မပြိုင်တော့ဘူးတဲ့ .. ကျွန်တော် သူ့ကို ဘယ်လောက်ပဲ ဖျောင်းဖျဖျောင်းဖျ အရာမထင်ဘူး .. ကျွန်တော်က သူ့ကို တစ်ကယ်ကို က စေချင်ပေမယ့်လည်း သူက ငြင်းပယ်လိုက်တယ် .. ကျွန်တော်ဘာမှ မတတ်နိုင်ဘူး .. သူပျော်တာတော့ ကောင်းပါတယ် .. ကျွန်တော့်ကို သူ ပြောခဲ့တာက စီနီယာနဲ့ ဆက်နွှယ်နေတဲ့ ဘယ်အရာကိုမဆို သူ ပက်သတ်မှာ မဟုတ်ဘူးတဲ့ .. စီနီယာချန်း .. မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ?"

ချန်းစီနျန်က ပြုံးကာ ထိုင်ခုံကို မှီလိုက်၏။ သူက စိတ်မဝင်စားစွာ ပြန်ပြောလိုက်သည် .. "သူ့ကိုယ်သူ သိသွားတာ ကောင်းတာပေါ့" သူက ကျီယီနှင့် စကားဆက်မပြောလိုတော့တာကြောင့် ပြောပြီးပြီးချင်း ချက်ချင်းပဲ ဖုန်းချလိုက်သည်။

ထိုအချိန်တွင် သူတို့ဖုန်းပြောနေတာကို အမှတ်မထင် ကြားလိုက်ရသည့် ကျီယီ့ အခန်းဖော်က အံ့ဩတကြီး မေးလိုက်သည် .. "မင်း စီနီယာချန်းကို ဒီအကြောင်းတွေ ပြောပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ ?"

ကျီယီက သူ့လက်တွေကို ဝှေ့ယမ်းလိုက်ကာ ရှင်းပြသည် .. "မင်းနားမလည်ပါဘူး ! .. ချန်းစီနျန်သာ ချင်းစုယွဲ့ကို စိတ်မဝင်စားဘူးဆိုရင် ဒါက ပိုကောင်းသွားတယ် ဟုတ်တယ်မလား ? ဒါ့အပြင် ချင်းစုယွဲ့ ပြောခဲ့တာတွေကလည်း အမှန်သာဆို ငါက သူမကို သွယ်ဝိုက်သောနည်းနဲ့ ကူညီရာတောင် ရောက်သေးတယ် မှန်တယ်ဟုတ်? သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မုန်းကြဖို့ ဒါက အသင့်တော်ဆုံး နည်းလမ်းပဲ"

ကျီယီဟာ ဒီအကြောင်းအရာအပေါ် ပိုပြီးလေးလေးနက်နက် ချင့်ချိန် တွေးဆလိုက်သည်။ စီနီယာချန်းမှာ ကောင်းကင်ဘုံ၏ ချစ်လှစွာသော သားတော်လေးနှင့် တူလေ၏။ ချင်းစုယွဲ့လို မောက်မာကာ တသီးတခြား နေတတ်သော ကျောင်းသူမျိုးက သူမရဲ့လက်ချောင်းတွေနဲ့ ဒီလိုအရသာရှိတဲ့ ကိတ်မုန့်လေးကိုထိဖို့ ဖြစ်နိုင်ပါ့မလား?

ချင်းစုယွဲ့သာ ထိုအချိန်၌ သူ့အတွေးတွေအား သိနိုင်မည်ဆိုလျှင် သေချာပေါက် လှောင်ပြောင်လျက် ဤသို့ ပြောပေလိမ့်မည် .. "ဒီဝတ္ထုထဲက လူတွေအကုန်လုံးက ရူးနေကြတာလား?!"

ချန်းစီနျန်မှာ ဖုန်းချလိုက်ပြီးနောက် မော့ရွှီယွမ်၏ စာတွေအား ဖတ်လိုက်ပြီး သူ့ဖုန်းနံပါတ်အား ဘလော့လိုက်လေသည်။

***************

ရက်သတ္တပတ်ဟာ လျှင်မြန်စွာပဲ ကုန်ဆုံးသွားလေ၏။ မကြာခင်မှာပဲ အကြိုဗိုလ်လုပွဲညသို့ ရောက်ရှိလာသည်။

ကျုံချင်းက အကြိုဗိုလ်လုပွဲတွေမှာ တရုတ်နှစ်သစ်ကူးပွဲလို အရေးကြီးကာ ကြီးမားလှသော ပွဲတွေဖြစ်ကြောင်း ပြောသော်လည်း ချင်းစုယွဲ့မှာ ပွဲကျင်းပသည့်နေရာသို့ သွားရန် အစီအစဉ်မရှိပေ။

ကျောင်း၏ 'အစီအစဉ်တင်ဆက်သူ ဘုရင်မ လေးဖော်'ထဲကမှ နှစ်ယောက်မှာ ဒီပွဲအတွက် အစီအစဉ်တင်ဆက်သူ လုပ်ပေးမည်ဖြစ်သည်။ ဒီနေ့ညသည် သူတို့ဘွဲ့မယူခင် အတူတူတွဲလုပ်သည့် နောက်ဆုံးအကြိမ်ပင်ဖြစ်သည်။

ချင်းစုယွဲ့သည် ကျောင်း၏ အစီအစဉ်တင်ဆက်သူ ဘုရင်မ လေးဖော်အကြောင်း တစ်ခါကြားဖူးသည်။ တစ်ယောက်မှာ နိုင်ငံခြားမှာ ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ တီဗီအစီအစဉ်တစ်ခုနှင့် အချိန်တိုက်နေသည်။ ကျန်ရှိသည့်နှစ်ယောက်မှာ ဘွဲ့မယူခင်တွင် ဒီပြိုင်ပွဲ၌ ပါဝင်အားဖြည့်ပေးလိုကြသည်။

သို့သော်လည်း ချင်းစုယွဲ့မှာ အလွန်တရာ သိလိုလှပေသည် .. "ဒီအစ်မနှစ်ယောက်က အကြိုဗိုလ်လုပွဲအတွက် အစီအစဉ်တင်ဆက်သူ လုပ်ပေးဖို့ ဘာလို့ လက်ခံလိုက်ရတာလဲ?"

ပုံမှန်အတိုင်းသာဆို ဒီ နာမည်ကြီး ကျော်ကြားလှတဲ့ အစီအစဉ်တင်ဆက်သူ နှစ်ယောက်အား နောက်ဆုံး ဖိုင်နယ်ပွဲအတွက် အောင်မြင်စွာ ဖိတ်ကြားနိုင်လျှင်ကိုပင် အတော်လေး အံဩစရာ ကံကောင်းမှုပင် ဖြစ်၏။

13.10.2019

*********************

Continue Reading

You'll Also Like

193K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
999K 35.8K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
3.5K 233 51
❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အခ...