ကိုကို႔အရွင္သခင္

Por Natpankalay

774K 62.8K 2.5K

ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။ Más

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter -15
Chapter -16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-32 Final Part

Chapter -31

23.7K 2K 51
Por Natpankalay

Chapter-31( both zawgyi& unicode)

“Aeri ႀကာေနျပီေနာ္”

“လာျပီ ေဖေဖ.”

Chanyeol အိမ္ေရွ႕ကေန အသံနည္းနည္းျမွင့္ေခၚေတာ့ Aeri အိမ္ထဲကေန ေျပးထြက္လာသည္။ေနာက္ က ေဒၚေလးက Aeri ၏ ေက်ာပိုးအိတ္ႏွင့္ထမင္းဘူးေလးကိုကိုင္ကာ အေျပးလိုက္လာသည္။ ကားေနာက္ခန္းတြင္ အားလုံးစနစ္တက် ထည့္ျပီးမွ Aeri ကို ကားေရွ႕ခန္းတြင္ထိုင္ေစကာ ခါးပတ္ပါ ေသခ်ာပတ္ေပးလိုက္သည္။

“ေဖေဖ ေဆးရံုကုိတန္းသြားမွာလားဟင္”

“အင္း Aeri ေလးကုိပုိ႕ျပီးတာနဲ႕ သြားမွာ.ျပီးမွ ရံုးကုိသြားမယ္ေလ.”

“ေဖေဖ BaekHyunee က ဘာလို႕ အဲ့ေလာက္အႀကာႀကီးအိပ္ေနတာလဲဟင္. BaekHyunee ႏိုးလာရင္ Aeri က လိမ္လိမ္မာမာေနျပီး Aeri ေႀကာင့္ျဖစ္တာကုိေတာင္းပန္မွာမွာမုိ႕ ႏိုးလာေပးပါလို႕ေဖေဖ ကေျပာေပးပါေနာ္.”

Chanyeol သက္ျပင္းဖြဖြေလးခိုးခ်ကာ ကားကုိ လမ္းေဘးတစ္ေနရာခဏထိုးရပ္လိုက္သည္။သမီးမွာ ဒီစိတ္ဒဏ္ရာက မေပ်ာက္ေသးပါလား။တစ္ခ်ိန္လံု းသူေခၚသြားလို႕ BaekHyun ဒီလိုျဖစ္ရသည္ဆုိသည့္ စိတ္အခံေလးက စြဲေနေလသည္။

“Aeri yah. ျဖစ္ခဲ့တာေတြအားလံုးက သမီးနဲ႕မဆိုင္ပါဘူး။ ေသခ်ာေျပာရ ရင္ သမီးေလးက ေဖေဖတုိ႕ BaekHyunee ကုိကယ္တင္ခဲ့တာေလ.။Aeri ေလး လမ္းျပတတ္လို႕သာ BaekHyunee ကုိျပန္ရတာမလား။ သမီးက Baekhyunee ကုိကယ္ခဲ့သလို BaekHyunee ကလည္း သမီးကိုကယ္ခဲ့တာ အဲ့လိုမ်ိဴးေပါ့။ဒါေႀကာင့္ ဘယ္သူေႀကာင့္ျဖစ္တယ္ဆိုတာမ်ိဴးမရွိဘူး။မေတြးရဘူး ဟုတ္ျပီလား။Baekhyunee ႏိုးလာလုိ႕ ဒီလိုေတြးေနတာသိရင္ စိတ္မေကာင္းျဖစ္မွာေပါ့မဟုတ္ဘူးလား။”

ေခါင္းေလးငဲ့စဥ္းစားဟန္ျပဳေသာ Aeri သည္ေနာက္ဆံုးေတာ့ေခါင္းညိတ္လာကာ ေနာက္ ဘယ္ေတာ့မွမေျပာေတာ့ဟုဆုိသည္။ နားလည္သြားေအာင္ရွင္းျပျပီးမွ ကားကုိျပန္ေမာငး္လာခဲ့သည္။ Aeri ကိုေက်ာင္းထိလုိက္ပို႕ႏႈတ္ဆက္ျပီးမွ ေဆးရံုကုိတန္းလာ ခဲ့လို္က္ေတာ့သည္။

အထူးခန္းေလး၏ နံပါတ္ျပားတြင္ Park BaekHyun ဟူေသာနာမည္ေလးခ်ိတ္ဆြဲေနရသည္မွာေျခာက္လတင္းတင္းျပည့္ခဲ့ျပီ။ Chanyeol ဘယ္ေတာ့မွ လက္မေလွ်ာ့ခဲ့ပါ။ အျမဲတမ္းအတြက္ BaekHyun အေပၚေမ်ွာ္လင့္ခ်က္ထားသည္။ ဟုိတေလာက ႏိုင္ငံျခားတြင္ သြားေရာက္ကုသမည္ဟု ဆံုးျဖတ္လုိက္ျပီးမွ BaekHyun ၏ခႏၶာကိုယ္တံု႕ျပန္မႈ ပိုေကာင္းကာ အေျခအေန တုိး တက္လာသျဖင့္ ခဏတာေစာင့္ႀကည့္ေနသည့္ကာလျဖစ္သည္။

သူ ယံုႀကည္ပါသည္။သူ႕ကိုခ်စ္လြန္းသည့္ ခ်စ္ရသူသည္ သူ႕ကိုဘယ္ေတာ့မွ တစ္ေယာက္တည္းထားရစ္ခဲ့မည္မဟုတ္။ သူ ဝမ္းနည္းေနမည္ကုိႀကည့္ႏိုင္မည္မဟုတ္။

“Baekhyunee.”

ျဖဴေဖ်ာ့ေနသည့္ လက္ေခ်ာင္းကေလးေတြကုိ အသာေထြးဆုပ္လုိက္သည္။ေမွးမွိတ္ထားသည့္မ်က္ခြံေတြကို ဖိနမ္းကာ ထပါေတာ့ ဟု ဆုိလိုက္ခ်င္သည္။

“ကုိ္ယ္ အလုပ္ေတြလည္းေသခ်ာလုပ္ျပီး မင္း ႏိုးလာမွာကုိေစာင့္ေနတယ္ေနာ္။ မင္းကိုေစာင့္ေရွာက္ေပးဖုိ႕ ကုိယ္အသင့္ေစာင့္ေနတယ္။တစ္ခ်ိန္လံုးေစာင့္ေနတာမုိ႕ ကိုယ့္ကုိသနားရင္ ျဖစ္ျဖစ္ ျမန္ျမန္ႏိုးထလာေပးေတာ့ေနာ္.။ကုိယ္ မင္းကုိတအားကိုလြမ္းေနတာ သိတယ္မို႕လား ဟင္ Baekhyunee.”

ထုိစကားတုိ႕ကို သူ ေန႕ရက္ဆက္တုိင္းဆုိသည္။ BaekHyun ႀကားကာ ႏုိးလာႏိုင္ေစရန္ သူ အခ်ိန္မလပ္ ေျပာဆုိလည္း ေျပာႏိုင္ပါသည္။ျဖစ္စတုန္းက ေဆးရံုက တစ္ဖဝါးမွမခြာ ေပကပ္ေနသည့္ Chanyeol က ဖ်ားနာသည္ထိ ျဖစ္ကာ သတိေတာင္ လစ္ခဲ့ဖူးသည္။ KyungSoo တုိ႕Chen တုိ႕၏ ဆူပူမႈႏွင့္အတူ အူလိႈက္သည္းလိႈက္ငိုေႀကြးေနသည့္ Aeri ေလးေႀကာင့္သူ  စိတ္ေတြ ျပန္တင္းခဲ့ရတာ.။ထင္မွတ္မထားႏိုင္ေလာက္ေအာင္ပင္ BaekHyun က သူ႕ကိုစိုးမိုးႏိုင္လြန္းလွသည္။ Baekhyun မရွိသည့္ စကၠန္႕တိုင္းက ေပ်ာ္ရႊင္ဖြယ္နတၱိဆိုတာ အပိုဆိုအ့ံမထင္။ ေနာက္ပိုင္း မနက္တိုင္းလာသည္။ BaekHyun ကုိႏႈတ္ဆက္ ျပီးမွ ရံုးသြားသည္။ ညေနတုိင္း ဝင္ႀကည့္သည္။ အလုပ္မသြားသည့္ေန႕ရက္တိုင္းဆုိပါလွ်င္ BaekHyun အနားက တစ္ဖဝါးမွမခြါေတာ့။

“ေျခာက္လေတာင္ရွိျပီ BaekHyunee။ ကုိယ္ေန႕တိုင္းစက္ရုပ္တစ္ရုပ္လိုပဲ ကေလးရယ္။ သမီးေရွ႕မွာ ေပ်ာ္တဲ့ပံုစံျပေပးရေပမယ့္တကယ္တမ္း ကုိယ္ မင္းကိုလြမ္းလို႕ရူးေတာ့မယ္။ ကုိယ့္ဘဝႀကီး အဓိပၸာယ္မဲ့ေနတာ သိရဲ႕လား ကုိကုိ႕ BaekHyunee ရဲ႕”

မ်က္ရည္ႀကည္တုိ႕ဝိုင္းေနသည့္ မ်က္လုံးတုိ႕ကပဲ အျမင္မွားေလသလားေတာ့မေသခ်ာ။BaekHyun မ်က္ခြံေလးေတြ မ်ားလူးလြန္႕ လာသလားလို႕.။သူ ထိုင္ေနရာမွ အနည္းငယ္ ထကာ Baekhyun မ်က္ႏွာနားကုိ ရင္တထိတ္ထိတ္ျဖင့္ တိုးကပ္သြားမိေတာ့သည္။

“BaekHyunee-”

တုိးတုိးေလးပါပဲ။တကယ္ကိုမွ တုိးတုိးေလးပဲ ေခၚလိုက္မိသည္။ ျဖည္းညွင္းစြာ ပြင့္လာေသာ မ်က္လံုးေလးေတြသည္ Chanyeol အတြက္ ေသရာပါဆုလာဘ္.။

သူ႕ကိုျမင္ေတာ့ လႈပ္လာသည့္ ႏႈတ္ခမ္းေလး..။သူဝမ္းသာအားရျပံဳးခ်လုိက္မိသည့္အခါ မ်က္ရည္တို႕က ခလာသည္။

“ကုိ~ ”

Chanyeol ေခါင္းတဆတ္ဆတ္ညိတ္ကာ အေရးေပၚ အခ်က္ေပးခလုတ္ကုိႏွိပ္သည္။ KyungSoo ႏွင့္အတူ ေျပးဝင္လာသည့္ ဆရာဝန္ေတြႊ သူနာျပဳေတြအတြက္ သူ ေနရာဖယ္ေပးရင္းခပ္လွမ္းလွမ္းေထာင့္ကေန BaekHyun ကုိ ျငိမ္ကာႀကည့္ေနသည္။ စမ္းသပ္မႈေတြခံယူေနသည့္ BaekHyun ၏မ်က္လံုးေလးေတြသည္ တစ္ခ်က္တစ္ခ်က္ သူ႕ဘက္ေရာက္လာသည္။ အခ်ိ္န္တစ္ ခုႀကာ စစ္ေဆးျပီးသည့္အခါ--အားလံုးစိတ္ခ်သြားရျပီျဖစ္ေလ၏။

“အမ်ားႀကီးေတာ္ေသးတာ Chanyeol. သူ ကိုယ္လက္လႈပ္ရွားမႈေလးပံုမွန္ျပန္ျဖစ္ရင္ ရျပီ။တျခားအစိတ္အပို္င္းေတြအားလံုးအလုပ္လုပ္ေနျပီ.တကယ္ေတာ္ေသးတာေပါ့”

“ေက်းဇူးတင္ပါတယ္ KyungSoo တကယ္ေက်းဇူးတင္ပါတယ္။”

“ဒါ ေျပာစရာလား။ ကေလးကုိ ဂရုစိုက္ေပးလုိ္က္ဦး .ျပီးမွ ေအးေဆးေတြ႕ႀကမယ္.Chen ကုိလည္း ငါဖုန္းဆက္လုိက္မယ္။”

KyungSoo အခန္းထဲကထြက္သြားေတာ့ ကုတင္ေစာင္းတြင္မွီလ်က္ေလးျဖစ္ေနျပီျဖစ္သည့္ ခ်စ္ရသူထံ ခပ္ျမန္ျမန္ေျပး သြားလိုက္သည္။ ကုတင္စြန္းတြင္ အသာဝင္ထိုင္လုိက္ကာ လက္ေခ်ာင္းေလးေတြကုိ သူ႕လက္ဖဝါးႀကီးထဲ နစ္ဝင္ ေအာင္ ဆုပ္ကိုင္ထားလိုက္သည္္။ တစ္ေယာက္ႏွင့္တစ္ေယာက္ ဘာစကားမွမဆုိႀကပါ။

“ေတာင္း ပန္ ပါတယ္ ကုိ ကုိ.အႀကာႀကီးေစာင့္လိုက္ရလား။”

ခပ္အက္အက္အသံငယ္ေလးေႀကာင့္ သူ အားမလုိအားမရစြာ ထုိခႏၶာကိုယ္ေလးကုိ ဖြဖြေလးေထြးဖက္လိုက္သည္။ Baekhyun လက္ေတြက သူ႕ေက်ာကို ျပန္လည္ဖက္တြယ္လာပါသည္။

“ေနာက္တစ္ခါ ေတာင္းပန္ပါတယ္လို႕ဘယ္ေတာ့မွမေျပာနဲ႕။ Baekhyunee မွားလည္း ကုိကိုပဲေတာင္းပန္မယ္။ ကိုကုိ္မွားလည္း ကိုကိုပဲ ေတာင္းပန္မယ္။ႏိုးလာေပးလို႕အရမ္းေက်းဇူးတင္ပါတယ္ BaekHyunee ရယ္။ ကုိကိုက အားလံုးအတြက္ေတာင္းပန္ပါတယ္။”

ေျပာရင္းႏွင့္ Chanyeol အသံေတြတိမ္ဝင္လာသည္။ကာလရွည္ကာ ျပည့္ႏွက္ေနခဲ့သည့္စိတ္အစဥ္သည္ ခုမွ လြတ္ေျမာက္ခြင့္ ရသည့္ႏွယ္။ BaekHyun ကုိဖက္ကာ သူ ငုိေႀကြးမိေတာ့သည္။အသံပင္ထြက္သည္ထိ ငိုရိႈက္ေနသည့္အခါ Baekhyun လက္ေတြက ေက်ာကို သာသာပုတ္လ်က္ ႏွစ္သိမ့္ေပးလာသည္။

“မငိုပါနဲ႕။ကုိကိုက ငိုတာနဲ႕မလိုက္ပါဘူးဆို.။ကုိကုိငိုရင္ ကြ်န္ေတာ္လည္း ငိုခ်င္တယ္ေလ.”

“အင္းပါ--ကုိယ္ မငိုေတာ့ဘူးေနာ္.။ ”

ခုမွ ႏိုးထခြင့္ရလာသူကိုစိတ္မပင္ပန္းေစခ်င္.။ခ်က္ခ်င္းပင္ လူခ်င္းခြါလ်က္ မ်က္ရည္ေတြသုတ္လုိုုက္သည္။ BaekHyun ပါးျပင္ ေပၚတြင္လည္းမ်က္ရည္စီးေႀကာင္းႏွစ္ဖက္ႏွင့္။ ထုိမ်က္ရည္စတုိ႕ကုိ သုတ္ေပးမိေတာ့သည္။

“သမီးကိုေရာ ကိုကုိ႕ကုိုပါ ခ်စ္ေပးလို႕ ကုိယ့္ကေလးကို ေက်းဇူးတင္တယ္။အျမဲလည္းပိုခ်စ္သြားပါမယ္.”

“အင္း ကုိကိုက အလိုလိုက္ေပး။ကြ်န္ေတာ္က ဆုိးမယ္.။ဘာမွမလုပ္ဘူး။ကုိကို႕ပုိက္ဆံေတြပဲျဖဳန္းမယ္။ကိုိကုိ႕ပို္င္ဆိုင္သမွ် ဒီက Park BaekHyun ပိုင္တယ္လုိ႕ယူဆမယ္.”

“အင္း အားလံုး မင္းသေဘာ.”

ျဖဴေလ်ာ့ေလ်ာ့မ်က္ႏွာေလးကိုလက္ျဖင့္ အုပ္ကိုင္လိုက္ကာ ႏႈတ္ခမ္းထက္ အနမ္းတစ္ခ်က္ေပးလုိက္သည္။BaekHyun ရယ္ျပံဳး ေနျပီးမွ  မ်က္ႏွာေလး ရံႈႈ႕သြားသည္။

“ကုိကုိ ကြ်န္ေတာ္အခ်ိန္အႀကာႀကီး ေရလည္းမခ်ိဴးရေသးဘူးထင္တယ္။အနံ႕ထြက္ေနလားဟင္”

Chanyeol ေသာကတို႕ေျပေပ်ာက္လ်က္ ရယ္ေမာမိေတာ့သည္။ BaekHyun က ထုိကိစၥႏွင့္ပတ္သက္ျပီး အျမဲအေရးတယူရွိ သည္ထင္ပါရဲ႕.။သူ႕ကိုဖက္လွ်င္ ေမႊးေမႊေလးျဖစ္ေအာင္ အျမဲပဲ တစ္ခုခုလိမ္းက်ံထားသေဘာက်ပံုရ၏။

“အင္း ဒီအနံ႕ေလးကိုေျခာက္လလံုး ကုိယ္ကရုိးေနျပီ.ေမႊးတယ္ပဲဆုိပါေတာ့ ကြာ”

BaekHyun မ်က္ႏွာမအီမလည္ေလးျဖစ္သြားသည္။ Chanyeol ရယ္ေနတာကိုသာေငးေငးေလးႀကည့္ေနသည္။

“ခါတိုင္း ေမႊးေမႊးေလးျဖစ္ေနတာ.တစ္ခုခုလိမ္းတယ္မလား ေျပာ ကိုယ့္ကို ဘာလို႕လဲ”

“ကုိကုိ ဖက္ရင္ေမႊးေနေအာင္လို႕ပါ.”

ခ်က္ခ်င္းျပန္ေျဖလာသည္ေႀကာင့္ သေဘာတက်ရယ္ေမာျခင္းေတြ အေတာမသတ္ေတာ့။

“ကြ်န္ေတာ္ ခ်က္ခ်င္းႀကီး ကိုယ္လက္လႈပ္ရွားလုိ႕မရဘူးထင္တယ္ေနာ္.ကိုကိုဝန္ထုတ္ဝန္ပိုးျဖစ္ေတာ့မွာပဲ”

“အာ လုုပ္ျပီ။ ကိုယ္ မင္းအနားမွာပဲေနမွာ.။ရံုးအလုပ္ေတြကို မင္းေဘးမွာပဲလုပ္မယ္။မင္းရဲ႕ေဝယ်ာဝစၥကုိ ကုိယ္ ကုိယ္တိုင္လုပ္မယ္။ ကုိကုိ မင္းကိုျပဳစုပါ့မယ္ BaekHyunee”

“ဒါေပမယ့္-”

“ဒါေပမယ့္ဆိုတာမရွိဘူး။ သန္႕စင္ခန္းဝင္တာတို႕ဘာတုိ႕ သူမ်ားနဲ႕လႊတ္ထားျပီးကုိယ့္ေယာက်ာ္းကို သူမ်ားျမင္မွာ ကုိယ္က ေက်နပ္စရာလား။ ျပီးေတာ့ မင္းတစ္ကိုယ္လံုးကုိ ထိေတြ႕ခြင့္ရမယ့္ တစ္စံုတစ္ေယာက္ကို ကိုယ္က ႀကည္ျဖဴစရာလားကြာ.”

ထုိအခါေတာ့မွ BaekHyun ျပံဳးလာေတာ့သည္။ ျဖည္းျဖည္းခ်င္းေျမွာက္တက္လာသည့္ လက္ေလးတစ္ဖက္က Chanyeol ၏ ပါးျပင္ကို ခပ္ဖြဖြထိေတြ႕လာသည္။

“ကိုကို႕ ကိုမထိေတြ႕ရေတာ့ဘူးလို႕ထင္ခဲ့တာ။ေတာ္ေသးတာေပါ့.ဒီမ်က္လံုးဝိုင္းဝိုင္းႀကီးေတြရယ္ ဒီနားရြက္ကားကားေလးေတြရယ္။ ဒီအျပံဳးေတြရယ္ ဒီပါးခ်ိဴင့္ေလးရယ္.. ”

ေဆြးေဆြးျမည့္ျမည့္ေလးဆုိေတာ့ Chanyeol သူ႕မ်က္ႏွာေလးကိုသာႀကည့္ကာ လႊတ္ထားေပးလိုက္သည္။ ငိုေတာ့မလုိမဲ့လာသည့္ ႏႈတ္ခမ္းေလးေႀကာင့္ ရင္ခြင္ထဲတဖန္ျပန္လည္ဆြဲသြင္းလုိက္သည္။

အျမဲတမ္း အတြက္ ထာဝရအတြက္ BaekHyunee က သူ႕ရဲ႕သခင္..။

****************

# With Heart
Just A Dreamer.

(Next Part may be fina.thank u for reading till the end)

Unicode

Chapter-31

“Aeri ကြာနေပြီနော်”

“လာပြီ ဖေဖေ.”

Chanyeol အိမ်ရှေ့ကနေ အသံနည်းနည်းမြှင့်ခေါ်တော့ Aeri အိမ်ထဲကနေ ပြေးထွက်လာသည်။နောက် က ဒေါ်လေးက Aeri ၏ ကျောပိုးအိတ်နှင့်ထမင်းဘူးလေးကိုကိုင်ကာ အပြေးလိုက်လာသည်။ ကားနောက်ခန်းတွင် အားလုံးစနစ်တကျ ထည့်ပြီးမှ Aeri ကို ကားရှေ့ခန်းတွင်ထိုင်စေကာ ခါးပတ်ပါ သေချာပတ်ပေးလိုက်သည်။

“ဖေဖေ ဆေးရုံကိုတန်းသွားမှာလားဟင်”

“အင်း Aeri လေးကိုပို့ပြီးတာနဲ့ သွားမှာ.ပြီးမှ ရုံးကိုသွားမယ်လေ.”

“ဖေဖေ BaekHyunee က ဘာလို့ အဲ့လောက်အကြာကြီးအိပ်နေတာလဲဟင်. BaekHyunee နိုးလာရင် Aeri က လိမ်လိမ်မာမာနေပြီး Aeri ကြောင့်ဖြစ်တာကိုတောင်းပန်မှာမှာမို့ နိုးလာပေးပါလို့ဖေဖေ ကပြောပေးပါနော်.”

Chanyeol သက်ပြင်းဖွဖွလေးခိုးချကာ ကားကို လမ်းဘေးတစ်နေရာခဏထိုးရပ်လိုက်သည်။သမီးမှာ ဒီစိတ်ဒဏ်ရာက မပျောက်သေးပါလား။တစ်ချိန်လုံးသူခေါ်သွားလို့ BaekHyun ဒီလိုဖြစ်ရသည်ဆိုသည့် စိတ်အခံလေးက စွဲနေလေသည်။

“Aeri yah. ဖြစ်ခဲ့တာတွေအားလုံးက သမီးနဲ့မဆိုင်ပါဘူး။ သေချာပြောရ ရင် သမီးလေးက ဖေဖေတို့ BaekHyunee ကိုကယ်တင်ခဲ့တာလေ.။Aeri လေး လမ်းပြတတ်လို့သာ BaekHyunee ကိုပြန်ရတာမလား။ သမီးက Baekhyunee ကိုကယ်ခဲ့သလို BaekHyunee ကလည်း သမီးကိုကယ်ခဲ့တာ အဲ့လိုမျိူးပေါ့။ဒါကြောင့် ဘယ်သူကြောင့်ဖြစ်တယ်ဆိုတာမျိူးမရှိဘူး။မတွေးရဘူး ဟုတ်ပြီလား။Baekhyunee နိုးလာလို့ ဒီလိုတွေးနေတာသိရင် စိတ်မကောင်းဖြစ်မှာပေါ့မဟုတ်ဘူးလား။”

ခေါင်းလေးငဲ့စဉ်းစားဟန်ပြုသော Aeri သည်နောက်ဆုံးတော့ခေါင်းညိတ်လာကာ နောက် ဘယ်တော့မှမပြောတော့ဟုဆိုသည်။ နားလည်သွားအောင်ရှင်းပြပြီးမှ ကားကိုပြန်မောင်းလာခဲ့သည်။ Aeri ကိုကျောင်းထိလိုက်ပို့နှုတ်ဆက်ပြီးမှ ဆေးရုံကိုတန်းလာ ခဲ့လိုက်တော့သည်။

အထူးခန်းလေး၏ နံပါတ်ပြားတွင် Park BaekHyun ဟူသောနာမည်လေးချိတ်ဆွဲနေရသည်မှာခြောက်လတင်းတင်းပြည့်ခဲ့ပြီ။ Chanyeol ဘယ်တော့မှ လက်မလျှော့ခဲ့ပါ။ အမြဲတမ်းအတွက် BaekHyun အပေါ်မျှော်လင့်ချက်ထားသည်။ ဟိုတလောက နိုင်ငံခြားတွင် သွားရောက်ကုသမည်ဟု ဆုံးဖြတ်လိုက်ပြီးမှ BaekHyun ၏ခန္ဓာကိုယ်တုံ့ပြန်မှု ပိုကောင်းကာ အခြေအနေ တိုး တက်လာသဖြင့် ခဏတာစောင့်ကြည့်နေသည့်ကာလဖြစ်သည်။

သူ ယုံကြည်ပါသည်။သူ့ကိုချစ်လွန်းသည့် ချစ်ရသူသည် သူ့ကိုဘယ်တော့မှ တစ်ယောက်တည်းထားရစ်ခဲ့မည်မဟုတ်။ သူ ဝမ်းနည်းနေမည်ကိုကြည့်နိုင်မည်မဟုတ်။

“Baekhyunee.”

ဖြူဖျော့နေသည့် လက်ချောင်းကလေးတွေကို အသာထွေးဆုပ်လိုက်သည်။မှေးမှိတ်ထားသည့်မျက်ခွံတွေကို ဖိနမ်းကာ ထပါတော့ ဟု ဆိုလိုက်ချင်သည်။

“ကိုယ် အလုပ်တွေလည်းသေချာလုပ်ပြီး မင်း နိုးလာမှာကိုစောင့်နေတယ်နော်။ မင်းကိုစောင့်ရှောက်ပေးဖို့ ကိုယ်အသင့်စောင့်နေတယ်။တစ်ချိန်လုံးစောင့်နေတာမို့ ကိုယ့်ကိုသနားရင် ဖြစ်ဖြစ် မြန်မြန်နိုးထလာပေးတော့နော်.။ကိုယ် မင်းကိုတအားကိုလွမ်းနေတာ သိတယ်မို့လား ဟင် Baekhyunee.”

ထိုစကားတို့ကို သူ နေ့ရက်ဆက်တိုင်းဆိုသည်။ BaekHyun ကြားကာ နိုးလာနိုင်စေရန် သူ အချိန်မလပ် ပြောဆိုလည်း ပြောနိုင်ပါသည်။ဖြစ်စတုန်းက ဆေးရုံက တစ်ဖဝါးမှမခွာ ပေကပ်နေသည့် Chanyeol က ဖျားနာသည်ထိ ဖြစ်ကာ သတိတောင် လစ်ခဲ့ဖူးသည်။ KyungSoo တို့Chen တို့၏ ဆူပူမှုနှင့်အတူ အူလှိုက်သည်းလှိုက်ငိုကြွေးနေသည့် Aeri လေးကြောင့်သူ  စိတ်တွေ ပြန်တင်းခဲ့ရတာ.။ထင်မှတ်မထားနိုင်လောက်အောင်ပင် BaekHyun က သူ့ကိုစိုးမိုးနိုင်လွန်းလှသည်။ Baekhyun မရှိသည့် စက္ကန့်တိုင်းက ပျော်ရွှင်ဖွယ်နတ္တိဆိုတာ အပိုဆိုအံ့မထင်။ နောက်ပိုင်း မနက်တိုင်းလာသည်။ BaekHyun ကိုနှုတ်ဆက် ပြီးမှ ရုံးသွားသည်။ ညနေတိုင်း ဝင်ကြည့်သည်။ အလုပ်မသွားသည့်နေ့ရက်တိုင်းဆိုပါလျှင် BaekHyun အနားက တစ်ဖဝါးမှမခွါတော့။

“ခြောက်လတောင်ရှိပြီ BaekHyunee။ ကိုယ်နေ့တိုင်းစက်ရုပ်တစ်ရုပ်လိုပဲ ကလေးရယ်။ သမီးရှေ့မှာ ပျော်တဲ့ပုံစံပြပေးရပေမယ့်တကယ်တမ်း ကိုယ် မင်းကိုလွမ်းလို့ရူးတော့မယ်။ ကိုယ့်ဘဝကြီး အဓိပ္ပာယ်မဲ့နေတာ သိရဲ့လား ကိုကို့ BaekHyunee ရဲ့”

မျက်ရည်ကြည်တို့ဝိုင်းနေသည့် မျက်လုံးတို့ကပဲ အမြင်မှားလေသလားတော့မသေချာ။BaekHyun မျက်ခွံလေးတွေ များလူးလွန့် လာသလားလို့.။သူ ထိုင်နေရာမှ အနည်းငယ် ထကာ Baekhyun မျက်နှာနားကို ရင်တထိတ်ထိတ်ဖြင့် တိုးကပ်သွားမိတော့သည်။

“BaekHyunee-”

တိုးတိုးလေးပါပဲ။တကယ်ကိုမှ တိုးတိုးလေးပဲ ခေါ်လိုက်မိသည်။ ဖြည်းညှင်းစွာ ပွင့်လာသော မျက်လုံးလေးတွေသည် Chanyeol အတွက် သေရာပါဆုလာဘ်.။

သူ့ကိုမြင်တော့ လှုပ်လာသည့် နှုတ်ခမ်းလေး..။သူဝမ်းသာအားရပြုံးချလိုက်မိသည့်အခါ မျက်ရည်တို့က ခလာသည်။

“ကို~ ”

Chanyeol ခေါင်းတဆတ်ဆတ်ညိတ်ကာ အရေးပေါ် အချက်ပေးခလုတ်ကိုနှိပ်သည်။ KyungSoo နှင့်အတူ ပြေးဝင်လာသည့် ဆရာဝန်တွှေ သူနာပြုတွေအတွက် သူ နေရာဖယ်ပေးရင်းခပ်လှမ်းလှမ်းထောင့်ကနေ BaekHyun ကို ငြိမ်ကာကြည့်နေသည်။ စမ်းသပ်မှုတွေခံယူနေသည့် BaekHyun ၏မျက်လုံးလေးတွေသည် တစ်ချက်တစ်ချက် သူ့ဘက်ရောက်လာသည်။ အချိ်န်တစ် ခုကြာ စစ်ဆေးပြီးသည့်အခါ--အားလုံးစိတ်ချသွားရပြီဖြစ်လေ၏။

“အများကြီးတော်သေးတာ Chanyeol. သူ ကိုယ်လက်လှုပ်ရှားမှုလေးပုံမှန်ပြန်ဖြစ်ရင် ရပြီ။တခြားအစိတ်အပိုင်းတွေအားလုံးအလုပ်လုပ်နေပြီ.တကယ်တော်သေးတာပေါ့”

“ကျေးဇူးတင်ပါတယ် KyungSoo တကယ်ကျေးဇူးတင်ပါတယ်။”

“ဒါ ပြောစရာလား။ ကလေးကို ဂရုစိုက်ပေးလိုက်ဦး .ပြီးမှ အေးဆေးတွေ့ကြမယ်.Chen ကိုလည်း ငါဖုန်းဆက်လိုက်မယ်။”

KyungSoo အခန်းထဲကထွက်သွားတော့ ကုတင်စောင်းတွင်မှီလျက်လေးဖြစ်နေပြီဖြစ်သည့် ချစ်ရသူထံ ခပ်မြန်မြန်ပြေး သွားလိုက်သည်။ ကုတင်စွန်းတွင် အသာဝင်ထိုင်လိုက်ကာ လက်ချောင်းလေးတွေကို သူ့လက်ဖဝါးကြီးထဲ နစ်ဝင် အောင် ဆုပ်ကိုင်ထားလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် ဘာစကားမှမဆိုကြပါ။

“တောင်း ပန် ပါတယ် ကို ကို.အကြာကြီးစောင့်လိုက်ရလား။”

ခပ်အက်အက်အသံငယ်လေးကြောင့် သူ အားမလိုအားမရစွာ ထိုခန္ဓာကိုယ်လေးကို ဖွဖွလေးထွေးဖက်လိုက်သည်။ Baekhyun လက်တွေက သူ့ကျောကို ပြန်လည်ဖက်တွယ်လာပါသည်။

“နောက်တစ်ခါ တောင်းပန်ပါတယ်လို့ဘယ်တော့မှမပြောနဲ့။ Baekhyunee မှားလည်း ကိုကိုပဲတောင်းပန်မယ်။ ကိုကိုမှားလည်း ကိုကိုပဲ တောင်းပန်မယ်။နိုးလာပေးလို့အရမ်းကျေးဇူးတင်ပါတယ် BaekHyunee ရယ်။ ကိုကိုက အားလုံးအတွက်တောင်းပန်ပါတယ်။”

ပြောရင်းနှင့် Chanyeol အသံတွေတိမ်ဝင်လာသည်။ကာလရှည်ကာ ပြည့်နှက်နေခဲ့သည့်စိတ်အစဉ်သည် ခုမှ လွတ်မြောက်ခွင့် ရသည့်နှယ်။ BaekHyun ကိုဖက်ကာ သူ ငိုကြွေးမိတော့သည်။အသံပင်ထွက်သည်ထိ ငိုရှိုက်နေသည့်အခါ Baekhyun လက်တွေက ကျောကို သာသာပုတ်လျက် နှစ်သိမ့်ပေးလာသည်။

“မငိုပါနဲ့။ကိုကိုက ငိုတာနဲ့မလိုက်ပါဘူးဆို.။ကိုကိုငိုရင် ကျွန်တော်လည်း ငိုချင်တယ်လေ.”

“အင်းပါ--ကိုယ် မငိုတော့ဘူးနော်.။ ”

ခုမှ နိုးထခွင့်ရလာသူကိုစိတ်မပင်ပန်းစေချင်.။ချက်ချင်းပင် လူချင်းခွါလျက် မျက်ရည်တွေသုတ်လိုက်သည်။ BaekHyun ပါးပြင် ပေါ်တွင်လည်းမျက်ရည်စီးကြောင်းနှစ်ဖက်နှင့်။ ထိုမျက်ရည်စတို့ကို သုတ်ပေးမိတော့သည်။

“သမီးကိုရော ကိုကို့ကိုပါ ချစ်ပေးလို့ ကိုယ့်ကလေးကို ကျေးဇူးတင်တယ်။အမြဲလည်းပိုချစ်သွားပါမယ်.”

“အင်း ကိုကိုက အလိုလိုက်ပေး။ကျွန်တော်က ဆိုးမယ်.။ဘာမှမလုပ်ဘူး။ကိုကို့ပိုက်ဆံတွေပဲဖြုန်းမယ်။ကိုကို့ပိုင်ဆိုင်သမျှ ဒီက Park BaekHyun ပိုင်တယ်လို့ယူဆမယ်.”

“အင်း အားလုံး မင်းသဘော.”

ဖြူလျော့လျော့မျက်နှာလေးကိုလက်ဖြင့် အုပ်ကိုင်လိုက်ကာ နှုတ်ခမ်းထက် အနမ်းတစ်ချက်ပေးလိုက်သည်။BaekHyun ရယ်ပြုံး နေပြီးမှ  မျက်နှာလေး ရှုံ့သွားသည်။

“ကိုကို ကျွန်တော်အချိန်အကြာကြီး ရေလည်းမချိူးရသေးဘူးထင်တယ်။အနံ့ထွက်နေလားဟင်”

Chanyeol သောကတို့ပြေပျောက်လျက် ရယ်မောမိတော့သည်။ BaekHyun က ထိုကိစ္စနှင့်ပတ်သက်ပြီး အမြဲအရေးတယူရှိ သည်ထင်ပါရဲ့.။သူ့ကိုဖက်လျှင် မွှေးမွှေလေးဖြစ်အောင် အမြဲပဲ တစ်ခုခုလိမ်းကျံထားသဘောကျပုံရ၏။

“အင်း ဒီအနံ့လေးကိုခြောက်လလုံး ကိုယ်ကရိုးနေပြီ.မွှေးတယ်ပဲဆိုပါတော့ ကွာ”

BaekHyun မျက်နှာမအီမလည်လေးဖြစ်သွားသည်။ Chanyeol ရယ်နေတာကိုသာငေးငေးလေးကြည့်နေသည်။

“ခါတိုင်း မွှေးမွှေးလေးဖြစ်နေတာ.တစ်ခုခုလိမ်းတယ်မလား ပြော ကိုယ့်ကို ဘာလို့လဲ”

“ကိုကို ဖက်ရင်မွှေးနေအောင်လို့ပါ.”

ချက်ချင်းပြန်ဖြေလာသည်ကြောင့် သဘောတကျရယ်မောခြင်းတွေ အတောမသတ်တော့။

“ကျွန်တော် ချက်ချင်းကြီး ကိုယ်လက်လှုပ်ရှားလို့မရဘူးထင်တယ်နော်.ကိုကိုဝန်ထုတ်ဝန်ပိုးဖြစ်တော့မှာပဲ”

“အာ လုပ်ပြီ။ ကိုယ် မင်းအနားမှာပဲနေမှာ.။ရုံးအလုပ်တွေကို မင်းဘေးမှာပဲလုပ်မယ်။မင်းရဲ့ဝေယျာဝစ္စကို ကိုယ် ကိုယ်တိုင်လုပ်မယ်။ ကိုကို မင်းကိုပြုစုပါ့မယ် BaekHyunee”

“ဒါပေမယ့်-”

“ဒါပေမယ့်ဆိုတာမရှိဘူး။ သန့်စင်ခန်းဝင်တာတို့ဘာတို့ သူများနဲ့လွှတ်ထားပြီးကိုယ့်ယောကျာ်းကို သူများမြင်မှာ ကိုယ်က ကျေနပ်စရာလား။ ပြီးတော့ မင်းတစ်ကိုယ်လုံးကို ထိတွေ့ခွင့်ရမယ့် တစ်စုံတစ်ယောက်ကို ကိုယ်က ကြည်ဖြူစရာလားကွာ.”

ထိုအခါတော့မှ BaekHyun ပြုံးလာတော့သည်။ ဖြည်းဖြည်းချင်းမြှောက်တက်လာသည့် လက်လေးတစ်ဖက်က Chanyeol ၏ ပါးပြင်ကို ခပ်ဖွဖွထိတွေ့လာသည်။

“ကိုကို့ ကိုမထိတွေ့ရတော့ဘူးလို့ထင်ခဲ့တာ။တော်သေးတာပေါ့.ဒီမျက်လုံးဝိုင်းဝိုင်းကြီးတွေရယ် ဒီနားရွက်ကားကားလေးတွေရယ်။ ဒီအပြုံးတွေရယ် ဒီပါးချိူင့်လေးရယ်.. ”

ဆွေးဆွေးမြည့်မြည့်လေးဆိုတော့ Chanyeol သူ့မျက်နှာလေးကိုသာကြည့်ကာ လွှတ်ထားပေးလိုက်သည်။ ငိုတော့မလိုမဲ့လာသည့် နှုတ်ခမ်းလေးကြောင့် ရင်ခွင်ထဲတဖန်ပြန်လည်ဆွဲသွင်းလိုက်သည်။

အမြဲတမ်း အတွက် ထာဝရအတွက် BaekHyunee က သူ့ရဲ့သခင်..။

****************

# With Heart
Just A Dreamer.

(Next Part may be fina.thank u for reading till the end)




















Seguir leyendo

También te gustarán

99.4K 8.4K 41
အာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု
178K 8.9K 61
ယံဖြိုးမောင် + စိုင်းသုတ ယံၿဖိဳးေမာင္ + စိုင္းသုတ BL,OC Married Life ဖောက်ပြန်တာ trauma ရှိတာမျိုး ၊ မဖတ်နိုင်ဘူး ဆိုတဲ့သူတွေ ဒီ fic ကို မဖတ်ကြဖို့ ပ...
88.4K 11.7K 43
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
19.9K 1.6K 5
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 'ရှားရှားပါးပါး'ကို အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါ။ ရည်းစားရှုပ်တဲ့ 'ဝသန်'နဲ့ လူရိုးလူအေး 'အေးချမ်း'ရဲ့အလွဲလေးတွေအကြောင်းပေါ့...