အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

由 OnyxAriezz

3.5M 241K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... 更多

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Extra 2

46.5K 2.8K 546
由 OnyxAriezz

>>>>>Unicode<<<<<

"လေးလေး ဒိုဒို ကြေးအိုးဆီချက်စားချင်တယ်။"

သျှားအိမ်မှာ အလုပ်သို့လိုက်လာပြီး တခုပြီးတခု ပူဆာနေသော တူတော်မောင်အား ထုထည့်ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"ခုနကပဲ မုန့်စိမ်းပေါင်းနဲ့ လိမ္မော်ရည် သောက်ပြီးသွားပြီလေ။"

"လေးလေးကလည်း ဒိုဒိုက အစောကတည်းက ကြေးအိုးဆီချက် စားချင်နေတဲ့ဟာကို။ လေးလေးဟာသာလေးလေး မုန့်စိမ်းပေါင်းတွေ ဝယ်ကျွေးပြီးတော့။"

"ဪ... အေး... ငါကပဲ အတင်းကျွေးလို့ပေါ့လေ။"

သျှားအိမ် အငေါ်တူးလိုက်တော့သည်။ မုန့်စိမ်းပေါင်းသည်ကို တွေ့တော့ ဒီရုပ်မဟုတ်။ လေသံလည်း ဒီလိုမဟုတ်။ မျက်နှာလေးငယ်ကာ "လေးလေး မုန့်စိမ်းပေါင်းတောင် ဝယ်မကျွေးတာ ကြာပြီနော်"တဲ့။ အဲ... အခုလို မျိုလို့ပြီးသွားတော့ ရုပ်က တမျိုး။ ဟင်းနော်။ စိတ်ကို တော်တော်ကြီး ဆွဲဆန့်ထားရသည်။

"လေးလေးကလည်း လေးနောင်ဆို ဘာစားမလဲပဲ အမြဲမေးနေလို့ ဒိုဒိုမှာ စိတ်ညစ်ရတာ။"

သျှားအိမ်မှာ စကားတတ်လွန်းသော တူဖြစ်သူကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ အစားအသောက် မီးလိုတောက်နေသဖြင့် လုံးလုံးတစ်တစ်လေးဖြစ်နေသော ဒိုဒိုမှာ အသွင်သဏ္ဌာန်အရတော့ ချစ်စရာကောင်းသော်လည်း တခါတလေ စကားကြီးစကားကျယ်တွေ ပြောလွန်းသဖြင့် သူ့မှာ ခေါင်းကိုက်ရသည်။

"ဪ.. ဪ... မင်းက စိတ်ညစ်တတ်သေးတယ်ပေါ့။"

"အင်း... စိတ်ညစ်တယ်။ လေးလေး ဒါတွေ မသိပါဘူး။"

"အေးပါ။ ဟုတ်ပါတယ်။ ငါ ဘယ်သိပါ့မလဲ။ ငါသိတာက ငါ့အလုပ် မပြီးသေးဘူးဆိုတာပဲ။ ဒီတော့ မင်းက စိတ်ဆက်ညစ်။ ငါက ငါ့အလုပ်ငါလုပ်မယ်။ တော်ကြာ ငါ့ Baby လာရင် အလုပ်မပြီးပဲနေမယ်။ ဒီတော့ တာ့တာ။"

သျှားအိမ်က တမင်ပင် အနိုင်နှင့်ပိုင်းကာ ဒိုဒိုအား ရုံးခန်းထဲတွင် တီဗီတစ်လုံးနှင့် ထားခဲ့လိုက်ပြီး kitchen သို့ ပြန်ပြေးကာ လုပ်စရာရှိသည်များကို ဆက်လုပ်ရသည်။ တနေ့ထက် တစ်နေ့ပိုများလာသော order များကြောင့် ယခုဆိုလျှင် နောက်ထပ် pastry chef သုံးယောက်ခေါ်ထားရသည်။ ထိုလူများကို သူ၏ လက်ထောက် chef ဖြစ်သည့် ခခက စီမံကွပ်ကဲသည်။ တိုးငယ်ကတော့ ဆိုင်ခွဲတွင် လက်ထောက် chef အဖြစ်ရှိပြီး နှင်းနှင်းကိုလည်း လက်ထောက်မန်နေဂျာအဖြစ် ခန့်အပ်ထားသည်။ သူက တစ်ပတ်လျှင် တစ်ရက်ခန့် ဆိုင်ခွဲကိုသွားကာ နေ့စဉ် လုပ်ငန်းဆောင်တာတို့ကို အဆင်ပြေချောမွေ့စေရန် စီမံကွပ်ကဲသည်။ ချစ်သူဖြစ်သော သျှန်နောင်ကလည်း သူ၏ နဂိုဆိုင်ဖြစ်သော ရွှေနယားအပြင် ဆိုင်ခွဲကိုပါ ကြည့်ကြပ်ပေးသဖြင့် အဆင်ပြေလှသည်။

"ဆရာ ဆရာ့အမျိုးသားရောက်ပြီ။"

cashier မိုးပွင့်၏ သတိပေးသဖြင့် လုပ်လက်စအလုပ်ကို အမြန်လက်စသတ်ကာ ခခအား မှာစရာရှိသည်အား မှာကာ အရှေ့ထွက်ခဲ့သည်။ ဆိုင်ရှေ့ရောက်တော့ ချစ်သူမှာ ဘယ်တုန်းကတည်းက ရုံးခန်းထဲမှ ထွက်သွားမှန်းမသိသော ဒိုဒိုနှင့် စကားများပြောနေသည်။ အဓိကကတော့ ဒိုဒိုက ပြောနေခြင်းဖြစ်ပြီး ချစ်သူက နားထောင်သမားသက်သက်သာ။

ဒိုဒိုပြောသမျှ စိတ်ဝင်တစားနားထောင်နေသော ချစ်ရသူခင်ပွန်းသည်အား ကြည့်ကာ နှစ်ခြိုက်စွာ ပြုံးလိုက်ပါသည်။ အနက်ရောင် style pants နှင့် ခဲပြာရောင် လည်ထောင်ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားသော ချစ်သူ၏ အသွင်မှာ သူ့အား လန်းဆန်းသွားစေသည်။

"ပြီးပြီလား မောင်"

"အင်း ပြန်ကြရအောင် Baby"

"ဘေဘီ ဒိုဒို မပြန်သေးဘူး။"

ဒိုဒို၏ စကားကြောင့် သျှန်နောင်က စိတ်ဝင်စားသွားရသည်။ ဒီကလေး ဘာအစီအစဉ်များရှိနေပါလိမ့်။

"ဘာလို့လဲ ဒိုဒိုရဲ့။"

"ဒိုဒို ကြေးအိုးဆီချက်စားချင်တယ်။ လိုက်ပို့ပေးပါ"

"ဒါပေမယ့် ဒီနေ့ အိမ်မှာ ဒိုဒိုအကြိုက် မုန်လာပင်ပေါက်အချဉ်ရည်ဟင်းနဲ့ ငါးသလဲတိုး ကြော်ထားတယ်လေ။"

"ဟင့်အင်း... အဲ့ဒါက မနက်ဖြန်မှ စားမယ်။ အခု ကြေးအိုးဆီချက် စားချင်တယ်။"

"ဒိုဒို... ဘယ်လိုတွေဖြစ်လို့ ငတ်ပြတ်နေသလို ပူဆာနေတာလဲ။ အိမ်မှာ ထမင်းချက်ထားတဲ့ဟာကို"

သျှားအိမ်မှာ စိတ်လက်မရှည်တော့။ တနေကုန်အောင် အလုပ်လုပ်ရသည်မှာ မပင်ပန်း။ ဒင်းကို ပြောရသည်မှာ ပင်ပန်းလှသည်။

"လေးလေးကလည်း ဒိုဒို ထမင်းမစားချင်လို့ပါဆို။"

"ဟ... ထမင်းမစားချင်လို့ရမလား။ ထမင်းမစားရင် မင်း သေသွားမှာပေါ့။"

"မသေပါဘူး။ ဒိုဒို ကြေအိုးဆီချက်စားရင် ဘယ်သေပါ့မလဲ။"

"ဘာလို့မသေရမှာလဲ။"

သျှန်နောင်မှာ ထိုတူဝရီးနှစ်ဦး၏ အပြန်အလှန်စကားများကြောင့် ရယ်ချင်လာတော့သည်။ တချိန်တည်းမှာပင် တင်းမာနေသော အခြေအနေကြောင့် ကြားဝင်ဖြန်ဖြေပေးရန် ဆုံးဖြတ်လိုက်ပါတော့သည်။ ထို့ကြောင့် ဒိုဒိုနှင့် မျက်စိ level ချင်းတူအောင် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး တည်တည်တံ့တံ့မျက်နှာဖြင့် ဒိုဒို့အား သေသေချာချာ ကြည့်လိုက်သည်။

"ဒိုဒိုရဲ့ အပြင်စာဆိုတာ အိမ်မှာချက်တဲ့ ထမင်းဟင်းလောက် အာဟာရမရှိဘူး။ ကလေးဆိုတာမျိုးက အာဟာရအပြည့်အဝမရရင် ဉာဏ်မကောင်းတော့ဘူး။ ဉာဏ်မကောင်းရင် စာအကြာကြီး ကျက်ရမှာ။ စာအကြာကြီးကျက်ရရင် ဆော့ချိန်မရှိတော့ဘူးလေ။ ဒိုဒို မဆော့ပဲ နေနိုင်လို့လား။"

"ဟင့်အင်း"

"ဒါဆိုရင် ဉာဏ်ကောင်းအောင် အိမ်မှာ သေချာချက်ထားတဲ့ အစာကို စားရမယ်နော်။ ဟုတ်ပြီလား။ ဒါမှ ဉာဏ်ကောင်းမှာ။ ဉာဏ်ကောင်းရင် စာတွေ မြန်မြန်ရပြီး အကြာကြီး ကစားလို့ရတာပေါ့။"

သျှန်နောင်က လေသံအေးအေးဖြင့် ဖြေးဖြေးချင်းသိမ်းသွင်းလိုက်လျှင်...

"အင်း... ဒါဆိုရင် ကြေးအိုးဆီချက်ကို အိမ်မှာ လုပ်ကျွေးနော်။"

"အင်း... လုပ်ကြွေးမယ်။ မနက်ဖြန်လုပ်ကျွေးမယ်။ ဒေါ်ခူးကို လေးနောင်ကိုယ်တိုင် မှာထားပေးမယ်နော်"

"ဟုတ်"

"ဒိုဒိုက လိမ္မာလိုက်တာ"

သျှန်နောင်က ချစ်စနိုးဖြင့် ဒိုဒို၏ ဆံပင်လေးများကို ပွတ်သပ်ပေးပြီး ထိုင်ရမှ ထလိုက်သည်။ သျှားအိမ်ကတော့ သူ့ချစ်သူနှင့် အင်မတန်မှ အပေါက်အလမ်းတည့်သော တူဖြစ်သူကို ပေစောင်စောင်ဖြင့် ကြည့်ကာ...

"ကဲ... ပြန်ကြစို့။"

"အင်း..."

ထိုစဉ် နောက်ကျောကို တစ်စုံတစ်ယောက်က လာပုတ်သဖြင့် လှည့်ကြည့်လိုက်သော သူနှင့် အရွယ်တူခန့်ရှိမည့် ရုပ်ရည်သန့်သန့်နှင့် အမျိုးသားတစ်ဦး။ တီရှပ်အဖြူနှင့် ဂျင်းအပြာနုရောင်ကို ဝတ်ဆင်ထားပြီး သူ့အား ရင်းရင်းနှီးနှီးပြုံးပြနေသည်။ သျှားအိမ်မှာ ဘယ်သူများလဲဟု အတော်ကြာအောင် စဉ်းစားပြီးမှ....

"ဟာ... ဖိုးပြည့်!"

ဟုတ်ပါသည်။ ဤအမျိုးသားက သူ၏ သူငယ်ချင်းဖြစ်သူ ဘုန်းပြည့်စိုး။

"အဟဲ.... မင်းက High Boss ဖြစ်သွားတော့ ငါ့ကို မမှတ်မိတော့ဘူးပေါ့။"

"မဟုတ်ပါဘူးကွာ။ ငါက မထင်ထားလို့ပါ။ မင်းကလည်း လာမှာကို သတင်းမကြား ဘာမကြားနဲ့။"

"အေး... ငါလည်း Mother ကြီး မွေးနေ့ surprise လုပ်ဖို့ဆိုပြီး ဘယ်သူမှ မသိအောင် တိတ်တိတ်လေးပြန်လာတာ။"

ဘုန်းပြည့်စိုးက စကားပြောနေရင်းမှာ သူငယ်ချင်းဖြစ်သူ၏ ဘေးတွင် ကလေးတစ်ယောက်၏ လက်ကိုဆွဲကာ ရပ်နေသော လှပသည့် အမျိုးသားအားတွေ့လျှင် အံ့သြမင်သက်သွားမိသည်။ ဒီလောက်နှစ်ကြာတာတောင် ထိုအမျိုးသား၏ လှပမှုတို့က ကွယ်ပျောက်မသွားသည့်အပြင် ရင့်ကျက်မှုနှင့် ပေါင်းကာ ပို၍ ဆွဲဆောင်မှုရှိလှသည်။

"ဪ... ဪ... ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့အမျိုးသား ကိုသျှန်နောင်တဲ့။"

သျှားအိမ်က တမင်မသိသလိုလုပ်ကာ ချစ်ရသူနှင့် မိတ်ဆက်ပေးလိုက်ပါသည်။

"ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ်။"

သျှန်နောင်ကလည်း သူငယ်ချင်းနှစ်ဦးကြား နေရမခက်စေရန် အလိုက်အထိုက်ပင် ခေါင်းညိတ်ကာ လူမှုဆက်ဆံရေးတွင် အသုံးပြုသည့် အပြုံးတခုဖြင့် ပြန်နှုတ်ဆက်လိုက်ပါသည်။

"ဟုတ်ကဲ့ အစ်ကို။ ကျွန်တော်လည်း ဝမ်းသာပါတယ်။"

ဘုန်းပြည့်စိုးက ဟန်မပျက်ပင် ပြန်နှုတ်ဆက်လိုက်ပါသည်။ ပြောရမည်ဆိုလျှင် သျှားအိမ်၏ အကြောင်းကို ကိုသိုက်ထံမှ ကြားပြီးသားဖြစ်သည်။ သို့တိုင်အောင် သူငယ်ချင်းဖြစ်သူ၏ ရွေးချယ်မှုကို အံ့သြနေဆဲ။ ယခုလို မျက်မြင်ကိုယ်တွေ့တွေ့ရတော့ ပိုတောင် အံ့သြမိသေးသည်။ မှန်ရာပြောရပါလျှင် ကိုနောင့်အား ယခုတိုင် ချစ်နေသေးသည်ဟု မဆိုနိုင်သော်လည်း သျှားအိမ် ကိုနောင့်ထံမှ အချစ်ရရှိသွားခြင်းကို သူ မကျေနပ်ပါ။ ကိုနောင့်ကို သူ့ထံမှာ ဖြတ်ခုတ်သွားသလို ခံစားရသည်။

"ဒါနဲ့ မင်း ပြန်ရောက်နေတာ ကိုသိုက်ကောသိပြီးပြီလား။"

ကပြောင်းကပြန်ဆန်လှသည့် ခံစားချက်တို့ ဝေ့သီနေသော မျက်ဝန်းများဖြင့် ချစ်သူအားကြည့်နေသော ကိုပြည့်၏ အာရုံကို သူ့ထံသို့ လွှဲပြောင်းယူလိုက်သည်။

"အစောကပဲ သူ့အလုပ်မှာ သွားတွေ့လိုက်တယ်လေ။ နောက်ပြီး တွေ့တုန်းလေး စကားပြောရအောင်ဆိုပြီး ငါတို့သောက်နေကျ ဆိုင်ကို ချိန်းလိုက်တယ်။ အခုဆို သွားလောက်ရောပေါ့။"

"အာ... ဒါပေမယ့် ငါ့မှာ ကားမပါဘူး။"

"အဟားဟား... မင်းရဲ့ အကြောင်းပြချက်ကြီးကလည်းကွာ။ ဘာလဲ အိမ်ထောင်ဘက်ကို ကြောက်နေရလို့လား။ အစ်ကို ဘယ်လိုများ ဆုံးမထားလဲ။ ဒီကောင်ကြီး အပိုးကျိုးနေပါရောလား။"

ကိုပြည့်က တမင်ပင် နောက်သလိုဖြင့် အတည်ပြောလိုက်ပါသည်။ သူ၏ မျက်လုံးတို့က သျှားအိမ်အား အနိုင်ရလိုစိတ်တို့ဖြင့် တလဲ့လဲ့တောက်ပနေသည်။

"ဟင့်အင်း.... မဆုံးမရပါဘူးဗျာ။ ဆုံးမဖို့နေနေသာသာ ကျွန်တော်ကတောင် သူ့ကို ပြန်ပြီးလေးစားနေရတာပါ။"

သျှန်နောင်က သျှားအိမ်၏ လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ကိုင်ပြီး ရယ်သလို မောသလိုဖြင့် ပြောလိုက်ပါသည်။ သို့သော် ထိုသမင်မျက်လုံးများကတော့ ရယ်မောခြင်းတို့ ကင်းမဲ့၍ နေသည်။

"တွေ့တယ်နော်"

သျှားအိမ်ကတော့ ဘုန်းပြည့်စုံ၏ တိုက်ခိုက်မှုကို မသိဟန်ပြုကာ တမင်ရင်ကော့၍ ပြောလိုက်သည်။ တဖက်လူ၏ မဲမှောင်နေသော မျက်နှာကိုကြည့် ရင်ထဲတွင် ဟားတိုက်နေလိုက်သည်။

"ကဲ... မောင်သွားမယ်ဆို ကားယူသွားလေ။ ကိုနဲ့ ဒိုဒိုကို အိမ်မှာ ချပေးခဲ့။"

"မောင် ရေချိုးရဦးမယ်လေ။"

"ကဲ... ဒါဆိုလည်း မြန်မြန်သွားတော့။ ငါ ဗိုက်ဆာလှပြီ"

ဖိုးပြည့်မှာ ဗိုက်ဆာသဖြင့် ဝင်၍ ဆော်သြလိုက်ရသည်။

"အေးပါကွာ။ တကယ်တည်း.... လာ... သွားစို့ Baby"

"သွားလိုက်ပါဦးမယ် ခင်ဗျာ့"

သျှန်နောင်လည်း ဘုန်းပြည့်စုံကို လူမှုရေးအရ နှုတ်ဆက်ကာ သျှားအိမ်နှင့် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်သည်နှင့် သျှားအိမ်မှာ တက်သုတ်ရိုက်ကာ ရေမိုးချိုးပြီးလျှင် ဗီရိုထဲမှ တီရှပ်ကြက်သွေးရောင်နှင့် နက်ပြာ Jean pants တစ်ထည်ကို ထုတ်ယူကာ ကပြာကယာ အဝတ်အစားဝတ်လိုက်သည်။ ပြီးလျှင် အခန်းထဲရှိ ဆိုဖာတွင် ထိုင်ကာ သူ့အား ပြုံးမြမြနှင့် ကြည့်နေသော ချစ်သူအား အနမ်းနှင့် နှုတ်ဆက်လိုက်သည်။

"မောင် ဒီနေ့ သောက်မယ်နော်။"

သျှန်နောင်မှာ သူ့အား ခွင့်တိုင်နေသော ချစ်သူ၏ မျက်နှာကို မြတ်နိုးစွာကြည့်ပြီး ခေါင်းညိတ်ပြလိုက်ပါသည်။

"အင်း... ကားသာ ဂရုစိုက် မောင်း။ ကားမမောင်းနိုင်ရင် ကို့ကိုသာ ခေါ်လိုက်။ ကို စောင့်နေမယ်။"

"မစောင့်နဲ့။ အိပ်တော့။ ကိုပြည့်ဆိုတာ ငပွေး။ ဘီယာဆိုင်တခုတည်းနဲ့ ပြီးမှာ မဟုတ်ဘူး။ ပြီးရင် ဟိုကလပ်သွားမယ် ဒီကလပ်သွားမယ် လုပ်ဦးမှာ"

"ဪ..."

"ဒါပေမယ့် မောင်က လိုက်ပေးရုံပါ။ စိတ်ချ။ ဘာဇယားမှ မငြိစေရဘူး။"

သျှားအိမ်က ချစ်သူခင်ပွန်းဖြစ်သူ စိတ်ကွက်မည်ကို မလိုလားသည့် အားလျော်စွာ အာမခံချက်ပေးလိုက်ပါသည်။

"အင်းပါ... အရမ်းကြီးတွေ ဖြေရှင်းမနေပါနဲ့။ တော်ကြာ ဒီလူက ခင်ဗျားလေး မလုံလို့ ထင်သွားဦးမယ်။"

သျှန်နောင်က သူထိုင်နေသော ဆိုဖာကျောမှီကို လက်ထောက်ကာ ရပ်နေသော သျှားအိမ်အား လက်ညိုးလေးကိုကွေးကာ အနီးသို့ ခေါ်လိုက်သည်။ သျှားအိမ်က အလိုက်သတိဖြင့် ကိုယ်ကို ညွှတ်ကာ မျက်နှာကို သျှန်နောင်၏ မျက်နှာနားသို့ ကပ်ပေးလိုက်လျှင် သျှန်နောင်က ထိုလေးကိုင်းသဏ္ဌာန် နှုတ်ခမ်းလေးကို တရှိုက်မက်မက် ငုံထွေးကာ နမ်းရှိုက်လိုက်ပါသည်။ နှစ်ဦးသား အတန်ကြာအောင် နမ်းရှိုက်ပြီးသောအခါ...

"ကဲ... မောင် သွားမယ်နော်။ ချစ်တယ် ချစ်သူ"

သျှားအိမ်က သျှန်နောင်၏ နဖူးကို ခပ်ဖွဖွလေး နမ်းရှိုက်ပြီး နှုတ်ဆက်လိုက်သည်။

"ချစ်တယ် မောင်"

သျှန်နောင်က အပြုံးတစ်ခုနှင့်နှုတ်ဆက်လိုက်ပြီး အခန်းထဲမှ ခပ်သုတ်သုတ် ပြေးထွက်သွားသော ချစ်သူအား လက်ပြနှုတ်ဆက်ကာ ထိုင်ရာမှ ထလိုက်သည်။ သူလည်း ရေချိုးရဦးမည်။ ဒီညအဖို့ ဒိုဒိုနှင့်သာ ထမင်းစားရတော့မည်။ ပြီးလျှင် ဘာမှ လုပ်စရာမရှိသည့် အတူတူတော့ ကလပ်သွားဦးမှပါ။ ဟိုတနေ့က တူဖြစ်သူ မိုင်းမိုင်က Barကို ထပ်ချဲ့ကာ Bar Tender အသစ်ခန့်ထားသည်ပြောသည်။ အခြေအနေ သွားကြည့်ဦးမှ။

------------

သျှားအိမ်မှာ ကားကို မြန်နိုင်သမျှ မြန်အောင် မောင်းကာ ကန်ဘောင်ဘက်ဆီမှ ဆိုင်သို့ ထွက်လာခဲ့သည်။ ဆိုင်ရောက်တော့ ဟိုနှစ်ကောင်က စားနှင့်နေပြီဖြစ်သည်။

"ဖေ့သားတွေ... မင်းတို့ ဘယ်ဘဝတည်းက ငတ်နေလို့လဲ။ ငါ့ကိုတောင် မစောင့်နိုင်တာ"

"မင်းကလည်းကွာ... ကြာလိုက်တာ။ ငါ့မှာ အူလိမ်ပြီး သေတော့မလို့။"

ကိုသိုက်ကတော့ ပါးစပ်ပလုတ်ပလောင်းဖြင့် ပြန်ပြောရှာသည်။ ဖိုးပြည့်ကတော့ လက်ကိုသာ ဝေ့ယမ်းပြသာ။ မင်းဟာမင်း ဘာပြောပြောဆိုသည့် သဘော။

သျှားအိမ်လည်း စားပွဲထိုးလေးအား လှမ်းခေါ်ကာ ငါးပုပ်ခြောက်ထမင်းကြော်၊ ကန်စွန်းပလိန်းတစ်ပွဲနှင့်အတူ ဘီယာတစ်ခွက်မှာလိုက်သည်။ သူမှာထားသည်များ လာချတော့ ဟိုနှစ်ကောင်မှာ စားပြီးလို့ ဘီယာစုပ်ရင်း အာထုနေပြီဖြစ်သည်။

"သားကြီး.... မင်းရဲ့ ဟိုက အတွေ့အကြုံလေးတွေ ပြောပါဦး။"

"ဒီလိုပါပဲ။ ဘွဲ့မရခင် ကျောင်းတက်၊ part time အလုပ်လုပ်၊ ပိုက်ဆံရှာပေါ့၊ စာမေးပွဲဖြေပေါ့။ ဘွဲ့ရပြီးတော့ အလုပ်လုပ်၊ ပိုက်ဆံပိုရှာပေါ့။ တနေ့တနေ့ အိမ်နဲ့အလုပ်နဲ့ပဲ အချိန်ကုန်ပေါ့။"

ဖိုးပြည့်က ကိုသိုက်၏ အမေးကို စိတ်မပါလက်မပါဖြင့် ဖြေကြားလိုက်ပါသည်။

"မင်းဟာကြီးကလည်း မနိပ်သေးပါဘူး။ ကဲဖို့ အချိန်မရှိတော့ဘူးလား။"

"ရှိတော့ ရှိပါတယ်ကွာ။ ဒါပေမယ့် ငါနဲ့ သဘောတူထားတဲ့ ကောင်မလေးရှိနေတော့ ဣန္ဒြေလေးသိက္ခာလေး ဆည်ရသေးတာပေါ့။"

"လဒ! အကောင်းမှတ်လို့ နားထောင်နေတာ"

ပြောနေရင်းဖြင့် ဖောက်လာသော ဖိုးပြည့်ကြောင့် ကိုသိုက်မှာ လက်မောင်းကို ခပ်ဖွဖွထိုးလိုက်မိတော့သည်။

"ဟ... အကောင်းပြောတာ။ ငါ့မယ်တော်က ငါ့ကို အဲ့ဒီကောင်မလေးနဲ့ ဆွဲစေ့ဖို့ကြံနေတာ။ ငါက အချိန်ဆွဲထားလို့။ ရုတ်ရုတ်၊ ရုတ်ရုတ်လုပ်ရင် no excuse...။ တခါတည်း ပေးစားလိုက်မှာတဲ့။"

"အဲ့ဒီတော့ ဘာဖြစ်လဲ ယူလိုက်ပေါ့။"

"ဟာ... မယူချင်ပါဘူး။ အဲ့ဒီလို ကလေးသာသာတွေကို မကြိုက်ပါဘူး။ တစ်နေ့တစ်နေ့ ကလေးလိုလို ခွေးလိုလိုနဲ့။ ဖုန်းမဆက်ရင် စိတ်ကောက်ရတာနဲ့ ဘာနဲ့။ ဘာမှန်းကို မသိဘူး။"

"မင်း သူ့ကို မကြိုက်ရင်လည်း မင်းမားသားကြီးကို ပြောပြီး ငြင်းလိုက်ပေါ့။"

"မင်းကလည်း မားသားကြီးအကြောင်း သိသားနဲ့။ ဘူးဆို ဖရုံမသီးဘူး။"

"ဒါပေမယ့်လည်း ဒါက မင်းဘဝလေကွာ။"

"အေးပါ ငါသိပါတယ်။ ဒါပေမယ့် ငါက မားသားကြီးကို စိတ်ချမ်းသာစေချင်တယ်လေကွာ။ မိဘဆိုတာ ကိုယ့်ကျေးဇူးရှင်ကွ။ မင်းမကြားဖူးဘူးလား။ မိဘစကား မြေဝယ်မကျ နားထောင်တဲ့ သားသမီးက ဘယ်တော့မှ မဆင်းရဲဘူးတဲ့။"

"အေးပါကွာ။ မှတ်ထားပါ့မယ်။ နောက်ပြီး စောင့်လည်း ကြည့်နေပါ့မယ်။"

ကိုသိုက်က မေမေ့သား ဖိုးပြည့်နှင့် ပြိုင်မငြင်းလိုသဖြင့် ထိုမျှသာ ပြောလိုက်သည်။ ဖိုးပြည့်၏ မိခင်ဆိုသည်မှာ မိဘကျေးဇူးကို တွင်တွင်ပြောပြီး သားဖြစ်သူ၏ ဘဝကို စိတ်တိုင်းချ ချယ်လှယ်တတ်သူဖြစ်သည်။ သူအနေနှင့် ပြောရမည်ဆိုလျှင် မိဘကျေးဇူးကို မမေ့သင့်သည်မှန်သော်လည်း ထိုကျေးဇူးဆိုတာကြီးကြောင့် မိမိဘဝကို ထိုမျှအထိ စိတ်ကြိုက်ချယ်လှယ်ခွင့်ပေးတာကိုတော့ လက်ခံ၍မရပါ။ သို့သော် ကိုယ့်ခံယူချက်နှင့် ကိုယ်သာဖြစ်၍ ပြောမနေတော့။

"ဒါနဲ့ မင်းရဲ့ ရွေးချယ်မှုကို မင်းဖားသားကြီးက မကန့်ကွက်ဘူးလား။"

ဖိုးပြည့်က ထမင်းစားနေသော သျှားအိမ်အား မေးလိုက်သည်။

"ဘယ်နေမလဲ။ ငါ့အိမ်အထိလာပြီး ငါနဲ့ ငါ့ချစ်သူကို သဘောမတူဘူးပြောတယ်လေ။"

"ဒီတော့ မင်းတို့ သူ့ကို ဘယ်လိုနားချလိုက်သလဲ။"

"ဟင့်အင်း မချပါဘူး။"

"အင်... အဲ့ဒီတော့...???"

ဖိုးပြည့်မှာ မျက်စိလည်သွားဟန်ရှိသည်။

"အဲ့ဒီတော့ ငါ့ကို သားအဖြစ်က စွန့်လွှတ်သွားတယ်လေ။"

သျှားအိမ်က ငါးပုပ်ခြောက်ဖတ်ကို စိမ်ပြေနပြေဝါးရင်းပြောလိုက်သည်။ ဖိုးပြည့်ခမျာ ခဏမျှ ကြောင်ကြည့်နေသည်။ သျှားအိမ် မနောက်တာသေချာမှ...

"မင်းက ပြေလည်အောင် လိုက်မတောင်းပန်ဘူးလား။"

"ဟင့်အင်း... မတောင်းပန်ပါဘူး။ ဘာကိစ္စတောင်းပန်ရမှာလည်း။ ငါ ချစ်တဲ့လူကို ငါရွေးချယ်တာ အဇာတသတ်ဇာတ်ခင်းနေတာမှ မဟုတ်တာ။"

"မင်းကလည်းကွာ စိတ်ချည်းပဲ။ သူက ကောင်းစေချင်တဲ့ စေတနာကြောင့် ဖြစ်မှာပေါ့။"

သျှားအိမ် စားလက်စ ဇွန်းကိုချကာ ဖိုးပြည့်ကို တည့်တည့်ကြည့်လိုက်သည်။ ဒီကောင် ဘယ်လိုတွေတွေးနေတာလဲမသိ။

"ကောင်းစေချင်တဲ့ စေတနာ? ဟုတ်လား? ကောင်းစေချင်တဲ့ စေတနာလို့ ပြောရအောင် ငါက ဘာတွေ မကောင်းတာ လုပ်နေလို့လဲ။ ငါက သူများ ပစ္စည်းကို မတရားသဖြင့် ခိုးနေလို့လား။ သူများ သားမယားပစ်မှားနေလို့လား။ သူ့အသက်သတ်နေလို့လား။ သေရက်သေစာကို အဆင်ခြင်မဲ့ သောက်သုံးနေလို့လား။ သူတပါးကို လိမ်လည်လှည့်ဖျားနေလို့လား။"

ဖိုးပြည့်မှာ ပါးစပ်ပိတ်နေရသည်။ ကိုသိုက်ကတော့ သျှားအိမ်၏ အနာကို ပိုသိသူပီပီဘာမျှဝင် မပြော။

"နောက်ပြီးတော့ မိဘမေတ္တာဆိုတာ... ဒီနေရာမှာ ဖခင်မေတ္တာပေါ့ကွာ... အေး... အဲ့ဒီ မေတ္တာဆိုတာ အကြွင်းမဲ့ရိုးမှန်ရင် ငါချစ်တဲ့လူက ယောက်ျားတစ်ယောက်ဖြစ်နေတာနဲ့ပဲ ငါကို ကပ်ဆိုးကျလာသလိုမျိုး စွန့်ပယ်ဖို့လိုလို့လား။"

"ငသျှားရာ မင်းလေ ငရဲကြီးတော့မှာပဲ။"

ဘုန်းပြည့်စုံက သျှားအိမ်၏ ခါးခါးသီးသီးဖြစ်နေပုံကို ကြည့်ကာ သတိပေးလိုက်ပါသည်။

"ဟေ့ကောင်... ငါပြောတဲ့ အထဲမှာ မှားတာ တလုံးမှ မပါဘူး။ မှန်တာပြောလို့သာ ငရဲကြီးမယ်ဆိုရင် ကြီးပါလေ့စေ။ ဂရုကိုမစိုက်ဘူး။"

မိဘဆိုသော ဂုဏ်အင်သည် ကြီးကျယ်ခမ်းနားမှန်း သူသိပါသည်။ သို့သော် ထိုဂုဏ်အင်ကြောင့် မိဘဟူသည် အမြဲမှန်သည်ဆိုတာတော့ သူ လက်မခံနိုင်ပါ။ အနည်းဆုံးတော့ သူနှင့် သူ့ချစ်သူအတွက်တော့ လူတွေပြောပြောနေသော ဖခင်မေတ္တာဘွဲ့တွေက မမှန်ကန်ခဲ့ပါပေ။

ဘုန်းပြည့်စုံလည်း ပြောလေဆိုးလေဖြစ်နေသော သျှားအိမ်အားဆက်မပြောတော့။ ကိုသိုက်နှင့်သာ အဖွဲ့ကျနေသည်။

"ဒါနဲ့ ကိုစိုင်းက ဘယ်လိုဖြစ်တာလဲ။"

"ဘာဖြစ်ရမလဲကွာ။ ခြံခုန်တာလေကွာ။ အဲဒီ့မိန်းမက အစက သူ့ဇနီးလောင်းရဲ့ သူငယ်ချင်း။ နောက်ပြီး မင်းသမီးပေါက်စ။ သိတယ်မဟုတ်လား။ ငစိုင်းကလည်း မျိုးရိုးအစဉ်ဆက် ချမ်းသာလာတာဆိုတော့ sponsor ကိစ္စတွေပဲဖြစ်မှာပေါ့။ နောက်တော့ နှစ်ယောက်ငြိသွားရော။ ငါလည်း ဖြောင့်ဖျတယ်။ မရဘူး။ သူ့ဇနီးလောင်းကို ထားခဲ့ပြီး အဲ့ဒီမိန်းမနောက် ကောက်ကောက်ပါသွားတော့တာပဲ။ လက်ထပ်ပြီး သိပ်မကြာပါဘူး။ ဟိုမိန်းမက နောက်တစ်ယောက်နဲ့ တွဲတယ်ဆိုလားပဲ။ အဲ့ဒီ့တစ်ယောက်ကလည်း မယားကြီးငုတ်တုပ်တဲ့။ နောက်ဆုံးတော့ ပြန်အမ်းပြီး ကွာလိုက်တယ်ပဲ ပြောပါတော့။ ငါနဲ့ ယုယနဲ့ မင်္ဂလာမဆောင်ခင်လေးတင် ကွာလိုက်တာ။ အဲ့ဒါလည်းပြီးရော အရက်သမားလုပ်နေတယ်လေ။ ဟိုမိန်းမတော့ နောက်ယောက်ျားနဲ့ ပျော်နေတာများ တိုင်းသိပြည်သိ။"

ကိုသိုက်က ဖိုးပြည့်၏ အမေးကို ခရေစေ့တွင်းကျရှင်းပြနေသည်။ သျှားအိမ်က စားနေသည်ကို လက်စသတ်ပြီး ဘီယာခွက် ကောက်ကိုင်တုန်းရှိသေးသည်......

"ဟေ့ကောင်တွေ ကလပ်သွားရအောင်။"

"ဟေ့ကောင်... မင်းပြောတုန်းက ဒီဆိုင်ပဲဆို။"

ကိုသိုက်က ပြောလိုက်လျှင်...

"မပြောပါဘူး။"

"သောက်နေကျဆိုင် သွားရအောင်လို့ ပြောတယ်လေ။"

ကိုသိုက်ကထောက်ပြလျှင် ဖိုးပြည့်က ဟက်ခနဲရယ်ကာ....

"ဟကောင်ရ... ငါသောက်နေကျဆိုင်ဆိုတာမှာ Night terror လည်းပါတယ်လေ။"

"Night Terror က ပိတ်သွားပြီ။ အခုအဲ့ဒီနေရာမှာ ငသျှားရဲ့ မုန့်ဆိုင်ဖွင့်ထားတယ်။"

ဖိုးပြည့်က မယုံနိုင်ဟန်ဖြင့် သျှားအိမ်အားကြည့်လျှင် သျှားအိမ်က ခပ်အေးအေးပင် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုလည်း တခြားကလပ်တခုခု သွားမယ်ကွာ။ ငါ မင်းတို့နဲ့ ကလပ်မသွားရတာ ကြာပြီ။"

"မင်းကလည်း စောစောကပြောတာ မဟုတ်ဘူး။"

ကိုသိုက်မှာ ပွစိပွစိလုပ်သော်လည်း ယုယအား ဖုန်းခေါ်လိုက်သည်။

"အစောက မပြောလည်းအခုပြောတယ်ကွာ။ တကယ်ပါပဲ... မိန်းမရသွားတာနဲ့ ေ-ာက်ချိုးတွေ ပြောင်းသွားတာ မြင်မကောင်းဘူး။ နောက်ကို အိမ်မပိုင်ရင် လိုက်မလာနဲ့ကွာ။"

ဖိုးပြည့်က လုံးဝမလျော့။ ကိုသိုက်နှင့် အပြိုင်ပွစိထိုးနေသည်။ ကိုသိုက်က ယုယအား ကလပ်သွားမည့်အကြောင်းပြောနေရာမှ...

"ဟေ့ကောင်တွေ ဘယ်ကလပ်သွားမလဲ။"

ဖိုးပြည့်က မသိသဖြင့် မဖြေ။ ဤတွင် သျှားအိမ်က...

"Club Pixil ပဲသွားရအောင်ကွာ"

Club Pixil ဆိုသည်မှာ သျှန်နောင်၏ အပိုင်ဖြစ်ပြီး လက်ရှိတွင် မိုင်းမိုင်က အုပ်ချုပ်နေသည်ဖြစ်ရာ ယုယအနေနှင့်လည်း စိတ်မချစရာမရှိ။

"အေး... အေး... "

ကိုသိုက်က ယုယအား club Pixil တွင် ရှိမည့်အကြောင်းပြောကာ ဖုန်းချလိုက်သည်။ ထို့နောက် ဖိုးပြည့်ဘက်လှည့်ကာ...

"ဖေ့သားကြီး ဖိုးပြည့်ရေ... မင်းအဖေကလေ အိမ်မပိုင်တာ မဟုတ်ဘူး။ ကိုယ့်လက်တွဲဖော်ကိုယ် လေးစားတာကွ။ အချိန်တန်လို့ ပြန်မလာရင် ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားက ကိုယ်အတွက် ဘယ်လောက်ပူရသလဲ။ နောက်ပြီး တခုခု အရေးနဲ့အကြောင်းဆို ကိုယ့်ကို လိုက်ရှာမှာ ကိုယ့်မိဘနဲ့ ကိုယ့်အိမ်ထောင်ဘက်ပဲရှိတယ်။ ဒီတော့ ကိုယ်ဘယ်မှာရှိတယ်ဆိုတာ သူသိနေဖို့လိုတယ်။"

"ဒါဆို ငသျှား... မင်းက အစ်ကို့ကို မလေးမစားတွေ လုပ်နေတာပေါ့။ နည်းနည်းမှ ဖုန်းဆက်ဖို့တောင် စိတ်မကူးဘူး။"

ဖိုးပြည့်က သျှားအိမ်ဘက်လှည့်ကာ ခွပ်လိုက်ပြန်သည်။ သျှားအိမ်က ခပ်အေးအေးပင်...

"ငါက မင်းအကြောင်းသိလို့ ငါ့Baby ကို အစောကြီးကတည်းက ပြောပြီးသား။ သောက်မယ်၊ စားမယ်၊ လျှောက်သွားမယ်လို့။ သူက ပြန်ပြောတယ် "မူးလို့ ကားမမောင်းနိုင်ရင် ပြော။ လာခေါ်မယ်"တဲ့။"

ဖိုးပြည့်က သူ့အား ကြည့်မရသလို တစ်ချက်ကြည့်လိုက်ပြီး...

"မင်း ကလပ်ရောက်ရင် ကဲတာတွေ သူမသိဘူးလား။"

"ငါ ဘယ်လောက်ပွေလဲဆိုတာပါ သူ သိတယ်။ အေး... ငါ သူ့အပေါ် သစ္စာထားတာလည်း သူသိတယ်။"

ဖိုးပြည့်က ဆက်မပြောတော့။ စိတ်ထဲကတော့ ကြည့်ကြသေးတာပေါ့ဟုသာ ကြိမ်းဝါးနေလိုက်သည်။

သို့နှင့် သုံးဦးသား ကလပ်ရောက်လျှင် အထဲဝင်ရန် တန်းစီရသေးသည်။ စနေမို့ပဲဖြစ်လိမ့်မည်ထင်သည်။ မဟုတ်လျှင် ထိုမျှ လူတန်းမရှည်။ သျှားအိမ်နှင့် ကိုသိုက်မှာ ပျင်းရိပျင်းတွဲဖြင့် ရပ်နေသော်လည်း ဖိုးပြည့်အတွက်ကတော့ သူတို့ရှေ့ရှိ မချောလေးယောက်နှင့် အဖွဲ့ကျနေသည်။

"ကိုက အခုမှ မြန်မာပြည်ပြန်ရောက်လာတာဆိုတော့ မြန်မာပြည်က အလှအပလေးတွေနဲ့ ဝေးနေတာကြာပြီလေ။"

ဖိုးပြည့်က ပြောနေရင်းနှင့်မှ ထိုအထဲမှ အချောဆုံးမိန်းကလေးအား ဟန်ပါပါဖြင့် ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောလိုက်သည်။

"ခစ်.. ခစ်... အစ်ကိုက သိပ်စကားတတ်တာပဲ။ ဒါပေမယ့် အစ်ကို့ သူငယ်ချင်းတွေကတော့ အစ်ကိုတို့နဲ့များ တခြားဆီ စကားလည်းမပြောဘူး။"

သူမလေးက သျှားအိမ်ကို မခို့တရို့ကြည့်ကာ ပြောလိုက်သည်။

"အာ... သူတို့တွေက အမိလေးရဲ့အလှကို ရှိန်နေတာ။ လာ မိတ်ဆက်ပေးမယ်။"

ဖိုးပြည့်ကာ လက်ရဲဇက်ရဲပင် ကောင်မလေး၏ ခါးကိုဆွဲကာ သျှားအိမ်ရှေ့သို့ တိုးပေးလိုက်သည်။

"ဒါက ကိုသိုက်တဲ့။ သူကတော့ သျှားအိမ်တဲ့။"

"ဟုတ်... တွေ့ရတာ ဝမ်းသာပါတယ်။ ညီမက ဆိုဖီပါ"

ဆိုဖီက သျှားအိမ်ကိုရွှန်းရွှန်းစားစားကြည့်၍ အပြုံးချိုချိုတခုဖြင့် ပြောလိုက်သည်။ နာမည်ကြီး Brand များ မဝတ်ပါဘဲနှင့်ပင် ချောမောသန့်ပြန့်ကာ အထက်တန်းကျလှသော သျှားအိမ်အား သူမလို ရေလျှံသည် ဘဲများကို ပစ်မှတ်ထားသော မိန်းကလေးများက စိတ်ဝင်စားခြင်းမှာ မဆန်းလှ။

"ဟုတ်ကဲ့။"

သျှားအိမ်က သူမအား လူမှုရေးအရ နှုတ်ဆက်လိုက်ပါသည်။ ဖိုးပြည့်ကတော့ သူငယ်ချင်းဖြစ်သူအား မျက်ခုံးပင့်ကာ ကြည့်လိုက်မိတော့သည်။ ထုံးစံဆိုလျှင် သျှားအိမ်မှာ ဒီလိုအထာပေးသော မိန်းကလေးများနှင့် တွေ့လျှင် ချက်ချင်းပင် ရင်းနှီးမှုယူတတ်သော်လည်း ယခုတော့ ဖုတ်လေသည့်ငါးပိရှိသည်ဟုပင် မထင်သော အချိုးမျိုးနှင့်။ ဒီကောင် တကယ်ကြီး အချစ်စစ်နဲ့ တွေ့သွားတာများလား။ ဖိုးပြည့်မှာ သူ့အတွေးနှင့်သူ ဘဝင်မကျသလို ခံစားရသည်။ တချိန်တည်းမှာပင် မနာလိုမှုတို့က ရင်ထဲ လှိုက်ကာတက်လာတော့သည်။

"ဟာ... ကိုသျှားအိမ် ဒီဘာလာလုပ်နေတာလဲ။"

နဘေးမှ ပေါ်ထွက်လာသော ခပ်ရှရှ ယောက်ျားသံကြောင့် သူတို့အားလုံး လှည့်ကြည့်လိုက်သည်။ skin fit ရှပ်အင်္ကျီလက်ရှည်နှင့် ခဲရောင် slim fit style pants ကို ဝတ်ဆင်ထားပြီး အနက်ရောင် သားရေရှုးဖိနပ်ကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် အမျိုးသားငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်မှာ သျှန်နောင်နှင့် ရုပ်ရည်ချင်း ဆင်တူသော်လည်း ဤလူငယ်၏ မျက်နှာကျမှာ ပိုသွယ်ကာ အေးစက်စက်နိုင်လှသည်။ သို့သော် ထိုအေးစက်စက်အသွင်သဏ္ဌာန်ကပင် ထိုလူငယ်အား တမျိုးလေး ဆွဲဆောင်မှုရှိစေသည်။

"အေး... ငါ့ သူငယ်ချင်းတွေနဲ့ night out ထွက်လာတာ။"

ထိုလူငယ်က သျှားအိမ်တို့ အားလုံးကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်ပြီး...

"လာ... ကျွန်တော်နဲ့ လိုက်ခဲ့။"

"ကျေးဇူးပဲကွာ"

သျှားအိမ်က ပြောပြောဆိုဆို တန်းစီရန်တားထားသော ကြိုးအောက်မှ လျိုထွက်ကာ လူငယ်နောက်သို့ လိုက်သွားလျှင် သူ့နည်းတူ ကိုသိုက်နှင့် ဖိုးပြည့်သာမက သူတို့ရှေ့မှ မိန်းကလေးတစ်စုကပါ သျှားအိမ်နောက်သို့ လိုက်လာသည်။ ထိုလူငယ်က ကလပ်၏ အဝင်တံခါးသို့ ဦးဆောင်ခေါ်သွားပြီး တံခါးမှုးများအား...

"ဒါ ငါ့ ဧည့်သည်တွေ" ဟုဆိုလျှင် ထိုလူများက ခေါင်းညိတ်ပြကာ တရိုတသေပင် တံခါးဖွင့်ပေးရှာသည်။ သျှားအိမ်နှင့် ကိုသိုက်မှာ ဘာမှထွေထွေထူးထူး မခံစားမိသော်ငြား။ ဖိုးပြည့်နှင့် မိန်းကလေးတစ်သိုက်ကတော့ အထူးအဆန်းဖြစ်၍ နေသည်။ ဆိုဖီဆိုသည့် မိန်းကလေးကတော့ သျှားအိမ်အား အထင်တကြီးဖြင့်ကို ကြည့်နေတော့သည်။

"ကဲ... ဝင်ကြေးနဲ့ ကျန်တာကတော့ ကိုယ်အစီအစဉ်နဲ့ ကိုယ်ပဲ။ ကျွန်တော် လုပ်စရာလေးတွေရှိလို့။"

ထိုလူငယ်က သျှားအိမ်အား မှာကြားကာ ထွက်သွားတော့သည်။ သျှားအိမ်လည်း Register counterတွင် ကိုယ့်ဟာကိုယ် ဝင်ကြေးသွင်းလိုက်သည်။ ပြီးလျှင် ဖိုးပြည့်က KTV ပါသော Private session room ငှားရမ်းသဖြင့် သူတို့အားလုံးအပြင် မချောတသိုက်ပါ အခန်းထဲသို့ ဝင်ခဲ့တော့သည်။

အခန်းက အတော်အတန်ကျယ်ဝန်ပြီး နံရံများကို အနီနှင့် အနက်ရောင် သုတ်ထားသည်။ အခန်းဝင်ဝင်ချင်း ညာဘက်တွင် နံရံကပ်တီဗီနှင့် ကာရာအိုကေစက်ရှိပြီး တံခါးနှင့်တည့်တည့်၍ ထိုင်စရာနေရာ ဧည့်ခန်းလေးကို ပြင်ပေးထားသည်။ ပရိဘောဂအနေဖြင့် စားပွဲခုံနှစ်လုံးနှင့် ဆိုဖာရှည်ကြီး နှစ်ခုကို ဆက်ပေးထားသည့်အပြင် ခြေတင်သော ခုံငယ်လေး လေးလုံးခန့်ပါရှိသည်။

အခန်းထဲရောက်တော့ ထုံးစံအတိုင်း မချောလေးတွေက ဟိုမှာဒီမှာ ဖိုးပြည့်ကလည်း ကောင်းပေ့ဆိုသည့်အရက်ကိုမှာသည်။ ကိုသိုက်နှင့် သျှားအိမ်ကတော့ ထုံးစံအတိုင်း ဘီယာလေး တစ်လုံးစီနှင့် အာလူးကြော်သာမှာသည်။

"ဟေ့ကောင်တွေ မင်းတို့ကလည်း ကောင်မလေးတွေ ရှေ့မှာ ဂွမ်းလိုက်တာကွာ။"

ဖိုးပြည့်က လာကပ်ကာ သတိပေးလိုက်သေးသည်။

"ဟေ့... သူ့အိုးနဲ့ သူ့ဆန်တန်ရုံတဲ့။ ငါက ဘီယာဖိုးပဲတတ်နိုင်တယ်။ ငါ့မိန်းမကိုလည်း ဘီယာပဲသောက်မှာလို့ ပြောခဲ့တယ်။"

ကိုသိုက်က မယုတ်မလွန်ပင် ပြန်ပြောကာ ဘီယာကိုသာ မြုံ့နေသည်။ ရေတောင် ဈေးကြီးပေးရသည့်နေရာတွင် အရက်မှာပြီး ကောင်မလေးတွေ အထင်ကြီးအောင် လုပ်ပြမနေနိုင်ပါ။ သူတို့ အထင်ကြီးတော့ကော ဘာလုပ်ရမှာလဲ။ ဇနီးဖြစ်သူ ယုယ၏ အပြုံးတစ်ချက်လောက်တောင် အရေးမပါတာတွေများ။

"ငသျှားကကော ဘယ်တုန်းက ဘီယာသမားဖြစ်သွားတာတုန်း။ မင်းတို့ မတတ်နိုင်ရင် ငါတိုက်ပါ့မယ်ကွာ။"

"ငါလား? ယောက်ျားရသွားကတည်းက။"

သျှားအိမ်က ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်ပါသည်။ ဟုတ်တယ်လေ။ သူ့ချစ်သူက အရက်နံ့မှ မခံနိုင်တာ။ သို့သော် မချောတစ်သိုက်ကတော့ သူ ရယ်စရာပြောနေသည် အမှတ်ဖြင့် ခိုးခိုးခစ်ခစ် ရယ်မောနေသည်။

"ဒီက အစ်ကိုက ရုပ်တည်ကြီးနဲ့ ရယ်စရာပြောတတ်တာပဲ။"

ဆိုဖီက ရယ်လားမောလားဖြင့် ပြောရင်း သျှားအိမ်နှင့် ဖိုးပြည့်ကြားသို့ ဝင်ထိုင်လိုက်သည်။ သျှားအိမ်က ကိုသိုက်ဘက်သို့ တိုးကာ လူချင်းခွါလိုက်သည်။ သို့သော် ကိုသိုက်မှာလည်း ဘေးသို့ တိုး၍ မရတော့သည်ဖြစ်ရာ သျှားအိမ်မှာ သူမနှင့် အရမ်းတော့ လူချင်းကွာမသွားပေ။

"ကဲ... ကိုယ်တို့တတွေ သီချင်းဆိုကြမလား။"

"ရေး... ဆိုမယ်။ ဆိုမယ်။"

ဖိုးပြည့်က အကြံပြုလိုက်သည်တွင် မိန်းကလေးတစ်သိုက်မှာ သူထက်ငါဦးအောင် သီချင်းကို list ထဲထည့်ကြတော့သည်။ ထိုအထဲတွင် ဆိုဖီတော့မပါ။ သူမက ဖိုးပြည့်ကိုသာ သူမကြိုက်သော သီချင်းများထည့်ပေးရန်ပြောပြီး ထိုင်မြဲအတိုင်း ထိုင်နေသည်။ သျှားအိမ်နှင့် ကိုသိုက်ကတော့ မလှုပ်ရေးချာမလှုပ်။ အထူးသဖြင့် ထိုခပ်ရှုပ်ရှုပ်မိန်းကလေးများနှင့် မပတ်သက်လို၍ ဖြစ်သည်။

ပထမဆုံးသီချင်းစလာလျှင် ဖိုးပြည့်က သံစဉ်ဟူသော မိန်းကလေးနှင့် စုံတွဲသီချင်းဆိုသည်။ ဖိုးပြည့်က အသံမဆိုးသော်လည်း ထိုမိန်းကလေးကတော့ "သံကြောင်"ဟူ၍ နာမည်ပြောင်းလိုက်ဖို့သင့်သည်ဟုပင် သျှားအိမ်ရော ကိုသိုက်ပါ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ပြီးတော့ ဆိုဖီ၏ အလှည့်။

သူမက ထိုင်ရာမှ ထကာ သီချင်းသံစဉ်အတိုင်း ကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားရင်း သီဆိုနေသည်။ သူမကတော့ အသံတော်တော်ကောင်းသည်။ သျှားအိမ် စိတ်ထဲမှ သူမ၏ အသံကောင်းမွန်မှုအတွက် အမှတ်ပေးလိုက်ပါသည်။ သူမ သီဆိုပြီးသွားတော့ လမင်းဆိုသော ကလေးမလေးအလှည့်။ သူမလေးက ခပ်ဆွေးဆွေး မြန်မာ သီချင်းတစ်ပုဒ်ကို ဖီးအပြည့်နှင့် ဆိုနေသည်။

ဆိုဖီက သျှားအိမ်၏ နဘေးတွင် ဝင်ထိုင်ကာ...

"ဆိုဖီဆိုတာ ကောင်းလားဟင်။"

"အင်း... ကောင်းတယ်။"

သျှားအိမ်က ထိုမျှသာပြောပြီး လက်ကျန် ဘီယာ ဗူးကို ကောက်မော့လိုက်ပြန်သည်။ ထို့နောက် ကုန်သွားသော ဗူးကို ပြန်ချလိုက်လျှင် ဆိုဖီက ဗူးသစ်ကို ဖွင့်ကာ သျှားအိမ်ရှေ့တွင် အရံသင့် ထားပေးသည်။ သို့သော် သျှားအိမ်က မသိသလိုဖြင့် နောက်ထပ်ဗူးသစ်ကိုသာ လှမ်းယူလိုက်သည်။ သူ့အား မျက်ခုံးပင့်ကြည့်နေသော သူမအား မသိကျိုးကျွန်ပြုကာ ဘီယာဗူးကို ဖွင့်လိုက်ပြီး တငုံငုံလိုက်သည်။

"ကိုသျှားကော မဆိုဘူးလား။ ဆိုဖီနဲ့ တစ်ပုဒ်ဆိုပေးလေ။"

"ကျွန်တော်က အသံမကောင်းဘူး။"

သျှားအိမ်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်ပါသည်။

"ကိုသျှားရယ်မနောက်ပါနဲ့။ အစ်ကို့အသံက ဒီအတိုင်းတောင် ညှို့သံတွေပါနေတဲ့ဟာကို"

သူမက သူ၏ ပေါင်ကို ပုတ်ကာရယ်လားမောလားဖြင့် ပြောလာသည်။ ထိုစဉ် တံခါးခေါက်သံကြောင့် တံခါးနှင့် အနီးဆုံးရှိ မိန်းကလေးက ထကာ တံခါးဖွင့်ပေးလိုက်လျှင်....

"........."

အမျိုးသားတစ်ဦး....။ အမျိုးသားမှ လှပကာ ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦး။ ရွှေရောင်ကြယ်သီးများပါသော အဖြူရောင် လည်ကတုံးရှပ်အင်္ကျီနှင့် ခဲရောင် slim fit pants ကို ဝတ်ဆင်ထားပါသော ထိုအမျိုးသားသည် တံခါးဝ၌ ရပ်နေသည်။

ထိုအမျိုးသားက တံခါးလာဖွင့်ပေးသော အမျိုးသမီးငယ်ကို ကျော်ကာ အခန်းထဲသို့ တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ သူ့အား အံ့သြတကြီးဖြင့် ကြည့်နေသော ချစ်သူအားမြင်လျှင် ချိုသာနူးညံ့သော အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။ သို့ရာတွင် ထိုလူ၏ သမင်မျက်ဝန်းများက ချစ်သူ၏ ပေါင်ပေါ်တွင် ပိုင်စိုးပိုင်နင်းတင်ထားသည့် ဆိုဖီ၏ လက်ကို မြင်လျှင် နှုတ်ခမ်းဖြားလေးတစ်ဖက်ကွေးကာ အဓိပ္ပာယ်တမျိုးသက်ရောက်သည့် အပြုံးတခုသို့ ပြောင်းလဲသွားတော့သည်။

"Baby?"

သျှားအိမ်က အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ရောထွေးကာ ထိုင်ရာမှ ထလိုက်သော်လည်း ရှေ့တည့်တည့်မှ ခံနေသော ကြီးမားသည့် စားပွဲနှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် ပိတ်နေသော ကိုသိုက်နှင့် ဆိုဖီကြောင့် ဘယ်လိုမှ ချစ်သူထံ သွား၍မရ။ ကိုသိုက်ဘက်က ဖယ်ပေးလျှင်လည်းထွက်မရ။ ဆိုဖီဖယ်ပေးမှ ထွက်၍ ရမည်ဖြစ်သော်လည်း ဆိုဖီကား ဖယ်ပေးဖို့အစီအစဉ်မရှိ။

သျှန်နောင်မှာ အကျဉ်းအကျပ်ထဲရောက်နေဟန်ရှိသာ ချစ်သူ၏ ကို့ယို့ကားယားဟန်ကို ကြည့်ကာ ရင်ထဲမှ ရယ်မောမိတော့သည်။

သျှားအိမ်က ဆိုဖီအား ဖယ်ပေးရန်ပြောမလို့ရှိသေးသည်။ ဆိုဖီ့နဘေးမှ ဖိုးပြည့်က ဆတ်ခနဲထကာ သူ့ချစ်သူထံ ပြေးသွားပြီး ခရီးဦးကြိုလိုက်သည်။

"အစ်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။"

သျှန်နောင်က လူမှုဆက်ဆံရေးအရ ပြုံးကာ...

"ဒီလိုပါပဲ။ ကိုယ့်တူလေးက ကိုသျှားအိမ်တို့တွေ ဒီရောက်နေတယ် ပြောလို့ လာတွေ့တာ။"

သျှန်နောင်က သျှားအိမ်အား တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။ သျှားအိမ်မှာ ချစ်သူနား သွားလိုသော်လည်း ယခုထိ ထိုင်နေရာမှ မထသေးသော အမိငယ်ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

'ေ-ာက်ကမြင်းမ ဘယ်နှယ့်ကြောင့်များ ပိတ်ထိုင်နေလဲ မသိဘူး။'

ဆိုဖီကတော့ သူမအား စိတ်ထဲမှာ ဆဲရေးခံနေရသည်ကို မသိ။ သူမ ရှေ့မှ အမျိုးသားကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ထိုလူသည် အသက်အရွယ်အားဖြင့် သုံးဆယ်စွန်းရုံသာ ရှိပေလိမ့်မည်။ ရုပ်ရည်အားဖြင့်တော့ သူမ အကြိုက်ဆိုလျှင် လှလွန်းအားကြီးသည်ဟု ဆိုရမည်ဖြစ်သော်လည်း အမူအရာ အသွင်အပြင်က ရင့်ကျက်တည်ငြိမ်ကာဆွဲဆောင်မှုရှိလှသည်မှာ ငြင်းမရ။ ထိုမျှမက ဖိုးပြည့်ဟူသော လူကပင် "အစ်ကို" ခေါ်ပုံထောက်လျှက် အကောင်ကြီးကြီး အမြှီးရှည်ရှည်ထဲမှဖြစ်ပုံပင်။ တကယ်ဟုတ်၊ မဟုတ်ကိုတော့ ပြီးမှ တီးခေါက်ကြည့်ရလိမ့်မည်။ ဟုတ်ခဲ့လျှင် သူမဘေးမှ သျှားအိမ်ဆိုသော ခပ်ချေချေလူအား ဝဲပစ်လိုက်ကာ ထိုလူကို ပစ်မှတ်ထားရလိမ့်မည်။

"ကိုယ် ဘာမပြော ညာမပြောနဲ့ ရောက်လာတာ ရိုင်းသလိုများဖြစ်သွားလားမသိဘူး။"

သျှန်နောင်က တောင်းပန်စကားဆိုလိုက်လျှင် ဖိုးပြည့်မှာ ထိုမျက်နှာလှလှလေးကို ခဏမျှ ငေးခနဲ ကြည့်နေမိရာမှ သတိဝင်လာကာ.......

"အာ... ဘာလို့ ရိုင်းရမှာလဲ။"

ဖိုးပြည့်က ပြောပြောဆိုဆိုဖြင့် တံခါးဖွင့်ပေးသော မိန်းကလေးကို ကိုယ်ဖြင့် မသိမသာ တွန်းထုတ်လိုက်ပြီး ပျာပျာသလဲပင် တံခါးကို ပို၍ ကျယ်အောင် ဖွင့်ပေးလိုက်သည်။

"လာလေ အစ်ကို။ ရောက်တုန်းရောက်ခိုက် ကျွန်တော်တို့နဲ့ ပျော်ပျော်ပါးပါးပေါ့။"

ကိုသိုက်ကတော့ ဖိုးပြည့်၏ ပျာယာခတ်နေသော အမူအရာကို တလှည့်၊ မျက်မှောင်ကြီးကြုတ်ကာ မနှစ်မြို့သလို ကြည့်နေသော သျှားအိမ်၏ အမူအရာများကို တလှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။

သျှန်နောင်ကတော့ အားနာဟန်ဖြင့် ပြုံးကာ အထဲဝင်လိုက်ပြီး...

"ကျေးဇူးပါ။ ဒါနဲ့ အဲ့ဒါက ညီတို့အတွက် လက်ဆောင်ပါ။ သိပ်မများပေမယ့် အားလုံးအတွက် လောက်ပါလိမ့်မယ်။"

သျှန်နောင်က သူ့နောက်တွင် အစောကတည်းက ရှိနေသော လက်တွန်းလှည်းလေးပေါ် တင်ထားသော တန်ဖိုးကြီး ရှန်ပိန်ပုလင်းနှင့် မျှော်စင်တခုလို ဆင့်ကာ စီထားသော ဖန်ခွက်များကို ညွှန်ပြလိုက်သည်။

"ဪ..."

"ဝိုး"

"ဝါး"

အခန်းထဲရှိ မိန်းကလေးအားလုံးမှာ စိတ်လှုပ်ရှားမှုနှင့် ကျွတ်ကျွတ်ညံသွားတော့သည်။ သျှန်နောင်ကတော့ တွန်းလှည်းတွန်းလာသော စားပွဲထိုးလေးကိုသာ အထဲအားလာရန် လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်။ စားပွဲထိုးလေးက တွန်းလှည်းကို အခန်းထဲ ပို့ပြီးသည်နှင့် ထွက်သွားတော့သည်။

"အစ်ကို လာ... ဒီမှာထိုင်...."

ဖိုးပြည့်က သျှန်နောင်အား သူထိုင်ခဲ့သော နေရာတွင် ထိုင်စေပြီး...

"ကဲ... ရှန်ပိန်ဖွင့်ကြမလား။"

ဖိုးပြည့်က တိုင်ပေးလျှင် မဒီကညာတစ်သိုက်က ညီညီညာညာပင်...

"ဖွင့်မယ်"

"ဖွင့်မယ်"

"ကဲ... ဒါဆိုရင် သီချင်းဆိုပြပါ အကောင်းဆုံးလူက ပထမဆုံးခွက်ကို သောက်ရမယ်။"

ဖိုးပြည့်က အစီအစဉ်ဆွဲပြလျှင် ဆိုဖီမှလွဲ၍ ကျန်မိန်းကလေးများက ခြေဆောင့်ကာ...

"ဒါဆို ကိုပြည့် မတရားဘူး။ ဆိုဖီပဲ အရင်ရမှာပေါ့။"

"အမိလေးတို့က ကိုယ်ဟာကိုယ် ဝန်ခံနေတာလား။"

ဖိုးပြည့်၏ စကားကြောင့် ကျန်မိန်းကလေးများမှာ ပါးစပ်ပိတ်သွားတော့သည်။

"ကဲပါ ကိုပြည့်ရယ် ပိုပြီးမျှမျှတတဖြစ်သွားအောင် လက်ဆောင်ပေးတဲ့ အစ်ကိုသာ ဆုံးဖြတ်ပါစေ။"

ဆိုဖီက ထိုင်နေရာမှ လှမ်းပြောလိုက်သည်။ သူမ၏ မျက်လုံးများက နဘေးရှိ သျှန်နောင်အား ညုသလိုတစ်ချက်ကြည့်လိုက်သေးသည်။ သျှန်နောင်က မမြင်သလို လုပ်နေသော်လည်း ဖိုးပြည့်က မြင်လိုက်သည်။ ထို့အတူ သူမနဘေးတွင် ပုပ်သိုးသိုးမျက်နှာနှင့် ပြန်ထိုင်နေသော သျှားအိမ်အား မြင်လိုက်လျှင် အကြံတခုက ဖိုးပြည့်၏ ခေါင်းထဲသို့ ဝင်လာတော့သည်။

"ဟုတ်တာပေါ့။ ဆိုဖီပြောတာ နည်းလမ်းကျတယ်။ ဒီတော့ အစ်ကိုပဲ ဆုံးဖြတ်။ ဒီအချောအလှတွေထဲက ဘယ်သူ့ကို အရင်ပေးမလဲလို့။"

"အင်း... ဒါကိုယ်နဲ့ မဆိုင်ဘူးထင်တယ်။ နောက်ပြီး ဒါတွေအားလုံး ညီတို့ကို ပေးတာမို့ အားလုံးကိုယ်စား ညီပဲ ဆုံးဖြတ်ပါ။"

"ကဲ... အားလုံးပဲ ကြားတယ်နော်။ ဒါက ကိုယ့်အပိုင်ဆိုတော့ ကိုယ်ပဲဆုံးဖြတ်တော့မယ်။"

ဖိုးပြည့်က အောင်နိုင်သူကြီးလို ဟန်မျိုးဖြင့် ပြောကာ ရှန်ပိန်ပုလင်းကို ဖွင့်လိုက်သည်။ ထို့နောက် ဆင့်ကာစီထားသော ဖန်ခွက်များထဲသို့ လောင်းထည့်လိုက်လျှင် ရှန်ပိန်တို့မှာ ရေတံခွန်ကဲ့သို့ အပေါ်ဆုံးခွက်မှ အောက်ဆုံးခွက်သို့ စီးဆင်းသွားတော့သည်။

ရှန်ပိန်များ ခွက်ထဲတွင် ပြည့်သွားသည်နှင့် အပေါ်ဆုံးခွက်ကို ယူကာ ဆိုဖီအား ပေးလိုက်သည်။ ကျန်မိန်းကလေးများမှာ မျက်နှာမည်းသွားသော်လည်း ဘာမျှမပြောပေ။

"ကျေးဇူး"

ဆိုဖီက သူမအား ကမ်းပေးသော ခွက်ကို အပြုံးချိုချိုတခုဖြင့် ယူလိုက်သည်။ ပြီးလျှင် သျှန်နောင့် ဘက်ကို လှည့်ကာ...

"ရော့... အစ်ကို... ပထမဆုံးခွက်ဆိုတော့ အမှတ်တရလေးဖြစ်အောင် ညီမက အစ်ကို့ကို ပေးချင်လို့။"

သျှန်နောင်မှာ ပါးစပ်ဟကာ ငြင်းရန်ကြံတုန်းရှိသေးသည် သျှားအိမ်က...

"သူ မသောက်တတ်ဘူး ဆိုဖီ"

ဆိုဖီမှာ ယခုမှပင် သူမအား အဖက်လုပ်သော သျှားအိမ်ကြောင့်ပြုံးလိုက်မိသည်။ ထိုအခြေအနေအားလုံးကို သတိထားမိသော ဖိုးပြည့်က...

"ဟေ့ကောင် ငသျှား။ မင်းကလည်းကွာ... အစ်ကို သောက်ပါစေ။ ဘာလဲ မနာလိုတာလား။ မင်းက အစောက ဆိုဖီဖွင့်ပေးတဲ့ ဘီယာတွေ သောက်ပြီးပြီပဲဟာကို"

သျှားအိမ်မှာ သူ့အား ချောက်ချရန် ကြံနေသော သကောင့်သားကို မျက်ထောင့်နီဖြင့် လှမ်းကြည့်ကာ...

"ဟေ့ကောင် မင်းဟာ ဘာစကားကြီးလဲ။ ငါက ဘာကို မနာလိုရမှာလဲ။ သူမှ မသောက်နိုင်လို့ မသောက်နိုင်ဘူး ပြောတာပဲဟာကို။"

"အေးပါကွာ... မင်းပြောတော့လည်း ပြောတဲ့အတိုင်းပေါ့။"

ဘုန်းပြည့်စုံက မသိမသာ ကပ်မွှေကာ သျှန်နောင်အား ကြည့်လိုက်သည်။ ထိုမျက်နှာ လှလှလေးတွင် အလိုမကျမှုများမြင်လျှင် ကျိတ်ပြုံးလိုက်ပြီး ရှန်ပိန်ခွက်များကို ကျန်သော မချောလေးများကို ကမ်းပေးရင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေလိုက်သည်။

သျှန်နောင်မှာ ဖိုးပြည့်၏ တိုက်ခိုက်နေမှုကို နားလည်သဘောပေါက်သလို မနှစ်မြို့ပါချေ။ တကယ်ဆို ပြီးသည့်ကိစ္စတွေကလည်းပြီးသွားပြီ။ သူနှင့် ကိုပြည့်ဆိုသည်မှာ ဘာမှကိုမဆိုင်တာ။ ထို့အပြင် သူ့အပေါ် ခံစားချက် ဟုတ်တိပတ်တိရှိသည် မဟုတ်ဆိုတာကို သူ မြင်နေရသည်။ ဤသည်ကို ဘာကိစ္စနှင့် သူချစ်ရသူ သူ့ခင်ပွန်းအား မနာလိုဝန်တိုစွာဖြင့် ပြုမူပြောဆိုကာ သူတို့နှစ်ယောက်ကြား ပြဿနာဖြစ်အောင် သွေးထိုးလှုံ့ဆော်ရပါသနည်း။ ဤသည်ကို နည်းနည်းမျှ သူ သဘောမကျပါ။

"ဒါပေမယ့် ဒီခွက်က ဆိုဖီအတွက် များတော့ ကူသောက်ပေးဖို့ လူလိုတယ်။"

ဖိုးပြည့်နှင့် စကားပြတ်သွားလျှင် ဆိုဖီက တစ်စခန်း ထလာပြန်သည်။ သူမက ခယတာတာအသံဖြင့် သျှားအိမ်အား ပြောလာသည်။

"မင်း ကုန်သလောက်ပဲ သောက်ပေါ့။ ဘာမှ အားနာစရာမှ မရှိတာ။"

"ဒါဆိုလည်း ဒီခွက်ကို အစ်ကို ယူလိုက်လေ။ ပထမဆုံးခွက်က မကုန်ဘူးဆိုတာ မဖြစ်သင့်ဘူးလေ။"

သျှားအိမ်မှာ ပါးစပ်ပိတ်ပြီးရောဟု သဘောထားကာ သူမထံမှ ခွက်ကို ယူလိုက်သည်။ သို့သော် သူကိုယ်တိုင်လည်း မသောက်လဲ နဘေးမှ ကိုသိုက်ကို ကမ်းပေးလိုက်သည်။ ဆိုဖီမှာ နားလည်ရခက်သလို ကြည့်နေသော်လည်း သျှားအိမ်က နည်းနည်းမျှ ဂရုမစိုက်။

"ရော့... သားကြီး သောက်လိုက်"

ကိုသိုက်မှာ သူမှ မသောက်လျှင် ထိုခွက်မှာ ချာလပတ်လည်နေမည်ကို သိသည့်အားလျော်စွာ ယူကာ တငုံငုံလိုက်ပြီး ရှေ့တွင် ချထားလိုက်သည်။ ဤတွင် ပထမခွက် ပြဿနာက ပြီးမလား မှတ်ပါသည် ဖိုးပြည့်က ဇာတ်လမ်းစလာပြန်သည်။

"ဟေ့... တို့တတွေ true or dare game ကစားမလား။"

ဖိုးပြည့်က သျှန်နောင်နှင့် ဆိုဖီကြားတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။

"အင်း... ကစားမယ်။"

"ကစားမယ်... ကစားမယ်"

မိန်းကလေးများက တက်ကြွစွာပင် ဖြေကြားလာလျှင်......

"ဒါဆို ဝိုင်းပြီးထိုင်ကြပါ။"

ကျန်မိန်းကလေးများမှာ သျှန်နောင်၏ နဘေးတွင် အစီအရီဝိုင်းဖွဲ့ ထိုင်လိုက်သော်လည်း ဆိုဖီမှာ ဝိုင်းနှစ်ခု၏ ကြားတွင် ရောက်နေသည့်ဖစ်ရာ ထဖို့မလိုသဖြင့် မလှုပ်ပေ။ ထို့ကြောင့် သူတို့ ဝိုင်းသည် သူမမှစကာ ဖိုးပြည့်၊ သျှန်နောင်၊ သံစဉ်၊ လမင်း၊ ယင်းမာ စသဖြင့် အစဉ်အတိုင်းရှိနေလေသည်။

သျှန်နောင်က ထိုင်နေရာမှထကာ သူ၏ ဘေးမှ မိန်းကလေးအား နေရာခဏဖယ်ပေးရန် တောင်းပန်လိုက်လျှင် ဖိုးပြည့်က သျှန်နောင်၏ လက်ကို ဖမ်းဆွဲကာ....

"ဟာ... အစ်ကို ဘယ်လဲ။"

သျှန်နောင်က သူ့လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားသော ဖိုးပြည့်၏ လက်များမှ ကျင်လည်စွာ ရုန်းထွက်လိုက်သည်။

"ဖယ်ပေးမလို့လေ။ ကိုယ်မှ မကစားတတ်တာ။"

"အာ... ဘာလို့ မကစားတတ်ရမှာလဲ။ လွယ်လွယ်လေး။ ဒီစားပွဲအလယ်မှာ ပုလင်းလေးကို ချထားမယ်။ ပွဲစရင် အဲ့ဒီ ပုလင်းလေးကို လှည့်လိုက်မယ်။ ပုလင်းရဲ့ အဝနဲ့ တည့်တည့်ကျတဲ့ လူက true သို့မဟုတ် dare ကို ရွှေးရမယ်။ True ရွေးရင် ကျန်တဲ့လူတွေက မေးခွန်မေးမယ်။ အမှန်အတိုင်းပဲဖြေရမယ်။ မဖြေချင်ရင် အပြစ်ခံယူတဲ့အနေနဲ့ ရှန်ပိန်တခွက်သောက်ရမယ်။ dare ရွှေးရင် ကျန်တဲ့ လူတွေက ဘာလုပ်ရဲလဲဆိုပြီး တခုခုလုပ်ပြဖို့ တောင်ဆိုလိမ့်မယ်။ သိပ်ပြီး ကြမ်းကြမ်းတမ်းတမ်းတွေတော့ မဟုတ်ဘူးပေါ့။ အဲ... မလုပ်နိုင်ရင် ရှန်ပိန်သောက်ရမယ်။ အစ်ကို မသောက်နိုင်ရင် အစ်ကို့အစား တစ်ယောက်ယောက်က သောက်ပေးလို့ရတယ်။ ဒီအတိုင်းပဲ အစ်ကိုကလည်း တစ်ယောက်ယောက်ကိုယ်စား သောက်ပေးလို့ရတယ်။"

"ဒါပေမယ့်...."

သျှန်နောင်မှာ ငြင်းရန် ကြံတုန်းရှိသေးသည် ဖိုးပြည့်က မသိချင်ယောင်ဆောင်ကာ တစ်ဖက်စားပွဲတွင် နှစ်ယောက်တည်း ထီးထီးကြီးထိုင်နေသော သျှားအိမ်နှင့် ကိုသိုက်ဘက်လှည့်ကာ...

"သျှားအိမ်နဲ့ ကိုသိုက် ဘာလုပ်နေတာလဲ။ လာလေ။"

"ဟာ... ငါတို့ မကစားချင်ပါဘူးကွာ။"

ကိုသိုက်က ပြဿနာကို ကြိုမြင်နေသည့် အားလျှော်စွာ သူနှင့် သျှားအိမ်အစား ငြင်းဆိုပေးလိုက်သည်။

"ဘာလဲ လူသိမခံချင်တာတွေ ရှိနေတယ်ပေါ့။"

ဖိုးပြည့်က ထိုစကားကို ကိုသိုက်အား ပြန်ပြောသလိုလိုနှင့် သျှားအိမ်အား စူးစူးစိုက်စိုက်ကြည့်ပြီး ပြောလိုက်သည်။ ဤတွင် သျှားအိမ် မျက်နှာတင်းခနဲဖြစ်သွားပြီး...

"ငါပါမယ်။ မင်း မပါရင်နေ ကိုသိုက်"

ဒီကောင် သူ့အား မထိတထိဖြင့် လုပ်နေတာ တော်တော်များနေပြီဖြစ်သည်။ ယခုလည်း သူနှင့် သူ့ချစ်သူကြားတွင် ဝင်မွှေဖို့ ကြံနေပြန်သည်။ အဟက်... သူနှင့် သူ့ချစ်သူကြား ယုံကြည်မှုက ထိုကလေးကွက်လောက်လေးနဲ့ ယိမ်းယိုင်သွားပါလိမ့်မယ်။ မအေပေး! ရှိသမျှ ဘုရားတွေ ပတ်ပြီး ဆုတောင်းလိုက်တောင်းလေ။

သျှားအိမ်က ခပ်မြန်မြန်ပင် ထိုင်ရာမှထကာ ဖင်ကျောက်ချထားသော ဆိုဖီအား ခွကျော်လိုက်သည်။ ဆိုဖီမှာ ရှောင်ချိန်မရလိုက်ပဲ သူမ၏ မျက်နှာတစ်ခြမ်းနှင့် သျှားအိမ်၏ ခွနှင့် ပွတ်တိုက်မိသွားတော့သည်။

"အိုး..."

သူမက ရှက်ရွံ့ဟန်ဖြင့် မျက်နှာတဖက်ကို လွှဲသွားသော်လည်း သျှားအိမ်က မသိဟန်ပြုကာသာနေလိုက်သည်။ ထို့နောက် ဝိုင်းကို ပတ်ကာလျှောက်လိုက်ပြီး သံစဉ်ဆိုသော မိန်းကလေးရှိရာသို့ လျှောက်သွားပြီး သူမနှင့် သျှန်နောင်ကြားကို လက်ညိုးထိုးပြကာ...

"ကိုယ် အဲ့ဒီမှာ ထိုင်မလို။ ဘေးနည်းနည်းတိုးပေးပါလား။"

သူမက သူမနားတွင်သာ ထိုင်လိုသည် အမှတ်ဖြင့် ဘေးသို့ ဝမ်းသာအားရ ရွှေ့ပေးလိုက်ပြီး ဆိုဖီကို ဂုဏ်တုဂုဏ်ပြိုင်သလို မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမထံမှ သကြားဖေဖေတွေကို တချိန်လုံးစနှိုက်ကျော်နေသော မိန်းမ။ ဘယ်နှယ့်ရှိစ။

သျှားအိမ်က သူမတို့ နှစ်ဦး အပြန်အလှန် ရန်စောင်သလို ကြည့်နေသည့် အကြည့်များကို လှစ်လျုရှုကာ ချစ်သူ့နဘေးတွင် ခြေချိတ်ထိုင်ကာ ချစ်သူ ထိုင်နေသော ခုံ၏ ကျောမှီတွင် ပိုင်စိုးပိုင်နင်းဖြင့် လက်တင်လိုက်သည်။ သျှန်နောင်ကလည်း ခန္ဓာကိုယ်ကို နောက်သို့ သက်တောင့်သက်သာဟန်ဖြင့် မှီလိုက်ပြီး လက်ကိုပိုက်ကာ ခြေချိတ်လျှက်ထိုင်နေသည်။ ထို့နောက် သျှားအိမ်က ဖိုးပြည့်အား စိန်ခေါ်သလို ကြည့်ကာ...

"ကဲ... စတော့လေ"

ဖိုးပြည့်က သျှန်နောင်ကို တလှည့် သျှားအိမ်ကို တလှည့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ ကြည့်ကြသေးတာပေါ့။ မင်းတို့တတွေ ဒီတစ်ညထက်ပိုပြီး တစ်ယောက်လက်ကို တစ်ယောက်တွဲထားနိုင်ပါ့မလားဆိုတာ။

"ကဲ... စပါပြီဗျာ"

ဖိုးပြည့်က ပုလင်းကို စလှည့်လိုက်သည်။ ပထမဆုံးကျသူက ယင်းမာ။

"ကဲ... true or dare"

"True"

"မင်းမှာ ရည်စားဘယ်နှစ်ယောက်ရှိလဲ။"

ဖိုးပြည့်က မေးလိုက်သည်။

"၄ ယောက်"

"လိမ်တယ်"

လမင်းက ဝင်ထောက်လိုက်လျှင် ယင်းမာက ရှက်ကိုးရှက်ကန်းဖြင့် ရယ်ကာ...

"အဟီး မမှတ်မိတော့ဘူး။"

"ဒါဆို ရော့... သောက်"

ယင်းမာ ဖိုးပြည့် ကမ်းပေးသော ရှန်ပိန်ခွက်ကို ယူကာ သောက်လိုက်သည်။ ပြီးလျှင် ပုလင်းကို လှည့်လိုက်သည်။ ဒီတခါ အလှည့်ကျသူက သျှန်နောင်။ သျှန်နောင်က True ကို ရွေးလိုက်လျှင်...

"အစ်ကို့ရဲ့ အချစ်ဦးက ဘယ်သူလဲ။"

ဖိုးပြည့်က မေးလိုက်သည်။ သို့သော် သူ့မျက်လုံးများက သျှားအိမ်ထံမှ မခွါ။

"လေးရုံသွင်"

သျှားအိမ်မှာ ထိုနာမည်ကြားလျှင် ငပလီတွင်တွေ့ခဲ့သော အမျိုးသမီးကို သတိရကာ ပြုံးလိုက်မိသည်။ သူမကိုယ်သူမ လူတတ်ကြီးလုပ်ကာ သူမ ချစ်သူဟောင်းဖြစ်သူ၏ ကြိုက်ခြင်း၊ မကြိုက်ခြင်းကိုပင် မသိပဲ စွတ်ရမ်းတွေ ဂရုစိုက်ပြကာ...။ နောက်ဆုံးတွင်... ခေတ်စကားနှင့် ပြောရလျှင် "ရှ"သွားရှာသည့် အမျိုးသမီး မဟုတ်လား။

ဖိုးပြည့်မှာ မျက်နှာတစ်ချက်မပျက်သည့်အပြင် ပြုံးတုံးတုံးလုပ်နေသော သျှားအိမ်ကြောင့် စိတ်ပျက်သွားတော့သည်။

သျှန်နောင်ကတော့ ဘာကိုမျှ ဂရုမစိုက်။ သူ လုပ်ရမည့်အတိုင်း ပုလင်းကို လှည့်လိုက်လျှင် သံစဉ်ဘက်သို့ ကျသွားတော့သည်။

သံစဉ်က Dare ကို ရွေးလျှင် ဖိုးပြည့်က...

"ဒါဆို မင်းဘေးက လူကို နမ်းရဲလား။"

"ဖိုးပြည့်... မင်းကလည်း...."

ကိုသိုက်မှာ ကစားပွဲတွင် မပါသော်လည်း ဖိုးပြည့်၏ ဘေးမှ နေ၍ လက်ကုပ်ကာ သတိပေးလိုက်သည်။ မပေးလို့လည်း မဖြစ်။ ဒီကောင်လုပ်ပုံမှာ သျှားအိမ်တို့အတွဲကို တမင်ပြဿနာတက်အောင် လုပ်နေမှန်းသိသာလှသည်။ သျှားအိမ်ရော၊ သျှန်နောင်ကပါ မျက်နှာမပျက်သော်ငြား မကောင်းဘူးမဟုတ်လား။ သို့သော် ဖိုးပြည့်က မသိဟန်ပြုကာ...

"ဘယ်လိုလဲ။ မင်းမလုပ်ရဲရင် ရှန်ပိန်သောက်ရမှာနော်"

"ဟင့်အင်း... ရှန်ပိန်တော့ မသောက်ပါဘူး။"

သူမက ရှက်သလို ရွံ့သလိုဖြင့် သျှားအိမ်အား မျက်လုံးလေး ထောင့်ကပ်ကာ ကြည့်ပြီးပြောလိုက်သည်။ သျှားအိမ်ဘက်မှ အစပျိုးလာမည့် အချိန်ကိုသာ စောင့်နေလိုက်သည်။

ဖိုးပြည့်က သျှားအိမ်ကို တစ်လှည့်၊ သျှန်နောင်အား တစ်လှည့် ကြည့်လိုက်ပြန်သည်။ နှစ်ဦးစလုံးမှာ အေးအေးဆေးဆေးပင်။ သျှားအိမ်က ရုပ်တည်ကြီးနှင့် ထိုင်နေပြီး သျှန်နောင်က စားပွဲပေါ်တွင် မေးထောက်ကာ သျှားအိမ်အား ဘာလုပ်မလဲဟူသော မျက်နှာပေးဖြင့် ခပ်ပြုံးပြုံးပင် ကြည့်နေသေးသည်။

သျှန်နောင်အနေဖြင့် ဘာမျှပြောနေစရာမလိုပါ။ သူ၏ ခင်ပွန်းမှာ လူကြီးလူကောင်းတစ်ဦးဖြစ်ရာ မည်သူနှင့်မျှ ထိုသို့သော အပေါစားဆန်သည့်အပျော်မျိုး လုပ်လိမ့်မည်မဟုတ်။ အထူးသဖြင့် သူတို့ နှစ်ဦးကြားရှိ ချစ်ခြင်းမေတ္တာကို ယုံကြည်သောကြောင့်လည်း ဖြစ်သည်။

"ရှန်ပိန်မသောက်ချင်ရင် လုပ်ရဲတဲ့အကြောင်းလေး လက်တွေ့မြင်ပါရစေ။"

ဖိုးပြည့်က သံစဉ်အား မီးစထိုးပေးလိုက်လျှင် သူမက သျှားအိမ်ဘက်သို့လှည့်ကာ သျှားအိမ်၏ မျက်နှာကို ချုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ ဤတွင် သျှားအိမ်က သူမလက်အား ကြမ်းတမ်းစွာ ပုတ်ထုတ်လိုက်ပြီး ဖိုးပြည့်ဘက်လှည့်ကာ....

"ငပြည့် ငါ့ကို ရှန်ပိန်ပေး။ သူနမ်းရဲပေမယ့် ငါ သူ့ကို မနမ်းနိုင်ဘူး။ ဒီတော့ သူ့အစား ငါသောက်ပေးမယ်။"

သံစဉ်မှာ ရှက်ရွံမှုကြောင့် မျက်ရည်များပင် စီးကျလာတော့သည်။ သူမအား ဤသို့ ပက်ပက်စက်စက် ငြင်းလိမ့်မည်ဟု မထင်ထားခဲ့။ သူမမှာ ရှက်လွန်းသဖြင့် ထိုင်ရာမှ ထကာ အခန်းထဲမှ ထွက်ခွါသွားတော့သည်။

"ဟ... ဒါက သူ့ရဲ့ ရွေးချယ်မှုလေ။ မင်းရဲ့ ရွေးချယ်မှုမှ မဟုတ်တာ။ ဘာကိစ္စနဲ့ ငြင်းဆန်နေတာလဲ။"

"ဒါဆို ငါ့က မင်းကို နမ်းဖို့ တစ်ယောက်ယောက်က တောင်းဆိုလာရင် မင်းကကော အနမ်းခံမလား။"

ဖိုးပြည့် ဘာမျှ မပြောတော့ ရှန်ပိန်ခွက်ကိုသာ ကမ်းပေးလိုက်သည်။ သျှားအိမ်က ခွက်ကိုယူကာ သျှန်နောင်အား တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အရက်နံ့မခံနိုင်သော ချစ်သူအား သူမှာ အားနာရပါ၏။ သျှန်နောင်ကတော့ အပြုံးနုနုတခုနှင့် နှစ်သိမ့်သလို ပြုံးလိုက်သည်။

သံစဉ်မရှိလျှင် ပုလင်းလှည့်ရန်မှာ ဖိုးပြည့်၏ တာဝန်ဖြစ်လာတော့သည်။ ဖိုးပြည့်က ပုလင်းကို လှည့်လိုက်လျှင် ကံဆိုးသူမှာ သျှားအိမ်ဖြစ်သွားတော့သည်။

"True ကွာ"

"ဒါဆို မင်းနဲ့ ပထမဆုံးအိပ်ခဲ့ မိန်းကလေးနာမည် ပြောပြ"

"ဘရဏီမေ"

သျှားအိမ်က တစ်စက္ကန့်မျှပင် မဆိုင်းပဲ ပြောလိုက်သည်။ ထို့နောက် ချစ်ရသူအား တောင်းပန်သလို ကြည့်လိုက်သောအခါ ချစ်သူက ပြုံးယောင်သမ်းနေသော မျက်ဝန်းဖြင့် ပြန်ကြည့်လာသည်။ သူ မျှော်လင့်သလိုပင် ချစ်သူက သူ့အား ခွင့်လွှတ်သည် မဟုတ်လား။ သို့သော် အားလုံးပြီးမှ ဒီကိစ္စအတွက် သေချာပြန်ပြောကာ တောင်းပန်ရန် ရင်ထဲတွင် တေးမှတ်ထားလိုက်သည်။

သျှားအိမ် ဘာကြောင့် ဤသို့ဖြေလိုက်သည်ကို သျှန်နောင် တွက်ဆမိပြီးသားဖြစ်သည်။ ဤကစားပွဲသည် သူ့ချစ်ရသူနှင့်သူ့ကြားရှိ ချစ်ခြင်းနှင့် ထိုဖိုးပြည့်ဟူသော လဒလေး၏ မနာလိုဝန်တိုခြင်းတို့ ပြိုင်ဆိုင်ကြသည့် ပွဲမှန်းသိပြီးသားဖြစ်သည်။ ကလေးဆန်သည်ဟု ဆိုဦးတော့ ဤပွဲတွင် ထိုသတ္တဝါလေးကို ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားစေလိုသည်မှာ သူ့စေတနာဖြစ်ပါသည်။ ထိုသို့ သျှားအိမ် ဖြေဆိုခြင်းအပေါ် သျှန်နောင် ဗွေမယူပါ။

ဖိုးပြည့်မှာ သျှန်နောင်အား တချိန်လုံး အကဲခတ်နေပါသည်။ ထိုမျက်နှာလှလှလေးမှ နည်းနည်းမျှ ပျက်ယွင်းခြင်းမရှိသည့်အပြင် လပြည့်ညမှ လမင်းကဲ့သို့ ကြည်လင်းဝင်းပနေသည်ကိုတွေ့လျှင် သူများ မူးနေတာလားဟု ဇဝေဇဝါပင်ဖြစ်လာတော့သည်။ တော်တော်များအတွဲတို့တွင် ဤမေးခွန်းမျိုးမေးလျှင် မဖြေသည့်တိုင်အောင်သာမကာ ယခုလောက်ဆို အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းချိတ်နေပြီဖြစ်သည်။

သျှားအိမ်က ပုလင်းကို လှည့်လိုက်လျှင် ယင်းမာအလှည့်ကျပြန်သည်။ ယင်းမာက ပါးနပ်စွာပင် အမှန်တရားကို ရွေးလိုက်သည်။ ဖိုးပြည့်ကလည်း လွယ်ကူမည့်မေးခွန်းတို့အား မေးလိုက်ပါသည်။ ထို့နောက် နောက်ထပ်အလှည့်ကျသူက ဖိုးပြည့်ကိုယ်တိုင်ဖြစ်သည်။ သူက dare ကို ရွေးလျှင် သျှားအိမ်က အကွက်ဝင်လာပြီဖြစ်ကာ...

"မင်း... ခွေးလိုလေးဖက်ထောက်ပြီး ငါ့ခြေထောက်ကို လျှာနဲ့လျှက်ရဲလား ဖိုးပြည့်"

ဖိုးပြည့်က မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ ရှန်ပိန်ခွက်ကို ကောက်မော့လိုက်တော့သည်။ ကိုသိုက်ကတော့ သူငယ်ချင်းနှစ်ယောက်၏ အားပြိုင်မှုကို ရင်တမမဖြင့်သာ ကြည့်နေရသည်။ ဖိုးပြည့်က အရက်သောက်ပြီးသည်နှင့် ပုလင်းကို လှည့်လိုက်လျှင် အလှည့်ကျသူမှာ ဆိုဖီဖြစ်၍ နေသည်။

"ဆိုဖီက Dare"

"ဒါဆို မင်းဘေးက အစ်ကိုကို နမ်းရဲသလား။"

သူမက သျှန်နောင်အား သူမ၏ အကျော်ကြားဆုံး ညှို့ပြုံးတစ်ချက်ပြုံးလိုက်ကာ...

"ဒီအစ်ကိုလို လူချောတစ်ယောက်ကို မနမ်းရဲအောင်အထိ ဆိုဖီက သွေးမနည်းပါဘူးနော်။"

ဤတွင် သျှန်နောင်က အပြုံးနုနုတခုဖြင့် သူမအား ကြည့်လိုက်ပြီး...

"ဒါပေမယ့် အစ်ကိုကတော့ ညီမဆီက အနမ်းကို လက်ခံဖို့မဖြစ်နိုင်တာမို့ အားနာနာနဲ့ပဲ ငြင်းပယ်ပါရစေ။"

သျှန်နောင်က တည်တည်ကြည်ကြည် ပြတ်ပြတ်သားသားဖြင့် ယဉ်ကျေးစွာပင် ငြင်းဆိုလိုက်ပါသည်။ သူမအနေနှင့်လည်း ဤသည်ကို မျှော်လင့်ပြီးသားဖြစ်သည့် အားလျော်စွာ ထူးပြီးမအံ့သြပါ။တခုပဲရှိသည်။ သူမ ထင်နေသည်မှာ တခုတော့ရှိသည်။

"ဘာလို့ လက်မခံနိုင်တာလဲဆိုတာ ညီမ သိခွင့်ရှိမလားအစ်ကို"

"ဘာလို့လဲဆိုတော့ ဟောဒီ့က အစ်ကို့ခင်ပွန်းအပေါ် စောင့်သိသမှုတော့ ရှိသင့်တယ်မဟုတ်လား။"

သျှန်နောင်က သျှားအိမ်၏ ပေါင်ပေါ်သို့ လက်တဖက်တင်ကာ ချစ်သူ၏ မျက်နှာအား မြတ်နိုးကြင်နာစွာ ကြည့်ရင်းပြောလိုက်သည်။ သျှားအိမ်ကတော့ သူတို့အား မျက်လုံးပြူးကာ ကြည့်နေကြသော မိန်းကလေးများအား လျစ်လျူရှု့ကာ ရင်ကော့၍ ဖိုးပြည့်ကို ဘယ်နှယ့်ရှိစဟူသည့် သဘောဖြင့် ကြည့်လိုက်သည်။ ဖိုးပြည့်မှာ သျှားအိမ်တို့အား ဤမျှပွင့်လင်းလိမ့်မည်ဟု မထင်မိသဖြင့် အံ့သြသွားမိသည်။

ဆိုဖီကတော့ အစောကတည်းက သျှားအိမ်နှင့် သျှန်နောင်တို့၏ အမူအရာကို ကျက်မိသည့်ဖြစ်ရာ သိပ်တော့ မအံ့သြပါ။ အစကတော့ သျှားအိမ်သို့မဟုတ်၊ သျှန်နောင်အား အရယူရန်ဆုံးဖြတ်ထားသော်လည်း သူတို့နှစ်ဦး ယှဉ်တွဲကာ ထိုင်သောအချိန်တွင် ထိုရည်ရွယ်ချက်ကို ဖျက်သိမ်းလိုက်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ထင်ဟန်နေသော တစ်ဦးအပေါ် တစ်ဦးက ထားရှိသည့် ထပ်တူညီသော ချစ်ခြင်းမြတ်နိုးခြင်းနှင့် ယုံကြည်ရဲရင့်ခြင်းတို့က သူမအား ပွဲမရသေးခင်မှာပင် ရှုံးနိမ့်သွားစေသည်။ ဒီလူနှစ်ဦးကြားမှ မေတ္တာထက် သူမ မစွမ်းသည်မှာ သေချာသည်ဖြစ်ရာ ရှုံးမှန်းသိသိရက်နှင့်တော့ မနိုင်မည့်တိုက်ပွဲကို တိုက်မနေတော့။

"ကဲ... ဖိုးပြည့်... ငါ့ကို ရှန်ပိန်ခွက်ပေးစမ်း။"

သျှားအိမ်က ဖိုးပြည့်၏ မျက်နှာညိုပုပ်ပုပ်ကို အရသာခံကြည့်ရင်း ရှန်ပိန်ခွက်ကို တောင်းလိုက်သည်။

"မင်းက ဘာလုပ်မလို့လဲ။"

"ဘာလုပ်ရမှာလဲ။ ငါ့အမျိုးသားအစား ငါသောက်ရမှာပေါ့။"

အစောက စည်းကမ်းချက်အရ ဆိုဖီအား ငြင်းပယ်သော သျှန်နောင်အနေဖြင့် ရှန်ပိန်ခွက်ကို သောက်ရလိမ့်မည်။ သို့သော် သျှန်နောင်ကား အရက်နံ့ပင် ခံနိုင်သူ မဟုတ်ရာ သျှားအိမ် သောက်မှသာ အဆင်ပြေတော့မည်။

ဖိုးပြည့်မှာ သျှားအိမ်ပြောသည်ကို မသိဟန်ပြုကာ ရှန်ပိန်ခွက်ကို သျှန်နောင်အား ကမ်းပေးလိုက်သည်။

"ရော့... အစ်ကို သူ မတိုက်ပေမယ့် ကျွန်တော်တိုက်တယ်။"

"ဟေ့ကောင်.... သူ မသောက်တတ်ဘူးဆို..."

"ငသျှား... မင်းကလည်းကွာ သိပ်မချုပ်ချယ်စမ်းပါနဲ့။"

ဖိုးပြည့်က ပြန်ဟောက်လိုက်ကာ သျှန်နောင်ကိုသာ ခွက်ကို ကမ်းပေးလိုက်သည်။ သို့သော် သျှန်နောင်က ထိုခွက်ကို ယူကာ သျှားအိမ်ထံပေးလိုက်ပြီး...

"ကိုယ့်ခင်ပွန်းက ကိုယ့်ကို ချုပ်ချယ်တာ မဟုတ်ပါဘူး။ ကိုယ် ကိုယ်တိုင်က မသောက်တတ်တာပါ။"

သျှန်နောင်မှာ သူချစ်သူအား မနာလိုမှုကြောင့် ဗြောင်ကျကျတိုက်ခိုက်နေသည့် ဖိုးပြည့်၏ လုပ်ရပ်များကို သိသော်လည်း ခွေးလှေးခုန်လို့ ဖုန်မထပါဘူးဟုသာ သဘောထားထားပါသည်။ ထိုကျပ်မပြည့်သော လုပ်ရပ်များမှာ တခါတရံတွင် ကသိကအောက်နိုင်သော်လည်း ချစ်သူ၏ သူငယ်ချင်းဖြစ်သည်ဟူသော မျက်နှာဖြင့် လျစ်လျူရှုထားလိုက်ပါသည်။

သျှားအိမ်က အရက်ခွက် တကျိုက်တည်း မော့ချလိုက်ပြီး ဖန်ခွက်ကို နေရာတကျပြန်ထားရန် ကိုသိုက်အား ကမ်းပေးလိုက်သည်။ ထို့နောက် ဆိုဖီက ပုလင်းလှည့်လိုက်လျှင် အလှည့်ကျသူမှာ သျှန်နောင်ဖြစ်သည်။

"True"

သျှန်နောင်က ခပ်အေးအေးသက်သာပင်ပြောလိုက်လျှင် ဖိုးပြည့်က....

"အစ်ကိုရဲ့ ပထမဆုံးက ဘယ်သူလဲ။"

ထိုမေးခွန်းကို ကြားလျှင် သျှန်နောင်မှာ လက်သီးကို ဆုပ်ကာ၊ အံတင်းတင်းကြိတ်လိုက်တော့သည်။ ထိုလူကြီး၏ ရမ္မက်မွှန်နေသော မျက်နှာကြီးက ခေါင်းထဲတွင် အလိုလျှောက်ရောက်လာတော့သည်။ တချိန်တည်းမှာပင် ဒေါသနှင့်အတူ မုန်းတီးရွံရှာမှုတို့က ရင်ထဲတွင် အဆမတန် ကြီးထွား၍ လာသည်။

သျှားအိမ်မှာ သူ့ပေါင်ပေါ်ရှိ ချစ်သူ၏ လက်များ မသိမသာတုန်ရီလာသည်ကို သတိထားမိလျှင် ချစ်သူ၏ မျက်နှာကို အကဲခတ်လိုက်သည်။ အံတင်းတင်းကြိတ်ထားသော ချစ်သူကို တွေ့လျှင် စိတ်ထဲမှ ဘုရားတလိုက်ကာ ချစ်သူ၏ လက်ကို သူ့လက်တစ်ဖက်ဖြင့် ဖွဖွလေး အုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကျောကို သပ်ပေးလိုက်သည်။

"Baby... အဆင်ပြေလား။"

ဖိုးပြည့်မှာ သိသိသာသာပင် မျက်နှာကြီးရဲတွတ်ကာ အမူအယာပျက်နေသော သျှန်နောင်အား ကြည့်ကာ အကွက်ဝင်ပြီဟု ထင်မှတ်ပြီး ပို၍ ဖိအားပေးလိုက်သည်။

"အစ်ကို မမှတ်မိတော့တာလား။"

"ဖိုးပြည့် မင်း ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ။"

သျှားအိမ်မှာ ထိုအလိုက်ကမ်းဆိုးမသိသည့် သတ္တဝါကို ထကာထိုးလိုက်ချင်တော့သည်။ သို့သော် ကိုယ့်စိတ်ကိုယ်ထိန်းကာ ချစ်သူထံတွင်သာ စိတ်နှစ်ထားလိုက်သည်။ သူ့ခင်ပွန်းဖြစ်သူ စိတ်လွတ်သွားလျှင် မလွယ်မှန်း သူအသိဆုံးမဟုတ်လား။

"ဟ... ဘာလဲဟ။ မင်းက ဘလိုင်းကြီး။ ပြဿနာရှာချင်တာလား။"

သျှားအိမ် ထိုသတ္တဝါအား လှည့်မကြည့်ပါ။ သျှန်နောင့်၏ ကျောကိုသာ သာသာလေး သတ်ပေးရင်း...

"အဆင်ပြေလား Baby။ မောင်ရှိနေတယ်နော်။"

သျှန်နောင် သိမ့်မွေ့ညံ့သက်ကာ ယုယုယယရှိသည့် အထိအတွေ့ကြောင့် ရင်ထဲ တင်းကြပ်လာသည်မှာ ပြေလျော့သွားသလို။ ချစ်ရသူ၏ ကြင်နာမြတ်နိုးခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ယှက်နွယ်နေသော ခေါ်သံကြောင့် အတွေးဆိုးဖြင့် ယောက်ယက်ခတ်နေသော စိတ်အစဉ်မှာ ပြန်လည် ငြိမ်ဝပ်သွားတော့သည်။

"အင်း... ကို အဆင်ပြေပါတယ်။ စိတ်မပူနဲ့။"

သျှားအိမ်မှာ ထိုစကားကြားမှ အနည်းငယ် စိတ်လက်ပေါ့ပါးသွားရသည်။ ထို့နောက် နဘေးမှ ရှိသော မိန်းကလေးအား....

"ညီမ ဟိုဘက်က ရေဗူးလေး အစ်ကို့ကို ပေးစမ်းပါ။"

မိန်းကလေးကလည်း ကမ်းပေးရှာပါသည်။ သျှားအိမ်မှာ ရေဗူးရသည်နှင့် အလျှင်အမြန်ဖွင့်ကာ ချစ်သူ၏နှုတ်ခမ်းနား တေ့ပေးလိုက်သည်။

"ရော့... Baby... သောက်လိုက်။"

သျှန်နောင်လည်း သျှားအိမ်တေ့ပေးသော ရေဗူးကို သောက်လိုက်ပါသည်။ ပြီးလျှင် ရေဗူးကို တွန်းဖယ်ကာ ချစ်သူအား အပြုံးချိုချိုအေးအေးလေးတခုကို အပ်နှင်းလိုက်ပြီး...

"ကျေးဇူးပါ မောင်"

သျှားအိမ်က အပြုံးတခုဖြင့်သာ တုံ့ပြန်လိုက်သည်။ ထိုအပြုံးက သျှန်နောင်အတွက် ငြိမ်းချမ်းမှုကို ပေးသော်လည်း ဘုန်းပြည့်စုံအတွက်တော့ မြင်ပြင်းကပ်စရာ ကောင်းလွန်းလှသည်။

"အဟင်း... သျှားအိမ်ရာ မင်းမှာ ကံကောင်းလွန်တော့ ချစ်သူချောချောတော့ရထားပါရဲ့။ အဲဒီ ချစ်သူမျက်နှာကြည့်လွန်းအားကြီးတော့ ခေါင်းမှာ ချိုပေါက်နေတာတောင် သတိမထားမိဘူးပဲ။ ငါ မင်းကို တော်တော်သနားသွားပြီ။ ကျွတ်... ကျွတ်... ကျွတ်"

ဖိုးပြည့်က သျှားအိမ်အား ခပ်ရိရိပြောကာ နှိမ်ချသလိုကြည့်လိုက်သည်။ သူ့မျက်စိထဲတွင် သျှားအိမ်ဆိုသောသတ္တဝါမှာ နွားနှင့် မခြားဘူးမဟုတ်လား။

"ကိုပြည့်!"

ကိုသိုက်က လှမ်းဟန့်ရန် ကြိုးစားသော်လည်း မမှီတော့ပေ။

"မင်း...!"

သျှားအိမ်မှာ ထိုင်ရာမှ ထကာ သျှန်နောင်အားကျော်ပြီး ဖိုးပြည့်အား အင်္ကျီလည်ပင်းမှ ဆွဲကာ ကြမ်းတမ်းစွာ ဆွဲမလိုက်သည်။

"မင်း ဘာစကားပြောတာလဲ ဟေ့ကောင်!"

"သျှားအိမ်... ဖိုးပြည့်.... တော်တော့။"

ကိုသိုက်က ကြားဝင် ဖြန်ဖြေသည့်အနေဖြင့် သျှားအိမ်၏ လက်များကို ဖိုးပြည့်အင်္ကျီပေါ်မှ ဆွဲခွါရန် ကြိုးစားပါသော်လည်းမရ။ သျှန်နောင်ကတော့ သူ့ပေါ်မှ အုပ်မိုးကာ ရန်ဆောင်နေသော လူနှစ်ဦးကြောင့် ထမရ ပြုမရ။ မိန်းကလေးများကတော့ လွှတ်ရာကျွတ်ရာ ချောင်တစ်ချောင်တွင် ကပျာကယာကပ်နေကြသည်။

"အဟက်... မင်းကို နွားလို့ပြောတာလေ။"

ဖိုးပြည့်က လှောင်ပြောင်သရော်မှုအပြည့်ဖြင့် ပြောလိုက်လျှင် သျှားအိမ်၏ လက်သီးက သူ့မျက်နှာပေါ်သို့ ရောက်လာတော့သည်။

"ခွပ်"

ဖိုးပြည့်မှာ သျှားအိမ်၏ လက်သီးချက်ကြောင့် နောက်သို့ယိုင်ကာ လူချင်းကွဲသွားတော့သည်။ ထိုအခါမှ ကိုသိုက်မှ သျှားအိမ်အား ဖက်လျှက် ချုပ်ထားလိုက်သည်။ သူ့အနေဖြင့် သူငယ်ချင်းနှစ်ဦးအား အချင်းမများစေလိုပါ။ သျှားအိမ်ကလည်း မခံ။ ကိုသိုက်ဆွဲထားသည့်ကြားမှ ရုန်းကန်ကာ ဖိုးပြည့်အား ရင်ဆိုင်ရန် ရှေ့သို့တိုးလိုက်သည်။

"အာ... မင်းက ငါ့ကို ထိုးတယ် ဟုတ်လား။"

ဖိုးပြည့်က နှာခေါင်းမှ ယိုစီးကျလာသော သွေးများကို သုတ်ရင်းပြောလိုက်သည်။ ထို့နောက် ဒေါသအလျှောက် သျှားအိမ်နားကပ်ကာ လက်သီးဖြင့်ထိုးရန် ရွယ်လိုက်သည်။

"ဖိုးပြည့် တော်တော်..."

ကိုသိုက်မှာ ဘယ်သူဆွဲလို့ ဆွဲရမှန်းမသိတော့။

ထိုစဉ် သျှန်နောင်က လျှင်မြန်စွာဖြင့် ဖိုးပြည့်၏ လက်ကို ဖမ်းဆွဲလိုက်ပြီး...

"ရပ်စမ်း!"

သြဇာအာဏာကြီးမားလှသည့် တားမြစ်သံကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူသုံးဦးစလုံးတိခနဲ ရပ်သွားတော့သည်။ ထို့နောက် သျှန်နောင်က မိန်းကလေးများဘက်လှည့်ကာ ခပ်ပြတ်ပြတ်လေသံဖြင့်...

"ဒီနေရာက မင်းတို့ ရှိနေရမယ့် နေရာမို့ ရှိနေသေးတာလား။"

ထိုအခါ မိန်းကလေးအားလုံးမှာ ကုပ်ကုပ်ကလေး အလျိုလျိုထွက်သွားတော့သည်။ မိန်းကလေးအားလုံး ထွက်သွားပြီဆိုမှ ဖိုးပြည့်မှာ သတိဝင်လာပြီး သူ့လက်အား သျှန်နောင်၏ လက်မှ ဆောင့်ရုန်းလိုက်တော့သည်။ သို့သော် ပြုတ်တူထက်ပင် မြဲမြံလှသည့် သျှန်နောင်၏ လက်က လွတ်မသွား။

သျှန်နောင်က သူ့လက်မှ မရမက ရုန်းကန်နေသော ဖိုးပြည့်အား စူးစူးစိုက်စိုက်ကြည့်လျှက် နှုတ်ခမ်းစွန်းလေးကို တစ်ဖက်ကွေးကာ ပြုံးလိုက်ပါသည်။ ထိုအပြုံးက စွဲမက်စရာကောင်းသလို မြင်သူတို့၏ အသည်းနှလုံးကို ထိတ်လန့်မှုနှင့် တုန်လှုပ်သွားစေသည်။

"မင်းက သိပ်ပြီး ရဲစွမ်းသတ္တိတွေရှိနေတာပဲ။"

သျှန်နောင်က ပြောနေရင်းမှ ဖိုးပြည့်၏ လက်ကောက်ဝတ်ကို ဖြစ်ညှစ်လိုက်သည်။ သူ့ချစ်သူအား လက်ရွယ်ရဲပါသော ဒီသတ္တဝါ၏ သတ္တိမှာ နည်းနည်းနောနော သတ္တိတော့မဟုတ်ပေ။

"အ!"

ဖိုးပြည့်မှာ နာကျင်မှုကြောင့် ရှုံ့မဲ့ကာ ညည်းညူနေရှာသည်။ သို့သော် သျှန်နောင်ကတော့ ထိုလက်အား လွှတ်ပေးရန် အစီအစဉ်မရှိ။

"အစ်ကို သျှန်နောင်ရယ်... ဒီကောင်က နည်းနည်းလေး မူးနေလို့ပါဗျာ။ ဗွေမယူပါနဲ့။"

ကိုသိုက်က ဝင်၍ ဖြေဖြန်ရန် ကြံလိုက်သော်လည်း သျှန်နောင်ထံမှ ဒိုင်းခနဲရောက်လာသော အကြည့်တစ်ချက်ကြောင့် ထိတ်ခနဲဖြစ်သွားသည်။ ထိုသို့သော အကြည့်မျိုးကို သျှန်နောင့်ထံတွင် တခါမျှ မတွေ့ခဲ့ဖူးပါပေ။ တော်တော့်ကို ကြောက်မက်ဖွယ်ကောင်းလှသည့် ကောင်းသည့်အကြည့်မျိုးဖြစ်သည်။ ထို့ကြောင့် သူ့အလုပ်ထဲမှ လူတချို့က ပြောဖူးသည်။ ဒီလူက ဒိတ်ဒိတ်ကျဲ လူမိုက်တဲ့။ အင်း... ထိုစကားကို နည်းနည်းတောင် လက်ခံချင်လာသည်။

"စိတ်မပူပါနဲ့။ ကိုယ်သိပါတယ်။ ဒါကြောင့်လည်း အမူးပြေအောင် လုပ်ပေးနေတာပါ။"

သျှန်နောင်က ခပ်အေးအေးပင်ပြောလိုက်သော်လည်း ဘာကြောင့်မှန်းမသိ ဖိုးပြည့်တင်မက ကိုသိုက်ပါ စိတ်ထဲ လေးလေးလံလံကြီးဖြစ်လာသည်။

"ကဲပါ Baby ရယ်... လွှတ်ပေးလိုက်စမ်းပါ။"

သျှားအိမ်က မနေနိုင်၍ ဝင်ပြောလျှင် သျှန်နောင်က ဖြတ်ခနဲတစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်များ ရန်လိုနေသော အငွေ့အသက်များ ကင်းစင်ကာ ကြည်လင်ရွှန်းလဲ့၍ နေသည်။ ပြီးမှ ဖိုးပြည့်ဘက်ပြန်လှည့်ကာ အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး လွှတ်ပေးလိုက်သည်။

"နောက်တခါ ငါ့အမျိုးသားကို လက်ရွယ်ရဲ ရွယ်ကြည့်...။ အခုလို မင်းအမေမွေးတဲ့အတိုင်း ပြန်လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထားပါ။"

သျှန်နောင်၏ လေသံက ရေခဲတောင်ကို ဖြတ်သန်းလာရသည့် လေများကဲ့သို့ အေးခဲကာ ကြားရသူတို့၏ အရိုးတွင်းချဉ်ဆီထဲအထိ စိမ့်ဝင်သွားတော့သည်။ ဖိုးပြည့်မှာလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အလိုလျှောက်ပင် ခေါင်းညိတ်ပြလိုက်ပါသည်။

"ပြန်ရအောင် Baby။ ကိုယ့်မှာ ဒီလူပျက်တစ်ကောင်နဲ့ အာရုံတွေ စားနေတာ... နားချင်ပြီ။"

သျှားအိမ်က ပြန်ရန် ဆော်သြရင်း ချစ်ရသူထံ လက်ကို ဆန့်တန်းပေးလိုက်သည်။

"ဟေ့ကောင်... မင်း ဘာစကားပြောတာလဲ။"

ဖိုးပြည့်မှ သျှားအိမ်စကားကြောင့် ထောင်းထနဲ ဒေါသထွက်သွားကာ သူ့ရှေ့မှ သျှန်နောင်အား ကျော်ပြီး သျှားအိမ်ကို ရန်စောင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ဘာကို ဘာစကားပြောရမှာလဲ။ မင်းရဲ့ ရူးတူးတူးပေါတောတောနဲ့ ေ-ာက်ရေးမပါတဲ့ ကစားပွဲကြောင့် ငါ ပင်ပန်းနေပြီလို့ပြောတာ။ ဒီလောက်ရှင်းနေတာတောင် နားမလည်ရအောင် မင်း ဦးနှောက်က မွေးကတည်းက မဖွံ့ဖြိုးလို့လား။"

သျှားအိမ်ကလည်း စိတ်ပေါက်လာပြီဖြစ်ရာ အားပါးတရ အငေါ်တူးလိုက်ပါတော့သည်။

"မင်း...!"

ဖိုးပြည့်မှာ သျှားအိမ်ဆိုသော ထို သကောင့်သားထံ ပြေးသွားကာ ထိုးထည့်လိုက်ချင်သော်လည်း သူ့အား မျက်နှာသေဖြင့် ကြည့်နေသော သျှန်နောင်ကြောင့် ကိုယ်ရှိန်ကို မနည်းသတ်လိုက်ရသည်။

သျှန်နောင်က ဖိုးပြည့်အား မိုက်ကြည့်တစ်ချက်ကြည့်ကာ သျှားအိမ်ရှိရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူ၏ လက်ကို သျှားအိမ်၏ ကမ်းလင့်နေသော လက်ပေါ်သို့ တင်လိုက်သည်။

သျှားအိမ်ကလည်း ချစ်ရသူ၏ လက်နုနုအိအိလေးအား မြတ်နိုးယုယသော်လည်း မြဲမြံလှစွာ ဆုပ်ကိုင်လိုက်ပြီး...

"သွားကြစို့ Baby"

"အင်း"

သျှန်နောင်က အပြုံးတခုဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။ ထို့နောက် အံတကြိတ်ကြိတ် တောက်တခေါက်ခေါက်ဖြစ်နေသော ဘုန်းပြည့်စုံနှင့် သူတို့နှစ်ဦးအား အားကျလေးစားစွာ ငေးမောကြည့်နေသော ဟန်လင်းသိုက်အား ကျောခိုင်းကာ ကလပ်ထဲမှ ထွက်ခဲ့ပါတော့သည်။

"Baby..."

သျှားအိမ်က ကားကို ဂရုတစိုက် မောင်းနေသော ချစ်သူအား ခေါ်လိုက်ပါသည်။

"ပြောလေ မောင်"

သျှန်နောင်မှာ ချစ်ရသူ၏ လေးတွဲတွဲခေါ်သံကြောင့် ပြန်ထူးရင်းဖြင့် နေဘေးတွင် ထိုင်နေသော ချစ်သူအား တစ်ချက်ကြည့်လိုက်ပါသည်။

"Baby... မောင်လေ ကစားပွဲက "ပထမဆုံး" ဆိုတဲ့ မေးခွန်းရဲ့ အဖြေတွေအတွက် တောင်းပန်ပါတယ်နော်။ မောင် ဟိုကောင့်ကို နိုင်ချင်ဇောကြီးသွားတာ မှန်ပေမယ့် Baby ကို အလေးမထားတာ မဟုတ်ပါဘူး။ အခုလို တောင်းပန်တယ်ဆိုတာလည်း Baby ကို သဘောသေးသိမ်တယ်လို့ ထင်လို့ မဟုတ်ပါဘူး။ မောင် Baby ကို အလေးထားတယ်ဆိုတာ သိစေချင်လို့ပါ။"

သျှန်နောင်က ချစ်သူ၏ ရှည်လျားလှသည့် ရှင်းလင်းချက်တို့ကို နားထောင်ကာ ကားမောင်းနေရာမှ ချစ်သူဘက်လှည့်ကာ တစ်ချက်ပြုံးပြလိုက်သည်။

"မောင်ရယ်... ကို နားလည်ပါတယ်။ ဒီအတွက်လည်း ကို မောင့်အပေါ်မှ နည်းနည်းမှတောင် စိတ်မခုပါဘူး။"

သျှန်နောင် တကယ်လည်းသျှားအိမ်အား စိတ်မဆိုးသလို စိတ်လည်းမခုပါ။ ထိုအမည်နာမတခုအား မှတ်မိနေသည့်အတွက်လည်း မည်သို့မျှ မခံစားရပါ။ ထိုအမည်သည် အတိတ်၌သာရှိပြီး သူတို့နှစ်ဦးလျှောက်လှမ်းရမည့်အနာဂတ်နှင့် ယှဉ်၍ မရအောင် သေးနုတ်လွန်းလှသည်။သျှန်နောင်ဟူသော သူသည် ချစ်ရသူ၏ နှလုံးသားတခုလုံးကို ပိုင်စိုးထားရုံမက အချစ်တို့ဖြင့် အတိပြီးသော အနာဂတ်တခုလုံးကို ပိုင်ဆိုင်ထားသော လူတစ်ဦးဖြစ်သည်။ ထိုသို့သော ကြီးကျယ်ခမ်းနာသည့် ကောင်းချီးမင်္ဂလာတခုကို ပိုင်ဆိုင်ထားမှတော့ ထိုမြူမျှပင်မရှိသည့် အမှိုက်သရိုက်တခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမှာလား။ NO ပါကွယ်။

သျှားအိမ်အား ချစ်သူ၏ တည်ကြည်နေသော မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်ပါသည်။ သူ့အနေနှင့် ချစ်သူက ခွင့်လွှတ်လိမ့်မည်ကို သိသော်လည်း ယခုလို နှုတ်မှ ရှင်းလင်းပြတ်သားစွာ ပြောလာသည်ကို ကြားရလျှင် နှလုံးသားထဲ၌ ပို၍ ပေါ့ပါးရှင်းလင်းသွားတော့သည်။

"ကျေးဇူးပါ Baby။"

သျှားအိမ်က ချစ်သူ၏ ပုခုံးစွန်းလေးကို ခပ်ဖွဖွလေးနမ်းကာ...

"မောင် မင်းကို အရမ်းချစ်တယ် Baby။ မင်းမရှိရင် မောင် လဲပြိုသွားနိုင်တယ်"

သျှန်နောင်က ကားမောင်းနေရင်းမှ ကြည်ကြည်နူးနူးဖြင့် ပြုံးလိုက်ပြီး ချစ်သူ၏ လက်တဖက်ကို သူ့လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"ကိုလည်း မောင့်ကို ချစ်တယ်။ ဘယ်လောက်ချစ်လဲဆိုရင် မောင့်ရဲ့ အားနည်းချက်တွေ မပြည့်စုံမှုတွေကို မမြင်နိုင်လောက်အောင်ကို ချစ်တယ်။ သူများတွေက မောင်နဲ့ ပတ်သက်ပြီး လက်ညိုးထိုးရင်တောင် ကိုက ခေါင်းမော့၊ ရင်ကော့ပြီး မောင့်ကို ယုံယုံကြည်ကြည်နဲ့ ချစ်နေဦးမှာ။ ကို့ရဲ့အချစ်က အဲ့ဒီ့လောက်ကို စုံလုံးကန်းနေတာ မောင့်ရဲ့။ ဒါကြောင့် ကို့ကို သနားညှာတာတဲ့အနေနဲ့ မောင့်ရဲ့ ပစ္စုပန်တိုင်းနဲ့ အနာဂတ်တိုင်းမှာ မောင့်ရဲ့ အချစ်ကို ကိုတစ်ယောက်တည်း မူပိုင်ပိုင်ဆိုင်ခွင့်လေးပဲ ပေးပါနော်။ ကို ဒါလေးပဲ တခုပဲတောင်းဆိုချင်တာပါ။"

"Baby ရာ... မောင့်ရဲ့ နှလုံးသားက Baby တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုတာပါကွာ။ မောင့် နှလုံးသားထဲ Baby ရောက်လာတဲ့ နေ့ကစပြီး မောင့်ရဲ့ အချစ်... မောင့်ရဲ့ နှလုံးသား၊ မောင့်ရဲ့ အရာရာတိုင်းကို Baby တစ်ယောက်တည်းပဲ ပိုင်တာပါ။ မောင့်ရဲ့ ရင်ခွင်၊ မောင့်ရဲ့ဘဝမှာလည်း မင်းတစ်ယောက်တည်းပဲကိုပဲ လိုအပ်တာပါ။ Baby သာ ကိုယ့်နားမှာရှိရင် တစ်လောကလုံးနဲ့ တစ်ယောက်ဆိုရင်တောင် မောင် လုံးဝမမှုဘူး။ ဘယ်သူတွေ ဘာတွေပြောပြော မောင်က မင်းကိုပဲ ရွေးချယ်မှာ။ ဒီစကားက ကမ္ဘာတည်သရွေ့မှန်နေမယ့် အမှန်တရားပဲ Baby။ ဒါကြောင့် ကိုယ့်နားမှာပဲ ရှိပေးပါ။"

သျှန်နောင်က ဘာမျှမပြော ချစ်သူ၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရှေ့သို့သာ ကြည့်နေပါသည်။ သူ၏ နှုတ်ခမ်းဖူးဖူးတို့ထက်ဝယ် အပြုံးတို့တွဲခိုလျှက်....

ထိုအပြုံးတို့က သျှားအိမ်၏နှုတ်ခမ်းထက်ဆီသို့ ကူးစက်သွားကာ၊ ထိုနှုတ်ခမ်းထက်မှသည် ရင်ထဲသို့တိုင် စီးဆင်းလျှက် ချစ်ခြင်းမေတ္တာတို့က နှလုံးသားမှ အတိုင်းအဆမရှိ ယိုစီး၍ လာပါတော့သည်။ ထိုတိုင်းတာခြင်းငှာ မစွမ်းနိုင်သော ချစ်ခြင်းတို့ကို ရိုးရှင်းစွာ ဖော်ပြရပါလျှင်...

ချစ်သူရသူ၏ လက်ဖဝါးလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်ကာ....

"ချစ်တယ် Baby"

---------------------------------

October 18, 2019 Friday.

Edited on – Jan 31, 2021

---------------------------------

>>>>>ZawGyi<<<<<

"ေလးေလး ဒိုဒို ေၾကးအိုးဆီခ်က္စားခ်င္တယ္။"

သၽွားအိမ္မွာ အလုပ္သို႔လိုက္လာၿပီး တခုၿပီးတခု ပူဆာေနေသာ တူေတာ္ေမာင္အား ထုထည့္ပစ္လိုက္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။

"ခုနကပဲ မုန႔္စိမ္းေပါင္းနဲ႔ လိေမၼာ္ရည္ ေသာက္ၿပီးသြားၿပီေလ။"

"ေလးေလးကလည္း ဒိုဒိုက အေစာကတည္းက ေၾကးအိုးဆီခ်က္ စားခ်င္ေနတဲ့ဟာကို။ ေလးေလးဟာသာေလးေလး မုန႔္စိမ္းေပါင္းေတြ ဝယ္ေကၽြးၿပီးေတာ့။"

"ဪ... ေအး... ငါကပဲ အတင္းေကၽြးလို႔ေပါ့ေလ။"

သၽွားအိမ္ အေငၚတူးလိုက္ေတာ့သည္။ မုန႔္စိမ္းေပါင္းသည္ကို ေတြ႕ေတာ့ ဒီ႐ုပ္မဟုတ္။ ေလသံလည္း ဒီလိုမဟုတ္။ မ်က္ႏွာေလးငယ္ကာ "ေလးေလး မုန႔္စိမ္းေပါင္းေတာင္ ဝယ္မေကၽြးတာ ၾကာၿပီေနာ္"တဲ့။ အဲ... အခုလို မ်ိဳလို႔ၿပီးသြားေတာ့ ႐ုပ္က တမ်ိဳး။ ဟင္းေနာ္။ စိတ္ကို ေတာ္ေတာ္ႀကီး ဆြဲဆန႔္ထားရသည္။

"ေလးေလးကလည္း ေလးေနာင္ဆို ဘာစားမလဲပဲ အျမဲေမးေနလို႔ ဒိုဒိုမွာ စိတ္ညစ္ရတာ။"

သၽွားအိမ္မွာ စကားတတ္လြန္းေသာ တူျဖစ္သူကို ေျခဆုံးေခါင္းဆုံးၾကည့္လိုက္သည္။ အစားအေသာက္ မီးလိုေတာက္ေနသျဖင့္ လုံးလုံးတစ္တစ္ေလးျဖစ္ေနေသာ ဒိုဒိုမွာ အသြင္သဏၭာန္အရေတာ့ ခ်စ္စရာေကာင္းေသာ္လည္း တခါတေလ စကားႀကီးစကားက်ယ္ေတြ ေျပာလြန္းသျဖင့္ သူ႔မွာ ေခါင္းကိုက္ရသည္။

"ဪ.. ဪ... မင္းက စိတ္ညစ္တတ္ေသးတယ္ေပါ့။"

"အင္း... စိတ္ညစ္တယ္။ ေလးေလး ဒါေတြ မသိပါဘူး။"

"ေအးပါ။ ဟုတ္ပါတယ္။ ငါ ဘယ္သိပါ့မလဲ။ ငါသိတာက ငါ့အလုပ္ မၿပီးေသးဘူးဆိုတာပဲ။ ဒီေတာ့ မင္းက စိတ္ဆက္ညစ္။ ငါက ငါ့အလုပ္ငါလုပ္မယ္။ ေတာ္ၾကာ ငါ့ Baby လာရင္ အလုပ္မၿပီးပဲေနမယ္။ ဒီေတာ့ တာ့တာ။"

သၽွားအိမ္က တမင္ပင္ အနိုင္ႏွင့္ပိုင္းကာ ဒိုဒိုအား ႐ုံးခန္းထဲတြင္ တီဗီတစ္လုံးႏွင့္ ထားခဲ့လိုက္ၿပီး kitchen သို႔ ျပန္ေျပးကာ လုပ္စရာရွိသည္မ်ားကို ဆက္လုပ္ရသည္။ တေန႔ထက္ တစ္ေန႔ပိုမ်ားလာေသာ order မ်ားေၾကာင့္ ယခုဆိုလၽွင္ ေနာက္ထပ္ pastry chef သုံးေယာက္ေခၚထားရသည္။ ထိုလူမ်ားကို သူ၏ လက္ေထာက္ chef ျဖစ္သည့္ ခခက စီမံကြပ္ကဲသည္။ တိုးငယ္ကေတာ့ ဆိုင္ခြဲတြင္ လက္ေထာက္ chef အျဖစ္ရွိၿပီး ႏွင္းႏွင္းကိုလည္း လက္ေထာက္မန္ေနဂ်ာအျဖစ္ ခန႔္အပ္ထားသည္။ သူက တစ္ပတ္လၽွင္ တစ္ရက္ခန႔္ ဆိုင္ခြဲကိုသြားကာ ေန႔စဥ္ လုပ္ငန္းေဆာင္တာတို႔ကို အဆင္ေျပေခ်ာေမြ႕ေစရန္ စီမံကြပ္ကဲသည္။ ခ်စ္သူျဖစ္ေသာ သၽွန္ေနာင္ကလည္း သူ၏ နဂိုဆိုင္ျဖစ္ေသာ ေရႊနယားအျပင္ ဆိုင္ခြဲကိုပါ ၾကည့္ၾကပ္ေပးသျဖင့္ အဆင္ေျပလွသည္။

"ဆရာ ဆရာ့အမ်ိဳးသားေရာက္ၿပီ။"

cashier မိုးပြင့္၏ သတိေပးသျဖင့္ လုပ္လက္စအလုပ္ကို အျမန္လက္စသတ္ကာ ခခအား မွာစရာရွိသည္အား မွာကာ အေရွ႕ထြက္ခဲ့သည္။ ဆိုင္ေရွ႕ေရာက္ေတာ့ ခ်စ္သူမွာ ဘယ္တုန္းကတည္းက ႐ုံးခန္းထဲမွ ထြက္သြားမွန္းမသိေသာ ဒိုဒိုႏွင့္ စကားမ်ားေျပာေနသည္။ အဓိကကေတာ့ ဒိုဒိုက ေျပာေနျခင္းျဖစ္ၿပီး ခ်စ္သူက နားေထာင္သမားသက္သက္သာ။

ဒိုဒိုေျပာသမၽွ စိတ္ဝင္တစားနားေထာင္ေနေသာ ခ်စ္ရသူခင္ပြန္းသည္အား ၾကည့္ကာ ႏွစ္ၿခိဳက္စြာ ျပဳံးလိုက္ပါသည္။ အနက္ေရာင္ style pants ႏွင့္ ခဲျပာေရာင္ လည္ေထာင္ရွပ္အကၤ်ီေလးကို ဝတ္ဆင္ထားေသာ ခ်စ္သူ၏ အသြင္မွာ သူ႔အား လန္းဆန္းသြားေစသည္။

"ၿပီးၿပီလား ေမာင္"

"အင္း ျပန္ၾကရေအာင္ Baby"

"ေဘဘီ ဒိုဒို မျပန္ေသးဘူး။"

ဒိုဒို၏ စကားေၾကာင့္ သၽွန္ေနာင္က စိတ္ဝင္စားသြားရသည္။ ဒီကေလး ဘာအစီအစဥ္မ်ားရွိေနပါလိမ့္။

"ဘာလို႔လဲ ဒိုဒိုရဲ့။"

"ဒိုဒို ေၾကးအိုးဆီခ်က္စားခ်င္တယ္။ လိုက္ပို႔ေပးပါ"

"ဒါေပမယ့္ ဒီေန႔ အိမ္မွာ ဒိုဒိုအႀကိဳက္ မုန္လာပင္ေပါက္အခ်ဥ္ရည္ဟင္းနဲ႔ ငါးသလဲတိုး ေၾကာ္ထားတယ္ေလ။"

"ဟင့္အင္း... အဲ့ဒါက မနက္ျဖန္မွ စားမယ္။ အခု ေၾကးအိုးဆီခ်က္ စားခ်င္တယ္။"

"ဒိုဒို... ဘယ္လိုေတြျဖစ္လို႔ ငတ္ျပတ္ေနသလို ပူဆာေနတာလဲ။ အိမ္မွာ ထမင္းခ်က္ထားတဲ့ဟာကို"

သၽွားအိမ္မွာ စိတ္လက္မရွည္ေတာ့။ တေနကုန္ေအာင္ အလုပ္လုပ္ရသည္မွာ မပင္ပန္း။ ဒင္းကို ေျပာရသည္မွာ ပင္ပန္းလွသည္။

"ေလးေလးကလည္း ဒိုဒို ထမင္းမစားခ်င္လို႔ပါဆို။"

"ဟ... ထမင္းမစားခ်င္လို႔ရမလား။ ထမင္းမစားရင္ မင္း ေသသြားမွာေပါ့။"

"မေသပါဘူး။ ဒိုဒို ေၾကအိုးဆီခ်က္စားရင္ ဘယ္ေသပါ့မလဲ။"

"ဘာလို႔မေသရမွာလဲ။"

သၽွန္ေနာင္မွာ ထိုတူဝရီးႏွစ္ဦး၏ အျပန္အလွန္စကားမ်ားေၾကာင့္ ရယ္ခ်င္လာေတာ့သည္။ တခ်ိန္တည္းမွာပင္ တင္းမာေနေသာ အေျခအေနေၾကာင့္ ၾကားဝင္ျဖန္ေျဖေပးရန္ ဆုံးျဖတ္လိုက္ပါေတာ့သည္။ ထို႔ေၾကာင့္ ဒိုဒိုႏွင့္ မ်က္စိ level ခ်င္းတူေအာင္ ၾကမ္းျပင္ေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး တည္တည္တံ့တံ့မ်က္ႏွာျဖင့္ ဒိုဒို႔အား ေသေသခ်ာခ်ာ ၾကည့္လိုက္သည္။

"ဒိုဒိုရဲ့ အျပင္စာဆိုတာ အိမ္မွာခ်က္တဲ့ ထမင္းဟင္းေလာက္ အာဟာရမရွိဘူး။ ကေလးဆိုတာမ်ိဳးက အာဟာရအျပည့္အဝမရရင္ ဉာဏ္မေကာင္းေတာ့ဘူး။ ဉာဏ္မေကာင္းရင္ စာအၾကာႀကီး က်က္ရမွာ။ စာအၾကာႀကီးက်က္ရရင္ ေဆာ့ခ်ိန္မရွိေတာ့ဘူးေလ။ ဒိုဒို မေဆာ့ပဲ ေနနိုင္လို႔လား။"

"ဟင့္အင္း"

"ဒါဆိုရင္ ဉာဏ္ေကာင္းေအာင္ အိမ္မွာ ေသခ်ာခ်က္ထားတဲ့ အစာကို စားရမယ္ေနာ္။ ဟုတ္ၿပီလား။ ဒါမွ ဉာဏ္ေကာင္းမွာ။ ဉာဏ္ေကာင္းရင္ စာေတြ ျမန္ျမန္ရၿပီး အၾကာႀကီး ကစားလို႔ရတာေပါ့။"

သၽွန္ေနာင္က ေလသံေအးေအးျဖင့္ ေျဖးေျဖးခ်င္းသိမ္းသြင္းလိုက္လၽွင္...

"အင္း... ဒါဆိုရင္ ေၾကးအိုးဆီခ်က္ကို အိမ္မွာ လုပ္ေကၽြးေနာ္။"

"အင္း... လုပ္ေႂကြးမယ္။ မနက္ျဖန္လုပ္ေကၽြးမယ္။ ေဒၚခူးကို ေလးေနာင္ကိုယ္တိုင္ မွာထားေပးမယ္ေနာ္"

"ဟုတ္"

"ဒိုဒိုက လိမၼာလိုက္တာ"

သၽွန္ေနာင္က ခ်စ္စနိုးျဖင့္ ဒိုဒို၏ ဆံပင္ေလးမ်ားကို ပြတ္သပ္ေပးၿပီး ထိုင္ရမွ ထလိုက္သည္။ သၽွားအိမ္ကေတာ့ သူ႔ခ်စ္သူႏွင့္ အင္မတန္မွ အေပါက္အလမ္းတည့္ေသာ တူျဖစ္သူကို ေပေစာင္ေစာင္ျဖင့္ ၾကည့္ကာ...

"ကဲ... ျပန္ၾကစို႔။"

"အင္း..."

ထိုစဥ္ ေနာက္ေက်ာကို တစ္စုံတစ္ေယာက္က လာပုတ္သျဖင့္ လွည့္ၾကည့္လိုက္ေသာ သူႏွင့္ အရြယ္တူခန႔္ရွိမည့္ ႐ုပ္ရည္သန႔္သန႔္ႏွင့္ အမ်ိဳးသားတစ္ဦး။ တီရွပ္အျဖဴႏွင့္ ဂ်င္းအျပာႏုေရာင္ကို ဝတ္ဆင္ထားၿပီး သူ႔အား ရင္းရင္းႏွီးႏွီးျပဳံးျပေနသည္။ သၽွားအိမ္မွာ ဘယ္သူမ်ားလဲဟု အေတာ္ၾကာေအာင္ စဥ္းစားၿပီးမွ....

"ဟာ... ဖိုးျပည့္!"

ဟုတ္ပါသည္။ ဤအမ်ိဳးသားက သူ၏ သူငယ္ခ်င္းျဖစ္သူ ဘုန္းျပည့္စိုး။

"အဟဲ.... မင္းက High Boss ျဖစ္သြားေတာ့ ငါ့ကို မမွတ္မိေတာ့ဘူးေပါ့။"

"မဟုတ္ပါဘူးကြာ။ ငါက မထင္ထားလို႔ပါ။ မင္းကလည္း လာမွာကို သတင္းမၾကား ဘာမၾကားနဲ႔။"

"ေအး... ငါလည္း Mother ႀကီး ေမြးေန႔ surprise လုပ္ဖို႔ဆိုၿပီး ဘယ္သူမွ မသိေအာင္ တိတ္တိတ္ေလးျပန္လာတာ။"

ဘုန္းျပည့္စိုးက စကားေျပာေနရင္းမွာ သူငယ္ခ်င္းျဖစ္သူ၏ ေဘးတြင္ ကေလးတစ္ေယာက္၏ လက္ကိုဆြဲကာ ရပ္ေနေသာ လွပသည့္ အမ်ိဳးသားအားေတြ႕လၽွင္ အံ့ၾသမင္သက္သြားမိသည္။ ဒီေလာက္ႏွစ္ၾကာတာေတာင္ ထိုအမ်ိဳးသား၏ လွပမႈတို႔က ကြယ္ေပ်ာက္မသြားသည့္အျပင္ ရင့္က်က္မႈႏွင့္ ေပါင္းကာ ပို၍ ဆြဲေဆာင္မႈရွိလွသည္။

"ဪ... ဪ... ဒါနဲ႔ မိတ္ဆက္ေပးရဦးမယ္။ ဒါက ငါ့အမ်ိဳးသား ကိုသၽွန္ေနာင္တဲ့။"

သၽွားအိမ္က တမင္မသိသလိုလုပ္ကာ ခ်စ္ရသူႏွင့္ မိတ္ဆက္ေပးလိုက္ပါသည္။

"ဟုတ္ကဲ့။ ေတြ႕ရတာ ဝမ္းသာပါတယ္။"

သၽွန္ေနာင္ကလည္း သူငယ္ခ်င္းႏွစ္ဦးၾကား ေနရမခက္ေစရန္ အလိုက္အထိုက္ပင္ ေခါင္းညိတ္ကာ လူမႈဆက္ဆံေရးတြင္ အသုံးျပဳသည့္ အျပဳံးတခုျဖင့္ ျပန္ႏႈတ္ဆက္လိုက္ပါသည္။

"ဟုတ္ကဲ့ အစ္ကို။ ကၽြန္ေတာ္လည္း ဝမ္းသာပါတယ္။"

ဘုန္းျပည့္စိုးက ဟန္မပ်က္ပင္ ျပန္ႏႈတ္ဆက္လိုက္ပါသည္။ ေျပာရမည္ဆိုလၽွင္ သၽွားအိမ္၏ အေၾကာင္းကို ကိုသိုက္ထံမွ ၾကားၿပီးသားျဖစ္သည္။ သို႔တိုင္ေအာင္ သူငယ္ခ်င္းျဖစ္သူ၏ ေရြးခ်ယ္မႈကို အံ့ၾသေနဆဲ။ ယခုလို မ်က္ျမင္ကိုယ္ေတြ႕ေတြ႕ရေတာ့ ပိုေတာင္ အံ့ၾသမိေသးသည္။ မွန္ရာေျပာရပါလၽွင္ ကိုေနာင့္အား ယခုတိုင္ ခ်စ္ေနေသးသည္ဟု မဆိုနိုင္ေသာ္လည္း သၽွားအိမ္ ကိုေနာင့္ထံမွ အခ်စ္ရရွိသြားျခင္းကို သူ မေက်နပ္ပါ။ ကိုေနာင့္ကို သူ႔ထံမွာ ျဖတ္ခုတ္သြားသလို ခံစားရသည္။

"ဒါနဲ႔ မင္း ျပန္ေရာက္ေနတာ ကိုသိုက္ေကာသိၿပီးၿပီလား။"

ကေျပာင္းကျပန္ဆန္လွသည့္ ခံစားခ်က္တို႔ ေဝ့သီေနေသာ မ်က္ဝန္းမ်ားျဖင့္ ခ်စ္သူအားၾကည့္ေနေသာ ကိုျပည့္၏ အာ႐ုံကို သူ႔ထံသို႔ လႊဲေျပာင္းယူလိုက္သည္။

"အေစာကပဲ သူ႔အလုပ္မွာ သြားေတြ႕လိုက္တယ္ေလ။ ေနာက္ၿပီး ေတြ႕တုန္းေလး စကားေျပာရေအာင္ဆိုၿပီး ငါတို႔ေသာက္ေနက် ဆိုင္ကို ခ်ိန္းလိုက္တယ္။ အခုဆို သြားေလာက္ေရာေပါ့။"

"အာ... ဒါေပမယ့္ ငါ့မွာ ကားမပါဘူး။"

"အဟားဟား... မင္းရဲ့ အေၾကာင္းျပခ်က္ႀကီးကလည္းကြာ။ ဘာလဲ အိမ္ေထာင္ဘက္ကို ေၾကာက္ေနရလို႔လား။ အစ္ကို ဘယ္လိုမ်ား ဆုံးမထားလဲ။ ဒီေကာင္ႀကီး အပိုးက်ိဳးေနပါေရာလား။"

ကိုျပည့္က တမင္ပင္ ေနာက္သလိုျဖင့္ အတည္ေျပာလိုက္ပါသည္။ သူ၏ မ်က္လုံးတို႔က သၽွားအိမ္အား အနိုင္ရလိုစိတ္တို႔ျဖင့္ တလဲ့လဲ့ေတာက္ပေနသည္။

"ဟင့္အင္း.... မဆုံးမရပါဘူးဗ်ာ။ ဆုံးမဖို႔ေနေနသာသာ ကၽြန္ေတာ္ကေတာင္ သူ႔ကို ျပန္ၿပီးေလးစားေနရတာပါ။"

သၽွန္ေနာင္က သၽွားအိမ္၏ လက္ေမာင္းတစ္ဖက္ကို ဆုပ္ကိုင္ကိုင္ၿပီး ရယ္သလို ေမာသလိုျဖင့္ ေျပာလိုက္ပါသည္။ သို႔ေသာ္ ထိုသမင္မ်က္လုံးမ်ားကေတာ့ ရယ္ေမာျခင္းတို႔ ကင္းမဲ့၍ ေနသည္။

"ေတြ႕တယ္ေနာ္"

သၽွားအိမ္ကေတာ့ ဘုန္းျပည့္စုံ၏ တိုက္ခိုက္မႈကို မသိဟန္ျပဳကာ တမင္ရင္ေကာ့၍ ေျပာလိုက္သည္။ တဖက္လူ၏ မဲေမွာင္ေနေသာ မ်က္ႏွာကိုၾကည့္ ရင္ထဲတြင္ ဟားတိုက္ေနလိုက္သည္။

"ကဲ... ေမာင္သြားမယ္ဆို ကားယူသြားေလ။ ကိုနဲ႔ ဒိုဒိုကို အိမ္မွာ ခ်ေပးခဲ့။"

"ေမာင္ ေရခ်ိဳးရဦးမယ္ေလ။"

"ကဲ... ဒါဆိုလည္း ျမန္ျမန္သြားေတာ့။ ငါ ဗိုက္ဆာလွၿပီ"

ဖိုးျပည့္မွာ ဗိုက္ဆာသျဖင့္ ဝင္၍ ေဆာ္ၾသလိုက္ရသည္။

"ေအးပါကြာ။ တကယ္တည္း.... လာ... သြားစို႔ Baby"

"သြားလိုက္ပါဦးမယ္ ခင္ဗ်ာ့"

သၽွန္ေနာင္လည္း ဘုန္းျပည့္စုံကို လူမႈေရးအရ ႏႈတ္ဆက္ကာ သၽွားအိမ္ႏွင့္ အိမ္သို႔ ျပန္လာခဲ့သည္။ အိမ္ေရာက္သည္ႏွင့္ သၽွားအိမ္မွာ တက္သုတ္ရိုက္ကာ ေရမိုးခ်ိဳးၿပီးလၽွင္ ဗီရိုထဲမွ တီရွပ္ၾကက္ေသြးေရာင္ႏွင့္ နက္ျပာ Jean pants တစ္ထည္ကို ထုတ္ယူကာ ကျပာကယာ အဝတ္အစားဝတ္လိုက္သည္။ ၿပီးလၽွင္ အခန္းထဲရွိ ဆိုဖာတြင္ ထိုင္ကာ သူ႔အား ျပဳံးျမျမႏွင့္ ၾကည့္ေနေသာ ခ်စ္သူအား အနမ္းႏွင့္ ႏႈတ္ဆက္လိုက္သည္။

"ေမာင္ ဒီေန႔ ေသာက္မယ္ေနာ္။"

သၽွန္ေနာင္မွာ သူ႔အား ခြင့္တိုင္ေနေသာ ခ်စ္သူ၏ မ်က္ႏွာကို ျမတ္နိုးစြာၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္ပါသည္။

"အင္း... ကားသာ ဂ႐ုစိုက္ ေမာင္း။ ကားမေမာင္းနိုင္ရင္ ကို႔ကိုသာ ေခၚလိုက္။ ကို ေစာင့္ေနမယ္။"

"မေစာင့္နဲ႔။ အိပ္ေတာ့။ ကိုျပည့္ဆိုတာ ငေပြး။ ဘီယာဆိုင္တခုတည္းနဲ႔ ၿပီးမွာ မဟုတ္ဘူး။ ၿပီးရင္ ဟိုကလပ္သြားမယ္ ဒီကလပ္သြားမယ္ လုပ္ဦးမွာ"

"ဪ..."

"ဒါေပမယ့္ ေမာင္က လိုက္ေပး႐ုံပါ။ စိတ္ခ်။ ဘာဇယားမွ မၿငိေစရဘူး။"

သၽွားအိမ္က ခ်စ္သူခင္ပြန္းျဖစ္သူ စိတ္ကြက္မည္ကို မလိုလားသည့္ အားေလ်ာ္စြာ အာမခံခ်က္ေပးလိုက္ပါသည္။

"အင္းပါ... အရမ္းႀကီးေတြ ေျဖရွင္းမေနပါနဲ႔။ ေတာ္ၾကာ ဒီလူက ခင္ဗ်ားေလး မလုံလို႔ ထင္သြားဦးမယ္။"

သၽွန္ေနာင္က သူထိုင္ေနေသာ ဆိုဖာေက်ာမွီကို လက္ေထာက္ကာ ရပ္ေနေသာ သၽွားအိမ္အား လက္ညိဳးေလးကိုေကြးကာ အနီးသို႔ ေခၚလိုက္သည္။ သၽွားအိမ္က အလိုက္သတိျဖင့္ ကိုယ္ကို ညႊတ္ကာ မ်က္ႏွာကို သၽွန္ေနာင္၏ မ်က္ႏွာနားသို႔ ကပ္ေပးလိုက္လၽွင္ သၽွန္ေနာင္က ထိုေလးကိုင္းသဏၭာန္ ႏႈတ္ခမ္းေလးကို တရွိုက္မက္မက္ ငုံေထြးကာ နမ္းရွိုက္လိုက္ပါသည္။ ႏွစ္ဦးသား အတန္ၾကာေအာင္ နမ္းရွိုက္ၿပီးေသာအခါ...

"ကဲ... ေမာင္ သြားမယ္ေနာ္။ ခ်စ္တယ္ ခ်စ္သူ"

သၽွားအိမ္က သၽွန္ေနာင္၏ နဖူးကို ခပ္ဖြဖြေလး နမ္းရွိုက္ၿပီး ႏႈတ္ဆက္လိုက္သည္။

"ခ်စ္တယ္ ေမာင္"

သၽွန္ေနာင္က အျပဳံးတစ္ခုႏွင့္ႏႈတ္ဆက္လိုက္ၿပီး အခန္းထဲမွ ခပ္သုတ္သုတ္ ေျပးထြက္သြားေသာ ခ်စ္သူအား လက္ျပႏႈတ္ဆက္ကာ ထိုင္ရာမွ ထလိုက္သည္။ သူလည္း ေရခ်ိဳးရဦးမည္။ ဒီညအဖို႔ ဒိုဒိုႏွင့္သာ ထမင္းစားရေတာ့မည္။ ၿပီးလၽွင္ ဘာမွ လုပ္စရာမရွိသည့္ အတူတူေတာ့ ကလပ္သြားဦးမွပါ။ ဟိုတေန႔က တူျဖစ္သူ မိုင္းမိုင္က Barကို ထပ္ခ်ဲ႕ကာ Bar Tender အသစ္ခန႔္ထားသည္ေျပာသည္။ အေျခအေန သြားၾကည့္ဦးမွ။

------------

သၽွားအိမ္မွာ ကားကို ျမန္နိုင္သမၽွ ျမန္ေအာင္ ေမာင္းကာ ကန္ေဘာင္ဘက္ဆီမွ ဆိုင္သို႔ ထြက္လာခဲ့သည္။ ဆိုင္ေရာက္ေတာ့ ဟိုႏွစ္ေကာင္က စားႏွင့္ေနၿပီျဖစ္သည္။

"ေဖ့သားေတြ... မင္းတို႔ ဘယ္ဘဝတည္းက ငတ္ေနလို႔လဲ။ ငါ့ကိုေတာင္ မေစာင့္နိုင္တာ"

"မင္းကလည္းကြာ... ၾကာလိုက္တာ။ ငါ့မွာ အူလိမ္ၿပီး ေသေတာ့မလို႔။"

ကိုသိုက္ကေတာ့ ပါးစပ္ပလုတ္ပေလာင္းျဖင့္ ျပန္ေျပာရွာသည္။ ဖိုးျပည့္ကေတာ့ လက္ကိုသာ ေဝ့ယမ္းျပသာ။ မင္းဟာမင္း ဘာေျပာေျပာဆိုသည့္ သေဘာ။

သၽွားအိမ္လည္း စားပြဲထိုးေလးအား လွမ္းေခၚကာ ငါးပုပ္ေျခာက္ထမင္းေၾကာ္၊ ကန္စြန္းပလိန္းတစ္ပြဲႏွင့္အတူ ဘီယာတစ္ခြက္မွာလိုက္သည္။ သူမွာထားသည္မ်ား လာခ်ေတာ့ ဟိုႏွစ္ေကာင္မွာ စားၿပီးလို႔ ဘီယာစုပ္ရင္း အာထုေနၿပီျဖစ္သည္။

"သားႀကီး.... မင္းရဲ့ ဟိုက အေတြ႕အၾကဳံေလးေတြ ေျပာပါဦး။"

"ဒီလိုပါပဲ။ ဘြဲ႕မရခင္ ေက်ာင္းတက္၊ part time အလုပ္လုပ္၊ ပိုက္ဆံရွာေပါ့၊ စာေမးပြဲေျဖေပါ့။ ဘြဲ႕ရၿပီးေတာ့ အလုပ္လုပ္၊ ပိုက္ဆံပိုရွာေပါ့။ တေန႔တေန႔ အိမ္နဲ႔အလုပ္နဲ႔ပဲ အခ်ိန္ကုန္ေပါ့။"

ဖိုးျပည့္က ကိုသိုက္၏ အေမးကို စိတ္မပါလက္မပါျဖင့္ ေျဖၾကားလိုက္ပါသည္။

"မင္းဟာႀကီးကလည္း မနိပ္ေသးပါဘူး။ ကဲဖို႔ အခ်ိန္မရွိေတာ့ဘူးလား။"

"ရွိေတာ့ ရွိပါတယ္ကြာ။ ဒါေပမယ့္ ငါနဲ႔ သေဘာတူထားတဲ့ ေကာင္မေလးရွိေနေတာ့ ဣေျႏၵေလးသိကၡာေလး ဆည္ရေသးတာေပါ့။"

"လဒ! အေကာင္းမွတ္လို႔ နားေထာင္ေနတာ"

ေျပာေနရင္းျဖင့္ ေဖာက္လာေသာ ဖိုးျပည့္ေၾကာင့္ ကိုသိုက္မွာ လက္ေမာင္းကို ခပ္ဖြဖြထိုးလိုက္မိေတာ့သည္။

"ဟ... အေကာင္းေျပာတာ။ ငါ့မယ္ေတာ္က ငါ့ကို အဲ့ဒီေကာင္မေလးနဲ႔ ဆြဲေစ့ဖို႔ႀကံေနတာ။ ငါက အခ်ိန္ဆြဲထားလို႔။ ႐ုတ္႐ုတ္၊ ႐ုတ္႐ုတ္လုပ္ရင္ no excuse...။ တခါတည္း ေပးစားလိုက္မွာတဲ့။"

"အဲ့ဒီေတာ့ ဘာျဖစ္လဲ ယူလိုက္ေပါ့။"

"ဟာ... မယူခ်င္ပါဘူး။ အဲ့ဒီလို ကေလးသာသာေတြကို မႀကိဳက္ပါဘူး။ တစ္ေန႔တစ္ေန႔ ကေလးလိုလို ေခြးလိုလိုနဲ႔။ ဖုန္းမဆက္ရင္ စိတ္ေကာက္ရတာနဲ႔ ဘာနဲ႔။ ဘာမွန္းကို မသိဘူး။"

"မင္း သူ႔ကို မႀကိဳက္ရင္လည္း မင္းမားသားႀကီးကို ေျပာၿပီး ျငင္းလိုက္ေပါ့။"

"မင္းကလည္း မားသားႀကီးအေၾကာင္း သိသားနဲ႔။ ဘူးဆို ဖ႐ုံမသီးဘူး။"

"ဒါေပမယ့္လည္း ဒါက မင္းဘဝေလကြာ။"

"ေအးပါ ငါသိပါတယ္။ ဒါေပမယ့္ ငါက မားသားႀကီးကို စိတ္ခ်မ္းသာေစခ်င္တယ္ေလကြာ။ မိဘဆိုတာ ကိုယ့္ေက်းဇူးရွင္ကြ။ မင္းမၾကားဖူးဘူးလား။ မိဘစကား ေျမဝယ္မက် နားေထာင္တဲ့ သားသမီးက ဘယ္ေတာ့မွ မဆင္းရဲဘူးတဲ့။"

"ေအးပါကြာ။ မွတ္ထားပါ့မယ္။ ေနာက္ၿပီး ေစာင့္လည္း ၾကည့္ေနပါ့မယ္။"

ကိုသိုက္က ေမေမ့သား ဖိုးျပည့္ႏွင့္ ၿပိဳင္မျငင္းလိုသျဖင့္ ထိုမၽွသာ ေျပာလိုက္သည္။ ဖိုးျပည့္၏ မိခင္ဆိုသည္မွာ မိဘေက်းဇူးကို တြင္တြင္ေျပာၿပီး သားျဖစ္သူ၏ ဘဝကို စိတ္တိုင္းခ် ခ်ယ္လွယ္တတ္သူျဖစ္သည္။ သူအေနႏွင့္ ေျပာရမည္ဆိုလၽွင္ မိဘေက်းဇူးကို မေမ့သင့္သည္မွန္ေသာ္လည္း ထိုေက်းဇူးဆိုတာႀကီးေၾကာင့္ မိမိဘဝကို ထိုမၽွအထိ စိတ္ႀကိဳက္ခ်ယ္လွယ္ခြင့္ေပးတာကိုေတာ့ လက္ခံ၍မရပါ။ သို႔ေသာ္ ကိုယ့္ခံယူခ်က္ႏွင့္ ကိုယ္သာျဖစ္၍ ေျပာမေနေတာ့။

"ဒါနဲ႔ မင္းရဲ့ ေရြးခ်ယ္မႈကို မင္းဖားသားႀကီးက မကန႔္ကြက္ဘူးလား။"

ဖိုးျပည့္က ထမင္းစားေနေသာ သၽွားအိမ္အား ေမးလိုက္သည္။

"ဘယ္ေနမလဲ။ ငါ့အိမ္အထိလာၿပီး ငါနဲ႔ ငါ့ခ်စ္သူကို သေဘာမတူဘူးေျပာတယ္ေလ။"

"ဒီေတာ့ မင္းတို႔ သူ႔ကို ဘယ္လိုနားခ်လိုက္သလဲ။"

"ဟင့္အင္း မခ်ပါဘူး။"

"အင္... အဲ့ဒီေတာ့...???"

ဖိုးျပည့္မွာ မ်က္စိလည္သြားဟန္ရွိသည္။

"အဲ့ဒီေတာ့ ငါ့ကို သားအျဖစ္က စြန႔္လႊတ္သြားတယ္ေလ။"

သၽွားအိမ္က ငါးပုပ္ေျခာက္ဖတ္ကို စိမ္ေျပနေျပဝါးရင္းေျပာလိုက္သည္။ ဖိုးျပည့္ခမ်ာ ခဏမၽွ ေၾကာင္ၾကည့္ေနသည္။ သၽွားအိမ္ မေနာက္တာေသခ်ာမွ...

"မင္းက ေျပလည္ေအာင္ လိုက္မေတာင္းပန္ဘူးလား။"

"ဟင့္အင္း... မေတာင္းပန္ပါဘူး။ ဘာကိစၥေတာင္းပန္ရမွာလည္း။ ငါ ခ်စ္တဲ့လူကို ငါေရြးခ်ယ္တာ အဇာတသတ္ဇာတ္ခင္းေနတာမွ မဟုတ္တာ။"

"မင္းကလည္းကြာ စိတ္ခ်ည္းပဲ။ သူက ေကာင္းေစခ်င္တဲ့ ေစတနာေၾကာင့္ ျဖစ္မွာေပါ့။"

သၽွားအိမ္ စားလက္စ ဇြန္းကိုခ်ကာ ဖိုးျပည့္ကို တည့္တည့္ၾကည့္လိုက္သည္။ ဒီေကာင္ ဘယ္လိုေတြေတြးေနတာလဲမသိ။

"ေကာင္းေစခ်င္တဲ့ ေစတနာ? ဟုတ္လား? ေကာင္းေစခ်င္တဲ့ ေစတနာလို႔ ေျပာရေအာင္ ငါက ဘာေတြ မေကာင္းတာ လုပ္ေနလို႔လဲ။ ငါက သူမ်ား ပစၥည္းကို မတရားသျဖင့္ ခိုးေနလို႔လား။ သူမ်ား သားမယားပစ္မွားေနလို႔လား။ သူ႔အသက္သတ္ေနလို႔လား။ ေသရက္ေသစာကို အဆင္ျခင္မဲ့ ေသာက္သုံးေနလို႔လား။ သူတပါးကို လိမ္လည္လွည့္ဖ်ားေနလို႔လား။"

ဖိုးျပည့္မွာ ပါးစပ္ပိတ္ေနရသည္။ ကိုသိုက္ကေတာ့ သၽွားအိမ္၏ အနာကို ပိုသိသူပီပီဘာမၽွဝင္ မေျပာ။

"ေနာက္ၿပီးေတာ့ မိဘေမတၱာဆိုတာ... ဒီေနရာမွာ ဖခင္ေမတၱာေပါ့ကြာ... ေအး... အဲ့ဒီ ေမတၱာဆိုတာ အႂကြင္းမဲ့ရိုးမွန္ရင္ ငါခ်စ္တဲ့လူက ေယာက္်ားတစ္ေယာက္ျဖစ္ေနတာနဲ႔ပဲ ငါကို ကပ္ဆိုးက်လာသလိုမ်ိဳး စြန႔္ပယ္ဖို႔လိုလို႔လား။"

"ငသၽွားရာ မင္းေလ ငရဲႀကီးေတာ့မွာပဲ။"

ဘုန္းျပည့္စုံက သၽွားအိမ္၏ ခါးခါးသီးသီးျဖစ္ေနပုံကို ၾကည့္ကာ သတိေပးလိုက္ပါသည္။

"ေဟ့ေကာင္... ငါေျပာတဲ့ အထဲမွာ မွားတာ တလုံးမွ မပါဘူး။ မွန္တာေျပာလို႔သာ ငရဲႀကီးမယ္ဆိုရင္ ႀကီးပါေလ့ေစ။ ဂ႐ုကိုမစိုက္ဘူး။"

မိဘဆိုေသာ ဂုဏ္အင္သည္ ႀကီးက်ယ္ခမ္းနားမွန္း သူသိပါသည္။ သို႔ေသာ္ ထိုဂုဏ္အင္ေၾကာင့္ မိဘဟူသည္ အျမဲမွန္သည္ဆိုတာေတာ့ သူ လက္မခံနိုင္ပါ။ အနည္းဆုံးေတာ့ သူႏွင့္ သူ႔ခ်စ္သူအတြက္ေတာ့ လူေတြေျပာေျပာေနေသာ ဖခင္ေမတၱာဘြဲ႕ေတြက မမွန္ကန္ခဲ့ပါေပ။

ဘုန္းျပည့္စုံလည္း ေျပာေလဆိုးေလျဖစ္ေနေသာ သၽွားအိမ္အားဆက္မေျပာေတာ့။ ကိုသိုက္ႏွင့္သာ အဖြဲ႕က်ေနသည္။

"ဒါနဲ႔ ကိုစိုင္းက ဘယ္လိုျဖစ္တာလဲ။"

"ဘာျဖစ္ရမလဲကြာ။ ၿခံခုန္တာေလကြာ။ အဲဒီ့မိန္းမက အစက သူ႔ဇနီးေလာင္းရဲ့ သူငယ္ခ်င္း။ ေနာက္ၿပီး မင္းသမီးေပါက္စ။ သိတယ္မဟုတ္လား။ ငစိုင္းကလည္း မ်ိဳးရိုးအစဥ္ဆက္ ခ်မ္းသာလာတာဆိုေတာ့ sponsor ကိစၥေတြပဲျဖစ္မွာေပါ့။ ေနာက္ေတာ့ ႏွစ္ေယာက္ၿငိသြားေရာ။ ငါလည္း ေျဖာင့္ဖ်တယ္။ မရဘူး။ သူ႔ဇနီးေလာင္းကို ထားခဲ့ၿပီး အဲ့ဒီမိန္းမေနာက္ ေကာက္ေကာက္ပါသြားေတာ့တာပဲ။ လက္ထပ္ၿပီး သိပ္မၾကာပါဘူး။ ဟိုမိန္းမက ေနာက္တစ္ေယာက္နဲ႔ တြဲတယ္ဆိုလားပဲ။ အဲ့ဒီ့တစ္ေယာက္ကလည္း မယားႀကီးငုတ္တုပ္တဲ့။ ေနာက္ဆုံးေတာ့ ျပန္အမ္းၿပီး ကြာလိုက္တယ္ပဲ ေျပာပါေတာ့။ ငါနဲ႔ ယုယနဲ႔ မဂၤလာမေဆာင္ခင္ေလးတင္ ကြာလိုက္တာ။ အဲ့ဒါလည္းၿပီးေရာ အရက္သမားလုပ္ေနတယ္ေလ။ ဟိုမိန္းမေတာ့ ေနာက္ေယာက္်ားနဲ႔ ေပ်ာ္ေနတာမ်ား တိုင္းသိျပည္သိ။"

ကိုသိုက္က ဖိုးျပည့္၏ အေမးကို ခေရေစ့တြင္းက်ရွင္းျပေနသည္။ သၽွားအိမ္က စားေနသည္ကို လက္စသတ္ၿပီး ဘီယာခြက္ ေကာက္ကိုင္တုန္းရွိေသးသည္......

"ေဟ့ေကာင္ေတြ ကလပ္သြားရေအာင္။"

"ေဟ့ေကာင္... မင္းေျပာတုန္းက ဒီဆိုင္ပဲဆို။"

ကိုသိုက္က ေျပာလိုက္လၽွင္...

"မေျပာပါဘူး။"

"ေသာက္ေနက်ဆိုင္ သြားရေအာင္လို႔ ေျပာတယ္ေလ။"

ကိုသိုက္ကေထာက္ျပလၽွင္ ဖိုးျပည့္က ဟက္ခနဲရယ္ကာ....

"ဟေကာင္ရ... ငါေသာက္ေနက်ဆိုင္ဆိုတာမွာ Night terror လည္းပါတယ္ေလ။"

"Night Terror က ပိတ္သြားၿပီ။ အခုအဲ့ဒီေနရာမွာ ငသၽွားရဲ့ မုန႔္ဆိုင္ဖြင့္ထားတယ္။"

ဖိုးျပည့္က မယုံနိုင္ဟန္ျဖင့္ သၽွားအိမ္အားၾကည့္လၽွင္ သၽွားအိမ္က ခပ္ေအးေအးပင္ ေခါင္းညိတ္ျပလိုက္သည္။

"ဒါဆိုလည္း တျခားကလပ္တခုခု သြားမယ္ကြာ။ ငါ မင္းတို႔နဲ႔ ကလပ္မသြားရတာ ၾကာၿပီ။"

"မင္းကလည္း ေစာေစာကေျပာတာ မဟုတ္ဘူး။"

ကိုသိုက္မွာ ပြစိပြစိလုပ္ေသာ္လည္း ယုယအား ဖုန္းေခၚလိုက္သည္။

"အေစာက မေျပာလည္းအခုေျပာတယ္ကြာ။ တကယ္ပါပဲ... မိန္းမရသြားတာနဲ႔ ေ-ာက္ခ်ိဳးေတြ ေျပာင္းသြားတာ ျမင္မေကာင္းဘူး။ ေနာက္ကို အိမ္မပိုင္ရင္ လိုက္မလာနဲ႔ကြာ။"

ဖိုးျပည့္က လုံးဝမေလ်ာ့။ ကိုသိုက္ႏွင့္ အၿပိဳင္ပြစိထိုးေနသည္။ ကိုသိုက္က ယုယအား ကလပ္သြားမည့္အေၾကာင္းေျပာေနရာမွ...

"ေဟ့ေကာင္ေတြ ဘယ္ကလပ္သြားမလဲ။"

ဖိုးျပည့္က မသိသျဖင့္ မေျဖ။ ဤတြင္ သၽွားအိမ္က...

"Club Pixil ပဲသြားရေအာင္ကြာ"

Club Pixil ဆိုသည္မွာ သၽွန္ေနာင္၏ အပိုင္ျဖစ္ၿပီး လက္ရွိတြင္ မိုင္းမိုင္က အုပ္ခ်ဳပ္ေနသည္ျဖစ္ရာ ယုယအေနႏွင့္လည္း စိတ္မခ်စရာမရွိ။

"ေအး... ေအး... "

ကိုသိုက္က ယုယအား club Pixil တြင္ ရွိမည့္အေၾကာင္းေျပာကာ ဖုန္းခ်လိုက္သည္။ ထို႔ေနာက္ ဖိုးျပည့္ဘက္လွည့္ကာ...

"ေဖ့သားႀကီး ဖိုးျပည့္ေရ... မင္းအေဖကေလ အိမ္မပိုင္တာ မဟုတ္ဘူး။ ကိုယ့္လက္တြဲေဖာ္ကိုယ္ ေလးစားတာကြ။ အခ်ိန္တန္လို႔ ျပန္မလာရင္ ကိုယ့္ခ်စ္သူ ကိုယ့္ဇနီးမယားက ကိုယ္အတြက္ ဘယ္ေလာက္ပူရသလဲ။ ေနာက္ၿပီး တခုခု အေရးနဲ႔အေၾကာင္းဆို ကိုယ့္ကို လိုက္ရွာမွာ ကိုယ့္မိဘနဲ႔ ကိုယ့္အိမ္ေထာင္ဘက္ပဲရွိတယ္။ ဒီေတာ့ ကိုယ္ဘယ္မွာရွိတယ္ဆိုတာ သူသိေနဖို႔လိုတယ္။"

"ဒါဆို ငသၽွား... မင္းက အစ္ကို႔ကို မေလးမစားေတြ လုပ္ေနတာေပါ့။ နည္းနည္းမွ ဖုန္းဆက္ဖို႔ေတာင္ စိတ္မကူးဘူး။"

ဖိုးျပည့္က သၽွားအိမ္ဘက္လွည့္ကာ ခြပ္လိုက္ျပန္သည္။ သၽွားအိမ္က ခပ္ေအးေအးပင္...

"ငါက မင္းအေၾကာင္းသိလို႔ ငါ့Baby ကို အေစာႀကီးကတည္းက ေျပာၿပီးသား။ ေသာက္မယ္၊ စားမယ္၊ ေလၽွာက္သြားမယ္လို႔။ သူက ျပန္ေျပာတယ္ "မူးလို႔ ကားမေမာင္းနိုင္ရင္ ေျပာ။ လာေခၚမယ္"တဲ့။"

ဖိုးျပည့္က သူ႔အား ၾကည့္မရသလို တစ္ခ်က္ၾကည့္လိုက္ၿပီး...

"မင္း ကလပ္ေရာက္ရင္ ကဲတာေတြ သူမသိဘူးလား။"

"ငါ ဘယ္ေလာက္ေပြလဲဆိုတာပါ သူ သိတယ္။ ေအး... ငါ သူ႔အေပၚ သစၥာထားတာလည္း သူသိတယ္။"

ဖိုးျပည့္က ဆက္မေျပာေတာ့။ စိတ္ထဲကေတာ့ ၾကည့္ၾကေသးတာေပါ့ဟုသာ ႀကိမ္းဝါးေနလိုက္သည္။

သို႔ႏွင့္ သုံးဦးသား ကလပ္ေရာက္လၽွင္ အထဲဝင္ရန္ တန္းစီရေသးသည္။ စေနမို႔ပဲျဖစ္လိမ့္မည္ထင္သည္။ မဟုတ္လၽွင္ ထိုမၽွ လူတန္းမရွည္။ သၽွားအိမ္ႏွင့္ ကိုသိုက္မွာ ပ်င္းရိပ်င္းတြဲျဖင့္ ရပ္ေနေသာ္လည္း ဖိုးျပည့္အတြက္ကေတာ့ သူတို႔ေရွ႕ရွိ မေခ်ာေလးေယာက္ႏွင့္ အဖြဲ႕က်ေနသည္။

"ကိုက အခုမွ ျမန္မာျပည္ျပန္ေရာက္လာတာဆိုေတာ့ ျမန္မာျပည္က အလွအပေလးေတြနဲ႔ ေဝးေနတာၾကာၿပီေလ။"

ဖိုးျပည့္က ေျပာေနရင္းႏွင့္မွ ထိုအထဲမွ အေခ်ာဆုံးမိန္းကေလးအား ဟန္ပါပါျဖင့္ ေျခဆုံးေခါင္းဆုံးၾကည့္ကာ ေျပာလိုက္သည္။

"ခစ္.. ခစ္... အစ္ကိုက သိပ္စကားတတ္တာပဲ။ ဒါေပမယ့္ အစ္ကို႔ သူငယ္ခ်င္းေတြကေတာ့ အစ္ကိုတို႔နဲ႔မ်ား တျခားဆီ စကားလည္းမေျပာဘူး။"

သူမေလးက သၽွားအိမ္ကို မခို႔တရို႔ၾကည့္ကာ ေျပာလိုက္သည္။

"အာ... သူတို႔ေတြက အမိေလးရဲ့အလွကို ရွိန္ေနတာ။ လာ မိတ္ဆက္ေပးမယ္။"

ဖိုးျပည့္ကာ လက္ရဲဇက္ရဲပင္ ေကာင္မေလး၏ ခါးကိုဆြဲကာ သၽွားအိမ္ေရွ႕သို႔ တိုးေပးလိုက္သည္။

"ဒါက ကိုသိုက္တဲ့။ သူကေတာ့ သၽွားအိမ္တဲ့။"

"ဟုတ္... ေတြ႕ရတာ ဝမ္းသာပါတယ္။ ညီမက ဆိုဖီပါ"

ဆိုဖီက သၽွားအိမ္ကိုရႊန္းရႊန္းစားစားၾကည့္၍ အျပဳံးခ်ိဳခ်ိဳတခုျဖင့္ ေျပာလိုက္သည္။ နာမည္ႀကီး Brand မ်ား မဝတ္ပါဘဲႏွင့္ပင္ ေခ်ာေမာသန႔္ျပန႔္ကာ အထက္တန္းက်လွေသာ သၽွားအိမ္အား သူမလို ေရလၽွံသည္ ဘဲမ်ားကို ပစ္မွတ္ထားေသာ မိန္းကေလးမ်ားက စိတ္ဝင္စားျခင္းမွာ မဆန္းလွ။

"ဟုတ္ကဲ့။"

သၽွားအိမ္က သူမအား လူမႈေရးအရ ႏႈတ္ဆက္လိုက္ပါသည္။ ဖိုးျပည့္ကေတာ့ သူငယ္ခ်င္းျဖစ္သူအား မ်က္ခုံးပင့္ကာ ၾကည့္လိုက္မိေတာ့သည္။ ထုံးစံဆိုလၽွင္ သၽွားအိမ္မွာ ဒီလိုအထာေပးေသာ မိန္းကေလးမ်ားႏွင့္ ေတြ႕လၽွင္ ခ်က္ခ်င္းပင္ ရင္းႏွီးမႈယူတတ္ေသာ္လည္း ယခုေတာ့ ဖုတ္ေလသည့္ငါးပိရွိသည္ဟုပင္ မထင္ေသာ အခ်ိဳးမ်ိဳးႏွင့္။ ဒီေကာင္ တကယ္ႀကီး အခ်စ္စစ္နဲ႔ ေတြ႕သြားတာမ်ားလား။ ဖိုးျပည့္မွာ သူ႔အေတြးႏွင့္သူ ဘဝင္မက်သလို ခံစားရသည္။ တခ်ိန္တည္းမွာပင္ မနာလိုမႈတို႔က ရင္ထဲ လွိုက္ကာတက္လာေတာ့သည္။

"ဟာ... ကိုသၽွားအိမ္ ဒီဘာလာလုပ္ေနတာလဲ။"

နေဘးမွ ေပၚထြက္လာေသာ ခပ္ရွရွ ေယာက္်ားသံေၾကာင့္ သူတို႔အားလုံး လွည့္ၾကည့္လိုက္သည္။ skin fit ရွပ္အကၤ်ီလက္ရွည္ႏွင့္ ခဲေရာင္ slim fit style pants ကို ဝတ္ဆင္ထားၿပီး အနက္ေရာင္ သားေရရႈးဖိနပ္ကို ဝတ္ဆင္ထားေသာ အရပ္ျမင့္ျမင့္ႏွင့္ အမ်ိဳးသားငယ္တစ္ဦး ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။ ထိုလူငယ္မွာ သၽွန္ေနာင္ႏွင့္ ႐ုပ္ရည္ခ်င္း ဆင္တူေသာ္လည္း ဤလူငယ္၏ မ်က္ႏွာက်မွာ ပိုသြယ္ကာ ေအးစက္စက္နိုင္လွသည္။ သို႔ေသာ္ ထိုေအးစက္စက္အသြင္သဏၭာန္ကပင္ ထိုလူငယ္အား တမ်ိဳးေလး ဆြဲေဆာင္မႈရွိေစသည္။

"ေအး... ငါ့ သူငယ္ခ်င္းေတြနဲ႔ night out ထြက္လာတာ။"

ထိုလူငယ္က သၽွားအိမ္တို႔ အားလုံးကို အကဲခတ္သလို တစ္ခ်က္ၾကည့္လိုက္ၿပီး...

"လာ... ကၽြန္ေတာ္နဲ႔ လိုက္ခဲ့။"

"ေက်းဇူးပဲကြာ"

သၽွားအိမ္က ေျပာေျပာဆိုဆို တန္းစီရန္တားထားေသာ ႀကိဳးေအာက္မွ လ်ိဳထြက္ကာ လူငယ္ေနာက္သို႔ လိုက္သြားလၽွင္ သူ႔နည္းတူ ကိုသိုက္ႏွင့္ ဖိုးျပည့္သာမက သူတို႔ေရွ႕မွ မိန္းကေလးတစ္စုကပါ သၽွားအိမ္ေနာက္သို႔ လိုက္လာသည္။ ထိုလူငယ္က ကလပ္၏ အဝင္တံခါးသို႔ ဦးေဆာင္ေခၚသြားၿပီး တံခါးမႈးမ်ားအား...

"ဒါ ငါ့ ဧည့္သည္ေတြ" ဟုဆိုလၽွင္ ထိုလူမ်ားက ေခါင္းညိတ္ျပကာ တရိုတေသပင္ တံခါးဖြင့္ေပးရွာသည္။ သၽွားအိမ္ႏွင့္ ကိုသိုက္မွာ ဘာမွေထြေထြထူးထူး မခံစားမိေသာ္ျငား။ ဖိုးျပည့္ႏွင့္ မိန္းကေလးတစ္သိုက္ကေတာ့ အထူးအဆန္းျဖစ္၍ ေနသည္။ ဆိုဖီဆိုသည့္ မိန္းကေလးကေတာ့ သၽွားအိမ္အား အထင္တႀကီးျဖင့္ကို ၾကည့္ေနေတာ့သည္။

"ကဲ... ဝင္ေၾကးနဲ႔ က်န္တာကေတာ့ ကိုယ္အစီအစဥ္နဲ႔ ကိုယ္ပဲ။ ကၽြန္ေတာ္ လုပ္စရာေလးေတြရွိလို႔။"

ထိုလူငယ္က သၽွားအိမ္အား မွာၾကားကာ ထြက္သြားေတာ့သည္။ သၽွားအိမ္လည္း Register counterတြင္ ကိုယ့္ဟာကိုယ္ ဝင္ေၾကးသြင္းလိုက္သည္။ ၿပီးလၽွင္ ဖိုးျပည့္က KTV ပါေသာ Private session room ငွားရမ္းသျဖင့္ သူတို႔အားလုံးအျပင္ မေခ်ာတသိုက္ပါ အခန္းထဲသို႔ ဝင္ခဲ့ေတာ့သည္။

အခန္းက အေတာ္အတန္က်ယ္ဝန္ၿပီး နံရံမ်ားကို အနီႏွင့္ အနက္ေရာင္ သုတ္ထားသည္။ အခန္းဝင္ဝင္ခ်င္း ညာဘက္တြင္ နံရံကပ္တီဗီႏွင့္ ကာရာအိုေကစက္ရွိၿပီး တံခါးႏွင့္တည့္တည့္၍ ထိုင္စရာေနရာ ဧည့္ခန္းေလးကို ျပင္ေပးထားသည္။ ပရိေဘာဂအေနျဖင့္ စားပြဲခုံႏွစ္လုံးႏွင့္ ဆိုဖာရွည္ႀကီး ႏွစ္ခုကို ဆက္ေပးထားသည့္အျပင္ ေျခတင္ေသာ ခုံငယ္ေလး ေလးလုံးခန႔္ပါရွိသည္။

အခန္းထဲေရာက္ေတာ့ ထုံးစံအတိုင္း မေခ်ာေလးေတြက ဟိုမွာဒီမွာ ဖိုးျပည့္ကလည္း ေကာင္းေပ့ဆိုသည့္အရက္ကိုမွာသည္။ ကိုသိုက္ႏွင့္ သၽွားအိမ္ကေတာ့ ထုံးစံအတိုင္း ဘီယာေလး တစ္လုံးစီႏွင့္ အာလူးေၾကာ္သာမွာသည္။

"ေဟ့ေကာင္ေတြ မင္းတို႔ကလည္း ေကာင္မေလးေတြ ေရွ႕မွာ ဂြမ္းလိုက္တာကြာ။"

ဖိုးျပည့္က လာကပ္ကာ သတိေပးလိုက္ေသးသည္။

"ေဟ့... သူ႔အိုးနဲ႔ သူ႔ဆန္တန္႐ုံတဲ့။ ငါက ဘီယာဖိုးပဲတတ္နိုင္တယ္။ ငါ့မိန္းမကိုလည္း ဘီယာပဲေသာက္မွာလို႔ ေျပာခဲ့တယ္။"

ကိုသိုက္က မယုတ္မလြန္ပင္ ျပန္ေျပာကာ ဘီယာကိုသာ ျမဳံ႕ေနသည္။ ေရေတာင္ ေဈးႀကီးေပးရသည့္ေနရာတြင္ အရက္မွာၿပီး ေကာင္မေလးေတြ အထင္ႀကီးေအာင္ လုပ္ျပမေနနိုင္ပါ။ သူတို႔ အထင္ႀကီးေတာ့ေကာ ဘာလုပ္ရမွာလဲ။ ဇနီးျဖစ္သူ ယုယ၏ အျပဳံးတစ္ခ်က္ေလာက္ေတာင္ အေရးမပါတာေတြမ်ား။

"ငသၽွားကေကာ ဘယ္တုန္းက ဘီယာသမားျဖစ္သြားတာတုန္း။ မင္းတို႔ မတတ္နိုင္ရင္ ငါတိုက္ပါ့မယ္ကြာ။"

"ငါလား? ေယာက္်ားရသြားကတည္းက။"

သၽွားအိမ္က ခပ္တည္တည္ျဖင့္ ျပန္ေျပာလိုက္ပါသည္။ ဟုတ္တယ္ေလ။ သူ႔ခ်စ္သူက အရက္နံ့မွ မခံနိုင္တာ။ သို႔ေသာ္ မေခ်ာတစ္သိုက္ကေတာ့ သူ ရယ္စရာေျပာေနသည္ အမွတ္ျဖင့္ ခိုးခိုးခစ္ခစ္ ရယ္ေမာေနသည္။

"ဒီက အစ္ကိုက ႐ုပ္တည္ႀကီးနဲ႔ ရယ္စရာေျပာတတ္တာပဲ။"

ဆိုဖီက ရယ္လားေမာလားျဖင့္ ေျပာရင္း သၽွားအိမ္ႏွင့္ ဖိုးျပည့္ၾကားသို႔ ဝင္ထိုင္လိုက္သည္။ သၽွားအိမ္က ကိုသိုက္ဘက္သို႔ တိုးကာ လူခ်င္းခြါလိုက္သည္။ သို႔ေသာ္ ကိုသိုက္မွာလည္း ေဘးသို႔ တိုး၍ မရေတာ့သည္ျဖစ္ရာ သၽွားအိမ္မွာ သူမႏွင့္ အရမ္းေတာ့ လူခ်င္းကြာမသြားေပ။

"ကဲ... ကိုယ္တို႔တေတြ သီခ်င္းဆိုၾကမလား။"

"ေရး... ဆိုမယ္။ ဆိုမယ္။"

ဖိုးျပည့္က အႀကံျပဳလိုက္သည္တြင္ မိန္းကေလးတစ္သိုက္မွာ သူထက္ငါဦးေအာင္ သီခ်င္းကို list ထဲထည့္ၾကေတာ့သည္။ ထိုအထဲတြင္ ဆိုဖီေတာ့မပါ။ သူမက ဖိုးျပည့္ကိုသာ သူမႀကိဳက္ေသာ သီခ်င္းမ်ားထည့္ေပးရန္ေျပာၿပီး ထိုင္ျမဲအတိုင္း ထိုင္ေနသည္။ သၽွားအိမ္ႏွင့္ ကိုသိုက္ကေတာ့ မလႈပ္ေရးခ်ာမလႈပ္။ အထူးသျဖင့္ ထိုခပ္ရႈပ္ရႈပ္မိန္းကေလးမ်ားႏွင့္ မပတ္သက္လို၍ ျဖစ္သည္။

ပထမဆုံးသီခ်င္းစလာလၽွင္ ဖိုးျပည့္က သံစဥ္ဟူေသာ မိန္းကေလးႏွင့္ စုံတြဲသီခ်င္းဆိုသည္။ ဖိုးျပည့္က အသံမဆိုးေသာ္လည္း ထိုမိန္းကေလးကေတာ့ "သံေၾကာင္"ဟူ၍ နာမည္ေျပာင္းလိုက္ဖို႔သင့္သည္ဟုပင္ သၽွားအိမ္ေရာ ကိုသိုက္ပါ စိတ္ထဲမွ မွတ္ခ်က္ခ်လိုက္သည္။ ၿပီးေတာ့ ဆိုဖီ၏ အလွည့္။

သူမက ထိုင္ရာမွ ထကာ သီခ်င္းသံစဥ္အတိုင္း ကိုယ္ကို ယိမ္းႏြဲ႕လႈပ္ရွားရင္း သီဆိုေနသည္။ သူမကေတာ့ အသံေတာ္ေတာ္ေကာင္းသည္။ သၽွားအိမ္ စိတ္ထဲမွ သူမ၏ အသံေကာင္းမြန္မႈအတြက္ အမွတ္ေပးလိုက္ပါသည္။ သူမ သီဆိုၿပီးသြားေတာ့ လမင္းဆိုေသာ ကေလးမေလးအလွည့္။ သူမေလးက ခပ္ေဆြးေဆြး ျမန္မာ သီခ်င္းတစ္ပုဒ္ကို ဖီးအျပည့္ႏွင့္ ဆိုေနသည္။

ဆိုဖီက သၽွားအိမ္၏ နေဘးတြင္ ဝင္ထိုင္ကာ...

"ဆိုဖီဆိုတာ ေကာင္းလားဟင္။"

"အင္း... ေကာင္းတယ္။"

သၽွားအိမ္က ထိုမၽွသာေျပာၿပီး လက္က်န္ ဘီယာ ဗူးကို ေကာက္ေမာ့လိုက္ျပန္သည္။ ထို႔ေနာက္ ကုန္သြားေသာ ဗူးကို ျပန္ခ်လိုက္လၽွင္ ဆိုဖီက ဗူးသစ္ကို ဖြင့္ကာ သၽွားအိမ္ေရွ႕တြင္ အရံသင့္ ထားေပးသည္။ သို႔ေသာ္ သၽွားအိမ္က မသိသလိုျဖင့္ ေနာက္ထပ္ဗူးသစ္ကိုသာ လွမ္းယူလိုက္သည္။ သူ႔အား မ်က္ခုံးပင့္ၾကည့္ေနေသာ သူမအား မသိက်ိဳးကၽြန္ျပဳကာ ဘီယာဗူးကို ဖြင့္လိုက္ၿပီး တငုံငုံလိုက္သည္။

"ကိုသၽွားေကာ မဆိုဘူးလား။ ဆိုဖီနဲ႔ တစ္ပုဒ္ဆိုေပးေလ။"

"ကၽြန္ေတာ္က အသံမေကာင္းဘူး။"

သၽွားအိမ္က ခပ္ျပတ္ျပတ္ပင္ ေျပာလိုက္ပါသည္။

"ကိုသၽွားရယ္မေနာက္ပါနဲ႔။ အစ္ကို႔အသံက ဒီအတိုင္းေတာင္ ညႇို႔သံေတြပါေနတဲ့ဟာကို"

သူမက သူ၏ ေပါင္ကို ပုတ္ကာရယ္လားေမာလားျဖင့္ ေျပာလာသည္။ ထိုစဥ္ တံခါးေခါက္သံေၾကာင့္ တံခါးႏွင့္ အနီးဆုံးရွိ မိန္းကေလးက ထကာ တံခါးဖြင့္ေပးလိုက္လၽွင္....

"........."

အမ်ိဳးသားတစ္ဦး....။ အမ်ိဳးသားမွ လွပကာ ဆြဲေဆာင္မႈရွိေသာ အမ်ိဳးသားတစ္ဦး။ ေရႊေရာင္ၾကယ္သီးမ်ားပါေသာ အျဖဴေရာင္ လည္ကတုံးရွပ္အကၤ်ီႏွင့္ ခဲေရာင္ slim fit pants ကို ဝတ္ဆင္ထားပါေသာ ထိုအမ်ိဳးသားသည္ တံခါးဝ၌ ရပ္ေနသည္။

ထိုအမ်ိဳးသားက တံခါးလာဖြင့္ေပးေသာ အမ်ိဳးသမီးငယ္ကို ေက်ာ္ကာ အခန္းထဲသို႔ တစ္ခ်က္ေဝ့ဝဲၾကည့္လိုက္သည္။ သူ႔အား အံ့ၾသတႀကီးျဖင့္ ၾကည့္ေနေသာ ခ်စ္သူအားျမင္လၽွင္ ခ်ိဳသာႏူးညံ့ေသာ အျပဳံးတစ္ခုျဖင့္ ႏႈတ္ဆက္လိုက္သည္။ သို႔ရာတြင္ ထိုလူ၏ သမင္မ်က္ဝန္းမ်ားက ခ်စ္သူ၏ ေပါင္ေပၚတြင္ ပိုင္စိုးပိုင္နင္းတင္ထားသည့္ ဆိုဖီ၏ လက္ကို ျမင္လၽွင္ ႏႈတ္ခမ္းျဖားေလးတစ္ဖက္ေကြးကာ အဓိပၸာယ္တမ်ိဳးသက္ေရာက္သည့္ အျပဳံးတခုသို႔ ေျပာင္းလဲသြားေတာ့သည္။

"Baby?"

သၽွားအိမ္က အံ့အားသင့္မႈႏွင့္ ဝမ္းသာမႈတို႔ေရာေထြးကာ ထိုင္ရာမွ ထလိုက္ေသာ္လည္း ေရွ႕တည့္တည့္မွ ခံေနေသာ ႀကီးမားသည့္ စားပြဲႏွင့္ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ ပိတ္ေနေသာ ကိုသိုက္ႏွင့္ ဆိုဖီေၾကာင့္ ဘယ္လိုမွ ခ်စ္သူထံ သြား၍မရ။ ကိုသိုက္ဘက္က ဖယ္ေပးလၽွင္လည္းထြက္မရ။ ဆိုဖီဖယ္ေပးမွ ထြက္၍ ရမည္ျဖစ္ေသာ္လည္း ဆိုဖီကား ဖယ္ေပးဖို႔အစီအစဥ္မရွိ။

သၽွန္ေနာင္မွာ အက်ဥ္းအက်ပ္ထဲေရာက္ေနဟန္ရွိသာ ခ်စ္သူ၏ ကို႔ယို႔ကားယားဟန္ကို ၾကည့္ကာ ရင္ထဲမွ ရယ္ေမာမိေတာ့သည္။

သၽွားအိမ္က ဆိုဖီအား ဖယ္ေပးရန္ေျပာမလို႔ရွိေသးသည္။ ဆိုဖီ့နေဘးမွ ဖိုးျပည့္က ဆတ္ခနဲထကာ သူ႔ခ်စ္သူထံ ေျပးသြားၿပီး ခရီးဦးႀကိဳလိုက္သည္။

"အစ္ကို ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ။"

သၽွန္ေနာင္က လူမႈဆက္ဆံေရးအရ ျပဳံးကာ...

"ဒီလိုပါပဲ။ ကိုယ့္တူေလးက ကိုသၽွားအိမ္တို႔ေတြ ဒီေရာက္ေနတယ္ ေျပာလို႔ လာေတြ႕တာ။"

သၽွန္ေနာင္က သၽွားအိမ္အား တစ္ခ်က္ေဝ့ၾကည့္ၿပီး ေျပာလိုက္သည္။ သၽွားအိမ္မွာ ခ်စ္သူနား သြားလိုေသာ္လည္း ယခုထိ ထိုင္ေနရာမွ မထေသးေသာ အမိငယ္ကို စိတ္ထဲမွ က်ိန္ဆဲေနမိသည္။

'ေ-ာက္ကျမင္းမ ဘယ္ႏွယ့္ေၾကာင့္မ်ား ပိတ္ထိုင္ေနလဲ မသိဘူး။'

ဆိုဖီကေတာ့ သူမအား စိတ္ထဲမွာ ဆဲေရးခံေနရသည္ကို မသိ။ သူမ ေရွ႕မွ အမ်ိဳးသားကိုသာ မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနသည္။ ထိုလူသည္ အသက္အရြယ္အားျဖင့္ သုံးဆယ္စြန္း႐ုံသာ ရွိေပလိမ့္မည္။ ႐ုပ္ရည္အားျဖင့္ေတာ့ သူမ အႀကိဳက္ဆိုလၽွင္ လွလြန္းအားႀကီးသည္ဟု ဆိုရမည္ျဖစ္ေသာ္လည္း အမူအရာ အသြင္အျပင္က ရင့္က်က္တည္ၿငိမ္ကာဆြဲေဆာင္မႈရွိလွသည္မွာ ျငင္းမရ။ ထိုမၽွမက ဖိုးျပည့္ဟူေသာ လူကပင္ "အစ္ကို" ေခၚပုံေထာက္လၽွက္ အေကာင္ႀကီးႀကီး အျမႇီးရွည္ရွည္ထဲမွျဖစ္ပုံပင္။ တကယ္ဟုတ္၊ မဟုတ္ကိုေတာ့ ၿပီးမွ တီးေခါက္ၾကည့္ရလိမ့္မည္။ ဟုတ္ခဲ့လၽွင္ သူမေဘးမွ သၽွားအိမ္ဆိုေသာ ခပ္ေခ်ေခ်လူအား ဝဲပစ္လိုက္ကာ ထိုလူကို ပစ္မွတ္ထားရလိမ့္မည္။

"ကိုယ္ ဘာမေျပာ ညာမေျပာနဲ႔ ေရာက္လာတာ ရိုင္းသလိုမ်ားျဖစ္သြားလားမသိဘူး။"

သၽွန္ေနာင္က ေတာင္းပန္စကားဆိုလိုက္လၽွင္ ဖိုးျပည့္မွာ ထိုမ်က္ႏွာလွလွေလးကို ခဏမၽွ ေငးခနဲ ၾကည့္ေနမိရာမွ သတိဝင္လာကာ.......

"အာ... ဘာလို႔ ရိုင္းရမွာလဲ။"

ဖိုးျပည့္က ေျပာေျပာဆိုဆိုျဖင့္ တံခါးဖြင့္ေပးေသာ မိန္းကေလးကို ကိုယ္ျဖင့္ မသိမသာ တြန္းထုတ္လိုက္ၿပီး ပ်ာပ်ာသလဲပင္ တံခါးကို ပို၍ က်ယ္ေအာင္ ဖြင့္ေပးလိုက္သည္။

"လာေလ အစ္ကို။ ေရာက္တုန္းေရာက္ခိုက္ ကၽြန္ေတာ္တို႔နဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေပါ့။"

ကိုသိုက္ကေတာ့ ဖိုးျပည့္၏ ပ်ာယာခတ္ေနေသာ အမူအရာကို တလွည့္၊ မ်က္ေမွာင္ႀကီးၾကဳတ္ကာ မႏွစ္ၿမိဳ႕သလို ၾကည့္ေနေသာ သၽွားအိမ္၏ အမူအရာမ်ားကို တလွည့္ၾကည့္ကာ သက္ျပင္းခ်လိုက္သည္။

သၽွန္ေနာင္ကေတာ့ အားနာဟန္ျဖင့္ ျပဳံးကာ အထဲဝင္လိုက္ၿပီး...

"ေက်းဇူးပါ။ ဒါနဲ႔ အဲ့ဒါက ညီတို႔အတြက္ လက္ေဆာင္ပါ။ သိပ္မမ်ားေပမယ့္ အားလုံးအတြက္ ေလာက္ပါလိမ့္မယ္။"

သၽွန္ေနာင္က သူ႔ေနာက္တြင္ အေစာကတည္းက ရွိေနေသာ လက္တြန္းလွည္းေလးေပၚ တင္ထားေသာ တန္ဖိုးႀကီး ရွန္ပိန္ပုလင္းႏွင့္ ေမၽွာ္စင္တခုလို ဆင့္ကာ စီထားေသာ ဖန္ခြက္မ်ားကို ညႊန္ျပလိုက္သည္။

"ဪ..."

"ဝိုး"

"ဝါး"

အခန္းထဲရွိ မိန္းကေလးအားလုံးမွာ စိတ္လႈပ္ရွားမႈႏွင့္ ကၽြတ္ကၽြတ္ညံသြားေတာ့သည္။ သၽွန္ေနာင္ကေတာ့ တြန္းလွည္းတြန္းလာေသာ စားပြဲထိုးေလးကိုသာ အထဲအားလာရန္ လက္ဟန္ေျခဟန္ျဖင့္ ေခၚလိုက္သည္။ စားပြဲထိုးေလးက တြန္းလွည္းကို အခန္းထဲ ပို႔ၿပီးသည္ႏွင့္ ထြက္သြားေတာ့သည္။

"အစ္ကို လာ... ဒီမွာထိုင္...."

ဖိုးျပည့္က သၽွန္ေနာင္အား သူထိုင္ခဲ့ေသာ ေနရာတြင္ ထိုင္ေစၿပီး...

"ကဲ... ရွန္ပိန္ဖြင့္ၾကမလား။"

ဖိုးျပည့္က တိုင္ေပးလၽွင္ မဒီကညာတစ္သိုက္က ညီညီညာညာပင္...

"ဖြင့္မယ္"

"ဖြင့္မယ္"

"ကဲ... ဒါဆိုရင္ သီခ်င္းဆိုျပပါ အေကာင္းဆုံးလူက ပထမဆုံးခြက္ကို ေသာက္ရမယ္။"

ဖိုးျပည့္က အစီအစဥ္ဆြဲျပလၽွင္ ဆိုဖီမွလြဲ၍ က်န္မိန္းကေလးမ်ားက ေျခေဆာင့္ကာ...

"ဒါဆို ကိုျပည့္ မတရားဘူး။ ဆိုဖီပဲ အရင္ရမွာေပါ့။"

"အမိေလးတို႔က ကိုယ္ဟာကိုယ္ ဝန္ခံေနတာလား။"

ဖိုးျပည့္၏ စကားေၾကာင့္ က်န္မိန္းကေလးမ်ားမွာ ပါးစပ္ပိတ္သြားေတာ့သည္။

"ကဲပါ ကိုျပည့္ရယ္ ပိုၿပီးမၽွမၽွတတျဖစ္သြားေအာင္ လက္ေဆာင္ေပးတဲ့ အစ္ကိုသာ ဆုံးျဖတ္ပါေစ။"

ဆိုဖီက ထိုင္ေနရာမွ လွမ္းေျပာလိုက္သည္။ သူမ၏ မ်က္လုံးမ်ားက နေဘးရွိ သၽွန္ေနာင္အား ညဳသလိုတစ္ခ်က္ၾကည့္လိုက္ေသးသည္။ သၽွန္ေနာင္က မျမင္သလို လုပ္ေနေသာ္လည္း ဖိုးျပည့္က ျမင္လိုက္သည္။ ထို႔အတူ သူမနေဘးတြင္ ပုပ္သိုးသိုးမ်က္ႏွာႏွင့္ ျပန္ထိုင္ေနေသာ သၽွားအိမ္အား ျမင္လိုက္လၽွင္ အႀကံတခုက ဖိုးျပည့္၏ ေခါင္းထဲသို႔ ဝင္လာေတာ့သည္။

"ဟုတ္တာေပါ့။ ဆိုဖီေျပာတာ နည္းလမ္းက်တယ္။ ဒီေတာ့ အစ္ကိုပဲ ဆုံးျဖတ္။ ဒီအေခ်ာအလွေတြထဲက ဘယ္သူ႔ကို အရင္ေပးမလဲလို႔။"

"အင္း... ဒါကိုယ္နဲ႔ မဆိုင္ဘူးထင္တယ္။ ေနာက္ၿပီး ဒါေတြအားလုံး ညီတို႔ကို ေပးတာမို႔ အားလုံးကိုယ္စား ညီပဲ ဆုံးျဖတ္ပါ။"

"ကဲ... အားလုံးပဲ ၾကားတယ္ေနာ္။ ဒါက ကိုယ့္အပိုင္ဆိုေတာ့ ကိုယ္ပဲဆုံးျဖတ္ေတာ့မယ္။"

ဖိုးျပည့္က ေအာင္နိုင္သူႀကီးလို ဟန္မ်ိဳးျဖင့္ ေျပာကာ ရွန္ပိန္ပုလင္းကို ဖြင့္လိုက္သည္။ ထို႔ေနာက္ ဆင့္ကာစီထားေသာ ဖန္ခြက္မ်ားထဲသို႔ ေလာင္းထည့္လိုက္လၽွင္ ရွန္ပိန္တို႔မွာ ေရတံခြန္ကဲ့သို႔ အေပၚဆုံးခြက္မွ ေအာက္ဆုံးခြက္သို႔ စီးဆင္းသြားေတာ့သည္။

ရွန္ပိန္မ်ား ခြက္ထဲတြင္ ျပည့္သြားသည္ႏွင့္ အေပၚဆုံးခြက္ကို ယူကာ ဆိုဖီအား ေပးလိုက္သည္။ က်န္မိန္းကေလးမ်ားမွာ မ်က္ႏွာမည္းသြားေသာ္လည္း ဘာမၽွမေျပာေပ။

"ေက်းဇူး"

ဆိုဖီက သူမအား ကမ္းေပးေသာ ခြက္ကို အျပဳံးခ်ိဳခ်ိဳတခုျဖင့္ ယူလိုက္သည္။ ၿပီးလၽွင္ သၽွန္ေနာင့္ ဘက္ကို လွည့္ကာ...

"ေရာ့... အစ္ကို... ပထမဆုံးခြက္ဆိုေတာ့ အမွတ္တရေလးျဖစ္ေအာင္ ညီမက အစ္ကို႔ကို ေပးခ်င္လို႔။"

သၽွန္ေနာင္မွာ ပါးစပ္ဟကာ ျငင္းရန္ႀကံတုန္းရွိေသးသည္ သၽွားအိမ္က...

"သူ မေသာက္တတ္ဘူး ဆိုဖီ"

ဆိုဖီမွာ ယခုမွပင္ သူမအား အဖက္လုပ္ေသာ သၽွားအိမ္ေၾကာင့္ျပဳံးလိုက္မိသည္။ ထိုအေျခအေနအားလုံးကို သတိထားမိေသာ ဖိုးျပည့္က...

"ေဟ့ေကာင္ ငသၽွား။ မင္းကလည္းကြာ... အစ္ကို ေသာက္ပါေစ။ ဘာလဲ မနာလိုတာလား။ မင္းက အေစာက ဆိုဖီဖြင့္ေပးတဲ့ ဘီယာေတြ ေသာက္ၿပီးၿပီပဲဟာကို"

သၽွားအိမ္မွာ သူ႔အား ေခ်ာက္ခ်ရန္ ႀကံေနေသာ သေကာင့္သားကို မ်က္ေထာင့္နီျဖင့္ လွမ္းၾကည့္ကာ...

"ေဟ့ေကာင္ မင္းဟာ ဘာစကားႀကီးလဲ။ ငါက ဘာကို မနာလိုရမွာလဲ။ သူမွ မေသာက္နိုင္လို႔ မေသာက္နိုင္ဘူး ေျပာတာပဲဟာကို။"

"ေအးပါကြာ... မင္းေျပာေတာ့လည္း ေျပာတဲ့အတိုင္းေပါ့။"

ဘုန္းျပည့္စုံက မသိမသာ ကပ္ေမႊကာ သၽွန္ေနာင္အား ၾကည့္လိုက္သည္။ ထိုမ်က္ႏွာ လွလွေလးတြင္ အလိုမက်မႈမ်ားျမင္လၽွင္ က်ိတ္ျပဳံးလိုက္ၿပီး ရွန္ပိန္ခြက္မ်ားကို က်န္ေသာ မေခ်ာေလးမ်ားကို ကမ္းေပးရင္း အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။

သၽွန္ေနာင္မွာ ဖိုးျပည့္၏ တိုက္ခိုက္ေနမႈကို နားလည္သေဘာေပါက္သလို မႏွစ္ၿမိဳ႕ပါေခ်။ တကယ္ဆို ၿပီးသည့္ကိစၥေတြကလည္းၿပီးသြားၿပီ။ သူႏွင့္ ကိုျပည့္ဆိုသည္မွာ ဘာမွကိုမဆိုင္တာ။ ထို႔အျပင္ သူ႔အေပၚ ခံစားခ်က္ ဟုတ္တိပတ္တိရွိသည္ မဟုတ္ဆိုတာကို သူ ျမင္ေနရသည္။ ဤသည္ကို ဘာကိစၥႏွင့္ သူခ်စ္ရသူ သူ႔ခင္ပြန္းအား မနာလိုဝန္တိုစြာျဖင့္ ျပဳမူေျပာဆိုကာ သူတို႔ႏွစ္ေယာက္ၾကား ျပႆနာျဖစ္ေအာင္ ေသြးထိုးလႈံ႔ေဆာ္ရပါသနည္း။ ဤသည္ကို နည္းနည္းမၽွ သူ သေဘာမက်ပါ။

"ဒါေပမယ့္ ဒီခြက္က ဆိုဖီအတြက္ မ်ားေတာ့ ကူေသာက္ေပးဖို႔ လူလိုတယ္။"

ဖိုးျပည့္ႏွင့္ စကားျပတ္သြားလၽွင္ ဆိုဖီက တစ္စခန္း ထလာျပန္သည္။ သူမက ခယတာတာအသံျဖင့္ သၽွားအိမ္အား ေျပာလာသည္။

"မင္း ကုန္သေလာက္ပဲ ေသာက္ေပါ့။ ဘာမွ အားနာစရာမွ မရွိတာ။"

"ဒါဆိုလည္း ဒီခြက္ကို အစ္ကို ယူလိုက္ေလ။ ပထမဆုံးခြက္က မကုန္ဘူးဆိုတာ မျဖစ္သင့္ဘူးေလ။"

သၽွားအိမ္မွာ ပါးစပ္ပိတ္ၿပီးေရာဟု သေဘာထားကာ သူမထံမွ ခြက္ကို ယူလိုက္သည္။ သို႔ေသာ္ သူကိုယ္တိုင္လည္း မေသာက္လဲ နေဘးမွ ကိုသိုက္ကို ကမ္းေပးလိုက္သည္။ ဆိုဖီမွာ နားလည္ရခက္သလို ၾကည့္ေနေသာ္လည္း သၽွားအိမ္က နည္းနည္းမၽွ ဂ႐ုမစိုက္။

"ေရာ့... သားႀကီး ေသာက္လိုက္"

ကိုသိုက္မွာ သူမွ မေသာက္လၽွင္ ထိုခြက္မွာ ခ်ာလပတ္လည္ေနမည္ကို သိသည့္အားေလ်ာ္စြာ ယူကာ တငုံငုံလိုက္ၿပီး ေရွ႕တြင္ ခ်ထားလိုက္သည္။ ဤတြင္ ပထမခြက္ ျပႆနာက ၿပီးမလား မွတ္ပါသည္ ဖိုးျပည့္က ဇာတ္လမ္းစလာျပန္သည္။

"ေဟ့... တို႔တေတြ true or dare game ကစားမလား။"

ဖိုးျပည့္က သၽွန္ေနာင္ႏွင့္ ဆိုဖီၾကားတြင္ ဝင္ထိုင္ရင္း ေမးလိုက္သည္။

"အင္း... ကစားမယ္။"

"ကစားမယ္... ကစားမယ္"

မိန္းကေလးမ်ားက တက္ႂကြစြာပင္ ေျဖၾကားလာလၽွင္......

"ဒါဆို ဝိုင္းၿပီးထိုင္ၾကပါ။"

က်န္မိန္းကေလးမ်ားမွာ သၽွန္ေနာင္၏ နေဘးတြင္ အစီအရီဝိုင္းဖြဲ႕ ထိုင္လိုက္ေသာ္လည္း ဆိုဖီမွာ ဝိုင္းႏွစ္ခု၏ ၾကားတြင္ ေရာက္ေနသည့္ဖစ္ရာ ထဖို႔မလိုသျဖင့္ မလႈပ္ေပ။ ထို႔ေၾကာင့္ သူတို႔ ဝိုင္းသည္ သူမမွစကာ ဖိုးျပည့္၊ သၽွန္ေနာင္၊ သံစဥ္၊ လမင္း၊ ယင္းမာ စသျဖင့္ အစဥ္အတိုင္းရွိေနေလသည္။

သၽွန္ေနာင္က ထိုင္ေနရာမွထကာ သူ၏ ေဘးမွ မိန္းကေလးအား ေနရာခဏဖယ္ေပးရန္ ေတာင္းပန္လိုက္လၽွင္ ဖိုးျပည့္က သၽွန္ေနာင္၏ လက္ကို ဖမ္းဆြဲကာ....

"ဟာ... အစ္ကို ဘယ္လဲ။"

သၽွန္ေနာင္က သူ႔လက္ေကာက္ဝတ္ကို ခ်ဳပ္ကိုင္ထားေသာ ဖိုးျပည့္၏ လက္မ်ားမွ က်င္လည္စြာ ႐ုန္းထြက္လိုက္သည္။

"ဖယ္ေပးမလို႔ေလ။ ကိုယ္မွ မကစားတတ္တာ။"

"အာ... ဘာလို႔ မကစားတတ္ရမွာလဲ။ လြယ္လြယ္ေလး။ ဒီစားပြဲအလယ္မွာ ပုလင္းေလးကို ခ်ထားမယ္။ ပြဲစရင္ အဲ့ဒီ ပုလင္းေလးကို လွည့္လိုက္မယ္။ ပုလင္းရဲ့ အဝနဲ႔ တည့္တည့္က်တဲ့ လူက true သို႔မဟုတ္ dare ကို ေရႊးရမယ္။ True ေရြးရင္ က်န္တဲ့လူေတြက ေမးခြန္ေမးမယ္။ အမွန္အတိုင္းပဲေျဖရမယ္။ မေျဖခ်င္ရင္ အျပစ္ခံယူတဲ့အေနနဲ႔ ရွန္ပိန္တခြက္ေသာက္ရမယ္။ dare ေရႊးရင္ က်န္တဲ့ လူေတြက ဘာလုပ္ရဲလဲဆိုၿပီး တခုခုလုပ္ျပဖို႔ ေတာင္ဆိုလိမ့္မယ္။ သိပ္ၿပီး ၾကမ္းၾကမ္းတမ္းတမ္းေတြေတာ့ မဟုတ္ဘူးေပါ့။ အဲ... မလုပ္နိုင္ရင္ ရွန္ပိန္ေသာက္ရမယ္။ အစ္ကို မေသာက္နိုင္ရင္ အစ္ကို႔အစား တစ္ေယာက္ေယာက္က ေသာက္ေပးလို႔ရတယ္။ ဒီအတိုင္းပဲ အစ္ကိုကလည္း တစ္ေယာက္ေယာက္ကိုယ္စား ေသာက္ေပးလို႔ရတယ္။"

"ဒါေပမယ့္...."

သၽွန္ေနာင္မွာ ျငင္းရန္ ႀကံတုန္းရွိေသးသည္ ဖိုးျပည့္က မသိခ်င္ေယာင္ေဆာင္ကာ တစ္ဖက္စားပြဲတြင္ ႏွစ္ေယာက္တည္း ထီးထီးႀကီးထိုင္ေနေသာ သၽွားအိမ္ႏွင့္ ကိုသိုက္ဘက္လွည့္ကာ...

"သၽွားအိမ္နဲ႔ ကိုသိုက္ ဘာလုပ္ေနတာလဲ။ လာေလ။"

"ဟာ... ငါတို႔ မကစားခ်င္ပါဘူးကြာ။"

ကိုသိုက္က ျပႆနာကို ႀကိဳျမင္ေနသည့္ အားေလၽွာ္စြာ သူႏွင့္ သၽွားအိမ္အစား ျငင္းဆိုေပးလိုက္သည္။

"ဘာလဲ လူသိမခံခ်င္တာေတြ ရွိေနတယ္ေပါ့။"

ဖိုးျပည့္က ထိုစကားကို ကိုသိုက္အား ျပန္ေျပာသလိုလိုႏွင့္ သၽွားအိမ္အား စူးစူးစိုက္စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။ ဤတြင္ သၽွားအိမ္ မ်က္ႏွာတင္းခနဲျဖစ္သြားၿပီး...

"ငါပါမယ္။ မင္း မပါရင္ေန ကိုသိုက္"

ဒီေကာင္ သူ႔အား မထိတထိျဖင့္ လုပ္ေနတာ ေတာ္ေတာ္မ်ားေနၿပီျဖစ္သည္။ ယခုလည္း သူႏွင့္ သူ႔ခ်စ္သူၾကားတြင္ ဝင္ေမႊဖို႔ ႀကံေနျပန္သည္။ အဟက္... သူႏွင့္ သူ႔ခ်စ္သူၾကား ယုံၾကည္မႈက ထိုကေလးကြက္ေလာက္ေလးနဲ႔ ယိမ္းယိုင္သြားပါလိမ့္မယ္။ မေအေပး! ရွိသမၽွ ဘုရားေတြ ပတ္ၿပီး ဆုေတာင္းလိုက္ေတာင္းေလ။

သၽွားအိမ္က ခပ္ျမန္ျမန္ပင္ ထိုင္ရာမွထကာ ဖင္ေက်ာက္ခ်ထားေသာ ဆိုဖီအား ခြေက်ာ္လိုက္သည္။ ဆိုဖီမွာ ေရွာင္ခ်ိန္မရလိုက္ပဲ သူမ၏ မ်က္ႏွာတစ္ျခမ္းႏွင့္ သၽွားအိမ္၏ ခြႏွင့္ ပြတ္တိုက္မိသြားေတာ့သည္။

"အိုး..."

သူမက ရွက္ရြံ့ဟန္ျဖင့္ မ်က္ႏွာတဖက္ကို လႊဲသြားေသာ္လည္း သၽွားအိမ္က မသိဟန္ျပဳကာသာေနလိုက္သည္။ ထို႔ေနာက္ ဝိုင္းကို ပတ္ကာေလၽွာက္လိုက္ၿပီး သံစဥ္ဆိုေသာ မိန္းကေလးရွိရာသို႔ ေလၽွာက္သြားၿပီး သူမႏွင့္ သၽွန္ေနာင္ၾကားကို လက္ညိဳးထိုးျပကာ...

"ကိုယ္ အဲ့ဒီမွာ ထိုင္မလို။ ေဘးနည္းနည္းတိုးေပးပါလား။"

သူမက သူမနားတြင္သာ ထိုင္လိုသည္ အမွတ္ျဖင့္ ေဘးသို႔ ဝမ္းသာအားရ ေရႊ႕ေပးလိုက္ၿပီး ဆိုဖီကို ဂုဏ္တုဂုဏ္ၿပိဳင္သလို မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။ သူမထံမွ သၾကားေဖေဖေတြကို တခ်ိန္လုံးစႏွိုက္ေက်ာ္ေနေသာ မိန္းမ။ ဘယ္ႏွယ့္ရွိစ။

သၽွားအိမ္က သူမတို႔ ႏွစ္ဦး အျပန္အလွန္ ရန္ေစာင္သလို ၾကည့္ေနသည့္ အၾကည့္မ်ားကို လွစ္လ်ဳရႈကာ ခ်စ္သူ႔နေဘးတြင္ ေျခခ်ိတ္ထိုင္ကာ ခ်စ္သူ ထိုင္ေနေသာ ခုံ၏ ေက်ာမွီတြင္ ပိုင္စိုးပိုင္နင္းျဖင့္ လက္တင္လိုက္သည္။ သၽွန္ေနာင္ကလည္း ခႏၶာကိုယ္ကို ေနာက္သို႔ သက္ေတာင့္သက္သာဟန္ျဖင့္ မွီလိုက္ၿပီး လက္ကိုပိုက္ကာ ေျခခ်ိတ္လၽွက္ထိုင္ေနသည္။ ထို႔ေနာက္ သၽွားအိမ္က ဖိုးျပည့္အား စိန္ေခၚသလို ၾကည့္ကာ...

"ကဲ... စေတာ့ေလ"

ဖိုးျပည့္က သၽွန္ေနာင္ကို တလွည့္ သၽွားအိမ္ကို တလွည့္ၾကည့္ကာ ေလွာင္ျပဳံးျပဳံးလိုက္သည္။ ၾကည့္ၾကေသးတာေပါ့။ မင္းတို႔တေတြ ဒီတစ္ညထက္ပိုၿပီး တစ္ေယာက္လက္ကို တစ္ေယာက္တြဲထားနိုင္ပါ့မလားဆိုတာ။

"ကဲ... စပါၿပီဗ်ာ"

ဖိုးျပည့္က ပုလင္းကို စလွည့္လိုက္သည္။ ပထမဆုံးက်သူက ယင္းမာ။

"ကဲ... true or dare"

"True"

"မင္းမွာ ရည္စားဘယ္ႏွစ္ေယာက္ရွိလဲ။"

ဖိုးျပည့္က ေမးလိုက္သည္။

"၄ ေယာက္"

"လိမ္တယ္"

လမင္းက ဝင္ေထာက္လိုက္လၽွင္ ယင္းမာက ရွက္ကိုးရွက္ကန္းျဖင့္ ရယ္ကာ...

"အဟီး မမွတ္မိေတာ့ဘူး။"

"ဒါဆို ေရာ့... ေသာက္"

ယင္းမာ ဖိုးျပည့္ ကမ္းေပးေသာ ရွန္ပိန္ခြက္ကို ယူကာ ေသာက္လိုက္သည္။ ၿပီးလၽွင္ ပုလင္းကို လွည့္လိုက္သည္။ ဒီတခါ အလွည့္က်သူက သၽွန္ေနာင္။ သၽွန္ေနာင္က True ကို ေရြးလိုက္လၽွင္...

"အစ္ကို႔ရဲ့ အခ်စ္ဦးက ဘယ္သူလဲ။"

ဖိုးျပည့္က ေမးလိုက္သည္။ သို႔ေသာ္ သူ႔မ်က္လုံးမ်ားက သၽွားအိမ္ထံမွ မခြါ။

"ေလး႐ုံသြင္"

သၽွားအိမ္မွာ ထိုနာမည္ၾကားလၽွင္ ငပလီတြင္ေတြ႕ခဲ့ေသာ အမ်ိဳးသမီးကို သတိရကာ ျပဳံးလိုက္မိသည္။ သူမကိုယ္သူမ လူတတ္ႀကီးလုပ္ကာ သူမ ခ်စ္သူေဟာင္းျဖစ္သူ၏ ႀကိဳက္ျခင္း၊ မႀကိဳက္ျခင္းကိုပင္ မသိပဲ စြတ္ရမ္းေတြ ဂ႐ုစိုက္ျပကာ...။ ေနာက္ဆုံးတြင္... ေခတ္စကားႏွင့္ ေျပာရလၽွင္ "ရွ"သြားရွာသည့္ အမ်ိဳးသမီး မဟုတ္လား။

ဖိုးျပည့္မွာ မ်က္ႏွာတစ္ခ်က္မပ်က္သည့္အျပင္ ျပဳံးတုံးတုံးလုပ္ေနေသာ သၽွားအိမ္ေၾကာင့္ စိတ္ပ်က္သြားေတာ့သည္။

သၽွန္ေနာင္ကေတာ့ ဘာကိုမၽွ ဂ႐ုမစိုက္။ သူ လုပ္ရမည့္အတိုင္း ပုလင္းကို လွည့္လိုက္လၽွင္ သံစဥ္ဘက္သို႔ က်သြားေတာ့သည္။

သံစဥ္က Dare ကို ေရြးလၽွင္ ဖိုးျပည့္က...

"ဒါဆို မင္းေဘးက လူကို နမ္းရဲလား။"

"ဖိုးျပည့္... မင္းကလည္း...."

ကိုသိုက္မွာ ကစားပြဲတြင္ မပါေသာ္လည္း ဖိုးျပည့္၏ ေဘးမွ ေန၍ လက္ကုပ္ကာ သတိေပးလိုက္သည္။ မေပးလို႔လည္း မျဖစ္။ ဒီေကာင္လုပ္ပုံမွာ သၽွားအိမ္တို႔အတြဲကို တမင္ျပႆနာတက္ေအာင္ လုပ္ေနမွန္းသိသာလွသည္။ သၽွားအိမ္ေရာ၊ သၽွန္ေနာင္ကပါ မ်က္ႏွာမပ်က္ေသာ္ျငား မေကာင္းဘူးမဟုတ္လား။ သို႔ေသာ္ ဖိုးျပည့္က မသိဟန္ျပဳကာ...

"ဘယ္လိုလဲ။ မင္းမလုပ္ရဲရင္ ရွန္ပိန္ေသာက္ရမွာေနာ္"

"ဟင့္အင္း... ရွန္ပိန္ေတာ့ မေသာက္ပါဘူး။"

သူမက ရွက္သလို ရြံ့သလိုျဖင့္ သၽွားအိမ္အား မ်က္လုံးေလး ေထာင့္ကပ္ကာ ၾကည့္ၿပီးေျပာလိုက္သည္။ သၽွားအိမ္ဘက္မွ အစပ်ိဳးလာမည့္ အခ်ိန္ကိုသာ ေစာင့္ေနလိုက္သည္။

ဖိုးျပည့္က သၽွားအိမ္ကို တစ္လွည့္၊ သၽွန္ေနာင္အား တစ္လွည့္ ၾကည့္လိုက္ျပန္သည္။ ႏွစ္ဦးစလုံးမွာ ေအးေအးေဆးေဆးပင္။ သၽွားအိမ္က ႐ုပ္တည္ႀကီးႏွင့္ ထိုင္ေနၿပီး သၽွန္ေနာင္က စားပြဲေပၚတြင္ ေမးေထာက္ကာ သၽွားအိမ္အား ဘာလုပ္မလဲဟူေသာ မ်က္ႏွာေပးျဖင့္ ခပ္ျပဳံးျပဳံးပင္ ၾကည့္ေနေသးသည္။

သၽွန္ေနာင္အေနျဖင့္ ဘာမၽွေျပာေနစရာမလိုပါ။ သူ၏ ခင္ပြန္းမွာ လူႀကီးလူေကာင္းတစ္ဦးျဖစ္ရာ မည္သူႏွင့္မၽွ ထိုသို႔ေသာ အေပါစားဆန္သည့္အေပ်ာ္မ်ိဳး လုပ္လိမ့္မည္မဟုတ္။ အထူးသျဖင့္ သူတို႔ ႏွစ္ဦးၾကားရွိ ခ်စ္ျခင္းေမတၱာကို ယုံၾကည္ေသာေၾကာင့္လည္း ျဖစ္သည္။

"ရွန္ပိန္မေသာက္ခ်င္ရင္ လုပ္ရဲတဲ့အေၾကာင္းေလး လက္ေတြ႕ျမင္ပါရေစ။"

ဖိုးျပည့္က သံစဥ္အား မီးစထိုးေပးလိုက္လၽွင္ သူမက သၽွားအိမ္ဘက္သို႔လွည့္ကာ သၽွားအိမ္၏ မ်က္ႏွာကို ခ်ဳပ္ကိုင္ရန္ ႀကိဳးစားလိုက္သည္။ ဤတြင္ သၽွားအိမ္က သူမလက္အား ၾကမ္းတမ္းစြာ ပုတ္ထုတ္လိုက္ၿပီး ဖိုးျပည့္ဘက္လွည့္ကာ....

"ငျပည့္ ငါ့ကို ရွန္ပိန္ေပး။ သူနမ္းရဲေပမယ့္ ငါ သူ႔ကို မနမ္းနိုင္ဘူး။ ဒီေတာ့ သူ႔အစား ငါေသာက္ေပးမယ္။"

သံစဥ္မွာ ရွက္ရြံမႈေၾကာင့္ မ်က္ရည္မ်ားပင္ စီးက်လာေတာ့သည္။ သူမအား ဤသို႔ ပက္ပက္စက္စက္ ျငင္းလိမ့္မည္ဟု မထင္ထားခဲ့။ သူမမွာ ရွက္လြန္းသျဖင့္ ထိုင္ရာမွ ထကာ အခန္းထဲမွ ထြက္ခြါသြားေတာ့သည္။

"ဟ... ဒါက သူ႔ရဲ့ ေရြးခ်ယ္မႈေလ။ မင္းရဲ့ ေရြးခ်ယ္မႈမွ မဟုတ္တာ။ ဘာကိစၥနဲ႔ ျငင္းဆန္ေနတာလဲ။"

"ဒါဆို ငါ့က မင္းကို နမ္းဖို႔ တစ္ေယာက္ေယာက္က ေတာင္းဆိုလာရင္ မင္းကေကာ အနမ္းခံမလား။"

ဖိုးျပည့္ ဘာမၽွ မေျပာေတာ့ ရွန္ပိန္ခြက္ကိုသာ ကမ္းေပးလိုက္သည္။ သၽွားအိမ္က ခြက္ကိုယူကာ သၽွန္ေနာင္အား ေတာင္းပန္သည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။ အရက္နံ့မခံနိုင္ေသာ ခ်စ္သူအား သူမွာ အားနာရပါ၏။ သၽွန္ေနာင္ကေတာ့ အျပဳံးႏုႏုတခုႏွင့္ ႏွစ္သိမ့္သလို ျပဳံးလိုက္သည္။

သံစဥ္မရွိလၽွင္ ပုလင္းလွည့္ရန္မွာ ဖိုးျပည့္၏ တာဝန္ျဖစ္လာေတာ့သည္။ ဖိုးျပည့္က ပုလင္းကို လွည့္လိုက္လၽွင္ ကံဆိုးသူမွာ သၽွားအိမ္ျဖစ္သြားေတာ့သည္။

"True ကြာ"

"ဒါဆို မင္းနဲ႔ ပထမဆုံးအိပ္ခဲ့ မိန္းကေလးနာမည္ ေျပာျပ"

"ဘရဏီေမ"

သၽွားအိမ္က တစ္စကၠန႔္မၽွပင္ မဆိုင္းပဲ ေျပာလိုက္သည္။ ထို႔ေနာက္ ခ်စ္ရသူအား ေတာင္းပန္သလို ၾကည့္လိုက္ေသာအခါ ခ်စ္သူက ျပဳံးေယာင္သမ္းေနေသာ မ်က္ဝန္းျဖင့္ ျပန္ၾကည့္လာသည္။ သူ ေမၽွာ္လင့္သလိုပင္ ခ်စ္သူက သူ႔အား ခြင့္လႊတ္သည္ မဟုတ္လား။ သို႔ေသာ္ အားလုံးၿပီးမွ ဒီကိစၥအတြက္ ေသခ်ာျပန္ေျပာကာ ေတာင္းပန္ရန္ ရင္ထဲတြင္ ေတးမွတ္ထားလိုက္သည္။

သၽွားအိမ္ ဘာေၾကာင့္ ဤသို႔ေျဖလိုက္သည္ကို သၽွန္ေနာင္ တြက္ဆမိၿပီးသားျဖစ္သည္။ ဤကစားပြဲသည္ သူ႔ခ်စ္ရသူႏွင့္သူ႔ၾကားရွိ ခ်စ္ျခင္းႏွင့္ ထိုဖိုးျပည့္ဟူေသာ လဒေလး၏ မနာလိုဝန္တိုျခင္းတို႔ ၿပိဳင္ဆိုင္ၾကသည့္ ပြဲမွန္းသိၿပီးသားျဖစ္သည္။ ကေလးဆန္သည္ဟု ဆိုဦးေတာ့ ဤပြဲတြင္ ထိုသတၱဝါေလးကို ခြက္ခြက္လန္ေအာင္ ရႈံးနိမ့္သြားေစလိုသည္မွာ သူ႔ေစတနာျဖစ္ပါသည္။ ထိုသို႔ သၽွားအိမ္ ေျဖဆိုျခင္းအေပၚ သၽွန္ေနာင္ ေဗြမယူပါ။

ဖိုးျပည့္မွာ သၽွန္ေနာင္အား တခ်ိန္လုံး အကဲခတ္ေနပါသည္။ ထိုမ်က္ႏွာလွလွေလးမွ နည္းနည္းမၽွ ပ်က္ယြင္းျခင္းမရွိသည့္အျပင္ လျပည့္ညမွ လမင္းကဲ့သို႔ ၾကည္လင္းဝင္းပေနသည္ကိုေတြ႕လၽွင္ သူမ်ား မူးေနတာလားဟု ဇေဝဇဝါပင္ျဖစ္လာေတာ့သည္။ ေတာ္ေတာ္မ်ားအတြဲတို႔တြင္ ဤေမးခြန္းမ်ိဳးေမးလၽွင္ မေျဖသည့္တိုင္ေအာင္သာမကာ ယခုေလာက္ဆို အနည္းဆုံးေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ေစာင္းခ်ိတ္ေနၿပီျဖစ္သည္။

သၽွားအိမ္က ပုလင္းကို လွည့္လိုက္လၽွင္ ယင္းမာအလွည့္က်ျပန္သည္။ ယင္းမာက ပါးနပ္စြာပင္ အမွန္တရားကို ေရြးလိုက္သည္။ ဖိုးျပည့္ကလည္း လြယ္ကူမည့္ေမးခြန္းတို႔အား ေမးလိုက္ပါသည္။ ထို႔ေနာက္ ေနာက္ထပ္အလွည့္က်သူက ဖိုးျပည့္ကိုယ္တိုင္ျဖစ္သည္။ သူက dare ကို ေရြးလၽွင္ သၽွားအိမ္က အကြက္ဝင္လာၿပီျဖစ္ကာ...

"မင္း... ေခြးလိုေလးဖက္ေထာက္ၿပီး ငါ့ေျခေထာက္ကို လၽွာနဲ႔လၽွက္ရဲလား ဖိုးျပည့္"

ဖိုးျပည့္က မ်က္ေထာင့္နီႀကီးျဖင့္ ၾကည့္ကာ ရွန္ပိန္ခြက္ကို ေကာက္ေမာ့လိုက္ေတာ့သည္။ ကိုသိုက္ကေတာ့ သူငယ္ခ်င္းႏွစ္ေယာက္၏ အားၿပိဳင္မႈကို ရင္တမမျဖင့္သာ ၾကည့္ေနရသည္။ ဖိုးျပည့္က အရက္ေသာက္ၿပီးသည္ႏွင့္ ပုလင္းကို လွည့္လိုက္လၽွင္ အလွည့္က်သူမွာ ဆိုဖီျဖစ္၍ ေနသည္။

"ဆိုဖီက Dare"

"ဒါဆို မင္းေဘးက အစ္ကိုကို နမ္းရဲသလား။"

သူမက သၽွန္ေနာင္အား သူမ၏ အေက်ာ္ၾကားဆုံး ညႇို႔ျပဳံးတစ္ခ်က္ျပဳံးလိုက္ကာ...

"ဒီအစ္ကိုလို လူေခ်ာတစ္ေယာက္ကို မနမ္းရဲေအာင္အထိ ဆိုဖီက ေသြးမနည္းပါဘူးေနာ္။"

ဤတြင္ သၽွန္ေနာင္က အျပဳံးႏုႏုတခုျဖင့္ သူမအား ၾကည့္လိုက္ၿပီး...

"ဒါေပမယ့္ အစ္ကိုကေတာ့ ညီမဆီက အနမ္းကို လက္ခံဖို႔မျဖစ္နိုင္တာမို႔ အားနာနာနဲ႔ပဲ ျငင္းပယ္ပါရေစ။"

သၽွန္ေနာင္က တည္တည္ၾကည္ၾကည္ ျပတ္ျပတ္သားသားျဖင့္ ယဥ္ေက်းစြာပင္ ျငင္းဆိုလိုက္ပါသည္။ သူမအေနႏွင့္လည္း ဤသည္ကို ေမၽွာ္လင့္ၿပီးသားျဖစ္သည့္ အားေလ်ာ္စြာ ထူးၿပီးမအံ့ၾသပါ။တခုပဲရွိသည္။ သူမ ထင္ေနသည္မွာ တခုေတာ့ရွိသည္။

"ဘာလို႔ လက္မခံနိုင္တာလဲဆိုတာ ညီမ သိခြင့္ရွိမလားအစ္ကို"

"ဘာလို႔လဲဆိုေတာ့ ေဟာဒီ့က အစ္ကို႔ခင္ပြန္းအေပၚ ေစာင့္သိသမႈေတာ့ ရွိသင့္တယ္မဟုတ္လား။"

သၽွန္ေနာင္က သၽွားအိမ္၏ ေပါင္ေပၚသို႔ လက္တဖက္တင္ကာ ခ်စ္သူ၏ မ်က္ႏွာအား ျမတ္နိုးၾကင္နာစြာ ၾကည့္ရင္းေျပာလိုက္သည္။ သၽွားအိမ္ကေတာ့ သူတို႔အား မ်က္လုံးျပဴးကာ ၾကည့္ေနၾကေသာ မိန္းကေလးမ်ားအား လ်စ္လ်ဴရႈ႔ကာ ရင္ေကာ့၍ ဖိုးျပည့္ကို ဘယ္ႏွယ့္ရွိစဟူသည့္ သေဘာျဖင့္ ၾကည့္လိုက္သည္။ ဖိုးျပည့္မွာ သၽွားအိမ္တို႔အား ဤမၽွပြင့္လင္းလိမ့္မည္ဟု မထင္မိသျဖင့္ အံ့ၾသသြားမိသည္။

ဆိုဖီကေတာ့ အေစာကတည္းက သၽွားအိမ္ႏွင့္ သၽွန္ေနာင္တို႔၏ အမူအရာကို က်က္မိသည့္ျဖစ္ရာ သိပ္ေတာ့ မအံ့ၾသပါ။ အစကေတာ့ သၽွားအိမ္သို႔မဟုတ္၊ သၽွန္ေနာင္အား အရယူရန္ဆုံးျဖတ္ထားေသာ္လည္း သူတို႔ႏွစ္ဦး ယွဥ္တြဲကာ ထိုင္ေသာအခ်ိန္တြင္ ထိုရည္ရြယ္ခ်က္ကို ဖ်က္သိမ္းလိုက္ပါေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ႏွစ္ဦးစလုံး၏ မ်က္ႏွာေပၚတြင္ ထင္ဟန္ေနေသာ တစ္ဦးအေပၚ တစ္ဦးက ထားရွိသည့္ ထပ္တူညီေသာ ခ်စ္ျခင္းျမတ္နိုးျခင္းႏွင့္ ယုံၾကည္ရဲရင့္ျခင္းတို႔က သူမအား ပြဲမရေသးခင္မွာပင္ ရႈံးနိမ့္သြားေစသည္။ ဒီလူႏွစ္ဦးၾကားမွ ေမတၱာထက္ သူမ မစြမ္းသည္မွာ ေသခ်ာသည္ျဖစ္ရာ ရႈံးမွန္းသိသိရက္ႏွင့္ေတာ့ မနိုင္မည့္တိုက္ပြဲကို တိုက္မေနေတာ့။

"ကဲ... ဖိုးျပည့္... ငါ့ကို ရွန္ပိန္ခြက္ေပးစမ္း။"

သၽွားအိမ္က ဖိုးျပည့္၏ မ်က္ႏွာညိဳပုပ္ပုပ္ကို အရသာခံၾကည့္ရင္း ရွန္ပိန္ခြက္ကို ေတာင္းလိုက္သည္။

"မင္းက ဘာလုပ္မလို႔လဲ။"

"ဘာလုပ္ရမွာလဲ။ ငါ့အမ်ိဳးသားအစား ငါေသာက္ရမွာေပါ့။"

အေစာက စည္းကမ္းခ်က္အရ ဆိုဖီအား ျငင္းပယ္ေသာ သၽွန္ေနာင္အေနျဖင့္ ရွန္ပိန္ခြက္ကို ေသာက္ရလိမ့္မည္။ သို႔ေသာ္ သၽွန္ေနာင္ကား အရက္နံ့ပင္ ခံနိုင္သူ မဟုတ္ရာ သၽွားအိမ္ ေသာက္မွသာ အဆင္ေျပေတာ့မည္။

ဖိုးျပည့္မွာ သၽွားအိမ္ေျပာသည္ကို မသိဟန္ျပဳကာ ရွန္ပိန္ခြက္ကို သၽွန္ေနာင္အား ကမ္းေပးလိုက္သည္။

"ေရာ့... အစ္ကို သူ မတိုက္ေပမယ့္ ကၽြန္ေတာ္တိုက္တယ္။"

"ေဟ့ေကာင္.... သူ မေသာက္တတ္ဘူးဆို..."

"ငသၽွား... မင္းကလည္းကြာ သိပ္မခ်ဳပ္ခ်ယ္စမ္းပါနဲ႔။"

ဖိုးျပည့္က ျပန္ေဟာက္လိုက္ကာ သၽွန္ေနာင္ကိုသာ ခြက္ကို ကမ္းေပးလိုက္သည္။ သို႔ေသာ္ သၽွန္ေနာင္က ထိုခြက္ကို ယူကာ သၽွားအိမ္ထံေပးလိုက္ၿပီး...

"ကိုယ့္ခင္ပြန္းက ကိုယ့္ကို ခ်ဳပ္ခ်ယ္တာ မဟုတ္ပါဘူး။ ကိုယ္ ကိုယ္တိုင္က မေသာက္တတ္တာပါ။"

သၽွန္ေနာင္မွာ သူခ်စ္သူအား မနာလိုမႈေၾကာင့္ ေျဗာင္က်က်တိုက္ခိုက္ေနသည့္ ဖိုးျပည့္၏ လုပ္ရပ္မ်ားကို သိေသာ္လည္း ေခြးေလွးခုန္လို႔ ဖုန္မထပါဘူးဟုသာ သေဘာထားထားပါသည္။ ထိုက်ပ္မျပည့္ေသာ လုပ္ရပ္မ်ားမွာ တခါတရံတြင္ ကသိကေအာက္နိုင္ေသာ္လည္း ခ်စ္သူ၏ သူငယ္ခ်င္းျဖစ္သည္ဟူေသာ မ်က္ႏွာျဖင့္ လ်စ္လ်ဴရႈထားလိုက္ပါသည္။

သၽွားအိမ္က အရက္ခြက္ တက်ိဳက္တည္း ေမာ့ခ်လိုက္ၿပီး ဖန္ခြက္ကို ေနရာတက်ျပန္ထားရန္ ကိုသိုက္အား ကမ္းေပးလိုက္သည္။ ထို႔ေနာက္ ဆိုဖီက ပုလင္းလွည့္လိုက္လၽွင္ အလွည့္က်သူမွာ သၽွန္ေနာင္ျဖစ္သည္။

"True"

သၽွန္ေနာင္က ခပ္ေအးေအးသက္သာပင္ေျပာလိုက္လၽွင္ ဖိုးျပည့္က....

"အစ္ကိုရဲ့ ပထမဆုံးက ဘယ္သူလဲ။"

ထိုေမးခြန္းကို ၾကားလၽွင္ သၽွန္ေနာင္မွာ လက္သီးကို ဆုပ္ကာ၊ အံတင္းတင္းႀကိတ္လိုက္ေတာ့သည္။ ထိုလူႀကီး၏ ရမၼက္မႊန္ေနေသာ မ်က္ႏွာႀကီးက ေခါင္းထဲတြင္ အလိုေလၽွာက္ေရာက္လာေတာ့သည္။ တခ်ိန္တည္းမွာပင္ ေဒါသႏွင့္အတူ မုန္းတီးရြံရွာမႈတို႔က ရင္ထဲတြင္ အဆမတန္ ႀကီးထြား၍ လာသည္။

သၽွားအိမ္မွာ သူ႔ေပါင္ေပၚရွိ ခ်စ္သူ၏ လက္မ်ား မသိမသာတုန္ရီလာသည္ကို သတိထားမိလၽွင္ ခ်စ္သူ၏ မ်က္ႏွာကို အကဲခတ္လိုက္သည္။ အံတင္းတင္းႀကိတ္ထားေသာ ခ်စ္သူကို ေတြ႕လၽွင္ စိတ္ထဲမွ ဘုရားတလိုက္ကာ ခ်စ္သူ၏ လက္ကို သူ႔လက္တစ္ဖက္ျဖင့္ ဖြဖြေလး အုပ္ကိုင္လိုက္ၿပီး က်န္လက္တစ္ဖက္ျဖင့္ ေက်ာကို သပ္ေပးလိုက္သည္။

"Baby... အဆင္ေျပလား။"

ဖိုးျပည့္မွာ သိသိသာသာပင္ မ်က္ႏွာႀကီးရဲတြတ္ကာ အမူအယာပ်က္ေနေသာ သၽွန္ေနာင္အား ၾကည့္ကာ အကြက္ဝင္ၿပီဟု ထင္မွတ္ၿပီး ပို၍ ဖိအားေပးလိုက္သည္။

"အစ္ကို မမွတ္မိေတာ့တာလား။"

"ဖိုးျပည့္ မင္း ပါးစပ္ကို ပိတ္ထားလိုက္စမ္းပါ။"

သၽွားအိမ္မွာ ထိုအလိုက္ကမ္းဆိုးမသိသည့္ သတၱဝါကို ထကာထိုးလိုက္ခ်င္ေတာ့သည္။ သို႔ေသာ္ ကိုယ့္စိတ္ကိုယ္ထိန္းကာ ခ်စ္သူထံတြင္သာ စိတ္ႏွစ္ထားလိုက္သည္။ သူ႔ခင္ပြန္းျဖစ္သူ စိတ္လြတ္သြားလၽွင္ မလြယ္မွန္း သူအသိဆုံးမဟုတ္လား။

"ဟ... ဘာလဲဟ။ မင္းက ဘလိုင္းႀကီး။ ျပႆနာရွာခ်င္တာလား။"

သၽွားအိမ္ ထိုသတၱဝါအား လွည့္မၾကည့္ပါ။ သၽွန္ေနာင့္၏ ေက်ာကိုသာ သာသာေလး သတ္ေပးရင္း...

"အဆင္ေျပလား Baby။ ေမာင္ရွိေနတယ္ေနာ္။"

သၽွန္ေနာင္ သိမ့္ေမြ႕ညံ့သက္ကာ ယုယုယယရွိသည့္ အထိအေတြ႕ေၾကာင့္ ရင္ထဲ တင္းၾကပ္လာသည္မွာ ေျပေလ်ာ့သြားသလို။ ခ်စ္ရသူ၏ ၾကင္နာျမတ္နိုးျခင္းႏွင့္ စိုးရိမ္ပူပန္ျခင္းတို႔ ယွက္ႏြယ္ေနေသာ ေခၚသံေၾကာင့္ အေတြးဆိုးျဖင့္ ေယာက္ယက္ခတ္ေနေသာ စိတ္အစဥ္မွာ ျပန္လည္ ၿငိမ္ဝပ္သြားေတာ့သည္။

"အင္း... ကို အဆင္ေျပပါတယ္။ စိတ္မပူနဲ႔။"

သၽွားအိမ္မွာ ထိုစကားၾကားမွ အနည္းငယ္ စိတ္လက္ေပါ့ပါးသြားရသည္။ ထို႔ေနာက္ နေဘးမွ ရွိေသာ မိန္းကေလးအား....

"ညီမ ဟိုဘက္က ေရဗူးေလး အစ္ကို႔ကို ေပးစမ္းပါ။"

မိန္းကေလးကလည္း ကမ္းေပးရွာပါသည္။ သၽွားအိမ္မွာ ေရဗူးရသည္ႏွင့္ အလၽွင္အျမန္ဖြင့္ကာ ခ်စ္သူ၏ႏႈတ္ခမ္းနား ေတ့ေပးလိုက္သည္။

"ေရာ့... Baby... ေသာက္လိုက္။"

သၽွန္ေနာင္လည္း သၽွားအိမ္ေတ့ေပးေသာ ေရဗူးကို ေသာက္လိုက္ပါသည္။ ၿပီးလၽွင္ ေရဗူးကို တြန္းဖယ္ကာ ခ်စ္သူအား အျပဳံးခ်ိဳခ်ိဳေအးေအးေလးတခုကို အပ္ႏွင္းလိုက္ၿပီး...

"ေက်းဇူးပါ ေမာင္"

သၽွားအိမ္က အျပဳံးတခုျဖင့္သာ တုံ႔ျပန္လိုက္သည္။ ထိုအျပဳံးက သၽွန္ေနာင္အတြက္ ၿငိမ္းခ်မ္းမႈကို ေပးေသာ္လည္း ဘုန္းျပည့္စုံအတြက္ေတာ့ ျမင္ျပင္းကပ္စရာ ေကာင္းလြန္းလွသည္။

"အဟင္း... သၽွားအိမ္ရာ မင္းမွာ ကံေကာင္းလြန္ေတာ့ ခ်စ္သူေခ်ာေခ်ာေတာ့ရထားပါရဲ့။ အဲဒီ ခ်စ္သူမ်က္ႏွာၾကည့္လြန္းအားႀကီးေတာ့ ေခါင္းမွာ ခ်ိဳေပါက္ေနတာေတာင္ သတိမထားမိဘူးပဲ။ ငါ မင္းကို ေတာ္ေတာ္သနားသြားၿပီ။ ကၽြတ္... ကၽြတ္... ကၽြတ္"

ဖိုးျပည့္က သၽွားအိမ္အား ခပ္ရိရိေျပာကာ ႏွိမ္ခ်သလိုၾကည့္လိုက္သည္။ သူ႔မ်က္စိထဲတြင္ သၽွားအိမ္ဆိုေသာသတၱဝါမွာ ႏြားႏွင့္ မျခားဘူးမဟုတ္လား။

"ကိုျပည့္!"

ကိုသိုက္က လွမ္းဟန႔္ရန္ ႀကိဳးစားေသာ္လည္း မမွီေတာ့ေပ။

"မင္း...!"

သၽွားအိမ္မွာ ထိုင္ရာမွ ထကာ သၽွန္ေနာင္အားေက်ာ္ၿပီး ဖိုးျပည့္အား အကၤ်ီလည္ပင္းမွ ဆြဲကာ ၾကမ္းတမ္းစြာ ဆြဲမလိုက္သည္။

"မင္း ဘာစကားေျပာတာလဲ ေဟ့ေကာင္!"

"သၽွားအိမ္... ဖိုးျပည့္.... ေတာ္ေတာ့။"

ကိုသိုက္က ၾကားဝင္ ျဖန္ေျဖသည့္အေနျဖင့္ သၽွားအိမ္၏ လက္မ်ားကို ဖိုးျပည့္အကၤ်ီေပၚမွ ဆြဲခြါရန္ ႀကိဳးစားပါေသာ္လည္းမရ။ သၽွန္ေနာင္ကေတာ့ သူ႔ေပၚမွ အုပ္မိုးကာ ရန္ေဆာင္ေနေသာ လူႏွစ္ဦးေၾကာင့္ ထမရ ျပဳမရ။ မိန္းကေလးမ်ားကေတာ့ လႊတ္ရာကၽြတ္ရာ ေခ်ာင္တစ္ေခ်ာင္တြင္ ကပ်ာကယာကပ္ေနၾကသည္။

"အဟက္... မင္းကို ႏြားလို႔ေျပာတာေလ။"

ဖိုးျပည့္က ေလွာင္ေျပာင္သေရာ္မႈအျပည့္ျဖင့္ ေျပာလိုက္လၽွင္ သၽွားအိမ္၏ လက္သီးက သူ႔မ်က္ႏွာေပၚသို႔ ေရာက္လာေတာ့သည္။

"ခြပ္"

ဖိုးျပည့္မွာ သၽွားအိမ္၏ လက္သီးခ်က္ေၾကာင့္ ေနာက္သို႔ယိုင္ကာ လူခ်င္းကြဲသြားေတာ့သည္။ ထိုအခါမွ ကိုသိုက္မွ သၽွားအိမ္အား ဖက္လၽွက္ ခ်ဳပ္ထားလိုက္သည္။ သူ႔အေနျဖင့္ သူငယ္ခ်င္းႏွစ္ဦးအား အခ်င္းမမ်ားေစလိုပါ။ သၽွားအိမ္ကလည္း မခံ။ ကိုသိုက္ဆြဲထားသည့္ၾကားမွ ႐ုန္းကန္ကာ ဖိုးျပည့္အား ရင္ဆိုင္ရန္ ေရွ႕သို႔တိုးလိုက္သည္။

"အာ... မင္းက ငါ့ကို ထိုးတယ္ ဟုတ္လား။"

ဖိုးျပည့္က ႏွာေခါင္းမွ ယိုစီးက်လာေသာ ေသြးမ်ားကို သုတ္ရင္းေျပာလိုက္သည္။ ထို႔ေနာက္ ေဒါသအေလၽွာက္ သၽွားအိမ္နားကပ္ကာ လက္သီးျဖင့္ထိုးရန္ ရြယ္လိုက္သည္။

"ဖိုးျပည့္ ေတာ္ေတာ္..."

ကိုသိုက္မွာ ဘယ္သူဆြဲလို႔ ဆြဲရမွန္းမသိေတာ့။

ထိုစဥ္ သၽွန္ေနာင္က လၽွင္ျမန္စြာျဖင့္ ဖိုးျပည့္၏ လက္ကို ဖမ္းဆြဲလိုက္ၿပီး...

"ရပ္စမ္း!"

ၾသဇာအာဏာႀကီးမားလွသည့္ တားျမစ္သံေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနေသာ လူသုံးဦးစလုံးတိခနဲ ရပ္သြားေတာ့သည္။ ထို႔ေနာက္ သၽွန္ေနာင္က မိန္းကေလးမ်ားဘက္လွည့္ကာ ခပ္ျပတ္ျပတ္ေလသံျဖင့္...

"ဒီေနရာက မင္းတို႔ ရွိေနရမယ့္ ေနရာမို႔ ရွိေနေသးတာလား။"

ထိုအခါ မိန္းကေလးအားလုံးမွာ ကုပ္ကုပ္ကေလး အလ်ိဳလ်ိဳထြက္သြားေတာ့သည္။ မိန္းကေလးအားလုံး ထြက္သြားၿပီဆိုမွ ဖိုးျပည့္မွာ သတိဝင္လာၿပီး သူ႔လက္အား သၽွန္ေနာင္၏ လက္မွ ေဆာင့္႐ုန္းလိုက္ေတာ့သည္။ သို႔ေသာ္ ျပဳတ္တူထက္ပင္ ျမဲၿမံလွသည့္ သၽွန္ေနာင္၏ လက္က လြတ္မသြား။

သၽွန္ေနာင္က သူ႔လက္မွ မရမက ႐ုန္းကန္ေနေသာ ဖိုးျပည့္အား စူးစူးစိုက္စိုက္ၾကည့္လၽွက္ ႏႈတ္ခမ္းစြန္းေလးကို တစ္ဖက္ေကြးကာ ျပဳံးလိုက္ပါသည္။ ထိုအျပဳံးက စြဲမက္စရာေကာင္းသလို ျမင္သူတို႔၏ အသည္းႏွလုံးကို ထိတ္လန႔္မႈႏွင့္ တုန္လႈပ္သြားေစသည္။

"မင္းက သိပ္ၿပီး ရဲစြမ္းသတၱိေတြရွိေနတာပဲ။"

သၽွန္ေနာင္က ေျပာေနရင္းမွ ဖိုးျပည့္၏ လက္ေကာက္ဝတ္ကို ျဖစ္ညႇစ္လိုက္သည္။ သူ႔ခ်စ္သူအား လက္ရြယ္ရဲပါေသာ ဒီသတၱဝါ၏ သတၱိမွာ နည္းနည္းေနာေနာ သတၱိေတာ့မဟုတ္ေပ။

"အ!"

ဖိုးျပည့္မွာ နာက်င္မႈေၾကာင့္ ရႈံ႔မဲ့ကာ ညည္းညဴေနရွာသည္။ သို႔ေသာ္ သၽွန္ေနာင္ကေတာ့ ထိုလက္အား လႊတ္ေပးရန္ အစီအစဥ္မရွိ။

"အစ္ကို သၽွန္ေနာင္ရယ္... ဒီေကာင္က နည္းနည္းေလး မူးေနလို႔ပါဗ်ာ။ ေဗြမယူပါနဲ႔။"

ကိုသိုက္က ဝင္၍ ေျဖျဖန္ရန္ ႀကံလိုက္ေသာ္လည္း သၽွန္ေနာင္ထံမွ ဒိုင္းခနဲေရာက္လာေသာ အၾကည့္တစ္ခ်က္ေၾကာင့္ ထိတ္ခနဲျဖစ္သြားသည္။ ထိုသို႔ေသာ အၾကည့္မ်ိဳးကို သၽွန္ေနာင့္ထံတြင္ တခါမၽွ မေတြ႕ခဲ့ဖူးပါေပ။ ေတာ္ေတာ့္ကို ေၾကာက္မက္ဖြယ္ေကာင္းလွသည့္ ေကာင္းသည့္အၾကည့္မ်ိဳးျဖစ္သည္။ ထို႔ေၾကာင့္ သူ႔အလုပ္ထဲမွ လူတခ်ိဳ႕က ေျပာဖူးသည္။ ဒီလူက ဒိတ္ဒိတ္က်ဲ လူမိုက္တဲ့။ အင္း... ထိုစကားကို နည္းနည္းေတာင္ လက္ခံခ်င္လာသည္။

"စိတ္မပူပါနဲ႔။ ကိုယ္သိပါတယ္။ ဒါေၾကာင့္လည္း အမူးေျပေအာင္ လုပ္ေပးေနတာပါ။"

သၽွန္ေနာင္က ခပ္ေအးေအးပင္ေျပာလိုက္ေသာ္လည္း ဘာေၾကာင့္မွန္းမသိ ဖိုးျပည့္တင္မက ကိုသိုက္ပါ စိတ္ထဲ ေလးေလးလံလံႀကီးျဖစ္လာသည္။

"ကဲပါ Baby ရယ္... လႊတ္ေပးလိုက္စမ္းပါ။"

သၽွားအိမ္က မေနနိုင္၍ ဝင္ေျပာလၽွင္ သၽွန္ေနာင္က ျဖတ္ခနဲတစ္ခ်က္ၾကည့္လိုက္သည္။ ထိုအၾကည့္မ်ား ရန္လိုေနေသာ အေငြ႕အသက္မ်ား ကင္းစင္ကာ ၾကည္လင္ရႊန္းလဲ့၍ ေနသည္။ ၿပီးမွ ဖိုးျပည့္ဘက္ျပန္လွည့္ကာ ေအးစက္စက္တစ္ခ်က္ၾကည့္လိုက္ၿပီး လႊတ္ေပးလိုက္သည္။

"ေနာက္တခါ ငါ့အမ်ိဳးသားကို လက္ရြယ္ရဲ ရြယ္ၾကည့္...။ အခုလို မင္းအေမေမြးတဲ့အတိုင္း ျပန္လႊတ္ေပးမွာ မဟုတ္ဘူးဆိုတာ ျမဲျမဲမွတ္ထားပါ။"

သၽွန္ေနာင္၏ ေလသံက ေရခဲေတာင္ကို ျဖတ္သန္းလာရသည့္ ေလမ်ားကဲ့သို႔ ေအးခဲကာ ၾကားရသူတို႔၏ အရိုးတြင္းခ်ဥ္ဆီထဲအထိ စိမ့္ဝင္သြားေတာ့သည္။ ဖိုးျပည့္မွာလည္း ထိတ္လန႔္တုန္လႈပ္စြာျဖင့္ အလိုေလၽွာက္ပင္ ေခါင္းညိတ္ျပလိုက္ပါသည္။

"ျပန္ရေအာင္ Baby။ ကိုယ့္မွာ ဒီလူပ်က္တစ္ေကာင္နဲ႔ အာ႐ုံေတြ စားေနတာ... နားခ်င္ၿပီ။"

သၽွားအိမ္က ျပန္ရန္ ေဆာ္ၾသရင္း ခ်စ္ရသူထံ လက္ကို ဆန႔္တန္းေပးလိုက္သည္။

"ေဟ့ေကာင္... မင္း ဘာစကားေျပာတာလဲ။"

ဖိုးျပည့္မွ သၽွားအိမ္စကားေၾကာင့္ ေထာင္းထနဲ ေဒါသထြက္သြားကာ သူ႔ေရွ႕မွ သၽွန္ေနာင္အား ေက်ာ္ၿပီး သၽွားအိမ္ကို ရန္ေစာင္ေသာအၾကည့္ျဖင့္ ၾကည့္လိုက္သည္။

"ဘာကို ဘာစကားေျပာရမွာလဲ။ မင္းရဲ့ ႐ူးတူးတူးေပါေတာေတာနဲ႔ ေ-ာက္ေရးမပါတဲ့ ကစားပြဲေၾကာင့္ ငါ ပင္ပန္းေနၿပီလို႔ေျပာတာ။ ဒီေလာက္ရွင္းေနတာေတာင္ နားမလည္ရေအာင္ မင္း ဦးေႏွာက္က ေမြးကတည္းက မဖြံ့ၿဖိဳးလို႔လား။"

သၽွားအိမ္ကလည္း စိတ္ေပါက္လာၿပီျဖစ္ရာ အားပါးတရ အေငၚတူးလိုက္ပါေတာ့သည္။

"မင္း...!"

ဖိုးျပည့္မွာ သၽွားအိမ္ဆိုေသာ ထို သေကာင့္သားထံ ေျပးသြားကာ ထိုးထည့္လိုက္ခ်င္ေသာ္လည္း သူ႔အား မ်က္ႏွာေသျဖင့္ ၾကည့္ေနေသာ သၽွန္ေနာင္ေၾကာင့္ ကိုယ္ရွိန္ကို မနည္းသတ္လိုက္ရသည္။

သၽွန္ေနာင္က ဖိုးျပည့္အား မိုက္ၾကည့္တစ္ခ်က္ၾကည့္ကာ သၽွားအိမ္ရွိရာသို႔ ေလၽွာက္လာခဲ့သည္။ ထို႔ေနာက္ သူ၏ လက္ကို သၽွားအိမ္၏ ကမ္းလင့္ေနေသာ လက္ေပၚသို႔ တင္လိုက္သည္။

သၽွားအိမ္ကလည္း ခ်စ္ရသူ၏ လက္ႏုႏုအိအိေလးအား ျမတ္နိုးယုယေသာ္လည္း ျမဲၿမံလွစြာ ဆုပ္ကိုင္လိုက္ၿပီး...

"သြားၾကစို႔ Baby"

"အင္း"

သၽွန္ေနာင္က အျပဳံးတခုျဖင့္ ေခါင္းညိတ္ျပလိုက္ပါသည္။ ထို႔ေနာက္ အံတႀကိတ္ႀကိတ္ ေတာက္တေခါက္ေခါက္ျဖစ္ေနေသာ ဘုန္းျပည့္စုံႏွင့္ သူတို႔ႏွစ္ဦးအား အားက်ေလးစားစြာ ေငးေမာၾကည့္ေနေသာ ဟန္လင္းသိုက္အား ေက်ာခိုင္းကာ ကလပ္ထဲမွ ထြက္ခဲ့ပါေတာ့သည္။

"Baby..."

သၽွားအိမ္က ကားကို ဂ႐ုတစိုက္ ေမာင္းေနေသာ ခ်စ္သူအား ေခၚလိုက္ပါသည္။

"ေျပာေလ ေမာင္"

သၽွန္ေနာင္မွာ ခ်စ္ရသူ၏ ေလးတြဲတြဲေခၚသံေၾကာင့္ ျပန္ထူးရင္းျဖင့္ ေနေဘးတြင္ ထိုင္ေနေသာ ခ်စ္သူအား တစ္ခ်က္ၾကည့္လိုက္ပါသည္။

"Baby... ေမာင္ေလ ကစားပြဲက "ပထမဆုံး" ဆိုတဲ့ ေမးခြန္းရဲ့ အေျဖေတြအတြက္ ေတာင္းပန္ပါတယ္ေနာ္။ ေမာင္ ဟိုေကာင့္ကို နိုင္ခ်င္ေဇာႀကီးသြားတာ မွန္ေပမယ့္ Baby ကို အေလးမထားတာ မဟုတ္ပါဘူး။ အခုလို ေတာင္းပန္တယ္ဆိုတာလည္း Baby ကို သေဘာေသးသိမ္တယ္လို႔ ထင္လို႔ မဟုတ္ပါဘူး။ ေမာင္ Baby ကို အေလးထားတယ္ဆိုတာ သိေစခ်င္လို႔ပါ။"

သၽွန္ေနာင္က ခ်စ္သူ၏ ရွည္လ်ားလွသည့္ ရွင္းလင္းခ်က္တို႔ကို နားေထာင္ကာ ကားေမာင္းေနရာမွ ခ်စ္သူဘက္လွည့္ကာ တစ္ခ်က္ျပဳံးျပလိုက္သည္။

"ေမာင္ရယ္... ကို နားလည္ပါတယ္။ ဒီအတြက္လည္း ကို ေမာင့္အေပၚမွ နည္းနည္းမွေတာင္ စိတ္မခုပါဘူး။"

သၽွန္ေနာင္ တကယ္လည္းသၽွားအိမ္အား စိတ္မဆိုးသလို စိတ္လည္းမခုပါ။ ထိုအမည္နာမတခုအား မွတ္မိေနသည့္အတြက္လည္း မည္သို႔မၽွ မခံစားရပါ။ ထိုအမည္သည္ အတိတ္၌သာရွိၿပီး သူတို႔ႏွစ္ဦးေလၽွာက္လွမ္းရမည့္အနာဂတ္ႏွင့္ ယွဥ္၍ မရေအာင္ ေသးႏုတ္လြန္းလွသည္။သၽွန္ေနာင္ဟူေသာ သူသည္ ခ်စ္ရသူ၏ ႏွလုံးသားတခုလုံးကို ပိုင္စိုးထား႐ုံမက အခ်စ္တို႔ျဖင့္ အတိၿပီးေသာ အနာဂတ္တခုလုံးကို ပိုင္ဆိုင္ထားေသာ လူတစ္ဦးျဖစ္သည္။ ထိုသို႔ေသာ ႀကီးက်ယ္ခမ္းနာသည့္ ေကာင္းခ်ီးမဂၤလာတခုကို ပိုင္ဆိုင္ထားမွေတာ့ ထိုျမဴမၽွပင္မရွိသည့္ အမွိုက္သရိုက္တခုေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေနရမွာလား။ NO ပါကြယ္။

သၽွားအိမ္အား ခ်စ္သူ၏ တည္ၾကည္ေနေသာ မ်က္ႏွာကို ၾကည့္ကာ သက္ျပင္းခ်လိုက္ပါသည္။ သူ႔အေနႏွင့္ ခ်စ္သူက ခြင့္လႊတ္လိမ့္မည္ကို သိေသာ္လည္း ယခုလို ႏႈတ္မွ ရွင္းလင္းျပတ္သားစြာ ေျပာလာသည္ကို ၾကားရလၽွင္ ႏွလုံးသားထဲ၌ ပို၍ ေပါ့ပါးရွင္းလင္းသြားေတာ့သည္။

"ေက်းဇူးပါ Baby။"

သၽွားအိမ္က ခ်စ္သူ၏ ပုခုံးစြန္းေလးကို ခပ္ဖြဖြေလးနမ္းကာ...

"ေမာင္ မင္းကို အရမ္းခ်စ္တယ္ Baby။ မင္းမရွိရင္ ေမာင္ လဲၿပိဳသြားနိုင္တယ္"

သၽွန္ေနာင္က ကားေမာင္းေနရင္းမွ ၾကည္ၾကည္ႏူးႏူးျဖင့္ ျပဳံးလိုက္ၿပီး ခ်စ္သူ၏ လက္တဖက္ကို သူ႔လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္သည္။

"ကိုလည္း ေမာင့္ကို ခ်စ္တယ္။ ဘယ္ေလာက္ခ်စ္လဲဆိုရင္ ေမာင့္ရဲ့ အားနည္းခ်က္ေတြ မျပည့္စုံမႈေတြကို မျမင္နိုင္ေလာက္ေအာင္ကို ခ်စ္တယ္။ သူမ်ားေတြက ေမာင္နဲ႔ ပတ္သက္ၿပီး လက္ညိဳးထိုးရင္ေတာင္ ကိုက ေခါင္းေမာ့၊ ရင္ေကာ့ၿပီး ေမာင့္ကို ယုံယုံၾကည္ၾကည္နဲ႔ ခ်စ္ေနဦးမွာ။ ကို႔ရဲ့အခ်စ္က အဲ့ဒီ့ေလာက္ကို စုံလုံးကန္းေနတာ ေမာင့္ရဲ့။ ဒါေၾကာင့္ ကို႔ကို သနားညႇာတာတဲ့အေနနဲ႔ ေမာင့္ရဲ့ ပစၥဳပန္တိုင္းနဲ႔ အနာဂတ္တိုင္းမွာ ေမာင့္ရဲ့ အခ်စ္ကို ကိုတစ္ေယာက္တည္း မူပိုင္ပိုင္ဆိုင္ခြင့္ေလးပဲ ေပးပါေနာ္။ ကို ဒါေလးပဲ တခုပဲေတာင္းဆိုခ်င္တာပါ။"

"Baby ရာ... ေမာင့္ရဲ့ ႏွလုံးသားက Baby တစ္ေယာက္တည္းကိုပဲ အသိအမွတ္ျပဳတာပါကြာ။ ေမာင့္ ႏွလုံးသားထဲ Baby ေရာက္လာတဲ့ ေန႔ကစၿပီး ေမာင့္ရဲ့ အခ်စ္... ေမာင့္ရဲ့ ႏွလုံးသား၊ ေမာင့္ရဲ့ အရာရာတိုင္းကို Baby တစ္ေယာက္တည္းပဲ ပိုင္တာပါ။ ေမာင့္ရဲ့ ရင္ခြင္၊ ေမာင့္ရဲ့ဘဝမွာလည္း မင္းတစ္ေယာက္တည္းပဲကိုပဲ လိုအပ္တာပါ။ Baby သာ ကိုယ့္နားမွာရွိရင္ တစ္ေလာကလုံးနဲ႔ တစ္ေယာက္ဆိုရင္ေတာင္ ေမာင္ လုံးဝမမႈဘူး။ ဘယ္သူေတြ ဘာေတြေျပာေျပာ ေမာင္က မင္းကိုပဲ ေရြးခ်ယ္မွာ။ ဒီစကားက ကမၻာတည္သေရြ႕မွန္ေနမယ့္ အမွန္တရားပဲ Baby။ ဒါေၾကာင့္ ကိုယ့္နားမွာပဲ ရွိေပးပါ။"

သၽွန္ေနာင္က ဘာမၽွမေျပာ ခ်စ္သူ၏ လက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ကာ ေရွ႕သို႔သာ ၾကည့္ေနပါသည္။ သူ၏ ႏႈတ္ခမ္းဖူးဖူးတို႔ထက္ဝယ္ အျပဳံးတို႔တြဲခိုလၽွက္....

ထိုအျပဳံးတို႔က သၽွားအိမ္၏ႏႈတ္ခမ္းထက္ဆီသို႔ ကူးစက္သြားကာ၊ ထိုႏႈတ္ခမ္းထက္မွသည္ ရင္ထဲသို႔တိုင္ စီးဆင္းလၽွက္ ခ်စ္ျခင္းေမတၱာတို႔က ႏွလုံးသားမွ အတိုင္းအဆမရွိ ယိုစီး၍ လာပါေတာ့သည္။ ထိုတိုင္းတာျခင္းငွာ မစြမ္းနိုင္ေသာ ခ်စ္ျခင္းတို႔ကို ရိုးရွင္းစြာ ေဖာ္ျပရပါလၽွင္...

ခ်စ္သူရသူ၏ လက္ဖဝါးေလးကို ျမတ္နိုးစြာ နမ္းရွိုက္လိုက္ကာ....

"ခ်စ္တယ္ Baby"

---------------------------------

October 18, 2019 Friday.

Edited on – Jan 31, 2021

---------------------------------

繼續閱讀

You'll Also Like

107K 11.9K 107
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
182K 9.1K 89
Boy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. ...
70.5K 5.2K 54
ကြယ်ပန်းလေးတွေရဲ့ အဓိပ္ပါယ်က ဖြူစင်စွာ ဖြည့်ဆည်းပေးခြင်းတဲ့ ။...။ ကြယ်ပန္းေလးေတြရဲ့ အဓိပၸါယ္က ျဖဴစင္စြာ ျဖည့္ဆည္းေပးျခင္းတဲ့ ။...။ Art : @ZinMinHti...
7.2K 281 12
① ချစ်စကားတစ်ခွန်း ② ကျွန်တော်မဖတ်ခဲ့တဲ့ မျက်ဝန်း ③ အချစ်တစ်ခု ဖန်တီးခြင်း ④ အချစ်နဲ့ ယူဇနာတစ်ထောင် ⑤ အငယ် (Zawgyi) ① ခ်စ္စကားတစ္ခြန္း ② ကြၽန္ေတာ္မဖတ...