《Zawgyi》
အပိုင္း - ၁၄
[ မင္း ဘာလွည့္ကြက္ေတြ ကစားေနတာလဲ? ]
အျခားတစ္ေယာက္က ဗီလိန္ဇာတ္ေကာင္ရဲ႕ ကံၾကမၼာကို ယူခ်င္ေနတာကို ျမင္ရတာ ေပ်ာ္စရာေကာင္းသားပဲ အား !
ခ်င္းစုယြဲ႕အဖို႔ ဒီအရာေတြအားလံုးအား ေဘးကေန ရပ္ၾကည့္ေနရသည္မွာ တစ္ကယ္ကိုပင္ ခံစားခ်က္ ေကာင္းလြန္းလွေပ၏။ သူမသည္ အဓိကဇာတ္ေဆာင္ရဲ႕ ညစာစားေနေသာ စားပြဲအား ျဖတ္သြားသည့္အခ်ိန္တြင္ သူတို႔ကို ေက်ာ္ျဖတ္ကာ ခ်န္ထားခဲ့ဖို႔ရာသာ ေမၽွာ္လင့္လ်က္ သတိမထားလိုက္မိဘဲ ခပ္သြက္သြက္ ေလၽွာက္မိသည္။
ဒါေပမယ့္ သူမ၏ ဆႏၵတို႔ႏွင့္ ဆန္႔က်င့္ဘက္အားျဖင့္ အခ်ိဳ႕ေသာ လူမ်ားက သူမအား ငါးျမႇားခ်ိတ္မွ လြတ္သြားသည့္ ငါးႏွယ္ မျဖစ္ေစခ်င္ၾကေပ။ ဒါကေတာ့ အထင္ျမင္ေသး မခံခ်င္လွသည့္ အရံဇာတ္ေကာင္ တစ္ေယာက္ပဲ ျဖစ္ေလသည္။ ေမာ့ရႊီယြမ္မွာ ခ်င္းစုယြဲ႕ ေက်ာ္ျဖတ္သြားေတာ့မည္ကို ျမင္လိုက္ေတာ့ သူမအား တမင္သက္သက္ပင္ အက်ယ္ႀကီး ေအာ္ေျပာလိုက္သည္ .. "ညီမေလးခ်င္း .. ဘာလို႔ ဒီေလာက္ေတာင္ ျမန္ျမန္ေလၽွာက္ေနရတာလဲ ? မင္းရဲ႕ ေက်းဇူးရွင္ကို ႏႈတ္ေတာင္မဆက္ေတာ့ဘူးလား ?"
'ညီမေလးခ်င္း?'
ခ်င္းစုယြဲ႕ဟာ ေနာက္လွည့္လ်က္ စကားေျပာလိုက္သည့္ လူငယ္ေလးအား သံသယျဖစ္စြာ စိုက္ၾကည့္လိုက္သည္။ ထိုသူဟာ က်န္းမာၾကံ့ခိုင္ကာ ၾကည့္ေကာင္း ခန္႔ညားသည့္ မ်က္ႏွာရွိေသာ္လည္း ဘာေၾကာင့္မွန္းမသိ သူ႔မ်က္ႏွာထက္ရွိ အျပံဳးမွာေတာ့ အနည္းငယ္ ရက္စက္မည့္ပံုေပၚသည္။
သူ႔အား အႀကိမ္အနည္းငယ္ေလာက္ ၾကည့္ၿပီးသည္အထိ ထိုလူငယ္၏မ်က္ႏွာအား မည္သူမွန္း သူမ စဥ္းစားမရခဲ့။ ဒါေၾကာင့္ သူမ ဘာမွ မသိသည့္ပံုျဖင့္ ေမးလိုက္သည္ .. "ရွင္ ကၽြန္မကို ေခၚလိုက္တာလား?"
"ဒီနားေလးမွာ ခ်င္းမ်ိဳးရိုးက မင္းကလြဲၿပီး ဘယ္သူရွိရအုန္းမွာလဲ?"
ခ်င္းစုယြဲ႕မွာ အံကိုသာ တိတ္တဆိတ္ ႀကိတ္ႏိုင္ေတာ့သည္ .. 'ဘယ္သူက ရွင္နဲ႔ စကားေျပာခ်င္ေနလို႔တုန္း'
"အင္း.." သူမမွာ အားေလ်ာ့စြာ ေလသံတီးတိုးျဖင့္သာ ျပန္ေျပာႏိုင္ေတာ့ကာ ထြက္သြားဖို႔ ျပင္လိုက္သည္။
ေမာ့ရႊီယြမ္မွာ သူမကို ထပ္တားလိုက္ျပန္သည္ .. "မင္းရဲ႕ နတ္ဘုရားေလးက ဒီမွာရွိေနတယ္ေလ .. ဒါေပမယ့္ မင္းက သူ႔ကို ႏႈတ္ေတာင္မဆက္ေတာ့ပဲ သြားေတာ့မလို႔လား?"
ခ်င္းစုယြဲ႕မွာ ဇာတ္လိုက္ဆီသို႔ သတိမထားမိဘဲ အၾကည့္ေရာက္မိေတာ့မလို ျဖစ္ၿပီးမွ သူမကိုယ္သူမ အျမန္ ဟန္ေဆာင္ ထိန္းခ်ဳပ္လိုက္ရသည္။ သူမမွာ ခ်န္းစီႏ်န္ႏွင့္ ေျခလွမ္းသံုးလွမ္းစာသာ ကြာေဝးေတာ့ေသာ္လည္း ထိုလူသားထံမွ ထြက္ေပၚေနသည့္ ျပင္းထန္လွေသာ ေဒါသအခိုးအေငြ႕ အရွိန္အဝါအား ခံစားမိေနသည္။ ခ်င္းစုယြဲ႕ဟာ တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ရရင္း ျပံဳးျပလိုက္ကာ .. "ေဆာရီးပါ အတန္းေဖာ္ေရ .. နင္ဘယ္သူမွန္း ငါမသိဘူး"
"မင္းက ငါ့ကိုမသိဘူး?" ေမာ့ရႊီယြမ္ အံ့အားသင့္သြားသည္။
ခ်င္းစုယြဲ႕မွာ တည္တည္ၿငိမ္ၿငိမ္ပဲ ေခါင္းညိတ္ျပလိုက္သည္။
သူက မယံုၾကည္ႏိုင္စြာ ဆက္ေမးသည္ .. "မင္းအခု ဘာလွည့္ကြက္ေတြ ကစားေနတာလဲ?"
"ေဆာရီး .. ငါတစ္ကယ္ကို နင္ဘယ္သူမွန္း မသိလို႔ပါ"
"သူ႔ကိုေရာ?" သူမအား ထူးဆန္းစြာ စိုက္ၾကည့္ေနေသာ တစ္ခ်ိန္လံုး ေရငံုႏႈတ္ပိတ္ တိတ္ဆိတ္ေနသည့္ ခ်န္းစီႏ်န္ဆီသို႔ ေမာ့ရႊီယြမ္မွာ ညႊန္ျပလိုက္ေလ၏။ ခ်င္းစုယြဲ႕မွာ ခ်န္းစီႏ်န္အား တစ္ခ်က္သာ ေစာင္းငဲ့ၾကည့္လိုက္ၿပီး ခ်က္ခ်င္းကိုပဲ အေဝးသို႔ အၾကည့္လႊဲလိုက္ကာ .. "ဟင့္အင္း .. ငါသူ႔ကို မသိဘူး"
အျခားသူ ဆက္ေျပာလာသည္အထိ သူမ မေစာင့္ေတာ့ပဲ ဆက္ေျပာလိုက္သည္ .. "ခြင့္ျပဳပါအုန္း .. အတန္းေဖာ္ေရ ငါတို႔ အခု ညစာ သြားစားေတာ့မလို႔" ထို႔ေနာက္တြင္မူ ခ်င္းစုယြဲ႕သည္ က်ံဳခ်င္း မည္သို႔မည္ပံု ျဖစ္ေနသည္အား လ်စ္လ်ဴရႈလ်က္ သူမအား အတင္းပဲ အလ်င္အျမန္ ဆြဲေခၚသြားေလေတာ့၏။
ေျခလွမ္းႏွစ္လွမ္းေလာက္ လွမ္းၿပီးသည့္ ေနာက္မွာ သူမအား ဦးတည္ကာ ထိုးေဖာက္မတတ္ၾကည့္ေနသည့္ ေအးစိမ့္စိမ့္ အၾကည့္အား ခံစားလိုက္ရေသာေၾကာင့္ သတိလက္လြတ္ အေနာက္သို႔ ျပန္လွည့္ၾကည့္မိသည္။ ထို႔အခ်ိန္မွာေတာ့ သူမဟာ ခ်န္းစီႏ်န္၏ အၾကည့္အား ဖမ္းမိသြားေလေတာ့သည္။
ထိုလူသားမွာ သူမအား သာမန္ကာလၽွံကာ ၾကည့္ခ်ိန္တြင္ ထိုခန္႔ညားလွေသာ မ်က္ဝန္းတစ္စံုမွာ က်ဥ္းေျမာင္းလို႔ေနသည္။ အဆိုပါ နက္ရွို္င္းေမွာင္လဲ့ေနေသာ မ်က္ဝန္းတစ္စံုတို႔၌ သူမ၏ ပံုသဏၭာန္ေလး ထင္ဟပ္ေနသည္အား ခ်င္းစုယြဲ႕ ျမင္လိုက္ရေတာ့ သတိပင္လစ္သြားေတာ့မလို ခံစားလိုက္ရသည္။
'ဝွက္သယ္ဟဲ! ဒီလိုလွပတဲ့ မ်က္ဝန္းေတြကို ပိုင္ဆိုင္ထားတာ ဆိုးဝါးရက္စက္လိုက္တာ'
ထိုလူသားမွာ ေလွာင္ေျပာင္ ျပက္ရယ္ျပဳသလိုျဖင့္ သူ႔ႏႈတ္ခမ္းေတြအား အေပၚသို႔ မသိမသာ မဆိုစေလာက္ေလး တြန္႔ေကြးလိုက္သည္ကို ျမင္လိုက္ရေတာ့ သူမ ေျခလွမ္းေတြ၏ အရွိန္မွာ ေလ်ာ့က်သြားေလသည္။ သူမမွာ ခ်က္ခ်င္းပဲ အၾကည့္ကို ျပန္ရုတ္သိမ္းလိုက္ၿပီး အေဝးသို႔ ေလၽွာက္သြားလိုက္သည္ .. 'ေသစမ္း.. ခ်ီး..ပဲ ! ငါလွည့္စားခံလိုက္ရတာဟ .. ခ်န္းစီႏ်န္က ဒါကို တမင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ခဲ့တာပဲ !' ဒါကေတာ့ ခ်န္းစီႏ်န္မွာ သူမ၏ မပီျပင္ မေျပာင္ေျမာက္လွေသာ သရုပ္ေဆာင္စြမ္းရည္အား ေလွာင္ေျပာင္သေရာ္ ေထ့ေငါ့လိုက္ျခင္းပင္ ျဖစ္ေလ၏။
ထိုေန႔က ခ်င္းကြမ္းခ်န္ကို ေဘးမွျဖတ္သြားသည့္သူမွာ မည္သူမွန္း မမွတ္မိေၾကာင္း သူမ ေျပာခဲ့သည္။ ထိုျဖတ္သြားသည့္သူမွာ ခ်န္းစီႏ်န္ကိုယ္တိုင္ ျဖစ္ေနမည္မွန္း ဘယ္သူက ထင္မွာတုန္း! ကံေကာင္းတာကေတာ့ သူတို႔ရဲ႕ မ်က္လံုးခ်င္းဆံုခဲ့သည့္ အခိုက္အတန္႔ တခဏတာအား မည္သူကမွ သတိထားမိခဲ့ပံု မေပၚေပ။ ခ်င္းစုယြဲ႕ ျဖည္းျဖည္းခ်င္း စိတ္သက္သာရာ ရသြားခဲ့သည္။
က်ံဳခ်င္းက သူမလက္ေမာင္းအား ဆုပ္ကိုင္ကာ ေမးလိုက္သည္ .. " စုယြဲ႕ .. နင့္ရဲ႕ေခါင္းကို ထိခိုက္မိသြားထဲက တကယ္ပဲ မွတ္ဥာဏ္ေတြအကုန္ ဆံုးရွံုးခဲ့တာလား?" သူမ ေခါင္းညိတ္လိုက္ၿပီး ျပန္ေျဖခဲ့သည္ .. "ဟုတ္တယ္ .. အဲ့ဒီမတိုင္ခင္က အျဖစ္အပ်က္ေတြကို ငါ ဘာမွ ျပန္စဥ္းစားလို႔ မရေတာ့ဘူး "
က်ံဳခ်င္းမွာ ခံစားခ်က္မရွွိ အမူအယာကင္းမဲ့ေနသည့္ ခ်န္းစီႏ်န္အား လွည့္မၾကည့္ေသးခင္ သူမကို ဝမ္းနည္းစြာျဖင့္ ၾကည့္လိုက္ေသးသည္။ က်ံဳခ်င္းက သက္ျပင္းခ်လ်က္ .. "ဝမ္းနည္းစရာ ေကာင္းလိုက္တာ"
သူမတို႔ စကားေျပာေနသည္ကို ၾကားလိုက္ရေတာ့ စြန္းေျမာင္းေျမာင္းမွာ သူမတို႔အနား ေလၽွာက္လာကာ အထင္ေသးသည့္ ေလသံျဖင့္ ေျပာလိုက္သည္ .. "ေသၿပီးတဲ့သူေတြပဲ ဒါကို ယံုလိမ့္မယ္"
ေမာ့ရႊီယြမ္လည္းပဲ အံ့ဩသြားကာ ခ်န္းစီႏ်န္ထံသို႔ ကိုယ္ကို ငံု႔ကိုင္းလ်က္ ေမးလိုက္သည္ .. "ခ်င္းစုယြဲ႕က တစ္ကယ္ပဲ မွတ္ဥာဏ္ေတြ ဆံုးရံႉးသြားတာလား? တစ္ကယ္သာ ဆံုးရွံုးသြားခဲ့တာဆိုရင္ ဒီေန႔ သူမရဲ႕ ထူးထူးဆန္းဆန္း အျပဳအမူက အေျဖပဲ!"
ခ်န္းစီႏ်န္က အထင္ေသးသည့္ပံုျဖင့္ ေလွာင္ေျပာင္သေရာ္လိုက္ၿပီး သူ႔အခန္းေဖာ္၏ ေမးခြန္းအား ျပန္ေျဖေပးဖို႔ပင္ ပ်င္းမိသည္။ သူမရဲ႕ မွတ္ဥာဏ္ေတြ အားလံုးကို ဆံုးရွံုးသြားခဲ့သည္ဆိုတာကို သူမယံုေပ။ သူမ၏ အၾကည့္မွာ ရွင္းရွင္းလင္းလင္းကိုပဲ ေရွာင္တိမ္းလိုသည့္ပံု ေပၚေနေပမယ့္ သူလံုးဝကို ဒီကိစၥအေပၚ၌ စိတ္ဝင္စားျခင္းအလ်င္း မရွိေခ်။ အခုခ်ိန္၌ အတိတ္ေမ့ျခင္းဆိုသည္မွာ ဆင္ေျခတစ္ခုသာလၽွင္ ျဖစ္လ်က္ ဒါကပဲ သူသည္ သူမ၏ စိတ္ရႈပ္စရာေကာင္းလွေသာ ပက္သတ္မႈေတြထံမွ လြတ္ေျမာက္ႏိုင္ေပလိမ့္မည္။
12.10.2019
***********************
《Unicode》
အပိုင်း - ၁၄
[ မင်း ဘာလှည့်ကွက်တွေ ကစားနေတာလဲ? ]
အခြားတစ်ယောက်က ဗီလိန်ဇာတ်ကောင်ရဲ့ ကံကြမ္မာကို ယူချင်နေတာကို မြင်ရတာ ပျော်စရာကောင်းသားပဲ အား !
ချင်းစုယွဲ့အဖို့ ဒီအရာတွေအားလုံးအား ဘေးကနေ ရပ်ကြည့်နေရသည်မှာ တစ်ကယ်ကိုပင် ခံစားချက် ကောင်းလွန်းလှပေ၏။ သူမသည် အဓိကဇာတ်ဆောင်ရဲ့ ညစာစားနေသော စားပွဲအား ဖြတ်သွားသည့်အချိန်တွင် သူတို့ကို ကျော်ဖြတ်ကာ ချန်ထားခဲ့ဖို့ရာသာ မျှော်လင့်လျက် သတိမထားလိုက်မိဘဲ ခပ်သွက်သွက် လျှောက်မိသည်။
ဒါပေမယ့် သူမ၏ ဆန္ဒတို့နှင့် ဆန့်ကျင့်ဘက်အားဖြင့် အချို့သော လူများက သူမအား ငါးမြှားချိတ်မှ လွတ်သွားသည့် ငါးနှယ် မဖြစ်စေချင်ကြပေ။ ဒါကတော့ အထင်မြင်သေး မခံချင်လှသည့် အရံဇာတ်ကောင် တစ်ယောက်ပဲ ဖြစ်လေသည်။ မော့ရွှီယွမ်မှာ ချင်းစုယွဲ့ ကျော်ဖြတ်သွားတော့မည်ကို မြင်လိုက်တော့ သူမအား တမင်သက်သက်ပင် အကျယ်ကြီး အော်ပြောလိုက်သည် .. "ညီမလေးချင်း .. ဘာလို့ ဒီလောက်တောင် မြန်မြန်လျှောက်နေရတာလဲ ? မင်းရဲ့ ကျေးဇူးရှင်ကို နှုတ်တောင်မဆက်တော့ဘူးလား ?"
'ညီမလေးချင်း?'
ချင်းစုယွဲ့ဟာ နောက်လှည့်လျက် စကားပြောလိုက်သည့် လူငယ်လေးအား သံသယဖြစ်စွာ စိုက်ကြည့်လိုက်သည်။ ထိုသူဟာ ကျန်းမာကြံ့ခိုင်ကာ ကြည့်ကောင်း ခန့်ညားသည့် မျက်နှာရှိသော်လည်း ဘာကြောင့်မှန်းမသိ သူ့မျက်နှာထက်ရှိ အပြုံးမှာတော့ အနည်းငယ် ရက်စက်မည့်ပုံပေါ်သည်။
သူ့အား အကြိမ်အနည်းငယ်လောက် ကြည့်ပြီးသည်အထိ ထိုလူငယ်၏မျက်နှာအား မည်သူမှန်း သူမ စဉ်းစားမရခဲ့။ ဒါကြောင့် သူမ ဘာမှ မသိသည့်ပုံဖြင့် မေးလိုက်သည် .. "ရှင် ကျွန်မကို ခေါ်လိုက်တာလား?"
"ဒီနားလေးမှာ ချင်းမျိုးရိုးက မင်းကလွဲပြီး ဘယ်သူရှိရအုန်းမှာလဲ?"
ချင်းစုယွဲ့မှာ အံကိုသာ တိတ်တဆိတ် ကြိတ်နိုင်တော့သည် .. 'ဘယ်သူက ရှင်နဲ့ စကားပြောချင်နေလို့တုန်း'
"အင်း..." သူမမှာ အားလျော့စွာ လေသံတီးတိုးဖြင့်သာ ပြန်ပြောနိုင်တော့ကာ ထွက်သွားဖို့ ပြင်လိုက်သည်။
မော့ရွှီယွမ်မှာ သူမကို ထပ်တားလိုက်ပြန်သည် .. "မင်းရဲ့ နတ်ဘုရားလေးက ဒီမှာရှိနေတယ်လေ .. ဒါပေမယ့် မင်းက သူ့ကို နှုတ်တောင်မဆက်တော့ပဲ သွားတော့မလို့လား?"
ချင်းစုယွဲ့မှာ ဇာတ်လိုက်ဆီသို့ သတိမထားမိဘဲ အကြည့်ရောက်မိတော့မလို ဖြစ်ပြီးမှ သူမကိုယ်သူမ အမြန် ဟန်ဆောင် ထိန်းချုပ်လိုက်ရသည်။ သူမမှာ ချန်းစီနျန်နှင့် ခြေလှမ်းသုံးလှမ်းစာသာ ကွာဝေးတော့သော်လည်း ထိုလူသားထံမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော ဒေါသအခိုးအငွေ့ အရှိန်အဝါအား ခံစားမိနေသည်။ ချင်းစုယွဲ့ဟာ တည်ငြိမ်အောင် ကြိုးစားလိုက်ရရင်း ပြုံးပြလိုက်ကာ .. "ဆောရီးပါ အတန်းဖော်ရေ .. နင်ဘယ်သူမှန်း ငါမသိဘူး"
"မင်းက ငါ့ကိုမသိဘူး?" မော့ရွှီယွမ် အံ့အားသင့်သွားသည်။
ချင်းစုယွဲ့မှာ တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်ပြလိုက်သည်။
သူက မယုံကြည်နိုင်စွာ ဆက်မေးသည် .. "မင်းအခု ဘာလှည့်ကွက်တွေ ကစားနေတာလဲ?"
"ဆောရီး .. ငါတစ်ကယ်ကို နင်ဘယ်သူမှန်း မသိလို့ပါ"
"သူ့ကိုရော?" သူမအား ထူးဆန်းစွာ စိုက်ကြည့်နေသော တစ်ချိန်လုံး ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေသည့် ချန်းစီနျန်ဆီသို့ မော့ရွှီယွမ်မှာ ညွှန်ပြလိုက်လေ၏။ ချင်းစုယွဲ့မှာ ချန်းစီနျန်အား တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး ချက်ချင်းကိုပဲ အဝေးသို့ အကြည့်လွှဲလိုက်ကာ .. "ဟင့်အင်း .. ငါသူ့ကို မသိဘူး"
အခြားသူ ဆက်ပြောလာသည်အထိ သူမ မစောင့်တော့ပဲ ဆက်ပြောလိုက်သည် .. "ခွင့်ပြုပါအုန်း .. အတန်းဖော်ရေ ငါတို့ အခု ညစာ သွားစားတော့မလို့" ထို့နောက်တွင်မူ ချင်းစုယွဲ့သည် ကျုံချင်း မည်သို့မည်ပုံ ဖြစ်နေသည်အား လျစ်လျူရှုလျက် သူမအား အတင်းပဲ အလျင်အမြန် ဆွဲခေါ်သွားလေတော့၏။
ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးသည့် နောက်မှာ သူမအား ဦးတည်ကာ ထိုးဖောက်မတတ်ကြည့်နေသည့် အေးစိမ့်စိမ့် အကြည့်အား ခံစားလိုက်ရသောကြောင့် သတိလက်လွတ် အနောက်သို့ ပြန်လှည့်ကြည့်မိသည်။ ထို့အချိန်မှာတော့ သူမဟာ ချန်းစီနျန်၏ အကြည့်အား ဖမ်းမိသွားလေတော့သည်။
ထိုလူသားမှာ သူမအား သာမန်ကာလျှံကာ ကြည့်ချိန်တွင် ထိုခန့်ညားလှသော မျက်ဝန်းတစ်စုံမှာ ကျဉ်းမြောင်းလို့နေသည်။ အဆိုပါ နက်ရှို်င်းမှောင်လဲ့နေသော မျက်ဝန်းတစ်စုံတို့၌ သူမ၏ ပုံသဏ္ဌာန်လေး ထင်ဟပ်နေသည်အား ချင်းစုယွဲ့ မြင်လိုက်ရတော့ သတိပင်လစ်သွားတော့မလို ခံစားလိုက်ရသည်။
'ဝှက်သယ်ဟဲ! ဒီလိုလှပတဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတာ ဆိုးဝါးရက်စက်လိုက်တာ'
ထိုလူသားမှာ လှောင်ပြောင် ပြက်ရယ်ပြုသလိုဖြင့် သူ့နှုတ်ခမ်းတွေအား အပေါ်သို့ မသိမသာ မဆိုစလောက်လေး တွန့်ကွေးလိုက်သည်ကို မြင်လိုက်ရတော့ သူမ ခြေလှမ်းတွေ၏ အရှိန်မှာ လျော့ကျသွားလေသည်။ သူမမှာ ချက်ချင်းပဲ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အဝေးသို့ လျှောက်သွားလိုက်သည် .. 'သေစမ်း... ချီးပဲ ! ငါလှည့်စားခံလိုက်ရတာဟ .. ချန်းစီနျန်က ဒါကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ !' ဒါကတော့ ချန်းစီနျန်မှာ သူမ၏ မပီပြင် မပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်အား လှောင်ပြောင်သရော် ထေ့ငေါ့လိုက်ခြင်းပင် ဖြစ်လေ၏။
ထိုနေ့က ချင်းကွမ်းချန်ကို ဘေးမှဖြတ်သွားသည့်သူမှာ မည်သူမှန်း မမှတ်မိကြောင်း သူမ ပြောခဲ့သည်။ ထိုဖြတ်သွားသည့်သူမှာ ချန်းစီနျန်ကိုယ်တိုင် ဖြစ်နေမည်မှန်း ဘယ်သူက ထင်မှာတုန်း! ကံကောင်းတာကတော့ သူတို့ရဲ့ မျက်လုံးချင်းဆုံခဲ့သည့် အခိုက်အတန့် တခဏတာအား မည်သူကမှ သတိထားမိခဲ့ပုံ မပေါ်ပေ။ ချင်းစုယွဲ့ ဖြည်းဖြည်းချင်း စိတ်သက်သာရာ ရသွားခဲ့သည်။
ကျုံချင်းက သူမလက်မောင်းအား ဆုပ်ကိုင်ကာ မေးလိုက်သည် .. " စုယွဲ့ .. နင့်ရဲ့ခေါင်းကို ထိခိုက်မိသွားထဲက တကယ်ပဲ မှတ်ဉာဏ်တွေအကုန် ဆုံးရှုံးခဲ့တာလား?" သူမ ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေခဲ့သည် .. "ဟုတ်တယ် .. အဲ့ဒီမတိုင်ခင်က အဖြစ်အပျက်တွေကို ငါ ဘာမှ ပြန်စဉ်းစားလို့ မရတော့ဘူး "
ကျုံချင်းမှာ ခံစားချက်မရှှိ အမူအယာကင်းမဲ့နေသည့် ချန်းစီနျန်အား လှည့်မကြည့်သေးခင် သူမကို ဝမ်းနည်းစွာဖြင့် ကြည့်လိုက်သေးသည်။ ကျုံချင်းက သက်ပြင်းချလျက် .. "ဝမ်းနည်းစရာ ကောင်းလိုက်တာ"
သူမတို့ စကားပြောနေသည်ကို ကြားလိုက်ရတော့ စွန်းမြောင်းမြောင်းမှာ သူမတို့အနား လျှောက်လာကာ အထင်သေးသည့် လေသံဖြင့် ပြောလိုက်သည် .. "သေပြီးတဲ့သူတွေပဲ ဒါကို ယုံလိမ့်မယ်"
မော့ရွှီယွမ်လည်းပဲ အံ့ဩသွားကာ ချန်းစီနျန်ထံသို့ ကိုယ်ကို ငုံ့ကိုင်းလျက် မေးလိုက်သည် .. "ချင်းစုယွဲ့က တစ်ကယ်ပဲ မှတ်ဉာဏ်တွေ ဆုံးရှူံးသွားတာလား? တစ်ကယ်သာ ဆုံးရှုံးသွားခဲ့တာဆိုရင် ဒီနေ့ သူမရဲ့ ထူးထူးဆန်းဆန်း အပြုအမူက အဖြေပဲ!"
ချန်းစီနျန်က အထင်သေးသည့်ပုံဖြင့် လှောင်ပြောင်သရော်လိုက်ပြီး သူ့အခန်းဖော်၏ မေးခွန်းအား ပြန်ဖြေပေးဖို့ပင် ပျင်းမိသည်။ သူမရဲ့ မှတ်ဉာဏ်တွေ အားလုံးကို ဆုံးရှုံးသွားခဲ့သည်ဆိုတာကို သူမယုံပေ။ သူမ၏ အကြည့်မှာ ရှင်းရှင်းလင်းလင်းကိုပဲ ရှောင်တိမ်းလိုသည့်ပုံ ပေါ်နေပေမယ့် သူလုံးဝကို ဒီကိစ္စအပေါ်၌ စိတ်ဝင်စားခြင်းအလျင်း မရှိချေ။ အခုချိန်၌ အတိတ်မေ့ခြင်းဆိုသည်မှာ ဆင်ခြေတစ်ခုသာလျှင် ဖြစ်လျက် ဒါကပဲ သူသည် သူမ၏ စိတ်ရှုပ်စရာကောင်းလှသော ပက်သတ်မှုတွေထံမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
12.10.2019
*********************