《Zawgyi》
အပိုင္း - ၁၂ [ စြန္းေျမာင္းေျမာင္း ]
ခ်င္းစုယြဲ႕ဟာ ထိုအခန္းေဖာ္ရဲ႕ ဖိတ္ေခၚမႈအား တကယ္ကို ျငင္းလိုက္ခ်င္သည္။ သူမ အေဆာင္ကို ပထမဆံုး ေျပာင္းလာတဲ့ေန႔တုန္းက စြန္းေျမာင္းေျမာင္းရဲ႕ အထင္ေသးသည့္ အၾကည့္က သူမအား မေကာင္းသည့္အျမင္ က်န္ရွိေနေစ၏။ ဒါေၾကာင့္မို႔ပင္ သူမသည္ ဤအခန္းေဖာ္အား စကားေျပာခဲလွေပသည္။ အထူးသျဖင့္ စြန္းေျမာင္းေျမာင္း ဒကာခံမည္ ေျပာေသာေၾကာင့္ပင္ ခ်င္းစုယြဲ႕က ပိုလို႔ေတာင္ ပြင့္ပြင့္လင္းလင္း မေျပာခ်င္ေသးသည္။ သူမမွာ ထပ္ခါထပ္ခါ ဖိတ္ၾကားအုန္းမည့္ပံု ေပါက္ေန၏။ ေတာ္ေတာ္ စိတ္အေႏွာင့္အယွက္ ေပးတာပဲ !
ဒါေပမယ့္ သူမ မျငင္းပယ္ႏိုင္ခဲ့ေပ။ အမ်ိဳးသမီးငယ္ေလး သံုးေယာက္မွာ ျပင္ဆင္ၿပီးေနာက္ အေဆာင္မွ ထြက္လာၾကသည္။ လမ္းမွာ က်ံဳခ်င္းက ဆက္ေမးခဲ့သည္ .. " နင္ တကယ္ႀကီးကို ၿပိဳင္ပြဲက ႏႈတ္ထြက္ခ်င္တာလား? "
ခ်င္းစုယြဲ႕ ေခါင္းညိတ္ျပလိုက္သည္။ သူမ သြားမွာမဟုတ္ဘူး .. လံုးဝကိုပဲ !
သူမ ဘယ္ေလာက္ေတာင္ ဆံုးျဖတ္ခ်က္ ခိုင္မာေနသလဲဆိုတာ ျမင္လိုက္ရေတာ့ က်ံဳခ်င္းမွာ ႏွေျမာတသျဖင့္ .. "ဘယ္ေလာက္ေတာင္ ဝမ္းနည္းစရာေကာင္းလိုက္လဲ? နင္ ကတာ ဒီေလာက္ ေကာင္းတဲ့ဟာကို !"
ခ်င္းစုယြဲ႕မွာ အျပစ္ရွိသလို ခံစားလိုက္ရသည္။ အဲ့တာက ငါ မဟုတ္ဘူးေလ .. ငါက ဘယ္လို ကရမလဲေတာင္ မသိဘူး !
ခ်င္းစုယြဲ႕တစ္ေယာက္ သူ႔စိတ္နဲ႔သူ ၿပိဳင္ပြဲမွ ႏႈတ္ထြက္ေၾကာင္း ၾကားလိုက္ရေတာ့ စြန္းေျမာင္းေျမာင္းမွာ အံ့ဩဟန္ေဆာင္လိုက္ၿပီး "စုယြဲ႕ .. နင္က ႏႈတ္ထြက္ေတာ့မယ္ ?"
" အင္း "
"အိုး.. ဝမ္းနည္းစရာ ေကာင္းလိုက္တာ" စြန္းေျမာင္းေျမာင္းက ထပ္ေျပာျပန္သည္ .. "နင္က ခ်န္းစီႏ်န္ေရွ႕မွာ ရွက္ရြံ႕ၿပီးေတာ့ အမွားလုပ္မိမွာ ေၾကာက္ေနတာလား ? တစ္ကယ္ေတာ့ နင္ သူ႔ေနာက္ကို အၾကာႀကီး လိုက္ခဲ့ၿပီးမွ အျငင္းခံလိုက္ရတာေလ .. နင္က ဒီအခ်ိန္မွာ အတိတ္ေမ့တာကို ဆင္ေျခလို အေၾကာင္းျပခ်က္လို အသံုးခ်ၿပီး ေနာက္ျပန္ဆုတ္မလို႔လား ?"
အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ ခ်င္းစုယြဲ႕မွာ စြန္းေျမာင္းေျမာင္း၏ ေနာက္ဆံုးစကားလံုးေတြက စူးရွၾကမ္းတမ္းေနတယ္လို႔ ခံစားလိုက္ရသည္။ ခ်င္းစုယြဲ႕ ေနာက္ကိုလွည့္ကာ သူမ ဘာကိုဆိုလိုခ်င္သလဲ ေမးလိုက္ဖို႔ ျပင္လိုက္လိုက္ခ်င္းမွာပဲ သူမတို႔ ရွိရာေနရာနဲ႔ နာရီလက္တံ သံုးနာရီထိုးေလာက္ ေနရာ[ေထာင့္မွန္က်က်ေနရာ] ၌ ရွိေသာ ေခါင္းကို အနည္းငယ္ ငံု႔ထားသည့္ လူငယ္ေလးတစ္ေယာက္အား ခ်က္ခ်င္းပင္ သတိျပဳမိသြားသည္။ အႏွီ လူငယ္ေလးမွာ ခ်န္းစီႏ်န္မွလြဲလို႔ ဘယ္သူျဖစ္ႏိုင္ပါအုန္းမလဲ ?
ခ်င္းစုယြဲ႕ရဲ႕ မ်က္ဝန္းေတြဟာ ခ်န္းစီႏ်န္ကို ေငးၾကည့္ေနတဲ့ စြန္းေျမာင္းေျမာင္းေပၚ၌ ခဏေလာက္ ရပ္တန္႔သြားၿပီးေနာက္ ထိုနတ္ဆိုးအား ျပန္ၾကည့္မိလိုက္သည္။ ေနာက္ဆံုးေတာ့ သူမေတြးလိုက္မိတာက 'ငါက ဒီေရာက္ေနၿပီေလ ! ခ်ီးပဲ! အခုမွေတာ့ ျပန္သြားဖို႔ကလည္း ေနာက္က်သြားၿပီမလား ?' ခ်င္းစုယြဲ႕၏ ဦးေခါင္းထက္ရွိ အေရျပားေတြပင္ ထံုက်င္လာသလို ခံစားလိုက္ရသည္ .. သူမ ခ်န္းစီႏ်န္ကို ဘယ္အခ်ိန္ျဖစ္ျဖစ္ ျမင္ေတြ႕လိုျခင္း အလ်င္း မရွိေပ။
ခ်န္းစီႏ်န္မွာ ရိုမန္႔တစ္ဆန္လွေသာ အခ်စ္ဝတၳဳ၏ ထူးျခားျမင့္ျမတ္လွေသာ ဇာတ္လိုက္ျဖစ္ျခင္းေၾကာင့္ ေကာင္းခ်ီးေပးမႈ အလံုးစံုကို ပိုင္ဆိုင္ေသာ္လည္း ထိုလူသားမွာ မႏွစ္လိုဖြယ္ အမွားတစ္ခု ရွိေလသည္။ သူ၏ အရည္အခ်င္းေတြ အားလံုးအား ဇာတ္လိုက္မ တစ္ဦးတည္းအတြက္သာ ပိုင္ဆိုင္ႏိုင္ဖို႔ အခြင့္အေရး ေပးထားျခင္း ျဖစ္ေလ၏။
ဘယ္ေလာက္ပဲ ဥစၥာေပါ ရုပ္ေခ်ာ စြမ္းေဆာင္ရည္ရွိ ဆြဲေဆာင္မႈရွိၿပီး အရာအားလံုးကို အပ္ႏွင္းႏိုင္တဲ့သူ ျဖစ္ပါေစ သူ႔ရဲ႕ ထိုမႏွစ္လိုဖြယ္ရာ အမွားမွာ ေသႏိုင္ေလာက္သည့္ ဒဏ္ရာပင္ ျဖစ္၏။ သူမမွာ သူ႔အား တစ္ဖက္သတ္ ခ်စ္ကၽြမ္းဝင္မိရံုေလးႏွင့္ပင္ နာက်င္ခံစားခဲ့ရသည္။ ဒါေၾကာင့္မို႔ သူမ လံုးဝကို သူ႔ထံပါး၌ က်ဆံုးလို႔ မျဖစ္ေပ။
ဒါ့အျပင္ သူမမွာ ခ်န္းစီႏ်န္၏ ရက္စက္ၿပီး အၾကင္နာတရား ကင္းမဲ့မႈကိုလည္း သိရွိေသးသည္။ ဗီလိန္ဇာတ္ေကာင္မွာ ေျမႀကီးေပၚ၌ ဒူးေထာက္ၿပီး သူမ၏မိသားစုအား သနားညႇာတာေပးဖို႔ ေတာင္းဆိုခဲ့တာေတာင္မွ သူက သူမအား စကားတစ္ခြန္းေတာင္မၽွ မဆိုပဲ အထက္စီးကေန မာနႀကီးစြာသာ ၾကည့္ခဲ့သည္။
ခ်င္းစုယြဲ႕မွာ ေငြေၾကးထက္ မိသားစုကိုသာ ပိုတန္ဖိုးထားသူ ျဖစ္သည္။ ယခု ခ်င္းမိသားစု လမ္းမွန္ေပၚ ေရာက္ေနခ်ိန္မွာ ဗီလိန္တစ္ေယာက္ရဲ႕ ဘယ္ေတာ့မွ ကိုယ့္အတြက္ ျဖစ္မလာတဲ့ အခ်စ္တစ္ခုအတြက္ေၾကာင့္ ဝမ္းနည္းေဆြးေျမ့ဖြယ္ အဆံုးသတ္မ်ိဳးျဖင့္ သူတို႔အားလံုးအား အဆံုးမသတ္ေစခ်င္လွေပ။ သူမ ခ်န္းဟူသည့္ မ်ိဳးရိုးနာမည္ကိုလည္း လံုးဝကို မပိုင္ဆိုင္ခ်င္ပါ။
သူမ တစိမ့္စိမ့္ ခ်င့္ခ်ိန္ေတြးဆၿပီးေတာ့ စြန္းေျမာင္းေျမာင္းအား အဓိပၸါယ္ပါပါ ၾကည့္လိုက္သည္။ အမ်ိဳးသားဇာတ္ေဆာင္အား ႀကိဳက္ႏွစ္သက္မိျခင္းေၾကာင့္ မေတာ္တဆ ျဖစ္ရပ္ေပါင္းမ်ားစြာႏွင့္ အဆံုးသတ္ခဲ့ရသည့္ ဇာတ္ေကာင္မ်ား ေျမာက္မ်ားစြာရွိေလသည္။ ဝတၳဳထဲက ဗီလိန္ဇာတ္ေကာင္မွာ အသံလႊင့္ျခင္းႏွင့္ အစီအစဥ္တင္ဆက္ျခင္းေမဂ်ာသို႔ ဘယ္တုန္းကမွ မေျပာင္းခဲ့သျဖင့္ စြန္းေျမာင္းေျမာင္း၏ အေၾကာင္းမွာ ဝတၳဳထဲတြင္ ေဖာ္ျပျခင္း မခံခဲ့ရေပ။ ဒါေပမယ့္ ဒီအခ်ိန္မွာ ထိုမိန္းကေလး ေပၚလာကာ လူေတြရဲ႕ အာရံုစိုက္မႈကိုရဖို႔ ႀကိဳးပမ္းေနေလသည္။
ခ်င္းစုယြဲ႕မွာ စိတ္တြင္း၌ မ်က္လံုးေလးမ်ားပင္ လွည့္လိုက္ၿပီး ' ေဟး ! ငါတို႔ရဲ႕ အျပင္ထြက္တဲ့ အခ်ိန္ေကာင္းေလးေတြကေတာ့ မျဖစ္ႏိုင္ေတာ့ဘူးမလား? '
ခ်င္းစုယြဲ႕၏ ရႈပ္ေထြးေနေသာ အမူအယာအား သတိျပဳမိသြားၿပီးေတာ့ စြန္းေျမာင္းေျမာင္းက ေတာက္ပစြာ ျပံဳးလိုက္ၿပီး " ခ်င္းစုယြဲ႕ .. တိုက္ဆိုင္လိုက္တာေနာ္ ..ခ်န္းစီႏ်န္လဲ ဒီမွာေရာက္ေနတာပဲ .. နင္သူ႔ဆီသြားၿပီး စကားမေျပာခ်င္ဘူးလား? "
ခ်င္းစုယြဲ႕က မ်က္ခံုးပင့္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္သာ ျပန္ၾကည့္လိုက္သည္။ အေျဖကို အေလာတႀကီး ျပန္မေျဖပဲ သူတို႔ အနားသို႔ ေရာက္လာသည့္ စားပြဲထိုးအား "အေပၚထပ္မွာ ေနရာအလြတ္ ရွိေသးလားလို႔ သိပါရေစရွင့္ ?"
စားပြဲထိုးက .. "အားနာပါတယ္ခင္ဗ် .. အေပၚထပ္မွာ ေနရာေတြ အကုန္ျပည့္သြားပါၿပီ .. အဲဒီအစား မိန္းကေလးတို႔သံုးေယာက္က ဒီလမ္းအတိုင္း သြားလိုက္ပါ" သူညႊန္ျပသည့္ေနရာမွာ ခ်န္းစီႏ်န္တို႔အုပ္စု ထိုင္ေနသည့္ ေနရာ၏ အေနာက္ဘက္ ကပ္ရပ္တြင္ပင္ျဖစ္ေၾကာင္း ခ်င္းစုယြဲ႕ ေတြ႕လိုက္ရသည္။ သူမ မ်က္ေမွာင္သာၾကဳပ္ေနမိသည္။ စြန္းေျမာင္းေျမာင္းမွာေတာ့ သူမရဲ႕ ခါးႏွင့္ ေျခေထာက္တို႔အား ျဖားေယာင္းေသြးေဆာင္စြာ ခါရမ္းလ်က္ ေရွ႕သို႔ပင္ ေျခလွမ္းေနေလၿပီ။
ခ်င္းစုယြဲ႕ကေတာ့ ဒီမိန္းမ ရပ္တန္႔မွာ မဟုတ္ဘူးဆိုတာ သိေလသည္။ က်ံဳခ်င္းမွာ ခ်င္းစုယြဲ႕အား စားပြဲဆီသို႔ အတင္းဆြဲေခၚသြားေတာ့ သူမႏွလံုးသားထဲတြင္ ခါးသီးစြာ ေတြးမိသည္မွာ 'စြန္းမ်ိဳးႏြယ္ေရ .. နင္သာ ငါ့ကို အျပင္မွာစားဖို႔ ေနာက္တစ္ေခါက္ ထပ္ေခၚ ႏိုင္ခဲ့ရင္ ငါ့နာမည္ 'ခ်င္းစုယြဲ႕' ကိုလည္း ေျပာင္းျပန္လွန္ပစ္မယ္ ဟုတ္ပလား !'
11.10.2019
**********************
《Unicode》
အပိုင်း - ၁၂ [ စွန်းမြောင်းမြောင်း ]
ချင်းစုယွဲ့ဟာ ထိုအခန်းဖော်ရဲ့ ဖိတ်ခေါ်မှုအား တကယ်ကို ငြင်းလိုက်ချင်သည်။ သူမ အဆောင်ကို ပထမဆုံး ပြောင်းလာတဲ့နေ့တုန်းက စွန်းမြောင်းမြောင်းရဲ့ အထင်သေးသည့် အကြည့်က သူမအား မကောင်းသည့်အမြင် ကျန်ရှိနေစေ၏။ ဒါကြောင့်မို့ပင် သူမသည် ဤအခန်းဖော်အား စကားပြောခဲလှပေသည်။ အထူးသဖြင့် စွန်းမြောင်းမြောင်း ဒကာခံမည် ပြောသောကြောင့်ပင် ချင်းစုယွဲ့က ပိုလို့တောင် ပွင့်ပွင့်လင်းလင်း မပြောချင်သေးသည်။ သူမမှာ ထပ်ခါထပ်ခါ ဖိတ်ကြားအုန်းမည့်ပုံ ပေါက်နေ၏။ တော်တော် စိတ်အနှောင့်အယှက် ပေးတာပဲ !
ဒါပေမယ့် သူမ မငြင်းပယ်နိုင်ခဲ့ပေ။ အမျိုးသမီးငယ်လေး သုံးယောက်မှာ ပြင်ဆင်ပြီးနောက် အဆောင်မှ ထွက်လာကြသည်။ လမ်းမှာ ကျုံချင်းက ဆက်မေးခဲ့သည် .. " နင် တကယ်ကြီးကို ပြိုင်ပွဲက နှုတ်ထွက်ချင်တာလား? "
ချင်းစုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူမ သွားမှာမဟုတ်ဘူး .. လုံးဝကိုပဲ !
သူမ ဘယ်လောက်တောင် ဆုံးဖြတ်ချက် ခိုင်မာနေသလဲဆိုတာ မြင်လိုက်ရတော့ ကျုံချင်းမှာ နှမြောတသဖြင့် .. "ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ? နင် ကတာ ဒီလောက် ကောင်းတဲ့ဟာကို !"
ချင်းစုယွဲ့မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ အဲ့တာက ငါ မဟုတ်ဘူးလေ .. ငါက ဘယ်လို ကရမလဲတောင် မသိဘူး !
ချင်းစုယွဲ့တစ်ယောက် သူ့စိတ်နဲ့သူ ပြိုင်ပွဲမှ နှုတ်ထွက်ကြောင်း ကြားလိုက်ရတော့ စွန်းမြောင်းမြောင်းမှာ အံ့ဩဟန်ဆောင်လိုက်ပြီး "စုယွဲ့ .. နင်က နှုတ်ထွက်တော့မယ် ?"
" အင်း "
"အိုး.. ဝမ်းနည်းစရာ ကောင်းလိုက်တာ" စွန်းမြောင်းမြောင်းက ထပ်ပြောပြန်သည် .. "နင်က ချန်းစီနျန်ရှေ့မှာ ရှက်ရွံ့ပြီးတော့ အမှားလုပ်မိမှာ ကြောက်နေတာလား ? တစ်ကယ်တော့ နင် သူ့နောက်ကို အကြာကြီး လိုက်ခဲ့ပြီးမှ အငြင်းခံလိုက်ရတာလေ .. နင်က ဒီအချိန်မှာ အတိတ်မေ့တာကို ဆင်ခြေလို အကြောင်းပြချက်လို အသုံးချပြီး နောက်ပြန်ဆုတ်မလို့လား ?"
အကြောင်းတစ်ချို့ကြောင့် ချင်းစုယွဲ့မှာ စွန်းမြောင်းမြောင်း၏ နောက်ဆုံးစကားလုံးတွေက စူးရှကြမ်းတမ်းနေတယ်လို့ ခံစားလိုက်ရသည်။ ချင်းစုယွဲ့ နောက်ကိုလှည့်ကာ သူမ ဘာကိုဆိုလိုချင်သလဲ မေးလိုက်ဖို့ ပြင်လိုက်လိုက်ချင်းမှာပဲ သူမတို့ ရှိရာနေရာနဲ့ နာရီလက်တံ သုံးနာရီထိုးလောက် နေရာ[ထောင့်မှန်ကျကျနေရာ] ၌ ရှိသော ခေါင်းကို အနည်းငယ် ငုံ့ထားသည့် လူငယ်လေးတစ်ယောက်အား ချက်ချင်းပင် သတိပြုမိသွားသည်။ အနှီ လူငယ်လေးမှာ ချန်းစီနျန်မှလွဲလို့ ဘယ်သူဖြစ်နိုင်ပါအုန်းမလဲ ?
ချင်းစုယွဲ့ရဲ့ မျက်ဝန်းတွေဟာ ချန်းစီနျန်ကို ငေးကြည့်နေတဲ့ စွန်းမြောင်းမြောင်းပေါ်၌ ခဏလောက် ရပ်တန့်သွားပြီးနောက် ထိုနတ်ဆိုးအား ပြန်ကြည့်မိလိုက်သည်။ နောက်ဆုံးတော့ သူမတွေးလိုက်မိတာက 'ငါက ဒီရောက်နေပြီလေ ! ချီးပဲ! အခုမှတော့ ပြန်သွားဖို့ကလည်း နောက်ကျသွားပြီမလား ?' ချင်းစုယွဲ့၏ ဦးခေါင်းထက်ရှိ အရေပြားတွေပင် ထုံကျင်လာသလို ခံစားလိုက်ရသည် .. သူမ ချန်းစီနျန်ကို ဘယ်အချိန်ဖြစ်ဖြစ် မြင်တွေ့လိုခြင်း အလျင်း မရှိပေ။
ချန်းစီနျန်မှာ ရိုမန့်တစ်ဆန်လှသော အချစ်ဝတ္ထု၏ ထူးခြားမြင့်မြတ်လှသော ဇာတ်လိုက်ဖြစ်ခြင်းကြောင့် ကောင်းချီးပေးမှု အလုံးစုံကို ပိုင်ဆိုင်သော်လည်း ထိုလူသားမှာ မနှစ်လိုဖွယ် အမှားတစ်ခု ရှိလေသည်။ သူ၏ အရည်အချင်းတွေ အားလုံးအား ဇာတ်လိုက်မ တစ်ဦးတည်းအတွက်သာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ပေးထားခြင်း ဖြစ်လေ၏။
ဘယ်လောက်ပဲ ဥစ္စာပေါ ရုပ်ချော စွမ်းဆောင်ရည်ရှိ ဆွဲဆောင်မှုရှိပြီး အရာအားလုံးကို အပ်နှင်းနိုင်တဲ့သူ ဖြစ်ပါစေ သူ့ရဲ့ ထိုမနှစ်လိုဖွယ်ရာ အမှားမှာ သေနိုင်လောက်သည့် ဒဏ်ရာပင် ဖြစ်၏။ သူမမှာ သူ့အား တစ်ဖက်သတ် ချစ်ကျွမ်းဝင်မိရုံလေးနှင့်ပင် နာကျင်ခံစားခဲ့ရသည်။ ဒါကြောင့်မို့ သူမ လုံးဝကို သူ့ထံပါး၌ ကျဆုံးလို့ မဖြစ်ပေ။
ဒါ့အပြင် သူမမှာ ချန်းစီနျန်၏ ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့မှုကိုလည်း သိရှိသေးသည်။ ဗီလိန်ဇာတ်ကောင်မှာ မြေကြီးပေါ်၌ ဒူးထောက်ပြီး သူမ၏မိသားစုအား သနားညှာတာပေးဖို့ တောင်းဆိုခဲ့တာတောင်မှ သူက သူမအား စကားတစ်ခွန်းတောင်မျှ မဆိုပဲ အထက်စီးကနေ မာနကြီးစွာသာ ကြည့်ခဲ့သည်။
ချင်းစုယွဲ့မှာ ငွေကြေးထက် မိသားစုကိုသာ ပိုတန်ဖိုးထားသူ ဖြစ်သည်။ ယခု ချင်းမိသားစု လမ်းမှန်ပေါ် ရောက်နေချိန်မှာ ဗီလိန်တစ်ယောက်ရဲ့ ဘယ်တော့မှ ကိုယ့်အတွက် ဖြစ်မလာတဲ့ အချစ်တစ်ခုအတွက်ကြောင့် ဝမ်းနည်းဆွေးမြေ့ဖွယ် အဆုံးသတ်မျိုးဖြင့် သူတို့အားလုံးအား အဆုံးမသတ်စေချင်လှပေ။ သူမ ချန်းဟူသည့် မျိုးရိုးနာမည်ကိုလည်း လုံးဝကို မပိုင်ဆိုင်ချင်ပါ။
သူမ တစိမ့်စိမ့် ချင့်ချိန်တွေးဆပြီးတော့ စွန်းမြောင်းမြောင်းအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ အမျိုးသားဇာတ်ဆောင်အား ကြိုက်နှစ်သက်မိခြင်းကြောင့် မတော်တဆ ဖြစ်ရပ်ပေါင်းများစွာနှင့် အဆုံးသတ်ခဲ့ရသည့် ဇာတ်ကောင်များ မြောက်များစွာရှိလေသည်။ ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်မှာ အသံလွှင့်ခြင်းနှင့် အစီအစဉ်တင်ဆက်ခြင်းမေဂျာသို့ ဘယ်တုန်းကမှ မပြောင်းခဲ့သဖြင့် စွန်းမြောင်းမြောင်း၏ အကြောင်းမှာ ဝတ္ထုထဲတွင် ဖော်ပြခြင်း မခံခဲ့ရပေ။ ဒါပေမယ့် ဒီအချိန်မှာ ထိုမိန်းကလေး ပေါ်လာကာ လူတွေရဲ့ အာရုံစိုက်မှုကိုရဖို့ ကြိုးပမ်းနေလေသည်။
ချင်းစုယွဲ့မှာ စိတ်တွင်း၌ မျက်လုံးလေးများပင် လှည့်လိုက်ပြီး ' ဟေး ! ငါတို့ရဲ့ အပြင်ထွက်တဲ့ အချိန်ကောင်းလေးတွေကတော့ မဖြစ်နိုင်တော့ဘူးမလား? '
ချင်းစုယွဲ့၏ ရှုပ်ထွေးနေသော အမူအယာအား သတိပြုမိသွားပြီးတော့ စွန်းမြောင်းမြောင်းက တောက်ပစွာ ပြုံးလိုက်ပြီး " ချင်းစုယွဲ့ .. တိုက်ဆိုင်လိုက်တာနော် ..ချန်းစီနျန်လဲ ဒီမှာရောက်နေတာပဲ .. နင်သူ့ဆီသွားပြီး စကားမပြောချင်ဘူးလား? "
ချင်းစုယွဲ့က မျက်ခုံးပင့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်သာ ပြန်ကြည့်လိုက်သည်။ အဖြေကို အလောတကြီး ပြန်မဖြေပဲ သူတို့ အနားသို့ ရောက်လာသည့် စားပွဲထိုးအား "အပေါ်ထပ်မှာ နေရာအလွတ် ရှိသေးလားလို့ သိပါရစေရှင့် ?"
စားပွဲထိုးက .. "အားနာပါတယ်ခင်ဗျ .. အပေါ်ထပ်မှာ နေရာတွေ အကုန်ပြည့်သွားပါပြီ .. အဲဒီအစား မိန်းကလေးတို့သုံးယောက်က ဒီလမ်းအတိုင်း သွားလိုက်ပါ" သူညွှန်ပြသည့်နေရာမှာ ချန်းစီနျန်တို့အုပ်စု ထိုင်နေသည့် နေရာ၏ အနောက်ဘက် ကပ်ရပ်တွင်ပင်ဖြစ်ကြောင်း ချင်းစုယွဲ့ တွေ့လိုက်ရသည်။ သူမ မျက်မှောင်သာကြုပ်နေမိသည်။ စွန်းမြောင်းမြောင်းမှာတော့ သူမရဲ့ ခါးနှင့် ခြေထောက်တို့အား ဖြားယောင်းသွေးဆောင်စွာ ခါရမ်းလျက် ရှေ့သို့ပင် ခြေလှမ်းနေလေပြီ။
ချင်းစုယွဲ့ကတော့ ဒီမိန်းမ ရပ်တန့်မှာ မဟုတ်ဘူးဆိုတာ သိလေသည်။ ကျုံချင်းမှာ ချင်းစုယွဲ့အား စားပွဲဆီသို့ အတင်းဆွဲခေါ်သွားတော့ သူမနှလုံးသားထဲတွင် ခါးသီးစွာ တွေးမိသည်မှာ 'စွန်းမျိုးနွယ်ရေ .. နင်သာ ငါ့ကို အပြင်မှာစားဖို့ နောက်တစ်ခေါက် ထပ်ခေါ် နိုင်ခဲ့ရင် ငါ့နာမည် 'ချင်းစုယွဲ့' ကိုလည်း ပြောင်းပြန်လှန်ပစ်မယ် ဟုတ်ပလား !'
11.10.2019
********************