[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၀ ..

22.7K 2.3K 4
By busy_pisi

《Zawgyi》

အပိုင္း - ၁၀
[ ဟန္လုပ္ေနတာလား? ]

သူ႔အေဆာင္သို႔ အျပန္လမ္းမွာ ေမာ္ရႊီယြမ္တစ္ေယာက္ တေျဖးေျဖး မခံခ်ိမခံသာ ျဖစ္လို႔လာသည္။ အခန္းထဲျပန္ေရာက္ေတာ့ အေဆာင္မွာ ေနခဲလွသည့္ ဤကိစၥ၏ လက္သည္တရားခံ ခ်န္းစီႏ်န္အား ရုတ္တရက္ႀကီး ျမင္လိုက္ရသည္။ ေနာက္ဆံုးေတာ့ သူ ပါးစပ္ဖြင့္လိုက္ၿပီး .. "မင္း ဒီကိုေရာက္ေနတာ ခ်င္းစုယြဲ႕ကို ေရွာင္ဖို႔လား?"

တစ္စံုတစ္ခုကို ရွာေနတဲ့ ခ်န္းစီႏ်န္မွာ ကိုယ္ကိုငံုကိုင္းေနရာမွ ရပ္လိုက္ၿပီး သူ႔ကို ခပ္မွိန္မွိန္ စိုက္ၾကည့္လိုက္သည္။ ေမာ္ရႊီယြမ္မွာ ျပန္ေျဖတာကိုပင္ မေစာင့္ႏိုင္ေတာ့ပဲ ခ်န္းစီႏ်န္၏ အမူအယာကို ျမင္တာႏွင့္ပင္ စိတ္ေက်နပ္သြားေတာ့၏။ 'ဒါပဲေလ.. ခ်န္းစီႏ်န္က ဘာလို႔ ဒီေကာင္မေလးကို စိတ္ဝင္စားရမွာလဲ?' ဒါကေတာ့ ေမာ့ရႊီယြမ္ရဲ႕ တဇြတ္ထိုး ယံုၾကည္ထားေသာ အေတြးပင္ျဖစ္ေလသည္။ ခ်န္းစီႏ်န္ကေတာ့ သူ႔အခန္းေဖာ္ေျပာသည့္ ခ်င္းမ်ိဳးႏြယ္ဟူသည္မွာ မည္သူနည္းဟု ခ်င္းစုယြဲ႕ဟူသည့္ နာမည္အျပည့္အစံုအား မၾကားလိုက္ရေသးခင္ထိ စဥ္းစားလိုက္ရေသးသည္။

"အဲဒီ ခ်င္းစုယြဲ႕ရဲ႕ အစီအစဥ္က လံုးဝကို အပ်ံစားေနာ္ .. ပထမဆံုး သူ ငါ့ေနာက္ကို ေန႔တိုင္းလိုက္ၿပီး မင္းရဲ႕ သီးသန္႔ကိုင္တဲ့ ဖုန္းနံပါတ္နဲ႔ လိပ္စာကို ေတာင္းတယ္ .. ငါ့ကို အတင္းပဲ စကားေျပာဖို႔ ႀကိဳးစားၿပီး ျပံဳးျပရရွာတယ္ .. ငါ့ကို သူ႔ရဲ႕ ေက်းဇူးရွင္ႀကီးလိုလိုနဲ႔ မ်က္ႏွာခ်ိဳေသြးတယ္ .. ဒါေပမယ့္ မင္းကသူ႔ကို ဂရုမစိုက္တဲ့ပံုလည္း ျပလိုက္ေရာ ငါ့ကို ေလလို သေဘာထားၿပီး ငါ့ေဘးက ျဖတ္ေလၽွာက္သြားေလရဲ႕"

ခ်န္းစီႏ်န္က သူ႔အၾကည့္ကို ျပန္ရုတ္သိမ္းလိုက္ၿပီး သူေစာေစာကရွာေနတဲ့ စာရြက္စာတမ္းကိုသာ ဆက္ရွာေန၏။ "ဘာ သူမအေၾကာင္းလဲ? ငါ စိတ္မဝင္စားဘူး" ဒါေပမယ့္ ေမာ္ရႊီယြမ္ဟာ အလြန္စပ္စုရွာသည္ ..  သူက စားပြဲရဲ႕ ေထာင့္စြန္းေပၚ ကိုင္းလိုက္ကာ ေမးသည္ .. " ဒီတစ္ခါ ခ်င္းစုယြဲ႕က ငါ့ကိုလိုက္တာလို႔ မင္းထင္လား?"

ဒီယူဆခ်က္ကို ၾကားလိုက္ရတဲ့အခါ အျခား အခန္းေဖာ္တစ္ေယာက္မွာ သူ႔ေဘာင္းဘီတိုေပၚသို႔ ေရေတြပင္ ေထြးထုတ္မိေလကာ ဆူေတာ့သည္ .. "သာ့ေမာ့ေရ.. ဒါႀကီးကေတာ့ မင္းဟာမင္း အတင္းေတြ ေကာက္ခ်က္ခ်ေနတာ မဟုတ္ဘူးလား? အကယ္၍ ခ်င္းစုယြဲ႕က ေနာက္တစ္ေယာက္ကို ထပ္လိုက္အုန္းမယ္ဆိုရင္ေတာင္ အဲ့တစ္ေယာက္က ခ်န္းစီႏ်န္ပဲ ျဖစ္ေနအုန္းမွာ .. တစ္ကယ္လို႔ သူမက သူ႔ဆီက အျငင္းခံလိုက္ရရင္ေတာင္ ေနာက္ဆံုးမွာ မင္းအတြက္ ေနရာရွိမွာ မဟုတ္ဘူး" [သာ့ေမာ့ဆိုတာ ေမာ့ရႊီယြမ္ကို နာမည္ဖ်က္ၿပီး ေခၚတာပါတဲ့]

" သြားစမ္း! ဒီကေန ထြက္သြားေတာ့ ! " ေမာ့ရႊီယြမ္က ျပန္ၿပီး ရန္ေထာင္လိုက္သည္။ သူစိတ္အပ်က္ဆံုးကေတာ့ တစ္ေယာက္ေယာက္က သူ႔အား သာ့ေမာ့ဟုေခၚတာကိုပင္ ျဖစ္သည္။ သူ႔မ်ိဳးရိုးနာမည္က 'ေမာ့' ျဖစ္ေနတာ ဘာမွားေနလို႔လဲ ?

ေမာ့ရႊီယြမ္ ေတြးေလေတြးေလ နားမလည္ေလ ျဖစ္ေနသည္ .. " သူမထြက္သြားၿပီးေတာ့ ငါ သူစိုက္ၾကည့္ေနခဲ့တဲ့ ေၾကျငာဆိုင္းဘုတ္ကို ၾကည့္လိုက္ေတာ့ အဲဒီမွာ ေက်ာင္းရဲ႕ အဆိုအက ၿပိဳင္ပြဲက ၿပိဳင္ပြဲဝင္စာရင္းထဲ သူ႔နာမည္ ပါေနတယ္.. သူဘာလို႔ အဲဒီၿပိဳင္ပြဲကို ဝင္ၿပိဳင္တာလဲဆိုေတာ့ အဲ့ေန႔က်ရင္ ဒိုင္ေတြထဲမွာ မင္းလည္းပါမွာကို သူသိသြားလို႔မလား? "

ဒါကို ၾကားလိုက္ရေတာ့ ခ်န္းစီႏ်န္က ခါးကိုမတ္လိုက္ကာ ေတြးၾကည့္လိုက္သည္။ အကယ္၍ ေမာ့ရႊီယြမ္သာ ဒီကိစၥကို မေျပာခဲ့လၽွင္ အဲ့ေန႔၌ ဒိုင္လုပ္ေပးဖို႔ က်ီယီအား သူကတိေပးမိခဲ့တာကို လံုးဝ ေမ့ေတာ့မလို႔ပင္..

သို႔ေသာ္လည္း ခ်န္းစီႏ်န္မွာ ခ်င္းစုယြဲ႕အေၾကာင္းေတြးမိလိုက္ရင္း လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္တုန္းက ေက်ာင္းအုပ္ႀကီးရဲ႕ ရံုးခန္းေရွ႕၌ ထိုမိန္းကေလးက သူ႔ကို လံုးဝ မမွတ္မိေၾကာင္း ေျပာခဲ့သည့္ အျဖစ္အပ်က္အား ျပန္စဥ္းစားမိလိုက္သည္။ အဲ့တာက တကယ္လား ဒါမွမဟုတ္ သူမ သရုပ္ေဆာင္ေနခဲ့တာလား? ဒါမွမဟုတ္ သူမရဲ႕ ဟန္လုပ္တဲ့ အၾကံအစည္လား?

ဆက္ေတြးေတာ့မလို႔ ျပင္ေနစဥ္မွာပဲ ခ်န္းစီႏ်န္ဟာ သူ႔ အေတြးရထားအား ျပတ္ျပတ္သားသား ျဖတ္ေတာက္လိုက္သည္။ ဒီလို အေရးမပါတဲ့သူအတြက္ ဘာလို႔ ဒုကၡခံၿပီး စဥ္းစားေနရတာလဲ?

တစ္ဖက္က ေမာ္ရႊီယြမ္မွာေတာ့ ဆက္လက္ၿပီး အတင္းအဖ်င္း ေျပာလို႔ေနေသးသည္ .. " ငါၾကားတာေတာ့ ခ်င္းစုယြဲ႕က သူ႔ေမဂ်ာကို ငါတို႔ဌာနနဲ႔ တကယ္ကိုေဝးတဲ့ အသံလႊင့္ျခင္းနဲ႔ အစီအစဥ္တင္ဆက္ျခင္းဘက္ကို ေျပာင္းလိုက္တယ္တဲ့ .. ၿပီးေတာ့ ဒီလ အစကတည္းက ငါတို႔အေဆာင္ခန္းကို မင္းအတြက္ မနက္စာေတြ ညလယ္စာ အဆာေျပမုန္႔ေတြ လာေပးဖို႔ ထိုင္မေနေတာ့ဘူးကြ .. ဒါေတြက သူ မင္းကို စြန္႔ခြာသြားတဲ့ သေကၤတေတြသာဆို အဲ့လိုပဲ ယူဆႏိုင္တာပဲ"

ခ်န္းစီႏ်န္က သူ႔အား ၾကည့္လိုက္ကာ ေျဖးေျဖးခ်င္း ေျပာသည္ .. " မင္းရဲ႕ တရုတ္ဘာသာ ကၽြမ္းက်င္မႈက မူလတန္းေတာင္ ရွိရဲ႕လား? "

" ဘာႀကီး? "

ခ်န္းစီႏ်န္က သူ႔အား 'မင္းကို ရွင္းျပေနလည္း ကၽြဲပါးေစာင္းတီးသလိုပဲ ျဖစ္ေနမွာ ...ငတံုးရဲ႕' ဟူေသာ အဓိပၸါယ္ေတြ ပါဝင္ေနသည့္ အၾကည့္ျဖင့္သာ ၾကည့္လိုက္ေတာ့သည္။

ေမာ့ရႊီယြမ္တစ္ေယာက္ မေရရာတဲ့ အၾကည့္ျဖင့္ၾကည့္ကာ ေမးလိုက္သည္ .. "မင္းမွာ ငါ့ကို ေျပာစရာတစ္ခုခု ရွိေနတာလား?"
က်န္တဲ့ အခန္းေဖာ္မွာေတာ့ ဆက္ၿပီး ၾကည့္မေနႏိုင္ေတာ့ပဲ ရွင္းျပလိုက္ရသည္ .. " အရူးေကာင္ .. သူက မင္းရဲ႕ဘာသာစကား ကၽြမ္းက်င္မႈစေကးက အရမ္းဆိုးရြားလြန္းလို႔ ေျပာေနတာကြ .. ဘာလို႔လဲဆိုေတာ့ မင္းက 'စြန္႔ခြာတယ္' ဆိုတဲ့စကားကို တလြဲႀကီး သံုးလိုက္တာေလ .. အားႏ်န္က စြန္႔ခြာခံရတဲ့သူလား ဒါမွမဟုတ္ရင္ အခုက မင္း  စြန္႔ခြာခံလိုက္ရတာလား?"
[အားႏ်န္ဆိုတာ ခ်န္းစီႏ်န္ကို ခ်စ္စႏိုးေခၚတဲ့ နာမည္ပါ]

အခန္းေဖာ္ရဲ႕ အျမင္အရ ရွန္ဝမ္းယန္႔ဟာ ခ်န္းစီႏ်န္ကိုအတိတ္တုန္းက ထားခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္ၾကားမွာ တိက်တဲ့ အေျခအေန မရွိခဲ့ေသးေပ။[ဆိုလိုခ်င္တာက ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မ ခ်စ္ကၽြမ္းမဝင္ရေသး ခ်စ္သူေတြ မျဖစ္ခဲ့ၾကေသး :) ] သူေျပာႏိုင္တာ တစ္ခုကေတာ့ ရွန္ဝမ္းယန္႔ဟာ ခ်မ္းစီႏ်န္ရဲ႕  ႏွစ္ႏွစ္ကာကာ ခ်စ္ျခင္းကို ခံရေပမယ့္ သူမက ေဝးလံလွေသာ ႏိုင္ငံဆီသို႔ ထြက္သြားခဲ့သည္။

ဒါေပမယ့္ ခ်န္းစီႏ်န္လို ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ရဲ႕ စြန္႔ခြာျခင္းကို ခံရပါ့မလား ? သူ အေမြဆက္ခံထားတဲ့ တင္းခံမထားႏိုင္တဲ့ ခန္႔ညားလွတဲ့ ရူပကာကို အသံုးျပဳေနသမၽွ ကာလပတ္လံုး သူ႔လက္ေခ်ာင္းတစ္ေခ်ာင္း လႈပ္ရွားလိုက္တာေလးကေတာင္ ပ်ားေလးေတြနဲ႔ လိပ္ျပာေလးေတြ[မိန္းကေလးေတြ] ကို ဆြဲေဆာင္ႏိုင္ေလသည္။ တစ္စံုတစ္ေယာက္မွာ သူ႔အား ေကာ္လိုကပ္တြယ္ၿပီး ေနရာတကာ တေကာက္ေကာက္လိုက္ျခင္းျဖင့္ အဆံုးသတ္သည္မွာ ျဖစ္ျမဲသဘာဝပင္။

10.10.2019

********************

《Unicode》

အပိုင်း - ၁၀
[ ဟန်လုပ်နေတာလား? ]

သူ့အဆောင်သို့ အပြန်လမ်းမှာ မော်ရွှီယွမ်တစ်ယောက် တဖြေးဖြေး မခံချိမခံသာ ဖြစ်လို့လာသည်။ အခန်းထဲပြန်ရောက်တော့ အဆောင်မှာ နေခဲလှသည့် ဤကိစ္စ၏ လက်သည်တရားခံ ချန်းစီနျန်အား ရုတ်တရက်ကြီး မြင်လိုက်ရသည်။ နောက်ဆုံးတော့ သူ ပါးစပ်ဖွင့်လိုက်ပြီး .. "မင်း ဒီကိုရောက်နေတာ ချင်းစုယွဲ့ကို ရှောင်ဖို့လား?"

တစ်စုံတစ်ခုကို ရှာနေတဲ့ ချန်းစီနျန်မှာ ကိုယ်ကိုငုံကိုင်းနေရာမှ ရပ်လိုက်ပြီး သူ့ကို ခပ်မှိန်မှိန် စိုက်ကြည့်လိုက်သည်။ မော့ရွှီယွမ်မှာ ပြန်ဖြေတာကိုပင် မစောင့်နိုင်တော့ပဲ ချန်းစီနျန်၏ အမူအယာကို မြင်တာနှင့်ပင် စိတ်ကျေနပ်သွားတော့၏။ 'ဒါပဲလေ.. ချန်းစီနျန်က ဘာလို့ ဒီကောင်မလေးကို စိတ်ဝင်စားရမှာလဲ?' ဒါကတော့ မော့ရွှီယွမ်ရဲ့ တဇွတ်ထိုး ယုံကြည်ထားသော အတွေးပင်ဖြစ်လေသည်။ ချန်းစီနျန်ကတော့ သူ့အခန်းဖော်ပြောသည့် ချင်းမျိုးနွယ်ဟူသည်မှာ မည်သူနည်းဟု ချင်းစုယွဲ့ဟူသည့် နာမည်အပြည့်အစုံအား မကြားလိုက်ရသေးခင်ထိ စဉ်းစားလိုက်ရသည်။

"အဲဒီ ချင်းစုယွဲ့ရဲ့ အစီအစဉ်က လုံးဝကို အပျံစားနော် .. ပထမဆုံး သူ ငါ့နောက်ကို နေ့တိုင်းလိုက်ပြီး မင်းရဲ့ သီးသန့်ကိုင်တဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာကို တောင်းတယ် .. ငါ့ကို အတင်းပဲ စကားပြောဖို့ ကြိုးစားပြီး ပြုံးပြရရှာတယ် .. ငါ့ကို သူ့ရဲ့ ​ကျေးဇူးရှင်ကြီးလိုလိုနဲ့ မျက်နှာချိုသွေးတယ် .. ဒါပေမယ့် မင်းကသူ့ကို ဂရုမစိုက်တဲ့ပုံလည်း ပြလိုက်ရော ငါ့ကို လေလို သဘောထားပြီး ငါ့ဘေးက ဖြတ်လျှောက်သွားလေရဲ့"

ချန်းစီနျန်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူစောစောကရှာနေတဲ့ စာရွက်စာတမ်းကိုသာ ဆက်ရှာနေ၏။ "ဘာ သူမအကြောင်းလဲ? ငါ စိတ်မဝင်စားဘူး" ဒါပေမယ့် မော့ရွှီယွမ်ဟာ အလွန်စပ်စုရှာသည် ..  သူက စားပွဲရဲ့ ထောင့်စွန်းပေါ် ကိုင်းလိုက်ကာ မေးသည် .. " ဒီတစ်ခါ ချင်းစုယွဲ့က ငါ့ကိုလိုက်တာလို့ မင်းထင်လား?"

ဒီယူဆချက်ကို ကြားလိုက်ရတဲ့အခါ အခြား အခန်းဖော်တစ်ယောက်မှာ သူ့ဘောင်းဘီတိုပေါ်သို့ ရေတွေပင် ထွေးထုတ်မိလေကာ ဆူတော့သည် .. "သာ့မော့ရေ.. ဒါကြီးကတော့ မင်းဟာမင်း အတင်းတွေ ကောက်ချက်ချနေတာ မဟုတ်ဘူးလား? အကယ်၍ ချင်းစုယွဲ့က နောက်တစ်ယောက်ကို ထပ်လိုက်အုန်းမယ်ဆိုရင်တောင် အဲ့တစ်ယောက်က ချန်းစီနျန်ပဲ ဖြစ်နေအုန်းမှာ .. တစ်ကယ်လို့ သူမက  အငြင်းခံလိုက်ရရင်တောင် နောက်ဆုံးမှာ မင်းအတွက် နေရာရှိမှာ မဟုတ်ဘူး" [သာ့မော့ဆိုတာ မော့ရွှီယွမ်ကို နာမည်ဖျက်ပြီး ခေါ်တာပါတဲ့]

" သွားစမ်း! ဒီကနေ ထွက်သွားတော့ ! " မော့ရွှီယွမ်က ပြန်ပြီး ရန်ထောင်လိုက်သည်။ သူစိတ်အပျက်ဆုံးကတော့ တစ်ယောက်ယောက်က သူ့အား သာ့မော့ဟုခေါ်တာကိုပင် ဖြစ်သည်။ သူ့မျိုးရိုးနာမည်က 'မော့' ဖြစ်နေတာ ဘာမှားနေလို့လဲ ?

မော့ရွှီယွမ် တွေးလေတွေးလေ နားမလည်လေ ဖြစ်နေသည် .. " သူထွက်သွားပြီးတော့ ငါ သူစိုက်ကြည့်နေခဲ့တဲ့ ကြေငြာဆိုင်းဘုတ်ကို ကြည့်လိုက်တော့ အဲဒီမှာ ကျောင်းရဲ့ အဆိုအက ပြိုင်ပွဲက ပြိုင်ပွဲဝင်စာရင်းထဲ သူ့နာမည် ပါနေတယ်.. သူဘာလို့ အဲဒီပြိုင်ပွဲကို ဝင်ပြိုင်တာလဲဆိုတော့ အဲ့နေ့ကျရင် ဒိုင်တွေထဲမှာ မင်းလည်းပါမှာကို သူသိသွားလို့မလား? "

ဒါကို ကြားလိုက်ရတော့ ချန်းစီနျန်က ခါးကိုမတ်လိုက်ကာ တွေးကြည့်လိုက်သည်။ အကယ်၍ မော့ရွှီယွမ်သာ ဒီကိစ္စကို မပြောခဲ့လျှင် အဲ့နေ့၌ ဒိုင်လုပ်ပေးဖို့ ကျီယီအား သူကတိပေးမိခဲ့တာကို လုံးဝ မေ့တော့မလို့ပင်..

သို့သော်လည်း ချန်းစီနျန်မှာ ချင်းစုယွဲ့အကြောင်းတွေးမိလိုက်ရင်း လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းရှေ့၌ ထိုမိန်းကလေးက သူ့ကို လုံးဝ မမှတ်မိကြောင်း ပြောခဲ့သည့် အဖြစ်အပျက်အား ပြန်စဉ်းစားမိလိုက်သည်။ အဲ့တာက တကယ်လား ဒါမှမဟုတ် သူမ သရုပ်ဆောင်နေခဲ့တာလား? ဒါမှမဟုတ် သူမရဲ့ ဟန်လုပ်တဲ့ အကြံအစည်လား?

ဆက်တွေးတော့မလို့ ပြင်နေစဉ်မှာပဲ ချန်းစီနျန်ဟာ သူ့ အတွေးရထားအား ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်သည်။ ဒီလို အရေးမပါတဲ့သူအတွက် ဘာလို့ ဒုက္ခခံပြီး စဉ်းစားနေရတာလဲ?

တစ်ဖက်က မော့ရွှီယွမ်မှာတော့ ဆက်လက်ပြီး အတင်းအဖျင်း ပြောလို့နေသေးသည် .. " ငါကြားတာတော့ ချင်းစုယွဲ့က သူ့မေဂျာကို ငါတို့ဌာနနဲ့ တကယ်ကိုဝေးတဲ့ အသံလွှင့်ခြင်းနဲ့ အစီအစဉ်တင်ဆက်ခြင်းဘက်ကို ပြောင်းလိုက်တယ်တဲ့ .. ပြီးတော့ ဒီလ အစကတည်းက ငါတို့အဆောင်ခန်းကို မင်းအတွက် မနက်စာတွေ ညလယ်စာ အဆာပြေမုန့်တွေ လာပေးဖို့ ထိုင်မနေတော့ဘူးကွ .. ဒါတွေက သူ မင်းကို စွန့်ခွာသွားတဲ့ သင်္ကေတတွေသာဆို အဲ့လိုပဲ ယူဆနိုင်တာပဲ"

ချန်းစီနျန်က သူ့အား ကြည့်လိုက်ကာ ဖြေးဖြေးချင်း ပြောသည် .. " မင်းရဲ့ တရုတ်ဘာသာ ကျွမ်းကျင်မှုက မူလတန်းတောင် ရှိရဲ့လား? "

" ဘာကြီး? "

ချန်းစီနျန်က သူ့အား 'မင်းကို ရှင်းပြနေလည်း ကျွဲပါး​စောင်းတီး​နေသလိုပဲဖြစ်မှာ ...ငတုံးရဲ့' ဟူသော အဓိပ္ပါယ်တွေ ပါဝင်နေသည့် အကြည့်ဖြင့်သာ ကြည့်လိုက်တော့သည်။

မာ့ရွှီယွမ်တစ်ယောက် မရေရာတဲ့ အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည် .. "မင်းမှာ ငါ့ကို ပြောစရာတစ်ခုခု ရှိနေတာလား?"
ကျန်တဲ့ အခန်းဖော်မှာတော့ ဆက်ပြီး ကြည့်မနေနိုင်တော့ပဲ ရှင်းပြလိုက်ရသည် .. " အရူးကောင် .. သူက မင်းရဲ့ဘာသာစကား ကျွမ်းကျင်မှုစကေးက အရမ်းဆိုးရွားလွန်းလို့ ပြောနေတာကွ .. ဘာလို့လဲဆိုတော့ မင်းက 'စွန့်ခွာတယ်' ဆိုတဲ့စကားကို တလွဲကြီး သုံးလိုက်တာလေ .. အားနျန်က စွန့်ခွာခံရတဲ့သူလား ဒါမှမဟုတ်ရင် အခုက မင်း  စွန့်ခွာခံလိုက်ရတာလား?"
[အားနျန်ဆိုတာ ချန်းစီနျန်ကို ချစ်စနိုးခေါ်တဲ့ နာမည်ပါ]

အခန်းဖော်ရဲ့ အမြင်အရ ရှန်ဝမ်းယန့်ဟာ ချန်းစီနျန်ကိုအတိတ်တုန်းက ထားခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားမှာ တိကျတဲ့ အခြေအနေ မရှိခဲ့သေးပေ။[ဆိုလိုချင်တာက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ချစ်ကျွမ်းမဝင်ရသေး ချစ်သူတွေ မဖြစ်ခဲ့ကြသေး :) ] သူပြောနိုင်တာ တစ်ခုကတော့ ရှန်ဝမ်းယန့်ဟာ ချန်းစီနျန်ရဲ့  နှစ်နှစ်ကာကာ ချစ်ခြင်းကို ခံရပေမယ့် သူမက ဝေးလံလှသော နိုင်ငံဆီသို့ ထွက်သွားခဲ့သည်။

ဒါပေမယ့် ချန်းစီနျန်လို ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ စွန့်ခွာခြင်းကို ခံရပါ့မလား ? သူ အမွေဆက်ခံထားတဲ့ တင်းခံမထားနိုင်တဲ့ ခန့်ညားလှတဲ့ ရူပကာကို အသုံးပြုနေသမျှ ကာလပတ်လုံး သူ့လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်တာလေးကတောင် ပျားလေးတွေနဲ့ လိပ်ပြာလေးတွေ[မိန်းကလေးတွေ] ကို ဆွဲဆောင်နိုင်လေသည်။ တစ်စုံတစ်ယောက်မှာ သူ့အား ကော်လိုကပ်တွယ်ပြီး နေရာတကာ တကောက်ကောက်လိုက်ခြင်းဖြင့် အဆုံးသတ်သည်မှာ ဖြစ်မြဲသဘာဝပင်။

10.10.2019

********************

Continue Reading

You'll Also Like

3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1M 58.3K 200
Manga Translation တစ္ပုဒ္ပါ... Qi ဆိုတ့ဲရုပ္ဆိုးမေလးတေယာက္သူခ်စ္ရတ့ဲတတိယမင္းသားစီကသစၥာေဖာက္သတ္ျဖတ္ျခင္းကိုခံခ့ဲရပီး ေသဆုံးခ့ဲရတယ္... Qi တစ္ေယာက္အရူး...
333K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...