Now I Understand.

By Babydoll1544quiz

31.9K 777 62

Ever since I fell into Mo Dao Zu Shi fandom,I've always wanted to create my own fanfic and save all those poo... More

Prologue 1
Prologue 2
Prologue 3
Chapter-1
Chapter-2
Author's Note
Chapter-3
Chapter-4
Chapter-5
Chapter-6

Chapter-7

949 31 8
By Babydoll1544quiz

<Unicode>
ထိုနေ့ညနေကြာမြိုင်နန်းလယ်ကိုJaelပြန်ရောက်တော့လက်တိုလက်တောင်းကိစ္စလေးတွေကူညီပေးရင်းမအားနိုင်အောင်ကိုရှိခဲ့လေသည်။စားဖိုဆောင်မှာကူပေးလိုက်A-Yueတို့အဝတ်လျှော်သိမ်းကိစ္စများကိုကူပေးလိုက်နှင့်ချာလည်လိုက်နေခဲ့သည်။ဒါတောင်မှသူမလုပ်ရသောအလုပ်တို့သည်သာမန်အစေခံတစ်ယောက်နှင့်စာလျှင်အတော်သက်သာသည်ဟုဆိုရပေမည်။သို့သော်လည်းတသက်လုံးရွှေပေါ်မြတင်နေလာခဲ့သောနှစ်ဆယ့်တစ်ရာစုမှသခင်မလေးJaelအတွက်တော့ထိုအလုပ်တို့ကအလုပ်ကြမ်းလိုပင်ဖြစ်နေတော့သည်။Jaelတစ်ယောက်ပင်ပင်ပန်းပန်းနှင့်သူမအိပ်ဆောင်ရှိရာသို့ပြန်လာခဲ့သည်။ဟောခန်းအရှေ့ကအဖြတ်ရုတ်တရက်သခင်မယွီနှင့်ကျန်းဂိုဏ်းချုပ်ကိုတွေ့လိုက်ရတော့မှသူမတစ်စုံတစ်ခုကိုသတိရသွားတော့သည်။ဟုတ်ပေသည်ပဲ။သူမသာအမှတ်မမှားဘူးဆိုလျှင်မနက်ဖြန်တွင်သခင်မယွီနှင့်ကျန်းဂိုဏ်းချုပ်တို့စကားအခြေအတင်ဖြစ်ကြပေဦးမည်။ဘာမဟုတ်သည့်ကိစ္စတို့နှင့်ဒေါသကိုမီးမွှေးရင်းဇနီးမောင်နှံနှစ်ယောက်ကျောခိုင်းခဲ့ကြသည်။ထို့နောက်ဖြစ်သည့်ကိစ္စများကတော့လည်းအားလုံးသိသည့်အတိုင်းပင်။နောင်တရစရာများဖြစ်ကုန်ရတော့မည်လေ။ဘာလို့များတစ်ယောက်ပေါ်တစ်ယောက်မာနတွေခံပြီးစိတ်ရင်းအမှန်ကိုဖွင့်မပြနိုင်ကြပါလိမ့်နော်၊သူမတွေးမိသည်။Jaelအနေနှင့်လည်းအချစ်ရေးကံကောင်းသူမဟုတ်သည့်အတွက်ကျန်းဂိုဏ်းချုပ်တို့ဇနီးမောင်နှံအပေါ်စာနာမိသည်။ဖြစ်နိုင်လျှင်နောင်တရစရာတွေမဖြစ်ရစေရန်သူမတတ်နိုင်သလောက်ကူညီပေးမည်ဟုဆုံးဖြတ်လိုက်သည်။ထိုနေ့ကအတွေးများစွာဖြင့်သူမအိပ်ရာဝင်ခဲ့သည်။တစ်ချိန်တည်းမှာပင်ဝမ်ဂိုဏ်းရုံးစိုက်ရာဖြစ်သောညဥ့်မဲ့မြို့တော်တွင်မူ.....

"စိတ်ဝင်စားစရာပါပဲလား။အဲ့ဒီ့ကောင်မလေးကိုငါ့ရှေ့ရောက်အောင်ခေါ်လာခဲ့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မျက်လုံးမှိတ်ထားသည့်ကြားထဲကပင်စူးစူးဝါးဝါးဝင်လာသောနေရောင်ခြည်ကြောင့်Jaelတစ်ယောက်လူးလွန့်ကာနိုးလာသည်။အစပထမတော့သူမကိုယ်သူမDCကသူမ၏အိပ်ခန်းထဲတွင်ပင်ရှိနေသည်ဟုထင်မိကာမျက်နှာကျက်ကိုငေးကြည့်နေမိသည်။သို့သော်လည်းတဖြည်းဖြည်းကြည်လင်လာသောအမြင်အာရုံနှင့်အတူသူမမြင်လာရသောအရာတို့ကသူမကိုသူမ၏နေအိမ်မှဝေးကွာခဲ့ရပြီဖြစ်ကြောင်းသက်သေပြနေသယောင်။Jaelတစ်ယောက်သက်ပြင်းချပြီးသာရေရွတ်လိုက်တော့သည်။

"alors après tout, ce n'est pas juste un long rêve"
ကိုယ်လက်သန့်စင်ပြီးနောက်မီးဖိုချောင်ဝင်ရန်အသင့်ပြင်ကာJaelထွက်လာခဲ့သည်။ထိုအချိန်တွင်သူမလှမ်းတွေ့လိုက်သည်ကအနီရောင်တောက်တောက်ဝတ်ရုံများနှင့်ဝမ်ဂိုဏ်းသားများ။Jaelစဉ်းစားရခက်သွားသည်။သူမသိသလောက်ဆိုလျင်ဖြင့်ဝမ်ဂိုဏ်းမှလာရမည့်နေ့သည်ယနေ့မဟုတ်သေး။ဦးဆောင်လာသူမှာလည်းထိုအမြင်ကပ်စရာမိန်းမဝမ်လင်ကြောင်မဟုတ်ဖြစ်နေရကားJaelတစ်ယောက်စဉ်းစားရကျပ်လေပြီ။ဘာပဲပြောပြောသူမအနေနှင့်မကောင်းသည့်အငွေ့အသက်များကိုခံစားနေရသည်ဟုထင်မိတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧည့်ခံရာဟောခန်းတွင်တော့......

ဒီမိန်းကလေးကိုဝမ်ဂိုဏ်းချုပ်ကအလိုရှိနေပါတယ်။စုံစမ်းလို့ရတဲ့သတင်းတွေအရတော့ဒီမိန်းကလေးဟာကျန်းဂိုဏ်းရဲ့ပိုင်နက်အတွင်းမှာရှိနေတယ်လို့သိရတဲ့အတွက်ကျန်းဂိုဏ်းချုပ်အနေနဲ့ဘာများပြောစရာရှိပါလဲ။
ဝမ်ဂိုဏ်းသားတစ်ယောက်ကJael၏ပုံတူကိုဆွဲထားသောပန်းချီကိုကျန်းဖုန်းမြန့်ကိုလှမ်းပေးလိုက်ရင်းပြောလာလေသည်။သခင်မယွီကJael၏ပုံတူပန်းချီကိုလှမ်းကြည့်လိုက်ရင်း

"ဒီမိန်းကလေးကကျန်းဂိုဏ်းရဲ့သာမန်အစေခံတစ်ယောက်သက်သက်ပဲဝမ်ဂိုဏ်းချုပ်နဲ့ဘယ်လိုများပက်သက်နေလို့အလိုရှိနေရတာလဲ?
ထိုအခါဝမ်ဂိုဏ်းသားတို့ကသခင်မယွီိကိုကြည့်လိုက်ပြီး
"ဒီမိန်းကလေးဟာဂိုဏ်းချုပ်နဲ့ဝမ်ဂိုဏ်းအပေါ်အကြံအစည်တွေရှိတယ်လို့သံသယအဝင်ခံရတဲ့သူပဲ။ပိုဆိုးတာတစ်ခုကတော့အဲ့ဒီ့မိန်းကလေးကကျန်းသခင်လေးရယ်ဝေ့ဝူရှန့်ရယ်နဲ့စကားပြောနေတာကိုပါကျနော်တို့ရဲ့ဂိုဏ်းသားတစ်ယောက်ကတွေ့ခဲ့ရတာပဲ။
ထိုဂိုဏ်းသား၏စကားအဆုံးတွင်တချိန်လုံးတိတ်ဆိတ်လျက်အခြေအနေကိုအကဲခတ်နေသောကျန်းချန်နှင့်ဝေ့ဝူရှန်းတို့လှုပ်လှုပ်ရွရွဖြစ်သွားရတော့သည်။စိတ်ထဲတွင်လည်းသူတို့အနေဖြင့်ရတက်မအေးဖြစ်နေပြီဖြစ်သည်။ကိစ္စများကတဖြည်းဖြည်းပို၍တင်းမာလာသည်။မတူညီသောနေ့ရက်မတူညီသောအကြောင်းအရာတို့ဖြင့်ဖြစ်သော်လည်းတချိန်ကလိုကျန်းဂိုဏ်းကိုနောက်ထပ်အပျက်စီးမခံနိုင်တော့။သူတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သောJaelကိုကာကွယ်ထားချင်သော်လည်းထို့ကြောင့်ပဲကိစ္စများပို၍ဆိုးရွားသွားမည်ကိုမလိုလားပေ။
ယခုမူသခင်မယွီကသူတို့အားစူးစူးရဲရဲကြည့်နေလေပြီ။အခြေအနေတို့ကမကောင်းတော့။သခင်မယွီ၏လက်စွဲတော်ဇီတျန့်မှာလဲအချိန်မရွေးအသွင်ပြောင်းလာနိုင်သည့်ပုံဖြစ်နေသည်။

"အားချန်..ဝေ့ရင်းဖြေစမ်း။သူတို့ပြောတာအမှန်ပဲလား။Jaelဟာဘယ်ကလာတဲ့ဘယ်လိုလူမှန်းမင်းတို့တကယ်သိရဲ့လား။ဒါမှမဟုတ်တချိန်လုံးလိမ်ညာခဲ့တာလား။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းချန်နှင့်ဝေ့ရင်းတို့သခင်မယွီရဲ့အမေးကိုမဖြေနိုင်တော့။တိတ်ဆိတ်ခြင်းကသာကြီးစိုးနေသည်။ထိုအချိန်တွင်တံခါးဖွင့်သံနှင့်အတူဝင်လာသည်ကJael.....

"ကျန်းဝမ်ရင်....ဝေ့ဝူရှန်းဒါကဘာတွေဖြစ်နေတာလဲ။"
သူမ၏မေးခွန်းအဆုံးတွင်တပြိုင်နက်တည်းထွက်ပေါ်လာသောဝမ်ဂိုဏ်းသားနှစ်ယောက်၏အသံ
ဒါ....ဒါဂိုဏ်းချုပ်အလိုရှိနေတဲ့မိန်းကလေးပဲ။မင်းပဲ။
Jaelကတော့ဘာမှနားမလည်သေး။ထို့ကြောင့်ပင်ဝေ့ဝူရှန်းတို့အနားကိုကပ်သွားကာထပ်မေးလိုက်သည်။ဝေ့ဝူရှန်း၏အတိုချုံးရှင်းပြမှုကိုနားထောင်ပြီးသည့်နောက်တွင်တော့Jaelသြချသွားရတော့သည်။ဝမ်ဂိုဏ်းအနေဖြင့်ယခုကဲ့သို့ပေါ်တင်လုပ်လာလိမ့်မည်ဟုသူမလုံးဝမထင်ခဲ့မိ။ယခုတော့မတတ်နိုင်တော့။သူမပုံနှင့်ပိုစတာတွေကိုနေရာအတော်များများမှာချိတ်ဆွဲပီးလောက်မည်ဟုခန့်မှန်းရလေသည်။

"မိနးကလေးJaelဒါဘယ်လိုတွေဖြစ်တာလဲဆိုတာရှင်းပြလို့ရနိုင်မလား"
ဒီတခါမေးလိုက်သူကားကျန်းဖုန်းမြန့်.....

Jaelကျန်းဂိုဏ်းချုပ်နှင့်သခင်မယွီရှိရာဘက်သို့လှည့်ကာအရိုအသေပေးလိုက်သည်။
ကျန်းဂိုဏ်းချုပ်....သခင်မယွီအမှန်တော့ကျွန်မက....

"ပြောစရာမလိုဘူး"!
ရုတ်တရက်ဝင်တားလိုက်သူကားကျန်းချန်။

"အားချန်!"
"ကျန်းချန်"
ရတယ်နင်ပြောစရာမလိုပါဘူးJaelငါရှင်းလိုက်မယ်။
Jaelတစ်ယောက်ရုတ်တရက်မို့အံ့သြနေသည်။ကျန်းဝမ်ရင်ဒီလိုအော်တာကိုသူမတခါမှမမြင်ဖူးသေးချေ။
ထိုအချိန်တွင်သူမ၏လက်နှစ်ဖက်ကိုချူပ်ကိုင်ခြင်းခံလိုက်ရသည်။သူမကြည့်လိုက်တော့ဝမ်ဂိုဏ်းသားများ။

"ဒါဖြင့်ရင်ကျန်းဂိုဏ်းချုပ်အနေနဲ့ဒီမိန်းကလေးကိုခေါ်သွားခွင့်ပြုမယ်လို့ထင်ပါတယ်။ထို့နောက်သူမဘက်ကိုလှည့်ကြည့်လျက်...

ပြီးတော့ဟိုကောင်မလေးကောင်းကောင်းလိုက်လာစမ်းဟူ၍မာန်မဲတော့သည်။ဝေ့ဝူရှန်းတို့ကတားမည်လုပ်သော်လည်းJaelကမျက်နှာရိပ်မျက်နှာချေပြကာတားလိုက်သည်။

"ရတယ်..ဝေ့ဝူရှန်းငါဘာမှမဖြစ်ဘူး။ဝမ်ဂိုဏ်းကိုအလည်တခေါက်ရောက်တာပေါ့။ပြသာနာတွေရှင်းပြီးပြန်လာခဲ့မယ်။ကျန်းဝမ်ရင်နင်လည်းကောင်းကောင်းနေ။ကျန်းဂိုဏ်းချုပ်နဲ့သခင်မယွီလည်းခွင့်ပြုပါဦး။ဒီအတောအတွင်းကျွန်မကိုကောင်းကောင်းဆက်ဆံပေးခဲ့လို့ကျေးဇူးတင်ပါတယ်။သခင်မလေးယန်းလီကိုလဲကျေးဇူးတင်စကားပါးပေးဖိုတောင့်းဆိုပါရစေ။ကျွန်မပြန်လာခဲ့ပါဦးမယ်။

Jaelတစ်ယောက်နှုတ်ဆက်စရာရှိတာတွေနှုတ်ဆက်ပြီးသည့်နောက်မှာတော့သူမလက်ကိုချုပ်ကိုင်ထားသည်များမှလွတ်အောင်ရုန်းထွက်လိုက်သည်။သူမမျက်နှာထားကအခုနကနှင့်လုံးဝကိုမတူတော့ပေ။သူမကိုချုပ်ထားခဲ့သည့်ဝမ်ဂိုဏ်းသားများကိုကြည့်သည့်အကြည့်တို့ကမာထန်နေသည်။

"ငါ့ကိုချုပ်ထားစရာမလိုဘူး။ငါ့ဟာငါလမ်းလျှောက်နိုင်တယ်။ပြီးတော့ငါ့နာ်မည်ကJael Binsa Durand....ပြီးတော့မင်းတို့ကဓားပျံနဲ့သွားမယ်ဆိုရင်ငါလုံးဝဓားပျံပေါ်မှာလိုက်မစီးနိုင်ဘူး။ငါ့အတွက်မြင်းဒါမှမဟုတ်မြင်းလှည်းစီစဉ်ပေးမှလိုက်နိုင်မယ်။Jael၏ရုတ်တရက်ပြောင်းလဲသွားပုံကိုကြည့်ပြီးဝမ်ဂိုဏ်းသားတို့ကြက်သေသေနေတော့သည်။မကြာပါထိုအထဲမှခေါင်းဆောင်ဖြစ်ဟန်တူသူတစ်ဦးကဒေါသထွက်နေပုံနှင့်Jaelကိုအော်တော့သည်။

"မင်း.....မင်းကိုမင်းဘာထင်နေလဲ။ငါတို့ကိုအမိန့်ပေးရအောင်။"
ထိုအခါJaelကမထီမဲ့မြင်ကြည့်လိုက်ပြီး...

ဘာလဲ...မလုပ်ပေးနိုင်ဘူးပေါ့?ရတယ်လေ။ငါ့ဘာသာငါဒီနေရာမှာပဲသတ်သေလိုက်မယ်လေ။မလုပ်ရဲဘူးမထင်နဲ့။တာဝန်ကိုကျေအောင်မလုပ်နိုင်တဲ့နင်တို့ကိုလည်းဝမ်ဂိုဏ်းချုပ်ကလက်စသတ်ပေးမှာပါ။ဟုတ်တယ်မလား?
Jael၏ပြောစကားအောက်တွင်ဝမ်ဂိုဏ်းသားတို့တရှူးရှူးတရှားရှားဖြင့်ဒေါသတွေထွက်နေကြသည်။Jaelပြောသည်မှာအကုန်မှန်နေသောကြောင့်ပင်။Jaelကိုကြည့်ရင်းဝေ့ရင်းတစ်ယောက်Jaelနှင့်စတွေ့သည့်အချိန်ကိုပင်သတိရသွားရသည်။ထိုစဉ်ကလည်းအဆိပ်သောက်မည်တကဲကဲလုပ်နေခဲ့သေးသည်။မဟုတ်ပါလော။အတော်မလွယ်သည့်ကောင်မလေးပင်။

ဒေါသထွက်နေသောဝမ်ဂိုဏ်းသားများလည်းနောက်ဆုံးတော့Jaelကိုအရှုံးပေးလိုက်ရတော့သည်။
"ကောင်းပြီ.....မင်းအတွက်မြင်းလှည်းစီစဉ်ပေးမယ်အခုချက်ချင်းလိုက်ခဲ့။"
ထိုလူ၏စကားအဆုံးတွင်Jaelလဲခေါင်းမော့ရင်ကော့ကာထွက်သွားလိုက်သည်မှာအစေခံတစ်ယောက်၏ဟန်ပန်တို့လုံးဝမရှိ။မျိုးကြီးရိုးကြီးမှဆင်းသက်လာသောသခင်မလေးတစ်ယောက်ကဲ့သို့ပင်။

ယခုဟောခန်းထဲတွင်ကျန်ရစ်သူတို့မှာကားကျန်းမိသားစုနှင့်ဝေ့ဝူရှန်းတို့ပင်။တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူကသခင်မယွီ...
"အားချန်...Jaelအကြောင်းကိုမယ်တော်တို့ကိုရှင်းပြစမ်း။မင်းတို့တစ်ခုခုသိထားတယ်မလား။Jaelနဲ့ပက်သက်ပြီး"

"အချိန်တန်ရင်မယ်တော်တု့ိသိရမှာပါ။အခုကျွန်တော်ပြောနိုင်တာကတော့Jaelကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဆိုတာပဲ။ဝေ့ဝူရှန်းသွားမယ်။
စကားဆုံးသည်နှင့်ဝေ့ရင်းကိုခေါ်ကာထွက်သွားသောကျန်းချန်။
မကြာသေးခင်ကဆူညံနေခဲ့သောကြာမြိုင်နန်းလယ်ကြီးသည်လည်းကျန်းချန်တို့ထွက်သွားပြီးသည့်နောက်တွင်တဖန်ပြန်လည်တိတ်ဆိတ်သွားပြန်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညည့်မဲ့မြို့သို့သွားရာလမ်းတစ်လျှောက်လုံးJaelစိတ်တို့လှုပ်ရှားနေခဲ့သည်။အပြင်ပန်းတွင်ဘာမှမဖြစ်သလိုဟန်ဆောင်ထားသော်လည်းသူမစိတ်ထဲတွင်ပွက်လောရိုက်နေသည်ကိုသူမသာအသိဆုံးပင်။မြင်းလှည်းရပ်လိုက်ခြင်းနှင့်အတူညည့်မဲ့မြို့သို့ရောက်ပီဖြစ်ကြောင်းသူမသိလိုက်သည်။စိတ်ကိုအတတ်နိုင်ဆုံးအတည်ငြိမ်ဆုံးထားကာသူမကိုခေါ်လာသောဝမ်ဂိုဏ်းသား၏ဦးဆောင်မှုနောက်သို့လိုက်လာခဲ့သည်။ထိုဂိုဏ်းသားကအခန်းအဆင့်ဆင့်စင်္ကြ့အဆင့်ဆင့်တို့ကိုကျော်ဖြတ်ပြီးသူမကိုအခန်းကျယ်ကြီးတစ်ခုထဲသို့ခေါ်သွားခဲ့သည်။ထိုအခန်းထဲတွင်မီးများထိန်ထိန်လင်းလျက်ရှိနေသော်လည်းဘယ်သူမှမရှိနေ။Jaelတစ်ယောက်အခန်း၏ပတ်ပတ်လည်ကိုလိုက်ကြည့်ရင်းအခန်းရဲ့ဖွဲ့စည်းပုံကိုမှတ်သားနေမိသည်။ထိုအချိန်တွင်သူမအနောက်ဖက်မှရုတ်တရက်ထွက်ပေါ်လာသောအသံတစ်ခု။

"အဲ့ဒီတော့....မင်းကလူတွေပြောနေကြတဲ့ငါ့ကိုစိန်ခေါ်မယ့်Baoshen Sanrenရဲ့တပည့်ပေါ့ဟုတ်လား?"
ထိုစကားသံကြောင့်Jaelလဲလန့်သွားပြီးလှည့်ကြည့်လိုက်ရာ.....
သက်လတ်ပိုင်းအရွယ်ရှိခန့်ညားသောအမျိုးသားတစ်ဦးကသူမအားပြုံး၍ကြည့်နေလေသည်။နှုတ်ခမ်းပါတို့ကပြုံးနေသော်လည်းမျက်ဝန်းများတွင်မူရက်စက်ခြင်းအရိပ်အယောင်တို့ထင်ဟပ်နေသည်။ဝမ်ဂိုဏ်းဝတ်စုံကိုဝတ်ထားသည့်အတွက်Jaelသိလိုက်သည်မှာသူမသည်ဝမ်ဂိုဏ်းချူပ်ဝမ်ရို့ဟန်နှင့်ထိပ်တိုက်တွေ့နေရပြီဆိုသည်ကိုပင်။........

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Hey guys!! Yes yes I'm sorry I know! And yes i'm still alive.

<Zawgyi>
ထိုေန႔ညေနၾကာၿမိဳင္နန္းလယ္ကိုJaelျပန္ေရာက္ေတာ့လက္တိုလက္ေတာင္းကိစၥေလးေတြကူညီေပးရင္းမအားႏိုင္ေအာင္ကို႐ွိခဲ့ေလသည္။စားဖိုေဆာင္မွာကူေပးလိုက္A-Yueတို႔အဝတ္ေလ်ွာ္သိမ္းကိစၥမ်ားကိုကူေပးလိုက္ႏွင့္ခ်ာလည္လိုက္ေနခဲ့သည္။ဒါေတာင္မွသူမလုပ္ရေသာအလုပ္တို႔သည္သာမန္အေစခံတစ္ေယာက္ႏွင့္စာလ်ွင္အေတာ္သက္သာသည္ဟုဆိုရေပမည္။သို႔ေသာ္လည္းတသက္လုံးေရႊေပၚျမတင္ေနလာခဲ့ေသာႏွစ္ဆယ့္တစ္ရာစုမွသခင္မေလးJaelအတြက္ေတာ့ထိုအလုပ္တို႔ကအလုပ္ၾကမ္းလိုပင္ျဖစ္ေနေတာ့သည္။Jaelတစ္ေယာက္ပင္ပင္ပန္းပန္းႏွင့္သူမအိပ္ေဆာင္႐ွိရာသို႔ျပန္လာခဲ့သည္။ေဟာခန္းအေ႐ွ႕ကအျဖတ္႐ုတ္တရက္သခင္မယြီႏွင့္က်န္းဂိုဏ္းခ်ဳပ္ကိုေတြ႔လိုက္ရေတာ့မွသူမတစ္စုံတစ္ခုကိုသတိရသြားေတာ့သည္။ဟုတ္ေပသည္ပဲ။သူမသာအမွတ္မမွားဘူးဆိုလ်ွင္မနက္ျဖန္တြင္သခင္မယြီႏွင့္က်န္းဂိုဏ္းခ်ဳပ္တို႔စကားအေျခအတင္ျဖစ္ၾကေပဦးမည္။ဘာမဟုတ္သည့္ကိစၥတို႔ႏွင့္ေဒါသကိုမီးေမႊးရင္းဇနီးေမာင္ႏွံႏွစ္ေယာက္ေက်ာခိုင္းခဲ့ၾကသည္။ထို႔ေနာက္ျဖစ္သည့္ကိစၥမ်ားကေတာ့လည္းအားလုံးသိသည့္အတိုင္းပင္။ေနာင္တရစရာမ်ားျဖစ္ကုန္ရေတာ့မည္ေလ။ဘာလို႔မ်ားတစ္ေယာက္ေပၚတစ္ေယာက္မာနေတြခံၿပီးစိတ္ရင္းအမွန္ကိုဖြင့္မျပႏိုင္ၾကပါလိမ့္ေနာ္၊သူမေတြးမိသည္။Jaelအေနႏွင့္လည္းအခ်စ္ေရးကံေကာင္းသူမဟုတ္သည့္အတြက္က်န္းဂိုဏ္းခ်ဳပ္တို႔ဇနီးေမာင္ႏွံအေပၚစာနာမိသည္။ျဖစ္ႏိုင္လ်ွင္ေနာင္တရစရာေတြမျဖစ္ရေစရန္သူမတတ္ႏိုင္သေလာက္ကူညီေပးမည္ဟုဆုံးျဖတ္လိုက္သည္။ထိုေန႔ကအေတြးမ်ားစြာျဖင့္သူမအိပ္ရာဝင္ခဲ့သည္။တစ္ခ်ိန္တည္းမွာပင္ဝမ္ဂိုဏ္း႐ုံးစိုက္ရာျဖစ္ေသာညဥ့္မဲ့ၿမိဳ႕ေတာ္တြင္မူ.....

"စိတ္ဝင္စားစရာပါပဲလား။အဲ့ဒီ့ေကာင္မေလးကိုငါ့ေ႐ွ႕ေရာက္ေအာင္ေခၚလာခဲ့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မ်က္လုံးမွိတ္ထားသည့္ၾကားထဲကပင္စူးစူးဝါးဝါးဝင္လာေသာေနေရာင္ျခည္ေၾကာင့္Jaelတစ္ေယာက္လူးလြန္႔ကာႏိုးလာသည္။အစပထမေတာ့သူမကိုယ္သူမDCကသူမ၏အိပ္ခန္းထဲတြင္ပင္႐ွိေနသည္ဟုထင္မိကာမ်က္ႏွာက်က္ကိုေငးၾကည့္ေနမိသည္။သို႔ေသာ္လည္းတျဖည္းျဖည္းၾကည္လင္လာေသာအျမင္အာ႐ုံႏွင့္အတူသူမျမင္လာရေသာအရာတို႔ကသူမကိုသူမ၏ေနအိမ္မွေဝးကြာခဲ့ရၿပီျဖစ္ေၾကာင္းသက္ေသျပေနသေယာင္။Jaelတစ္ေယာက္သက္ျပင္းခ်ၿပီးသာေရရြတ္လိုက္ေတာ့သည္။

"alors après tout, ce n'est pas juste un long rêve"
ကိုယ္လက္သန္႔စင္ၿပီးေနာက္မီးဖုိေခ်ာင္ဝင္ရန္အသင့္ျပင္ကာJaelထြက္လာခဲ့သည္။ထိုအခ်ိန္တြင္သူမလွမ္းေတြ႔လိုက္သည္ကအနီေရာင္ေတာက္ေတာက္ဝတ္႐ုံမ်ားႏွင့္ဝမ္ဂိုဏ္းသားမ်ား။Jaelစဥ္းစားရခက္သြားသည္။သူမသိသေလာက္ဆိုလ်င္ျဖင့္ဝမ္ဂိုဏ္းမွလာရမည့္ေန႔သည္ယေန႔မဟုတ္ေသး။ဦးေဆာင္လာသူမွာလည္းထိုအျမင္ကပ္စရာမိန္းမဝမ္လင္ေၾကာင္မဟုတ္ျဖစ္ေနရကားJaelတစ္ေယာက္စဥ္းစားရက်ပ္ေလၿပီ။ဘာပဲေျပာေျပာသူမအေနႏွင့္မေကာင္းသည့္အေငြ႔အသက္မ်ားကိုခံစားေနရသည္ဟုထင္မိေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧည့္ခံရာေဟာခန္းတြင္ေတာ့......

ဒီမိန္းကေလးကိုဝမ္ဂိုဏ္းခ်ဳပ္ကအလို႐ွိေနပါတယ္။စုံစမ္းလို႔ရတဲ့သတင္းေတြအရေတာ့ဒီမိန္းကေလးဟာက်န္းဂိုဏ္းရဲ႕ပိုင္နက္အတြင္းမွာ႐ွိေနတယ္လို႔သိရတဲ့အတြက္က်န္းဂိုဏ္းခ်ဳပ္အေနနဲ႔ဘာမ်ားေျပာစရာ႐ွိပါလဲ။
ဝမ္ဂိုဏ္းသားတစ္ေယာက္ကJael၏ပုံတူကိုဆြဲထားေသာပန္းခ်ီကိုက်န္းဖုန္းျမန္႔ကိုလွမ္းေပးလိုက္ရင္းေျပာလာေလသည္။သခင္မယြီကJael၏ပုံတူပန္းခ်ီကိုလွမ္းၾကည့္လိုက္ရင္း

"ဒီမိန္းကေလးကက်န္းဂိုဏ္းရဲ႕သာမန္အေစခံတစ္ေယာက္သက္သက္ပဲဝမ္ဂိုဏ္းခ်ဳပ္နဲ႔ဘယ္လိုမ်ားပက္သက္ေနလို႔အလို႐ွိေနရတာလဲ?
ထိုအခါဝမ္ဂိုဏ္းသားတို႔ကသခင္မယြီိကိုၾကည့္လိုက္ၿပီး
"ဒီမိန္းကေလးဟာဂိုဏ္းခ်ဳပ္နဲ႔ဝမ္ဂိုဏ္းအေပၚအၾကံအစည္ေတြ႐ွိတယ္လို႔သံသယအဝင္ခံရတဲ့သူပဲ။ပိုဆိုးတာတစ္ခုကေတာ့အဲ့ဒီ့မိန္းကေလးကက်န္းသခင္ေလးရယ္ေဝ့ဝူ႐ွန္႔ရယ္နဲ႔စကားေျပာေနတာကိုပါက်ေနာ္တို႔ရဲ႕ဂိုဏ္းသားတစ္ေယာက္ကေတြ႔ခဲ့ရတာပဲ။
ထိုဂိုဏ္းသား၏စကားအဆုံးတြင္တခ်ိန္လုံးတိတ္ဆိတ္လ်က္အေျခအေနကိုအကဲခတ္ေနေသာက်န္းခ်န္ႏွင့္ေဝ့ဝူ႐ွန္းတို႔လႈပ္လႈပ္ရြရြျဖစ္သြားရေတာ့သည္။စိတ္ထဲတြင္လည္းသူတို႔အေနျဖင့္ရတက္မေအးျဖစ္ေနၿပီျဖစ္သည္။ကိစၥမ်ားကတျဖည္းျဖည္းပို၍တင္းမာလာသည္။မတူညီေသာေန႔ရက္မတူညီေသာအေၾကာင္းအရာတို႔ျဖင့္ျဖစ္ေသာ္လည္းတခ်ိန္ကလိုက်န္းဂိုဏ္းကိုေနာက္ထပ္အပ်က္စီးမခံႏိုင္ေတာ့။သူတို႔၏တစ္ခုတည္းေသာေမ်ွာ္လင့္ခ်က္ျဖစ္ေသာJaelကိုကာကြယ္ထားခ်င္ေသာ္လည္းထို႔ေၾကာင့္ပဲကိစၥမ်ားပို၍ဆိုးရြားသြားမည္ကိုမလိုလားေပ။
ယခုမူသခင္မယြီကသူတို္႔အားစူးစူးရဲရဲၾကည့္ေနေလၿပီ။အေျခအေနတို႔ကမေကာင္းေတာ့။သခင္မယြီ၏လက္စြဲေတာ္ဇီတ်န္႔မွာလဲအခ်ိန္မေရြးအသြင္ေျပာင္းလာႏိုင္သည့္ပုံျဖစ္ေနသည္။

"အားခ်န္..ေဝ့ရင္းေျဖစမ္း။သူတို႔ေျပာတာအမွန္ပဲလား။Jaelဟာဘယ္ကလာတဲ့ဘယ္လိုလူမွန္းမင္းတို႔တကယ္သိရဲ႕လား။ဒါမွမဟုတ္တခ်ိန္လုံးလိမ္ညာခဲ့တာလား။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
က်န္းခ်န္ႏွင့္ေဝ့ရင္းတို႔သခင္မယြီရဲ႕အေမးကိုမေျဖႏိုင္ေတာ့။တိတ္ဆိတ္ျခင္းကသာႀကီးစိုးေနသည္။ထိုအခ်ိန္တြင္တံခါးဖြင့္သံႏွင့္အတူဝင္လာသည္ကJael.....

"က်န္းဝမ္ရင္....ေဝ့ဝူ႐ွန္းဒါကဘာေတြျဖစ္ေနတာလဲ။"
သူမ၏ေမးခြန္းအဆုံးတြင္တၿပိဳင္နက္တည္းထြက္ေပၚလာေသာဝမ္ဂိုဏ္းသားႏွစ္ေယာက္၏အသံ
ဒါ....ဒါဂိုဏ္းခ်ဳပ္အလို႐ွိေနတဲ့မိန္းကေလးပဲ။မင္းပဲ။
Jaelကေတာ့ဘာမွနားမလည္ေသး။ထို႔ေၾကာင့္ပင္ေဝ့ဝူ႐ွန္းတို႔အနားကိုကပ္သြားကာထပ္ေမးလိုက္သည္။ေဝ့ဝူ႐ွန္း၏အတိုခ်ဳံး႐ွင္းျပမႈကိုနားေထာင္ၿပီးသည့္ေနာက္တြင္ေတာ့Jaelျသခ်သြားရေတာ့သည္။ဝမ္ဂိုဏ္းအေနျဖင့္ယခုကဲ့သို႔ေပၚတင္လုပ္လာလိမ့္မည္ဟုသူမလုံးဝမထင္ခဲ့မိ။ယခုေတာ့မတတ္ႏိုင္ေတာ့။သူမပုံႏွင့္ပိုစတာေတြကိုေနရာအေတာ္မ်ားမ်ားမွာခ်ိတ္ဆြဲပီးေလာက္မည္ဟုခန္႔မွန္းရေလသည္။

"မိနး္ကေလးJaelဒါဘယ္လိုေတြျဖစ္တာလဲဆိုတာ႐ွင္းျပလို႔ရႏိုင္မလား"
ဒီတခါေမးလိုက္သူကားက်န္းဖုန္းျမန္႔.....

Jaelက်န္းဂိုဏ္းခ်ဳပ္ႏွင့္သခင္မယြီ႐ွိရာဘက္သို႔လွည့္ကာအ႐ုိအေသေပးလိုက္သည္။
က်န္းဂိုဏ္းခ်ဳပ္....သခင္မယြီအမွန္ေတာ့ကြၽန္မက....

"ေျပာစရာမလိုဘူး"!
႐ုတ္တရက္ဝင္တားလိုက္သူကားက်န္းခ်န္။

"အားခ်န္!"
"က်န္းခ်န္"
ရတယ္နင္ေျပာစရာမလိုပါဘူးJaelငါ႐ွင္းလိုက္မယ္။
Jaelတစ္ေယာက္႐ုတ္တရက္မို႔အံ့ျသေနသည္။က်န္းဝမ္ရင္ဒီလိုုေအာ္တာကိုသူမတခါမွမျမင္ဖူးေသးေခ်။
ထိုအခ်ိန္တြင္သူမ၏လက္ႏွစ္ဖက္ကိုခ်ဴပ္ကိုင္ျခင္းခံလို္က္ရသည္။သူမၾကည့္လိုက္ေတာ့ဝမ္ဂို္ဏ္းသားမ်ား။

"ဒါျဖင့္ရင္က်န္းဂိုဏ္းခ်ဳပ္အေနနဲ႔ဒီမိန္းကေလးကိုေခၚသြားခြင့္ျပဳမယ္လို႔ထင္ပါတယ္။ထို႔ေနာက္သူမဘက္ကိုလွည့္ၾကည့္လ်က္...

ၿပီးေတာ့ဟိုေကာင္မေလးေကာင္းေကာင္းလိုက္လာစမ္းဟူ၍မာန္မဲေတာ့သည္။ေဝ့ဝူ႐ွန္းတို႔ကတားမည္လုပ္ေသာ္လည္းJaelကမ်က္ႏွာရိပ္မ်က္ႏွာေခ်ျပကာတားလိုက္သည္။

"ရတယ္..ေဝ့ဝူ႐ွန္းငါဘာမွမျဖစ္ဘူး။ဝမ္ဂိုဏ္းကိုအလည္တေခါက္ေရာက္တာေပါ့။ျပသာနာေတြ႐ွင္းၿပီးျပန္လာခဲ့မယ္။က်န္းဝမ္ရင္နင္လည္းေကာင္းေကာင္းေန။က်န္းဂိုဏ္းခ်ဳပ္နဲ႔သခင္မယြီလည္းခြင့္ျပဳပါဦး။ဒီအေတာအတြင္းကြၽန္မကိုေကာင္းေကာင္းဆက္ဆံေပးခဲ့လို႔ေက်းဇူးတင္ပါတယ္။သခင္မေလးယန္းလီကိုလဲေက်းဇူးတင္စကားပါးေပးဖိုေတာင႔္းဆိုပါရေစ။ကြၽန္မျပန္လာခဲ့ပါဦးမယ္။

Jaelတစ္ေယာက္ႏႈတ္ဆက္စရာ႐ွိတာေတြႏႈတ္ဆက္ၿပီးသည့္ေနာက္မွာေတာ့သူမလက္ကိုခ်ဳပ္ကိုင္ထားသည္မ်ားမွလြတ္ေအာင္႐ုန္းထြက္လိုက္သည္။သူမမ်က္ႏွာထားကအခုနကႏွင့္လုံးဝကိုမတူေတာ့ေပ။သူမကိုခ်ဳပ္ထားခဲ့သည့္ဝမ္ဂိုဏ္းသားမ်ားကိုၾကည့္သည့္အၾကည့္တို႔ကမာထန္ေနသည္။

"ငါ့ကိုခ်ဳပ္ထားစရာမလိုဘူး။ငါ့ဟာငါလမ္းေလ်ွာက္ႏို္င္တယ္။ၿပီးေတာ့ငါ့နာ္မည္ကJael Binsa Durand....ၿပီးေတာ့မင္းတို႔ကဓားပ်ံနဲ႔သြားမယ္ဆိုရင္ငါလုံးဝဓားပ်ံေပၚမွာလိုက္မစီးႏိုင္ဘူး။ငါ့အတြက္ျမင္းဒါမွမဟုတ္ျမင္းလွည္းစီစဥ္ေပးမွလိုက္ႏိုင္မယ္။Jael၏႐ုတ္တရက္ေျပာင္းလဲသြားပုံကိုၾကည့္ၿပီးဝမ္ဂိုဏ္းသားတို႔ၾကက္ေသေသေနေတာ့သည္။မၾကာပါထိုအထဲမွေခါင္းေဆာင္ျဖစ္ဟန္တူသူတစ္ဦးကေဒါသထြက္ေနပုံႏွင့္Jaelကိုေအာ္ေတာ့သည္။

"မင္း.....မင္းကိုမင္းဘာထင္ေနလဲ။ငါတို႔ကိုအမိန္႔ေပးရေအာင္။"
ထိုအခါJaelကမထီမဲ့ျမင္ၾကည့္လို္က္ၿပီး...

ဘာလဲ...မလုပ္ေပးႏိုင္ဘူးေပါ့?ရတယ္ေလ။ငါ့ဘာသာငါဒီေနရာမွာပဲသတ္ေသလိုက္္မယ္ေလ။မလုပ္ရဲဘူးမထင္နဲ႔။တာဝန္ကိုေက်ေအာင္မလုပ္ႏိုင္တဲ့နင္တို႔ကိုလည္းဝမ္ဂိုဏ္းခ်ဳုပ္ကလက္စသတ္ေပးမွာပါ။ဟုတ္တယ္မလား?
Jael၏ေျပာစကားေအာက္တြင္ဝမ္ဂိုဏ္းသားတို႔တ႐ွဴး႐ွဴးတ႐ွား႐ွားျဖင့္ေဒါသေတြထြက္ေနၾကသည္။Jaelေျပာသည္မွာအကုန္မွန္ေနေသာေၾကာင့္ပင္။Jaelကိုၾကည့္ရင္းေဝ့ရင္းတစ္ေယာက္Jaelႏွင့္စေတြ႔သည့္အခ်ိန္ကိုပင္သတိရသြားရသည္။ထိုစဥ္ကလည္းအဆိပ္ေသာက္မည္တကဲကဲလုပ္ေနခဲ့ေသးသည္။မဟုတ္ပါေလာ။အေတာ္မလြယ္သည့္ေကာင္မေလးပင္။

ေဒါသထြက္ေနေသာဝမ္ဂိုဏ္းသားမ်ားလည္းေနာက္ဆုံးေတာ့Jaelကိုအ႐ႈံးေပးလိုက္ရေတာ့သည္။
"ေကာင္းၿပီ.....မင္းအတြက္ျမင္းလွည္းစီစဥ္ေပးမယ္အခုခ်က္ခ်င္းလိုက္ခဲ့။"
ထိုလူ၏စကားအဆုံးတြင္Jaelလဲေခါင္းေမာ့ရင္ေကာ့ကာထြက္သြားလိုက္သည္မွာအေစခံတစ္ေယာက္၏ဟန္ပန္တို႔လုံးဝမ႐ွိ။မ်ိဳးႀကီး႐ုိးႀကီးမွဆင္းသက္လာေသာသခင္မေလးတစ္ေယာက္ကဲ့သို႔ပင္။

ယခုေဟာခန္းထဲတြင္က်န္ရစ္သူတို႔မွာကားက်န္းမိသားစုႏွင့္ေဝ့ဝူ႐ွန္းတို႔ပင္။တိတ္ဆိတ္မႈကိုစတင္ၿဖိဳခြဲလိုက္သူကသခင္မယြီ...
"အားခ်န္...Jaelအေၾကာင္းကိုမယ္ေတာ္တို႔ကို႐ွင္းျပစမ္း။မင္းတို႔တစ္ခုခုသိထားတယ္မလား။Jaelနဲ႔ပက္သက္ၿပီး"

"အခ်ိန္တန္ရင္မယ္ေတာ္တု့ိသိရမွာပါ။အခုကြၽန္ေတာ္ေျပာႏိုင္တာကေတာ့Jaelကကြၽန္ေတာ္တို႔ရဲ႕ေက်းဇူး႐ွင္ဆိုတာပဲ။ေဝ့ဝူ႐ွန္းသြားမယ္။
စကားဆုံးသည္ႏွင့္ေဝ့ရင္းကိုေခၚကာထြက္သြားေသာက်န္းခ်န္။
မၾကာေသးခင္ကဆူညံေနခဲ့ေသာၾကာၿမိဳင္နန္းလယ္ႀကီးသည္လည္းက်န္းခ်န္တို႔ထြက္သြားၿပီးသည့္ေနာက္တြင္တဖန္ျပန္လည္တိတ္ဆိတ္သြားျပန္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညည့္မဲ့ၿမိဳ႕သို႔သြားရာလမ္းတစ္ေလ်ွာက္လုံးJaelစိတ္တို႔လႈပ္႐ွားေနခဲ့သည္။အျပင္ပန္းတြင္ဘာမွမျဖစ္သလိုဟန္ေဆာင္ထားေသာ္လည္းသူမစိတ္ထဲတြင္ပြက္ေလာ႐ုိက္ေနသည္ကိုသူမသာအသိဆုံးပင္။ျမင္းလွည္းရပ္လိုက္ျခင္းႏွင့္အတူညည့္မဲ့ၿမိဳ႕သို႔ေရာက္ပီျဖစ္ေၾကာင္းသူမသိလိုက္သည္။စိတ္ကိုအတတ္ႏိုင္ဆုံးအတည္ၿငိမ္ဆုံးထားကာသူမကိုေခၚလာေသာဝမ္ဂိုဏ္းသား၏ဦးေဆာင္မႈေနာက္သို႔လိုက္လာခဲ့သည္။ထိုဂိုဏ္းသားကအခန္းအဆင့္ဆင့္စၾကၤ့အဆင့္ဆင့္တို႔ကိုေက်ာ္ျဖတ္ၿပီးသူမကိုအခန္းက်ယ္ႀကီးတစ္ခုထဲသို႔ေခၚသြားခဲ့သည္။ထိုအခန္းထဲတြင္မီးမ်ားထိန္ထိန္လင္းလ်က္႐ွိေနေသာ္လည္းဘယ္သူမွမ႐ွိေန။Jaelတစ္ေယာက္အခန္း၏ပတ္ပတ္လည္ကိုလိုက္ၾကည့္ရင္းအခန္းရဲ႕ဖြဲ႔စည္းပုံကိုမွတ္သားေနမိသည္။ထိုအခ်ိန္တြင္သူမအေနာက္ဖက္မွ႐ုတ္တရက္ထြက္ေပၚလာေသာအသံတစ္ခု။

"အဲ့ဒီေတာ့....မင္းကလူေတြေျပာေနၾကတဲ့ငါ့ကိုစိန္ေခၚမယ့္Baoshen Sanrenရဲ႕တပည့္ေပါ့ဟုတ္လား?"
ထိုစကားသံေၾကာင့္Jaelလဲလန္႔သြားၿပီးလွည့္ၾကည့္လိုက္ရာ.....
သက္လတ္ပိုင္းအရြယ္႐ွိခန္႔ညားေသာအမ်ိဳးသားတစ္ဦးကသူမအားျပဳံး၍ၾကည့္ေနေလသည္။ႏႈတ္ခမ္းပါတို႔ကျပံဳးေနေသာ္လည္းမ်က္ဝန္းမ်ားတြင္မူရက္စက္ျခင္းအရိပ္အေယာင္တို႔ထင္ဟပ္ေနသည္။ဝမ္ဂိုဏ္းဝတ္စုံကိုဝတ္ထားသည့္အတြက္Jaelသိလိုက္သည္မွာသူမသည္ဝမ္ဂိုဏ္းခ်ဴပ္ဝမ္႐ုိ႔ဟန္ႏွင့္ထိပ္တိုက္ေတြ႔ေနရၿပီဆိ္ုသည္ကိုပင္။........

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Hey guys!! Yes yes I'm sorry I know! And yes i'm still alive.

Continue Reading

You'll Also Like

4.5K 733 17
Jungkook Atlas Francis - Taehyung Rowan Elliot
111K 4.9K 46
တစ္ခ်ိန္ α€€ α€€α€Όα½α€”α€Ήα€±α€α€¬α€Ήα€€α€­α€―α€šα€Ήα€α€­α€―α€„α€Ή ေစာင့္ေရွာက္ခဲ့ α€α€šα€Ήα€·α€€α€±α€œα€Έα€€....α€†α€šα€Ήα‚α€½α€…α€Ήα€‘αΎα€€α€¬α€™α€½α€¬ ကြၽန္ေတာ့္ကို α€‘α€•α€­α€―α€„α€Ήα€œα€­α€―α€α€Ία€„α€Ήα€α€šα€Ήα€α€šα€Ήα€·...... တစ်ချိန် α€€ α€€α€»α€½α€”α€Ία€α€±α€¬α€Ία€€α€­α€―α€šα€Ία€α€­α€―α€„α€Ί α€…α€±...
5.2K 1.2K 18
ရေးဖြစ်တဲ့ α€’α€―α€α€­α€šα€™α€Όα€±α€¬α€€α€Ί Binthew fic α€œα€±α€Έα€•α€«α‹ ထပြင်မှာတစ်ခါမှမမြင်ဖူးတဲ့ α€œα€°α€α€…α€Ία€šα€±α€¬α€€α€Ία€€α€­α€― α€α€»α€…α€Ία€™α€­α€žα€½α€¬α€Έα€”α€­α€―α€„α€Ία€α€šα€Ία€†α€­α€―α€α€¬ α€α€„α€Ία€—α€»α€¬α€Έα€α€­α€―α€·α€šα€―α€Άα€œα€¬α€Έ? α€‘α€²α€·α€œα€°α€€α€­α€―α€‘α€•α€Όα€„α€Ία€™α€Ύα€¬α€α€½α€±α€·α€œα€¬...
33.3K 4.1K 38
I don't wanna be right .