《Zawgyi》
အပိုင္း - ၃ [ နာမည္တူ - ၃ ]
ဝတၳဳဇာတ္သိမ္းခါနီးတြင္ အဆိုပါ ဗီလိန္အမ်ိဳးသမီး၏ ခင္ပြန္းျဖစ္သူ လင္းေဟြ႕ဟာ ရွန္ဝမ္းယန္႔ရဲ႕ တစ္လသာ ရွိေသးတဲ့ ကေလးကို ကိုယ္ဝန္ပ်က္က်ေစတဲ့အခ်ိန္မွာေတာ့ ခ်န္းစီႏ်န္ဟာ လံုးဝကို စိတ္ဆိုးေဒါသထြက္သြားေတာ့သည္။ လဝက္အတြင္းမွာပင္ ခ်င္းမိသားစုႏွင့္ သူတို႔၏ကုမၸဏီမွာ ေဒဝါလီခံလိုက္ရၿပီး ခ်င္းမိဘႏွစ္ပါးမွာ မ်က္ရည္ေတြႏွင့္အတူ ေသေၾကာင္းၾကံစည္သြားခဲ့ၾကသည္။ ခ်င္းစုယြဲ႕မွာေတာ့ ဤကဲ့သို႔ ဆိုးရြားစိတ္ပ်က္ဖြယ္ေကာင္းစြာ မေသဆံုးခင္ တစ္ႏွစ္ေလာက္သာ အသက္ရွင္ခဲ့ေပသည္။
ထိုဝတၳဳအား ဖတ္ရႈၿပီးတဲ့အခါမွာ တစ္ခ်ိဳ႕အခ်က္မ်ားေၾကာင့္ စာဖတ္သူ ခ်င္းစုယြဲ႕၏စိတ္ဝယ္ ခပ္ခ်ဥ္ခ်ဥ္ ျဖစ္ေနသည္။ ဤသည္မွာ ထိုဗီလိန္အမ်ိဳးသမီးႏွင့္ သူမမွာ တူညီတဲ့နာမည္ ရွိေနတာေၾကာင့္ ျဖစ္ႏိုင္သည္။
ငါေလးရဲ႕ နာမည္က လံုးဝကို ထူးျခားတာပါ.. ဘာလို႔ ဗီလိန္တစ္ေယာက္မွာ ငါ့လို နာမည္မ်ိဳး ရွိေနရတာလဲ? ထိုဗီလိန္အမ်ိဳးသမီးရဲ႕ ကံၾကမၼာမွာ စိတ္ပ်က္စရာ ေကာင္းလွၿပီး ဇာတ္လိုက္ႏွင့္ ဇာတ္လိုက္မတို႔မွာ ေမၽွာ္လင့္ထားသလို ေပ်ာ္ရႊင္စရာ ေကာင္းလွတဲ့ ဇာတ္သိမ္း ျဖစ္သြားေပမယ့္လည္း သူမမွာ အလံုးစံု မေပ်ာ္ရႊင္ခဲ့ေပ။ ထိုဝတၳဳကို ပိုဖတ္ေလေလ ႏွလံုးသားထဲတြင္ ပိုမိုမြန္းက်ပ္ ဆို႔နစ္လာေလေလပင္ ျဖစ္သည္။
သူမ ရုတ္တရက္ မတ္တပ္ရပ္လိုက္ကာ စာအုပ္ကို ေကာက္ကိုင္လိုက္ၿပီး အခန္းထဲမွ မထြက္ခင္ အိမ္စီးဖိနပ္အပါးေလးအား ေကာက္စီးခဲ့လိုက္သည္။ 'ဒီစာအုပ္ကို ငါ့မ်က္လံုးေရွ႕မွာ မထားေတာ့မွ ဒီအေၾကာင္းကို ေမ့ႏိုင္မွာ !'
ထိုကဲ့သို႔ ေတြးလိုက္ၿပီးေနာက္ ေလွကားထစ္ေတြေပၚမွ အလ်င္စလို ဆင္းခဲ့မိသည္။ ခ်င္းစုယြဲ႕တစ္ေယာက္ ေျခေထာက္ေတြကို သတိမထားမိလိုက္ပဲ သူမစီးထားတဲ့ ဖိနပ္ပါးေတြဟာ ေလွကားတစ္ထစ္ကို ေက်ာ္ဆင္းလိုက္သည္ကို ခံစားမိလိုက္ၿပီး မၾကာခင္မွာပဲ သူမရဲ႕ ခႏၶာကိုယ္ဟာ ေလွကားထစ္ေတြေပၚကေန လိမ့္က်သြားေလ၏။ အရွိန္ထိန္းၿပီး ဟန္ခ်က္ညီဖို႔ ႀကိဳးစားလိုက္ေသာ္လည္း အခ်ည္းႏွီး။
ခႏၶာကိုယ္တစ္ခုလံုး ေလွကားအဆံုးထိ က်ဆင္းျခင္းမွာ အခ်ိန္ခဏမၽွၾကာသြားၿပီးေနာက္ မခ်ိမဆန္႔ နာက်င္မႈဟာ သူမကို လႊမ္းျခံဳသြားခဲ့သည္။ မ်က္ေတာင္မ်ားမွာ တဆတ္ဆတ္ တုန္ရီေနၾကသည္မွာ ေရွ႕တြင္ ပြင့္လ်က္သား ရွိေနသည့္ ထိုဝတၳဳစာအုပ္အား ျမင္ရရံုမၽွသာ ျဖစ္၏။ "သူမ ေသြးထြက္လြန္ၿပီး ေသသြားတယ္" ဆိုတဲ့ စာသားအေပၚတြင္ေတာ့ နီေစြးေစြး ေသြးတို႔ျဖင့္ စြန္းထင္းေနေခ်ၿပီ။
စိုစြတ္စြတ္ အထိအေတြ႕ဟာ ဦးေခါင္း အေနာက္ဘက္ဆီမွ ပ်ံ႕ႏွံ႔လို႔လာသည္။ ခ်င္းစုယြဲ႕တစ္ေယာက္ လြန္ခဲ့တဲ့လက သူမဘဝအေၾကာင္း ျပန္မေတြးရေသးခင္မွာပဲ အျမင္အာရံုမွာ ေမွာင္မဲသြားၿပီး သတိလစ္သြားသည္။
********************
"စုယြဲ႕... စုယြဲ႕... သမီး သတိရလာၿပီလား?" ခ်င္းစုယြဲ႕ဟာ မူးေမ့ေနရာကေန သတိျပန္လည္လာခဲ့သည္။ တစ္ေယာက္ေယာက္က သူမရဲ႕နာမည္ကို ေခၚေနတာ ၾကားလိုက္ရခ်ိန္မွာ ဦးေခါင္းအေနာက္ဘက္ဆီမွ ေဆာင့္တိုးလာသည့္ ဆိုးဆိုးဝါးဝါး နာက်င္မႈေၾကာင့္ မ်က္ဝန္းေတြဖြင့္ဖို႔ကို ေတာ္ေတာ္ေလး ႀကိဳးစားလႈပ္ရွားလိုက္ရသည္။
ျပန္စဥ္းစားၾကည့္လိုက္ေတာ့ ထိုအခ်ိန္တုန္းက သူမ အလြန္ေဒါသထြက္ၿပီး အဲဒီဝတၳဳစာအုပ္အား လႊင့္ပစ္လိုက္ဖို႔ ဆံုးျဖတ္ခဲ့သည္။ အဲဒီအစား ေလွကားထစ္ေတြေပၚကေန လိမ့္က်ခဲ့ကာ ေခါင္းကို ေလွကားထစ္ေတြရဲ႕ခၽြန္ထက္တဲ့ ေထာင့္စြန္းေတြျဖင့္ ေစာင့္မိ ခိုက္မိတာ ျဖစ္ႏိုင္သည္။
'ေသစမ္း!! နာလိုက္တာဟ! ' သတိရတဝက္ မရတဝက္အေျခအေနမွာ နာက်င္မႈေၾကာင့္ မ်က္ေမွာင္က်ံဳ႕လိုက္မိသည္။ ထိုစဥ္ အမ်ိဳးသမီးတစ္ဦးရဲ႕ ဝမ္းသာေပ်ာ္ရႊင္သြားသည့္အသံ ထြက္လာသည္.. "သူ ႏိုးလာၿပီ ! ဆရာဝန္ ျမန္ျမန္ သြားေခၚေခ် ! "
ခ်င္းစုယြဲ႕ဟာ မ်က္ဝန္းေတြကို ျဖည္းျဖည္းခ်င္း ႀကိဳးစားဖြင့္လိုက္ေတာ့ ျမင္လိုက္ရသည္မွာ မိတ္ကပ္ပါးပါးေျပေျပ လိမ္းျခယ္ထားတဲ့ သက္လတ္ပိုင္းအရြယ္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မႈန္ဝါးဝါး ပံုရိပ္ပဲ ျဖစ္ေလသည္။ ထိုအမ်ိဳးသမီးမွာ သူမကို စိုးရိမ္တႀကီး စိုက္ၾကည့္ေနပံုပင္..
"စုယြဲ႕ သမီး ေနာက္ဆံုးေတာ့ ႏိုးလာၿပီေပါ့ ... မင္းက ဒီအေမကို ေသေအာင္ ေျခာက္လန္႔ေနတာပဲ ! " ခ်င္းစုယြဲ႕၏မ်က္ဝန္းေတြမွာ က်ဥ္းေျမာင္းသြားသည္.. 'မဟုတ္ဘူး.. မဟုတ္ေသးဘူး... သူက ဘယ္လိုလုပ္ ငါ့အေမ ျဖစ္ႏိုင္မွာလဲ? ငါ့အေမက လံုးဝ ေက်းလက္သူပဲဟာ .. ဘယ္ေတာ့မွ မိတ္ကပ္နဲ႔ ဒီလို သပ္ရပ္ေၾကာ့ရွင္းတဲ့ အဝတ္ေတြ ဝတ္မွာမဟုတ္ဘူး !'
'ငါ ဂေယာင္ေခ်ာက္ျခား ျဖစ္ေနတာေနမွာ' ခ်င္းစုယြဲ႕ မ်က္ဝန္းေတြကို မွိတ္လိုက္ကာ ျပန္အိပ္လိုက္ေတာ့သည္။
သူမ ေနာက္တစ္ႀကိမ္ ျပန္ႏိုးလာတဲ့အခါမွာေတာ့ အျပင္ဘက္တြင္ ေတာ္ေတာ္ႀကီးကို ေမွာင္ရီပ်ိဳးေနေလၿပီ။ ေရွ႕တည့္တည့္ရွိ အလြန္႔အလြန္ ဝင္းလက္ေတာက္ပေနသည့္ သလင္းေက်ာက္ မီးဆိုင္းႀကီးအား ေမာ့ၾကည့္ေနရင္း မ်က္စိေတြပင္ က်ိန္းစက္လာရသည္။ ခ်င္းစုယြဲ႕ဟာ ထိုေတာက္ပေနသည့္ အလင္းေရာင္ထံမွ မ်က္ဝန္းေတြကို ကာကြယ္ဖို႔ရန္
လက္ကို သတိလက္လြတ္ ဆန္႔ထုတ္လိုက္မိသည္။ ဒါေပမယ့္ တစ္စံုတစ္ေယာက္က သူမလက္ေကာက္ဝတ္ကို ရုတ္တရက္ ဖမ္းကိုင္လိုက္၏။ ထို႔ေနာက္မွာေတာ့ အမ်ိဳးသားတစ္ေယာက္၏ တည္ၾကည္လွေသာ အသံကို ၾကားလိုက္ရသည္ ... "မလႈပ္ရွားေသးနဲ႔ဦး.. လက္မွာ ေဆးသြင္းထားတယ္"
အေတာ္ေလး စဥ္းစားမရ ျဖစ္ၿပီးတဲ့ေနာက္မွာ ခ်င္းစုယြဲ႕ဟာ ေသေသခ်ာခ်ာ ႏိုးလာခဲ့ၿပီျဖစ္ကာ သူမေဘးမွ လူစိမ္းကို ၾကည့္လိုက္ရင္း .. " ရွင္က ?" သူမ ေမးလိုက္ေတာ့ အဆိုပါ ခန္႔ညားလွတဲ့ အမ်ိဳးသားေလးက ျပန္ေျဖေလသည္ .."ဘယ္သူလဲ ဟုတ္လား? ငါက မင္းရဲ႕ အစ္ကိုေလ!"
' အစ္ကို.... '
'မဟုတ္ေသးပါဘူး ငါက တစ္ဦးတည္းေသာ ကေလးပါေနာ္ ! ဒါေပါ့ သူမအေဖရဲ႕ အျပင္က အိမ္ေထာင္ေရးေတြမွ တရားမဝင္ကေလးေတြကို ထည့္မတြက္ရင္ေပါ့ေလ !'
ခ်င္းစုယြဲ႕ဟာ ထိုတခဏမွာ ေတာ္ေတာ္ေလးကို စိတ္ရႈပ္ေထြးသြားေလသည္။ ပိုေတြးဖို႔ ႀကိဳးစားေလေလ ေခါင္းက ပိုကိုက္လာ ေလေလသာ ျဖစ္ေန၏။ သူမရဲ႕ ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာေလးကို သတိျပဳမိသြားေတာ့ ခ်င္းကြမ္းခ်န္က သူ႔ကိုယ္သူ ထိန္းလိုက္ကာ တည္ၾကည္စြာ ေမးလိုက္သည္ .. " ငါဘယ္သူလဲ တစ္ကယ္ မသိတာလား ? "
" ဟင္? "
"ကိုယ့္နာမည္ကိုယ္ေရာ သိေသးရဲ႕လား?"
သူမ မဆိုင္းမတြ ျပန္ေျဖလိုက္သည္ .. "ခ်င္းစုယြဲ႕"
ထိုလူသည္ သူမ၏နဖူးေလးအား ထိလိုက္ကာ ျပံဳး၏။ "ေကာင္းသားပဲ .. ၾကည့္ရတာ လံုးလံုးလ်ားလ်ား ထံုအသြားတာေတာ့ မဟုတ္ေသးဘူးပဲ .. ငါက ခ်င္းကြမ္းခ်န္... မင္းရဲ႕ အစ္ကိုႀကီးပဲ "
"ခ်င္းကြမ္းခ်န္? ဘာလို႔ ဒီနာမည္က အရမ္း ရင္းႏွီးေနရတာလဲ? " သူမ ရုတ္တရက္ မွတ္မိသြား.. သြား... ဒါက ဝတၳဳထဲမွာ မၾကာခဏ ပါလာတတ္တဲ့ နာမည္... ဗီလိန္အမ်ိဳးသမီးရဲ႕ အကို!
မျဖစ္ႏိုင္ဘူး! ဘာေတြျဖစ္ကုန္တာလဲ!
6.10.2019
********************
《Unicode》
အပိုင်း - ၃ [ နာမည်တူ - ၃ ]
ဝတ္ထုဇာတ်သိမ်းခါနီးတွင် အဆိုပါ ဗီလိန်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ လင်းဟွေ့ဟာ ရှန်ဝမ်းယန့်ရဲ့ တစ်လသာ ရှိသေးတဲ့ ကလေးကို ကိုယ်ဝန်ပျက်ကျစေတဲ့အချိန်မှာတော့ ချန်းစီနျန်ဟာ လုံးဝကို စိတ်ဆိုးဒေါသထွက်သွားတော့သည်။ လဝက်အတွင်းမှာပင် ချင်းမိသားစုနှင့် သူတို့၏ကုမ္ပဏီမှာ ဒေဝါလီခံလိုက်ရပြီး ချင်းမိဘနှစ်ပါးမှာ မျက်ရည်တွေနှင့်အတူ သေကြောင်းကြံစည်သွားခဲ့ကြသည်။ ချင်းစုယွဲ့မှာတော့ ဤကဲ့သို့ ဆိုးရွားစိတ်ပျက်ဖွယ်ကောင်းစွာ မသေဆုံးခင် တစ်နှစ်လောက်သာ အသက်ရှင်ခဲ့ပေသည်။
ထိုဝတ္ထုအား ဖတ်ရှုပြီးတဲ့အခါမှာ တစ်ချို့အချက်များကြောင့် စာဖတ်သူ ချင်းစုယွဲ့၏စိတ်ဝယ် ခပ်ချဥ်ချဥ် ဖြစ်နေသည်။ ဤသည်မှာ ထိုဗီလိန်အမျိုးသမီးနှင့် သူမမှာ တူညီတဲ့နာမည် ရှိနေတာကြောင့် ဖြစ်နိုင်သည်။
ငါလေးရဲ့ နာမည်က လုံးဝကို ထူးခြားတာပါ.. ဘာလို့ ဗီလိန်တစ်ယောက်မှာ ငါ့လို နာမည်မျိုး ရှိနေရတာလဲ? ထိုဗီလိန်အမျိုးသမီးရဲ့ ကံကြမ္မာမှာ စိတ်ပျက်စရာ ကောင်းလှပြီး ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့မှာ မျှော်လင့်ထားသလို ပျော်ရွှင်စရာ ကောင်းလှတဲ့ ဇာတ်သိမ်း ဖြစ်သွားပေမယ့်လည်း သူမမှာ အလုံးစုံ မပျော်ရွှင်ခဲ့ပေ။ ထိုဝတ္ထုကို ပိုဖတ်လေလေ နှလုံးသားထဲတွင် ပိုမိုမွန်းကျပ် ဆို့နစ်လာလေလေပင် ဖြစ်သည်။
သူမ ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ စာအုပ်ကို ကောက်ကိုင်လိုက်ပြီး အခန်းထဲမှ မထွက်ခင် အိမ်စီးဖိနပ်အပါးလေးအား ကောက်စီးခဲ့လိုက်သည်။ 'ဒီစာအုပ်ကို ငါ့မျက်စိရှေ့မှာ မထားတော့မှ ဒီအကြောင်းကို မေ့နိုင်မှာ !'
ထိုကဲ့သို့ တွေးလိုက်ပြီးနောက် လှေကားထစ်တွေပေါ်မှ အလျင်စလို ဆင်းခဲ့မိသည်။ ချင်းစုယွဲ့တစ်ယောက် ခြေထောက်တွေကို သတိမထားမိလိုက်ပဲ သူမစီးထားတဲ့ ဖိနပ်ပါးတွေဟာ လှေကားတစ်ထစ်ကို ကျော်ဆင်းလိုက်သည်ကို ခံစားမိလိုက်ပြီး မကြာခင်မှာပဲ သူမရဲ့ ခန္ဓာကိုယ်ဟာ လှေကားထစ်တွေပေါ်ကနေ လိမ့်ကျသွားလေ၏။ အရှိန်ထိန်းပြီး ဟန်ချက်ညီဖို့ ကြိုးစားလိုက်သော်လည်း အချည်းနှီး။
ခန္ဓာကိုယ်တစ်ခုလုံး လှေကားအဆုံးထိ ကျဆင်းခြင်းမှာ အချိန်ခဏမျှကြာသွားပြီးနောက် မချိမဆန့် နာကျင်မှုဟာ သူမကို လွှမ်းခြုံသွားခဲ့သည်။ မျက်တောင်များမှာ တဆတ်ဆတ် တုန်ရီနေကြသည်မှာ ရှေ့တွင် ပွင့်လျက်သား ရှိနေသည့် ထိုဝတ္ထုစာအုပ်အား မြင်ရရုံမျှသာ ဖြစ်၏။ "သူမ သွေးထွက်လွန်ပြီး သေသွားတယ်" ဆိုတဲ့ စာသားအပေါ်တွင်တော့ နီစွေးစွေး သွေးတို့ဖြင့် စွန်းထင်းနေချေပြီ။
စိုစွတ်စွတ် အထိအတွေ့ဟာ ဦးခေါင်း အနောက်ဘက်ဆီမှ ပျံ့နှံ့လို့လာသည်။ ချင်းစုယွဲ့တစ်ယောက် လွန်ခဲ့တဲ့လက သူမဘဝအကြောင်း ပြန်မတွေးရသေးခင်မှာပဲ အမြင်အာရုံမှာ မှောင်မဲသွားပြီး သတိလစ်သွားသည်။
********************
"စုယွဲ့ .. စုယွဲ့ .. သမီး သတိရလာပြီလား?" ချင်းစုယွဲ့ဟာ မူးမေ့နေရာကနေ သတိပြန်လည်လာခဲ့သည်။ တစ်ယောက်ယောက်က သူမရဲ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာ ဦးခေါင်းအနောက်ဘက်ဆီမှ ဆောင့်တိုးလာသည့် ဆိုးဆိုးဝါးဝါး နာကျင်မှုကြောင့် မျက်ဝန်းတွေဖွင့်ဖို့ကို တော်တော်လေး ကြိုးစားလှုပ်ရှားလိုက်ရသည်။
ပြန်စဉ်းစားကြည့်လိုက်တော့ ထိုအချိန်တုန်းက သူမ အလွန်ဒေါသထွက်ပြီး အဲဒီဝတ္ထုစာအုပ်အား လွှင့်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ အဲဒီအစား လှေကားထစ်တွေပေါ်ကနေ လိမ့်ကျခဲ့ကာ ခေါင်းကို လှေကားထစ်တွေရဲ့ချွန်ထက်တဲ့ ထောင့်စွန်းတွေဖြင့် စောင့်မိ ခိုက်မိတာ ဖြစ်နိုင်သည်။
'သေစမ်း!! နာလိုက်တာဟ! ' သတိရတဝက် မရတဝက်အခြေအနေမှာ နာကျင်မှုကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။ ထိုစဉ် အမျိုးသမီးတစ်ဦးရဲ့ ဝမ်းသာပျော်ရွှင်သွားသည့်အသံ ထွက်လာသည်.. "သူ နိုးလာပြီ ! ဆရာဝန် မြန်မြန် သွားခေါ်ချေ ! "
ချင်းစုယွဲ့ဟာ မျက်ဝန်းတွေကို ဖြည်းဖြည်းချင်း ကြိုးစားဖွင့်လိုက်တော့ မြင်လိုက်ရသည်မှာ မိတ်ကပ်ပါးပါးပြေပြေ လိမ်းခြယ်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ရဲ့ မှုန်ဝါးဝါး ပုံရိပ်ပဲ ဖြစ်လေသည်။ ထိုအမျိုးသမီးမှာ သူမကို စိုးရိမ်တကြီး စိုက်ကြည့်နေပုံပင်..
"စုယွဲ့ သမီး နောက်ဆုံးတော့ နိုးလာပြီပေါ့ ... မင်းက ဒီအမေကို သေအောင် ခြောက်လန့်နေတာပဲ ! " ချင်းစုယွဲ့၏မျက်ဝန်းတွေမှာ ကျဉ်းမြောင်းသွားသည်.. 'မဟုတ်ဘူး... မဟုတ်သေးဘူး... သူက ဘယ်လိုလုပ် ငါ့အမေ ဖြစ်နိုင်မှာလဲ? ငါ့အမေက လုံးဝ ကျေးလက်သူပဲဟာ .. ဘယ်တော့မှ မိတ်ကပ်နဲ့ ဒီလို သပ်ရပ်ကြော့ရှင်းတဲ့ အဝတ်တွေ ဝတ်မှာမဟုတ်ဘူး !'
'ငါ ဂယောင်ချောက်ခြား ဖြစ်နေတာနေမှာ' ချင်းစုယွဲ့ မျက်ဝန်းတွေကို မှိတ်လိုက်ကာ ပြန်အိပ်လိုက်တော့သည်။
သူမ နောက်တစ်ကြိမ် ပြန်နိုးလာတဲ့အခါမှာတော့ အပြင်ဘက်တွင် တော်တော်ကြီးကို မှောင်ရီပျိုးနေလေပြီ။ ရှေ့တည့်တည့်ရှိ အလွန့်အလွန် ဝင်းလက်တောက်ပနေသည့် သလင်းကျောက် မီးဆိုင်းကြီးအား မော့ကြည့်နေရင်း မျက်စိတွေပင် ကျိန်းစက်လာရသည်။ ချင်းစုယွဲ့ဟာ ထိုတောက်ပနေသည့် အလင်းရောင်ထံမှ မျက်ဝန်းတွေကို ကာကွယ်ဖို့ရန်
လက်ကို သတိလက်လွတ် ဆန့်ထုတ်လိုက်မိသည်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သူမလက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းကိုင်လိုက်၏။ ထို့နောက်မှာတော့ အမျိုးသားတစ်ယောက်၏ တည်ကြည်လှသော အသံကို ကြားလိုက်ရသည် ... "မလှုပ်ရှားသေးနဲ့ဦး.. လက်မှာ ဆေးသွင်းထားတယ်"
အတော်လေး စဉ်းစားမရ ဖြစ်ပြီးတဲ့နောက်မှာ ချင်းစုယွဲ့ဟာ သေသေချာချာ နိုးလာခဲ့ပြီဖြစ်ကာ သူမဘေးမှ လူစိမ်းကို ကြည့်လိုက်ရင်း .. " ရှင်က ?" သူမ မေးလိုက်တော့ အဆိုပါ ခန့်ညားလှတဲ့ အမျိုးသားလေးက ပြန်ဖြေလေသည် .."ဘယ်သူလဲ ဟုတ်လား? ငါက မင်းရဲ့ အစ်ကိုလေ!"
' အစ်ကို.... '
'မဟုတ်သေးပါဘူး ငါက တစ်ဦးတည်းသော ကလေးပါနော် ! ဒါပေါ့ သူမအဖေရဲ့ အပြင်က အိမ်ထောင်ရေးတွေမှ တရားမဝင်ကလေးတွေကို ထည့်မတွက်ရင်ပေါ့လေ !'
ချင်းစုယွဲ့ဟာ ထိုတခဏမှာ တော်တော်လေးကို စိတ်ရှုပ်ထွေးသွားလေသည်။ ပိုတွေးဖို့ ကြိုးစားလေလေ ခေါင်းက ပိုကိုက်လာ လေလေသာ ဖြစ်နေ၏။ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို သတိပြုမိသွားတော့ ချင်းကွမ်းချန်က သူ့ကိုယ်သူ ထိန်းလိုက်ကာ တည်ကြည်စွာ မေးလိုက်သည် .. " ငါဘယ်သူလဲ တစ်ကယ် မသိတာလား ? "
" ဟင်? "
"ကိုယ့်နာမည်ကိုယ်ရော သိသေးရဲ့လား?"
သူမ မဆိုင်းမတွ ပြန်ဖြေလိုက်သည် .. "ချင်းစုယွဲ့"
ထိုလူသည် သူမ၏နဖူးလေးအား ထိလိုက်ကာ ပြုံး၏။ "ကောင်းသားပဲ .. ကြည့်ရတာ လုံးလုံးလျားလျား ထုံအသွားတာတော့ မဟုတ်သေးဘူးပဲ .. ငါက ချင်းကွမ်းချန်... မင်းရဲ့ အစ်ကိုကြီးပဲ "
"ချင်းကွမ်းချန်? ဘာလို့ ဒီနာမည်က အရမ်း ရင်းနှီးနေရတာလဲ? " သူမ ရုတ်တရက် မှတ်မိသွား... သွား.. ဒါက ဝတ္ထုထဲမှာ မကြာခဏ ပါလာတတ်တဲ့ နာမည်... ဗီလိန်အမျိုးသမီးရဲ့ အကို!
မဖြစ်နိုင်ဘူး! ဘာတွေဖြစ်ကုန်တာလဲ!
6.10.2019
********************