ABO world ( Arc 11 FOD ) (com...

By kilulayuu121

684K 68.9K 1.2K

This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More

11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.15 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.28 (U)
final (U)

11.27 (U)

5.9K 709 11
By kilulayuu121

11.27

စစ်ဆေးမှုတွေ တောက်လျှောက်လုပ်ပြီးတဲ့အခါမှာ စစ်တပ်ကောင်စီက အော့စ်ဘွန်းနဲ့စီရှယ်ကို နိုင်ငံတော် သစ္စာဖောက်မှု မှားယွင်းစွာ အစီရင်ခံမှု နဲ့ စွဲချက်တင်ခဲ့ကြတယ်။ သူတို့တွေက အဲဒီလူနှစ်ယောက်ရဲ့ တပ်မဟာ(၁) နဲ့ တပ်မဟာ(၂)ကိုလည်း ဖျက်သိမ်းပြီး ဂျိုရှုအာ ဦးဆောင်နေတဲ့ အင်ပါယာစစ်တပ်ထဲ ပူးပေါင်းစေခဲ့တယ်။

ဘာလို့ဆို ဒီလူနှစ်ယောက်က ဂလက်ဆီ မှာ အင်အားအကောင်းဆုံးတွေ ဖြစ်တဲ့အတွက် သွားရောက်ဖမ်းဆီးတဲ့အခါ အင်ပါယာစစ်တပ်က သူတို့ရဲ့ အင်အားအကောင်းဆုံး ယာဉ်အဖွဲ့သာ တွေနဲ့ ဗီလာ နှစ်ခုကို ဝိုင်းထားခဲ့တယ်။

ဂျိုရှုအာက သူရဲ့ငွေဖြူ ရောင် အထူးယာဉ် မောင်းနှင်းလာရင်း အသံချဲ့စက်ကနေ သူတို့နှစ်ဦးကို မခုခံဖို့ သတိပေးရင်း အမိန့်ပေးလိုက်တယ်။ ခုခံခဲ့ရင် ဘားနက်မိသားစုနဲ့ မက်သရူးမိသားစုကို ဖျက်စီးပစ်မယ်လို့ ပြောခဲ့တယ်။

အင်ပါယာထဲ မိသားစုနှစ်ခုရဲ့ အလားအလာ အကောင်းဆုံးနှစ်ယောက်က အခု အရှက်ရပြီး သစ္စာဖောက်မှုကို ကြုံတွေ့နေရတယ်။ ဘားနက်အိုကြီးနဲ့ မက်သရူးအိုကြီးက အရမ်းကို အိုမင်းနေလေပြီ။ အော့စ်ဘွန်းနဲ့စီရှယ်ကို အရိုးထိအောင် မုန်းတီးနေတဲ့ နောက်မျိုးဆက်သစ် တချို့တွေက သူတို့ကိုဖမ်းဆီးပြီး ကောင်စီဆီ အပ်နှံခဲ့ကြတယ်။

ယွင်ရှန့်က ပြတင်းပေါက်ရှေ့မှာ ရပ်နေရင်း အဖြူရောင် ယာဉ် ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ သူက ဒီရက်တွေမှာ ဂျိုရှုအာ ရဲ့ မူမမှန်မှုတွေကို ထပ်ခါထပ်ခါ အသေးစိတ် စစ်ဆေးခဲ့တယ်။ သံသယဖြစ်တာထက် ပိုပြီး သေချာလာတယ်။ စိတ်စွမ်းအား ရဲ့ အင်အားက မွေးကတည်းက သတ်မှတ်ပြီးသား ဖြစ်တယ်။ S level ကနေ 3S ကို ရုတ်တရက် တိုးမြှင့်သွားဖို့ဆိုတာက ဂျိုရှုအာက သူ့လိုမျိုး စွမ်းအားများတဲ့ ဝိညာဉ်မျိုးနဲ့တွေ့သွားတာပဲ ဖြစ်နိုင်တယ်။

ဇာ့ဂ် ဘုရင်မက ဇာ့ဂ်တွေအကုန်လုံးကို အမိန့်ပေးထိန်းချုပ်နိုင်တဲ့အတွက် သူ့စိတ်စွမ်းအားရဲ့ အင်အားက သိသာထင်ရှားလေတယ်။ ဂျိုရှုအာ ရဲ့ ရုတ်တရက် ပြောင်းလဲမှုကလဲ စစ်ပွဲပြီးမှ ဖြစ်ပေါ်လာတာ ဖြစ်တယ်။

ကမ္ဘာရဲ့အသိစိတ်က ဘာထိုင်လုပ်နေတာလဲ။ ကံကြမ္မာရဲ့ သားတော်က ဘာလို့ လူစားထိုးခံလိုက်ရတာလဲ...

ဒါပေမဲ့ လုံးဝ လူစားထိုးခံလိုက်ရတာတော့လည်း မဟုတ်သေဘူး။ ဂျိုရှုအာက သူ ပြီးမြောက်ရမဲ့ အလုပ်တွေအားလုံး ပြီးမြောက်ဆဲဖြစ်တယ်။ ပြီးတော့ သူက ရသင့်တာထက်တောင်ပိုပြီး ဂုဏ်ယူလေးစားမှု ခံရသေးတယ်။ ပိုဆိုးတာက သူ့ရဲ့ နဂို ကံတရားထက်တောင် ပိုသာနေသေးတယ်။

ကြည့်ရတာ ကံကြမ္မာက အများကြီး ပြောင်းလဲသွားတာ မဟုတ်ဘူးပဲ......

တကယ်လို့ သူသာ သူ့ကိုယ်သူ မဖော်ထုတ်ခဲ့ဘူးဆိုရင် လူသားမျိုးနွယ်စုရော ဇာ့ဂ်မျိုးနွယ်စုရော တိတ်တဆိတ် ထိန်းသိမ်းထားရင်း ဇာ့ဂ် ဘုရင်မတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ ဂလက်ဆီ တစ်ခုလုံးကို အသိုက်အမြုံ အဖြစ်ပြောင်းလဲနိုင်လိမ့်မယ်။

ကောင်းတဲ့ တွက်ချက်မှုပဲ...... ယွင်ရှန့်က ဖန်ခွက်ကို ငွေဖြူ ရောင်အထူးယာဉ်ဆီ မြှောက်ပြပြီးနောက် ကုတင်းဘေးဆီ လျှောက်လှမ်းသွားခဲ့ပြီး စိတ်မရှည်စွာ အော်နှိုးလိုက်တယ် " ထတော့ တရားရုံး သွားရတော့မယ် "

" ကျစ် စိတ်ညစ်ဖို့ ကောင်းတာ" အော့စ်ဘွန်းက မျက်လုံးဖွင့်ရင်း ဘာမှမပါဘဲ အိပ်ယာက ထလာတယ်။ သူက မှန်ဆီ လမ်းလျှောက်သွားရင်း တဇောင်းလှည့်ပြီး သူ့ကျောဘက်က ကုတ်ရာတွေကို ကြည့်လိုက်တယ်။

အဲဒီနောက် အောက်မေ့ဖွယ် အသံလေးနဲ့ပြောလိုက်တယ်

" ကိုယ့်အချစ်လေး မနေ့ညက အရမ်းကို ပြင်းပြတာပဲ ။ ကိုယ့်ကို ရူးသွပ်အောင် ပြုစားနိုင်လွန်းတယ် "

ယွင်ရှန့်က သူ့ခေါင်းပေါ် ကုတ်အကျီ လှမ်းပစ်လိုက်ပြီး အပြုံးတုလေးနဲ့ ပြောလာတယ် " အကုန်လုံးပြောကျတာ အော့စ်ဘွန်းက မြင့်မြတ်တယ်။ တည်ကြည်တယ်ဆို ...... အိမ်မှာ ဘယ်လိုပြုမူနေလဲဆိုတာ သူတို့ကို မြင်ခွင့်ပေးသင့်တာ "

" အဲဒါက အရင်တုန်းကပါ။ အခုအော့စ်ဘွန်းက အင်ပါယာကို သစ္စာဖောက်ပြီး ကိုယ့်ရဲဘော်တွေကို သတ်ထားတဲ့ သတ္တိမရှိတဲ့ လူဖျင်းလေးပါ ။ သူတို့ရှေ့မှာ ပုံရိပ် ဆက်ထိန်းထားဖို့ မလိုဘူးလေ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နောင်အနာဂတ်မှာ ကိုယ့်အချစ်လေးနဲ့ လုပ်ချင်တာ လုပ်လို့ရပြီ။ အင်ပါယာက ကိုယ့်တာဝန် မဟုတ်တော့ဘူး။ မင်းလေး တစ်ယောက်တည်းပဲ......"

သူက သူ့ချစ်သူမေးဖျားလေးကို ဆွဲကိုင််ရင်း သူရဲ့ ရွှန်းစိုနေတဲ့ အနီရောင် နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။

ယွင်ရှန့်ကလည်း သူ့ခေါင်းနောက်ကို ဆွဲကိုင်လိုက်ပြီး morning kiss အများကြီး ပေးလိုက်တယ်။ စစ်တပ်အင်အားစုက တံခါးကို ချိုးဖောက်ဝင်ရောက်လာတဲ့အခါမှာ ဒီမြင်ကွင်းကို မြင်တွေ့ခဲ့တာ ဖြစ်တယ်။ သူတို့ဟာ သေနတ်တောင် ဖြောင့်ဖြောင့် မကိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ သူတို့က ထိပ်တန်းအရာရှိနှစ်ယောက်ရဲ့ ခံစားချက်က ပုံမှန်ထက် ပိုနက်ရှိုင်းတယ်ဆိုတာ ကြားဖူးခဲ့ကြတယ်။

ဒါပေမဲ့ နောက်ဆုံးတော့ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ကြုံတာ ဖြစ်တယ်။ အခြေအနေတွေ ဒီလိုဖြစ်နေတာတောင် သူတို့က အဲလို လုပ်နေနိုင်သေးတယ်လား။

" သွားရအောင် " ယွင်ရှန့်က သူ့ချစ်သူရဲ့ တောင့်တင်းလှတဲ့ တင်ကို ပုတ်ပြီး ပြောလိုက်တယ်။ အဲဒီနောက် လက်ကို ဆန့်တန်းလိုက်ရင်း စိတ်စွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို ဖိနှိပ်ဖို့ လက်ထိပ်တွေ ဝတ်ဆင်ခွင့်ပြုလိုက်တယ်။

လက်ထိပ်တွေက မြေဆွဲအား ကိရိယာတွေနဲ့ တပ်ဆင်ထားတာ ဖြစ်တယ်။ အမြင့်ဆုံးအနေနဲ့ အဆ 500 မြေဆွဲအားကို ထားရှိပြီး 3Sအဆင့် စွမ်းအားတွေနဲ့ပတ်သတ်ပြီး သီးသန့်သုံးတာဖြစ်တယ်။ အားသုံးဖို့ဆို ဝေးလာဝေး ... လမ်းလျှောက်ဖို့တောင် ခက်ခဲပေတယ်။ သူတို့တွေရဲ့ ခြေလှမ်းတိုင်းက မြေကြီးမှာ ချိုင့်ဝင်သွားပြီး ခြေရာတွေ ကျန်ခဲ့လေတယ်။ လှေကားတွေတောင် ကွဲကြေလုမတတ် ဖြစ်သွားခဲ့တယ်။ ဖမ်းဆီးမှုကို တာဝန်ယူထားရတဲ့ စစ်သားတွေက ဆက်တိုက် ကြောက်လန့်နေလေတယ်။

လက်ထိပ်နဲ့လူနှစ်ယောက်ကို မြင်ပြီး ဂျိုရှုအာက ယာဉ်မောင်းသူနေရာကနေ ဖွင့်ပြီး ခုန်ချလာတယ်။

သူက အော့စ်ဘွန်းဆီ လမ်းလျှောက်လာရင်း အသံကို နိမ့်ပြီးပြောလိုက်တယ်

" ခင်ဗျား တစ်ခါကပြောဖူးတယ်။ ကျွန်တော်က ရည်မှန်းချက်ကြီးပြီး အဲဒါကို အောင်မြင်အောင်လုပ်ဖို့ အရည်အချင်းတော့ မရှိဘူးဆိုပြီး ...... အခုကြည့်ပါဦး။ ကျွန်တော်က အထွတ်အထိပ်ကို ရောက်နေပြီ။ ခင်ဗျားက အကျည်းသားပဲ ... အော့စ်ဘွန်း ခင်ဗျားမှားတယ်ဆိုတာ သက်သေပြခဲ့တာပဲ။ ကျွန်တော် ဂျိုရှုအာက တခြားလူတစ်ယောက်ကို မှီခိုနေတဲ့သူ ဘယ်တော့မှ ဖြစ်မလာစေရဘူး။ အားလုံးထဲမှာ အသန်မာဆုံး ဖြစ်နေရမယ်"

သူက နောက်နှစ်လမ်း ဆုတ်လိုက်ပြီး ကိုယ့်ဘာသာ ယုံကြည်မှုပြည့်နေတဲ့ အပြုံးမျိုးနဲ့ ပြုံးလိုက်တယ်။

ယွင်ရှန့်က သူ့ကို အံ့သြပြီး ကြည့်လိုက်တယ်။ ပြောခဲ့တဲ့စကားတွေအရ ဂျိုရှုအာရဲ့ ဆင်ခြင်တုံတရားကို ဘုရင်မက လုံးဝ ဝါးမျိုသွားတာတော့ မဟုတ်သေးဘူးပဲ။ သူ့စိတ်ဆန္ဒ နဲ့ စိတ်ထဲမှာ စွဲနေမှုက မပျောက်ကွယ်သွားသေးဘူး။ သူက သူကိုယ်တိုင် ဖြစ်နေသေးတယ်။

ဒါပေမဲ့ ဘုရင်မလည်း ဖြစ်နေတယ် သူတို့ကလုံးဝကို ပေါင်းစပ်သွားခဲ့တာပဲ....

ဇာ့ဂ် ဘုရင်မကို သူ့ကို ရွေးချယ်တာ အံ့သြစရာတော့ မရှိပါဘူး။ သူ့နှလုံးသားမှာ ဖုံးကွယ်ထားတဲ့ အလိုဆန္ဒတွေ အများကြီး ရှိနေပြီး အဲဒါတွေကပဲ သူ့ကို ဘုရင်မကနေ အလွယ်တကူ စွဲဆောင်ခံလိုက်ရတာ ဖြစ်တယ်။ အဲဒါကြောင့်ပဲ သူက လိုလိုချင်ချင် လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့တာပဲ ဖြစ်တယ်။ တကယ်လို့ သူနဲ့အော့စ်ဘွန်းသာ သူ့မာနကို မတက်နင်းခဲ့ဘူးဆိုရင် ဒီလမ်းကြောင်းပေါ် ရောက်လာမှာ မဟုတ်ဘူး။

ဒါကိုတွေးမိလိုက်ပြီး ယွင်ရှန့်က နောက်တကြိမ် နှာခေါင်းရှုံ့လိုက်တယ်။

မာနကို ဘာတက်နင်းမိတာလဲ

သူသာ သူ့ကိုယ်သူ တကယ်လေးစားတယ်ဆိုရင် ဒီလိုလုပ်စရာ မရှိဘူး။ နောက်ဆုံးရလဒ်အနေနဲ့ သူရဲ့ အလိုကြီးတဲ့ ဆန္ဒတွေကိုသာ အပြစ်တင်ခဲ့တယ်။ မူလဇာတ်ကြောင်းအရ သူက ဘယ်တော့မှ ကြိုးကြိုးစားစား လုပ်စရာမလိုအပ်ခဲ့ပေ။ သူ လိုချင်တဲ့အရာတိုင်း အော့စ်ဘွန်းနဲ့ကယ်လီက ပေးအပ်ခဲ့တယ်။ အဲဒါကြောင့် သူက ကြင်နာနွေးထွေးပြီး တကိုယ်ကောင်းမဆန်တဲ့လူ တစ်ယောက်အဖြစ် ကျန်ရှိခဲ့တာပဲ။

ဒါပေမဲ့ ဒီလူနှစ်ယောက် တိတ်တဆိတ် ကိုယ်ကျိုးစွန့်မှုတွေ ဂရုစိုက်မှုတွေ ကူညီမှုတွေ မပါဘဲ သူက ကိုယ့်ဘာသာ အားကိုးခဲ့ရတယ်။ ဒါပေမဲ့လည်း သူက သာမာန်မိသားစုကဖြစ်ပြီး သူ့စွမ်းအားက အယ်လ်ဖာ တစ်ယောက်နဲ့ ယှဉ်နိုင်တယ်ဆိုပေမဲ့ အရမ်းထူးချွန်နေတာတော့လည်း မဟုတ်ဘူး။ အဲဒါကြောင့် သဘာဝကျကျ သူဘဝရဲ့ အခမ်းကဏ္ဍတွေက ကျေနပ်စရာ မကောင်းလှဘူး။ တူညီတဲ့ အိုမီဂါ ဖြစ်ပြီး သူ့ထက်အဆများစွာ တော်တဲ့ စီရှယ် ပေါ်လာတဲ့အခါမှာ သူက စိတ်ထဲမှာ မှတ်တေးထားပြီး အလိုမရှိတာက ပုံမှန်ပဲ ဖြစ်တယ်။

သူက ပိုသန်မာချင်တယ်။ စီရှယ် ထက်ပိုတော်ချင်တယ်။ အဲဒါကြောင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက လိပ်ပြာတောင်ပံခတ်မှု သက်ရောက်မှုရဲ့ ရလဒ် ဖြစ်လေတယ်။

ဒါတွေအားလုံးရဲ့ လူံ့ဆော်သူ ဖြစ်တဲ့အတွက် ယွင်ရှန့်က အပျင်းပြေ ရယ်မောလိုက်တယ်။ သူက ဂျိုရှုအာဆီ နှစ်လမ်းရှေ့တိုးလိုက်တဲ့အခါ စစ်သားတွေက သေနတ်တွေနဲ့ ချိန်ရွယ်ထားလေတယ်။

" မကြောက်ပါနဲ့။ အရင်အတန်းဖော်ကို စကားနည်းနည်းပြောရုံလေးပါ " သူက လက်ကို ယမ်းပြီး ပြုံးပြလိုက်တယ်။ အဲဒီနောက် ဂျိုရှုအာ ဆီ တိုးတိုးလေး ကပ်ပြောခဲ့တယ်

" လိုအင်ဆန္ဒတွေကနေ ရုပ်သေးရုပ်လိုမျိုး ကြိုးဆွဲခံနေရတာက မင်းကို မသန်မာစေဘူး။ ငါ့မျက်လုံးထဲမှာ မင်းက အားနည်းတယ်။ အားနည်းပြီး အကူညီမဲ့တယ် "

ဂျိုရှုအာက ရုတ်တရက် လူသတ်ချင်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာပြီး အေးစက်နေတဲ့ မျက်လုံးနဲ့ ပြန်ကြည့်လိုက်တယ်။

" ပြောချင်တာပြော အရမ်းကပ်မသွားနဲ့လေ " အော့စ်ဘွန်းက သူ့ချစ်သူကို သူ့ဘေး ပြန်ဆွဲခေါ်လိုက်ပြီး ဂျိုရှုအာ ကို တူညီတဲ့ လူသတ်ချင်စိတ်နဲ့ ပြန်ကြည့်လိုက်တယ်။

သူတို့က နောက်ဆုံးတော့လဲ ထိပ်တန်းအရာရှိတွေပါပဲ။ သူတို့က အင်အားလည်း ကြီးမားကြတယ်။ သူတို့ရဲ့ အကျဉ်းထောင်တွေကလည်း အရမ်းကို သန့်ရှင်းပြီးတောက်ပနေတယ်။ ဒါပေမဲ့ အော့စ်ဘွန်းက သူ ခြေလှမ်းချလိုက်ချင်းမှာပဲ ဒေါသ အမြောင်းမြောင်း ထွက်ပေါ်လာတယ်။ ဘာလို့ဆို သူ့ကို စီရှယ်နဲ့ သီးခြားအကျည်းထောင်ခန်းထဲ ထားလို့ ဖြစ်တယ်။ သူရဲ့ နီရဲနေတဲ့ မျက်လုံးနဲ့ ရက်စက်တဲ့ အမူအရာက အကျဉ်းထောင် အရာရှိကို ကြောက်လန့်စေတယ်။ အဲဒီညမှာပဲ သူတို့နှစ်ယောက်ကို နှစ်ယောက်ခန်းဆီ ရွေ့ပြောင်းပေးခဲ့ရတယ်။

" သူတို့ကို ပိုကြီးတဲ့ အိပ်ခန်း မပေးစေချင်ဘူးလား" ယွင်ရှန့်က သေးငယ်ပြီး တစ်မီတာသာ ကျယ်ဝန်းတဲ့ ကုတင်ပေါ်မှာ ခြေချိတ်ထိုင်ရင်း ရယ်မောနေလေတယ်။

အော့စ်ဘွန်းက သူ့ဘေးနားမှာ ထိုင်နေလေတယ်။ ဘာလို့ဆို အလေးချိန်စီးတဲ့ လက်ထိပ်တွေကြောင့် ဖြစ်လေတယ်။ အဲဒါက သူ့ချစ်သူကို ပွေ့ဖက်ဖို့ အဆင်မပြေစေဘူး။ သူက မေးကို နမ်းလိုက်ပြီး ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်

" အဲဒါလိုဘူးလေ ဒီကုတင်အသေးလေးက အနားယူဖို့ လုံလောက်ပါတယ်။ ကိုယ်အရင်လှဲလိုက်မယ် ပြီးရင် ကိုယ့်အပေါ်ကနေ အချစ်လေးက ထပ်လှဲပေါ့"

ယွင်ရှန့်က ပါးစပ်ကို ဖွင့်လိုက်ပြီး လျှာကို ရစ်ပတ်ယူရင်း စိတ်အားထက်သန်စွာ နမ်းလိုက်တယ်။ ထောင်စောင့်က နာရီတိုင်း ကင်းလှည့်တဲ့အခါ အဲဒီမြင်ကွင်းကို တွေ့လေတယ်။

သူတို့နှစ်ဦးဟာ ကုတင်ပေါ် လဲလျောင်းနေတာမျိုး ဒါမှမဟုတ် နမ်းနေတာမျိုး ဒါမှမဟုတ် ထွေရာလေးပါး ပြောဆိုနေတာမျိုး ...... သူတို့တွေ ဘာလို့ အဲဒီလောက်တောင် လွတ်လပ်နေတာတုန်း

အစောင့်က သက်ပြင်းချပြီး ခေါင်းမခါဘဲ မနေနိုင်တော့ဘူး။ ဒီလိုပြင်းထန်တဲ့ အပြစ်ကို ကျူးလွန်ထားတာတောင် တစ်စက်လေးမှ နောင်တရပုံ မပေါ်ဘူး။ ဒီလူနှစ်ယောက်ကို မကယ်တင်နိုင်တော့ဘူး။

Continue Reading

You'll Also Like

2.9M 229K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
12.8K 2.6K 28
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
104K 12.6K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...