ABO world ( Arc 11 FOD ) (com...
By kilulayuu121
683K 68.9K 1.2K
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other... More
11.1
11.2
11.3
11.4
11.5
11.6
11.7
11.8
11.9
11.10
11.11
11.12
11.13
11.14
11.15
11.16
11.17
11.18
11.19
11.20
11.21
11.22
11.23
11.24
11.25
11.26
11.27
11.28
FINAL
11.1 (unicode)
11.2 (U)
11.3 (U)
11.4 (U)
11.5 (U)
11.6 (U)
11.7 (U)
11.8 (U)
11.9 (U)
11.10 (U)
11.11 (U)
11.12 (U)
11.13 (U)
11.14 (U)
11.16 (U)
11.17 (U)
11.18 (U)
11.19 (U)
11.20 (U)
11.21 (U)
11.22 (U)
11.23 (U)
11.24 (U)
11.25 (u)
11.26 (U)
11.27 (U)
11.28 (U)
final (U)
11.15 (U)
7.3K 900 10
By kilulayuu121
11.15
ချယ်မန်း စစ်အကယ်ဒမီကျောင်းရဲ့ ထမင်းစားဆောင်မှာ ကျောင်းသားတွေ အားလုံးက ထိုင်းမှိုင်းနေတဲ့ အမူအယာတွေနဲ့ screen ကြီးကြီးကို စိုက်ကြည့်နေကြတယ်။ သူတို့က စီရှယ်ဟာ စိတ်စွမ်းအားရော၊ ခန္ဓာကြံ့ခိုင်မှုရော 3S အဆင့် ဖြစ်နေလို့ တွေးတောင်မတွေးမိကြပေ။ အတော်ဆုံးတွေလို့ ပြောနိုင်တဲ့ အယ်လ်ဖာ တစ်ချို့ရဲ့မျက်လုံးထဲမှာတောင် ဒါက ပုံမှန်မဟုတ်တဲ့ တည်ရှိမှု ဖြစ်နေတယ်။
ကယ်လီက ညင်သာစွာ ပြုံးပြီး ပြောလိုက်တယ် " သူက တကယ်ကို အထူးခြားဆုံးပဲ"
ဂျိုရှုအာကလည်း ခံစားချက်ကို သိသာအောင်မပြပေမဲ့ ဓားနဲ့ခရင်း ကိုင်ထားတဲ့ သူ့လက်က တုန်ယင်နေခဲ့တယ်။ သူက စီရှယ်မှာ စိတ်စွမ်းအား S ဒါမှမဟုတ် 2S နဲ့ ခန္ဓာကြံ့ခိုင်မှု B+ နဲ့ A- ကြားလို့ တွေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ သူက သဝန်တိုစိတ်ကြောင့် စီရှယ်ကို အထင်သေးခဲ့တယ်ဆိုတာ တွေ့ရှိသွားခဲ့တယ်။
သူ့ပုံစံက တောက်ပပြီး ပွင့်လင်းတယ်။ သူက ဗဟုသုတလည်း ကြွယ်ဝတယ်။ စကားပြောရင်လဲ စိတ်ဝင်စားအောင် ပြောတတ်တယ်။ ရဲရင့်ပြီး သတ္တိရှိတယ်။ မှီခိုမှုလည်း ကင်းတယ်။ အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓာတ်လည်း ရှိတယ် ။
ဒါတွေက အော့စ်ဘွန်း လေးစားဆုံး အရည်အချင်းတွေပဲ ....မဟုတ်ဘူး... အဲဒီလေးစားမှုဆိုတာက သူတို့ကို ပေါ့ပေါ့ပါးပါး ဆက်ဆံတာပဲ ...
သူတို့ကို ချစ်မြတ်နိုးတယ်။ စီရှယ့်အပေါ် အော့စ်ဘွန်းရဲ့ သဘောထားက ပိုပိုပြီး ညင်သာလာတယ်။ သူတို့က တူညီတဲ့ အလားလာကောင်းလည်း ရှိနေတယ်။ မကြာခင်မှာ သူတို့က ပခုံးချင်းယှဉ် ရင်ဘောင်တန်းနိုင်လောက်တယ်။
သူ့ကိုစ်ချိန်က အော့စ်ဘွန်းနဲ့ ယှဉ်နိုင်တဲ့ ချစ်သူဆိုပြီး ချီးမြောက်ခံခဲ့ရတာတွေက အခုချိန်မှာ ဟာသတစ်ခုလိုပဲ
ကြယ်တာရာကွန်ယက်ပေါ်က လူတွေကလဲ အော့စ်ဘွန်းကို အမြင်မရှိဘူးဆိုပြီး ဝေဖန်နေကြတယ်။ တကယ်လို့ သူတို့သာ တိတ်တခိုး မတွဲခဲ့ရင် သူပါရောပြီး အပြောခံနေရလောက်တယ်။ ဂျိုရှုအာ ရဲ့ မျက်နှာက စိုးရိမ်ပူပင်မှုတွေနဲ့ ဖြူဖျော့သွားတယ်။ သူက သူ့ဘာသာ အော့စ်ဘွန်းက စိတ်အပြောင်းအလဲ မြန်တဲ့လူ မဟုတ်ပါဘူး ဆိုပြီး ဖြေသိမ့်နေတယ်။
ဒါက သူ့ကို ခဏတာပဲ သက်သာစေတယ်။
သူက screen ကို စိုက်ကြည့်လိုက်ပြီး သူတို့နှစ်ဦး ယာဉ် ထဲမှာ ဘာလုပ်နေမလဲဆိုပြီး မှန်းဆဖို့ ကြိုးစားနေတယ်။
ယွင်ရှန့်က တူညီပြီး မြင့်မားတဲ့ နည်းပညာရှိတဲ့ခေတ်ကနေ ရောက်လာတာဖြစ်တဲ့အတွက် သူက လျှပ်စစ်စက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းလေတယ်။ အဲဒီကြောင့် ယာဉ် ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံက သူ့အတွက် အဆန်း မဟုတ်ပေ။
ယာဉ်ထဲ လေ့လာနေတုန်းမှာ သူက သူရဲ့ ကိုယ်ပိုင်ယာဉ်အတွက် ဒီဇိုင်းပါ စိတ်ကူးထားပြီးသား ဖြစ်တယ်။
အော့စ်ဘွန်းက တိတ်ဆိတ်စွာနဲ့ နောက်ကနေ လိုက်လာပြီး စက်ရဲ့ အစိတ်အပိုင်းတွေကို သူ့ဗဟုသုတတွေပါ ပေါင်းပြီး ပြောဆိုပြသနေတယ်။
သူက ကောင်လေးနဲ့ နီးနီးနေချင်တဲ့ စိတ်ဆန္ဒကို ချိုးနှိမ်ဖို့ ကြိုးစားခဲ့တယ်။ သူရဲ့ စိတ်ကို လွှတ်မထားပေ။ ဒါပေမဲ့ သူက ဟာသတစ်ချို့ ပြောဖို့ ကြံတုန်းမှာ ဒါရန်ရဲ့ ပုံရိပ်က 360 ဒီဂရီ လှည့်နေတဲ့ screen ကနေ ပေါ်လာခဲ့တယ်။ သူနဲ့သူ့အဖွဲ့သားတွေဟာ အပင်တွေ သယ်ဆောင်ပြီး မြန်မြန်ပြေးလွှားလာနေကြတယ်။
" အောက်ကို ပြန်ဆင်းသင့်ပြီ။ သဘောထားကြီးကြီးနဲ့ လိုက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင်ယာဉ်ရရင် လာကြည့်ဖို့ ဖိတ်ပါဦးမယ်"
ယွင်ရှန့်က ပြောပြီးနောက် ဆယ်မီတာ အထက် အမြင့်ကနေ ခုန်ချလာတယ်။
အော့စ်ဘွန်းက screen ပေါ်က သူ့ညီဝမ်းကွဲကို မှိုင်းတိုင်းနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပြီး သူ့နောက်ကနေ လိုက်ဆင်းသွားခဲ့တယ်။
စီရှယ် ကောင်းကင်ပေါ်က ကျလာတာကို ဒါရန်နဲ့ အဖွဲ့သားတွေဟာ မှင်သက်ပြီး အံ့အားသင့်နေလေတယ်။ သူတို့ဟာ ရွှေ နဲ့အနက်ရောင်ယာဉ် ရဲ့ မူလရင်းမြစ် ကို သေချာပေါက် သိထားကြတယ်။ အဲဒါကြောင့် သူတို့က မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားကြတယ်။
" ဘာတွေလျှောက်လုပ်နေတာလဲ။ ငါတို့ အပင်တွေညှစ်ပြီး အရည်ထုတ်ရမှာ မဟုတ်ဘူးလား " ယွင်ရှန့်က သံပုံးတွေကို အိတ်ထဲကနေ ထုတ်လိုက်တယ်။
" ဟုတ်သား ... အခု ချက်ချင်း ညှစ်လိုက်မယ်" ဒါရန်က ကောင်လေးကို အံ့သြတကြီး ကြည့်ရင်း အပင်ကို သံပုံးထဲထည့်ပြီး ကျောက်တုံးနဲ့ခြေဖို့ လုပ်နေတယ်။ သူက ကောင်လေးကို နီးကပ်စွာ ချည်းကပ်နေတဲ့ သူ့ဝမ်းကွဲအကိုကို ပထုတ်ဖို့လည်း မမေ့ပေ။
" အခု မြင်တဲ့အတိုင်း အန္တရာယ်လည်း မရှိတော့ဘူး။ တစ်ယောက်မှလဲ အကူအညီတောင်း ခလုတ် မနှိပ်လိုက်ဘူးဆိုတော့ ထွက်သွားလို့ရပြီလေ။ နောက်တခါကျ စောစောလာပေါ့။ စိတ်လှုပ်ရှားမှုကုန်တဲ့ အထိ စောင့်မနေနဲ့ပေါ့"
အော့စ်ဘွန်းက တကယ်ကို သူ့ကို ဖမ်းဆွဲပြီး လည်ပင်းညှစ် သတ်ပစ်ချင်နေတယ်။ ဒါပေမဲ့ သူက တိတ်ဆိတ်စွာပဲ မတ်တတ်ရပ်နေလေတယ်။ စီရှယ်က အရည် ညှစ်ဖို့ရာပဲ အာရုံစိုက်ထားပြီး သူ့ဘက် တချက်လေးတောင် စောင်းငဲ့မကြည့်တာကို မြင်မှ စိတ်ဓာတ်ကျစွာနဲ့ ထွက်သွားလေတယ်။
ယာဉ် က လေထုထဲ မြင့်တက်သွားပြီး screen မှာ ရှိနေတဲ့ ကောင်လေးကလည်း ဖြေးဖြေးချင်း အနက်ရောင် အစက်ကနေ သစ်ရွက်အလွှာတွေထဲ လုံးဝ ပျောက်ကွယ်သွားလေတယ်။ သူ့နှလုံးသားက ရုတ်တရက် မောပန်းလာတယ်။
သူ့နှလုံးသားက ခွဲခွာမှုကို ခံနိုင်ရည် မရှိတော့ပေ။
သူက အရင်က ဒီကောင်လေးကို အကြိမ်များစွာ ပျောက်ဆုံးခဲ့ရသလိုမျိုး ...... သူက အမှောင်ထုကို ဖြတ်ရင်း ကောင်လေးကို တွေ့ဖို့ လိုက်လံရှာဖွေနေတယ် နောင်တကြိမ် ထပ်တွေ့ရဖို့ပေါ့......
သူကမြေပေါ်ကို ဆင်းသက်ရင်း ကြယ်တာရာကွန်ယက်ကို ချက်ချင်းဖွင့်လိုက်တယ်။ video တွေအများကြီးထဲက ကောင်လေးရဲ့ channel ကို ရှာဖွေနေတယ်။ အဲဒီနောက်မှ သူ့နှလူံးသားက ပြန်ပြီး တည်ငြိမ်လာတော့တယ်။
ယွင်ရှန့်က အပင်ရဲ့အရည်ကို သုံးပြီး ပင့်ကူအိမ်တွေကို အရည်ဖျော်ပစ်လိုက်တယ်။ ပိတ်မိနေတဲ့ ဖြေဆိုသူတွေကို လွှတ်မြောက်စေခဲ့တယ်။ အဲဒီနောက် သူတို့ဟာ တစ်ရက်တစ်ည ပြေးပြီးတော့ နောက်ဆုံးမှာ ဆုံရပ်ဆီ ရောက်လာခဲ့တယ်။ ဘာမှလုပ်စရာ မကျန်တော့တဲ့အတွက် သူတို့က မြက်ခင်းပေါ် လှဲလိုက်ကြတယ်။
တခြားဖြေဆိုသူတွေလဲ သူတို့နောက်မှာ ရောက်လာကြပြီး သူတို့နည်းတူ လိုက်လုပ်ခဲ့ကြတယ်။ မကြာခင်မှာ မြက်ခင်းပေါ်မှာ လူတွေအများကြီး လှဲလျောင်းနေတာကို မြင်တွေ့နိုင်တယ်။
ကုန်ဆုံးရက်နီးလာတာနဲ့အမျှ ကျောင်းတော်က လူရေတွက်သောအခါ ဝင်သွားခဲ့တဲ့ ၄၇၅ ယောက်မှာ ၄၆၁ ပြန်လာနိုင်ပြီး ၃ ယောက်က သေဆုံးသွားပြီလို့ ဆုံးဖြတ်ခဲ့ကြတယ်။ 11 ယောက်ကတော့ ပျောက်ဆုံးဆဲဖြစ်ပြီး ကျောင်းက သူတို့သေလား၊ ရှင်လား သေချာအောင် အားသုံးပြီး ရှာဖွေပေးလိမ့်မယ်။ အန္တရာယ်ကင်းကင်း ပြန်ရောက်လာတဲ့သူတွေကို ကြယ်တာရာ အင်ပါယာဆီ ချက်ချင်း ပြန်ပို့ပေးခဲ့တယ်။
ရလဒ်တွေကို အနှစ်ချုပ် ပေါင်းလိုက်တဲ့အခါ ဦးဆောင်တဲ့ နည်းပြ တစ်ယောက် အနေနဲ့ အော့စ်ဘွန်းက ကိုယ်တိုင် စစ်တပ် ဆုတံဆိပ်ကို စီရှယ်ဆီ ချီးမြင့်လိုက်တယ်။ ကောင်လေးက ပြုံးပြီးလက်ခံလိုက်တယ်။
ဆုတံဆိပ်ကို ခဏတာ ကြည့်နေပြီးနောက် သူ့ရဲ့နှုတ်ခမ်းပါးနီနီလေးကို ဆုတံဆိပ်ဆီ ထိကပ်လိုက်ပြီး အနမ်းပေးလိုက်တယ်။ အဲဒီမြင်ကွင်းက အော့စ်ဘွန်းကိုယ်ကို လျှပ်စီးတွေ စီးဆင်းသွားစေပြီး ဆံပင်မွေးတွေ ထောင်မတ်ကုန်စေတယ်။ကောင်လေးကို လိုချင်တဲ့ စိတ်ဆန္ဒတွေက ရင်ထဲ မှာ ဆူညံပြီး ဗလောင်ဆူလာစေတယ်။
သူက အလျှင်အမြန် စိတ်ကူးထဲမှာ ကောင်လေးက အဲဒီလိုမျိုး သူ့ကို နမ်းနေတယ်ဆိုပြီး ရေးဆွဲလိုက်တယ်။ သူက သူ့အတွေးတွေကို မထိန်းချုပ်နိုင်တော့ပေ။ မကြာခင်မှာ လိုချင်တပ်မက်မှုနဲ့ ရူးသွပ်သွားလိမ့်မယ်။ သူက လမ်းလျှောက်ဖို့တောင် အခက်တွေ့နေတယ်။ အဲဒီနောက် သူအနေနဲ့ ဖြေဆိုသူ အများအပြားက မကျေနပ်မှုတွေနဲ့ ကြည့်နေပြီး သူတို့တွေဟာ စီရှယ် ဇာ့ဂ်တွေ သတ်ဖြတ်တာကို မမြင်ဖူးတဲ့အတွက် အိုမီဂါ တစ်ယောက် ထိပ်ဆုံးရလဒ်ရတယ်ဆိုတာ မယုံနိုင်ကြသေးပေ။
" ဒါရန်က သူ့ကို ကူညီတာပဲနေမှာ။ အိုမီဂါ တွေက သူတို့ရုပ်လေး ကြည့်ကောင်းနေသရွေ့ အားကောင်းတဲ့ အယ်လ်ဖာ ကို ဇာ့ဂ် မသေမရှင်လေးတွေ ယူလာခိုင်းလို့ရတာပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်တယ်ဆိုရင်တောင် ကန့်သတ်ချက်တော့ ရှိရမှာ။ အခုဟာက ၆၈၅၇ အမှတ်တောင် မဟုတ်ဘူးလား။
ဗိုလ်ကြီးအော့စ်ဘွန်းရဲ့ ရလဒ်တောင် အဲဒီလောက် မြင့်ခဲ့တာ မဟုတ်ဘူး။ သူကိုယ်သူ ဘာထင်နေလဲ မသိဘူး " ကျောင်းသားထဲက တစ်ယောက်က လှောင်ပြောင်ပြီး ပြောလိုက်တယ်။ အဲဒီနောက် အထင်သေးပြီး လှောင်ရယ်သံတွေ ထွက်ပေါ်လာခဲ့တယ်။
အော့စ်ဘွန်းက ရှင်းပြဖို့ရာ စိတ်မပါပေ၊ သူက terminal ကို ဖွင့်ပြီး 3D ရုပ်ကြွပုံစံနဲ့ စီရှယ်ရဲ့ တိုက်ပွဲတစ်ခုချင်းစီကို ပြန်ပြခဲ့တယ်။ တိုက်ပွဲတိုင်းက သန်စွမ်းလွန်းတဲ့ ကိုယ်ခန္ဓာရယ်၊ တိကျလွန်းပြီး ကျွမ်းကျင်လှတဲ့ ပစ်ခတ်မှုတွေရယ်၊ ပုံမှန်မဟုတ်တဲ့ လျှင်မြန်မှုရယ်၊ 100% မှန်နေတဲ့ ဆုံးဖြတ်နိုင်မှုတွေရယ် အကုန်ပေါင်းလိုက်တော့ ပြည့်စုံလွန်းတယ်။ ဘယ်သူမှ သူ့လို သတ်ဖြတ်တာကို အနုပညာအဖြစ် ပြောင်းပစ်န်ုင်တဲ့သူရှိမှာ မဟုတ်ဘူး။
သူက ပင့်ကူတွေ အများကြီးရှိတဲ့ အုပ်စုအလယ်ကို လျှောက်လာရင်း တည်ငြိမ်အေးဆေးတဲ့ပုံနဲ့ ပင့်ကူတွေကို အသားလုံးဖြစ်အောင် သတ်ဖြတ်နေတဲ့ video က လုံးဝကို အသည်းလန့်ဖွယ်ပါပဲ။ စောစောက ပြင်ရယ်ပြုခဲ့ကြတဲ့ လူတွေလဲ ပြောစရာ မရှိလောက်အောင် အလွန်အံ့အားသင့်သွားခဲ့တယ်။
စောစောက ပြောဆိုနေခဲ့တဲ့လူက လဲ သူ့ပါးကို အချက်များစွာ အရိုက်ခံရသလို ခံစားလိုက်ရပြီး ခေါင်းငုံ့ထားလေတယ်။ ကြယ်တာရာကွန်ယက်က မရည်တွက်နိုင်လောက်တဲ့ လူတွေ သူရဲ့ စိတ်သဘောထား ကျည်းမြောင်းမှု သူ့ရဲ့မသိတတ်မှုတွေ ကို လှောင်ရယ်နေကြတယ်။
" စီရှယ်ကို အပြစ်ပြောချင်တဲ့သူ ဘယ်သူရှိသေးလဲ " အော့စ်ဘွန်းက ပတ်လည်ကြည့်လိုက်တယ်။ သူရဲ့အေးစက်စက် အကြည့်နဲ့တွေ့သွားတဲ့ ဖြေဆိုသူတွေက ခေါင်းကို ငုံ့ထားကြတယ်။
" ကောင်းပြီ။ အဲဒီဒါဆို video ကို ကြည့်ကျစို့"
သူက terminal ကို ဖွင့်ပြီး CT073 ပေါ်က ရှေ့တန်းတိုက်စစ်ရေး video ကို ပြသခဲ့တယ်။ အဲဒီဒါက တွင်းထွက်ပစ္စည်းထွက်တဲ့ ဂြိုလ်ဖြစ်တဲ့အတွက် စစ်သားတွေက ဇာ့ဂ်တွေကို ရှင်းထုတ်ဖို့ အားတော်တော် စိုက်ခဲ့ရတယ်။ သူတို့ရဲ့ မျိုးပွားနှုန်းနဲ့ ဆင့်ကဲဖြစ်စဉ်တွေကို ပါ လျော့ချဖို့ လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီမှာ ပတ်ဝန်းကျင် အခြေအနေက ဆိုးရွားတယ်။ ဒါပေမဲ့ တကယ် ရှေ့တန်းနဲ့ယှဉ်ရင် ဒါက ကောင်းကင်ဘုံလို့ ဆိုလိုရသေးတယ်လေ။
ဇာ့ဂ်တွေရဲ့ ဆင့်ကဲဖြစ်စဉ်က အသိဉာဏ်ရှိလာပြီး ပိုကြောက်စရာကောင်းတဲ့ပုံ ဖြစ်လာလေတယ်။ ဒါပေမဲ့ ယွင်ရှန့်က သူတို့ကိုပြောရရင် သူတို့ဟာ ပိုးမွှားဆိုတာထက် ဂြိုလ်သားနဲ့ ပိုတူလေတယ် သူတို့ကို ဖျက်ဆီးဖို့ခက်တယ်။ အဆိပ်လည်း ပြင်းတယ်။ ထက်ရှတဲ့သွားတွေ ရှိပြီး ကြယ်သင်္ဘောတွေကိုတောင် ကိုက်ဖြတ်ပစ်နိုင်တယ်။ တချို့က အရမ်းကြီးမားတယ်။ မီတာအများကြီး မြင့်နေတာမျိုးလည်း ရှိတယ်။ ခြေလှမ်းတစ်လှမ်းချင်းစီက ငလျှင်သေးသေးလေးထိ ဖြစ်စေနိုင်တယ်။
ရှေ့တန်းမှာရှိတဲ့ စစ်သားတွေက အဲဒီလို ကြောက်စရာကောင်းတဲ့ အကောင်တွေနဲ့ ရင်ဆိုင်ရတာ ဖြစ်တယ်။ ပုံမှန်ရိုးရှင်းတဲ့ လက်နက်တွေက ဇာ့ဂ်ရဲ့ မာကျောလှတဲ့ အကာတွေကို ထိုးမဖောက်နိုင်ကြပေ။ အဲဒါကြောင့် လူသားတွေက ယာဉ်ကို တီထွင်ခဲ့ကြတယ်။ ဒါပေမဲ့လဲ ဇာ့ဂ်က အားသာနေဆဲ ဖြစ်တယ်။ သူတို့ဟာ ရက်အနည်းငယ်အတွင်း လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ အဆများစွာ တိုးပွားလာနေတယ်။ သူတို့ဟာ ဂြိုလ်တခုလုံးကို သိမ်းယူတဲ့အထိ ဖြစ်လာလိမ့်မယ်။
တကယ်လို့သာ သူတို့က အဆင်မြင့်လာပါက မကြာခင်မှာ လူသားမျိုးနွယ်စုက လုံးဝပျောက်ကွယ်သွားလိမ့်မယ်။
video ကို ကြည့်ပြီးတဲ့နောက်မှာ ဖြေဆိုသူတွေက တိတ်ဆိတ်သွားပြီး သူတို့ရဲ့ ပခုံးမှာ ဘယ်လောက်ထိ တာဝန်ယူမှုတွေ တာဝန်တွေ ထမ်းထားရတယ်ဆိုတာ သိပြီး လေးစားလာကြတယ်။
" အခု တကယ့်တိုက်ပွဲက ဘယ်လိုဆိုတာ မြင်ပြီမလား။ အသက်ရှည်ရှည် နေနိုင်ဖို့ ကိုယ့်ဘာသာ တိုးတက်အောင် ပိုအာရုံစိုက်သင့်တယ်။ အခု တန်းဖြုတ်လို့ ရပြီ။ 3ရက်အတွင်းမှာ ချယ်မန်းစစ်အကယ်ဒမီကနေ လက်ခံကြောင်း သတိပေးစာရလိမ့်မယ်။ အချိန်မီ သတင်းပို့ကြ "
အော့စ်ဘွန်းက 3D screen ကို ပိတ်လိုက်ပြီး စီရှယ်ကို အိမ်ပြန်လိုက်ပို့မယ်လို့ ပြောမဲ့ဆဲဆဲမှာ သူက ခန်းမ ရဲ့အပြင်ဘက်မှာ ဘားနက်အိုကြီး မတ်တတ်ရပ်နေတာ တွေ့လိုက်ရလေတယ်။
စီရှယ်က ပြေးသွားကာ ဖက်ထားလိုက်ပြီး အဖိုးဖြစ်သူရော၊ မြေးဖြစ်သူရော တောက်ပစွာ ပြုံးပျော်နေကြတယ်။ ဘားနက်အိုကြီးရဲ့ အကြည့်က ရွေ့လာတဲ့အခါ ပျော်ရွှင်နေတဲ့ အပြုံးကနေ ချက်ချင်းလက်ငင်း အေးစက်စက် ဒေါသအဖြစ် ပြောင်းသွားလေတယ်။ သူက သူ့မြေး ဘဝတစ်လျှောက် အကြီးကျယ်ဆုံး အရှက်ကွဲမှုကို ပေးခဲ့တဲ့လူကို အခုထိ ခွင့်မလွှတ်နိုင်သေးပေ။
အော့စ်ဘွန်းက နောက်လှည့်ပြီး လေးစားစွာ အလေးပြုလိုက်တယ်။ အဲဒီနောက် သူက သူတို့ထွက်သွားတာကို ကြည့်နေရင်း တောင့်တောင့်ကြီး ရပ်နေခဲ့တယ်။
3ရက်ကြာရင် စီရှယ်ကို ထပ်မြင်ရမှာ အင်းး 3ရက်လေးပါပဲ .. မျက်စိမတမှိတ်အတွင်းကုန်သွားမှာပါ ..
သူက သူ့ဘာသာပြောနေပေမဲ့ သူရဲ့စိတ်ထဲက စိုးရိမ်မှုနဲ့ မသက်သာမှုကို မခြေဖျက်နိုင်ပေ။
သူ့ကို ကျောင်းက ချပေးထားတဲ့ ဗီလာအသေးကို သွားခဲ့တယ်။ ဂျိုရှုအာ က သူ ဂရုတစိုက် စိုက်ပျိုးထားတဲ့ နှင်းဆီခြံထဲမှာ အလှဆုံးပန်းတစ်ပွင့် ကို နမ်းရှိုက်နေတာကို မြင်ခဲ့ရတယ်။ မျက်ခွံ့တွေက စဉ်းကျနေပြီး သူ့ရဲ့ ပြစ်မျိုးမှဲ့မထင် ရုပ်လေးကို ထင်ဟပ်ပြသနေတယ်။ အဲဒီမြင်ကွင်းက အော့စ်ဘွန်းရဲ့ အတိတ်က ရူးသွပ်စွာ စိတ်ကူးခဲ့တာနဲ့ ထပ်တူကျနေတယ်။ ဒါပေမဲ့ အခု ရုတ်တရက် မှော်လိုမျိုး ဝိညာဉ်က ပျောက်ဆုံးနေတယ်လို့ ခံစားရတယ်။
အော့စ်ဘွန်းက ရပ်လိုက်ပြီး ယခင်က ဂျိုရှုအာကို မြင်တာနဲ့ ရူးသွပ်စွာခုန်နေတဲ့ သူ့နှလုံးသားက အခု လုံးဝငြိမ်သက်နေခဲ့တယ်။ စိတ်နှလုံးသားကို ဖမ်းဆုပ်မိတာနဲ့ ယှဉ်ရင် ရုပ်ရည်သွင်ပြင်က ဘာမှမဟုတ်တော့ပေ။ သူက သူ့ကိုယ်သူ ဒီလောက်အပြောင်းအလဲ မြန်လိမ့်မယ်လို့ မထင်ထားမိပေ။ လှပတဲ့မျက်နှာလေးကြောင့်သာ သူက လက်ထဲရှိနေခဲ့တဲ့ ပျော်ရွှင်မှု ကို ကတိုက်ကရိုက် ဖယ်ရှားခဲ့မိတယ်။
စီရှယ်အပေါ် စိုးရိမ်ခွင့် မရှိတော့တာကို တွေးမိပြီး ဘားနက်အိုကြီးကလဲ မက်သရူးမိသားစုနဲ့ထပ်ပြီး လက်ထပ်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်တော့ပေ။ သူရဲ့ အနက်ရောင် မျက်ဝန်းက တဖြည်းဖြည်း နီရဲလာခဲ့တယ်။
.................
ယွင်ရှန့်က အိမ်ပြန်ရောက်ရောက်ချင်း သူ့ရဲ့ကိုယ်ပိုင် ယာဉ်ဒီဇိုင်းကို ဆွဲခဲ့တယ်။ အင်ပါယာရဲ့ အကြီးမားဆုံး စစ်တပ် စက်ရုံက တစ်ဦးချင်းစီအတွက်လည်း သုံးနိုင်သည့် ငွေကြေးပေါ် မူတည်ပြီး စီစဉ်ပေးတယ် ။
မင်းသာ ငွေကြေး တတ်နိုင်တယ်ဆိုရင် အထူးယာဉ် တောင် ပြုလုပ်ပေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ယာဉ်ကို ကိုယ်ပိုင် မလုပ်ကြပေ။ ဘာလို့ဆို သူတို့ဟာ မထိန်းချုပ်နိုင်ကြ၍ ဖြစ်တယ်။
ဘားနက်အိုကြီးက ထိပ်တန်းဒီဇိုင်နာတွေကို ခေါ်လိုက်ပြီး သူ့မြေးနဲ့ ကြယ်တာရာကွန်ယက်ကနေ ဆက်သွယ်စေလေတယ်။ 3ရက်တာက ခဏလေးနဲ့ ပြီးဆုံးသွားတယ်။ ယွင်ရှန့်က ချယ်မန်း စစ်အကယ်ဒမီကျောင်းဆီ ဝင်ခွင့်အခမ်းအနား တက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး လူသစ်လေးတွေအစား မိန့်ခွန်းပြောပေးရန် ကျောင်းက တောင်းဆိုတဲ့အခါ ငြင်းဆိုခဲ့လေတယ်။ မသိသာမထင်ရှားတဲ့နေရာမှာ ထိုင်ဖို့ ရွေးချယ်ခဲ့တယ်။
သူက ချယ်မန်း စတည်ထောင်ကတည်းက လက်ခံတဲ့ တစ်ဦးတည်းသော အိုမီဂါ ဖြစ်လေတယ်။ သူက သန်မာတယ်၊ လှပတယ်၊ ပိန်ပါးတယ်။ မပြည့်စုံတဲ့ နေရာလို့ကို မရှိပေ။ သူက ဝတ်စုံကို ကျောင်းရဲ့ စည်းကမ်းအတိုင်း ကြယ်သီးတွေ အကုန်တပ်ထားပြီး လက်တဖက်က ဦးထုပ်ကို ကိုင်ဆောင်ရင်း တခြားတစ်ဖက်က ဒူးပေါ်တင်ကာ မတ်မတ်ထိုင်နေတဲ့ ပုံစံက ကျော့ရှင်းနေတယ်။ ဒါပေမဲ့ အန္တရာယ်များတဲ့ လေထုကိုလဲ ထုတ်လွှင့်နေတယ်။
သူရဲ့အနက်ရောင် ဆံပင်ကို နောက်ကို လှန်သိမ်းထား၍ သူရဲ့ ပန်းပုရုပ်လို မျက်နှာလေးကို ပိုပေါ်လွင်စေတယ်။ သူ့အသားရည်က အရမ်းကို ဖြူ ဖျော့နေသောကြောင့် သူ့မျက်လုံးတွေက ပိုပြီးနက်နေလေပြီး သူ့နှုတ်ခမ်းလေးကလည်း နီရဲနေတယ်။
အဲဒီလိုစွဲမက်ဖို့ ကောင်းတဲ့ သွင်ပြင်က မသိမသာ ထောင့်နေရာမှာ ထိုင်နေပေမဲ့လဲ တခြားသူတွေက သတိမထားမိဘဲ မနေနိုင်ကြပေ။
ဖြေဆိုသူတွေက စာမေးပွဲ တစ်ခုလုံးစာ video ပြန်ကြည့်တဲ့အခါ စီရှယ်က 3S အဆင့် စိတ်စွမ်းအားနဲ့ ခန္ဓာကြံ့ခိုင်မှုရော ရှိနေတယ်ဆိုတာ သိလိုက်ကြတယ်။ အင်ပါယာရဲ့ အတောက်ပဆုံး ကြယ်တပွင့် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိတော့ပေ။ သူက သူရဲ့ လိင်အမျိုးအစားရယ်၊ လက်ထပ်ပွဲပျက်တဲ့ကိစ္စရယ်နဲ့ ပတ်သက်ပြီး ဘာမှထပ်မပြောရဲကြပေ။
အခမ်းအနား ပြီးဆုံးသွားတဲ့အခါ စီရှယ်က မတ်တတ်ရပ်လိုက်တယ် ။သူ့ဘေးနားက လူတွေက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြတယ်။
ယွင်ရှန့်က နေရာကနေ ခပ်သွက်သွက် လျှောက်လာပြီး ထွက်ပေါက်မှာ ပုံရိပ်နှစ်ခုကို မြင်လိုက်ရလေတယ်။ သူ့ကျောက ရုတ်တရက် တောင့်တင်းသွားမိတယ်။ သူက စိတ်လှုပ်ရှားလွန်းတာမလို့ မျက်လုံးကနေ အရည်တွေ လဲ့လာပြီး မျက်လုံးဖွင့်ထားဖို့ကို အကောင်းဆုံး ကြိုးစားထားနေရတယ်။ အော့စ်ဘွန်းကို ပြုံးပြီး စကားပြောနေတဲ့သူက အန်တိုနီစ် ဖြစ်လေတယ်။ သူရဲ့ အရမ်းချောမောတဲ့ မျက်နှာလေးကို ဘယ်တော့မှ အမှတ်မှားမှာ မဟုတ်ပေ။
သူက အမြန်လျှောက်သွားလိုက်ရင်း သူရဲ့ ရှာဖွေနေတဲ့အကြည့်တွေက အဲဒီလူနဲ့ခဏတာ အကြည့်ချင်းစုံသွားပြီးနောက် သူက သူ့အကြောင်းပြချက်ကို ပြန်မှတ်မိလိုက်တယ်။ အဲဒီဒီလူက အန်တိုနီစ် ဖြစ်နေရင်တောင် သူရဲ့မှတ်ဉာဏ်တွေ မေ့နေတဲ့ အန်တိုနီစ် ဖြစ်ပြီး အခုသူတို့က သူစိမ်းတွေ ဖြစ်နေပြီ။
သူက ခြေလှမ်းအရှိန်ကို လျော့ချလိုက်ပြီး မျှော်လင့်နေတဲ့ အပြုံးမျိုးနဲ့ မနေနိုင်ဘဲ ဖော်ထုတ်ပြသလိုက်တယ်။
အော့စ်ဘွန်းဟာ ကောင်လေးက သူတို့ရှိရာ လှမ်းကြည့်တဲ့အခါ သူက ကျောက်ရုပ်လိုမျိုး တောင့်တင်းသွားတယ်။ ကောင်လေးက သူ့ကို ကြည့်နေတာ မြင်ပြီး အရမ်းပျော်ရွှင်မိနေပေမဲ့ ကောင်လေးက သူ့ကို ကြည့်တာမဟုတ်ဘဲ သူ့နောက်က ကယ်လီကို ကြည့်နေလေတယ်။
သူရဲ့အကြည့်တွေက နွေးထွေးနေပြီး အချစ်တွေ၊ စိတ်လှုပ်ရှားမှုတွေ၊ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေတယ်။ ကောင်လေးက မြန်မြန်လျှောက်လာခဲ့တယ်။
ဒါပေမဲ့ အော့စ်ဘွန်းဆီ တစ်ချက်လေးမှ ကြည့်မလာခဲ့ပေ။ အဲဒါက အော့စ်ဘွန်းရဲ့ ညိမ်သက်နေတဲ့ နှလုံးသားကို လှိုင်းထသွားစေတယ်။ သူ့ရဲ့ ဦးထုပ်ကို ကိုင်ထားတဲ့ ဘယ်ဘက်လက်က သူ့ဒေါသကို ချိုးနှိမ်ဖို့ ကြိုးစားရင်း မသိမသာ တုန်လှုပ်သွားတယ်။
သူ့လက်ချောင်းတွေအထိပါ ဖြူဖျော့သွားတယ်။
သူက ကောင်လေးမျက်ဝန်းနောက်က အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်လိုက်တယ်။
စီရှယ်က ကယ်လီကို မြင်မြင်ချင်းမှာပဲ ချစ်သွားခဲ့တယ်။
အဲဒီလိုအရာကို ဖြစ်ပျက်ဖို့ရာ လုံးဝခွင့်မပြုနိုင်ပေ။ 
စီရှယ်က သူ တစ်ဦးတည်း အပိုင်ပဲ ... 
သူ့နှလုံးသားက အော်ဟစ်နေပြီး သူရဲ့ နာကျင်မှုတွေက  တစ်ချိန်တည်းမှာ အသက်ရှုဖို့ ခက်ခဲစေပြီး ငိုဖို့ရာ ခက်ခဲစေတယ်။ အဲဒီအချိန်မှာ သူက သူ့ရဲ့ခံစားချက် အစစ်အမှန်တွေကနေ မလွတ်မြောက်နိုင်တော့ပေ။
Continue Reading
You'll Also Like
33.1K 4K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
172K 19K 77
915K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
11.1K 1.9K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permissio...