Love Stops Rumours {Completed}

Door Memo227

432K 64.2K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... Meer

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 10

11.4K 2K 133
Door Memo227

[ZawGyi]

What to Do, My Roommate is Bringing me to Get an Injection But I'm Afraid of Pain

ထိုမိန္းကေလးမွာ ေရွာင္းန်န္၏ ေအးစက္ၿပီးခက္ထန္ေသာ အျပဳအမူကို ေၾကာက္႐ြံ႕သြားပုံမွာ သိသာေလသည္။ မိန္းကေလးသာမက ေဝ့႐ူစုန႔္ပါ အနည္းငယ္ ထိတ္လန႔္သြားေလသည္။ ေနာက္ဆုံးမွာေတာ့ သူတို႔၏ဆက္ဆံေရးမွာ လူအမ်ား အထင္လြဲေလာက္ေအာင္ပင္ နီးစပ္လြန္းေနျခင္းသာ ျဖစ္သည္။ ေဝ့႐ူစုန႔္သည္ကား ေရွာင္းန်န္က အမွန္တကယ္ စိတ္ဆိုးေနသည္ မဆိုးေနသည္ကို ေျပာျပနိုင္ေလာက္ေအာင္ပဲ ရင္းႏွီးလြန္းေနသည္။

_ ဝိုး ဂ်ဴနီယာ, မင္းက တကယ္ပဲ အၾကင္နာမဲ့ၿပီး, အရမ္းလည္း ေၾကာက္စရာေကာင္းတဲ့အျပင္ အေတာ္ေလးဆိုးပါလား... ေဝ့႐ူစုန႔္က ေရွာင္းန်န္ဆီသို႔ "ေတာ္တယ္" ဆိုသည့္ အမူအရာျဖင့္ လွမ္းၾကည့္လိုက္ေတာ့သည္။ စီနီယာက တကယ္ကိုပဲ မင္းရဲ႕ အၾကင္နာမဲ့ၿပီး ေၾကာက္စရာေကာင္းလွတဲ့ ဆိုးသြမ္းမႈႀကီးကို ႀကိဳက္တယ္ကြာ! မိန္းကေလးက ဓာတ္ပုံကိုဖ်က္လိုက္ၿပီးတဲ့ေနာက္ လြတ္ေျမာက္သြားေလသည္။ ေရွာင္းန်န္က တိုးတိုးေလးေရ႐ြတ္လိုက္သည္။

"ေခါင္းကိုက္တယ္။"

"အမ္?" ေဝ့႐ူစုန႔္က ခပ္ျမန္ျမန္ပဲ ဂ်ာကင္ကို ေရွာင္းန်န္ဆီ လွမ္းေပးလိုက္ၿပီး "ဂ႐ုစိုက္, အေအးမိၿပီး မကိုက္ခဲေစနဲ႕!"

ဒီတစ္ခါ ႏွာေခ်သံႀကီးကေတာ့ အလြန္ကိုပဲ က်ယ္ေလာင္လွသည့္အျပင္ ႏွပ္ေခ်းမ်ားပါ အျပင္သို႔ထြက္သြားေလေတာ့သည္။ ေဝ့႐ူစုန႔္ကေတာ့ ႏွာေခါင္းေပါက္ထဲမွေန၍ သူ၏မ်က္ဆံမ်ားပါ လြင့္ထြက္သြားသလို ခံစားလိုက္ရ၏။ သူ၏ခႏၶာကိုယ္ကေတာ့ အေခါင္းေပါက္ႀကီး ျဖစ္သြားသလိုပဲ။

ေခါင္မိုးထပ္ည၏ စိတ္အားထက္သန္ခဲ့မႈ အက်ိဳးဆက္ကေတာ့ ေဝ့႐ူစုန႔္အေပၚ လုံးဝဥႆုံ က်ေရာက္သြားေလၿပီ။ ေရွာင္းန်န္ကေတာ့ အိပ္ေရးပ်က္ေသာေၾကာင့္ ပင္ပန္းေနတာပဲ ရွိသည္။ ေရမိုးခ်ိဳးၿပီးေနာက္ေတာ့ သူ၏ ႏွစ္လိုဖြယ္မင္းသားေလးပုံစံကို ျပန္၍ေျပာင္းသြားေလၿပီ။ ေစာင္ၿခဳံထဲမွ ေဝ့႐ူစုန႔္ေတာင္ သူ၏ခႏၶာကိုယ္မွ ထုတ္လႊတ္ေနေသာ ေတာက္ေတာက္ပပ အလင္းတန္းမ်ားကို ခံစားနိုင္ေလသည္။

"ဂ်ဴနီယာ," ႏွစ္ဦးလုံးမွာ လြန္ခဲ့သည့္ညက မည္သည့္ကိစၥမွမရွိခဲ့ပုံ ဟန္ေဆာင္ေနၾကေသာ္လည္း ဒါက ထိေရာက္မႈ မရွိဘူးဆိုသည္ကို မည္သူမွ မသိေပ, "မင္းမွာ အဖ်ားေပ်ာက္ေဆးတစ္ခုခုမ်ား ရွိလား?"

"ကြၽန္ေတာ္ခုပဲ သြားဝယ္ေပးမယ္," ေရွာင္းန်န္က ဒီကိစၥကို စဥ္းစားလိုက္သည္။ "မဟုတ္ရင္ ကြၽန္ေတာ္ စီနီယာကို ဆရာဝန္ဆီ ေခၚသြားေပးမယ္။"

သူက ေဝ့႐ူစုန႔္၏ေဘးသို႔ လ်င္လ်င္ျမန္ျမန္ပဲ ေရာက္သြားၿပီး သူ႕ကိုေစာင့္ေရွာက္ေပးဖို႔ရန္ အဆင္သင့္ျဖစ္သြားေတာ့သည္။ သို႔ေသာ္လည္း ေဝ့႐ူစုန႔္က ခ်က္ခ်င္းပဲ ေရွာင္းန်န္၏လက္ကို ဖယ္ပစ္လိုက္ေတာ့သည္။

"မလိုဘူး, မလိုဘူး, ငါမလႈပ္နိုင္ဘူး။"

"ကြၽန္ေတာ္ ကုန္းပိုးေခၚမယ္."

"ဆရာဝန္ျပရတာ ေဈးႀကီးတယ္ေလ, ဒီလအတြက္ ငါ့မွာ ပိုက္ဆံမေလာက္ေတာ့ဘူး။"

"ကြၽန္ေတာ္ေပးမယ္ေလ။"

"အဲဒါေတြ တကယ္ပဲ မလိုဘူး," ေဝ့႐ူစုန႔္က သူ၏ေစာင္ထဲမွ ေခါင္းျပဴထြက္လာေလသည္။ သူ၏မ်က္လုံးမ်ားကေတာ့ ရဲရဲနီေနၿပီး "ေဆးနည္းနည္းေလာက္ပဲ ဝယ္ေပးၿပီး ငါ့ကို ကူညီရင္ ငါတကယ္ပဲ ဘဝနဲ႕ရင္းၿပီး ေက်းဇူးတင္မွာပါ။"

ဒါနဲ႕ ေရွာင္းန်န္က ေဝ့႐ူစုန႔္ကို မ်က္ႏွာသုတ္ပဝါတစ္ထည္ကမ္းေပးၿပီး အေလာတႀကီးပဲ အခန္းထဲကေန ထြက္သြားေလသည္။ သူထြက္သြားသည့္အခ်ိန္မွာပဲ ေဝ့႐ူစုန႔္က တစ္ခုခုေတာ့မဟုတ္ေသးဘူးဟု ခံစားလိုက္ရသည္ _ ေရွာင္းန်န္က အတန္းထဲမွာ ရွိေနရမွာ မဟုတ္ဖူးလား, သူ႕ေၾကာင့္နဲ႕ သူက သတၱိရွိရွိ အတန္းပ်က္ရဲတာလား။ ျဖစ္နိုင္သည္မွာ သူ ဖ်ားေနေသာေၾကာင့္ သူ၏ ဉာဏ္ရည္ဉာဏ္ေသြးမ်ားႏွင့္ ခုခံနိုင္စြမ္းမ်ားက တေျဖးေျဖးႏွင့္ က်ဆင္းလာျခင္းပဲ ျဖစ္မည္။ သူက ေရွာင္းန်န္ကို China's Touching Moments အစီအစဥ္တြင္ စာရင္းသြားေပးၿပီး သူ၏ သတၱိရွိေသာ လုပ္ေဆာင္ခ်က္မ်ားကိုေတာ့ အမ်ားျပည္သူအတြက္ ေျပာျပစရာျဖစ္လာေစလိုက္မည္။

ေဝ့႐ူစုန႔္၏ စိတ္ကူးယဥ္မႈကေတာ့ ေရွာင္းန်န္အေပၚ အက်ိဳးသက္ေရာက္မႈ ရွိသြားေလသည္။ ေရွာင္းန်န္ကေတာ့ ထြက္လာသည္ႏွင့္ ခ်က္ခ်င္းပဲ အဖမ္းခံလိုက္ရေတာ့၏။

"ေရွာင္းန်န္, မင္းဘယ္သြားမလို႔လဲ?"

ထိပ္ေျပာင္ေျပာင္, ဘီယာဗိုက္ႏွင့္ ေက်ာင္းသားေရးရာ၏ ဌာနမႈးမွ ေရွာင္းန်န္ကို ေခၚလိုက္ေလေတာ့သည္။

"..... အတန္းတက္မလို႔ပါ။"

လြန္ခဲ့ေသာညက ရမၼက္လႊမ္းခဲ့သည့္အေျခအေနက သူ႕ဘဝႀကီး၏ ကံေကာင္းမႈအားလုံးကိုမ်ား အသုံးျပဳလိုက္မိေလသလားဟု ေရွာင္းန်န္က သံသယရွိသြားေတာ့သည္။ ပုံမွန္အားျဖင့္ ဌာနမႈး၏ပုံစံမွာ ေျခႏွစ္လွမ္းေလာက္ေတာင္ ခြာတတ္သူမဟုတ္ေသာ္ျငား ဒီေန႕မွာေတာ့ မေမွ်ာ္လင့္ဘဲ သူက လွည့္လည္စစ္ေဆးေနၿပီး အားလုံးထဲ ေရွာင္းန်န္မွပဲ အဖမ္းခံလိုက္ရျခင္း ျဖစ္သည္။

"အတန္း?" ဌာနမႈး၏မ်က္လုံးက သစ္ၾကားသီးအခြံကဲ့သို႔ ခြပ္ကနဲ ပြင့္သြားေတာ့သည္။ ေရွာင္းန်န္၏ လက္ဗလာႏွစ္ဘက္ကို ေသေသခ်ာခ်ာ ၾကည့္လိုက္ၿပီးသည့္ေနာက္ "မင္းက အတန္းတက္ဖို႔အတြက္ ဘာစာအုပ္မွ ယူမလာဘူးလား?"

"လက္ေတြ႕ခန္းမို႔ စာအုပ္မလိုဘူး။"

ေရွာင္းန်န္က တကယ္ပဲ သူရဲ႕ IT coding lab လက္ေတြ႕လုပ္ရမည္ ျဖစ္သည္။ သို႔ေသာ္လည္း သူက ထိုအတန္းကို တက္ဖို႔ရန္ အစီအစဥ္မရွိေလဘူး။ ေဝ့႐ူစုန႔္ကို ေစာင့္ေရွာက္ဖို႔မွာ ပိုၿပီးအေရးႀကီးသည္ေလ! သို႔ေသာ္လည္း သူသည္ကား ခြင့္မတင္ခဲ့။ သူက ထို႔သို႔လုပ္ရမည္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေသာေၾကာင့္လည္း ျဖစ္နိုင္သည္။

"အိုး, ဒါဆို မင္းျမန္ျမန္သြားေတာ့ေလ," ဌာနမႈးက ေရွာင္းန်န္၏ပခုံးကို ပုတ္လိုက္ၿပီး ၾကင္နာစြာ ၿပဳံး၍ "ေကာင္းၿပီ, ျဖစ္နိုင္မယ္ဆိုရင္ေလ မင္းအေမရဲ႕ အမွတ္တရလက္မွတ္ေလးရေအာင္ ငါ့ကို ကူညီေပးလို႔ရမလား? ငါက သူ႕ရဲ႕ပရိတ္သတ္ေလ..." ဌာနမႈး၏မ်က္ႏွာမွာ အနည္းငယ္နီျမန္းေနသည္။ "<နံပါတ္တစ္ ဆရာမ> ဇာတ္ကားထဲမွာ သူမ ဘာသာစကားသင္ဆရာမ ရႈလီေဖွး အျဖစ္ သ႐ုပ္ေဆာင္တာကို ငါ တကယ္ပဲ ႀကိဳက္ခဲ့တာ! ငါ ဆရာတစ္ေယာက္ျဖစ္လာတာ သူမရဲ႕လႊမ္းမိုးမႈေတြပါတယ္! သူမက တကယ္ပဲ အရမ္းအံ့ဩဖို႔ေကာင္းတယ္! "

"ဟုတ္ကဲ့...."

"ေက်ာင္းသားေရွာင္းန်န္ မင္းက အေကာင္းဆုံးပဲ! ငါမင္းကို ထပ္ၿပီးမေႏွာင့္ယွက္ေတာ့ဘူးမို႔ မင္းရဲ႕အတန္းကို ျမန္ျမန္သြားေတာ့"

ထိုကဲ့သို႔ အေျခအေနမွာေတာ့, ေရွာင္းန်န္က ဆႏၵမရွိစြာႏွင့္ အတန္းဆီသို႔ ဦးတည္လိုက္႐ုံပဲ တတ္နိုင္သည္။

ေဝ့႐ူစုန႔္၏ မ်က္လုံးမ်ားမွာေတာ့ တံခါးေပါက္ကို ပူပန္စြာျဖင့္ စိုက္ၾကည့္လ်က္ရွိေနေသးသည္။ သူ႕၏မ်က္လုံးမ်ားမွာ တံခါးကို ေဖာက္ထြက္သြားေတာ့မလိုပင္ ျဖစ္ေနသည္။

ေနာက္ဆုံးမွာေတာ့ သူက မ်က္ႏွာသုတ္ပဝါကို လက္ထဲတြင္ဆုပ္ကိုင္ၿပီး ေရွာင္းန်န္ကိုမွန္းဆ၍ သီခ်င္းဆိုေန႐ုံပဲ တတ္နိုင္ေတာ့သည္။

"ဒီည ငါမင္းကို လြမ္းေနတယ္, မင္း ငါ့ေဘးနားမွာ ရွိနိုင္ဖို႔ ငါဘယ္ေလာက္မ်ား ဆုေတာင္းေနလဲ...."

ႏွစ္တစ္ေသာင္းေလာက္ ၾကာသြားၿပီးသည့္ ေနာက္ဆုံးမွာေတာ့, ေပက်င္း၏ မုဆိုးတစ္ေယာက္ Daniel Wu အျဖစ္ ျပန္ဝင္စားသြားေလၿပီ, ေရွာင္းန်န္က ျပန္လာဖို႔ရန္ မရွိေသးဘူး, ေဝ့႐ူစုန႔္မွာ သူ၏ေစာင္ကို ဆုပ္ကိုင္၍ ခႏၡာကိုယ္မွာ အပူတက္ေနၿပီး မ်က္လုံးမ်ားကလည္း မဲေမွာင္ေနေလသည္။

(T/N: Daniel Wu က နာမည္ႀကီး ေဟာင္ေကာင္သ႐ုပ္ေဆာင္ပါ။ ေဝ့႐ူစုန႔္ရဲ႕ ေတာင္ေျပာေျမာက္ေျပာ တစ္ေယာက္တည္း ျဖစ္ပ်က္ေနတာကို ေျပာခ်င္ပုံရပါသည္။)

"ဂ်ဴနီယာ အာ, ဂ်ဴနီယာ.... ျမန္ျမန္ျပန္လာ, ငါ့အခ်စ္ေတြက ဆက္ၿပီးေအာင့္မထားနိုင္ေတာ့ဘူး..."

ႏွစ္ေပါင္းႏွစ္ေသာင္း ၾကာသြားၿပီးတဲ့ေနာက္, ေဝ့႐ူစုန႔္က သူ တမလြန္သြားဖို႔ ေစာင့္ေနရသလို ခံစားလာရသည္။ သူက ေရွာင္းန်န္ေသဖို႔အတြက္ နည္းလမ္းဆယ္မ်ိဳးႏွင့္ စိတ္ကူးၾကည့္ေတာ့သည္: ေလွကားကေန ဆင္းသြားတဲ့အခ်ိန္မွာ သူေသဖို႔အတြက္ ခလုတ္တိုက္ၿပီး လဲက်သြားမယ္, ကုန္းေစာင္းကို ျဖတ္ေလွ်ာက္ရင္းနဲ႕ ခလုတ္တိုက္ၿပီး လဲက်မယ္, ပန္းၿခံထဲမွာ ျဖတ္သြားတဲ့အခါ သစ္ပင္က လဲက်ၿပီး သူ႕ကို အမႈန႔္ေျခပစ္မယ္, ကားတိုက္ၿပီးေသမယ္, တံခါးေပါက္ပိၿပီး ေသမယ္..... တိုတိုေျပာရရင္ ေရွာင္းန်န္က ျပန္မလာေသးဘူး။

ေဝ့႐ူစုန႔္ခမ်ာ စြန္းဝူခုံး လိုပဲ မီးဖိုေပၚကအိုးထဲတြင္ ပိတ္မိေနသလို ျဖစ္ေနသည္။ သို႔ေသာ္လည္း သူကေတာ့ လူ႕အသားတုံး ျဖစ္သြားေလၿပီ, သူ႕အသားမ်ားကို ခ်က္ျပဳတ္ရာမွ ထြက္သည့္အနံ႕မ်ားပင္ ရလာေလာက္ေအာင္ သူ၏အပူခ်ိန္က တက္လာသည္ဟု ခံစားလာရသည္။ ေဝ့႐ူစုန႔္မွာ က်န္းမာႀကံ့ခိုင္သူတစ္ေယာက္ ျဖစ္သည္။ တစ္ႏွစ္တြင္ တစ္ႀကိမ္ေတာင္ ဖ်ားနာဖို႔ရန္ နည္းသည္။ ဒီလိုလူမ်ိဳး ဖ်ားနာသည့္အခါတြင္ အျပင္းအထန္ ျဖစ္ေလ့ရွိသည္။ ေဝ့႐ူစုန႔္က သူဆိုနိုင္သေလာက္ သီခ်င္းမ်ားအားလုံးကို အေတာ္ေလး ဆိုၿပီးသြားၿပီ, အားလုံးကို သူကခံစားခ်က္အျပည့္ျဖင့္ သီဆိုၿပီးေနာက္ေတာ့ အဆုံးတြင္ သူက မခံစားနိုင္ေတာ့ေလပဲ က်ိန္ဆဲေလေတာ့၏။

"ေရွာင္းန်န္ မင္းက သစၥာမရွိတဲ့ လူယုတ္မာေကာင္! ငါ သရဲျဖစ္သြားရင္ေတာင္မွ မင္းေဘးမွာ သီခ်င္းေတြ ဆက္ဆိုၿပီး လိုက္ေျခာက္လွန႔္ေနမယ္ကြ! ေရွာင္းန်န္ ေရွာင္းန်န္ ေရွာင္းန်န္ အာ အာ အာ!"

ေဝ့႐ူစုန႔္၏ လည္ေခ်ာင္းမွာ အေငြ႕ထြက္ေလာက္ေအာင္ ေျခာက္ကပ္ေနသည္။ သို႔ေသာ္လည္း သူက အေတာ္ေလးခ်ိနဲ႕ေနၿပီး အိပ္ရာထဲမွ ထြက္႐ုံေလာက္ပဲ တတ္နိုင္သည္။ သူသည္ကား အိပ္ရာထဲတြင္လွဲေနၿပီး ေရွာင္းန်န္ကို မရမ္မနား က်ိန္ဆဲ႐ုံပဲ တတ္နိုင္ေလေတာ့သည္။ ေကာင္းကင္ဘုံကေတာ့ ဝီရိယရွိမႈကို ဆုခ်လိဳက္ၿပီ ျဖစ္သည္။ ေရွာင္းန်န္က တကယ္ပဲ ျပန္လာေလၿပီ။

"ခင္ဗ်ားမွာ အိပ္ရာထဲကေန ကြၽန္ေတာ့ကို သီခ်င္းဆိုဖို႔ အားရွိေသးတယ္ေပါ့" ေရွာင္းန်န္က သူ၏ရႈးကို ခြၽတ္ရင္း အိပ္ရာေပၚတြင္ မလႈပ္မယွက္ျဖစ္ေနသည့္ ေဝ့႐ူစုန႔္ကို လွမ္းၾကည့္လိုက္သည္။ ၿပီးတဲ့ေနာက္ ကမန္းကတန္း သူ႕ကို ၾကည့္ရႈဖို႔ရန္ သြားေလေတာ့သည္။ "စီနီယာ အဆင္ေျပရဲ႕လား"

"အလကားေကာင္ မင္း ေနာက္ဆုံးေတာ့ ျပန္လာဖို႔ သတိရေသးတယ္ေပါ့..." ေဝ့႐ူစုန႔္က သူ၏ ရဲရဲေတာက္ပူေနေသာ မ်က္ႏွာကိုေမာ့၍ အသက္ကို အားေပ်ာ့စြာရႈထုတ္လိုက္ေလသည္။ "ငါ့ကို ေရျမန္ျမန္တိုက္, ငါက ကုလားအုတ္တစ္ေကာင္ဆိုရင္ေတာင္မွ ေရအရမ္းငတ္ေနေလာက္ၿပီ!"

ေရွာင္းန်န္က သြက္သြက္လက္လက္ႏွင့္ ေရတစ္ဖန္ခြက္ကို ေဝ့႐ူစုန႔္အား တိုက္လိုက္သည္။ ေဝ့႐ူစုန႔္ ေရေသာက္ၿပီးသည့္အခါ သူက ဆန္ျပဳတ္တစ္ပန္းကန္လုံး သူ႕ကိုေပးေလသည္။ ေဝ့႐ူစုန႔္မွာ သူ၏ေခါင္းကို အိပ္ရာေပၚမွ ထြက္၍ ပလပ္စတစ္ဇြန္းကို တုန္တုန္ရီရီျဖင့္ကိုင္ၿပီး သူ၏ဆန္ျပဳတ္ကို စားေနစဥ္တြင္ ဆန္ျပဳတ္မ်ားမွာ ေနရာအႏွံ႕ျပဳတ္က်ကဳန္သည့္အျပင္ ရွားရွားပါးပါး အလုပ္ရႈပ္ေနပုံေပါက္ေနသည့္ ေရွာင္းန်န္ကိုလည္း မရပ္မနား ဆူညံပူညံ လုပ္ေနေသးသည္။

"မင္းက ဘယ္ကိုသြားေနတာလဲ?" ငါမင္းကို တစ္ေနရာရာမွာ ေျမာင္းထဲျပဳတ္က်ေနၿပီ ထင္ေနတာ, ရဲေဘာ္ ေရွာင္းန်န္, မင္းကို မွီခိုေနတဲ့ အျခားသူေတြ ရွိေနတာကို မင္းသိရဲ႕လား, မင္းရဲ႕ အလုပ္တာဝန္ေတြကို မင္းသတိရေနရမယ္!"

"ကြၽန္ေတာ္ သြားတဲ့လမ္းမွာပဲ ေက်ာင္းသားေရးရာ ဌာနမႈးရဲ႕ တားတာကို ခံလိုက္ရၿပီး အတန္းတက္လိုက္ရတယ္"

"...." ေဝ့႐ူစုန႔္က ေရွာင္းန်န္ကို သနားသြားေတာ့သည္။ သူကေတာ့ ေက်ာင္းလစ္ခဲ့ခ်ိန္တိုင္း အဖမ္းမခံခဲ့ရဖူးေပ။ တစ္ခါကလည္း အတိုင္ပင္ခံဆီမွ သီသီကေလး လြတ္သြားဖူးသည္။ "ဒါဆို ဂ်ဴနီယာ မင္းကေတာ့ ဂုဏ္သိကၡာရွိရွိ စစ္မွန္စြာ ရွင္သန္ခဲ့ၿပီး ခမ္းနားႀကီးက်ယ္စြာ ေသဆုံးရမွာပဲ။"

"စီနီယာရဲ႕ ခႏၶာကိုယ္အပူခ်ိန္ကို တိုင္းရေအာင္ သာမိုမီတာကို သုံး," ေရွာင္းန်န္ကေတာ့ ဒီေလာက္အဖ်ားႀကီးေနတာေတာင္ တက္ႂကြနိုင္ေသးသည့္ ေဝ့႐ူစုန႔္ကို ၾကည့္ရင္း ခ်ီက်ဴးဖို႔ပဲရွိေတာ့သည္။ "ဆန္ျပဳတ္ေသာက္လို႔ၿပီးရင္ အဖ်ားက်ေဆးေသာက္လိုက္, တစ္ေရးအိပ္ၿပီးလို႔ စီနီယာ နလန္ျပန္ထူလာရင္ ကြၽန္ေတာ္တို႔ ေျပာၾကတာေပါ့။"

သာမိုမီတာမွာ 40 C° ကို ျပေနမယ္လို႔ ဘယ္သူက သိလိမ့္မလဲ, ေရွာင္းန်န္ကဲ့သို႔ သာမန္ဗဟုသုတ နည္းပါးသူေတာင္ ဒါက အလြန္ပဲ အႏၲရာယ္ရွိသည္ကို သိေလသည္။ ခ်က္ခ်င္းပဲ အိပ္ရာေပၚမွေဝ့႐ူစုန႔္ကို မီးရဲရဲႏွင့္မီးေသြးခဲႀကီးလို ခံစားလိုက္ရသည္။

"ကြၽန္ေတာ္တို႔ ေဆး႐ုံသြားမွ ျဖစ္မယ္။"

"မသြားဘူး မသြားဘူး မသြားဘူး-" ေဝ့႐ူစုန႔္တစ္ေယာက္ ကုတင္လက္ရမ္းကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားေလသည္။ "မင္းငါ့ကို အတင္းအက်ပ္လုပ္ရင္ ငါ ကုတင္လက္ရမ္းကို ေခါင္းနဲ႕တိုက္ၿပီး ေသပစ္လိုက္မွာေနာ္!"

"နားေထာင္," ေရွာင္းန်န္၏ႀကီးမားေသာ လက္မ်ားက ေဝ့႐ူစုန႔္၏ ပါးေလးႏွစ္ဖက္ကို အုပ္ကိုင္လိုက္ေလသည္။ အပူခ်ိန္မွာ အလြန္တရာကြာျခားေလရာ ေဝ့႐ူစုန႔္ကေတာ့ ေရွာင္းန်န္၏လက္ဖဝါးမ်ားမွာ ေအးၿပီး လန္းဆန္းေနသလို ခံစားေနရၿပီး သူ႕မ်က္ႏွာကို ထိုလက္ဖဝါးမ်ားထဲတြင္ အပ္ထားခ်င္စိတ္ လုံးလုံးေပါက္ေနေလ၏။ သို႔ေသာ္လည္း ေရွာင္းန်န္က သူ႕ဆံပင္မ်ားကို ကိုင္လိုက္ၿပီး ၾကင္နာစြာ ပြတ္သပ္ေပးလိုက္ေလသည္။ "ကြၽန္ေတာ္ေျပာတာကို နားေထာင္ေနာ္။"

ေဝ့႐ူစုန႔္ခမ်ာ မူးေနာက္ေနာက္ျဖစ္ေနေလသည္။ သူ၏ ေဘးနားတြင္ အိန္ဂ်ယ္ေလး တစ္ေယာက္ေရာက္ေနၿပီး ႏူးညံ့စြာ ေျပာေနသည္ဟု ထင္ေနရသည္။ အလွတရား၏ ေသြးေဆာင္ျဖားေယာင္းမႈကို ခံရၿပီးေနာက္ သူသည္ကား သေဘာတူျခင္းဆီသို႔ ဆြဲေဆာင္ခံလိုက္ရေတာ့၏။

ေရွာင္းန်န္မွာ အဘြားအိုတစ္ေယာက္ကို ကူညီၿပီးလမ္းျဖတ္ကူးေပးေနပုံျဖင့္ ေဝ့႐ူစုန႔္ကို ကူညီၿပီး ေဆး႐ုံသို႔ ပို႔ရေတာ့သည္။ တကယ့္အခ်က္ကေတာ့ ေရွာင္းန်န္သည္ကား ေဆး႐ုံသို႔ မေရာက္ဖူးေပ။ ဒါကိုၾကားလိုက္သည္ႏွင့္ အရိုက္ခံရမည္ကို မစိုးရိမ္ပါႏွင့္, သူ၏မိသားစုမွာ ခ်မ္းသာၿပီး အကယ္၍ သီးသန႔္ဆရာဝန္မ်ား လိုအပ္လွ်င္ပင္ သူ႕တို႔အတြက္ကေတာ့ အိမ္ကို ေခၚလိုက္႐ုံသာ ျဖစ္သည္။

ကံေကာင္းသည္မွာ သူက ဉာဏ္ေကာင္းေနျခင္းပင္ျဖစ္သည္။ သူ႕တြင္ ဘာကိုမွ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိ ပ်င္းရိတတ္သည့္ အက်င့္ကေလး ရွိ႐ုံပင္။ သူက တိုကင္နံပါတ္ကို သြားယူထားလိုက္သည္။ အခ်ိန္က မြန္းလြဲပိုင္းျဖစ္ေနၿပီမို႔ လူကအမ်ားႀကီး မရွိေလရာ သူတို႔အလွည့္သို႔ ျမန္ျမန္ဆန္ဆန္ပင္ ေရာက္လာေလသည္။

ဆရာဝန္မွာ ပြင့္ပြင့္လင္းလင္းႏွင့္ တည့္တိုးသမားတစ္ေယာက္ ျဖစ္သည္။ သူက ေဝ့႐ူစုန႔္၏ အပူခ်ိန္ကို တိုင္းတာလိုက္သည္, ဝိုး , 40° C, ဘာကို ကုရမွာလဲ, သူ႕ကို ရင္ခြဲ႐ုံသာ ပို႔လိုက္ေတာ့, ဘာ? သူ မေသခ်င္ေသးဘူးေလ? ထို႔ေနာက္ေတာ့ သူက ေဆးထိုးဖို႔ လိုလာသည္။ ေဆးလား မထိုးဘူး? ဒီလို အပူခ်ိန္ႏွင့္ဆို သူက ေသခ်ာေပါက္ ေဆးထိုးဖို႔ လိုမွာပဲ။

_ ဒါဆိုလည္း ပူၿပီးသာ ေသလိုက္ေတာ့, ေယာက္်ားေလးတစ္ေယာက္က ဘာလို႔ ဒီေလာက္ ၿငီးျငဴေနရတာလဲ?

တိုက္ေရးခိုက္ေရးတြင္ သူက ကြၽမ္းက်င္အဆင့္ ျဖစ္ေသာ္လည္း, ေဝ့႐ူစုန႔္သည္ နာက်င္ရမည္ကို ေသေလာက္ေအာင္ ေၾကာက္လွသည္။ သူက အၿမဲလိုလို အပ္ကိုေတာ့ ေၾကာက္သည္။ သူသည္ကား ေသာက္ေဆးတစ္ပုလင္းလုံး ေသာက္ၿပီးသာ အဆိပ္ျဖစ္ခံလိုက္မည္, ေဆးေတာ့ အထိုးမခံနိုင္ေပ။ ေရွာင္းန်န္က သူတို႔ ကုန္းေစာင္းမွ ျပဳတ္က်ခဲ့သည္ကို ျပန္၍ စဥ္းစားမိၿပီး ေဝ့႐ူစုန႔္ ဘာေၾကာင့္ ေဆးထိုးရမည္ကို ျငင္းဆန္ခဲ့ျခင္းအား ခန႔္မွန္းမိသြားေတာ့သည္။ သူကေတာ့ ေဆးထိုးဖို႔ရန္ တြန္းအားေပးခံလိုက္ရေတာ့သည္။ ေဝ့႐ူစုန႔္၏ေခါင္းကိုမ၍ သူ၏ေပါင္ေပၚတြင္ ဆုပ္ကိုင္ထားလို႔ ေဝ့႐ူစုန႔္၏ေဘာင္းဘီကိုေတာ့ ေအာက္သို႔ ဆြဲခ်လိဳက္ၿပီး ျဖဴေဖြးေတာင့္တင္းလွေသာ တင္ပါးမ်ားကို ေဖာ္ျပလိုက္ေလေတာ့၏။ တစ္ခ်က္တည္းျဖင့္ အေျခအေနကို ေျဖရွင္းလိုက္ျခင္းပင္။

ေဝ့႐ူစုန႔္ကို ေဆးထိုးေပးမည့္သူမွာေတာ့ ေလ့က်င့္ေနဆဲ သူနာျပဳတစ္ေယာက္ ျဖစ္ေနေလ၏။ ဆရာဝန္မွာ ေဝ့႐ူစုန႔္က နာက်င္ရမည္ကို ေၾကာက္တတ္မွန္း မသိေလရာ လုပ္ေနက် ထုံးစံအတိုင္း လိုက္နာရမည္ဟု သူက ယုံၾကည္၍ သူနာျပဳအား ေလ့က်င့္နိုင္ရန္ အခြင့္အေရး ေပးလိုက္ျခင္း ျဖစ္ေတာ့သည္။ ေဝ့႐ူစုန႔္က တုန္ယင္ေနေလသည္, သူနာျပဳမွာလည္း တုန္ယင္ေနေလ၏, ေရွာင္းန်န္မွာ သူတို႔ႏွစ္ေယာက္ တုန္ယင္ေနသည္ကို ၾကည့္ၿပီး သူပါေရာ၍ တုန္ယင္ခ်င္လာသည္, သို႔ေသာ္လည္း သည္းခံ၍ေနလိုက္၏။

"အဆင္ေျပမွာပါ, စီနီယာ, ခနေလးပဲ, ဒါက ျမန္ျမန္ဆန္ဆန္ပဲ ၿပီးသြားလိမ့္မယ္။"

သူနာျပဳက ေဆးထိုးအပ္ႁပြန္ကို ကိုင္လိုက္သည္, သူမက ေရွာင္းန်န္ကို ၾကည့္လိုက္သည္, ေရွာင္းန်န္က သူမအား အားေပးအၿပဳံးတစ္ခ်က္ ေပးလိုက္ေလ၏, သူနာျပဳကေတာ့ ႐ုတ္တရတ္ပဲ လႊမ္းမိုးခံလိုက္ရၿပီး သူမ၏လက္မ်ားက ထိန္းခ်ဳပ္မႈမွ လြတ္သြားေတာ့သည္, အပ္က ေဝ့႐ူစုန႔္၏ဖင္ကို ထိုးေဖာက္သြားေလေတာ့၏။

"အား--"

ေဝ့႐ူစုန႔္ကေတာ့ ဝက္တစ္ေကာင္ အသတ္ခံလိုက္ရသကဲ့သို႔ စူးစူးရွရွႏွင့္ ေအာ္လိုက္ေတာ့သည္။ သူနာျပဳကလည္း စူးစူးရွရွေအာ္ေလေတာ့၏။

"အား အား အား ေတာင္းပန္ပါတယ္!"

သူမက အပ္ကို ပ်ာယီးပ်ာယာျဖင့္ ဆြဲႏႈတ္လိုက္ၿပီး အရက္ပ်ံျဖင့္ ပြတ္လိုက္ေလသည္။ သူ၏တင္ပါးမ်ားမွာ ပူေလာင္ေနတာေတာင္ ေအးစက္လွသည့္ အရက္ျပန္ႀကီးမွာ ေသမင္း၏နိမိတ္ႏွင့္ တူလွသည္။ သူကေတာ့ ေမွ်ာ္လင့္ခ်က္မဲ့စြာ ဦးေခါင္းကို ကိုင္လိုက္ၿပီး စိတ္ပ်က္လက္ပ်က္ျဖင့္ ငိုခ်င္းခ်ေလေတာ့သည္။

"အိုး _ အား! အီး! ဟီး.... "

"စိတ္ေလွ်ာ့, အရင္ဆုံး စိတ္ေလွ်ာ့လိုက္," ေရွာင္းန်န္က ဘယ္ေလာက္ပင္ ဆြဲေဆာင္မႈအား ရွိေနပါေစ သူနာျပဳကေတာ့ ေဝ့႐ူစုန႔္ေၾကာင့္ ေရွာ့ရသြားေလေတာ့သည္။ "အပ္က, အပ္က က်ိဳးေတာ့မယ္ _ ၾကည့္ပါဦး, အပ္က ေကြးသြားၿပီ"

ေဝ့႐ူစုန႔္၏ သံမဏိ ေနာက္ပိုင္းကိုယ္ထည္ကေတာ့ အပ္ကို ေကြးသြားေစေတာ့သည္။ ေရွာင္းန်န္က သက္ပ်င္းခ်လိဳက္ၿပီး သူ၏ ေဘာင္းဘီကို ျပန္၍ဆြဲတင္ေပးလိုက္ေတာ့သည္။ ေဝ့႐ူစုန႔္ကေတာ့ သူတစ္ေယာက္ ေသမင္းခံတြင္းဝကေန ျပန္လာရသည္ကို ေတြးမိေလၿပီး မ်က္ရည္မ်ားျဖင့္ ေျဖမဆည္နိုင္ ျဖစ္ေနဆဲမွာပဲ ႐ုတ္တရတ္ သူ၏ ညာဘက္တင္ပါးေပၚမွ ေအးစက္မႈကိုႀကီး ခံစားလိုက္ရေလသည္။ ထို႔ေနာက္ေတာ့ ေရွာင္းန်န္မွ သူနာျပဳကို ေျပာေနသည္ကို ၾကားလိုက္ရေတာ့၏။

"ဒီတစ္ႀကိမ္ေတာ့ အမွားမလုပ္နဲ႕, မဟုတ္ရင္ မင္းထပ္ထိုးဖို႔ တစ္ျခားေနရာမရွိေတာ့ဘူး။"

_ ဖာ့ခ္ ေရွာင္းန်န္ မင္းက ေမတၱာရွင္ႀကီးလား?! မင္းက ပေရာပရည္လုပ္ဖို႔အတြက္ ငါ့ဖင္ေလးကို အနစ္နာခံခိုင္းတယ္ေပါ့?! အားးးးး အိုးးးးး အားးးးး ငါ မင္းရဲ႕ တစ္မိသားစုလုံးကို သြားသတ္မယ္ကြ အားးးးး-

ဘယ္လိုပင္ျဖစ္ပါေစ ထိုကဲ့သို႔ ပရမ္းပတာအေျခအေနမွာပဲ ေနာက္ဆုံးေတာ့ ေဝ့႐ူစုန႔္မွာ ေဆးထိုးခံလိုက္ရေလေတာ့သည္။ သူက ေၾကာင္ေတာင္ေတာင္ ျဖစ္ေနၿပီး မလႈပ္မရွက္ႏွင့္ ေရွာင္းန်န္၏ ေက်ာေပၚတြင္ ပါလာေတာ့သည္။

ေရွာင္းန်န္က ေဝ့႐ူစုန႔္ကို ေက်ာင္းကို ျပန္သယ္လာလိုက္သည္။ "ငယ္႐ြယ္ေသာ သားေလးက ေျခေထာက္ဒဏ္ရာရေနသည့္ သူငယ္ျပန္ေနေသာ လူအိုႀကီးအား ထမ္းလာခဲ့သည္" ဆိုတာမ်ိဳး ခံစားသက္ဝင္ေစမည့္ ျမင္ကြင္းေလးႏွင့္ေတာ့ မတူေလဘူး။ Milk Tea ဆိုင္ေရွ႕မွ ျဖတ္ေလွ်ာက္ခ်ိန္တြင္ေတာ့ နဂိုက ထိုင္းမွိုင္းေနသည့္ ေဝ့႐ူစုန႔္မွာ ႐ုတ္တရတ္ခ်က္ခ်င္းႀကီး နလန္ထူသြားေလေတာ့သည္။

"ငါ red tea ice cream ရယ္ bobo macchiato တစ္ခြက္လိုခ်င္တယ္, ေရခဲမထည့္ဘူး သၾကား ၃၀% နဲ႕ ေက်းဇူးပဲ။"

(T/N: အယ္ ခပ္တည္တည္ပဲေနာ္)

{Red tea ice cream}

{Bobo Macchiato}


ေရွာင္းန်န္က ေဝ့႐ူစုန႔္ကို လစ္လ်ဴရႈထားလိုက္ၿပီး လမ္းဆက္ေလွ်ာက္လိုက္သည္, ဒါေၾကာင့္ပဲ ေဝ့႐ူစုန႔္တစ္ေယာက္ စတင္ၿပီး ဝုန္းဒိုင္းႀကဲေလေတာ့၏။

"ငါ Milk Tea ေသာက္ခ်င္တယ္! Milk Tea! ငါ ေသာက္ခ်င္တယ္လို႔!"

"နည္းနည္းေလာက္ပိုၿပီး လိမ္လိမ္မာမာေလး ေနစမ္းပါ။"

"ငါ မလုပ္ခ်င္ဘူး ငါ tea ပဲ ေသာက္ခ်င္တာ ငါ tea ေသာက္ခ်င္တယ္လို႔ မင္းက စိတ္ပ်က္စရာေကာင္းတဲ့ေကာင္ပဲ!"

"..."

"ေဝ့႐ူစုန႔္?" ဒီအသံက ပ်ာယာခတ္ေနေသာ ေဝ့႐ူစုန႔္ကို ၿငိမ္က်သြားေစေတာ့၏။ ေဝ့႐ူစုန႔္က သူတို႔ႏွစ္ေယာက္ေၾကာင့္ မွင္သက္ေနေသာ အတိုင္ပင္ခံ က်ိဳးပင္း၏ အမူအရာကို ၾကည့္ရန္ ေခါင္းကိုေမာ့လိုက္ေလသည္။ "မင္းတို႔က အတန္းမတက္ၾကဘူး, ဒီမွာ ဘာလုပ္ေနၾကတာလဲ? ခ်ိန္းေတြ႕ေနၾကတာလား?"

ေဝ့႐ူစုန႔္ကေတာ့ ကိုယ့္ပါးကိုယ္ ရိုက္ခ်င္သြားေလေတာ့သည္။ မၾကာေသးခင္ကပဲ သူ႕ကိုယ္သူ ေက်ာင္းလစ္တိုင္း အဖမ္းမခံရတတ္သူအျဖစ္ ႂကြားလုံးထုတ္လိုက္မိေသးသည္။ ဒီအခ်ိန္မွာမွ လက္ပူးလက္က်ပ္ ဖမ္းမိသည့္အျပင္ "ခ်ိန္းေတြ႕ေနသည္" ဆိုသည့္ အမႈႀကီးျဖင့္ နာမည္တပ္ခံ လိုက္ရေလၿပီ။

"မဟုတ္ဘူး, ကြၽန္ေတာ္ဖ်ားေနလို႔-"

ေဝ့႐ူစုန႔္က သူ၏လက္မ်ားကို ေဝ့ရမ္းလိုက္ေလသည္။ သူ၏လႈပ္ရွားမႈက မ်ားသြားေလရာ ေရွာင္းန်န္က သူ႕ကို ျပဳတ္က်ေတာ့မလို ျဖစ္သြားေတာ့၏။ သူ႕ကို အနည္းငယ္ ျပန္ၿပီး မတင္ရန္အတြက္ သူ၏ေနာက္ဘက္ေနရာႏွစ္ခုကို ေရွာင္းန်န္က ခပ္တင္းတင္း ဆုပ္ကိုင္လိုက္ေလေတာ့သည္။ သို႔ေသာ္လည္း ပြတ္တိုက္မိသည့္ ေနရာမ်ားမွာ ေဆးထိုးခံထားရသည့္ ေနရာမ်ား ျဖစ္ေနေလေတာ့၏။ သူနာျပဳ၏အရည္အခ်င္းကလည္း အေတာ္ေလး ဆိုးဝါးေလရာ ေဝ့႐ူစုန႔္ခမ်ာ အခုထိနာေနတုန္းပဲ ရွိေသးသည္။ ေရွာင္းန်န္၏ပြတ္သပ္လိုက္မႈက အနာကို ဆားႏွင့္ပက္လိုက္သကဲ့သို႔ ျဖစ္သြားေလၿပီး ေဝ့႐ူစုန႔္က ႐ုတ္တရတ္ စူးစူးရွရွထေအာ္ေလေတာ့သည္။

"ဖာ့ခ္ အား! ငါ့ဖင္! " သူတို႔ေရာက္ေနသည္မွာ ေက်ာင္းပတ္ဝန္းက်င္တြင္ ျဖစ္ေနေသာေၾကာင့္ ျဖတ္သြားျဖတ္လာမ်ားမွာ ေက်ာင္းသားမ်ား ျဖစ္ၿပီး အားလုံးကေတာ့ ေဝ့႐ူစုန႔္ကို အလိုအေလ်ာက္ လွည့္၍ၾကည့္ကုန္ေတာ့သည္။ ေဝ့႐ူစုန႔္သည္ကား အလြန္တရာ ရွက္လြန္းသြားရာ ေရွာင္းန်န္၏ေနာက္ေက်ာဘက္သို႔ ျမန္ျမန္ပဲ ဝင္ပုန္းလိုက္ရင္း အၾကည့္မ်ားကို ေရွာင္ရွားေလေတာ့၏။

"ေဝ့႐ူစုန႔္ မင္းဘာလုပ္ေနတာလဲ? ဒီေလာက္ အထိတ္တလန႔္ လုပ္စရာလား? "

ေကာင္းၿပီ, အခုေတာ့ ေဝ့႐ူစုန႔္၏ ေ႐ႊေရာင္ဖင္ေလးအေၾကာင္း အားလုံးက သိသြားေလၿပီ။

___________^မမ္မို^___________

Next: What to Do, My Roommate's Mother Witnessed Us Showering Together

[Unicode]

Whatto Do, My Roommate is Bringing me to Get an Injection But I'm Afraid of Pain

ထိုမိန်းကလေးမှာ ရှောင်းနျန်၏ အေးစက်ပြီးခက်ထန်သော အပြုအမူကို ကြောက်ရွံ့သွားပုံမှာ သိသာလေသည်။ မိန်းကလေးသာမက ဝေ့ရူစုန့်ပါ အနည်းငယ် ထိတ်လန့်သွားလေသည်။ နောက်ဆုံးမှာတော့ သူတို့၏ဆက်ဆံရေးမှာ လူအများ အထင်လွဲလောက်အောင်ပင် နီးစပ်လွန်းနေခြင်းသာ ဖြစ်သည်။ ဝေ့ရူစုန့်သည်ကား ရှောင်းနျန်က အမှန်တကယ် စိတ်ဆိုးနေသည် မဆိုးနေသည်ကို ပြောပြနိုင်လောက်အောင်ပဲ ရင်းနှီးလွန်းနေသည်။

_ ဝိုး ဂျူနီယာ, မင်းက တကယ်ပဲ အကြင်နာမဲ့ပြီး, အရမ်းလည်း ကြောက်စရာကောင်းတဲ့အပြင် အတော်လေးဆိုးပါလား... ဝေ့ရူစုန့်က ရှောင်းနျန်ဆီသို့ "တော်တယ်" ဆိုသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်တော့သည်။ စီနီယာက တကယ်ကိုပဲ မင်းရဲ့ အကြင်နာမဲ့ပြီး ကြောက်စရာကောင်းလှတဲ့ ဆိုးသွမ်းမှုကြီးကို ကြိုက်တယ်ကွာ! မိန်းကလေးက ဓာတ်ပုံကိုဖျက်လိုက်ပြီးတဲ့နောက် လွတ်မြောက်သွားလေသည်။ ရှောင်းနျန်က တိုးတိုးလေးရေရွတ်လိုက်သည်။

"ခေါင်းကိုက်တယ်။"

"အမ်?" ဝေ့ရူစုန့်က ခပ်မြန်မြန်ပဲ ဂျာကင်ကို ရှောင်းနျန်ဆီ လှမ်းပေးလိုက်ပြီး "ဂရုစိုက်, အအေးမိပြီး မကိုက်ခဲစေနဲ့!"

ဒီတစ်ခါ နှာချေသံကြီးကတော့ အလွန်ကိုပဲ ကျယ်လောင်လှသည့်အပြင် နှပ်ချေးများပါ အပြင်သို့ထွက်သွားလေတော့သည်။ ဝေ့ရူစုန့်ကတော့ နှာခေါင်းပေါက်ထဲမှနေ၍ သူ၏မျက်ဆံများပါ လွင့်ထွက်သွားသလို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ကတော့ အခေါင်းပေါက်ကြီး ဖြစ်သွားသလိုပဲ။

ခေါင်မိုးထပ်ည၏ စိတ်အားထက်သန်ခဲ့မှု အကျိုးဆက်ကတော့ ဝေ့ရူစုန့်အပေါ် လုံးဝဥဿုံ ကျရောက်သွားလေပြီ။ ရှောင်းနျန်ကတော့ အိပ်ရေးပျက်သောကြောင့် ပင်ပန်းနေတာပဲ ရှိသည်။ ရေမိုးချိုးပြီးနောက်တော့ သူ၏ နှစ်လိုဖွယ်မင်းသားလေးပုံစံကို ပြန်၍ပြောင်းသွားလေပြီ။ စောင်ခြုံထဲမှ ဝေ့ရူစုန့်တောင် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော တောက်တောက်ပပ အလင်းတန်းများကို ခံစားနိုင်လေသည်။

"ဂျူနီယာ," နှစ်ဦးလုံးမှာ လွန်ခဲ့သည့်ညက မည်သည့်ကိစ္စမှမရှိခဲ့ပုံ ဟန်ဆောင်နေကြသော်လည်း ဒါက ထိရောက်မှု မရှိဘူးဆိုသည်ကို မည်သူမှ မသိပေ, "မင်းမှာ အဖျားပျောက်ဆေးတစ်ခုခုများ ရှိလား?"

"ကျွန်တော်ခုပဲ သွားဝယ်ပေးမယ်," ရှောင်းနျန်က ဒီကိစ္စကို စဉ်းစားလိုက်သည်။ "မဟုတ်ရင် ကျွန်တော် စီနီယာကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်။"

သူက ဝေ့ရူစုန့်၏ဘေးသို့ လျင်လျင်မြန်မြန်ပဲ ရောက်သွားပြီး သူ့ကိုစောင့်ရှောက်ပေးဖို့ရန် အဆင်သင့်ဖြစ်သွားတော့သည်။ သို့သော်လည်း ဝေ့ရူစုန့်က ချက်ချင်းပဲ ရှောင်းနျန်၏လက်ကို ဖယ်ပစ်လိုက်တော့သည်။

"မလိုဘူး, မလိုဘူး, ငါမလှုပ်နိုင်ဘူး။"

"ကျွန်တော် ကုန်းပိုးခေါ်မယ်."

"ဆရာဝန်ပြရတာ ဈေးကြီးတယ်လေ, ဒီလအတွက် ငါ့မှာ ပိုက်ဆံမလောက်တော့ဘူး။"

"ကျွန်တော်ပေးမယ်လေ။"

"အဲဒါတွေ တကယ်ပဲ မလိုဘူး," ဝေ့ရူစုန့်က သူ၏စောင်ထဲမှ ခေါင်းပြူထွက်လာလေသည်။ သူ၏မျက်လုံးများကတော့ ရဲရဲနီနေပြီး "ဆေးနည်းနည်းလောက်ပဲ ဝယ်ပေးပြီး ငါ့ကို ကူညီရင် ငါတကယ်ပဲ ဘဝနဲ့ရင်းပြီး ကျေးဇူးတင်မှာပါ။"

ဒါနဲ့ ရှောင်းနျန်က ဝေ့ရူစုန့်ကို မျက်နှာသုတ်ပဝါတစ်ထည်ကမ်းပေးပြီး အလောတကြီးပဲ အခန်းထဲကနေ ထွက်သွားလေသည်။ သူထွက်သွားသည့်အချိန်မှာပဲ ဝေ့ရူစုန့်က တစ်ခုခုတော့မဟုတ်သေးဘူးဟု ခံစားလိုက်ရသည် _ ရှောင်းနျန်က အတန်းထဲမှာ ရှိနေရမှာ မဟုတ်ဖူးလား, သူ့ကြောင့်နဲ့ သူက သတ္တိရှိရှိ အတန်းပျက်ရဲတာလား။ ဖြစ်နိုင်သည်မှာ သူ ဖျားနေသောကြောင့် သူ၏ ဉာဏ်ရည်ဉာဏ်သွေးများနှင့် ခုခံနိုင်စွမ်းများက တဖြေးဖြေးနှင့် ကျဆင်းလာခြင်းပဲ ဖြစ်မည်။ သူက ရှောင်းနျန်ကို China's Touching Moments အစီအစဉ်တွင် စာရင်းသွားပေးပြီး သူ၏ သတ္တိရှိသော လုပ်ဆောင်ချက်များကိုတော့ အများပြည်သူအတွက် ပြောပြစရာဖြစ်လာစေလိုက်မည်။

ဝေ့ရူစုန့်၏ စိတ်ကူးယဉ်မှုကတော့ ရှောင်းနျန်အပေါ် အကျိုးသက်ရောက်မှု ရှိသွားလေသည်။ ရှောင်းနျန်ကတော့ ထွက်လာသည်နှင့် ချက်ချင်းပဲ အဖမ်းခံလိုက်ရတော့၏။

"ရှောင်းနျန်, မင်းဘယ်သွားမလို့လဲ?"

ထိပ်ပြောင်ပြောင်, ဘီယာဗိုက်နှင့် ကျောင်းသားရေးရာ၏ ဌာနမှုးမှ ရှောင်းနျန်ကို ခေါ်လိုက်လေတော့သည်။

"..... အတန်းတက်မလို့ပါ။"

လွန်ခဲ့သောညက ရမ္မက်လွှမ်းခဲ့သည့်အခြေအနေက သူ့ဘဝကြီး၏ ကံကောင်းမှုအားလုံးကိုများ အသုံးပြုလိုက်မိလေသလားဟု ရှောင်းနျန်က သံသယရှိသွားတော့သည်။ ပုံမှန်အားဖြင့် ဌာနမှုး၏ပုံစံမှာ ခြေနှစ်လှမ်းလောက်တောင် ခွာတတ်သူမဟုတ်သော်ငြား ဒီနေ့မှာတော့ မမျှော်လင့်ဘဲ သူက လှည့်လည်စစ်ဆေးနေပြီး အားလုံးထဲ ရှောင်းနျန်မှပဲ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

"အတန်း?" ဌာနမှုး၏မျက်လုံးက သစ်ကြားသီးအခွံကဲ့သို့ ခွပ်ကနဲ ပွင့်သွားတော့သည်။ ရှောင်းနျန်၏ လက်ဗလာနှစ်ဘက်ကို သေသေချာချာ ကြည့်လိုက်ပြီးသည့်နောက် "မင်းက အတန်းတက်ဖို့အတွက် ဘာစာအုပ်မှ ယူမလာဘူးလား?"

"လက်တွေ့ခန်းမို့ စာအုပ်မလိုဘူး။"

ရှောင်းနျန်က တကယ်ပဲ သူရဲ့ IT coding lab လက်တွေ့လုပ်ရမည် ဖြစ်သည်။ သို့သော်လည်း သူက ထိုအတန်းကို တက်ဖို့ရန် အစီအစဉ်မရှိလေဘူး။ ဝေ့ရူစုန့်ကို စောင့်ရှောက်ဖို့မှာ ပိုပြီးအရေးကြီးသည်လေ! သို့သော်လည်း သူသည်ကား ခွင့်မတင်ခဲ့။ သူက ထို့သို့လုပ်ရမည်ကို စိတ်အနှောင့်အယှက်ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။

"အိုး, ဒါဆို မင်းမြန်မြန်သွားတော့လေ," ဌာနမှုးက ရှောင်းနျန်၏ပခုံးကို ပုတ်လိုက်ပြီး ကြင်နာစွာ ပြုံး၍ "ကောင်းပြီ, ဖြစ်နိုင်မယ်ဆိုရင်လေ မင်းအမေရဲ့ အမှတ်တရလက်မှတ်လေးရအောင် ငါ့ကို ကူညီပေးလို့ရမလား? ငါက သူ့ရဲ့ပရိတ်သတ်လေ..." ဌာနမှုး၏မျက်နှာမှာ အနည်းငယ်နီမြန်းနေသည်။ "<နံပါတ်တစ် ဆရာမ> ဇာတ်ကားထဲမှာ သူမ ဘာသာစကားသင်ဆရာမ ရှုလီဖှေး အဖြစ် သရုပ်ဆောင်တာကို ငါ တကယ်ပဲ ကြိုက်ခဲ့တာ! ငါ ဆရာတစ်ယောက်ဖြစ်လာတာ သူမရဲ့လွှမ်းမိုးမှုတွေပါတယ်! သူမက တကယ်ပဲ အရမ်းအံ့ဩဖို့ကောင်းတယ်! "

"ဟုတ်ကဲ့...."

"ကျောင်းသားရှောင်းနျန် မင်းက အကောင်းဆုံးပဲ! ငါမင်းကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးမို့ မင်းရဲ့အတန်းကို မြန်မြန်သွားတော့"

ထိုကဲ့သို့ အခြေအနေမှာတော့, ရှောင်းနျန်က ဆန္ဒမရှိစွာနှင့် အတန်းဆီသို့ ဦးတည်လိုက်ရုံပဲ တတ်နိုင်သည်။

ဝေ့ရူစုန့်၏ မျက်လုံးများမှာတော့ တံခါးပေါက်ကို ပူပန်စွာဖြင့် စိုက်ကြည့်လျက်ရှိနေသေးသည်။ သူ့၏မျက်လုံးများမှာ တံခါးကို ဖောက်ထွက်သွားတော့မလိုပင် ဖြစ်နေသည်။

နောက်ဆုံးမှာတော့ သူက မျက်နှာသုတ်ပဝါကို လက်ထဲတွင်ဆုပ်ကိုင်ပြီး ရှောင်းနျန်ကိုမှန်းဆ၍ သီချင်းဆိုနေရုံပဲ တတ်နိုင်တော့သည်။

"ဒီည ငါမင်းကို လွမ်းနေတယ်, မင်း ငါ့ဘေးနားမှာ ရှိနိုင်ဖို့ ငါဘယ်လောက်များ ဆုတောင်းနေလဲ...."

နှစ်တစ်သောင်းလောက် ကြာသွားပြီးသည့် နောက်ဆုံးမှာတော့, ပေကျင်း၏ မုဆိုးတစ်ယောက် Daniel Wu အဖြစ် ပြန်ဝင်စားသွားလေပြီ, ရှောင်းနျန်က ပြန်လာဖို့ရန် မရှိသေးဘူး, ဝေ့ရူစုန့်မှာ သူ၏စောင်ကို ဆုပ်ကိုင်၍ ခန္ခာကိုယ်မှာ အပူတက်နေပြီး မျက်လုံးများကလည်း မဲမှောင်နေလေသည်။

(T/N: Daniel Wu က နာမည်ကြီး ဟောင်ကောင်သရုပ်ဆောင်ပါ။ ဝေ့ရူစုန့်ရဲ့ တောင်ပြောမြောက်ပြော တစ်ယောက်တည်း ဖြစ်ပျက်နေတာကို ပြောချင်ပုံရပါသည်။)

"ဂျူနီယာ အာ, ဂျူနီယာ.... မြန်မြန်ပြန်လာ, ငါ့အချစ်တွေက ဆက်ပြီးအောင့်မထားနိုင်တော့ဘူး..."

နှစ်ပေါင်းနှစ်သောင်း ကြာသွားပြီးတဲ့နောက်, ဝေ့ရူစုန့်က သူ တမလွန်သွားဖို့ စောင့်နေရသလို ခံစားလာရသည်။ သူက ရှောင်းနျန်သေဖို့အတွက် နည်းလမ်းဆယ်မျိုးနှင့် စိတ်ကူးကြည့်တော့သည်: လှေကားကနေ ဆင်းသွားတဲ့အချိန်မှာ သူသေဖို့အတွက် ခလုတ်တိုက်ပြီး လဲကျသွားမယ်, ကုန်းစောင်းကို ဖြတ်လျှောက်ရင်းနဲ့ ခလုတ်တိုက်ပြီး လဲကျမယ်, ပန်းခြံထဲမှာ ဖြတ်သွားတဲ့အခါ သစ်ပင်က လဲကျပြီး သူ့ကို အမှုန့်ခြေပစ်မယ်, ကားတိုက်ပြီးသေမယ်, တံခါးပေါက်ပိပြီး သေမယ်..... တိုတိုပြောရရင် ရှောင်းနျန်က ပြန်မလာသေးဘူး။

ဝေ့ရူစုန့်ခမျာ စွန်းဝူခုံး လိုပဲ မီးဖိုပေါ်ကအိုးထဲတွင် ပိတ်မိနေသလို ဖြစ်နေသည်။ သို့သော်လည်း သူကတော့ လူ့အသားတုံး ဖြစ်သွားလေပြီ, သူ့အသားများကို ချက်ပြုတ်ရာမှ ထွက်သည့်အနံ့များပင် ရလာလောက်အောင် သူ၏အပူချိန်က တက်လာသည်ဟု ခံစားလာရသည်။ ဝေ့ရူစုန့်မှာ ကျန်းမာကြံ့ခိုင်သူတစ်ယောက် ဖြစ်သည်။ တစ်နှစ်တွင် တစ်ကြိမ်တောင် ဖျားနာဖို့ရန် နည်းသည်။ ဒီလိုလူမျိုး ဖျားနာသည့်အခါတွင် အပြင်းအထန် ဖြစ်လေ့ရှိသည်။ ဝေ့ရူစုန့်က သူဆိုနိုင်သလောက် သီချင်းများအားလုံးကို အတော်လေး ဆိုပြီးသွားပြီ, အားလုံးကို သူကခံစားချက်အပြည့်ဖြင့် သီဆိုပြီးနောက်တော့ အဆုံးတွင် သူက မခံစားနိုင်တော့လေပဲ ကျိန်ဆဲလေတော့၏။

"ရှောင်းနျန် မင်းက သစ္စာမရှိတဲ့ လူယုတ်မာကောင်! ငါ သရဲဖြစ်သွားရင်တောင်မှ မင်းဘေးမှာ သီချင်းတွေ ဆက်ဆိုပြီး လိုက်ခြောက်လှန့်နေမယ်ကွ! ရှောင်းနျန် ရှောင်းနျန် ရှောင်းနျန် အာ အာ အာ!"

ဝေ့ရူစုန့်၏ လည်ချောင်းမှာ အငွေ့ထွက်လောက်အောင် ခြောက်ကပ်နေသည်။ သို့သော်လည်း သူက အတော်လေးချိနဲ့နေပြီး အိပ်ရာထဲမှ ထွက်ရုံလောက်ပဲ တတ်နိုင်သည်။ သူသည်ကား အိပ်ရာထဲတွင်လှဲနေပြီး ရှောင်းနျန်ကို မရမ်မနား ကျိန်ဆဲရုံပဲ တတ်နိုင်လေတော့သည်။ ကောင်းကင်ဘုံကတော့ ဝီရိယရှိမှုကို ဆုချလိုက်ပြီ ဖြစ်သည်။ ရှောင်းနျန်က တကယ်ပဲ ပြန်လာလေပြီ။

"ခင်ဗျားမှာ အိပ်ရာထဲကနေ ကျွန်တော့ကို သီချင်းဆိုဖို့ အားရှိသေးတယ်ပေါ့" ရှောင်းနျန်က သူ၏ရှုးကို ချွတ်ရင်း အိပ်ရာပေါ်တွင် မလှုပ်မယှက်ဖြစ်နေသည့် ဝေ့ရူစုန့်ကို လှမ်းကြည့်လိုက်သည်။ ပြီးတဲ့နောက် ကမန်းကတန်း သူ့ကို ကြည့်ရှုဖို့ရန် သွားလေတော့သည်။ "စီနီယာ အဆင်ပြေရဲ့လား"

"အလကားကောင် မင်း နောက်ဆုံးတော့ ပြန်လာဖို့ သတိရသေးတယ်ပေါ့..." ဝေ့ရူစုန့်က သူ၏ ရဲရဲတောက်ပူနေသော မျက်နှာကိုမော့၍ အသက်ကို အားပျော့စွာရှုထုတ်လိုက်လေသည်။ "ငါ့ကို ရေမြန်မြန်တိုက်, ငါက ကုလားအုတ်တစ်ကောင်ဆိုရင်တောင်မှ ရေအရမ်းငတ်နေလောက်ပြီ!"

ရှောင်းနျန်က သွက်သွက်လက်လက်နှင့် ရေတစ်ဖန်ခွက်ကို ဝေ့ရူစုန့်အား တိုက်လိုက်သည်။ ဝေ့ရူစုန့် ရေသောက်ပြီးသည့်အခါ သူက ဆန်ပြုတ်တစ်ပန်းကန်လုံး သူ့ကိုပေးလေသည်။ ဝေ့ရူစုန့်မှာ သူ၏ခေါင်းကို အိပ်ရာပေါ်မှ ထွက်၍ ပလပ်စတစ်ဇွန်းကို တုန်တုန်ရီရီဖြင့်ကိုင်ပြီး သူ၏ဆန်ပြုတ်ကို စားနေစဉ်တွင် ဆန်ပြုတ်များမှာ နေရာအနှံ့ပြုတ်ကျကုန်သည့်အပြင် ရှားရှားပါးပါး အလုပ်ရှုပ်နေပုံပေါက်နေသည့် ရှောင်းနျန်ကိုလည်း မရပ်မနား ဆူညံပူညံ လုပ်နေသေးသည်။

"မင်းက ဘယ်ကိုသွားနေတာလဲ?" ငါမင်းကို တစ်နေရာရာမှာ မြောင်းထဲပြုတ်ကျနေပြီ ထင်နေတာ, ရဲဘော် ရှောင်းနျန်, မင်းကို မှီခိုနေတဲ့ အခြားသူတွေ ရှိနေတာကို မင်းသိရဲ့လား, မင်းရဲ့ အလုပ်တာဝန်တွေကို မင်းသတိရနေရမယ်!"

"ကျွန်တော် သွားတဲ့လမ်းမှာပဲ ကျောင်းသားရေးရာ ဌာနမှုးရဲ့ တားတာကို ခံလိုက်ရပြီး အတန်းတက်လိုက်ရတယ်"

"...." ဝေ့ရူစုန့်က ရှောင်းနျန်ကို သနားသွားတော့သည်။ သူကတော့ ကျောင်းလစ်ခဲ့ချိန်တိုင်း အဖမ်းမခံခဲ့ရဖူးပေ။ တစ်ခါကလည်း အတိုင်ပင်ခံဆီမှ သီသီကလေး လွတ်သွားဖူးသည်။ "ဒါဆို ဂျူနီယာ မင်းကတော့ ဂုဏ်သိက္ခာရှိရှိ စစ်မှန်စွာ ရှင်သန်ခဲ့ပြီး ခမ်းနားကြီးကျယ်စွာ သေဆုံးရမှာပဲ။"

"စီနီယာရဲ့ ခန္ဓာကိုယ်အပူချိန်ကို တိုင်းရအောင် သာမိုမီတာကို သုံး," ရှောင်းနျန်ကတော့ ဒီလောက်အဖျားကြီးနေတာတောင် တက်ကြွနိုင်သေးသည့် ဝေ့ရူစုန့်ကို ကြည့်ရင်း ချီကျူးဖို့ပဲရှိတော့သည်။ "ဆန်ပြုတ်သောက်လို့ပြီးရင် အဖျားကျဆေးသောက်လိုက်, တစ်ရေးအိပ်ပြီးလို့ စီနီယာ နလန်ပြန်ထူလာရင် ကျွန်တော်တို့ ပြောကြတာပေါ့။"

သာမိုမီတာမှာ 40 C° ကို ပြနေမယ်လို့ ဘယ်သူက သိလိမ့်မလဲ, ရှောင်းနျန်ကဲ့သို့ သာမန်ဗဟုသုတ နည်းပါးသူတောင် ဒါက အလွန်ပဲ အန္တရာယ်ရှိသည်ကို သိလေသည်။ ချက်ချင်းပဲ အိပ်ရာပေါ်မှဝေ့ရူစုန့်ကို မီးရဲရဲနှင့်မီးသွေးခဲကြီးလို ခံစားလိုက်ရသည်။

"ကျွန်တော်တို့ ဆေးရုံသွားမှ ဖြစ်မယ်။"

"မသွားဘူး မသွားဘူး မသွားဘူး-" ဝေ့ရူစုန့်တစ်ယောက် ကုတင်လက်ရမ်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။ "မင်းငါ့ကို အတင်းအကျပ်လုပ်ရင် ငါ ကုတင်လက်ရမ်းကို ခေါင်းနဲ့တိုက်ပြီး သေပစ်လိုက်မှာနော်!"

"နားထောင်," ရှောင်းနျန်၏ကြီးမားသော လက်များက ဝေ့ရူစုန့်၏ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်လိုက်လေသည်။ အပူချိန်မှာ အလွန်တရာကွာခြားလေရာ ဝေ့ရူစုန့်ကတော့ ရှောင်းနျန်၏လက်ဖဝါးများမှာ အေးပြီး လန်းဆန်းနေသလို ခံစားနေရပြီး သူ့မျက်နှာကို ထိုလက်ဖဝါးများထဲတွင် အပ်ထားချင်စိတ် လုံးလုံးပေါက်နေလေ၏။ သို့သော်လည်း ရှောင်းနျန်က သူ့ဆံပင်များကို ကိုင်လိုက်ပြီး ကြင်နာစွာ ပွတ်သပ်ပေးလိုက်လေသည်။ "ကျွန်တော်ပြောတာကို နားထောင်နော်။"

ဝေ့ရူစုန့်ခမျာ မူးနောက်နောက်ဖြစ်နေလေသည်။ သူ၏ ဘေးနားတွင် အိန်ဂျယ်လေး တစ်ယောက်ရောက်နေပြီး နူးညံ့စွာ ပြောနေသည်ဟု ထင်နေရသည်။ အလှတရား၏ သွေးဆောင်ဖြားယောင်းမှုကို ခံရပြီးနောက် သူသည်ကား သဘောတူခြင်းဆီသို့ ဆွဲဆောင်ခံလိုက်ရတော့၏။

ရှောင်းနျန်မှာ အဘွားအိုတစ်ယောက်ကို ကူညီပြီးလမ်းဖြတ်ကူးပေးနေပုံဖြင့် ဝေ့ရူစုန့်ကို ကူညီပြီး ဆေးရုံသို့ ပို့ရတော့သည်။ တကယ့်အချက်ကတော့ ရှောင်းနျန်သည်ကား ဆေးရုံသို့ မရောက်ဖူးပေ။ ဒါကိုကြားလိုက်သည်နှင့် အရိုက်ခံရမည်ကို မစိုးရိမ်ပါနှင့်, သူ၏မိသားစုမှာ ချမ်းသာပြီး အကယ်၍ သီးသန့်ဆရာဝန်များ လိုအပ်လျှင်ပင် သူ့တို့အတွက်ကတော့ အိမ်ကို ခေါ်လိုက်ရုံသာ ဖြစ်သည်။

ကံကောင်းသည်မှာ သူက ဉာဏ်ကောင်းနေခြင်းပင်ဖြစ်သည်။ သူ့တွင် ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိတတ်သည့် အကျင့်ကလေး ရှိရုံပင်။ သူက တိုကင်နံပါတ်ကို သွားယူထားလိုက်သည်။ အချိန်က မွန်းလွဲပိုင်းဖြစ်နေပြီမို့ လူကအများကြီး မရှိလေရာ သူတို့အလှည့်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်လာလေသည်။

ဆရာဝန်မှာ ပွင့်ပွင့်လင်းလင်းနှင့် တည့်တိုးသမားတစ်ယောက် ဖြစ်သည်။ သူက ဝေ့ရူစုန့်၏ အပူချိန်ကို တိုင်းတာလိုက်သည်, ဝိုး , 40° C, ဘာကို ကုရမှာလဲ, သူ့ကို ရင်ခွဲရုံသာ ပို့လိုက်တော့, ဘာ? သူ မသေချင်သေးဘူးလေ? ထို့နောက်တော့ သူက ဆေးထိုးဖို့ လိုလာသည်။ ဆေးလား မထိုးဘူး? ဒီလို အပူချိန်နှင့်ဆို သူက သေချာပေါက် ဆေးထိုးဖို့ လိုမှာပဲ။

_ ဒါဆိုလည်း ပူပြီးသာ သေလိုက်တော့, ယောက်ျားလေးတစ်ယောက်က ဘာလို့ ဒီလောက် ငြီးငြူနေရတာလဲ?

တိုက်ရေးခိုက်ရေးတွင် သူက ကျွမ်းကျင်အဆင့် ဖြစ်သော်လည်း, ဝေ့ရူစုန့်သည် နာကျင်ရမည်ကို သေလောက်အောင် ကြောက်လှသည်။ သူက အမြဲလိုလို အပ်ကိုတော့ ကြောက်သည်။ သူသည်ကား သောက်ဆေးတစ်ပုလင်းလုံး သောက်ပြီးသာ အဆိပ်ဖြစ်ခံလိုက်မည်, ဆေးတော့ အထိုးမခံနိုင်ပေ။ ရှောင်းနျန်က သူတို့ ကုန်းစောင်းမှ ပြုတ်ကျခဲ့သည်ကို ပြန်၍ စဉ်းစားမိပြီး ဝေ့ရူစုန့် ဘာကြောင့် ဆေးထိုးရမည်ကို ငြင်းဆန်ခဲ့ခြင်းအား ခန့်မှန်းမိသွားတော့သည်။ သူကတော့ ဆေးထိုးဖို့ရန် တွန်းအားပေးခံလိုက်ရတော့သည်။ ဝေ့ရူစုန့်၏ခေါင်းကိုမ၍ သူ၏ပေါင်ပေါ်တွင် ဆုပ်ကိုင်ထားလို့ ဝေ့ရူစုန့်၏ဘောင်းဘီကိုတော့ အောက်သို့ ဆွဲချလိုက်ပြီး ဖြူဖွေးတောင့်တင်းလှသော တင်ပါးများကို ဖော်ပြလိုက်လေတော့၏။ တစ်ချက်တည်းဖြင့် အခြေအနေကို ဖြေရှင်းလိုက်ခြင်းပင်။

ဝေ့ရူစုန့်ကို ဆေးထိုးပေးမည့်သူမှာတော့ လေ့ကျင့်နေဆဲ သူနာပြုတစ်ယောက် ဖြစ်နေလေ၏။ ဆရာဝန်မှာ ဝေ့ရူစုန့်က နာကျင်ရမည်ကို ကြောက်တတ်မှန်း မသိလေရာ လုပ်နေကျ ထုံးစံအတိုင်း လိုက်နာရမည်ဟု သူက ယုံကြည်၍ သူနာပြုအား လေ့ကျင့်နိုင်ရန် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်တော့သည်။ ဝေ့ရူစုန့်က တုန်ယင်နေလေသည်, သူနာပြုမှာလည်း တုန်ယင်နေလေ၏, ရှောင်းနျန်မှာ သူတို့နှစ်ယောက် တုန်ယင်နေသည်ကို ကြည့်ပြီး သူပါရော၍ တုန်ယင်ချင်လာသည်, သို့သော်လည်း သည်းခံ၍နေလိုက်၏။

"အဆင်ပြေမှာပါ, စီနီယာ, ခနလေးပဲ, ဒါက မြန်မြန်ဆန်ဆန်ပဲ ပြီးသွားလိမ့်မယ်။"

သူနာပြုက ဆေးထိုးအပ်ပြွန်ကို ကိုင်လိုက်သည်, သူမက ရှောင်းနျန်ကို ကြည့်လိုက်သည်, ရှောင်းနျန်က သူမအား အားပေးအပြုံးတစ်ချက် ပေးလိုက်လေ၏, သူနာပြုကတော့ ရုတ်တရတ်ပဲ လွှမ်းမိုးခံလိုက်ရပြီး သူမ၏လက်များက ထိန်းချုပ်မှုမှ လွတ်သွားတော့သည်, အပ်က ဝေ့ရူစုန့်၏ဖင်ကို ထိုးဖောက်သွားလေတော့၏။

"အား--"

ဝေ့ရူစုန့်ကတော့ ဝက်တစ်ကောင် အသတ်ခံလိုက်ရသကဲ့သို့ စူးစူးရှရှနှင့် အော်လိုက်တော့သည်။ သူနာပြုကလည်း စူးစူးရှရှအော်လေတော့၏။

"အား အား အား တောင်းပန်ပါတယ်!"

သူမက အပ်ကို ပျာယီးပျာယာဖြင့် ဆွဲနှုတ်လိုက်ပြီး အရက်ပျံဖြင့် ပွတ်လိုက်လေသည်။ သူ၏တင်ပါးများမှာ ပူလောင်နေတာတောင် အေးစက်လှသည့် အရက်ပြန်ကြီးမှာ သေမင်း၏နိမိတ်နှင့် တူလှသည်။ သူကတော့ မျှော်လင့်ချက်မဲ့စွာ ဦးခေါင်းကို ကိုင်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ငိုချင်းချလေတော့သည်။

"အိုး _ အား! အီး! ဟီး.... "

"စိတ်လျှော့, အရင်ဆုံး စိတ်လျှော့လိုက်," ရှောင်းနျန်က ဘယ်လောက်ပင် ဆွဲဆောင်မှုအား ရှိနေပါစေ သူနာပြုကတော့ ဝေ့ရူစုန့်ကြောင့် ရှော့ရသွားလေတော့သည်။ "အပ်က, အပ်က ကျိုးတော့မယ် _ ကြည့်ပါဦး, အပ်က ကွေးသွားပြီ"

ဝေ့ရူစုန့်၏ သံမဏိ နောက်ပိုင်းကိုယ်ထည်ကတော့ အပ်ကို ကွေးသွားစေတော့သည်။ ရှောင်းနျန်က သက်ပျင်းချလိုက်ပြီး သူ၏ ဘောင်းဘီကို ပြန်၍ဆွဲတင်ပေးလိုက်တော့သည်။ ဝေ့ရူစုန့်ကတော့ သူတစ်ယောက် သေမင်းခံတွင်းဝကနေ ပြန်လာရသည်ကို တွေးမိလေပြီး မျက်ရည်များဖြင့် ဖြေမဆည်နိုင် ဖြစ်နေဆဲမှာပဲ ရုတ်တရတ် သူ၏ ညာဘက်တင်ပါးပေါ်မှ အေးစက်မှုကိုကြီး ခံစားလိုက်ရလေသည်။ ထို့နောက်တော့ ရှောင်းနျန်မှ သူနာပြုကို ပြောနေသည်ကို ကြားလိုက်ရတော့၏။

"ဒီတစ်ကြိမ်တော့ အမှားမလုပ်နဲ့, မဟုတ်ရင် မင်းထပ်ထိုးဖို့ တစ်ခြားနေရာမရှိတော့ဘူး။"

_ ဖာ့ခ် ရှောင်းနျန် မင်းက မေတ္တာရှင်ကြီးလား?! မင်းက ပရောပရည်လုပ်ဖို့အတွက် ငါ့ဖင်လေးကို အနစ်နာခံခိုင်းတယ်ပေါ့?! အားးးးး အိုးးးးး အားးးးး ငါ မင်းရဲ့ တစ်မိသားစုလုံးကို သွားသတ်မယ်ကွ အားးးးး-

ဘယ်လိုပင်ဖြစ်ပါစေ ထိုကဲ့သို့ ပရမ်းပတာအခြေအနေမှာပဲ နောက်ဆုံးတော့ ဝေ့ရူစုန့်မှာ ဆေးထိုးခံလိုက်ရလေတော့သည်။ သူက ကြောင်တောင်တောင် ဖြစ်နေပြီး မလှုပ်မရှက်နှင့် ရှောင်းနျန်၏ ကျောပေါ်တွင် ပါလာတော့သည်။

ရှောင်းနျန်က ဝေ့ရူစုန့်ကို ကျောင်းကို ပြန်သယ်လာလိုက်သည်။ "ငယ်ရွယ်သော သားလေးက ခြေထောက်ဒဏ်ရာရနေသည့် သူငယ်ပြန်နေသော လူအိုကြီးအား ထမ်းလာခဲ့သည်" ဆိုတာမျိုး ခံစားသက်ဝင်စေမည့် မြင်ကွင်းလေးနှင့်တော့ မတူလေဘူး။ Milk Tea ဆိုင်ရှေ့မှ ဖြတ်လျှောက်ချိန်တွင်တော့ နဂိုက ထိုင်းမှိုင်းနေသည့် ဝေ့ရူစုန့်မှာ ရုတ်တရတ်ချက်ချင်းကြီး နလန်ထူသွားလေတော့သည်။

"ငါ red tea ice cream ရယ် bobo macchiato တစ်ခွက်လိုချင်တယ်, ရေခဲမထည့်ဘူး သကြား ၃၀% နဲ့ ကျေးဇူးပဲ။"

(T/N: အယ် ခပ်တည်တည်ပဲနော်)

{Red tea ice cream}

{Bobo Macchiato}

ရှောင်းနျန်က ဝေ့ရူစုန့်ကို လစ်လျူရှုထားလိုက်ပြီး လမ်းဆက်လျှောက်လိုက်သည်, ဒါကြောင့်ပဲ ဝေ့ရူစုန့်တစ်ယောက် စတင်ပြီး ဝုန်းဒိုင်းကြဲလေတော့၏။

"ငါ Milk Tea သောက်ချင်တယ်! Milk Tea! ငါ သောက်ချင်တယ်လို့!"

"နည်းနည်းလောက်ပိုပြီး လိမ်လိမ်မာမာလေး နေစမ်းပါ။"

"ငါ မလုပ်ချင်ဘူး ငါ tea ပဲ သောက်ချင်တာ ငါ tea သောက်ချင်တယ်လို့ မင်းက စိတ်ပျက်စရာကောင်းတဲ့ကောင်ပဲ!"

"..."

"ဝေ့ရူစုန့်?" ဒီအသံက ပျာယာခတ်နေသော ဝေ့ရူစုန့်ကို ငြိမ်ကျသွားစေတော့၏။ ဝေ့ရူစုန့်က သူတို့နှစ်ယောက်ကြောင့် မှင်သက်နေသော အတိုင်ပင်ခံ ကျိုးပင်း၏ အမူအရာကို ကြည့်ရန် ခေါင်းကိုမော့လိုက်လေသည်။ "မင်းတို့က အတန်းမတက်ကြဘူး, ဒီမှာ ဘာလုပ်နေကြတာလဲ? ချိန်းတွေ့နေကြတာလား?"

ဝေ့ရူစုန့်ကတော့ ကိုယ့်ပါးကိုယ် ရိုက်ချင်သွားလေတော့သည်။ မကြာသေးခင်ကပဲ သူ့ကိုယ်သူ ကျောင်းလစ်တိုင်း အဖမ်းမခံရတတ်သူအဖြစ် ကြွားလုံးထုတ်လိုက်မိသေးသည်။ ဒီအချိန်မှာမှ လက်ပူးလက်ကျပ် ဖမ်းမိသည့်အပြင် "ချိန်းတွေ့နေသည်" ဆိုသည့် အမှုကြီးဖြင့် နာမည်တပ်ခံ လိုက်ရလေပြီ။

"မဟုတ်ဘူး, ကျွန်တော်ဖျားနေလို့-"

ဝေ့ရူစုန့်က သူ၏လက်များကို ဝေ့ရမ်းလိုက်လေသည်။ သူ၏လှုပ်ရှားမှုက များသွားလေရာ ရှောင်းနျန်က သူ့ကို ပြုတ်ကျတော့မလို ဖြစ်သွားတော့၏။ သူ့ကို အနည်းငယ် ပြန်ပြီး မတင်ရန်အတွက် သူ၏နောက်ဘက်နေရာနှစ်ခုကို ရှောင်းနျန်က ခပ်တင်းတင်း ဆုပ်ကိုင်လိုက်လေတော့သည်။ သို့သော်လည်း ပွတ်တိုက်မိသည့် နေရာများမှာ ဆေးထိုးခံထားရသည့် နေရာများ ဖြစ်နေလေတော့၏။ သူနာပြု၏အရည်အချင်းကလည်း အတော်လေး ဆိုးဝါးလေရာ ဝေ့ရူစုန့်ခမျာ အခုထိနာနေတုန်းပဲ ရှိသေးသည်။ ရှောင်းနျန်၏ပွတ်သပ်လိုက်မှုက အနာကို ဆားနှင့်ပက်လိုက်သကဲ့သို့ ဖြစ်သွားလေပြီး ဝေ့ရူစုန့်က ရုတ်တရတ် စူးစူးရှရှထအော်လေတော့သည်။

"ဖာ့ခ် အား! ငါ့ဖင်! " သူတို့ရောက်နေသည်မှာ ကျောင်းပတ်ဝန်းကျင်တွင် ဖြစ်နေသောကြောင့် ဖြတ်သွားဖြတ်လာများမှာ ကျောင်းသားများ ဖြစ်ပြီး အားလုံးကတော့ ဝေ့ရူစုန့်ကို အလိုအလျောက် လှည့်၍ကြည့်ကုန်တော့သည်။ ဝေ့ရူစုန့်သည်ကား အလွန်တရာ ရှက်လွန်းသွားရာ ရှောင်းနျန်၏နောက်ကျောဘက်သို့ မြန်မြန်ပဲ ဝင်ပုန်းလိုက်ရင်း အကြည့်များကို ရှောင်ရှားလေတော့၏။

"ဝေ့ရူစုန့် မင်းဘာလုပ်နေတာလဲ? ဒီလောက် အထိတ်တလန့် လုပ်စရာလား? "

ကောင်းပြီ, အခုတော့ ဝေ့ရူစုန့်၏ ရွှေရောင်ဖင်လေးအကြောင်း အားလုံးက သိသွားလေပြီ။

___________^မမ်မို^___________

Next: What to Do, My Roommate's Mother Witnessed Us Showering Together

Ga verder met lezen

Dit interesseert je vast

671K 132K 199
Author - Yu Xiao Lan Shan Pairing - Zhao Yue x Wen Liu Nian - Shang YunZe x Mu QingShan
808K 105K 133
ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေယာက္ရဲ႕ တ႐ုတ္ဝတၳဳကို eng ကေန ျမန္မာျပန္ေ...
402K 38.9K 32
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
42.6K 5.1K 30
ကျွန်တော့်ရဲ့ လမင်းနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက ဒီအချစ်တွေကို လက်မခံမှတော့ ဒီနှလုံးသားဟာ "မြူနှင်းလွ...